ဥစ္စာစောင့်

ဥစ္စာစောင့် (စ / ဆုံး)
————————-
“ဗျို့!!! ဆရာကြီး…ဂျိုးဥ နှိုက်လိုက်အုန်းမှာလားဗျ´´

ရဲဘော်လှထွေး အသံကြောင့်..
ကျုပ် ရေးလက်စာအုပ်လေး ခဏပိတ်ကာ…
လှထွေးဘက်သို့လှည့်ပြီး……

“ဟာ…ငါအဲ့အလုပ်တွေ ဝါသနာမပါဘူးကွ
..ဒါနဲ့. . မင်းကဘယ်သူတွေနဲ့သွားမှာတုန်း..´´

“ကျနော်..တင်မြင့်တို့အုပ်စုနဲ့သွားမလို့..
ချိန်းထားတာ ဆရာကြီးရေ..´´

“အေးအေး..ဂရုစိုက်သွားကြ..ကွာ…
ကိုယ်ဝါသနာနဲ့ကိုယ်ဆ်ိုတော့ ငါ မတားပါဘူးး´´

“ဟုတ်ဟုတ်..ဆရာကြီးရေ..´´

လှထွေးလည်း ကျုပ်ကိုနူတ်ဆက်ပြီး.
.ထွက်သွားလေသည်၊
ကျုပ်လည်း..ထွက်ခွာသွားတဲ့ လှထွေးရဲ့
နောက်ကျောကို ကြည့်ပြီး…လှထွေးရဲ့
ဘဝလေးကို သွားသတိရသွားတယ်၊
လှထွေး ဘဝ ကအရမ်းသနားစရာလေးပါ
မိဘက ငယ်ငယ်လေးကတည်းကဆုံးသွားတယ်၊
အိမ်ကိုလည်း အကြွေးဖြင့် အသိမ်းခံရတယ်၊
ဆွေမျိုးတော့ရှိတယ်တဲ့၊ ရွှေရှိမှ အမျိုးထင်တဲ့အတိုင်းပဲ..ဗျာ၊ ဘယ်အမျိုးမှမဖက်မလုပ်ကြဘူး..
တစ်ကောင်ကြွက်ဘဝနဲ့.
လမ်းဘေး အိပ်၊လမ်းဘေးစား၊ ဘဝလေး..။
တစ်နေ့သူနဲ့ကျုပ်နဲ့တွေ့ပုံက ဒီလိုဗျာ၊
ကျုပ်သင်တန်းကအပြန်၊ ရေငတ်နေတာကြောင့်.
ဆိုင်တစ်ဆိုင်ဝင်ပြီး ရေသန့်တစ်ဗူး ဝယ်သောက်
တယ၊် အဲ့တုန်း က ရေသန့်တစ်ဗူး ဆိုရင်
် ၁၅ ကျပ်၂၀ ပဲ ပေးရတာဗျာ….
ကျုပ်လည်း အရိပ်ကောင်းတဲ့..
အပင်အောကမှာထိုင်ပြီး၊ ဝယ်လာတဲ့ ရေဗူးအား ဖောက်ယူသောက်မိလိုက်တယ်၊
.၊ရေငတ်နေတာကြောင့်..ကျုပ်
ရေဗူးတစ်ဘူးလုံး ကုန်အောင်သောက်လိုက်တယ်၊
သောက်ပြီး ဗူးခွံအား
အပင်ခြေရင်းမှာ လှမ်းပစ်လိုက်ပြီး
ဆက်လျက်အမောဖြေရတယ်ဗျာ..နေကပူ..ချွေး
တွေချွဲ.ဖြင့်..
ဟူး..!!.!!!!
လေပူတစ်ချက် မူတ်ထုတ်မိလိုက်လေသည်၊

ဘယ်အချိန်ကတည်း က ချောင်းနေလဲတော့
မသိဘူး၊ ကောင်လေးတစ်ယောက်က ထိုရေဗူးခွံအားကောက်ချင်နေပုံရတယ်၊ ကျုပ် ယူနီဖောင်းအရှိန်းကြောင့်လားတော့မသိ၊
ထို ကောင်လေးက ကျုပ်ကို ကြောက်နေတယ်ဗျာ၊

“….ဟို..ဟို..ဆရာကြီး..ဒီရေဗူးခွံကောက်လို့့ရလားဗျာ´´

ကျုပ်ကို ကြည့်ပြီး ကြောက်ရွံနေတဲ့ ထိုကောင်လေးမြင်တော့..ကျုပ်..တဟားဟား နဲ သဘာကျ ရီးလိုက်မိတယ်၊

