အောက်လမ်းဘိုးထင်နှင့်ပီယဝိဇ္ဇာငကဲ

*အောက်လမ်းဘိုးထင် နှင့် ပီယဝိဇ္ဇာ ငကဲ*📖📖📖

 

*******************************

 

▪️အခန်း-၁

 

အေးမြသော မန်ကျည်းပင် အရိပ်အောက်တွင် မောင်ဘိုးထင် နှင့် သာရ သူတို့နှစ်ယောက် အနားတွင် တခြားလူငယ်လေးမ‌ျား ဝိုင်းဖွဲ့နေလေသည် ၊ မောင်ဘိုးထင် နှင့် သာရသည် ကြက်ပေါင် တယောက် တချောင်းကိုင်ပြီး အားရပါးရ စားနေသည် ၊ ဘေးတွင်ရှိသော သာအေး နှင့် ဖိုးထွေးသည် ကြက်ကြော်ပန်းကန်ကိုကိုင်းရင်း

 

“တောက် မင်းတို့ လူမမာတွေကလည်း စားလိုက်သောက်လိုက်တာ ဘီလူးတွေကြနေတာပဲ”

 

“ဟေ့ကောင် မင်းက ငါတို့ကို ငြိုငြင်တာလား ‌ဖိုးထွေး”

 

“မဟုတ်ပါဘူးကွာ မင်းတို့ အားရပါးရ စားနိုင်သောက်နိုင် နေတာကို ဝမ်းသာလို့ပါ ငါတို့ ထိုးတာက နည်းနည်း မင်းတို့ စားတာက နည်းနည်းများ များနေသလားလို့ ”

 

ဖိုးထွေး၏စကားကိုကြားသော အခါ ကြက်ပေါင်ကို အားရပါးရ ကိုက်နေသော မောင်ဘိုးထင် နှင့် သာရသည် သူတို့၏ အညိုမဲဆွဲ‌ေန‌ေသာ မျက်ကွင်းမှ မျက်လုံးဖြစ် ဖိုးထွေးအားး ပင့်ကြည့်လိုက်ပြီး မောင်ဘိုးထင်မှ

 

“အ‌ဲ့တာဆို ကိုဖိုးထွေး အထိုးခံကြည့်မလား ”

 

“ရပါတယ်ကွာ ရပါတယ် ငါက သဘောပြောတာပါ ဘာစိတ်မှမရှိပါဘူး ”

 

“ကိုဖိုးထွေကသာ ရနေ ကျုပ် အိမ်က အဘက အိမ်က ကြက်တွေ ဘယ်ရောက်ကုန်လဲ လို့မေးနေပြီ မကြာမကြာ ကြက်တွေကို ကင်းကိုက်တာလို့ ညာရတာလဲ အဆင်မပြေတော့ဘူးဗျ အဘက ရိပ်မိတော့မယ် ”

 

“ဟုတ်တယ်သာအေး ငါလည်း မင်းလိုပဲ အခုဆို ငါ့အိမ်က ကြက်ကို ဘယ်ကလေကချေတွေ ပစ်တာလဲ လို့ ငါကိုယ်တိုင် ကြိမ်းမောင်းပြီး ငါပဲပစ် ပစ်နေတာ နှစ်ကောင်ရှိပြီဟ ဘိုးထင်နဲ့ ကိုသာရက အခုထိ မသက်သာသေးဘူးလားကွာ ကြာရင် အဘ နွားကြိမ်လုံးက ငါ့အတွက်ဖြစ်တော့မယ် “,

 

သာအေးနှင့် ပေတူး၏ မ‌ေကျမနပ်ဆိုနေသော စကားများကို မောင်ဘိုးထင် နှင့် သာရသည် မသကျိုးကျွန် ပြုကာ ကြက်ပေါင်ကိုသာ ကိုက်နေ၏ သူတို့၏ မျက်နှာ တွင်‌ေတာ့ အညို အမဲများ မပျောက်သေးသော ကြောင့် ‌ဖိုးထွေးတို့ သည်းခံနေရချင်းဖြစ်ပါသည် ၊ မောင်ဘိုးထင်သည် အရိုးသာကျန်တော့သော ကြက်ပေါင်အား ကိုင်ထားရင်း တောက်တချက်ကို ပျင်းစွာခေါက်လိုက်ရာ ကြက်ကြော်ကျွေးနေကြသော ဖိုးထွေးတို့ မျက်လုံးများပြူးကျယ်သွားကြ၍ မောင်ဘိုးထင်သည်

 

“ကိုဖိုးထွေးတို့ကို တောက် ခေါက်တာမဟုတ်ပါဘူးဗျာ ကျုပ်စိတ်ထဲ ဟို ငကဲ ဆိုတဲ့ လူကြီးကို မကျေနပ်ဘူး ဖြစ်နေတာ ”

 

“ဟုတ်တယ် ဘိုးထင် ငါလည်း မကျေနပ်ဘူး ”

 

မောင်ဘိုးထင်သည် သူ၏ ရှေ့တွင် ရှိနေသော ဖိုးထွေးတို့ကို သေချာကြည့်ကာ

 

“ကျုပ် ဒီလူကြီးကို ပညာပေး ချင်တယ် ဗျာ ခင်ဗျားတို့ ဘယ်လို သဘောရလဲ ”

 

“ကြက် ကြော် မကျွေးရတော့ဘူးဆိုရင် ကူညီမယ် ”

 

ဖိုးထွေး၏ စကားကို ကျန်သော သူများ ခေါင်းကို ညိတ်ကာ အလျင်အမြန် ထောက်ခံလိုက်သည် ၊ ထိုအခါ မောင်ဘိုးထင်သည်

 

“မကျွေးတော့ နဲ့ ဗျာ လာကြ အဲ့ ငကဲ ကို ဘယ်လို ပညာပေးမလဲ ဆိုတာ ကျုပ်ပြောပြမယ် “,

 

မောင်ဘိုးထင်တို့ အဖွဲ့ ခေါင်းချင်းဆိုင်လို့ တိုးတိုးနှင့် အေးမြတဲ့ မန်ကျည်းပင်ကြီးရဲ့ အရိပ်အောက်တွင် တီးတိုးတိုင်ပင်နေကြပါလေတော့သည်။

 

▪️အခန်း-၂

 

ငကဲ ဟုခေါ်သော ဦးကဲသည် အသက် ငါးဆယ်ယ်ကျော်အရွယ်ရှိကာ အသားအရည် ခပ်လတ်လတ် အရပ်ပုပျပ်ပျပ် နှင့် ဖြစ်ပြီး ခေါင်းကို ပုဝါတထည်အမြဲပေါင်းထားကာ စုတ်ချွန်းချွန်း မျက်နှာမှာ နုတ်ခမ်းမွှေးကားကား နှင့်ဖြစ်သည် ၊ ဦးကဲ ဝါ ငကဲသည် ရေအိုးစင်ရွာပြင်ရှိ သူဝယ်ထားသောဥယျာဉ် ခြံ တွင် တကိုယ်တည်းနေ‌ေလသည် ၊ ယခု ဦးကဲ ၏ ခြံဝင်း ထဲသို့ လူလေးယောက် ဝင်လာသည် ထိုလူလေးယောက်မှာ မောင်ဘိုးထင် နှင့် ပန်းချီငို ပြီးနောက် ဖိုးထွေး နှင့် သာရ တို့ဖြစ်သည် ၊ပန်းချီငို သည် ယခု မောင်ဘိုးထင်တို့ နှင့် အဆင်ပြေနေလေသည် ၊ အဆင်ပြေရသည့် အကြောင်းမှာလည်း ရှိသေးသည် တငိုငို တရီးရီ ဖြစ်နေသော ပန်းချီငို ဆီသို့ မောင်ဘိုးထင်တို့သွားကာ

