” အောက်လမ်းဘိုးထင် နှင့် နယ်ပိုင်ကဝေ “(စ/ဆုံး)
Unicode Version
” အောက်လမ်းဘိုးထင် နှင့် နယ်ပိုင်ကဝေ “(စ/ဆုံး)
———————————————————-
(၂၉)
◾အခန်း-၁
မောင်ဘိုးထင်တို့သည် ပေပင်ရွာသို့ ပြန်ရောက်ရောက်ချင်း သူ၏ တောင်ဝှေးကို ခိုးထားသော မကြီး နှင့် မလေးအိမ်သို့လှည်းကို တန်းပြီး မောင်းဝင်သွားလိုက်သည်၊ အိမ်ဝိုင်းထဲသို့လှည်းရောက်သည်နှင့် မောင်ဘိုးထင်သည် လှည်းပါ်မှ ခုန်ချကာ အိမ်ထဲသို့ မဝင်ခင်အထိ မကြီး နှင့် မလေးအား တကြော်ကြော် အော်ကာ အိမ်ထဲဝင်သွားလေသည်။
“လေးမကြီး လေးမလေး ”
“ဟဲ့ ဘိုးထင် လူစုံတက်စုံ ပါလား ဘာများဖြစ်လို့လဲ ကွဲ့”
“ဘာဖြစ်ရမှာလဲ အရီးရွှေမိရယ် အရီးရဲ့ သမီးနှစ်ယောက်က ကျုပ်ရဲ့ တောင်ဝှေးကြီးကို ခိုးသွားလို့ ဗျ”
“ကဲ ဒီ အရူးမ နှစ်‌ေယာက်က နင့် တောင်ဝှေးခိုးပြီး ဘာလုပ်တာတုန်း ငါ့အိမ်မှာလည်း တောင်ဝှေးတွေ ပေါ်မှ ပေါ်ပါပဲ ဒီအရူး မ နှစ်ယောက်နဲ့တော့ ခက်ပါတယ် ”
မောင်ဘိုးထင်တို့ ဘာပြောရမယ်မှန်း မသိအောင် အရီး ရွှေမိကို ငေးကြည့်နေမိသည် ၊ ရှင်းပြရင်လည်း ရှုပ်နေမည်မို့ ‌‌ေမာင်ဘိုးထင် နှင့် အတူတူ ယှဉ်ရပ် နေသော ပေတူးသည် အရီးရွှေမိကိုကြည့်ကာ
“အရီးရဲ့ သမီးတွေ အိမ်မှာ ရှိလား ”
“အဲ့ မသာမတွေကို နှင်ချထားတာ ငါ့နွား နှစ်ကောင်ဆုံးပြီးကတည်းက ဒင်းတို့ကို အိမ်မှာ မနေခိုင်းဘူး ငါနွားနှစ်ကောင် ပြန်ရမှ အိမ်ပြန်လာလို့ ပြောထားတာ ”
အရီးရွှေမိသည် မောင်ဘိုထင်တို့ကို သေချာကြည့်ပြီးပြောသောကြောင့် ။ အိုးမလုံသော မောင်ဘိုးထင်တို့သည် အရီး ရွှေမိကို အမြန် နုတ်ဆက်ကာ လှည်းပေါ် အမြန်တက်ပြီး အရီးရွှေမ် အိမ်ဝိုင်းထဲမှ မောင်းထွက် လိုက်ကြလေသည် ၊ မြန်မြန် မသွားလို့က မဖြစ်ပေ အရီးရွှေမိရဲ့ နွားတရှဉ်းကို ရောင်းပြီး ဖဲရိုက်စဉ်က အတူပါသွားသူမှာ သူတို့မဟုတ်ပါလား ဤသို့ ဖြစ်မောင်ဘိုးထင်တို့သည် သူတို့၏ အိမ်များသို့ ပြန်လိုက်ကြပြီး ဦးအုန်း၏ အိမ်တွင် ညနေ ပြန်စုရန် သဘောတူလိုက်ကြပါလေတော့သည် ။
◾အခန်း-၂
မောင်ဘိုးထင်သည် အိမ်သို့ ကုပ်ချောင်းချောင်း နှင့် ဝင်လာစဉ် အိမ်ရှေ့တန်းလျားတွင် ထိုင်သော ဦးအုနး်မှ ချောင်း သံ တချက် ပေးလိုက်ကာ
*အဟမ်း ကောင်လေး မိုးကြိုးစက် တောင်ဝှေး ပြန်ရခဲ့လား ”
“ဟို ဟိုလေ မရသေးပါဘူး”
“မင်း ကွာ ငါရဲ့ တန်ဖိုးရှိလှတဲ့ မိုးကြိုး စက်တောင်ဝှေးလေးကို မှ ဖျောက်ပြစ်ရတယ်လို့ကွာ ”
“အတော် ပင်ပန်းသွားလို့ပါ အဘရာ ”
ဦးအုန်းသည် မည်သည့်စကားမှ မပြော ရေနွေး တခွက်ကို သောက်နေစဉ် အိမ်ဝိုင်းဝ မှ ဘကြီးမြ၏ အော်ခေါ်သံက ထွက်လာလေသည်
“ငအုန်း ဟေ့ငအုန်း “,
“ဘကြီးမြ လာလေ အဘရှိတယ် ”
ဦးအုနး်သည် ဘကြီးမြ အသံ ကြားသော အခါမျက်နှာအနည်းငယ် ပျက်နေလေသည် ၊ ဘကြီးမြသည် မောင်ဘိုးထင်ကို တွေ့ သောအခါ ပြုံးပြပြီး
“ငါတောင်းပန်ပါတယ် ဘိုးထင်ရာ ငါမကောင်းတာပါ ”
“ဘာဖြစ်လို့ လဲ ဗျ ”
“ဟို အပျိုကြီး နှစ်ယောက်က ငါ့ကို အမြည်းကောင်းကောင်း နဲ့ အရက် လာတိုက်တယ်ကွာ ဘာလဲ ဖဲရိုက်တာ နိုင်လို့ လူကြီးသူမ တွေကို ကန်တော့တာ ဆိုပဲကွ ”
“ကန်တော့တာက အရက်နဲ့လားဗျ”
“အေးကွာ ငါကလည်း အ တာပါ သူတို့ကို ရိုးရိုး ထင်နေတာ အဲ့တာ နဲ့ ငါတ‌ေယာက်ထဲ တော့ မသောက်ပါရစေနဲ့ ငအုန်း နဲ့ ဆို ရင် အဆင်ပြေမယ် လို့ ပြောပြီး ငအုန်းကို အဖော်ညှိမိတယ်ကွာ ”
“,ကိုမြ တော်တော့ ဗျာ ဘာတွေပြောနေတာလဲ ”
‌ဦးအုန်းသည် ဘကြီးမြအား ဟန်တားနေပေမဲ့ မောင်ဘိုးထင်မှ ဆက်ပြောဖို့ မျက်ရိပ် မျက်ခြေ ပြလိုက်ရာ ဆက်ပြီး စကားဆိုလေသည် ။
“ငါတို့ အကြောင်းလည်း မင်းအသိပဲ တူတူ အရက်‌ေသာက်ရင် အမှောက် သောက်တာ ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ကို မသိတာ ”
“အဲ့တော့ ဘာဆက်ဖြစ် လဲ ဘကြီး ”
“ဘာဖြစ်ရမှာလဲ ငါ နဲ့ မင်းအဘ မူနေချိန် ဟို မသာမလေး နှစ်ယောက်က မင်းအဘကို မိုးကြိုးစက် တောင်ဝှေးအကြောင်းမေးပြီး မင်းတို့ ဆီကနေ လာ သုတ်သွားတာ ပဲ ”
“ဩော်…သိပြီ သီပြီ ”
ထို့‌ေနာက် မောင်ဘိုးထင် သည် ဦးအုန်း အနားသွားကာ
“ဘာတဲ့ မိုးကြီးစက်တောင်ဝှေး မရရင် ပြန်မလာနဲ့ ဟုတ်လား ”
“ဟာ ငါက စတာပါကွာ မင်းကလည်း ငါမင်းလာမယ် ထင်လို့ ဟင်းကောင်းကောင်းချက်ထား တယ် သွားစားလိုက်ဦး ပြီးမှ လုပ်စရာ ရှိတာ လုပ်ပေါ့ကွာ ”
“ဘာဟင်း ချက်ထားတာလဲ ”
“အမဲသား ”
မောင်ဘိုးထင်သည် ဦးအုန်းကို စူးစိုက်ကြည့်နေလေရာ ဦးအုန်း မလုံ မလဲ နှင့် ဘကြီးမြအား ရေနွေးသောက်ရန် ခေါ်နေပါလေတော့သည် ။
◾အခန်း-၃
ညနေအချိန်တွင် ဖြစ်သည် ၊ ဦးအုနး်၏ အိမ်သို့ ဖိုးထွေး နှင့်သာရ ပြီးနောက် ပေတူးနှင့် သာအေးတို့ ရောက်ရှိနေပြီဖြစ်သည် ၊ ‌သူတို့ ရောက်လာသောအခါ မောင်ဘိုးထင်သည် ‌ဦးအုန်းကို ကြည့်ပြီး တိုးတိုး လိုက်ပြောနေလေရာ တန်းလျားတွင် ထိုင်နေသော ဦးအုန်း မနေတက် မထိုင်တက် ဖြစ်‌ေနရသည် ၊ ထို့နောက် ဦးအုနး်သည် မောင်ဘိုးထင်ကို ကြည့်ကာ
“ကောင်လေး မင်း ဟိုကောင်တွေကို ငါ့အတင်း ဘာလို့ လိုက်ပြောနေတာလဲ ”
“,ဟာ မပြောပါဘူး အဘရ ”
“ဟေ့ကောင် မင်းမပြောရင်း အဲ့ ကောင်တွေက ငါ့ကို ကြည့်ကြည့်နေမလား မင်း အတင်းပြောလို့ပေါ့ကွ ”
“မပြောရပါဘူးဗျာ မယုံရင် ကိုဖိုးထွေးတို့ကို မေးကြည့်ပါလား”
မောင်ဘိုးထင်သည် ဖိုးထွေးအား မေးငေါ့ပြပြီး ဦးအုနး်အားစကားဆိုလိုက်၏ ၊ထိုအခါ ဖိုးထွေးသည် ဦးအုန်းကိုကြည့်ပြီး
“ဟုတ်ပါတယ် ဘိုးထင်‌ေပြာတာက ကျုပ်တို့ မနက်ဖြန် ရေအိုးစင် ရွာကို သွားကြမယ်လို့ပြောတာပါဗျ “,
“အဲ့တာကို အဲ့ကောင်က ဘာလို့ တိုးတိုး တိုးတိုး လိုက်ပြော‌ေနတာလဲ ဒီကောင် ငါ့အတင်း လိုက်ပြောနေတာ နေမှာပါကွာ”
“‌ခက်ပြီ ဦးအုန်းရာ တကယ်မပြောပါဘူးဆို ဦးအုန်းက ဘာဖြစ်နေတာလဲ ကြည့်ရတာ တမျိူပဲ ”
“ဟာ ဘာမှ မဖြစ်ပါဘူးကွာ မင်းတို့ကလည်း”
“တခုခု တော် ဖြစ်နေပါတယ် ဦးအုန်းရာ ဦးအုန်းကို ကြည့်ရတာ တခုခု ဖြစ်နေသလိုပဲ ”
“ဘာမှ မဖြစ်ပါဘူးကွာ မင်းတို့ တိုင်းမင်းတို့ စကားပြောကြ ငါအိမ်ပေါ်တက်လိုက်ဦးမယ် သွားမှာ လာ မှ ငွေလိုအပ်ရင် ငါ့ပြော ‌ဘာလိုလို ငါ့ပြောကွာ နော် ့ ”
