Unicode Version
” အောက်လမ်းဘိုးထင် နှင့် ပေတူးအဘ “(စ/ဆုံး)
—————————————————————-
(၃၀)
◾အခန်း(၁)
ပေတူး၏ မကြီးကျယ် မခမ်းနားလှသော အိမ်လေးတွင် မောင်ဘိုးထင်တို့ အပါအဝင် ရွာမှ ရပ်မိရပ်ဖများသည် ပေတူး၏အဘ ဦးသန်းလှိုင် အနားတွင် ထိုင်ပြီး လူနာမေးနေကြသည်။မောင်ဘိုးထင်တို့သည် လည်း မည်သို့ပြုလုပ်ရမည် မှန်း မသိ အောင်ဖြစ်နေပြီး ပေတူးအနားတွင်သာ နေပေးနေရသည်။ ပေတူးသည် သူ၏ မိခင်ဖြစ်သူကို အသံတိုးတိုး နှင့် မေးနေ၏
“အမေ အဘက ဘယ်လိုဖြစ်ရတာလဲ ဗျာ ကျုပ်ကို သေချာ ပြောစမ်းပါဦး”
“မသိပါဘူး ပေတူးရယ် နင်အဘ နှမ်းထယ်ရေးသွားထိုးတာ ပြန်လာတော့ အကောင်းကြီးပဲ ညနေပိုင်းရောက်တော့ အိပ်ချင်တယ်ဆို ပြီး အိပ်ယာထဲ ကနေ မထတော့ပါပဲ ”
ပေတူးသည် မိခင်ဖြစ်သူ၏ ညှိုးငယ်သော ပြောစကားကို နားထောင်ပြီးသောအခါ အိပ်ယာထဲ ၌ လဲနေသော အဘ ဖြစ်သူအား သေချာကြည့်လိုက်သည် ။ အကောင်းပကတိကနေ ယခု အိပ်ယာထဲ လဲနေသော ဖခင်အား သူနည်းတူ ရွာထဲ၌ ရှိသော ဆေးဆရာကြီး နှင့် ရွာလူကြီးတို့လည်း အံဩထူးဆန်းနေကာ
“မတင်မြ ကိုသန်းလှိုင်က ဘယ်လို ဖြစ်ရတာလဲဗျ ဟို ဘက်နေ့က မှ ကျုပ်ဆီ မျိုးစပါးလာယူတော့ တောင် အကောင်းကြီးပါ ”
“မသိပါဘူးတော့ တောထဲကနေ အိမ်ပြန် လာပြီး အိပ်ချင်တယ် လို့ ပြောပြီး အိပ်တာ အခုလို ပြန်မထတော့တာပဲ ရွာလူကြီးရယ် ”
‘ဟုတ်လား ကဲ ဆေးဆရာရေ အခြေအနေလေး ပြောစမ်းပါဦးဗျ”
ရွာလူကြီးသည် ပေတူး၏ အမေအား စကားဆိုရင်း ဦးသန်းလှိုင်အား စစ်ဆေးနေသော ဆေးဆရာကို တပါတည်း မေးလိုက်ခြင်းဖြစ်သည် ။ရွာလူကြီး မေးလိုက်သောအခါ ဆေးဆရာကြီးသည် ဦးသန်းလှိုင်၏ လက်မှ သွေးကျောကို စမ်းလိုက် မျက်လုံးကို ဖြဲလို့ မျက်ခမ်းစပ်ကို ကြည့်လိုက် လုပ်ရင်း
‘ကျုပ်လည်း ဘာပြောရမှန်း မသိပါဘူ သူကြည့်ရတာ လူကောင်းကြီးတယောက် ပဲ ခန္ဓာကိုယ်က အကုန်ကျန်းမာ နေပါတယ် ”
“အဲ့ဒါဆို သူက ဘာလို့ လှုပ်နိုးမရအောင် အိပ်ယာထဲ လဲ နေရတာ လဲ ”
“အဲ့တာကို ကျုပ်လည်း စဉ်းစားမရဖြစ်နေတာ ‘
“အဲ့ဝာာဆို ကျမ ဘယ်လိုလုပ်ရမလဲ ဆရာကြီး”
“ကျုပ် ဆေးပညာအရ တော့ အစွမ်းကုန်ပြီ ကျုပ် အကြံပေးချင်တာ တော့ ကိုအုန်းကို ခေါ်ပြ”
ဆေးဆရာကြီး၏ စကားမဆုံးသေးခင် ကိုသန်းလှိုင်သည် အိပ်နေရာမှ ထ ထိုင်လိုက်ပြီး
“မ ခေါ်နဲ့ ငါ အလုပ် သွားရဦးမယ် အခု ငါထမင်းစားမယ် ”
“ကိုသန်း လှိုင် ရှင်ဘာမှ မဖြစ်ဘူးနော် ”
“အေး မဖြစ်ဘူး ငါအိပ်ချင်လို့ အိပ်နေတာ ”
မောင်ဘိုးထင်သည် အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်။ပေတူး အပါအဝင် တခြားသူများသည်က ဦးသန်းလှိုင် နေကောင်းသွားလို့ ဝမ်းသာနေကြ၏ ။မောင်ဘိုးထင်သည် ဦးသန်းလှိုင်ကို သေချာကြည့်လိုက်သည်။ လူများအားလုံး တယောက် တလှည့် နိုးနေသည်ကို ပင် တုတ်တုတ်မျှ မလှုပ်သော ဦးသန်းလှိုင် မှ ယခု ကောက်ခါငင်ကာ ကြီး ကောင်းသွားသည်မှ ပုံမှန်တော့ မဟုတ်ဟု တွေးရင်း ပေတူးကို နှုတ်ဆက်ကာ အတွေးပေါင်းစုံ နှင့် အိမ်ပြန်လိုက်ပါလေတော့သည်။
◾အခန်း(၂)
မောင်ဘိုးထင်သည် အိမ်ရှေ့တန်းလျားတွင် ငူငူငိုင်ငိုင် နှင့် ထိုင်နေသည်။ထိုစဉ် ဦးအုန်း သည် အိမ်ပေါ်မှ ဆင်းလာပြီး မောင်ဘိုးထင်အနား တွင် ထိုင်လိုက်ကာ ရေနွေး တခွက် ကို ငှဲ့ ရင်း စကားဆိုလေ၏။
“ကောင်လေး မင်းဘာဖြစ်နေတာလဲကွ ပြောစမ်းပါဦး မင်းတွေးနေတာတွေ ”
“အဘ ”
“အေး ကောင်လေး”
“ပေတူး အဘ အိပ်ယာထဲ တရက်လောက် လဲသွားတယ်ဆိုတာ ကြားတယ် မဟုတ်လား ”
“ကြားတယ်လေ ”
“ကျုပ်စိတ်ထဲ သိပ်ပြီး သင်္ကာမကင်းဖြစ်နေတယ် ဗျာ ”
“ဟေ ဟုတ်လား ပြောစမ်းပါဦးကွ ဘယ်လို ဖြစ်လို့လဲ ”
“သူက တနေ့လုံး မှိန်းပြီး အိပ်နေတာလေ ဘယ်သူမှ လှုပ်နိုးနိုး နိုးမှမနိုးတာ ဒါပေမဲ့ ဆေးဆရာကြီးက အဘကို ခေါ်ဆိုတာနဲ့ ချက်ချင်းကြီး ငုတ်တုတ် ထထိုင်ပြီး တောထဲ သွား မလို့ ထမင်း စားမယ်တန်းပြောတာ အဲ့တာကို စိတ်ထဲ အလို မကျဘူး ဖြစ်နေတာ”
“မင်း အထင် ပေတူး အဖေ ကိုသန်းလှိုင်က ဖုတ်ဝင်နေတယ်လို့ ပြောချင်တာလား ”
“ဟုတ်တယ် အဘ”
“အဲ့တာ တခုတည်းတော့ ဖုတ်ဝင်နေတဲ့သူလို့ တပ်အပ်ပြောလို့မရဘူး မင်းက သေချာ သက်သေ မပြနိုင်ရင် ကာယကံ ရှင်ရဲ့ မိသားစုက လက်ခံနိုင်မှာ မဟုတ်ဘူး အထူးသဖြင့် မင်း သူငယ်ချင်း ပေတူးပေါ့ ”
“ကျုပ်လည်း တွေးမိပါတယ် အခုလောလောဆယ် ပေတူးကို အသိမပေးသေးဘူး အဘ ကျန်တဲ့သူတွေ နဲ့ တိုင်ပင် လိုက်ဦးမယ် ပြီးတော့မှ လုပ်စရာ ရှိတာ တွေကို သေချာ လုပ်ပါမယ် အဘ”
“ကဲ ဒါဆိုရင် မင်းပညာလည်း။သိပ်မသေးတော့ပါဘူး ဖုတ်ကို ထုတ်တာလောက်တော့ မင်းလည်း ဖြစ်နေပါပြီ တကယ်ဖုတ် ဝင်တာ မှန်ရင်တော့ အမြန် ဆုံး ထုတ်တာ အကောင်းဆုံးပဲ ကောင်လေးရေ ”
ထို့နောက် မောင်ဘိုးထင်သည် သူ၏ အိမ်တိုင်တွင် ချိတ်ထားသော သူ၏ လွယ်အိတ်ကို ကိုင်ကာ ရွာထဲသို့ ထွက်ခွာသွားပါလေတော့သည် ။
◾အခန်း (၃)
“ဟ ဘိုးထင် မင်းပြောတာ ဟုတ်ကော ဟုတ်လို့လားကွာ ”
“အေး ဟုတ်ကော ဟုတ်ရဲ့လား ဘိုးထင်ရာ ”
“ကိုဖိုးထွေးတို့ သေချာစဉ်းစားကြည့်ပါ ဦး ဗျာ တနေ့ လုံးမှိန်းနေတဲ့ သူက ကျုပ် အဘကို ခေါ်မယ်ဆိုတော့ မှ ချက်ချင်းကြီး လူကောင်းဖြစ်သွားတာ ရိုးရိုး ဟုတ်နိုင်ပါ့မလားး”
“သူပျင်းလို့ အိပ်နေတာကော မဖြစ်နိုင်ဘူးလား ဘိုးထင် ”
“ဟ သာအေးရ ရွာက လူကြီးတွေ ဆေးဆရာတွေ တောင် လာနေတာကို သူက ပျင်းပြီး အိပ်နေနိုင်မလား စဉ်းစားစမ်းပါ ဦး”
“အေး အဲ့ဒါလည်း ဟုတ်တာပဲ ”
မောင်ဘိုးထင်တို့ သည် အရိပ် ရှိသော သစ်ပင် ရိပ်တွင် ထိုင်ရင်း ပေတူး၏ အဘ အကြောင်းကို ပြောနေစဉ် ပေတူးသည် ဝက်သား တတွဲကို ဆွဲ ပြီး လမ်းလျှောက်လာလေသည်။ထိုအခါ ဖိုးထွေးမှ ပေတူးကို လှမ်းအော် ခေါ်လိုက်လေသည်။
“ဟေ့ ပေတူး လာခဲ့စမ်းပါဦးကွ”
“ကိုဖိုးထွေးတို့ပါလား ဘာတွေလုပ်နေကြတာလဲ ”
“ဟဲ့ကောင်ရ ငါက မင်းကို မေးရမှာ အခုတလောမင်းက ငါတို့ ဆီလည်း မလာ ဘာတွေ လုပ်နေတာလဲ အခုလည်း ကြည့်စမ်း ပါဦး ဝက်သားတွေ နည်းတာ မဟုတ်ဘူး မင်းတို့အိမ်မှာ သုံးယောက်တည်း ရှိတာ မဟုတ်ဘူးလား ”
“အဘက အခုတလော ထမင်း တော်တော် စားတယ်ဗျ ဟင်းဆိုလည်း ကောင်းမှ ဗျို့ အခုတောင် မနက် မိုးလင်းကတည်းက ထပြီး ရေအိုးစင်ရွာ ကိုဝက်သား သွားဝယ်ခိုင်းတာ ”
“ပေတူး မင်းအဘက အရင်က အသားတွေ သိပ်မစားဘူးဆို ”
“အေးဟုတ် တယ် ဘိုးထင်ရ အရင်က အမဲသားဆို စားကို မစားတာ အခု အမဲသား ဝယ်ခိုင်းတာ အမဲသား မရမှ ဝက်သားဝယ် လာခိုင်းတာ ”
“မင်း အဘ ရိုးကော ရိုးရဲ့ လား ပေတူး ”
သာရမှ ပေတူးကို သေချာကြည့်ပြီး မေးလိုက်သောအခါ ပေတူးသည် သာရ အပါအဝင် မောင်ဘိုးထင်တို့ကို စူးရဲစွာကြည့်ပြီး
“ဘာလဲ ခင်ဗျားတို့က တခြားသူတွေ လို ကျုပ်အဘကို ဖုတ်ဝင်နေတယ် လို့ပြော ချင်နေတာ မဟုတ်လား ”
“အဲ့လိုလည်း ပြောတာ မဟုတ်”
“တော်စမ်းပါဗျာ ကျုပ်အဘက လူဗျာ သူလည်း နာလန်ထစဆိုတော့ ထမင်းစားကောင်း မှာပေါ့ ဗျာ သွားပြီ ”
