Unicode Version
“အောက်လမ်းဘိုးထင် နှင့် ကြီးမားသော ဆုံးရှုံးမှု”(စ/ဆုံး)
————————————————————————–
(၃၁)
◾အခန်း (၁)
မောင်ဘိုးထင်သည် ပေတူးအိမ်တွင် နေ့တိုင်း ထမင်းစားနေရသည်မှာ တပတ်ကျော်ပြီ ဖြစ်သည်။ နေ့လယ်စာ ထမင်းစားချိန်တိုင်း ပေတူး လာ လာ ခေါ်နေရသောကြောင့် ပေတူးသည်ပင် စိတ်မရှည်ဖြစ်ကာ
“ဟေ့ကောင် ဘိုးထင် နေ့လယ်စာ ထမင်းစားချိန် ဆို လာခဲ့ ကွာ မင်းကို လာခေါ်နေရတာကို က အလုပ်တခု ဖြစ်နေပြီ ငါ့ အဘက လည်း ဘာဖြစ်နေမှန်းမသိဘူး မင်းမှ မင်းပဲ ဖြစ်နေတယ် ငါ့စိတ်ထင် ငါတို့ မသိခင် ငါ့အဖေ မင်းတို့ သစ်စိမ့် ရွာက အိမ်ကိုများ အလည်လာဘူးသလားတောင် ထင်ရတယ် ”
“ဟေ့ ကောင် ဟေ့ကောင် မင်း ပြောချင်တာ ငါသိတယ်နော် ငါအမေက ကွမ်းတောင်ကိုင်ကွ မင်းအဘလို ဒူတူတူ ကို ပြန်ကြိုက်မှ မဟုတ်ဘူး ”
“သဘောပြောတာ ပါ ကွာ နေ့လယ်စာ စားချိန် လာခဲ့ ကြားလား ”
“ငါက အားနာနေပြီ နောက်နေ့ ဦးလေးကို ပြောကြည့်ပါဦးမယ် လာမခေါ်ဖို့လေ”
“တော် တော် သွားမပြောနဲ့ ငါ့အဘ စိတ်ချမ်းသာပြီး အလုပ်ကြိုးကြိုးစားစား လုပ်နေတာကို ပဲ ငါကျေနပ်နေတာ မင်းမလာလည်း ပိုတဲ့ ထမင်းတွေ ခွေးကျွေး ကျွေးပစ်ရတာ ကွ”
“မင်း မင်း ဘာစကားပြောတာ လဲ ပေတူး”
“စတာပါကွာ မင်းကလည်း နောက်နေ့ လာမခေါ် ရစေနဲ့ အဲ့ တခုပြောဖို့ မေ့နေတာ ”
“ဘာလဲ ပြော ငါ့အဘက အခုတလောအားလုံးကောင်းတယ် တခါ တခါ မိန်းမလိုကြီး ပြောလိုက် ဆိုလိုက် လုပ် လုပ်နေတယ် ”
“အစကတည်းက မင်းအဘက ယောက်ျား အစစ်ကော ဟုတ်ရဲ့လား ”
“ဟာ ဟုတ်ပါတယ် ကွ အရင်က တခါမှ မဖြစ်ဖူးပါဘူး ငါ နဲ့ ငါ့အမေကိုတော့ အသိမခံဘူးဟ တခါတခါ သနပ်ခါးတွေ သွေးပြီး လိမ်းနေတာ ဟ မင်းသိပါတယ် မင်းကို တောင် သူ့ကို သူ အမေ လို့ ပြောနေတာ မဟြတ်လား”
“အမေလို့ ပြောတာ မဟုတ်ပါဘူး ကွာ အမေလို လို့ ပြောတာပါ ”
အေးကွာ ဘာပဲ ဖြစ်ဖြစ် မင်း နေ့လယ်စာတော့ ငါတို့အိမ်ပဲ လာစား အဘက အခုတလော အလုပ် အတော် လုပ်တယ် ငါ့အမေဆို နားနား ခိုင်းနေရတာ အလုပ် လုပ်လည်း မောတယ် လို့ကို မရှိဘူး ဟ ”
မောင်ဘိုးထင်တို့ ဖုတ်ပြောင်းသွင်းထားသည်ကို မသိသော ပေတူးတယောက်သည် သူ၏ အဘလို့သာ ထင်နေခြင်းဖြစ်သည် ၊ မောင်ဘိုးထင်သည် ပေတူး၏ မျက်နှာကို ကြည့်လိုက်သည်။ သူ၏ အဘ ကျန်းမာရေးကောင်းသွားသဖြင့် ပျော်ရွှင်နေတာ သိသာလွန်းလေသည်။ တချက်တချက် မိန်းမလို ပြုမူနေသည်ကို တော့ သူအနေဖြင့် သိပ်ပြီး အရေးထားပုံမပေါ်ပေ၊ထိုအရာသည်က သူ၏ အဘကို ဆုံးရှုံးရသည် နှင့် စာ ရင် ဘာမှ မပြောပလောက်ဘူးဟု ထင်နေခြင်းသာ ဖြစ်မည် ဟု မောင်ဘိုးထင် တွေးလိုက်မိပါလေတော့သည် ။
◾အခန်း (၂)
မောင်ဘိုးထင်သည် သာရ ၊ သာအေး နှင့် ဖိုးထွေးတို့ကို ခေါ်ကာ ရွာအလယ် ရှိမန်ကျည်းပင်တွင် ပေတူး၏ အဘ ကိုယ်ခန္ဓာထဲ သွင်းထားသော သရဲ အကြောင်းကို ပြောနေကြသည် ၊
“ကိုဖိုးထွေး ခင်ဗျားလည်း ကြားပြီးရောပေါ့ ကျုပ်ပေတူးတို့ အိမ်နေ့တိုင်း ထမင်းသွားစားနေရတာ ”
“သိတယ် ငါတို့ ဦးသန်းလှိုင် ကိုယ်ထဲ သွင်းပေးထားတဲ့ သရဲမကြီးက မင်းကို ခင်တယ် နဲ့ တူတယ်ကွ ”
“ဟုတ်လောက်တယ် ဖိုးထွေး သူလည်း အေးအေးဆေးဆေး နေရလို့ ဘိုးထင်ကို ကျေးဇူးတင်ပြီး သူတတ်နိုင်သလောက် ကျေးဇူးဆပ်နေတာလဲ ဖြစ်နိုင်တာပဲ ”
သာရ နှင့် ဖိုးထွေးမှ ဘိုးထင်ကို ထိုသို့ ပြောသောအခါ သာအေးသည် မန်ကျည်းပင်ကြီး ၏ ပင်စည်ကို ကြည့်ရင်းတွေးတောနေကာ မောင်ဘိုးထင်အား စကားဆိုလေသည်။
“ဘိုးထင် ငါတခုပြောမယ်နော် မင်းစိတ်မဆိုးနဲ့ ”
“ပြောလေ ပေတူး”
“မင်းဖမ်းပြီး ပေတူးအဘ ကိုယ်ထဲ ဝင်ခိုင်းထားတဲ့ သရဲမကြီးနာမည် က မြခင်နော် ”
“အေး ဟုတ်တယ်လေ ”
“မင်း အမေရဲ့ နာမည်က ဘယ်သူ”
“မြခင်ပဲ လေ ”
“မင်း အမေ ဖြစ်နေမလား မသိနော် ”
“ဟာကွာ မဖြစ်နိုင်တာ ငါ့ကို မွေးပေးတဲ့ ကြီးတော်ငယ်လေး ပြောတာက ငါ့အမေက ကွမ်းတောင်ကိုင်ကွာ ရွာမှာ အချောဆုံးအလှဆုံးတဲ့ အခု သရဲမကြီးတော့ မဖြစ်နိုင်ပါဘူး”
“မင်း မစဉ်းစားမိဘူးလား ငါတို့ညဖမ်းတဲ့ သရဲမကြီးက နနွင်းတွေ ဝင်းဝါနေအောင် လိမ်းထားတာလေ မင်းအမေလည်း မီးတွင်းထဲမှာ ဆုံးသွားတယ် ဆိုတော့ ”
“တော်ကွာ အဲ့တာ မပြောတော့ နဲ့ ကြီးတော်ငယ်လေးက ငါ့ကို ပြောဘူးတယ် ငါ့အမေက နတ်ပြည်မှာ ဆိုလား ရောက်နေပြီတဲ့ ကွ ”
မောင်ဘိုးထင်သည် ပါးစပ်မှ သာ ထိုသို့ ပြောပေမဲ့ သူ၏ စိတ်ထဲ တွင် တော့ သာအေးပြောသည်က သဘာဝ ကျသည် ဟုတွေးနေမိသည် ။အမှန်ဆို သူ့အား ဒီလောက် ဂရုတစိုက် ဖြစ်နေတာ ကို သူလည်း နားမလည် နိုင် ဖြစ်နေ၏ သာအေးပြောတာ အမှန်ဖြစ်နေမည် ဆိုက ပေတူးအဘ ကိုယ် နှင့် သူ၏ အမေ ဖြစ်ခဲ့ဘူးသော သရဲမကြီး ၏ စိတ်ဖြစ်နေမည်ဖြစ်သည် ၊ မည်သို့ ဆိုစေကာ မူ အဖြစ်မှန်ကို သူသိအောင် လုပ်ရမည်ဟု တွေး ရင်း ကျန်လူများနှင့် စကားဝိုင်းဖွဲ့ ဆိုနေရင်း ပေတူး၏ အိမ်သို့ အားလုံး သွားမည်ဟု ဆုံးဖြတ်လ်ိုက်ကြပါလေတော့သည် ။
◾အခန်း (၃)
ဦးသန်းလှိုင်သည် တောင်ယာမှ အပြန် နွားတင်းကုတ်ထဲတွင် နွားနှစ်ကောင်ကို ချည်နေစဉ် သူ၏ အိမ်သို့ ရောက်လာသော မောင်ဘိုးထင်တို့ကို တွေ့သော အခါ အံ့ဩတကြီးကြည့်ပြီး
“ငါ ငါကောင်းကောင်း နေနေတယ်နော် နင် နင်တို့ စုပြီးငါ့ကို ဘာလုပ်မလို့လဲ သား ဘိုးထင် ငါမဟုတ်တာ ဘာမှမလုပ်ဘုးနော် ”
“ဟုတ်ပါတယ် ဘာမှ မလုပ်ပါဘူး အဲ့လောက်ကြီး ရုပ်ပျက်မနေနဲ့ တော်ကြာ ပေတူးနဲ့ သူ့အမေ ရိပ်မိသွားဦးမယ် ခင်ဗျား အလုပ်တွေလည်း တအား လုပ်တယ် ကြားတယ် အဲ့ လောက်ကြီး မလုပ်ပါနဲ့ ဗျာ ပင်ပန်းနေပါဦးမယ် ”
“မပင်ပန်းပါဘူး ငါ့အတွက် ပင်ပန်းတယ် ဆိုတာ ဘာမှန်းတောင် မသိဘူး”
ဦးသန်းလှိုင် နှင့် မောင်ဘိုးထင်တို့ နွားတင်းကုတ်တွင် ရပ်ပြီးစကားပြောနေသည်ကို မြင်သော ပေတူးသည်
“ဘိုးထင် မင်းက တော့ အချိန်မှန်တယ် ဟိုလူတွေက ဘာလုပ်တာ လဲ သူတို့ အတွက် ထမင်း မချက်ထားဘူးနော် ”
“ဟဲ့ ပေတူး ဘယ်လို ကြီး ပြောလိုက်တာ တုန်း ”
ပေတူး၏ ပြောစကားကို အားနာသွားသော ပေတူး၏ အမေသည် ပေတူးအား မာန်မဲ လိုက်ပြီး
“ဖိုးထွေးတို့ လာကြ လာကြ နင့်ညီ ပြောစကားကို အတည်ယူမနေနဲ့ သူက အဲ့လိုပဲ တခါတခါ ”
“သိပါတယ် လေးလေးရယ် ပေတူးက ကြောင်တောင်တောင်ဆိုတာ ကျုပ်တို့ကလည်း ထမင်းစားပြီးပါပြီ သူများအိမ်ကို အားမနာ လျှာမကျိုး နေ့တိုင်း ထမင်းစားနေတဲ့ ဘိုးထင် လိုတော့ မဟုတ်ပါဘူး”
ဖိုးထွေး၏ စကားကြောင့် မောင်ဘိုးထင် အနည်းငယ် ရှက်သလို ဖြစ်နေစဉ် ဦးသန်းလှိုင်သည် သူ၏ ပုခုံးကို ဖက်ကာ အိမ်ပေါ်သို့ တက်စေပြီး