 

“ကိုပန်းချီငို အချစ်ဆိုတာ မကောင်းတဲ့ ပညာတွေ နဲ့ လုပ်ယူရင် အချစ်လို့ ခေါ်လို့ ရပါ့မလားဗျာ ”

 

“ဟေ့ကောင် အဲ့တာ တွေ လာမပြောနဲ့ မင်းတို့ကြောင့် ငါနဲ့ ကျော့လေး ဝေးရတာ ”

 

“ခက်ပြီ ကိုပန်းချီငိုရယ် ဘိုးထင်ပြောတာ မှန်တယ် ခင်ဗျား မိကျော့ကို ရပြီထားပါတော့ ဗျာ တကယ်လို့ ခင်ဗျား ခပ်ထားတဲ့ ပီယဆေး ပြေချိန် ခင်ဗျားကို ဓါးနဲ့ မထိုးဘူးလို့ပြောနိုင်လား ”

 

“ဘယ်ပြောရမလဲ ဖိုးထွေးရာ ကိုပန်းချီငို ကြီး အိပ်နေတုန်း ဖြတ်ရင်တောင် ဖြတ်ပြစ်နိင်တယ် ”

 

“ဟေ့ကောင် ဘာ ဘာဖြတ်မှာလဲ ကွ ”

 

“,လည်ပင်းကို ပြောတာပါဗျာ “,

 

“တော်သေးတာ ပေါ့ကွာ ငါက တခြားဟာ ထင်နေတာ ”

 

“ဟ ကိုပန်းချီငို လည်ပင်း‌ဖြတ်တာ တော်မလားဗျ တခါတည်း ပွဲချင်းပြီးမှာ ”

 

“ဟုတ်တယ် ခင်ဗျား မသေခင် ခင်ဗျား မြင်ရမှာက ခင်ဗျား ချစ်လှပါတယ် ဆိုတဲ့ မိကျော့က ဓားကြီးကိုကိုင် ပြီး ခင်ဗျားရဲ့ လည်ပင်းကို ဖြတ်ပြီး ခင်ဗျား သေတော့ မဲ့ အချိန် ပြုံးပြုံးကြီး နဲ့ ကြည့်ပြီး သေစမ်း လူယုတ်မာ ကြီး ဆိုပြီး ခင်ဗျား ရဲ့ နှလုံးသား ”

 

“တော်တော် ဟေ့ကောင်တွေ ငါ မင်းတို့ ပြောတာကို နားထောင်ပြီး ကျောချမ်းလာပြီ ဟုတ်တော့ဟုတ်တယ်ကွ မင်းတို့ ပြောသလို လုပ်နိုင်တယ် အခုတောင် ငါ့ကို နာနာကြည်းကြည်း ကြည့်သွားတာ ”

 

“တကယ်ပါဆိုဗျာ ကျုပ်တို့က မိကျော့ ယောက်ျား ရမှ ဆိုးလို့ ကူညီတာ မဟုတ်ဘူး မိန်းကလေးပဲ ဗျာ သီးချိန်တန်သီး အာချိန်တန် အာ ”

 

“ဟေ့ကောင် ဘိုးထင် ပွင့် ချိန်တန်ပွင့်ပါဟ စကားပုံ မသိပဲ ဘာတွေ လျှောက်ပြောနေတာလဲကွာ”

 

“မှားသွားလို့ပါဗျာ ကျုပ်တို့က အမ မိကျော့ကို နှမျောစရာ အကြောင်းမရှိဘူး လူ့အသက်ထက် ဘာတွေ တန်ဖိုးရှိဦးမှာလဲ ကျုပ်တို့ တကယ် ကူညီတာက ကိုပန်းချီငိုကြီးကိုဗျ ကိုပန်းချီငိုကြီးရဲ့ အသက်ကို ကျုပ်တို့ ကယ်လိုက်တာ ”

 

ပန်းချီငိုကြီး တွေးငေးသွားသည် သူ၏စိတ်ထဲ မောင်ဘိုးထင်တို့ ပြောသည်မှာ အတော်ကို သဘာဝကျလွန်းနေသည် ၊စိတ်ထဲ၌ လည်း မောင်ဘိုးထင်တို့အား ကျေးဇူးရှင်များ အဖြစ် ကြိတ်ပြီး ကျေးဇူးတင်နေမိသည် ၊ ထို‌ေနာက် ပန်းချီငိုသည်

 

“မင်းတို့ ပြောတာ ဟုတ်တယ်ကွ တကယ် မေတ္တာ အစစ်ရမှပဲ အန္တရာယ် ကင်းမှာ ”

 

“ကို ပန်းချီငို ကြီး ကျုပ်တို့ပြောတာ နားလည်သွားပြီ မဟုတ်လား ”

 

“အေးကွ မင်းတို့ကို အထင် လွဲမိတယ်ကွာ အခုတော့ ငါ တကယ်ကျေးဇူးတင်တယ် မင်းတို့က ငါ့ရဲ့ အသက် သခင် ကျေးဇူးရှင်တွေပါ ကွာ ”

 

“ရပါတယ်ဗျာ ကျုပ်တို့က လူ့အသက်ကို တန်ဖိုး ထားတက်ရုံလေးပါ ”

 

“မင်းတို့က တကယ့်ကို မြင့်မြတ်တဲ့ ကောင်တွေပဲကွ ငါဘယ်လို ကျေးဇူးဆပ်ရမလဲ မသိတော့ဘူးကွာ ”

 

“တကယ် ကျေးဇူး ဆပ်ချင်တာ လား ကိုပန်းချီငို ”

 

“အင်းပေါ့ကွ ”

 

“အဲ့တာဆို ခင်ဗျား ဆရာကြီး ဦးကဲ ဆီလိုက်ပို့ ဗျာ ”

 

ဤသို့သော မောင်ဘိုးထင်တို့ စည်းရုံးသိမ်းသွင်း မှု့ဖြစ် ပန်းချီငို နှင့် အတူ သူတို့ ဦးကဲ၏ ခြံထဲသို့ရောက်လာချင်း ဖြစ်ပါလေတော့သည်။

 

▪️အခန်း-၃

 

မောင်ဘိုးထင်တို့ကို မြင်သည်နှင့် ပိယဝိဇ္ဇာ ငကဲသည် သူ၏ အိမ်ရှေ့ တန်းလျားတွင် ခြေကို ချိတ်၍ ထိုင်နေပြီး ဆေးတံကို ခဲကာ နေလေသည် ၊ မောင်ဘိုးထင်သည် ပန်းချီငို အနားကပ်လိုက်ပြီး

 

“ကိုပန်းချီးငို ကျုပ်တို့ကို ထားခဲ့ဗျာ ခင်ဗျားက ကျုပ်တို့စားဖို့ အိပ်ပြန်ပြီး ထမင်းလေးချက်ထားပါလား ”

 

“အေး အဲ့တာ လဲ ကောင်းတာပဲ ငါ့ကောင်တွေကို ‌ကျေးဇူးဆပ်ရဦးမှာ ပေါ့ အခု လာလာ ငါ မင်းတို့ကို ဆရာကြီးကဲ နဲ့ မိတ်ဆက်ပေးမယ် ”

 

ပန်းချီငိုသည် ဆေးတံခဲ ပြီး မာန်ပါပါ ထိုင်နေသော ငကဲ နားသွားလိုက်ကာ

 