ပေတူးသည် မောင်ဘိုးထင်တို့ကို သေချာတောင် နှုတ်မဆက်ပဲ စိတ်ဆိုး မာန်ဆိုး နှင့် ဝက်သားတွဲကို ဆွဲကာ ထွက်ခွာ သွားလေတော့သည် ။ထိုအခါမှ ကျန်ခဲ့သော မောင်ဘိုးထင်တို့သည် တယောက်မျက်မှာ တယောက် ကြည့်လိုက်ပြီး သက်ပြင်းကိုယ်စီချကာ သာရမှ စကားဆိုလာသည် ။
“ဘိုးထင်ပြောတာ မှန်လောက်တယ် ငါ့အဘက လည်း ဘိုးထင် အမေကို အဲ့ အကြောင်းပြောတော့ စိတ်ဆိုးတယ် တဲ့ ကွာ ”
“ငါ့အဘလည်း ပြောသေးတယ်တဲ့ကွ ပေတူးတို့ သားအမိက အဲ့အကြောင်း ပြောရင် တကယ့်ကို ခါးခါးသီးသီး ဖြစ်နေတာ”
သာရ နှင့် ဖိုးထွေးစကားကို မောင်ဘိုးထင် နားထောင်ပြီးသော အခါ တခုခုကို စဉ်းစားနေပြီးနောက်
“ကဲ ကိုဖိုးထွေးတို့ ကျုပ်တို့ ပေတူး မသိအောင် ကူညီမှ ရလိမ့်မယ် ”
“ဘယ်လို ကူညီမှာ လဲ “,
” ကျုပ်တွေးထားတော့ရှိတယ် ”
“ပြောစမ်းပါဦးကွ”
“ပေတူးအဘကို ဖုတ်ထုတ်ရင် ပေတူးအဘက သေသွားမှာဗျ အဲ့လိုဆို ဒီကောင် အတော်ကို ခံစားရမှာ ”
“အဲ့တာတော့ ဟုတ်တယ် ဒီကောင်က သူ့ အဘကို တော် အတော် ချစ်တဲ့ကောင်ကွ ”
“အဲ့တော့ ကျုပ်က ပေတူးအဘ ထဲ ဝင်နေတဲ့ ဖုတ် နေရာမှာ ကျုပ် အမိန့်ကို နာခံတဲ့ သရဲတကောင်လောက် ခဏ ဝင်ထည့်ထားမလားလို့ ”
“အဲ့တာတွေတော့ မင်းပဲ ကောင်းသလို လုပ်ပါ”
“အဲ့တာ ဆို ပေတူးအဘ တောထဲ တော့ သွားသေး တယ်ပြောတယ် ကျုပ်တို့ မနက်ဖြန် ပေတူး အဘဆီအရင်သွားကြတာပေါ့ ”
“အေး သွားကြတာပေါ့ကွာ”
ဤသို့ ဖြင့် မောင်ဘိုးထင်တို့သည် ပေတူးအဘကို ဝင်နေသော ဖုတ်အား ထုတ်ဖို့ကို တိုင်ပင်နေကြပါလေတော့သည် ။
◾အခန်း(၄)
ပေပင်ရွာ၏ အနောက်ဘက် တောင်ယာများရှိရာသို့ မောင်ဘိုးထင် နှင့် သာအေးတို့နှစ်ယောက်တည်း စကား တပြောပြော နှင့် လမ်းလျှောက်နေကြသည် ။ သူတို့ ဦးတည်နေသော နေရာမှာ ပေတူး၏ အဘ ဦးသန်းလှိုင် နှမ်းထယ်ရေးထိုးနေသော နေရာကို ဖြစ်သည်။သူတို့တွေ စကားတပြောပြော နှင့် လျှောက်လာရာ နွားနှစ်ကောင် ကို နေပူကြီးထဲ ချည်ထားကာ ရုံးပင် အရိပ် အောက်တွင် အိပ်နေသော ဦး သန်းလှိုင်ကို တွေ့လိုက်ရသည်။နွားတို့သည်ကာ နေပူ၍ မောဟိုက်နေလေသည်။ထိုအခါ မောဟိုက်နေသော နွားနှစ်ကောင် အနားသို့ သွားကာ ပေတူး နှင့် သာအေးသည် နွားတ ကောင်ကို ဆွဲလိုက်ပြီး သစ်ပုဂံ ပင်အရိပ်အောက်တွင် ချည်ထားလိုက်ပြီး ရုံးပင် အောက်တွင် အိပ်နေသော ဦးသန်းလှိုင် ဆီသိူ့ သွားကာ
“ဦးသန်းလှိုင် ”
“ဦးသန်းလှိုင် ”
မောင်ဘိုးထင်တို့ နာမည်ကို ခေါ်ကာ နှိုးပေမဲ့ မနိုးသော ကြောင့် ပုခုံးအား လှုပ်၍ နိုးသောအခါမှ မျက်လုံးကို ဆပ်ကနဲ ဖွင့် လိုက်ပြီး ငုတ်တုတ်ကြီးထိုင်ကာ မောင်ဘိုးထင်တို့ နှစ်ယောက် အား ငေးကြည့်နေပြီး လေးကန်ကန် အသံကြီး နှင့် စကားဆိုလာလေသည်။
“ဟေ့ကောင်တွေ မင်းတို့က ဘာလုပ်နေတာလဲ ”
“ခင်ဗျားကို မေးရမှာ ထယ်မထိုးပဲ နွားတွေကို နေပူကြီးထဲ ချည်ပြီး ဒီ မှာ ဘာလို့ အိပ်နေတာလဲ ”
“ဟေ့ကောင်လေးတွေ ငါ့တိုင်းငါ အိပ်ချင် အိပ်မယ် ထ ချင် ထ မယ် မင်းတို့ အပူမပါဘူး ”
ဦးသန်းလှိုင်သည် သူ ချည်ထားသည့် နေရာတွင် နွားနှစ်ကောင်အား မတွေ့ ရသောအခါ မျက်လုံး များ နီရဲလာပြီး
“ငါ့ နွားတွေကို မင်းတို့ နှစ်ကောင် ပြောင်းချည်လိုက်တာ လား ”
‘ဟုတ်တယ်လေ ဗျာ နွားတွေက လျှာထွက်ပြီး သွားရည်တွေကျနေပြီ ခေါင်းလောင်းတောင် ထိုးတော့မယ် နွားတွေကို နေပူထဲ ဘာလို့ ချည်ထားတာလဲ ခင်ဗျား တော်တော် ပြောင်းလဲ သွားပါလား အရင်ကဆို ဦးသန်းလှိုင်ရဲ့ နွားတွေက ဝဖီး လို့ အခု ကြည့်ဦး”
“ဒီကောင်တွေ လျှာအတော် ရှည်ပါလား ငါ့နွား ငါထားချင်သလိုထားမယ် မင်းတို့ အပူပါလား ဒီသောက်ကလေး နှစ်ယောက် နားရင်း အုပ်လိုက်ရကွာ”
“ခင်ဗျားဘာပြောတယ် ”
“သာအေးသည် သူ၏ လွယ်အိတ်ထဲ လက်နှိက်ပြီး ဦးသန်းလှိုင်ကို လေးဂွ နှင့် ပစ်မလို့ ကြံနေသည်ကို မောင်ဘိုးထင်မှ တားလိုက်ပြီး ဦးသန်းလှိုင် နှင့် ဝေးရာကို ဆွဲခေါ်ကာ
“စိတ်ထိန်း ဒီဟာ ဦးသန်းလှိုင် မဟုတ်ဘူး ဖုတ်ဝင်နေတာ သေချာတယ် အလုပ်လည်း မလုပ် နွားတွေကို နေပူထဲ ထားပြီး သူက အရိပ် အောက်မှာ အိပ်နေတယ် ပြီးတော့ လူကလည်း ကြည့်ဦး ပေတူးပြောပုံ အရ ထမင်းသာတအားစားနေတာ လူက လည်း ခြောက်ကပ်လာသလိုပဲ အဲ့တာကို ပေတူး အမေက ရောဂါဖြစ်နေတယ် ထင်ရင် ထင်နေမှာ ”
“အေး ဟုတ်တယ် ကွ ဦးသန်း လှိုင်က ရိုးရိုး တော့ မဖြစ်နိုင်ဘူး ငါ့အထင် နွားတွေကို တောထဲ ခေါ်ပြီး တမင် နေပူထဲ ချည်ထားတာ ဖြစ်နိုင်တယ် ”
“အေးကွာ ဒီလောက်သိသာ နေတာ ကို ပေတူး မသိတာ အတော်အံ့ဩတယ် ”
မောင်ဘိုးထင် နှင့် သာအေးသည် ဦးသန်းလှိုင် ယခုလို ဖုတ်ဝင်နေသည်ကို မသိရမလားဟု တွေးကာ အံ့ဩနေရင်း နောက်ထပ် သူတို့ ပြုလုပ်ရမည့် လုပ်ငန်းေဆာင်တာ များကို တိုင်ပင် နေကြပါလေတော့သည်။
◾အခန်း(၅)
မောင်ဘိုးထင် နှင့် သာအေး သူ၏အဘ နှင့် စကားများနေသည်ကို ချုံအကွယ် မှာနေ၍ ပေတူးတေယာက်ချောင်းကြည့်နေသည် ။ပေတူးသည်လည်း သူ၏ အဘ ပုံမှန်မဟုတ်တာ သိသည် သို့ပေမဲ့ သူ သူ၏အဘကို ဆုံးရှုံးရမှာ ကြောက်နေမိသည် ။ဖုတ်ဝင်တာ မှန်က ဖုတ်ထုတ်လိုက်လျှင် သူ၏ အဘသည် သူတို့ နှင့် တသက်လုံး တူတူ ရှိနေနိုင်မည် မဟုတ်တော့ပါ ၊ ထိုသို့ ဖြစ်မှာထက် ယခုလို သူတို့နှင့် အတူရှိနေသည်က တော်သေးသည်ဟု တွေးကာ ဖြစ်ပျက်သမျှများကို လှစ်လျူရှုထားသည် ။ သူ၏ အဘသည် မနက်အစောကတည်းက ထယ်ထိုး မည်ဟုပြောကာ နွားများကို ဆွဲသွားပြီး နေပူကြီးထဲ ချည်ထားက သူသည်က အပင်ရိပ် မှာ အိပ်နေကြဖြစ်၏။ထို့ကြောင့် ပေတူး သည် နွားများ နေပူထဲ ရောက်သောအခါ ရွေ့ပေးရန် သူ၏ အဘနောက် အမြဲ တိတ် တဆိတ် လိုက်လာချင်းဖြစ်သည် မောင်ဘိုးထင် နှင့် သာအေးသည် သူ့အရင်ရောက်နေပြီး နွားများကို ရွေ့ထားပေးပြီး သူ၏ အဘဖြစ်သူ နှင့် စကားများကာ ထွက်သွားလေပြီဖြစ်သည် ။မောင်ဘိုးထင်တို့ သူအား စိုးရိမ်စိတ်ပူ၍ ပြောသည့်စကားများကို နားလည်သော် လည်း အဘဖြစ်သူကို သူ တသက်လုံး ပြန်တွေ့မရတော့ဘူးဟု တွေးလိုက်မိတိုင်း ယခု လိုအနေအထားလေးကို သာ သူ နှင့် သူအမေသည် ကျေနပ် လက်ခံ ထားသည် ၊ ထို့နောက် မောင်ဘိုးထင် နှင့် သာအေးလည်း သူ၏ မြင်ကွင်းမှ မရှိတော့သောကြောင့် ရုံးပင်ရိပ် တွင် အိပ်နေသော ဦးသန်းလှိုင် အနားသွားကာ
“အဘ အဘ ”
“ဟေ့ ဘယ်သူလဲ ”
“ကျုပ်ပေတူးပါ အဘ ”
“မင်း ဘာလာလုပ်တာ လဲ ”
“အိမ်မှာ အမဲသား။ချက် လို့ အဘကို လာပြောတာပါ နွားတွေကို ကျုပ် ဆွဲ ခဲ့ပါမယ် ”
ပေတူး၏ စကားကြားသောအခါ ဦးသန်းလှိုင်သည်း အိပ်နေရာမှ မျက်လုံး ချက်ခြင်းပွင့်ကာ မျက်နှာမှ ပြုံးလိုက်ပြီး လျှာကို သပ်၍ ရွာ ဘက်သို့ ထပြေးသွားပါလေတော့သည် ။
◾အခန်း(၆)
ဖိုးထွေး နှင့် သာရ ထို့နောက် မောင်ဘိုးထင် နှင့် သာအေးတို့ မျက်နှာချင်းဆိုင်ပြီး စကားပြောနေကြသည်။သူတို့သည် သူတို့၏ အပေါင်းအသင်း ပေတူးတို့ သားအမိအား အတော်ကို စိုးရိမ်နေမိသည် ။