“နေပါအုန်း..မင်းက ငါကိုဘာလို့ကြောက်နေတာ
တုန်းကွ.ငါက ရုပ်ဆိုးနေလို့လား´´

“ ဟာ ဆရာကြီးကလဲ ..မဟုတ်တာ၊
ကျနော်မြင်ဖူးတဲ့ ထဲမှာ ဆရာကြီးက ရုပ်အခန့်ဆုံးဗျာ´´

“ဟား.ဟားဟား.. !!!မင်းကတော့ နှောက်ပြီး၊…
ဒါနဲ့မင်း မိဘတွေရော ဘာကြောင့်ဒီလိုဘဝမျိုး
လုပ်ခိုင်းရတာလဲ၊ ကျောင်းမထားပေးဘူးလား၊´

ကျုပ်အမေး..ကို..
ထိုကောင်လေးမျက်နှာ ကွက်ခနဲ ပျက်ပြီး
ညိုးကျသွားတယ်ဗျာ…
.ပြီးတော့..သူ့က ကျုပ် ကို ပြောရှာပါတယ် ၊
မိဘတွေမရှိတော့ဘူး “တဲ့´´
ကြားလိုက်ရတာ ကျုပ်စိတ်မကောင်းဘူးဗျာ။

“နာမည်ကဘယ်သူလဲကွ၊
အသက်ကရော၊´´

“လှထွေးပါ ဆရာကြီး၊
အသက်ကတော့..၁၆နှစ် ကျော်ပြီး
ထင်တယ်ဗျာ အတိကျ ကျနော်မသ်ိဘူး၊´´

“ အေးပါကွာ၊
ဒါနဲ့မင်း ငါတို့တပ်အဖွဲ့ထဲ ဝင်မှာလားကွ၊
ငါသွင်းပေးမယ်၊´´

“ဗျာ !!ဆရာကြီး တစ်ကယ်ပြောတာလား..
ကျနော်ဝမ်းသာလိုက်တာဗျာ..ဝင်မယ်ဗျာ´´

“သေချာစဉ်စား ကောင်လေး….ရေ
အသက်နဲ့ရင်းရမှာကွ၊ ဘာပဲဖြစ်ဖြစ် စစ်သားဘဝ
ဆိုတာ ၊ မွန်မြတ် တယ်၊
စည်းရုံးတာတော့မဟုတ်ဘူးပေါ့ကွာ
အခုလို ဘဝလေးထက်စာရင်း၊
မင်းဘဝလေးပိုပြီး အကျိုးရှိနေမှာလား တွေးမိလို့
မေးကြည့်တာ…´´

“ကျနော်က ဟိုးငယ်ငယ်ကတည်းက ဝါသနာ
ပါတယ်ဗျာ၊ ဒီအခွင့်ရေးကို ဆုံးရူံးမခံချင်ဘူး
ကျနော် ကို သွင်းပေးပါဆရာကြီး.. ရယ်
စစ်ထဲဝင်ချင်တယ်´´

စိတ်အားထက်သန်တဲ့ လှထွေးလေးက်ို..
ကြည့်ပြီး..ကျုပ်လည်း ဆုံးဖြတ်ချက်ချကာ
လှထွေးလေးကို တပ်မတော်ထဲ သွင်းပေးခဲ့တယ်၊
ခုလည်း သူနဲ့အတူ..စစ်ကိုင်း တံတား အဟောင်း
မှာ တာဝန်ကျတယ်ဗျ၊
သင်္ဘော မှောင်ခိုးတွေ၊ ဖမ်းရတယ်ဗျာ
စစ်ကိုင်းတံတားဟောင်းကိုလည်း လှည့်ပတ်
စောင့်ပေးရတယ်ဗျာ..၊
မသမာ သူတွေရဲ့ တံတားဗုံးတပ်ဆင်မူတွေ
မရှိအောင်လည်း ကင်းစောင့်ပေးရတယ်၊
စစ်သားဘဝက လွှဲတော့မလွှဲဘူးပေါ့ဗျာ၊

ကျုပ်လည်းအတွေးတွေဖြောက်ကာ..လုပ်လက်စ
စာရင်းများ အမြန်ရှင်းလင်းနေမိတော့သည်၊
ညနေ..မိုးချုပ်တော့… လှထွေး တို့အုပ်စု
ရောက်လာပါရော၊
ဆောင်းတွင်းအအေးဒဏ်ကြောင့် ကင်းတဲ ရှေ့မှာ မီးပုံတစ်ခုဖန်တီးလိုက်ကြသည်၊

