” အောင်မြတ်သာနှင့် သန္ဓေသားစားချင်သောသရဲမ”

Unicode Version

” အောင်မြတ်သာနှင့် သန္ဓေသားစားချင်သောသရဲမ”
—————————————————————————–
(စ/ဆုံး)

ဇေယန(ရာမည)

“အား .. ကျွတ် ကျွတ် ကျွတ်”

ထမင်းအိုးငှဲ့နေရင်း ညဉ်းညူလိုက်တဲ့နှင်းမှုံရဲ့အသံ‌ကြောင့် လယ်ထဲဆင်းဖို့ပြင်နေတဲ့ စန်းယုတစ်ယောက် ခမောက်ကိုပစ်ချကာ အိမ်နောက်ဘေးကိုပြေး၀င်လာခဲ့လိုက်တယ်။

” နှင်းမှုံ…. ဘာဖြစ်တာလဲ…”

” ခါးကနည်းနည်းမျက်သလိုဖြစ်သွားတာပါ.. ဘာမှမဖြစ်ပါဘူး”

” အာ… မဖြစ်စရာလား… ကိုယ်၀န်အရင့်မာကြီးနဲ့ ဒါမျိုးတွေလုပ်ရင် သတိထားရမှာပေါ့ကွယ်… လာလာ အကိုလုပ်လိုက်မယ်”

စန်းယုက နှင်းမှုံရဲ့ သွယ်လျနေတဲ့ လက်မောင်းတွေကိုဆုပ်ကိုင်ရင်း‌ အနားယူစေကာ ထမင်းအိုးကိုဆတ်ခနဲဆွဲယူပြီး ကျွမ်းကျင်စွာငှဲ့နေလိုက်တယ်။

” အကို အဆင်ပြေရဲ့လား”

” ဒီအလုပ်တွေက ငယ်ငယ်ထဲက လုပ်လာတာပါ နှင်းမှုံရယ်… ဒီလောက်ကတော့ စာမဖွဲ့ပါဘူး”

စန်းယုက ထမင်းအိုးငှဲ့ နေရင်း မိန်းမဖြစ်သူကို ပြုံးပြုံးကြီးစိုက်ကြည့်လိုက်တော့ နှင်းမှုံတစ်ယောက် ပါးလးတွန့် အောင်ရယ်လိုက်မိတယ်။
++++++++
ပိတ်စအနီခင်းထားတဲ့ စားပွဲခုံပေါ်မှာ အင်းကွက်အချို့နဲ့အတူ အလုပ်ရှုပ် နေတဲ့ ဦးကွန်းရဲ့ အခန်းထဲကို မျက်နှာပဝါအုပ်ထားတဲ့မိန်းမတစ်ယောက် ၀င်လာတာမြင်လိုက်ရတယ်။

” လာရင်းကိစ္စက ဘာများလဲ အမိ”

” လူတစ်ယောက်ကို ကိုယ်၀န်ပျက်ကျအာင်လုပ်ချင်လို့ပါ.. ဆရာ‌ အနေနဲ့ လုပ်ပေးနိုင်မလား”

ဦးကွန်းက သူ့ရှေ့မှာထိုင် နေတဲ့မိန်းမကို မျက်ခုံးနှစ်ခုတွန့်ကာကြည့်လိုက်ပြီး
” သူနဲ့ ပတ်သတ်တဲ့အရာတွေပါလား…”

” လိုအပ်မယ်ထင်တာတွေတော့ယူလာပါတယ်… ကြည့်ကြည့်ပေးပါဦး”

အမျိုးသမီးက လက်ထဲကိုင်ထားတဲ့ အိတ်ကို ခုံပေါ်သွန်ချလိုက်ရာ အထဲကနေ မိန်းမ၀တ်အင်္ကျီတစ်ထည်နဲ့အတူ ဓါတ်ပုံတစ်ပုံထွက်ကျလာခဲ့တယ်။

” ဒါက ကိုယ်၀န်သည်၀တ်ထားဖူးတဲ့ အင်္ကျီလား”

” ဟုတ်ပါတယ်… ဆရာ အနေနဲ့ ဒီကိစ္စကို အောင်မြင်တဲ့ထိ ဆောင်ရွက်ပေးမယ်ဆိုရင် ဒီထက်ပိုများတဲ့ ငွေနဲ့ကန်တာ့ပါမယ်”

အမျိုးသမီးက အသင့်ပါလာတဲ့ ငွေစက္ကူတစ်ထပ်ကို ခုံပေါ်တင်လိုက်ပြီး အဖြေကိုနားထောင်နေခဲ့တယ်။ ခဏနေတော့ ဦးကွန်းက ပိုက်ဆံထုပ်ကို လှမ်းယူလိုက်ပြီး

” နောက်လကျရင် အခြေအနေထူးလာလိမ့်မယ်… စောင့်ကြည့်နေပါ” လို့ပြောကာ ကြေးပြားတစ်ခုကိုခပ်သေးသေးလေးဖြစ်အောင်လိပ်နေလိုက်တယ်။

အမျိုးသမီးကတော့ သူလိုချင်တဲ့စကားကြားလိုက်ရပြီမို့ မဲ့ပြုံးတစ်ချက်ပြုံးကာ အခန်းထဲကနေပြန်ထွက်သွားခဲ့လိုက်တယ်။
+++++++

” နှင်းမှုံရေ… ညီမလေး”

” ရှင်… လာပြီ လာပြီ”

” ဘာတွေလုပ်နေတာလဲ နှင်းမှုံရဲ့”

” အစ်မ မောင်လေ အ၀တ်တွေကို အကုန်ထိုးထည့်ထားတာ… ဒါကြောင့် သေချာပြန်ခေါက်ပေးနေတာပါ”

” ငါ့ညီမလေးကတော့ ကိုယ်၀န်ကြီးနဲ့ ထလိုက်ထိုင်လိုက်မလုပ်ပါနဲ့… ”

” ဟုတ်ကဲ့ အစ်မ… ဒါနဲ့ ဘာကိစ္စရှိလို့လဲဟင်”

” ဟုတ်သား… လာရင်းကိစ္စကိုပြောဖို့မေ့နေတာ… ညကျရင် အမေတို့က အိမ်ကိုလာကြဦးဆိုပြီးပြောခိုင်းလို့ လာပြောတာ”

” အော် .. ဟုတ်ကဲ့.. ကိုစန်းယု ပြန်လာရင် ပြောပြလိုက်မယ်အစ်မ”

” ဒါဆို အစ်မ သွားတော့မယ်နော်”

” ဟုတ် ဖြေး‌ဖြေးသွားဦးအစ်မ”

နှင်းမှုံလဲ ခြံထဲကနေထွက်သွားတဲ့ လင်ညီအစ်မဖြစ်သူရဲ့နောက်ကျောကိုကြည့်နေတဲ့ချိန် အိမ်နောက်ဖေးကနေ စလောင်းဖုံးပြုတ်ကျသံတစ်ချက်ကိုကြားလိုက်ရတယ်။
++++++

အောက်လင်းမီးထိန်ထိန်သာအောင် ထွန်းထားတဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးကနေ ရယ်သံမောသံတွေနဲ့အတူ စကားပြောသံအချို့ထွက်ပေါ်လာခဲ့တယ်။

” နှင်းမှုံ ကိုယ်၀န်က ဘယ်နှစ်လ‌ရနေပြီလဲ”

” လေးလထဲမှာအမေ….”

” အလေးအပင်တွေလဲ မ မနေနဲ့ဦး… စန်းယုလဲ အိမ်ကိုစောစောပြန်… အလုပ်ပြီးတာနဲ့ သဝေမထိုးနေနဲ့ဦး”

” ဘယ်မှမသွားပါဘူး အမေရယ်… စိတ်ချပါ”

” ဒါနဲ့ မောင်နိုင်တို့လင်မယားကော နေရတာအဆင်ပြေကြရဲ့လား”

” ပြေပါတယ်အမေ… ”

” အေးအေး… ဒီနေ့ မင်းတို့ကိုခေါ်လိုက်ရတာက လယ်ကိစ္စလေးပြောချင်လို့ကွယ့်”

မိခင်ဖြစ်သူစကားကြောင့် ညီအစ်ကိုနှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ပြောလာမယ့်စကားကိုနားထောင်နေခဲ့ကြတယ်။

” နှင်းမှုံက မကြာခင် ကလေးမွေးတော့မှာဆိုတော့ သူတို့လင်မယားနှစ်ယောက်အတွက် အောက်ကွင်းက လယ်၁၀ဧကပေးဖို့စီစဉ်ထားတယ်”

” ဟာ အမေကလဲ အောက်ကွင်းလယ်က ကိုနိုင်လုပ်နေတယ်လေ… ”

” စန်းယု နင်ငါပြောတာဖြတ်မပြောနဲ့… စကားကိုဆုံးအောင်နားထောင်”

မိခင်ဖြစ်သူစကားကြောင့် စန်းယု မျက်လုံးလေးကလယ်ကလယ်နဲ့ငြိမ်သွားခဲ့တယ်။

” အောက်ကွင်း လယ်က ငါ့မြေးအတွက်ပေးတာမို့ ဒီကလေးမွေးပြီးရင် သူ့နာမည်နဲ့လုပ်ပေးလိုက်… မောင်နိုင် အတွက်ကတော့ အမေ နောက်မှစီစဉ်ပေးမယ်”

” ရပါတယ် အမေရယ်… ညီလေးက အိမ်အလုပ်တွေပဲ ကူနေရတော့ ကိုယ်ပိုင်လယ်မရှိဘူးလေ.. ကျွန်တော်လဲ အစထဲက အမေကိုပြောမလို့စဉ်းစားထားတာပါ”

” ဒါနဲ့ မင်းတို့ကော ကလေးမယူသေးဘူးလား”

” ဖြေးဖြေးပေါ့ဗျာ… အစောက လွတ်လွတ်လပ်လပ်နေချင်တယ်ပြောလို့ မယူသေးတာပါ… ဘာလဲ အမေက မြေးနှစ်ယောက်ထိန်းချင်လို့လား”

မောင်နိုင် စကားကြောင့် တစ်အိမ်လုံးရယ်မောလိုက်ကြပေမယ့် အစောကတော့ နှင်းမှုံကို မသိမသာလေး မျက်စောင်းထိုးကြည့်လိုက်တယ်။
+++++

” ကိုနိုင်…. ”

အိပ်ယာပြင်နေရင်းခေါ်လိုက်တဲ့အသံကြောင့် ကိုနိုင်တစ်ယောက် မေးငေါ့ပြလိုက်ပြီး

” ပြောလေ အစော”

” ကိုနိုင် အမေက မျက်နှာလိုက်တယ်… အ‌စောတို့အတွက်ကျတော့ စီစဉ်ထားတယ်ပဲပြောပြီး ဘာမှတိတိကျကျမပြောဘူး… နှင်းမှုံတို့ကိုကျတော့ အောက်ကွင်းကလယ်ပေးမယ်တဲ့ .. ဘာလဲ အစောက ကလေးမမွေးပေးနိုင်လို့ မျက်နှာသာမပေးချင်တာလား”

” ဟာ… အစော ဘာတွေပြောနေတာလဲ… ကိုယ်တို့မင်္ဂလာဆောင်တုန်းက လယ်၁၀ဧက လက်ဖွဲ့ထားတာရှိတယ်လေ… နောက်ပြီး ကိုယ်တို့ပိုင်တဲ့ လယ်တွေက အများကြီးရှိသေးတာပဲ ဘာလို့ လိုက်တွက်ကပ်နေရတာတုန်း၊ နောက်ပြီး အစောပဲ ကလေးမယူချင်သေးဘူးဆိုလို့ ကိုယ်က ဘာမှထပ်မပြောတာလေ”

” တွေ့လား… ကိုနိုင်က အမြဲတမ်း သူ့ညီဘက်ကကြီးပဲ… ဒါပဲ ဒါပဲ အိပ်တော့မယ်”

အစောက ခေါင်းအုံးကို ဆတ်ခနဲဆွဲယူပြီး ကျောပေးကာအိပ်နေလိုက်တယ်။

” ဟာ .. ဒီမိန်းမကတော့”

ကိုနိုင်က အစောရဲ့ ခါးလေးကို ကိုင်ကာ မထိတထိလေးကျီစယ်လိုက်ရာ ယားတတ်တဲ့ အစောရဲ့ နှုတ်ခမ်းကနေ ရယ်သံအချို့ထွက်ပေါ်လာခဲ့တယ်။
++++
ညသန်းခါင်အချိန်

” အဟင့် အဟင့် … ”

အိပ်ယာ ဘေးကနေ ငိုနေတဲ့အသံကြောင့် စန်းယု လန့်နိုးလာခဲ့တယ်။

” နှင်းမှုံ… ဘာလို့ငိုနေတာလဲ .. ဘာဖြစ်တာလဲပြောစမ်းပါဦး”

” အကို နှင်းမှုံ ကြောက်တယ်… အိမ်မက်ထဲမှာလေ တစ်ကိုယ်လုံးဆနွင်းတွေလူး‌‌ထားတဲ့ မိန်းမတစ်ယောက်က နှင်းမှုံကို လက်ယက် ခေါ်နေတာ… သူ့ဘေးမှာလဲ ကြောက်စရာမျက်နှာထားနဲ့အကောင် တွေပါတယ်”

” နှင်းမှုံစိတ်စွဲလို့ နေမှာပါ… အကိုရှိတယ် ဘာမှမ ကြောက်နဲ့နော်”

စန်းယုက နှင်းမှုန်ကို နှစ်သိမ့်ရင်း ပခုံးစွန်းလေးကိုဖက်ထား ပေးလိုက်တယ်။

မနက်အရုဏ်တက်ချိန်လောက်ရောက်တော့ နှင်းမှုံတစ်ယောက် အပေါ့သွားချင်တာနဲ့ အိမ်နောက်ဖေးဘက်ကိုထွက်လာခဲ့လိုက်တယ်။

လရောင်က မှိန်ပျပျ ကျနေတာကြောင့် ပတ်၀န်းကျင်တစ်ခုလုံးကိုကောင်းစွာမြင်နေရပြီး လင်းကြက်အချို့ရဲ့တွန်သံကိုပါကြားနေခဲ့တယ်။ အဲဒီအချိန် အနောက်ကနေ ကပ်ပါလာတဲ့ ‌ခြေသံတစ်ခု…

” ရှပ် ရှပ် ရှပ်”

နှင်းမှုံလမ်းလျောက်ရင် အနောက်ကပါလာပြီး ရပ်လိုက်ရင် ခြေသံကပါပျောက်သွားခဲ့တယ်။

” ငါစိတ်ထင်တာများလား… ”