“ဆရာကြီးကဲ ခင်ဗျ ”

 

“ပန်းချီငို ဘယ်က ကောင်လေးတွေခေါ်လာတာလဲကွ”

 

“ကျုပ်တို့က ပေပင်ရွာက ပါ ဆရာကြီးခင်ဗျ။ ဆရာကြီးရဲ့ ဂုဏ်သတင်းက ကြော်ဇော်နေတော့ ကျုပ်တို့လို လူပျိုပေါက်းလေးတွေအတွက် ဆရာကြီးက ကိုးကွယ်ရာမို့ ကိုပန်းချီငို ကို တောင်းပန်ပြီး ပို့ခိုင်းရတာ ပါ ”

 

ဖိုးထွေး၏ စကားကြောင့် ငကဲ ခေါင်းကို အသာအယာညိတ်ကာ

 

“ရှိစေတော့ ရှိစေတော့ ကဲ လာရင်းကိစ္စပြောကြ”

 

“ဆရာကြီးကဲ ကျုပ် ဒီကောင်လေးတွေကို ဒီမှာ ခဏ ထားခဲ့ ပါရစေ ”

 

“ဘာလို့လဲကွ”

 

“ကျုပ်အိမ်ပြန်ပြီး ထမင်းလေးချက်ချင်လို့ပါ ”

 

“အေးအေး သွားသွား”

 

ပန်းချီးငိုသည် အားလုံးကို နုတ်ဆက်ကာ ဦးကဲ ခြံထဲမှ ထွက်သွားလေသည် ၊ ထို့နောက် မောင်ဘိုးထင်သည် ဦးကဲကို မျက်တောင် မခက်စိုက်ကြည့်နေလေသည် မောင်ဘိုးထင် နည်းတူ ဖိုးထွေးပါ စိုက်ကြည့်နေလေ ရာ ဦးကဲ အနည်းငယ် အနေကြပ်ကာ

 

“ဟေ့ကောင်လေးတွေ ဘာလို့ စိုက်ကြည့်နေတာလဲ ကွ ”

 

“ဆရာကြီး ကျုပ်တို့ကို ပီယဆေး ခပ်လိုက်ပြီလားဗျ ”

 

“ဟာ မဟုတ်တာ မခပ်ပါဘူးကွ ”

 

“အဲ့တာဆို ဆရာကြီးရဲ့ ရုပ်က ဘာလို့ အတော် ခန့်ညားနေရတာလဲ ကျုပ် ဆရာကြီးကို မြင်းကတည်းက ကြည်ညိုစိတ်တွေ တဖွားဖွား ပေါ်လာတယ် ဆရာကြီး ရယ် ”

 

“ဟုတ်တယ် ဆရာကြီး ဒီကောင်ပြောသလိုပဲ ဆရာကြီးရဲ့ ရုပ်သွင်က ဒီနယ်မှာ ရှိတဲ့ သူတွေနဲ့ လားလား မှ မဆိုင်ဘူး ဆရာကြီးက ပီယဆေး မခပ်ဘူးဆို ဆရာကြီးရဲ့ နဂို ရုပ်ပေါ့ ”

 

“အေးလေကွာ မင်းတို့ကလည်း ”

 

“အဲ့တာဆို ဆရာကြီး အတွက် ဘာပီယဆေးမှ မလိုဘူးပေါ့ ”

 

“ငါအတွက်လည်း မဟုတ်ပါဘူးကွာ ငါရဲ့ ရုပ်ရည်က ပီယဆေး မလိုဘူးဆိုတာ ငါသိပါတယ် ငွေလေးကြေးလေး များများစားစား ပေးတဲ့ သူတွေ အတွက်ပါကွ ဘာလဲ မင်းတို့ လိုချင်လို့လား”

 

“လိုချင်တယ် ဒါပေမဲ့ ပီယဆေးမဟုတ်ဘူးဆရာကြီး ”

 

“အဲ့ဒါဆို ဘာလိုချင်တာလဲကွ ”

 

“ဆရာကြီးပိုင်ဆိုင်ထားတဲ့ ခန့်ညားတဲ့ ရူပ်ကြီးနဲ့ ဩဇာ ရှိလှတ‌ဲ့ အသံကြီး‌ကိုပေါ့ဗျာ ”

 

“ဒါကတော့ မွေးရာပါ ကံဆို‌ေတာ့ ပေးမရဘူး‌ေလ ဒါနဲ့ မင်းတို့ မနက်စာကော စားပြီးလား ‌”

 

“စားပြီးပါ ပြီ ဆရာကြီးရာ ကျုပ်တို့ ဘာလုပ်ပေးရမလဲ ဟောဟိုက ထင်းတွေ က ခွဲ မှာလား ဆကြီး ကျုပ်လုပ်လိုက်မယ် ”

 

ဖိုးထွေးသည် ဖြတ်လက်စ ထင်းများကို သွားဖြတ်နေသလို မောင်ဘိုးထင် သည်လည်း ဦးကဲ အား

 

“ဆရာကြီး ညောင်းကိုက်နေပြီးလား ကျုပ်က ဇတ်ကျော ဆွဲတာတော်တယ်ဗျ ကိုသာရ ဟောဟို မှာ ဆရာကြီး မြက်ပေါက်နေတာ ထင်တယ် ”

 

“အေးအေး ဘိုးထင် ငါ သွားပေါက်လိုက်မယ် ”

 

အလိုက်သိ‌လွန်းသော မောင်ဘိုးထင်တို့အား ဦးကဲ တပြုံးပြုံး နဲ့ကြည့်ကာ

 

“မင်းတို့ တွေ တကယ်တော်တဲ့ ကောင်တွေပဲ ကဲ လာရင်း ကိစ္စပြောပါဦး”

 

ဦးကဲသည် သူ့အား ပုခုံးကို နှိပ်ပေးနေသော မောင်ဘိုးထင်အား ဇိမ်ခံနေ၍ မှေးနေသော မျက်လုံး အနေအထား နှင့် မေးလေသည် ထိုအခါ မောင်ဘိုးထင်သည်

 

“ကျုပ်တို့က အမှန်တိုင်းပြောရရင် ဆရာကြီး ဆီမှာ တပည်ခံချင်တာပါ ဆရာကြီးရဲ့ ပညာတွေ မသင်ပေးရင်တောင် ဆရာကြီးရဲ့ ပညာတွေကို လေးစားတဲ့ သူတွေ အနေနဲ့ ဆရာကြီးရဲ့ ဝေယျာဝစ္စ တွေကို လုပ်‌ေပးချင်လို့ပါ ”

 

“မင်းတို့ သုံးယောက်လုံးလား ”

 

“ဟုတ်ပါတယ် ဆရာကြီး ကျုပ်တို့ကို ထမင်းလည်း ကျွေးစရာ မလိုပါဘူး ”

 

“အေးကွာ မင်းတို့ကလည်း ငါ့အပေါ် အင်မတန်လေးစားတယ် ဆိုတော့ ငါလက်ခံလိုက်ပါမယ် ကွာ မနက်ဖြန်က စပြီး လာတော့ ”

 

“ကျေးဇူးတင်လိုက်တာ ဗျာ ကိုဖိုးထွေး နဲ့ ကိုသာရ ကျုပ်တို့ ကို ဆရာကြီးကဲ က လက်ခံလိုက်ပြီတဲ့ ဗျာ အဟင့် အဟင့် ”

 

မောင်ဘိုးထင်သည် ငိုသံနှောပြီး ပြောလိုက်ရာ ဦးကဲသည် နောက်သို့ လှည့်ကြည့်ပြီး

 