.နိူက်ယူဖမ်းလာတဲ့..
ဂျိုးကောင်၊ ဂျိုးဥ တွေကို ပျော်ပျော်ပါးပါး.
ချက်ပြုတ်နေကြတော့သည်၊

ကျုပ်လည်း အချမ်းပြေအောင်.ရေနွေးကြမ်း..နည်းနည်းမော့ကာ
လှထွေးတို့ဖမ်းလာတဲ့..ဂျိုးကင်ကို
နည်းနည်းယူစားမိလိုက်လေတော့သည်၊၊

စကားတွေလည်း တဖွဲ့ဖွဲ့ဖြင့်…ပြောဆိုပြီး၊
ည ၁၁ နာရီထိုးနေပြီး၊ ကျုပ်လည်း တစ်နေ့ကုန်
ပင်ပန်းထားတာကြောင့်…
ကင်းတဲ တန်းလန်းခုံမှာ စောင်ပါးလေးတစ်ထည်ခြုံပြီးကျုပ် အိပ်ပျော် သွားခဲ့တယ်၊၊

“ အား..အု….အီ…..!!!!
ဆရာ.ကြီး…ကယ်ပါအုန်း….ကျ..ကျနော့ကို´´

ွှလှထွေး အသံ.ကြောင့်..ကျုပ်အိပ်ယာက..လန့်နိုးလာကာ…ကျုပ်ထထိုင်မိလိုက်လေသည်၊

မအီမသာ ဖြစ်နေတဲ့…လှထွေးလေးကို မြင်တော့
ကျုပ်..အရမ်း..စိတ်ပူသွားသည်၊

“ ဟင် !!!!! လှထွေး မင်းဘာဖြစ်နေတာလဲ..
နေမကောင်းလို့လား..´´

ကျုပ် စိုးရိမ်စွာမေးလိုက်မိလေသည်၊၊

“ မသိဘူး ဆရာကြီး..ကျ…ကနော်..
ဘာအစားမှားလဲတော့မသိ ဘူး…..
ဗိုက်ထဲလေးလုံးကြီးပုံစံ..လိမ့်ပြီး..သွား..နေတာ..
အရမ်း ခံ..ခံရခက်တယ်….ကယ်ပါအုန်းဆရာကြီး
ရယ်…….´´

အား…အီ…ကျွတ်ကျွတ်….
လှထွေးလည်း.အသားကုန်.ငြီးပြနေမိသည်၊

“ဟင်…!!!! ပြစမ်း ငါကို….´´

ကျုပ်လည်းပြောပြောဆိုဆိုဖြင့်…လှထွေး ဗိုက်အား..သေချာလှန်ကြည့်မိလိုက်လေသည်၊
အဟုတ်ပဲ.ဗျာ…လှထွေး..ရိုးရိုးလေထိုးခြင်းမဟုတ်၊
အစားမှားခြင်းမဟုတ်၊ တစ်စုံတစ်ယောက်..ပညာ
အစွမ်းဖြင့်..ပြုလုပ်ထားခြင်းပင်ဖြစ်သည်၊
ကျုပ် အခုလိုသိရတယ်ဆိုတာကလည်း…
မနောစိတ္တုပ္ပါဒ် ဂိုဏ်းအဖွဲ့ဝင်ထားခြင်းကြောင့်
ပင်ဖြစ်သည်။

ကျုပ်လည်း..ဆေးပွဲက…ယူလာတဲ့…
ဆရာတော်ဘုရားကြီးရဲ့…ဆေးများ၊.ပရောဂ
ထုတ်ဆေးများ..၊ အစရှိတဲ့..ဆေးများကို
ရေဖြင့်ဖော်စပ်ပြီး၊ ရတနာ( ၃ )ပါး ဦးခိုက်ရှိးခိုးပြီး.
ထိုဆေးကိုမွှေနှောက်..တိုက်လိုက်လေတော့သည်၊
ဆေးအစွမ်းကြောင့်..ချက်ချင်း ဆိုသလ်ို..ဗိုက်က
အလုံးကြီး..တဖြေးဖြေးနဲ လျော့ကျသွားသည်၊

