အောက်လမ်းဘိုးထင်နှင့်ဝိညာဉ်ထောင်(စ/ဆုံး)

Unicode Version

အောက်လမ်းဘိုးထင်နှင့်ဝိညာဉ်ထောင်(စ/ဆုံး)
———————————
မောင်ဘိုးထင်တို့သည် ကြေကွဲဝမ်းနည်းနေသော ပေတူးအား နွားကျောင်းရင်း နှစ်သိမ့်ပေးနေ၏၊
“ပေတူး လောကမှာ လူဆိုတာ မွေးပြီးသေမယ်ဆိုတာ သဘာဝကွ”
“အဲ့တာဆို မင်းသေကြည့်ပါလား”
“အဲ့လိုလည်း မဟုတ်ဘူးလေ မင်းသိပါတယ် ငါပြောတာက သေခြင်းတရားဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးလို့ ရွာဦးဘုန်းကြီးက ဟောတယ် မဟုတ်လား ကိုယ့်ထက်ကြီးသူ ကိုယ့်‌အောက်လူ သေသူတွေလည်းများလှပြီလို့ လေ အဲ့လင်္ကာ‌တွေတောင် ငါတို့ အလွတ်ရပြီလေ‌နေပြီ‌လေကွာ”
သာအေးသည် ပေတူးအား တရားနှင့်ဖြေဟု သဘောရသော စကားများအား တည်ငြိမ်စွာ ပြောပြနေလေရာ ကျန်သော သူများပင် အမြင်ကပ်လာသည့် အထိဖြစ်ရသည် ။ပေတူးအား တရားဟောရသည် မှာ မောလာဟန် ရှိသော သာအေး သည် သူတို့ နွားကျောင်းနေသော နေရာ နှင့် မလှမ်းမကမ်းမှ ရေတွင်းသို့ သွားလေသည်။ရေတွင်းတွင် ရေငင်ပုံး မရှိ ဝါးစစ်ပိတ်ကိုသာ ကြိုးတတ်ပြီး ရေငင်ပုံး သဏ္ဍန် ပြုလုပ်ထားခြင်းဖြစ်သည်။ သာအေးသည် ထိုရေတွင်းနားသွားပြီး ဝါးစစ်ပိတ်လေး နှင့် ရေသောက်နေသည်ကို ပေတူးကြည့်ကာ
“အဲ့ဒီကောင် အတော်ကို လျှာရှည်တဲ့ကောင် ”
“ဟုတ်တယ် စကားလည်း တော်တော် များတာ ”
“ငါ့ အဘကို လွမ်းနေတာတောင် အဲ့ဒီကောင်အသံကြီး ကြားရပြီး လွမ်းလို့တောင် မရတော့ဘူး ”
မောင်ဘိုးထင်တို့ သည် သာအေးကို ကြည့်ပြီး အတင်းပြောနေလေရာ သာအေး ရေသောက် နေလျက်မှ သီးသွားသေး၏၊ ထို့နောက် သာအေးသည် မောင်ဘိုးထင်တို့ ရှိရာ နေရာသို့ပြန်လာပြီး
“ဟေ့ကောင် တွေ မင်းတို့ ငါကို ကြည့်ပြီး အတင်းပြော‌နေ တာ မဟုတ်လား”
“မဟုတ်ပါဘူးကွ ဘာဖြစ်လို့လဲ ”
“ဘာဖြစ်ရမှာလဲ ငါ ရေမသီး စဖူး ရေသီးနေတယ် မင်းတို့တွေ ငါ့အတင်းပြောနေလို့ပေါ့ ”
မောင်ဘိုးထင်တို့သည် မည်သည့် စကားမှ ခွန်းတုန့်ပြန်ခြင်းမရှိပဲ ငြိမ်နေလိုက်ကြသည်။ထို့နောက် မောင်ဘိုးထင်သည် သူ၏ အိပ်မက်အကြောင်းကို ကျန်သူများအား ပြောပြလိုက်၏။
“ကိုဖိုးထွေး ကျုပ် အိပ်မက်ထဲမယ် ပေတူးအဘ ဝိညာဉ် ကို အောက်လမ်းဆရာ တယောက်က ထောင်ချထားတယ်လို့ ကျုပ်အမေ က ပြောခဲ့တယ် ”
“ဟုတ် ရော ဟုတ်ရဲ့လား ဘိုးထင်ရ ”
“အဲ့တာဆို ပေတူးအဘက ရုတ်တရက်ကြီး ဘာလို့ သေပြီး ဖုတ် ဝင်နေရတာလဲ ”
“အဲ့တာတော့ ဟုတ်တယ် ကိုဖိုးထွေးရ ကျုပ်အဘ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဆုံးသွားရတာလဲ ဆိုတာသိချင်တယ် ကျုပ်ကတော့ ဘိုးထင်ပြော‌တာ ယုံတယ်ဗျာ ”
ပေတူးသည် မောင်ဘိုးထင်ကို သေချာကြည့်ကာ ယုံကြည်ကြောင်းပြောနေလေ၏၊ ထို့နောက် ဖိုးထွေး နှင့် သာရတို့ လည်း ခေါင်းကို ညိတ်လိုက်ကာ
“ဟုတ်ပါတယ် ငါတို့ ထက် ဘိုးထင်က ဒီလိုကိစ္စတွေမှာ ပိုပြီး နားလည်ပါတယ် မင်းဘယ်လို လုပ်ချင်သလဲသာ ပြော”
“ကျုပ်ကတော့ ညပိုင်း ပေတူးတို့ အကွက် ထဲ သွားချင်တယ် ဗျာ ဦးသန်းလှိုင်က နှမ်းထယ်ရေးထိုးပြီး အခုလို ကိစ္စတွေဖြစ်တာ‌ဆိုတော့ အဲ့ အကွက် နဲ့ ပတ်သတ်နေလောက်တယ် ”
“မင်းသဘောကွာ အဲ့တာ ဆို ငါတို့ ညပိုင်းကို ပေတူးတို့ အကွက် ထဲ သွားကြတာပေါ့ ”
မောင်ဘိုးထင်တို့သည် သူတို့ပြုလုပ်မည့် အရာများကို တိုင်ပင်ပြီးနောက် တယောက် နှင့် တယောက် မည်သည့်စကား မှ မပြောကြပါပဲ အတွေးကိုယ်စီနှင့်သာ တွေး၍နေကြပါလေတော့သည် ။
◾အခန်း (၂)
ပေပင်ရွာ၏ ညနေအချိန်အခါသည်က တဖြည်းဖြည်း ရောက်ရှိလာပြီဖြစ်သည် ။ ကျွဲကျောင်းသား၊နွားကျောင်းသားလေးများ၏ နွားသွင်းချိန် မို့ ရွာအဝင်တွင် ကျွဲ၊နွား များ ၏ ‌တွန်သံများ၊အော်သံများနှင့် ကျွဲကျောင်းသား ၊နွားကျောင်းသား လေးများ၏ တယောက် နှင့် တယောက် စကားပြောသံ၊ထို့နောက် ရွာအဝင် တွင် ရှိသော အိမ်များမှ မိဘများ၏ သား၊သမီးများကို ဆူငေါက်သံတို့သည် ‌ထုံးစံ အတိုင်း ညံစီ လျက်ရှိပေ၏၊
“ဟဲ့ ကောင်မလေး ညည်းအဝတ်တွေ ရုတ်ဦး နွားရိုင်းသွင်းချိန်ရောက်ပြီ”
“ဟဲ့စိုးမောင် လမ်းဘက် ထွက် မနေနဲ့ ဦးကျော်စိန် ကျွဲအုပ် နင်းမိလို့ သေနေဦးမယ် ”
ဤသို့သော ဆူညံသံများ နှင့် ပေပင်ရွာလေး၏ ညနေသည် တဖြည်းဖြည်း မိုးချုပ်၍ သွားလေ၏၊ ထို့နောက် ‌မိုးချုပ်ချိန် ရွာအဝင်လမ်းတွင် လူငယ်လေး ငါးယောက် စုရုံးနေကြသည် သူတို့သည် လွယ်အိတ်များကို ကိုယ်စီ လွယ်ထားကြ‌သလို အကြီးဆုံးဖြစ်သော ဖိုးထွေး၏ လက်ထဲ တွင် ကြွက်ထိုးသည့် မှိန်း တချောင်း နှင့် ‌သာရ၏ လက်ထဲတွင် ရောင်ပြန် စက္ကုလေးများ ပါလာသည်။ မောင်ဘိုးထင်၏ လက်ထဲတွင်တော့ မီးအိမ် ပါလာသည် ၊ ပေတူး သူသည် ဖိုးထွေး နှင့် သာရကို သေချာကြည့်ကာ
“ကိုဖိုးထွေး နဲ့ ကိုသာရ ခင်ဗျားတို့ ကြည့်ရတာ ကြွက်လည်သွားမဲ့ လူတွေ နဲ့ တူနေသလိုပဲ ”
“ဟုတ်တယ်ဟ ငါလည်းပြောမလို့ပဲ ကိုဖိုးထွေးတို့က ကြွက်လည် သွားမှာကြနေတာပဲ ”
ပေတူး၏ ပြောစကားကို ထောက်ခံစကားဆိုလိုက်သူမှာ သာအေးဖြစ်သည်။သာအေးသည် ဖိုးထွေး၏ လက်ထဲ မှ မှိန်းကို ကိုင်လိုက်ကာ ဆက်ပြီး စကားဆိုလိုက်ပြန်၏
“ခင်ဗျား မှိန်းကလည်း အတော်ကို တုန်းနေပြီပဲ ကြွက် ဘယ် နှစ်ကောင် ရဘူးလဲ”
“သာအေး အထင်သေးရန်ကော ကွာ မှိန်းက တုံးမလားဟ ငါထိုးပြရမလား ”
“စတာ ပါဗျာ ထိုးချင်ရင် အောက်လမ်းဆရာကို ထိုး ”
“ဘိုးထင်ကို လား”
“ဟ ဟုတ်မလားဗျာ အခုသွားရှာမဲ့အောက်လမ်း ဆရာကို ပြောတာ ”
သာအေး နှင့် ဖိုးထွေး ပြောနေသည်ကို ကြားသောအခါ မောင်ဘိုးထင်သည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး
“ဟေ့ ဟေ့လူတွေ အောက်လမ်းဆရာဆို ပြီး မှိန်းနဲ့ ထိုးဖို့ စဉ်းစားမနေနဲ့ ဦး တော်ကြာ ထောင်ကျကုန်ဦးမယ် အောက်လမ်းဆရာ လည်း လူပဲ ဗျာ ရိုက်ရင် ကွဲတယ် ဓားနဲ့ ခုတ်ရင် ပြတ်တယ် မှိန်းနဲ့ ထိုးရင်လည်း သေမှာပဲ လုပ်ချင်ရင် ဝိုင်းပြီး ရိုက်ကြတာပေါ့ အဲ့တာ ကြီးနဲ့တော့ ထိုးဖို့ စဉ်းစားမနေနဲ့ အောက်လမ်းဆရာက တုတ်ပြီး ဓားပြီးတာ မဟုတ်လောက်ဘူး”
မောင်ဘိုးထင်သေချာ ရှင်းပြလိုက်သော အခါမှ ဖိုးထွေးတို့ နားလည်သွားကာ
“အေးပါကွ မထိုးတော့ပါဘူး မင်းပြောတဲ့ အောက်လမ်းဆရာတွေ့ရင်တွေ့ မတွေ့ ရင် ကြွက်လည် ရအောင်လို့ပါ”
“အေးလေကွာ တောထဲကို ဒီတိုင်းကြီး လာရတာထက်စာရင် တခုမလုပ် တခုပေါ့ ”
မောင်ဘိုးထင်တို့ သည် အကွက်စေ့လွန်းလှသော ဖိုးထွေးနှင့် သာရကို ခတ္တငေးကြည့် နေလိုက်ပြီးနောက် ပေတူး၏ အကွက်ဆီသို့ ခြေဦး လှည့်လိုက်ကြပါလေတော့သည်။
◾အခန်း (၃)