“ကောင်လေး မင်း ဘာလို့ ငိုနေတာလဲ ကွ”

 

“ဝမ်း ဝမ်းသာ လိုပေါ့ ဗျာ။ ဆရာကြီးလို ပုဂ္ဂိုလ်တယောက် နဲ့ အနီးကပ်နေရမှာကို တွေးပြီး ဝမ်းသာလို့ပါ ဆရာကြီးရာ “,

 

မောင်ဘိုးထင်၏ နုတ်သည်သာ ဤသို့ စကားထွက်နေပေမဲ့ စိတ်ထဲတွင်တော့ ငကဲ မွေပွေးခါးပိုက် ပိုက်မိပြီပေါ့ဟုသာ တွေးနေပါလေတော့သည်။

 

▪️အခန်း-၄

 

ဦးအုန်းသည် မောင်ဘိုးထင် သာရ နှင့် ဖိုးထွေးတို့အား ဆူငေါက်နေသည် ၊ အကြောင်းသည်က သူ၏ ရန်သူတော် ပိယဝိဇ္ဇာ ဦကဲ ဆီမှာ တပည်ခံပြီး သွားသွားနေသော ကြောင့်ဖြစ်သည် ။

 

“တောက် ရိုင်း လိုက်တာကွာ ငါ့တပည် နဲ့ ငါရွာသားတွေက ငါ့ရဲ့ သမိုင်းပေးရန်သူဆီမှာ မှ တပည်ခံရတယ် လို့ကွာ တောက် ”

 

“အဘ ဘာဖြစ်နေတာလဲ ကျုပ်ရှင်းပြပါမယ် အဘနဲ့ ဦးကဲ က ဘယ်လို လုပ်သမိုင်းပေး ရန်သူတွေ ဖြစ်ခဲ့တာလဲဗျ ”

 

“မင်းကမေးပြီပေါ့ကွာ မင်းမေးရင်တော့ ငါပြောပြရမှာပေါ့ ငါဒီအကြောင်းတွေကို မင်း အရွယ် မရောက်မချင်း မပြောဘူးလို့တွေးထားတာ ”

 

“ဦးအုန်း အဲ့တာဆို ဘိုး ဘိုးထင်က ဦးကဲ ရဲ့သားလား ”

 

“တောက် မင်းတို့ကလည်း ဘာတွေပြောနေတာလဲ ကွာ ငါပြောချင်တာက ငါရဲ့ အချစ်ကြောင်းတွေ ပါနေလို့ ဒီကောင် ဘိုးထင် အရွယ် ရောက်မှ ပြောသင့်တယ် ထင်လို့ကွ မင်းမေကြီးတော် ဘိုးထင်က ငကဲသားရမှာလဲ အဲ့ကောင် အခွက် နဲ့ ဒီကောင် အခွက်ကို ကြည့် ဟိုကောင်အခွက်က ငယ်ငယ် ကတည်းက နုတ်ခမ်း‌ေမွး ကားကား နဲ့ အဲ့ကောင် နုတ်ခမ်း‌ေမွးကို ‌ဟော့ ဒီလို စောင့် ဆွဲ ပြီးဟော့ ဒီလို ”

 

“အား အဘ အဘ နာတယ် ဗျ သေပါပြီဗျာ ”

 

“ဟာ မှားကုန်ပြီကွာ ငါက မင်း နပန်းဆံ‌‌ေမွးကို ဟိုကောင် ငကဲ နုတ်ခမ်း‌ေမွးထင်သွားတာ ”

 

ဦးအုန်း သည် သူ၏ အနားတွင် ရှိသော မောင်ဘိုးထင် ၏ နပန်းဆံ‌ေမွးအား ဆွဲပြီး ဦးကဲအား အတော်ကို ပျစ်ပျစ် နှစ်နှစ် ပြောနေချင်းဖြစ်သည် ၊ ထိုနောက့် မောင်ဘိုးထင်သည် ဦးအုန်း နှင့် ခပ် လှမ်းလှမ်း တွင် ထိုင်နေပြီး သူ၏ နပန်းဆံ‌ေမွးကို ပွက်ကာ မကျေမနပ် ဦးအုန်းကို ကြည့်နေလေသည် ။

ထိုနောက် ဦးအုန်သည် စကားဆက်ပြန်လေသည်

 

“ငကဲ နဲ့ ငါနဲ့က ဆရာတူ တပည့်တွေက ငါတို့ဆရာကြီး ဆီမှာ ထက်ဝတီဆိုတဲ့ သမီးတယောက် ရှိတယ် ကွ”

 

“တောက် နာမည်က လှတယ် ဗျာ ကျုပ်ဖြစ် ကြားတောင် မကြားဖူးဘူး ထက်ဝတီတဲ့ ရွာက မိကျော့ တို့ လှရင်တို့ မိနှောင်း တို့ နဲ့ တခြားဆီ ပဲဗျာ ”

 

“အေးကွ ဖိုးထွေးရ နာမည်လေးက လှသလောက် လူလေးက လည်း အတော်လှတယ်ကွာ ငါးရံ့ကိုယ်လံုးလေးနဲ့ကွာ ”

 

“အဘ ငါးရဲ့ ကိုယ်လုံးဆိုတော့ အောက်ရှူးကြီးပေါ့ ဟုတ်လားအဘ ”

 

“မင်းမေ ကြီးတော် အောက်ရှူး ရမှာလည်း ငါးရံ့ကိုယ်ဆိုတာ လုံးကျစ် ဟာကွာ ငါပါဘာတွေ ပြောမိပြန်ပြီးလည်း မသိပါဘူး”

 

“အော် အဘရယ် ကျုပ်သဘော‌ေပေါက်ပါပြီး ငါးရံ့ကိုယ်ဆိုတာ ဟော့လို လေး တွန့်လိုက် ခါ လိုက် ဖြစ်နေတာကို ပြောတာ မဟုတ်လား ”

 

“တောက် ဒီကောင်ကတော့ ကွာ ”

 

‌ေမာင်ဘိုးထင်သည် သူ၏ လက်အား ငါးရံ့ တွန့်သလို ခါသလို ပုံ လုပ်ပြနေလေရာ ဦးအုန်း ဟန့်လိုက်ရသည် ထို့နောက် ဦးအုန်း ဆွေးဆွေး မြေးမြေး စကားဆက်ဆို လိုက်ပြန်သည်

 

“ငါနဲ့ ထက်ဝတီနဲ့ လူငယ်ချင်း မေတ္တာ မျှတယ် ပေါ့ကွာ အဲ့တာကို ငကဲက မကြည်ဘူးဗျ သူက ဆရာကြီးကို သွားပြီး ပြောတယ်ဆိုပါ‌ေတာ့ အဲ့တာ ဆရာကြီးက သူ့သမီး ဆန္ဒ အတိုင်းဆိုတာ နဲ့ ဒီကောင် စိတ်ဆိုးပြီး ထွက်သွားတယ် ကွ ငါးလ လောက်ကြာတော့ ပြန်ရောက်လာတယ် ပြီးတော့ ငါ့ ငါ့ရဲ ထက်ဝတီလေးကို ပီယဆေး တိုက်ပြီး ခိုးသွားတယ်ကွာ တောက် ”

 

“အဲ့တာဆို အခု ဦးကဲ က မိန်းမနဲ့ပေါ့ ”

 

