ဥစ္စာစောင့်မမြနှင်း

ဥစ္စာစောင့်မမြနှင်း (စ/ဆုံး)

————————

“အေး တားမရလဲ သွားပေါ့ ရွာမှာ တစ်ပတ်လောက်ပဲနေနော် ဒီက နင့် အဖေ အလုပ်ကိုဝိုင်းကူဦး”” ဟု ပြောသော အမေ့ရဲ့ ပူညံပူညံ အသံနဲ့ဝေးရာကို ထွက်လာခဲ့မိသည်
ဒါပေမယ့် သွားခွင့်ပြုခဲ့တဲ့အတွက် အရမ်းပျော်ရွှင်သွားခဲ့သည်

သူ့နာမည်က သက်နောင်ထွန်း
ဆယ်တန်းဖြေထားပြီး ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ပဲ သူ့အဖေပွဲရုံလိုလို သူ့အမေစတိုးဆိုင် ဝိုင်းလုပ်မလိုလိုနဲ့ ဆိုင်ကယ်တစ်စီးနဲ့ လွင့်နေခြင်းဖြစ်သည် အဖေဖြစ်သူက မကွေးမြို့ပေါ်မှာ ပဲ-စပါး ရောင်းဝယ်ရေး ပွဲရုံထောင်ထားသလို အမေကတော့ အိမ်မှာပဲ စတိုးဆိုင်ဖွင့်ထားသည်
တစ်ဦးတည်းသော သားလေးမို့ မိဘများရဲ့ အလိုလိုက်ခြင်းခံထားရလေသူပေါ့
ခုလည်း ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ် အမျိုးလည်းတော်တဲ့ ” ချစ်မင်း”တို့တစ်တွေရှိရာ ထနောင်းကုန်း ရွှေလှေ ရွာရဲ့ ဓလေ့ထုံးတမ်း နတ်ပွဲကို သွားဖို့ဖြစ်သည်
သူငယ်ချင်းတွေနဲ့လည်းမတွေ့ဖြစ်တာကြာတော့ သွားလည်ချင်လို့ဖြစ်သည်
မကွေးမြို့နဲ့ သူတို့ရွာနဲ့ဆို ဆိုင်ကယ်နဲ့ တစ်မနက်တောင်မမောင်းရပေ
ချစ်မင်း မကွေးကို ကျောင်းလာတက်ပြီး အပြန်ကတိုင် လိုက်ဖို့ ရည်ရွယ်ထားပေမယ့် အမေတို့ကိုပြောမရတာနဲ့ မလိုက်ရတာ
ခုတောင်တော်တော်ပြောယူလိုက်ရတယ် ဒါတောင် “ချစ်မင်း” ကို ဖုန်းဆက်ပြီး ကူပြောခိုင်းလို့

အမေက သူ့တူကိုတော့ ချစ်သည် အမေနဲ့ ချစ်မင်း အဖေက မောင်နှမ ဝမ်းကွဲ တွေ ကျောင်းလာတက်တုန်းကလည်း အိမ်မှာပဲ နေတာဆိုတော့
ဟိုကောင်ကလည်း တီလေး တီလေးနဲ့ မြှောက်စားတတ်တော့ ချစ်မင်း တစ်ခွန်းပဲဖြစ်သည်
အမေ့ဆီက ခွင့်ပြုချက်ရတာနဲ့ ချစ်မင်း ဆီ ဖုန်းဆက်ပြီး အဝတ်အစား အနည်းငယ်နဲ့ သုံးဖို့ ပိုက်ဆံအလုံအလောက်ယူပြီး ထွက်လာခဲ့သည်
“” သား ဟိုရောက်ရင် သား ဦးလေး ကို သတိရတယ် လို့ပြောပေးဦးနော် ကျန်တာတော့ ဖုန်းထဲကပဲ ပြောတော့မယ် “”
“” ပြီးတော့ သား ဟိုရောက်ရင် ပါးစပ် စည်းစောင့်နော် အဲဒီဘက်က ပါးစပ်ကပေါက်ကရပြောလို့မရဘူး “”
“” ဟုတ်ကဲ့ပါ အမေရယ် သားလည်းကလေးမဟုတ်ပါဘူး “”
ဟု ပြန်ပြောရင်း အမေ့ကို ကန်တော့ကာ ထွက်လာတော့သည်
အဖေ့ပွဲရုံကို ဝင်ပြီး အဖေ့ကိုလည်း ကန်တော့ခဲ့ သည်
စိတ်ထဲမှာတော့ အဖေနဲ့အမေ့ကို ကန်တော့ရင်းတစ်ခါမှ မခံစားဘူးသော ခံစားမှုမျိုး ခံစားမိသည် ဝမ်းနည်းစိတ်လိုလို ဘာလိုလိုနဲ့ ဒါမဲ့ ချစ်မင်းနဲ့ သူငယ်ချင်းတွေကို တွေ့ရတော့မယ့် စိတ်ကြောင့် ပျော်ရွှင်မှု တွေနဲ့အတူ ဆိုင်ကယ်မောင်းထွက်လာတော့သည်
**********************
ခုလိုထွက်လာခဲ့ခြင်းသည် သူ့အတွက် ပြန်လမ်းမရှိမှန်းကို သူသိခဲ့လျှင်**************

“” မင်း ကလည်း စောစောလေးထွက်မလာဘူး မင်းကို ကျောင်းတော်ရာ လိုက်ပို့မလို့ မနက်ဖြန်ဆို နတ်ကြီးပွဲနေ့ရောက်ပြီဆိုတော့ နတ်ပွဲပြီးမှပဲ လိုက်ပို့တော့မယ် ကွာ”” ဟု ချစ်မင်း က ခရီးရောက်မဆိုက်ပင် ပြောသည်
“” အေး ငါလည်း အမေ့ပြောပြီး သူလွှတ်တဲ့နေ့ပဲ လာရတာ ဟ””
“”အေးပါကွာ မင်းလဲ ဆိုင်ကယ်မောင်းလာရတာ မောရောပေါ့ ခဏ နားပြီး ရေချိုး ;
မင်းလာမယ်ဆိုလို့ ဒေါ်လေးထမင်းချက်ထားတယ် ညကျမှ ငါတို့အိမ်မှာစား နောက်နေ့တွေကျ ဦးဦးတို့ ဒေါ်လေးအငယ် အိမ်တွေ မင်းလိုက်စားရမှာ ငါရော လိုက်စားပေးပါ့မယ်”” ပြီးရင် မင်းသိချင်နေတဲ့ ငါတို့ရွာ တွေရဲ့ သမိုင်းကြောင်းကို အမေကြီးကို သွားမေးမယ် ချစ်မင်းလည်း သူ့အစီအစဉ်များကိုပြောပြသည်
ရွာမှာက ရပ်ဝေးဆွေမျိုး တစ်ယောက်ယောက်လာရင် ထမင်းခေါ်ကျွေးကြသည် ထမင်းမစားရင် မကြိုက် အမျိုးတွေဟု မသတ်မှတ်သည် လို့ထင်ကြသည်

