Unicode Version
“အောက်လမ်းဘိုးထင် နှင့် လူသားစားရွာ”(စ/ဆုံး)
——————————————————————-
(၂၆)
◾အခန်း-၁
မောင်ဘိုးထင်တို့သည် သူတို့လှည်းထားခဲ့သည့် သဖန်းပိုးရွာအဝင်ရှိ မိတ္တဟု အမည်ရသော သူ၏ အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည် ၊ အိမ်ပြန်ရောက်ချိန်တွင်တော့ သာရ၏ နွားနှစ်ကောင်အား စားကျင်းတွင် ပြောင်းရွေပေးထားပြီး ရေ နှင့် အစာများကို ကျွေးမွေးပေးထား၏ ၊ လှည်းပေါ်တွင်လည်း ရွာမှ ဆန်များ ဆီများကို လှည်းပေါ်တင်ပေးထားသည် ၊ ထို့ောနက် လူကြီးတေယာက်သည် သူတို့အနားလာကာ
“ဧည့်သည်တွေ ဒီမှာ ဧည့်သည်တို့ရွာကနေ လိမ်သွားတဲ့ ငွေသား နှစ်ရာပါ ”
“ဟုတ်ကဲ့ ”
ဖိုးထွေးသည် သဖန်းပိုး ရွာသားကြီးပေးသော ငွေသားကိုယူလိုက်ပြီး။ လွယ်အိတ်ထဲ ထည့်လိုက်သည် ၊ ထို့နောက် နွားလှည်းကို ကောက်ပြီး သဖန်းပိုးရွာကို ချန်ရစ်ကာ လှည်းကို မောင်းထွက်လိုက်ကြတော့သည ်။
မောင်ဘိုးထင်တို့သည် နှစ်တင်းဝင် အိတ်ဖြစ် ဆန်ငါးအိတ် နှင့် ဆီ သုံးပုံးကို သယ်ဆောင်ကာ သဖန်းပိုးရွာမှ ထွက်ခဲ့ကြလေသည် ၊ သာရ၏ နွားနှစ်ကောင်သည် ပေပင်ရွာမှ အသန်မာဆုံး နှင့် အကောင်းဆုံး နွားစရားဝင်ဖြစ်၍ မောင်ဘိုးထင်တို့ လိုက်ပါစီးနင်းနေသော လှည်အား ကောင်းမွန်စွာ သယ်ပိုးနိုင်လေ၏ ၊ ဤသို့ဖြစ် သူတို့ ဝင်လာစဉ်က တွေ့ခဲ့ရသော သင်္ချိုင်းကိုကျော်ဖြတ်လာပြီ ဖြစ်သည် သင်္ချိုင်းကို ကျော်သောအခါ လှည်း အားနောက် ပြန်စီးနေသော ပေတူး နှင့် သာအေး တို့၏ အသံများက ပေါ်လာ၏
“ဟို ဟို မှာ ”
မောင်ဘိုးထင်သည် အထစ်ထစ် အငေါ့ငေါ့ နှင့် ကျန်ခဲ့သော သဖန်းပိုးရွာကို လက်ညှိုးထိုးပြနေသော ပေတူး နှင့် သာအေးကို ခေတ္တ ကြည့်လိုက်ကာ သူတို့ လက်ညှိုးညွှန်ပြရာ နေရာသို့ ကြည့်လိုက်မိသည် ၊ သဖန်းပိုး ရွာ၏ သင်္ချိုင်းးသည် မြူမှုန်များကြားမှာ ပျောက်ကွယ် နေပြီး သူတို့ လာခဲ့သော လမ်းလေးတွင်ေတာ့ အတောင် နှစ်ဆယ်လောက်ကို မြင့်မားသည် နတ်ရုပ်တူကြီးသာ ထီးထီးကြီး ရှိနေသော ကြောင့်ဖြစ်သည် ၊ မောင်ဘိုးထင်တို့အားလုံး အံဩနေကြကာ ထို နတ်ရုပ်ကြီးကို ငေးကြည့်နေမိသည် ၊ သူတို့ နောက်ပြန်လှည့်ကြည့်နေပေမဲ့ လှည်းလေးအား ဆွဲနေသော နွား နှစ်ကောင်သည်က မရပ်တန့် သွားမြဲ သွားနေရာ ချိုမြောင် များထဲသို့ လှည်းလေးဝင်သွားသောအခါ ထို နတ်ရုပ်ကြီးသည်လည်း သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ် လို့သွားပါလေတော့သည်။
◾အခန်း-၂
မောင်ဘိုးထင်တို့သည် လှည်းလေး နှင့် ပြန်လာရာ လမ်း ခုလပ် အရောက်တွင် နွားနှင့် လူတို့ ခေတ္တ နားရန် လှည်းကို အရိပ်ကောင်းသော အပင်ကြီး အောက်တွင် ရပ်လိုက်သည် ၊ သူတို့ ရပ်လိုက်သော အပင်ကြီးမှာ ဖြောက်ဆိပ် ပင်ကြီးဖြစ်ပြီး အနားတွင် ချိုမြောင်ေလးရှိ၍ စိမ့်စမ်းရေလေးများ စီးဆင်းနေလေသည် ၊ ထို့ေနာက် နွားများကို ဖြုတ်လို့ ဖိုးထွေး နှင့် သာရသည် နွားတယောက်စီ ဆွဲကာ စိမ့်စမ်းရေများကို တိုက်လိုက်ကြသည် ၊ ထို့နောက် သူတို့သည်လည်း ကိုယ်လက်သန့် စင် လိုက်ပြီး နွားများကို ရေချိုးပေးလိုက်ကြကာ မြက်ကောင်းကောင်း ရှိသော နေရာတွင် သာရမှ သူ၏ နွားနှစ်ကောင်အား လွှတ်ထားလိုက်လေသည် ၊ သာရသည် နွားများကို မလှန်ပဲ လွှတ်ကျောင်းနေသောကြောင့် ဖိုးထွးမှ သဘောမကျဟန် နှင့် စကားဆိုလိုက်သည်
“သာရ နွားတွေကို လွှတ်ကျောင်းလို့ ဖြစ်ပမလားဟ ”
“ငါနွားတွေက လိမ်မာပါတယ် ကွာ ဘာပြဿနာ မှ မရှိပါဘူး ”
“ပြီးရော ဟိုကောင်တွေဆီသွားပြီး ထမင်းချက်ဖို့ သွားပြောရဦးမယ် ဒီကောင်တွေက အခွင့်ရေးရရင် အိပ်ဖို့ပဲ ချောင်းနေကြတာ ”
“ထားလိုက်ပါကွာ ဒီကောင်တွေက ကလေးသာသာပဲ ရှိသေးတာ ငါတို့ပဲ အစစ အရာရာ လုပ်ပေးရမှာ ”
“ပြီးရော ဒီကောင်တွေကို ဟင်းစားတော့ ရှာ ခိုင်းရမယ် ”
“အဲ့တာမပူနဲ့ အဲ့ကောင်တွေက ဒါပဲ ချောင်းနေတာ ”
ဖိုးထွေး နှင့် သာရသည် နွားနှစ်ကောင်ကို ထားရစ်ခဲ့ကာ လှည်းသို့ ပြန်လာလိုက်သည် လှည်းနား ရောက်ချိန်တွင်တော့ သူတိူ့ မြင်လိုက်ရသည်က မောင်ဘိုးထင်တို့သုံးယောက်သည် လှည်းပေါ်ရှိ ဆန်အိတ်များပေါ်တွင် အိပ်ပျော်နေကြသည် ထိုအခါ ဖိုးထွေးသည် သာရအား မောင်ဘိုးထင်တို့ကို မျက်စာပြစ်ပြလိုက်ကာ
“ကဲ ငါပြောတာ ယုံပြီ မဟုတ်လား ဒီကောင်တွေက အိပ်ဖို့ချောင်းနေတာပါဆို ”
“ဒီကောင်တွေ ဒါတော့ လွန်သွားပြီး အသွားတုန်းက လည်းအိပ် အပြန်ကြတော့လည်းအိပ် နဲ့ လာကွားသွားနိုးရအောင် မထူးပါဘူး အဲ့ကောင်တွေကို ပဲ ထမင်းဟင်း ချက်ခိုင်းကွာ ငါတို့ နှစ်ေယာက်က နွားသွားကျောင်းမယ်ဆိုပြီး အိပ်ကြရအောင် ”
အချိုးပြောင်းသွားသော သာရအား ဖိုးထွေး သေချာကြည့်လိုက်မိသည် ခုဏကမှ ကလေးသာသာပဲ ရှိသေးတယ် ဟု သူပဲပြောပြီး ယခုတော့ ေမာင်ဘိုးထင်တို့၏ ရုပ်တွေကို မြင်သည် နှင့် အချိုးကပြောင်းသွားသည်ကို အံဩနေချင်းဖြစ်သည် ၊ ထို့ေနာက် သူတို့ နှစ်ေယာက်သည် မောင်ဘိုးထင်တို့ သုံးယောက်အား နိူးလိုက်ပြီး
“ဟေ့ကောင်တွေထ ငါတို့ နွားသွားကျောင်း မလို့ မင်းတို့ တွေ ထမင်း ဟင်းချက်ထား အကုန်ပြီးလို့ ထမင်းစားခါ နီးရင် ဟော ဟိုနားက ရုံးပင်နားကို လာခေါ် ”
“အေးပါဗျာ သွားသွား ”
မောင်ဘိုးထင်တို့သည် အိပ်ရာမှ နိုးလာပြီး ဖိုးထွေး နှင့် သာရ တို့ကို နွားသွားကျောင်းစေလိုက်သည် ၊ ထို့ေနာက် မောင်ဘိုးထင် နှင့် ပေတူးမှာ တောထဲဝင်ပြီး ဟင်းစားရှာမည်ဖြစ်ပြီး ၊ သာအေးသည် ထမင်းချက်ရမည်ဖြစ်သည် တာဝန်ကိုယ်စီလည်း ခွဲေပးပြီးပြီး ၊ဖြစ်၍ မောင်ဘိုးထင် နှင့် ပေတူးသည် လွယ်အိတ်ကို ကိုယ်စီ လွယ်၍ တောထဲသို့ ဝင်သွားပါလေတော့သည် ။
◾အခန်း-၃
မောင်ဘိုထင်း နှင့် ပေတူးသည် ငှက်နှစ်ကောင် နှင့် တခြား ဟင်းသီး ဟင်းရွက်များ ခူးပြီး ပြန်လာလေသည် ၊ ကင်မွန်းချဉ် ပင်ကို တွေ့ ရာ များစွာ ဝမ်းသာသွားပြီး ကင်မွန်းချဉ်ရွက်များပါ ခူးလာကြသည် ၊ ထို့ေနာက် လှည်းစခန်းချရာ နားသို့ ပြန်လာလိုက်ကြသည် ၊ သူတို့ ပြန်ရောက်သောအခါ သာအေးသည် ထမင်းအိုးချက်ပြီးပြီဖြစ်၏ ထို့နောက် တေယာက် တလက်ဖြစ် ဟင်း ချက်လိုက်ရာ ကင်မွန်းချဉ် ချဉ်ရည်ဟင်း နှင့် ငှက်ကြော်အား သူတို့ ယူလာသော ငရုတ်သီးခြောက်လေးများ နှင့် စပ်စပ် လေးချက်ထားကြသည် ၊ အလုပ်အားလုံးလည်း။ပြီးစီး ပြီမို့ မောင်ဘိုးထင် နှင့် ပေတူးသည် ဖိုးထွေး နှင့် သာရ ရှိသော ရုံးပင်နားသို့ သွားလိုက်ကြသည် ၊ ထို့ေနာက် ယုံးပင် ခြေတွင် အိပ်နေသော သာရ နှင့် ဖိုးထွေးအား နိုးလိုက်ကြသည်