မောင်ဘိုးထင်တို့သည် လရောင် မရှိသော်လည်း ကြယ်ရောင်လေးများ၏ ဝိုးတဝါးအလင်းရောင်အောက်မှာ ပေတူးတို့ တောင်ယာအကွက် ထဲသို့ သွားနေကြသည်။ သူတို့သည် တယောက်ကို တယောက် မည်သည့်စကားမှ မပြောကြပေ၊ အားလုံး၏ စိတ်ထဲတွင်တော့ အောက်လမ်းဆရာဆိုသော လူကို စိတ်ကူးနှင့် ပုံဖော်နေကြသည် ၊ တချို့က အောက်လမ်းဆရာသည် မုတ်ဆိတ်ကျင်စွယ် ကားကား နှင့် ရုပ်ဆိုးဆိုးကြီး ဟု စိတ်ကူးနှင့် ပုံဖော်နေကြသလို တချို့ကတော့ သာမာန် ရုပ်ဆိုးဆိုးသာဖြစ်မည် ဟု တွေးနေကြလေသည်။ထိုသို့ အတွေးကိုယ်စီ နှင့် လမ်း လျှောက်လာရာ ပေတူးတို့ ယာကွက်ထဲ ရောက်လာပြီ ဖြစ်သည်။ထို့နောက် ပေတူးသည် ရှေ့ဆုံးမှ ထွက်သွားပြီး သူ၏ အဖေ နားနေကြ ရုံးပင် နားကို သွားလိုက်ပြီး မှောင်ရိပ်ထဲမှ ရုံးပင်ကြီးကို ကြည့်ပြီး ငေးနေလေ၏ ။သူ၏ စိတ်ထဲတွင်တော့ ဖခင် ဖြစ်သူ ရှိစဉ်ကာလက သူငယ်ချင်းများနှင့် ဂျင်ကစားချင်သောကြောင့် ဂျင် ခုတ်ခိုင်းရာ ဖခင်ကြီးသည် ယခု ရုံးပင်မှ ရုံးသားကို ခုတ်လာကာ သူ့အား ဂျင် ခုတ်ပေးလေသည်။ဂျင်ခုတ်သည့်အခါတိုင်း ပေတူးသည် သူ၏ ဖခင် အနားတွင် ထိုင်ကာ
“အဘ ကျုပ်ကို ဂျင် သံရိုက်ပေးဦး အဲ့တာမှ ဟိုကောင်တွေ ဂျင်ဝိုင်းထဲ ဝင်လို့ရမှာ ”
“အေးပါ ပေတူးရာ ငါ ရွာအလယ်က လက်သမားလှမောင်ဆီက သံ တချောင်းတောင်းထားပါတယ်ကွ မင်းကလည်း အဲ့ဒီကောင်တွေ ဂျင်ကို ခွဲလို့ ရအောင်ကို အဘ သေချာလုပ်ပေးမယ် ”
“အဘကသာ သူတို့ ဂျင်တွေကို ခွဲလို့ရအောင်လုပ်နေ အဘ ခုတ်ပေးတဲ့ ဂျင်ပဲ ကွဲနေတာ ဗန်ထစ် ကြီးက အကြီးကြီးဆို‌တော့ အမြဲ ပဲ့ တယ် အဘဂျင်က လည်တာတော့ သူများ ဂျင်တွေ ထက် လည်တယ်ဗျ”
“တလုံးကွဲ ရင် နောက်တလုံးခုတ်ပေးမှာပေါ့ကွာ သံလေးသာ ပြန်ယူထား အဘ တို့ အကွက်ထဲ မှာ ရုံးပင် တပင်လုံးရှိတယ်ကွ မင်းကောင်တွေ ငါတို့ ရုံးပင် ပြုန်းအောင်တော့ မပေါက်နိုင်ပါဘူးကွာ ဟားးဟားး”
“အဘကတော့ လုပ်ပြီ ဗျာ ”
ပေတူးသည် သူတို့ အကွက်ထဲမှ ရုံးပင်ကြီးကို ကြည့်ပြီး သူ၏ အဘဖြစ်သူအား အောက်မေ့ သတိရနေသည်။ထို့နောက် အမှောင်ရိပ်ထဲတွင် သူ၏ မျက်လုံးမှ မျက်ရည် များကျနေသည်ကို မောင်ဘိုးထင်တို့ မမြင်ကြပေ ၊ ထို့နောက် ပေတူးသည် မောင်ဘိုးထင်တို့အား စကားဆိုလာလေသည်။
“ဘိုးထင်ရေ ငါတို့ အကွက် ထဲတော့ ရောက်ပြီ ဘယ်လို လုပ်ရမှာလဲ ပြောဦး”
“အေး အဲ့တာ ခက်တာ အိပ်မက်ထဲက ငါ့အမေကလည်း မင်းအဖေ ရဲ့ ဝိညာဉ်ကို အောက်လမ်း ဆရာကြီးတယောက် ဖမ်းထားတယ် လို့ ပဲ ပြောတာ ဘယ်လို ပြန်လွတ်အောင် လုပ်ရမလဲဆိုတာတော့ မပြောဘူးဟ”
“ဟေ့ကောင် မင်းက ဦးအုန်းကို မမေးခဲ့ဘူးလား ”
“အေး မမေးခဲ့ ရဘူးကွ ”
“တောက် ကောင်းရောကွာ ငါတို့ က ဒီကို ညကြီး မိုးချုပ် လာပြီး ဘာလုပ်ရမှာလဲ ”
ဖိုးထွေးသည် ညီးညူကာ ရုံးပင်နားတွင် ရှိသော ထယ်ရေးပြင်တွင် ထိုင်လိုက်လေသည်။ ဖိုးထွေးထိုင်သော အခါ ကျန်သောသူများသည်လည်း အကုန်ထိုင်လိုက်ကြပြီး ဘိုးထင်ကို ကြည့်ကာ တယောက် တပေါက် စကားဆိုလာကြသည်။
“ဆရာကြီးဘိုးထင် ငါတို့ကို ခေါ်ပြီး မဟုတ်တာ လုပ်မလို့ တော့ မဟုတ်ပါဘူးနော် ”
“အေးဟုတ်တယ် ဘိုးထင်ကြည့်ရတာ မရိုးဘူး ”
“ဆရာကြီးက လယ်ထွန်သွားနွားမေ့ဆိုတဲ့ သူမျိုးဖြစ်နေပြီ”
“အေးကွာ တကယ်ကောင့် ငါတို့ ဘယ်ဟာတွေ စလုပ်ရမလဲ လုပ်စရာ မရှိကြွက် ထိုးရအောင်ကွာ ”
ဖိုးထွေး‌သည် ထိုင်နေရာမှ သူ၏ ဘေးတွင် ထိုးစိုက်ထားသော မှိန်းကို ကိုင်ရင်းစကားဆိုလေရာ သာရမှ ထောက်ခံစကားဆိုလေသည် ။
“အေးဟုတ်တယ် ဖိုးထွေး ကြွက် ထိုးကြရအောင် ပေတူးတို့ ယာအစပ်မှာ ဦးကျော်စိန် လယ်ရှိတယ် အဲ့မှာ ကြွက်ပေါ်တယ်ကွ”
ဖိုးထွေး နှင့်သာရသည်က ကြွက်ထိုးဖို့ရန်တွက် အာသီသ ပြင်းပြနေလေသည် ၊ ထို့နောက် မောင်ဘိုးထင်သည် လည်း အားလုံး နှင့် တယောက် ဖြစ်နေလေ၍ ကြွက်ထိုးဖို့ အတွက် သဘောတူလိုက်ရပါလေတော့သည် ။
◾အခန်း (၄)
မှိန်းကိုင်ထားသော ဖိုးထွေးသည် မီးအိမ်ကိုင်ထားသော ဘိုးထင် အနားတွင် ရပ်နေလေသည်။ မီးအိမ်၏ အလင်းရောင်က ရိုးပြတ် လယ်ထဲ ကို ကောင်း၏စွာ မြင်နေရသည်။သာရသည် ရောင်ပြန် စက္ကူများကို တုတ်ချောင်း တချောင်းတွင် ချည်ထားကာ ကြွက်လမ်းကို အနည်းငယ် ရှင်းလိုက်ပြီး
“ဟေ့ကောင် ဘိုးထင် မီးအိမ်ကို အောက်နည်း နည်း နှိမ့်ပြီးပြ ဟ မမြင်ရဘူး ”
“အေးပါ ဗျာ သိပ်လည်း မငုံ့ရဲ ဘူးဗျ ကိုဖိုးထွေးရဲ့ မှိန်းက ကြွက်မထိုးမိပဲ ကျုပ် လည်ပင်း ထိုးမိမှာ လည်း ကြောက်ရသေးတယ် ”
“ဟာကွာ မင်းကလည်း အဲ့လောက်လည်း လက်မကန်းသေးပါဘူးကွာ ”
“ဟေ့ကောင်တွေ တိတ် မင်းမေကြီးတော်ကြွက်ကြီးတွေက မင်းတို့ အသံပြဲကြီးတွေ ကြောင့် လာပါလိမ့်မယ်”
ဘေးတွင် ရပ်နေပြီး လေးဂွကို အသင့်ထုတ်ထားသော သာအေး နှင့် ပေတူး အနက် ပေတူး၏ စကားကြောင့် ဖိုးထွေး နှင့် သာရ ပေတူးအား စူးစိုက်ကြည့်လိုက်ရာ
“ကျုပ်က ကိုဖိုးထွေးကို ပြောတာ မဟုတ်ဘူး ဟို ဟို ဘိုးထင်ကို ပြောတာ ပါဗျ”
ပေတူး ထိုသို့ ပြောလိုက်မှ သာရ နှင့် ဖိုးထွေး တို့ ကြွက်လမ်းကို ပြန်ကြည့်လိုက်ပြီး သာရမှ ရောင်ပြန် စက္ကူများကို လှည့် လေသည် ။ ထိုအခါ စက္ကူအချင်းချင်း ပွတ်တိုက်သံက တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွား၏။ အတန် ကြာသောအခါ လယ်ကြွက်ကြီး တကောင်သည် အသံ လာရာဆီ သွားလိုက် ရပ်လိုက် နှင့် စူးစမ်းပြီး တဖြည်းဖြည်း လာနေသည်ကို မောင်ဘိုးထင်၏ မီးအိမ် အလင်းရောင်အောက်တွင် အတိုင်းသာ မြင်နေရသည် ။သာရ သည်က ရောင်ပြန်စက္ကူအား လှုပ်လိုက် ရပ်လိုက် နှင့် အသံ မြည်နေစေသည် ။ ထို့နောက် ကြွက်ကြီးသည် ဖိုးထွေး မှိန်းနှင့် ထိုးတန်ကောင်းနေရာ တွင် ရပ်နေချိန် ဖိုးထွေးသည် မှိန်းနှင့် လယ်ကြွက်ကြီးကို ချိန်ရွယ်ကာ ပစ် လိုက်တော့သည် ၊ ထိုအခါ လယ်ကြွက်ကြီးသည် မှိန်း သွား စူးဝင်သွားပြီး တခွီးခွီး နှင့် အော်မြည်ကာ ရုန်းကန် နေပေသော်လည်း မှိန်း ၏ အသွားမှ ကြွက်ကြီးသည် လွတ်အောင် မရုန်းနိုင်ချေ၊ ထိုအနေထားတွင် သာအေးသည် ကြွက်ကြီး၏ ဦးခေါင်းနေရာအား လေးဂွ နှင့် ပစ်လိုက်ရာ တည့်မတ်စွာ ထိမှန် သွားပြီး ကြွက်ကြီးမှာ တဖြည်းဖြည်း ငြိမ်၍သွား၏၊ ထိုမြင်ကွင်း ထိုအချင်းအရာကို သေချာစွာ မြင်နေရသော ပေတူးသည် သူ၏ စိတ်ထဲ တွင် အမျိုး အမည်မသိသော စိတ်ခံစားချက်များပေါ်လာကာ ကြွက်ကြီးပေါ် သနားကရုဏာစိတ်တို့ ပေါ်ပေါက်လာ၏ ၊ ကြွက်ကြီးကို ကြည့်ပြီးသနားနေသော ပေတူး၏ မျက်နှာ ကို တခြားသူများ မမြင်နိုင်ပါ အကြောင်းသည်က မောင်ဘိုးထင်တို့သည် မီးအိမ်အား သူတို့ လင်းစေလိုသော နေရာကို သာ လင်းစေရန် ဓာတ်မီးသဏ္ဍာန်များ ဖြစ်စေရန်အလို့ငှာ သံပုံးအလုံ ထဲတွင် မီးအိမ် ထည့်ထားပြီး တနေရာတည်းကိုသာ အပေါက်ဖောက်ပြီး ထားသော ကြောင့် ဖြစ်လေသည်။
◾အခန်း (၅)
ဖိုးထွေး နှင့် သာရ ဦးဆောင်ပြီး ကြွက်ထိုးသည်မှာ ငါးကောင်မျှ ရနေပြီဖြစ်သည်။၊ သာအေးသည် ကြွက်များကို ကောက်ပြီး ပေတူး၏ လွယ်အိတ်ထဲသို့ ထည့်ထားရာ မသေမရှင် ကြွက်များ၏ သေအံ့ဆဲဆဲ ကာလကို ကျော်ဖြတ်နေရ၍ လွန့်လူးသည့်အခါ လွယ်အိတ်လွယ်ထားသော ပေတူးသည် သူ၏ အသားနှင့် လွယ်အိတ် ထိနေသောကြောင့် ကောင်းစွာခံစားမိနေ၍ ကိုယ်ချင်းစာစိတ် သည်က တိုး တိုး ၍ လာရာ ကြွက်ထိုးရန် ပြင်နေသော ဖိုးထွေးအား ပေတူးမှ စကားဆိုလေ၏
“ကိုဖိုးထွေး တော်တော့ပါဗျာ ကြွက်တွေလည်း အများကြီး ရနေပြီကို ”