“ဘိုးထင် က ငါ့သားလိုပဲကွ ငါအလုပ် ကြိုးစားနေတာ ဟောဟိုက ပေတူး နဲ့ သူ့အမေ အပြင် ဒီက ဘိုးထင် အတွက်ရော ကွာ လာ လာ ဘိုးထင် ထမင်းသွားစားကြရအောင် မင်းတို့ကတော့ ပြန်တော့ ”
ဖိုးထွေးသည် မောင်ဘိုးထင်အား နောက်ပြောင်သည်ကို ကျန်သူများ အပါအဝင် မောင်ဘိုးထင်လည်း သိပေမဲ့ ဦးသန်းလှိုင်သည်က မျက်နှာ တည်တည် နှင့် မကျေမနပ်ဆိုနေသော ကြောင့် အားလုံး အံဩရသည် ။ ဦးသန်းလှိုင် ပြောစကားကို ကြားသော ဇနီးဖြစ်သူသည်
“ကိုသန်းလှိုင် က ကလေးတွေကို ဒီလိုပဲ စ နေကြ နောက်နေကြဆိုတော့ ဖိုးထွေးတို့ လာ လာ အိမ်မှာ ထမင်းစားသွားကြ လေးလေး ထမင်း ထပ်ချက်လိုက်မယ် ”
“ရတယ် လေးလေး ဦးလေးက ဘိုးထင်ကို တော်တော် ခင်တာပဲ ကျုပ်တို့ နားလည်ပါတယ် ထမင်းစားကြဦး ကျုပ်တို့ ပြန်လိုက်ဦးမယ် ဟေ့ကောင် ပေတူး ငါတို့ဆီ လည်း လာလည်ပါဦးကွ အခုတလော မင်းက အိမ်မှာပဲ နေ နေတာ ”
“နင့်ညီကတော့ အခုတလော အတော်ကို သိတတ်နေတာဟေ့ အမေကို ရေခပ်ကူလိုက် အဖေ့ကို နွားရေတိုက်ဖို့ ဆွဲကူလိုက် နဲ့ တကယ် ကို အလုပ်တွေ များနေတာ ”
“ထူးထူး ဆန်းဆန်း လေးလေးရေ ပေတူးဆိုတဲ့ ကောင်က ဒီလောက်ကို သိတတ်သွားတာလား မယုံ နိုင်ပဲဗျာ ”
သာရ၏ ပြောစကားကြောင့် ပေတူးသည် သာရအား ကြည့်ကာ
“ဪ ကိုသာရရယ် ကြီးမိုက်ကြီးတွေ မဖြစ်ဖို့ အခုကတည်းက လိမ်မာ ရတာပေါ့ဗျာ”
“ကြီးမိုက်ဆိုတာ ဘာလဲကွာ ကျီးကန်း မိုက် ကိုပြောတာလား ”
“မဟုတ်ဘူး ကြီးလေ မိုက်လေ လုပ်နေတဲ့ ခင်ဗျားနဲ့ ကိုဖိုးထွေးကို ပြောတာ ”
“တောက် မင်းမေလင် ”
“ဟဲ့သာရ နင်ဘာပြောတာလဲ ”
“မင့်အမေလင် ဦးသန်းလှိုင် လို့ပြောမလို့ပါ ဗျာ သွားပြီ လေးလေး ရေ ”
ဖိုးထွေး သာရ နှင့် သာအေးတို့ ပြန်သွားချိန် ဦးသန်းလှိုင်သည် မောင်ဘိုးထင်ကို ပုခုံးဖက်ပြီး သူ၏ အိမ်ပေါ်သို့ ထမင်းစား ရန် ခေါ်သွားပါလေတော့သည် ။
◾အခန်း (၄)
မောင်ဘိုးထင်သည် သူ၏ အိမ်ရှေ့ ကွပ်ပျစ်တွင် ထိုင်ရင်း ပျင်းရိဖွယ် နေ့ တနေ့ကို ဖြတ်သန်းနေသည် ၊ ပေတူးအဘ၏ ကိုယ်ထဲတွင် ညောင်ပင်မှ သရဲမ မြခင်က ဝင်ရောက်နေစေသည့် နေ့ကတည်းက သူ ၏ စိတ်ထဲ ပျော်ရွှင်မနေတော့ပါ ၊ သူဘာကြောင့် မပျော်ရွှင်ရသလဲဆိုတာ သူ့ကိုယ် သူ မေးခွန်း ထုတ်ပေသော်လည်း အဖြေက မရပေ ၊ သူ ပေတူးအတွက် စိတ်မချမ်းမမြေ့ဖြစ်နေသည်လား ဖခင် ဖြစ်သူ၏ ကိုယ်ကိုသာ ပိုင်ဆိုင်ပြီး စိတ်ကို မပိုင်ဆိုင် နိုင်တော့သော ပေတူးကြောင့် သူစိတ်မချမ်းမြေ့ ဖြစ်နေခြင်းလား သို့တည်းမဟုတ် ညောင်ပင် မှာ နေသော မြခင်ဆိုသည့် သရဲမကြီးကြောင့်လား ၊ ထိုသရဲမကြီးမှာ ဘာကြောင့်များသူ့ကို ပေတူးထက် ပိုဂရုစိုက်နေရသည်လည်း ဆိုတာ သူမသိပေ၊သို့ပေမဲ့ သဘာဝကို လွန်ဆန်လွန်းသော လုပ်ရပ်ကို သူတို့ လုပ်ထားမိသည့် အတွက် စိတ်မချမ်းမြေ့ ဖြစ်နေရသည် လားဆိုတာ သူမသိနိုင် ဖြစ်နေချိန် တန်းလျားတွင် ရေနွေးကြမ်း သောက်နေသော ဉ်ီးအုန်း၏ အသံက ပေါ်လာလေ ၏။
“ကောင်လေး အခုတလော မင်း ကြည့်ရတာ ငူငိုင်ငိုင် နဲ့ ဘာဖြစ်နေတာလဲ ကွ”
“ကျုပ်ကို ကျုပ် ဘာဖြစ်လို့ ဖြစ်မှန်းကို မသိတော့ပါဘူး အဘ ရယ် ”
“အင်း ကောင်လေး မင်းလုပ်ရပ်တွေကို ငါမသိဘူးထင်နေတာလား ”
“အဘ ဘာပြောတာလဲ ကျုပ်နားမလည်ဘူး ”
“မင်း ပေတူးအဘ သန်းလှိုင်ရဲ့ ကိုယ်ထဲကို သရဲ တကောင် ဝင်ခိုင်းထားတာ ငါသိတယ် အစက မင်းကို မပြောပဲနေမလို့ ပဲ ဒါပေမဲ့ ငါမင်းကို ပြောရလိမ့်မယ် ”
“အဘ ဘာပြောတာလဲ ”
“မင်း အခု ဝင် ပူးခိုင်းထားတဲ့ သရဲမက ဟိုတခါ မင်းဖမ်းလာခဲ့ တဲ့ တစ္ဆေမ မဟုတ်လား ”
“အဘက ဘယ်လို လုပ် သိတာလဲ ”
“အဲ့တာတွေ နောက်မှ မေး ကောင်လေး မင်း ဟိုတခါ ဖမ်းလာတုန်းက ငါ ဘာလို့ ပြန်လွှတ်ပေးလိုက်လဲ သိလား”
“မသိဘူးလေ အဘ ”
မောင်ဘိုးထင် ၏ စကားကြားသော အခါ ဦးအုန်းသည် သက်ပြင်း အရှည်ကြီး ချလိုက်ကာ
“အဲ့ တစ္ဆေမ က အရင်ဘဝတုန်းက မင်းအမေ ဖြစ်နေလို့ပဲ ကွ ကောင်လေးရ”
“ဗျာ ကျုပ်အမေ ဟုတ်လား ”
“ဟုတ်တယ် အဲ့တာ မင်းအမေ ပဲ ကောင်လေး သူကို ဆက်ပြီး မင်း ဒုက္ခ မပေးပါတော့နဲ့ကွာ ”
မောင်ဘိုးထင် မည်သည့် စကားကို ပြောရမည်မှန်းမသိအောင် တွေဝေ နေလေသည် ၊ သူ့အား ဘာကြောင့် ပေတူး ထက် ပို၍ ဂရုစိုက်နေသည်ဆိုတာ ကို အခုတော့ မောင်ဘိုးထင် နားလည်လာပြီ ဖြစ်သည် ၊ ထိုစဉ် မောင်ဘိုးထင် နှင့် ဦးအုန်း ရှိရာ သို့ ပေတူး ဆိုက်ရောက်လာလေသည် ။သူ၏ မျက်နှာသည်က မကြည်လင်လှပေ။တခုခု ကို ဝေခွဲ မရဟန် ဖြစ်နေသကဲ့သို့ ရှိ၏။ထို့နောက် ဦးအုန်း သည် ပေတူး အား
“ပေတူး လာထိုင် မင်း ငါ့အိမ် မရောက်တာတောင် ကြာပြီကော ”
“ဟုတ်တယ် ဘကြီးရေ အခုတောင် ကျုပ် မရှင်းတာလေးတွေ မေးချင် လို့ ဘကြီး ဆီလာလိုက်တာ ”
“လာ လာ ထိုင် ထိုင် မင်း မေးချင်တာ အကုန် မေး ငါသိသလောက် ဖြေမယ် ”
ပေတူးသည် ဦးအုန်း၏ မျက် နှာချင်းဆိုင် တွင် ထိုင်လိုက်ပြီး ကွပ်ပျစ်တွင် အိပ်နေသော မောင်ဘိုးထင် ဘက် လှည့်ကာ
“ဘိုးထင် ဒီကို လာခဲ့ ဦး ”
ပေတူး ခေါ်သော ကြောင့် မောင်ဘိုးထင်သည် ပေတူး၏ အနားတွင် သွားရောက် ထိုင်လိုက်သည် ။ ပေတူးသည် မောင်ဘိုးထင် သူ့အနား ထိုင်လိုက်သည် နှင့် မောင်ဘိုးထင် ၏ ပခုံးကို ဖက်ကာ
“အရာ အားလုံး အတွက် ကျေးဇူးပါ ငါ့ကောင် ”
ပေတူး ပြောနေသည်ကို မောင်ဘိုးထင် သဘောမပေါက်ပေ ထို့နောက် ပေတူးသည် ဦးအုန်းအား
“ဘကြီး ကျုပ် အဘ ဖုတ်ဝင်နေတယ်ဆိုတာကို ကျုပ်သိပါတယ်”
“မင်းဘယ်အချိန်ကတည်းက သိတယ် ဆိုတာ လည်း ငါသိတယ် ဘိုးထင် ”
“ကျုပ် အဘရဲ့ ရုပ်ကို မြင်ရရုံနဲ့ ကျုပ်ကျေနပ်နေတာ ပြီးတော့ ကျုပ်အမေ သူက အဘ မရှိရင် ဆိုတဲ့အတွေးကို သူ အခုထိ မတွေးနိုင်သေးဘူး ”
“သဘာဝကို လွန်ဆန်ပြီး အချိန် အကြာကြီး နေရတာ မင်း အဘ ရဲ့ ရုပ်ကြီးရော သူထဲ မှာ ရှိနေတဲ့ ဖုတ်ကောင် အတွက် ရော မကောင်းဘူး”
“အခု ကျုပ် အဘအထဲ ဝင်နေတဲ့ ဖုတ်ကောင်က ဘိုးထင် နဲ့ တခုခုတော့ ပတ်သတ်နေမယ် ထင်တယ် ဘကြီး ”
“အမှန်ပြောရရင်တော့ အဲ့တာ သူ့အမေပေါ့ ကွာ ”
“ကျုပ်လည်း ထင်ပါတယ် ဘိုးထင်က ကျုပ်ကို သနားပြီး သူနိုင်တဲ့ သရဲတကောင် ကို ဖုတ်သွင်းထည့်ပေးထားတာ ကျုပ် ရိပ်မိတယ် ”
“မင်းတို့တွေ အဖြစ် မှန်တွေ သိနေပြီဆိုတော့ မင်းတို့ ဘယ်လို လုပ်မယ် စဉ်းစားထားလဲ ”
ဦးအုန်း၏ အမေးစကားကြောင့် ပေတူး နှင့် မောင်ဘိုးထင် တယောက်ကို တယောက်ကြည့်လိုက်ပြီး
“ဘိုးထင် မင်းဘယ်လို စဉ်းစားထားလဲ ”
“ငါလည်း ဘာလုပ်ရမယ် မှန်း မသိတော့ပါဘူးကွာ ငါ့ အမေ မှန်း ငါတကယ် မသိခဲ့ဘူး ငါ မှားသွားပြီ ”