“ကိုဖိုးထွေး ”
“ကိုသာရ ”
“ထတော့ ထမင်းစားလို့ရပြီ ဗျ ”
“အော် အေးအေး ”
“ဟေ့လူတွေ ခင်ဗျားတို့ နွားတွေကော ”
“ဟေ ဟုတ်ပ ငါ့နွားတွေ ဘယ်ရောက်သွားတာလဲဟ ”
ဖိုးထွေး နှင့် သာရသည် လူးလဲထကာ မောင်ဘိုးထင်တို့ပြောမှ ပြာပြာသလဲ နှင့် သူတို့ လွှတ်ထားသော နွားနှစ်ကောင်အားလိုက်ရှာလေသည် ၊ အတန်ကြာရှာသောလည်း နွား၏ အရိပ်အခြေသည်က မတွေ့ရပေ ၊ ထို့နောက် မောင်ဘိုးထင်သည် သာရ နှင့် ဖိုးထွေးအား ပြစ်တင် စကားဆိုလေသည်
“နွားေကျာင်းမယ် ပြောပြီး အိပ်နေတယ် အခုတော့ ကျုပ်တို့ ဘယ်လို လုပ်မလဲ ဗိုက်ကလည်း ဆာနေပြီ ”
“စိတ်လျှော့ပါ ဘိုးထင်ရာ ပျောက်တာက ငါ့နွားပါကွ ငါစိတ်ပူဖို့ လည်းထားပါဦး ”
“နွားမတွေ့ ရင် ပြဿနာက ကြီးတယ် ဗျ အဲ့တာေကြာင့် ပြောနေတာ ခင်ဗျား နွားမှန်းသိပါတယ် ”
“တွေ့ မှာပါကွာ မထူးတော့ဘူး ထမင်း အရင် စားရအောင် ဒူးတွေလည်း ခွေနေပြီ ”
“အေး ဟုတ်တယ် ဟေ့ကောင် ဘိူထင် နဲ့ ပေတူး ထမင်း အရင် သွားစားရ အောင်ကွာ ”
“ခင်ဗျားတို့ သဘောပဲ လာ သွားကြရအောင်”
ထို့နောက် မောင်ဘိုးထင်တို့သည် နွားပျောက်လို့ ရှာနေသည်ကို ခေတ္တရပ်ကာ လှည်းအနားသို့ ပြန်လိုက်ကြပါောတာ့သည် ။
လှည်းသို့ ရောက်သောအခါ ထမင်းကို အင်ဖက် များထဲသို့ ခူးခပ် ထည့်ထားသော သာအေးသည် မောင်ဘိုးထင်တို့အား ပြစ်တင် စကားဆီး၍ဆိုလေသည်
“တောက် ထမင်းစားဖို့ သွားခေါ်ပါဆို ဘာတွေကြောင့် အဲ့လောက်ကြာာနေတာ လဲ ”
“ဟကောင်ရ အပြစ်ပြောဖို့ပဲတွေး မနေနဲ့ နွားပျောက်နေလို့ရှာနေရေသးတာဟ ဒူးတွေလည်းချောင် နေပြီ ထမင်းစားမယ် ”
မျက်နှာ မသာမယာဖြစ်နေသော မောင်ဘိုးထင်တို့ အား သာအေးသည် နောက်ထပ် ပြစ်တင် စကားမဆိုတော့ပဲ ဟင်းအိုး ထမင်းအိုးများကို အလယ်တွင် ချပြီး အားရပါးရ ထမင်းစားလိုက်ကြပါောတာ့သည် ။
◾အခန်း-၄
မောင်ဘိုးထင်တို့ ထမင်းစားသောက်ပြီးသောအခါ ခဏ အနားယူနေလေသည် ၊ သာအေးသည် အိုးခွက် များကို ဆေးကာ သူနေရာ နှင့် သူပြန်ထားလိုက်ပြီးနောက် ငုတ်တုတ်ထိုင်နေသော မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ဟေ့လူတွေ နွားသွားဆွဲတော့လေ ခဏနေပြန်ကြရအောင် နောက်ကျနေဦးမယ် ”
အိုးခွကက်များကို ထည့်နေသော သားအေးအား ပေတူး နှင့် မောင်ဘိုးထင်မှ ခေါင်းထောင်ကြည့်လိုက်ကာ
“မင်းကသာနွားသွားဆွဲခိုင်းနေ နွားတွေကဖြစ် ဘယ်ရောက်နေလဲ မသိဘူး ထမင်းမစားခင်ကတည်းက ပျောက်နေတာ ”
“ဘာကွာ အဲ့အချိန်ကတည်းက တွေပြီ ထင်နေတာ အဲ့တာ ကိုေတာင် မင်းတို့က အေးအေးဆေးဆေး နေနိုင်သေးတယ် ခွီးတယ်မှပဲ ဟိုလူတွေက လည်းအသက်သာ ကြီးတာ ဘာမှ တွေးတောတာမဟုတ်ဘူး လိုက်ရှာကြ တော့ေလ ”
သာအေးသည် အိုးခွက်များသိမ်းနေရင်း ဒေါသ ထွက်ကာ ဆူပူနေသည် ၊ ကျန်သူများလည်း သူတို့အမှား နှင့် သူတို့ မို့ ငြိမ်နေကာ လွယ်အိတ်များကို လွယ်ပြီး နွားရှာပုံတော် ထပ်ဖွင့် လိုက်ရတော့သည်၊
မောင်ဘိုးထင် နှင့် ပေတူးသည် နွားအော်သံများပြုလုပ်ပြီး နွားရှာနေလေရာ ဖိုးထွေးနှင့် သာရသည် သူတို့အား မျက်လုံးဆွေကြည့်ကာ
“ဟေ့ကောင် ပျောက်နေတာ နွားမ မဟုတ်ဘူးဟ နွားသိုးတွေ ကွ”
“အော်ရင် လာရင် လာမှာပေါ့ဗျာ ပေးတူးအော်တာ နွားမ အသံပေါ်တယ်ဗျ”
ပေးတူးသည် မောင်ဘိုးထင်၏ စကားကြောင့် မကျေမနပ်ကြည့်ကာ
“မင်းမေကြီးတော် နွားမ သံလား ”
“မင်းကလည်း တူလို့ တူတယ်ပြောတာ ကဲ ကဲ လိုက်ရှာကွာ ”
ထို့နောက်မောင်ဘိုးထင်တို့သည် နွားများကို လိုက်ရှာရာ နေတောင် တော်တော် စောင်းသွားပြီဖြစ်သည် ၊ သို့ပေမဲ့ နွား နှစ်ကောင်၏ အရိပ်အယောင်ကို မျှ မတွေ့ရပေ ၊ ထို့နောက် အောက်ပေါင်းများရှင်းနေပြီး ကျွန်းပင် နှင့် သစ်ရာပင်များ ရှင်းလင်းစွာပေါက်နေသော တောင်ကုန်းလေးအနားရောက်လာသည် ၊ သူတို့တွေ တောင်ကုန်းလေးပေါ်တက်ပြီး နွားအား လိုက်ရှာနေစဉ် သူတို့၏ အနောက်မှနေ၍ အသံတသံထွက်လာရာ အေနာက်သို့ ပြန်ပြီးလှည့်ကြည့်လိုက်ကြသည်
“ကောင်လေးတွေ ဟေ့ကောင်လေးတွေ ”
“ကျုပ်တို့ကို ခေါ်နေတာလား ”
“ဟုတ်တယ်လေ မင်းတို့ကို ခေါ်နေတာ ”
“ဘာဖြစ်လို့ခေါ်တာလဲ ခင်ဗျားက ဘယ်သူလဲ ”
“မင်းတို့နွားေပျာက်နေတာ မဟုတ်လား ငါ မင်းတို့နွားကို တွေ့ထားတယ် ”
အရပ်မှာ မောင်ဘိုးထင် တို့ေလာက်သာ ရှိပြီး အသက်ကြီးရင်နေသော ပုံစံရှိပြီး ခါးကုန်းကုန်း နှင့် လူအားတွေ့လိုက်၍ စကားပြောနေချင်းဖြစ်သည် ။
ထို့နောက် မောင်ဘိုးထင်သည် ဖိုးထွေး နှင့် သာရအနားသွားကာ အသံတိုးတိုး ဖြစ်
“ကိုဖိုးထွေး သဖန်းပိုး ရွာသူကြီးပြောတဲ့ လူသားစားတဲ့ လူတွေလား မသိဘူးနော် ”
“ဟ ဘိုးထင် ဒီလောက် ခွေးပစ်တဲ့ တုတ်လောက်လေးက လူသားစားတဲ့ သူဖြစ်မလားဟ မင်းကလည်း ဒီးဦးနှောက်လေးနဲ့ စဥ်းစားစမး်ပါ ”
“ဟုတ်ပ ဘိုးထင်ရာ မင်းကလည်း အဲ့လူ ရုပ်လေးကြည့်စမ်းပါဦး ချစ်စရာလေး မင်းတို့ အရပ်လောက်လေးရှိတာ တချက်ထိုး မက နှစ်ချက်ထိုးမရှိပါကွာ ငါတို့ကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာ လဲ ”
“အဲ့တာဆိုလည်း ပြီးရောဗျာ ခင်ဗျားတို့ သဘော ”
ထို့ေနာက် သာရသည် လူပု ခါးကုန်းလေးအား သေချာကြည့်ကာ
“အေးအေး ညီလေး နွားတွေ တွေ့ထားရင်လည်း လိုက်ပြကွာ ”
“ငါ့အသက်က ၆၀ ရှိပြီကွ လာလိုက်ခဲ့ ”
လူပု ခါးကုန်းကြီးသည် မောင်ဘိုးထင်တို့ကို ကျောခိုင်းကာ ထွက်သွားရာ ေမာင်ဘိုးထင်တို့လည်း လိုက်သွားလိုက်ကြသည် ထို့နောက် ချုံများနွယ်များကို တိုးဝင်သွားသော လုပုခါးကုန်းလေး နောက်သို့ မောင်ဘိုးထင်တို့ ခက်ခဲစွာ လိုက်ခဲ့ပြီးနောက် ၊ လှည်းလမ်း တလမး်ပေါ်သို့ရောက်ရှိလာသည် ၊ လူပု ခါးကုန်းလေးသည် မောင်ဘိုးထင်တို့ကို ရပ်၍ စောင့်နေပြီး လက်ယက်ခေါ်ကာ ပါးစပ်မှလည်း
“ကောင်လေးတွေ မြန်မြန်လာ အချိန်ကလည်းသိပ်မရှိတော့ ဘူးမင်းတို့ ဒီညတော့ ငါ့အိမ်မှာ အိပ်ရမယ်ထင်တယ် ”
“အဆင်ပြေသလိုတော့ လုပ်ရမှာပဲ ကျုပ်တို့ မှာ လှညး်ပါေသးတယ် လှည်းမှာ လူတေယာက် စောင့်ခိုင်းထားခဲ့တာ အဲ့ဒါ သူ့တေယာက် ထဲတော့ ထားခဲ့လို့အဆင်မပြေဘူး”