“ဦးအုန်း အတော်ကို သဘောကောင်းနေပါလား ဘာလဲ ထီပေါက်ထားတာလား ”
“မဟုတ်ပါဘူးကွာ မင်းတို့ကို စေတနာ ရှိလို့ပါ ”
“ထူးထူး ဆန်းဆန်း ကျုပ်တို့ကို စေတနာရှိတယ် ဟုတ် လား”
“မင်းတို့ကလည်း ကွာ ငါ သွားပြီ”
‌ဖိုးထွေးတို့သည် သဘောအရမ်း ကောင်းနေသော ဦးအုနး်ကို ကြည့်ပြီး အတော်ထူးဆန်းသလို ဖြစ်နေသည် ၊ မောင်ဘိုးထင်သည်က အကျိုး အကြောင်း သိနေသည် မို့ ဘာမှ မပြော ဦးအုနး်ကို သာ ကြည့်နေလေရာ ၊ ဦး အုန်းတယောက် အိမ် ပေါ် တက်သည် အထိ မောင်ဘိုးထင်အား ကွက်ကြည့် ကွက်ကြည့်လုပ်နေပါလေတော့သည် ။
◾အခန်း-၄
မောင်ဘိုးထင်တို့သည် ဖိုးထွေး နှင့် သာရကို အနား‌ေပးလိုက်ကာ မောင်ဘိုးထင် ၊သာအေး နှင့် ပေတူးတို့ ရေအိုးစင် ရွာသို့ ထွက်လာသည် ၊ ရေအိုးစင်ရွာသို့ ရောက်သော အခါ သူတို့သည် ပန်းချီငို အိမ်သို့ သွားလိုက်ကြသည် ၊ ပန်းချီငိုသည် မောင်ဘိုးထင်တို့ကို တွေ့သည့်အခါ သူ၏ ပြုံးမှန်း မသိ မဲ့မှန်းမသိ မျက်နှ။ ရုပ်သွင် နှင့် စကားဆိုလေသည်
“ထူးထူး ဆန်းဆန်း ပေပင်ရွာက ငမွေထိုးလေးတွေပါလားကွ လာကြ လာကြ ”
“ကိုပန်းချီငိုရာ ဘယ်လိုကြီး ပြောလိုက်တာ တုန်းဗျ ”
“အေး မင်းတို့ရွာ ငါလာဦးမလို့ အခု‌ေတာ့ မင်းတို့ လာတာနဲ့ အဆင်ပြေသွားပြီ “,
“ဘာဖြစ်လို့ တုနး်ဗျ ”
“ငါ မင်္ဂလာဆောင်‌ေတာ့ မှာ လေကွာ “,
“,ဟ တကယ် ကြီးလား ”
“တကယ်ကြီးပေါ့ ကွာ ဘယ်သူနဲ့ တုနး်ဗျ ”
“အ‌ဲ့တာ တော့ နောက်တော့ သိမပေါ့ကွာ အခုတော့ မင်းတို့ လာရင်း ကိစ္စကိုပြော ဦး ”
“လာရင်း ကိစ္စကတော့ ကျုပ်တို့ ရွာက မကြီး နဲ့ မလေးကို သိတယ် မဟုတ်လား အခုတလော သူတို့ အိမ်ပြန်မလာပဲ ရေအိုးစင် ရွာမှာ သောင်‌တင်နေတယ်ဆို အဲ့တာ ဘယ်သူ အိမ်မှာနေတာလဲ ဗျ”
“ကောင်ရေ မင်းတို့ ရွာက အဲ့ အပျို ကြီးတွေ အကြောင်းတော့ မပြောစမ်းပါနဲ့ ငါဆီက ငွေ တရာချေးပြီး အခု ရူးချင်‌ေယာင် ဆောင်နေတယ် တော်တော် ဆိုးပါတယ် ကွာ ”
“ခင်ဗျားက ကျုပ်တို့မှ မမေးတာ အဲ့ အပျိုကြီးတွေကို သူအမေကပါ အိမ်ပေါ်က နှင်ချထားတာ ဗျ ”
“ဟုတ်လားဟ ဘာလို့ လဲ ကွ ”
ပန်းချီငိုသည် ထိုသို့ မေးသော အခါ မောင်ဘိုးထင်တို့ သည် နွားရောင်းပြီး ဖဲ ရိုက်သည့် အကြောင်းကို မ‌ေပြာပဲ ၊ စကားလမ်း ကြောင်း လွှဲ လိုက်ကြသည် ။
“အဲ့တာတွေက ထားလိုက်စမး်ပါဗျာ အခု ခင်ဗျားတို့ရွာက ဘယ်သူအိမ်မှ နေနေ တာလဲဆိုတာ သိချင်လို့ ”
“ဘယ်မှာ ရှာမနေ‌နဲ့ ကောင်ရေ ရွာမြောက်ဘက်ပိုင်းက မိသူဇာ အိမ်ကိုသာသွားချေ သူတို့က အဲ့မှာနေနေတာ ”
“အဲ့ဒါဆိုလည်း ကျုပ်တို့ လိုက်သွားလိုက်ဦးမယ်ဗျာ နော်”
“မိုးလည်း ချုပ်နေပြီ အဲ့က ပြန်ရင် ငါ့အိမ်မှာပဲ အိပ်ကြ ကြားလား ငါ မင်းတို့အတွက် ညစာ ချက်ထားမယ် ”
“ကောင်းတာပေါ့ ကိုပန်းချီငိုကြီး ရာ ”
ထို့‌ောနက် မောင်ဘိုးထင်တို့သည် ပန်းချီငိုကို နုတ်ဆက်ကာ ရေအိုးစင်ရွာ ‌ရွာမြောက်ပိုင်းရှိ မိသူဇာ၏ အိမ်သို့ ထွက်သွားကြပါလေတော့သည်။
◾အခန်း -၅
မိသူဇာ မိသူဇာအမည်ရသော ရေအိုစစင်ရွာသူသည် ခေါင်းစုန်း အဆင့်ရှိသော စုန်းပညာသည် တယောက်ဖြစ်သည် ၊ သို့ပေမဲ့ မိသူဇာအား မည်သူမျှ စုန်း ပညာသည်လို့ မထင်ပေ သူမအား ရေအိုးစင်ရွာသားမျာ ထင်မြင်ထားသည်မှာ အကြွေးထူသော လောင်းကစားသမား ယဟုသာ ထင်ထားကြသည် ၊ ယခု‌ေတာ့ မောင်ဘိုးထင်တို့သည် မိုးကြိုးစက်တောင် ဝှေး ခိုးသွားသော မကြီး နှင့် မလေးအား ရှိလို ရှိငြား သွားနေချင်းဖြစ်သည် ၊ မိသူဇာကို တော့ ပညာသည် တယောက်မှန်း သူတိူ့ မသိကြပေ ၊ မောင်ဘိုးထင်သည် မိသူဇာ အိမ်ဝိုင်းထဲ ဝင်ရန် ဟန်ပြင်လိုက်ပြီး တခုခု ကို အာရုံ စိုက်နေသည်ထို့နောက် ၊ သူ၏ ခြေ‌ေထာက် မှ ခြေစာမှုန့်ကို မြတ်လုံးမှာ ကွင်းပြီး ကြည့်လိုက်၏ ၊ ထူးရှားသည် အရိပ်အ‌ေယာင်သည်က ‌မတွေ့ရသေးပေ ထို့‌ေနာက် ပေတူးသည် အိမ်ဝိုင်းဝ မှ နေ၍ မိသူဇာအားာလှမ်း အော် ခေါ်လိုက်လေသည် ။
“လေး မိသူဇာ ရှိလား ”
“အေးရှိတယ်ဟေ့ ဘယ်သူလဲ ”
မိသူဇာသည် အိမ်ပေါ်မှ ဆင်းကာ မောင်ဘိုးထင်တို့ ရှိရာသို့ လာနေသည် ထိုအခါမှ မောင်ဘိုးထင် မိသူဇာကို သေချာကြည့်လိုက်ရာ စုန်း အခိုးအငွေ့ ညို့ညို့ မှိုင်းမှိုင်းသည် သူ၏ ကိုယ် တွင် ဝေ့ဝဲနေသည် ၊ အနက်ရောင် အဆင့်မဟုတ်သော ကြောင့် မကောင်း မှုကို သိပ်မပြုရသေးဘူးဆိုတာ မောင်ဘိုးထင် နားလည် ထားသည် ၊ ထို့‌ေနာက် မောင်ဘိုးထင် သည် မိသူဇာ အား စုနး်ကဝေ ဖြစ်သည်ဆိုတာကို မသိချင်ယောင် ဆောင်ကာ နေလိုက်ပြီး
“လေးကြီး ကျုပ်တို့က မကြီး နဲ့ မလေးကို ရှာနေတာပါ ”
“အဲ့တာဆို ရင် ငါအိမ်မှာ မရှိဘူး ပြန်ကြ ”
“တခြားသူတွေ ပြောတော့ သူတို့က လေးကြီး အိမ်မှာနေတာပါတဲ့ ဗျ”
“အရင်ကနေတယ် အခု မရှိတော့ဘူး သွားသွား ”
မောင်ဘိုးထင်သည် သူ့တို့အား စိမ်းစမ်း ကားကား ဆက်ဆံနေသော မိသူဇာကို စူးစိုက်ကြည့်ကာ
“လေးလေး ခင်ဗျား တခုခု မဖြစ်ချင်ရင် ကျုပ်တို့ ပြောသလို လုပ်ပါ ‘
“,တယ် မလောက်လေး မလောက်စားလေးတွေက ငါ့ကို လာပြီး ခြိမ်းခြောက်နေပါလား ”
“ကျုပ် အဘ ဦးအုန်း စိတ်တို နေတယ်နော် ခင်ဗျားရဲ့ ဦးခေါင်းပြတ် အိမ်သာထဲ မရောက်ချင် ရင် ကျုပ်တို့ ကို အမှန်တိုင်းပြော ”
မောင်ဘိုးထင်မှာ ခက်ထန်သော စကားကို ဆိုလိုက်ရာ မိသူဇာ အတော် ထိတ်လန့်သွားကာ
“ဦးအုနး် ဆိုတာ ပေပင်က ဦးအုန်းလား ”
“ဟုတ်တယ်”
“အေး အေးပါဟယ် မိုးကြိးစက်တောင်ဝှေးကြီး ခိုးတာ ငါနဲ့ မဆိုင်ပါဘုး သူတို့တိုင်းသူတို့ ကဝေတွေ တွေငှားပြီး လုပ်တာပါ ငါက အကြံလေးပေး ရုံတင်ပါဟယ်”
“တော်စမ်းပါဗျာ အခု အဲ့ သူခိုးမကြီး နှစ်‌ေယာက် ဘယ်သွားလဲ ”
“ဒီနယ်ကို ပိုင်တဲ့ နယ်ပိုင် ကဝေပျံ မမင်းဖြူး ဆီ မိုးကြိုးစက် တောင်ဝှေးကြီးသွားရောင်းပါတယ် ”
“ဘယ်ကို သွားတာ လဲ ပြောစမး် ”
“ဟို ဟို ရွာထိပ်မှာ စောင့်မယ်ဆို ပြီး မမင်ဖြူက လာခေါ်သွာတာပါ ”
မောင်ဘိုးထင်သည် မိသူဇာကို သေချာ ကြည့်လိုက်သည် လိမ်‌ေနသည့် ပုံ‌ေတာ့ မပေါ်ပေ သို့ပေမဲ့ မောင်ဘိုးထင်တို့သည် တင်းထားသော မျက်နှာထားကို မလျှော့ သေးပဲ ဆက်ပြီး မေမြန်းလိုက်၏
“ကျုပ်တို့ တောင်ဝှေးကို လင်တ အဖြစ်ပြောင်းပြီးလာယူတာ ဘယ်သူတွေ လဲ ပြောပြစမ်း ပါဦး ”