မောင်ဘိုးထင် နှင့် ပေတူး တယောက်ကို တယောက် မည်သည့် စကားမျှ ဆက်မပြောနိုင်ဘဲ ငြိမ်နေကြသည်။ထိုအခါ ဦးအုန်းသည် သူတို့ကို ကြည့်ကာ
‘မင်းတို့တွေကို ငါ အကြံတခုပေးပါရစေ ငါလည်း မိဘမဲ့မလို့ မိဘရဲ့ အကြင်နာ တွေ ဘာတွေ ငါမသိဘူး အဲ့ဒီတော့ မင်းတို့ နှစ်ယောက် ပေတူးအဘ ဦးသန်းလှိုင်ရဲ့ ကိုယ်နဲ့ ဘိုးထင် အမေရဲ့ ဖုတ်ကောင်ကို နောက်ဆုံးအနေနဲ့ သူဖြစ်ချင်တာ တွေကို လိုက်လုပ်ပေးလိုက်ပါ ပြီးရင် မင်းတို့ ရွာလူကြီး ကို သာ အကျိုး အကြောင်း ပြောပေတော့ ဖုတ်ထုတ်ဖို့က ငါလုပ်ပေးပါ့မယ် ”
“ဟုတ်ကဲ့ ပါ ဘကြီး ဒါပေမဲ့ ကျုပ်မကျေနပ်တာက ကျုပ်အဘက ဘာလို့ဆုံးသွားရတာလဲ အဲ့တာ သိချင်တယ်ဗျာ ”
“အင်း အဲ့ ဒါကို တော့ မင်းတို့တွေ အခုကိစ္စတွေ ပြီးသွားမှ ဖြေရှင်းကြပေါ့ ”
“ဟုတ်ကဲ့ ဘကြီး အဲ့တာဆို ကျုပ်တို့ မနက်ဖြန်ပဲ စလိုက်ပါမယ် ကျုပ်တို့ရဲ့ အကြီးမားသော ဆုံးရှုံးမှုတွေကို လက်တွေ့ ကြုံရတော့ မဲ့ အချိန် ထင်ပါရဲ့ ဘကြီးရာ ”
ဦးအုန်းသည် အသက်ကြီးရင့်သူဖြစ်သော်လည်း ပေတူး၏ စကားကို မည်သို့ ခွန့်တုန့်ပြန်ရမည်နည်းဟု မတွေးတတ်အောင် ဖြစ်ကာ ညှိုးငယ်နေလေသည်။ ကောင်လေးနှစ်ယောက်၏ မျက်နှာအား စိတ်မသက်သာစွာ ငေးကြည့်နေမိပါလေတော့သည် ။
◾အခန်း (၅)
ပေတူးသည် သူ၏အိမ်တွင် အမေဖြစ်သူ မရှိချိန် မောင်ဘိုးထင်ကို ခေါ်လေသည်။ထို့နောက် တောင်ယာမှ ပြန်လာမည့် ဦးသန်းလှိုင် အားစောင့်ဆိုင်းနေကြသည် ။ သူတို့သည် အိမ်ရှေ့ တန်းလျား တွင် ထိုင်ကာ တယောက်ကို တယောက်မည်သည့် စကားမျှ မပြောပဲ ရှိနေကြသည် ။သူတို့၏ စိတ်ထဲ တွင်တော့ အတွေးပေါင်းစုံက ကြီးစိုးလို့နေလေ၏။ပေတူးသည် က သူ၏စိတ်ထဲတွင် သူ၏ အဘ အား ဆုံးရှုံးရတော့မည်ဟု တွေးရင်း ရင်ဘက်ထဲမှ အောင့်သလို ခံစားလာရသည် ။သူ၏ အဘ စိတ်မဟုတ်ပေမဲ့ ရုပ်ခန္ဓာကြီးသည် သူ၏ အဘသာဖြစ်၍ နှမျောတသ ဖြစ်မိသည် ။လောကကြီးက ဆန်းကျယ် လွန်းလှသည်ဟု ထင်မိသည်။သူ့အား မခံစား စေချင်၍ ဆိုးသွမ်းသော ဖုတ်ကောင်ကို ထုတ်ပြီး သူနိုင်မည့် နောက်ထပ် ဖုတ်ကောင်ကို သွင်းပေးသော မောင်ဘိုးထင်သည်လည်း မိခင်ဖြစ်သူအား ဖုတ်သွင်း မိရက်သား ဖြစ်နေသည် မဟုတ်ပါလား ၊ ပေးတူးသည် ပျော်ရွှင်ခဲ့ရသော သူတို့၏ မိသားစုထဲမှာ အားကိုးအားထား ရသော ဖခင် ဖြစ်သူအား အပြီးတိုင် ဆုံးရှုံးရတော့မည် ဖြစ်၍ သူ၏ မျက်ဝန်းမှ မျက်ရည်များသည် သူသတိ မထားမိခင်မှာပင် တလိမ့်ချင်းစီးကျလာသည်။မောင်ဘိုးထင် သည် သူငယ်ချင်းဖြစ်သူ ပေတူး၏ မျက်နှာ ကို သေချာကြည့်လိုက်ပြီး
“ပေတူး မင်းစိတ်ထဲ ဖြစ်နေတဲ့ ခံစားချက်ကို ငါနားလည်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ငါကိုယ်တိုင် ခံစားခဲ့ဖူးလို့ ပဲ မင်းက ငါ့ထက်အများကြီးသာပါတယ် ကွာ မင်းမှာ မင်းကို ချစ်တဲ့ အမေရှိတယ် မင်းရဲ့ အဘ နဲ့ လည်း အချိန် အကြာကြီး ပျော်ပျော်ရွှင်ရွှင် အတူတူ ရှိခဲ့ရတယ် ငါကတော့ မင်းထက် ဆိုးတယ် ကွ ငါ ငယ်ငယ် ကတည်းက ခံစားချက် တွေ များလို့ ထင်ပါရဲ့ ငါ့မှာ ကျစရာကို မျက်ရည် မရှိတော့ဘူး တခြားသူတွေ ငါ့စကားကို နားထောင် ရင် ငါက စကားတတ်တယ် လို့ပဲ ထင်နေလိမ့်မယ် ငါမွေးကတည်းက ငါ့အမေရဲ့ မျက်နှာကို ငါ မမြင်ဖူးဘူး ငါမြင်ရတဲ့ အချိန်ရောက်တော့ ငါ့အမေက ကြောက်စရာ အဆင်း နဲ့ သရဲဖြစ်နေပြီ ငါ့အဖေလည်း ဘာထူးလဲ ငါ့အပေါ် မကောင်းမြင်တဲ့ အချိန်တုန်းက အချိန်အကြာကြီး အတူတူ ရှိခဲ့ ပြီး ငါ့အပေါ်သူ အကောင်းမြင်တဲ့ အချိန်ရောက် တော့ သူက ဆုံးသွားပြီ ငါ အခု မျက်ရည် ကျချင်တယ် ဒါပေမဲ့ ငါ့ရဲ့ မျက်ရည် တွေက ခမ်းခြောက်ကုန် ပြီ ထင်ပါတယ် ကွာ ”
ပေတူးသည် စကားအများကြီးပြောနေသော မောင်ဘိုးထင် ၏ ပုခုံးကို ဖက်လိုက်ပြိး
“သူငယ်ချင်း ငါတို့ ရှိပါတယ် ကွာ ငါတခါတခါ တွေးမိတယ် ငါ့မှာ ဘာမှ တွယ်တာ စရာမရှိတဲ့ လူတယောက် ဖြစ်ချင်တယ် ”
“မင်းစကား က အဆန်းပါလား ”
“ဟုတ်တယ် ငါက ”
ပေတူး နှင့် မောင်ဘိုးထင် စကားပြောနေစဉ် ဦးသန်းလှိုင်သည် နွားများကို ဆွဲကာ အိမ်ဝိုင်းထဲ ဝင်လာသည်။ထို့နောက် တင်းကုတ်ထဲ တွင် နွားရေတိုက် နေချိန် သူ့အား တန်းလျားမှ ကြည့်နေသော ပေတူး နှင့် မောင်ဘိုးထင်ကို ပြန်ကြည့်ပြီးပြုံးပြကာ
“ကောင်လေးတွေ ထူးထူး ဆန်းဆန်း ငါ့ကို ဘာလို့ ကြည့်နေတာလဲ ”
ဦးသန်းလှိုင်၏ စကားကို ပေတူး နှင့် မောင်ဘိုးထင်တို့ မည်သည့်စကားမှ ပြန်မပြော ပဲ ကြည့်မြဲ ကြည့်နေ၏။ထို့နောက် ဦးသန်းလှိုင်သည် နွားများကို ရေတိုက်ပြီး ၍ မောင်ဘိုးထင် နှင့် ပေတူး ထိုင်နေသော တန်းလျားသို့ လာရောက်ထိုင်လိုက်ကာ
“ဘာဖြစ်နေကြတာ လဲ မင်းတို့ ကြည့်ရတာ တမျိုးပဲ ”
“အမေ ဟန်ဆောင်ရ တာ မပင်ပန်းဘူးလားဗျာ ”
မောင်ဘိုးထင် ၏ စကားကြောင့် ဦးသန်းလှိုင် ကြောင်ငေးလာကာ သူ၏ မျက်ဝန်းမှ မျက်ရည်များကျလာပြီး
“ဘယ် ဘယ်လို ခေါ်လိုက် တယ် ဘိုးထင် ”
“အမေက ကျုပ်အမေဆိုတာ ကျုပ်သိပါပြီးပြီဗျ သစ်စိမ့်ရွာက မမြခင် မဟုတ်လား ကျုပ်ရဲ့ အမေ မြခင်လေ ”
“ဟုတ် ဟုတ်ပါတယ် သားလေး အမေက သားအမေပါ”
ဦးသန်းလှိုင်၏ အသံသည် ရုတ်ချည်းမိန်းမ အသံပြောင်းလဲသွားပြီး မောင်ဘိုးထင်ကို အနားသို့ တိုးပြီး ဖက်ထားပါလေတော့သည် ထိုအခါ ပေတူးသည်လည်း သူ့အဘ ၏ကိုယ်ခန္ဓာကြီးကို ဖက်ထားရင်းမှမျက်ရည် များ ကျနေလေသည်။မိခင် ဖြစ်ခဲ့ဘူးသော တစ္ဆေကြီးသည် သူမ၏ အရင်ဘဝ မိခင်စိတ်သည်က ကြီးမားသည် ထင်၏ ပေတူးကို လည်း သူ၏ လက်တဖက်ဖြင့် ဖက်ကာ
“ပေတူးသားလေး ဘာမှ အားမငယ်နဲ့နော် အရီးက မင်းအဖေ မဟုတ်ပေမဲ့ မင်းအဖေလို ပဲ မင်းကို စောင့်ရှောက်မှာပါ”
ပေတူးသည် မည်သည်စကားမှ မပြော ဦးသန်းလှိုင်အား ဖက်မြဲ ဖက်ထားလေသည် ။ ထို့နောက်ဦးသန်းလှိုင် သည် မောင်ဘိုးထင်၏ မျက်နှာကို သေချာကြည့် ကာ
“သားလေး အမေသားလေးကို နေ့တိုင်းလွမ်းနေတာပါ သားလေးနဲ့ အမေကို လိပ်ပြာခွဲတဲ့ နေ့ကတည်းက သားကို မင်းအဖေ ဆီ ပေးခဲ့လို့ အမေ ရွာထဲ နေလို့ မရလို့ သားကို မတွေ့နိုင်တာပါ ”
“ကျုပ်သိပါတယ် ကျုပ်က အမေ့ရဲ့ မျက်နှာအမှန်ကို အရမ်းမြင်ချင်ခဲ့တာ ဗျ ကျုပ် အမေမျက်နှာ ကို မမြင်ရပေမဲ့ အမေ့ကို တွေ့ခွင့်ရတာ ကျုပ် ကျေနပ်ပါတယ် ကျုပ် ပြောရမှာတော့ သိပ်စိတ်မကောင်းဘူး အမေ အခုနေနေတဲ့ ကိုယ် ထဲ မှာ နေလို့ မရတော့ဘူး ”
“ဘာ ဘာလို့လဲ သားလေးရယ်အမေ့ကို မတွေ့ ချင်တော့လို့လား”
“မဟုတ်ဘူး အမေ တတ်သိတဲ့ သူတွေက ပြောတယ် သဘာဝ နဲ့ ဆန့်ကျင်ပြီး ကျနော်တို့ အခုလို လုပ်ထားတာ မကောင်းဘူးတဲ့ အဲ့တာ ကြောင့် အမေကို ကျုပ်တို့ နေခွင့် ပေးလို့ မရတော့ဘူး ”