“မင်းတို့လှည်းထား ထားတဲ့နေရာကို ငါသိပါတယ် နွားတွေဆွဲပြီး လှည်းပြန်ကောက်ရအောင် ငါတဲမှာ နားကြပါ ညကြီး မင်းကြီး ခရီးမသွားစေချင်ဘူး”
မောင်ဘိူထင်တို့ သည် လူပု ခါးကုန်းလေးအား သေချာကြည့်လိုက်သည် ၊ လူပု ခါးကုန်းလေးသည် ဆိုးသွမး်သည့် ပုံတော့ မပေါ်ချေ ထို့အတွက် မောင်ဘိုးထင်တို့သည် စိတ်ချ လက်ချ လိုက်သွားတော့သည်၊ တနာရီမျှ နောက်ထပ် လမ်း လျှောက် လိုက်ရချိန်တွင်ေတာ့ သစ်တုံးများကို ခြံစည်းရိုးခက်ထားသော အိမ်လေးကို တွေ့လိုက်ရသည် အိမ်ထဲတွင်တော့ သာရ၏ နွား နှစ်ကောင်အား ခြံစည်းရိုး။ငုတ်တိုင်တွင် ချည်ထား၏ ထို့နောက် လူပုခါးကုန်းလေးသည် နွား နှစ်ကောင်ကို လက်ညှိုးထိုးပြကာ
“ကောင်လေးတို့ အဲ့တာ မင်းတို့ နွားလား”
“ဟုတ်တယ်ဗျ ”
“အဲ့ဒါဆို မင်းတို့ထဲက တယောက် နွားတွေ ဆွဲပြီး ငါ နဲ့ လိုက်ခဲ့ ကျန်တဲ့ သူတွေကို ငါ့ေမြးမလေး ဧည့်ခံထားလိမ့်မယ် ဟေ့ ဝင်္က လာခဲ့ဦး ဒီမှာ ဧည့်သည်တေွကို ဧည့်ခံထားလိုက်စမ်းပါ ”
လူပု ခါးကုန်းလေးသည် သစ်လုံးများကို ကာရံထားသည် သစ်လုံးအိမ်လေးထဲကို အော်ခေါ်လိုက်ရာ အသံဆုံးသည် နှင့် သစ်လုံးအိမ်လေးထဲ မှ ကောင်မလေး တယောက် ထွက်လာလေသည် ၊ ထိုကောင်မလေးသည်လည်း ဆံထုံးကို ထုံးထားပြီး ပုသေးသေး လေး နှင့် ခါးကုန်းကုန်းလေးပဲဖြစ်သည် ၊ ဝင်္ကဟု အမည်ရသော လူပု ခါးကုန်းကောင်မလေးသည် မောင်ဘိုးထင်တို့ကို ရယ်ပြပြီး သူ၏ အဖိုးဖြစ်သော လူပုခါးကုန်းအား စကားဆိုလေသည်
“အဘိုး ခုတ္တက ဘာဖြစ်လို့လဲ ”
“အဘိုး ဒီက ကောင်လေး နဲ့ သူတို့ ရဲ့ လှည်းကို သွားယူလိုက်ဦးမယ် မြေးမလေးက ကျန်တဲ့ ကောင်လေးတွေကို ဂရုစိုက်လိုက်ပါကွယ် ”
“စိတ်ချပါ အဘိုးရယ် မြေးက ဧည့်သည်တွေကို ကောင်းကောင်း မွန်မွန် ဂရုစိုက်ထားပါမယ် ”
ခုတ္ကကလည်း သူ၏ မြေး မဝင်္က အားသေချာ မှာကြားပြီး သာရနှင့် အတူ နွားနှစ်ကောင် ကိုဆွဲလို့ ထွက်သွားပါလေသည်၊ ထို့နောက် မောင်ဘိုးထင်တို့ကိုလည်း မဝင်္ကလေးသည် သစ်လုံးအိမ်လေးပေါ်သို့ ခေါ်ဆောင်ပြီး ရေနွေးကြမ်းများ နှင့် ဧည့်ခံနေသည်၊ ရေနွေးကြမ်း ပန်းကန်လုံးလေးသည် အတော်ကို သေးရာ ဖိုးထွေးသည် လက်ညှိုး နှင့် လက်မ လေးဖြစ် ကိုင်ပြီး သောက်လိုက်ကာ မဝင်္ကကို ကြည့်ကာ စကားဆိုလေသည်
“အမလား ညီမ လားတော့ မသိဘူး ”
“ကျမက အသက် နှစ်ဆယ့်ငါးပါ ”
“ဗျာ အဲ့လောက်တောင်ရှိပြီလား သေးသေးလေးနော် ”
ဖိုးထွေးမှ ထိုသို့ပြောလိုက်မိသေသာ အခါ မောင်ဘိုးထင်သည် ဖိုးထွေး၏ ခါးကို တံတောင် နှင့် တို့လိုက်ပြီး အသံခပ် အုပ်အုပ် နှင့်
“ခင်ဗျားကလည်း သူများရဲ့ ဖြစ်တည် မှုကို ကဲ့ ရဲ့နေပြန်ပြီဗျာ တိတ်တိတ်နေ အသက်သာ ကြီးတာ ဒါက ကြီးမလာဘူး”
မောင်ဘိုးထင် ၏စကားကြောင့် ဖိုးထွေးသည် အောင့်သက်သက် ဖြစ်နေသည် ပုံစံ နှင့် မည်သည့်စကားမှ မဖြစ်တော့ပေ ထိုအခါ မဝင်္ကသည် သူမကြောင့် စကားများေနသည်ကို သတိထားမိဟန်ဖြစ်
“ရပါတယ် ဘာမှ မဖြစ်ပါဘူး ဧည့်သည်တို့ရယ် ကျမတို့ ရဲ့ ဖြစ်တာ်မှုက ဒီလိုဆိုတာ လက်ခံထားပါတယ် ”
“ဒါနဲ့ ခုဏက အမရဲ့ အဖိုးးက အမထက် အရပ်ပိုရှည်တယ်နော် ”
“သူက ကျမတို့ရွာမှာ အရှည်စားရင်ဝင်လေ ရွာသားတွေက ကျမ အဖိုးကို ကလန်ကလား ခုတ္တက လို့ခေါ်ကြတယ် တခြား ခုတ္တက တွေလညး် ရွာထဲမှာ ရှိသေးတာကို ”
“ရွာက ရှိသေးတာလား ဘယ်မှာ လဲဗျ ”
“ဒီကနေ တနာရီ လောက်သွားရင် ရွာရောက်ပါတယ် ”
“ရွာထဲက လူတွေက အကုန်လံုး ခါးကုန်းကုန်းတွေ ကြည့်ပဲလား ”
“ဟုဝ်တယ်လေ ဘာဖြစ်လို့လဲ ဧည့်သည်တို့ ”
“ဘာ ဘာမှမဖြစ်ပါဘူး”
မောင်ဘိုးထင်တို့ အနည်းငယ် လန့်စ ပြုလာပြီ ဖြစ်သည် ၊ သို့ပေမဲ့ မျက်နှာကို လိုတာထက် ပိုမပျက်အောင်တော့ သတိထားနေရသည် ၊
“ဧည်သည့်တွေကြည့်ရတာ ကျမတို့ကို တမျိုးထင်နေပြီထင်တယ် ဘဝပေးကုသိုလ်အရ ကျမတို့က ဒီလို လူစဉ်မမှီတဲ့ ကိုယ်ခန္ဓာလေးတွေ ပိုင်ဆိုင်ရတာ ကျမတို့အတွက်လည်း ခက်ခဲပါတယ်။ အေးစေးစေး နားကြပါ ကျမ အိမ်အောက်မှာ ထင်းတွေ သွားဖြတ်လိုက်ဦးမယ် ”
မဝင်္ကလေးသည် အိမ်ပေါ်မှ မျက်နှာ မကောင်းစွာ ဆင်းသွားရာ၊ မောင်ဘိုးထင်တို့လည်း စိတ်မကောင်းဖြစ်မိသွားသည် ထို့နောက် ဖိုးထွေးသည် မက်တတ်ထရပ်လိုက်ပြီး အိမ်လေးပေါ် မှ ဆင်းလိုက်သည် အိမ်ဝင်ပေါက်လေးသည် ဖိုးထွေး၏ နားရွက် မျှသာ ရှိရာ ခေါင်း ငုံပြီး ဆင်းလိုက်ရ၏ ၊ဖိုးထွေးအိမ်းလေးပေါ်မှ ဆင်းလိုက်သည် နှင့် မောင်ဘိုးထင် နှင့် ပေတူးသည်လည်း အိမ်လေးပေါ်မှ လိုက်ပါဆင်းလိုက်ပြီး အရွယ်နှင့် မမျှသော ဓားကို မက ခက်ခက်ခဲခဲ ထင်းဖြတ်မေေနသည့် မဝင်္ကလေးအား ၊ သနားကြင်နာ စိတ် ရှိသော မောင်ဘိူထင်တို့သည် သူမ ထင်းဖြတ်နေသည့်အနားသွားကာ
“အမ ကျုပ်တို့ ကူဖြတ်ပေးပါရစေ ဒီထင်းတွေက်ု ဘယ်နားထားမှာ လဲ ”
“မဟုတ်တာ ဧည့်သည်တွေရယ် အေးအေးဆေးဆေး နေပါ ကျမက လုပ်နေကြပါ ဘာမှ မခဲယဉ်းပါဘူး ဗျာ ”
ဖိုးထွေးသည် မဝင်္က လက်ထဲမှ ဓားကို ယူကာ သူဖြတ်ထားသည် ထင်းချောင်းလေး၏ အတို အတိုင်း ဖြတ်ပေးလိုက်သည် ၊ မောင်ဘိုးထင် နှင့် ပေးတူးသည်လည်း ထို ထင်လေးများကို သယ် ကာ
“အမ ထားရမဲ့ နေရာကို ပြပါ ကျုပ်တို့ သယ်ပေးပါရစေ ”
“အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ ဧည့်သည်လေးတို့ ရယ် ”
“ရပါတယ် အမရယ် ”
ထိုနောက် မဝင်္ကလေးသည် သူ၏ ပုသေးသေး ခါးကုန်းကုန်း လေးနှင့် ရှေ့မှ လမ်းလျှောက်ပြီး ထင်းများထားရမည် အိမ်အောက်ထဲ သို့ ပြလိုက်သည် မောင်ဘိူးထင်တို့သည်လည်း ထင်းများကို သယ်ပြီး မဝင်္ကပြသော နေရာတွင် ထင်းများကို စီပြီး ေနာက်တခေါက် သွားသယ်နေသည်။ ထင်းပြန်သယ်သွားသည့် မောင်ဘိုးထင် နှင့် ပေတူ၏ ကျောပြင်ကို ကြည့်ကာ မဝင်္ကသည် သက်ပြင်းကို မသိမသာ ချလိုက်ပြီး စိတ်မကောင်း သည်ဟန်က ပေါ်လို့လာပါလေတော့သည် ။
◾အခန်း-၅
ညနေ နေတော်တော် စောင်းသည့်အချိန် တွင် ခုတ္တက၏ သစ်လုံးအိမ်လေးဆီသို့ ပေါင်းမိုးလှည်းလေးတစီးဆိုက်ရောက်လာ၏၊ ထိုပေါင်းမိုးလှည်းေလးကို မောင်လာသူမှာ သာရ ဖြစ်ပြီး လှည် နောက်ရှိ တင်ထားသော ဆန်အိတ် များပေါ်တွင် တော့ ခုတ္တက နှင့် သာအေး ပြုံးရယ်ပြီး စကားပြောနေသည် ၊ ခုတ္တကသည် သာအေးအား အတော်သဘောကျနေ၏ ၊ သာအေးကိုတင်မဟုတ်ပါ သာရကိုလည်းခင်မင်နေသည်၊ သူသဘောကျရသည် အကြောင်းကလည်း ရှိသေး၏ သာရ နှင့် သူ လှည်းရှိရသိူ့ နွားနှစ်ကောင်ကို ဆွဲပြီး လှည်လာကောက်ကြသည် လှည်းကောက်ပြီး သောအခါ သူနှင့် သာအေးသည် လှည်နောက်မှ ဆန်အိတ်များပေါ်တက်ထိုင်ရသည် ၊ ဆန်အိတ်များနှင့် ဆီပုံး တချို့ ကို မြင်သော အခါ ခုတ္တကသည် လှည်းမောင်းနေေသာသာရအား စကားဆိုပြီး မေးမြန်လိုက်၏
