Unicode Version
” အောက်လမ်းဘိုးထင် နှင့် ကျိန်စာ “(စ/ဆုံး)
————————————————————-
◾အခန်း-၁
မောင်ဘိုးထင်တို့သည် ခုတ္တက၏ နေအိမ်တွင် ဆန်များ ဆီများကို လှည်းပေါ်မှ ချကာ ချက်ချင်းသဖန်းပိုးရွာသို့သွားလိုက်လေသည်၊ မောင်ဖိုးထင်တို့သည် သူတို့ နောက်မှ ခါးကုန်း လူပုလေးများ လိုက်လာမလားဟု စိတ်ထဲ တထင့်ထင့် နှင့် ထွက်လာရာ သဖန်းပိုး ရွာ သင်္ချိုင်းလားသို့ ရောက်လာကြသည် ၊ ထို့ေနာက် သာအေးသည် သဖန်းပိုရွာသင်္ချိုင်းကို ကြည့်ကာ
“ဟေ့လူတွေ ကျုပ်တို့ ပြန်တုန်းကတွေ့ ရတဲ့ နတ်ရုပ်ကြီး မတွေ့တော့ပါလား ”
“ဟုတ်တယ် ဟ ”
သာရသည် လှည်းမောင်းနေရင်း လှည်းကို ရပ်လိုက်ကာ
“ဟေ့ကောင်တွေ ငါတို့ အခုချိန်ဝင်လို့ မသင့်ဘူးထင်တယ် နေထွက် မှ ဝင်ကြမလား ”
“အဲ့တာလည်း ကောင်းတာပဲ ဟို သစ်ပင်နားမှ လှည်းရပ်ပြီး နွားတွေကို ခဏ ဖြုတ်ထားကြတာပေါ့ ”
မောင်ဘိုးထင်တို့လည်း သင်္ချိုင်းနှင့် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွက် လှည်းကိုရပ်လိုက်ပြီး နွားကို ဖြုတ်လိုက်ကာ သူတို့လည်း မိုးအလင်းကို စောင့်နေကြရင်း စကားပြောနေကြသည် ။
“ဘိုးထင် မင်းက ပညာတွေ ဘာတွေ တက်တယ်လည်းဆိုသေး အဖမ်းခံရေတာ့ ရှေ့ဆုံးကပဲ ပညာလေး ဘာလေးနဲ့ လုပ်ပါလားဟ ”
ဖိုးထွေးသည် သူ၏ ဘေးတွင် ထိုင်နေေသာ မောင်ဘိုးထင်ကို ငဲ့စောင်းကြည့်ကာ စကားဆိုနေချင်းဖြစ်၏ ၊ ဖိုးထွေး၏ စကားကို ကြားသောအခါ မောင်ဘိုးထင်သည် သက်ပျင်းကို ချလိုက်ပြီး
“ခက်တယ်ဗျာ ကျုပ်တို့ ပညာဆိုတာက အစီအရင်သာ အဓိကဗျ အခုချိန် အစီအရင် လုပ်နေလို့က ရတာမှ မဟုတ်တာ ပြီးတော့ ကျုပ်တို့အလုပ်က သရဲတွေ ဘာတွေ မွေးပြီး ခိုင်းစားရတဲ့ အလုပ် ချက်ချင်းကြီး ဝုန်ဒိုင်းဆို ပညာပြလို့ရတာ မဟုတ်ဘူးရယ် ”
“အဲ့လိုလား အဲ့တာဆို မင်းကို အားကိုးလို့ မရဘူးပေါ့ ”
“အားကိုးလို့ ရမလားဗျ တခြားေယာက်ကို အားကိုတယ်ဆိုတာ လူဖျင်းလူညံ့တွေရဲ့ အလုပ် လူတော်လူကောင်းတွေက ကိုယ့်အားကို ကိုယ်ကိုးကြတာ များတယ် ”
“ဟေ့ကောင်ဘိုးထင် ငါက ကိုယ့်အားကိုကိုးတယ်နော်”
ဖိုးထွေးမှအပ ကျန်သူများသည် သူတို့အားသူတို့ကိုးေကြာင်း ပြောလိုက်ကြလေသည် ။ထို့အခါ ဖိုးထွေးသည် မျက်နှာ မသာမယာ နှင့် ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက် လုပ်နေပါလေတော့သည် ။
◾အခန်း-၂
မောင်ဘိုးထင်တို့သည် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ထားကြ၍ လှည်းပေါ်တွင် ခွေခေါက်ပြီး အိပ်ပျော်ကြကုန်၏ ၊ ထို့နောက် လှည်းရံတိုင်ကို တခုခု နှင့် ရိုတ်ပုတ် သည့်အသံကြား၍ ေမာင်ဘိုးထင်တို့ နိုးလာကြသည် ၊ သူတို့ မျက်လုံးကို ဖွင့်ကြည့် လိုက်သောအခါ သူတို့ လှည်းဘေးတွင် မိတ္တဟု အမည်ရသော သဖန်းပိုးရွာသားကြီးဖြစ်နေ၏ ၊မိတ္တသည် မောင်ဘိုးထင်တို့ကို တွေ့သောအခါ အံ့ဩနေဟန်ဖြစ်
“ကောင်လေးတွေ မင်းတို့ မနေ့ ကတည်းက ပြန်သွားကြတာ မဟုတ်လား အခု ဘယ်လိုလုပ်ပြီး ပြန်ရောက်နေတာလဲ ”
“ပြောရရင် တော့ အရှည်ကြီးပဲဗျာ ကျုပ်တို့ ဒီရွာကို ပြန်လာတာ အလုပ် တခုရှိတယ် ”
“ဘာများ လဲကွ ”
“လူပု ခါးကုန်းလေးတွေကို ကျိန်စာတိုက်ထားတဲ့ သဖန်းပိုး ရွာသူကြီးကို ကျိန်စာ ပျက်ပြယ်အောင် လုပ်ခိုင်းမလို့ပါ ”
“ဟေ့ ဟေ့ ကောင်လေးတွေ တိုးတိုးပြော မင်းတို့ ကတော့ နော် ဒီကိစ္စ ငါလည်း မပြောရဲဘူး မင်းတို့ အခု ဘယ်သွားမှာလဲ ”
“ကျုပ် သဖန်းပိုးရွာလူကြီး မစပါယ်ဖြူ အိမ်ပြန်သွားမယ် ”
“ဟကောင်တွေ မင်းတို့မှာ ဘာအစွမ်းအစတွေ အစီအရင်တွေရှိလို့ ဒီလိုကိစ္စတွေလုပ်နေရတာလဲ ကိုယ့်ရွာကိုယ် အေးဆေး ပြန်ကြစမး်ပါ ကိုယ်နဲ့မဆိုင်တာ တွေ ဝင်မပါ ပါနဲ့ ”
“ဟ ဦးကြီး မတရားမှုတွေဖြစ်နေရင် ပါသင့်ပါရမှာပဲ ကိုယ်တဘို့ ပဲ ကြည့်တယ်ဆိုရင် နွားဖြစ်သွားမှာပေါ့ ဗျ”
ဖိုးထွေး၏ စကားကြားသောအခါ မောင်ဘိုးထင်သည် လှည်းဘေးတွင် ချည်ထားသော နွားနှစ်ကောင်အားကြည့်လိုက်သည် ထိုအခါ နွားနှစ်ကောင် အနက် နွားကြီး တကောင်သည် ဖိုးထွေးပြောသော စကားကို သဘောတူပုံ မပေါ်သောေကြာင့် မောင်ဘိုးထင်မှ စကားဆိုလိုက်သည်
“တဘို့ တည်း ကြည့်တာ နွားမဟုတ်ပါဘူးဗျာ နွားတွေ ဆိုတာ သူတို့ အတွက် မဟုတ်ဘူး ကျုပ်တို့ ဘို့ လုပ်ပေးနေတာ နွားနဲ့ မနိုင်းနဲ့ ဗျာ မကြိုက်ဘူး”
“အေးဟုတ်တယ် ဘိုးထင်ပြောတာ မှန်တယ် ငါ့နွားတွေကိုကြည့် သူအတွက် မဟုတ်ဘူး ငါတို့တွေရဲ့ အရှုပ်တွေကို ခြေညောင်းခံပြီး သွားလိုက် ပြန်လိုက်လုပ်နေရတာ ဘယ်မှာ များတဘို့ တည်းသမားလဲ ”
သာရသည်လည်း မောင်ဘိုးထင်ပြောစကားကို ထောက်ခံစကားဆိုပြီး ဖိုးထွေးအား ပြောလိုက်ချင်းဖြစ်သည် ၊ သာအေးနှင့် ပေတူးသည်က ခေါင်းကို တညိတ်ညိတ်လုပ်ပြီး သာရ ပြောစကားကို ခေါင်းညိတ် အသိမှတ်ပြူနေလေရာ ဖိုးထွေး သည် သာရနွားကို ကြည့်ပြီး
“တဘို့ ထဲဆိုတာ ဟောဟိုက ငါ နွားလည်ဘို့ကို ပြောတာနေမှာပါကွာ ထားတော့ အခု ငါတို့ သဖန်းပိုး ရွာလူကြီး ဆီသွားမှာမဟုတ်လား ”
“သွားမယ် ဦးခုတ္တကတို့ မိနေတဲ့ ကျိန်စာတွေကို ပျက်ပျယ်အောင် လုပ်ပေးခိုင်းရမယ် ”
ကျိန်စာကို ပျက်ပျယ်အောင်ကြိုးစားရန် အားကျိုးမာန်တက်ဖြစ်နေသော မောင်ဘိုးထင်တို့အား မိတ္တဆိုသော သဖန်းပိုးရွာသားကြီးသည် ခေါင်းကို အသာအယာ ယမ်းလိုက်ပြီး
“မင်းတို့ သဘောပဲ ငါကတော့ မင်းတို့ကို မကူညီနိုင်ဘူး ကို့အန္တရယ်ကို ကိုယ်ကာကွယ်နိုင်ပါစေကွာ ”
မိတ္တ သည် မောင်ဘိုးထင်တို့ကို နုတ်ဆက်ကာ ထွက်ခွာသွားပြီဖြစ်သည် ၊ ထိုနောက် မောင်ဘိုးထင်တို့သည် လှည်းပေါ်မှ ဆင်းကာ ခြေလက်အညောင်းဆန့်လိုက်ကြ၏ ၊သူတို့သည် မတ်တက်ရပ်နေရင်း သာအေးမှ မောင်ဘိုးထင်ကို ကြည့်ကာစကားဆိုလေသည်
“ဘိုးထင် ငါတို့ ဒီတိုင်းသွားရင်တော့ သေမှာပဲဟ ”
“ဘာလို့ လဲဗျ ”
“ဟို လူစဉ် မမှီတဲ့ သေးသေးလေးတွေတောင် တို့ကို ဖမ်းထားနိုင်ရင် သဖန်းပိုရွာက လူတွေက တို့ကို တန်းဖမ်းပြီးခေါင်းဖြတ်မယ် ထင်တယ် ”
“အဲ့တာတော့ ဟုတ်တယ် ဘိုးထင် ဒါပေမဲ့ သေရင် သေပါစေကွာ ဦးခုတ္တက တို့ ရွာသားတွေကို ကျိန်စာပြယ်အောင်လုပ်ကို လုပ်ေပးမယ် ”