“အမေ့ကို မနှင်ပါနဲ့ ကွယ် အမေ့ကို ထမင်း မကျွေးချင်ရင် အမေ မစားတော့ဘူးနော် အမေ့ကို မနှင်ပါနဲ့ အမေသားလေး နဲ့ အမြဲ တွေ့နေချင်လို့ပါ ”
ထို့နောက် ဦးသန်းလှိုင်သည် သူ့အား ဖက်ထားသော ပေတူးဘက် လှည့်ကာ
“ပေတူး အရီးကို နေခွင့်ပေးပါနော် မင်းအဘ ရဲ့ ကိုယ်ခန္ဓာကြီးကို ကောင်းကောင်း ထိန်းသိမ်းပါ့မယ် ပြီးတော့ အလုပ်တွေ လည်း ဒီထက်ပိုလုပ်ပါမယ် အရီးကို ထမင်းမကျွေးချင်ရင်လည်း မကျွေးပါနဲ့အရီးကို မင်းတို့ အိမ်မှာ ဆက်နေခွင့် ပေးပါနော် ”
ပေတူးသည် မည်သည့် စကားမျှ ပြန်မပြောနိုင်ပေ။ထို့နောက် ဦးသန်းလှိုင် ထိုင်နေရာမှ ထကာ မြေပြင်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး
“အမေ့ကို မနှင်ပါ နဲ့ အမေ ဒီကိုယ်ထဲ မှာပဲ နေပါရစေကွယ် ”
ဦးသန်းလှိုင် မြေပြင်မှာ ဒူးထောက် ထိုင်ပြီး ငိုယိုပြီး ပြောနေလေရာ မောင်ဘိုးထင် နှင့် ပေတူးသည် တန်းလျားမှ ထလိုက်ပြီး အိမ်ဝိုင်းအပြင်သို့ ထွက်ခွာ သွားလိုက်ကြပါလေတော့သည် ။
◾အခန်း (၆)
မောင်ဘိုးထင် နှင့် ပေတူးသည် ဦးအုန်း၏ အိမ်သို့ သွားနေ ကြသည် သူတို့၏ ခြေလှမ်းများသည်က လေးလံနေပြီး မလှမ်းချင် လေးဖင့်နေကြသည် ။ ပေတူးအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုက မကြာခင် ကြုံရမည်ဖြစ်သလို မောင်ဘိုးထင်မှာလည်း ဆုံးရှုံးပြီးပြီဖြစ်သည်။မောင်ဘိုးထင်တို့ ဦးအုန်း ၏ အိမ်ရောက်သွားချိန်တွင် ဖိုးထွေးတို့ သုံးယောက်သည် ဦးအုန်း၏ အိမ်တွင် ရောက်နှင့်နေပြီး ဦးအုန်းသည် ဖိုးထွေးအား စကားဆိုနေလေသည်
“ဖိုးထွေး မင်းအဘကို သေချာပြော ဆွမ်းသွတ် ရင် မင်းအဘကို တရားနာ ဖိတ်မယ် ဟုတ်လား ”
“ဟုတ်တယ် ဦးအုန်း”
“အဲ့ဒါဆို သစ်စိမ့်ရွာက မြခင်ကို ပါ ဖိတ်ဖို့ပြော ပေး”
“ဦးအုန်း ဘာတွေပြောနေတာ လဲ ဘယ်သူ သေလို့လဲ ”
“မင်းတို့ အခုမှ မသိချင်ယောင် ဆောင် မနေနဲ့ ငါ ခဏနေရင် ဦးသန်းလှိုင် ကိုယ် ထဲ က ဖုတ်ကောင်ကို သွားထုတ်တော့မယ် ”
ဖိုးထွေးတို့ ဘာစကားမှမပြောတော့ ပေ၊ထိုအကြောင်းကို သူတို့သိနေသည် မဟုတ်ပါလား၊ထို့နောက် လေးလံသော ခြေလှမ်း များဖြင့် အိမ်ဝိုင်းထဲ ဝင်လာသော မောင်ဘိုးထင် နှင့် ပေတူးကို ကြည့်ကာ ဦးအုန်းမှ
“ကောင်လေးတွေ မင်းတို့ သူလုပ်ချင်တာကို လုပ်ပေးပြီးပြီလား ”
မောင်ဘိုးထင်တို့ ခေါင်းသာ ယမ်းပြီးဖြေလိုက်၏ ။
“ဘာလို့လဲ ကွ မင်းတို့ကို လုပ်ပေးလိုက်ပါ ဆိုကွာ ”
“သူ ဖြစ်ချင်တာက ကျုပ်တို့ကို နှင်မထုတ်ဖို့တဲ့ လေဗျာ ”
ပေတူး၏ စကားကြောင့် ဦးအုန်း မည်သည့် စကားပြောရမည် မှန်း မသိအောင် ဖြစ်သွားပြီး ခေါင်းကို အသာ အယာ ယမ်းလို့ သူ၏ လွယ်အိတ်ကြီးကို ကောက်လွယ်ကာ အိမ်ဝိုင်းအပြင်သို့ထွက်ရင်း ဖိုးထွေးကို သူမှာထားသည့် အကြောင်းအရာများကို ဖိုးထွေး၏ အဘဖြစ်သူကို ပြောဖို့ သတိပေးရင်း ထွက်ခွာသွားပါလေတေယ့သာ် ။
◾အခန်း (၇)
ပေတူး၏ အမေသည်က ယောက်ျားဖြစ်သူ ကောက်ခါ ငင်ကာ ကြီးဆုံးသွား၍ အပူလုံးကြွကာ အော်ဟစ်ငိုကျွေး နေလေသည် ၊ ပေတူးသည်က တစက်ချင်းကျ နေသော မျက်ရည်များကိုသုတ် ရင်း သူ၏ အဘ အလောင်းကို ရှိခိုးဦးချနေလေသည် ။ ဤသို့ နှင့် ဦးသန်းလှိုင်၏ သေဆုံးခြင်းက ပေပင်ရွာလေးတွင် လူပြောများနေပြီး စည်ကားစွာ နှင့် မြေချခြင်းအမှုကို ပြုလိုက်ကြ၏။ဆွမ်းသွတ် တရာနာသောအခါ ရွာလူကြီးသည် ဦးသန်းလှိုင် တင် မဟုတ်ပဲ သစ်စိမ့်ရွာမှ မြခင်ဟု သော အမျိုးသမီးကို ပါအမျှဝေရင်း သာဓုခေါ်ဖို့ ဖိတ်လေသည် ။ရွာသားများက သူတို့ မကြားဖူးသော နာမည်ကို ခေါ်၍ အထူးအဆန်း ဖြစ်နေကြ၏ ။ထို့နောက် ဆွမ်းသွတ်ခြင်း ကိစ္စလည်း ပြီးသွားပြီ ဖြစ်သည်။ဆွမ်းသွတ် တရားနာနေချိန် မောင်ဘိုးထင်သည် ဦးအုန်း ၏ အိမ်တွင် အိပ်နေခြင်းဖြစ်သည် ။မောင်ဘိုးထင်၏ စိတ်ထဲ တွင် တော့ သူ့မိခင်၏ မူလရုပ်သွင် ကို မှန်းဆကြည့်နေသည်၊အနီးကပ် ဆုံး ပေပင်ရွာမှ လုံမေများ၏ ရုပ်နှင့် ယှဉ်ပြီး ပုံဖော် ကြည့်နေမိသည် ။သို့ပေမဲ့ သူ့စိတ်ကြိုက် ရုပ်သွင် က ပေါ်မလာပေ။ သူ၏ မိခင် ဖြစ်သူ၏ ရုပ်သွင်ကို အတွေး နှင့် ပုံဖော်ရင်း အိပ်ပျော်သွားချိန် သူ၏ အိမ်မက်ထဲ တွင် အသက်သုံးဆယ် အရွယ် အမျိုးသမီးတဦးသည် ပိတောက်ပန်းများကို ပန်ထားပြီး သနပ်ခါး ပါးကွက်ကြားနှင့် ရုပ်သွင် မှာ သူနှင့် နည်းနည်း ဆင်သည် ဟု ပင်ထင်ရပြီး အတော်ကို ကျက်သရေရှိသော အမျိုးသမီးဖြစ်၏ ။ထိုအမျိုးသမီးသည် မောင်ဘိုးထင်ကို ပြုံးပြလ်ိုက်ပြီး
“သားလေး အမေလေ သားလေးရဲ့ အမေ မြခင် ”
“ဗျာ အမက ကျုပ်အမေ ဟုတ်လား ”
“ဟုတ်တယ် အမေ သားလေးကြောင့် အရင် ဘဝကြီးက နေကျွတ်ပြီ သားလေးကို ကျေးဇူးတင်ပါတယ် ကွယ် ”
“ကျုပ် အမေ တကယ်လား ”
“တကယ်ပေါ့ သားရယ် ဘာလဲ အမေက ရုပ်ဆိုးလို့ လား”
“မ မဟုတ်ပါဘူး ဗျာ အမေက သိပ်လှနေလို့ပါ အမေ ဘယ်ကို သွားရမှာ လဲ ကျုပ်နဲ့ တူတူ နေလို့ မရဘူးလား ”
“မရဘူးသား အမေ သားကို လာနှုတ်ဆက်တာ ပြီးတော့ သတိပေးစရာ ရှိလို့ ”
“အမေ က အခုမှတွေ့ တယ် ဘယ်ကို သွားမှာလဲဗျာ ”
“ပိုကောင်းတဲ့နေရာ ကို သွားရမှာ သားက အမေ့ကို အရင်နေရာ မှာ ပြန်နေစေချင်လို့လား ”
“ဟာ မနေစေချင်ပါဘူး ဗျာ အမေ ကောင်းကောင်းမွန်မွန် နေရရင် ကျုပ်ကျေနပ်ပါတယ် ”
‘အမေ သတိပေးမယ် ဆိုတာ က ပေတူးရဲ့ အဘ ဝိညာဥ်ကို အောက်လမ်း ဆရာ တယောက်က ဖမ်းထားတယ် အမေ့ရဲ့ အသိ တစ္ဆေလေး ပြောလို့သိရတာ အဲ့တာ ပေတူးတို့က အမေ့အပေါ်ကျေးဇူး ရှိလို့ ကူညီလိုက်ပါအုံး သားလေး ”
“ကျုပ်က ဘယ်လို သွားရှာရမှာလဲ အမေ ”
“ပေတူးတို့ အကွက် ထဲမှာ တစ္ဆေလေး မဲတူး ဆိုတာ ရှိတယ် သူကူညီ လိမ့်မယ် အမေ့ကို ခေါ်နေပြီ မို့ အမေသွားပြီနော် သားကို အမေအရမ်း ချစ်တယ် သိလား ”
“ကျုပ်လည်းအမေ့ကို အရမ်း ချစ်ပါတယ် ”
မောင်ဘိုးထင် အမေ၏ ပုံရိပ်ကလေးသည် တဖြည်းဖြည်း ဝေ့ဝါးပျောက်ကွယ်သွားချိန် မောင်ဘိုးထင် အမေ အမေ ဟု အော်ကာ အိပ်ရာမှ နိုးလာသည် ။ သူ့မျက်လုံးဖွင့် လိုက်ချိန်သူ၏ နှာခေါင်းထဲတွင် ပိတောက်ပန်း ရနံလေးက သင်းနေသည် ။ပန်းပိတောက် ပွင့်ချိန်က အဝေးကြီးလိုသေးချိန် ပိတောက်ပန်း ရနံသင်းသည် ဆိုက သူ၏ အမေအမှန်တကယ် လာသွားကြောင်း နားလည်လိုက်သည်။ထို့နောက် မျက်လုံးကို ပြန်မှိတ်လိုက်ပြီး မိခင် ဖြစ်သူ၏ ပုံရိပ်လေးကို တွေးပြီး ပြုံး၍ နေပါလေတော့သည်။
◾အောက်လမ်း ဘိုးထင် နှင့် ကြီးမားသော ဆုံးရှုံးမှုသည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ဝိညာဉ် ထောင် ဟု အမည်ရသော ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