“နေပါဦး ပေတူးရ အခုမှ ငါးကောင်တည်းရှိသေးတာကို တယောက် တကောင် စီပဲ ရသေးတယ် ”
“ကျုပ်မယူတော့ ဘူးဗျာ ကိုဖိုးထွေး ကျုပ်အစား ယူလိုက်တော့ဗျာ ပြန်ရတော့အောင် ”
ဖိုးထွေး အပါအဝင် အားလုံးသော သူများသည် ပေတူး၏ စကားကြောင့် နားမလည်နိုင် ဖြစ်နေသည် ။လောဘကြီးသော ပေတူးမှာ အဘယ်ကြောင့် လောဘနည်း ရသနည်းဆို တာ သူတို့စဉ်းစားနေပုံပေါ်၏ ။ထို့နောက် ဖိုးထွေးသည် အမှောင်ရိပ်ထဲ မှ ပေတူးကို ကြည့်ကာ
“ဒီ တကောင်တည်း ပါ ပေတူးရာ နော် ဒီတကောင် ရရင် ပြန်မယ် ကွာ ”
ဖိုးထွေး၏ စကားကြောင့်ပေတူး မငြင်းသာ တော့ပဲ လက်ခံ လိုက်လေသည် ။
မောင်ဘိုးထင် ပြနေသော မီးရောင်အောက်တွင် ကြွက်ဖြူကြီးတကောင်သည် သာရ၏ ရောင်ပြန်စက္ကူအသံအား စူးစမ်းသလိုကြည့်ပြီး ရပ်နေသည် ။ကြွက်ကြီးသည် ဖြူဖွေးနေပြီး အတော်ကို အကောင် ကြီးသော ကြွက်ကြီးဖြစ်ရာ အားလုံး အံ့ဩနေကြသည်။ထိုစဉ် ဖိုးထွေးသည် သူ၏ မလှမ်းမကမ်း‌တွင် ရောက်နေသော ကြွက်ဖြူကြီး အားမှိန်း နှင့် ထိုး လိုက်ရာ ကြွက်ဖြူကြီးထံ တည့်မှန်စွာဖြင့် စိုက်ဝင်သွားလေသည် ။ထို့နောက် ကြွက်ဖြူကြီး အံ့ဩစရာကောင်းလောက်အောင် မှိန်းကြီးစိုက်နေရာမှ လယ်ကွင်း အလယ်ထဲ ထွက် ပြေးသွားရာ မှိန်းကြီးသည် လည်း ကြွက် ကြီးနောက် ပါသွားလေ၏ ၊ပုံမှန်ဆိုလျှင် ဖိုးထွေး၏ မှိန်းချက် မိသော ကြွက်မှာ မည်သို့ မှ ပြေးနိုင်မည်မဟုတ်ပေ ယခု တွင် တော့ ကြွက် ကြီးမှာ ပြေးသွားရာ မှိန်းပါ ပါသွား၏ ၊ထို့ကြောင့် မောင်ဘိုးထင်တို့သည် လည်း ကြွက်ကြီးနောက် လိုက်ရလေတော့သည် ။ ကြွက်ကြီးသည် သူတို့ ၏ မီး ရောင် အောက်တွင်သာ ပြေးနေရာ မှီခါနီးလိုက် ပြေးလိုက်နှင့် လယ်ကွက် အတော်တော် များများကို ဖြတ်ကျော်လာပြီ ဖြစ်သည်။ထို့နောက် သူတို့၏ ရွာသားများ ပိုင်ဆိုင်သော လယ်များဘက်ရောက်သွားလေ၏ ၊ ထိုလယ်ကွင်းများဘက်ရောက်သောအခါ မှိန်းတန်းလန်း နှင့် ကြွက်ကြီးမှ ရပ်တန့်သွားရာ ဖိုးထွေးသည် သူ၏ မှိန်းအရိုးအား ကို ကိုင်လိုက်ပြီး သူ၏ မှိန်းအသွားတွင် စိုက်နေသော ကြွက် က်ြီးကို ကြည့်ရင်း မောင်ဘိုးထင်အား မီးပြခိုင်း၍ မောင်ဘိုးထင်မှ မီးပြလိုက်သည် ။မီးရောင် အောက်တွင်တော့ သူတို့ အဝေးကြီးထိ လိုက်လာရသော ကြွက်ကြီး မှာ ရှိမနေတော့ပေ ။
“ဘိုးထင် ကြွက်ကြီးကို သေချာထိတာပါ အခု ကြွက်ကြီးက ဘယ်ရောက်သွားတာလဲဟ ”
“ထိ‌လို့ မှိန်းတန်းလန်းကြီး နဲ့ ဒီထိ ပြေးလာတာကို ”
“ထူးတော့ ထူးဆန်းတယ် ဟ ဒီလယ်တွေက ငါ့အဘ ပြောပြောဘူးတဲ့ ဘယ်က မှန်းမသိတဲ့ လူကြီး ပိုင်တဲ့ လယ်တွေ မဟုတ်လား ”
“ဟုတ်တယ်ဟ ”
သူတို့ ထူးထူးဆန်းဆန်းဖြစ် နေစဉ် နွားမောင်းသံများကို ကြားရ၍ မောင်ဘိုးထင်တို့ မီး အိမ်ကို မှုတ်ပြီး ငြိမ်နေလိုက်ကာ အသံတိုးတိုး နှင့် ဖိုးထွေးမှ စကားဆိုလေသည် ။
“ဟေ့ကောင်တွေ ဒီ အချိန်ကြီး ဘယ်က နွားတွေ မောင်းနေတာလဲ ဒီ ဘက်မှာ ဘယ်သူမှ လည်း မနေပါဘူး ”
“ဟိုဘက်မှာ တို့ရွာသားတွေ မသွားတဲ့ လယ်စောင့် တဲကြီးရှိတယ်လေ ဘယ်သူမှ‌လည်း မနေပါဘူး ”
သူတို့ တိုးတိုး ပြော ရင်း လယ်စောင့်တဲကြီး ဘက်သွားသောအခါ တဲကြီးသည် မီးအရောင်များ ထိန်လင်းနေ ပြီး တဲကြီး ဘေးတွင်တော့ ရိုးပြတ် လယ်များအား ထယ်ထိုးနေသော ထယ်ရှဉ်း လေးရှဉ်းအား တွေ့လိုက်ရသည် ။ နွားများနှင့် လူများသည် ပေါ်တလှည့် ပျောက်တလှည့် ဖြစ်နေသည်အား နွားထမ်းတပိုးတွင် ချိတ်ထားသော မီးအရောင်ကြောင့် မြင်နေရသည် ။ထို ထူးဆန်းစွာ ထယ်ထိုးနေသော ထယ်ရှဉ်းများအား လယ်ကန်သင်းတွင် ဝပ်ပြီး ခြောင်းကြည့်နေသော မောင်ဘိုးထင်တို့ထဲ မှ ပေတူးသည် မောင်ဖိုးထွေးအား လက်ကိုကုတ်ပြီး
“ကို ကိုဖိုးထွေး ဟိုဟာ ကျုပ် အဘ မဟုတ်လား ”
“ဟာ ဟုတ်တယ်ဟ အဲ့တာ မင်းအဘ ကွ”
“သူတို့ နှင့် မလှမ်းမကမ်းတွင် ထယ်ထိုးနေသော ထယ်တရှဉ်းမှာ ဦးကျော်လှိုင် ထယ်ထိုးနေခြင်းဖြစ်သည်။ဦးကျော်လှိုင် နှင့် နွားတရှဉ်းသည် ပေါ်လိုက် ပျောက်လိုက်နှင့် ထယ်ထိုးနေလေသည် ။သူ၏ မျက်နှာသည်က အတော်ကို ညှိုးငယ်နေလေရာ မြင်ရသော ပေတူးသည် သူ၏ အဘကို ကြည့်ကာ အတော်ကို စိတ်မကောင်း ဖြစ်ပြီး အတန်အသင့် ကျယ်သောအသံ နှင့် ခေါ်လိုက်လေသည်
“အဘ အဘ ဘာတွေ လုပ်နေတာလဲ ကျုပ်လေ အဘသား ပေတူးပါ ”
ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ဦးသန်းလှိုင်၏ ဝိညာဉ်သည် ပေတူးပြောသော စကားကို ကြားသည်ထင်၏ ၊ထယ်ထိုးနေရာ မှ ရပ်လိုက်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေရာ ကျယ်လောင်သောအသံ တခုက လယ်စောင့်တဲ ထံမှ ပေါ်လာ၏၊
“ဟိုကောင် ထယ်မထိုး ပဲ ဘာတွေ လုပ်နေတာလဲ ‌နာချင်လို့ လား ”
ထိုအသံကို ကြားသေ အခါ ဦးသန်းလှိုင်သည် ဆက်ထယ်ထိုးနေလေ သည် ။ ဦးသန်းလှိုင် နည်းတူ တခြားထယ်ထိုးနေသော သူများသည် လည်း မျက်နှာတို့ မသာယာပေ၊ ထိုအချင်းအရာကို ကြည့်ပြီး မောင်ဘိုးထင် သဘောပေါက်သွားပြီဖြစ်၏ ၊ထို့ကြောင့် မောင်ဘိုးထင်သည် အသံ ခပ်တိုးတိုး ဖြင့်
“ဟေ့လူတွေ ပေတူးအဘ ဝိညာဉ်ကို နုတ်ပြီး ထယ်ထိုးခိုင်းနေတာ အောက်လမ်းဆရာဖြစ်မယ် ”
“ဟုတ်တယ် အရင်က ဒီလယ်တွေကို ဘယ်သူမှ မလုပ် ပဲ စပါး၊ပဲတွေ နှမ်းတွေ အချိန်တန်ရင် ပေါက်နေတယ်ဆိုပြီး ငါ့အဘ ပြောဖူးတယ်ကွ လက်စသတ်တော့ အောက်လမ်း ဆရာက ထယ်ထိုးကောင်းတဲ့ လူတွေကို ဝိညာဉ်တွေ နှုတ်ပြီးခိုင်းနေတာကိုး ဟောဟိုက နွားတရှဉ်းက လည်း ရွာထဲက ကိုတာတီးရဲ့ ပိုးထိပြီး သေသွားတဲ့ နွားတွေဘဲမဟုတ်လားသာရ ”
“ဟုတ်တယ်ဟ ဒီအောက်လမ်းဆရာက လူတွေကိုပါ မဟုတ်ဘူး နွားတွေကိုပါ ဒုက္ခပေးတာကိုး ”
ဖိုးထွေးနှင့် သာရ စကားပြောနေစဉ် ဖိုးထွေး အနားမှ မှိန်းကို ပေတူး ကောက်ကိုင်လိုက်ပြီး အမှောင်ထဲ မှ နေ၍ လယ်တဲ ဘက် ချဉ်းကပ်သွားရာ ဖိုးထွေးတို့ အသံတိုးတိုးနှင့် တားပေလည်း တားမရပေ။
“ပေတူး ဘယ်သွားမလို့ လဲ တိုင်ပင်ရဦးမယ်လေ ကွာ ”
“ပေတူးမသွားနဲ့ ဟ ”
အသံကျယ် ကျယ် နှင့် လည်းပြောမရသောကြောင့် အသံ ခပ်တိုးတိုးနှင့် မောင်ဘိုးထင်တို့သည် ပေတူး၏ နောက်သို့ လိုက် သွားလိုက်ရပါ‌လေတော့သည် ။
◾အခန်း (၆)
ပေတူးသည် မှိန်းကို ကိုင်ပြီး လယ်စောင့်တဲအနားကို ကပ်၍ သွားလေသည် ။လယ်စောင့်တဲ ထဲတွင်တော့ အသက် ၆၀ အရွယ်လူကြီးသည် ဆေးပေါ့လိပ်ကို ခဲရင်း လယ်စောင့်တဲ ပေါ်တွင် ထိုင်နေသည်ကို တဲကြမ်းပြင်တွင် ချထားသော ထိုလူကြီး၏ မီးအိမ်မှ အလင်းရောင် ကြောင့် ကောင်းစွာ မြင်နေရလေသည် ။ထို့နောက် ပေတူးသည် ထွေထွေ ထူးထူး စဉ်းစားမနေတော့ ပဲ အတန်နီးကပ်သော နေရာ မှ နေ၍ သူ၏ လက်ထဲ မှ မှိန်းဖြင့်ပစ်လိုက်ရာ လူကြီးသည် သူ၏ လည်မျိုဆီသို့ တည့်မတ် စွာဝင်လာသော မှိန်းအား အသာအာ တိမ်းရှောင်ရင်း ဖမ်းလိုက်ကာ
“ထယ်ထိုးနေတဲ့ ကောင်တွေ ရန်သူလာတယ် ဝိုင်းကြစမ်း ”
အောက်လမ်းဆရာကြီး ၏ ကျယ်လောင်သော စကားကြောင့် ထယ်ထိုးနေသော ဝိညာဉ်များသည် ပေတူးရှိသည့် နေရာသို့ ဝိုင်းလိုက်ကြလေသည် ။ထိုအခါ ဝိညာဉ်များ ၏ နွားထမ်းပိုး တွင်ချိတ်ထားသော အလင်းရောင်ကြောင့် ပေတူးအား ကောင်းစွာမြင်နေရာ ဝိညာဉ် ဦးသန်းလှိုင်သည် သူ၏ သားဖြစ်နေသော ကြောင် ထယ်ခေါင်းကို လွှတ်ကာ ပေတူးနှင့် မလှမ်းကမ်း တွင် ပေါ်လိုက်ပျော်လိုက်နှင့် ရပ်နေပြီး