နှင်းမှုံလဲ တစ်ယောက်ထဲတွေးပြီးလမ်းလျောက်လာရာ အနောက်ကနေ ရယ်သံသဲ့သဲ့ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတာကြောင့် တစ်ကိုယ်လုံးမှာရှိတဲ့ကြက်သီးမွှေးညှင်းတွေ ထောင်တက်လာခဲ့တယ်။

ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးအားမရှိသလိုဖြစ်လာပြီး အနောက်ကိုမရဲတရဲလှည့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံးပြောင်ချောနေတဲ့မိန်းမတစ်ယောက်က သူ့အနောက်မှာ မလှုပ်မယှက်ရပ်နေတာကိုမြင်လိုက်ရပြီး ပတ်၀န်းကျင်တစ်ခုလုံးအမှောင်ကျသွားခဲ့တယ်။

” နှင်းမှုံ… နှင်းမှုံ…. သတိထားပါဦး”

ခန္ဓာကိုယ်ကိုလှုပ်ခါနေတဲ့ အထိတွေ့ကြောင့် နှင်းမှုံတစ်ယောက်သတိပြန်လည်လာခဲ့တယ်။

” အကို… နှင်းမှုံ… ဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ”

” အဲ.. ဒီစကားကို အကိုကမေးရမှာလေ.. မနက်အိပ်ယာနိုးတော့ နှင်းမှုံမရှိတာနဲ့ လိုက်ရှာကြည့်တာ ဒီနေရာမှာ ခွေခွေလေးလဲကျနေတာမြင်လိုက်ရတာပဲ”

” နှင်းမှုံ ညက အိပ်ယာထဲအိပ်နေတာပါ.. ဒီကိုဘယ်လိုရောက်လာရတာလဲ”

နှင်းမှုံက ဖြစ်ပျက်ခဲ့တာတွေကို ဘာမှမမှတ်မိတော့ပဲ ကြောင်အအဖြစ်နေခဲ့တယ်။ စန်းယုကတော့ နှင်းမှုံကိုတွဲထူပြီး အိမ်ပေါ်ကိုပြန်ခေါ်လာကာ အလုပ်သွားဖို့ပြင်ဆင်နေလိုက်တယ်။

” နှင်းမှုံရေ… ဒီနေ့ ကိုထွန်းသိန်းတို့အိမ်မှာ အမဲပေါ်တယ်ကြားတယ်… အိမ်ကိုလာပို့ခိုင်းထားတယ်နော်… ရောက်ရင် သေချာချက်ထားပေးပါဦး… ကိုယ့်မိန်းမလက်ရာ မစားရတာကြာတော့ ဒီညဗိုက်ကားအောင် စားချင်သေးတယ်”

စန်းယုက အိမ်အောက်ကနေ အော်ပြောရင်း လယ်ထဲကိုထွက်သွားခဲ့လိုက်တယ်။ ‌
+++++++++++

” နှင်းမှုံရေ… နှင်းမှုံ”

ကိုထွန်းသိန်းတစ်ယောက် အမဲသားတွဲကို ကိုင်ကာ အိမ်ရှေ့ကနေ ခေါ်နေပေမယ့် အသံမကြားရတာကြောင့် ဘယ်သူမှမရှိဘူးထင်ပြီး ပြန်ထွက်ဖို့အလုပ်…

” အိမ်ပေါ်တက်လာခဲ့… ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

” တော်သေးတာပေါ့… ဘယ်သူမှမရှိဘူးထင်ပြီး လှည့်ပြန်တော့မလို့… အမဲသားကို ဘယ်နားထားခဲ့ရမလဲ”

” ရတယ် အဆင်ပြေတဲ့နေရာထားခဲ့.. ခဏနေ ထွက်ယူလိုက်မယ်”

လူမတွေ့ရပဲ အခန်းထဲကနေ ထွက်လာတဲ့အသံကြောင့် ထွန်းသိန်းတစ်ယောက် အနည်းငယ်အံ့ဩသွားပေမယ့် ကိုယ်၀န်နဲ့မို့ မလှုပ်ရှားချင်တာဖြစ်မယ်လို့တွေးကာ အမဲသားတွဲကို ချပြီးပြန်ဆင်းလာခဲ့လိုက်တယ်။

ကိုထွန်းသိန်းပြန်သွားတာနဲ့ အခန်းထဲကနေ နှင်းမှုံတစ်ယောက် လေးဘက်ထောက်လျက်ထွက်လာပြီး အမဲသားတွဲကိုယူကာ ပြန်၀င်သွားခဲ့တယ်။
++++++

” နှင်းမှုံရေ… အကို ပြန်ရောက်ပီနော်…”

ခမောက်ကိုချွတ်ပြီး အော်ပြောလိုက်ပေမယ့် အိမ်ထဲကနေ ဘာသံမှမကြားရတဲ့အတွက် တစ်ခုခုဖြစ်နေမလားလို့တွေးကာ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

” နှင်းမှုံ… နှင်းမှုံ”

အိမ်ထဲမှာလဲမိန်းမဖြစ်သူကိုမတွေ့တာကြောင့် အိမ်နောက်ဘေးကို၀င်ကြည့်လိုက်ရာ မီးဖိုချောင်ထဲမှာ ကုန်းကုန်းကွကွနဲ့အလုပ်ရှုပ်နေတဲ့ နှင်းမှိုံကုမြင်လိုက်ရတယ်။

” နှင်းမှုံ…. ဘာလုပ်နေတာလဲ”

စန်းယုအသံကြောင့် တစ်စုံတစ်ခုကိုလိုက်ရှာနေတဲ့ နှင်းမှုံက ရုတ်တရက်ငြိမ်သက်သွားပြီးမှ

” အကိုတောင်ပြန်ရောက်နေပီလား… ”

” ပြန်ရောက်တာကြာပီလေ… ဒါနဲ့ မီးဖိုချောင်ထဲဘာလုပ်နေတာလဲ”

” နှင်းမှုံ အမဲသားဟင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေရှာနေတာ”

” ဟင် … အခုထိ မချက်ရသေးတာလား”

” ဟုတ်တယ်… နှင်းမှုံ နေ့လည်ကအိပ်ပျော်သွားလို့ပါ… ”

” ဒါဖြင့် ကိုယ်ပဲချက်လိုက်ပါမယ်… နားချင်သွားနားတော့လေ”

စန်းယုက တိုင်မှာချိတ်ထားတဲ့အမဲသားတွဲကိုဖြုတ်ယူလိုက်ရာ အသားတွဲပေါ်မှာ တစ်စွန်းတစ်စထွက်နေတဲ့ သွားကိုက်ရာအချို့ကိုမြင်လိုက်ရတယ်။

” နှင်းမှုံ… အမဲသားက ဘယ်လိုဖြစ်ပြီး တစ်၀က်ပဲကျန်တော့တာလဲ… ဒီမှာလဲကိုက်ရာတွေနဲ့”

” ဟိုလေ … နှင်းမှုံအိပ်ပျော်နေတုန်း ခွေး၀င်ဆွဲတာ… နှင်းမှုံလဲသိသိချင်း ထမောင်းပေမယ့် အသားတစ်၀က်ပါသွားတယ် အဟင့်”

စန်းယုလဲ မျက်ရည်ခံထိုးပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ မိန်းမဖြစ်သူကို စိတ်မကောင်းမဖြစ်ဖို့ ချော့မော့ပြီး အမဲသားတွဲကိုခုတ်ထစ်ဖို့ ထွက်သွားခဲ့တယ်။

+++++

” နှင်းမှုံ… အမဲသားထည့်စားလေ… ကိုယ်၀န်နဲ့ဆိုတော့ အားရှိဖို့လိုတယ်လေ”

စန်းယုက အမဲသားဟင်းကိုခပ်ပြီး နှင်းမှုံ ပန်းကန်ထဲထည့်ပေးလိုက်တယ်။

” နှင်းမှုန်… မစားချင်ဘူး… ခုတစ်လော အစာစားချင်စိတ်မရှိဘူးဖြစ်နေတယ်”

” မစားလို့တော့ ဘယ်ရမလဲ… နည်းနည်းတော့စားလိုက်လေ… ဒါမှ ဗိုက်ထဲက ကလေးလဲကျန်းမာမှာ”

စန်းယုစကားကြောင့် နှင်းမှုံက အမဲသားတစ်ဖတ်ကို ယူစားလိုက်ပြီး ထမင်းကိုနယ်ဖတ်ကာ အူလည်လည်လုပ်နေခဲ့တယ်။

” ကဲကဲ… မစားချင်ရင်လဲ မစားနဲ့တော့ … နှင်းမှုန်စားချင်တာရှိရင်လဲပြော ကြားလား”

ထမင်းစားပြီးချိန်မှာတော့ မျက်လုံးတွေမှေးစင်းလာပြီး အိပ်ချင်လာတာကြောင့် ခေါင်းအုံးယူပြီးမှေးလိုက်ရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။

စန်းယုပြန်နိုးချိန်မှာတော့ ဘေးမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ မိန်းမဖြစ်သူကိုတွေ့လိုက်ရပြီး ပါးကိုနမ်းဖို့ကပ်သွားရာ ပါးစပ်နားမှာ ဟင်းအဆီတွေပေပွနေတာကိုမြင်လိုက်ရတယ်။

” ဟင်… ညက ထမင်းစားပြီး ပါးစပ်သေချာမသုတ်ဘူးထင်တယ်… ဒီကောင်မလေးတော့”

စန်းယုက ထမင်းစားပွဲမှာရှိတဲ့ လက်သုတ်ပဝါကိုယူပြီး ပေကျံနေတဲ့ဟင်းအဆီတွေကို သုတ်ပေးကာ ရေချိုးမျက်နှာသစ်ဖို့ အိမ်နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။

ရေချိုးပြီးချိန်မှာတော့ ထမင်းစားဖို့ အုပ်ဆောင်းကိုလှန်ကြည့်လိုက်ရာ ဟင်းပန်းကန်ထဲက ဟင်းတွေအကုန်ပြောင်သလင်းခါနေတာကိုမြင်လိုက်ရတယ်။

” ညက ဟင်းတွေအများကြီးကျန်သေးတာပါ… ဘယ်လိုဖြစ်ပြီး မရှိတော့တာလဲ”

စန်းယုလဲ တစ်ယောက်ထဲ အတွေးတွေများနေတဲ့ချိန် နှင်းမှုံနိုးလာပြီး အေးတိအေးစက်ပုံစံနဲ့ အိမ်နောက်ဘေးကိုထွက်သွားခဲ့တယ်။

ခါတိုင်းနေ့တွေဆို လင်ယောင်္ကျားအလုပ်သွားဖို့အတွက် ပြင်ဆင်ပေးတတ်တဲ့ နှင်းမှုံက ဒီနေ့ကျမှ စကားလဲမပြော မေးလဲမမေးပဲ ထထွက်သွားတာကြောင့် စန်းယု စိတ်ထဲ နည်းနည်းတင်းသွားပေမယ့် သူကကိုယ်၀န်ကြီးနဲ့မို့ စိတ်မလန်းတာဖြစ်မှာပါလို့တွေးကာ ခမောက်ကိုယူပြီး လယ်ထဲဘက်ကိုထွက်လာခဲ့လိုက်တယ်။

” ဟေ့ စန်းယု… လယ်ထဲသွားတော့မလို့လား”

ရွာထိပ် အကြော်တဲကနေ လှမ်းခေါ်လိုက်တဲ့ ကိုထွန်းသိန်းအသံကြောင့် စန်းယုတစ်ယောက် တဲထဲကို၀င်လာလိုက်ပြီး

” ဟုတ်တယ် ကိုထွန်းသိန်း… ဒါနဲ့ မနေ့က အမဲသားဖို့ဘယ်လောက်ကျလဲ”

” တစ်ပိဿာခွဲပို့ပေးလိုက်ပေမယ့် တစ်ပိဿာဖိုးပဲပေးပါ”

” ဟင်… တစ်ပိဿာခွဲတောင်ပို့လိုက်တာလား”

” ဟုတ်တယ်လေ… ငါ့ညီမလဲ ကိုယ်၀န်ကြီးနဲ့ဆိုတော့ ပိုပိုလိုလိုစားရအောင် ထည့်ပေးလိုက်တာ.. ဘာဖြစ်လို့လဲ”

” ဘာ ဘာမှမဖြစ်ပါဘူးဗျာ… ဒီမှာ အမဲသားဖိုးနော် … ကျွန်တော် လယ်ထဲသွားရဦးမှာမို့ ခွင့်ပြုပါဦး”

စန်းယုလဲ အတွေးပေါင်းစုံနဲ့ အကြော်တဲထဲကနေ ထွက်လာခဲ့လိုက်တယ်။

ညနေ အလုပ်သိမ်းလို့အိမ်ပြန်ရောက်တော့ အိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေတဲ့ နှင်းမှုံက

” အကို… နှင်းမှုံ ဒီနေ့ ၀က်သားဟင်းစားချင်တယ်”

ထူးထူးဆန်းဆန်း တောင်းဆိုလိုက်တဲ့စကားကြောင့် စန်းယုတစ်ယောက် ပျာပျာသလဲဖြစ်ပြီး

” မိန်းမစားချင်ရင် ချက်ကျွေးမှာပေါ့… ဒီအချိန် ၀က်သားဘယ်ကရပါ့မလဲ”

” အကိုကလဲ … ရွာအနောက်ပိုင်းက ဦးဖိုးလုံးတို့အိမ်မှာ၀က်ပေါ်တယ်လေ.. ဒါလေးတောင်မသိဘူးလား”

” ဟေ .. ဟုတ်လား.. နှင်းမှုံကဘယ်လိုသိတာလဲ”

” အိမ်ရှေ့ကဖြတ်သွားတဲ့သူတွေပြောတာကြားလို့ပါ… မြန်မြန်သွားဦး ကုန်နေဦးမယ်”

နှင်းမှုံစကားကြောင့် စန်းယုလဲ ခမောက်တောင်ချွတ်မနိုင်ပဲ ဦးဖိုးလုံးတို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

” ဘကြီးဖိုးလုံး… နေကောင်းလားဗျ”

” ဟေ့ မောင်စန်းယု ဘယ်ကနေ ဘယ်လိုလှည့်လာတာလဲ”

” နှင်းမှုံက ၀က်သားစားချင်တယ်ပြောလို့ … ဘကြီးဖိုးလုံးတို့ ဒီနေ့၀က်ပေါ်တယ်မဟုတ်လား”