“ဦးသန်းလှိုင်ကြီးက တနေ့တနေ့ ပိုပိုဆိုးလာတယ်နော် ဟိုနေ့က ဆို ငါ့အဘ ဆီ စပါးပေး အရီးလာယူသွားတာ နည်းတာ မဟုတ်ဘူး ငါအဘက ဘာလုပ်ဖို့လဲ လယ် စိုက်ချိန်လည်း မနီးသေးပါဘူးဆိူတော့ ကိုသန်းလှိုင် နေမကောင်းတော့ စားချင်တာလေးတွေ ဝယ်ကျွေးဖို့ပါတဲ့ ကွ”
“အေးဆို ငါအမေ ဆီလည်း ငွေလာချေးသေးတယ်ကွ ဒီပုံတိုင်းဆို ပေတူးတို့ သားအမိ မလွယ်ဘူး”
“ပေတူးကလည်းခက်တယ် ဖုတ်ဝင်နေတယ်လို့ကို ပြောမရဘူး”
“ငါတို့ အစီအစဉ်အတိုင်း ဒီနေ့ သရဲ တကောင် သွားဖမ်းကြမယ် ”
“နေပါဦး မင်းက ဘယ်သရဲ သွားဖမ်းအုံးမှာလဲ ”
“ဟိုတခါ တို့ ဖမ်းလာတဲ့ သရဲ ပဲ ဖမ်းမယ်လေ ငါ့အဘလွှတ်လိုက်တဲ့ ညောင်ပင်က သရဲမကြီးလေ ”
“မင်း အဘက လွှတ်ပေးထားတာ မင်းကပြန်ဖမ်း ရင် ပြောနေပါဦးမယ်”
“မပြောပါဘူးဗျာ မပြောဘူးဆိုတော့ လည်း သဘောပဲကွာ ဘယ်နေ့သွားကြမလဲ ”
“အချိန် တအားဆွဲလို့ မရဘူးဆိုတော့ မနက်ဖြန် မနက်အစော ထွက်ကြတာပေါ့ဗျာ ”
“နေပါဦး မင်းအဘ ခြံထဲ မှာ မွေးထားတဲ့ သရဲတွေ ဘာလို့မခိုင်းတာလဲ ”
“ကျုပ် အဘ မွေးထားတဲ့ ကောင်တွေ ကအမဲသား ကျွေးမှ အလုပ် လုပ် တဲ့ ကောင်တွေဗျ”
“အဲ့လိုလဲ ရှိသေးတယ်လား”
“ရှိတာပေါ့ ဗျ ကဲ ကဲ မနက်ခင်း အစော သွားကြမယ် ဗျာ ”
ထို့နောက်မောင်ဘိုးထင်တို့သည် သစ်စိမ့်ရွာကို သွားသည်။ လမ်းခုလပ် ညောင်ပင်မှာ သူတို့အရင် ဖမ်းလာခဲ့ သော မောင်ဘိုးထင် ၏ အမေတစ္ဆေမကြီးအား နောက်တခါ ပြန်ဖမ်းဖို့ ကြံနေကြပါလေတော့သည် ။
◾အခန်း(၇)
ဖိုးထွေး ၊သာရ နှင့် သာအေး ပြီးနောက် မောင်ဘိုးထင်တို့သည် သစ်စိမ့်ရွာသို့သွားသော လမ်းတွင် မနက် ဝေလီဝေလင်းကတည်းမှ ထွက်လာခဲ့ရာ ခေါင်းလောင်းထိုးချိန် တွင်တော့ ထိုညောင်ပင်ကြီး ဆီသို့ ရောက်လာပြန်ပြီဖြစ်သည်။ ထို့နောက် မောင်ဘိုးထင်သည် ညောင်ပင်အားသေချာကြည့်ပြီး မာထန်သော လေသံဖြင့် စကားဆိုလေသည်။
“ဒီညောင်ပင် မှာ ရှိတဲ့ သရဲမ နင် ဒီ အပင်ကိုပဲ ပြန်ရောက်တာဆို ငါ့ရှေ့ ခု ချက်ချင်းပေါ်စမ်း ‘
မောင်ဘိုးထင်၏ စကားဆုံးသော အခါ ညောင်ပင်ကြီးသည် လေမတိုက်ပါပဲ ညောင်ကိုင်း ညောက်ခက်များမှ ပြင်းထန်စွာလှုပ်ရှားနေလေရာ ဖိုးထွေးတို့သည်ပင် ထိတ်လန့်လာလေသည်။
“ဘိုးထင် မင်းဟာက ဟုတ်ကော ဟုတ်လို့လား ငါတို့ ပြေးများ ပြေးရတော့မလား ‘
“နေစမ်း ပါဦးဗျာ ”
“ညောင်ပင်တွေက တအားလှုပ်နေလို့လေ ‘
“ညောင်ပင် လှုပ်တာမှ လာကြောက်နေသေးတယ် ”
မကြာသောအချိန်တွင် ညောင်ပင် ထဲမှာ နနွင်းများ ဝါထိန်နေအောင်လိမ်းထားပြီး ဆံပင်ဖားလျားချထားကာ မျက်လုံးတို့မှ မဲ နက်နေသော သရဲမ တကောင် ထွက်လာလေသည် ၊ သရဲမသည် မောင်ဘိုးထင်တို့ ၏ မလှမ်းမကမ်းတွင် ရပ်ကာ မောင်ဘိုးထင်အား ငေးကြည့်နေလေသည်။ထို့နောက် မောင်ဘိုးထင်သည်
“ကဲ သရဲမကြီး ငါနင့်ကို ခိုင်းစရာရှိတယ် နင့်ကို အမဲသားကျွေးမယ် ငါခိုင်းတဲ့ အတိုင်း လုပ်မှာလား ”
သရဲမသည် ခေါင်းကိုသာ ဖြည်းညင်းစွာ ညိတ်လေသည်။
“ငါက အမဲသား အများကြီးတော့ မကျွေးနိုင်ဘူး ငါးဆယ်သား လောက်တော့ ကျွေးနိုင်တယ် ရလား ”
သရဲမသည်လည်း ခေါင်းညိတ်လို့ လက်ခံနေပြန်၏။
“ငါ နင့်ကို ခိုင်းမှာ ငါ့အဘ မသိဘူးနော် အဲ့တာ နင် ငါထားတဲ့ နေရာမှာ ပဲ နေရမယ် ”
မောင်ဘိုးထင် ဘာပြောပြော သရဲမကြီးသည် ခေါင်းကိုသာ ညိတ်ပြီး လက်ခံနေလေရာ မောင်ဘိုးထင်ကိုယ်တိုင် အံဩလာရသည်။သို့ပေမဲ့ သူတို့ အတွက် အခက်အခဲ မရှိသည် မို့ တော်သေးသည် ဟု စိတ် ထဲ မှ မှတ်ထားလိုက်ပြီး မေ့နေပြီဖြစ်သည့် သရဲမ ၏ နာမည်ကို နောက် တခါ ပြန်မေးလိုက်လေသည်
“နင့် နာမည်ကို ငါမေ့နေလို့ ပြောစမ်း ပါဦး ”
“မြ….ခင်….”
“အော် ဟုတ်သား ကျုပ်အမေ နာမည်နဲ့ တူတာကို ကဲ ခင်ဗျား ကျုပ်တို့ နဲ့ မလှမ်း မကမ်းက နေ လိုက်လာခဲ့တော့ ဗျာ ကြားလား”
သရဲမကြီးသည် မောင်ဘိုးထင်ကို ကြည့်ကာ နောက်ထပ် ခေါင်းပဲညိတ်ပြီး လက်ခံလေသည်။ ထို့နောက် မောင်ဘိုးထင်တို့သည်လည်း သရဲမကြီးအား ခေါ်လာပြီး ပေပင်ရွာဆီသို့ ပြန်လည် ဦးတည်လိုက်ပါလေတော့သည် ။
◾အခန်း(၈)
မနက်ခင်း ဝေလီ ဝေလင်းတွင် ဖုတ်ဝင်နေသော ဦးသန်းလှိုင်သည် နွားနှစ်ကောင် ကို ဆွဲပြီး တောသို့ ဝင်လာလေသည် ။ တောထဲ ရောက်သည် နှင့် ထုံးစံ အတိုင်း နွားများကို ကွင်းပြင်တွင် ချည်ကာ သူသည် ရုံးပင် အောက်တွင် အိပ်နေသည် ၊ သူ မသိသည်က ရုံးပင် နှင့် မလှမ်းမကမ်း ရှိ သစ်ပင်တန်းများ အနားတွင် မောင်ဘိုးထင်တို့ ရောက်နေခြင်းကိုပင်၊ မောင်ဘိုးထင်သည် သူတို့ ၏ မလှမ်း မကမ်း တွင် ရပ်နေသော ညောင်ပင်မှ သရဲမ ကြီးကို ခေါ်ကာ
“ကဲ နင်လုပ်ရမဲ့ တာဝန်ကာ ရုံးပင် အောက်မှာ အိပ်နေတဲ့ သူရဲ့ ကိုယ်ထဲ ဝင်နေတဲ ဖုတ်တကောင်ကို တိုက်ထုတ်ပြီး နင်က အဲ့ ဖုတ်ကောင်ထဲ ဝင်ဖို့ ပဲ ”
“ဘိုးထင် ဝင်ပြီးသွားမှ သူက ပိုဆိုးနေရင် ဘယ်လို လုပ်မလဲ မဝင်ပဲ နေခိုင်းရင် ကောင်းမလား ”
“အဲ့ဒီလို ဆိုကောင်းတာပေါ့ ဒါပေမဲ့ ခင်ဗျား သိတဲ့ အတိုင်းပဲ ပေတူးကို လည်း ကြည့်ရအုံးမယ်လေ ဗျာ သူ့အဘ သာ ဒီထဲမှာ သေနေတာ ကို တွေ့ ရင် အဲ့ဒီကောင် အတော်ခံစားနေရမှာဗျ”
မောင်ဘ်ိုးထင်စကား ကြားသော အခါ ကျန်သူများ မည်သည့်စကားမှ မပြောပဲ အတန်ကြာအောင် ငြိမ်နေကြသည် ။ ထို့နောက် မောင်ဘိုးထင်သည် သရဲမအား ကြည့်ကာ
“ခင်ဗျားက ယောကျာ်း တယောက်လို ပြုမူရမယ်နော် လူတယောက် ကိုယ်ခန္ဓာထဲ ရောက်တာနဲ့ လူ့ဘဝက မိန်းမဖြစ်ခဲ့တာကို သတိမရသွားနဲ့ ဦး ခင်ဗျား ဒီကိုယ်ထဲ နေချိန် သာမာန်သူ စားသလောက် ပဲ စားရမယ် ကြားလား ”
မောင်ဘိုးထင်၏ စကားကို သရဲမ ခေါင်းညိတ်လိုက်ပြရာ မောင်ဘိုးထင်သည် သူ၏ ခေါင်းကိုကုတ်လိုက်ပြီး
“နင်ကလည်း ငါဘာပြောပြော ခေါင်းပဲ ညိတ်နေတာပဲ ကဲ နင်သွားပြီး ဖုတ်ကောင်ကို ထုတ်ပြီး သူ့နေရာမှာ ဝင်နေပေတော့”
သရဲမသည် မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် ရုံးပင် အောက်သို့ ချက်ချင်း ရောက်သွားကာ ဦးသန်းလှိုင်၏ လည်ပင်းကို ညှစ်ပြီး ကိုယ်လှုပ်လိုက်ရာ အမဲ အရိပ်တခု ထွက်သွားသည် နှင့် သရဲမသည်လည်း အမဲ အရိပ်တခု အဖြစ်ပြောင်းလဲ သွားကာ ဦး သန်းလှိုင်၏ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားပါလေတော့သည် ။
◾အခန်း(၉)
ပေတူးသည် သူ၏ အဘ နောက်သို့ နေမြင့် ချိန်တွင် လိုက်လာသည် ၊ ယခုသူတွေ့ လိုက်ရာသော မြင်ကွင်းကြောင့် အံဩနေရသည် ။ သူ၏အဘမှာ ထယ်ကို ကောင်းမွန်စွာ ထိုးနေသည် ထို့နောက် နေကို မော့ကြည့်ကာ ထယ်ကောက်ထားသည်ကို ဖြုတ်လိုက်ပြီး နွားနှစ်ကောင်ကို ဆွဲပြီး ပေတူး အနားသို့ ရောက်လာသည်။ထို့နောက် ပေတူးကို မြင်သောအခါ ပြုံးပြလိုက်ပြီး ချောင်းတချက်ကို ဟန့်ကာ
” အဟမ်း ကောင်လေး မင်း ဘာလို့ လိုက်လာတာလဲ ”
“အဘ အသံကြီးက ဘယ်လို ဖြစ်နေတာလဲ အသံက သေးနေသလို ပဲ ”
ပေတူးသည် ထိန်း၍ စကားဆိုလိုက်ရခြင်းဖြစ်သည် သူ၏ အဘ အသံသည်က မိန်းမ အသံနှင့် တူသည်ဟုပြောချင်ပေမဲ့ မပြောပါ ထိုအခါ ဦးသန်းလှိုင်သည် ချောင်းတချက်ကို ထပ်ဟန့် လိုက်ကာ