“ ဟာ..ဆရာကြီး..အရမ်းစွမ်းတာပဲ.ဗျာ…
မထင်ရတော့….´´

လှထွေးရဲ့…ချီးကျူးစကားတွေက..စာဖွဲ့လို့
မကုန်ဖြစ်နေမ်ိလေသည်၊၊

“သက်သာသွားပြီး လှထွေး…´´

“ ဟုတ်..ဟုတ်…ဆရာကြီး.
သက်သာသွားပြီ.. ´´

“အေးအေး..မင်းလည်းသွားအိပ်တော့…
မနက်စောစောထရမှာ…ငါလည်းအိပ်ချင်ပြီးကွ.°´

လှထွေးလည်း..ကျုပ်အား..နူတ်ဆက်ပြီး..
ကင်းတဲအဆောင်ထဲသို့..ဝင်သွားလေသည်၊
.ကျုပ်လည်းအိပ်ချင်နေတာကြောင့်…ခုံတန်းလျားပေါ်မှာပဲ..အမြန်ဆုံး..အိပ်ယာ
ပြင်ဆင်ပြီး..တချိုးတည်း
အိပ်ပျော်မိလိုက်မိလေသည်၊၊
▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇

ညဉ့်နက် အချိန်……

“ဆရာကြီး ရှင့်..ဆရာကြီး´´

နားထဲ..အမျိုးသမီး တစ်ဦး ပီပီပြင်ပြင်.ခေါ်လိုက်တဲ့.အသံကြောင့်…

ကျုပ် အိပ်ချင်မူးတူးနဲ့ထ ထိုင်ကြည့်တော့.
အရပ်ဒေါင်ကောင်းကောင်းဖြင့်.
ဆံပင် ဖျားလျားကြီး ချကာ အမျိုးသမီးကြီး ၅ဦး
ပင်ဖြစ်သည်၊၊

ကျုပ်လည်း ကိုယ်မျက်လုံးကို မယုံတာနဲ့..
သေချာပွတ်သပ်ပြီး ကြည့်မိလိုက်လေသည်၊
ထင်ထင်မြင်မြင် ရပ်နေတာကြောင့် ကျုပ်အိပ်မက်
မဟုတ်မှန်းသိလိုက်ရတော့…ကျုပ်..အံသြတသြ
ဖြင့်..မေးလိုက်မိလေသည်၊

“ ခင်ဗျား တို့ကဘယ်သူတွေလဲ..
ဘယ်ကလဲ….ဘာကိစ္စလဲ ဗျာ´´

စစ်သားဆိုတဲ့ ဂုဏ်ပုဒ် နဲ့မကြောက်မိအောင်
မနည်းနေလိုက်ရတယ်ဗျာ စိတ်ထဲတော့ ကြောက်နေသား……

“ ကျွန်မတို့က တံတားစောင့်တဲ့..သူတွေပါ
လာရင်းကိစ္စကတော့ ဆရာကြီး ရဲဘော်တွေ
ညက ဂျိုးလာနိူက်တုန်းက ကျွန်မ တို့့အင်းပြားတွေ ယူသွားလို့လာတောင်းတာပါ´´

ဟေ!!!!!

ကြားလိုက်ရတဲ့စကားကြောင့်..ကျုပ် မျက်ခုံး နည်း
နည်းတွန့်သွားတယ်ဗျာ…..

“ခု ဆရာကြီးရဲ့အစွမ်းအစကိုသိလိုက်တော့…ကျွန်မတို့.သူ့ကို ဆက်မနှောက်ယှက်ရဲတော့ပါဘူး.
ဒါပေမယ့် ကျွန်မတို့ပစ္စည်းကိုသာပြန်ပေးပါ´´

“ဘယ်လိုမှ သဘောမထားပါနဲ့ဗျ
အမှန်တစ်ကယ်ယူလာခဲ့ရင် ကျုပ်မနက်ဖြန်
လာပို့့ပေးဖို့ကတ်ိပေးပါတယ်ဗျာ´´

“ ဟုတ်ကဲ့ပါရှင့်..ကျေးဇူတင်ပါတယ်
ခွင့်ပြုပါအုန်း ဆရာကြီး..´´

ထိုသို့ ပြောရင်းပြီး..ထိုအမျိုးသမီး ၅ ဦး..အမှောင်အရိပ်အတွင်း ဝင်ရောက် ပြောက်ကွယ်သွားလေတော့သည်၊

ကိုမျက်စိနဲ့ကိုယ်တောင်၊ မယုံကြည်မိတော့
တာအမှန်၊.၎င်း အဖြစ်အပျက်နဲ့ပတ်သက်ပြီး..ညက တော်တော်နဲ့အိပ်မပျော်…ကြောက်ကလည်းကြောက်တာမို့
မနက် အလင်းတန်းပြုစရောက်မှ.ကျုပ်အိပ်ပျော်ဖြစ်ခဲ့တယ်၊
…………………………………………………..