“ပေတူး မင်းဘယ်လို ရောက်လာတာ လဲ ”
“အဘကို ချုပ်ထားတယ်ဆိုပြီး ဘိုးထင် ပြောလို့ လာခေါ်တာ “,
“ဟုတ်တယ် အဘ လည်းမင်းတို့ ဆီလာချင်နေတာ အဘ ဘယ်မှ သွားလို့မရဘူး ”
သားအဖ နှစ်ယောက် စကားပြောနေစဉ် လယ်တဲ ထဲမှ အောက်လမ်း ဆရာကြီးသည် တဲထဲ မှ ထွက် ပြီး ဝိညာဉ်များဝိုင်းထားသော ပေတူး နှင့် ပေတူးအဘ နားကို ရောက်လာကာ
“သားလိမ္မာလေးတွေ နဲ့ လာတွေ့နေတာကိုးကွ ဟိုကောင်သန်းလှိုင်မင်းက နာချင်လို့ ကိုယ့်နေရာကို မနေတာလား ”
“မနေဘူး မင်းတို့ ငါ့သားကို ထိဖို့ မကြိုးစားနဲ့”
ဦးသန်းလှိုင်သည် အောက်လမ်းဆရာကြီး ထံ ပြေးလာပြီးတိုက်ခိုက်လေသည်။သို့သော် အောက်လမ်းဆရာကြီးအား သူထိလို့မရပေ။ထိုအခါ အောက်လမ်းဆရာကြီးသည် တချက်ပြုံးလိုက်ပြီး
“အော် သန်းလှိုင် မင်း ငါ့ကို ထိလို့ရမယ် များ ထင်နေတာလား မင်းထယ်ခေါင်းကို ထိကိုင်နိုင်တယ်ဆိုတာ ငါခွင့်ပြုထားလို့ပါကွ”
အောက်လမ်းဆရာကြီး ပေတူးအဘ နှင့် စကားပြောနေစဉ် မောင်ဘိုးထင်တို့သည် အောက်လမ်းဆရာကြီး ၏ လယ်တဲ အတွင်းသို့ ရောက်နေပြီ ဖြစ်သည် ။ ထို့နောက် တဲ အတွင်း အကဲ ခတ်ကြည့်လိုက်ရာ အိုးကြီး အိုးသေးများနှင့် ပွဲများတင်ထားသည်ကို တွေ့ရ၍ ထိုလူကြီး၏ အစီအရင်သည် ယခုလယ်တဲလေး မှာသာ ရှိမည်ဟု တွေးကာ လယ်တဲအား မီးအိမ်ထဲမှ ရေနံ ဆီ မီးခွက်ကို ထုတ်ကာ မောင်ဘိုးထင်တို့သည် တဲအိမ်အား မီးတိုက် လိုက်ကြပါလေတော့သည် ၊၊ မောင်ဘိုးထင်တို့ မီးတိုက်နေသည်ကို မြင်သောအခါ အောက်လမ်း ဆရာကြီးသည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး
“ဟေ့ ဟေ့ ဘယ်‌က ကောင်တွေ လဲ ဟ ငါ့တဲ မီးရှို့တာ ”
အောက်လမ်း ဆရာကြီးသည် ပါးစပ်မှလည်း ပြောပြောဆိုဆို လက်ထဲ မှ မှိန်းဖြင့် အားကုန် ပစ်လိုက်ရာ မောင်ဘိုးထင်၏ ရင်ဘက်သို့ တည့်မတ်စွာ ဝင်လာသည်အား တဲကိုလောင်နေသော မီးရောင်အောက်တွင် ဖိုးထွေး မြင်နေရ၍ မောင်ဘိုးထင်အား ခြေဖြင့် ကန်ပြီး တွန်းလိုက်ရာ ဖိုးထွေး၏ ခြေသလုံးထံ မှိန်းသည် စိုက်ဝင်၍သွားပြီး
“အား သေပါပြီဟ နာလိုက်တာ ကွာ ”
“ဖိုးထွေး မင်း ခြေထောက်ကို မှိန်းစိုက်သွားပြီ၊ နာလား ဟေ့ကောင် ”
“မင်းမေကြီးတော် နာတာပေါ့ဟ ”
“တော်သေးတာပေါ့ကွာ ရင် ဘတ် မမှန်လို့ ”
“သောက်စကား များမနေနဲ့ ဟိုမှာ မင်းအမေလင်ကြီးက ပြေးလာနေပြီ တခုခု လုပ်ဦးဟ ”
“အေးအေး ငါ မှိန်း နဲ့ ပစ်မယ်ကွာ ”
သာရသည် ပြောပြောဆိုဆို ဖိုးထွေး ခြေထောက် မှ စိုက်ဝင်နေသော မှိန်းကို ဆွဲထုတ်လိုက်၏
“ခွေးသား သာရ ငါ့ကို သေအောင် သတ်နေတာလားဟ အမလေးသေပါပြီဗျာ နောက်ဆို ခွီးမှတောင် ကြွက်မထိုးတော့ပါဘူးဗျ ”
ဖိုးထွေးသည် နာကျင်စွာ အော်နေသည်ကို သာရ ဂရုမစိုက်အား၊သူတို့ အနားပြေးလာသော အောက်လမ်းဆရာကြီး ထံ မှိန်း ပစ်လွှတ်လိုက်ရာ အတော်နီးကပ်နေသည်မို့ အောက်လမ်း ဆရာကြီး ရှောင်ချိန်မရဘဲ ပေါင်အရင်းသို့ စိုက်ဝင်သွားရာ နာကျင်စွာ အော်ပြီး လဲ ကျသွားလေသည် ထို့နောက် အောက်လမ်းဆရာကြီးသည် တဖြည်းဖြည်း နှင့် လူပုံစံမှ ကျွဲကြီးတကောင် အဖြစ်ပြောင်းကာ ခြေထောက်တဖက် ထော့နင်း ထော့နင်းနှင့် ခြေဦး တည့် ရာ ပြေးသွားလေသည် ။ မပြေး၍လည်း မဖြစ်ပေ အဘယ်ကြောင့် ဆိုသော မောင်ဘိုးထင်တို့ ရှို့လိုက်သော လယ်စောင့် တဲ ထဲမှ အမဲ ရောင် အရိပ်များသည် လွင့် ပျံ့နေပြီး တောက်ခေါက်သံ များနှင့် ကြိမ်းမောင်း သံများကြောင့် ဖြစ်၏။
“တောက် ငါတို့ကို ချုပ်ထားတဲ့ အောက်လမ်းဆရာ နင့်အလှည့် ကျပြီ လွတ်အောင်ပြေးစမ်း ”
“ငါတို့ကို နှစ်ပေါင်းများစွာ ချုပ်ပြီး အနိုင်ကျင့်တဲ့ အလုပ် ‌တွေ ခိုင်းတဲ့ အကောင် ”
အရိပ်အမဲ များသည် ကျွဲ အဖြစ်ပြောင်းပြီး ပြေးသွားသော အောက်လမ်း ဆရာကြီးနောက်သို့ လိုက်သွားလေသည် ။ပေတူးအဘ သည်က သူ၏ သားအနားသို့ သွားကာ
“ပေတူး သားအဘ လွတ်ပြီ ထင်တယ် ဒါပမဲ့အဘ ကို တခုခု က ဆွဲနေသလို ဖြစ်နေတယ် ”
“အဘ အဘ ဘယ်ကို သွားနေတာလဲ အဲ့ ဘက်က ကျုပ်တို့ ရွာ မဟုတ်ဘူးလေဗျာ ”
“အဘ သွားနေတာ မဟုတ်ဘူးကွ သူအလိုလို အဲ့ ဘက်ရောက်နေတာ အဘကို ဆွဲနေတာ ”
ပေတူးသည် ပေါ်လိုက်ပျောက်လိုက် နှင့် အနောက်သို့ တဖြည်းဖြည်းမျော နေသော သူ၏ အဘနောက်သို့လိုက်ကာ စကားများပြောနေလေသည် ။
“အဘ ရပ်တော့ဗျာ ကျုပ်တို့ နဲ့ ပဲ အတူတူနေပါ ”
“နေချင်တာပေါ့ ငါ့သားရာ အဘ ကို မမေ့သွားပါနဲ့ မင်းအမေကို ပြောလိုက်ပါဦး အဘက အခုအချိန် ထိ မင်းအမေအပေါ်ကို သစ္စာ တခါမှ မဖောက်ခဲ့ပါဘူးလို့ ”
“အမေက အဘကို ယုံပါတယ်ဗျာ ဝသီပါနေလို့ လျှောက်ပြောနေတာ ပါ ”
ပေတူး၏ အဘသည် ပေါ်လိုက်ပျောက်လိုက်နှင့် လယ်ကွင်းများအား ဖြတ် ပြီး တဖြည်းဖြည်း လျင်မြန်စွာ ပျောက်ကွယ်သွားရာ နောက်မှာ ပြေးလိုက်နေသော ပေတူးသည် ကန်သင်းများအား ခလုတ်တိုက်ပြီး အလဲလဲ အကွဲကွဲ ဖြစ်နေပေမဲ့ လဲလိုက်ထပြေးလိုက် နှင့် သူ၏ ဖခင် လုံးဝ ပျောက်ကွယ်သွားသော နေရာရောက်မှ ရိုးပြတ်များထဲတွင် ဒူးထောက် ထိုင်ချလိုက်ကာ သူ၏ အဘအား အော်ခေါ် နေလေသည် ။မကြာသောအချိန်တွင် ဘိုးထင်တို့သည် ဖိုးထွေးကို တွဲကာ ပေတူးအနားရောက်လာလေသည်။ဖိုးထွေးလည်း သွေးများ အတော် ထွက်သွားသော ကြောင့် အားနည်း‌နေ ချိန် ခြေထောက်မှ ဒဏ်ရာအား သွေးတိတ်စေရန် မောင်ဘိုးထင်တို့သည် သူတို့ ၏ အင်္ကျီများကို ပတ်ပေးထားသော ကြောင့်သူတို့၏ ကိုယ်မှာ အဝတ်အစားမပါတော့ချေ ၊ ပေတူးသည် ဖိုးထွေး အဖြစ်ကို မြင်သောအခါ ကြေကွဲနေရာ မှ ချက်ချင်း ပျောက်ကင်းကာ
“ကိုဖိုးထွေး ကိုဖိုးထွေး အဆင်ပြေလား ”
“ရပါတယ်ကွာ ငါမင်းအဘ နောက်တော့ လိုက်ရမယ် မထင်သေးပါဘူး ငါ့ကို ကယ်ချင်ရင် မိကျော့လေးကို တောင်း တောင်း”
“ကို ဖိုးထွေး ဟေ့ လူသတိထား လေဗျာ ”
“ငါဘာမှ မဖြစ်ပါဘူးကွာ မြန်မြန်သာ ရွာရောက်အောင်သွားကြပါတော့ကွာ သာရ ငါ့ကို ကုန်းပိုးကွာ နော် ”
“အေးပါကွာ မင်းက ဒဏ်ရာ နဲ့ ဆိုတော့ ပိုးရမှာပေါ့ ”
“ငါ့ ခြေထောက်က ပြန်ရော ကောင်းပါ့မလားကွာ ”
“ကောင်းပါတယ်ကွာ မကောင်းရင်လည်း ဖြတ်ရရုံ ထက်မပိုပါဘူးကွာ”
“မင်းတို့ အားပေး တာကလည်း ကြမ်းလိုက်တာကွာ အမလေး မိကျော့ မိကျော့‌”
“သူများတွေက အမေတ တယ် မင်းက မိကျော့ တတယ် မယားတရူး ကတော့ကွာ”
“မိကျော့ အတွက်နဲ့ အားတင်းပြီး အသက်ရှင်နေရတယ်ဆိုတာ မင်းတို့ မသိပါဘူးကွာ ”
ဤသို့ဖြင့် သာရသည် ဖိုးထွေးကို ကုန်းပိုးပြီး ရွာသို့ပြန်ကြလေသည် ။ကျန်သူများသည်က ဖိုးထွေးအား ဘေးမှ စကားတပြောပြော နှင့် စိတ်ပူပန်နေကြပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်ထောင်သည်က ဤမျှသာ မကြာမီ အောက်လမ်း ဘိုးထင် နှင့် နှလုံးသားကြီးသူများ ဟု အမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ပေးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း