ရွာနတ်ပွဲက တစ်နှစ်တစ်ကြိမ်ကျင်းပပေးရခြင်းဖြစ်သည် ထနောင်းကုန်းရွာ တစ်လှည့် ရွှေလှေရွာ တစ်လှည့်ဖြစ်သည်
ဒီနှစ်တော့ ချစ်မင်းတို့ ထနောင်းကုန်းအလှည့် ချစ်မင်းတို့ရွာက အိမ်ခြေ ၆၀၀ ခန့်ရှိသော ရွာကြီးဖြစ်သည်
ရွာနီးချုပ်စပ်အကုန် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြခြင်းဖြစ်သည်
ထိုသို့နတ်ပွဲကျင်းပပေးမှ လယ်ယာလုပ်ငန်းအဆင်ပြေကြသည် ဟု ယုံကြည်မှုများရှိသည်
ပြောရလျှင် ယနေ့ထက်တိုင် နတ်ကိုးကွယ်မှု ရှိနေသေးသော ရွာများဖြစ်သည်

“”အမေကြီး ဒီမှာ ဖိုးနောင်လာတယ် နတ်ပွဲလာလည်တာလေ”” ဟု ချစ်မင်းက အမေကြီး ကိုပြောသည်
“”ဟေ ဖိုးနောင်လား အေးကွယ် မတွေ့ရတာလည်းတော်တော် ကြာတော့ ငါ့မြေးတွေကို မမှတ်မိတော့ဘူး ငါ့မြေးက မြို့သားလို့မပြောရဘူး ဖွေးဖွေးချောချောကြီးပဲ”” အမေကြီးကလည်း မတွေ့ရတာ တော်တော်ကြာနေတဲ့ သူ့မြေးချောကို ချီးမွမ်းခမ်းဖွင့်နေသည်
ရွာက သူတွေက သက်နောင်ထွန်း ကို ဖိုးနောင် လို့ပဲခေါ်ကြတာ
“”အမေကြီး ဒီလိုပါ ဖိုးနောင်က သားတို့ ရွာတွေရဲ့ ရာဇဝင်တွေကို သိချင်လို့တဲ့ အဲဒါအမေကြီး ပြောပြပေးပါဦး “”ချစ်မင်း လည်း လာရင်းကိစ္စကို ပြောသည်
“”ဟုတ်တယ် အမေကြီး သားလည်း သိချင်တာကြာပြီ ဒီနတ်ကြီးပွဲ ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာ သိချင်တာပါ ချစ်မင်းကို မေးကြည့်တော့လည်း သိပ်မသိလို့ အမေကြီးကို မေးဆိုလို့ “” ဖိုးနောင် ကလည်း ဝင်ပြောသည်
“” အေး ဒီလိုကွယ့်
ခု တို့ကိုးကွယ်နေတာက ‘အမတော် မောင်တော် ‘နတ်နှစ်ပါးပဲ
အမေကြီးတို့ရွာ ရဲ့ ပထမနာမည်က ထနောင်းကုန်းမဟုတ်ဘူးကွယ့် ‘ထီးလပ်ကုန်း’ နောက်ပိုင်းမှာမှ အခေါ်အဝေါ်တွေပြောင်းပြီး ထနောင်းကုန်း ဖြစ်သွားတာ
ထီးလပ်ကုန်း ရဲ့ အဓိပ္ပာယ်က မဏီစည်သူမင်း ဟာ အမတော်ကို သိမ်းပိုက်ပြီး ၉နှစ်သားအရွယ် မောင်တော်ကို ၉ပေအရှည်ရှိတဲ့ ထီးကိုမိုးခိုင်းတယ် အဲဒီထီးဟာသူ့အရွယ်နဲ့ မလိုက်တော့ ထီးလပ်သွားခဲ့တယ် အဲဒါကို အစွဲပြုပြီး “ထီးလပ်ကုန်း” လို့ အမည်တွင်ခဲ့တာ နောက်ပိုင်းတော့ အခေါ်များပြီး “ထနောင်းကုန်း”ဖြစ်သွားခဲ့တာ ကွယ့်
တို့ရွာ အနောက်ဘက်က ‘ကံကုလား’ ရွာကတော့ ပထမ နာမည်က “ကံကုံလား” လို့ခေါ်ကြတယ်
မဏီစည်သူမင်း ဟာ အမျက်တော်ရှသွားခဲ့ပြီး မောင်တော် ကို ကွက်မျက် လိုက်တဲ့နေရာ ကို “ကံကုံလား”လို့ အမည်တွင်ခဲ့တာ နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ “ကံကုလား”ဖြစ်သွားတာ
“အမတော်” ကိုလည်း ဖောင်တော်ဦးထိပ်မှာ ခေါင်းလျှော်လို့ဆိုပြီး ကွက်မျက်ခဲ့တယ် အဲဒါတွေကို အစွဲပြုပြီး “ကံကုံလား”လို့ မှည့်ခေါ်ခဲ့ကြတာပေါ့
ခုတော့လည်း အချိန်တွေ ပြောင်းလာတော့ “ထီးလပ်ကုန်း ;ကံကုံလား ” တွေ ပျောက်ကုန်ပြီပေါ့ “”
ရွှေလှေ ရွာကတော့ ရွာထိပ်က ညောင်ပင်ကြီးကို “ရွှေအပြည့်ပါတဲ့ ရွှေလှေကြီး ထိုးဆိုက် လာလို့ အစွဲပြု ခေါ်ထားတာလို့ ပြောကြတာပဲ