စန်းယုစကားကြောင့် ဦးဖိုးလုံးက အံ့ဩတဲ့မျက်နှာနဲ့ကြည့်လိုက်ပြီး

” မောင်စန်းယု… ငါတို့အိမ်မှာ၀က်ပေါ်တာကဆော့ဟုတ်တယ်… ဒါပေမယ့် ဒီကိစ္စကိုဘယ်သူမှသိတာမဟုတ်ဘူး.. ဒါကို နှင်းမှုံက ဘယ်လိုသိနေတာလဲ”

” ဘကြီးကလဲ ၀က်ပေါ်နေတဲ့ချိန် တစ်ယောက်ယောက်မြင်သွားတာဖြစ်မှာပါ…ဘာလဲ ဘကြီးက မရောင်းပေးချင်လို့လား”

” ဟားဟား မင်းတို့ငါတို့ကရောင်းပေးစရာလား… အလကားယူသွား ငါ့ကောင်ရေ… ဟေ့ ကျင်လှရေ… စန်းယုတို့အိမ်အတွက် ၀က်တစ်ပိဿာထည့်ပေးလိုက်”

ဦးဖိုးလုံးက မိန်းမဖြစ်သူကိုလှမ်းပြောလိုက်ပြီး လယ်ကိစ္စအကြောင်းတွေစကားစမြည်ပြောနေခဲ့တယ်။ ခဏကြာတော့ နှီးနဲ့ချည်ထားတဲ့ ၀က်သားတွဲရောက်လာတာကြောင့် စကားစကိုဖြတ်ပြီး ပြန်လာခဲ့လိုက်တယ်။
+++++
” ငါ့မိန်းမ ဒီနေ့ ထမင်းစားမြိန်လှချည်လား”

” ဟီး .. ၀က်သားက စားလို့ကောင်းလိုက်တာ”

ပါးစပ်ထဲ ၀က်သားတုံးတွေကို ပလုပ်ပလောင်စားနေတဲ့ နှင်းမှုံကိုကြည့်ပြီး စန်းယုတစ်ယောက် ပြုံးပျော်နေခဲ့တယ်။ ဒါပေမယ့် နှင်းမှုံစားနေတာကြည့်ပြီး ပျော်နေတဲ့အပျော်က ဟင်းအိုးတစ်၀က်လောက်အရောက်မှာတော့ ပျောက်ဆုံးသွားခဲ့တယ်။ ဘာလို့ဆိုတော့ ၀က်သားတစ်ပိဿာချက်က နှင်းမှုံတစ်ယောက်ထဲ တစ်ထိုင်တည်းစားချလိုက်လို့ပဲ။

” မိန်းမ .. စားတာတွေအရမ်းများနေပြီထင်တယ်… ‌မအီမသာဖြစ်နေမယ်နော်”

စန်းယုစကားကြောင့် နှင်းမှုံက မျက်စောင်းထိုးပြီး

” ဒါလေးစားတာကို ညိုညင်နေတာလား… ”

” အဲလိုလဲမဟုတ်ပါဘူး… ဟိုလေ”

” မဟုတ်ရင် မပြောနဲ့… ဒီ၀က်သားက လတ်လို့ထင်တယ် စားလို့အရမ်းကောင်း”

၀က်သားတုံးတွေကိုလက်နှစ်ဖက်နဲ့ကိုင်ကာ ပလုပ်ပလောင်းစားနေတဲ့ နှင်းမှုံကို ကြည့်ကာ စန်းယုတစ်ယောက် နားမလည်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သွေးသားအပြောင်းအလဲကြောင့်ဖြစ်မှာပါလို့တွေးကာ ဖြေသိမ့်ဖြစ်ခဲ့တယ်။

နောက်နေ့တွေမှာလဲ ဘယ်အိမ်မှာ ဘာပေါ်တယ်… ဘယ်သူအိမ်မှာ ဘာအသားရှိတယ်ဆိုတာပြောပြီး လိုက်၀ယ်ခိုင်းနေတာကြောင့် စန်းယုတစ်ယောက် စိတ်ထဲမသိုးမသန့်ဖြစ်လာခဲ့တယ်။

တစ်နေ့ လယ်ထဲမှာ အလုပ်ပြီးလို့ ရေနွေးကြမ်းသောက်နေတဲ့အချိန်

” ဟိတ် အရူး… သွားစမ်း… ခုနကမှ ‌ခြွေထားတဲ့စပါးတွေပေါ် ဘယ်နှယ့်အမှိုက်တွေပစ်ထည့်နေတာလဲ… သွား သွား”

တလင်းဘက်ကနေ ထွက်လာတဲ့အသံကြောင့် စန်းယုလဲရေနွေးခွက်ကိုချကာ အပြင်ထွက်ကြည့်လိုက်တယ်။

” အဟေး အဟေး… ငါက မင်းထွက်လာတာကိုစောင့်နေတာ… ဒီကိုလာစမ်း ကောင်ကလေး”

နေပူကျဲကျဲထဲမှာ တင်ပလ္လင်ခွေထိုင်နေတဲ့ အရူးက စန်းယုကိုလက်ယက်ခေါ်‌နေတာကြောင့် အနားကပ်သွားလိုက်ရာ

” ဒီမယ် ငါ့သား… မင်းမှာ စိတ်ညစ်စရာတွေရှိနေတယ်မဟုတ်လား မှန်မှန်ပြောစမ်း”

” စိတ်ညစ်စရာကတော့ ရှိတာပေါ့”

” ကောင်ကလေး…. မင်းတို့အိမ်မှာ ထူးဆန်းတာတွေကြုံတွေ့နေရတာ အဘသိတာပေါ့… မင်းစိတ်ထဲမှာလဲ တစ်ခုခုကိုတွေးမိနေတယ်မဟုတ်လား”

အ၀တ်အစားဖိုသီဖတ်သီနဲ့ ညစ်ပတ်ပေရေနေတဲ့ အရူးဆီကနေ ဒီလိုစကားထွက်လာတာကြောင့် စန်းယု စိတ်၀င်စားသွားပြီး

” ခင်ဗျားက ဘာတွေသိထားလို့လဲ”

” ဟားဟား လောကမှာ ငါမသိတဲ့အရာဆိုတာမရှိဘူး… ငါအကုန်သိတယ်… သိသိကြီးနဲ့မပြောတာကွ”

” ဒါဖြင့် ကျုပ်ကိုစောင့်နေတာ ဘာပြောမလို့လဲ”

” မင်း လောင်းလှေစေတီကိုသိတယ်မဟုတ်လား…”

” သိတယ်လေ… ထလုံရွာပျက်ဘက်က စေတီကိုပြောတာမဟုတ်လား”

” မင်းတော်တယ် ကောင်ကလေး… အဲဒီစေတီမှာ လူသူတော်သုံးယောက်ရှိနေတယ်… မင်းအနေနဲ့ စေတီကိုရောက်အောင်သွား… ဟိုရောက်ရင် အရူးကြီးရွှေဘလွတ်လိုက်တယ်လို့ပြော… သူတို့က မင်းမိသားစုကို ကူညီပေးလိမ့်မယ်”

” ကျုပ်မိသားစုကို ကာကွယ်ရအောင် အခုကဘာဖြစ်နေလို့လဲ”

စန်းယုစကားကိုကြားတော့ ရွှေဘဆိုတဲ့အရူးကြီးက ဟက်ဟက်ပက်ပက်ရယ်ပြီး

” မင်းက ငါ့ထက်ပိုရူးတဲ့ကောင်ပဲ… မင်းအိမ်မှာ ထူးဆန်းတာတွေ ဖြစ်နေတာတောင် သတိမမူမိတဲ့ မယားတရူးပဲ ဟားဟားအဟက်အဟက်”

စန်းယုလဲ သူ့ကို ပယ်ပယ်နယ်နယ်ပြောနေတဲ့ အရူးကို စိတ်ဆိုးသွားပြီး

” ဟေ့လူ ကျုပ်က ဘာလို့မယားတရူးရမှာလဲ.. ရူးနေတယ်ဆိုတိုင်းထွက်ရာလျောက်ပြောမနေနဲ့”

” ငါပြောတာမင်းမယုံရင် ဒီညအိပ်ခါနီး ဟောဒီစက္ကူကိုပါးစပ်ထဲငုံထား… အဲ… ဒါနဲ့ အိမ်ပြန်ရင် အသားစိမ်းတစ်တွဲ၀ယ်ဖြစ်အောင် ၀ယ်သွား.. အိမ်ရောက်ရင် မချက်ပဲ အစိမ်းတိုင်းချိတ်ထားလိုက်… မင်းထူးခြားတာတစ်ခုတွေ့လိမ့်မယ်”

စန်းယုလဲ အရူးရွှေဘပြောတဲ့စကားကို ငြိမ်သက်စွာနားထောင်နေတဲ့အချိန်

” အသောကမင်းရဲ့ သာသနာပြုရဟန်းတော်တွေက နိုင်ငံပေါင်းစုံကိုသွားလာပြီး စေတီပေါင်း ၈၄၀၀၀ကိုတည်ထားခဲ့ကြတယ်…မင်းကိုပြောတဲ့ လောင်းလှေစေတီဆိုတာ အသောကမင်းတည်ခဲ့တဲ့ စေတီတစ်ဆူပဲ… အဲဒီစေတီက ၁၀၂၇ဆူမြောက်တည်ခဲ့တာကွ၊ အဲဒီစေတီတည်တုန်းကဆို နတ်သိကြားတွေကိုယ်တိုင် ခရုသင်းမှုတ်ပြီး အောင်စည်အောင်မောင်းတွေနဲ့ အောင်ပွဲခံခဲ့ကြတာ”လို့ပြောကာ လှည့်ထွက်သွားခဲ့တယ်။

စန်းယုလဲ အရူးရွှေဘပေးသွားတဲ့ စာရွက်လိပ်ကိုကိုင်ပြီး တစ်ယောက်ထဲတွေးကာ ကျန်နေခဲ့တယ်။
++++++

ညသန်းခေါင်အချိန်

” ရှပ် ရှပ် ရှပ်”

အိပ်ပျော်နေရင်းကြားလိုက်ရတဲ့‌ခြေသံကြောင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်ရာ နှင်းမှုံတစ်ယောက် ခြေထောက်ကိုဖော့ပြီး အိမ်နောက်ဖေးဘက်ထွက်သွားတာမြင်လိုက်ရတယ်။

စန်းယုလဲ အိပ်နေရာကနေ အသာထပြီး ကျူထရံပေါက်ကနေ ချောင်းကြည့်လိုက်ရာ မီးဖိုချောင်မှာချိတ်ထားတဲ့ အသားစိမ်းတွဲကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပလုပ်ပလောင်းစားနေတဲ့ နှင်းမှုံကိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။ ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး အသာပြန်အိပ်နေလိုက်ရာ ခဏနေတော့ နှင်းမှုံတစ်ယောက်ပြန်ရောက်လာပြီး သူမဟုတ်သလို လှဲချကာ အိပ်နေလိုက်တယ်။

ဒီအဖြစ်ကိုမြင်တဲ့ စန်းယုတစ်ယောက် မိုးလင်းတာနဲ့ ခမောက်ကိုယူကာ လောင်းလှေစေတီရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ရွာကနေ တစ်နာရီလောက် လမ်းလျောက်ပြီးချိန်မှာတော့ ထုံသင်္ကန်းပူဇော်ထားတဲ့ လောင်းလှေစေတီဆီကိုရောက်လာပြီး စေတီပေါ်မှာတော့ တရားထိုင်နေကြတဲ့ ယောဂီ၀တ်လူသုံးယောက်ကို လှမ်းမြင်လိုက်ရတယ်။

စန်းယုလဲ ‌တရားထိုင်ပြီးတဲ့ထိ စောင့်နေလိုက်ရာ မကြာခင် တရားဖြုတ်ပြီးထလာကြတာမြင်တော့ အနားကိုကပ်သွားပြီး
” ကျွန်တော်က အရူးရွှေဘလွှတ်လိုက်လို့ ဒီကိုရောက်လာခဲ့တာပါ.. ကျွန်တော်မိန်းမကို ကယ်ပါဦးဆရာတို့ရယ်”

” မိတ်ဆွေမိန်းမက ဘာဖြစ်နေလို့လဲ”

” ညဘက်တွေဆို အိမ်မှာရှိတဲ့ အသားစိမ်းတွေကို ထထစားနေလို့ပါဆရာ… နောက်ပြီး အရင်ကနဲ့လုံး၀မတူတော့ပဲ အခြားတစ်ယောက်ပုံစံမျိုးဖြစ်နေတယ်ဆရာ၊ သူ့မှာလဲကိုယ်၀န်ကြီးနဲ့ဆိုတော့ တစ်ခုခုဖြစ်သွားမှာစိတ်ပူနေမိတယ်”

” အရူးရွှေဘ လွှတ်လိုက်တာဆိုတော့ ကျုပ်တို့မျက်နှာလွှဲလို့မရတော့ဘူး.. ကဲကဲ မိတ်ဆွေနေတဲ့ဆီကို လမ်းပြပေးပါ.. ကျုပ်တို့လိုက်ခဲ့ပေးပါမယ်”

စန်းယုလဲ ၀မ်းသာအားရနဲ့ ယောဂီ၀တ်လူသုံးယောက်ကို လမ်းပြပြီးခေါ်လာခဲ့လိုက်တယ်။ အိမ်ရှေ့ကိုရောက်တော့ ဆရာသုံးယောက်က ချက်ချင်းမ၀င်သေးပဲ ခြံ၀မှာ အင်းစမတစ်ရွက်ကိုကပ်လိုက်တာကိုမြင်လိုက်ရတယ်။

အိမ်တံစက်မြိတ်အောက်လဲရောက်ရော အိမ်ရှေ့ခန်းမှာရှိနေတဲ့ နှင်းမှုံက ချက်ချင်းဆိုသလို အိမ်ခန်းထဲကို၀င်သွားခဲ့တယ်။

” ဆရာ… ကျွန်တော်မိန်းမက အရင်ကအဲလိုမဟုတ်ဘူး… အရမ်းလူမှုရေးသိတတ်တာ.. ခုများကျတော့ ဟင်း”

” ခင်ဗျားမိန်းမက ရုပ်ပဲရှိတာလေ… သူ့ကိုယ်ထဲမှာအခြားတစ်ယောက်၀င်ရောက်နေတာကြောင့် ခုလိုဖြစ်နေတာပါ… ဒါနဲ့ အိမ်မှာ ဂျုံမှုန့်ရှိလား”

” ရှိတယ်ဆရာ… ”

” ဂျုံမှုန့်ရှိရင် ရေနဲ့နယ်ပြီး မွေးကင်းစကလေးပုံစံလုပ်ထားပေးပါ… ခဏနေ အဲဒီအရာကိုသုံးပြီး နှင်ထုတ်ရလိမ့်မယ်”