သာရ၏ စိတ်ဓတ်သည်က ပြက်သားလှပေသည် သူ၏ အသက်ကိုပင် ပဓာန မထားပဲ အများကောင်းကျိုးအတွက်ကို အသက်စွန့်ဝံ့သော သူရဲကောင်းတယောက် ဖြစ်နေသည် မဟုတ်ပါလား ။ သာရ နည်းတူ ကျန်သူများလည်း ထိုနည်းအတူဖြစ်သည် ၊ ထို့နောက် မောင်ဘိုးထင်သည် မြေပြင်တွင် တပလ္လင်ခွေထိုင် လိုက်ကာ မြေကြီးကို လက် နှင့်ပုတ်လို့ မန္တန်တပုဒ်ကို ရွတ်လိုက်သည် ၊ မောင်ဘိုးထင်၏ ရုတ်တရက် ထိုသို့ ပြုလုပ်လိုက်ချင်းကြောင့် ကျန်သူများသည် ကြောင်ငေးနေကြ၏ ၊ မောင်ဘိုးထင်သည် အတန်ကြာသည့်အထိ မန္တန်ကို ရွတ်နေ၏ ၊ တနာရီ မျှ ကြာချိန် တွင် ငှက်ကြီးတကောင် အတောင်ပန်ခတ်သည် အသံအတိုင်းသား ကြားလာရပြီး လင်းတ ကြီးတကောင် သူတို့ ဆီ ပျံသန်းလာရာ သာအေး နှင့် ပေတူးသည် လေးခွ ကို ထုတ်ပြီး ပြစ်မည်ဟန် ပြင်လိုက်သည့်အခါ မောင်ဘိုးထင်ထံမှ ဆဲသံ နှင့် အတူ သကောင့်သား နှစ်ေကာက်အား ငေါက်ငမ်းေနပါလေတော့သည်
“ငါ့လခွမး် မင်းမေကြီးတော် ငှက်မြင်တာနဲ့ ပစ်ဖို့ပဲ ချောင်းနေတယ် ဟေ့လူတွေ အဲ့ကောင်တွေကို မပစ်စေနဲ့ ဒါ ကျုပ် အဘ လွှတ်လိုက်တဲ့ သူတွေ ဘာလာပေးတာလဲ မသိဘူး”
“အေးအေး မင်းတို့ နှစ်ကောင်ကလည်း ပြောလည်း ပြော ချင်စရာ ပဲ ”
ဖိုးထွေးသည် သာအေး နှင့် ပေတူးတို့၏ နားရင်းကို တ ယောက် တချက် အုပ်ကာ လေးခွများကို လွယ်အိတ်ထဲ ပြန်ထည့်စေသည် ၊
များမကြာမှီ လင်းတကြီးတေကာင်သည် မောင်ဘိုးထင်တို့ နှင့် ဝါး တရပ်ခန့် အမြင့်ထိ ပျံသန်း လာပြီး မောင်ဘိုးထင်၏ ခေါင်းပေါ်သို့ သူ၏ နုတ်သီးဖြစ် ချီလာသော အရာဝတ္ထု တခုအား ပစ်ချပြီး နောက်ကြောင်းလှည့်၍ ပျံသန်းသွားလေသည် ၊ မောင်ဘိုးထင်သည် အေပါ်သို့ မော့မကြည့် ကျလာသော အရာဝတ္ထုကို လက်ကိုေမြှာက်လို့ဖမ်းဆုပ် လိုက်သည် ၊ မောင်ဘိုးထင် ဖမ်းဆုပ်ထားသော အရာမှာ အစိမ်းရောင် များတောက်နေသည့် မိုးကြိုးစက် တောင်ဝှေး ဖြစ်နေသည် ၊ မောင်ဘိုးထင်၏ လက်ထဲသို့ မိုးကြိူးစက်တောင်ဝှေးရောက် သွားသည့် နှင့် ရုတ်တရက် လေများတိုက်လာကာ ကောင်းကင်ကြီးတွင် ရှင်းရှင်း လင်းလင်း ကြီးနှင့်ကို မိုးများ ထစ်ချုန်းနေလေသည် ၊ ထိုသို့သော အဖြစ်အပျက်ကို မြင်တွေ့နေရသော သာအေးနှင့် ပေတူးသည် တေယာက် မျက်နှာ တေယာက် ကြည်ကာ
“ဘိုးထင်က အစွမး်တော့ ထက်သားဟ ”
“အေးဟုတ်တယ် ”
ခဏကြာသောအခါ လေများပြန် ငြိမ်သွားသလို မိုးလည်း မချုန်းတော့ပေ ၊ ထိုအခါမှ မောင်ဘိုးထင်သည် တပလ္လင် ခွေထိုင်လျက် မိုးကြိုးစက်တောင်ဝှေးကြီးကို လက်တဖက် ဖြစ်မြှောက်ထားရာ သာအေးသည် သူအနားသွားလိုက်ပြီး
“ဟေ့ကောင် လက်ကို အောက်ချတော့ဟ မညောင်းဘူးလား လက်ကြီး မြှောက်ထားတာ ကြာနေပြီ”
သားအေး၏ စကားေကြာင့် ခပ်တည်တည် နေနေသော မောင်ဘိုးထင်သည် အပေါ်ေမြှာက်ထားသော သူ၏ လက်ကို ပြန်ချလိုက်ပြီး လက်မှာကိုင်ထားသော မိုးကြိုးစက် တောင်ဝှေးကို ဘေးသို့ ချကာ မိုးပေါ်မြှောက်ထားသော သူ၏ လက်အား မသိမသာ အညောင်းဆန့်ရင်း
“မညောင်းပါဘူးကွာ မင်းကလည်း အစောက ဘာတွေ ဖြစ်သွားလဲဆိုတာ သိတယ် မဟုတ်လား ”
“သိတယ်ဟေ လင်းတ ငှက်ကြီး ပျံလာတာ လင်းတာ ကြီး မဟုတ်ပဲ ရစ်ကြီး ဆို ကောင်းမှာ ကွာ နေ့လယ်စာရနေလောက်ပြီ”
“ဟာကွာ ဒီကောင်တွေ ကြောင့်လည်း ခက်တယ် ”
မောင်ဘိုးထင်သည် မိုးကြိုးစက် ေတာင်ဝှေးကြီးရပြီးနောက် မြောက်ကြွကြွဖြစ်နေလေသည် ၊ ကျန်သူများလည်း သူ့ကို အားကိုးရတော့မည်မို့ သည်းခံအောင့်အီးနေရသည် ၊ရေသောက်ချင်က သာအေး နှင့် ပေတူးကို ရေခပ်တိုက်ခိုင်းသည်၊ ထို့ေနာက် မောင်ဘိုးထင်သည် လှည်းဆောင်ပန်း ထိပ်မှ နေ၍ မိုးကြိုးစက် တောင်ဝှေးကြီးကို ပုခုံးပေါ် ထမ်းပြီး ရပ်နေသည် ၊ ကျန်သော သူများသည်က နောက်မှာနေ၍ လှည်ည်းပေါ်စီးရင်း သဖန်းပိုးရွာထဲသို့ ဝင်သွားကြပါလေတော့သည ်။
◾အခန်း-၃
သဖန်းပိုးရွာထဲမှ လူများသည် ရွာသူကြီး စပါယ်ဖြူ၏ နှစ်ေဆာင် ပြိုင်အိမ်ကြီးရှိရာ အိမ်ဝိုင်းထဲသို့ စုရုံးရောက်ရှိနေကြသည် ၊ လှည်းထိပ်တွင် အစိမ်းရောင် တောင်ဝှေးကို ထမ်းထားသော လူငယ်လေး နှင့် သူ၏ နောက်တွင် လေးခွများ ဓားများကို ကိုင်ထားသော လူငယ်လေးယောက် တို့အား ရွာသားများမှ စိတ်ဝင်တစား ကြည့်နေကြသည် ၊လှည်ပေါ်မှာ ရှိသော လူငယ်လေးမျာသည် သူတို့ကို သူတို့ ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်များေကြာင့် သဖန်းပိုးရွာသားများ အတော် ကို စိတ်ဝင်စားနေကြသည် သူတို့၏ နုတ်ထွက် စကားမျာေကြာင့် လည်း ပို၍ စိတ်ဝင် စားနေကြချင်းဖြစ်သည် ၊ တောင်ဝှေးကို ထမ်းထားသော ကောင်လေးသည် မောင်ဘိုးထင် ဖြစ်ပြီး သူ၏ နောက်မှ လေးဂွ နှင့် ဓားတို့ကို ကိုင်းထားသော သူများမှာ သာရတို့ပင် ဖြစ်၏ ၊ မောင်ဘိုးထင်သည် နှစ်ဆောင်ပြိုင် အိမ်ကြီးကို ကြည့်ပြီး ချောင်းတချက်ကို ဟန့်လိုက်ကာ
“အဟမး် သဖန်းပိုး ရွာသူကြီး မစပါယ်ဖြူ ကျုပ်တို့ အမကို တောင်းဆိုစရာ ရှိပါတယ် အိမ်ပေါ်က ဆင်းခဲ့ပါ ”
ေမာင်ဘိုးထင် ၏ စကားဆုံးသောအခါ နှစ်ဆောင်ပြိုင် အိမ်ကြီးပေါ်မှာ စပါယ်ဖြူသည် အစိမ်းရောင် နန်းတွင်းသူ အဝတ်အစားကို ဝတ်လျက် မဟာဆန်စွာ အိမ်ပေါ်မှ ဆင်းလာလေသည် ထို့ေနာက် မောင်ဘိုးထင်တို့၏ လှည်းနှင့် မလှမ်းမကမ်းတွင်ရှိေသာ စားပွဲ တန်းလျားတွင် ထိုင်လိုက်ကာ
“ဘယ်သူတွေ များလဲလို့ ဧည့်သည်လေးတွေပဲ ဘယ်လို လုပ်ပြီး ပြန်ေရာက်လာတာ လဲ ”
“ကျုပ် တောင်းဆိုစရာ ရှိလို့ပါ လူပု ခါးကုန်းလေးတွေ ဖြစ်အောင် အမ တိုက်ထားတဲ့ ကျိန်စာကို ဖျက်ပေးပါ သူတို့တွေ သနားပါတယ် ”
“ဟားးး ဟားးးဟားးနင်တို့က ငါကို အဲ့လို စကာပြောရဲတယ်ဟုတ် လားး ”
“အမ ပုံစံကြည့်ရဝာ မဟုတ်တာ လုပ်မဲ့ ပုံမဟုတ်ပါဘူး တရွာလံုးကို ကျိန်စာ တိုက်ထားတာတော့ လွန်တယ် ဗျာ”
“ဒီကလေးတွေ ဘာတွေ လာပြောနေတာလဲ နင်တို့ နဲ့ မဆိုင်တဲ့ ကိစ္စတွေ ဘာလို့ ဝင်ပါချင်ေနတာ လဲ ”
“ဘာလို့ ကျုပ်တို့နဲ့ မဆိုင်ရမှာလဲ မတရားမှုဆိုတာ လူတိုင်းနဲ့ ဆိုင်တယ် မတရားမှုကို ခေါင်းငုံ့ခံလိုက်ရင် တနေ့ကြရင် မတရားမှုက ကျုပ်တို့ဆီ ရောက်မလာဘူးလို့ ခင်ဗျားပြောနိုင်လား ”
“တယ်လည်း စကားတက်တဲ့ ကလေးတွေပါလား နင်တို့က ဘာများ စွမ်းလို့ ငါ့အိမ်ဝိုင်းထဲ နောက်တခေါက် လာဝံ့တာလဲ ”
ထိုအခါ လှည်းဆောင်ပန်းတွင် ရပ်နေသော မောင်ဘိုးထင်သည် သူ၏ပုခုံးပေါ်တင်ထားသော တောင်ဝှေးကြီးကို မိုးပေါ်ထောင်လိုက်ပြီး
“ဟားးး ဟားးး ဟားးး ငါကို ဘာများထင်နေလဲ မိုးကြိုးစက်တောင်ဝှေး အရှင်သခင် ဘိုးထင်တဲ့ ဟေ့ လူလော နတ်လေ ဘာမှ နားမလည်ဘူး ငါ့ကို အံ့တုသူ ပြာကျစေရမယ်”