Zawgyi Version

ေအာက္လမ္းဘိုးထင္ႏွင့္ဝိညာဥ္ေထာင္(စ/ဆံုး)
———————————
ေမာင္ဘိုးထင္တို႔သည္ ေၾကကြဲဝမ္းနည္းေနေသာ ေပတူးအား ႏြားေက်ာင္းရင္း ႏွစ္သိမ့္ေပးေန၏၊
“ေပတူး ေလာကမွာ လူဆိုတာ ေမြးၿပီးေသမယ္ဆိုတာ သဘာဝကြ”
“အဲ့တာဆို မင္းေသၾကည့္ပါလား”
“အဲ့လိုလည္း မဟုတ္ဘူးေလ မင္းသိပါတယ္ ငါေျပာတာက ေသျခင္းတရားဆိုတာ ဘယ္သူမွ ေရွာင္လႊဲလို႔ မရဘူးလို႔ ႐ြာဦးဘုန္းႀကီးက ေဟာတယ္ မဟုတ္လား ကိုယ့္ထက္ႀကီးသူ ကိုယ့္‌ေအာက္လူ ေသသူေတြလည္းမ်ားလွၿပီလို႔ ေလ အဲ့လကၤာ‌ေတြေတာင္ ငါတို႔ အလြတ္ရၿပီေလ‌ေနၿပီ‌ေလကြာ”
သာေအးသည္ ေပတူးအား တရားႏွင့္ေျဖဟု သေဘာရေသာ စကားမ်ားအား တည္ၿငိမ္စြာ ေျပာျပေနေလရာ က်န္ေသာ သူမ်ားပင္ အျမင္ကပ္လာသည့္ အထိျဖစ္ရသည္ ။ေပတူးအား တရားေဟာရသည္ မွာ ေမာလာဟန္ ရွိေသာ သာေအး သည္ သူတို႔ ႏြားေက်ာင္းေနေသာ ေနရာ ႏွင့္ မလွမ္းမကမ္းမွ ေရတြင္းသို႔ သြားေလသည္။ေရတြင္းတြင္ ေရငင္ပုံး မရွိ ဝါးစစ္ပိတ္ကိုသာ ႀကိဳးတတ္ၿပီး ေရငင္ပုံး သ႑န္ ျပဳလုပ္ထားျခင္းျဖစ္သည္။ သာေအးသည္ ထိုေရတြင္းနားသြားၿပီး ဝါးစစ္ပိတ္ေလး ႏွင့္ ေရေသာက္ေနသည္ကို ေပတူးၾကည့္ကာ
“အဲ့ဒီေကာင္ အေတာ္ကို လွ်ာရွည္တဲ့ေကာင္ ”
“ဟုတ္တယ္ စကားလည္း ေတာ္ေတာ္ မ်ားတာ ”
“ငါ့ အဘကို လြမ္းေနတာေတာင္ အဲ့ဒီေကာင္အသံႀကီး ၾကားရၿပီး လြမ္းလို႔ေတာင္ မရေတာ့ဘူး ”
ေမာင္ဘိုးထင္တို႔ သည္ သာေအးကို ၾကည့္ၿပီး အတင္းေျပာေနေလရာ သာေအး ေရေသာက္ ေနလ်က္မွ သီးသြားေသး၏၊ ထို႔ေနာက္ သာေအးသည္ ေမာင္ဘိုးထင္တို႔ ရွိရာ ေနရာသို႔ျပန္လာၿပီး
“ေဟ့ေကာင္ ေတြ မင္းတို႔ ငါကို ၾကည့္ၿပီး အတင္းေျပာ‌ေန တာ မဟုတ္လား”
“မဟုတ္ပါဘူးကြ ဘာျဖစ္လို႔လဲ ”
“ဘာျဖစ္ရမွာလဲ ငါ ေရမသီး စဖူး ေရသီးေနတယ္ မင္းတို႔ေတြ ငါ့အတင္းေျပာေနလို႔ေပါ့ ”
ေမာင္ဘိုးထင္တို႔သည္ မည္သည့္ စကားမွ ခြန္းတုန႔္ျပန္ျခင္းမရွိပဲ ၿငိမ္ေနလိုက္ၾကသည္။ထို႔ေနာက္ ေမာင္ဘိုးထင္သည္ သူ၏ အိပ္မက္အေၾကာင္းကို က်န္သူမ်ားအား ေျပာျပလိုက္၏။
“ကိုဖိုးေထြး က်ဳပ္ အိပ္မက္ထဲမယ္ ေပတူးအဘ ဝိညာဥ္ ကို ေအာက္လမ္းဆရာ တေယာက္က ေထာင္ခ်ထားတယ္လို႔ က်ဳပ္အေမ က ေျပာခဲ့တယ္ ”
“ဟုတ္ ေရာ ဟုတ္ရဲ႕လား ဘိုးထင္ရ ”
“အဲ့တာဆို ေပတူးအဘက ႐ုတ္တရက္ႀကီး ဘာလို႔ ေသၿပီး ဖုတ္ ဝင္ေနရတာလဲ ”
“အဲ့တာေတာ့ ဟုတ္တယ္ ကိုဖိုးေထြးရ က်ဳပ္အဘ ဘယ္လိုျဖစ္ၿပီး ႐ုတ္တရက္ ဆုံးသြားရတာလဲ ဆိုတာသိခ်င္တယ္ က်ဳပ္ကေတာ့ ဘ္ိုးထင္ေျပာ‌တာ ယုံတယ္ဗ်ာ ”
ေပတူးသည္ ေမာင္ဘိုးထင္ကို ေသခ်ာၾကည့္ကာ ယုံၾကည္ေၾကာင္းေျပာေနေလ၏၊ ထို႔ေနာက္ ဖိုးေထြး ႏွင့္ သာရတို႔ လည္း ေခါင္းကို ညိတ္လိုက္ကာ
“ဟုတ္ပါတယ္ ငါတို႔ ထက္ ဘိုးထင္က ဒီလိုကိစၥေတြမွာ ပိုၿပီး နားလည္ပါတယ္ မင္းဘယ္လို လုပ္ခ်င္သလဲသာ ေျပာ”
“က်ဳပ္ကေတာ့ ညပိုင္း ေပတူးတို႔ အကြက္ ထဲ သြားခ်င္တယ္ ဗ်ာ ဦးသန္းလႈိင္က ႏွမ္းထယ္ေရးထိုးၿပီး အခုလို ကိစၥေတြျဖစ္တာ‌ဆိုေတာ့ အဲ့ အကြက္ နဲ႔ ပတ္သတ္ေနေလာက္တယ္ ”
“မင္းသေဘာကြာ အဲ့တာ ဆို ငါတို႔ ညပိုင္းကို ေပတူးတို႔ အကြက္ ထဲ သြားၾကတာေပါ့ ”
ေမာင္ဘိုးထင္တို႔သည္ သူတို႔ျပဳလုပ္မည့္ အရာမ်ားကို တိုင္ပင္ၿပီးေနာက္ တေယာက္ ႏွင့္ တေယာက္ မည္သည့္စကား မွ မေျပာၾကပါပဲ အေတြးကိုယ္စီႏွင့္သာ ေတြး၍ေနၾကပါေလေတာ့သည္ ။
◾အခန္း (၂)
ေပပင္႐ြာ၏ ညေနအခ်ိန္အခါသည္က တျဖည္းျဖည္း ေရာက္ရွိလာၿပီျဖစ္သည္ ။ ကြၽဲေက်ာင္းသား၊ႏြားေက်ာင္းသားေလးမ်ား၏ ႏြားသြင္းခ်ိန္ မို႔ ႐ြာအဝင္တြင္ ကြၽဲ၊ႏြား မ်ား ၏ ‌တြန္သံမ်ား၊ေအာ္သံမ်ားႏွင့္ ကြၽဲေက်ာင္းသား ၊ႏြားေက်ာင္းသား ေလးမ်ား၏ တေယာက္ ႏွင့္ တေယာက္ စကားေျပာသံ၊ထို႔ေနာက္ ႐ြာအဝင္ တြင္ ရွိေသာ အိမ္မ်ားမွ မိဘမ်ား၏ သား၊သမီးမ်ားကို ဆူေငါက္သံတို႔သည္ ‌ထုံးစံ အတိုင္း ညံစီ လ်က္ရွိေပ၏၊
“ဟဲ့ ေကာင္မေလး ညည္းအဝတ္ေတြ ႐ုတ္ဦး ႏြား႐ိုင္းသြင္းခ်ိန္ေရာက္ၿပီ”
“ဟဲ့စိုးေမာင္ လမ္းဘက္ ထြက္ မေနနဲ႔ ဦးေက်ာ္စိန္ ကြၽဲအုပ္ နင္းမိလို႔ ေသေနဦးမယ္ ”
ဤသို႔ေသာ ဆူညံသံမ်ား ႏွင့္ ေပပင္႐ြာေလး၏ ညေနသည္ တျဖည္းျဖည္း မိုးခ်ဳပ္၍ သြားေလ၏၊ ထို႔ေနာက္ ‌မိုးခ်ဳပ္ခ်ိန္ ႐ြာအဝင္လမ္းတြင္ လူငယ္ေလး ငါးေယာက္ စု႐ုံးေနၾကသည္ သူတို႔သည္ လြယ္အိတ္မ်ားကို ကိုယ္စီ လြယ္ထားၾက‌သလို အႀကီးဆုံးျဖစ္ေသာ ဖိုးေထြး၏ လက္ထဲ တြင္ ႂကြက္ထိုးသည့္ မွိန္း တေခ်ာင္း ႏွင့္ ‌သာရ၏ လက္ထဲတြင္ ေရာင္ျပန္ စကၠဳေလးမ်ား ပါလာသည္။ ေမာင္ဘိုးထင္၏ လက္ထဲတြင္ေတာ့ မီးအိမ္ ပါလာသည္ ၊ ေပတူး သူသည္ ဖိုးေထြး ႏွင့္ သာရကို ေသခ်ာၾကည့္ကာ
“ကိုဖိုးေထြး နဲ႔ ကိုသာရ ခင္ဗ်ားတို႔ ၾကည့္ရတာ ႂကြက္လည္သြားမဲ့ လူေတြ နဲ႔ တူေနသလိုပဲ ”
“ဟုတ္တယ္ဟ ငါလည္းေျပာမလို႔ပဲ ကိုဖိုးေထြးတို႔က ႂကြက္လည္ သြားမွာၾကေနတာပဲ ”
ေပတူး၏ ေျပာစကားကို ေထာက္ခံစကားဆိုလိုက္သူမွာ သာေအးျဖစ္သည္။သာေအးသည္ ဖိုးေထြး၏ လက္ထဲ မွ မွိန္းကို ကိုင္လိုက္ကာ ဆက္ၿပီး စကားဆိုလိုက္ျပန္၏
“ခင္ဗ်ား မွိန္းကလည္း အေတာ္ကို တုန္းေနၿပီပဲ ႂကြက္ ဘယ္ ႏွစ္ေကာင္ ရဘူးလဲ”
“သာေအး အထင္ေသးရန္ေကာ ကြာ မွိန္းက တုံးမလားဟ ငါထိုးျပရမလား ”
“စတာ ပါဗ်ာ ထိုးခ်င္ရင္ ေအာက္လမ္းဆရာကို ထိုး ”
“ဘိုးထင္ကို လား”
“ဟ ဟုတ္မလားဗ်ာ အခုသြားရွာမဲ့ေအာက္လမ္း ဆရာကို ေျပာတာ ”
သာေအး ႏွင့္ ဖိုးေထြး ေျပာေနသည္ကို ၾကားေသာအခါ ေမာင္ဘိုးထင္သည္ ထိတ္ထိတ္ျပာျပာ ျဖစ္သြားၿပီး
“ေဟ့ ေဟ့လူေတြ ေအာက္လမ္းဆရာဆို ၿပီး မွိန္းနဲ႔ ထိုးဖို႔ စဥ္းစားမေနနဲ႔ ဦး ေတာ္ၾကာ ေထာင္က်ကုန္ဦးမယ္ ေအာက္လမ္းဆရာ လည္း လူပဲ ဗ်ာ ႐ိုက္ရင္ ကြဲတယ္ ဓားနဲ႔ ခုတ္ရင္ ျပတ္တယ္ မွိန္းနဲ႔ ထိုးရင္လည္း ေသမွာပဲ လုပ္ခ်င္ရင္ ဝိုင္းၿပီး ႐ိုက္ၾကတာေပါ့ အဲ့တာ ႀကီးနဲ႔ေတာ့ ထိုးဖို႔ စဥ္းစားမေနနဲ႔ ေအာက္လမ္းဆရာက တုတ္ၿပီး ဓားၿပီးတာ မဟုတ္ေလာက္ဘူး”
ေမာင္ဘိုးထင္ေသခ်ာ ရွင္းျပလိုက္ေသာ အခါမွ ဖိုးေထြးတို႔ နားလည္သြားကာ
“ေအးပါကြ မထိုးေတာ့ပါဘူး မင္းေျပာတဲ့ ေအာက္လမ္းဆရာေတြ႕ရင္ေတြ႕ မေတြ႕ ရင္ ႂကြက္လည္ ရေအာင္လို႔ပါ”
“ေအးေလကြာ ေတာထဲကို ဒီတိုင္းႀကီး လာရတာထက္စာရင္ တခုမလုပ္ တခုေပါ့ ”
ေမာင္ဘိုးထင္တို႔ သည္ အကြက္ေစ့လြန္းလွေသာ ဖိုးေထြးႏွင့္ သာရကို ခတၱေငးၾကည့္ ေနလိုက္ၿပီးေနာက္ ေပတူး၏ အကြက္ဆီသို႔ ေျခဦး လွည့္လိုက္ၾကပါေလေတာ့သည္။
◾အခန္း (၃)
ေမာင္ဘိုးထင္တို႔သည္ လေရာင္ မရွိေသာ္လည္း ၾကယ္ေရာင္ေလးမ်ား၏ ဝိုးတဝါးအလင္းေရာင္ေအာက္မွာ ေပတူးတို႔ ေတာင္ယာအကြက္ ထဲသို႔ သြားေနၾကသည္။ သူတို႔သည္ တေယာက္ကို တေယာက္ မည္သည့္စကားမွ မေျပာၾကေပ၊ အားလုံး၏ စိတ္ထဲတြင္ေတာ့ ေအာက္လမ္းဆရာဆိုေသာ လူကို စိတ္ကူးႏွင့္ ပုံေဖာ္ေနၾကသည္ ၊ တခ်ိဳ႕က ေအာက္လမ္းဆရာသည္ မုတ္ဆိတ္က်င္စြယ္ ကားကား ႏွင့္ ႐ုပ္ဆိုးဆိုးႀကီး ဟု စိတ္ကူးႏွင့္ ပုံေဖာ္ေနၾကသလို တခ်ိဳ႕ကေတာ့ သာမာန္ ႐ုပ္ဆိုးဆိုးသာျဖစ္မည္ ဟု ေတြးေနၾကေလသည္။ထိုသို႔ အေတြးကိုယ္စီ ႏွင့္ လမ္း ေလွ်ာက္လာရာ ေပတူးတို႔ ယာကြက္ထဲ ေရာက္လာၿပီ ျဖစ္သည္။ထို႔ေနာက္ ေပတူးသည္ ေရွ႕ဆုံးမွ ထြက္သြားၿပီး သူ၏ အေဖ နားေနၾက ႐ုံးပင္ နားကို သြားလိုက္ၿပီး ေမွာင္ရိပ္ထဲမွ ႐ုံးပင္ႀကီးကို ၾကည့္ၿပီး ေငးေနေလ၏ ။သူ၏ စိတ္ထဲတြင္ေတာ့ ဖခင္ ျဖစ္သူ ရွိစဥ္ကာလက သူငယ္ခ်င္းမ်ားႏွင့္ ဂ်င္ကစားခ်င္ေသာေၾကာင့္ ဂ်င္ ခုတ္ခိုင္းရာ ဖခင္ႀကီးသည္ ယခု ႐ုံးပင္မွ ႐ုံးသားကို ခုတ္လာကာ သူ႔အား ဂ်င္ ခုတ္ေပးေလသည္။ဂ်င္ခုတ္သည့္အခါတိုင္း ေပတူးသည္ သူ၏ ဖခင္ အနားတြင္ ထိုင္ကာ