စန်းယုလဲချက်ချင်းဆိုသလို အိမ်ပေါ်မှာရှိတဲ့ ဂျုံမှုန့်ကို ရေနဲ့နယ်ပြီး မွေးကင်းစကလေးပုံစံပြုလုပ်ကာ ယူလာပေးခဲ့တယ်။ ဆရာသုံးယောက်ကတော့ ဘုရားကျောင်းဆောင်မှာ ဖယောင်းတိုင်ထွန်းပြီး နေရာယူလိုက်တဲ့အချိန် အိမ်ခန်းထဲကနေ ပစ္စည်းတွေကို ပစ်ချသောင်းကျန်နေတဲ့အသံကိုကြားလိုက်ရတယ်။

” ဆရာ … ဘယ်လိုလုပ်ရမလဲ… ခေါ်ထုတ်လာပေးရမလား”

” နေပါစေ… ခဏနေလို့အမိန့်ပြန်ရင် သူ့ဘာသာထွက်လာပါလိမ့်မယ်”

ဆရာဖြစ်သူက စကားဆုံးတာနဲ့ အမိန့်ပြန်ပြီး ကြမ်းကိုပုတ်လိုက်ရာ အခန်းထဲမှာသောင်းကျန်းနေတဲ့ နှင်းမှုံတစ်ယောက် မျက်လုံးကြီးပြူးကာ လေးဘက်ထောက်လျက်ထွက်လာခဲ့တယ်။

” ကဲ … သင်ရောက်လာပြီဆိုတော့ ဘုရားကို ဦးတိုက်လိုက်ဦး”

” ကိုစန်းယု … ရှင် ဘယ်လိုလူတွေကိုအိမ်ပေါ်ခေါ်လာတာလဲ… ဒီလူတွေက မကောင်းတဲ့လူတွေ … မြန်မြန်မောင်းထုတ်လိုက်”

နှင်းမှုံက စန်းယုကို ငိုမဲ့မဲ့နဲ့ပြောနေတာမြင်တော့ ဘုရားကျောင်းဆောင်ရှေ့ထိုင်နေတဲ့ဆရာက နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ပြီး

” သင့်မူယာမာယာတွေကို သိထားပြီးပြီမို့ … ဒီအချိန်မှာအသုံးမ၀င်တော့ပါဘူး… ကဲကဲ ဘုရား ဦးတိုက်ချေ”

” မတိုက်ဘူး… ငါသူ့ကိုကြည့်ရင်ပူလောင်တယ်”

နှင်းမှုံက ဘုဆတ်ဆန်ပြောပြီး ကျောပေးနေတာကြောင့် ဆရာဖြစ်သူက

” ကဲ ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များ ဒီအစွဲကောင်ကို ဆံပင်ကနေကိုင်ပြီး ဘုရားကိုဦးတိုက်ခိုင်းပါ” လို့ပြောလိုက်ရာ နှင်းမှုံရဲ့ဆံပင်တွေက ဖွာခနဲဖြစ်သွားပြီး ခန္ဓာကိုယ်က မလှုပ်ရှားပဲ ရှေ့ဘက်ကို တစ်ရွေ့ရွေ့လှည့်လာခဲ့တယ်။ ပြီးတာနဲ့ ဦးခေါင်းနဲ့ကြမ်းပြင်သုံးချက်ဆောင့်ကာ စန်းယုကိုမျက်ထောင့်နီနဲ့ကြည့်လိုက်ပြီး တောက်ခတ်လိုက်တယ်။

” သင် ဘယ်သူလဲ… ”

” ငါ့ကိုသိတော့ဘာလုပ်မလို့လဲ”

” သင်မပြောဘူးဆိုရင် ဂိုဏ်းနတ်တွေကို အကူညီတောင်းရမှာပဲ… သင့်ဘေးကိုကြည့်လိုက်စမ်း… ဘယ်သူတွေကိုမြင်လဲ”

” အသားနီနီနဲ့ဘီလူးတွေမြင်တယ်… ”

” အနောက်ကိုကြည့်စမ်း… ဘာမြင်လဲ”

” လှံတွေကိုင်ထားတဲ့ သူတွေမြင်တယ်”

” အင်း… သူတို့လက်ထဲကိုင်ထားတဲ့ ‌လက်နက်တွေက သင့်ကိုယ်ကိုတစ်စစီဖြစ်အောင်လုပ်လို့ရတယ်ဆိုတာကောသိလား”

” သိတယ်… ”

” ကောင်းပြီ… ဒါဖြင့် ကျုပ်မေးတာ အမှန်တိုင်းဖြေရင် သင့်ကိုဘာမှမလုပ်ဘူး… လိမ်ညာပြောမယ်ဆိုရင်တော့ သင့်ကိုယ်ကိုဇကာပေါက်ဖြစ်အောင် လုပ်ခိုင်းရလိမ့်မယ်”

” စကားရှည်လိုက်တာ… ဘာမေးမှာလဲပြော”

” သင် .. စနေသမီးကိုယ်ထဲကို ဘာကြောင့် ပူးကပ်နေရတာလဲ”

” ငါကိုခိုင်းလို့ ပူးကပ်နေတာဟဲ့”

” သင့်ကို ဘာခိုင်းထားလို့လဲ..”

” ငါ့ကို သူ့သန္ဓေသားပျက်ကျအောင်လုပ်ခိုင်းထားတာ… အဲဒီသန္ဓေသားပျက်ကျရင် ငါစားလို့ရတယ်တဲ့”

” သင်က သန္ဓေသားစားရရင် ကိုယ်ထဲကထွက်မှာလား”

” ဟီး ဟီး ငါ့ကိုကျွေးစမ်းပါ… ‌သွေးတွေရွှဲနစ်နေတဲ့ ကလေးအသားစားချင်လို့”

” ဒါဖြင့် ဟောဒီ အရုပ်ကို ကလေးအသားလို့ သဘောထားပြီး စားလိုက်”

ဆရာဖြစ်သူက ဂျုံနဲ့လုပ်ထားတဲ့ အရုပ်ကိုပစ်ချပေးလိုက်ရာ နှင်းမှုံက အငမ်းမရဆွဲယူပြီး ကိုက်ဖဲ့စားပါလေရော။

” မောင်ကောင်းနဲ့ ခွန်းလှက လေးကွက်အင်းကိုပြာချပြီး ရေနဲ့ဖျော်.. တစ်အိမ်လုံးကိုလိုက်ဖြန်းပေး”

” ဟုတ်ကဲ့ဆရာ”

တပည့်နှစ်ယောက် ထွက်သွားချိန်မှာတော့ စန်းယုက အနောက်ကနေ လိုက်သွားပြီးကြည့်လိုက်ရာ အိမ်နောက်ဖေးတံဆက်မြိတ်နားလဲရောက်ရော ခေါင်မိုးပေါ်ကနေ “ဖောက်”ဆိုတဲ့အသံနဲ့အတူ အထုပ်တစ်ထုပ်လိမ့်ဆင်းလာခဲ့တယ်။

မောင်ကောင်းတို့လဲ ကျလာတဲ့အထုပ်ကို ယူပြီးဖွင့်ကြည့်လိုက်ရာ နှင်းမှုံရဲ့ဓါတ်ပုံကို ‌ခြေသည်းလက်သည်းတွေပါတဲ့အထုပ်နဲ့ချည်နှောင်ထားတာကိုမြင်လိုက်ရတယ်။

” ဆရာ… အိမ်နောက်ဖေး တံဆက်မြိတ်ပေါ်ကနေ ကျလာတာ”

” ငါထင်တဲ့အတိုင်းပဲ… ကာယကံရှင်ကိုကံနှိမ့်ပြီး အစိမ်းတိုက်ထားတာပဲ…”

” ဆရာ… ဒါကိုဘယ်သူလုပ်တယ်ဆိုတာသိလို့ရမလား”

” သိလို့ကောင်းတဲ့အရာမဟုတ်လို့ မသိချင်ပါနဲ့ဗျာ… ကျုပ်တို့အနေနဲ့ အိမ်ကိုကော ကာယကံရှင်ကိုပါ နောက်ထပ်ပြုစားမရအောင် လက်ဖွဲ့အဆောင်တွေပေးခဲ့ပါမယ်”

” ဆရာ… နှင်းမှုံကိုယ်ထဲမှာရှိနေတဲ့မိန်းမကိုရော ဘယ်လိုလုပ်ရမလဲ”

” ဂျုံအရုပ်ကုန်တာနဲ့ သူထွက်သွားပါလိမ့်မယ်… ခဏစောင့်ပေးလိုက်ပါ”

စန်းယုလဲ တစ်တောင်သာသာရှိတဲ့ ဂျုံရုပ်ကိုကုန်စင်အောင်စားနေတဲ့ နှင်းမှုံကိုကြည့်နေခဲ့ရာ အားလုံးကုန်စင်သွားချိန်မှာတော့ ဘုတ်ခနဲလဲကျကာသတိလစ်သွားခဲ့တယ်။

” နှင်းမှုံ… နှင်းမှုံ… သတိရပြီလား”

စန်းယုလှုပ်နှိုးမှုကြောင့် နှင်းမှုံသတိရလာပြီး

” ဟို ဟို မျက်နှာပြားပြားနဲ့မိန်းမရော… သူက နှင်းမှုန်ဂုတ်ကိုခွစီးထားတာ…”

” ဘယ်သူမှမရှိတော့ဘူး… စိတ်မပူနဲ့တော့နော်”

စန်းယုလဲ ဆရာသုံးယောက်ကို ကျေးဇူးတင်တဲ့အနေနဲ့ အကြိမ်ကြိမ်ကန်တော့ပြီး စုဆောင်းထားတဲ့ငွေအချို့နဲ့ကန်တော့သော်လည်း ကန်တော့ငွေတွေကို ကလေးမွေးရင်သုံးဖို့ပြန်ပေးသွားခဲ့တယ်။

ပြန်ခါနီးမှာလဲ တန်ပြန်စမတစ်ချပ်ပေးခဲ့ပြီး အိမ်အ၀င်ပေါက်မှာကပ်ခိုင်းထားခဲ့သလို နောက်ထပ်အလားတူကိစ္စထပ်လုပ်ပါက လုပ်တဲ့သူကိုသာထိလိမ့်မယ်ဆိုတဲ့အကြောင်းပြောပြခဲ့တယ်။

++++
ဒီကိစ္စတွေဖြစ်ပြီး လေးလလောက်အကြာမှာတော့ တရားထိုင်နေတဲ့အချိန် မျက်လုံးထဲမှာ မိန်းကလေးတစ်ယောက် ဗိုက်နာနေတဲ့ပုံရိပ်ကိုမြင်လိုက်ရပြီး၊ ခဏကြာတော့ မိန်းမတစ်ယောက် မျက်ဖြူလန်ကာ အမြုပ်တစီစီထွက်သတိလစ်နေတာကိုလဲမြင်လိုက်ရတယ်။

ဒီပုံရိပ်နှစ်ခုက ဘယ်သူတွေဖြစ်မလဲဆိုတာ စာဖတ်သူတွေသိကြမယ်လို့ထင်ပါတယ်။
+++++
အောင်မြတ်သာတို့လဲ လောင်းလှေစေတီကနေပြန်ထွက်လာပြီးနောက် အစနောက်သန်လွန်းမှုကြောင့် လူတွေလိပ်ပြာလွင့်ကာ သေဆုံးကြရတဲ့ သိုက်နန်းတစ်ခုဆီကိုရောက်လာခဲ့တယ်။

ဒီသိုက်နန်းထဲမှာနေတဲ့သူတွေက ချစ်ဖို့ကောင်းသလို၊ ကြောက်ဖို့လဲကောင်းတယ်။

သူတို့အကြောင်းကိုတော့ အောင်မြတ်သာနှင့်ဖိုးသူတော်သိုက်ဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ သေႏၶသားစားခ်င္ေသာသရဲမ”
—————————————————————————–
(စ/ဆုံး)

ေဇယန(ရာမည)

“အား .. ကြၽတ္ ကြၽတ္ ကြၽတ္”

ထမင္းအိုးငွဲ႔ေနရင္း ညဥ္းညဴလိုက္တဲ့ႏွင္းမႈံရဲ႕အသံ‌ေၾကာင့္ လယ္ထဲဆင္းဖို႔ျပင္ေနတဲ့ စန္းယုတစ္ေယာက္ ခေမာက္ကိုပစ္ခ်ကာ အိမ္ေနာက္ေဘးကိုေျပး၀င္လာခဲ့လိုက္တယ္။

” ႏွင္းမႈံ…. ဘာျဖစ္တာလဲ…”

” ခါးကနည္းနည္းမ်က္သလိုျဖစ္သြားတာပါ.. ဘာမွမျဖစ္ပါဘူး”

” အာ… မျဖစ္စရာလား… ကိုယ္၀န္အရင့္မာႀကီးနဲ႔ ဒါမ်ိဳးေတြလုပ္ရင္ သတိထားရမွာေပါ့ကြယ္… လာလာ အကိုလုပ္လိုက္မယ္”

စန္းယုက ႏွင္းမႈံရဲ႕ သြယ္လ်ေနတဲ့ လက္ေမာင္းေတြကိုဆုပ္ကိုင္ရင္း‌ အနားယူေစကာ ထမင္းအိုးကိုဆတ္ခနဲဆြဲယူၿပီး ကြၽမ္းက်င္စြာငွဲ႔ေနလိုက္တယ္။

” အကို အဆင္ေျပရဲ႕လား”

” ဒီအလုပ္ေတြက ငယ္ငယ္ထဲက လုပ္လာတာပါ ႏွင္းမႈံရယ္… ဒီေလာက္ကေတာ့ စာမဖြဲ႕ပါဘူး”

စန္းယုက ထမင္းအိုးငွဲ႔ ေနရင္း မိန္းမျဖစ္သူကို ၿပဳံးၿပဳံးႀကီးစိုက္ၾကည့္လိုက္ေတာ့ ႏွင္းမႈံတစ္ေယာက္ ပါးလးတြန႔္ ေအာင္ရယ္လိုက္မိတယ္။
++++++++
ပိတ္စအနီခင္းထားတဲ့ စားပြဲခုံေပၚမွာ အင္းကြက္အခ်ိဳ႕နဲ႔အတူ အလုပ္ရႈပ္ ေနတဲ့ ဦးကြန္းရဲ႕ အခန္းထဲကို မ်က္ႏွာပဝါအုပ္ထားတဲ့မိန္းမတစ္ေယာက္ ၀င္လာတာျမင္လိုက္ရတယ္။

” လာရင္းကိစၥက ဘာမ်ားလဲ အမိ”

” လူတစ္ေယာက္ကို ကိုယ္၀န္ပ်က္က်အာင္လုပ္ခ်င္လို႔ပါ.. ဆရာ‌ အေနနဲ႔ လုပ္ေပးႏိုင္မလား”