“ကောင်လေး ဒါဆန်အိတ်တွေ လား် ”
“ဟုတ်တယ် ဗျ ”
ခုတ္တကသည် ထိုမျှသောစကားကိုသာဆိုပြီး ဆန်အိတ်များကို လက်နှင့် ပုတ်နေလေသည်၊ ထိုအခါ သူဘေးတွင် ရှိနေသော သာအေးမှ သူ့အားကြည့်ကာ
“လိုချင်လို့လား လိုချင်ရင် ယူလိုက်ဗျာ ပြီးမှာ ကျုပ် ငွေပြန်စိုက်ပေးလိုက်မယ် ”
ခုတ္တကသည ် သာအေး၏ စကားကိုကြားသောအခါ သာအေးအား မယုံကြည်နိုင်ဟန်ကြည့်နေပြီး စကားဆိုလိုက်သည်
“ကောင်လေး မင်းက ဘာလို့ငါ့ကို ဆန်တွေ ချက်ချင်းပေးနေတာလဲကွ ”
“ကျုပ် ခင်ဗျားကို ဘယ်လို ခေါ်ရမှန်းမသိဘူးဗျာ”
“ငါနာမည် ခုတ္တက ကွ ဦး ခုတ္တကလို့ ခေါ်ပေါ့ကွာ ”
“အင်း ကျုပ်က ဦးခုတ္တကမှ မဟုတ်ဘူး အဆင်မပြေဘူးလို့ ထင်တဲ့ သူတိုင်းကို ပေးချင်ကမ်းချင်တာ ဗျာ ”
“အဲ့တာဆို မင်းက ငါ့ကို အဆင်မပြေဘူးလို့ ထင်နေတာပေါ့ ”
“အေးပေါါ့ဗျာ ဦး ခုတ္တကက အရပ်ကလည်း ပုသေး ပြီးတော့ အလုပ်တွေ မတရားလုပ်ရလို့ ခါးကုန်းနေတာ မဟုတ်ဘူးလား ”
“ဟားးဟားး မဟုတ်ပါဘူးကွာ ငါတို့ က ဒီတိုင်းခါးကုနး်တွေကြည့်ပဲ”
သာအေးသည် ခုတ္တက စကားကြောင့် အနောက်သို့ဆုတ်ပြီးထိုင်းးလိုက်ကာ
“အဲ့ အဲ့တာ ဆို သဖန်းပိုး ရွာသူကြီး ပြောတဲ့ လူသားစားတဲ့ ခါးကုန်း ေတွဆိုတာ ခင်ဗျားတို့ လား ”
“မင်းဘာတွေပြောနေတာလဲ ငါ့ပုံစံက လူတေယာက်ကို စားမဲ့ ပုံစံပေါ်နေလို့လား ”
“အဲ့ လိုတော့ မပေါ်ဘူး ”
“အေး အဲ့တာဆို ကြောက်မနေနဲ့ ကြောက်ချင်း ကြောက် ငါက မင်းတို့ကို ကြောက်ရမှာ ငါက မင်းအရပ်လောက် ပဲ ရှိတာ ခါးက ကုန်းနေသေးတယ် မင်းတို့ နှစ်ေယာက် ငါ့ကို နှိပ်စက်ရင်တောင် ငါက ခံရမဲ့သူပါကွာ ”
ခုတ္တက ပြောမှ သာအေး သူအဖြစ်ကို သူတွေးပြီး ရီလိုက်မိသည် ၊ သူစိတ်ထဲတွင်လည်းဒီလောက် ပုသေးသေး ခါးကုန်းကုန်းလူကို သူတို့ မနိုင်စရာ ဘာအကြောင်းမှမရှိဟု ယုံကြည်လိုက်ကာ ခုတ္တက နှင့် အတူ ရယ်ရယ် မောမောစကားများဆိုပြီး လှည်းအား ယခု သစ်လုံးအိမ်လေးဆီသို့မောင် လာချင်းဖြစ်ပါလေတော့သည် ။
◾အခန်း-၆
သစ်လုံးအိမ်လေးထဲ၌ အိမ်ရှင်များ ဖြစ်သော ခုတ္တက နှင့် မဝင်္က တို့သည် ထမင်းချက်ပြီး ဧည့်ခံမည်ပြုရာ မောင်ဘိုးထင်တို့တားထားလိုက်ပြီး သူတို့တိုင်းသူတို့ ထမင်းမင်းဟင်းချက်ကာ လှည်းပေါ်မှ ဆန်တအိတ် နှင့် ဆီတပုံးကို ခုတ္တက ၏ သစ်လုံးအိမ်လေးပေါ် ခုတ္တက တားနေသည့် ကြားမှ သာရ နှင့်ဖိုးထွေး တင်ပေးလိုက်၏ ၊
“ကောင်လေးတွေ ငါတို့က မလိုပါဘူးကွာ မင်းတို့ ဆန် နဲ့ ဆီ တွေ ပြန်ယူသွားပါ ”
“မဟုတ်တာ ဦးခုတ္တကရယ် ဒီတောကြီးထဲမှာ တခြားရွာတွေကို သွားပြီး ဈေးဝယ်ရင် နေ့တဝက်လောက် သွားရမှာပဲ ယူထားပါဗျာ ကျုပ်တို့စေတနာကို နားလည်ရင် ပြန်ယူဖို့ မပြောတော့ နဲ့ဗျာ ”
“မင်းတို့က တော့ကွာ ငါ့ကို အနေခက်အောင် လုပ်နေပါပြီ ”
“ရပါတယ် ဗျာ ကျုပ်တို့ကို ဦးခုတ္တကရဲ့ အိမ်မှာ တည်းခွင့်ပြုတာကို ကျုပ်တို့က ဝမ်းသာနေတာပါ ”
ခုတ္တက နှင့် မဝင်္ကသည် မောင်ဘိုးထင်တို့၏ ဟန်ဆောင်မှု မရှိသော မျက်နှာ များကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေ၏ ၊သူတို့မြေအဖိုး နှစ်ယောက်သည်လည်း တေယာက် မျက်နှာ တယောက် ခဏ ခဏကြည့်ရင်း သာအေးချက်ပြုတ်သော ထမင်း နှင့် ဟင်းကို မောင်းဘိုးထင်တို့မှ တူတူ စားဖို့ ပူဆာ၍ စိတ်မပါ လက်မပါ စားလိုက်ကြသည် ၊ နေသည် လည်း ဝင်ပြီ မို့ ရေနံဆီမီးခွက်များ အား သစ်လုံးအိမ်လေးပေါ် ထွန်းညှိုလိုက်ကြပြီး မောင်ဘိုးထင်တို့အိပ်ရမည် နေရာအား ခုတ္တရမှ ပြလိုက်သည် ထိုေနာက် ရေနွေးကြမ်း နှင့် အမြည်းကောင်းကောင်းကို မဝင်္ကမှ တည်ခင်းပေးလိုက်ပြီး အာလပ သလာပ စကားများပြောနေချိန် ခုတ္တရသည် အိမ်ပေါ်မှ ဆင်းသွားလေသည် မကြာသောအချိန်တွင် မဝင်္ကသည်လည်း မောင်ဘိုးထင်တို့အား ကောင်းကောင်း အနားယူပါဟုပြောကာအိမ်ပေါ်မှ ဆင်းသွားလေသည်၊ သူမ ဆင်းသွားပြီး သိပ် မကြာခင် မောင်ဘိုးထင်တို့ မျက်လံုးများမှေးဆင်းလာပြီး အိပ်ပျော်၍သွားပါလေတော့သည်။
◾အခန်း-၇
သစ်လုံးအိမ်လေးအပြင်တွင် ခုတ္တက နှင့် မဝင်္ကတို့ မြေအဖိုးရပ်နေသည် လရောင် အောက်တွင်ေတာ့ ခုတ္တက၏ လက်ထဲတွင် မထွန်းရသေးသော မီးတုတ်တခုကို ကိုင်ထားသည် ၊ အိမ်ပေါ်မှရှိသော မောင်ဘိုးထင်တို့သည် မဝင်္က၏ ရေနွေးကြမ်း နှင့် အမြည်းကို ယုံယုံကြည်ကြည် သောက်စားမိရာက ယခုဆို အိပ်ပျော်နေကြပြီဖြစ်သည် ထိုသို့ အိပ်ပျော်စေရန်လည်း မဝင်္ကအား သူမ၏ အဖိုးဖြစ်သူမှ အိပ်ဆေး ခပ်ခိုင်းထားချင်းဖြစ်သည် ၊ သူမသည် လရောင်အောက်တွင် မြင်တွေ့နေရသော သူမ၏ အဖိုးဖြစ်သူကို ကြည့်ကာ အသံတိုးတိုး နဲ့ စကားဆိုလေသည်
“အဖိုး တကယ်ပဲ ဒီကောင်လေးတွေကို ရွာသားတွေ လက်ထဲ ထည့်လိုက်ေတာ့မှာလား မြေးတို့ ဒီကောင်လေးတွေကို လွှတ်ပေးလိုက်ကြရအောင်လေ သူတို့က မြေးတို့အပေါ် ဘယ်လောင်ယုံကြည်းပြီး စေတနာ ဘယ်လောက်ကောင်းတယ်ဆိုတာ အဖိုးလည်းသိတယ် ”
“အဖိုးသိတယ်မြေးလေး ဒါပေမဲ့ အဖိုးတို့က ဒီကောင်လေးတွေကို မိထားလျက်နဲ့ မပေးဘူးဆို အဖိုးတို့ကို ရွာသားတွေ ဒုက္ခပေးတော့မှာလေ ဒီကောင်လေးတွေ ဒီကဖြတ်လာရင် အဖိုးကိုအယုံသွင်းပြီး ဖမ်းထားပေးဖို့ ရွာသူကြီးက ပြောပြီးသာ မြေးလေးရယ် ”
“အဲ့တာဆို ဒီကောင်လေးတွေကို ရွာသားတွေက စားကြတော့မှာပေါ့ မြေးကတော့ မစားရက်ဘူးအဖိုးရယ် ”
“အင်း အဖိုးလည်း မတက်သာလို့ လုပ်ရတာပါ အဖိုးလည်း ဒီဘဝကြီးမှာ မနေချင်တော့ဘူး အဲ့လိုပဲ အဖိုးတို့ရွာသားတွေလည်း ဒီဘဝ ကြီးမှာ နေချင်မှာ မဟုတ်ပါဘူး ”