“အဘ က်ဳပ္ကို ဂ်င္ သံ႐ိုက္ေပးဦး အဲ့တာမွ ဟိုေကာင္ေတြ ဂ်င္ဝိုင္းထဲ ဝင္လို႔ရမွာ ”
“ေအးပါ ေပတူးရာ ငါ ႐ြာအလယ္က လက္သမားလွေမာင္ဆီက သံ တေခ်ာင္းေတာင္းထားပါတယ္ကြ မင္းကလည္း အဲ့ဒီေကာင္ေတြ ဂ်င္ကို ခြဲလို႔ ရေအာင္ကို အဘ ေသခ်ာလုပ္ေပးမယ္ ”
“အဘကသာ သူတို႔ ဂ်င္ေတြကို ခြဲလို႔ရေအာင္လုပ္ေန အဘ ခုတ္ေပးတဲ့ ဂ်င္ပဲ ကြဲေနတာ ဗန္ထစ္ ႀကီးက အႀကီးႀကီးဆို‌ေတာ့ အၿမဲ ပဲ့ တယ္ အဘဂ်င္က လည္တာေတာ့ သူမ်ား ဂ်င္ေတြ ထက္ လည္တယ္ဗ်”
“တလုံးကြဲ ရင္ ေနာက္တလုံးခုတ္ေပးမွာေပါ့ကြာ သံေလးသာ ျပန္ယူထား အဘ တို႔ အကြက္ထဲ မွာ ႐ုံးပင္ တပင္လုံးရွိတယ္ကြ မင္းေကာင္ေတြ ငါတို႔ ႐ုံးပင္ ျပဳန္းေအာင္ေတာ့ မေပါက္ႏိုင္ပါဘူးကြာ ဟားးဟားး”
“အဘကေတာ့ လုပ္ၿပီ ဗ်ာ ”
ေပတူးသည္ သူတို႔ အကြက္ထဲမွ ႐ုံးပင္ႀကီးကို ၾကည့္ၿပီး သူ၏ အဘျဖစ္သူအား ေအာက္ေမ့ သတိရေနသည္။ထို႔ေနာက္ အေမွာင္ရိပ္ထဲတြင္ သူ၏ မ်က္လုံးမွ မ်က္ရည္ မ်ားက်ေနသည္ကို ေမာင္ဘိုးထင္တို႔ မျမင္ၾကေပ ၊ ထို႔ေနာက္ ေပတူးသည္ ေမာင္ဘိုးထင္တို႔အား စကားဆိုလာေလသည္။
“ဘိုးထင္ေရ ငါတို႔ အကြက္ ထဲေတာ့ ေရာက္ၿပီ ဘယ္လို လုပ္ရမွာလဲ ေျပာဦး”
“ေအး အဲ့တာ ခက္တာ အိပ္မက္ထဲက ငါ့အေမကလည္း မင္းအေဖ ရဲ႕ ဝိညာဥ္ကို ေအာက္လမ္း ဆရာႀကီးတေယာက္ ဖမ္းထားတယ္ လို႔ ပဲ ေျပာတာ ဘယ္လို ျပန္လြတ္ေအာင္ လုပ္ရမလဲဆိုတာေတာ့ မေျပာဘူးဟ”
“ေဟ့ေကာင္ မင္းက ဦးအုန္းကို မေမးခဲ့ဘူးလား ”
“ေအး မေမးခဲ့ ရဘူးကြ ”
“ေတာက္ ေကာင္းေရာကြာ ငါတို႔ က ဒီကို ညႀကီး မိုးခ်ဳပ္ လာၿပီး ဘာလုပ္ရမွာလဲ ”
ဖိုးေထြးသည္ ညီးညဴကာ ႐ုံးပင္နားတြင္ ရွိေသာ ထယ္ေရးျပင္တြင္ ထိုင္လိုက္ေလသည္။ ဖိုးေထြးထိုင္ေသာ အခါ က်န္ေသာသူမ်ားသည္လည္း အကုန္ထိုင္လိုက္ၾကၿပီး ဘိုးထင္ကို ၾကည့္ကာ တေယာက္ တေပါက္ စကားဆိုလာၾကသည္။
“ဆရာႀကီးဘိုးထင္ ငါတို႔ကို ေခၚၿပီး မဟုတ္တာ လုပ္မလို႔ ေတာ့ မဟုတ္ပါဘူးေနာ္ ”
“ေအးဟုတ္တယ္ ဘိုးထင္ၾကည့္ရတာ မ႐ိုးဘူး ”
“ဆရာႀကီးက လယ္ထြန္သြားႏြားေမ့ဆိုတဲ့ သူမ်ိဳးျဖစ္ေနၿပီ”
“ေအးကြာ တကယ္ေကာင့္ ငါတို႔ ဘယ္ဟာေတြ စလုပ္ရမလဲ လုပ္စရာ မရွိႂကြက္ ထိုးရေအာင္ကြာ ”
ဖိုးေထြး‌သည္ ထိုင္ေနရာမွ သူ၏ ေဘးတြင္ ထိုးစိုက္ထားေသာ မွိန္းကို ကိုင္ရင္းစကားဆိုေလရာ သာရမွ ေထာက္ခံစကားဆိုေလသည္ ။
“ေအးဟုတ္တယ္ ဖိုးေထြး ႂကြက္ ထိုးၾကရေအာင္ ေပတူးတို႔ ယာအစပ္မွာ ဦးေက်ာ္စိန္ လယ္ရွိတယ္ အဲ့မွာ ႂကြက္ေပၚတယ္ကြ”
ဖိုးေထြး ႏွင့္သာရသည္က ႂကြက္ထိုးဖို႔ရန္တြက္ အာသီသ ျပင္းျပေနေလသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ လည္း အားလုံး ႏွင့္ တေယာက္ ျဖစ္ေနေလ၍ ႂကြက္ထိုးဖို႔ အတြက္ သေဘာတူလိုက္ရပါေလေတာ့သည္ ။
◾အခန္း (၄)
မွိန္းကိုင္ထားေသာ ဖိုးေထြးသည္ မီးအိမ္ကိုင္ထားေသာ ဘိုးထင္ အနားတြင္ ရပ္ေနေလသည္။ မီးအိမ္၏ အလင္းေရာင္က ႐ိုးျပတ္ လယ္ထဲ ကို ေကာင္း၏စြာ ျမင္ေနရသည္။သာရသည္ ေရာင္ျပန္ စကၠဴမ်ားကို တုတ္ေခ်ာင္း တေခ်ာင္းတြင္ ခ်ည္ထားကာ ႂကြက္လမ္းကို အနည္းငယ္ ရွင္းလိုက္ၿပီး
“ေဟ့ေကာင္ ဘိုးထင္ မီးအိမ္ကို ေအာက္နည္း နည္း ႏွိမ့္ၿပီးျပ ဟ မျမင္ရဘူး ”
“ေအးပါ ဗ်ာ သိပ္လည္း မငုံ႔ရဲ ဘူးဗ် ကိုဖိုးေထြးရဲ႕ မွိန္းက ႂကြက္မထိုးမိပဲ က်ဳပ္ လည္ပင္း ထိုးမိမွာ လည္း ေၾကာက္ရေသးတယ္ ”
“ဟာကြာ မင္းကလည္း အဲ့ေလာက္လည္း လက္မကန္းေသးပါဘူးကြာ ”
“ေဟ့ေကာင္ေတြ တိတ္ မင္းေမႀကီးေတာ္ႂကြက္ႀကီးေတြက မင္းတို႔ အသံၿပဲႀကီးေတြ ေၾကာင့္ လာပါလိမ့္မယ္”
ေဘးတြင္ ရပ္ေနၿပီး ေလးဂြကို အသင့္ထုတ္ထားေသာ သာေအး ႏွင့္ ေပတူး အနက္ ေပတူး၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ သာရ ေပတူးအား စူးစိုက္ၾကည့္လိုက္ရာ
“က်ဳပ္က ကိုဖိုးေထြးကို ေျပာတာ မဟုတ္ဘူး ဟို ဟို ဘိုးထင္ကို ေျပာတာ ပါဗ်”
ေပတူး ထိုသို႔ ေျပာလိုက္မွ သာရ ႏွင့္ ဖိုးေထြး တို႔ ႂကြက္လမ္းကို ျပန္ၾကည့္လိုက္ၿပီး သာရမွ ေရာင္ျပန္ စကၠဴမ်ားကို လွည့္ ေလသည္ ။ ထိုအခါ စကၠဴအခ်င္းခ်င္း ပြတ္တိုက္သံက တိတ္ဆိတ္ေနေသာပတ္ဝန္းက်င္ကို ဖုံးလႊမ္းသြား၏။ အတန္ ၾကာေသာအခါ လယ္ႂကြက္ႀကီး တေကာင္သည္ အသံ လာရာဆီ သြားလိုက္ ရပ္လိုက္ ႏွင့္ စူးစမ္းၿပီး တျဖည္းျဖည္း လာေနသည္ကို ေမာင္ဘိုးထင္၏ မီးအိမ္ အလင္းေရာင္ေအာက္တြင္ အတိုင္းသာ ျမင္ေနရသည္ ။သာရ သည္က ေရာင္ျပန္စကၠဴအား လႈပ္လိုက္ ရပ္လိုက္ ႏွင့္ အသံ ျမည္ေနေစသည္ ။ ထို႔ေနာက္ ႂကြက္ႀကီးသည္ ဖိုးေထြး မွိန္းႏွင့္ ထိုးတန္ေကာင္းေနရာ တြင္ ရပ္ေနခ်ိန္ ဖိုးေထြးသည္ မွိန္းႏွင့္ လယ္ႂကြက္ႀကီးကို ခ်ိန္႐ြယ္ကာ ပစ္ လိုက္ေတာ့သည္ ၊ ထိုအခါ လယ္ႂကြက္ႀကီးသည္ မွိန္း သြား စူးဝင္သြားၿပီး တခြီးခြီး ႏွင့္ ေအာ္ျမည္ကာ ႐ုန္းကန္ ေနေပေသာ္လည္း မွိန္း ၏ အသြားမွ ႂကြက္ႀကီးသည္ လြတ္ေအာင္ မ႐ုန္းႏိုင္ေခ်၊ ထိုအေနထားတြင္ သာေအးသည္ ႂကြက္ႀကီး၏ ဦးေခါင္းေနရာအား ေလးဂြ ႏွင့္ ပစ္လိုက္ရာ တည့္မတ္စြာ ထိမွန္ သြားၿပီး ႂကြက္ႀကီးမွာ တျဖည္းျဖည္း ၿငိမ္၍သြား၏၊ ထိုျမင္ကြင္း ထိုအခ်င္းအရာကို ေသခ်ာစြာ ျမင္ေနရေသာ ေပတူးသည္ သူ၏ စိတ္ထဲ တြင္ အမ်ိဳး အမည္မသိေသာ စိတ္ခံစားခ်က္မ်ားေပၚလာကာ ႂကြက္ႀကီးေပၚ သနားက႐ုဏာစိတ္တို႔ ေပၚေပါက္လာ၏ ၊ ႂကြက္ႀကီးကို ၾကည့္ၿပီးသနားေနေသာ ေပတူး၏ မ်က္ႏွာ ကို တျခားသူမ်ား မျမင္ႏိုင္ပါ အေၾကာင္းသည္က ေမာင္ဘိုးထင္တို႔သည္ မီးအိမ္အား သူတို႔ လင္းေစလိုေသာ ေနရာကို သာ လင္းေစရန္ ဓာတ္မီးသ႑ာန္မ်ား ျဖစ္ေစရန္အလို႔ငွာ သံပုံးအလုံ ထဲတြင္ မီးအိမ္ ထည့္ထားၿပီး တေနရာတည္းကိုသာ အေပါက္ေဖာက္ၿပီး ထားေသာ ေၾကာင့္ ျဖစ္ေလသည္။
◾အခန္း (၅)
ဖိုးေထြး ႏွင့္ သာရ ဦးေဆာင္ၿပီး ႂကြက္ထိုးသည္မွာ ငါးေကာင္မွ် ရေနၿပီျဖစ္သည္။၊ သာေအးသည္ ႂကြက္မ်ားကို ေကာက္ၿပီး ေပတူး၏ လြယ္အိတ္ထဲသို႔ ထည့္ထားရာ မေသမရွင္ ႂကြက္မ်ား၏ ေသအံ့ဆဲဆဲ ကာလကို ေက်ာ္ျဖတ္ေနရ၍ လြန႔္လူးသည့္အခါ လြယ္အိတ္လြယ္ထားေသာ ေပတူးသည္ သူ၏ အသားႏွင့္ လြယ္အိတ္ ထိေနေသာေၾကာင့္ ေကာင္းစြာခံစားမိေန၍ ကိုယ္ခ်င္းစာစိတ္ သည္က တိုး တိုး ၍ လာရာ ႂကြက္ထိုးရန္ ျပင္ေနေသာ ဖိုးေထြးအား ေပတူးမွ စကားဆိုေလ၏
“ကိုဖိုးေထြး ေတာ္ေတာ့ပါဗ်ာ ႂကြက္ေတြလည္း အမ်ားႀကီး ရေနၿပီကို ”
“ေနပါဦး ေပတူးရ အခုမွ ငါးေကာင္တည္းရွိေသးတာကို တေယာက္ တေကာင္ စီပဲ ရေသးတယ္ ”