“အဲ့ အဲ့ဒါတော့ ”
“ရတယ် မပြောနဲ့လေ ကျုပ် အဘကို ပြောပြီး လည်ပင်းကို ဖြတ်ခိုင်း ”
“ပြောပါမယ်ဟယ် သူတို့က တောထဲမှာ ဥယျာဉ် ခြံနဲ့နေတာ ကို ပေါက်ကြီး နဲ့ မဗျားကြီး ဆိုတဲ့ ကဝေ မောင်နှံပဲ ”
“ခင်ဗျာပြောတာ သေချာတယ်နော် ”
“ဆသချာပါတယ် ငါ့ကို စုန်းဆိုတာ ဘယ်သူကို မှ လျှောာက် မပြောပါနဲ့နော် ”
“ခင်ဗျား မလိမ်ဘူးဆို ရင်တော့ မပြောပါဘူး ”
“မလိမ်ပါဘူး ”
ထိုနောက် မောင်ဘိုးထင်တို့သည် မိသူဇာ အိမ်ဝိုင်းထဲ မှ ထွက် ပြီး လမ်း‌ေလျှာက်နေကြရင်း မောင်ဘိူထင်သည် ပေတူး နှင့် သာအေးကို စောင့်ငဲ့ ကြည့်ကာ စကားဆိုလေသည် ။
“ဟေ့ကောင်တွေ ငါတို့ ဟိုကဝေ ‌နှစ်ယောက်ဆီ သွားမလား ကိုပန်းချီငို အိမ်သွားမလား ”
“မင်းသဘောပဲ‌ေလ ဘိုးထင် လ ကလည်း သာမှာ ဆို‌ေတာ့ ယာတောထဲ အရင်သွားရင် ကောင်းမလား ”
“အေးဟုတ်တယ် ဘိုးထင် ငါတို့ တောထဲ အရင်သွားအောင် ကိုပန်းချီငို ဆီ သွားရင် ငါတို့ အပြင် ပြန်ထွက် လို့ အဆင်ပြေမှာ မဟုတ်ဘူး ”
“အေးဟုဝ်တယ်ဟ ကိုပန်းချီငိုကြီးက ငါတို့ကို သိပ်စိတ်ချမှ မဟုတ် ူး “,
ထို့နောက် မောင်ဘိုးထင်တို့ သည် ‌ရေအိုစင် ရွာ တောင်ယ ာများဘက်ရှိ ကိုပေါက်ကြီး နှင့် မဗျားကြီး အမည် ရသော ကဝေ လင်မယားဆီ သို့ ထွက် လာကြပါလေတော့သည် ။
◾အခန်း-၆
နှစ်ရှည်သီးပင် စားပင်များ ဖြစ် အုံဆိုင်းနေသော ဥယျာဉ်ကြီး ၏ အပေါက်ဝ သို့ မောင်ဘိုးထင်တို့ သုံးယောက် ရောက်လာခဲ့ပြီဖြစ်သည် ၊ တနာရီကျော် လမ်းလျှောက်လိုက်ရသောကြောင့် အအတော် မိုးချုပ်နေပီ့ ဖြစ်ပေမဲ့ လ‌ေရာင်က အတန် အသင့် လင်းနေသော ကြောင့် အဆင်ပြေသည် ၊ မောင်ဘိုးတို့ ထဲမှ ပေတူးသည် မြေဝပ်ငှက်‌ေသတကောင်ကို ခြေထောက်မှ ဆွဲ ကိုင် ထားသည်။ ၊သူတို့ လမ်း လျှောက်နေစဉ် လှည်းလမ်းပေါ်မှာ မြေဝှပ်ငှက် ထပျံ၍ လေးဂွ အဆင်သင့် ထုတ် ထားသော ပေတူး၏ လက်က မလွတ်ချေ ပေတူး၏ လက်သည်က အတော် ဖြောင့်သည်ဟု ပြောရမည် အရှိန်နှင့် ထပျံသော ငှက်ကို ခေါင်း တည့်တည့် မှန်သည်က အတော် မဖြစ်နိုင်သည့် ကိစ္ပပါ သို့ပေမဲ ငှက်က မြေပြင်ပေါ် ကျပြီးလို့ ပေတူးရဲ့ လက်ထဲတောင် ရောက်နေပြီ ဖြစ်သည် ၊ ထို့နောက် ‌မောင်ဘိုးထင်တို့မှာ ကိုပေါက်ကြီး ၏ ဥယျာဉ် ခြံထိပ်တွင် ရပ်လိုက်ပြီး သာအေးမှာ ကျယ်‌ေလာင်သော အသံ ဖြစ်ခေါ်လေ၏
“ကိုပေါက်ကြီး နဲ့ မဗျား ကြီး ”
သာအေး အော်ခေါ်ပေမဲ့ မည်သို့သော တုန့် ပြန်မှုမှ မရှိသောအခါ ပေတူးသည် သာအေး၏ ပုခုံးကို ပုတ်ကာ နောက်ဆုတ်ဆိုသော အမူ အယာပြလိုက်ပြီး လည်ချောင်းကို ရှင်း လိုက်ပြီး
“အဟမ်း ”
“ကိုဗျားကြီး နဲ့ မပေါက်ကြီး ရှိလားဗျို့ ”
“ဟဲ့ကောင် ပေတူး မင်းမေကြီးတော် ကိုဗျားကြီး ရမှာလား ကိုပါက်ကြီးကွ မင်းကတော့ လေ “,
“မင်းတို့ကလည်း သူတို့ ကြားဖို့ အဓိကပဲ အ‌ဲ့လောက်မှားတာ သူတိူ့သိမှာ မဟုတ်ပါဘူး ”
မောင်ဘိုးထင်တို့ တ‌ေယာက် နှင့် တ‌ေယာက်စကားပြောနေစဉ် မီး အိမ်ကို ကိုင်လာသော လူနှစ်ယောက်ကို တွေ့လိုက်ရသည် သူတို့၏ ပုံစံများသည် သူတို့ကိုင်ထားသော မီးအိမ်အလင်းရောင် ကြောင့် အသေအချာ မြင် လိုက်ရ၏၊ အသက် လေးဆယ် အရွယ် များဖြစ်ပြီး အမျိုးသားမှ ပိန်ညှောင်‌ေညှာင် နှင့် ဖြစ်ကာ အမျိုးသမီးမှာတော့ ခပ်ပြားပြားကြီးဖြစ်သည် ခပ်ပြားပြားဆိုသည်မှာ ဦး‌ေခါင်း၏ပြားချင်း ကိုယ်၏ ပြားချင်းကို ဆိုချင်ဖြစ်၏၊ ထို့ကြောင့် ဗျားကြီးဟု နာမည်ပေးထားချင်တော့ မဆိုနိုင်ပေ ၊ သူတို့ လင်မယားကြည့်ရသည် မှာ စုန်းကဝေ ပုံမပေါ် ကြောက်စရာ တကွက်မျှ ပင် မရှိပဲ တူတူ ‌တွဲ မြင်ရသောအခါ မောင်ဘိုးထင်တို့ မရယ် မိအောင် ထိန်းနေရသညါ သို့ပေမဲ့ ပေတူးသည်ကြာကြာ မထိန်းနိုင်ပေ
“ကဝေတွေ တဲ့ အဟိ”
“ဟေ့‌ေကာင် မျက်နှာပိုး သတ် အဟိ ”
မောင်ဘိုးထင်တို့ ၏ ရုပ်သွင်များကို မြင်ပြီး ကိုပေါက်ကြီးဟု အမည်ရသော ပိန်သေး ကဝေသည် မောင်ဘိုးထင်တို့ကို စူးဆိုက်ကြည့်ကာ
“ဟေ့ကောင်တွေ မင်းတို့က ငါ့တို့ကို ခေါ်တာ ဘာကြောင့်လဲ ပေါက်ကြီး အကြောင်း မသိသေးဘူးထင်တယ် ”
“အမလေး ကြောက်စရာကြီး အဟိ”
ထို့နောင် မောင်ဘိုးထင်သည် ကိုပေါက်ကြီးကို သေချာကြည့်ကာ
“ခင်ဗျားတို့ ‌တွဲပပြီး မနေနဲ့ ‌ကြဗျာ တခင်ဗျားတို့ကို တွဲပြီးမြင်ရရင် ကျုပ်ရယ်ပဲ ရယ်ချင်နေလို့ လာရင်း ကိစ္စကို မပြောနိုင်တော့ဘူး”
မောင်ဘိုးထင် စကားဆုံးသောအခါ ကိုပေါက်ကြီးသည် သူ၏ မိန်းမ မဗျားကြီးဘက်လှည့်ကာ
“ငါပြောသားပဲ နင့်ကို မလိုက်လာပါနဲ့ဆို နင် လိုက်လာတော့ ငါရဲ့ ဟိတ်ဟန်အပြည့် ရုပ်သွင်က ရယ်စရာကောင်းသွာ‌ေရာ သွားစမ်း အိမ်ထဲ ပြန်ဝင် ”
“ကျမက ရှင့်ကို ဆိုးရိမ်လို့ပါ ဟိုတခါ ခွေးတိုးထားတုနး်ကလည်း ရှင်လဲတာ ရှင့်ရဲ့ သွားနှစ်ချောင်း နုန့်သွားတယ် မဟုတ်လား အဲ့ လို ဖြစ်မှာဆိုးလို့ လိုက်လာတာပါ”
“ဟာ ဒီမိန်းမတော့ ငါ လုပ်လိုက်ရ မြန်မြန်သွားစမ် ”
နာမည်ကိုပေါက်ကြီး လူပုံကပိန်သေးသည် သူ၏ မိန်းမကို ငေါက်ငမ်းလိုက်ရ မိန်းမဖြစ်သူလည် ခြံထဲပြန်ဝင်သွားလေသည်။ ထို့နောက် ကိုပေါက်ကြီးသည် မောင်ဘိုးထင်တို့ဘက်လှည့်ကာ မီးအိမ်ကို မြှောက်ပြီး မောင်ဘိုးထင်တို့မျက်နှာအား သေချာကြည့် လိုက်ချိန် မျက်နှာ ကွက်ခနဲ ပျက်သွား၍ မောင်ဘိုးထင်မှ စကားဆိုလေသည် ။
“ဘယ်လိုလဲ ကိုပေါက်ကြီးရဲ့ ကျုပ်တို့ကို မှတ်မိပြီထင်တယ် ”
“ငါ ငါဘာမှ မသိဘူးနော် မင်းတို့ကောင်တွေ လှည်ပေါ်အိပ်ပျော်နေတယ် ဆိုတာလည်း ငါမသိဘူးနော် ပြီးတော့ တောင်ဝှေးကြီးကို လင်းတတွေ ချီသွားတာလဲ ငါ နဲ့ မဆိုင်ဘူးနော် ”
ကိုပေါက်တူး၏ စကားကြားသော အခါ မောင်ဘိုးထင်တို့ သည် တ‌ေယာက်မျက်နှာ တ‌ေယာက်ကြည့်ကာ ဒီလောက်တံုးသည့် လူရှိပါဦးမလားဟု တွေးရင်း ပေတူး နှင့် သာအေးသည် ခြံ ထဲ ပြန်မပြေးနိုင်အောင် ပိတ်ရပ်လိုက်ကြသလို မောင်ဘိုးထင်မှလည်း ကိုပေါက်ကြီးအား စကားဆိုလေသည် ။
“ကဲ ကိုပေါက်ကြီး ခင်ဗျာ မညာတက်ပါဘူး ခင်ဗျားတို့ လင်မယား ကြည့်ရတာ စိတ်ကောင်းမရှိတဲ့ သူတွေ ပုံတော့ မပေါ်ပါဘူး ပြောပါ ဘာဖြစ်လို့ ကျုပ်တို့ တောင်ဝှေးကြီးကို လာယူရတာလဲ”