ခုတ္တကသည် မီးတုတ်ကို မီးညှိုလိုက်သည် နှင့် မကြာသော ေသာအချိန်တွင် မီးတုတ်များ နှင့် အတူ တုတ်၊ဓား ၊လှံတံ၊ဒူးလေး အစရှိသည့် လက်နက်များကိုင်ဆောင် ထားသော လူပုခါးကုန်းလေးများရောက်လာကာ ခုတ္တက၏ သစ်လုံး အိမ်ပေါ်မှာ အိပ်ပျော်နေသော မောင်ဘိုးထင်တို့ငါးဦးးအား အိပ်နေချိန် ကြိုးများဖြစ်တုပ်လိုက်ကြပြီး ရေဖြစ် မျက်နှာကို လောင်းပြီး နိုးလိုကိကြ၏ ၊ ရုတ်တရက် လူပုခါးကုန်းလေးများ ၏ လုပ်ရပ်ကြောင့် နိုးလာပြီး ကြောက်လန့်ကာ အော်ဟစ်နေသော မောင်ဘိုးထင်တို့အား လူပုခါးကုန်းလေးများသည် ခုတ္တက၏ အိမ်လေးပေါ်မှ ငေါက်ငမ်း၍ ခေါ်သွားကြလေတော့သည် ၊ မောင်ဘိုးထင်တို့သည် လူပုခါးကုန်းလေးများခေါ်ရာနောက်သို့ လိုက်ပါရန် အိမ်အောက်ဆင်းလာစဉ် ခုတ္တက နှင့် ဝင်္ကကအားတွေ့ရာ နာကြည်းသော မျက်ဝန်းများဖြစ်ကြည့်ရင်း မည်သည့် စကားမှ မပြောပဲ လူပုခါးကုန်းများ အတင်းကြပ်ခေါ်ရာ နောက်သို့ လိုက်ပါသွားရတော့သည်၊ ခုတ္တက နှင့် မဝင်္ကတို့လည်း သူတိူ့ ၏ အိမ်လေးပေါ်သို့ တက်လိုက်ပြီး တေယာက်ကို တေယာက် မည်သည့်စကားမှ မေပြာပဲ ဖိုးထွေး နှင့် သာရ ထမ်းပြီး သူတို့အိမ်လေးပေါ်တင်ပေးခဲ့သော ဆန် အိတ် နှင့် ဆီပုံးအား ငေးကြည့်၍သာ နေပါလေတော့သည်။
◾အခန်း-၈
မောင်ဘိုးထင်တို့သည် ခုတ္တက၏ အိမ်မှ နေ၍ လူပု ခါးကုန်းလေးများ ဖမ်းခေါ်လာရာ တနာရီမျှ လမ်းလျှောက်ချိန်တွင် သစ်လုံးများဖြစ် တည်ဆောက်ထားသော ရွာလေးတရွာသို့ ရောက်လာကြသည် ထို့နောက် အတော်တန် ကျယ်ဝန်းသော အိမ်ဝိုင်းကြီးထဲသို့ သူတို့အား ခေါ်သွားပြီး အိမ်ဝိုင်းကြီး ထဲ၌ရှိသော အိမ်ကြီး တလုံး ရှေ့တွင် ရပ်လိုက်ကြသည်၊ မကြာသောအချိန် တွင် တော့ အိမ်ကြီးရဲ့ ရှေ့သို့ လူပု ခါးကုန်း ကြီးတေယာက် ရောက်လာသည် ထိုလူကြီးသည် မောင်ဘိုးထင်တို့ ထက်အရပ်ရှည်ပြီး ဖိုးထွေး နှင့် သာရကိုတော့ မမှီပေ ၊ သာရသည် ထို လူကြီးကို သေချာကြည့်ကာ သူ၏ ဘေးတွင် ရှိသော မောင်ဘိုးထင်အား စကားတိုးတိုး ဆိုလေ၏
“ဘိုးထင် တို့ သဖန်းပိုးရွာသွားတုနး်က လှည်းရှေ့မှာ ရပ်နေတဲ့ လူကြီးက အဲ့လူကြီးပဲ ကွ ငါသေချာမှတ်မိတယ် ”
“ဟုတ်လား ကျုပ်တို့ ဒီတခါတော့ သေပြီထင်တယ် ”
“ရိုးရိုး သေတာ မဟုတ်ဘူးကွ အစားခံရမှာ ”
“ခင်ဗျားကို ပြောသာပဲ ဟိုမြေးအဖိုးကို လူသားစားတဲ့ ခါးကုန်းတွေလား မသိဘူးလို့ ”
“သိမလားးကွ ဒီလောက်များလိမ့်မယ်လို့ ထင်မှ မထင်တာ ”
မောင်ဘိုးထင်တို့ တိုးတိုး နှင့် စကားပြောနေကြစဉ် သူတို့အား ဖမ်းခေါ်လာသော လူပု ခါးကုန်းလေးများးသည်၊ သာရတွေ့ဘူးသော ခါးကုန်းကြီးအား ဦးညွှတ်လိုက်ပြီး
“ရွာလူကြီး ဦးခုတ္တကကို ဖမ်းခိုင်းထားတဲ့ ကောင်လေးတွေကို ကျနော် တို့ ခေါ်လာခဲ့ပါပြီ ”
“အေးအေး ငါးယောက်ဆိုတော့ ဟန်ကျတာပဲ ငါတို့ တွေ လူသား စားရခါလည်း နီးလာပြီး ပြီးေတာ့ နောက်နှစ်စာ တွေ အတွက်လည်း လူရှာ စရာမလိုဘူးပေါ့ ”
“အင်း ကျုပ်သဘောပြောရရင် ကလေး သုံးယောက်ကို တခါတည်း စားစေချင်တယ် အဲ့တာ မှာ ကျုပ်တို့ ရွာသားတွေ ပြည့်ပြည့် ဝဝ စားရမှာ ”
“အေးအေး ကောင်းပါတယ် မဆလာ ကြိတ်ခိုင်းထားကြဦး ပြီးေတာ့ည နနွင်းမှုန့်လည်း လုပ်ခိုင်းထားဦး ငရုတ်သီးခြောက်လေးတွေလည်း ခုတခါထည့်ချက်မယ် လို့ ငရုတ်သီးမစားတဲ့ သူတွေအတွက် မစပ်တာခပ်ပေးထားမှာမို့ ငရုတ်သီး မစားတဲ့ လူစာရင်းကောက်ထားဦးကြားလား ”
“ဟုတ်ကဲ့ ရွာသူကြီး ရွာသားတွေက ပြောနေကြပါတယ် အခုတခါ ဆီပြန်လေးချက်ကျွေးပါတယ်ခင်ဗျ အရည်သောက်ကြီး မစားချင်တော့ဘူးတဲ့ ”
“အဲ့တာက အိုးသူကြီး လုပ်ပါလိမ့်မယ် ”
မောင်ဘိူးထင်တို့သည် တေယာက် ကို တေယာက် မျက်လုံးများပြူးကာ ကြည့်နေကြသည် သာအေး နှင့် ပေတူးဆို ရွာလူကြီး နှင့် သူတိုအား ဖမ်းခေါ်လာသော ခေါင်းဆောင်လူပုခါးကုန်းေလး နှင့် ပြောစကားများကြားပြီး ဒူးများခွေက လဲကျသွား၍ သူတို့ဘေးတွင်ရှိသော လူပုခါးကုန်းလေးများသည် ၊မလဲ ကျစေရန် တွနး်ပေးထားရလေ၏ ၊ ထို့ေနညက် ရွာသူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ကဲ ကေုင်လေးတွေ မင်းတို့ ငါတို့ ရွာသားတွေကို ကူညီတယ် လို့သာ သဘောထား အခုတော့ မင်းတို့ အချုပ်ခန်းထဲ အိပ်လိုက်ကြဦး”
ထို့နောက် မောင်ဘိုးထင်တို့အား အိမ်ကြီး၏ နောက်ကျောဘက်တွင် ရှိသော သစ်လုံး အချုပ်ခန်းလေးထဲသို့ ထည့်၍ ထားလိုက်ကြပါလေတော့သည် ။
◾အခန်း-၉
မောင်ဘိုးထင်တို့သည် သစ်လုံး အချုပ်ထဲသို့ ရောက်နေပြီဖြစ်သည် ၊ အချုပ်ထဲ ရောက်ပြီမို့ လူပုခါးကုန်းလေးများသည ်၊ ဓားတဝင့်ဝင့် လှံတရွယ်ရွယ် နှင့် ေမာင်ဘိုးထင်တို့ ကိုယ်မှ ာချည်ထားသော ကြိုးများကိုဖြုတ်ပေးလိုက်ကာ အချုပ်ချထားသည်၊ ထို့ကြောင့် မောင်ဘိုးထင်တို့သည် အချုပ် သစ်လုံးတိုင်များကို မှီရင်း ညည်းတွားနေကြသည် ၊
“ေတာက် တို့ကတော့ ဝဋ်လည်ပြီထင်တယ် ကွာ ”
“ဘာလို့လဲ သာအေးရ ”
“ငါတို့ ကြက်ကလေး ငှက်လေးတွေကို ကြော်တလှည့် ချက်တလှည်လုပ်လာတာ အခု ငါတို့ကို အဲ့လူပုလေးတွေက ငါတို့လုပ်သလို ပြန်လုပ်တော့မယ်ကွ အခုကတည်းက ငါတို့ကို ချက်ဖို့ မဆလာ တောင် လုပ်ထားတော့မယ် ဆိုပဲ အဟင့် အဟင့် အဘ နဲ့ အမေရေ ကျုပ်အဖြစ်ကို ကြည့်ပါဦးဗျ”
သာအေးသည် ပြောပြော ဆိုဆို ရှိုက်ကြိးတငင် ငိုရှိုက်နေလေသည်။ ၊ ပေတူးသည်လည်း မောင်ဘိုးထင်၏ ပုခုံးကို ပုတ်ကာ
“ဘိုးထင် လုပ်ပါဦးကွာ ငါတို့ သေတော့မယ်ထင်တယ် ကယ်ပါဦး ”
သူတိူ့ အတန်ကြာ ငိုလိုက် စကားပြောလိုက်နှင့် ဖြစ်နေစဉ် အချုပ်ခန်းတံခါး။ရုတ်တရက်ပွင့်သွား၏ ၊ ထို့ေနာက် အချုပ်ခန်းထဲသို့ လူပုခါးကုန်းလေးဝင်လာသည်၊ ထိုလူပုခါးကုနး်လေးမှာ ခုတ္တကဖြစ်ပြီး ေမာင်ဘိုးထင်တို့အား။ခြေဟန်လက်ဟန် နှင့် သူ့နောက်လိုက်ဖို့ ပြောရင်း ရှေ့မှ ဦးဆောင်၍ ရွာလေးအပြင်သို့ ထွက်ပြေးသွားပါလေတော့၊ ထို့နောက် သူ၏ အိမ်သို့ ရောက်သော ောခါ ခုတ္တကသည် မောင်ဘိုးထင်တို့အား စကားဆိုလေသည်
“ကဲ ကောင်လေးတွေ ပြန်တော့ကွာ ကျန်တဲ့ ကိစ္စ ငါ့တိုင်းငါ ရှင်းလိုက်မယ် ”
“ဟုတ် ဟုတ် ”
သာရ နှင့် ဖိုးထွေးသည် လရောင်အောက်တွက် နွားများဆီသို့ သွား၍ လှည်းကောက်မည့် ဟန်ပြင်မေစဉ် မဝင်္ကမှ အိမ်ပေါ်မှ ဆင်းလာပြီး သူ၏ အဖိုးကို ပြောလိုက်သည့် စကားကြောင့် လှည်း မကောက်သေးပဲ ရပ်နေလိုက်မိသည် မင်္ဝကပြောသော စကားသည်က
“အဖိုး ကျမတို့လည်းပြေးမှရမှာလေ အဖိုး ထုတ်ပေးတယ်ဆိုတာ သူတို့သိမှာပေါ့ သိရင်အဖိုး နဲ့ မြေးကို သူတို့ သတ်ကြလိမ့်မယ် မြေးတို့ ဒီကလေးတွေနောက်ကို ေတာင်းပန်ပြီး လိုက်သွားကြရအောင်”
“အဖိုးတို့ ဘယ်လိုက်လို့ရမလဲ ရွာလူကြီး သတ်ရင်လည်း အသတ်ခံလိုက်တော့မယ် ဒီကျိန်စာကြီး မိနေတာထက်စာရင် သေတာကမှ ကောင်းဦးမယ် မြေးရယ်”
ကျိန်စာ ဟုပြောသော စကားကြောင့် မောင်ဘိုးထင်သည ်ခုတ္တက အား မေးမြန်လိုက်လေသည်