“က်ဳပ္မယူေတာ့ ဘူးဗ်ာ ကိုဖိုးေထြး က်ဳပ္အစား ယူလိုက္ေတာ့ဗ်ာ ျပန္ရေတာ့ေအာင္ ”
ဖိုးေထြး အပါအဝင္ အားလုံးေသာ သူမ်ားသည္ ေပတူး၏ စကားေၾကာင့္ နားမလည္ႏိုင္ ျဖစ္ေနသည္ ။ေလာဘႀကီးေသာ ေပတူးမွာ အဘယ္ေၾကာင့္ ေလာဘနည္း ရသနည္းဆို တာ သူတို႔စဥ္းစားေနပုံေပၚ၏ ။ထို႔ေနာက္ ဖိုးေထြးသည္ အေမွာင္ရိပ္ထဲ မွ ေပတူးကို ၾကည့္ကာ
“ဒီ တေကာင္တည္း ပါ ေပတူးရာ ေနာ္ ဒီတေကာင္ ရရင္ ျပန္မယ္ ကြာ ”
ဖိုးေထြး၏ စကားေၾကာင့္ေပတူး မျငင္းသာ ေတာ့ပဲ လက္ခံ လိုက္ေလသည္ ။
ေမာင္ဘိုးထင္ ျပေနေသာ မီးေရာင္ေအာက္တြင္ ႂကြက္ျဖဴႀကီးတေကာင္သည္ သာရ၏ ေရာင္ျပန္စကၠဴအသံအား စူးစမ္းသလိုၾကည့္ၿပီး ရပ္ေနသည္ ။ႂကြက္ႀကီးသည္ ျဖဴေဖြးေနၿပီး အေတာ္ကို အေကာင္ ႀကီးေသာ ႂကြက္ႀကီးျဖစ္ရာ အားလုံး အံ့ဩေနၾကသည္။ထိုစဥ္ ဖိုးေထြးသည္ သူ၏ မလွမ္းမကမ္း‌တြင္ ေရာက္ေနေသာ ႂကြက္ျဖဴႀကီး အားမွိန္း ႏွင့္ ထိုး လိုက္ရာ ႂကြက္ျဖဴႀကီးထံ တည့္မွန္စြာျဖင့္ စိုက္ဝင္သြားေလသည္ ။ထို႔ေနာက္ ႂကြက္ျဖဴႀကီး အံ့ဩစရာေကာင္းေလာက္ေအာင္ မွိန္းႀကီးစိုက္ေနရာမွ လယ္ကြင္း အလယ္ထဲ ထြက္ ေျပးသြားရာ မွိန္းႀကီးသည္ လည္း ႂကြက္ ႀကီးေနာက္ ပါသြားေလ၏ ၊ပုံမွန္ဆိုလွ်င္ ဖိုးေထြး၏ မွိန္းခ်က္ မိေသာ ႂကြက္မွာ မည္သို႔ မွ ေျပးႏိုင္မည္မဟုတ္ေပ ယခု တြင္ ေတာ့ ႂကြက္ ႀကီးမွာ ေျပးသြားရာ မွိန္းပါ ပါသြား၏ ၊ထို႔ေၾကာင့္ ေမာင္ဘိုးထင္တို႔သည္ လည္း ႂကြက္ႀကီးေနာက္ လိုက္ရေလေတာ့သည္ ။ ႂကြက္ႀကီးသည္ သူတို႔ ၏ မီး ေရာင္ ေအာက္တြင္သာ ေျပးေနရာ မွီခါနီးလိုက္ ေျပးလိုက္ႏွင့္ လယ္ကြက္ အေတာ္ေတာ္ မ်ားမ်ားကို ျဖတ္ေက်ာ္လာၿပီ ျဖစ္သည္။ထို႔ေနာက္ သူတို႔၏ ႐ြာသားမ်ား ပိုင္ဆိုင္ေသာ လယ္မ်ားဘက္ေရာက္သြားေလ၏ ၊ ထိုလယ္ကြင္းမ်ားဘက္ေရာက္ေသာအခါ မွိန္းတန္းလန္း ႏွင့္ ႂကြက္ႀကီးမွ ရပ္တန႔္သြားရာ ဖိုးေထြးသည္ သူ၏ မွိန္းအ႐ိုးအား ကို ကိုင္လိုက္ၿပီး သူ၏ မွိန္းအသြားတြင္ စိုက္ေနေသာ ႂကြက္ က္ျီးကို ၾကည့္ရင္း ေမာင္ဘိုးထင္အား မီးျပခိုင္း၍ ေမာင္ဘိုးထင္မွ မီးျပလိုက္သည္ ။မီးေရာင္ ေအာက္တြင္ေတာ့ သူတို႔ အေဝးႀကီးထိ လိုက္လာရေသာ ႂကြက္ႀကီး မွာ ရွိမေနေတာ့ေပ ။
“ဘိုးထင္ ႂကြက္ႀကီးကို ေသခ်ာထိတာပါ အခု ႂကြက္ႀကီးက ဘယ္ေရာက္သြားတာလဲဟ ”
“ထိ‌လို႔ မွိန္းတန္းလန္းႀကီး နဲ႔ ဒီထိ ေျပးလာတာကို ”
“ထူးေတာ့ ထူးဆန္းတယ္ ဟ ဒီလယ္ေတြက ငါ့အဘ ေျပာေျပာဘူးတဲ့ ဘယ္က မွန္းမသိတဲ့ လူႀကီး ပိုင္တဲ့ လယ္ေတြ မဟုတ္လား ”
“ဟုတ္တယ္ဟ ”
သူတို႔ ထူးထူးဆန္းဆန္းျဖစ္ ေနစဥ္ ႏြားေမာင္းသံမ်ားကို ၾကားရ၍ ေမာင္ဘိုးထင္တို႔ မီး အိမ္ကို မႈတ္ၿပီး ၿငိမ္ေနလိုက္ကာ အသံတိုးတိုး ႏွင့္ ဖိုးေထြးမွ စကားဆိုေလသည္ ။
“ေဟ့ေကာင္ေတြ ဒီ အခ်ိန္ႀကီး ဘယ္က ႏြားေတြ ေမာင္းေနတာလဲ ဒီ ဘက္မွာ ဘယ္သူမွ လည္း မေနပါဘူး ”
“ဟိုဘက္မွာ တို႔႐ြာသားေတြ မသြားတဲ့ လယ္ေစာင့္ တဲႀကီးရွိတယ္ေလ ဘယ္သူမွ‌လည္း မေနပါဘူး ”
သူတို႔ တိုးတိုး ေျပာ ရင္း လယ္ေစာင့္တဲႀကီး ဘက္သြားေသာအခါ တဲႀကီးသည္ မီးအေရာင္မ်ား ထိန္လင္းေန ၿပီး တဲႀကီး ေဘးတြင္ေတာ့ ႐ိုးျပတ္ လယ္မ်ားအား ထယ္ထိုးေနေသာ ထယ္ရွဥ္း ေလးရွဥ္းအား ေတြ႕လိုက္ရသည္ ။ ႏြားမ်ားႏွင့္ လူမ်ားသည္ ေပၚတလွည့္ ေပ်ာက္တလွည့္ ျဖစ္ေနသည္အား ႏြားထမ္းတပိုးတြင္ ခ်ိတ္ထားေသာ မီးအေရာင္ေၾကာင့္ ျမင္ေနရသည္ ။ထို ထူးဆန္းစြာ ထယ္ထိုးေနေသာ ထယ္ရွဥ္းမ်ားအား လယ္ကန္သင္းတြင္ ဝပ္ၿပီး ေျခာင္းၾကည့္ေနေသာ ေမာင္ဘိုးထင္တို႔ထဲ မွ ေပတူးသည္ ေမာင္ဖိုးေထြးအား လက္ကိုကုတ္ၿပီး
“ကို ကိုဖိုးေထြး ဟိုဟာ က်ဳပ္ အဘ မဟုတ္လား ”
“ဟာ ဟုတ္တယ္ဟ အဲ့တာ မင္းအဘ ကြ”
“သူတို႔ ႏွင့္ မလွမ္းမကမ္းတြင္ ထယ္ထိုးေနေသာ ထယ္တရွဥ္းမွာ ဦးေက်ာ္လႈိင္ ထယ္ထိုးေနျခင္းျဖစ္သည္။ဦးေက်ာ္လႈိင္ ႏွင့္ ႏြားတရွဥ္းသည္ ေပၚလိုက္ ေပ်ာက္လိုက္ႏွင့္ ထယ္ထိုးေနေလသည္ ။သူ၏ မ်က္ႏွာသည္က အေတာ္ကို ညႇိဳးငယ္ေနေလရာ ျမင္ရေသာ ေပတူးသည္ သူ၏ အဘကို ၾကည့္ကာ အေတာ္ကို စိတ္မေကာင္း ျဖစ္ၿပီး အတန္အသင့္ က်ယ္ေသာအသံ ႏွင့္ ေခၚလိုက္ေလသည္
“အဘ အဘ ဘာေတြ လုပ္ေနတာလဲ က်ဳပ္ေလ အဘသား ေပတူးပါ ”
ေပၚလိုက္ေပ်ာက္လိုက္ ျဖစ္ေနေသာ ဦးသန္းလႈိင္၏ ဝိညာဥ္သည္ ေပတူးေျပာေသာ စကားကို ၾကားသည္ထင္၏ ၊ထယ္ထိုးေနရာ မွ ရပ္လိုက္ၿပီး ဟိုၾကည့္ဒီၾကည့္လုပ္ေနရာ က်ယ္ေလာင္ေသာအသံ တခုက လယ္ေစာင့္တဲ ထံမွ ေပၚလာ၏၊
“ဟိုေကာင္ ထယ္မထိုး ပဲ ဘာေတြ လုပ္ေနတာလဲ ‌နာခ်င္လို႔ လား ”
ထိုအသံကို ၾကားေသ အခါ ဦးသန္းလႈိင္သည္ ဆက္ထယ္ထိုးေနေလ သည္ ။ ဦးသန္းလႈိင္ နည္းတူ တျခားထယ္ထိုးေနေသာ သူမ်ားသည္ လည္း မ်က္ႏွာတို႔ မသာယာေပ၊ ထိုအခ်င္းအရာကို ၾကည့္ၿပီး ေမာင္ဘိုးထင္ သေဘာေပါက္သြားၿပီျဖစ္၏ ၊ထို႔ေၾကာင့္ ေမာင္ဘိုးထင္သည္ အသံ ခပ္တိုးတိုး ျဖင့္
“ေဟ့လူေတြ ေပတူးအဘ ဝိညာဥ္ကို ႏုတ္ၿပီး ထယ္ထိုးခိုင္းေနတာ ေအာက္လမ္းဆရာျဖစ္မယ္ ”
“ဟုတ္တယ္ အရင္က ဒီလယ္ေတြကို ဘယ္သူမွ မလုပ္ ပဲ စပါး၊ပဲေတြ ႏွမ္းေတြ အခ်ိန္တန္ရင္ ေပါက္ေနတယ္ဆိုၿပီး ငါ့အဘ ေျပာဖူးတယ္ကြ လက္စသတ္ေတာ့ ေအာက္လမ္း ဆရာက ထယ္ထိုးေကာင္းတဲ့ လူေတြကို ဝိညာဥ္ေတြ ႏႈတ္ၿပီးခိုင္းေနတာကိုး ေဟာဟိုက ႏြားတရွဥ္းက လည္း ႐ြာထဲက ကိုတာတီးရဲ႕ ပိုးထိၿပီး ေသသြားတဲ့ ႏြားေတြဘဲမဟုတ္လားသာရ ”
“ဟုတ္တယ္ဟ ဒီေအာက္လမ္းဆရာက လူေတြကိုပါ မဟုတ္ဘူး ႏြားေတြကိုပါ ဒုကၡေပးတာကိုး ”
ဖိုးေထြးႏွင့္ သာရ စကားေျပာေနစဥ္ ဖိုးေထြး အနားမွ မွိန္းကို ေပတူး ေကာက္ကိုင္လိုက္ၿပီး အေမွာင္ထဲ မွ ေန၍ လယ္တဲ ဘက္ ခ်ဥ္းကပ္သြားရာ ဖိုးေထြးတို႔ အသံတိုးတိုးႏွင့္ တားေပလည္း တားမရေပ။
“ေပတူး ဘယ္သြားမလို႔ လဲ တိုင္ပင္ရဦးမယ္ေလ ကြာ ”
“ေပတူးမသြားနဲ႔ ဟ ”
အသံက်ယ္ က်ယ္ ႏွင့္ လည္းေျပာမရေသာေၾကာင့္ အသံ ခပ္တိုးတိုးႏွင့္ ေမာင္ဘိုးထင္တို႔သည္ ေပတူး၏ ေနာက္သို႔ လိုက္ သြားလိုက္ရပါ‌ေလေတာ့သည္ ။
◾အခန္း (၆)
ေပတူးသည္ မွိန္းကို ကိုင္ၿပီး လယ္ေစာင့္တဲအနားကို ကပ္၍ သြားေလသည္ ။လယ္ေစာင့္တဲ ထဲတြင္ေတာ့ အသက္ ၆၀ အ႐ြယ္လူႀကီးသည္ ေဆးေပါ့လိပ္ကို ခဲရင္း လယ္ေစာင့္တဲ ေပၚတြင္ ထိုင္ေနသည္ကို တဲၾကမ္းျပင္တြင္ ခ်ထားေသာ ထိုလူႀကီး၏ မီးအိမ္မွ အလင္းေရာင္ ေၾကာင့္ ေကာင္းစြာ ျမင္ေနရေလသည္ ။ထို႔ေနာက္ ေပတူးသည္ ေထြေထြ ထူးထူး စဥ္းစားမေနေတာ့ ပဲ အတန္နီးကပ္ေသာ ေနရာ မွ ေန၍ သူ၏ လက္ထဲ မွ မွိန္းျဖင့္ပစ္လိုက္ရာ လူႀကီးသည္ သူ၏ လည္မ်ိဳဆီသို႔ တည့္မတ္ စြာဝင္လာေသာ မွိန္းအား အသာအာ တိမ္းေရွာင္ရင္း ဖမ္းလိုက္ကာ
“ထယ္ထိုးေနတဲ့ ေကာင္ေတြ ရန္သူလာတယ္ ဝိုင္းၾကစမ္း ”
ေအာက္လမ္းဆရာႀကီး ၏ က်ယ္ေလာင္ေသာ စကားေၾကာင့္ ထယ္ထိုးေနေသာ ဝိညာဥ္မ်ားသည္ ေပတူးရွိသည့္ ေနရာသို႔ ဝိုင္းလိုက္ၾကေလသည္ ။ထိုအခါ ဝိညာဥ္မ်ား ၏ ႏြားထမ္းပိုး တြင္ခ်ိတ္ထားေသာ အလင္းေရာင္ေၾကာင့္ ေပတူးအား ေကာင္းစြာျမင္ေနရာ ဝိညာဥ္ ဦးသန္းလႈိင္သည္ သူ၏ သားျဖစ္ေနေသာ ေၾကာင္ ထယ္ေခါင္းကို လႊတ္ကာ ေပတူးႏွင့္ မလွမ္းကမ္း တြင္ ေပၚလိုက္ေပ်ာ္လိုက္ႏွင့္ ရပ္ေနၿပီး