ဦးကြန္းက သူ႔ေရွ႕မွာထိုင္ ေနတဲ့မိန္းမကို မ်က္ခုံးႏွစ္ခုတြန႔္ကာၾကည့္လိုက္ၿပီး
” သူနဲ႔ ပတ္သတ္တဲ့အရာေတြပါလား…”

” လိုအပ္မယ္ထင္တာေတြေတာ့ယူလာပါတယ္… ၾကည့္ၾကည့္ေပးပါဦး”

အမ်ိဳးသမီးက လက္ထဲကိုင္ထားတဲ့ အိတ္ကို ခုံေပၚသြန္ခ်လိုက္ရာ အထဲကေန မိန္းမ၀တ္အက်ႌတစ္ထည္နဲ႔အတူ ဓါတ္ပုံတစ္ပုံထြက္က်လာခဲ့တယ္။

” ဒါက ကိုယ္၀န္သည္၀တ္ထားဖူးတဲ့ အက်ႌလား”

” ဟုတ္ပါတယ္… ဆရာ အေနနဲ႔ ဒီကိစၥကို ေအာင္ျမင္တဲ့ထိ ေဆာင္႐ြက္ေပးမယ္ဆိုရင္ ဒီထက္ပိုမ်ားတဲ့ ေငြနဲ႔ကန္တာ့ပါမယ္”

အမ်ိဳးသမီးက အသင့္ပါလာတဲ့ ေငြစကၠဴတစ္ထပ္ကို ခုံေပၚတင္လိုက္ၿပီး အေျဖကိုနားေထာင္ေနခဲ့တယ္။ ခဏေနေတာ့ ဦးကြန္းက ပိုက္ဆံထုပ္ကို လွမ္းယူလိုက္ၿပီး

” ေနာက္လက်ရင္ အေျခအေနထူးလာလိမ့္မယ္… ေစာင့္ၾကည့္ေနပါ” လို႔ေျပာကာ ေၾကးျပားတစ္ခုကိုခပ္ေသးေသးေလးျဖစ္ေအာင္လိပ္ေနလိုက္တယ္။

အမ်ိဳးသမီးကေတာ့ သူလိုခ်င္တဲ့စကားၾကားလိုက္ရၿပီမို႔ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးကာ အခန္းထဲကေနျပန္ထြက္သြားခဲ့လိုက္တယ္။
+++++++

” ႏွင္းမႈံေရ… ညီမေလး”

” ရွင္… လာၿပီ လာၿပီ”

” ဘာေတြလုပ္ေနတာလဲ ႏွင္းမႈံရဲ႕”

” အစ္မ ေမာင္ေလ အ၀တ္ေတြကို အကုန္ထိုးထည့္ထားတာ… ဒါေၾကာင့္ ေသခ်ာျပန္ေခါက္ေပးေနတာပါ”

” ငါ့ညီမေလးကေတာ့ ကိုယ္၀န္ႀကီးနဲ႔ ထလိုက္ထိုင္လိုက္မလုပ္ပါနဲ႔… ”

” ဟုတ္ကဲ့ အစ္မ… ဒါနဲ႔ ဘာကိစၥရွိလို႔လဲဟင္”

” ဟုတ္သား… လာရင္းကိစၥကိုေျပာဖို႔ေမ့ေနတာ… ညက်ရင္ အေမတို႔က အိမ္ကိုလာၾကဦးဆိုၿပီးေျပာခိုင္းလို႔ လာေျပာတာ”

” ေအာ္ .. ဟုတ္ကဲ့.. ကိုစန္းယု ျပန္လာရင္ ေျပာျပလိုက္မယ္အစ္မ”

” ဒါဆို အစ္မ သြားေတာ့မယ္ေနာ္”

” ဟုတ္ ေျဖး‌ေျဖးသြားဦးအစ္မ”

ႏွင္းမႈံလဲ ၿခံထဲကေနထြက္သြားတဲ့ လင္ညီအစ္မျဖစ္သူရဲ႕ေနာက္ေက်ာကိုၾကည့္ေနတဲ့ခ်ိန္ အိမ္ေနာက္ေဖးကေန စေလာင္းဖုံးျပဳတ္က်သံတစ္ခ်က္ကိုၾကားလိုက္ရတယ္။
++++++

ေအာက္လင္းမီးထိန္ထိန္သာေအာင္ ထြန္းထားတဲ့ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္တစ္လုံးကေန ရယ္သံေမာသံေတြနဲ႔အတူ စကားေျပာသံအခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။

” ႏွင္းမႈံ ကိုယ္၀န္က ဘယ္ႏွစ္လ‌ရေနၿပီလဲ”

” ေလးလထဲမွာအေမ….”

” အေလးအပင္ေတြလဲ မ မေနနဲ႔ဦး… စန္းယုလဲ အိမ္ကိုေစာေစာျပန္… အလုပ္ၿပီးတာနဲ႔ သေဝမထိုးေနနဲ႔ဦး”

” ဘယ္မွမသြားပါဘူး အေမရယ္… စိတ္ခ်ပါ”

” ဒါနဲ႔ ေမာင္ႏိုင္တို႔လင္မယားေကာ ေနရတာအဆင္ေျပၾကရဲ႕လား”

” ေျပပါတယ္အေမ… ”

” ေအးေအး… ဒီေန႔ မင္းတို႔ကိုေခၚလိုက္ရတာက လယ္ကိစၥေလးေျပာခ်င္လို႔ကြယ့္”

မိခင္ျဖစ္သူစကားေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္လုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကၿပီး ေျပာလာမယ့္စကားကိုနားေထာင္ေနခဲ့ၾကတယ္။

” ႏွင္းမႈံက မၾကာခင္ ကေလးေမြးေတာ့မွာဆိုေတာ့ သူတို႔လင္မယားႏွစ္ေယာက္အတြက္ ေအာက္ကြင္းက လယ္၁၀ဧကေပးဖို႔စီစဥ္ထားတယ္”

” ဟာ အေမကလဲ ေအာက္ကြင္းလယ္က ကိုႏိုင္လုပ္ေနတယ္ေလ… ”

” စန္းယု နင္ငါေျပာတာျဖတ္မေျပာနဲ႔… စကားကိုဆုံးေအာင္နားေထာင္”

မိခင္ျဖစ္သူစကားေၾကာင့္ စန္းယု မ်က္လုံးေလးကလယ္ကလယ္နဲ႔ၿငိမ္သြားခဲ့တယ္။

” ေအာက္ကြင္း လယ္က ငါ့ေျမးအတြက္ေပးတာမို႔ ဒီကေလးေမြးၿပီးရင္ သူ႔နာမည္နဲ႔လုပ္ေပးလိုက္… ေမာင္ႏိုင္ အတြက္ကေတာ့ အေမ ေနာက္မွစီစဥ္ေပးမယ္”

” ရပါတယ္ အေမရယ္… ညီေလးက အိမ္အလုပ္ေတြပဲ ကူေနရေတာ့ ကိုယ္ပိုင္လယ္မရွိဘူးေလ.. ကြၽန္ေတာ္လဲ အစထဲက အေမကိုေျပာမလို႔စဥ္းစားထားတာပါ”

” ဒါနဲ႔ မင္းတို႔ေကာ ကေလးမယူေသးဘူးလား”

” ေျဖးေျဖးေပါ့ဗ်ာ… အေစာက လြတ္လြတ္လပ္လပ္ေနခ်င္တယ္ေျပာလို႔ မယူေသးတာပါ… ဘာလဲ အေမက ေျမးႏွစ္ေယာက္ထိန္းခ်င္လို႔လား”

ေမာင္ႏိုင္ စကားေၾကာင့္ တစ္အိမ္လုံးရယ္ေမာလိုက္ၾကေပမယ့္ အေစာကေတာ့ ႏွင္းမႈံကို မသိမသာေလး မ်က္ေစာင္းထိုးၾကည့္လိုက္တယ္။
+++++

” ကိုႏိုင္…. ”

အိပ္ယာျပင္ေနရင္းေခၚလိုက္တဲ့အသံေၾကာင့္ ကိုႏိုင္တစ္ေယာက္ ေမးေငါ့ျပလိုက္ၿပီး

” ေျပာေလ အေစာ”

” ကိုႏိုင္ အေမက မ်က္ႏွာလိုက္တယ္… အ‌ေစာတို႔အတြက္က်ေတာ့ စီစဥ္ထားတယ္ပဲေျပာၿပီး ဘာမွတိတိက်က်မေျပာဘူး… ႏွင္းမႈံတို႔ကိုက်ေတာ့ ေအာက္ကြင္းကလယ္ေပးမယ္တဲ့ .. ဘာလဲ အေစာက ကေလးမေမြးေပးႏိုင္လို႔ မ်က္ႏွာသာမေပးခ်င္တာလား”

” ဟာ… အေစာ ဘာေတြေျပာေနတာလဲ… ကိုယ္တို႔မဂၤလာေဆာင္တုန္းက လယ္၁၀ဧက လက္ဖြဲ႕ထားတာရွိတယ္ေလ… ေနာက္ၿပီး ကိုယ္တို႔ပိုင္တဲ့ လယ္ေတြက အမ်ားႀကီးရွိေသးတာပဲ ဘာလို႔ လိုက္တြက္ကပ္ေနရတာတုန္း၊ ေနာက္ၿပီး အေစာပဲ ကေလးမယူခ်င္ေသးဘူးဆိုလို႔ ကိုယ္က ဘာမွထပ္မေျပာတာေလ”

” ေတြ႕လား… ကိုႏိုင္က အၿမဲတမ္း သူ႔ညီဘက္ကႀကီးပဲ… ဒါပဲ ဒါပဲ အိပ္ေတာ့မယ္”

အေစာက ေခါင္းအုံးကို ဆတ္ခနဲဆြဲယူၿပီး ေက်ာေပးကာအိပ္ေနလိုက္တယ္။

” ဟာ .. ဒီမိန္းမကေတာ့”

ကိုႏိုင္က အေစာရဲ႕ ခါးေလးကို ကိုင္ကာ မထိတထိေလးက်ီစယ္လိုက္ရာ ယားတတ္တဲ့ အေစာရဲ႕ ႏႈတ္ခမ္းကေန ရယ္သံအခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။
++++
ညသန္းခါင္အခ်ိန္

” အဟင့္ အဟင့္ … ”

အိပ္ယာ ေဘးကေန ငိုေနတဲ့အသံေၾကာင့္ စန္းယု လန႔္ႏိုးလာခဲ့တယ္။

” ႏွင္းမႈံ… ဘာလို႔ငိုေနတာလဲ .. ဘာျဖစ္တာလဲေျပာစမ္းပါဦး”

” အကို ႏွင္းမႈံ ေၾကာက္တယ္… အိမ္မက္ထဲမွာေလ တစ္ကိုယ္လုံးဆႏြင္းေတြလူး‌‌ထားတဲ့ မိန္းမတစ္ေယာက္က ႏွင္းမႈံကို လက္ယက္ ေခၚေနတာ… သူ႔ေဘးမွာလဲ ေၾကာက္စရာမ်က္ႏွာထားနဲ႔အေကာင္ ေတြပါတယ္”

” ႏွင္းမႈံစိတ္စြဲလို႔ ေနမွာပါ… အကိုရွိတယ္ ဘာမွမ ေၾကာက္နဲ႔ေနာ္”

စန္းယုက ႏွင္းမႈန္ကို ႏွစ္သိမ့္ရင္း ပခုံးစြန္းေလးကိုဖက္ထား ေပးလိုက္တယ္။

မနက္အ႐ုဏ္တက္ခ်ိန္ေလာက္ေရာက္ေတာ့ ႏွင္းမႈံတစ္ေယာက္ အေပါ့သြားခ်င္တာနဲ႔ အိမ္ေနာက္ေဖးဘက္ကိုထြက္လာခဲ့လိုက္တယ္။

လေရာင္က မွိန္ပ်ပ် က်ေနတာေၾကာင့္ ပတ္၀န္းက်င္တစ္ခုလုံးကိုေကာင္းစြာျမင္ေနရၿပီး လင္းၾကက္အခ်ိဳ႕ရဲ႕တြန္သံကိုပါၾကားေနခဲ့တယ္။ အဲဒီအခ်ိန္ အေနာက္ကေန ကပ္ပါလာတဲ့ ‌ေျခသံတစ္ခု…

” ရွပ္ ရွပ္ ရွပ္”

ႏွင္းမႈံလမ္းေလ်ာက္ရင္ အေနာက္ကပါလာၿပီး ရပ္လိုက္ရင္ ေျခသံကပါေပ်ာက္သြားခဲ့တယ္။

” ငါစိတ္ထင္တာမ်ားလား… ”

ႏွင္းမႈံလဲ တစ္ေယာက္ထဲေတြးၿပီးလမ္းေလ်ာက္လာရာ အေနာက္ကေန ရယ္သံသဲ့သဲ့ကိုရွင္းရွင္းလင္းလင္းၾကားလိုက္ရတာေၾကာင့္ တစ္ကိုယ္လုံးမွာရွိတဲ့ၾကက္သီးေမႊးညႇင္းေတြ ေထာင္တက္လာခဲ့တယ္။

ေၾကာက္စိတ္ေၾကာင့္ တစ္ကိုယ္လုံးအားမရွိသလိုျဖစ္လာၿပီး အေနာက္ကိုမရဲတရဲလွည့္ၾကည့္လိုက္ရာ မ်က္ႏွာတစ္ခုလုံးေျပာင္ေခ်ာေနတဲ့မိန္းမတစ္ေယာက္က သူ႔အေနာက္မွာ မလႈပ္မယွက္ရပ္ေနတာကိုျမင္လိုက္ရၿပီး ပတ္၀န္းက်င္တစ္ခုလုံးအေမွာင္က်သြားခဲ့တယ္။

” ႏွင္းမႈံ… ႏွင္းမႈံ…. သတိထားပါဦး”

ခႏၶာကိုယ္ကိုလႈပ္ခါေနတဲ့ အထိေတြ႕ေၾကာင့္ ႏွင္းမႈံတစ္ေယာက္သတိျပန္လည္လာခဲ့တယ္။

” အကို… ႏွင္းမႈံ… ဒီကိုဘယ္လိုျဖစ္ၿပီးေရာက္ေနတာလဲ”

” အဲ.. ဒီစကားကို အကိုကေမးရမွာေလ.. မနက္အိပ္ယာႏိုးေတာ့ ႏွင္းမႈံမရွိတာနဲ႔ လိုက္ရွာၾကည့္တာ ဒီေနရာမွာ ေခြေခြေလးလဲက်ေနတာျမင္လိုက္ရတာပဲ”