“အေးကွာ အသံ ဝင်နေလို့ ထင်တယ် လာပြန်ကြရအောင်”
“ဟုတ် ဟုတ်အဘ အဘ အတွက် အမေက အမဲသား ဟင်းချက်ထားတယ် ”
ဦးသန်းလှိုင်သည် အမဲသားဟု ပြောသောအခါ ရုတ်တရက် ဝမ်းသာသွားပြီး စကားဆိုမယ် ကျန်ပေမဲ့ တခုခုကို တွေးတောဟန်ဖြစ် သတိပြုလိုက်ကာ
“အေး နောက်နေ့တွင် မင်းအမေကို ပြောထား ငါ့အတွက် ဆိုပြီး ဟင်းကောင်းတွေ ချည်း ချက် မနေနဲ့ အရင် အတိုင်းပဲ ပုံမှန် ချက်လို့ ပြောကွာ ”
ပေတူးသည် သူမထင်ထားသော စကားအား သူ၏ အဘမှ ပြောလိုက်သော အခါ ပျော်ရွှင်သွားရ၏ ယခု သူ၏ ရှေ့မှ နွားဆွဲသွားသော အဘ အားသေ ချာကြည့်လိုက်သည် ။ လမ်းလျှောက်သည်မှ တမျိုး ဖြစ်နေဟည်ဟု ခံစားလိုက်ရသည် ထိုစဉ်
“ကောင်လေး မင်း အိမ်အရင် ပြန်ကွာ မင်းသူငယ် ချင်း ဘိုးထင် ကို သွားခေါ် ငါတို့ နဲ့ ထမင်း တူတူ စားရအောင်လို့ ”
“ဗျာ အဘ ဘာဖြစ်လို့လဲ ထူးထူး ဆန်းဆန်း ”
“ဘာမှ မဟုတ်ပါဘူးကွာ မင်းသူငယ် ချင်းကို တောင် မင်းက မခေါ် ချင်ဘူးလားကွ”
“ဟ မဟုတ်တာ အဘရ ကျုပ်သွားခေါ်ပါ့မယ် အဘ အိမ်မှာ စောင့်နေ ကျုပ် အဘချိုးဖို့ ရေခပ်ထားတယ် ”
“အေးအေး အဘ နွားတွေ ရေတိုက် ပြီး။ရေချိုးထားလိုက်မယ် မင်း နဲ့ ဘိုးထင် လာမှ ထမင်းစားမယ်ကွာ ”
“ဟုတ်ဟုတ် အဘ အဲ့တာဆို ကျနော် အရင် မြန်မြန် သွားလိုက်ဦးမယ် ”
“အေးအေး ”
ပေတူးသည် သူ၏ အဘ၏ ထူးထူး ဆန်းဆန်း။ဟန် အမူအယာ များကြောင့် အံဩနေရပေမဲ့ ထမင်းစားမယ်ဟု သာပြောနေရမှ ယခု စကားတွေ အများကြီး ပြောလာ၍ ဝမ်းသာနေရသည် ထို့နောက် တခါမှ မခေါ်ခိုင်းဖူးသော ဘိုးထင်နှင့် ထမင်းတူတူ စားမယ်ဟု သော ထူးထူးဆန်းဆန်း အပြု အမူကို သေချာ မတွေးတော့ပဲ မောင်ဘိုးထင်၏ အိမ်ကို သာ သုတ်ချေ တင်လိုက်ပါလေတော့သည် ။
◾အခန်း(၁၀)
ပေတူးသည် မောင်ဘိုးထင်၏ နေအိမ်သို့ သွားရင်း ရွာအဝင်တွင် လေးဂွ တလက် နှင့် ငှက် ပစ်နေသော သာအေး နှင့် မောင်ဘိုးထင်အားတွေ့ရာ
“ဟေ့ကောင် ဘိုးထင် မင်းကိုတွေ့တာ နဲ့ အတော်ပဲ ”
“ဟေ့ ပေတူး မင်းက ပြုံးလို့ပျော် လို့ပါလားဟ”
“ငါ့အဘ နေပြန်ကောင်းပြီ ထင်တယ်ကွ ”
“ဘာလို့ လဲ ဟ”
“ငါအဘက အရင်က စကားသိပ်မပြောဘူး အလုပ်လည်း မလုပ်ဘူး တောထဲသွားပြီး အိပ် အိပ်နေတာ ဒီနေ့တော့ အလုပ် လုပ်လည်းလုပ်တယ် စကားတွေလည်း ပြောတယ်ကွ အစားလည်း သိပ်မငမ်းတော့ဘူး အခုတောင် မင်းကို ထမင်း တူတူ စားချင်လို့ ခေါ်ခိုင်းလို့ မင်းအိမ်သွားခေါ်မလို့”
“ဟေ့ကောင် ပေတူး မင်းအဘက ဘိုးထင်ပဲ ခေါ်တာလား ငါ့ကို မပါဘူးလား”
“မင်းကို တော့ မပါဘူးကွ ငတ်နေရင်လည်း အိမ်မှာ လိုက်စားပေါ့ကွာ ‘
“မစားပါဘူးကွာ ငါအိမ်မှာ ဝက်သားချက်တယ် ”
“ချက်ရင် လည်း ပြန်တော့ ငါ ဘိုးထင်ကို အိမ်ခေါ်သွားတော့မယ် ငါ အဘက နောက်က နွားဆွဲ ပြီး လိုက်လာတယ် လာလာ ဘိုးထင် မင်းက တခါတည်း အိမ် လိုက်ခဲ့”
ပေတူးသည် မောင်ဘိုးထင်၏ လက်ကို ဆွဲကာ သူ၏ နေအိမ်သို့ ပြေးလွှားသွားနေ သည် ထို့နောက် အိမ်သို့ ရောက်သောအခါ သူ၏ မိခင်ဖြစ်သူကို ဝမ်းပန်းတသာ ခေါ်ရင်း
“အမေ အမေ ”
“ပေတူး နင်က အလန့်တကြား ဘာဖြစ် လို့လဲ ”
“ဘာမှ မဖြစ်ဘူး အမေ ရေ အဘ လေ အဘ ”
“နင်ကြည့်ရတာ အတော် အူမြူးနေပုံ ပဲ ပြောစမ်းပါ ဦး နင့်အဘ ဘာဖြစ်လို့ လဲ ”
“ဘာဖြစ်ရ မှာလဲ အမေရ အဘက အခု အကွက်ထဲမှာ ထယ်လည်း ထိုးတယ် ပြီးတော့ ကျုပ်ကို လည်း ပုံမှန်စကားပြောတယ်ဗျ”
“ဟယ် ဟုတ်လား ကိုသန်းလှိုင် ပြန်ကောင်းသွားပြီ ထင်တယ် အရပ် ထဲက လူတွေက ပေါက်ကရ အတော်ပြောတာ ”
“ထားလိုက်ပါ အမေရာ ထမင်းပြင် ခဏနေ အဘ လာတော့မှာ ဒီမှာ ဘိုးထင် လည်းထမင်းစာမှာ”
“အေး အေး ငါပြင်လိုက်မယ် ”
ပေတူး နှင့် သူ၏ အမေ ပျော်ရွှင်နေသည်ကို ကြည့်ပြီး မောင်ဘိုးထင် ငေးမောနေသည် ။ ညောင်ပင်မှ သရဲ မသည် တော်သည်ဟု မောင်ဘိုးထင် တွေးက ပြုံးလိုက်မိသည် ၊ သူမြင်ချင်သည်မှာလည်း ယခုလို မြင်ကွင်းမျိုး ဖြစ်သည် မဟုတ်ပါလား ၊ ဤသို့ နှင့် မကြာသော အချိန် တွင် ဦးသန်းလှိုင် နွားနှစ်ကောင်ကို ဆွဲလို့ အိမ်ဝိုင်းထဲ ဝင်လာသည် ထို့နောက် နွားနှစ်ကောင် ကို တင်းကုတ်ထဲတွင် ချည်ကာ ရေခပ်တိုက်လိုက်ပြီး အိမ်ပေါ်သို့တက်လာလေသည် ၊ဦးသန်းလှိုင်သည် အိမ်ပေါ်တွင် ထိုင်ရင်း ဟိုကြည့် ဒီကြည့် လုပ်နေစဉ် သူ၏ ဇနီးသည် ရောက်လာပြီး
“ကိုသန်းလှိုင် ဘာတွေ ငေးနေတာလဲ ရေချိုးလေ ပြီး ရင် ထမင်းစား ကြရအောင် ”
“အင်း အင်း ညီမ ”
“ဘယ်လို ခေါ်လိုက်တယ် ကျမကို ညီမ ဟုတ်လား ကိုသန်းလှိုင်ကတော့လေ စကားမပြောတော့ မပြောဘူး ပြောပြန်တော့လည်း ညီမ တွေ ဘာတွေပါ ခေါ်လို့ ”
“ယောင်သွားလို့ပါဟာ ဘိုးထင် ရောက်ပြီလား ”
“ရောက်ပြီ ထမင်းစားပွဲမှာ ရှင့်ကို စောင့်နေတယ် အဲ့ဒီကလေးတွေ ထမင်း အတော် ဆာ နေပုံပဲ ကျမလစ်တာ နဲ့ ဟင်း တယောက် တဖက် ပါးစပ် ထဲ ရောက်ပြီးသားပဲတော်”
ကိုသန်းလှိုင်သည် သူ၏ ဇနီးသည် ပြောစကားကို နားထောင်ပြီး ပြုံးကာ
“ညီမရေ ဟုတ်ပါဘူး ဘယ်သူ ဟို ငါ့မိန်းမ ရေလဲ ထမိန် ဟုတ်ပါဘူး ပုဆိုးလေး”
“တော် ကိုသန်းလှိုင် ဟာသ တွေ လာလုပ်နေတယ် မြန်မြန် ချိုး ထမင်းစားရအောင် ကျမ မီးဖိုးချောင်ထဲက စောင့်နေမယ် ”
“အေး အေးပါ ”
သရဲမ သည် လူ၏ ကိုယ်ခန္ဓာ ထဲဝင်ရောက်သောအခါ လူဘဝကို ပြန်အမှတ်ရလာပြီး ပါးစပ်ထဲ မှ လွှတ်ခနဲ ပြောမိနေသည်။ထို့နောက် သူ၏ ပါးစပ်ကို သူတချက် ရိုက်လိုက်ကာ အိမ်ပေါ်မှဆင်းသွားပါလေတော့ သည် ။
◾အခန်း(၁၁)
ပေတူးတို့အိမ်၏ ထမင်းဝိုင်းလေးသည် ဟင်းမျိုးစုံလှပေသည် ။ဦးသန်းလှိုင်အား ပေတူး နှင့် သူ၏ အမေသည် အတော်ကို ဂရုတစိုက် ရှိလှ ပေသည်
“ကိုသန်းလှိုင် ဒီက အသားကောင်းလေး စား ”
“ရော့အဘ အဘ ကြိုက်တဲ့ ဘဲဥ”
ကိုသန်းလှိုင် ကိုယ်ခန္ဓာထဲဝင် နေသော သရဲမ မြခင်သည် ထမင်းပန်းကန်ထဲ မှ ရှိသော ထမင်း နှင့် ဟင်းကို ကြည့်ပြီး အားရဝမ်းသာ ဖြစ်နေရှာ၏ ယခုလို ဟင်းကောင်းထမင်းကောင်းနှင့် ထမင်းမစားရသည်မှာ ကြာနေပြီဖြစ်သည် ၊ ဟင်းကျန် ထမင်း ကျန်လေးများအား ကောက်စားရသည် မကျွတ်မလွတ်ဘ၀နှင့် ဆာလောင် နေရသည် မှာလည်း အကြိမ်ကြိမ် ဖြစ်၏ ယခုတော့ လူ့ဘဝ မှ သားဖြစ်သူသည် သူ့အား ယောက်ျား တယောက်၏ ကိုယ်ထဲ နေစေသည့် အတွက် အတော်ကို အဆင်ပြေနေပြီး ကောင်းကောင်း မွန်မွန် နေမည်ဟုလည်း ဆုံးဖြတ်ထားသည် ။ဤသို့ ဖြင့် သူ၏ ရှေ့တွင် ရှိနေသော မောင်ဘိုးထင်ကို တလှည့် ပေတူးကို တလှည့် ပေတူး၏ အမေကို တလှည့် ကြည့်ရင်း မောင်ဘိုးထင်၏ ထမင်းပန်းကန် ထဲသို့ အမဲသားတုံးကို ထည့်ပေးလိုက်ကာ
“သားလေး စားနော် ဝအောင်စား နောက်နေ့လည်း အမေ တို့ဆီ လာစား ”
ပေတူးတို့ သားအမိသည် သူတို့၏ ဖခင်ကြီး၏ ပြောစကားေကြာင့် ထမင်းစားနေရမှ ဘိုးထင်ကို တလှည့် ဦးသန်းလှိုင်ကို တလှည့် ကြည့်နေပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် ပေတူး အဘ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကြီးမားသော ဆုံးရှုံးမှု ဟုအမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ ေပတူးအဘ “(စ/ဆုံး)