“”အမေကြီးတို့ ထနောင်းကုန်း ရွှေလှေက တစ်နှစ်တစ်ကြိမ် တစ်လှည့်ဆီ “အမတော် မောင်တော် ” နတ်ပူဇော်ပွဲ ကျင်းပကြတယ် ကံကုလားလည်း တစ်နှစ်တစ်ကြိမ် ကျင်းပပေးတယ်
ဒီနယ်တစ်ဝှိုက်မှာတော့ အမတော် မောင်တော်ကို မယုံကြည်သူ မရှိကြဘူး
အလျှူပွဲဆို ရှင်လောင်းလှည့်ပြီး လာပြရတယ်
မင်္ဂလာဆောင်ဆို ညနေ ၅ နာရီလောက်မှာ သတို့သား သတို့သမီးနဲ့ တိုင်တည်တတ်တဲ့ အမေကြီးတစ်ယောက်လောက်နဲ့ လာအပ်ရတယ် အဲဒါမှ အိမ်ထောင်တည်မြဲတယ်လို့ ယူဆကြတယ် နယ်ဝေးရောက်နေခဲ့ရင်တောင် မရောက် ရောက်အောင်လာပြီး ပြရတယ်
အခြားမြို့တွေကို အလုပ်လုပ်ထွက်ရင် နတ်ကွန်းက ပဝါစအနီကို ဆောင်သွားမှ အန္တရာယ်ကင်းရှင်းတယ်လို့ အယူအဆရှိတယ်
အိမ်တိုင်းအိမ်တိုင်းမှာလည်း အမတော် မောင်တော် ကို ရည်ရွယ်ပြီး အုန်းဆွဲတဲ့ ဓလေ့ရှိတယ် တစ်နှစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ် မုန့်ဖြူ မုန့်နီ ကွမ်း နဲ့ ဆက်ကပ်ရတယ်
နတ်ပွဲမကျင်းပတဲ့ နှစ်ဆို ရေကြီးတယ် စပါးမထွက်ဘူး လယ်သမား တွေ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတတ်လို့ ရိုးရာမပြတ် ခုလို ကျင်းပပေးနေကြတာပေါ့ “”
”ဖိုးချစ် ဖိုးနောင်လေးကို မနက်ကျနတ်စင်ကို ခေါ်သွားပြလိုက်ဦး ကန်ဦးကျောင်းဘက်တော့ မရောက်စေနဲ့နော်” အမေကြီးလည်း မောသွားဟန်နဲ့ ရေနွေးခရား ငှဲ့သောက်သည်

“”ဟုတ်ကဲ့ အမေကြီး ကျွန်တော်တို့လည်း ဗဟုသုတ ရသွားပါပြီ ခုလို အကြောင်းဆုံသိထားရတော့ သူများတွေကိုလည်း ပြန်ပြောပြလို့ရတာပေါ့ “”လို့ ဖိုးနောင် ပြောရင်း “အမေကြီး သားတို့ သူငယ်ချင်းတွေဆီသွားဦးမယ်”ဟု အမေကြီးကို နှုတ်ဆက်ကာ နှစ်ယောက်သား ထွက်လာခဲ့တော့သည်

လမ်းလျှောက်ရင်း ဖိုးနောင်လည်း သူသိချင်တာကို မေးသည်
“ငချစ် အမေကြီးက ကန်ဦးကျောင်းဘက်ကို ဘာလို့မသွားခိုင်းတာလဲ ”
“ဟင် အဲဒါလား ဘာမှမဟုတ်ပါဘူးကွာ မင်း လူစိမ်းမို့လို့ မခေါ်ခိုင်းတာ စိတ်ထဲမထားနဲ့တော့ ဟိုရှေ့မှာ မျိုးသက်တို့ အိမ်ရောက်ပြီ ” ချစ်မင်း လည်း ရှေ့ကဦးဆောင်ရင်းအိမ်ထဲဝင်သွားသည်
“ဒွေးလေး မျိုးသက် ရှိလား ဒီမှာ ဧည့်သည်ပါလာလို့ ”
“အေး ရှိတယ် ဖိုးချစ်ရေ မင်းသူငယ်ချင်း နွားခြံစင်အောက်မှာ နွားစာစင်းနေတယ် သွားသွား နောက်ဖေးမှာ ဒွေးလေး လက်ဖက်သုပ်လိုက်ဦးမယ် အိမ်ရှေ့ခေါ်လာခဲ့” ဟု ပြောရင်းမီးဖိုချောင်ထဲ ဝင်သွားသည်
“ငသက်ရေ ” ခေါ်လို့မှမဆုံးသေး
” အေးးး ငါသိပါတယ်ကွာ မင်းတို့ရောက်နေမှန်း
ငါလဲ စင်းလက်စလေးပြီးအောင် ဖြတ်နေလို့ ဟ ” ချစ်မင်းတို့နောက်ဖေးတောင်မရောက်သေး မျိုးသက် ထွက်လာသည်
“လာကွာ အိမ်ရှေ့က ကွပ်ပျစ်ပေါ်သွားကြမယ် ”
“ဟာ မြို့သားကတော့ ဖွေးနေတာပဲဟေ့ ပြီးတော့ ငါ့ကောင်ကြီး ခန့်လာတယ် ဟ” မျိုးသက်လည်း မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို စနောက်သည်
“တော် တော် ဆက်မပြောနဲ့ ငါသိတယ် မင်းအကြောင်း မင်းငါ့ကို အဲလိုပြောရင် ငါ့အိပ်ကပ် ပိန်သွားတာပဲ “အထာနပ်နေပြီဖြစ်သော ဖိုးနောင်က ဆီးပိတ်သည်
ဟုတ်လည်းဟုတ်တယ်လေ မကွေးမှာ ကျောင်းအတူတက်တော့ မျိုးသက်များ ဒီလိုပြောလာလျှင် ဒကာက ဖိုးနောင်ဖြစ်သွားတော့သည်
“စိတ်ချ ငါ့မှာ အပြည့်ပါတယ် ဒီညပဲ ကျန်တဲ့ကောင်တွေပါ ချိန်းထားလိုက် စတိတ်ရှိုး မစခင် ကစ်ကျမယ်” ဖိုးနောင် က သူ့အိပ်ကပ်လေး ပုတ်ပြရင်း လက်မကို ပါးစပ်ထဲထည့်သည့်ပုံ လုပ်ပြသည်
ခဏနေတော့ ဒွေးလေး ယူလာသော လက်ဖက်သုပ်စား ရေနွေးကြမ်းသောက်ရင်း သူငယ်ချင်းသုံးယောက် ကျောင်းတုန်းကအကြောင်းတွေ ပြောဆိုနေကြတော့လေသည်