“အခု‌ေတာ့ မသိဘူး ငါ့ထက်ဝတီလေးကို ခိုးပြီး ဘယ်လို လုပ်လိုက်လဲ မသိဘူး ခြောက်လ‌ လောက်ကြာတော့ ငါ့ ငါ့ရဲ့ ထက်ဝတီလေး ဆုံးပြီတဲ့ ကွာ ဒီကောင် ငကဲ လူလိုမလုပ်ဘူး”

 

“ဟာ အဘ ဘာတွေ လျှောက်ပြောနေတာလဲ ဗျာ မကြီးမငယ် နဲ့ တော်တော် ရိုင်းတယ် ဗျာ ”

 

ဦးအုန်းသည် သူ့အား မယုံကြည်ဟန် နှင့် ကြည့်နေသော မောင်ဘိုးထင်တို့အား နာမလည်စွာပြန် ကြည့်ရင် တခုခုကို သတိရဟန်နဲ့

 

“မင်း မင်ကြီးတော်ကြီး မဟုတ်တာတွေ လျှောက်တွေးမနေနဲ့ လူလို မလုပ်ဘူးဆိုတာ ထက်ဝတီ ကျန်းမာရေးမကောင်းဖြစ်နေတာကို ကောင်းကောင်း မနေရဘူးပြောတာ ကွာ ”

 

“ဟာ ပို ဆိုးနေပြန်ပြီ ဗျာ ”

 

“ဟာကွာ ကောင်းကောင်း မနေရဘူးဆိုတာ အိပ်ကို မအိပ်ရဘူးပြောတာ ဟ ”

 

“ဒါတော့ ဦးအုန်း အတော်ရိုင်းသွားပြီး”

 

“ဒီကောင်တွေကလည်း ငါတောင် ခေါင်းမူးလာပြီ ငကဲက အရက် အတော်သောက်တယ်ကွာ ပီယ အစွမ်းကလည်း ထက်တယ်ဆိုတော့ တခြားအငယ် အနှောင်းတွေ တအားပဲပေါ့ကွာ အချိန် မရှိပြန်လား အရက်အမြည်းလုပ်ခိုင်း ဟင်းမကောင်း ရင် နှိပ်စက် သုံးဖို့ တောင် ငွေမပေး ဘူးတဲ့ ကွ အဲ့တော့ ထက်ဝတီက နေ့ပိုင်း အလုပ်တွေ လုပ်ပေါ့ ကွာ အဲ့လိုတွေ ပင်ပင်ပန်းပန်း ဖြစ်ပြီး ရောဂါရတယ်တဲ့ကွာ နောက်တော့ တယောက် ထဲ ရှိနေတုန်း ဆုံးသွားတာ တဲ့ ကွာ ငါ တကယ် ကို စိတ်မကောင်းဘူး အဲ့နေ့ကတည်းက ငကဲက ငါ့ရဲ့ သမိုင်းပေး ရန်သူ ဖြစ်သွားတာကွ”

 

ဦးအုန်း စကားအများကြီးပြော ပြလိုက်‌ေတာ့မှ မောင်ဘိုးထင်တို့ စိတ်မကောင်း ဖြစ်သွားကြသည်ထို့ကြောင် ငကဲ ကိုလည်း အတော်ကို နာကြည်း မိနေသည် ၊ထိုသို့ ငကဲ အကြောင်းတွေး နေစဉ် ဦးအုန်း၏ မကျေမနပ် အသံက ပေါ်လာပြန်သည်

 

“အဲ့လို လူရဲ့ အိမ်ကို မင်းတို့တွေက တပည်ခံဖို့သွားတယ် အတော်ကို ဟုတ်တဲ့ အကောင်တွေကွာ ”

 

“အဘ နေဦး အပြစ် မပြော‌သေးနဲ့ ဦး ကျုပ်ပြောပြမယ် ဒီဘက်လာ ”

 

မောင်ဘိုးထင်သည် သူအနားရောက်လာသော ဦးအုန်း၏ နား အနားကိုကပ်ကာ တိုးတိုးပြောနေလေရာ ‌ဦးအုန်း တပြုံးပြုံး နှင့် ကျေနပ်နေပါလေတော့သည် ။

 

▪️အခန်း-၅

 

မောင်ဘိုးထင်တို့ တသိုက် ရေအိုးစင် ရွာလယ်မှာ‌ေန‌ေသာ လေးခုလပ် ဒေါ်ဝင်း အိမ်သို့ရောက်နေကြသည် ၊ ပေါက်တူး နှင့် အတော် ပင်ရင်းနှီးသည့်အတွက် မောင်ဘိုးထင်သည် ပေါက်တူးအားခေါ်ခဲ့ရချင်းဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် သနပ်ခါးအဖွေးသားနှင့် အသက်လေးဆယ်ငါးကျော် ဒေါ်ဝင်း တည်ခင်းဧည့်ခံထားသော ရေနွေးကြမ်း နှင့် အမြည်းကို စားလိုက်ရင်း

 

“အဒေါ်ဝင်း ကျုပ်တို့ အဒေါ်ကို ပြောစရာရှိလို့လာတာ ”

 

“ကဲပြော ကောင်လေးတွေ နင်တို့က ငါအိမ်ကို အုပ်ဖွဲ့ လိုက်ကြီးလာ‌ေတာ့ ငါနည်းနည်း‌ေ တာ့ ကြေက်မိတယ် ဟယ် ”

 

မောင်ဘိုးထင်တို့ထဲမှာ ပေါက်တူး သာရ နှင့် ဖိုးထွေးတို့ မျက်လုံးပြူးသွားကြရသည် ၊ ထို့နောက် မောင်ဘိုးထင်သည် အဒေါ်ဝင်းကို ကြည့်ကာ

 

“အဒေါ် အိမ်ထောင် ရက်သား ပြုဖို့ အစီအစဉ် မရှိဘူးလား ”

 

“ပြုချင်တာပေါ့ ဟယ် ငါ့ကို လေးခုလပ်ဆိုပြီး ဘယ်သူမှ မယူချင်ကြဘူး ငါက အချစ်ကံခေတာပါ ငါယူတဲ့ ယောက်ျား အားလုံးကို ငါချစ်ပါတယ် ဒါပေမဲ့ ငါက အ‌ေပြာဆိုးတယ် ဆိုပြီး ထားရစ်ခဲ့ကြတာဟဲ့ ”

 

“အဒေါ်က တကယ် အ‌ေပြာဆိုးလို့လား ”

 

“ငါက ငါ့ယောက်ျားတွေကို သဝန်တိုတာပဲ ရှိတာပါ ငါ့ယောက်ျားတွေ အပေါ် သဝန်တိုသလို သစ္စာဖောက် တဲ့ ကောင်တွေကို လည်း အားမပေးဘူး ကုန်းကုန်ပြောမယ် ဟယ် ငါကလွဲ ရင် တခြား ဘယ်မိန်းမ အကြောင်းမှ ပြောတာ မကြိုက်ဘူး အဲ့တော့ ငါက ဒေါသနဲ့ ပြောမိတာပေါ့့ အဲ့တာကို အ‌ေပြာဆိုးတယ်တဲ့လေ ”

 

“တောက် ဟန်ကျလိုက်တာ ဗျာ လိုချင်နေတာ နဲ့ ကွက် တိ ”

 

ဖိုးထွေး၏ အားရပါးရ ပြောစကားကြောင့် အဒေါ်ဝင်း ဖိုးထွေးကို မခို့ တရို့လေး ကြည့်နေလေရာ ဖိုးထွေးမှ

 

“အဲ့ အဲ့ လိုပြောတာ မဟုတ်ဘူး လေ ဘိုး ဘိုးထင် ရှင်းပြလိုက်ပါ ဦး ”