မောင်ဘိုးထင်သည် သူစိတ်ထဲ ရှိသည်များကို ပါးစပ်းက လွှတ်ခနဲ ထွက်သွားလိုက်ချင်းဖြစ်သည် ။ ထို့နောက် သူ မြှောက်လိုက်သော မိုးကြိုးစက်တောင်ဝှေးသည် နေရောင် နုနု အောက်တွင် စိမ်းလဲ့နေသလို စနေထောင့်မှ မိုးတို့ သည်လည်း မဲနက်လာကာ လျှပ်စီး လျှပ်နွယ်တို့သည်လည်း နေရောင်ရှိသည်ကိုပင် ဖြိုးခနဲ ဖျက်ခနဲလင်းလက်သွားသည် ၊ မိုးထစ်ချုန်းသံသည်လည်း အတော်ကျယ်ကျယ်လောင်လောင် ကြားလာရာ သဖန်းပိုးရွာသူကြီး စပါယ်ဖြူ၏ မျက်နှာ ပျက်သွားသလို ကြောက်စိတ်များလည်း သမ်းလာ၏ ၊သူတို့ လောကတွင် ကြားဖူးသော မိုးကြိုးစက် တောင်ဝှေးပိုင်ရှင် အမှန်ဆိုက သူတို့ ဒူးထောက် ဂါရဝ ပြုရမည်ဖြစ်၏၊ ဖြစ်ပျက်သွားသော အရာများကို ကြည့်ချင်းအား ဖြစ် မိုးကြိုးစက်တောင် ဝှေးဖြစ်ဖို့က များသည် ၊ သူမ၏ စိတ်ထံတွင်တော့ အဘယ်ကြောင့် သိဒ္ဓိဝင် မှော်ပစ္စည်းသည် ဤသို့ကလေးတယောက်၏ လက်ထဲတွင် ရောက်နေရလဲဆိုတာ သူမ မတွေးတက်တော့ပေ ၊ လှည်းပေါ်တွင် ရှိေသာ သာရတို့သည်လည်း မောင်ဘိုးထင်၏ ဟန်ပန် ပုံစံကို ကြည့်ပြီး အတော်ကို အံ့သြနေသည် သူ တောင်းဝှေးမြှောက်ထားသည် နှင့် မိုးများ ထစ်ချုန်းလာရာ အတော်တော့ အံ့ဩဖို့ကောင်းနေသည် ၊ ယခုေတာ့ မောင်ဘိုးထင်ကို ကြည့်ပြီး သဖန်းပိုး ရွာလူကြီးသည် နည်းနည်း တုန်လှုပ် သွားသည်ကို ကြည့်ပြီး သူတို့ စိတ်ထဲတွင် ကြိတ်ဝမ်းသာနေကြသည် ၊ ထို့နောက် သဖန်းပိုး ရွာသူကြီး စပါယ်ဖြူသည် မောင်ဘိုးထင်ကို စူးဆိုက်ကြည့်ကာ
“ဟေ့ ကောင်လေး နင် ဒီတောင် ဝှေးကို ဘယ်က ရတာ လဲ ပြီးတော့ ဒီတောင်ဝှေး နာမည်ကို ဘယ်လိုလုပ်သိတာ လဲ ”
“ဘယ်က ရ ရမှာလဲ ဒါက ကျုပ် တောင်ဝှေးကို ဒီတောင်ဝှေးက အထက်ဝိဇ္ဇာဆရာကြီးတွေ စီရင် ခဲ့တဲ့ တောင်ဝှေး ဒါကျုပ်တောင်ဝှေး ”
“နင်တောင်ဝှေး ဖြစ်ကြောင်း နင် ဘယ်လို သတ်သေပြနိုင်လဲ ပြောစမး် ”
“တယ် ခက်နေပါပြီ ကြည့်ထား ကျုပ်ပြမယ်”
မောင်ဘိုထင်သည် ဟန်ပါပါ နှင့် တောင်ေဝှးကို လက်တဖက် ဖြစ် မိုးပေါ်မြှောက်လိုက်ပြီး
“မိုးကြိုးစက်ေတာင်ဝှေးရဲ့ အရှင်သခင် ဘိုးထင် တဲ့ ဟေ့ ”
မောင်ဘိုးထင်မှ ထိုသို့ အော်ဟစ်လိုက်ရာ နေရောင် ရနေသည်ကိုပင် လျှပ်စီးများ လင်းလက်လာပြီး စနေထောင့်မှ မိုးများအုံ့ဆိုင်း လာကာ မိုးကြိူးပစ်တော့မည်အလား ထစ်ချုန်းလာရာ တချို့သော သဖန်းပိုးရွာသားများသည် ကြောက်လန့်၍ အော်ဟစ်လာကြသည် ၊ ရွာသူကြီး စပါယ်ဖြူကိုယ်တိုင် ကြောက်လန့်ေနသည်မှာ အထင်းသာပေါ်နေသည် ထို့နောက် သဖန်းပိုးရွာလူကြီး စပါယ်ဖြူသည် တန်းလျားတွင် ထိုင်နေရာ မှ ထရပ်လိုက်ပြီး မောင်ဘိုးထင် ၏ မလှမ်း မကမ်းတွင် ဒူးထောက် ထိုင်ချလိုက်ကာ
“ယုံပါပြီး မိုးကြိုးစက်တောင်ဝှေး အရှင်သခင် ကျွန်တော်မျိုးမ ယုံပါ ပြီး ”
မောင်ဘိုးထင်သည် သူ့ကိုယ်သူပင် အံ့ဩနေသည် တောင်ဝှေးကို မိုးပေါ်မြှောက်လိုက်သည့်အခါတိုင်း လျှပ်စီးများ လင်းလက်လာသလို မိုးများတက်လာပြီး မိုးထစ်ချုနး် ချင်းက ဖြစ်ပေါ်လာ၏ ၊ တခါ မဟုတ် နှစ်ခါ မဟုတ် ယခု သုံးကြိမ်ပင် ဖြစ်ပြီမို့ သူလည်း အံ့ဩနေသည် သို့ပေမဲ့ ဟန်ကို့ဖို့ ဆိုသည်အတိုင်း ဟန်နှင့်ပန်နှင့် နေလိုက်ကာ တောင်ဝှေးအား ပုခုံးပေါ်ပြောင်းထမ်းလိုက်မှ မိုးချိုနး်သံများလည်းတိတ်ဆိတ်လို့သွားသည် ၊ သဖန်းပိုးရွာသားများသည်လည်း သူတို့ အလွန် ကြောက်ရသော ရွာသူကြီးပင် မောင်ဘိုးထင်ရှေ့ ဒူးထောက်နေေ လ၍ သူတို့အားလုံးသည်လည်း ဒူးထောက် ထိုင်လိုက်ကြပါလေတော့သည်။
◾အခန်း-၄
သဖန်ပိုးရွာသူကြီးသည် မောင်ဘိုးထင်တို့အား ကောင်းမွန်စွာ ဧည့်ဝတ်ပြု ဧည့်ခံနေသည် ၊ မောင်ဘိုးထင်သည် သူ၏ မိုးကြိုးစက်တောင်ဝှေးအား ထမင်းစားချိန်ကိုပင် ပေါင်ပေါ်တင်ပြီးစားသည့်အထိ မိုးကြိုးစက် တောင်ဝှေးကို ကိုယ်နှင့် မကွာထားလေသည်။၊ ဤသို့ နှင့် ထမင်းစားပြီးသောအခါ အိမ်ရှေ့တန်းလျားတွင်ထိုင်ပြီး စကားစမြည်ပြောလိုက်ကြ၏
“အမ စပါယ်ဖြူ ”
“ပြောပါ မိုးကြိုးစက် အရှင်သခင်’
“ဟာ အဲ့လိုကြီး မခေါ်ပါနဲ့ဗျာ ”
“မိုးကြိုးစက် အရှင်သခင်ကို မလေးမစားမပြုဝံ့ပါ ”
“အမ ရယ် ပြောရခက်လိုက်ပါဘိ ထားပါဗျာ ကျုပ်မေးစရာရှိတယ် ”
“ပြောပါ မိုးကြိုးစက် အရှင်သခင် ”
“ကျုပ်တို့ လူပု ခါးကုန်းလေးတွေကို တိုက်ထားတဲ့ ကျိန်စာကို ပျက်အောင် လုပ်ပေးစေချင်တယ် ”
“အဲ့တာတော့ ကျမ လည်း မတက်နိုင်ဘူး ဒီကိစ္စတွေက အရင် ရွာသူကြီး ဦးဇနိက လုပ်ခဲ့တာပါ ”
“အဲ့ဒီကျိန်စာကို ပျက်ပြယ်အောင် လုပ်နိုင်မဲ့ အရာမရှိဘူးလားအမ ”
“ရှိတော့ ရှိတယ် ဦးဇနိကကို သတ်နိုင်ရင် ကျိန်စာပြယ် ပြီ ”
“ဗျာ လူသတ်ရမယ် ဟုတ်လား”
“လူတော့ မဟုတ်ေတာ့ဘူး ဦးဇနိကက အခု မြွေကြီး အဖြစ်ဝင်စာနေပြီ ကျမတို့ ရဲ့ ရွာအရှေ့ နေ့တဝက် သွားရတဲ့ ခရီးမှာ ကျောက်တောင်ကြီး တေတာင်ရှိပါတယ် အဲ့ေတာင်မှာ ဦးဇနိက ဝင်စားတဲ့ မွေဖြူကြီး ရှိတယ် သူ့ကို သတ်နိုင်ရင် လူပု ခါးကုန်း ကျိန်စာ ပြယ်ပြီ’
မောင်ဘိုးထင် ခေတ္တ တွေးလိုက်ပြီး ကျန်သော ဖိုးထွေးတို့ဘက် လှည့်ကြည့်လိုက်၏ ဖိုးထွေးတို့သည်လည်း သူ့အားခေါင်ပြန်ညိတ်ပြလိုက်ရာ မောင်ဘိုးထင်သည် စပါယ်ဖြူဘက်ပြန်လှည့်ပြီး
“အမ လူပု ခါးကုန်းလေးတွေ ဘာကြောင့် ကျိန်စာမိတယ်ဆိုတာ အမသိလား ”
“အင်း သိတယ် ”
“ဘယ်လို ဖြစ်တာလဲ ဆိုတာ ပြောပြပါဦး”
“မိုးကြိုးစက် တောင်ဝှေး အရှင်သခင် မေးမှတော့ ပြောပြပါမယ် ”
သဖန်းပိုးရွာသူကြီး စပါယ်ဖြူသည် မောင်ဘိုးထင်အား အတော်ကို လေးလေးစားစား။ဆက်ဆံနေသည် ၊ ထို့နောက် စပါယ်ဖြူသည် မောင်ဘိုးထင်ကို ရေနွေးကြမ်းငှဲ့ ပေးရင်း စကားဆက်လေ၏
“ကျမ သိထားတာတော့ ဒီသဖန်းပိုး ရွာရဲ့ အရင် ရွာသူကြီး ရဲ့သားက ကန်ပေါက်ရွာကိုသွားတယ်တဲ့ ပြီးတော့ နတ်နဲ့ ခြိမ်းခြောက်ပြီး အဲ့ ရွာရဲ့ အမြတ်တနိုးထားတဲ့ ကျောက်စိမ်း နတ်ဘုရား ရုပ်တုကို လုတယ်ဆိုပဲ အဲ့တာကို ကန်ပေါက်သားတွေက မကျေနပ်လို့ ဝိုင်းရိုက်တာ အတော်ကို ခံရတာပေါ့ ဦးဇနိကရဲ့ သားက ခါးကုန်းးပြီး လူကလည်း ပုတယ်လေ အဲ့ေတာ့ ကန်ေပါက်သားတွေက ခွေးပစ်တဲ့ တုတ်ေလာက်ကောင်က တို့ကို လာလိမ်ရသလား ချက်စား ပြစ်မယ်ဆိုပြီး အော်ဟစ် ကြိမး်မောင်းပြီး ရိုက်ထုတ်တာပေါ့ အဲ့ ဦးဇနိက ရဲ့ သားလည်း ရွာရောက်ရော ဆုံးသွားတယ် ဆိုပါေတာ့ အဲ့တာ ဦးဇနိက က ကန်ပေါက်ရွာကို သွားပြီး ကျိန်စာတိုက်လိုက်တယ် ကျိန်စာ ကတော့ မိုးကြိုးစက်တောင်ဝှေး အရှင်သခင် သိပြီးသားပါ ကျိန်စာ ပြယ်ချိန်က ဦးဇနိက ရဲ့ နှစ်ဘဝ ဆိုေတာ့ ဦးဇနိက အခုသေ လွန်ပြီး မြွေဖြစ်နေပြီဆိူတော့ ဒီဘဝကသေရင် ကန်ပေါက်သားတွေရဲ့ ကျိန်စာလည်း ပြယ်ပြီ”