“ပေပင် ရွာက မကြီး နဲ့ မလေးက ငါကို ငွေ တရာပေးလို့ လုပ်ရတာပါကွာ ငါ့သမီးလေး နေမကောင်းလို့ ငါလည်း ဆေးဖိုး ရှာမရတာနဲ့ လုပ်လိုက်မိတာပါ ငါ့ပညာနဲ့ ဘယ်သူကို မှ မပြုစားဖူးပါဘူး အခုဟာလည်း ဘယ်သူမှ သိပ်ပြီး ထိခိုက်မယ် မထင်လို့ လုပ်လိုက်မိတာပါ ”
မောင်ဘိုးထင်တို့သည် သူတို့ မထင်မှတ်ထားသော စကားကို ဆိုလာသော ကြောင့် ကိုပေါက်ကြီးအား ငေး‌ေကြာင်ကြည့်‌ေနသည် ထို့‌ေနက် မောင်ဘိုးထင်သည် သက်ပျင်းကို တချက်ချလိုက်ကာ
“ကျုပ် နားလည်ပါတယ် အခု ကျုပ် ခင်ဗျားတို့ကို အပြစ်ဆိုဖို့ လာတာ မဟုတ်ပါဘူး နယ်ပိုင် ကဝေး မမင်ဖြူဆိုလား သူရှိတဲ့ နေရာကို သိချင်လို့ ပါ ”
မောင်ဘိူထင် ပြောစကားကို ကိုပေါက်ကြီးသည် သေချာနားထောင်ကာ ခေတ္တစဉ်းစားလိုက်ပြီး သက်ပျင်းတချက်ကို လေးပင်စွာချလိုက်ကာ
“နယ်ပိုင် ကဝေ မမင်းဖြူ ဘယ်မှာ နေတယ်ဆိုတာတော့ ငါလည်းမသိပါဘူး ဒါပေမဲ့ မနက်ဖြန် ငါဆီကို လာမှာတော့ သေချာတယ် ”
“ဘာဖြစ်လို့လဲဗျ ”
“ဘာဖြစ်လို့လဲဆိုတော့ ငါသူ့ကို အကြွေးပေရမှာ မို့ပဲ ”
“ဗျာ ခင်ဗျား‌တို့ ကဝေ တွေကလည်း အကြွေးတွေ န‌ဲ့ကြည့်ပါပဲလားဗျာ ‌ရွာထဲက ဒေါ်မိသူဇာကလည်းအကြွေးကင်းပုံ မ‌ေပါ်ဘူး”,
“ဟကောင်ရ စုန်းကဝေ ဆိုတာ လူတွေပဲလေကွာ လူဖြစ် နေတော့ လူတွေ လိုပဲ အကြွေးတွေဘာတွေ ရှိတာပေါ့ ”
ကိုပေါက်ကြီး ထိုသို့ ပြောမှ မောင်ဘိုးထင် လက်ခံလိုက်မိသည် အောက်လမ်း ပညာသည် တို့ စုန်းကဝေတို့ဆိုသည် မှာ လူသားတွေ ပဲ မဟုတ်ပါလား၊ သူ ထိုသို့့တွေးတော နေစဉ် ပေတူးမှ ကိုပေါက်ကြီးအား လမ်းတွင် ရလာသော ငှက်ကြီးကို ပေးလိုက်ပြီး
“ကို ပေါက်သေး”
“ပေါက်ကြီးပါဟ ”
” သေးသေး ကြီးကြီး ရော့ ဒီမှာငှက် ယူထားလိုက် ခင်ဗျားသမီးလေးကို ကင်ကြွေး လိုက်ဗျာ ”
‌ပေါက်ကြီးသည် ကြောင်အမ်းအမ်း ဖြစ် ပေတူးပေးသော ငှက်ကို ယူလိုက်သည် ထို့နောက် မောင်ဘိုးထင်သည်
“ကဲ ကိုပေါက်ကြီး ကျုပ်တို့ မနက်ဖြန် ပြန်လာမယ် မမင်းဖြူက ဘယ်အချိန် လာမှာလဲ ”
“မနက် ကတည်းက လာမယ်ထင်တယ် ”
“ပြိးရော ကျုပ်တို့လည်း ပြန်လိုက်ဦးမယ် ”
မောင်ဘိုထင်တို့သည် ကိုပေါက်ကြီးကို နုတ်ဆက်ကာ ရေအိုးစင်ရွာသို့ ပြန်သွားကြပါလေ‌ေတာ့သည်။
◾အခန်း-၇
မောင်ဘိုးထင်တို့သည် ရေအိုးစင်ရွာရှိ ပန်းချီငို၏ အိမ်တွက်တည်လိုက်ကြသည် ၊ ပန်ချီငိုသည် အချိန်မတော်မှ ရောက်လာသောလညး် သူတို့အားကောင်းမွန်စွာ ဧည့်ခံ လေသည် ၊သူတို့ ညစာ စားနေရင် ပေတူးသည် ငူငူငိုင်ငိုင် ဖြစ်နေပြန်ရာ သာအေးမှ သတိပေးလိုက်ရပြန်သည် ။
“ပေတူး ဘာဖြစ်လို့ လဲ မင်းကြည့် ရတာ တမျိုးပဲ “,
“,မသိပါဘူးကွာ ငါ့စိတ်ထဲ အခုတလော တမျိုးကြီးပဲကွာ ထားလိုက်ပါ ငါတို့ မနက် ဖြန် ဘယ်လို လုပ်ကြမလဲ ”
“လေးမကြီး နဲ လေးမလေး ကဝေပျံကို ရောင်ရိုးမှန်ရင် မနက်ဖြန် ကဝေပျံ ကိုပေါက်ကြီးတို့ ဆီ အကြွေးလာတောင်းရင် ယူလာမှာ သေချာတယ် ‘
“ငွေ တော်‌ေတာ် ကုန်ပြီးမှ ရထားတာဆိုတော့ သူနဲ့ တူတူယူလာမှာ ပဲ”
“ကဝေတွေ စုန်းတွေကိုလည်း အံ့ဩတယ် အကြွေးက ထူလိုက်ကြတာ ”
“သူတို့လည်း လူပဲလေ တခြားသူတွေကို ဒုက္ခ မပေးတော့ သူတို့ လည်း စီးပွားရေး ဘယ်အဆင်ပြေမတုန်း ”
“မမင်းဖြူကတော့ လောဘကြီးမဲ့ ပုံပဲ ”
“ပြောမရဘူး မြန်မြန် သူဆီက တောင်ဝှေး ရအောင် ယူထားမှာ ဖြစ်မယ် တော်ကြာ တခြားသူဆီ ပြန်မရောင်းစားဖူးလို့ မပြောနိုင်ဘူး”
“ဟုတ်တယ် ဟုတ်တယ် ”
မောင်ဘိုးထင်တို့သည် မနက် ဖြန်သူတို့ ရင် ဆိုင်ရမည် မမင်း ဖြူအကြောင်းကို ပြောရင်း အိပ်ချိန်တန်လာပြီဖြစ်၍ အိပ်လိုက်ကြပါလေတော့သည် ။
◾အခန်း-၈
မနက်ခင်း အလင်းရောင်ရသည် နှင့် ကို ပေါက်ကြီးသည် မျက်နှာ သစ်ပြီး ပေတူးပေးသော ငှက်အား ညကတည်းက ကင်ထားကာ သူ၏ သမီးဖြစ်သူအား အိမ်ရှေ့ကွပ်ပျစ် တွင်ထိုင် ပြီး အသားလေးများအား လွှာကျွေးနေလေသည် ၊ မဗျားကြီးသည်က မီးဖိုချောင် ဘက်မှ နေ၍ သာအဖ နှစ်‌ေယာက် အား အော်ပြီးစကားပြောနေသည်။
“ကိုပေါက် ထမင်းလေးဆီဆမ်းပြီး ထမင်းနဲ့ ကျွေးပါလားတော် ”
“,သမီးက ဒီတိုင်း စားချင်တာ တဲ့ ဟ ‘
“ဟုတ်တယ် အမေ သမီးက ဒီတိုင်းစားချင်တာ ငှက်သားဆို တအားကြိုက်တာ ”
အသက် ၆ နှစ်အရွယ် သမီးဖြစ်သူ၏ စကားကို နားထောင်ပြီး မီးဖိုချောင်ထဲ မှ မဗျားကြီး ပြုံးလိုက်မိသည် ၊ သူမ၏ စိတ်ထဲတွင်‌ေတာ့ သမီးဖြစ်သူ ဆေးကုဖို့ သူတို့ ပညာကို အသုံးပြုကာ တောင်ဝှေး တချောင်းအား မလှိမ့် တပတ် နှင့် ယူခဲမိသည်ကို လိပ်ပြာတော့ သိပ်မလုံပေ သို့ပေမဲ့ သမီးလေး တက် သော ရောဂါမှာ အတော်ကို သက်သာ သွားသည်ကြောင့် စိတ်ချမး်သာရ၏ ၊ မကြာသော အချိန်တွင် နယ်ပိုင် ကဝေပျံက သူတိူ့ အား အကြွေးလာတောင်းတော့မည်ဖြစ်သည် ၊ နယ်ပိုင် ကဝေသည် သူတို့အား ဘာကြေး ညာကြေးဟု အမျိုးမျိုး အကြောင်းပြကာ စုနး်ကဝေ အဖွဲ့ အစည်းထဲ သူ စိုက်ထည့်ပေးထားသည် ဟုဆိုကာ စားရင် စာအုပ်ကြီး နှင့် သူတို့အား အကြွေးလာတောင်းနေသည် ၊ မစားရ မသောက်ရ နှင့် စုန်းဖြစ်သည့် အတွက် ဘာကြေး ညာကြေး ထည့်ရသည်ကတော့ မဟုတ်‌ေသးဘူးဟု သူတို့ မြင်ပေမဲ့ နယ်ပိုင်ကဝေ ဖြစ်နေသည့် အတွက် ပြန်၍ တော့ ခံ မပြောရဲပေ ၊ မဗျားကြီး အတွေးပေါင်စုံနှင့် မီးဖို‌ေချာင်ထဲ ဟင်းချက် နေစဉ် အိမ်ရှေ့ ကွပ်ပျစ်မှ စကားသံ ပေါ်လာလေသည်
“ပေါက်ကြးီး နင်တို့ အတွက် ငါစိုက် ပေးထားရတဲ့ ငွေငါးဆယ် ဒီနေ့ ပေးရမဲ့နေ့ ဒီနေ့နောက်ဆုံးထားပြီးပေးတော့ ”
‌ေပါက်ကြီးသည် သူ၏ သမီးကို ငှက်ကင်ကျွေး‌ေနရာမှာ အသံကြားရာဆီသို့ ကြည့်လိုက်သောအခါ အဝတ်စားကို ကော့ပြန်နေအောင် ဝတ်ထားသော အသက် သံုးဆယ် အရွယ် နယ်ပိုင်ကဝေမ မမင်းဖြူ ဖြစ်နေသည် ၊ မမင်းဖြူသည် သူ၏ လက်တွင် ပိုးသားနှင့် ထုတ်ထားသော ရှည်မျောမျော အရာတခုကို လက်က ကိုင်ထားသည် ၊ ထိုအရာမှာ မိုးကြိုးစက်တောင်‌ေဝှးဆိုတာ ကိုပေါက်ကြီးသိသည် ၊ ထို့နောက် မမင်းဖြူသည် ကွပ်ပျစ်တွင် ထိုင်လိုက်ပြီး
“ဟဲ့ ငပေါက် ငါနင်တို့ကို သနားလို့ စိုက်ပေးထားတာနော် ငါလည်း သိပ်အဆင်ပြေတာ မဟုတ်ဘူး အခု ပြန်ပေးတော့”
“ခက်တယ်ဗျာ ကျုပ်မှာ လည်း ငွေဆိုလို့ မူးလို့ ရှူ စရာတောင် မရှိဘူး ”
“ယူတူန်းက ယူပြီး အခု မှ အဲ့လို့ လုပ်လို့ရမလား ”