“ေအာက္လမ္းဘိုးထင္ ႏွင့္ ႀကီးမားေသာ ဆုံးရႈံးမႈ”(စ/ဆုံး)
————————————————————————–
(၃၁)
◾အခန္း (၁)
ေမာင္ဘိုးထင္သည္ ေပတူးအိမ္တြင္ ေန႔တိုင္း ထမင္းစားေနရသည္မွာ တပတ္ေက်ာ္ၿပီ ျဖစ္သည္။ ေန႔လယ္စာ ထမင္းစားခ်ိန္တိုင္း ေပတူး လာ လာ ေခၚေနရေသာေၾကာင့္ ေပတူးသည္ပင္ စိတ္မရွည္ျဖစ္ကာ
“ေဟ့ေကာင္ ဘိုးထင္ ေန႔လယ္စာ ထမင္းစားခ်ိန္ ဆို လာခဲ့ ကြာ မင္းကို လာေခၚေနရတာကို က အလုပ္တခု ျဖစ္ေနၿပီ ငါ့ အဘက လည္း ဘာျဖစ္ေနမွန္းမသိဘူး မင္းမွ မင္းပဲ ျဖစ္ေနတယ္ ငါ့စိတ္ထင္ ငါတို႔ မသိခင္ ငါ့အေဖ မင္းတို႔ သစ္စိမ့္ ႐ြာက အိမ္ကိုမ်ား အလည္လာဘူးသလားေတာင္ ထင္ရတယ္ ”
“ေဟ့ ေကာင္ ေဟ့ေကာင္ မင္း ေျပာခ်င္တာ ငါသိတယ္ေနာ္ ငါအေမက ကြမ္းေတာင္ကိုင္ကြ မင္းအဘလို ဒူတူတူ ကို ျပန္ႀကိဳက္မွ မဟုတ္ဘူး ”
“သေဘာေျပာတာ ပါ ကြာ ေန႔လယ္စာ စားခ်ိန္ လာခဲ့ ၾကားလား ”
“ငါက အားနာေနၿပီ ေနာက္ေန႔ ဦးေလးကို ေျပာၾကည့္ပါဦးမယ္ လာမေခၚဖို႔ေလ”
“ေတာ္ ေတာ္ သြားမေျပာနဲ႔ ငါ့အဘ စိတ္ခ်မ္းသာၿပီး အလုပ္ႀကိဳးႀကိဳးစားစား လုပ္ေနတာကို ပဲ ငါေက်နပ္ေနတာ မင္းမလာလည္း ပိုတဲ့ ထမင္းေတြ ေခြးေကြၽး ေကြၽးပစ္ရတာ ကြ”
“မင္း မင္း ဘာစကားေျပာတာ လဲ ေပတူး”
“စတာပါကြာ မင္းကလည္း ေနာက္ေန႔ လာမေခၚ ရေစနဲ႔ အဲ့ တခုေျပာဖို႔ ေမ့ေနတာ ”
“ဘာလဲ ေျပာ ငါ့အဘက အခုတေလာအားလုံးေကာင္းတယ္ တခါ တခါ မိန္းမလိုႀကီး ေျပာလိုက္ ဆိုလိုက္ လုပ္ လုပ္ေနတယ္ ”
“အစကတည္းက မင္းအဘက ေယာက္်ား အစစ္ေကာ ဟုတ္ရဲ႕လား ”
“ဟာ ဟုတ္ပါတယ္ ကြ အရင္က တခါမွ မျဖစ္ဖူးပါဘူး ငါ နဲ႔ ငါ့အေမကိုေတာ့ အသိမခံဘူးဟ တခါတခါ သနပ္ခါးေတြ ေသြးၿပီး လိမ္းေနတာ ဟ မင္းသိပါတယ္ မင္းကို ေတာင္ သူ႔ကို သူ အေမ လို႔ ေျပာေနတာ မၾဟတ္လား”
“အေမလို႔ ေျပာတာ မဟုတ္ပါဘူး ကြာ အေမလို လို႔ ေျပာတာပါ ”
ေအးကြာ ဘာပဲ ျဖစ္ျဖစ္ မင္း ေန႔လယ္စာေတာ့ ငါတို႔အိမ္ပဲ လာစား အဘက အခုတေလာ အလုပ္ အေတာ္ လုပ္တယ္ ငါ့အေမဆို နားနား ခိုင္းေနရတာ အလုပ္ လုပ္လည္း ေမာတယ္ လို႔ကို မရွိဘူး ဟ ”
ေမာင္ဘိုးထင္တို႔ ဖုတ္ေျပာင္းသြင္းထားသည္ကို မသိေသာ ေပတူးတေယာက္သည္ သူ၏ အဘလို႔သာ ထင္ေနျခင္းျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ေပတူး၏ မ်က္ႏွာကို ၾကည့္လိုက္သည္။ သူ၏ အဘ က်န္းမာေရးေကာင္းသြားသျဖင့္ ေပ်ာ္႐ႊင္ေနတာ သိသာလြန္းေလသည္။ တခ်က္တခ်က္ မိန္းမလို ျပဳမူေနသည္ကို ေတာ့ သူအေနျဖင့္ သိပ္ၿပီး အေရးထားပုံမေပၚေပ၊ထိုအရာသည္က သူ၏ အဘကို ဆုံးရႈံးရသည္ ႏွင့္ စာ ရင္ ဘာမွ မေျပာပေလာက္ဘူးဟု ထင္ေနျခင္းသာ ျဖစ္မည္ ဟု ေမာင္ဘိုးထင္ ေတြးလိုက္မိပါေလေတာ့သည္ ။
◾အခန္း (၂)
ေမာင္ဘိုးထင္သည္ သာရ ၊ သာေအး ႏွင့္ ဖိုးေထြးတို႔ကို ေခၚကာ ႐ြာအလယ္ ရွိမန္က်ည္းပင္တြင္ ေပတူး၏ အဘ ကိုယ္ခႏၶာထဲ သြင္းထားေသာ သရဲ အေၾကာင္းကို ေျပာေနၾကသည္ ၊
“ကိုဖိုးေထြး ခင္ဗ်ားလည္း ၾကားၿပီးေရာေပါ့ က်ဳပ္ေပတူးတို႔ အိမ္ေန႔တိုင္း ထမင္းသြားစားေနရတာ ”
“သိတယ္ ငါတို႔ ဦးသန္းလႈိင္ ကိုယ္ထဲ သြင္းေပးထားတဲ့ သရဲမႀကီးက မင္းကို ခင္တယ္ နဲ႔ တူတယ္ကြ ”
“ဟုတ္ေလာက္တယ္ ဖိုးေထြး သူလည္း ေအးေအးေဆးေဆး ေနရလို႔ ဘိုးထင္ကို ေက်းဇူးတင္ၿပီး သူတတ္ႏိုင္သေလာက္ ေက်းဇူးဆပ္ေနတာလဲ ျဖစ္ႏိုင္တာပဲ ”
သာရ ႏွင့္ ဖိုးေထြးမွ ဘိုးထင္ကို ထိုသို႔ ေျပာေသာအခါ သာေအးသည္ မန္က်ည္းပင္ႀကီး ၏ ပင္စည္ကို ၾကည့္ရင္းေတြးေတာေနကာ ေမာင္ဘိုးထင္အား စကားဆိုေလသည္။
“ဘိုးထင္ ငါတခုေျပာမယ္ေနာ္ မင္းစိတ္မဆိုးနဲ႔ ”
“ေျပာေလ ေပတူး”
“မင္းဖမ္းၿပီး ေပတူးအဘ ကိုယ္ထဲ ဝင္ခိုင္းထားတဲ့ သရဲမႀကီးနာမည္ က ျမခင္ေနာ္ ”
“ေအး ဟုတ္တယ္ေလ ”
“မင္း အေမရဲ႕ နာမည္က ဘယ္သူ”
“ျမခင္ပဲ ေလ ”
“မင္း အေမ ျဖစ္ေနမလား မသိေနာ္ ”
“ဟာကြာ မျဖစ္ႏိုင္တာ ငါ့ကို ေမြးေပးတဲ့ ႀကီးေတာ္ငယ္ေလး ေျပာတာက ငါ့အေမက ကြမ္းေတာင္ကိုင္ကြာ ႐ြာမွာ အေခ်ာဆုံးအလွဆုံးတဲ့ အခု သရဲမႀကီးေတာ့ မျဖစ္ႏိုင္ပါဘူး”
“မင္း မစဥ္းစားမိဘူးလား ငါတို႔ညဖမ္းတဲ့ သရဲမႀကီးက နႏြင္းေတြ ဝင္းဝါေနေအာင္ လိမ္းထားတာေလ မင္းအေမလည္း မီးတြင္းထဲမွာ ဆုံးသြားတယ္ ဆိုေတာ့ ”
“ေတာ္ကြာ အဲ့တာ မေျပာေတာ့ နဲ႔ ႀကီးေတာ္ငယ္ေလးက ငါ့ကို ေျပာဘူးတယ္ ငါ့အေမက နတ္ျပည္မွာ ဆိုလား ေရာက္ေနၿပီတဲ့ ကြ ”
ေမာင္ဘိုးထင္သည္ ပါးစပ္မွ သာ ထိုသို႔ ေျပာေပမဲ့ သူ၏ စိတ္ထဲ တြင္ ေတာ့ သာေအးေျပာသည္က သဘာဝ က်သည္ ဟုေတြးေနမိသည္ ။အမွန္ဆို သူ႔အား ဒီေလာက္ ဂ႐ုတစိုက္ ျဖစ္ေနတာ ကို သူလည္း နားမလည္ ႏိုင္ ျဖစ္ေန၏ သာေအးေျပာတာ အမွန္ျဖစ္ေနမည္ ဆိုက ေပတူးအဘ ကိုယ္ ႏွင့္ သူ၏ အေမ ျဖစ္ခဲ့ဘူးေသာ သရဲမႀကီး ၏ စိတ္ျဖစ္ေနမည္ျဖစ္သည္ ၊ မည္သို႔ ဆိုေစကာ မူ အျဖစ္မွန္ကို သူသိေအာင္ လုပ္ရမည္ဟု ေတြး ရင္း က်န္လူမ်ားႏွင့္ စကားဝိုင္းဖြဲ႕ ဆိုေနရင္း ေပတူး၏ အိမ္သို႔ အားလုံး သြားမည္ဟု ဆုံးျဖတ္လ္ိုက္ၾကပါေလေတာ့သည္ ။
◾အခန္း (၃)
ဦးသန္းလႈိင္သည္ ေတာင္ယာမွ အျပန္ ႏြားတင္းကုတ္ထဲတြင္ ႏြားႏွစ္ေကာင္ကို ခ်ည္ေနစဥ္ သူ၏ အိမ္သို႔ ေရာက္လာေသာ ေမာင္ဘိုးထင္တို႔ကို ေတြ႕ေသာ အခါ အံ့ဩတႀကီးၾကည့္ၿပီး
“ငါ ငါေကာင္းေကာင္း ေနေနတယ္ေနာ္ နင္ နင္တို႔ စုၿပီးငါ့ကို ဘာလုပ္မလို႔လဲ သား ဘိုးထင္ ငါမဟုတ္တာ ဘာမွမလုပ္ဘုးေနာ္ ”
“ဟုတ္ပါတယ္ ဘာမွ မလုပ္ပါဘူး အဲ့ေလာက္ႀကီး ႐ုပ္ပ်က္မေနနဲ႔ ေတာ္ၾကာ ေပတူးနဲ႔ သူ႔အေမ ရိပ္မိသြားဦးမယ္ ခင္ဗ်ား အလုပ္ေတြလည္း တအား လုပ္တယ္ ၾကားတယ္ အဲ့ ေလာက္ႀကီး မလုပ္ပါနဲ႔ ဗ်ာ ပင္ပန္းေနပါဦးမယ္ ”
“မပင္ပန္းပါဘူး ငါ့အတြက္ ပင္ပန္းတယ္ ဆိုတာ ဘာမွန္းေတာင္ မသိဘူး”
ဦးသန္းလႈိင္ ႏွင့္ ေမာင္ဘိုးထင္တို႔ ႏြားတင္းကုတ္တြင္ ရပ္ၿပီးစကားေျပာေနသည္ကို ျမင္ေသာ ေပတူးသည္
“ဘိုးထင္ မင္းက ေတာ့ အခ်ိန္မွန္တယ္ ဟိုလူေတြက ဘာလုပ္တာ လဲ သူတို႔ အတြက္ ထမင္း မခ်က္ထားဘူးေနာ္ ”
“ဟဲ့ ေပတူး ဘယ္လို ႀကီး ေျပာလိုက္တာ တုန္း ”
ေပတူး၏ ေျပာစကားကို အားနာသြားေသာ ေပတူး၏ အေမသည္ ေပတူးအား မာန္မဲ လိုက္ၿပီး
“ဖိုးေထြးတို႔ လာၾက လာၾက နင့္ညီ ေျပာစကားကို အတည္ယူမေနနဲ႔ သူက အဲ့လိုပဲ တခါတခါ ”
“သိပါတယ္ ေလးေလးရယ္ ေပတူးက ေၾကာင္ေတာင္ေတာင္ဆိုတာ က်ဳပ္တို႔ကလည္း ထမင္းစားၿပီးပါၿပီ သူမ်ားအိမ္ကို အားမနာ လွ်ာမက်ိဳး ေန႔တိုင္း ထမင္းစားေနတဲ့ ဘိုးထင္ လိုေတာ့ မဟုတ္ပါဘူး”
ဖိုးေထြး၏ စကားေၾကာင့္ ေမာင္ဘိုးထင္ အနည္းငယ္ ရွက္သလို ျဖစ္ေနစဥ္ ဦးသန္းလႈိင္သည္ သူ၏ ပုခုံးကို ဖက္ကာ အိမ္ေပၚသို႔ တက္ေစၿပီး
