” ဥစ္စာစောင့်မ ” (စ/ဆုံး)

Unicode Version

” ဥစ္စာစောင့်မ ” (စ/ဆုံး)
———————

မြွေကြီးကိုမြင်ရင် သတ်လိုက်ပါ- ကိုယ်။
တစ်ဝက်ကို သုံး။ တစ်ဝက်ကို ရှင်လွန်းတင်ကို
ရည်မှန်းပြီး လှူပါ။ အမျှပေးဝေ၊ သာဓုခေါ်ပါ၊
နောင်ဘဝ နောင်ခန္ဓာနဲ့ ပေါင်းကြစို့။
ဤဇာတ်လမ်းလေးသည် ကျွန်တော်က စာဖတ်ပရိတ်
သတ်တစ်ဦးမှ ပြောပြသည့် ဇာတ်လမ်းကလေးဖြစ်ပြီး
အလွန်လည်း စိတ်ဝင်စားစရာ ကောင်းသဖြင့်
ပြန်လည်ဖောက်သည်ချရခြင်း ဖြစ်ပါသည်။
ဤဇာတ်လမ်းကလေးသည်လူလောကသားတစ်ဦးနှင့်လူသားတစ်ဦး
အိပတ္တာဇာတ်လမ်းကလေးတစ်ပုဒ်ဖြစ်ပြီး
ဆွတ်ပျံ့ကြည်နူးဖွယ်၊ ဝမ်းနည်း ကြေကွဲဖွယ်
ဇာတ်လမ်းကလေးလည်း ဖြစ်ပါသည်။ ဤဇာတ်လမ်းကလေးက …။
တိုးစည်သည် သည်မြို့ သည်နယ်သား မဟုတ်ပါ။
သည်မြို့၊ သည်နယ် သို့တာဝန်နှင့် ရောက်လာသူတစ်ဦးသာ ဖြစ်ပါသည်။
လယ်ယာစိုက်ပျိုးရေးတာဝန်နှင့် ရောက်လာခဲ့
သူတစ်ဦးပင်၊ ဝန်ထမ်း တစ်ဦး၏အကူအညီနှင့်
သည်ရပ်ကွက်တွင်း၌ရှိသည့် လုံးချင်းအိမ်တစ်လုံး
၌ငှားရမ်းနေထိုင်နိုင်ခဲ့၏။
ခြံကကျယ်ဝန်းသည့်ခြံမဟုတ်သလို၊
ကျဉ်းမြောင်းသည့်ခြံတစ်ခြံလည်း
မဟုတ်။ ခြံထဲ၌စံပယ်၊ ကြက်ရုန်း စသည့်ပန်းပင်
များနှင့်ဆောင်တော်ကူးပန်း ချုံလည်း ရှိ၏။
အိမ်ကလေးကပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ်က
လေးဖြစ်၏။အိမ်ကလေး တွင် အိပ်ခန်း၊
ဧည့်ခန်းနှင့် မီးဖိုခန်းဟူ၍ သီးခြားရှိ၏။
သို့သော် မောင်တိုးစည်က လူလွတ်ဖြစ်သဖြင့်
ချက်ပြုတ်စားခြင်းမရှိ။ ကြုံရာမှာ ဝယ်စားသူ။
ပြီးတော့ – တိုးစည်သည် သည်မြို့သို့ ရောက်သည်
မှစ၍ ရုံးဆင်းလျှင် နေ့တိုင်းရွှေဘုံသာမုနိစေတီသို့သွားကာ ပုတီးစိပ်သည်။
ညနေ(၆)နာရီ ဘုရားပေါ်မှ ဆင်းခဲ့ပြီး ထမင်းဝင်စားသည်။
ပြီးမှ အိမ်သို့ ပြန်ခဲ့သည်မှာ နိစ္စပူဝအလုပ်ဖြစ်သည်။
သူ့အတွက်မူ တစ်နေ့တာ မည်မျှပင်ပန်းပါစေ
ညနေရောက်၍ ရွှေဘုံ သာမုနိဘုရားသို့တက်ပြီး