“ဦးခုတ္တက အစောက ကျိန်စာလို့ ပြောလိုက်သလားလို့ ဘယ်သူတွက ကျိန်စာ မိနေတာလဲ ”
“ငါတို့ ရွာသားတွေအကုန်လုံးပေါ့ကွာ ”
“ဘယ်လို ကျိန်စာ လဲ ဗျ”
“ငါတို့က အမှန်ဆို ခါးလည်း မကုန်းဘူး ပုလည်းမပုပါဘူး ငါတို့ကို သဖန်းပိုးရွာက ရွာသူကြီးက ကျိန်စာတိုက်သွားလို့ ဒီလိုဖြစ်နေတာ ငါတို့ကို တနှစ် ပြည့်လို့မှ လူသား တခါမစားရင် အရပ်တွေ ပူပြီးခါးတွေကုန်းအောင်ကျိန်စာ တိုက်သွားတာ ငါတို့ လူသား မစားပဲ နေပါသေးတယ် အဲ့လို နေလို့ အခုငါတို့ ဒီပုံတွေ ဖြစ်ကုန်တာ ငါ့မြေးလေးဆို လူသားကို မစားချင်လို့ ငြင်းနေတာ အခုသူက ငါတို့ ထက်ပိုသေးနေတယ် လေ ”
ေမာင်ဘိုးထင်တို့သည် ယခုမှာ လူပုခါးကုန်းလေးများ လူသား ဘာကြောင့်စားသည်ဆိုတာ သိရှိသွား၍ မောင်ဘိုးထင်သည် လူပုခါးကုန်းလေးများ၏ ကျိန်စာကို ပယ်ဖျက်ပေးချင်းစိတ်များ တဖွားဖွားပေါ်လာရာ
“ကဲ ဦးခုတ္တက ကျုပ်တို့ ခင်ဗျားတို့ မိနေတဲ့ ကျိန်စာကို ပယ်ဖျက်နိုင်အောင်ကြိူးစားပေးမယ်လို့ ကျုပ်ကတိပေးတယ်”
“လွယ်တော့ မလွယ်ဘူး ကောင်လေး သဖန်းပိုးရွာသူကြီးက ကြောက်စရာကောင်းတယ် ”
“ရတယ်ဗျာ ကျုပ်တို့ အခု သဖန်းပိုးရွာကိုပြန်သွားမယ် ခင်ဗျား ရွာသားတွေ ကိုတော့ ဦးခုတ္တက ရှင်းပြထားလိုက်ဗျာ ကျုပ်တို့ ခင်ဗျားတို့ မိနေတဲ့ ကျိန်စာကို ရအောင်ရှင်းမယ် ”
မောင်ဘိုးထင်သည် ထိုသို့ ပြောလိုက်ပြီး ကျန်သော သူ၏ အပေါင်းအပါများကို ကြည့်လိုက်ရာ အားလုံးမှ လရောင်အောက်တွင် ခေါင်းညိတ်ပြနေသည်ဖြစ်၍ ခါးကုန်းလူပုလေးများ၏ လူသားစားနေရသော ကျိန်စာကို ပျက်ပျယ်အောင်ပြုလုပ်ပေးဖို့ အတွက် ပြင်ဆင်လိုက်ကြပါလေတော့သည် ၊
◾အောက်လမ်းဘိုးထင် နှင့် လူသားစားရွာသည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကျိန်စာ အမည်ရသော ဇတ်လမး်လေးအား တင်ဆက်ပေးပါမယ် ခင်ဗျ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
——————————————————————-
(၂၆)
◾အခန်း-၁
မောင်ဘိုးထင်တို့သည် သူတို့လှည်းထားခဲ့သည့် သဖန်းပိုးရွာအဝင်ရှိ မိတ္တဟု အမည်ရသော သူ၏ အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည် ၊ အိမ်ပြန်ရောက်ချိန်တွင်တော့ သာရ၏ နွားနှစ်ကောင်အား စားကျင်းတွင် ပြောင်းရွေပေးထားပြီး ရေ နှင့် အစာများကို ကျွေးမွေးပေးထား၏ ၊ လှည်းပေါ်တွင်လည်း ရွာမှ ဆန်များ ဆီများကို လှည်းပေါ်တင်ပေးထားသည် ၊ ထို့ောနက် လူကြီးတယောက်သည် သူတို့အနားလာကာ
“ဟုတ်ကဲ့ ”
“ဟို ဟို မှာ ”
မောင်ဘိုးထင်သည် အထစ်ထစ် အငေါ့ငေါ့ နှင့် ကျန်ခဲ့သော သဖန်းပိုးရွာကို လက်ညှိုးထိုးပြနေသော ပေတူး နှင့် သာအေးကို ခေတ္တ ကြည့်လိုက်ကာ သူတို့ လက်ညှိုးညွှန်ပြရာ နေရာသို့ ကြည့်လိုက်မိသည် ၊ သဖန်းပိုး ရွာ၏ သင်္ချိုင်းးသည် မြူမှုန်များကြားမှာ ပျောက်ကွယ် နေပြီး သူတို့ လာခဲ့သော လမ်းလေးတွင်တော့ အတောင် နှစ်ဆယ်လောက်ကို မြင့်မားသည် နတ်ရုပ်တူကြီးသာ ထီးထီးကြီး ရှိနေသော ကြောင့်ဖြစ်သည် ၊ မောင်ဘိုးထင်တို့အားလုံး အံဩနေကြကာ ထို နတ်ရုပ်ကြီးကို ငေးကြည့်နေမိသည် ၊ သူတို့ နောက်ပြန်လှည့်ကြည့်နေပေမဲ့ လှည်းလေးအား ဆွဲနေသော နွား နှစ်ကောင်သည်က မရပ်တန့် သွားမြဲ သွားနေရာ ချိုမြောင် များထဲသို့ လှည်းလေးဝင်သွားသောအခါ ထို နတ်ရုပ်ကြီးသည်လည်း သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ် လို့သွားပါလေတော့သည်။
◾အခန်း-၂
မောင်ဘိုးထင်တို့သည် လှည်းလေး နှင့် ပြန်လာရာ လမ်း ခုလပ် အရောက်တွင် နွားနှင့် လူတို့ ခေတ္တ နားရန် လှည်းကို အရိပ်ကောင်းသော အပင်ကြီး အောက်တွင် ရပ်လိုက်သည် ၊ သူတို့ ရပ်လိုက်သော အပင်ကြီးမှာ ဖြောက်ဆိပ် ပင်ကြီးဖြစ်ပြီး အနားတွင် ချိုမြောင်လေးရှိ၍ စိမ့်စမ်းရေလေးများ စီးဆင်းနေလေသည် ၊ ထို့နောက် နွားများကို ဖြုတ်လို့ ဖိုးထွေး နှင့် သာရသည် နွားတယောက်စီ ဆွဲကာ စိမ့်စမ်းရေများကို တိုက်လိုက်ကြသည် ၊ ထို့နောက် သူတို့သည်လည်း ကိုယ်လက်သန့် စင် လိုက်ပြီး နွားများကို ရေချိုးပေးလိုက်ကြကာ မြက်ကောင်းကောင်း ရှိသော နေရာတွင် သာရမှ သူ၏ နွားနှစ်ကောင်အား လွှတ်ထားလိုက်လေသည် ၊ သာရသည် နွားများကို မလှန်ပဲ လွှတ်ကျောင်းနေသောကြောင့် ဖိုးထွးမှ သဘောမကျဟန် နှင့် စကားဆိုလိုက်သည်
ဖိုးထွေး နှင့် သာရသည် နွားနှစ်ကောင်ကို ထားရစ်ခဲ့ကာ လှည်းသို့ ပြန်လာလိုက်သည် လှည်းနား ရောက်ချိန်တွင်တော့ သူတို့ မြင်လိုက်ရသည်က မောင်ဘိုးထင်တို့သုံးယောက်သည် လှည်းပေါ်ရှိ ဆန်အိတ်များပေါ်တွင် အိပ်ပျော်နေကြသည် ထိုအခါ ဖိုးထွေးသည် သာရအား မောင်ဘိုးထင်တို့ကို မျက်စာပြစ်ပြလိုက်ကာ
“ဒီကောင်တွေ ဒါတော့ လွန်သွားပြီး အသွားတုန်းက လည်းအိပ် အပြန်ကြတော့လည်းအိပ် နဲ့ လာကွားသွားနိုးရအောင် မထူးပါဘူး အဲ့ကောင်တွေကို ပဲ ထမင်းဟင်း ချက်ခိုင်းကွာ ငါတို့ နှစ်ယောက်က နွားသွားကျောင်းမယ်ဆိုပြီး အိပ်ကြရအောင် ”
အချိုးပြောင်းသွားသော သာရအား ဖိုးထွေး သေချာကြည့်လိုက်မိသည် ခုဏကမှ ကလေးသာသာပဲ ရှိသေးတယ် ဟု သူပဲပြောပြီး ယခုတော့ မောင်ဘိုးထင်တို့၏ ရုပ်တွေကို မြင်သည် နှင့် အချိုးကပြောင်းသွားသည်ကို အံဩနေချင်းဖြစ်သည် ၊ ထို့နောက် သူတို့ နှစ်ယောက်သည် မောင်ဘိုးထင်တို့ သုံးယောက်အား နိုးလိုက်ပြီး
“အေးပါဗျာ သွားသွား ”
မောင်ဘိုးထင်တို့သည် အိပ်ရာမှ နိုးလာပြီး ဖိုးထွေး နှင့် သာရ တို့ကို နွားသွားကျောင်းစေလိုက်သည် ၊ ထို့နောက် မောင်ဘိုးထင် နှင့် ပေတူးမှာ တောထဲဝင်ပြီး ဟင်းစားရှာမည်ဖြစ်ပြီး ၊ သာအေးသည် ထမင်းချက်ရမည်ဖြစ်သည် တာဝန်ကိုယ်စီလည်း ခွဲပေးပြီးပြီး ၊ဖြစ်၍ မောင်ဘိုးထင် နှင့် ပေတူးသည် လွယ်အိတ်ကို ကိုယ်စီ လွယ်၍ တောထဲသို့ ဝင်သွားပါလေတော့သည် ။
◾အခန်း-၃
မောင်ဘိုထင်း နှင့် ပေတူးသည် ငှက်နှစ်ကောင် နှင့် တခြား ဟင်းသီး ဟင်းရွက်များ ခူးပြီး ပြန်လာလေသည် ၊ ကင်မွန်းချဉ် ပင်ကို တွေ့ ရာ များစွာ ဝမ်းသာသွားပြီး ကင်မွန်းချဉ်ရွက်များပါ ခူးလာကြသည် ၊ ထို့နောက် လှည်းစခန်းချရာ နားသို့ ပြန်လာလိုက်ကြသည် ၊ သူတို့ ပြန်ရောက်သောအခါ သာအေးသည် ထမင်းအိုးချက်ပြီးပြီဖြစ်၏ ထို့နောက် တယောက် တလက်ဖြစ် ဟင်း ချက်လိုက်ရာ ကင်မွန်းချဉ် ချဉ်ရည်ဟင်း နှင့် ငှက်ကြော်အား သူတို့ ယူလာသော ငရုတ်သီးခြောက်လေးများ နှင့် စပ်စပ် လေးချက်ထားကြသည် ၊ အလုပ်အားလုံးလည်း။ပြီးစီး ပြီမို့ မောင်ဘိုးထင် နှင့် ပေတူးသည် ဖိုးထွေး နှင့် သာရ ရှိသော ရုံးပင်နားသို့ သွားလိုက်ကြသည် ၊ ထို့နောက် ယုံးပင် ခြေတွင် အိပ်နေသော သာရ နှင့် ဖိုးထွေးအား နိုးလိုက်ကြသည်