 

“ဟုတ်တယ် အဒေါ်ဝင်းရ အဒေါ်လို လူမျိုးကို ရှာနေတဲ့ လူတယောက် ရှိတယ် သူက အဒေါ်ကို ကြိုက်နေတာ မပြောရဲ လို့ ကျုပ်တို့ကို အကူအညီတောင်းထားတယ် ”

 

“ဘယ်သူလဲ ကောင်လေးတွေ “,

 

“ကျုပ်တို့ ဒီရွာကို လာလာ နေတာ ဘယ်သူဆီကို လာတာလဲ မသိဘူးလား ”

 

“နင်တို့ ရွာပြင်က ဦးကဲ အိမ်လာတာ မဟုတ်လား ”

 

“အဲ့ဒါဆို သဘောပေါက်လေဗျာ ”

 

“အဲ့ အဲ့ဒါ ဆို နုတ်ခမ်းမွေး ကားကားလေးနဲ့ ဦးကဲ က ငါ့ကို ”

 

“ဟုတ်တယ် အခုတောင် သူက ကျုပ်တို့ကို မပြောခိုင်းဘူး ရှက်နေတာလေ ”

 

“ကိုကဲ ဆိုတော့ လဲ ကိုကဲ ပေါ့ ဟယ် ”

 

“ဒါ ဆို ကျုပ်တို့ စီစဉ်ပြီး ရင် လာခေါ်မယ် နော် ကျုပ်တို့ ဆရာကြီးနဲ့ တွေ့ဖို့လေ ”

 

“အင်းပါ နည်းနည်း ရှက်ပေမဲ့ တွေ့ရမှပေါ့ဟယ် ”

 

မောင်ဘိုးထင်တို့သည် ဒေါ်ဝင်းကို ကြည့်ရင်း အတော်ကို ကျေနပ်နေကြသည် ၊ ဒေါ်ဝင်းသည် ‌အနောက်က ကြည့်က အမျိုးသမီးလို့ ထင်စရာမရှိပေ တောင်‌့တောင့် တင်းတင်းကြီးမို့ စပါး နှစ်တင်းကို တယောက် ထဲ ပင့်ပြီး ရွက်နိုင်သူဖြစ်သည် သူ၏ အရင် ယောက်ျားများကိုပင် ကိုင်ကိုင် ပေါက်သော ကြောင့် ရွာလူကြီး ဖြေ‌ရှင်းပေးရသည် မှာ အခါခါ ဖြစ်သည် ၊ ယခု မောင်ဘိုးထင် တို့၏ မျက်လုံးထဲတွင် ဦးကဲ အား ‌ဒေါ်ဝင်း ကိုင်ပေါက်နေပုံကို စိတ်ကူးဖြင့် တွေးပြီး ကျေနပ်နေကြပါလေတော့သည် ။

 

▪️အခန်း-၆

 

မောင်ဘိုးထင်တို့ သုံးယောက် ဦးကဲ ၏ ခြံထဲ ရောက်နေကြသည် ၊ ဦးကဲသည် ပီယဆေး သုံးစွဲနည်းကို ဒီနေ့ သူတို့အားပြောပြမည်ဖြစ်သည် မောင်ဘိုးထင်တို့ စောင့်နေသည့် အချိန်သည် လည်း ဒီအချိန်ဖြစ်သည် ၊ ယခု အချိန်ကို ရောက်ဖို့ ဦးကဲအား နှိပ်ပေးရသည်မှာ မောင်ဘိုးထင် လက်အတော်ညောင်နေပြီဖြစ်သလို အိမ်မှုကိစ္စများ ပြုလုပ်ပေးရ ပီယဆေး လာတောင်းသော အသက်ကြီးကြီး လူကြီးများအား ဧည့်ဝတ်ပြုရနှင့် အတော်ကို အလုပ်ရှုပ် ပင်ပန်း နေခဲ့ရသည် ၊ ထိုရင်းနှီး မှု၏ အသီးအပွင့်ကို မောင်ဘိုးထင်တို့ ယနေ့ ခံစားရ‌ေတာ့မည်ဖြစ်သည် ။

 

“ကောင်လေးတွေ လာကြ မင်းတို့ကို ဒီနေ့ ငါဖော်စပ်ထားတဲ့ ပီယ ဆေး ထည့်နည်း နဲ့ သုံးစွဲနည်းပြောပြမယ် ”

 

“ဟုတ်ကဲ့ ဆရာကြီး ”

 

ဦးကဲသည် မောင်ဘိုးထင်တို့အား သူ၏ အိမ်ပေါ်သိူ့ ခေါ်ဆောင်သွားသည် ဦးကဲ၏ အိမ်သည် လည်း ဦးအုန်း၏ အိမ်နည်းတူ ဘုရားစင်မရှိပေ ၊ဘုရားစင်နေရာ တွက် မဲနက်နေသော ခုံကြီးချထားသည် ထိုခံုကြီးပေါ်တွင် အမျိုး အမည်မသိ သော ဆေးမှင်ကြောင် စုတ်တံများ နှင့် အခြားအခြားသော ရုပ်ထုများ စွာ ရှိလေသည်၊ ဦးကဲ သည် ထိုပစ္စည်းများထဲမှ ဖန်ဘူးလေး သုံးလုံး အားယူလိုက်ပြီး

 

“ကဲ ကောင်လေးတွေ ဒီဘူးတွေက ပီယဆေး ဘူးပဲ ဒီ ဘက်အစွန် ဆုံးက ဆေးက တရက်ခံဆေး ဒီအလယ်က ခုနှစ်ရက် ဒီ ဘူးကတော့ သုံးလ ခံတယ် သူတို့ ရဲ့ အချိန်တွေ ပြည့်တာနဲ့ အာနိသင် ကုန်ပြီ ”

 

ဦးကဲ ၏ စကားကြားသောအခါ မောင်ဘိုးထင်တို့ ပန်းချီငိုကို ပြောသော စကားများသည် မှန်ကန်နေသည် ဟု ခံစားလိုက်ရသည် ထို့နောကိ ဦးက‌ဲသည် ဆေးဘူးများကို လက်နှင့် ပုတ်ကာ

 

“ငါက ဒီဆေးလေးတွေ နဲ့ ဝင်ငွေရနေတာ ငါဆေးရောင်တယ် ဆိုတဲ့ နေရာမှာ စည်းကမ်းရှိတယ် ငွေ ရရင်ပြီး‌ေရာရောင်း တဲ့ လူမျိုးတော့ မဟုတ်ဘူး ပီယဆေး အသုံးပြုမဲ့ မိန်းမ ဖြစ်ဖြစ် ‌‌ေယာက်ျား ဖြစ်ဖြစ် အမှန်တကယ် ချစ်မြတ်နိုးရမယ် ပီယဆေး ဝယ်သူဟာ အိမ်ထောင်ရှိသူဆို ငါမရောင်းဘူး”

 

ဦးကဲ၏ စကားကြောင့် မောင်ဘိုးထင်တို့ ဦးကဲကိုပင် လေးစားချင်သလို ဖြစ်လာသည် ၊ ‌ဦးကဲ မှစကားဆက်ပြန်သည်

 

“ငါလည်း စီးပွားရေး အရသာ ဒီလိုဆေး တွေ ရောင်းနေရတာပါ တကယ် မေတ္တာစစ် မေတ္တာမှန်လောက်တော့ ဘယ်အရာမှ မကောင်းပါဘူးကွာ ”

 