“ လှထွေး ခဏလာအုန်းကွာ´´

ကျုပ်ခေါ်သံကြောင့်..လှထွေး အပြေးအလွှားရောက်လာခဲ့လေသည်၊

“ ဆရာကြီး ဘာများခိုင်းစရာရှိလို့လား´´

“ခိုင်းစရာတော့မရှိဘူး လှထွေးရေ မင်းတို့တွေ
ညက ဘာတွေ လုပ်ခဲ့သေးလဲ ပြောစမ်း´´

“ဘာမှမလုပ်ဘူး လေး ဆရာကြီးရဲ့
ညက ဂျိုး၊.နိူက်ခဲ့တယ် လေ ၊´´

“ အေး ဆက်ပြော´´

“ပြီးတော့ကင်စားကြတယ် ဆရာကြီးရဲ့´´

“ဟာ!!!!!!
ဒါတော့ ငါသိတာပေါ့ လှထွေးရ …
မင်းတို့ဂျိုးနိူက်တုန်း ဘာပစ္စည်း တွေယူလာလဲ
မေးတာကွ´´

“အဲ..ဟို..ဟို.လေ.ဆရာကြီး
ည က ဂျိုးနိုက်တုန်း…
ဘာ.အပြားလေး တွေလည်းတော့ မသိဘူး
လှလို့ယူ လာတာ´´

“ဟေ!! ပြစမ်း..ငါ ကို´´

“ဟုတ်ဟုတ် ဆရာကြီး´´

လှထွေးလည်း နားမလည် စွာဖြင့်.
ကင်းတဲဆီကို..ထိုပစ္စည်းအား အပြေးအလွှား
ယူမိတော့သည်၊

“ ဆရာကြီး ဒီပစ္စည်းတွေပဲ´´

ကျုပ်လည်း လှထွေးပြတဲ့အပြားတွေကို.သေချာကြည့်မိလိုက်လေသည်၊
ကြေးပြားပုံ သဏ္ဍာန်ပါပဲ
သေချာတော့နားမလည်ဘူး…..

“ လှထွေး ညက မင်းဗိုက်အောင့်..
တာ ဒီအင်းပြားကြောင့်…ကွ…´´

“ ဗျာ…!!!!!
ဟုတ်…ဟုတ်..လား…ဆရာကြီးရယ်….´´

“အေး..ဟုတ်တယ်…မင်း သူတို့အင်းပြားယူသွား
လို့…မင်း ကို မနှပ်ဖြစ်လို့..အသေလုပ်ထားဒါ..
ဆရာတော်ဘုရားကြီးဆေးတော်ကြောင့်..
မင်းကံကောင်းသွားတယ်မှတ်.
..နောက်ပြီး.
အဲ့..အမျိုးသမီး၅ ဦး ဒီအင်းပြားကို..ပြန်လာထား
ပေးခဲ့.ဖို့.မှာကြားသွားတယ်….ငါ လည်း..ကတိပေး
လိုက်တယ်…..

“ဟင်…!!!!
ဆရာကြီး…တ..တစ်ကယ်ပြောတာလားဗျာ
ကြောက်စရာကြီး´´

“ အေး ဒီအင်းပြားကြောင့် ညက ငါလည်း
အိပ်မပျော်ဘူးကွ !!! သွားသွား သူ့နေရာသူပြန်ထား
ပေးလိုက်´´

“ ဗျာ!! ကျနော် ကြောက်တယ်ဗျာ ပို့ရဲဘူး
ဆရာကြီး၊´´

“ဟာ မင်းမပို့ရဲရင်လည်းကွာ
တင်မြင့်ကို အဖော်ခေါ်သွား..ဟုတ်ပြီးလား…
နောက်..သူများပစ္စည်းဘာတစ်ခုမှ..မယူခဲ့နဲ့..
ကြားလား….´

“ ဟုတ်..ဟုတ် …ဆရာကြီး.. ´´

လှထွေးလည်း ထို အင်းပြားများ ယူသွားပြီး
တင်မြင့်နဲ့အတူပြန်ထားပေးလိုက်လေသည်၊
စစ်သားသာပြောတာ ဒီကောင်
ကြောက်လိုက်တာလွန်ရောဗျ…
နောက်ဂျိုးနိုက်သွားဖို့ တင်မြင့်တို့လာခေါ်ရင်..
လှထွေးမလိုက်ရဲတော့ဘူးတဲ့.လေ…..

ပြီးပါပြီ ခဗျာ ။….🙏🙏

#Credit