—————————————————————-
(၃၀)
◾အခန္း(၁)
ေပတူး၏ မႀကီးက်ယ္ မခမ္းနားလွေသာ အိမ္ေလးတြင္ ေမာင္ဘိုးထင္တို႔ အပါအဝင္ ႐ြာမွ ရပ္မိရပ္ဖမ်ားသည္ ေပတူး၏အဘ ဦးသန္းလႈိင္ အနားတြင္ ထိုင္ၿပီး လူနာေမးေနၾကသည္။ေမာင္ဘိုးထင္တို႔သည္ လည္း မည္သို႔ျပဳလုပ္ရမည္ မွန္း မသိ ေအာင္ျဖစ္ေနၿပီး ေပတူးအနားတြင္သာ ေနေပးေနရသည္။ ေပတူးသည္ သူ၏ မိခင္ျဖစ္သူကို အသံတိုးတိုး ႏွင့္ ေမးေန၏
“အေမ အဘက ဘယ္လိုျဖစ္ရတာလဲ ဗ်ာ က်ဳပ္ကို ေသခ်ာ ေျပာစမ္းပါဦး”
“မသိပါဘူး ေပတူးရယ္ နင္အဘ ႏွမ္းထယ္ေရးသြားထိုးတာ ျပန္လာေတာ့ အေကာင္းႀကီးပဲ ညေနပိုင္းေရာက္ေတာ့ အိပ္ခ်င္တယ္ဆို ၿပီး အိပ္ယာထဲ ကေန မထေတာ့ပါပဲ ”
ေပတူးသည္ မိခင္ျဖစ္သူ၏ ညႇိဳးငယ္ေသာ ေျပာစကားကို နားေထာင္ၿပီးေသာအခါ အိပ္ယာထဲ ၌ လဲေနေသာ အဘ ျဖစ္သူအား ေသခ်ာၾကည့္လိုက္သည္ ။ အေကာင္းပကတိကေန ယခု အိပ္ယာထဲ လဲေနေသာ ဖခင္အား သူနည္းတူ ႐ြာထဲ၌ ရွိေသာ ေဆးဆရာႀကီး ႏွင့္ ႐ြာလူႀကီးတို႔လည္း အံဩထူးဆန္းေနကာ
“မတင္ျမ ကိုသန္းလႈိင္က ဘယ္လို ျဖစ္ရတာလဲဗ် ဟို ဘက္ေန႔က မွ က်ဳပ္ဆီ မ်ိဳးစပါးလာယူေတာ့ ေတာင္ အေကာင္းႀကီးပါ ”
“မသိပါဘူးေတာ့ ေတာထဲကေန အိမ္ျပန္ လာၿပီး အိပ္ခ်င္တယ္ လို႔ ေျပာၿပီး အိပ္တာ အခုလို ျပန္မထေတာ့တာပဲ ႐ြာလူႀကီးရယ္ ”
‘ဟုတ္လား ကဲ ေဆးဆရာေရ အေျခအေနေလး ေျပာစမ္းပါဦးဗ်”
႐ြာလူႀကီးသည္ ေပတူး၏ အေမအား စကားဆိုရင္း ဦးသန္းလႈိင္အား စစ္ေဆးေနေသာ ေဆးဆရာကို တပါတည္း ေမးလိုက္ျခင္းျဖစ္သည္ ။႐ြာလူႀကီး ေမးလိုက္ေသာအခါ ေဆးဆရာႀကီးသည္ ဦးသန္းလႈိင္၏ လက္မွ ေသြးေက်ာကို စမ္းလိုက္ မ်က္လုံးကို ၿဖဲလို႔ မ်က္ခမ္းစပ္ကို ၾကည့္လိုက္ လုပ္ရင္း
‘က်ဳပ္လည္း ဘာေျပာရမွန္း မသိပါဘူ သူၾကည့္ရတာ လူေကာင္းႀကီးတေယာက္ ပဲ ခႏၶာကိုယ္က အကုန္က်န္းမာ ေနပါတယ္ ”
“အဲ့ဒါဆို သူက ဘာလို႔ လႈပ္ႏိုးမရေအာင္ အိပ္ယာထဲ လဲ ေနရတာ လဲ ”
“အဲ့တာကို က်ဳပ္လည္း စဥ္းစားမရျဖစ္ေနတာ ‘
“အဲ့ဝာာဆို က်မ ဘယ္လိုလုပ္ရမလဲ ဆရာႀကီး”
“က်ဳပ္ ေဆးပညာအရ ေတာ့ အစြမ္းကုန္ၿပီ က်ဳပ္ အႀကံေပးခ်င္တာ ေတာ့ ကိုအုန္းကို ေခၚျပ”
ေဆးဆရာႀကီး၏ စကားမဆုံးေသးခင္ ကိုသန္းလႈိင္သည္ အိပ္ေနရာမွ ထ ထိုင္လိုက္ၿပီး
“မ ေခၚနဲ႔ ငါ အလုပ္ သြားရဦးမယ္ အခု ငါထမင္းစားမယ္ ”
“ကိုသန္း လႈိင္ ရွင္ဘာမွ မျဖစ္ဘူးေနာ္ ”
“ေအး မျဖစ္ဘူး ငါအိပ္ခ်င္လို႔ အိပ္ေနတာ ”
ေမာင္ဘိုးထင္သည္ အနည္းငယ္ ထူးဆန္းသလို ခံစားေနရသည္။ေပတူး အပါအဝင္ တျခားသူမ်ားသည္က ဦးသန္းလႈိင္ ေနေကာင္းသြားလို႔ ဝမ္းသာေနၾက၏ ။ေမာင္ဘိုးထင္သည္ ဦးသန္းလႈိင္ကို ေသခ်ာၾကည့္လိုက္သည္။ လူမ်ားအားလုံး တေယာက္ တလွည့္ ႏိုးေနသည္ကို ပင္ တုတ္တုတ္မွ် မလႈပ္ေသာ ဦးသန္းလႈိင္ မွ ယခု ေကာက္ခါငင္ကာ ႀကီး ေကာင္းသြားသည္မွ ပုံမွန္ေတာ့ မဟုတ္ဟု ေတြးရင္း ေပတူးကို ႏႈတ္ဆက္ကာ အေတြးေပါင္းစုံ ႏွင့္ အိမ္ျပန္လိုက္ပါေလေတာ့သည္။
◾အခန္း(၂)
ေမာင္ဘိုးထင္သည္ အိမ္ေရွ႕တန္းလ်ားတြင္ ငူငူငိုင္ငိုင္ ႏွင့္ ထိုင္ေနသည္။ထိုစဥ္ ဦးအုန္း သည္ အိမ္ေပၚမွ ဆင္းလာၿပီး ေမာင္ဘိုးထင္အနား တြင္ ထိုင္လိုက္ကာ ေရေႏြး တခြက္ ကို ငွဲ႔ ရင္း စကားဆိုေလ၏။
“ေကာင္ေလး မင္းဘာျဖစ္ေနတာလဲကြ ေျပာစမ္းပါဦး မင္းေတြးေနတာေတြ ”
“အဘ ”
“ေအး ေကာင္ေလး”
“ေပတူး အဘ အိပ္ယာထဲ တရက္ေလာက္ လဲသြားတယ္ဆိုတာ ၾကားတယ္ မဟုတ္လား ”
“ၾကားတယ္ေလ ”
“က်ဳပ္စိတ္ထဲ သိပ္ၿပီး သကၤာမကင္းျဖစ္ေနတယ္ ဗ်ာ ”
“ေဟ ဟုတ္လား ေျပာစမ္းပါဦးကြ ဘယ္လို ျဖစ္လို႔လဲ ”
“သူက တေန႔လုံး မွိန္းၿပီး အိပ္ေနတာေလ ဘယ္သူမွ လႈပ္ႏိုးႏိုး ႏိုးမွမႏိုးတာ ဒါေပမဲ့ ေဆးဆရာႀကီးက အဘကို ေခၚဆိုတာနဲ႔ ခ်က္ခ်င္းႀကီး ငုတ္တုတ္ ထထိုင္ၿပီး ေတာထဲ သြား မလို႔ ထမင္း စားမယ္တန္းေျပာတာ အဲ့တာကို စိတ္ထဲ အလို မက်ဘူး ျဖစ္ေနတာ”
“မင္း အထင္ ေပတူး အေဖ ကိုသန္းလႈိင္က ဖုတ္ဝင္ေနတယ္လို႔ ေျပာခ်င္တာလား ”
“ဟုတ္တယ္ အဘ”
“အဲ့တာ တခုတည္းေတာ့ ဖုတ္ဝင္ေနတဲ့သူလို႔ တပ္အပ္ေျပာလို႔မရဘူး မင္းက ေသခ်ာ သက္ေသ မျပႏိုင္ရင္ ကာယကံ ရွင္ရဲ႕ မိသားစုက လက္ခံႏိုင္မွာ မဟုတ္ဘူး အထူးသျဖင့္ မင္း သူငယ္ခ်င္း ေပတူးေပါ့ ”
“က်ဳပ္လည္း ေတြးမိပါတယ္ အခုေလာေလာဆယ္ ေပတူးကို အသိမေပးေသးဘူး အဘ က်န္တဲ့သူေတြ နဲ႔ တိုင္ပင္ လိုက္ဦးမယ္ ၿပီးေတာ့မွ လုပ္စရာ ရွိတာ ေတြကို ေသခ်ာ လုပ္ပါမယ္ အဘ”
“ကဲ ဒါဆိုရင္ မင္းပညာလည္း။သိပ္မေသးေတာ့ပါဘူး ဖုတ္ကို ထုတ္တာေလာက္ေတာ့ မင္းလည္း ျဖစ္ေနပါၿပီ တကယ္ဖုတ္ ဝင္တာ မွန္ရင္ေတာ့ အျမန္ ဆုံး ထုတ္တာ အေကာင္းဆုံးပဲ ေကာင္ေလးေရ ”
ထို႔ေနာက္ ေမာင္ဘိုးထင္သည္ သူ၏ အိမ္တိုင္တြင္ ခ်ိတ္ထားေသာ သူ၏ လြယ္အိတ္ကို ကိုင္ကာ ႐ြာထဲသို႔ ထြက္ခြာသြားပါေလေတာ့သည္ ။
◾အခန္း (၃)
“ဟ ဘိုးထင္ မင္းေျပာတာ ဟုတ္ေကာ ဟုတ္လို႔လားကြာ ”
“ေအး ဟုတ္ေကာ ဟုတ္ရဲ႕လား ဘိုးထင္ရာ ”
“ကိုဖိုးေထြးတို႔ ေသခ်ာစဥ္းစားၾကည့္ပါ ဦး ဗ်ာ တေန႔ လုံးမွိန္းေနတဲ့ သူက က်ဳပ္ အဘကို ေခၚမယ္ဆိုေတာ့ မွ ခ်က္ခ်င္းႀကီး လူေကာင္းျဖစ္သြားတာ ႐ိုး႐ိုး ဟုတ္ႏိုင္ပါ့မလားး”
“သူပ်င္းလို႔ အိပ္ေနတာေကာ မျဖစ္ႏိုင္ဘူးလား ဘိုးထင္ ”
“ဟ သာေအးရ ႐ြာက လူႀကီးေတြ ေဆးဆရာေတြ ေတာင္ လာေနတာကို သူက ပ်င္းၿပီး အိပ္ေနႏိုင္မလား စဥ္းစားစမ္းပါ ဦး”
“ေအး အဲ့ဒါလည္း ဟုတ္တာပဲ ”
ေမာင္ဘိုးထင္တို႔ သည္ အရိပ္ ရွိေသာ သစ္ပင္ ရိပ္တြင္ ထိုင္ရင္း ေပတူး၏ အဘ အေၾကာင္းကို ေျပာေနစဥ္ ေပတူးသည္ ဝက္သား တတြဲကို ဆြဲ ၿပီး လမ္းေလွ်ာက္လာေလသည္။ထိုအခါ ဖိုးေထြးမွ ေပတူးကို လွမ္းေအာ္ ေခၚလိုက္ေလသည္။
“ေဟ့ ေပတူး လာခဲ့စမ္းပါဦးကြ”
“ကိုဖိုးေထြးတို႔ပါလား ဘာေတြလုပ္ေနၾကတာလဲ ”
“ဟဲ့ေကာင္ရ ငါက မင္းကို ေမးရမွာ အခုတေလာမင္းက ငါတို႔ ဆီလည္း မလာ ဘာေတြ လုပ္ေနတာလဲ အခုလည္း ၾကည့္စမ္း ပါဦး ဝက္သားေတြ နည္းတာ မဟုတ္ဘူး မင္းတို႔အိမ္မွာ သုံးေယာက္တည္း ရွိတာ မဟုတ္ဘူးလား ”
“အဘက အခုတေလာ ထမင္း ေတာ္ေတာ္ စားတယ္ဗ် ဟင္းဆိုလည္း ေကာင္းမွ ဗ်ိဳ႕ အခုေတာင္ မနက္ မိုးလင္းကတည္းက ထၿပီး ေရအိုးစင္႐ြာ ကိုဝက္သား သြားဝယ္ခိုင္းတာ ”
“ေပတူး မင္းအဘက အရင္က အသားေတြ သိပ္မစားဘူးဆို ”
“ေအးဟုတ္ တယ္ ဘိုးထင္ရ အရင္က အမဲသားဆို စားကို မစားတာ အခု အမဲသား ဝယ္ခိုင္းတာ အမဲသား မရမွ ဝက္သားဝယ္ လာခိုင္းတာ ”
“မင္း အဘ ႐ိုးေကာ ႐ိုးရဲ႕ လား ေပတူး ”
သာရမွ ေပတူးကို ေသခ်ာၾကည့္ၿပီး ေမးလိုက္ေသာအခါ ေပတူးသည္ သာရ အပါအဝင္ ေမာင္ဘိုးထင္တို႔ကို စူးရဲစြာၾကည့္ၿပီး
“ဘာလဲ ခင္ဗ်ားတို႔က တျခားသူေတြ လို က်ဳပ္အဘကို ဖုတ္ဝင္ေနတယ္ လို႔ေျပာ ခ်င္ေနတာ မဟုတ္လား ”
“အဲ့လိုလည္း ေျပာတာ မဟုတ္”
“ေတာ္စမ္းပါဗ်ာ က်ဳပ္အဘက လူဗ်ာ သူလည္း နာလန္ထစဆိုေတာ့ ထမင္းစားေကာင္း မွာေပါ့ ဗ်ာ သြားၿပီ ”