“ကျုပ်ယူတာမှ မဟုတ်တာ စုန်းဖြစ်တာ နဲ့ အဲ့လို ဘာကြေးညာကြေး တွေ ထည့်ရတယ်ဆိုတာ ခင်ဗျား နယ်ပိုင် ဖြစ်မှ ကြားဖူးတယ်”
“ဟဲ့ ငါက ခေတ်နဲ့ လိုက်လျောညီအောင် ကြိုးစားနေရတာ ငါ့နယ်ထဲက စုနး်တွေ အတွက်ငါလုပ်တာ ”
“တော် စမ်းပါဗျာ ”
“ဘာနင်က ငါကို မလေးမခန့် လုပ်ဝံ့နေတယ်ပေါ့ ‘
နယ်ပိုင် ကဝေမသည် ဒေါသ ဖြစ်ကာ တောက်တချက်ကို ပြင်းစွာ ခေါ်က်လိုက်သည့် အချိန် သူ၏ ဖားလျားချထားသော ဆံပင်တို့မှာ လေပေါ်ဝဲပျံသွားပြီး မျက်လုံးတို့သည်လည်း။နီရဲလာ၏ ထို့‌ေနာက် ကိုပေါက်ကြီးကို လက်ညိုးထိုးကာ
“ဟဲ့ ငပေါက် နင်က ငါ့လိုအဆင့်ကို ပြန်ခံပြောနေတယ်ပေါ့ ”
ထိုစဥ် သူတို့၏ နောက်ကျောဘက်မှ အသံ တသံပေါ်လာလေသည်
“ပြန်ပြောမှာပေါ့ ဗျ အကြီးအကဲ ဖြစ်ပြီး မဟုတ်တာတွေလုပ်နေတာကို သူတို့ကို သူတို့တောင် စားဖို့ အနိုင်နိုင်ပါဆို စုန်းဖြစ်ပြီး ဘာကြေး ညာကြေး တွေ လျှောက်ကောက်နေတာ ပြီးတော့ ကျုပ်တောင် ဝှေးကြီကို လည်း သူခိုးလက်ခံ လုပ်ထားသေးတယ် ”
နယ်ပိုင်ကဝေမသည် သူ၏ အနောက်မှ အသံကြားရာ ဆီသို့ လှည့်ကြည့် လိုက်သည် ထို့နောက် သူ၏ နီရဲနေသော မျက်လုံးဖြစ် မောင်ဘိုးထင်ကို ကြည့်လိုက်သည် ၊ သူမ၏ စိတ်ထဲ တွင် ဒီမလောက်လေးမလောက်စားများ ယခုဖြစ်နေသော သူ၏ ရုပ်သွင်ကို မြင်ရရုံဖြစ် ကြောက်လန့် ပြီး ထွက် ပြေးမယ် ထင်ထားသည် ၊သူလှည့်ကြည့်လိုက်သောအခါ ကောင်လေးသုံး‌ေယာက်သည် သူအား မခန့်လေးစား ကြည့်‌ေနပြီး ကောင်လေးတယောက်မှ သူမ၏ လွင့်မျောနေသော ဆံပင်များကို လက်ညှိုးဖြစ်ထိုးပြကာ
“ဆံပင်က ကောင်းလိုက်တာ တယောကင်ပွန်း နဲ့‌ေ လျှာ်တာလား သန်းကော ရှိလား”
“ရှိစရာလားဟဲ့ ”
နယ်ပိုင် ကဝေသည် ယောင်ယမ်းပြီး ပါးစပ် မှ လွှတ် ခနဲ ထွက်သွားသည် ထို့‌ေနာက် ကောင်လေး နောက်တယောက်သည် သူမကိုကြည့်ကာ
“ကျုပ်က ဘိုးထင်ပဲ ခင်ဗျားယူထားတဲ့ တောင်ဝှေးပြန်ပေးပါ ”
“ဟားးးဟားးးဟားးး နင်တို့လို မလောက်လေး ”
သူမ ပါးစပ်ဟပြီးရယ်နေစဉ် ပေတူးသည် သူ၏ လွယ်အိတ်ထဲ မှ လေးဂွကို ထုတ်ကာ ပစ်လိုက်သော ကြောင့် နုတ်ခမ်းကို မှန်ကာ အရယ် ရပ်သွားချင်း ဖြစ်သည် ၊ ထို့နောက် နယ်ပိုင်ကဝေသည် ဒေါသထွက်ကာ သူတို့ အား သူ၏လက်ကိုဆန့်တန်းပြီး တိုက်ခိုက်မည့်ဟန် ပြုလုပ်‌ေနစဉ်
“ဟေ့ကောင်တွေ ကဝေမက ဘာတွေ လုပ်မလို့လဲ မသိဘူး လှုပ်တဲ့ နေရာ မှန်သမျှ ပစ်ကွာ သူလည်း လူပဲ ဘာမှ ကြောက်စရာမရှိဘူး”
မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် သာအေးနှင့် ပေတူးသည်။ ကဝေမ လက်လှုပ်က လက်ကို ပစ်၏ ‌‌ေခြလှုပ်က ခြေကို ပစ်သည် ၊ ထို့ကြောင့် ကဝေမ မလှူပ်ရဲ‌ေတာ့ပဲ ပါးစပ်ကြီးကို ပိတ်လို့ မောင်ဘိုထင်အား မပစ်ရန် မျက်လုံးဖြစ် အသနားခံနေသည် ၊
“ဟေ့ကောင်တွေ သူစကားပြောချင်လို့ ဖြစ်မယ် ပါးစပ်လှုပ်ရင်‌ေတာ့ မပစ်နဲ့ ကြားလား”
“အေးအေး “,
ထို့‌ေနညက် နယ်ပိုင်ကဝေသည် မောင်ဘိုစထင်တို့အား သေချာကြည့်ကာ
“ကြောက်ပါပြီ ငါ စက်ထုတ်မလို့ လုပ်တာ စက်ထုတ်ချိန်ကို မရ‌ေတာ့ပါဘူး နင်တို့ ဆက်ပြီး မပစ်ပါနဲ့တော့ နာလွန်းလို့ ငါ့ ဆံပင်တွေတောင် မထောင် နိုင်တော့ပါဘူး”
“အဲ့တာဆို ကျုပ်တောင်ဝှေး နဲ့ ကိုပေါက်ကြီးတို့ အကြွေးတွေ‌ေလျှာ်ပေး ”
“အဲ့ အဲ့ဒါတော့ ”
“ကြာတယ်ကွယာ ပါးစပ်ထဲ ကို ပစ် လင်းတပုံပြောင်းပြီး ပြေးရင် ခေါင်းကို ပြစ် သေရင် ကိုပေါက်ကြီး သမီးကို ကင်က‌ေကျွးပြစ်မယ် ”
ပေတူး၏ စကားကြားသောအခါ နယ်ပိုင်ကဝေမှာ ချွေး‌ေဇာ် ပြန်လာသည် သူ၏ မျက်လုံးဖြစ် ကိုပေါက်ကြီး နှင့် ကိုပေါက်ကြီးသမီးကို ကြည့်လိုက်ရာ ကလေးမလေးသည် ငှက်တကောင်လုံးကို ကိုင်ပြီး ပေါင်ကို ဖဲ့ကာ စားနေသည်ကို မြင်ရသောအခါ ကျော့ထဲ စိမ့်တက်လာ၍ မောင်ဘိုးထင်တို့အား ကြည့်ကာ
“ငါ ငါ ကြောက်ပါပြီး နင့်တောင်ဝှေးလည်း ပြန်ယူပါ ငါလုပ်ကြည့်တာ ဘာမှ လည်းသုံးမရပါဘူး ငါက တခြားသူကို ပြန်ရောင်းမလို့ စဉ်းစားနေတာ ”
“‌ေတာ် စမ်းနောက်တခါ နယ်ပိုင်ကဝေဖြစ်ပြီး ကိုယ့် လက်အောက် ငယ်သား စုနး်ကဝေ တွေကို အနိုင် ကျင့်ကြည့် ခင်ဗျား မလွယ်ဘူး ”
“အေးပါ ငါ ငါ မလုပ်ရဲတော့ပါဘူး ‌ငါ့ကို တောင်ဝှေးဝယ်ဖိုးလေး ငါးရာ‌ေလာက်၊”
“ငါးကျပ်တောင် မရဘူး ယူချင်ရင် ဒါကြီးပဲ ရမယ် ”
“ဟဲ့ကောင်လေး နင်ဘယ်ကို ပုတ်ပြတာလဲ ”
“လွယ်အိတ်က ရှေ့ရောက်နေလို့ပါဗျာ လွယ်အိတ်ထဲက လောက်စလုံးကို ပြောတာပါ ”
“,လန့်လိုက်တာဟယ် ငါ သွားတော့မယ်နော် “,
“တောင်ဝှေးကို ကွပ်ပျစ်ပေါ်ချခဲ့ သွား”,
ဆံပင်များလေပေါ် မလွင့် နိုင်‌ေတာ့ သလို မျက်လုံးတို့သည်လည်း မရဲ နိုင်တော့သော နယ်ပိုင်ကဝေမသည် မောင်ဘိုးထင်တို့၏ လေးဂွ အစွမ်းကို အတော် ကြောက်ရွံ့နေဟန်ရှိကာ တောင်ဝှေးကို ထုတ်ပြီး ကွပ်ပျစ်ပေါ်တင်လိုက်ပြီးနောက် ပိုးသား အိတ်လေးကိုလက်က ကိုင်ပြီး
“ဒါလေး‌ေတာ့ ပြန်ယူသွားမယ်နော် ဈေးကြီးပေးပြီးလုပ်ထားရလို့ပါ ”
“ယူသွား ယူသွား ”
မောင်ဘိုးထင် ယူသွားခိုင်းသည်နှင့် တောင်ဝှေးထည့်ထားသော ပိုးသား အိတ်လေးကို ယူကာ ကိုပေါက်ကြီး အိမ်ဝိုင်းထဲ မှ ထွက်ခွာသွားပါလေ‌ေတာ့သည် ။
◾အခန်း-၉
မောင်ဘိုးထင်တို့အား ကိုပေါက်ကြီး နှင့် မဗျားကြီးမှ ကျေးဇူးတင် လွန်း ၍ ပေးလိုက်သော ပိန္နဲသီးများ နှင့် သရက်သီးများကို ယူကာ ရေအိုးစင်ရွာသို့ ပြန်လာလေသည် ၊ မောင်ဘိုးထင်တို့သည် သူတို့ရွာတွင်လည်း ပိန္နဲသီး နှင့် သရက်သီး ရှိသည်ပြော‌ေပမဲ့ ကိုပေါက်ကြီးမှ သူတို့ခြံ ထဲက ပိန္နံသီးသည် အိမ်မာ သီးဖြစ်ပြီး စားလို့အတော်ကောင်းကြောင်း သရက်သီးသည်က မချစ်စု အသီးဖြစ်၍ အချစ်တွေ တောင် စုသွား‌နိုင်ကြောင်းကို တနာရီမျှ မရပ်မနား ပြောနေလေရာ မယူရင် ဖြစ် ပြန်လို့ ရမည် မဟုတ်သောကြောင့် ယူခဲ့ ရချင်းဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် သူတို့ ခွင့်လွှတ်ချင်း နှင့် ကိုယ်ချင်းစားချင်း အရသာကို သူတို့ ကောင်းကောင်း သိနေပြီဖြစ်၏ ၊ သူတို့ဖြေချင်းပေးခဲ့သောအရာတိုင်းသည် ရှဉ်လည်း လျှောက်သာ ပျားလည်း ဆွဲသာ မျိုး ဖြစ်၏၊ ထိာ့‌ေနာက် သူတို့အားကြောက်လန့်နေသော နယ်ပိုင်ကဝေ မမင်းဖြူ၏ မျက်နှာက်ု ပြန်မြင်‌ေယာင်ကာ