” ႏွင္းမႈံ ညက အိပ္ယာထဲအိပ္ေနတာပါ.. ဒီကိုဘယ္လိုေရာက္လာရတာလဲ”

ႏွင္းမႈံက ျဖစ္ပ်က္ခဲ့တာေတြကို ဘာမွမမွတ္မိေတာ့ပဲ ေၾကာင္အအျဖစ္ေနခဲ့တယ္။ စန္းယုကေတာ့ ႏွင္းမႈံကိုတြဲထူၿပီး အိမ္ေပၚကိုျပန္ေခၚလာကာ အလုပ္သြားဖို႔ျပင္ဆင္ေနလိုက္တယ္။

” ႏွင္းမႈံေရ… ဒီေန႔ ကိုထြန္းသိန္းတို႔အိမ္မွာ အမဲေပၚတယ္ၾကားတယ္… အိမ္ကိုလာပို႔ခိုင္းထားတယ္ေနာ္… ေရာက္ရင္ ေသခ်ာခ်က္ထားေပးပါဦး… ကိုယ့္မိန္းမလက္ရာ မစားရတာၾကာေတာ့ ဒီညဗိုက္ကားေအာင္ စားခ်င္ေသးတယ္”

စန္းယုက အိမ္ေအာက္ကေန ေအာ္ေျပာရင္း လယ္ထဲကိုထြက္သြားခဲ့လိုက္တယ္။ ‌
+++++++++++

” ႏွင္းမႈံေရ… ႏွင္းမႈံ”

ကိုထြန္းသိန္းတစ္ေယာက္ အမဲသားတြဲကို ကိုင္ကာ အိမ္ေရွ႕ကေန ေခၚေနေပမယ့္ အသံမၾကားရတာေၾကာင့္ ဘယ္သူမွမရွိဘူးထင္ၿပီး ျပန္ထြက္ဖို႔အလုပ္…

” အိမ္ေပၚတက္လာခဲ့… ” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

” ေတာ္ေသးတာေပါ့… ဘယ္သူမွမရွိဘူးထင္ၿပီး လွည့္ျပန္ေတာ့မလို႔… အမဲသားကို ဘယ္နားထားခဲ့ရမလဲ”

” ရတယ္ အဆင္ေျပတဲ့ေနရာထားခဲ့.. ခဏေန ထြက္ယူလိုက္မယ္”

လူမေတြ႕ရပဲ အခန္းထဲကေန ထြက္လာတဲ့အသံေၾကာင့္ ထြန္းသိန္းတစ္ေယာက္ အနည္းငယ္အံ့ဩသြားေပမယ့္ ကိုယ္၀န္နဲ႔မို႔ မလႈပ္ရွားခ်င္တာျဖစ္မယ္လို႔ေတြးကာ အမဲသားတြဲကို ခ်ၿပီးျပန္ဆင္းလာခဲ့လိုက္တယ္။

ကိုထြန္းသိန္းျပန္သြားတာနဲ႔ အခန္းထဲကေန ႏွင္းမႈံတစ္ေယာက္ ေလးဘက္ေထာက္လ်က္ထြက္လာၿပီး အမဲသားတြဲကိုယူကာ ျပန္၀င္သြားခဲ့တယ္။
++++++

” ႏွင္းမႈံေရ… အကို ျပန္ေရာက္ပီေနာ္…”

ခေမာက္ကိုခြၽတ္ၿပီး ေအာ္ေျပာလိုက္ေပမယ့္ အိမ္ထဲကေန ဘာသံမွမၾကားရတဲ့အတြက္ တစ္ခုခုျဖစ္ေနမလားလို႔ေတြးကာ အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။

” ႏွင္းမႈံ… ႏွင္းမႈံ”

အိမ္ထဲမွာလဲမိန္းမျဖစ္သူကိုမေတြ႕တာေၾကာင့္ အိမ္ေနာက္ေဘးကို၀င္ၾကည့္လိုက္ရာ မီးဖိုေခ်ာင္ထဲမွာ ကုန္းကုန္းကြကြနဲ႔အလုပ္ရႈပ္ေနတဲ့ ႏွင္းမႈိံကုျမင္လိုက္ရတယ္။

” ႏွင္းမႈံ…. ဘာလုပ္ေနတာလဲ”

စန္းယုအသံေၾကာင့္ တစ္စုံတစ္ခုကိုလိုက္ရွာေနတဲ့ ႏွင္းမႈံက ႐ုတ္တရက္ၿငိမ္သက္သြားၿပီးမွ

” အကိုေတာင္ျပန္ေရာက္ေနပီလား… ”

” ျပန္ေရာက္တာၾကာပီေလ… ဒါနဲ႔ မီးဖိုေခ်ာင္ထဲဘာလုပ္ေနတာလဲ”

” ႏွင္းမႈံ အမဲသားဟင္းခ်က္ဖို႔ လိုအပ္တဲ့ပစၥည္းေတြရွာေနတာ”

” ဟင္ … အခုထိ မခ်က္ရေသးတာလား”

” ဟုတ္တယ္… ႏွင္းမႈံ ေန႔လည္ကအိပ္ေပ်ာ္သြားလို႔ပါ… ”

” ဒါျဖင့္ ကိုယ္ပဲခ်က္လိုက္ပါမယ္… နားခ်င္သြားနားေတာ့ေလ”

စန္းယုက တိုင္မွာခ်ိတ္ထားတဲ့အမဲသားတြဲကိုျဖဳတ္ယူလိုက္ရာ အသားတြဲေပၚမွာ တစ္စြန္းတစ္စထြက္ေနတဲ့ သြားကိုက္ရာအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

” ႏွင္းမႈံ… အမဲသားက ဘယ္လိုျဖစ္ၿပီး တစ္၀က္ပဲက်န္ေတာ့တာလဲ… ဒီမွာလဲကိုက္ရာေတြနဲ႔”

” ဟိုေလ … ႏွင္းမႈံအိပ္ေပ်ာ္ေနတုန္း ေခြး၀င္ဆြဲတာ… ႏွင္းမႈံလဲသိသိခ်င္း ထေမာင္းေပမယ့္ အသားတစ္၀က္ပါသြားတယ္ အဟင့္”

စန္းယုလဲ မ်က္ရည္ခံထိုးၿပီး ငိုမဲ့မဲ့ျဖစ္ေနတဲ့ မိန္းမျဖစ္သူကို စိတ္မေကာင္းမျဖစ္ဖို႔ ေခ်ာ့ေမာ့ၿပီး အမဲသားတြဲကိုခုတ္ထစ္ဖို႔ ထြက္သြားခဲ့တယ္။

+++++

” ႏွင္းမႈံ… အမဲသားထည့္စားေလ… ကိုယ္၀န္နဲ႔ဆိုေတာ့ အားရွိဖို႔လိုတယ္ေလ”

စန္းယုက အမဲသားဟင္းကိုခပ္ၿပီး ႏွင္းမႈံ ပန္းကန္ထဲထည့္ေပးလိုက္တယ္။

” ႏွင္းမႈန္… မစားခ်င္ဘူး… ခုတစ္ေလာ အစာစားခ်င္စိတ္မရွိဘူးျဖစ္ေနတယ္”

” မစားလို႔ေတာ့ ဘယ္ရမလဲ… နည္းနည္းေတာ့စားလိုက္ေလ… ဒါမွ ဗိုက္ထဲက ကေလးလဲက်န္းမာမွာ”

စန္းယုစကားေၾကာင့္ ႏွင္းမႈံက အမဲသားတစ္ဖတ္ကို ယူစားလိုက္ၿပီး ထမင္းကိုနယ္ဖတ္ကာ အူလည္လည္လုပ္ေနခဲ့တယ္။

” ကဲကဲ… မစားခ်င္ရင္လဲ မစားနဲ႔ေတာ့ … ႏွင္းမႈန္စားခ်င္တာရွိရင္လဲေျပာ ၾကားလား”

ထမင္းစားၿပီးခ်ိန္မွာေတာ့ မ်က္လုံးေတြေမွးစင္းလာၿပီး အိပ္ခ်င္လာတာေၾကာင့္ ေခါင္းအုံးယူၿပီးေမွးလိုက္ရာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားခဲ့တယ္။

စန္းယုျပန္ႏိုးခ်ိန္မွာေတာ့ ေဘးမွာ ေခြေခြေလးအိပ္ေပ်ာ္ေနတဲ့ မိန္းမျဖစ္သူကိုေတြ႕လိုက္ရၿပီး ပါးကိုနမ္းဖို႔ကပ္သြားရာ ပါးစပ္နားမွာ ဟင္းအဆီေတြေပပြေနတာကိုျမင္လိုက္ရတယ္။

” ဟင္… ညက ထမင္းစားၿပီး ပါးစပ္ေသခ်ာမသုတ္ဘူးထင္တယ္… ဒီေကာင္မေလးေတာ့”

စန္းယုက ထမင္းစားပြဲမွာရွိတဲ့ လက္သုတ္ပဝါကိုယူၿပီး ေပက်ံေနတဲ့ဟင္းအဆီေတြကို သုတ္ေပးကာ ေရခ်ိဳးမ်က္ႏွာသစ္ဖို႔ အိမ္ေနာက္ေဖးကိုထြက္လာခဲ့လိုက္တယ္။

ေရခ်ိဳးၿပီးခ်ိန္မွာေတာ့ ထမင္းစားဖို႔ အုပ္ေဆာင္းကိုလွန္ၾကည့္လိုက္ရာ ဟင္းပန္းကန္ထဲက ဟင္းေတြအကုန္ေျပာင္သလင္းခါေနတာကိုျမင္လိုက္ရတယ္။

” ညက ဟင္းေတြအမ်ားႀကီးက်န္ေသးတာပါ… ဘယ္လိုျဖစ္ၿပီး မရွိေတာ့တာလဲ”

စန္းယုလဲ တစ္ေယာက္ထဲ အေတြးေတြမ်ားေနတဲ့ခ်ိန္ ႏွင္းမႈံႏိုးလာၿပီး ေအးတိေအးစက္ပုံစံနဲ႔ အိမ္ေနာက္ေဘးကိုထြက္သြားခဲ့တယ္။

ခါတိုင္းေန႔ေတြဆို လင္ေယာက်ၤားအလုပ္သြားဖို႔အတြက္ ျပင္ဆင္ေပးတတ္တဲ့ ႏွင္းမႈံက ဒီေန႔က်မွ စကားလဲမေျပာ ေမးလဲမေမးပဲ ထထြက္သြားတာေၾကာင့္ စန္းယု စိတ္ထဲ နည္းနည္းတင္းသြားေပမယ့္ သူကကိုယ္၀န္ႀကီးနဲ႔မို႔ စိတ္မလန္းတာျဖစ္မွာပါလို႔ေတြးကာ ခေမာက္ကိုယူၿပီး လယ္ထဲဘက္ကိုထြက္လာခဲ့လိုက္တယ္။

” ေဟ့ စန္းယု… လယ္ထဲသြားေတာ့မလို႔လား”

႐ြာထိပ္ အေၾကာ္တဲကေန လွမ္းေခၚလိုက္တဲ့ ကိုထြန္းသိန္းအသံေၾကာင့္ စန္းယုတစ္ေယာက္ တဲထဲကို၀င္လာလိုက္ၿပီး

” ဟုတ္တယ္ ကိုထြန္းသိန္း… ဒါနဲ႔ မေန႔က အမဲသားဖို႔ဘယ္ေလာက္က်လဲ”

” တစ္ပိႆာခြဲပို႔ေပးလိုက္ေပမယ့္ တစ္ပိႆာဖိုးပဲေပးပါ”

” ဟင္… တစ္ပိႆာခြဲေတာင္ပို႔လိုက္တာလား”

” ဟုတ္တယ္ေလ… ငါ့ညီမလဲ ကိုယ္၀န္ႀကီးနဲ႔ဆိုေတာ့ ပိုပိုလိုလိုစားရေအာင္ ထည့္ေပးလိုက္တာ.. ဘာျဖစ္လို႔လဲ”

” ဘာ ဘာမွမျဖစ္ပါဘူးဗ်ာ… ဒီမွာ အမဲသားဖိုးေနာ္ … ကြၽန္ေတာ္ လယ္ထဲသြားရဦးမွာမို႔ ခြင့္ျပဳပါဦး”

စန္းယုလဲ အေတြးေပါင္းစုံနဲ႔ အေၾကာ္တဲထဲကေန ထြက္လာခဲ့လိုက္တယ္။

ညေန အလုပ္သိမ္းလို႔အိမ္ျပန္ေရာက္ေတာ့ အိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ေနတဲ့ ႏွင္းမႈံက

” အကို… ႏွင္းမႈံ ဒီေန႔ ၀က္သားဟင္းစားခ်င္တယ္”

ထူးထူးဆန္းဆန္း ေတာင္းဆိုလိုက္တဲ့စကားေၾကာင့္ စန္းယုတစ္ေယာက္ ပ်ာပ်ာသလဲျဖစ္ၿပီး

” မိန္းမစားခ်င္ရင္ ခ်က္ေကြၽးမွာေပါ့… ဒီအခ်ိန္ ၀က္သားဘယ္ကရပါ့မလဲ”

” အကိုကလဲ … ႐ြာအေနာက္ပိုင္းက ဦးဖိုးလုံးတို႔အိမ္မွာ၀က္ေပၚတယ္ေလ.. ဒါေလးေတာင္မသိဘူးလား”

” ေဟ .. ဟုတ္လား.. ႏွင္းမႈံကဘယ္လိုသိတာလဲ”

” အိမ္ေရွ႕ကျဖတ္သြားတဲ့သူေတြေျပာတာၾကားလို႔ပါ… ျမန္ျမန္သြားဦး ကုန္ေနဦးမယ္”

ႏွင္းမႈံစကားေၾကာင့္ စန္းယုလဲ ခေမာက္ေတာင္ခြၽတ္မႏိုင္ပဲ ဦးဖိုးလုံးတို႔အိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။

” ဘႀကီးဖိုးလုံး… ေနေကာင္းလားဗ်”

” ေဟ့ ေမာင္စန္းယု ဘယ္ကေန ဘယ္လိုလွည့္လာတာလဲ”

” ႏွင္းမႈံက ၀က္သားစားခ်င္တယ္ေျပာလို႔ … ဘႀကီးဖိုးလုံးတို႔ ဒီေန႔၀က္ေပၚတယ္မဟုတ္လား”