ေပတူးသည္ ေမာင္ဘိုးထင္တို႔ကို ေသခ်ာေတာင္ ႏႈတ္မဆက္ပဲ စိတ္ဆိုး မာန္ဆိုး ႏွင့္ ဝက္သားတြဲကို ဆြဲကာ ထြက္ခြာ သြားေလေတာ့သည္ ။ထိုအခါမွ က်န္ခဲ့ေသာ ေမာင္ဘိုးထင္တို႔သည္ တေယာက္မ်က္မွာ တေယာက္ ၾကည့္လိုက္ၿပီး သက္ျပင္းကိုယ္စီခ်ကာ သာရမွ စကားဆိုလာသည္ ။
“ဘိုးထင္ေျပာတာ မွန္ေလာက္တယ္ ငါ့အဘက လည္း ဘိုးထင္ အေမကို အဲ့ အေၾကာင္းေျပာေတာ့ စိတ္ဆိုးတယ္ တဲ့ ကြာ ”
“ငါ့အဘလည္း ေျပာေသးတယ္တဲ့ကြ ေပတူးတို႔ သားအမိက အဲ့အေၾကာင္း ေျပာရင္ တကယ့္ကို ခါးခါးသီးသီး ျဖစ္ေနတာ”
သာရ ႏွင့္ ဖိုးေထြးစကားကို ေမာင္ဘိုးထင္ နားေထာင္ၿပီးေသာ အခါ တခုခုကို စဥ္းစားေနၿပီးေနာက္
“ကဲ ကိုဖိုးေထြးတို႔ က်ဳပ္တို႔ ေပတူး မသိေအာင္ ကူညီမွ ရလိမ့္မယ္ ”
“ဘယ္လို ကူညီမွာ လဲ “,
” က်ဳပ္ေတြးထားေတာ့ရွိတယ္ ”
“ေျပာစမ္းပါဦးကြ”
“ေပတူးအဘကို ဖုတ္ထုတ္ရင္ ေပတူးအဘက ေသသြားမွာဗ် အဲ့လိုဆို ဒီေကာင္ အေတာ္ကို ခံစားရမွာ ”
“အဲ့တာေတာ့ ဟုတ္တယ္ ဒီေကာင္က သူ႔ အဘကို ေတာ္ အေတာ္ ခ်စ္တဲ့ေကာင္ကြ ”
“အဲ့ေတာ့ က်ဳပ္က ေပတူးအဘ ထဲ ဝင္ေနတဲ့ ဖုတ္ ေနရာမွာ က်ဳပ္ အမိန႔္ကို နာခံတဲ့ သရဲတေကာင္ေလာက္ ခဏ ဝင္ထည့္ထားမလားလို႔ ”
“အဲ့တာေတြေတာ့ မင္းပဲ ေကာင္းသလို လုပ္ပါ”
“အဲ့တာ ဆို ေပတူးအဘ ေတာထဲ ေတာ့ သြားေသး တယ္ေျပာတယ္ က်ဳပ္တို႔ မနက္ျဖန္ ေပတူး အဘဆီအရင္သြားၾကတာေပါ့ ”
“ေအး သြားၾကတာေပါ့ကြာ”
ဤသို႔ ျဖင့္ ေမာင္ဘိုးထင္တို႔သည္ ေပတူးအဘကို ဝင္ေနေသာ ဖုတ္အား ထုတ္ဖို႔ကို တိုင္ပင္ေနၾကပါေလေတာ့သည္ ။
◾အခန္း(၄)
ေပပင္႐ြာ၏ အေနာက္ဘက္ ေတာင္ယာမ်ားရွိရာသို႔ ေမာင္ဘိုးထင္ ႏွင့္ သာေအးတို႔ႏွစ္ေယာက္တည္း စကား တေျပာေျပာ ႏွင့္ လမ္းေလွ်ာက္ေနၾကသည္ ။ သူတို႔ ဦးတည္ေနေသာ ေနရာမွာ ေပတူး၏ အဘ ဦးသန္းလႈိင္ ႏွမ္းထယ္ေရးထိုးေနေသာ ေနရာကို ျဖစ္သည္။သူတို႔ေတြ စကားတေျပာေျပာ ႏွင့္ ေလွ်ာက္လာရာ ႏြားႏွစ္ေကာင္ ကို ေနပူႀကီးထဲ ခ်ည္ထားကာ ႐ုံးပင္ အရိပ္ ေအာက္တြင္ အိပ္ေနေသာ ဦး သန္းလႈိင္ကို ေတြ႕လိုက္ရသည္။ႏြားတို႔သည္ကာ ေနပူ၍ ေမာဟိုက္ေနေလသည္။ထိုအခါ ေမာဟိုက္ေနေသာ ႏြားႏွစ္ေကာင္ အနားသို႔ သြားကာ ေပတူး ႏွင့္ သာေအးသည္ ႏြားတ ေကာင္ကို ဆြဲလိုက္ၿပီး သစ္ပုဂံ ပင္အရိပ္ေအာက္တြင္ ခ်ည္ထားလိုက္ၿပီး ႐ုံးပင္ ေအာက္တြင္ အိပ္ေနေသာ ဦးသန္းလႈိင္ ဆီသိူ႔ သြားကာ
“ဦးသန္းလႈိင္ ”
“ဦးသန္းလႈိင္ ”
ေမာင္ဘိုးထင္တို႔ နာမည္ကို ေခၚကာ ႏႈိးေပမဲ့ မႏိုးေသာ ေၾကာင့္ ပုခုံးအား လႈပ္၍ ႏိုးေသာအခါမွ မ်က္လုံးကို ဆပ္ကနဲ ဖြင့္ လိုက္ၿပီး ငုတ္တုတ္ႀကီးထိုင္ကာ ေမာင္ဘိုးထင္တို႔ ႏွစ္ေယာက္ အား ေငးၾကည့္ေနၿပီး ေလးကန္ကန္ အသံႀကီး ႏွင့္ စကားဆိုလာေလသည္။
“ေဟ့ေကာင္ေတြ မင္းတို႔က ဘာလုပ္ေနတာလဲ ”
“ခင္ဗ်ားကို ေမးရမွာ ထယ္မထိုးပဲ ႏြားေတြကို ေနပူႀကီးထဲ ခ်ည္ၿပီး ဒီ မွာ ဘာလို႔ အိပ္ေနတာလဲ ”
“ေဟ့ေကာင္ေလးေတြ ငါ့တိုင္းငါ အိပ္ခ်င္ အိပ္မယ္ ထ ခ်င္ ထ မယ္ မင္းတို႔ အပူမပါဘူး ”
ဦးသန္းလႈိင္သည္ သူ ခ်ည္ထားသည့္ ေနရာတြင္ ႏြားႏွစ္ေကာင္အား မေတြ႕ ရေသာအခါ မ်က္လုံး မ်ား နီရဲလာၿပီး
“ငါ့ ႏြားေတြကို မင္းတို႔ ႏွစ္ေကာင္ ေျပာင္းခ်ည္လိုက္တာ လား ”
‘ဟုတ္တယ္ေလ ဗ်ာ ႏြားေတြက လွ်ာထြက္ၿပီး သြားရည္ေတြက်ေနၿပီ ေခါင္းေလာင္းေတာင္ ထိုးေတာ့မယ္ ႏြားေတြကို ေနပူထဲ ဘာလို႔ ခ်ည္ထားတာလဲ ခင္ဗ်ား ေတာ္ေတာ္ ေျပာင္းလဲ သြားပါလား အရင္ကဆို ဦးသန္းလႈိင္ရဲ႕ ႏြားေတြက ဝဖီး လို႔ အခု ၾကည့္ဦး”
“ဒီေကာင္ေတြ လွ်ာအေတာ္ ရွည္ပါလား ငါ့ႏြား ငါထားခ်င္သလိုထားမယ္ မင္းတို႔ အပူပါလား ဒီေသာက္ကေလး ႏွစ္ေယာက္ နားရင္း အုပ္လိုက္ရကြာ”
“ခင္ဗ်ားဘာေျပာတယ္ ”
“သာေအးသည္ သူ၏ လြယ္အိတ္ထဲ လက္ႏွိက္ၿပီး ဦးသန္းလႈိင္ကို ေလးဂြ ႏွင့္ ပစ္မလို႔ ႀကံေနသည္ကို ေမာင္ဘိုးထင္မွ တားလိုက္ၿပီး ဦးသန္းလႈိင္ ႏွင့္ ေဝးရာကို ဆြဲေခၚကာ
“စိတ္ထိန္း ဒီဟာ ဦးသန္းလႈိင္ မဟုတ္ဘူး ဖုတ္ဝင္ေနတာ ေသခ်ာတယ္ အလုပ္လည္း မလုပ္ ႏြားေတြကို ေနပူထဲ ထားၿပီး သူက အရိပ္ ေအာက္မွာ အိပ္ေနတယ္ ၿပီးေတာ့ လူကလည္း ၾကည့္ဦး ေပတူးေျပာပုံ အရ ထမင္းသာတအားစားေနတာ လူက လည္း ေျခာက္ကပ္လာသလိုပဲ အဲ့တာကို ေပတူး အေမက ေရာဂါျဖစ္ေနတယ္ ထင္ရင္ ထင္ေနမွာ ”
“ေအး ဟုတ္တယ္ ကြ ဦးသန္း လႈိင္က ႐ိုး႐ိုး ေတာ့ မျဖစ္ႏိုင္ဘူး ငါ့အထင္ ႏြားေတြကို ေတာထဲ ေခၚၿပီး တမင္ ေနပူထဲ ခ်ည္ထားတာ ျဖစ္ႏိုင္တယ္ ”
“ေအးကြာ ဒီေလာက္သိသာ ေနတာ ကို ေပတူး မသိတာ အေတာ္အံ့ဩတယ္ ”
ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္ ဦးသန္းလႈိင္ ယခုလို ဖုတ္ဝင္ေနသည္ကို မသိရမလားဟု ေတြးကာ အံ့ဩေနရင္း ေနာက္ထပ္ သူတို႔ ျပဳလုပ္ရမည့္ လုပ္ငန္းေဆာင္တာ မ်ားကို တိုင္ပင္ ေနၾကပါေလေတာ့သည္။
◾အခန္း(၅)
ေမာင္ဘိုးထင္ ႏွင့္ သာေအး သူ၏အဘ ႏွင့္ စကားမ်ားေနသည္ကို ခ်ဳံအကြယ္ မွာေန၍ ေပတူးတေယာက္ေခ်ာင္းၾကည့္ေနသည္ ။ေပတူးသည္လည္း သူ၏ အဘ ပုံမွန္မဟုတ္တာ သိသည္ သို႔ေပမဲ့ သူ သူ၏အဘကို ဆုံးရႈံးရမွာ ေၾကာက္ေနမိသည္ ။ဖုတ္ဝင္တာ မွန္က ဖုတ္ထုတ္လိုက္လွ်င္ သူ၏ အဘသည္ သူတို႔ ႏွင့္ တသက္လုံး တူတူ ရွိေနႏိုင္မည္ မဟုတ္ေတာ့ပါ ၊ ထိုသို႔ ျဖစ္မွာထက္ ယခုလို သူတို႔ႏွင့္ အတူရွိေနသည္က ေတာ္ေသးသည္ဟု ေတြးကာ ျဖစ္ပ်က္သမွ်မ်ားကို လွစ္လ်ဴရႈထားသည္ ။ သူ၏ အဘသည္ မနက္အေစာကတည္းက ထယ္ထိုး မည္ဟုေျပာကာ ႏြားမ်ားကို ဆြဲသြားၿပီး ေနပူႀကီးထဲ ခ်ည္ထားက သူသည္က အပင္ရိပ္ မွာ အိပ္ေနၾကျဖစ္၏။ထို႔ေၾကာင့္ ေပတူး သည္ ႏြားမ်ား ေနပူထဲ ေရာက္ေသာအခါ ေ႐ြ႕ေပးရန္ သူ၏ အဘေနာက္ အၿမဲ တိတ္ တဆိတ္ လိုက္လာခ်င္းျဖစ္သည္ ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္ သူ႔အရင္ေရာက္ေနၿပီး ႏြားမ်ားကို ေ႐ြ႕ထားေပးၿပီး သူ၏ အဘျဖစ္သူ ႏွင့္ စကားမ်ားကာ ထြက္သြားေလၿပီျဖစ္သည္ ။ေမာင္ဘိုးထင္တို႔ သူအား စိုးရိမ္စိတ္ပူ၍ ေျပာသည့္စကားမ်ားကို နားလည္ေသာ္ လည္း အဘျဖစ္သူကို သူ တသက္လုံး ျပန္ေတြ႕မရေတာ့ဘူးဟု ေတြးလိုက္မိတိုင္း ယခု လိုအေနအထားေလးကို သာ သူ ႏွင့္ သူအေမသည္ ေက်နပ္ လက္ခံ ထားသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္ ႏွင့္ သာေအးလည္း သူ၏ ျမင္ကြင္းမွ မရွိေတာ့ေသာေၾကာင့္ ႐ုံးပင္ရိပ္ တြင္ အိပ္ေနေသာ ဦးသန္းလႈိင္ အနားသြားကာ
“အဘ အဘ ”
“ေဟ့ ဘယ္သူလဲ ”
“က်ဳပ္ေပတူးပါ အဘ ”
“မင္း ဘာလာလုပ္တာ လဲ ”
“အိမ္မွာ အမဲသား။ခ်က္ လို႔ အဘကို လာေျပာတာပါ ႏြားေတြကို က်ဳပ္ ဆြဲ ခဲ့ပါမယ္ ”
ေပတူး၏ စကားၾကားေသာအခါ ဦးသန္းလႈိင္သည္း အိပ္ေနရာမွ မ်က္လုံး ခ်က္ျခင္းပြင့္ကာ မ်က္ႏွာမွ ၿပဳံးလိုက္ၿပီး လွ်ာကို သပ္၍ ႐ြာ ဘက္သို႔ ထေျပးသြားပါေလေတာ့သည္ ။
◾အခန္း(၆)
ဖိုးေထြး ႏွင့္ သာရ ထို႔ေနာက္ ေမာင္ဘိုးထင္ ႏွင့္ သာေအးတို႔ မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာေနၾကသည္။သူတို႔သည္ သူတို႔၏ အေပါင္းအသင္း ေပတူးတို႔ သားအမိအား အေတာ္ကို စိုးရိမ္ေနမိသည္ ။