“ကန်ပေါက်ရွာဆိုတာ လူပု ခါးကုန်းလေးတွေရဲ့ ရွာလား ”
“ဟုတ်ပါတယ် ”
“မြွေကြီးက အသက် ဘယ်ေလာက်ထိ ရှည်နိုင်လဲ ”
“သူက ရိုးရိုးေမြွ မဟုတ်ဘူး နတ်မြွေလို့ ပြော ရင်ရတယ် ကျမတို့ ငယ်ငယ် ကတည်းကဆိုတော့ ဒီေမြွရဲ့ အသက်က ခန့်မှန်းရ ခက်တယ် ကျမတို့ သေရင်တောင် ဒီမြွေက ရှင်နေဦးမယ် ထင်ပါတယ် ”
“အခုလိုပြောပြလို့ ကျေးဇူးပါ အမ စပါယ်ဖြူ အဲ့တာဆို ကျုပ်တို့ ခဏနေ မြွေရှိရာကို ခရီးဆက်ပါဦးမယ် ”
“မြွေက နတ်မြွေဆိုေတာ့ အတော်ကို အစွမး်ထက်ပါတယ် ဂရုစိုက်ရပါမယ် မိုးကြိုးစက်တောင်ဝှေး အရှင်သခင် ”
မောင်ဘိုးထင် ခေါင်းကို ညိတ်လို့သာ အသိအမှတ်ပြုပြီး သူ၏ အပေါင်းအပါများနှင့် အတူ သဖန်းပိုးရွာထိပ်မှ နေ့တဝက်ခန့်သွားရသော ဦးဇနိက တဖြစ်လဲ မြွေကြီးအား ကျိန်စာ ပြယ် ရန်အလို ငှား သွားရောက်သတ်ဖြတ် ကြတော့မည် ဖြစ်ပါလေတော့သည် ။
◾အခန်း-၅
မောင်ဘိုးထင်တို့သည် နွားလှည်း နှင့်ပင် သဖန်းပိုး ရွာထိပ်မှ လှည်းလမ်းအတိုင်း သွားလိုက်ကြသည် ၊ ဖိုးထွေးတို့သည် မောင်ဘိုးထင်ကို မကြာမကြာ ကြည့်ကြည့်နေ၍ မောင်ဘိုးထင်မှ မေးမြန်းလိုက်လေသည်
“သာအေး မင်းတို့ငါ့ကို ဘာလို့ ကြည့်နေတာလဲ ”
“မင်း ဒီလောက်စွမ်းမယ်မှန်း ငါတကယ်မသိဘူးကွ ဟို သဖန်းပိုး ရွာသူကြီးေတာင် မင်းကို ရိုသေလိုက်တာများကွာ ငါတို့တောင် အားကျတယ် ”
“ဟုတ်တယ် မင်း တကယ်ကို အစွမ်းထက်တာပဲ မိုးတွေ ချူန်းေအာင် မင်းဘယ်လို လုပ်လိုက်တာလဲ ဘိုးထင်”
ဖိုးထွေးပါ သာအေး နှင့် အတူမောင်ဘိုးထင်ကို ချီးကျူးနေ၏ ထိုအခါ မောင်ဘိုထင်သည် ဖိုးထွေးတို့ အား ကြည့်ကာ
“ဒါက ဒီလို ရှိတယ်ဗျ အစွမ်းအစဆိုတာ အမြဲ ထုတ်ပြလို့ ရတဲ့ အရာမှ မဟုတ်တာ ခင်ဗျားတို့သိမလားမသိဘူး ကြောင် လက်သည်ဝှက်တယ်ဆိုတာလေ ကျားတို့ ကြောင်တို့က သူရဲ့သားကောင်ကိုဖမ်းမှ ဝှက်ထားတဲ့ လက်သည်ကို ထုတ်ပြီး ခုတ်တာ မဟုတ်လား”
“အေးဟုတ်တယ်လေ ”
“ကျုပ်လည်း အဲ့သဘောပဲ အရေးကြုံလာမှ ကျုပ်ရဲ့အစွမ်းအစ တွေကို ထုတ်သုံးရတာပေါ့ ”
“အေးကွာ မင်း ရှိနေရင် ဘာဖြစ်ဖြစ် မကြောက်ဘူးကွာ ”
“ဟုတ်တယ် ကျုပ်လည်း ဘိုးထင်ရှိနေရင် ဘယ်လို ဟာမျိုးနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ မကြောက်ဘူး”
မောင်ဘိုးထင်၏ အပေါင်းအသင်းများသည် မောင်ဘိုးထင်အား အေတာ်ကို ယုံကြည်အားကိုနေလေသည် ၊ ထို့နောက် ပေတူးသည် မောင်ဘိုးထင် အား
“ဟေ့ကောင်ဘိုးထင် မင်း မိုးတွေချုန်းအောင် လျှပ်စီးတွေလက်အောင် ဘယ်လို လုပ်လိုက်တာလဲ ဟ ”
“မင်းတို့ သေချာမှတ်ထား ငါဘယ်လို လုပ်လိုက်လဲဆိုတာပြော ပြမယ် ”
“ပြောပြစမ်း ပါသိချင်လို့ ”
“ကျုပ်လည်း ဒီတိုင်းမိုးေပါ် မြှောက်လိုက်တာပဲ ဘယ်လိုဖြစ်ပြီး အဲ့လိုတွေ ဖြစ်လဲ မသိဘူးဗျ”
“ဟာ တောက် …ကိုယ်စီးတဲ့ မြင်းအထီး မှန်းမသိ အမ မှန်းမသိတဲ့ကောင်ပဲ တော်သေးတယ်ဟေ့ ဟိတ်ဟန်က ကောင်းနေလို့ ပေါ့ ”
ဖိုးေထွးတို့၏ မျက်ဝန်းများထဲတွင်တော့ မောင်ဘိုးထင်ကို အထင်ကြီးချင်း မရှိတော့ပါ ထို့အတွက် သာအေး နှင့် ပေတူးသည်လည်း ရေခက်မတိုက်နိုင်တော့ပါ ဤသို့ နှင့် မောင်ဘိုးထင်တို့သည် နတ်မြွေကြီးရှိသော ကျောက်ေတာင်ကြီးဆီသို့ ခရီးဆက်ေနကြပါလေတော့သည်။
◾အခန်း-၆
နေ့လယ် အချိန်တွင် မောင်ဘိုးထင်တို့သည် သစ်ပင်များ ေတာင်ေဘးတွင် အုံ့ဆိုင်းနေသော ကျောက်တောင်ကြီးတတောင်ကို တွေ့လိုက်ရသည် ၊ ထို့ေနာက် နွားများအား လှည်းမှဖြုတ်ကာ သာအေး နှင့် ပေတူးကို ကျောင်းထားခိုင်းလိုက်ပြီး ၊ မောင်ဘိုးထင် ၊သာရ နှင့် ဖိုးထွေးတို့သည် ကျောက်တောင်ကြီး ဆီသို့ သွားလိုက်ကြသည် ၊သာရသည် ပုဆိုးကို ခါးတောင်း ကျိုက်ထားကာ လက်တွင် ကြံခုတ်ဓား။နှင့် ဖြစ်ပြီး ဖိုးထွေးသည်လည်း လှည်းအောက်တွင် ကြိူးဖြစ်ချည်လာသော လေကင်း ဓာကြီး ထမး်ထားကာ မောင်ဘိုးထင်သည်က မိုးကြိုးစက် တောင်ဝှေး နှင့်ဖြစ်သည် ၊ ဖိုးထွေးသည် ဓားကို ထမ်းထားရင်း မောင်ဘိုးထင်ကို စောင်းငဲ့ ကြည့်ကာ စကားဆိုလိုက်သည်
“ဘိုးထင် မင်းမြွေကို ဘယ်လောက် ကြီးကြီး မြင်ဖူးလဲ”
“ကျုပ်ရဲ့ လက်မောင်းေလာက်တော့ မြင်ဖူးတယ်ဗျ ကျုပ်တို့ ငှက်သွားပစ်တုန်းက တွေ့တာ ”
“သာရ မင်းကော ဘယ်လောက်ကြီးတာ မြင်ဘူးလဲ ”
“ငါကေတာ့ ငါ့အဘ စပါးခင်းထဲက လူကြီးပေါင်လုံးလောက်ရှိတဲ့ မြွေကြီး မြင်ဖူးတယ်ကွ ”
“အခု ငါတို့ သတ်ရမဲ့ မြွေက ဘယ်လောက် ရှိနိုင်မယ် လို့ မင်းတို့ ထင်လဲ ”
“အများဆုံးရှိ ကိုသာရ တွေ့ဖူးတဲ့ လူကြီးပေါင်လုံးလောက်ပေါ့ဗျာ ”
“ငါလည်း အဲ့လောက်လို့ထင်တာပဲ ”
“အေးဟုတ်တယ် ငါလည်း အဲ့လောက်ပဲ ထင်တယ် မြွေ အများဆုံးကြီး အဲ့လောက် ပေါ့ ကွာ ”
ဖိုးထွေးတို့ သည် စကားတပြောပြော နှင့် လမ်းလျှောက်နေရာ သစ်ပင် များမပေါက်သော နေရာတွင်တော့ နေက ပူနေပြီဖြစ်သည် ၊ ထို့ေနာက် ဖိုးထွေးသည် မြေပြင်မှာပေါ် နေသော သူတို့ ၏ အရိပ် ကိုကြည့်ရင်း
“ဟေ့ကောင်တွေ ကြည့်စမ်း ဟိုသစ်ပင် ရိပ်ကြီးက ငါတို့ နောက် လိုက်နေသလို ပဲ ”
“အေးဟုတ်တယ် ဗျ ထူးဆန်တယ် ”
ထို့ေနာက် မောင်ဘိုးထင်တို့သည် သစ်ပင် အရိပ်ကြီးဟုထင်နေသာ အရာအား မော့ကြည့်လိုက်ရာ သာရမှ ကိုင်ထားသော ကြံခုတ်ဓားကို လက်မှ လွှတ်ချလိုက်ပြီး
“ဟ လခွမ်း မြွေကြီးဟ ငါထင်တာ လူကြီးပေါင်လုံး လောက်ပါ အခုတော့ ”
“လူကြီး ပေါင်လုံး မဟုတ်ဘူး စာသင်ကျောင်း တိုင်လုံးကြီးလောက်ရှိတယ်ဗျ ”
“တောက်… စကားများမနေနဲ့ တခုခု လုပ်ဦးလေ ”
“ဟ ဘာလုပ်တက်မှာလဲဗျ ကျုပ်ကလည်း တောင်ဝှေးကို မိုးပေါ်ပဲ မြှောက်တက်တာ မြှောက်ရင်လည်းမိုးပဲချုန်းတာ မြှောက်နေတုန်း ဒီဟာကြီးက တန်းမြိုမှ ပြေးဗျာ ပြေး ”
မောင်ဘိုးထင်သည် ပြောပြောဆိုဆို တောင်ဝှေးကြီးကို လက်က ကိုင်ကာ ပြေးလေတော့သည် ၊ မောင်ဘိုးထင် ပြေးသော အခါ သာရ နှင့် ဖိုးထေွးသည်လည်း ပြေးပါလေေတာ့သည် ၊ သူတို့ ပြေးသော နေရာသည်က သာအေး နှင့် ပေတူး နွားကျောင်းနေသော နေရာသို့ ဖြစ်သည် ၊ သာအေးနှင့် ပေတူးသည် သူတို့ အနားပြေးလာသော မောင်ဘိုးထင်တို့အား ငေးကြည့်ရင်း
“ဟေ့ကောင်ဘိုးထင် ဘာလို့ပြေးလာတာလဲ ဟ ”
“နောက် မှမေး မသေချင်ရင်ပြေးဟ ”
မောင်ဘိုးထင်မှ ထိုသို့ ပြောသောအခါ သာအေး နှင့် ပေတူးသည်လည်း ပြေးလိုက်ကြသည် သို့ပေမဲ့ အတန်လှမ်းသေ။ နေရာ ရောက်သောအခါ ပေတူး နှင့် သာအေးသည် ပြေးနေရာမှ ရပ်လိုက်၏ ထိုအခါ မောင်ဘိုးထင်တို့ သုံးယောက်သည် ပေတူး နှင့် သာအေး ဆွဲခေါ်ပြီး ပြေးဖို့ ပြောရာ ပေတူသည် သူတို့ကြိုးချည်ထားသော နွားနှစ်ကောင်ကို လက်ညှိုးထို့ပြလိုက်ပြီး