“ဘိုးထင္ က ငါ့သားလိုပဲကြ ငါအလုပ္ ႀကိဳးစားေနတာ ေဟာဟိုက ေပတူး နဲ႔ သူ႔အေမ အျပင္ ဒီက ဘိုးထင္ အတြက္ေရာ ကြာ လာ လာ ဘိုးထင္ ထမင္းသြားစားၾကရေအာင္ မင္းတို႔ကေတာ့ ျပန္ေတာ့ ”
ဖိုးေထြးသည္ ေမာင္ဘိုးထင္အား ေနာက္ေျပာင္သည္ကို က်န္သူမ်ား အပါအဝင္ ေမာင္ဘိုးထင္လည္း သိေပမဲ့ ဦးသန္းလႈိင္သည္က မ်က္ႏွာ တည္တည္ ႏွင့္ မေက်မနပ္ဆိုေနေသာ ေၾကာင့္ အားလုံး အံဩရသည္ ။ ဦးသန္းလႈိင္ ေျပာစကားကို ၾကားေသာ ဇနီးျဖစ္သူသည္
“ကိုသန္းလႈိင္ က ကေလးေတြကို ဒီလိုပဲ စ ေနၾက ေနာက္ေနၾကဆိုေတာ့ ဖိုးေထြးတို႔ လာ လာ အိမ္မွာ ထမင္းစားသြားၾက ေလးေလး ထမင္း ထပ္ခ်က္လိုက္မယ္ ”
“ရတယ္ ေလးေလး ဦးေလးက ဘိုးထင္ကို ေတာ္ေတာ္ ခင္တာပဲ က်ဳပ္တို႔ နားလည္ပါတယ္ ထမင္းစားၾကဦး က်ဳပ္တို႔ ျပန္လိုက္ဦးမယ္ ေဟ့ေကာင္ ေပတူး ငါတို႔ဆီ လည္း လာလည္ပါဦးကြ အခုတေလာ မင္းက အိမ္မွာပဲ ေန ေနတာ ”
“နင့္ညီကေတာ့ အခုတေလာ အေတာ္ကို သိတတ္ေနတာေဟ့ အေမကို ေရခပ္ကူလိုက္ အေဖ့ကို ႏြားေရတိုက္ဖို႔ ဆြဲကူလိုက္ နဲ႔ တကယ္ ကို အလုပ္ေတြ မ်ားေနတာ ”
“ထူးထူး ဆန္းဆန္း ေလးေလးေရ ေပတူးဆိုတဲ့ ေကာင္က ဒီေလာက္ကို သိတတ္သြားတာလား မယုံ ႏိုင္ပဲဗ်ာ ”
သာရ၏ ေျပာစကားေၾကာင့္ ေပတူးသည္ သာရအား ၾကည့္ကာ
“ဪ ကိုသာရရယ္ ႀကီးမိုက္ႀကီးေတြ မျဖစ္ဖို႔ အခုကတည္းက လိမ္မာ ရတာေပါ့ဗ်ာ”
“ႀကီးမိုက္ဆိုတာ ဘာလဲကြာ က်ီးကန္း မိုက္ ကိုေျပာတာလား ”
“မဟုတ္ဘူး ႀကီးေလ မိုက္ေလ လုပ္ေနတဲ့ ခင္ဗ်ားနဲ႔ ကိုဖိုးေထြးကို ေျပာတာ ”
“ေတာက္ မင္းေမလင္ ”
“ဟဲ့သာရ နင္ဘာေျပာတာလဲ ”
“မင့္အေမလင္ ဦးသန္းလႈိင္ လို႔ေျပာမလို႔ပါ ဗ်ာ သြားၿပီ ေလးေလး ေရ ”
ဖိုးေထြး သာရ ႏွင့္ သာေအးတို႔ ျပန္သြားခ်ိန္ ဦးသန္းလႈိင္သည္ ေမာင္ဘိုးထင္ကို ပုခုံးဖက္ၿပီး သူ၏ အိမ္ေပၚသို႔ ထမင္းစား ရန္ ေခၚသြားပါေလေတာ့သည္ ။
◾အခန္း (၄)
ေမာင္ဘိုးထင္သည္ သူ၏ အိမ္ေရွ႕ ကြပ္ပ်စ္တြင္ ထိုင္ရင္း ပ်င္းရိဖြယ္ ေန႔ တေန႔ကို ျဖတ္သန္းေနသည္ ၊ ေပတူးအဘ၏ ကိုယ္ထဲတြင္ ေညာင္ပင္မွ သရဲမ ျမခင္က ဝင္ေရာက္ေနေစသည့္ ေန႔ကတည္းက သူ ၏ စိတ္ထဲ ေပ်ာ္႐ႊင္မေနေတာ့ပါ ၊ သူဘာေၾကာင့္ မေပ်ာ္႐ႊင္ရသလဲဆိုတာ သူ႔ကိုယ္ သူ ေမးခြန္း ထုတ္ေပေသာ္လည္း အေျဖက မရေပ ၊ သူ ေပတူးအတြက္ စိတ္မခ်မ္းမေျမ့ျဖစ္ေနသည္လား ဖခင္ ျဖစ္သူ၏ ကိုယ္ကိုသာ ပိုင္ဆိုင္ၿပီး စိတ္ကို မပိုင္ဆိုင္ ႏိုင္ေတာ့ေသာ ေပတူးေၾကာင့္ သူစိတ္မခ်မ္းေျမ့ ျဖစ္ေနျခင္းလား သို႔တည္းမဟုတ္ ေညာင္ပင္ မွာ ေနေသာ ျမခင္ဆိုသည့္ သရဲမႀကီးေၾကာင့္လား ၊ ထိုသရဲမႀကီးမွာ ဘာေၾကာင့္မ်ားသူ႔ကို ေပတူးထက္ ပိုဂ႐ုစိုက္ေနရသည္လည္း ဆိုတာ သူမသိေပ၊သို႔ေပမဲ့ သဘာဝကို လြန္ဆန္လြန္းေသာ လုပ္ရပ္ကို သူတို႔ လုပ္ထားမိသည့္ အတြက္ စိတ္မခ်မ္းေျမ့ ျဖစ္ေနရသည္ လားဆိုတာ သူမသိႏိုင္ ျဖစ္ေနခ်ိန္ တန္းလ်ားတြင္ ေရေႏြးၾကမ္း ေသာက္ေနေသာ ဥ္ီးအုန္း၏ အသံက ေပၚလာေလ ၏။
“ေကာင္ေလး အခုတေလာ မင္း ၾကည့္ရတာ ငူငိုင္ငိုင္ နဲ႔ ဘာျဖစ္ေနတာလဲ ကြ”
“က်ဳပ္ကို က်ဳပ္ ဘာျဖစ္လို႔ ျဖစ္မွန္းကို မသိေတာ့ပါဘူး အဘ ရယ္ ”
“အင္း ေကာင္ေလး မင္းလုပ္ရပ္ေတြကို ငါမသိဘူးထင္ေနတာလား ”
“အဘ ဘာေျပာတာလဲ က်ဳပ္နားမလည္ဘူး ”
“မင္း ေပတူးအဘ သန္းလႈိင္ရဲ႕ ကိုယ္ထဲကို သရဲ တေကာင္ ဝင္ခိုင္းထားတာ ငါသိတယ္ အစက မင္းကို မေျပာပဲေနမလို႔ ပဲ ဒါေပမဲ့ ငါမင္းကို ေျပာရလိမ့္မယ္ ”
“အဘ ဘာေျပာတာလဲ ”
“မင္း အခု ဝင္ ပူးခိုင္းထားတဲ့ သရဲမက ဟိုတခါ မင္းဖမ္းလာခဲ့ တဲ့ တေစၦမ မဟုတ္လား ”
“အဘက ဘယ္လို လုပ္ သိတာလဲ ”
“အဲ့တာေတြ ေနာက္မွ ေမး ေကာင္ေလး မင္း ဟိုတခါ ဖမ္းလာတုန္းက ငါ ဘာလို႔ ျပန္လႊတ္ေပးလိုက္လဲ သိလား”
“မသိဘူးေလ အဘ ”
ေမာင္ဘိုးထင္ ၏ စကားၾကားေသာ အခါ ဦးအုန္းသည္ သက္ျပင္း အရွည္ႀကီး ခ်လိုက္ကာ
“အဲ့ တေစၦမ က အရင္ဘဝတုန္းက မင္းအေမ ျဖစ္ေနလို႔ပဲ ကြ ေကာင္ေလးရ”
“ဗ်ာ က်ဳပ္အေမ ဟုတ္လား ”
“ဟုတ္တယ္ အဲ့တာ မင္းအေမ ပဲ ေကာင္ေလး သူကို ဆက္ၿပီး မင္း ဒုကၡ မေပးပါေတာ့နဲ႔ကြာ ”
ေမာင္ဘိုးထင္ မည္သည့္ စကားကို ေျပာရမည္မွန္းမသိေအာင္ ေတြေဝ ေနေလသည္ ၊ သူ႔အား ဘာေၾကာင့္ ေပတူး ထက္ ပို၍ ဂ႐ုစိုက္ေနသည္ဆိုတာ ကို အခုေတာ့ ေမာင္ဘိုးထင္ နားလည္လာၿပီ ျဖစ္သည္ ၊ ထိုစဥ္ ေမာင္ဘိုးထင္ ႏွင့္ ဦးအုန္း ရွိရာ သို႔ ေပတူး ဆိုက္ေရာက္လာေလသည္ ။သူ၏ မ်က္ႏွာသည္က မၾကည္လင္လွေပ။တခုခု ကို ေဝခြဲ မရဟန္ ျဖစ္ေနသကဲ့သို႔ ရွိ၏။ထို႔ေနာက္ ဦးအုန္း သည္ ေပတူး အား
“ေပတူး လာထိုင္ မင္း ငါ့အိမ္ မေရာက္တာေတာင္ ၾကာၿပီေကာ ”
“ဟုတ္တယ္ ဘႀကီးေရ အခုေတာင္ က်ဳပ္ မရွင္းတာေလးေတြ ေမးခ်င္ လို႔ ဘႀကီး ဆီလာလိုက္တာ ”
“လာ လာ ထိုင္ ထိုင္ မင္း ေမးခ်င္တာ အကုန္ ေမး ငါသိသေလာက္ ေျဖမယ္ ”
ေပတူးသည္ ဦးအုန္း၏ မ်က္ ႏွာခ်င္းဆိုင္ တြင္ ထိုင္လိုက္ၿပီး ကြပ္ပ်စ္တြင္ အိပ္ေနေသာ ေမာင္ဘိုးထင္ ဘက္ လွည့္ကာ
“ဘိုးထင္ ဒီကို လာခဲ့ ဦး ”
ေပတူး ေခၚေသာ ေၾကာင့္ ေမာင္ဘိုးထင္သည္ ေပတူး၏ အနားတြင္ သြားေရာက္ ထိုင္လိုက္သည္ ။ ေပတူးသည္ ေမာင္ဘိုးထင္ သူ႔အနား ထိုင္လိုက္သည္ ႏွင့္ ေမာင္ဘိုးထင္ ၏ ပခုံးကို ဖက္ကာ
“အရာ အားလုံး အတြက္ ေက်းဇူးပါ ငါ့ေကာင္ ”
ေပတူး ေျပာေနသည္ကို ေမာင္ဘိုးထင္ သေဘာမေပါက္ေပ ထို႔ေနာက္ ေပတူးသည္ ဦးအုန္းအား
“ဘႀကီး က်ဳပ္ အဘ ဖုတ္ဝင္ေနတယ္ဆိုတာကို က်ဳပ္သိပါတယ္”
“မင္းဘယ္အခ်ိန္ကတည္းက သိတယ္ ဆိုတာ လည္း ငါသိတယ္ ဘိုးထင္ ”
“က်ဳပ္ အဘရဲ႕ ႐ုပ္ကို ျမင္ရ႐ုံနဲ႔ က်ဳပ္ေက်နပ္ေနတာ ၿပီးေတာ့ က်ဳပ္အေမ သူက အဘ မရွိရင္ ဆိုတဲ့အေတြးကို သူ အခုထိ မေတြးႏိုင္ေသးဘူး ”
“သဘာဝကို လြန္ဆန္ၿပီး အခ်ိန္ အၾကာႀကီး ေနရတာ မင္း အဘ ရဲ႕ ႐ုပ္ႀကီးေရာ သူထဲ မွာ ရွိေနတဲ့ ဖုတ္ေကာင္ အတြက္ ေရာ မေကာင္းဘူး”
“အခု က်ဳပ္ အဘအထဲ ဝင္ေနတဲ့ ဖုတ္ေကာင္က ဘိုးထင္ နဲ႔ တခုခုေတာ့ ပတ္သတ္ေနမယ္ ထင္တယ္ ဘႀကီး ”
“အမွန္ေျပာရရင္ေတာ့ အဲ့တာ သူ႔အေမေပါ့ ကြာ ”
“က်ဳပ္လည္း ထင္ပါတယ္ ဘိုးထင္က က်ဳပ္ကို သနားၿပီး သူႏိုင္တဲ့ သရဲတေကာင္ ကို ဖုတ္သြင္းထည့္ေပးထားတာ က်ဳပ္ ရိပ္မိတယ္ ”
“မင္းတို႔ေတြ အျဖစ္ မွန္ေတြ သိေနၿပီဆိုေတာ့ မင္းတို႔ ဘယ္လို လုပ္မယ္ စဥ္းစားထားလဲ ”
ဦးအုန္း၏ အေမးစကားေၾကာင့္ ေပတူး ႏွင့္ ေမာင္ဘိုးထင္ တေယာက္ကို တေယာက္ၾကည့္လိုက္ၿပီး
“ဘိုးထင္ မင္းဘယ္လို စဥ္းစားထားလဲ ”
“ငါလည္း ဘာလုပ္ရမယ္ မွန္း မသိေတာ့ပါဘူးကြာ ငါ့ အေမ မွန္း ငါတကယ္ မသိခဲ့ဘူး ငါ မွားသြားၿပီ ”