စန္းယုစကားေၾကာင့္ ဦးဖိုးလုံးက အံ့ဩတဲ့မ်က္ႏွာနဲ႔ၾကည့္လိုက္ၿပီး

” ေမာင္စန္းယု… ငါတို႔အိမ္မွာ၀က္ေပၚတာကေဆာ့ဟုတ္တယ္… ဒါေပမယ့္ ဒီကိစၥကိုဘယ္သူမွသိတာမဟုတ္ဘူး.. ဒါကို ႏွင္းမႈံက ဘယ္လိုသိေနတာလဲ”

” ဘႀကီးကလဲ ၀က္ေပၚေနတဲ့ခ်ိန္ တစ္ေယာက္ေယာက္ျမင္သြားတာျဖစ္မွာပါ…ဘာလဲ ဘႀကီးက မေရာင္းေပးခ်င္လို႔လား”

” ဟားဟား မင္းတို႔ငါတို႔ကေရာင္းေပးစရာလား… အလကားယူသြား ငါ့ေကာင္ေရ… ေဟ့ က်င္လွေရ… စန္းယုတို႔အိမ္အတြက္ ၀က္တစ္ပိႆာထည့္ေပးလိုက္”

ဦးဖိုးလုံးက မိန္းမျဖစ္သူကိုလွမ္းေျပာလိုက္ၿပီး လယ္ကိစၥအေၾကာင္းေတြစကားစျမည္ေျပာေနခဲ့တယ္။ ခဏၾကာေတာ့ ႏွီးနဲ႔ခ်ည္ထားတဲ့ ၀က္သားတြဲေရာက္လာတာေၾကာင့္ စကားစကိုျဖတ္ၿပီး ျပန္လာခဲ့လိုက္တယ္။
+++++
” ငါ့မိန္းမ ဒီေန႔ ထမင္းစားၿမိန္လွခ်ည္လား”

” ဟီး .. ၀က္သားက စားလို႔ေကာင္းလိုက္တာ”

ပါးစပ္ထဲ ၀က္သားတုံးေတြကို ပလုပ္ပေလာင္စားေနတဲ့ ႏွင္းမႈံကိုၾကည့္ၿပီး စန္းယုတစ္ေယာက္ ၿပဳံးေပ်ာ္ေနခဲ့တယ္။ ဒါေပမယ့္ ႏွင္းမႈံစားေနတာၾကည့္ၿပီး ေပ်ာ္ေနတဲ့အေပ်ာ္က ဟင္းအိုးတစ္၀က္ေလာက္အေရာက္မွာေတာ့ ေပ်ာက္ဆုံးသြားခဲ့တယ္။ ဘာလို႔ဆိုေတာ့ ၀က္သားတစ္ပိႆာခ်က္က ႏွင္းမႈံတစ္ေယာက္ထဲ တစ္ထိုင္တည္းစားခ်လိုက္လို႔ပဲ။

” မိန္းမ .. စားတာေတြအရမ္းမ်ားေနၿပီထင္တယ္… ‌မအီမသာျဖစ္ေနမယ္ေနာ္”

စန္းယုစကားေၾကာင့္ ႏွင္းမႈံက မ်က္ေစာင္းထိုးၿပီး

” ဒါေလးစားတာကို ညိဳညင္ေနတာလား… ”

” အဲလိုလဲမဟုတ္ပါဘူး… ဟိုေလ”

” မဟုတ္ရင္ မေျပာနဲ႔… ဒီ၀က္သားက လတ္လို႔ထင္တယ္ စားလို႔အရမ္းေကာင္း”

၀က္သားတုံးေတြကိုလက္ႏွစ္ဖက္နဲ႔ကိုင္ကာ ပလုပ္ပေလာင္းစားေနတဲ့ ႏွင္းမႈံကို ၾကည့္ကာ စန္းယုတစ္ေယာက္ နားမလည္ႏိုင္ျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ ေသြးသားအေျပာင္းအလဲေၾကာင့္ျဖစ္မွာပါလို႔ေတြးကာ ေျဖသိမ့္ျဖစ္ခဲ့တယ္။

ေနာက္ေန႔ေတြမွာလဲ ဘယ္အိမ္မွာ ဘာေပၚတယ္… ဘယ္သူအိမ္မွာ ဘာအသားရွိတယ္ဆိုတာေျပာၿပီး လိုက္၀ယ္ခိုင္းေနတာေၾကာင့္ စန္းယုတစ္ေယာက္ စိတ္ထဲမသိုးမသန႔္ျဖစ္လာခဲ့တယ္။

တစ္ေန႔ လယ္ထဲမွာ အလုပ္ၿပီးလို႔ ေရေႏြးၾကမ္းေသာက္ေနတဲ့အခ်ိန္

” ဟိတ္ အ႐ူး… သြားစမ္း… ခုနကမွ ‌ေႁခြထားတဲ့စပါးေတြေပၚ ဘယ္ႏွယ့္အမႈိက္ေတြပစ္ထည့္ေနတာလဲ… သြား သြား”

တလင္းဘက္ကေန ထြက္လာတဲ့အသံေၾကာင့္ စန္းယုလဲေရေႏြးခြက္ကိုခ်ကာ အျပင္ထြက္ၾကည့္လိုက္တယ္။

” အေဟး အေဟး… ငါက မင္းထြက္လာတာကိုေစာင့္ေနတာ… ဒီကိုလာစမ္း ေကာင္ကေလး”

ေနပူက်ဲက်ဲထဲမွာ တင္ပလႅင္ေခြထိုင္ေနတဲ့ အ႐ူးက စန္းယုကိုလက္ယက္ေခၚ‌ေနတာေၾကာင့္ အနားကပ္သြားလိုက္ရာ

” ဒီမယ္ ငါ့သား… မင္းမွာ စိတ္ညစ္စရာေတြရွိေနတယ္မဟုတ္လား မွန္မွန္ေျပာစမ္း”

” စိတ္ညစ္စရာကေတာ့ ရွိတာေပါ့”

” ေကာင္ကေလး…. မင္းတို႔အိမ္မွာ ထူးဆန္းတာေတြႀကဳံေတြ႕ေနရတာ အဘသိတာေပါ့… မင္းစိတ္ထဲမွာလဲ တစ္ခုခုကိုေတြးမိေနတယ္မဟုတ္လား”

အ၀တ္အစားဖိုသီဖတ္သီနဲ႔ ညစ္ပတ္ေပေရေနတဲ့ အ႐ူးဆီကေန ဒီလိုစကားထြက္လာတာေၾကာင့္ စန္းယု စိတ္၀င္စားသြားၿပီး

” ခင္ဗ်ားက ဘာေတြသိထားလို႔လဲ”

” ဟားဟား ေလာကမွာ ငါမသိတဲ့အရာဆိုတာမရွိဘူး… ငါအကုန္သိတယ္… သိသိႀကီးနဲ႔မေျပာတာကြ”

” ဒါျဖင့္ က်ဳပ္ကိုေစာင့္ေနတာ ဘာေျပာမလို႔လဲ”

” မင္း ေလာင္းေလွေစတီကိုသိတယ္မဟုတ္လား…”

” သိတယ္ေလ… ထလုံ႐ြာပ်က္ဘက္က ေစတီကိုေျပာတာမဟုတ္လား”

” မင္းေတာ္တယ္ ေကာင္ကေလး… အဲဒီေစတီမွာ လူသူေတာ္သုံးေယာက္ရွိေနတယ္… မင္းအေနနဲ႔ ေစတီကိုေရာက္ေအာင္သြား… ဟိုေရာက္ရင္ အ႐ူးႀကီးေ႐ႊဘလြတ္လိုက္တယ္လို႔ေျပာ… သူတို႔က မင္းမိသားစုကို ကူညီေပးလိမ့္မယ္”

” က်ဳပ္မိသားစုကို ကာကြယ္ရေအာင္ အခုကဘာျဖစ္ေနလို႔လဲ”

စန္းယုစကားကိုၾကားေတာ့ ေ႐ႊဘဆိုတဲ့အ႐ူးႀကီးက ဟက္ဟက္ပက္ပက္ရယ္ၿပီး

” မင္းက ငါ့ထက္ပို႐ူးတဲ့ေကာင္ပဲ… မင္းအိမ္မွာ ထူးဆန္းတာေတြ ျဖစ္ေနတာေတာင္ သတိမမူမိတဲ့ မယားတ႐ူးပဲ ဟားဟားအဟက္အဟက္”

စန္းယုလဲ သူ႔ကို ပယ္ပယ္နယ္နယ္ေျပာေနတဲ့ အ႐ူးကို စိတ္ဆိုးသြားၿပီး

” ေဟ့လူ က်ဳပ္က ဘာလို႔မယားတ႐ူးရမွာလဲ.. ႐ူးေနတယ္ဆိုတိုင္းထြက္ရာေလ်ာက္ေျပာမေနနဲ႔”

” ငါေျပာတာမင္းမယုံရင္ ဒီညအိပ္ခါနီး ေဟာဒီစကၠဴကိုပါးစပ္ထဲငုံထား… အဲ… ဒါနဲ႔ အိမ္ျပန္ရင္ အသားစိမ္းတစ္တြဲ၀ယ္ျဖစ္ေအာင္ ၀ယ္သြား.. အိမ္ေရာက္ရင္ မခ်က္ပဲ အစိမ္းတိုင္းခ်ိတ္ထားလိုက္… မင္းထူးျခားတာတစ္ခုေတြ႕လိမ့္မယ္”

စန္းယုလဲ အ႐ူးေ႐ႊဘေျပာတဲ့စကားကို ၿငိမ္သက္စြာနားေထာင္ေနတဲ့အခ်ိန္

” အေသာကမင္းရဲ႕ သာသနာျပဳရဟန္းေတာ္ေတြက ႏိုင္ငံေပါင္းစုံကိုသြားလာၿပီး ေစတီေပါင္း ၈၄၀၀၀ကိုတည္ထားခဲ့ၾကတယ္…မင္းကိုေျပာတဲ့ ေလာင္းေလွေစတီဆိုတာ အေသာကမင္းတည္ခဲ့တဲ့ ေစတီတစ္ဆူပဲ… အဲဒီေစတီက ၁၀၂၇ဆူေျမာက္တည္ခဲ့တာကြ၊ အဲဒီေစတီတည္တုန္းကဆို နတ္သိၾကားေတြကိုယ္တိုင္ ခ႐ုသင္းမႈတ္ၿပီး ေအာင္စည္ေအာင္ေမာင္းေတြနဲ႔ ေအာင္ပြဲခံခဲ့ၾကတာ”လို႔ေျပာကာ လွည့္ထြက္သြားခဲ့တယ္။

စန္းယုလဲ အ႐ူးေ႐ႊဘေပးသြားတဲ့ စာ႐ြက္လိပ္ကိုကိုင္ၿပီး တစ္ေယာက္ထဲေတြးကာ က်န္ေနခဲ့တယ္။
++++++

ညသန္းေခါင္အခ်ိန္

” ရွပ္ ရွပ္ ရွပ္”

အိပ္ေပ်ာ္ေနရင္းၾကားလိုက္ရတဲ့‌ေျခသံေၾကာင့္ မ်က္လုံးကိုအသာဖြင့္ၾကည့္လိုက္ရာ ႏွင္းမႈံတစ္ေယာက္ ေျခေထာက္ကိုေဖာ့ၿပီး အိမ္ေနာက္ေဖးဘက္ထြက္သြားတာျမင္လိုက္ရတယ္။

စန္းယုလဲ အိပ္ေနရာကေန အသာထၿပီး က်ဴထရံေပါက္ကေန ေခ်ာင္းၾကည့္လိုက္ရာ မီးဖိုေခ်ာင္မွာခ်ိတ္ထားတဲ့ အသားစိမ္းတြဲကို လက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး ပလုပ္ပေလာင္းစားေနတဲ့ ႏွင္းမႈံကိုျမင္ၿပီး ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့တယ္။ ဒါနဲ႔ မသိခ်င္ေယာင္ေဆာင္ၿပီး အသာျပန္အိပ္ေနလိုက္ရာ ခဏေနေတာ့ ႏွင္းမႈံတစ္ေယာက္ျပန္ေရာက္လာၿပီး သူမဟုတ္သလို လွဲခ်ကာ အိပ္ေနလိုက္တယ္။

ဒီအျဖစ္ကိုျမင္တဲ့ စန္းယုတစ္ေယာက္ မိုးလင္းတာနဲ႔ ခေမာက္ကိုယူကာ ေလာင္းေလွေစတီရွိတဲ့ဘက္ကိုထြက္လာခဲ့လိုက္တယ္။ ႐ြာကေန တစ္နာရီေလာက္ လမ္းေလ်ာက္ၿပီးခ်ိန္မွာေတာ့ ထုံသကၤန္းပူေဇာ္ထားတဲ့ ေလာင္းေလွေစတီဆီကိုေရာက္လာၿပီး ေစတီေပၚမွာေတာ့ တရားထိုင္ေနၾကတဲ့ ေယာဂီ၀တ္လူသုံးေယာက္ကို လွမ္းျမင္လိုက္ရတယ္။

စန္းယုလဲ ‌တရားထိုင္ၿပီးတဲ့ထိ ေစာင့္ေနလိုက္ရာ မၾကာခင္ တရားျဖဳတ္ၿပီးထလာၾကတာျမင္ေတာ့ အနားကိုကပ္သြားၿပီး
” ကြၽန္ေတာ္က အ႐ူးေ႐ႊဘလႊတ္လိုက္လို႔ ဒီကိုေရာက္လာခဲ့တာပါ.. ကြၽန္ေတာ္မိန္းမကို ကယ္ပါဦးဆရာတို႔ရယ္”

” မိတ္ေဆြမိန္းမက ဘာျဖစ္ေနလို႔လဲ”

” ညဘက္ေတြဆို အိမ္မွာရွိတဲ့ အသားစိမ္းေတြကို ထထစားေနလို႔ပါဆရာ… ေနာက္ၿပီး အရင္ကနဲ႔လုံး၀မတူေတာ့ပဲ အျခားတစ္ေယာက္ပုံစံမ်ိဳးျဖစ္ေနတယ္ဆရာ၊ သူ႔မွာလဲကိုယ္၀န္ႀကီးနဲ႔ဆိုေတာ့ တစ္ခုခုျဖစ္သြားမွာစိတ္ပူေနမိတယ္”

” အ႐ူးေ႐ႊဘ လႊတ္လိုက္တာဆိုေတာ့ က်ဳပ္တို႔မ်က္ႏွာလႊဲလို႔မရေတာ့ဘူး.. ကဲကဲ မိတ္ေဆြေနတဲ့ဆီကို လမ္းျပေပးပါ.. က်ဳပ္တို႔လိုက္ခဲ့ေပးပါမယ္”