“လူကြီးတွေ ပြောတဲ့ လေးဂွက သရဲ‌ေတာင် နိုင်တယ် ဆိုတာ ဟုတ်တယ်ဟ ”
“ဘာလို့လဲ ပေတူး ”
“သူက လက်ဆန့်ပီ့း တို့ကို ဘာလုပ်မလို့လဲ မသိဘူး။ဆန့်နေတဲ့ လက်တွေ ကြည့် လေးဂွ နဲ့ ဝိုင်းပစ်တော့ သူဘာလုပ်နိုင်သေးလဲ ”
“ဟုတ်တယ်ဟ အပစ်မြန်လို့ နော် ”
ထို့‌ေနာက် မောင်ဘိုးထင်တို့သည် ပန်းချီငို၏ အိမ်သို့ရောက်လာစဉ် အိမ်ပေါ်မှ သာရ နှင့် ဖိုးထွေးတို့ ဆင်းလာပြီး ပေတူးကို ကြည့်ကာ
“ပေ ပေတူး မင်းကို မင်းအမေ လိုက်ခေါ်ခိုင်းလို့ ”
“ဘာ ဘာဖြစ်လို့လဲ ဗျ”
“မင်း အဘ ဘာဖြစ်တာ လဲ မသိဘူး ရုတ်တရက်ကြီး အိပ်ယာထဲ လဲနေပြီး ထ တောင်မထ နိုင်တော့ဘူး ”
“ဗျာ ”
ထို့‌ေနာက် ပေ‌တူးသည် သူကိုင်ထားသော ပိန္နဲသီးကို မြေပြင်ပေါ်ပစ်ချကာ ပေပင်ရွာရှိ သူ၏ နေအိမ်သို့ ပြေးပါလေ‌ေတာ့သည် ၊ ပေတူးပြေးသည် နှင့် မောင်ဘိုးထင်တို့သည် လည်း နောက်မှ ပြေးလိုက်၍သွားကြပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် နယ်ပိုင်ကဝေ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ပေတူး အဘ အမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
———————————————————-
(၂၉)
◾အခန်း-၁
မောင်ဘိုးထင်တို့သည် ပေပင်ရွာသို့ ပြန်ရောက်ရောက်ချင်း သူ၏ တောင်ဝှေးကို ခိုးထားသော မကြီး နှင့် မလေးအိမ်သို့လှည်းကို တန်းပြီး မောင်းဝင်သွားလိုက်သည်၊ အိမ်ဝိုင်းထဲသို့လှည်းရောက်သည်နှင့် မောင်ဘိုးထင်သည် လှည်းပ်ါမှ ခုန်ချကာ အိမ်ထဲသို့ မဝင်ခင်အထိ မကြီး နှင့် မလေးအား တကြော်ကြော် အော်ကာ အိမ်ထဲဝင်သွားလေသည်။
“လေးမကြီး လေးမလေး ”
“ကဲ ဒီ အရူးမ နှစ်‌ယောက်က နင့် တောင်ဝှေးခိုးပြီး ဘာလုပ်တာတုန်း ငါ့အိမ်မှာလည်း တောင်ဝှေးတွေ ပေါ်မှ ပေါ်ပါပဲ ဒီအရူး မ နှစ်ယောက်နဲ့တော့ ခက်ပါတယ် ”
မောင်ဘိုးထင်တို့ ဘာပြောရမယ်မှန်း မသိအောင် အရီး ရွှေမိကို ငေးကြည့်နေမိသည် ၊ ရှင်းပြရင်လည်း ရှုပ်နေမည်မို့ ‌‌မောင်ဘိုးထင် နှင့် အတူတူ ယှဉ်ရပ် နေသော ပေတူးသည် အရီးရွှေမိကိုကြည့်ကာ
◾အခန်း-၂
မောင်ဘိုးထင်သည် အိမ်သို့ ကုပ်ချောင်းချောင်း နှင့် ဝင်လာစဉ် အိမ်ရှေ့တန်းလျားတွင် ထိုင်သော ဦးအုန်းမှ ချောင်း သံ တချက် ပေးလိုက်ကာ
“ဟို ဟိုလေ မရသေးပါဘူး”
“ငအုန်း ဟေ့ငအုန်း “,
“ဘကြီးမြ လာလေ အဘရှိတယ် ”
ဦးအုန်းသည် ဘကြီးမြ အသံ ကြားသော အခါမျက်နှာအနည်းငယ် ပျက်နေလေသည် ၊ ဘကြီးမြသည် မောင်ဘိုးထင်ကို တွေ့ သောအခါ ပြုံးပြပြီး
“ဘာဖြစ်လို့ လဲ ဗျ ”
“အေးကွာ ငါကလည်း အ တာပါ သူတို့ကို ရိုးရိုး ထင်နေတာ အဲ့တာ နဲ့ ငါတ‌ယောက်ထဲ တော့ မသောက်ပါရစေနဲ့ ငအုန်း နဲ့ ဆို ရင် အဆင်ပြေမယ် လို့ ပြောပြီး ငအုန်းကို အဖော်ညှိမိတယ်ကွာ ”
“ငါတို့ အကြောင်းလည်း မင်းအသိပဲ တူတူ အရက်‌သောက်ရင် အမှောက် သောက်တာ ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ကို မသိတာ ”
“ဩော်…သိပြီ သီပြီ ”
ထို့‌နောက် မောင်ဘိုးထင် သည် ဦးအုန်း အနားသွားကာ
“ဘာဟင်း ချက်ထားတာလဲ ”
“အမဲသား ”
◾အခန်း-၃
ညနေအချိန်တွင် ဖြစ်သည် ၊ ဦးအုန်း၏ အိမ်သို့ ဖိုးထွေး နှင့်သာရ ပြီးနောက် ပေတူးနှင့် သာအေးတို့ ရောက်ရှိနေပြီဖြစ်သည် ၊ ‌သူတို့ ရောက်လာသောအခါ မောင်ဘိုးထင်သည် ‌ဦးအုန်းကို ကြည့်ပြီး တိုးတိုး လိုက်ပြောနေလေရာ တန်းလျားတွင် ထိုင်နေသော ဦးအုန်း မနေတက် မထိုင်တက် ဖြစ်‌နေရသည် ၊ ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်ကို ကြည့်ကာ
“,ဟာ မပြောပါဘူး အဘရ ”
မောင်ဘိုးထင်သည် ဖိုးထွေးအား မေးငေါ့ပြပြီး ဦးအုန်းအားစကားဆိုလိုက်၏ ၊ထိုအခါ ဖိုးထွေးသည် ဦးအုန်းကိုကြည့်ပြီး
“ဟုတ်ပါတယ် ဘိုးထင်‌ပြောတာက ကျုပ်တို့ မနက်ဖြန် ရေအိုးစင် ရွာကို သွားကြမယ်လို့ပြောတာပါဗျ “,
“အဲ့တာကို အဲ့ကောင်က ဘာလို့ တိုးတိုး တိုးတိုး လိုက်ပြော‌နေတာလဲ ဒီကောင် ငါ့အတင်း လိုက်ပြောနေတာ နေမှာပါကွာ”
“‌ခက်ပြီ ဦးအုန်းရာ တကယ်မပြောပါဘူးဆို ဦးအုန်းက ဘာဖြစ်နေတာလဲ ကြည့်ရတာ တမျိုပဲ ”
‌ဖိုးထွေးတို့သည် သဘောအရမ်း ကောင်းနေသော ဦးအုန်းကို ကြည့်ပြီး အတော်ထူးဆန်းသလို ဖြစ်နေသည် ၊ မောင်ဘိုးထင်သည်က အကျိုး အကြောင်း သိနေသည် မို့ ဘာမှ မပြော ဦးအုန်းကို သာ ကြည့်နေလေရာ ၊ ဦး အုန်းတယောက် အိမ် ပေါ် တက်သည် အထိ မောင်ဘိုးထင်အား ကွက်ကြည့် ကွက်ကြည့်လုပ်နေပါလေတော့သည် ။
◾အခန်း-၎
“အေး မင်းတို့ရွာ ငါလာဦးမလို့ အခု‌တော့ မင်းတို့ လာတာနဲ့ အဆင်ပြေသွားပြီ “,
“ဘာဖြစ်လို့ တုန်းဗျ ”
“ငါ မင်္ဂလာဆောင်‌တော့ မှာ လေကွာ “,
“,ဟ တကယ် ကြီးလား ”
“တကယ်ကြီးပေါ့ ကွာ ဘယ်သူနဲ့ တုန်းဗျ ”
“ကောင်ရေ မင်းတို့ ရွာက အဲ့ အပျို ကြီးတွေ အကြောင်းတော့ မပြောစမ်းပါနဲ့ ငါဆီက ငွေ တရာချေးပြီး အခု ရူးချင်‌ယောင် ဆောင်နေတယ် တော်တော် ဆိုးပါတယ် ကွာ ”
“ဟုတ်လားဟ ဘာလို့ လဲ ကွ ”
ပန်းချီငိုသည် ထိုသို့ မေးသော အခါ မောင်ဘိုးထင်တို့ သည် နွားရောင်းပြီး ဖဲ ရိုက်သည့် အကြောင်းကို မ‌ပြောပဲ ၊ စကားလမ်း ကြောင်း လွှဲ လိုက်ကြသည် ။
“အဲ့တာတွေက ထားလိုက်စမ်းပါဗျာ အခု ခင်ဗျားတို့ရွာက ဘယ်သူအိမ်မှ နေနေ တာလဲဆိုတာ သိချင်လို့ ”
◾အခန်း -၅
မိသူဇာ မိသူဇာအမည်ရသော ရေအိုစစင်ရွာသူသည် ခေါင်းစုန်း အဆင့်ရှိသော စုန်းပညာသည် တယောက်ဖြစ်သည် ၊ သို့ပေမဲ့ မိသူဇာအား မည်သူမျှ စုန်း ပညာသည်လို့ မထင်ပေ သူမအား ရေအိုးစင်ရွာသားမျာ ထင်မြင်ထားသည်မှာ အကြွေးထူသော လောင်းကစားသမား ယဟုသာ ထင်ထားကြသည် ၊ ယခု‌တော့ မောင်ဘိုးထင်တို့သည် မိုးကြိုးစက်တောင် ဝှေး ခိုးသွားသော မကြီး နှင့် မလေးအား ရှိလို ရှိငြား သွားနေချင်းဖြစ်သည် ၊ မိသူဇာကို တော့ ပညာသည် တယောက်မှန်း သူတို့ မသိကြပေ ၊ မောင်ဘိုးထင်သည် မိသူဇာ အိမ်ဝိုင်းထဲ ဝင်ရန် ဟန်ပြင်လိုက်ပြီး တခုခု ကို အာရုံ စိုက်နေသည်ထို့နောက် ၊ သူ၏ ခြေ‌ထောက် မှ ခြေစာမှုန့်ကို မြတ်လုံးမှာ ကွင်းပြီး ကြည့်လိုက်၏ ၊ ထူးရှားသည် အရိပ်အ‌ယောင်သည်က ‌မတွေ့ရသေးပေ ထို့‌နောက် ပေတူးသည် အိမ်ဝိုင်းဝ မှ နေ၍ မိသူဇာအာားလှမ်း အော် ခေါ်လိုက်လေသည် ။