ေမာင္ဘိုးထင္ ႏွင့္ ေပတူး တေယာက္ကို တေယာက္ မည္သည့္ စကားမွ် ဆက္မေျပာႏိုင္ဘဲ ၿငိမ္ေနၾကသည္။ထိုအခါ ဦးအုန္းသည္ သူတို႔ကို ၾကည့္ကာ
‘မင္းတို႔ေတြကို ငါ အႀကံတခုေပးပါရေစ ငါလည္း မိဘမဲ့မလို႔ မိဘရဲ႕ အၾကင္နာ ေတြ ဘာေတြ ငါမသိဘူး အဲ့ဒီေတာ့ မင္းတို႔ ႏွစ္ေယာက္ ေပတူးအဘ ဦးသန္းလႈိင္ရဲ႕ ကိုယ္နဲ႔ ဘိုးထင္ အေမရဲ႕ ဖုတ္ေကာင္ကို ေနာက္ဆုံးအေနနဲ႔ သူျဖစ္ခ်င္တာ ေတြကို လိုက္လုပ္ေပးလိုက္ပါ ၿပီးရင္ မင္းတို႔ ႐ြာလူႀကီး ကို သာ အက်ိဳး အေၾကာင္း ေျပာေပေတာ့ ဖုတ္ထုတ္ဖို႔က ငါလုပ္ေပးပါ့မယ္ ”
“ဟုတ္ကဲ့ ပါ ဘႀကီး ဒါေပမဲ့ က်ဳပ္မေက်နပ္တာက က်ဳပ္အဘက ဘာလို႔ဆုံးသြားရတာလဲ အဲ့တာ သိခ်င္တယ္ဗ်ာ ”
“အင္း အဲ့ ဒါကို ေတာ့ မင္းတို႔ေတြ အခုကိစၥေတြ ၿပီးသြားမွ ေျဖရွင္းၾကေပါ့ ”
“ဟုတ္ကဲ့ ဘႀကီး အဲ့တာဆို က်ဳပ္တို႔ မနက္ျဖန္ပဲ စလိုက္ပါမယ္ က်ဳပ္တို႔ရဲ႕ အႀကီးမားေသာ ဆုံးရႈံးမႈေတြကို လက္ေတြ႕ ႀကဳံရေတာ့ မဲ့ အခ်ိန္ ထင္ပါရဲ႕ ဘႀကီးရာ ”
ဦးအုန္းသည္ အသက္ႀကီးရင့္သူျဖစ္ေသာ္လည္း ေပတူး၏ စကားကို မည္သို႔ ခြန႔္တုန႔္ျပန္ရမည္နည္းဟု မေတြးတတ္ေအာင္ ျဖစ္ကာ ညႇိဳးငယ္ေနေလသည္။ ေကာင္ေလးႏွစ္ေယာက္၏ မ်က္ႏွာအား စိတ္မသက္သာစြာ ေငးၾကည့္ေနမိပါေလေတာ့သည္ ။
◾အခန္း (၅)
ေပတူးသည္ သူ၏အိမ္တြင္ အေမျဖစ္သူ မရွိခ်ိန္ ေမာင္ဘိုးထင္ကို ေခၚေလသည္။ထို႔ေနာက္ ေတာင္ယာမွ ျပန္လာမည့္ ဦးသန္းလႈိင္ အားေစာင့္ဆိုင္းေနၾကသည္ ။ သူတို႔သည္ အိမ္ေရွ႕ တန္းလ်ား တြင္ ထိုင္ကာ တေယာက္ကို တေယာက္မည္သည့္ စကားမွ် မေျပာပဲ ရွိေနၾကသည္ ။သူတို႔၏ စိတ္ထဲ တြင္ေတာ့ အေတြးေပါင္းစုံက ႀကီးစိုးလို႔ေနေလ၏။ေပတူးသည္ က သူ၏စိတ္ထဲတြင္ သူ၏ အဘ အား ဆုံးရႈံးရေတာ့မည္ဟု ေတြးရင္း ရင္ဘက္ထဲမွ ေအာင့္သလို ခံစားလာရသည္ ။သူ၏ အဘ စိတ္မဟုတ္ေပမဲ့ ႐ုပ္ခႏၶာႀကီးသည္ သူ၏ အဘသာျဖစ္၍ ႏွေမ်ာတသ ျဖစ္မိသည္ ။ေလာကႀကီးက ဆန္းက်ယ္ လြန္းလွသည္ဟု ထင္မိသည္။သူ႔အား မခံစား ေစခ်င္၍ ဆိုးသြမ္းေသာ ဖုတ္ေကာင္ကို ထုတ္ၿပီး သူႏိုင္မည့္ ေနာက္ထပ္ ဖုတ္ေကာင္ကို သြင္းေပးေသာ ေမာင္ဘိုးထင္သည္လည္း မိခင္ျဖစ္သူအား ဖုတ္သြင္း မိရက္သား ျဖစ္ေနသည္ မဟုတ္ပါလား ၊ ေပးတူးသည္ ေပ်ာ္႐ႊင္ခဲ့ရေသာ သူတို႔၏ မိသားစုထဲမွာ အားကိုးအားထား ရေသာ ဖခင္ ျဖစ္သူအား အၿပီးတိုင္ ဆုံးရႈံးရေတာ့မည္ ျဖစ္၍ သူ၏ မ်က္ဝန္းမွ မ်က္ရည္မ်ားသည္ သူသတိ မထားမိခင္မွာပင္ တလိမ့္ခ်င္းစီးက်လာသည္။ေမာင္ဘိုးထင္ သည္ သူငယ္ခ်င္းျဖစ္သူ ေပတူး၏ မ်က္ႏွာ ကို ေသခ်ာၾကည့္လိုက္ၿပီး
“ေပတူး မင္းစိတ္ထဲ ျဖစ္ေနတဲ့ ခံစားခ်က္ကို ငါနားလည္တယ္ ဘာျဖစ္လို႔လဲ ဆိုေတာ့ ငါကိုယ္တိုင္ ခံစားခဲ့ဖူးလို႔ ပဲ မင္းက ငါ့ထက္အမ်ားႀကီးသာပါတယ္ ကြာ မင္းမွာ မင္းကို ခ်စ္တဲ့ အေမရွိတယ္ မင္းရဲ႕ အဘ နဲ႔ လည္း အခ်ိန္ အၾကာႀကီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အတူတူ ရွိခဲ့ရတယ္ ငါကေတာ့ မင္းထက္ ဆိုးတယ္ ကြ ငါ ငယ္ငယ္ ကတည္းက ခံစားခ်က္ ေတြ မ်ားလို႔ ထင္ပါရဲ႕ ငါ့မွာ က်စရာကို မ်က္ရည္ မရွိေတာ့ဘူး တျခားသူေတြ ငါ့စကားကို နားေထာင္ ရင္ ငါက စကားတတ္တယ္ လို႔ပဲ ထင္ေနလိမ့္မယ္ ငါေမြးကတည္းက ငါ့အေမရဲ႕ မ်က္ႏွာကို ငါ မျမင္ဖူးဘူး ငါျမင္ရတဲ့ အခ်ိန္ေရာက္ေတာ့ ငါ့အေမက ေၾကာက္စရာ အဆင္း နဲ႔ သရဲျဖစ္ေနၿပီ ငါ့အေဖလည္း ဘာထူးလဲ ငါ့အေပၚ မေကာင္းျမင္တဲ့ အခ်ိန္တုန္းက အခ်ိန္အၾကာႀကီး အတူတူ ရွိခဲ့ ၿပီး ငါ့အေပၚသူ အေကာင္းျမင္တဲ့ အခ်ိန္ေရာက္ ေတာ့ သူက ဆုံးသြားၿပီ ငါ အခု မ်က္ရည္ က်ခ်င္တယ္ ဒါေပမဲ့ ငါ့ရဲ႕ မ်က္ရည္ ေတြက ခမ္းေျခာက္ကုန္ ၿပီ ထင္ပါတယ္ ကြာ ”
ေပတူးသည္ စကားအမ်ားႀကီးေျပာေနေသာ ေမာင္ဘိုးထင္ ၏ ပုခုံးကို ဖက္လိုက္ၿပိး
“သူငယ္ခ်င္း ငါတို႔ ရွိပါတယ္ ကြာ ငါတခါတခါ ေတြးမိတယ္ ငါ့မွာ ဘာမွ တြယ္တာ စရာမရွိတဲ့ လူတေယာက္ ျဖစ္ခ်င္တယ္ ”
“မင္းစကား က အဆန္းပါလား ”
“ဟုတ္တယ္ ငါက ”
ေပတူး ႏွင့္ ေမာင္ဘိုးထင္ စကားေျပာေနစဥ္ ဦးသန္းလႈိင္သည္ ႏြားမ်ားကို ဆြဲကာ အိမ္ဝိုင္းထဲ ဝင္လာသည္။ထို႔ေနာက္ တင္းကုတ္ထဲ တြင္ ႏြားေရတိုက္ ေနခ်ိန္ သူ႔အား တန္းလ်ားမွ ၾကည့္ေနေသာ ေပတူး ႏွင့္ ေမာင္ဘိုးထင္ကို ျပန္ၾကည့္ၿပီးၿပဳံးျပကာ
“ေကာင္ေလးေတြ ထူးထူး ဆန္းဆန္း ငါ့ကို ဘာလို႔ ၾကည့္ေနတာလဲ ”
ဦးသန္းလႈိင္၏ စကားကို ေပတူး ႏွင့္ ေမာင္ဘိုးထင္တို႔ မည္သည့္စကားမွ ျပန္မေျပာ ပဲ ၾကည့္ၿမဲ ၾကည့္ေန၏။ထို႔ေနာက္ ဦးသန္းလႈိင္သည္ ႏြားမ်ားကို ေရတိုက္ၿပီး ၍ ေမာင္ဘိုးထင္ ႏွင့္ ေပတူး ထိုင္ေနေသာ တန္းလ်ားသို႔ လာေရာက္ထိုင္လိုက္ကာ
“ဘာျဖစ္ေနၾကတာ လဲ မင္းတို႔ ၾကည့္ရတာ တမ်ိဳးပဲ ”
“အေမ ဟန္ေဆာင္ရ တာ မပင္ပန္းဘူးလားဗ်ာ ”
ေမာင္ဘိုးထင္ ၏ စကားေၾကာင့္ ဦးသန္းလႈိင္ ေၾကာင္ေငးလာကာ သူ၏ မ်က္ဝန္းမွ မ်က္ရည္မ်ားက်လာၿပီး
“ဘယ္ ဘယ္လို ေခၚလိုက္ တယ္ ဘိုးထင္ ”
“အေမက က်ဳပ္အေမဆိုတာ က်ဳပ္သိပါၿပီးၿပီဗ် သစ္စိမ့္႐ြာက မျမခင္ မဟုတ္လား က်ဳပ္ရဲ႕ အေမ ျမခင္ေလ ”
“ဟုတ္ ဟုတ္ပါတယ္ သားေလး အေမက သားအေမပါ”
ဦးသန္းလႈိင္၏ အသံသည္ ႐ုတ္ခ်ည္းမိန္းမ အသံေျပာင္းလဲသြားၿပီး ေမာင္ဘိုးထင္ကို အနားသို႔ တိုးၿပီး ဖက္ထားပါေလေတာ့သည္ ထိုအခါ ေပတူးသည္လည္း သူ႔အဘ ၏ကိုယ္ခႏၶာႀကီးကို ဖက္ထားရင္းမွမ်က္ရည္ မ်ား က်ေနေလသည္။မိခင္ ျဖစ္ခဲ့ဘူးေသာ တေစၦႀကီးသည္ သူမ၏ အရင္ဘဝ မိခင္စိတ္သည္က ႀကီးမားသည္ ထင္၏ ေပတူးကို လည္း သူ၏ လက္တဖက္ျဖင့္ ဖက္ကာ
“ေပတူးသားေလး ဘာမွ အားမငယ္နဲ႔ေနာ္ အရီးက မင္းအေဖ မဟုတ္ေပမဲ့ မင္းအေဖလို ပဲ မင္းကို ေစာင့္ေရွာက္မွာပါ”
ေပတူးသည္ မည္သည္စကားမွ မေျပာ ဦးသန္းလႈိင္အား ဖက္ၿမဲ ဖက္ထားေလသည္ ။ ထို႔ေနာက္ဦးသန္းလႈိင္ သည္ ေမာင္ဘိုးထင္၏ မ်က္ႏွာကို ေသခ်ာၾကည့္ ကာ
“သားေလး အေမသားေလးကို ေန႔တိုင္းလြမ္းေနတာပါ သားေလးနဲ႔ အေမကို လိပ္ျပာခြဲတဲ့ ေန႔ကတည္းက သားကို မင္းအေဖ ဆီ ေပးခဲ့လို႔ အေမ ႐ြာထဲ ေနလို႔ မရလို႔ သားကို မေတြ႕ႏိုင္တာပါ ”
“က်ဳပ္သိပါတယ္ က်ဳပ္က အေမ့ရဲ႕ မ်က္ႏွာအမွန္ကို အရမ္းျမင္ခ်င္ခဲ့တာ ဗ် က်ဳပ္ အေမမ်က္ႏွာ ကို မျမင္ရေပမဲ့ အေမ့ကို ေတြ႕ခြင့္ရတာ က်ဳပ္ ေက်နပ္ပါတယ္ က်ဳပ္ ေျပာရမွာေတာ့ သိပ္စိတ္မေကာင္းဘူး အေမ အခုေနေနတဲ့ ကိုယ္ ထဲ မွာ ေနလို႔ မရေတာ့ဘူး ”
“ဘာ ဘာလို႔လဲ သားေလးရယ္အေမ့ကို မေတြ႕ ခ်င္ေတာ့လို႔လား”
“မဟုတ္ဘူး အေမ တတ္သိတဲ့ သူေတြက ေျပာတယ္ သဘာဝ နဲ႔ ဆန႔္က်င္ၿပီး က်ေနာ္တို႔ အခုလို လုပ္ထားတာ မေကာင္းဘူးတဲ့ အဲ့တာ ေၾကာင့္ အေမကို က်ဳပ္တို႔ ေနခြင့္ ေပးလို႔ မရေတာ့ဘူး ”