နာမည်ဆိုးနှင့် ကြော်ကြားသော ဦးကဲ ၏ စကားကြောင့် မောင်ဘိုးထင်တို့ တွေဝေသွားကြသည် သို့ပေမဲ့ ဦးအုန်းပြောသော စကားများရှိနေသည်ကြောင့် ဝေ့ဝါးနေသော စိတ်ကို မောင်းထုတ်လိုက်ကာ နဂိုအစီအစဉ် အား အကောင် အထည်ဖော် ရန် အစပြုလိုက်လေသည်

 

“ဆရာကြီး ကျုပ်တို့ကို ပီယဆေး ခပ်နည်းလေး ပြောပြပါဦး ”

 

“ဆေးခပ်တာကတော့ လွယ်ပါတယ် စားစရာ တခုခု ထဲကို နည်းနည်းထည့်လိုက် ပြီး ကျွေးလိုက်ကွာ ရတယ် ”

 

“ဥပမာ ဆရာကြီးရယ် ကျုပ်တို့က ယူသွားတယ်ဗျာ တခြားတယောက်ကို ပေးလိုက်မယ် သူက တခြားတယောက်ကို ကျွေးလိုက်ရင် ပီယဆေးအစွမ်းက ဘယ်သူ့ကို ပြမှာလဲ ”

 

“ကျွေးခိုင်းတဲ့ သူကို ပဲ အစွမ်းက ပြမှာကွ ဥပမာကွာ ငါက မင်းကို ရော့စားလို့ ပြောရင် ပီယဆေး အစွမ်းက ငါ့ကို ပြမှာ ငါကို ဟိုကောင် ဖိုးထွေးက ပေးတယ် ဖိုးထွေးက စားလို့ပြောလိုက်ရင် ဖိုးထွေးကို အစွမ်းပြလိမ့်မယ် ”

 

“အော်သဘောပေါက်ပြီး စားပါလို့ ပြောတဲ့ သူကို အစွမ်းပြမှာပေါ့ ”

 

“အေးဟုတ်တယ် ကွ ”

 

“သိပြီဆရာကြီး အခု ကျနော် တို့ကို ပီယဆေး ခပ်နည်းလေးပြပါဦး ဒီမှာ ငှက်ပျောသီး ရှိတယ် ဆရာကြီး ထည့်ပြပါဦး ”

 

“အေးကွာ ငါထည့်ပြမယ် ”

 

မောင်ဘိုးထင်သည် အသင့်ပါလာသော ဖီးကြမ်း ငှက်ပြောသီးကို ဦးကဲအားပေးလိုက်သည် ဦးကဲသည် ငှက်ပျော်သီးကို ယူကာ စားပွဲပေါ်ရှိ အပ်လေးနှင့် အတော် ကျယ်ကျယ် ဖောက်လိုက်ပြီး ခုနှစ်ရက် အစွမ်းပြသော ပီယဆေး ဘူး ထဲ ခဏ စိမ်လိုက်ကာ ပြန်နုတ်လိုက်ပြီး မောင်ဘိုးထင်တို့ကို ပြကာ

 

“ဒါဆို ဆေးခပ်တာ ပြီးပြီ ကွ”

 

“အတော် ခက်ခဲတာပဲ ဆရာကြီးရာ ငှက်ပျော်သီးက ပုံစံ မပျက်သွားဘူးနော် ”

 

“အတွေ အကြုံလေးတွေပေါ့ကွာ ”

 

မောင်ဘိုးထင်သည် ငှက်ပျော်သီးကို စကားများ အများကြီးပြောပြီး ဦးကဲ လက်ထဲမှ မသိမသာ ယူလိုက်ကာ လွယ်အိပ်ထဲ ထည့်ထားလိုက်ပါလေတော့သည် ။

 

▪️အခန်း-၇

 

‌‌ဖိုးထွေး နှင့် သာရ သည် ဦးကဲ အိမ်တွင် ရှိသော စားစရာ သောက်စရာများကို အကုန် လွှင့်ပြစ်လိုက်ကြသည် မနက်ခင်း ပီယဆေး ခပ်နည်းပြပြီးသည့် အချိန်မှ ဦကဲသည် အိမ်ရှေ့တန်းလျားတွင် အိပ်နေသည် မောင်ဘိုးထင်သည် ပီယဆေး ခပ်ထားသော ငှက်ပျော်သီးကို ယူကာ ရွာထဲ ရှိ အဒေါ်ဝင်း အိမ်သို့ ထွက်သွားပြီဖြစ်သည် ၊ မကြာသောအချိန် တွင် မောင်ဘိုးထင်ပြန်ရောက်လာပြီး ဖိုးထွေး သာရတို့ နှင့် အတူ အစားအသောက်များကို လိုက်ရှာ ကာ အကုန်လွှင့်ပစ်လိုက်ကြသည်၊ ထို့ကြောင့် ဦးကဲ အိမ်တွင် စားစရာ ဆိုလို့ ငှက်ပျော် သီးပင် မရှိတော့ပါ မောင်ဘိုးထင်တို့ သည် အစားအသောက်များကို ရှင်းသလို မီးဖိုထဲ အိမ်တွင်း အိမ်ပြင် အကုန်သန့်ရှင်းရေး လုပ်နေကြသည် ။ မကြာလှသေ အချိန် တွင် ဦးကဲ နိုးလာသည် အိပ်ယာနိုးရင် ဗိုက်ဆာ တက်သော ဦးကဲ စားစရာ ဘာမှ မရှိ၍ အတော်ကို အကြပ်ရိုက်နေသည် မောင်ဘိုးထင်တို့ကိုလည်း သူအပြစ်မပြောရက် သူအိမ်ကို စိတ်ပါလက်ပါ သန့်ရှင်းပေးနေသော ကြောင့် ဖြစ်သည် ။ မကြာသောအချိန် တွင် ဦးကဲ ၏ အိမ်သို့ ‌ဒေါ် ဝင်း ဝင်လာလေသည် အဒေါ်ဝင်း၏ လက်ထဲ တွင်တော့ ဝင်းမှည့်နေသော ဖီးကြမ်း ငှက်ပျော် တဖီးကိုင်လာရာ ဦးကဲ သည် ဒေါ်ဝင်းကိုင်ထားသော ငှက်ပျော်ဖီးကို ကြည့်ပြီး

 

“မဝင်း ဘယ်က လှည်လာတာလဲ ”

 

“ဆရာကြီး ဆီပဲ လာခဲ့တာ ခြံထွက် ငှက်ပျော်သီးလေး ဦးဦးဖျားဖျားလာပို့ တာ ”

 

“ဟုတ်လား ဗိုက်ဆာ နေတာလဲ အတော်‌ပဲ ဗျာ ”

 

“အော် ဆရာကြီးက ဗိုက်ဆာ နေတာလား စားပါရှင် ”

 

ဒေါ်ဝင်းသည် ဦးကဲ၏ အရှေ့သို့ ငှက်ပျော်ဖီးကို ချပေးလိုက်သည် ၊ ထို့‌ေနာ က် ဦးကဲသည် ဟန်မဆောင်နိုင်တော့ပဲ ငှက်ပျော်သီးကို ဆွဲဖြုတ်နေစဉ်

 

“ဆရာကြီး ခဏနေပါဦး ဒီမှာ ငှက်ပျောသီးအပြုတ် တလုံးရှိတယ် ဒီ ငှက်ပျော် သီးလေး အရင်စားလိုက်ပါလားရှင့် ကျမ ငှက်ပျော်ခွံခွာလိုက်မယ် နော် ”

 