“ကိုဖိုးထွေး ”
“ကိုသာရ ”
“အော် အေးအေး ”
“နွားကျောင်းမယ် ပြောပြီး အိပ်နေတယ် အခုတော့ ကျုပ်တို့ ဘယ်လို လုပ်မလဲ ဗိုက်ကလည်း ဆာနေပြီ ”
“နွားမတွေ့ ရင် ပြဿနာက ကြီးတယ် ဗျ အဲ့တာကြောင့် ပြောနေတာ ခင်ဗျား နွားမှန်းသိပါတယ် ”
“အေး ဟုတ်တယ် ဟေ့ကောင် ဘိုထင် နဲ့ ပေတူး ထမင်း အရင် သွားစားရ အောင်ကွာ ”
“ဟကောင်ရ အပြစ်ပြောဖို့ပဲတွေး မနေနဲ့ နွားပျောက်နေလို့ရှာနေရသေးတာဟ ဒူးတွေလည်းချောင် နေပြီ ထမင်းစားမယ် ”
◾အခန်း-၎
“ဘာကွာ အဲ့အချိန်ကတည်းက တွေပြီ ထင်နေတာ အဲ့တာ ကိုတောင် မင်းတို့က အေးအေးဆေးဆေး နေနိုင်သေးတယ် ခွီးတယ်မှပဲ ဟိုလူတွေက လည်းအသက်သာ ကြီးတာ ဘာမှ တွေးတောတာမဟုတ်ဘူး လိုက်ရှာကြ တော့လေ ”
ထို့နောက်မောင်ဘိုးထင်တို့သည် နွားများကို လိုက်ရှာရာ နေတောင် တော်တော် စောင်းသွားပြီဖြစ်သည် ၊ သို့ပေမဲ့ နွား နှစ်ကောင်၏ အရိပ်အယောင်ကို မျှ မတွေ့ရပေ ၊ ထို့နောက် အောက်ပေါင်းများရှင်းနေပြီး ကျွန်းပင် နှင့် သစ်ရာပင်များ ရှင်းလင်းစွာပေါက်နေသော တောင်ကုန်းလေးအနားရောက်လာသည် ၊ သူတို့တွေ တောင်ကုန်းလေးပေါ်တက်ပြီး နွားအား လိုက်ရှာနေစဉ် သူတို့၏ အနောက်မှနေ၍ အသံတသံထွက်လာရာ အနောက်သို့ ပြန်ပြီးလှည့်ကြည့်လိုက်ကြသည်
“မင်းတို့နွားပျောက်နေတာ မဟုတ်လား ငါ မင်းတို့နွားကို တွေ့ထားတယ် ”
အရပ်မှာ မောင်ဘိုးထင် တို့လောက်သာ ရှိပြီး အသက်ကြီးရင်နေသော ပုံစံရှိပြီး ခါးကုန်းကုန်း နှင့် လူအားတွေ့လိုက်၍ စကားပြောနေချင်းဖြစ်သည် ။
“ဟ ဘိုးထင် ဒီလောက် ခွေးပစ်တဲ့ တုတ်လောက်လေးက လူသားစားတဲ့ သူဖြစ်မလားဟ မင်းကလည်း ဒီးဦးနှောက်လေးနဲ့ စဉ်းစားစမ်းပါ ”
ထို့နောက် သာရသည် လူပု ခါးကုန်းလေးအား သေချာကြည့်ကာ
လူပု ခါးကုန်းကြီးသည် မောင်ဘိုးထင်တို့ကို ကျောခိုင်းကာ ထွက်သွားရာ မောင်ဘိုးထင်တို့လည်း လိုက်သွားလိုက်ကြသည် ထို့နောက် ချုံများနွယ်များကို တိုးဝင်သွားသော လုပုခါးကုန်းလေး နောက်သို့ မောင်ဘိုးထင်တို့ ခက်ခဲစွာ လိုက်ခဲ့ပြီးနောက် ၊ လှည်းလမ်း တလမ်းပေါ်သို့ရောက်ရှိလာသည် ၊ လူပု ခါးကုန်းလေးသည် မောင်ဘိုးထင်တို့ကို ရပ်၍ စောင့်နေပြီး လက်ယက်ခေါ်ကာ ပါးစပ်မှလည်း
“အဆင်ပြေသလိုတော့ လုပ်ရမှာပဲ ကျုပ်တို့ မှာ လှည်းပါသေးတယ် လှည်းမှာ လူတယောက် စောင့်ခိုင်းထားခဲ့တာ အဲ့ဒါ သူ့တယောက် ထဲတော့ ထားခဲ့လို့အဆင်မပြေဘူး”
“ဟုတ်တယ်ဗျ ”
“အဲ့ဒါဆို မင်းတို့ထဲက တယောက် နွားတွေ ဆွဲပြီး ငါ နဲ့ လိုက်ခဲ့ ကျန်တဲ့ သူတွေကို ငါ့မြေးမလေး ဧည့်ခံထားလိမ့်မယ် ဟေ့ ဝင်္က လာခဲ့ဦး ဒီမှာ ဧည့်သည်တွေကို ဧည့်ခံထားလိုက်စမ်းပါ ”
ဖိုးထွေးမှ ထိုသို့ပြောလိုက်မိသသော အခါ မောင်ဘိုးထင်သည် ဖိုးထွေး၏ ခါးကို တံတောင် နှင့် တို့လိုက်ပြီး အသံခပ် အုပ်အုပ် နှင့်
မောင်ဘိုးထင် ၏စကားကြောင့် ဖိုးထွေးသည် အောင့်သက်သက် ဖြစ်နေသည် ပုံစံ နှင့် မည်သည့်စကားမှ မဖြစ်တော့ပေ ထိုအခါ မဝင်္ကသည် သူမကြောင့် စကားများနေသည်ကို သတိထားမိဟန်ဖြစ်
“ရပါတယ် ဘာမှ မဖြစ်ပါဘူး ဧည့်သည်တို့ရယ် ကျမတို့ ရဲ့ ဖြစ်တ်ာမှုက ဒီလိုဆိုတာ လက်ခံထားပါတယ် ”
“သူက ကျမတို့ရွာမှာ အရှည်စားရင်ဝင်လေ ရွာသားတွေက ကျမ အဖိုးကို ကလန်ကလား ခုတ္တက လို့ခေါ်ကြတယ် တခြား ခုတ္တက တွေလည်း ရွာထဲမှာ ရှိသေးတာကို ”
“ရွာထဲက လူတွေက အကုန်လုံး ခါးကုန်းကုန်းတွေ ကြည့်ပဲလား ”
“ဘာ ဘာမှမဖြစ်ပါဘူး”
မဝင်္ကလေးသည် အိမ်ပေါ်မှ မျက်နှာ မကောင်းစွာ ဆင်းသွားရာ၊ မောင်ဘိုးထင်တို့လည်း စိတ်မကောင်းဖြစ်မိသွားသည် ထို့နောက် ဖိုးထွေးသည် မက်တတ်ထရပ်လိုက်ပြီး အိမ်လေးပေါ် မှ ဆင်းလိုက်သည် အိမ်ဝင်ပေါက်လေးသည် ဖိုးထွေး၏ နားရွက် မျှသာ ရှိရာ ခေါင်း ငုံပြီး ဆင်းလိုက်ရ၏ ၊ဖိုးထွေးအိမ်းလေးပေါ်မှ ဆင်းလိုက်သည် နှင့် မောင်ဘိုးထင် နှင့် ပေတူးသည်လည်း အိမ်လေးပေါ်မှ လိုက်ပါဆင်းလိုက်ပြီး အရွယ်နှင့် မမျှသော ဓားကို မက ခက်ခက်ခဲခဲ ထင်းဖြတ်မေနေသည့် မဝင်္ကလေးအား ၊ သနားကြင်နာ စိတ် ရှိသော မောင်ဘိုထင်တို့သည် သူမ ထင်းဖြတ်နေသည့်အနားသွားကာ
“ရပါတယ် အမရယ် ”
◾အခန်း-၅
ညနေ နေတော်တော် စောင်းသည့်အချိန် တွင် ခုတ္တက၏ သစ်လုံးအိမ်လေးဆီသို့ ပေါင်းမိုးလှည်းလေးတစီးဆိုက်ရောက်လာ၏၊ ထိုပေါင်းမိုးလှည်းလေးကို မောင်လာသူမှာ သာရ ဖြစ်ပြီး လှည် နောက်ရှိ တင်ထားသော ဆန်အိတ် များပေါ်တွင် တော့ ခုတ္တက နှင့် သာအေး ပြုံးရယ်ပြီး စကားပြောနေသည် ၊ ခုတ္တကသည် သာအေးအား အတော်သဘောကျနေ၏ ၊ သာအေးကိုတင်မဟုတ်ပါ သာရကိုလည်းခင်မင်နေသည်၊ သူသဘောကျရသည် အကြောင်းကလည်း ရှိသေး၏ သာရ နှင့် သူ လှည်းရှိရသို့ နွားနှစ်ကောင်ကို ဆွဲပြီး လှည်လာကောက်ကြသည် လှည်းကောက်ပြီး သောအခါ သူနှင့် သာအေးသည် လှည်နောက်မှ ဆန်အိတ်များပေါ်တက်ထိုင်ရသည် ၊ ဆန်အိတ်များနှင့် ဆီပုံး တချို့ ကို မြင်သော အခါ ခုတ္တကသည် လှည်းမောင်းနေသောသာရအား စကားဆိုပြီး မေးမြန်လိုက်၏
“ကောင်လေး ဒါဆန်အိတ်တွေ လာ်း ”
“ဟုတ်တယ် ဗျ ”
“ဟားးဟားး မဟုတ်ပါဘူးကွာ ငါတို့ က ဒီတိုင်းခါးကုန်းတွေကြည့်ပဲ”
“အဲ့ အဲ့တာ ဆို သဖန်းပိုး ရွာသူကြီး ပြောတဲ့ လူသားစားတဲ့ ခါးကုန်း တွေဆိုတာ ခင်ဗျားတို့ လား ”
“မင်းဘာတွေပြောနေတာလဲ ငါ့ပုံစံက လူတယောက်ကို စားမဲ့ ပုံစံပေါ်နေလို့လား ”
“အဲ့ လိုတော့ မပေါ်ဘူး ”
“အေး အဲ့တာဆို ကြောက်မနေနဲ့ ကြောက်ချင်း ကြောက် ငါက မင်းတို့ကို ကြောက်ရမှာ ငါက မင်းအရပ်လောက် ပဲ ရှိတာ ခါးက ကုန်းနေသေးတယ် မင်းတို့ နှစ်ယောက် ငါ့ကို နှိပ်စက်ရင်တောင် ငါက ခံရမဲ့သူပါကွာ ”
◾အခန်း-၆