“အေမ့ကို မႏွင္ပါနဲ႔ ကြယ္ အေမ့ကို ထမင္း မေကြၽးခ်င္ရင္ အေမ မစားေတာ့ဘူးေနာ္ အေမ့ကို မႏွင္ပါနဲ႔ အေမသားေလး နဲ႔ အၿမဲ ေတြ႕ေနခ်င္လို႔ပါ ”
ထို႔ေနာက္ ဦးသန္းလႈိင္သည္ သူ႔အား ဖက္ထားေသာ ေပတူးဘက္ လွည့္ကာ
“ေပတူး အရီးကို ေနခြင့္ေပးပါေနာ္ မင္းအဘ ရဲ႕ ကိုယ္ခႏၶာႀကီးကို ေကာင္းေကာင္း ထိန္းသိမ္းပါ့မယ္ ၿပီးေတာ့ အလုပ္ေတြ လည္း ဒီထက္ပိုလုပ္ပါမယ္ အရီးကို ထမင္းမေကြၽးခ်င္ရင္လည္း မေကြၽးပါနဲ႔အရီးကို မင္းတို႔ အိမ္မွာ ဆက္ေနခြင့္ ေပးပါေနာ္ ”
ေပတူးသည္ မည္သည့္ စကားမွ် ျပန္မေျပာႏိုင္ေပ။ထို႔ေနာက္ ဦးသန္းလႈိင္ ထိုင္ေနရာမွ ထကာ ေျမျပင္တြင္ ဒူးေထာက္ ထိုင္ခ်လိုက္ၿပီး
“အေမ့ကို မႏွင္ပါ နဲ႔ အေမ ဒီကိုယ္ထဲ မွာပဲ ေနပါရေစကြယ္ ”
ဦးသန္းလႈိင္ ေျမျပင္မွာ ဒူးေထာက္ ထိုင္ၿပီး ငိုယိုၿပီး ေျပာေနေလရာ ေမာင္ဘိုးထင္ ႏွင့္ ေပတူးသည္ တန္းလ်ားမွ ထလိုက္ၿပီး အိမ္ဝိုင္းအျပင္သို႔ ထြက္ခြာ သြားလိုက္ၾကပါေလေတာ့သည္ ။
◾အခန္း (၆)
ေမာင္ဘိုးထင္ ႏွင့္ ေပတူးသည္ ဦးအုန္း၏ အိမ္သို႔ သြားေန ၾကသည္ သူတို႔၏ ေျခလွမ္းမ်ားသည္က ေလးလံေနၿပီး မလွမ္းခ်င္ ေလးဖင့္ေနၾကသည္ ။ ေပတူးအတြက္ အႀကီးမားဆုံးေသာ ဆုံးရႈံးမႈက မၾကာခင္ ႀကဳံရမည္ျဖစ္သလို ေမာင္ဘိုးထင္မွာလည္း ဆုံးရႈံးၿပီးၿပီျဖစ္သည္။ေမာင္ဘိုးထင္တို႔ ဦးအုန္း ၏ အိမ္ေရာက္သြားခ်ိန္တြင္ ဖိုးေထြးတို႔ သုံးေယာက္သည္ ဦးအုန္း၏ အိမ္တြင္ ေရာက္ႏွင့္ေနၿပီး ဦးအုန္းသည္ ဖိုးေထြးအား စကားဆိုေနေလသည္
“ဖိုးေထြး မင္းအဘကို ေသခ်ာေျပာ ဆြမ္းသြတ္ ရင္ မင္းအဘကို တရားနာ ဖိတ္မယ္ ဟုတ္လား ”
“ဟုတ္တယ္ ဦးအုန္း”
“အဲ့ဒါဆို သစ္စိမ့္႐ြာက ျမခင္ကို ပါ ဖိတ္ဖို႔ေျပာ ေပး”
“ဦးအုန္း ဘာေတြေျပာေနတာ လဲ ဘယ္သူ ေသလို႔လဲ ”
“မင္းတို႔ အခုမွ မသိခ်င္ေယာင္ ေဆာင္ မေနနဲ႔ ငါ ခဏေနရင္ ဦးသန္းလႈိင္ ကိုယ္ ထဲ က ဖုတ္ေကာင္ကို သြားထုတ္ေတာ့မယ္ ”
ဖိုးေထြးတို႔ ဘာစကားမွမေျပာေတာ့ ေပ၊ထိုအေၾကာင္းကို သူတို႔သိေနသည္ မဟုတ္ပါလား၊ထို႔ေနာက္ ေလးလံေသာ ေျခလွမ္း မ်ားျဖင့္ အိမ္ဝိုင္းထဲ ဝင္လာေသာ ေမာင္ဘိုးထင္ ႏွင့္ ေပတူးကို ၾကည့္ကာ ဦးအုန္းမွ
“ေကာင္ေလးေတြ မင္းတို႔ သူလုပ္ခ်င္တာကို လုပ္ေပးၿပီးၿပီလား ”
ေမာင္ဘိုးထင္တို႔ ေခါင္းသာ ယမ္းၿပီးေျဖလိုက္၏ ။
“ဘာလို႔လဲ ကြ မင္းတို႔ကို လုပ္ေပးလိုက္ပါ ဆိုကြာ ”
“သူ ျဖစ္ခ်င္တာက က်ဳပ္တို႔ကို ႏွင္မထုတ္ဖို႔တဲ့ ေလဗ်ာ ”
ေပတူး၏ စကားေၾကာင့္ ဦးအုန္း မည္သည့္ စကားေျပာရမည္ မွန္း မသိေအာင္ ျဖစ္သြားၿပီး ေခါင္းကို အသာ အယာ ယမ္းလို႔ သူ၏ လြယ္အိတ္ႀကီးကို ေကာက္လြယ္ကာ အိမ္ဝိုင္းအျပင္သို႔ထြက္ရင္း ဖိုးေထြးကို သူမွာထားသည့္ အေၾကာင္းအရာမ်ားကို ဖိုးေထြး၏ အဘျဖစ္သူကို ေျပာဖို႔ သတိေပးရင္း ထြက္ခြာသြားပါေလေတယ့သာ္ ။
◾အခန္း (၇)
ေပတူး၏ အေမသည္က ေယာက္်ားျဖစ္သူ ေကာက္ခါ ငင္ကာ ႀကီးဆုံးသြား၍ အပူလုံးႂကြကာ ေအာ္ဟစ္ငိုေကြၽး ေနေလသည္ ၊ ေပတူးသည္က တစက္ခ်င္းက် ေနေသာ မ်က္ရည္မ်ားကိုသုတ္ ရင္း သူ၏ အဘ အေလာင္းကို ရွိခိုးဦးခ်ေနေလသည္ ။ ဤသို႔ ႏွင့္ ဦးသန္းလႈိင္၏ ေသဆုံးျခင္းက ေပပင္႐ြာေလးတြင္ လူေျပာမ်ားေနၿပီး စည္ကားစြာ ႏွင့္ ေျမခ်ျခင္းအမႈကို ျပဳလိုက္ၾက၏။ဆြမ္းသြတ္ တရာနာေသာအခါ ႐ြာလူႀကီးသည္ ဦးသန္းလႈိင္ တင္ မဟုတ္ပဲ သစ္စိမ့္႐ြာမွ ျမခင္ဟု ေသာ အမ်ိဳးသမီးကို ပါအမွ်ေဝရင္း သာဓုေခၚဖို႔ ဖိတ္ေလသည္ ။႐ြာသားမ်ားက သူတို႔ မၾကားဖူးေသာ နာမည္ကို ေခၚ၍ အထူးအဆန္း ျဖစ္ေနၾက၏ ။ထို႔ေနာက္ ဆြမ္းသြတ္ျခင္း ကိစၥလည္း ၿပီးသြားၿပီ ျဖစ္သည္။ဆြမ္းသြတ္ တရားနာေနခ်ိန္ ေမာင္ဘိုးထင္သည္ ဦးအုန္း ၏ အိမ္တြင္ အိပ္ေနျခင္းျဖစ္သည္ ။ေမာင္ဘိုးထင္၏ စိတ္ထဲ တြင္ ေတာ့ သူ႔မိခင္၏ မူလ႐ုပ္သြင္ ကို မွန္းဆၾကည့္ေနသည္၊အနီးကပ္ ဆုံး ေပပင္႐ြာမွ လုံေမမ်ား၏ ႐ုပ္ႏွင့္ ယွဥ္ၿပီး ပုံေဖာ္ ၾကည့္ေနမိသည္ ။သို႔ေပမဲ့ သူ႔စိတ္ႀကိဳက္ ႐ုပ္သြင္ က ေပၚမလာေပ။ သူ၏ မိခင္ ျဖစ္သူ၏ ႐ုပ္သြင္ကို အေတြး ႏွင့္ ပုံေဖာ္ရင္း အိပ္ေပ်ာ္သြားခ်ိန္ သူ၏ အိမ္မက္ထဲ တြင္ အသက္သုံးဆယ္ အ႐ြယ္ အမ်ိဳးသမီးတဦးသည္ ပိေတာက္ပန္းမ်ားကို ပန္ထားၿပီး သနပ္ခါး ပါးကြက္ၾကားႏွင့္ ႐ုပ္သြင္ မွာ သူႏွင့္ နည္းနည္း ဆင္သည္ ဟု ပင္ထင္ရၿပီး အေတာ္ကို က်က္သေရရွိေသာ အမ်ိဳးသမီးျဖစ္၏ ။ထိုအမ်ိဳးသမီးသည္ ေမာင္ဘိုးထင္ကို ၿပဳံးျပလ္ိုက္ၿပီး
“သားေလး အေမေလ သားေလးရဲ႕ အေမ ျမခင္ ”
“ဗ်ာ အမက က်ဳပ္အေမ ဟုတ္လား ”
“ဟုတ္တယ္ အေမ သားေလးေၾကာင့္ အရင္ ဘဝႀကီးက ေနကြၽတ္ၿပီ သားေလးကို ေက်းဇူးတင္ပါတယ္ ကြယ္ ”
“က်ဳပ္ အေမ တကယ္လား ”
“တကယ္ေပါ့ သားရယ္ ဘာလဲ အေမက ႐ုပ္ဆိုးလို႔ လား”
“မ မဟုတ္ပါဘူး ဗ်ာ အေမက သိပ္လွေနလို႔ပါ အေမ ဘယ္ကို သြားရမွာ လဲ က်ဳပ္နဲ႔ တူတူ ေနလို႔ မရဘူးလား ”
“မရဘူးသား အေမ သားကို လာႏႈတ္ဆက္တာ ၿပီးေတာ့ သတိေပးစရာ ရွိလို႔ ”
“အေမ က အခုမွေတြ႕ တယ္ ဘယ္ကို သြားမွာလဲဗ်ာ ”
“ပိုေကာင္းတဲ့ေနရာ ကို သြားရမွာ သားက အေမ့ကို အရင္ေနရာ မွာ ျပန္ေနေစခ်င္လို႔လား ”
“ဟာ မေနေစခ်င္ပါဘူး ဗ်ာ အေမ ေကာင္းေကာင္းမြန္မြန္ ေနရရင္ က်ဳပ္ေက်နပ္ပါတယ္ ”
‘အေမ သတိေပးမယ္ ဆိုတာ က ေပတူးရဲ႕ အဘ ဝိညာဥ္ကို ေအာက္လမ္း ဆရာ တေယာက္က ဖမ္းထားတယ္ အေမ့ရဲ႕ အသိ တေစၦေလး ေျပာလို႔သိရတာ အဲ့တာ ေပတူးတို႔က အေမ့အေပၚေက်းဇူး ရွိလို႔ ကူညီလိုက္ပါအုံး သားေလး ”
“က်ဳပ္က ဘယ္လို သြားရွာရမွာလဲ အေမ ”
“ေပတူးတို႔ အကြက္ ထဲမွာ တေစၦေလး မဲတူး ဆိုတာ ရွိတယ္ သူကူညီ လိမ့္မယ္ အေမ့ကို ေခၚေနၿပီ မို႔ အေမသြားၿပီေနာ္ သားကို အေမအရမ္း ခ်စ္တယ္ သိလား ”
“က်ဳပ္လည္းအေမ့ကို အရမ္း ခ်စ္ပါတယ္ ”
ေမာင္ဘိုးထင္ အေမ၏ ပုံရိပ္ကေလးသည္ တျဖည္းျဖည္း ေဝ့ဝါးေပ်ာက္ကြယ္သြားခ်ိန္ ေမာင္ဘိုးထင္ အေမ အေမ ဟု ေအာ္ကာ အိပ္ရာမွ ႏိုးလာသည္ ။ သူ႔မ်က္လုံးဖြင့္ လိုက္ခ်ိန္သူ၏ ႏွာေခါင္းထဲတြင္ ပိေတာက္ပန္း ရနံေလးက သင္းေနသည္ ။ပန္းပိေတာက္ ပြင့္ခ်ိန္က အေဝးႀကီးလိုေသးခ်ိန္ ပိေတာက္ပန္း ရနံသင္းသည္ ဆိုက သူ၏ အေမအမွန္တကယ္ လာသြားေၾကာင္း နားလည္လိုက္သည္။ထို႔ေနာက္ မ်က္လုံးကို ျပန္မွိတ္လိုက္ၿပီး မိခင္ ျဖစ္သူ၏ ပုံရိပ္ေလးကို ေတြးၿပီး ၿပဳံး၍ ေနပါေလေတာ့သည္။
◾ေအာက္လမ္း ဘိုးထင္ ႏွင့္ ႀကီးမားေသာ ဆုံးရႈံးမႈသည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ဝိညာဥ္ ေထာင္ ဟု အမည္ရေသာ ဇာတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
📝ေမာင္တင္ဆန္း
#mgtinsan