“ဦးသန္းလႈိင္ႀကီးက တေန႔တေန႔ ပိုပိုဆိုးလာတယ္ေနာ္ ဟိုေန႔က ဆို ငါ့အဘ ဆီ စပါးေပး အရီးလာယူသြားတာ နည္းတာ မဟုတ္ဘူး ငါအဘက ဘာလုပ္ဖို႔လဲ လယ္ စိုက္ခ်ိန္လည္း မနီးေသးပါဘူးဆိူေတာ့ ကိုသန္းလႈိင္ ေနမေကာင္းေတာ့ စားခ်င္တာေလးေတြ ဝယ္ေကြၽးဖို႔ပါတဲ့ ကြ”
“ေအးဆို ငါအေမ ဆီလည္း ေငြလာေခ်းေသးတယ္ကြ ဒီပုံတိုင္းဆို ေပတူးတို႔ သားအမိ မလြယ္ဘူး”
“ေပတူးကလည္းခက္တယ္ ဖုတ္ဝင္ေနတယ္လို႔ကို ေျပာမရဘူး”
“ငါတို႔ အစီအစဥ္အတိုင္း ဒီေန႔ သရဲ တေကာင္ သြားဖမ္းၾကမယ္ ”
“ေနပါဦး မင္းက ဘယ္သရဲ သြားဖမ္းအုံးမွာလဲ ”
“ဟိုတခါ တို႔ ဖမ္းလာတဲ့ သရဲ ပဲ ဖမ္းမယ္ေလ ငါ့အဘလႊတ္လိုက္တဲ့ ေညာင္ပင္က သရဲမႀကီးေလ ”
“မင္း အဘက လႊတ္ေပးထားတာ မင္းကျပန္ဖမ္း ရင္ ေျပာေနပါဦးမယ္”
“မေျပာပါဘူးဗ်ာ မေျပာဘူးဆိုေတာ့ လည္း သေဘာပဲကြာ ဘယ္ေန႔သြားၾကမလဲ ”
“အခ်ိန္ တအားဆြဲလို႔ မရဘူးဆိုေတာ့ မနက္ျဖန္ မနက္အေစာ ထြက္ၾကတာေပါ့ဗ်ာ ”
“ေနပါဦး မင္းအဘ ၿခံထဲ မွာ ေမြးထားတဲ့ သရဲေတြ ဘာလို႔မခိုင္းတာလဲ ”
“က်ဳပ္ အဘ ေမြးထားတဲ့ ေကာင္ေတြ ကအမဲသား ေကြၽးမွ အလုပ္ လုပ္ တဲ့ ေကာင္ေတြဗ်”
“အဲ့လိုလဲ ရွိေသးတယ္လား”
“ရွိတာေပါ့ ဗ် ကဲ ကဲ မနက္ခင္း အေစာ သြားၾကမယ္ ဗ်ာ ”
ထို႔ေနာက္ေမာင္ဘိုးထင္တို႔သည္ သစ္စိမ့္႐ြာကို သြားသည္။ လမ္းခုလပ္ ေညာင္ပင္မွာ သူတို႔အရင္ ဖမ္းလာခဲ့ ေသာ ေမာင္ဘိုးထင္ ၏ အေမတေစၦမႀကီးအား ေနာက္တခါ ျပန္ဖမ္းဖို႔ ႀကံေနၾကပါေလေတာ့သည္ ။
◾အခန္း(၇)
ဖိုးေထြး ၊သာရ ႏွင့္ သာေအး ၿပီးေနာက္ ေမာင္ဘိုးထင္တို႔သည္ သစ္စိမ့္႐ြာသို႔သြားေသာ လမ္းတြင္ မနက္ ေဝလီေဝလင္းကတည္းမွ ထြက္လာခဲ့ရာ ေခါင္းေလာင္းထိုးခ်ိန္ တြင္ေတာ့ ထိုေညာင္ပင္ႀကီး ဆီသို႔ ေရာက္လာျပန္ၿပီျဖစ္သည္။ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ ေညာင္ပင္အားေသခ်ာၾကည့္ၿပီး မာထန္ေသာ ေလသံျဖင့္ စကားဆိုေလသည္။
“ဒီေညာင္ပင္ မွာ ရွိတဲ့ သရဲမ နင္ ဒီ အပင္ကိုပဲ ျပန္ေရာက္တာဆို ငါ့ေရွ႕ ခု ခ်က္ခ်င္းေပၚစမ္း ‘
ေမာင္ဘိုးထင္၏ စကားဆုံးေသာ အခါ ေညာင္ပင္ႀကီးသည္ ေလမတိုက္ပါပဲ ေညာင္ကိုင္း ေညာက္ခက္မ်ားမွ ျပင္းထန္စြာလႈပ္ရွားေနေလရာ ဖိုးေထြးတို႔သည္ပင္ ထိတ္လန႔္လာေလသည္။
“ဘိုးထင္ မင္းဟာက ဟုတ္ေကာ ဟုတ္လို႔လား ငါတို႔ ေျပးမ်ား ေျပးရေတာ့မလား ‘
“ေနစမ္း ပါဦးဗ်ာ ”
“ေညာင္ပင္ေတြက တအားလႈပ္ေနလို႔ေလ ‘
“ေညာင္ပင္ လႈပ္တာမွ လာေၾကာက္ေနေသးတယ္ ”
မၾကာေသာအခ်ိန္တြင္ ေညာင္ပင္ ထဲမွာ နႏြင္းမ်ား ဝါထိန္ေနေအာင္လိမ္းထားၿပီး ဆံပင္ဖားလ်ားခ်ထားကာ မ်က္လုံးတို႔မွ မဲ နက္ေနေသာ သရဲမ တေကာင္ ထြက္လာေလသည္ ၊ သရဲမသည္ ေမာင္ဘိုးထင္တို႔ ၏ မလွမ္းမကမ္းတြင္ ရပ္ကာ ေမာင္ဘိုးထင္အား ေငးၾကည့္ေနေလသည္။ထို႔ေနာက္ ေမာင္ဘိုးထင္သည္
“ကဲ သရဲမႀကီး ငါနင့္ကို ခိုင္းစရာရွိတယ္ နင့္ကို အမဲသားေကြၽးမယ္ ငါခိုင္းတဲ့ အတိုင္း လုပ္မွာလား ”
သရဲမသည္ ေခါင္းကိုသာ ျဖည္းညင္းစြာ ညိတ္ေလသည္။
“ငါက အမဲသား အမ်ားႀကီးေတာ့ မေကြၽးႏိုင္ဘူး ငါးဆယ္သား ေလာက္ေတာ့ ေကြၽးႏိုင္တယ္ ရလား ”
သရဲမသည္လည္း ေခါင္းညိတ္လို႔ လက္ခံေနျပန္၏။
“ငါ နင့္ကို ခိုင္းမွာ ငါ့အဘ မသိဘူးေနာ္ အဲ့တာ နင္ ငါထားတဲ့ ေနရာမွာ ပဲ ေနရမယ္ ”
ေမာင္ဘိုးထင္ ဘာေျပာေျပာ သရဲမႀကီးသည္ ေခါင္းကိုသာ ညိတ္ၿပီး လက္ခံေနေလရာ ေမာင္ဘိုးထင္ကိုယ္တိုင္ အံဩလာရသည္။သို႔ေပမဲ့ သူတို႔ အတြက္ အခက္အခဲ မရွိသည္ မို႔ ေတာ္ေသးသည္ ဟု စိတ္ ထဲ မွ မွတ္ထားလိုက္ၿပီး ေမ့ေနၿပီျဖစ္သည့္ သရဲမ ၏ နာမည္ကို ေနာက္ တခါ ျပန္ေမးလိုက္ေလသည္
“နင့္ နာမည္ကို ငါေမ့ေနလို႔ ေျပာစမ္း ပါဦး ”
“ျမ….ခင္….”
“ေအာ္ ဟုတ္သား က်ဳပ္အေမ နာမည္နဲ႔ တူတာကို ကဲ ခင္ဗ်ား က်ဳပ္တို႔ နဲ႔ မလွမ္း မကမ္းက ေန လိုက္လာခဲ့ေတာ့ ဗ်ာ ၾကားလား”
သရဲမႀကီးသည္ ေမာင္ဘိုးထင္ကို ၾကည့္ကာ ေနာက္ထပ္ ေခါင္းပဲညိတ္ၿပီး လက္ခံေလသည္။ ထို႔ေနာက္ ေမာင္ဘိုးထင္တို႔သည္လည္း သရဲမႀကီးအား ေခၚလာၿပီး ေပပင္႐ြာဆီသို႔ ျပန္လည္ ဦးတည္လိုက္ပါေလေတာ့သည္ ။
◾အခန္း(၈)
မနက္ခင္း ေဝလီ ေဝလင္းတြင္ ဖုတ္ဝင္ေနေသာ ဦးသန္းလႈိင္သည္ ႏြားႏွစ္ေကာင္ ကို ဆြဲၿပီး ေတာသို႔ ဝင္လာေလသည္ ။ ေတာထဲ ေရာက္သည္ ႏွင့္ ထုံးစံ အတိုင္း ႏြားမ်ားကို ကြင္းျပင္တြင္ ခ်ည္ကာ သူသည္ ႐ုံးပင္ ေအာက္တြင္ အိပ္ေနသည္ ၊ သူ မသိသည္က ႐ုံးပင္ ႏွင့္ မလွမ္းမကမ္း ရွိ သစ္ပင္တန္းမ်ား အနားတြင္ ေမာင္ဘိုးထင္တို႔ ေရာက္ေနျခင္းကိုပင္၊ ေမာင္ဘိုးထင္သည္ သူတို႔ ၏ မလွမ္း မကမ္း တြင္ ရပ္ေနေသာ ေညာင္ပင္မွ သရဲမ ႀကီးကို ေခၚကာ
“ကဲ နင္လုပ္ရမဲ့ တာဝန္ကာ ႐ုံးပင္ ေအာက္မွာ အိပ္ေနတဲ့ သူရဲ႕ ကိုယ္ထဲ ဝင္ေနတဲ ဖုတ္တေကာင္ကို တိုက္ထုတ္ၿပီး နင္က အဲ့ ဖုတ္ေကာင္ထဲ ဝင္ဖို႔ ပဲ ”
“ဘိုးထင္ ဝင္ၿပီးသြားမွ သူက ပိုဆိုးေနရင္ ဘယ္လို လုပ္မလဲ မဝင္ပဲ ေနခိုင္းရင္ ေကာင္းမလား ”
“အဲ့ဒီလို ဆိုေကာင္းတာေပါ့ ဒါေပမဲ့ ခင္ဗ်ား သိတဲ့ အတိုင္းပဲ ေပတူးကို လည္း ၾကည့္ရအုံးမယ္ေလ ဗ်ာ သူ႔အဘ သာ ဒီထဲမွာ ေသေနတာ ကို ေတြ႕ ရင္ အဲ့ဒီေကာင္ အေတာ္ခံစားေနရမွာဗ်”
ေမာင္ဘ္ိုးထင္စကား ၾကားေသာ အခါ က်န္သူမ်ား မည္သည့္စကားမွ မေျပာပဲ အတန္ၾကာေအာင္ ၿငိမ္ေနၾကသည္ ။ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ သရဲမအား ၾကည့္ကာ
“ခင္ဗ်ားက ေယာက်ာ္း တေယာက္လို ျပဳမူရမယ္ေနာ္ လူတေယာက္ ကိုယ္ခႏၶာထဲ ေရာက္တာနဲ႔ လူ႔ဘဝက မိန္းမျဖစ္ခဲ့တာကို သတိမရသြားနဲ႔ ဦး ခင္ဗ်ား ဒီကိုယ္ထဲ ေနခ်ိန္ သာမာန္သူ စားသေလာက္ ပဲ စားရမယ္ ၾကားလား ”
ေမာင္ဘိုးထင္၏ စကားကို သရဲမ ေခါင္းညိတ္လိုက္ျပရာ ေမာင္ဘိုးထင္သည္ သူ၏ ေခါင္းကိုကုတ္လိုက္ၿပီး
“နင္ကလည္း ငါဘာေျပာေျပာ ေခါင္းပဲ ညိတ္ေနတာပဲ ကဲ နင္သြားၿပီး ဖုတ္ေကာင္ကို ထုတ္ၿပီး သူ႔ေနရာမွာ ဝင္ေနေပေတာ့”
သရဲမသည္ ေမာင္ဘိုးထင္၏ စကားဆုံးသည္ ႏွင့္ ႐ုံးပင္ ေအာက္သို႔ ခ်က္ခ်င္း ေရာက္သြားကာ ဦးသန္းလႈိင္၏ လည္ပင္းကို ညႇစ္ၿပီး ကိုယ္လႈပ္လိုက္ရာ အမဲ အရိပ္တခု ထြက္သြားသည္ ႏွင့္ သရဲမသည္လည္း အမဲ အရိပ္တခု အျဖစ္ေျပာင္းလဲ သြားကာ ဦး သန္းလႈိင္၏ ကိုယ္ခႏၶာထဲသို႔ ဝင္ေရာက္သြားပါေလေတာ့သည္ ။
◾အခန္း(၉)
ေပတူးသည္ သူ၏ အဘ ေနာက္သို႔ ေနျမင့္ ခ်ိန္တြင္ လိုက္လာသည္ ၊ ယခုသူေတြ႕ လိုက္ရာေသာ ျမင္ကြင္းေၾကာင့္ အံဩေနရသည္ ။ သူ၏အဘမွာ ထယ္ကို ေကာင္းမြန္စြာ ထိုးေနသည္ ထို႔ေနာက္ ေနကို ေမာ့ၾကည့္ကာ ထယ္ေကာက္ထားသည္ကို ျဖဳတ္လိုက္ၿပီး ႏြားႏွစ္ေကာင္ကို ဆြဲၿပီး ေပတူး အနားသို႔ ေရာက္လာသည္။ထို႔ေနာက္ ေပတူးကို ျမင္ေသာအခါ ၿပဳံးျပလိုက္ၿပီး ေခ်ာင္းတခ်က္ကို ဟန္႔ကာ
” အဟမ္း ေကာင္ေလး မင္း ဘာလို႔ လိုက္လာတာလဲ ”
“အဘ အသံႀကီးက ဘယ္လို ျဖစ္ေနတာလဲ အသံက ေသးေနသလို ပဲ ”
ေပတူးသည္ ထိန္း၍ စကားဆိုလိုက္ရျခင္းျဖစ္သည္ သူ၏ အဘ အသံသည္က မိန္းမ အသံႏွင့္ တူသည္ဟုေျပာခ်င္ေပမဲ့ မေျပာပါ ထိုအခါ ဦးသန္းလႈိင္သည္ ေခ်ာင္းတခ်က္ကို ထပ္ဟန္႔ လိုက္ကာ