“ကျုပ်တို့ ပြေးရင် ဟိုနွားတွေက ဘယ်လိုလုပ်မလဲ ကျုပ်တို့ကို ပင်ပင်ပန်းပန်း သယ်ပိုးလာရတဲ့ နွားတွေကလေ ”
မြွေကြီးသည် နွားနှစ်ကောင် အနားတွင် ရပ်ပြီး ပါးပျဉ်းကြီးထောင်ပြီး နွားနှစ်ကောင်အား ကြည့်နေလေရာ နွားနှစ်ကောင်သည် ကြောာက်လန့်လွန်း ၍ ရုန်းကန်နေလေသည် ၊ ထိုအချင်းရာကို ကြည့်ပြီး သာအေး နှင့် ပေတူးမပြေး ပဲ နွားကြီး နှစ်ေကာင် အနားတိုးသွားကြသည် ထို့နောက် သူတို့၏ လွယ်အိတ်ထဲမှ လေးဂွကို ထုတ်ကာ မြွေကြီးအား။ပစ်လေတော့သည် ၊ မြွေဖြူကြီးသည် နွားနှစ်ကောင်ကို ကြည့်နေရာမှ ပေတူး နှင့် သာအေးကို ကြည့်ပြီး တဖြည့်းဖြည်းတိုးလာရာ မောင်ဘိုးထင်သည် သူ၏ မျက်လုံးကို မှိတ်လိုက်၏ ထိုအခါ သူ၏ နားထဲသို့ ဦးအုနး်၏ အသံက ပေါ်လာလေသည်
“ကောင်လေး မင်းဘာလုပ်နေတာလဲ မိုးကြိုးစက်တောင်ဝှေးကို မြှောက်ပြီး တောင်ဝှေးထိပ်နဲ့ မင်းရဲ့ရန်သူကို ထိုးလိုက်”
“အစောက ပြောပေါ့ အဘရယ် ေတာင်ဝှေးကြီးကို ဒီတိုင်းလာချပေးပြီး အခုမှ ပြောရသလား ဟို ကောင်တွေ သေရင် အဘ အပြစ် ”
ဦးအုနး်ရဲ့ စကားသံကို မကြားနိုင်သော ဖိုးထွေး နှင့် သာရသည် မောင်ဘိုးထင်ပြောသည့် စကားကိုပဲ ကြားရ ၍ ရုးများ ရူးသွားပြီးလားဟု ထင်နေပုံ ရှိ၏ ၊ ထို့နောက် မောင်ဘိုးထင်သည် တောင်ဝှေးကို မြှောက်လိုက်ရာ လျှပ်စီးများ လင်းလက်လာပြီး မိုးထစ်ချုန်းသံများေပါ်လာသည် ၊ မောင်ဘိုးထင်သည် သူ၏ မိုးကြိုးစက် တောင်ဝှေးကို အတန်ကြာအောင်ေမြှာက်ထားပြီး တောင်ဝှေး ထိပ် နှင့် မြွေဖြူကြီးအား ညွှန်းပြလိုက်ရာ ၊ ကျယ်လောင်သော မိုးကြိုးပစ်သံ နှင့် အတူ မြွေဖြူကြီး၏ ဦးခေါင်းသည် မြေပြင်သို့ ပြတ်၍ ကျသွားပါလေတော့သည ်။
◾အခန်း-၇
မြွေဖြူကြီး၏ ဦးခေါင်းကို မောင်ဘိုးထင် ခြေထောက် နှင့် နင်းပြီး မိုးကြိုးစက်တောင်ဝှေး စိမ်းကြီးကို ထမ်းထားသည် ၊ ယခု အခါ တွင်တော့ သာအေး နှင့်ပေတူးသည် မောင်ဘိုးထင် အတွက် ရေအသင့် ခပ်ပေးနေပြီး လေးလေးစားစား ပြန်လည် ဆက်ဆံနေ၏ ၊ မောင်ဘိုးထင်သည် မြေွသေကြီးေခါင်းကို နင်းထားရင်းမှ မြေွကြီး၏ ကိုယ်ပိုင်ကြီးကိုကြည့်ပြီး အသားတွေ ဖျက်ယူမည်ဟုပြောနေလေရာ ဖိုးထွေးတို့ ချော့မော့ပြီး တားထားရသည် ၊ ထို့ေနာက် မြွေကြီး လည်း သေပြီမို့ လှည်းကိုကောက်လို့ အပြန်လမ်းခရီးကို စတင်လိုက်လေသည် ၊ မောင်ဘိုးထင်သည် သဖန်းပိုးရွာကို ဝင်သော အခါ သာရ၏ အရှေ့ လှည်းေဆာင်ပန်းတွင် တောင်ဝှေးကြီး ထမ်းပြီး ရပ်နေ၏ ၊ ထိုအခါ သဖန်းပိုး ရွာသားများသည် ၊ သူတို့ မသွားရဲသော ပြန်လမ်းမဲ့ ကျောက်တောင်မှ ပြန်လာသူများအဖြစ် အံ့ဩချီးမွန်းကာ
မိုးကြိုးစက် တောင်ဝှေးအရှင်သခင်လေး အဖြစ် တသသ ဖြစ်နေကြသည် ၊ သဖန်းပိုးရွာသူကြီးသည်လည်း မောင်ဘိုးထင်တို့အား သူ၏ရွာတွင် အနားယူဖို့ပြောသောလည်း ကောင်းမွန်စွာ ငြင်းလိုက်ပြီး လူပု ခါးကုန်း ဦးခုတ္တက အိမ်သို့ လှမ်းလိုက်ကြပါလေတော့သည်။
◾အခန်း-၈
မောင်ဘိူထင်တိူ့ အပြန်ခရီးနှင်လာရာ ညနေ နေစောင်းချိန်တွင်တော့ ဦးခုတ္တက ၏ နေအိမ်သို့ ရောက်ရှိလာပြီဖြစ်သည် ၊ သူတို့ အိမ်ဝိုင်းထဲဝင်ပြီး နွားများကို ဖြုတ်ပြီးသည့်အချိန်ထိ မည်သည့် လူရိပ်လူယောင်မှ မတွေ့ရပေ မောင်ဘိုးထင်တို့ သည် လှည်းအနားတွင်ရပ်နေရင်း ဦးခုတ္တက နှင့် မဝင်္က တို့ မြေးအဖိုးအား စိတ်ပူနေကြသည် ၊ သူတို့ စိတ်ပူနေသည့်အကြောင်းမှာ ကန်ပေါက်ရွာသားများသည် သူတို့အား လွှတ် ပေးလိုက် ရမလားဆိုပြီး ဦးခုတ္တက နှင့် မဝင်္က အား အပြစ်ပေး မှာဆိုးရိမ်နေကြ၏ ၊ထို့ေနာက် မောင်ဘိုးထင်သည် အချင်းချင်း တိုင်ပင် လိုက်ကြပြီး ကန်ပေါက် ရွာကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်စဉ် အိမ်ဝိုင်း ထဲသို့ လူ များ ဝင်လာကြသည် ၊ ထိုသူများကိုတွေ့သော အခါ မောင်ဘိုးထင်တို့ းသည် ကြောင့်ငေးကြည့်နေ၏ ၊ ထိုလူအုပ်ထဲမှာ အသက်ခြောက်ဆယ်ကျော် လူကြီး နှင့် မိန်းမချေားလေးတယောက်သည် မောင်ဘိုးထင်တို့ကို ပြုံးပြီးကြည့်ကာ
“ကောင်ေလးေတွ မင်းငါတို့ကိုမမှတ်မိဘူးလား မင်းတို့ရဲ့ ကျေးဇူးကြောင့် ငါတို့ သာမာန်လူတွေ လို ပြန်ဖြစ်ပြီကွ ဘာလူသားမှ လည်း စားစရမလိုတော့ဘူး ”
“ဒါ ဒါ ဆို ဦးကြိးက ဦးခုတ္တက ပေါ့ ပြီးတော့ ဟိုအမက အမဝင်္ကလား”
“ဟုတ်တယ်လေး မောင်လေး အမက ဝင်္ကလေ ”
“လှချက်ဗျာ ”
ဖိုးထွေး နှင့် သာရသည် လူပု ခါးကုန်း သေးသေး လေးကိုသာ မြင်ဖူးသည်ဖြစ်၍ ယခုလို သာမာန်ပုံစံ ဖြစ်မြင်လိုက်ရသော အခါ ငေးကြည့်နေကြ၏၊ ထို့နောက် မောင်ဘိုးထင်တို့အား ရွာလူကြီးသည် တောင်းပန်စကားဆိုပြီး သူတို့ရွာ ကို လိုက်ခဲ့ဖို့ ဖိတ်ကြားလေသည် ၊ ထိုအခါဘမောင်ဘိုးထင်တို့သည် မလိုက်နိုင်ကြောင်း ကောင်းမွန်စွာငြင်းဆိုရာ ရွာလူကြီး နှင့် ရွာသားများသည် ဦးခုတ္တက အိမ်တွင်သာ အစားအသောက်အများဖြစ်တည်ခင်း ဧည့်ခံနေသည် ၊ မောင်ဘိုးထင်တို့လည်း မငြင်းသာတော့ပဲ ဦးခုတ္ကက အိမ်တွင်သာ အိပ်ဖို့အေကြာင်းဖန်လာလေသည် ထို့နောက် ေမာင်ဘိုးထင်တို့သည် သူတို့၏ ဆန်များ ဆီများအား ကန်ပေါက်ရွာသူရွာသား များအတွက် လက်ေဆာင်ပေးလိုက်ကြသည် ၊ ထို့နောက် ပျော်ရွှင်စွာစားသောက်လိုက်ကြပြီး ဦးခုတ္တက၏ နေအိမ်တွင် ကောင်းမွန်စွာ အိပ်စက် လိုက်ကြပါလေေတာ့သည် ။
◾အခန်း-၉
မောင်ဘိုးထင်တို့ သည် မနက်ဝေလီဝေလင်း ထပြီး အိမ်ပြန်ဖို့ ပြင် ဆင်လိုက်ကြသည် ၊ မဝင်္ကကသည်လည်း မည်သည်အချိန်ကတည်း က ထပြီး ပြင်ဆင်ပေးထားသည် မသိရသော မနက်စာကို စားလိုက်ကြပြီး ဦးခုတ္တက နှင့် မဝင်္ကကို နုတ် ဆက်ပြီး လှည်းကောက်လို့ အပြန်ခရီးကို စတင်လိုက်ကြသည် ၊ သာရ နှင့် ဖိုးထွေးသည် စကားများပြောပြီး လှည်းမောင်းနေပေမဲ့ မောင်ဘိုးထင်တို့ သုံးယောက်သည်က လှည်းနောက်တွင် ပုဆိုးများ ခြုံပြီးကွေးအိပ်နေကြသည် ၊ များမကြာသော အချိန် တွင် ဖိုးထွေးသည် ေမာင်ဘိုးထင်အား ပုခုံးကို ပုတ်ပြီး နိုးလေသည်
“ဘိုးထင် ထ ဦး ”
“အိပ်ချင်နေတယ်ဗျာ ဘာလို့လဲဗျ”
“တို့ လှည်းနဲ့ အပေါ်မှာ လင်းတကြီး နှစ်ကောင် ပျံနေတယ်ဟ ”
“တောင်းဝှေးကို အဘ လာယူခိုင်းတာနေမှာ ပေါ့ ကျုပ်ဘေးမှာရှိတယ် အပေါ်ကို ထောင်ပေးလိုက်ဗျာ”
“အေးပါကွာ မင်းတို့က ပျင်းကို ပျင်းတယ် ”