“လေး မိသူဇာ ရှိလား ”
“အေးရှိတယ်ဟေ့ ဘယ်သူလဲ ”
မိသူဇာသည် အိမ်ပေါ်မှ ဆင်းကာ မောင်ဘိုးထင်တို့ ရှိရာသို့ လာနေသည် ထိုအခါမှ မောင်ဘိုးထင် မိသူဇာကို သေချာကြည့်လိုက်ရာ စုန်း အခိုးအငွေ့ ညို့ညို့ မှိုင်းမှိုင်းသည် သူ၏ ကိုယ် တွင် ဝေ့ဝဲနေသည် ၊ အနက်ရောင် အဆင့်မဟုတ်သော ကြောင့် မကောင်း မှုကို သိပ်မပြုရသေးဘူးဆိုတာ မောင်ဘိုးထင် နားလည် ထားသည် ၊ ထို့‌နောက် မောင်ဘိုးထင် သည် မိသူဇာ အား စုန်းကဝေ ဖြစ်သည်ဆိုတာကို မသိချင်ယောင် ဆောင်ကာ နေလိုက်ပြီး
“ဦးအုန်း ဆိုတာ ပေပင်က ဦးအုန်းလား ”
“ဟုတ်တယ်”
“တော်စမ်းပါဗျာ အခု အဲ့ သူခိုးမကြီး နှစ်‌ယောက် ဘယ်သွားလဲ ”
“ဘယ်ကို သွားတာ လဲ ပြောစမ်း ”
မောင်ဘိုးထင်သည် မိသူဇာကို သေချာ ကြည့်လိုက်သည် လိမ်‌နေသည့် ပုံ‌တော့ မပေါ်ပေ သို့ပေမဲ့ မောင်ဘိုးထင်တို့သည် တင်းထားသော မျက်နှာထားကို မလျှော့ သေးပဲ ဆက်ပြီး မေမြန်းလိုက်၏
“အဲ့ အဲ့ဒါတော့ ”
“မလိမ်ပါဘူး ”
ထိုနောက် မောင်ဘိုးထင်တို့သည် မိသူဇာ အိမ်ဝိုင်းထဲ မှ ထွက် ပြီး လမ်း‌လျှောက်နေကြရင်း မောင်ဘိုထင်သည် ပေတူး နှင့် သာအေးကို စောင့်ငဲ့ ကြည့်ကာ စကားဆိုလေသည် ။
“မင်းသဘောပဲ‌လေ ဘိုးထင် လ ကလည်း သာမှာ ဆို‌တော့ ယာတောထဲ အရင်သွားရင် ကောင်းမလား ”
◾အခန်း-၆
နှစ်ရှည်သီးပင် စားပင်များ ဖြစ် အုံဆိုင်းနေသော ဥယျာဉ်ကြီး ၏ အပေါက်ဝ သို့ မောင်ဘိုးထင်တို့ သုံးယောက် ရောက်လာခဲ့ပြီဖြစ်သည် ၊ တနာရီကျော် လမ်းလျှောက်လိုက်ရသောကြောင့် အအတော် မိုးချုပ်နေပီ့ ဖြစ်ပေမဲ့ လ‌ရောင်က အတန် အသင့် လင်းနေသော ကြောင့် အဆင်ပြေသည် ၊ မောင်ဘိုးတို့ ထဲမှ ပေတူးသည် မြေဝပ်ငှက်‌သေတကောင်ကို ခြေထောက်မှ ဆွဲ ကိုင် ထားသည်။ ၊သူတို့ လမ်း လျှောက်နေစဉ် လှည်းလမ်းပေါ်မှာ မြေဝှပ်ငှက် ထပျံ၍ လေးဂွ အဆင်သင့် ထုတ် ထားသော ပေတူး၏ လက်က မလွတ်ချေ ပေတူး၏ လက်သည်က အတော် ဖြောင့်သည်ဟု ပြောရမည် အရှိန်နှင့် ထပျံသော ငှက်ကို ခေါင်း တည့်တည့် မှန်သည်က အတော် မဖြစ်နိုင်သည့် ကိစ္ပပါ သို့ပေမဲ ငှက်က မြေပြင်ပေါ် ကျပြီးလို့ ပေတူးရဲ့ လက်ထဲတောင် ရောက်နေပြီ ဖြစ်သည် ၊ ထို့နောက် ‌မောင်ဘိုးထင်တို့မှာ ကိုပေါက်ကြီး ၏ ဥယျာဉ် ခြံထိပ်တွင် ရပ်လိုက်ပြီး သာအေးမှာ ကျယ်‌လောင်သော အသံ ဖြစ်ခေါ်လေ၏
“အဟမ်း ”
“မင်းတို့ကလည်း သူတို့ ကြားဖို့ အဓိကပဲ အဲ့လောက်မှားတာ သူတို့သိမှာ မဟုတ်ပါဘူး ”
မောင်ဘိုးထင်တို့ တ‌ယောက် နှင့် တ‌ယောက်စကားပြောနေစဉ် မီး အိမ်ကို ကိုင်လာသော လူနှစ်ယောက်ကို တွေ့လိုက်ရသည် သူတို့၏ ပုံစံများသည် သူတို့ကိုင်ထားသော မီးအိမ်အလင်းရောင် ကြောင့် အသေအချာ မြင် လိုက်ရ၏၊ အသက် လေးဆယ် အရွယ် များဖြစ်ပြီး အမျိုးသားမှ ပိန်ညှောင်‌ညှောင် နှင့် ဖြစ်ကာ အမျိုးသမီးမှာတော့ ခပ်ပြားပြားကြီးဖြစ်သည် ခပ်ပြားပြားဆိုသည်မှာ ဦး‌ခေါင်း၏ပြားချင်း ကိုယ်၏ ပြားချင်းကို ဆိုချင်ဖြစ်၏၊ ထို့ကြောင့် ဗျားကြီးဟု နာမည်ပေးထားချင်တော့ မဆိုနိုင်ပေ ၊ သူတို့ လင်မယားကြည့်ရသည် မှာ စုန်းကဝေ ပုံမပေါ် ကြောက်စရာ တကွက်မျှ ပင် မရှိပဲ တူတူ ‌တွဲ မြင်ရသောအခါ မောင်ဘိုးထင်တို့ မရယ် မိအောင် ထိန်းနေရသညါ သို့ပေမဲ့ ပေတူးသည်ကြာကြာ မထိန်းနိုင်ပေ
“ကဝေတွေ တဲ့ အဟိ”
“ဟေ့‌ကောင် မျက်နှာပိုး သတ် အဟိ ”
“ငါပြောသားပဲ နင့်ကို မလိုက်လာပါနဲ့ဆို နင် လိုက်လာတော့ ငါရဲ့ ဟိတ်ဟန်အပြည့် ရုပ်သွင်က ရယ်စရာကောင်းသွာ‌ရော သွားစမ်း အိမ်ထဲ ပြန်ဝင် ”
“ကျမက ရှင့်ကို ဆိုးရိမ်လို့ပါ ဟိုတခါ ခွေးတိုးထားတုန်းကလည်း ရှင်လဲတာ ရှင့်ရဲ့ သွားနှစ်ချောင်း နုန့်သွားတယ် မဟုတ်လား အဲ့ လို ဖြစ်မှာဆိုးလို့ လိုက်လာတာပါ”
ကိုပေါက်တူး၏ စကားကြားသော အခါ မောင်ဘိုးထင်တို့ သည် တ‌ယောက်မျက်နှာ တ‌ယောက်ကြည့်ကာ ဒီလောက်တုံးသည့် လူရှိပါဦးမလားဟု တွေးရင်း ပေတူး နှင့် သာအေးသည် ခြံ ထဲ ပြန်မပြေးနိုင်အောင် ပိတ်ရပ်လိုက်ကြသလို မောင်ဘိုးထင်မှလည်း ကိုပေါက်ကြီးအား စကားဆိုလေသည် ။
မောင်ဘိုးထင်တို့သည် သူတို့ မထင်မှတ်ထားသော စကားကို ဆိုလာသော ကြောင့် ကိုပေါက်ကြီးအား ငေး‌ကြောင်ကြည့်‌နေသည် ထို့‌နေက် မောင်ဘိုးထင်သည် သက်ပျင်းကို တချက်ချလိုက်ကာ
မောင်ဘိုထင် ပြောစကားကို ကိုပေါက်ကြီးသည် သေချာနားထောင်ကာ ခေတ္တစဉ်းစားလိုက်ပြီး သက်ပျင်းတချက်ကို လေးပင်စွာချလိုက်ကာ
“ဘာဖြစ်လို့လဲဗျ ”
“ဗျာ ခင်ဗျား‌တို့ ကဝေ တွေကလည်း အကြွေးတွေ နဲ့ကြည့်ပါပဲလားဗျာ ‌ရွာထဲက ဒေါ်မိသူဇာကလည်းအကြွေးကင်းပုံ မ‌ပေါ်ဘူး”,
ကိုပေါက်ကြီး ထိုသို့ ပြောမှ မောင်ဘိုးထင် လက်ခံလိုက်မိသည် အောက်လမ်း ပညာသည် တို့ စုန်းကဝေတို့ဆိုသည် မှာ လူသားတွေ ပဲ မဟုတ်ပါလား၊ သူ ထိုသို့တွေးတော နေစဉ် ပေတူးမှ ကိုပေါက်ကြီးအား လမ်းတွင် ရလာသော ငှက်ကြီးကို ပေးလိုက်ပြီး
“ကို ပေါက်သေး”
“ပေါက်ကြီးပါဟ ”
မောင်ဘိုထင်တို့သည် ကိုပေါက်ကြီးကို နုတ်ဆက်ကာ ရေအိုးစင်ရွာသို့ ပြန်သွားကြပါလေ‌တော့သည်။
◾အခန်း-၇
မောင်ဘိုးထင်တို့သည် ရေအိုးစင်ရွာရှိ ပန်းချီငို၏ အိမ်တွက်တည်လိုက်ကြသည် ၊ ပန်ချီငိုသည် အချိန်မတော်မှ ရောက်လာသောလည်း သူတို့အားကောင်းမွန်စွာ ဧည့်ခံ လေသည် ၊သူတို့ ညစာ စားနေရင် ပေတူးသည် ငူငူငိုင်ငိုင် ဖြစ်နေပြန်ရာ သာအေးမှ သတိပေးလိုက်ရပြန်သည် ။
“ငွေ တော်‌တော် ကုန်ပြီးမှ ရထားတာဆိုတော့ သူနဲ့ တူတူယူလာမှာ ပဲ”
“ဟုတ်တယ် ဟုတ်တယ် ”
◾အခန်း-၈
မနက်ခင်း အလင်းရောင်ရသည် နှင့် ကို ပေါက်ကြီးသည် မျက်နှာ သစ်ပြီး ပေတူးပေးသော ငှက်အား ညကတည်းက ကင်ထားကာ သူ၏ သမီးဖြစ်သူအား အိမ်ရှေ့ကွပ်ပျစ် တွင်ထိုင် ပြီး အသားလေးများအား လွှာကျွေးနေလေသည် ၊ မဗျားကြီးသည်က မီးဖိုချောင် ဘက်မှ နေ၍ သာအဖ နှစ်‌ယောက် အား အော်ပြီးစကားပြောနေသည်။