“ေပတူး မင္းဘယ္လို ေရာက္လာတာ လဲ ”
“အဘကို ခ်ဳပ္ထားတယ္ဆိုၿပီး ဘိုးထင္ ေျပာလို႔ လာေခၚတာ “,
“ဟုတ္တယ္ အဘ လည္းမင္းတို႔ ဆီလာခ်င္ေနတာ အဘ ဘယ္မွ သြားလို႔မရဘူး ”
သားအဖ ႏွစ္ေယာက္ စကားေျပာေနစဥ္ လယ္တဲ ထဲမွ ေအာက္လမ္း ဆရာႀကီးသည္ တဲထဲ မွ ထြက္ ၿပီး ဝိညာဥ္မ်ားဝိုင္းထားေသာ ေပတူး ႏွင့္ ေပတူးအဘ နားကို ေရာက္လာကာ
“သားလိမၼာေလးေတြ နဲ႔ လာေတြ႕ေနတာကိုးကြ ဟိုေကာင္သန္းလႈိင္မင္းက နာခ်င္လို႔ ကိုယ့္ေနရာကို မေနတာလား ”
“မေနဘူး မင္းတို႔ ငါ့သားကို ထိဖို႔ မႀကိဳးစားနဲ႔”
ဦးသန္းလႈိင္သည္ ေအာက္လမ္းဆရာႀကီး ထံ ေျပးလာၿပီးတိုက္ခိုက္ေလသည္။သို႔ေသာ္ ေအာက္လမ္းဆရာႀကီးအား သူထိလို႔မရေပ။ထိုအခါ ေအာက္လမ္းဆရာႀကီးသည္ တခ်က္ၿပဳံးလိုက္ၿပီး
“ေအာ္ သန္းလႈိင္ မင္း ငါ့ကို ထိလို႔ရမယ္ မ်ား ထင္ေနတာလား မင္းထယ္ေခါင္းကို ထိကိုင္ႏိုင္တယ္ဆိုတာ ငါခြင့္ျပဳထားလို႔ပါကြ”
ေအာက္လမ္းဆရာႀကီး ေပတူးအဘ ႏွင့္ စကားေျပာေနစဥ္ ေမာင္ဘိုးထင္တို႔သည္ ေအာက္လမ္းဆရာႀကီး ၏ လယ္တဲ အတြင္းသို႔ ေရာက္ေနၿပီ ျဖစ္သည္ ။ ထို႔ေနာက္ တဲ အတြင္း အကဲ ခတ္ၾကည့္လိုက္ရာ အိုးႀကီး အိုးေသးမ်ားႏွင့္ ပြဲမ်ားတင္ထားသည္ကို ေတြ႕ရ၍ ထိုလူႀကီး၏ အစီအရင္သည္ ယခုလယ္တဲေလး မွာသာ ရွိမည္ဟု ေတြးကာ လယ္တဲအား မီးအိမ္ထဲမွ ေရနံ ဆီ မီးခြက္ကို ထုတ္ကာ ေမာင္ဘိုးထင္တို႔သည္ တဲအိမ္အား မီးတိုက္ လိုက္ၾကပါေလေတာ့သည္ ၊၊ ေမာင္ဘိုးထင္တို႔ မီးတိုက္ေနသည္ကို ျမင္ေသာအခါ ေအာက္လမ္း ဆရာႀကီးသည္ ထိတ္ထိတ္ျပာျပာ ျဖစ္သြားၿပီး
“ေဟ့ ေဟ့ ဘယ္‌က ေကာင္ေတြ လဲ ဟ ငါ့တဲ မီးရႈိ႕တာ ”
ေအာက္လမ္း ဆရာႀကီးသည္ ပါးစပ္မွလည္း ေျပာေျပာဆိုဆို လက္ထဲ မွ မွိန္းျဖင့္ အားကုန္ ပစ္လိုက္ရာ ေမာင္ဘိုးထင္၏ ရင္ဘက္သို႔ တည့္မတ္စြာ ဝင္လာသည္အား တဲကိုေလာင္ေနေသာ မီးေရာင္ေအာက္တြင္ ဖိုးေထြး ျမင္ေနရ၍ ေမာင္ဘိုးထင္အား ေျချဖင့္ ကန္ၿပီး တြန္းလိုက္ရာ ဖိုးေထြး၏ ေျခသလုံးထံ မွိန္းသည္ စိုက္ဝင္၍သြားၿပီး
“အား ေသပါၿပီဟ နာလိုက္တာ ကြာ ”
“ဖိုးေထြး မင္း ေျခေထာက္ကို မွိန္းစိုက္သြားၿပီ၊ နာလား ေဟ့ေကာင္ ”
“မင္းေမႀကီးေတာ္ နာတာေပါ့ဟ ”
“ေတာ္ေသးတာေပါ့ကြာ ရင္ ဘတ္ မမွန္လို႔ ”
“ေသာက္စကား မ်ားမေနနဲ႔ ဟိုမွာ မင္းအေမလင္ႀကီးက ေျပးလာေနၿပီ တခုခု လုပ္ဦးဟ ”
“ေအးေအး ငါ မွိန္း နဲ႔ ပစ္မယ္ကြာ ”
သာရသည္ ေျပာေျပာဆိုဆို ဖိုးေထြး ေျခေထာက္ မွ စိုက္ဝင္ေနေသာ မွိန္းကို ဆြဲထုတ္လိုက္၏
“ေခြးသား သာရ ငါ့ကို ေသေအာင္ သတ္ေနတာလားဟ အမေလးေသပါၿပီဗ်ာ ေနာက္ဆို ခြီးမွေတာင္ ႂကြက္မထိုးေတာ့ပါဘူးဗ် ”
ဖိုးေထြးသည္ နာက်င္စြာ ေအာ္ေနသည္ကို သာရ ဂ႐ုမစိုက္အား၊သူတို႔ အနားေျပးလာေသာ ေအာက္လမ္းဆရာႀကီး ထံ မွိန္း ပစ္လႊတ္လိုက္ရာ အေတာ္နီးကပ္ေနသည္မို႔ ေအာက္လမ္း ဆရာႀကီး ေရွာင္ခ်ိန္မရဘဲ ေပါင္အရင္းသို႔ စိုက္ဝင္သြားရာ နာက်င္စြာ ေအာ္ၿပီး လဲ က်သြားေလသည္ ထို႔ေနာက္ ေအာက္လမ္းဆရာႀကီးသည္ တျဖည္းျဖည္း ႏွင့္ လူပုံစံမွ ကြၽဲႀကီးတေကာင္ အျဖစ္ေျပာင္းကာ ေျခေထာက္တဖက္ ေထာ့နင္း ေထာ့နင္းႏွင့္ ေျခဦး တည့္ ရာ ေျပးသြားေလသည္ ။ မေျပး၍လည္း မျဖစ္ေပ အဘယ္ေၾကာင့္ ဆိုေသာ ေမာင္ဘိုးထင္တို႔ ရႈိ႕လိုက္ေသာ လယ္ေစာင့္ တဲ ထဲမွ အမဲ ေရာင္ အရိပ္မ်ားသည္ လြင့္ ပ်ံ႕ေနၿပီး ေတာက္ေခါက္သံ မ်ားႏွင့္ ႀကိမ္းေမာင္း သံမ်ားေၾကာင့္ ျဖစ္၏။
“ေတာက္ ငါတို႔ကို ခ်ဳပ္ထားတဲ့ ေအာက္လမ္းဆရာ နင့္အလွည့္ က်ၿပီ လြတ္ေအာင္ေျပးစမ္း ”
“ငါတို႔ကို ႏွစ္ေပါင္းမ်ားစြာ ခ်ဳပ္ၿပီး အႏိုင္က်င့္တဲ့ အလုပ္ ‌ေတြ ခိုင္းတဲ့ အေကာင္ ”
အရိပ္အမဲ မ်ားသည္ ကြၽဲ အျဖစ္ေျပာင္းၿပီး ေျပးသြားေသာ ေအာက္လမ္း ဆရာႀကီးေနာက္သို႔ လိုက္သြားေလသည္ ။ေပတူးအဘ သည္က သူ၏ သားအနားသို႔ သြားကာ
“ေပတူး သားအဘ လြတ္ၿပီ ထင္တယ္ ဒါပမဲ့အဘ ကို တခုခု က ဆြဲေနသလို ျဖစ္ေနတယ္ ”
“အဘ အဘ ဘယ္ကို သြားေနတာလဲ အဲ့ ဘက္က က်ဳပ္တို႔ ႐ြာ မဟုတ္ဘူးေလဗ်ာ ”
“အဘ သြားေနတာ မဟုတ္ဘူးကြ သူအလိုလို အဲ့ ဘက္ေရာက္ေနတာ အဘကို ဆြဲေနတာ ”
ေပတူးသည္ ေပၚလိုက္ေပ်ာက္လိုက္ ႏွင့္ အေနာက္သို႔ တျဖည္းျဖည္းေမ်ာ ေနေသာ သူ၏ အဘေနာက္သို႔လိုက္ကာ စကားမ်ားေျပာေနေလသည္ ။
“အဘ ရပ္ေတာ့ဗ်ာ က်ဳပ္တို႔ နဲ႔ ပဲ အတူတူေနပါ ”
“ေနခ်င္တာေပါ့ ငါ့သားရာ အဘ ကို မေမ့သြားပါနဲ႔ မင္းအေမကို ေျပာလိုက္ပါဦး အဘက အခုအခ်ိန္ ထိ မင္းအေမအေပၚကို သစၥာ တခါမွ မေဖာက္ခဲ့ပါဘူးလို႔ ”
“အေမက အဘကို ယုံပါတယ္ဗ်ာ ဝသီပါေနလို႔ ေလွ်ာက္ေျပာေနတာ ပါ ”
ေပတူး၏ အဘသည္ ေပၚလိုက္ေပ်ာက္လိုက္ႏွင့္ လယ္ကြင္းမ်ားအား ျဖတ္ ၿပီး တျဖည္းျဖည္း လ်င္ျမန္စြာ ေပ်ာက္ကြယ္သြားရာ ေနာက္မွာ ေျပးလိုက္ေနေသာ ေပတူးသည္ ကန္သင္းမ်ားအား ခလုတ္တိုက္ၿပီး အလဲလဲ အကြဲကြဲ ျဖစ္ေနေပမဲ့ လဲလိုက္ထေျပးလိုက္ ႏွင့္ သူ၏ ဖခင္ လုံးဝ ေပ်ာက္ကြယ္သြားေသာ ေနရာေရာက္မွ ႐ိုးျပတ္မ်ားထဲတြင္ ဒူးေထာက္ ထိုင္ခ်လိုက္ကာ သူ၏ အဘအား ေအာ္ေခၚ ေနေလသည္ ။မၾကာေသာအခ်ိန္တြင္ ဘိုးထင္တို႔သည္ ဖိုးေထြးကို တြဲကာ ေပတူးအနားေရာက္လာေလသည္။ဖိုးေထြးလည္း ေသြးမ်ား အေတာ္ ထြက္သြားေသာ ေၾကာင့္ အားနည္း‌ေန ခ်ိန္ ေျခေထာက္မွ ဒဏ္ရာအား ေသြးတိတ္ေစရန္ ေမာင္ဘိုးထင္တို႔သည္ သူတို႔ ၏ အက်ႌမ်ားကို ပတ္ေပးထားေသာ ေၾကာင့္သူတို႔၏ ကိုယ္မွာ အဝတ္အစားမပါေတာ့ေခ် ၊ ေပတူးသည္ ဖိုးေထြး အျဖစ္ကို ျမင္ေသာအခါ ေၾကကြဲေနရာ မွ ခ်က္ခ်င္း ေပ်ာက္ကင္းကာ
“ကိုဖိုးေထြး ကိုဖိုးေထြး အဆင္ေျပလား ”
“ရပါတယ္ကြာ ငါမင္းအဘ ေနာက္ေတာ့ လိုက္ရမယ္ မထင္ေသးပါဘူး ငါ့ကို ကယ္ခ်င္ရင္ မိေက်ာ့ေလးကို ေတာင္း ေတာင္း”
“ကို ဖိုးေထြး ေဟ့ လူသတိထား ေလဗ်ာ ”
“ငါဘာမွ မျဖစ္ပါဘူးကြာ ျမန္ျမန္သာ ႐ြာေရာက္ေအာင္သြားၾကပါေတာ့ကြာ သာရ ငါ့ကို ကုန္းပိုးကြာ ေနာ္ ”
“ေအးပါကြာ မင္းက ဒဏ္ရာ နဲ႔ ဆိုေတာ့ ပိုးရမွာေပါ့ ”
“ငါ့ ေျခေထာက္က ျပန္ေရာ ေကာင္းပါ့မလားကြာ ”
“ေကာင္းပါတယ္ကြာ မေကာင္းရင္လည္း ျဖတ္ရ႐ုံ ထက္မပိုပါဘူးကြာ”
“မင္းတို႔ အားေပး တာကလည္း ၾကမ္းလိုက္တာကြာ အမေလး မိေက်ာ့ မိေက်ာ့‌”
“သူမ်ားေတြက အေမတ တယ္ မင္းက မိေက်ာ့ တတယ္ မယားတ႐ူး ကေတာ့ကြာ”
“မိေက်ာ့ အတြက္နဲ႔ အားတင္းၿပီး အသက္ရွင္ေနရတယ္ဆိုတာ မင္းတို႔ မသိပါဘူးကြာ ”
ဤသို႔ျဖင့္ သာရသည္ ဖိုးေထြးကို ကုန္းပိုးၿပီး ႐ြာသို႔ျပန္ၾကေလသည္ ။က်န္သူမ်ားသည္က ဖိုးေထြးအား ေဘးမွ စကားတေျပာေျပာ ႏွင့္ စိတ္ပူပန္ေနၾကပါေလေတာ့သည္ ။
◾ေအာက္လမ္းဘိုးထင္ ႏွင့္ ဝိညာဥ္ေထာင္သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္း ဘိုးထင္ ႏွင့္ ႏွလုံးသားႀကီးသူမ်ား ဟု အမည္ရေသာ ဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
🙏🙏🙏အပန္းမႀကီးဘူးဆိုရင္ ကြၽန္ေတာ့္ရဲ႕ Page ေလးကို Follow ႏွိပ္ၿပီး အား‌‌ေပးသြားၾကပါဦး ၊ ကြၽန္ေတာ္တို႔စာေရးသူေတြအတြက္ ေနာက္ထပ္ေရးမဲ့ ဇတ္လမ္းေတြအတြက္ အားျဖစ္ရလို႔ပါ။🙏🙏🙏
📝ေမာင္တင္ဆန္း