စတိတ်ရှိုး စသည်နဲ့ ချစ်မင်းတို့ အုပ်စု သောက်လက်စတွေကို ဖြတ်ကာ ဆိုင်ထဲမှ ထွက်လာပြီး ဇာတ်ခုံ အနီးနားရောက်အောင်သွားရင်း ခုန်ပေါက်ကခုန်ကြသည်
ဟိုကလည်း ဆိုချင်တာဆို သူတို့အဖွဲ့လည်း အရှိန်လေးနဲ့ ခုန်ပေါက်မြူးထူးနေကြသည်
ဖိုးနောင် စိတ်ထဲတွင်မတော့ မြို့က ကလပ်ထက်ပင် လွပ်လပ်စွာ ပျော်ပါးရသည်ပင် ထင်မိသည်
စတိတ်ရှိုးပြီးတာနဲ့ ဖိုးနောင် အိမ်ပြန်ချင်သည် ဟု ဆိုသဖြင့် ပြန်အိပ်ကြတော့သည် ***********************

‘ကို ‘ ‘ကို’တစ်ကယ်လိုက်လာတယ် ဟုတ်လား မြနှင်း အရမ်းပျော်တာပဲ သိလား”

” မြနှင်း” ရယ် “မြနှင်း”ကို ‘ကို’ဘယ်လောက်ချစ်တာ “မြနှင်း”သိပါတယ်
သိပါတယ် ‘ကို’ အဲဒါကြောင့်လည်း ‘ကို’့ ကို ”မြနှင်း”ပြန်မလွှတ်နိုင်တော့ဘူး
“ဖိုးနောင် သူတို့ရောက်နေတဲ့နေရာကို ကြည့်လိုက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်းရဲ့ ထိပ်မှာ ဖြစ်သည်
ဘုရားပြို ဘုရားပျက်များနှင့်အတူ ပြန်လည်ပြုပြင်မွန်းမံထားသော စေတီကြီးတစ်ဆူကို လည်းတွေ့ရသည် စေတီတော်ကြီး ရဲ့ ဘွဲ့နာမည် ကို ဖတ်ကြည့်လိုက်သည် “”သစ္စာဓိဌာန် အောင်တော်မူ စေတီတော်ကြီး””သူမကြားဘူးပေ သူတို့ရောက်နေတာက အလွန်ကြီးမားသော ကိုက္ကိုပင်ကြီးအောက်မှာ ဖြစ်သည် ရှေ့တည့်တည့်တွင်တော့ ကြီးမားသည့် ရေကန်ကြီး ရှိသည် လေသဟူးဟူးနှင့် ကန်ရေပြင်ကြီးကိုငေးကြည့်ကာ ဘေးက” မြနှင်း” ကို ကြည့်လိုက်တော့ မရှိတော့ပေ
” မြနှင်း မြနှင်း ” ဖိုးနောင် အော်ခေါ်သံ ကြောင့် ချစ်မင်း အိပ်ယာမှ လန့်နိုးလာသည်
“”ဖိုးနောင် ဘယ်က မြနှင်းလည်း ဟေ့ကောင် ထ ထ ” ချစ်မင်း ဘေးက ဖိုးနောင်ကို လှုပ်နှိုးလိုက်သည်
“ဟင် ငါ အိပ်မက် မက်နေတာပဲ ” တီးတိုးရေရွတ်ရင်း ဖိုးနောင် အိပ်ယာမှ ထလိုက်သည်
“ငါ မေးတာဖြေဦးလေ ဘယ်က မြနှင်းလည်း”
ငါ အိပ်မက် မက်နေတာကွ အိပ်မက်ထဲမှာ တစ်ခါမှ မရောက်ဘူးတဲ့နေရာမှာ ငါမမြင်ဘူးတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့တာကွ သူ့ပုံစံက ငါ့ကို တော်တော် ချစ်ပုံရတယ်” ဖိုးနောင်လည်း သူ့အိပ်မက် အကြောင်းပြန်ပြောပြသည်
“ရေချိုးသွားကြမယ် ကွာ ပြီးရင်နတ်ပွဲသွားကြည့်မယ်” ချစ်မင်း အိပ်ယာမှထရင်း အိမ်အောက်ဆင်းသွားတော့သည်
ဖိုးနောင် တစ်ယောက်ထဲ ငိုင်တိုင်တိုင်နဲ့ ကျန်နေခဲ့သည် သူ့စိတ်ထဲမှာတော့ အိမ်မက်ထဲက အလွန်ချောမောသော မြနှင်း ၏ မျက်နှာလေးကိုသာ မြင်ယောင်မိနေတော့သည် ဒီလိုအိပ်မက် မမက်ဘူးပါဘူး ထူးဆန်းလှသည်ဟု အတွေးစထဲနစ်မြောနေတုန်း
အောက်မှ ချစ်မင်း၏ ခေါ်သံကြောင့် အတွေးဆကိုဖြတ်ကာ အောက်ဆင်းခဲ့တော့သည်

ရွာရဲ့အရှေ့ဘက် ၅မိနစ်ခန့် လမ်းလျှောက်တော့ နတ်ကနားပွဲကျင်းပရာ နတ်ကွန်းစင်သို့ရောက်လာသည်
နတ်ကွန်းစင် ခွင်တစ်ခုလုံး၌ အနီးအနား ပေါက်စု ချွန်းစုရွာမှ လူများလည်း လာရောက်ကြည့်ရှုသဖြင့် လူတွေပြည့်နှက်နေသည်