ဖိုးထွေးသည် မောင်ဘိုးထင်ပြောသလို တောင်ဝှေးအာ ယူပြီး မက်တတ်ရပ်ကာ အပေါ်သို့ထောင်ပေးလိုက်သည် ၊ ဖိုးထွေး တောင်းဝှေးကို ထောင်ပေးလိုက်သည် နှင့် လင်းတ တကောင်သည် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး မိုးကြိုးစက်တောင်ဝှေးအား ကိုက်ချီလို့ အလျင်အမြန် ပြန်ထွက်သွားလေတော့သည် ၊ ထိုလင်းတ များပြန်ထွက်သွားသည် နှင့် အိပ်ပျော်လု ဖြစ်နေသော မောင်ဘိုးထင်၏ နားထဲသို့ ဦးအုနး် ၏ အသံက ပေါ်လာလေတော့သည်။
“ကောင်လေး လူမိုက် ငါတို့ မိုးကြိုးစက်တောင်ဝှေးကို တခြားစုနး်ကဝေ တွေ ယူသွားပြီ မင်တို့ မိုးကြိုးစက် ေတာင်ဝှေး မပါရက် ပြန်မလာနဲ့ ဒါပဲ ”
ေမညင်ဘိုးထင်သည် အိပ်နေရင်း ဦးအုန်း၏ စကားအား အိပ်မက်လား တကယ် လားဟု ထင်နေရင်း ဆက်ပြီး အိပ်လို့ အပြန်ခရီးကို လိုက်ပါလာပါလေေတာ့သည် ။
◾အောက်လမ်း ဘိုးထင် နှင့် ကျိန်စာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် သူခိုး အမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
————————————————————-
◾အခန်း-၁
မောင်ဘိုးထင်တို့သည် ခုတ္တက၏ နေအိမ်တွင် ဆန်များ ဆီများကို လှည်းပေါ်မှ ချကာ ချက်ချင်းသဖန်းပိုးရွာသို့သွားလိုက်လေသည်၊ မောင်ဖိုးထင်တို့သည် သူတို့ နောက်မှ ခါးကုန်း လူပုလေးများ လိုက်လာမလားဟု စိတ်ထဲ တထင့်ထင့် နှင့် ထွက်လာရာ သဖန်းပိုး ရွာ သင်္ချိုင်းလားသို့ ရောက်လာကြသည် ၊ ထို့နောက် သာအေးသည် သဖန်းပိုရွာသင်္ချိုင်းကို ကြည့်ကာ
“ဟုတ်တယ် ဟ ”
“ဘိုးထင် မင်းက ပညာတွေ ဘာတွေ တက်တယ်လည်းဆိုသေး အဖမ်းခံရတော့ ရှေ့ဆုံးကပဲ ပညာလေး ဘာလေးနဲ့ လုပ်ပါလားဟ ”
ဖိုးထွေးသည် သူ၏ ဘေးတွင် ထိုင်နေသော မောင်ဘိုးထင်ကို ငဲ့စောင်းကြည့်ကာ စကားဆိုနေချင်းဖြစ်၏ ၊ ဖိုးထွေး၏ စကားကို ကြားသောအခါ မောင်ဘိုးထင်သည် သက်ပျင်းကို ချလိုက်ပြီး
“အားကိုးလို့ ရမလားဗျ တခြားယောက်ကို အားကိုတယ်ဆိုတာ လူဖျင်းလူညံ့တွေရဲ့ အလုပ် လူတော်လူကောင်းတွေက ကိုယ့်အားကို ကိုယ်ကိုးကြတာ များတယ် ”
◾အခန်း-၂
မောင်ဘိုးထင်တို့သည် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ထားကြ၍ လှည်းပေါ်တွင် ခွေခေါက်ပြီး အိပ်ပျော်ကြကုန်၏ ၊ ထို့နောက် လှည်းရံတိုင်ကို တခုခု နှင့် ရိုတ်ပုတ် သည့်အသံကြား၍ မောင်ဘိုးထင်တို့ နိုးလာကြသည် ၊ သူတို့ မျက်လုံးကို ဖွင့်ကြည့် လိုက်သောအခါ သူတို့ လှည်းဘေးတွင် မိတ္တဟု အမည်ရသော သဖန်းပိုးရွာသားကြီးဖြစ်နေ၏ ၊မိတ္တသည် မောင်ဘိုးထင်တို့ကို တွေ့သောအခါ အံ့ဩနေဟန်ဖြစ်
“ဘာများ လဲကွ ”
“ဟကောင်တွေ မင်းတို့မှာ ဘာအစွမ်းအစတွေ အစီအရင်တွေရှိလို့ ဒီလိုကိစ္စတွေလုပ်နေရတာလဲ ကိုယ့်ရွာကိုယ် အေးဆေး ပြန်ကြစမ်းပါ ကိုယ်နဲ့မဆိုင်တာ တွေ ဝင်မပါ ပါနဲ့ ”
ဖိုးထွေး၏ စကားကြားသောအခါ မောင်ဘိုးထင်သည် လှည်းဘေးတွင် ချည်ထားသော နွားနှစ်ကောင်အားကြည့်လိုက်သည် ထိုအခါ နွားနှစ်ကောင် အနက် နွားကြီး တကောင်သည် ဖိုးထွေးပြောသော စကားကို သဘောတူပုံ မပေါ်သောကြောင့် မောင်ဘိုးထင်မှ စကားဆိုလိုက်သည်
“ဘာလို့ လဲဗျ ”
“အဲ့တာတော့ ဟုတ်တယ် ဘိုးထင် ဒါပေမဲ့ သေရင် သေပါစေကွာ ဦးခုတ္တက တို့ ရွာသားတွေကို ကျိန်စာပြယ်အောင်လုပ်ကို လုပ်ပေးမယ် ”
“ငါ့လခွမ်း မင်းမေကြီးတော် ငှက်မြင်တာနဲ့ ပစ်ဖို့ပဲ ချောင်းနေတယ် ဟေ့လူတွေ အဲ့ကောင်တွေကို မပစ်စေနဲ့ ဒါ ကျုပ် အဘ လွှတ်လိုက်တဲ့ သူတွေ ဘာလာပေးတာလဲ မသိဘူး”
များမကြာမှီ လင်းတကြီးတကောင်သည် မောင်ဘိုးထင်တို့ နှင့် ဝါး တရပ်ခန့် အမြင့်ထိ ပျံသန်း လာပြီး မောင်ဘိုးထင်၏ ခေါင်းပေါ်သို့ သူ၏ နုတ်သီးဖြစ် ချီလာသော အရာဝတ္ထု တခုအား ပစ်ချပြီး နောက်ကြောင်းလှည့်၍ ပျံသန်းသွားလေသည် ၊ မောင်ဘိုးထင်သည် အပေါ်သို့ မော့မကြည့် ကျလာသော အရာဝတ္ထုကို လက်ကိုမြှောက်လို့ဖမ်းဆုပ် လိုက်သည် ၊ မောင်ဘိုးထင် ဖမ်းဆုပ်ထားသော အရာမှာ အစိမ်းရောင် များတောက်နေသည့် မိုးကြိုးစက် တောင်ဝှေး ဖြစ်နေသည် ၊ မောင်ဘိုးထင်၏ လက်ထဲသို့ မိုးကြိုးစက်တောင်ဝှေးရောက် သွားသည့် နှင့် ရုတ်တရက် လေများတိုက်လာကာ ကောင်းကင်ကြီးတွင် ရှင်းရှင်း လင်းလင်း ကြီးနှင့်ကို မိုးများ ထစ်ချုန်းနေလေသည် ၊ ထိုသို့သော အဖြစ်အပျက်ကို မြင်တွေ့နေရသော သာအေးနှင့် ပေတူးသည် တယောက် မျက်နှာ တယောက် ကြည်ကာ
“ဘိုးထင်က အစွမ်းတော့ ထက်သားဟ ”
“အေးဟုတ်တယ် ”
သားအေး၏ စကားကြောင့် ခပ်တည်တည် နေနေသော မောင်ဘိုးထင်သည် အပေါ်မြှောက်ထားသော သူ၏ လက်ကို ပြန်ချလိုက်ပြီး လက်မှာကိုင်ထားသော မိုးကြိုးစက် တောင်ဝှေးကို ဘေးသို့ ချကာ မိုးပေါ်မြှောက်ထားသော သူ၏ လက်အား မသိမသာ အညောင်းဆန့်ရင်း
မောင်ဘိုးထင်သည် မိုးကြိုးစက် တောင်ဝှေးကြီးရပြီးနောက် မြောက်ကြွကြွဖြစ်နေလေသည် ၊ ကျန်သူများလည်း သူ့ကို အားကိုးရတော့မည်မို့ သည်းခံအောင့်အီးနေရသည် ၊ရေသောက်ချင်က သာအေး နှင့် ပေတူးကို ရေခပ်တိုက်ခိုင်းသည်၊ ထို့နောက် မောင်ဘိုးထင်သည် လှည်းဆောင်ပန်း ထိပ်မှ နေ၍ မိုးကြိုးစက် တောင်ဝှေးကြီးကို ပုခုံးပေါ် ထမ်းပြီး ရပ်နေသည် ၊ ကျန်သော သူများသည်က နောက်မှာနေ၍ လှည်ည်းပေါ်စီးရင်း သဖန်းပိုးရွာထဲသို့ ဝင်သွားကြပါလေတော့သည်။
◾အခန်း-၃
သဖန်းပိုးရွာထဲမှ လူများသည် ရွာသူကြီး စပါယ်ဖြူ၏ နှစ်ဆောင် ပြိုင်အိမ်ကြီးရှိရာ အိမ်ဝိုင်းထဲသို့ စုရုံးရောက်ရှိနေကြသည် ၊ လှည်းထိပ်တွင် အစိမ်းရောင် တောင်ဝှေးကို ထမ်းထားသော လူငယ်လေး နှင့် သူ၏ နောက်တွင် လေးခွများ ဓားများကို ကိုင်ထားသော လူငယ်လေးယောက် တို့အား ရွာသားများမှ စိတ်ဝင်တစား ကြည့်နေကြသည် ၊လှည်ပေါ်မှာ ရှိသော လူငယ်လေးမျာသည် သူတို့ကို သူတို့ ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်များကြောင့် သဖန်းပိုးရွာသားများ အတော် ကို စိတ်ဝင်စားနေကြသည် သူတို့၏ နုတ်ထွက် စကားမျာကြောင့် လည်း ပို၍ စိတ်ဝင် စားနေကြချင်းဖြစ်သည် ၊ တောင်ဝှေးကို ထမ်းထားသော ကောင်လေးသည် မောင်ဘိုးထင် ဖြစ်ပြီး သူ၏ နောက်မှ လေးဂွ နှင့် ဓားတို့ကို ကိုင်းထားသော သူများမှာ သာရတို့ပင် ဖြစ်၏ ၊ မောင်ဘိုးထင်သည် နှစ်ဆောင်ပြိုင် အိမ်ကြီးကို ကြည့်ပြီး ချောင်းတချက်ကို ဟန့်လိုက်ကာ
“အဟမ်း သဖန်းပိုး ရွာသူကြီး မစပါယ်ဖြူ ကျုပ်တို့ အမကို တောင်းဆိုစရာ ရှိပါတယ် အိမ်ပေါ်က ဆင်းခဲ့ပါ ”