“ေအးကြာ အသံ ဝင္ေနလို႔ ထင္တယ္ လာျပန္ၾကရေအာင္”
“ဟုတ္ ဟုတ္အဘ အဘ အတြက္ အေမက အမဲသား ဟင္းခ်က္ထားတယ္ ”
ဦးသန္းလႈိင္သည္ အမဲသားဟု ေျပာေသာအခါ ႐ုတ္တရက္ ဝမ္းသာသြားၿပီး စကားဆိုမယ္ က်န္ေပမဲ့ တခုခုကို ေတြးေတာဟန္ျဖစ္ သတိျပဳလိုက္ကာ
“ေအး ေနာက္ေန႔တြင္ မင္းအေမကို ေျပာထား ငါ့အတြက္ ဆိုၿပီး ဟင္းေကာင္းေတြ ခ်ည္း ခ်က္ မေနနဲ႔ အရင္ အတိုင္းပဲ ပုံမွန္ ခ်က္လို႔ ေျပာကြာ ”
ေပတူးသည္ သူမထင္ထားေသာ စကားအား သူ၏ အဘမွ ေျပာလိုက္ေသာ အခါ ေပ်ာ္႐ႊင္သြားရ၏ ယခု သူ၏ ေရွ႕မွ ႏြားဆြဲသြားေသာ အဘ အားေသ ခ်ာၾကည့္လိုက္သည္ ။ လမ္းေလွ်ာက္သည္မွ တမ်ိဳး ျဖစ္ေနဟည္ဟု ခံစားလိုက္ရသည္ ထိုစဥ္
“ေကာင္ေလး မင္း အိမ္အရင္ ျပန္ကြာ မင္းသူငယ္ ခ်င္း ဘိုးထင္ ကို သြားေခၚ ငါတို႔ နဲ႔ ထမင္း တူတူ စားရေအာင္လို႔ ”
“ဗ်ာ အဘ ဘာျဖစ္လို႔လဲ ထူးထူး ဆန္းဆန္း ”
“ဘာမွ မဟုတ္ပါဘူးကြာ မင္းသူငယ္ ခ်င္းကို ေတာင္ မင္းက မေခၚ ခ်င္ဘူးလားကြ”
“ဟ မဟုတ္တာ အဘရ က်ဳပ္သြားေခၚပါ့မယ္ အဘ အိမ္မွာ ေစာင့္ေန က်ဳပ္ အဘခ်ိဳးဖို႔ ေရခပ္ထားတယ္ ”
“ေအးေအး အဘ ႏြားေတြ ေရတိုက္ ၿပီး။ေရခ်ိဳးထားလိုက္မယ္ မင္း နဲ႔ ဘိုးထင္ လာမွ ထမင္းစားမယ္ကြာ ”
“ဟုတ္ဟုတ္ အဘ အဲ့တာဆို က်ေနာ္ အရင္ ျမန္ျမန္ သြားလိုက္ဦးမယ္ ”
“ေအးေအး ”
ေပတူးသည္ သူ၏ အဘ၏ ထူးထူး ဆန္းဆန္း။ဟန္ အမူအယာ မ်ားေၾကာင့္ အံဩေနရေပမဲ့ ထမင္းစားမယ္ဟု သာေျပာေနရမွ ယခု စကားေတြ အမ်ားႀကီး ေျပာလာ၍ ဝမ္းသာေနရသည္ ထို႔ေနာက္ တခါမွ မေခၚခိုင္းဖူးေသာ ဘိုးထင္ႏွင့္ ထမင္းတူတူ စားမယ္ဟု ေသာ ထူးထူးဆန္းဆန္း အျပဳ အမူကို ေသခ်ာ မေတြးေတာ့ပဲ ေမာင္ဘိုးထင္၏ အိမ္ကို သာ သုတ္ေခ် တင္လိုက္ပါေလေတာ့သည္ ။
◾အခန္း(၁၀)
ေပတူးသည္ ေမာင္ဘိုးထင္၏ ေနအိမ္သို႔ သြားရင္း ႐ြာအဝင္တြင္ ေလးဂြ တလက္ ႏွင့္ ငွက္ ပစ္ေနေသာ သာေအး ႏွင့္ ေမာင္ဘိုးထင္အားေတြ႕ရာ
“ေဟ့ေကာင္ ဘိုးထင္ မင္းကိုေတြ႕တာ နဲ႔ အေတာ္ပဲ ”
“ေဟ့ ေပတူး မင္းက ၿပဳံးလို႔ေပ်ာ္ လို႔ပါလားဟ”
“ငါ့အဘ ေနျပန္ေကာင္းၿပီ ထင္တယ္ကြ ”
“ဘာလို႔ လဲ ဟ”
“ငါအဘက အရင္က စကားသိပ္မေျပာဘူး အလုပ္လည္း မလုပ္ဘူး ေတာထဲသြားၿပီး အိပ္ အိပ္ေနတာ ဒီေန႔ေတာ့ အလုပ္ လုပ္လည္းလုပ္တယ္ စကားေတြလည္း ေျပာတယ္ကြ အစားလည္း သိပ္မငမ္းေတာ့ဘူး အခုေတာင္ မင္းကို ထမင္း တူတူ စားခ်င္လို႔ ေခၚခိုင္းလို႔ မင္းအိမ္သြားေခၚမလို႔”
“ေဟ့ေကာင္ ေပတူး မင္းအဘက ဘိုးထင္ပဲ ေခၚတာလား ငါ့ကို မပါဘူးလား”
“မင္းကို ေတာ့ မပါဘူးကြ ငတ္ေနရင္လည္း အိမ္မွာ လိုက္စားေပါ့ကြာ ‘
“မစားပါဘူးကြာ ငါအိမ္မွာ ဝက္သားခ်က္တယ္ ”
“ခ်က္ရင္ လည္း ျပန္ေတာ့ ငါ ဘိုးထင္ကို အိမ္ေခၚသြားေတာ့မယ္ ငါ အဘက ေနာက္က ႏြားဆြဲ ၿပီး လိုက္လာတယ္ လာလာ ဘိုးထင္ မင္းက တခါတည္း အိမ္ လိုက္ခဲ့”
ေပတူးသည္ ေမာင္ဘိုးထင္၏ လက္ကို ဆြဲကာ သူ၏ ေနအိမ္သို႔ ေျပးလႊားသြားေန သည္ ထို႔ေနာက္ အိမ္သို႔ ေရာက္ေသာအခါ သူ၏ မိခင္ျဖစ္သူကို ဝမ္းပန္းတသာ ေခၚရင္း
“အေမ အေမ ”
“ေပတူး နင္က အလန္႔တၾကား ဘာျဖစ္ လို႔လဲ ”
“ဘာမွ မျဖစ္ဘူး အေမ ေရ အဘ ေလ အဘ ”
“နင္ၾကည့္ရတာ အေတာ္ အူျမဴးေနပုံ ပဲ ေျပာစမ္းပါ ဦး နင့္အဘ ဘာျဖစ္လို႔ လဲ ”
“ဘာျဖစ္ရ မွာလဲ အေမရ အဘက အခု အကြက္ထဲမွာ ထယ္လည္း ထိုးတယ္ ၿပီးေတာ့ က်ဳပ္ကို လည္း ပုံမွန္စကားေျပာတယ္ဗ်”
“ဟယ္ ဟုတ္လား ကိုသန္းလႈိင္ ျပန္ေကာင္းသြားၿပီ ထင္တယ္ အရပ္ ထဲက လူေတြက ေပါက္ကရ အေတာ္ေျပာတာ ”
“ထားလိုက္ပါ အေမရာ ထမင္းျပင္ ခဏေန အဘ လာေတာ့မွာ ဒီမွာ ဘိုးထင္ လည္းထမင္းစာမွာ”
“ေအး ေအး ငါျပင္လိုက္မယ္ ”
ေပတူး ႏွင့္ သူ၏ အေမ ေပ်ာ္႐ႊင္ေနသည္ကို ၾကည့္ၿပီး ေမာင္ဘိုးထင္ ေငးေမာေနသည္ ။ ေညာင္ပင္မွ သရဲ မသည္ ေတာ္သည္ဟု ေမာင္ဘိုးထင္ ေတြးက ၿပဳံးလိုက္မိသည္ ၊ သူျမင္ခ်င္သည္မွာလည္း ယခုလို ျမင္ကြင္းမ်ိဳး ျဖစ္သည္ မဟုတ္ပါလား ၊ ဤသို႔ ႏွင့္ မၾကာေသာ အခ်ိန္ တြင္ ဦးသန္းလႈိင္ ႏြားႏွစ္ေကာင္ကို ဆြဲလို႔ အိမ္ဝိုင္းထဲ ဝင္လာသည္ ထို႔ေနာက္ ႏြားႏွစ္ေကာင္ ကို တင္းကုတ္ထဲတြင္ ခ်ည္ကာ ေရခပ္တိုက္လိုက္ၿပီး အိမ္ေပၚသို႔တက္လာေလသည္ ၊ဦးသန္းလႈိင္သည္ အိမ္ေပၚတြင္ ထိုင္ရင္း ဟိုၾကည့္ ဒီၾကည့္ လုပ္ေနစဥ္ သူ၏ ဇနီးသည္ ေရာက္လာၿပီး
“ကိုသန္းလႈိင္ ဘာေတြ ေငးေနတာလဲ ေရခ်ိဳးေလ ၿပီး ရင္ ထမင္းစား ၾကရေအာင္ ”
“အင္း အင္း ညီမ ”
“ဘယ္လို ေခၚလိုက္တယ္ က်မကို ညီမ ဟုတ္လား ကိုသန္းလႈိင္ကေတာ့ေလ စကားမေျပာေတာ့ မေျပာဘူး ေျပာျပန္ေတာ့လည္း ညီမ ေတြ ဘာေတြပါ ေခၚလို႔ ”
“ေယာင္သြားလို႔ပါဟာ ဘိုးထင္ ေရာက္ၿပီလား ”
“ေရာက္ၿပီ ထမင္းစားပြဲမွာ ရွင့္ကို ေစာင့္ေနတယ္ အဲ့ဒီကေလးေတြ ထမင္း အေတာ္ ဆာ ေနပုံပဲ က်မလစ္တာ နဲ႔ ဟင္း တေယာက္ တဖက္ ပါးစပ္ ထဲ ေရာက္ၿပီးသားပဲေတာ္”
ကိုသန္းလႈိင္သည္ သူ၏ ဇနီးသည္ ေျပာစကားကို နားေထာင္ၿပီး ၿပဳံးကာ
“ညီမေရ ဟုတ္ပါဘူး ဘယ္သူ ဟို ငါ့မိန္းမ ေရလဲ ထမိန္ ဟုတ္ပါဘူး ပုဆိုးေလး”
“ေတာ္ ကိုသန္းလႈိင္ ဟာသ ေတြ လာလုပ္ေနတယ္ ျမန္ျမန္ ခ်ိဳး ထမင္းစားရေအာင္ က်မ မီးဖိုးေခ်ာင္ထဲက ေစာင့္ေနမယ္ ”
“ေအး ေအးပါ ”
သရဲမ သည္ လူ၏ ကိုယ္ခႏၶာ ထဲဝင္ေရာက္ေသာအခါ လူဘဝကို ျပန္အမွတ္ရလာၿပီး ပါးစပ္ထဲ မွ လႊတ္ခနဲ ေျပာမိေနသည္။ထို႔ေနာက္ သူ၏ ပါးစပ္ကို သူတခ်က္ ႐ိုက္လိုက္ကာ အိမ္ေပၚမွဆင္းသြားပါေလေတာ့ သည္ ။
◾အခန္း(၁၁)
ေပတူးတို႔အိမ္၏ ထမင္းဝိုင္းေလးသည္ ဟင္းမ်ိဳးစုံလွေပသည္ ။ဦးသန္းလႈိင္အား ေပတူး ႏွင့္ သူ၏ အေမသည္ အေတာ္ကို ဂ႐ုတစိုက္ ရွိလွ ေပသည္
“ကိုသန္းလႈိင္ ဒီက အသားေကာင္းေလး စား ”
“ေရာ့အဘ အဘ ႀကိဳက္တဲ့ ဘဲဥ”
ကိုသန္းလႈိင္ ကိုယ္ခႏၶာထဲဝင္ ေနေသာ သရဲမ ျမခင္သည္ ထမင္းပန္းကန္ထဲ မွ ရွိေသာ ထမင္း ႏွင့္ ဟင္းကို ၾကည့္ၿပီး အားရဝမ္းသာ ျဖစ္ေနရွာ၏ ယခုလို ဟင္းေကာင္းထမင္းေကာင္းႏွင့္ ထမင္းမစားရသည္မွာ ၾကာေနၿပီျဖစ္သည္ ၊ ဟင္းက်န္ ထမင္း က်န္ေလးမ်ားအား ေကာက္စားရသည္ မကြၽတ္မလြတ္ဘ၀ႏွင့္ ဆာေလာင္ ေနရသည္ မွာလည္း အႀကိမ္ႀကိမ္ ျဖစ္၏ ယခုေတာ့ လူ႔ဘဝ မွ သားျဖစ္သူသည္ သူ႔အား ေယာက္်ား တေယာက္၏ ကိုယ္ထဲ ေနေစသည့္ အတြက္ အေတာ္ကို အဆင္ေျပေနၿပီး ေကာင္းေကာင္း မြန္မြန္ ေနမည္ဟုလည္း ဆုံးျဖတ္ထားသည္ ။ဤသို႔ ျဖင့္ သူ၏ ေရွ႕တြင္ ရွိေနေသာ ေမာင္ဘိုးထင္ကို တလွည့္ ေပတူးကို တလွည့္ ေပတူး၏ အေမကို တလွည့္ ၾကည့္ရင္း ေမာင္ဘိုးထင္၏ ထမင္းပန္းကန္ ထဲသို႔ အမဲသားတုံးကို ထည့္ေပးလိုက္ကာ
“သားေလး စားေနာ္ ဝေအာင္စား ေနာက္ေန႔လည္း အေမ တို႔ဆီ လာစား ”
ေပတူးတို႔ သားအမိသည္ သူတို႔၏ ဖခင္ႀကီး၏ ေျပာစကားေၾကာင့္ ထမင္းစားေနရမွ ဘိုးထင္ကို တလွည့္ ဦးသန္းလႈိင္ကို တလွည့္ ၾကည့္ေနပါေလေတာ့သည္ ။
◾ေအာက္လမ္းဘိုးထင္ ႏွင့္ ေပတူး အဘ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ႀကီးမားေသာ ဆုံးရႈံးမႈ ဟုအမည္ရေသာ ဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္
📝ေမာင္တင္ဆန္း
#mgtinsan