ဇာတ်ထဲမှ မင်းသားမင်းသမီးတွေက နတ်ပင့်ပြီး နတ်ဝင်အပူးခံကာ ရပ်ရွာ လူကြီးတွေ မေးသမျှဖြေပေးနေကြသည်
မေးခွန်းတွေ က ပဲ စပါး အထွက်တိုးနိုင်ကြောင်း မိကျောင်းနိုင်ခဲ့လား စသောမေးခွန်းတွေဖြစ်သည် မိကျောင်းနိုင်ခဲ့ရင် ဒီနှစ် ရေမကြီးတော့ပေ
(ဧရာဝတီမြစ်ရေ ရွာထိရောက်ပြီး လယ်စပါးများနစ်မြုပ်ပျက်စီးသည် ယခုအခါ အစိုးရ ၏စီမံမှုများဖြင့် ဂွချနောင် နားတွင် ရေတမံ များ တည်ဆောက်လိုက်သဖြင့် မြစ်ရေမရောက်တော့ပေ =စာရေးသူ)
ဖိုးနောင်လည်း လူရှုပ်သဖြင့် ဖုန်နံ့များ မခံနိုင်သဖြင့် ချစ်မင်း အား အသိမပေးတော့ပဲ လူရှင်းရာ ဘက်ထွက်လာခဲ့မိသည်
နတ်ကွန်းစင် မှ မြောက်ဘက်သို့ ကြည့်မိသောအခါ
” ဟာ ဒါ ဒါ ငါ့အိပ်မက်ထဲကနေရာပဲ ဟုတ်တယ် ဘုရားအို ဘုရားပျက်တွေနဲ့ ဟိုမှာ ရေကန်ကြီးရော ” တိုက်ဆိုင်လိုက်တာ ဟု တွေးနေရင်း သူ၏ စိတ်ကို တစ်ယောက်ယောက်က ညို့ခေါ်နေသလို ထိုနေရာကို သွားချင်စိတ်များသာ စိုးမိုးနေသည်
နောက်ဆုံး မမြင်နိုင်သော ညို့အားတစ်စုံကြောင့် ထိုနေရာ ကို သူတစ်ယောက်တည်း ထွက်လာမိတော့သည်
နတ်ကွန်းစင်နေရာနဲ့ အနည်းငယ်ဝေးကွာနေပြီ ဖြစ်သဖြင့် ဆူညံသံများ ပျောက်ကွယ်သွားခဲ့ပြီ
သူရောက်နေတဲ့ နေရာက ရွှေလှေရွာ ရဲ့ ရွာဦးကျောင်း ကန်ဦးကျောင်း ဖြစ်သည်
ဘုန်းကြီးကျောင်းဝန်းထဲ ဝင်လာတော့ လူသူကင်းရှင်းနေသည် နတ်ပွဲသို့ သွားကြည့်နေကြသောကြောင့်ပင်
ဘုန်းကြီးကျောင်းပေါ်တက်ကာ ဘုရားရှိခိုးပြီး ကျောင်းထိုင်ဘုန်းဘုန်းအား ကန်တာ့ကာ အိပ်မက်ထဲက ဘုရားကြီးဘက်ကို ထွက်လာခဲ့တော့သည်
“”သစ္စာဓိဌာန် အောင်တော်မူ စေတီတော် မြတ်ကြီး “”ဘုရားကြီး၏ ဘွဲ့အမည်အားရေရွတ်ရင်း ဘုရားကြီးအား ရှိခိုးဦးချလိုက်သည်
သူ၏ စိတ်ထဲတွင်မတော့ ဒီနေရာကို သူ့အိမ်သဖွယ် ရင်းနှီးနေသည် ခုမှပထမဆုံးအကြိမ်ရောက်ဖူးတာ ဖြစ်ပေမယ့် ဒီနေရာဒေသက သူ့အတွက်မစိမ်းကားပေ ဘယ်နေရာမှာ ဘာရှိသည်ကို သူ့စိတ်က အလိုလိုသိနေခြင်းပင် ဖြစ်သည်
ဘုရားကြီးအား တစ်ပတ် ပတ်ဖူးပြီးသော် ကန်ဘောင်ဘက်ထွက်လာခဲ့သည်
ကန်ပတ်လည်တွင် “ဗုဒ္ဓံသရဏံဂစ္ဆာမိ”ပင်မှ အဖြူ အနီ ပန်းပွင့်များ ဖြင့် ပန်ချီကားတစ်ချပ်သဖွယ်ပင် လှပနေသည် ကန်ထိပ်က ကိုက္ကိုပင်အောက်မှာ အမောပြေခဏထိုင်နေရင်း ငါဒီနေရာ ကို အရမ်းရင်းနှီးနေတယ် ပြီးတော့ ငါ့အိပ်မက်ထဲမှာ ‘မြနှင်း’ ဆိုတဲ့ ကောင်မလေးနဲ့ တွေ့တာလည်း ဒီနေရာပဲ ဟူးးးးးငါ နဲ့ ဒီနေရာတော့ တစ်ခုခုပဲ အတွေးစများထဲမှာနစ်မြောနေတုန်း
” အကို ”
နောက်မှခေါ်သံကြား၌ လှည့်ကြည့်မိလိုက်တော့
“ဟင် မြနှင်း ” ဟုတ်သည် သူ့အိပ်မက်ထဲမှ မြနှင်းမှ မြနှင်း စစ်စစ်
“ဟုတ် ဗျာ အဲ ဟို “စကားတွေ အယောင်ယောင်အမှားမှား ဖြစ်ကုန်တော့သည်
” ဟိုလေ အဲဒီ ကန်ထိပ်ကပန်းလေးတွေ ခူးပေးပါလား ”
“အော် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ပန်းပွင့်တွေကို ပြောတာလား” ဖိုးနောင်ပြန်မေးလိုက်သည်
“ဟုတ်တယ် အကို အဲဒီပန်းလေးတွေ ဘုရားကပ်ချင်လို့ ” မြနှင်း ထံမှ နှစ်လိုဖွယ် အသံလေးနှင့် အကူအညီတောင်းခံတော့ သူမနေသာတော့
“ခဏနော် ညီမ” သူ ဘောင်းဘိရှည်ကို ဒူးနားထိခေါက်တင်ကာ ကန်ထဲဆင်းဖို့ပြင်လိုက်တော့
” အကို သတိထားဦးနော် ချော်လဲဦးမယ်” ဟု မြနှင်းထံမှ စိုးရိမ်သတိပေးစကား ကြားရသည်
“အင်း ရပါတယ် ညီမ ရယ် အစပ်နားလေးက ပန်းလေးတွေပဲ ခူးပေးတော့မယ် နော် ”
“ဟုတ် အကို”
ဘာကြောင့်မှန်းမသိ ဒီကောင်မလေး အသံကြားရင် စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားမှုမျိုးကို ခံစားမိနေသည်
“ရပြီ ညီမ ”
ဖိုးနောင် ပန်းတွေကို ကမ်းပေးရင်း ခြေထောက်ဆေးကာ ကန်ဘောင်ပေါ်ပြန်တက်လာခဲ့သည်
“ကျေးဇူးပါ အကို ”
“အကို့ ကြည့်ရတာ တစ်ယောက်ထဲနဲ့တူတယ် ဘုရားပန်းကပ် လိုက်ခဲ့ပါလား ”
” အကိုလည်း ပျင်းနေတာ လိုက်ခဲ့မယ်လေ”
နှစ်ယောက်သား ကန်ဘောင်ဘက်မှ ဘုရားဘက်သို့ ထွက်လာခဲ့ကြသည်
ဘုရားကြီး၏ လှိုက်ဂူထဲသို့ဝင်ပြီး ခူးလာသော ပန်းတွေကို ကပ်ပြီးသည်အထိ ဖိုးနောင် စောင့်ပေးရင်း ပန်းများကပ်ပြီး သူ့ဘက်လှည့်လာသော မြနှင်း နဲ့ မျက်နှာချင်းဆိုင်မိတော့ ညက အိပ်မက်အကြောင်း သတိသွားရမိသည်
“ညီမ နာမည် ဘယ်လိုခေါ်လဲ ဟင် “ဖိုးနောင် မေးလိုက်သည်
“မြနှင်း ” ပါ အကို
‘ ဟင်’ သူအရမ်းအံ့သြသွားသည် နာမည်ကအစ တူနေသည်
“ဟို ညီမက ဘယ်မှာနေတာလဲ ဟင် ”
“ညီမက ဟိုးမြောက်ဘက်နားက စေတီလေး မှာနေတာပါ”
သူမကြားဘူးသော ရွာအမည် ပင်
” အော် အဖော်တွေရောမပါဘူးလား ”
“ပါတယ် အကို သူတို့နတ်ပွဲသွားကြည့်တယ် ”
” ဒါနဲ့ အကို အဝေးကလာရတော့ ခရီးပန်းနေမှာပေါ့ ”
” ဟင် ဖိုးနောင် မျက်လုံးပြူးသွားသည် သူ အဝေးကလာတာကို ကြိုသိနေသည် ”
တစ်ခုခုတော့ တစ်ခုခုပင်
” ညီမ အကို့ကို သိလား ဟင်”
ဖိုးနောင် သွေးတိုးစမ်းသလို မေးကြည့်သည်
“သိတယ် အကို အကို ဘာမှ မမှတ်မိဘူးနဲ့ တူတယ် ” အကို့ပုံကို စောင့်ကြည့်နေတာ ခုဘာမှမသိတဲ့ပုံ ပေါက်နေတော့ ညီမပဲ အကုန်ပြန်ပြောပြပါမယ် ”
” ဒီလိုပါ အကို အကိုနဲ့ ညီမဟာ အရင်က အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ ခုလည်း အကိုကသာ တစ်စိမ်းတစ်ယောက်လို ဆက်ဆံနေတာ ညီမကတော့ အကို့ကို ဟိုးးးအရင်တုန်းကလိုပဲ ချစ်နေတုန်းပဲ အကို ” “အကို ပြန်လာမယ့် တစ်နေ့ကိုစောင့်မျှော်နေတာ ကြာလှနေပြီ
အကို မြနှင်းး ကို ကတိပေးခဲ့တယ်လေ ပြန်လာခဲ့မယ်လို့ ခု အကို့ ရဲ့ ကတိအတိုင်း ပြန်လာခဲ့တာ မဟုတ်ဘူးလား “”
” မြနှင်း ပြောတာတွေ အကို ဘာတစ်ခုမှ မမှတ်မိဘူး မြနှင်း
ဒါပေမယ့် မြနှင်း ကို စတွေ့မိချိန်ကစပြီး အကို့စိတ်ထဲမှာ မြနှင်း ပြောသလို ခံစားမှုမျိုး ဖြစ်ပေါ်နေတယ် မြနှင်းနဲ့ ကိုယ် တစ်နေရာရာမှာ တွေ့ဘူးသလို အရမ်းရင်းနှီးဖူးဘူးသလို ဖြစ်နေတာ ”
“”အကို ရယ် မြနှင်း ပြောပြီးပြီပဲကို မြနှင်း နဲ့ အကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပေါင်းစည်းရမယ် လို့ မြနှင်း တို့ ဒီ”သစ္စာဓိဌာန် ဘုရားကြီး”မှာ သစ္စာဆိုထားဘူးတယ်လေ “”
“” အကိုတော့ မမှတ်မိဘူး မြနှင်း”” ဒါပေမယ့် အကို့စိတ်ထဲမှာ မြနှင်းကို စတွေ့တွေ့မိခြင်းပဲ အရမ်းချစ်မိသွားတယ် ဆိုတာ ဝန်ခံပါရစေ မြနှင်း “” ပြောရင်း မြနှင်း ရဲ့ ကိုယ်လေး ကို ဖိုးနောင် ထွေးပွေ့မိသည်
“”ဟာ အကို ကလည်း ဘုရားကြီးထဲမှာ ” မြနှင်း ရုန်းကန်ရင်း ရင်ခွင်ထဲမှာ ဖယ်လိုက်သည်
“” အကိုတို့ ကိုက္ကို ပင်ကြီးအောက်စကားသွားပြောကြရအောင်နော် “”ဖိုးနောင် မြနှင်း နဖူးလေးကို ငုံ့နမ်းရင်း လက်ကလေးကို ဆွဲကာ ဘုရားကြီး ထဲမှ ထွက်လာခဲ့သည်
“” မြနှင်း ကို ကိုယ် အရမ်းချစ်မိနေပြီ ”
“မြနှင်းလည်း အတူတူပါပဲ အကိုရယ်”
ဖိုးနောင် မြနှင်း၏ ခန္တာကိုယ်လေးကို ရင်ခွင်ထဲ ထွေးပွေ့ရင်း အပင်ကိုမှီလျက် တစ်ချက်ငိုက်မျည်းသွားသည်
*********************
“”ဖိုးနောင် ဖိုးနောင် “”
နားထဲမှာ ခေါ်သံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့
ဘုရားကြီးဘက်မှ သူရှိရာ ကန်ဘောင်ဘက်ကို လမ်းလျှောက်လာသော ချစ်မင်း ကိုတွေ့လိုက်သည်
“” မင်းက ဒီမှာလာအိပ်နေတာကိုး ငါက မင်းပျောက်လို့ လိုက်ရှာနေတာကွ ဒီကိုလာမယ် ဆိုလည်း ငါ့ကိုနည်းနည်းပါးပါး ပြောခဲ့ဦးလေကွာ ခုဟာက ဘယ်ရှာလို့ရှာရမှန်းမသိဘူး တော်သေးတယ် ဦးလေးတစ်ယောက်ကို မေးကြည့်တာ ဒီဘက်ကို မျက်နှာစိမ်းကောင်လေးတစ်ယောက်သွားတာ တွေ့လိုက်တယ် ဆိုလို့ မင်းထင်ပြီး လိုက်လာတာ
နေပါဦး မင်းက ဘယ်လိုဖြစ်လို့ ဒီမှာ လာအိပ်နေရတာတုန်း “”
” ဟင် ငါ ခဏပဲ ငိုက်လိုက်တာပါ မြနှင်း ရော ဘယ်ရောက်သွားလဲ ” ဖိုးနောင်ဘေးဘယ်ညာကို ကြည့်ရင်း မေးလိုက်သည်
“ဘယ်က မြနှင်း လဲ ငါလာတော့ မင်းတစ်ယောက်ထဲအိပ်နေတာကို ငါတွေ့တာပဲ
“ဟာ မဖြစ်နိုင်ဘူး ငါ မြနှင်း နဲ့ စကားတွေ အများကြီး ပြောခဲ့သေးတယ် ”
” အေး ထားပါတော့ကွာ ခုတော့ ပြန်ကြရအောင် နတ်ပွဲလည်းပြီးသွားပြီ “ချစ်မင်း လည်း စကားစကို ဖြတ်ကာ ဖိုးနောင်ကို ဆွဲထူရင်း အပင်အောက်မှမြန်မြန်ထွက်လာခဲ့တော့သည်
ငါ အိပ်မက်လား တစ်ကယ်ဖြစ်ခဲ့တာလား ဖိုးနောင် စိတ်တွေမတင်မကျနဲ့ ချစ်မင်းခေါ်ရာနောက် လိုက်လာခဲ့သည်
ချစ်မင်း စိတ်ထဲတွင်လည်း ဒီအကြောင်းတွေ အမေကြီးကို ပြန်ပြောပြမှ ဖြစ်မည် ဟု အတွေးကိုယ်စီနှင့်ပင်