အသက် ၆ နှစ်အရွယ် သမီးဖြစ်သူ၏ စကားကို နားထောင်ပြီး မီးဖိုချောင်ထဲ မှ မဗျားကြီး ပြုံးလိုက်မိသည် ၊ သူမ၏ စိတ်ထဲတွင်‌တော့ သမီးဖြစ်သူ ဆေးကုဖို့ သူတို့ ပညာကို အသုံးပြုကာ တောင်ဝှေး တချောင်းအား မလှိမ့် တပတ် နှင့် ယူခဲမိသည်ကို လိပ်ပြာတော့ သိပ်မလုံပေ သို့ပေမဲ့ သမီးလေး တက် သော ရောဂါမှာ အတော်ကို သက်သာ သွားသည်ကြောင့် စိတ်ချမ်းသာရ၏ ၊ မကြာသော အချိန်တွင် နယ်ပိုင် ကဝေပျံက သူတို့ အား အကြွေးလာတောင်းတော့မည်ဖြစ်သည် ၊ နယ်ပိုင် ကဝေသည် သူတို့အား ဘာကြေး ညာကြေးဟု အမျိုးမျိုး အကြောင်းပြကာ စုန်းကဝေ အဖွဲ့ အစည်းထဲ သူ စိုက်ထည့်ပေးထားသည် ဟုဆိုကာ စားရင် စာအုပ်ကြီး နှင့် သူတို့အား အကြွေးလာတောင်းနေသည် ၊ မစားရ မသောက်ရ နှင့် စုန်းဖြစ်သည့် အတွက် ဘာကြေး ညာကြေး ထည့်ရသည်ကတော့ မဟုတ်‌သေးဘူးဟု သူတို့ မြင်ပေမဲ့ နယ်ပိုင်ကဝေ ဖြစ်နေသည့် အတွက် ပြန်၍ တော့ ခံ မပြောရဲပေ ၊ မဗျားကြီး အတွေးပေါင်စုံနှင့် မီးဖို‌ချောင်ထဲ ဟင်းချက် နေစဉ် အိမ်ရှေ့ ကွပ်ပျစ်မှ စကားသံ ပေါ်လာလေသည်
“ပေါက်ကြီးး နင်တို့ အတွက် ငါစိုက် ပေးထားရတဲ့ ငွေငါးဆယ် ဒီနေ့ ပေးရမဲ့နေ့ ဒီနေ့နောက်ဆုံးထားပြီးပေးတော့ ”
‌ပေါက်ကြီးသည် သူ၏ သမီးကို ငှက်ကင်ကျွေး‌နေရာမှာ အသံကြားရာဆီသို့ ကြည့်လိုက်သောအခါ အဝတ်စားကို ကော့ပြန်နေအောင် ဝတ်ထားသော အသက် သုံးဆယ် အရွယ် နယ်ပိုင်ကဝေမ မမင်းဖြူ ဖြစ်နေသည် ၊ မမင်းဖြူသည် သူ၏ လက်တွင် ပိုးသားနှင့် ထုတ်ထားသော ရှည်မျောမျော အရာတခုကို လက်က ကိုင်ထားသည် ၊ ထိုအရာမှာ မိုးကြိုးစက်တောင်‌ဝှေးဆိုတာ ကိုပေါက်ကြီးသိသည် ၊ ထို့နောက် မမင်းဖြူသည် ကွပ်ပျစ်တွင် ထိုင်လိုက်ပြီး
“ဟဲ့ ငါက ခေတ်နဲ့ လိုက်လျောညီအောင် ကြိုးစားနေရတာ ငါ့နယ်ထဲက စုန်းတွေ အတွက်ငါလုပ်တာ ”
“တော် စမ်းပါဗျာ ”
နယ်ပိုင်ကဝေမသည် သူ၏ အနောက်မှ အသံကြားရာ ဆီသို့ လှည့်ကြည့် လိုက်သည် ထို့နောက် သူ၏ နီရဲနေသော မျက်လုံးဖြစ် မောင်ဘိုးထင်ကို ကြည့်လိုက်သည် ၊ သူမ၏ စိတ်ထဲ တွင် ဒီမလောက်လေးမလောက်စားများ ယခုဖြစ်နေသော သူ၏ ရုပ်သွင်ကို မြင်ရရုံဖြစ် ကြောက်လန့် ပြီး ထွက် ပြေးမယ် ထင်ထားသည် ၊သူလှည့်ကြည့်လိုက်သောအခါ ကောင်လေးသုံး‌ယောက်သည် သူအား မခန့်လေးစား ကြည့်‌နေပြီး ကောင်လေးတယောက်မှ သူမ၏ လွင့်မျောနေသော ဆံပင်များကို လက်ညှိုးဖြစ်ထိုးပြကာ
“ရှိစရာလားဟဲ့ ”
နယ်ပိုင် ကဝေသည် ယောင်ယမ်းပြီး ပါးစပ် မှ လွှတ် ခနဲ ထွက်သွားသည် ထို့‌နောက် ကောင်လေး နောက်တယောက်သည် သူမကိုကြည့်ကာ
သူမ ပါးစပ်ဟပြီးရယ်နေစဉ် ပေတူးသည် သူ၏ လွယ်အိတ်ထဲ မှ လေးဂွကို ထုတ်ကာ ပစ်လိုက်သော ကြောင့် နုတ်ခမ်းကို မှန်ကာ အရယ် ရပ်သွားချင်း ဖြစ်သည် ၊ ထို့နောက် နယ်ပိုင်ကဝေသည် ဒေါသထွက်ကာ သူတို့ အား သူ၏လက်ကိုဆန့်တန်းပြီး တိုက်ခိုက်မည့်ဟန် ပြုလုပ်‌နေစဉ်
“ဟေ့ကောင်တွေ သူစကားပြောချင်လို့ ဖြစ်မယ် ပါးစပ်လှုပ်ရင်‌တော့ မပစ်နဲ့ ကြားလား”
“အေးအေး “,
ထို့‌နေညက် နယ်ပိုင်ကဝေသည် မောင်ဘိုစထင်တို့အား သေချာကြည့်ကာ
“ကြောက်ပါပြီ ငါ စက်ထုတ်မလို့ လုပ်တာ စက်ထုတ်ချိန်ကို မရ‌တော့ပါဘူး နင်တို့ ဆက်ပြီး မပစ်ပါနဲ့တော့ နာလွန်းလို့ ငါ့ ဆံပင်တွေတောင် မထောင် နိုင်တော့ပါဘူး”
“အဲ့တာဆို ကျုပ်တောင်ဝှေး နဲ့ ကိုပေါက်ကြီးတို့ အကြွေးတွေ‌လျှော်ပေး ”
“အဲ့ အဲ့ဒါတော့ ”
“ကြာတယ်ကွယာ ပါးစပ်ထဲ ကို ပစ် လင်းတပုံပြောင်းပြီး ပြေးရင် ခေါင်းကို ပြစ် သေရင် ကိုပေါက်ကြီး သမီးကို ကင်က‌ကျွေးပြစ်မယ် ”
ပေတူး၏ စကားကြားသောအခါ နယ်ပိုင်ကဝေမှာ ချွေး‌ဇော် ပြန်လာသည် သူ၏ မျက်လုံးဖြစ် ကိုပေါက်ကြီး နှင့် ကိုပေါက်ကြီးသမီးကို ကြည့်လိုက်ရာ ကလေးမလေးသည် ငှက်တကောင်လုံးကို ကိုင်ပြီး ပေါင်ကို ဖဲ့ကာ စားနေသည်ကို မြင်ရသောအခါ ကျော့ထဲ စိမ့်တက်လာ၍ မောင်ဘိုးထင်တို့အား ကြည့်ကာ
“‌တော် စမ်းနောက်တခါ နယ်ပိုင်ကဝေဖြစ်ပြီး ကိုယ့် လက်အောက် ငယ်သား စုန်းကဝေ တွေကို အနိုင် ကျင့်ကြည့် ခင်ဗျား မလွယ်ဘူး ”
“အေးပါ ငါ ငါ မလုပ်ရဲတော့ပါဘူး ‌ငါ့ကို တောင်ဝှေးဝယ်ဖိုးလေး ငါးရာ‌လောက်၊”
ဆံပင်များလေပေါ် မလွင့် နိုင်‌တော့ သလို မျက်လုံးတို့သည်လည်း မရဲ နိုင်တော့သော နယ်ပိုင်ကဝေမသည် မောင်ဘိုးထင်တို့၏ လေးဂွ အစွမ်းကို အတော် ကြောက်ရွံ့နေဟန်ရှိကာ တောင်ဝှေးကို ထုတ်ပြီး ကွပ်ပျစ်ပေါ်တင်လိုက်ပြီးနောက် ပိုးသား အိတ်လေးကိုလက်က ကိုင်ပြီး
“ဒါလေး‌တော့ ပြန်ယူသွားမယ်နော် ဈေးကြီးပေးပြီးလုပ်ထားရလို့ပါ ”
“ယူသွား ယူသွား ”
မောင်ဘိုးထင် ယူသွားခိုင်းသည်နှင့် တောင်ဝှေးထည့်ထားသော ပိုးသား အိတ်လေးကို ယူကာ ကိုပေါက်ကြီး အိမ်ဝိုင်းထဲ မှ ထွက်ခွာသွားပါလေ‌တော့သည် ။
◾အခန်း-၉
မောင်ဘိုးထင်တို့အား ကိုပေါက်ကြီး နှင့် မဗျားကြီးမှ ကျေးဇူးတင် လွန်း ၍ ပေးလိုက်သော ပိန္နဲသီးများ နှင့် သရက်သီးများကို ယူကာ ရေအိုးစင်ရွာသို့ ပြန်လာလေသည် ၊ မောင်ဘိုးထင်တို့သည် သူတို့ရွာတွင်လည်း ပိန္နဲသီး နှင့် သရက်သီး ရှိသည်ပြော‌ပေမဲ့ ကိုပေါက်ကြီးမှ သူတို့ခြံ ထဲက ပိန္နံသီးသည် အိမ်မာ သီးဖြစ်ပြီး စားလို့အတော်ကောင်းကြောင်း သရက်သီးသည်က မချစ်စု အသီးဖြစ်၍ အချစ်တွေ တောင် စုသွား‌နိုင်ကြောင်းကို တနာရီမျှ မရပ်မနား ပြောနေလေရာ မယူရင် ဖြစ် ပြန်လို့ ရမည် မဟုတ်သောကြောင့် ယူခဲ့ ရချင်းဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် သူတို့ ခွင့်လွှတ်ချင်း နှင့် ကိုယ်ချင်းစားချင်း အရသာကို သူတို့ ကောင်းကောင်း သိနေပြီဖြစ်၏ ၊ သူတို့ဖြေချင်းပေးခဲ့သောအရာတိုင်းသည် ရှဉ်လည်း လျှောက်သာ ပျားလည်း ဆွဲသာ မျိုး ဖြစ်၏၊ ထိာ့‌နောက် သူတို့အားကြောက်လန့်နေသော နယ်ပိုင်ကဝေ မမင်းဖြူ၏ မျက်နှာက်ု ပြန်မြင်‌ယောင်ကာ
“လူကြီးတွေ ပြောတဲ့ လေးဂွက သရဲ‌တောင် နိုင်တယ် ဆိုတာ ဟုတ်တယ်ဟ ”
“ဘာလို့လဲ ပေတူး ”
ထို့‌နောက် မောင်ဘိုးထင်တို့သည် ပန်းချီငို၏ အိမ်သို့ရောက်လာစဉ် အိမ်ပေါ်မှ သာရ နှင့် ဖိုးထွေးတို့ ဆင်းလာပြီး ပေတူးကို ကြည့်ကာ
“ဘာ ဘာဖြစ်လို့လဲ ဗျ”
“ဗျာ ”
ထို့‌နောက် ပေ‌တူးသည် သူကိုင်ထားသော ပိန္နဲသီးကို မြေပြင်ပေါ်ပစ်ချကာ ပေပင်ရွာရှိ သူ၏ နေအိမ်သို့ ပြေးပါလေ‌တော့သည် ၊ ပေတူးပြေးသည် နှင့် မောင်ဘိုးထင်တို့သည် လည်း နောက်မှ ပြေးလိုက်၍သွားကြပါလေတော့သည် ။
📝မောင်တင်ဆန်း
#mgtinsan