စန္းယုလဲ ၀မ္းသာအားရနဲ႔ ေယာဂီ၀တ္လူသုံးေယာက္ကို လမ္းျပၿပီးေခၚလာခဲ့လိုက္တယ္။ အိမ္ေရွ႕ကိုေရာက္ေတာ့ ဆရာသုံးေယာက္က ခ်က္ခ်င္းမ၀င္ေသးပဲ ၿခံ၀မွာ အင္းစမတစ္႐ြက္ကိုကပ္လိုက္တာကိုျမင္လိုက္ရတယ္။

အိမ္တံစက္ၿမိတ္ေအာက္လဲေရာက္ေရာ အိမ္ေရွ႕ခန္းမွာရွိေနတဲ့ ႏွင္းမႈံက ခ်က္ခ်င္းဆိုသလို အိမ္ခန္းထဲကို၀င္သြားခဲ့တယ္။

” ဆရာ… ကြၽန္ေတာ္မိန္းမက အရင္ကအဲလိုမဟုတ္ဘူး… အရမ္းလူမႈေရးသိတတ္တာ.. ခုမ်ားက်ေတာ့ ဟင္း”

” ခင္ဗ်ားမိန္းမက ႐ုပ္ပဲရွိတာေလ… သူ႔ကိုယ္ထဲမွာအျခားတစ္ေယာက္၀င္ေရာက္ေနတာေၾကာင့္ ခုလိုျဖစ္ေနတာပါ… ဒါနဲ႔ အိမ္မွာ ဂ်ဳံမႈန႔္ရွိလား”

” ရွိတယ္ဆရာ… ”

” ဂ်ဳံမႈန႔္ရွိရင္ ေရနဲ႔နယ္ၿပီး ေမြးကင္းစကေလးပုံစံလုပ္ထားေပးပါ… ခဏေန အဲဒီအရာကိုသုံးၿပီး ႏွင္ထုတ္ရလိမ့္မယ္”

စန္းယုလဲခ်က္ခ်င္းဆိုသလို အိမ္ေပၚမွာရွိတဲ့ ဂ်ဳံမႈန႔္ကို ေရနဲ႔နယ္ၿပီး ေမြးကင္းစကေလးပုံစံျပဳလုပ္ကာ ယူလာေပးခဲ့တယ္။ ဆရာသုံးေယာက္ကေတာ့ ဘုရားေက်ာင္းေဆာင္မွာ ဖေယာင္းတိုင္ထြန္းၿပီး ေနရာယူလိုက္တဲ့အခ်ိန္ အိမ္ခန္းထဲကေန ပစၥည္းေတြကို ပစ္ခ်ေသာင္းက်န္ေနတဲ့အသံကိုၾကားလိုက္ရတယ္။

” ဆရာ … ဘယ္လိုလုပ္ရမလဲ… ေခၚထုတ္လာေပးရမလား”

” ေနပါေစ… ခဏေနလို႔အမိန႔္ျပန္ရင္ သူ႔ဘာသာထြက္လာပါလိမ့္မယ္”

ဆရာျဖစ္သူက စကားဆုံးတာနဲ႔ အမိန႔္ျပန္ၿပီး ၾကမ္းကိုပုတ္လိုက္ရာ အခန္းထဲမွာေသာင္းက်န္းေနတဲ့ ႏွင္းမႈံတစ္ေယာက္ မ်က္လုံးႀကီးျပဴးကာ ေလးဘက္ေထာက္လ်က္ထြက္လာခဲ့တယ္။

” ကဲ … သင္ေရာက္လာၿပီဆိုေတာ့ ဘုရားကို ဦးတိုက္လိုက္ဦး”

” ကိုစန္းယု … ရွင္ ဘယ္လိုလူေတြကိုအိမ္ေပၚေခၚလာတာလဲ… ဒီလူေတြက မေကာင္းတဲ့လူေတြ … ျမန္ျမန္ေမာင္းထုတ္လိုက္”

ႏွင္းမႈံက စန္းယုကို ငိုမဲ့မဲ့နဲ႔ေျပာေနတာျမင္ေတာ့ ဘုရားေက်ာင္းေဆာင္ေရွ႕ထိုင္ေနတဲ့ဆရာက ႏႈတ္ခမ္းေလးတြန႔္႐ုံၿပဳံးလိုက္ၿပီး

” သင့္မူယာမာယာေတြကို သိထားၿပီးၿပီမို႔ … ဒီအခ်ိန္မွာအသုံးမ၀င္ေတာ့ပါဘူး… ကဲကဲ ဘုရား ဦးတိုက္ေခ်”

” မတိုက္ဘူး… ငါသူ႔ကိုၾကည့္ရင္ပူေလာင္တယ္”

ႏွင္းမႈံက ဘုဆတ္ဆန္ေျပာၿပီး ေက်ာေပးေနတာေၾကာင့္ ဆရာျဖစ္သူက

” ကဲ ဆိုင္ရာပိုင္ရာပုဂၢိဳလ္မ်ား ဒီအစြဲေကာင္ကို ဆံပင္ကေနကိုင္ၿပီး ဘုရားကိုဦးတိုက္ခိုင္းပါ” လို႔ေျပာလိုက္ရာ ႏွင္းမႈံရဲ႕ဆံပင္ေတြက ဖြာခနဲျဖစ္သြားၿပီး ခႏၶာကိုယ္က မလႈပ္ရွားပဲ ေရွ႕ဘက္ကို တစ္ေ႐ြ႕ေ႐ြ႕လွည့္လာခဲ့တယ္။ ၿပီးတာနဲ႔ ဦးေခါင္းနဲ႔ၾကမ္းျပင္သုံးခ်က္ေဆာင့္ကာ စန္းယုကိုမ်က္ေထာင့္နီနဲ႔ၾကည့္လိုက္ၿပီး ေတာက္ခတ္လိုက္တယ္။

” သင္ ဘယ္သူလဲ… ”

” ငါ့ကိုသိေတာ့ဘာလုပ္မလို႔လဲ”

” သင္မေျပာဘူးဆိုရင္ ဂိုဏ္းနတ္ေတြကို အကူညီေတာင္းရမွာပဲ… သင့္ေဘးကိုၾကည့္လိုက္စမ္း… ဘယ္သူေတြကိုျမင္လဲ”

” အသားနီနီနဲ႔ဘီလူးေတြျမင္တယ္… ”

” အေနာက္ကိုၾကည့္စမ္း… ဘာျမင္လဲ”

” လွံေတြကိုင္ထားတဲ့ သူေတြျမင္တယ္”

” အင္း… သူတို႔လက္ထဲကိုင္ထားတဲ့ ‌လက္နက္ေတြက သင့္ကိုယ္ကိုတစ္စစီျဖစ္ေအာင္လုပ္လို႔ရတယ္ဆိုတာေကာသိလား”

” သိတယ္… ”

” ေကာင္းၿပီ… ဒါျဖင့္ က်ဳပ္ေမးတာ အမွန္တိုင္းေျဖရင္ သင့္ကိုဘာမွမလုပ္ဘူး… လိမ္ညာေျပာမယ္ဆိုရင္ေတာ့ သင့္ကိုယ္ကိုဇကာေပါက္ျဖစ္ေအာင္ လုပ္ခိုင္းရလိမ့္မယ္”

” စကားရွည္လိုက္တာ… ဘာေမးမွာလဲေျပာ”

” သင္ .. စေနသမီးကိုယ္ထဲကို ဘာေၾကာင့္ ပူးကပ္ေနရတာလဲ”

” ငါကိုခိုင္းလို႔ ပူးကပ္ေနတာဟဲ့”

” သင့္ကို ဘာခိုင္းထားလို႔လဲ..”

” ငါ့ကို သူ႔သေႏၶသားပ်က္က်ေအာင္လုပ္ခိုင္းထားတာ… အဲဒီသေႏၶသားပ်က္က်ရင္ ငါစားလို႔ရတယ္တဲ့”

” သင္က သေႏၶသားစားရရင္ ကိုယ္ထဲကထြက္မွာလား”

” ဟီး ဟီး ငါ့ကိုေကြၽးစမ္းပါ… ‌ေသြးေတြ႐ႊဲနစ္ေနတဲ့ ကေလးအသားစားခ်င္လို႔”

” ဒါျဖင့္ ေဟာဒီ အ႐ုပ္ကို ကေလးအသားလို႔ သေဘာထားၿပီး စားလိုက္”

ဆရာျဖစ္သူက ဂ်ဳံနဲ႔လုပ္ထားတဲ့ အ႐ုပ္ကိုပစ္ခ်ေပးလိုက္ရာ ႏွင္းမႈံက အငမ္းမရဆြဲယူၿပီး ကိုက္ဖဲ့စားပါေလေရာ။

” ေမာင္ေကာင္းနဲ႔ ခြန္းလွက ေလးကြက္အင္းကိုျပာခ်ၿပီး ေရနဲ႔ေဖ်ာ္.. တစ္အိမ္လုံးကိုလိုက္ျဖန္းေပး”

” ဟုတ္ကဲ့ဆရာ”

တပည့္ႏွစ္ေယာက္ ထြက္သြားခ်ိန္မွာေတာ့ စန္းယုက အေနာက္ကေန လိုက္သြားၿပီးၾကည့္လိုက္ရာ အိမ္ေနာက္ေဖးတံဆက္ၿမိတ္နားလဲေရာက္ေရာ ေခါင္မိုးေပၚကေန “ေဖာက္”ဆိုတဲ့အသံနဲ႔အတူ အထုပ္တစ္ထုပ္လိမ့္ဆင္းလာခဲ့တယ္။

ေမာင္ေကာင္းတို႔လဲ က်လာတဲ့အထုပ္ကို ယူၿပီးဖြင့္ၾကည့္လိုက္ရာ ႏွင္းမႈံရဲ႕ဓါတ္ပုံကို ‌ေျခသည္းလက္သည္းေတြပါတဲ့အထုပ္နဲ႔ခ်ည္ေႏွာင္ထားတာကိုျမင္လိုက္ရတယ္။

” ဆရာ… အိမ္ေနာက္ေဖး တံဆက္ၿမိတ္ေပၚကေန က်လာတာ”

” ငါထင္တဲ့အတိုင္းပဲ… ကာယကံရွင္ကိုကံႏွိမ့္ၿပီး အစိမ္းတိုက္ထားတာပဲ…”

” ဆရာ… ဒါကိုဘယ္သူလုပ္တယ္ဆိုတာသိလို႔ရမလား”

” သိလို႔ေကာင္းတဲ့အရာမဟုတ္လို႔ မသိခ်င္ပါနဲ႔ဗ်ာ… က်ဳပ္တို႔အေနနဲ႔ အိမ္ကိုေကာ ကာယကံရွင္ကိုပါ ေနာက္ထပ္ျပဳစားမရေအာင္ လက္ဖြဲ႕အေဆာင္ေတြေပးခဲ့ပါမယ္”

” ဆရာ… ႏွင္းမႈံကိုယ္ထဲမွာရွိေနတဲ့မိန္းမကိုေရာ ဘယ္လိုလုပ္ရမလဲ”

” ဂ်ဳံအ႐ုပ္ကုန္တာနဲ႔ သူထြက္သြားပါလိမ့္မယ္… ခဏေစာင့္ေပးလိုက္ပါ”

စန္းယုလဲ တစ္ေတာင္သာသာရွိတဲ့ ဂ်ဳံ႐ုပ္ကိုကုန္စင္ေအာင္စားေနတဲ့ ႏွင္းမႈံကိုၾကည့္ေနခဲ့ရာ အားလုံးကုန္စင္သြားခ်ိန္မွာေတာ့ ဘုတ္ခနဲလဲက်ကာသတိလစ္သြားခဲ့တယ္။

” ႏွင္းမႈံ… ႏွင္းမႈံ… သတိရၿပီလား”

စန္းယုလႈပ္ႏႈိးမႈေၾကာင့္ ႏွင္းမႈံသတိရလာၿပီး

” ဟို ဟို မ်က္ႏွာျပားျပားနဲ႔မိန္းမေရာ… သူက ႏွင္းမႈန္ဂုတ္ကိုခြစီးထားတာ…”

” ဘယ္သူမွမရွိေတာ့ဘူး… စိတ္မပူနဲ႔ေတာ့ေနာ္”

စန္းယုလဲ ဆရာသုံးေယာက္ကို ေက်းဇူးတင္တဲ့အေနနဲ႔ အႀကိမ္ႀကိမ္ကန္ေတာ့ၿပီး စုေဆာင္းထားတဲ့ေငြအခ်ိဳ႕နဲ႔ကန္ေတာ့ေသာ္လည္း ကန္ေတာ့ေငြေတြကို ကေလးေမြးရင္သုံးဖို႔ျပန္ေပးသြားခဲ့တယ္။

ျပန္ခါနီးမွာလဲ တန္ျပန္စမတစ္ခ်ပ္ေပးခဲ့ၿပီး အိမ္အ၀င္ေပါက္မွာကပ္ခိုင္းထားခဲ့သလို ေနာက္ထပ္အလားတူကိစၥထပ္လုပ္ပါက လုပ္တဲ့သူကိုသာထိလိမ့္မယ္ဆိုတဲ့အေၾကာင္းေျပာျပခဲ့တယ္။

++++
ဒီကိစၥေတြျဖစ္ၿပီး ေလးလေလာက္အၾကာမွာေတာ့ တရားထိုင္ေနတဲ့အခ်ိန္ မ်က္လုံးထဲမွာ မိန္းကေလးတစ္ေယာက္ ဗိုက္နာေနတဲ့ပုံရိပ္ကိုျမင္လိုက္ရၿပီး၊ ခဏၾကာေတာ့ မိန္းမတစ္ေယာက္ မ်က္ျဖဴလန္ကာ အျမဳပ္တစီစီထြက္သတိလစ္ေနတာကိုလဲျမင္လိုက္ရတယ္။

ဒီပုံရိပ္ႏွစ္ခုက ဘယ္သူေတြျဖစ္မလဲဆိုတာ စာဖတ္သူေတြသိၾကမယ္လို႔ထင္ပါတယ္။
+++++
ေအာင္ျမတ္သာတို႔လဲ ေလာင္းေလွေစတီကေနျပန္ထြက္လာၿပီးေနာက္ အစေနာက္သန္လြန္းမႈေၾကာင့္ လူေတြလိပ္ျပာလြင့္ကာ ေသဆုံးၾကရတဲ့ သိုက္နန္းတစ္ခုဆီကိုေရာက္လာခဲ့တယ္။

ဒီသိုက္နန္းထဲမွာေနတဲ့သူေတြက ခ်စ္ဖို႔ေကာင္းသလို၊ ေၾကာက္ဖို႔လဲေကာင္းတယ္။

သူတို႔အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ဖိုးသူေတာ္သိုက္ဆိုတဲ့၀တၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)