အိမ်ရောက်တော့ ဖိုးနောင် အလစ်တွင် ဖြစ်ကြောင်းကုန်စင် အမေကြီးကို ပြောပြလိုက်သည်
” အဲဒါပဲ အမေကြီး ဒီကောင် ပျောက်သွားတာ မသိလိုက်ဘူး အဲဒီဘက်မသွားဖို့လည်း ပြောမထားလိုက်ရဘူး ”
” အမေကြီး ပြောပါတယ် ဖိုးနောင်ကို အဲဒီဘက်မသွားမိပါစေနဲ့လို့ ဒီကောင်လေးက… အမေကြီး ပြောမယ် ဟန်ပြင်ပြီးမှ မပြောတော့ပဲ ရေနွေးငှဲ့သောက်နေသည်”
” အမေကြီး ပြောလေ ဘာဖြစ်လဲ အာ့ကောင်က ” ချစ်မင်းလည်း သိချင်စိတ်ကြောင့် မေးလိုက်သည်
” ထားလိုက်ပါတော့ ဖိုးချစ်ရယ် သားသူငယ်ချင်းကိုသာ ထပ်မသွားစေနဲ့တော့ ”
အမေကြီး ကြည့်ရတာ အကြောင်းကိစ္စတစ်ခုခု ရှိနေပုံ ချစ်မင်းလည်းမမေးတော့ပဲ ပြန်လာခဲ့တော့သည်
နတ်ပွဲ နှစ်ရက်ပြီးသွားသည် နှင့် ရပ်ဝေးဧည့်သည်များ အသီးသီးပြန်ကြကုန်သည်
“ငချစ်ရေ ငါ တစ်ပတ်လောက်နေဦးမယ်နော် ”
” ဟာ မင်းကလဲ မင်းပျော်ရင် တစ်သက်လုံးနေ ငါကျွေးနိုင်ပါတယ်ကွ ”
“ဟဲ့ကောင်လေး မပြောကောင်းဘူး ဘာတွေလျှောက်ပြောနေတာလဲ”အမေကြီးထံမှ ငေါက်သံကြောင့် ချစ်မင်း ပါးစပ်ပိတ်သွားသည်
နှစ်ယောက်သား မျိုးသက်ဆီ သွားမယ်ဟု ဆိုကာ ဆိုင်ကယ်နှင့် လစ်ထွက်လာခဲ့သည်
လမ်းရောက်တော့ “ငချစ် ဒီဘက်နားမှာ စေတီလေးရွာဆိုတာ ရှိလား “ဖိုးနောင်မေးလိုက်သည်
“မရှိပါဘူး ဒီအနီးအနားတော”့
မျိုးသက်တို့ အိမ်ရောက်တော့စကားစပြတ်သွားသည် မျိုးသက်နဲ့တွေ့တော့ ဟိုဒီအကြောင်းများပြောရင်း တစ်နေ့တာ ကုန်လွန်သွားခဲ့သည် *********************
နောက်နေ့မနက်ရောက်တော့ ဘယ်သူကိုမှ အသိမပေးပဲ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်နိုင်စွာချရင်း တစ်ကိုယ်ထဲထွက်လာခဲ့သည် ညက အမှတ်တမဲ့ကြားယောင်မိသော စကားများကြောင့် သူ၏ ဦးတည်ချက်က …..