ခုတ္တက နှင့် မဝင်္ကသည် မောင်ဘိုးထင်တို့၏ ဟန်ဆောင်မှု မရှိသော မျက်နှာ များကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေ၏ ၊သူတို့မြေအဖိုး နှစ်ယောက်သည်လည်း တယောက် မျက်နှာ တယောက် ခဏ ခဏကြည့်ရင်း သာအေးချက်ပြုတ်သော ထမင်း နှင့် ဟင်းကို မောင်းဘိုးထင်တို့မှ တူတူ စားဖို့ ပူဆာ၍ စိတ်မပါ လက်မပါ စားလိုက်ကြသည် ၊ နေသည် လည်း ဝင်ပြီ မို့ ရေနံဆီမီးခွက်များ အား သစ်လုံးအိမ်လေးပေါ် ထွန်းညှိုလိုက်ကြပြီး မောင်ဘိုးထင်တို့အိပ်ရမည် နေရာအား ခုတ္တရမှ ပြလိုက်သည် ထိုနောက် ရေနွေးကြမ်း နှင့် အမြည်းကောင်းကောင်းကို မဝင်္ကမှ တည်ခင်းပေးလိုက်ပြီး အာလပ သလာပ စကားများပြောနေချိန် ခုတ္တရသည် အိမ်ပေါ်မှ ဆင်းသွားလေသည် မကြာသောအချိန်တွင် မဝင်္ကသည်လည်း မောင်ဘိုးထင်တို့အား ကောင်းကောင်း အနားယူပါဟုပြောကာအိမ်ပေါ်မှ ဆင်းသွားလေသည်၊ သူမ ဆင်းသွားပြီး သိပ် မကြာခင် မောင်ဘိုးထင်တို့ မျက်လုံးများမှေးဆင်းလာပြီး အိပ်ပျော်၍သွားပါလေတော့သည်။
◾အခန်း-၇
သစ်လုံးအိမ်လေးအပြင်တွင် ခုတ္တက နှင့် မဝင်္ကတို့ မြေအဖိုးရပ်နေသည် လရောင် အောက်တွင်တော့ ခုတ္တက၏ လက်ထဲတွင် မထွန်းရသေးသော မီးတုတ်တခုကို ကိုင်ထားသည် ၊ အိမ်ပေါ်မှရှိသော မောင်ဘိုးထင်တို့သည် မဝင်္က၏ ရေနွေးကြမ်း နှင့် အမြည်းကို ယုံယုံကြည်ကြည် သောက်စားမိရာက ယခုဆို အိပ်ပျော်နေကြပြီဖြစ်သည် ထိုသို့ အိပ်ပျော်စေရန်လည်း မဝင်္ကအား သူမ၏ အဖိုးဖြစ်သူမှ အိပ်ဆေး ခပ်ခိုင်းထားချင်းဖြစ်သည် ၊ သူမသည် လရောင်အောက်တွင် မြင်တွေ့နေရသော သူမ၏ အဖိုးဖြစ်သူကို ကြည့်ကာ အသံတိုးတိုး နဲ့ စကားဆိုလေသည်
“အဖိုး တကယ်ပဲ ဒီကောင်လေးတွေကို ရွာသားတွေ လက်ထဲ ထည့်လိုက်တော့မှာလား မြေးတို့ ဒီကောင်လေးတွေကို လွှတ်ပေးလိုက်ကြရအောင်လေ သူတို့က မြေးတို့အပေါ် ဘယ်လောင်ယုံကြည်းပြီး စေတနာ ဘယ်လောက်ကောင်းတယ်ဆိုတာ အဖိုးလည်းသိတယ် ”
ခုတ္တကသည် မီးတုတ်ကို မီးညှိုလိုက်သည် နှင့် မကြာသော သောအချိန်တွင် မီးတုတ်များ နှင့် အတူ တုတ်၊ဓား ၊လှံတံ၊ဒူးလေး အစရှိသည့် လက်နက်များကိုင်ဆောင် ထားသော လူပုခါးကုန်းလေးများရောက်လာကာ ခုတ္တက၏ သစ်လုံး အိမ်ပေါ်မှာ အိပ်ပျော်နေသော မောင်ဘိုးထင်တို့ငါးဦးးအား အိပ်နေချိန် ကြိုးများဖြစ်တုပ်လိုက်ကြပြီး ရေဖြစ် မျက်နှာကို လောင်းပြီး နိုးလိုကိကြ၏ ၊ ရုတ်တရက် လူပုခါးကုန်းလေးများ ၏ လုပ်ရပ်ကြောင့် နိုးလာပြီး ကြောက်လန့်ကာ အော်ဟစ်နေသော မောင်ဘိုးထင်တို့အား လူပုခါးကုန်းလေးများသည် ခုတ္တက၏ အိမ်လေးပေါ်မှ ငေါက်ငမ်း၍ ခေါ်သွားကြလေတော့သည် ၊ မောင်ဘိုးထင်တို့သည် လူပုခါးကုန်းလေးများခေါ်ရာနောက်သို့ လိုက်ပါရန် အိမ်အောက်ဆင်းလာစဉ် ခုတ္တက နှင့် ဝင်္ကကအားတွေ့ရာ နာကြည်းသော မျက်ဝန်းများဖြစ်ကြည့်ရင်း မည်သည့် စကားမှ မပြောပဲ လူပုခါးကုန်းများ အတင်းကြပ်ခေါ်ရာ နောက်သို့ လိုက်ပါသွားရတော့သည်၊ ခုတ္တက နှင့် မဝင်္ကတို့လည်း သူတို့ ၏ အိမ်လေးပေါ်သို့ တက်လိုက်ပြီး တယောက်ကို တယောက် မည်သည့်စကားမှ မပြောပဲ ဖိုးထွေး နှင့် သာရ ထမ်းပြီး သူတို့အိမ်လေးပေါ်တင်ပေးခဲ့သော ဆန် အိတ် နှင့် ဆီပုံးအား ငေးကြည့်၍သာ နေပါလေတော့သည်။
◾အခန်း-၈
မောင်ဘိုးထင်တို့သည် ခုတ္တက၏ အိမ်မှ နေ၍ လူပု ခါးကုန်းလေးများ ဖမ်းခေါ်လာရာ တနာရီမျှ လမ်းလျှောက်ချိန်တွင် သစ်လုံးများဖြစ် တည်ဆောက်ထားသော ရွာလေးတရွာသို့ ရောက်လာကြသည် ထို့နောက် အတော်တန် ကျယ်ဝန်းသော အိမ်ဝိုင်းကြီးထဲသို့ သူတို့အား ခေါ်သွားပြီး အိမ်ဝိုင်းကြီး ထဲ၌ရှိသော အိမ်ကြီး တလုံး ရှေ့တွင် ရပ်လိုက်ကြသည်၊ မကြာသောအချိန် တွင် တော့ အိမ်ကြီးရဲ့ ရှေ့သို့ လူပု ခါးကုန်း ကြီးတယောက် ရောက်လာသည် ထိုလူကြီးသည် မောင်ဘိုးထင်တို့ ထက်အရပ်ရှည်ပြီး ဖိုးထွေး နှင့် သာရကိုတော့ မမှီပေ ၊ သာရသည် ထို လူကြီးကို သေချာကြည့်ကာ သူ၏ ဘေးတွင် ရှိသော မောင်ဘိုးထင်အား စကားတိုးတိုး ဆိုလေ၏
“ဘိုးထင် တို့ သဖန်းပိုးရွာသွားတုန်းက လှည်းရှေ့မှာ ရပ်နေတဲ့ လူကြီးက အဲ့လူကြီးပဲ ကွ ငါသေချာမှတ်မိတယ် ”
“အေးအေး ငါးယောက်ဆိုတော့ ဟန်ကျတာပဲ ငါတို့ တွေ လူသား စားရခါလည်း နီးလာပြီး ပြီးတော့ နောက်နှစ်စာ တွေ အတွက်လည်း လူရှာ စရာမလိုဘူးပေါ့ ”
“အေးအေး ကောင်းပါတယ် မဆလာ ကြိတ်ခိုင်းထားကြဦး ပြီးတော့ည နနွင်းမှုန့်လည်း လုပ်ခိုင်းထားဦး ငရုတ်သီးခြောက်လေးတွေလည်း ခုတခါထည့်ချက်မယ် လို့ ငရုတ်သီးမစားတဲ့ သူတွေအတွက် မစပ်တာခပ်ပေးထားမှာမို့ ငရုတ်သီး မစားတဲ့ လူစာရင်းကောက်ထားဦးကြားလား ”
မောင်ဘိုးထင်တို့သည် တယောက် ကို တယောက် မျက်လုံးများပြူးကာ ကြည့်နေကြသည် သာအေး နှင့် ပေတူးဆို ရွာလူကြီး နှင့် သူတိုအား ဖမ်းခေါ်လာသော ခေါင်းဆောင်လူပုခါးကုန်းလေး နှင့် ပြောစကားများကြားပြီး ဒူးများခွေက လဲကျသွား၍ သူတို့ဘေးတွင်ရှိသော လူပုခါးကုန်းလေးများသည် ၊မလဲ ကျစေရန် တွန်းပေးထားရလေ၏ ၊ ထို့နေညက် ရွာသူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ
◾အခန်း-၉
မောင်ဘိုးထင်တို့သည် သစ်လုံး အချုပ်ထဲသို့ ရောက်နေပြီဖြစ်သည် ၊ အချုပ်ထဲ ရောက်ပြီမို့ လူပုခါးကုန်းလေးများသည်၊ ဓားတဝင့်ဝင့် လှံတရွယ်ရွယ် နှင့် မောင်ဘိုးထင်တို့ ကိုယ်မှာချည်ထားသော ကြိုးများကိုဖြုတ်ပေးလိုက်ကာ အချုပ်ချထားသည်၊ ထို့ကြောင့် မောင်ဘိုးထင်တို့သည် အချုပ် သစ်လုံးတိုင်များကို မှီရင်း ညည်းတွားနေကြသည် ၊
“တောက် တို့ကတော့ ဝဋ်လည်ပြီထင်တယ် ကွာ ”
“ဘာလို့လဲ သာအေးရ ”
“ဟုတ် ဟုတ် ”
“အဖိုး ကျမတို့လည်းပြေးမှရမှာလေ အဖိုး ထုတ်ပေးတယ်ဆိုတာ သူတို့သိမှာပေါ့ သိရင်အဖိုး နဲ့ မြေးကို သူတို့ သတ်ကြလိမ့်မယ် မြေးတို့ ဒီကလေးတွေနောက်ကို တောင်းပန်ပြီး လိုက်သွားကြရအောင်”
“ဘယ်လို ကျိန်စာ လဲ ဗျ”
မောင်ဘိုးထင်တို့သည် ယခုမှာ လူပုခါးကုန်းလေးများ လူသား ဘာကြောင့်စားသည်ဆိုတာ သိရှိသွား၍ မောင်ဘိုးထင်သည် လူပုခါးကုန်းလေးများ၏ ကျိန်စာကို ပယ်ဖျက်ပေးချင်းစိတ်များ တဖွားဖွားပေါ်လာရာ
“ကဲ ဦးခုတ္တက ကျုပ်တို့ ခင်ဗျားတို့ မိနေတဲ့ ကျိန်စာကို ပယ်ဖျက်နိုင်အောင်ကြိုးစားပေးမယ်လို့ ကျုပ်ကတိပေးတယ်”
◾အောက်လမ်းဘိုးထင် နှင့် လူသားစားရွာသည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကျိန်စာ အမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမယ် ခင်ဗျ။
📝မောင်တင်ဆန်း
#mgtinsan