မောင်ဘိုးထင် ၏ စကားဆုံးသောအခါ နှစ်ဆောင်ပြိုင် အိမ်ကြီးပေါ်မှာ စပါယ်ဖြူသည် အစိမ်းရောင် နန်းတွင်းသူ အဝတ်အစားကို ဝတ်လျက် မဟာဆန်စွာ အိမ်ပေါ်မှ ဆင်းလာလေသည် ထို့နောက် မောင်ဘိုးထင်တို့၏ လှည်းနှင့် မလှမ်းမကမ်းတွင်ရှိသော စားပွဲ တန်းလျားတွင် ထိုင်လိုက်ကာ
“ဘယ်သူတွေ များလဲလို့ ဧည့်သည်လေးတွေပဲ ဘယ်လို လုပ်ပြီး ပြန်ရောက်လာတာ လဲ ”
“အမ ပုံစံကြည့်ရဝာ မဟုတ်တာ လုပ်မဲ့ ပုံမဟုတ်ပါဘူး တရွာလုံးကို ကျိန်စာ တိုက်ထားတာတော့ လွန်တယ် ဗျာ”
“ဒီကလေးတွေ ဘာတွေ လာပြောနေတာလဲ နင်တို့ နဲ့ မဆိုင်တဲ့ ကိစ္စတွေ ဘာလို့ ဝင်ပါချင်နေတာ လဲ ”
“နင်တောင်ဝှေး ဖြစ်ကြောင်း နင် ဘယ်လို သတ်သေပြနိုင်လဲ ပြောစမ်း ”
မောင်ဘိုထင်သည် ဟန်ပါပါ နှင့် တောင်ဝှေးကို လက်တဖက် ဖြစ် မိုးပေါ်မြှောက်လိုက်ပြီး
“မိုးကြိုးစက်တောင်ဝှေးရဲ့ အရှင်သခင် ဘိုးထင် တဲ့ ဟေ့ ”
မောင်ဘိုးထင်မှ ထိုသို့ အော်ဟစ်လိုက်ရာ နေရောင် ရနေသည်ကိုပင် လျှပ်စီးများ လင်းလက်လာပြီး စနေထောင့်မှ မိုးများအုံ့ဆိုင်း လာကာ မိုးကြိုးပစ်တော့မည်အလား ထစ်ချုန်းလာရာ တချို့သော သဖန်းပိုးရွာသားများသည် ကြောက်လန့်၍ အော်ဟစ်လာကြသည် ၊ ရွာသူကြီး စပါယ်ဖြူကိုယ်တိုင် ကြောက်လန့်နေသည်မှာ အထင်းသာပေါ်နေသည် ထို့နောက် သဖန်းပိုးရွာလူကြီး စပါယ်ဖြူသည် တန်းလျားတွင် ထိုင်နေရာ မှ ထရပ်လိုက်ပြီး မောင်ဘိုးထင် ၏ မလှမ်း မကမ်းတွင် ဒူးထောက် ထိုင်ချလိုက်ကာ
မောင်ဘိုးထင်သည် သူ့ကိုယ်သူပင် အံ့ဩနေသည် တောင်ဝှေးကို မိုးပေါ်မြှောက်လိုက်သည့်အခါတိုင်း လျှပ်စီးများ လင်းလက်လာသလို မိုးများတက်လာပြီး မိုးထစ်ချုန်း ချင်းက ဖြစ်ပေါ်လာ၏ ၊ တခါ မဟုတ် နှစ်ခါ မဟုတ် ယခု သုံးကြိမ်ပင် ဖြစ်ပြီမို့ သူလည်း အံ့ဩနေသည် သို့ပေမဲ့ ဟန်ကို့ဖို့ ဆိုသည်အတိုင်း ဟန်နှင့်ပန်နှင့် နေလိုက်ကာ တောင်ဝှေးအား ပုခုံးပေါ်ပြောင်းထမ်းလိုက်မှ မိုးချိုန်းသံများလည်းတိတ်ဆိတ်လို့သွားသည် ၊ သဖန်းပိုးရွာသားများသည်လည်း သူတို့ အလွန် ကြောက်ရသော ရွာသူကြီးပင် မောင်ဘိုးထင်ရှေ့ ဒူးထောက်နေေ လ၍ သူတို့အားလုံးသည်လည်း ဒူးထောက် ထိုင်လိုက်ကြပါလေတော့သည်။
◾အခန်း-၎
“အမ စပါယ်ဖြူ ”
“ဗျာ လူသတ်ရမယ် ဟုတ်လား”
“လူတော့ မဟုတ်တော့ဘူး ဦးဇနိကက အခု မြွေကြီး အဖြစ်ဝင်စာနေပြီ ကျမတို့ ရဲ့ ရွာအရှေ့ နေ့တဝက် သွားရတဲ့ ခရီးမှာ ကျောက်တောင်ကြီး တတောင်ရှိပါတယ် အဲ့တောင်မှာ ဦးဇနိက ဝင်စားတဲ့ မွေဖြူကြီး ရှိတယ် သူ့ကို သတ်နိုင်ရင် လူပု ခါးကုန်း ကျိန်စာ ပြယ်ပြီ’
“အင်း သိတယ် ”
“ကျမ သိထားတာတော့ ဒီသဖန်းပိုး ရွာရဲ့ အရင် ရွာသူကြီး ရဲ့သားက ကန်ပေါက်ရွာကိုသွားတယ်တဲ့ ပြီးတော့ နတ်နဲ့ ခြိမ်းခြောက်ပြီး အဲ့ ရွာရဲ့ အမြတ်တနိုးထားတဲ့ ကျောက်စိမ်း နတ်ဘုရား ရုပ်တုကို လုတယ်ဆိုပဲ အဲ့တာကို ကန်ပေါက်သားတွေက မကျေနပ်လို့ ဝိုင်းရိုက်တာ အတော်ကို ခံရတာပေါ့ ဦးဇနိကရဲ့ သားက ခါးကုန်းးပြီး လူကလည်း ပုတယ်လေ အဲ့တော့ ကန်ပေါက်သားတွေက ခွေးပစ်တဲ့ တုတ်လောက်ကောင်က တို့ကို လာလိမ်ရသလား ချက်စား ပြစ်မယ်ဆိုပြီး အော်ဟစ် ကြိမ်းမောင်းပြီး ရိုက်ထုတ်တာပေါ့ အဲ့ ဦးဇနိက ရဲ့ သားလည်း ရွာရောက်ရော ဆုံးသွားတယ် ဆိုပါတော့ အဲ့တာ ဦးဇနိက က ကန်ပေါက်ရွာကို သွားပြီး ကျိန်စာတိုက်လိုက်တယ် ကျိန်စာ ကတော့ မိုးကြိုးစက်တောင်ဝှေး အရှင်သခင် သိပြီးသားပါ ကျိန်စာ ပြယ်ချိန်က ဦးဇနိက ရဲ့ နှစ်ဘဝ ဆိုတော့ ဦးဇနိက အခုသေ လွန်ပြီး မြွေဖြစ်နေပြီဆိုတော့ ဒီဘဝကသေရင် ကန်ပေါက်သားတွေရဲ့ ကျိန်စာလည်း ပြယ်ပြီ”
“ဟုတ်ပါတယ် ”
“မြွေကြီးက အသက် ဘယ်လောက်ထိ ရှည်နိုင်လဲ ”
“သူက ရိုးရိုးမြွေ မဟုတ်ဘူး နတ်မြွေလို့ ပြော ရင်ရတယ် ကျမတို့ ငယ်ငယ် ကတည်းကဆိုတော့ ဒီမြွေရဲ့ အသက်က ခန့်မှန်းရ ခက်တယ် ကျမတို့ သေရင်တောင် ဒီမြွေက ရှင်နေဦးမယ် ထင်ပါတယ် ”
“မြွေက နတ်မြွေဆိုတော့ အတော်ကို အစွမ်းထက်ပါတယ် ဂရုစိုက်ရပါမယ် မိုးကြိုးစက်တောင်ဝှေး အရှင်သခင် ”
◾အခန်း-၅
“မင်း ဒီလောက်စွမ်းမယ်မှန်း ငါတကယ်မသိဘူးကွ ဟို သဖန်းပိုး ရွာသူကြီးတောင် မင်းကို ရိုသေလိုက်တာများကွာ ငါတို့တောင် အားကျတယ် ”
“ဟုတ်တယ် မင်း တကယ်ကို အစွမ်းထက်တာပဲ မိုးတွေ ချူန်းအောင် မင်းဘယ်လို လုပ်လိုက်တာလဲ ဘိုးထင်”
“အေးဟုတ်တယ်လေ ”
မောင်ဘိုးထင်၏ အပေါင်းအသင်းများသည် မောင်ဘိုးထင်အား အတော်ကို ယုံကြည်အားကိုနေလေသည် ၊ ထို့နောက် ပေတူးသည် မောင်ဘိုးထင် အား
“ကျုပ်လည်း ဒီတိုင်းမိုးပေါ် မြှောက်လိုက်တာပဲ ဘယ်လိုဖြစ်ပြီး အဲ့လိုတွေ ဖြစ်လဲ မသိဘူးဗျ”
ဖိုးထွေးတို့၏ မျက်ဝန်းများထဲတွင်တော့ မောင်ဘိုးထင်ကို အထင်ကြီးချင်း မရှိတော့ပါ ထို့အတွက် သာအေး နှင့် ပေတူးသည်လည်း ရေခက်မတိုက်နိုင်တော့ပါ ဤသို့ နှင့် မောင်ဘိုးထင်တို့သည် နတ်မြွေကြီးရှိသော ကျောက်တောင်ကြီးဆီသို့ ခရီးဆက်နေကြပါလေတော့သည်။
◾အခန်း-၆
နေ့လယ် အချိန်တွင် မောင်ဘိုးထင်တို့သည် သစ်ပင်များ တောင်ဘေးတွင် အုံ့ဆိုင်းနေသော ကျောက်တောင်ကြီးတတောင်ကို တွေ့လိုက်ရသည် ၊ ထို့နောက် နွားများအား လှည်းမှဖြုတ်ကာ သာအေး နှင့် ပေတူးကို ကျောင်းထားခိုင်းလိုက်ပြီး ၊ မောင်ဘိုးထင် ၊သာရ နှင့် ဖိုးထွေးတို့သည် ကျောက်တောင်ကြီး ဆီသို့ သွားလိုက်ကြသည် ၊သာရသည် ပုဆိုးကို ခါးတောင်း ကျိုက်ထားကာ လက်တွင် ကြံခုတ်ဓား။နှင့် ဖြစ်ပြီး ဖိုးထွေးသည်လည်း လှည်းအောက်တွင် ကြိုးဖြစ်ချည်လာသော လေကင်း ဓာကြီး ထမ်းထားကာ မောင်ဘိုးထင်သည်က မိုးကြိုးစက် တောင်ဝှေး နှင့်ဖြစ်သည် ၊ ဖိုးထွေးသည် ဓားကို ထမ်းထားရင်း မောင်ဘိုးထင်ကို စောင်းငဲ့ ကြည့်ကာ စကားဆိုလိုက်သည်
“ကျုပ်ရဲ့ လက်မောင်းလောက်တော့ မြင်ဖူးတယ်ဗျ ကျုပ်တို့ ငှက်သွားပစ်တုန်းက တွေ့တာ ”
“ငါကတော့ ငါ့အဘ စပါးခင်းထဲက လူကြီးပေါင်လုံးလောက်ရှိတဲ့ မြွေကြီး မြင်ဖူးတယ်ကွ ”
ဖိုးထွေးတို့ သည် စကားတပြောပြော နှင့် လမ်းလျှောက်နေရာ သစ်ပင် များမပေါက်သော နေရာတွင်တော့ နေက ပူနေပြီဖြစ်သည် ၊ ထို့နောက် ဖိုးထွေးသည် မြေပြင်မှာပေါ် နေသော သူတို့ ၏ အရိပ် ကိုကြည့်ရင်း
ထို့နောက် မောင်ဘိုးထင်တို့သည် သစ်ပင် အရိပ်ကြီးဟုထင်နေသာ အရာအား မော့ကြည့်လိုက်ရာ သာရမှ ကိုင်ထားသော ကြံခုတ်ဓားကို လက်မှ လွှတ်ချလိုက်ပြီး