ကျောင်းရှေ့မှာ ဆိုင်ကယ်ရပ်ခဲ့ပြီး ကန်ဘောင်ဘက် သူထွက်လာခဲ့သည် ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေတုန်း ‘အကို’ ဟု ခေါ်သံကြားသဖြင့် သူလှည့်ကြည့်မိလိုက်သည်
“ဟင် မြနှင်း ကိုယ် မြနှင်းကိုလိုက်ရှာနေတာ ခုလည်း မြနှင်း ရှိမယ်ထင်လို့ လာခဲ့တာ ”
“မြနှင်း လည်း အကို့ကို အမြဲတမ်းစောင့်နေပါတယ် အကို
အကိုကသာ မြနှင်း ကို ထားခဲ့တာ မြနှင်း အကိုနဲ့ မခွဲနိုင်တော့ဘူး အကို ”
မြနှင်း သည် ဖိုးနောင်ရင်ခွင်တွင်း ခေါင်းတိုးဝှေ့လျက် ပြောသည်
” အကိုလည်း မြနှင်း နဲ့မခွဲနိုင်တော့ပါဘူး ကွာ”
“ဒါဆို အကို မပြန်တော့နဲ့ နော် မြနှင်း နဲ့တစ်ခါတည်း လိုက်ခဲ့ပါတော့ အကို လိုက်မယ်မို့လား ဟင်”
“အကို က ဘယ်ကိုလိုက်ရမှာလဲ”
“ဟာ အကို ကလည်း အကိုနေခဲ့ဘူးပြီးသားလေ အကို့အတွက် နေရာစိမ်းမှ မဟုတ်တာ ”
“အင်း ပြီးရောလေ ကိုယ်လည်း မြနှင်း ကိုမှမခွဲနိုင်တာ လိုက်ခဲ့မယ်လေ ”
“အကို့ ကို အရမ်းချစ်သွားပြီ သွားကြစို့ အကို ”
**********************