“အော် ဟုတ်ကဲ့ မဝင်း ”

 

“ရော့စား ဆရာကြီး”

 

ဒေါ်ဝင်းသည် ငှက်ပျော်သီးကို ခွာပြီး ဦးကဲကို ပေးလိုက်ချိန် ဦးကဲသည် ချက်ချင်းယူ၍ ငှက်ပျော်သီးအား အားရပါးရစားလိုက်ရာ မောင်ဘိုးထင်တို့အားလုံး ကျေနပ်စွာ ပြူံနေကြပါလေတော့သည် ။

 

▪️အခန်း-၈

 

ရေအိုးစင်ရွာလေးရှိ ဒေါ်ဝင်းအိမ်တွင် လူကြီးတောင်း မင်္ငလာပွဲလေးကျင်းပ နေသည် ထိုမင်္ဂလာဆောင်တွင် သတိုးသားဖြစ်သူမှာ ဦးကဲ ဖြစ်ပြီး သတိုးသမီးမှာ ဒေါ်ဝင်းဖြစ်သည်။ ဒေါ်ဝင်းသည် မောင်ဘိုးထင်ပေးသော ငှက်ပျော်သီးကို ဦးကဲကို ကျွေးပြီးနောက်နေ့ ဦးကဲမှာ ရွာလူကြီး နှင့် တခြား ရပ်မိရပ်ဖများကို ခေါ်ပြီး လာတောင်းသောကြောင့် ချက်ချင်း အချိန်မဆွဲပဲ မင်္ဂလာဆောင်ပေးလိုက်ကြသည် ၊ ယခု ဦးကဲသည် ဒေါ်ဝင်းအား အရိပ်တကြည့်ကြည့် နှင့် ချစ်မဝ ဖြစ်နေသည် ၊ ဒေါ်ဝင်းမှ နုတ်ခမ်းမွှေးတွေ ရိတ် လို့ပင် ပြောရသေးသည် ဦးကဲမှာ လက်နှင့် နုတ်ခမ်းမွေးများကို ဆွဲနုတ်နေလေရာ ဘေးမှ လူများ ဆွဲထားရသည့် အထိ အချစ်ပိုနေသည် ၊ ဘေးတွင် ရှိသော ပန်းချီငိုမှ ပြောင်းလဲ သွားသော ဦးကဲကို ကြည့်ပြီး နားမလည် နိုင် ဖြစ်နေသည် ၊ သို့ပါသော လည်း ဦးကဲ နှင့် ဒေါ်ဝင်းတို့၏ မင်္ဂလာပွဲလေးသည်က ပျော်ရွှင်စွာ နှင့် အဆုံးသတ်သွားလေတော့သည်၊ မောင်ဘိုးထင်တို့ လည်း ပန်းချီးငို အိမ်တွင် ထန်းရည်နှင့် ကြက်ကြော်တို့ ဖြစ်အောင်ပွဲခံနေလေသည် ၊ ပန်းချီးငိုသည် ငေးငိုင်နေလေရာ မောင်ဘိုးထင်မှ

 

“ကိုပန်းချီးငို ဘာတွေ ဖြစ်နေတာလဲ ဗျာ ခင်ဗျား ကြည့်ရတာ မရွှင်မလန်းနဲ့ ”

 

“ငါ့ကို ဆရာကြီး ကဲ ပြောဖူးတယ်ကွ ဒီတသက် သူမိန်းမမယူတော့ဘူးတဲ့ ”

 

“အခုတော့ ယူပြီလေ ”

 

“အဲ့တာ ကို ငါနားမလည် ဖြစ်နေတာ ဆရာကြီးကဲက သူရဲ့ မိန်းမ ဘာတဲ့ ဒေါ် ထက်ဝတီက လွဲပြီး ဘယ်မိန်းမ ကိုမှ မချစ်ဘူးတဲ့ကွ”

 

“ဘာပြောတယ် သူက အဲ့လိုပဲ ပြောလား ”

 

“ငါ့ကို ပီယဆေး ပေးတာတောင် သူငယ်ငယ်က အဖြစ်ကို အမှတ်ရပြီး သနားလို့ ပေးတာတဲ့လေ ”

 

မောင်ဘိုးထင်တို့ မျက်လုံးပြူးသွားရသည် ထို့ကြောင့် ပန်းချီငို ပြောမည်စကားများကို စိတ်ဝင်တစားနားထောင်ရန် ဟန်ပြင်လိုက်ကြသည် ပန်းချီငိုရဲ့ စကားသံက ထွက်လာသည်

 

“ဆရာကြီးကဲက သူမိန်းမနဲ့ ခြောက်လပဲ ပေါင်းလိုက်ရတယ် တဲ့ကွာ သူက အရမ်းဂရုစိုက် အရမ်းချစ်ပေမဲ ပီယဆေး နဲ့ ယူထားတော့ ပီယဆေး ပျယ်ချိန်မှာ သူ့ရဲ့မိန်းမက သူ့ ဘယ်လောက်ကောင်းကောင်း အမြင်မကြည်တော့ဘူးတဲ့ကွာ အဲ့လိုနဲ့ တနေ့သူ အလုပ်သွားနေတဲ့ အချိန် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ် တဲ့ ဆရာကြီး သူမိန်းမ အကြောင်းပြော ရင် အတော်ကို စိတ်မကောင်း ဖြစ်နေတာကွာ အခုတော့ ဆရာကြီး ဘယ်လိုဖြစ်သွားလဲ မသိပါဘူးကွာ ”

 

ပန်းချီငို ၏ စကားကြားသော အခါ မောင်ဘိုးထင်တို့ မပျော်နိုင်တော့ပေ သူတို့အားလုံးရဲ့ မျက်လုံးထဲတွင်တော့ ဦးအုန်းကြီး၏ ဦးကဲကို ပျစ်ပျစ် နှစ်နှစ်ပြောနေသော ဟန်ပန်ကြီးကိုသာ မြင်နေရပါသည်၊ ပန်းချီငို နှင့် မောင်ဘိုးထင်တို့ စကားပြောနေစဉ် ပန်းချီငို၏ အိမ်‌ေပါ်သို့ ပေါက်တူးတက်လာပြီး

 

“ဟေ့ကောင်တွေ မင်းတို့က ဒီမှာ အေးဆေး သစားလိုက် သောက်လိုက် လုပ်နေ ရွာထဲမှာ ဘိုးထင်တို့ နဲ့ တရွယ်ထဲ ကိုပြုံးရေနစ်လို့ သေပြီတဲ့ကွ”

 

“ဘာ ဟို စကားပြောရင် ပြုံးပြုံး နဲ့ ကိုပြုံးလား ”

 

“အေး ဟုတ်တယ်”

 

မောင်ဘိုးထင်တို့ ပန်းချီငို အိမ်တွင် စားနေသောက်နေသည်ကို ရပ်လိုက်ကြကာ ပန်းချီငိုကို နုတ်ဆက်ပြီး ပေပင်ရွာသို့ ပြန်လိုက်ကြပါလေတော့သည်။

 

▪️အောက်လမ်းဘိုးထင် နှင့် ပီယဝိဇ္ဇာ ငကဲ ဇတ်လမ်းလေးသည်က ဤမျှသာ မကြာမီ အောက်လမ်း ဘိုးထင် နှင့် သရဲကိုပြုံး အမည်ရသော ဝတ္ထုလေးကို တင်ဆက်ပေးပါမည် ။

 

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ 🙏🙏🙏

 

📝စာ​ရေးသူ =မောင်တင်ဆန်းအားလေးစားလျက်