မောင်ဘိုးထင်သည် ပြောပြောဆိုဆို တောင်ဝှေးကြီးကို လက်က ကိုင်ကာ ပြေးလေတော့သည် ၊ မောင်ဘိုးထင် ပြေးသော အခါ သာရ နှင့် ဖိုးထွေးသည်လည်း ပြေးပါလေတော့သည် ၊ သူတို့ ပြေးသော နေရာသည်က သာအေး နှင့် ပေတူး နွားကျောင်းနေသော နေရာသို့ ဖြစ်သည် ၊ သာအေးနှင့် ပေတူးသည် သူတို့ အနားပြေးလာသော မောင်ဘိုးထင်တို့အား ငေးကြည့်ရင်း
မြွေကြီးသည် နွားနှစ်ကောင် အနားတွင် ရပ်ပြီး ပါးပျဉ်းကြီးထောင်ပြီး နွားနှစ်ကောင်အား ကြည့်နေလေရာ နွားနှစ်ကောင်သည် ကြောာက်လန့်လွန်း ၍ ရုန်းကန်နေလေသည် ၊ ထိုအချင်းရာကို ကြည့်ပြီး သာအေး နှင့် ပေတူးမပြေး ပဲ နွားကြီး နှစ်ကောင် အနားတိုးသွားကြသည် ထို့နောက် သူတို့၏ လွယ်အိတ်ထဲမှ လေးဂွကို ထုတ်ကာ မြွေကြီးအား။ပစ်လေတော့သည် ၊ မြွေဖြူကြီးသည် နွားနှစ်ကောင်ကို ကြည့်နေရာမှ ပေတူး နှင့် သာအေးကို ကြည့်ပြီး တဖြည့်းဖြည်းတိုးလာရာ မောင်ဘိုးထင်သည် သူ၏ မျက်လုံးကို မှိတ်လိုက်၏ ထိုအခါ သူ၏ နားထဲသို့ ဦးအုန်း၏ အသံက ပေါ်လာလေသည်
“အစောက ပြောပေါ့ အဘရယ် တောင်ဝှေးကြီးကို ဒီတိုင်းလာချပေးပြီး အခုမှ ပြောရသလား ဟို ကောင်တွေ သေရင် အဘ အပြစ် ”
ဦးအုန်းရဲ့ စကားသံကို မကြားနိုင်သော ဖိုးထွေး နှင့် သာရသည် မောင်ဘိုးထင်ပြောသည့် စကားကိုပဲ ကြားရ ၍ ရုးများ ရူးသွားပြီးလားဟု ထင်နေပုံ ရှိ၏ ၊ ထို့နောက် မောင်ဘိုးထင်သည် တောင်ဝှေးကို မြှောက်လိုက်ရာ လျှပ်စီးများ လင်းလက်လာပြီး မိုးထစ်ချုန်းသံများပေါ်လာသည် ၊ မောင်ဘိုးထင်သည် သူ၏ မိုးကြိုးစက် တောင်ဝှေးကို အတန်ကြာအောင်မြှောက်ထားပြီး တောင်ဝှေး ထိပ် နှင့် မြွေဖြူကြီးအား ညွှန်းပြလိုက်ရာ ၊ ကျယ်လောင်သော မိုးကြိုးပစ်သံ နှင့် အတူ မြွေဖြူကြီး၏ ဦးခေါင်းသည် မြေပြင်သို့ ပြတ်၍ ကျသွားပါလေတော့သည်။
◾အခန်း-၇
မြွေဖြူကြီး၏ ဦးခေါင်းကို မောင်ဘိုးထင် ခြေထောက် နှင့် နင်းပြီး မိုးကြိုးစက်တောင်ဝှေး စိမ်းကြီးကို ထမ်းထားသည် ၊ ယခု အခါ တွင်တော့ သာအေး နှင့်ပေတူးသည် မောင်ဘိုးထင် အတွက် ရေအသင့် ခပ်ပေးနေပြီး လေးလေးစားစား ပြန်လည် ဆက်ဆံနေ၏ ၊ မောင်ဘိုးထင်သည် မြွေသေကြီးခေါင်းကို နင်းထားရင်းမှ မြွေကြီး၏ ကိုယ်ပိုင်ကြီးကိုကြည့်ပြီး အသားတွေ ဖျက်ယူမည်ဟုပြောနေလေရာ ဖိုးထွေးတို့ ချော့မော့ပြီး တားထားရသည် ၊ ထို့နောက် မြွေကြီး လည်း သေပြီမို့ လှည်းကိုကောက်လို့ အပြန်လမ်းခရီးကို စတင်လိုက်လေသည် ၊ မောင်ဘိုးထင်သည် သဖန်းပိုးရွာကို ဝင်သော အခါ သာရ၏ အရှေ့ လှည်းဆောင်ပန်းတွင် တောင်ဝှေးကြီး ထမ်းပြီး ရပ်နေ၏ ၊ ထိုအခါ သဖန်းပိုး ရွာသားများသည် ၊ သူတို့ မသွားရဲသော ပြန်လမ်းမဲ့ ကျောက်တောင်မှ ပြန်လာသူများအဖြစ် အံ့ဩချီးမွန်းကာ
◾အခန်း-၈
မောင်ဘိုထင်တို့ အပြန်ခရီးနှင်လာရာ ညနေ နေစောင်းချိန်တွင်တော့ ဦးခုတ္တက ၏ နေအိမ်သို့ ရောက်ရှိလာပြီဖြစ်သည် ၊ သူတို့ အိမ်ဝိုင်းထဲဝင်ပြီး နွားများကို ဖြုတ်ပြီးသည့်အချိန်ထိ မည်သည့် လူရိပ်လူယောင်မှ မတွေ့ရပေ မောင်ဘိုးထင်တို့ သည် လှည်းအနားတွင်ရပ်နေရင်း ဦးခုတ္တက နှင့် မဝင်္က တို့ မြေးအဖိုးအား စိတ်ပူနေကြသည် ၊ သူတို့ စိတ်ပူနေသည့်အကြောင်းမှာ ကန်ပေါက်ရွာသားများသည် သူတို့အား လွှတ် ပေးလိုက် ရမလားဆိုပြီး ဦးခုတ္တက နှင့် မဝင်္က အား အပြစ်ပေး မှာဆိုးရိမ်နေကြ၏ ၊ထို့နောက် မောင်ဘိုးထင်သည် အချင်းချင်း တိုင်ပင် လိုက်ကြပြီး ကန်ပေါက် ရွာကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်စဉ် အိမ်ဝိုင်း ထဲသို့ လူ များ ဝင်လာကြသည် ၊ ထိုသူများကိုတွေ့သော အခါ မောင်ဘိုးထင်တို့းသည် ကြောင့်ငေးကြည့်နေ၏ ၊ ထိုလူအုပ်ထဲမှာ အသက်ခြောက်ဆယ်ကျော် လူကြီး နှင့် မိန်းမချေားလေးတယောက်သည် မောင်ဘိုးထင်တို့ကို ပြုံးပြီးကြည့်ကာ
“ကောင်လေးတွေ မင်းငါတို့ကိုမမှတ်မိဘူးလား မင်းတို့ရဲ့ ကျေးဇူးကြောင့် ငါတို့ သာမာန်လူတွေ လို ပြန်ဖြစ်ပြီကွ ဘာလူသားမှ လည်း စားစရမလိုတော့ဘူး ”
“လှချက်ဗျာ ”
ဖိုးထွေး နှင့် သာရသည် လူပု ခါးကုန်း သေးသေး လေးကိုသာ မြင်ဖူးသည်ဖြစ်၍ ယခုလို သာမာန်ပုံစံ ဖြစ်မြင်လိုက်ရသော အခါ ငေးကြည့်နေကြ၏၊ ထို့နောက် မောင်ဘိုးထင်တို့အား ရွာလူကြီးသည် တောင်းပန်စကားဆိုပြီး သူတို့ရွာ ကို လိုက်ခဲ့ဖို့ ဖိတ်ကြားလေသည် ၊ ထိုအခါဘမောင်ဘိုးထင်တို့သည် မလိုက်နိုင်ကြောင်း ကောင်းမွန်စွာငြင်းဆိုရာ ရွာလူကြီး နှင့် ရွာသားများသည် ဦးခုတ္တက အိမ်တွင်သာ အစားအသောက်အများဖြစ်တည်ခင်း ဧည့်ခံနေသည် ၊ မောင်ဘိုးထင်တို့လည်း မငြင်းသာတော့ပဲ ဦးခုတ္ကက အိမ်တွင်သာ အိပ်ဖို့အကြောင်းဖန်လာလေသည် ထို့နောက် မောင်ဘိုးထင်တို့သည် သူတို့၏ ဆန်များ ဆီများအား ကန်ပေါက်ရွာသူရွာသား များအတွက် လက်ဆောင်ပေးလိုက်ကြသည် ၊ ထို့နောက် ပျော်ရွှင်စွာစားသောက်လိုက်ကြပြီး ဦးခုတ္တက၏ နေအိမ်တွင် ကောင်းမွန်စွာ အိပ်စက် လိုက်ကြပါလေတော့သည် ။
◾အခန်း-၉
မောင်ဘိုးထင်တို့ သည် မနက်ဝေလီဝေလင်း ထပြီး အိမ်ပြန်ဖို့ ပြင် ဆင်လိုက်ကြသည် ၊ မဝင်္ကကသည်လည်း မည်သည်အချိန်ကတည်း က ထပြီး ပြင်ဆင်ပေးထားသည် မသိရသော မနက်စာကို စားလိုက်ကြပြီး ဦးခုတ္တက နှင့် မဝင်္ကကို နုတ် ဆက်ပြီး လှည်းကောက်လို့ အပြန်ခရီးကို စတင်လိုက်ကြသည် ၊ သာရ နှင့် ဖိုးထွေးသည် စကားများပြောပြီး လှည်းမောင်းနေပေမဲ့ မောင်ဘိုးထင်တို့ သုံးယောက်သည်က လှည်းနောက်တွင် ပုဆိုးများ ခြုံပြီးကွေးအိပ်နေကြသည် ၊ များမကြာသော အချိန် တွင် ဖိုးထွေးသည် မောင်ဘိုးထင်အား ပုခုံးကို ပုတ်ပြီး နိုးလေသည်
“ဘိုးထင် ထ ဦး ”
ဖိုးထွေးသည် မောင်ဘိုးထင်ပြောသလို တောင်ဝှေးအာ ယူပြီး မက်တတ်ရပ်ကာ အပေါ်သို့ထောင်ပေးလိုက်သည် ၊ ဖိုးထွေး တောင်းဝှေးကို ထောင်ပေးလိုက်သည် နှင့် လင်းတ တကောင်သည် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး မိုးကြိုးစက်တောင်ဝှေးအား ကိုက်ချီလို့ အလျင်အမြန် ပြန်ထွက်သွားလေတော့သည် ၊ ထိုလင်းတ များပြန်ထွက်သွားသည် နှင့် အိပ်ပျော်လု ဖြစ်နေသော မောင်ဘိုးထင်၏ နားထဲသို့ ဦးအုန်း ၏ အသံက ပေါ်လာလေတော့သည်။
“ကောင်လေး လူမိုက် ငါတို့ မိုးကြိုးစက်တောင်ဝှေးကို တခြားစုန်းကဝေ တွေ ယူသွားပြီ မင်တို့ မိုးကြိုးစက် တောင်ဝှေး မပါရက် ပြန်မလာနဲ့ ဒါပဲ ”
မေညင်ဘိုးထင်သည် အိပ်နေရင်း ဦးအုန်း၏ စကားအား အိပ်မက်လား တကယ် လားဟု ထင်နေရင်း ဆက်ပြီး အိပ်လို့ အပြန်ခရီးကို လိုက်ပါလာပါလေတော့သည် ။
📝မောင်တင်ဆန်း
#mgtinsan