“ဗျာ ဟုတ်ပါ့မလား ဗျာ ခင်ဗျားတို့မနောက်နဲ့နော် မဟုတ်တာတွေမပြောကြနဲ့ဗျာ ဘယ်လိုမှမဖြစ်နိုင်ဘူး မဟုတ်ရင် ခင်ဗျားနဲ့ ကျွန်တော် အတွေ့ပဲ ” ချစ်မင်း ဒေါသချောင်းချောင်းထွက်နေလေပြီ လာပြောသော ကိုတင်စိုးကို ကြိမ်းမောင်းပြောဆိုလွှတ်လိုက်ပြီး
ဆိုင်ကယ် ကို စက်နှိုးကာ အမြန်ဆုံးမိုင်နှုန်းနှင့် မောင်းထွက်လာခဲ့သည်
သူရောက်တော့ ကန်ဘောင်ထက်တွင် ဝိုင်းအုံနေသော လူအုပ်ကြီးကိုတွေ့လိုက်သည်
လူအုပ်ကြီး အလယ်မှာတော့ အသက်မဲ့နေသော သူရဲ့ သူငယ်ချင်း ဖိုးနောင် ၏ ခန္တာကိုယ်ကို အပင်ခြေတွင် တွေ့ရသည်
“ဘယ်လိုဖြစ်ရတာလဲ သူငယ်ချင်းရယ် ငါအတန်တန်တားပါသေးတယ်ကွာ ဒီကိုမလာပါနဲ့လို့ မင်းခုလိုဖြစ်ရတာ ငါ့အပြစ်တွေပါ သူငယ်ချင်းရာ မင်းငါ့ကိုပါ တစ်ခါတည်းခေါ်သွားကွာ ” အရူးတစ်ယောက်လို အော်ဟစ်ငိုကျွေးရင်းမှ ရှေ့မှ ကိုက္ကို ပင်ကို ခေါင်းနှင့်ဆင့်ကာဆင့်ကာတိုက်လေသည် ဘေးနားမှလူများ အဆွဲမြန်၍သာ ဒါတောင် သုံးချက်ခန့်ဆောင့်မိသေးသည် မျက်နှာပေါ်သွေးများစီးကျလာသော်လည်း သူ့မှာ မနာအား ရင်ထဲက ပိုလို့နာနေသည်
“ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာ အမေကြီး စကားတွေကို အလေးအနက်မထားမိတာ ငါ့အပြစ်တွေပါ ကွာ “” မနေ့က အမေကြီး ပြောသောစကားများကို ချစ်မင်းပြန်ကြားယောင်နေသည် “”သား သားသူငယ်ချင်းကို မျက်ခြေမပျက်ကြည့်နေနော် အဲဒီကန်ဘောင်ကိုမသွားစေနဲ့တော့ တစ်ကယ်တော့ ဒီကလေးက သိုက်ဆက်ကွယ့် သိုက်ကြိုးဖြတ်ဖို့ အမေကြီးစီစဉ်ပြီးနေပြီ ကိုကြိုင်ဌေး ခရီးလွန်နေလို့မလုပ်ဖြစ်သေးတာ ခုရက်ပိုင်း သူ့ကိုသာ ဂရုစိုက်”‘
ဒီခေတ်ကြီးထဲမှာ သိုက်ဆက်ဆိုတော့ သူမယုံခဲ့တာလည်းပါသည် အမေကြီးစကားကို အလေးအနက်မထားခဲ့ပဲ နေမိခဲ့သည် အခုတော့ ဘယ်လိုမှအစားမထိုးနိုင်တဲ့ သူ့ သူငယ်ချင်းကို ဆုံရှုံးလိုက်ရပြီးဖြစ်သည်

*** “”အမေကြီးနှင့် ချစ်မင်းတို့ ပြောဆိုနေသော စကားများကို ဖိုးနောင် အကုန်ကြားသိခဲ့မှန်း ချစ်မင်းတို့မသိခဲ့ “”***့

ဒါဆိုရင် …..
ဖိုးနောင် ဟာ သူနဲ့ဆုံတွေ့နေတဲ့ မြနှင်းးဟာ လူမဟုတ်ပဲ ဥစ္စာစောင့်မလေးမှန်းသူသိသွားခဲ့တာပေါ့

ဖိုးနောင်ဟာ မြနှင်းနဲ့သွားတွေ့ရင် သူအသက်သေမယ်မှန်းသိပေမယ့် သူ ဆက်ဆက်သွားတွေ့ခဲ့တယ် ဒါဟာ အချစ်စစ်လို့ခေါ်မလား???မိုက်ရူးရဲဆန်တယ်လို့ ခေါ်မလားးးး???????????

#Cd

ပြီးပါပြီ ခဗျာ

မူရင်းရေးသားသူအား crdပေးပါသည်✍️