ကြည်လင်သည့် ခေါင်းလောင်းသံ၊ ဆွဲလည်းသံ
သာလေး ကြားရလျှင် စိတ်ထဲပျော်သွားသည်။
ပုတီးစိပ်လိုက်ပြီဆိုလျှင် အငြိမ်းချမ်းဆုံးဘဝကို
ပိုင်ဆိုင်လိုက်ရသလိုခံစားလိုက်ရ၏။
ယင်းသို့နေ့စဉ်ဘုရားသို့ရောက်ခဲ့သည့်
တိုးစည်အတွက်ထူးခြားသည့်
နေ့တစ်နေ့ကို ထိတွေ့ခံစားလိုက်ရ၏။
ထိုနေ့ကထူးခြားသည့်နေ့လား..။
အချိန်ကညနေ(၆)နာရီ။
အရှေ့ပြုဗ္ဗာကျွန်းမှ ပေါ်ထွက်ခဲ့သည့် နေမင်းကြီးသည်
အနောက် ဂေါယာကျွန်းဆီသို့ နက်လျှိုတိုးဝင်သွားလေပြီ။
သို့သော်အလင်းရောင်သည်လုံး မဆိတ်သုဉ်၊သွားသေး။
ကောင်းကင် ပြင်၌ တိမ်မိလ္လာဇာပန်းတို့လည်း ပွင့်နေ၏။
လေပြေသည် လေပဲ တိုက်ခတ်နေပြီး အိပ်တန်းပြန်
ငှက်တို့ အုပ်ဖွဲ့ ပျံသန်းသွားကြသည်ကို တွေ့ရ၏။
မောင်တိုးစည်က ဘုရားဝတ်ပြု ပုတီးစိပ်ပြီးရပြီ။
“ဤသို့ပြုရသည့် ကုသိုလ်အဖို့ဘာဂတို့အား
အထက်ဘဝဂ်၊ အောက် အဝီစိရှိရှိသမျှလူ၊
နတ်၊ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့်အတူအောက်ဝန်းကျင်
၌ ရှိကြကုန်သော သတ္တဝါတို့အား အမျှပေးဝေပါသည်”
“အမျှရယူနိုင်ကြပါစေ။ အမျှ-အမျှ-အမျှ –
– ပေးပါတယ်။ ရှိရှိသမျှ
သတ္တဝါတို့ရကြပါစေ။ ကုသိုလ်ပြုသမျှ
အားသည်သာဓုခေါ်ပါသည်။
သာဓု-သာဓု – သာဓု”
ဟုအမျှပေးဝေ၊သာဓုခေါ်ဆိုပြီးသည့်
နောက်တိုးစည်ဘုရားကိုဝတ်ပြုကန်တော့သည်။
ထိုစဉ်တိုးစည်၏နှာခေါင်းတွင်းသို့ သင်းပျံ့
သည့် မွှေးရနံ့တစ်ခု တိုးဝင်မွှေးရနံ့သည် သင်းပျံ့၏။
ကြည်နူးစိတ်၊ သင်းပျံ့သည့် မွှေးရနံ့ကြောင့်
သူရင်ထဲ၌ ချမ်းမြေ့သလိုခံစားလိုက်ရ၏။
ထိုကြောင့်တိုးစည်အသာအယာ လှည့်ကြည့်လိုက်၏။
“အို”
သူ့ရင်ထဲ၌ အံ့ဩသလို ခံစားလိုက်ရပြီး
ဒုတိယသံပါ ထပ်ကြည့်လိုက်မိ၏။
ထိုအခါ အံ့ဩမိသည့်အသွင်သဏ္ဌာန်ကို
သူ ပီပြင်စွာ မြင်တွေ့လိုက် ရ၏။ အခြားမူမဟုတ်။
နွဲ့နွဲ့လျလျ သူ့အနားတွင် ရပ်နေသူတစ်ဦးကို
မြင်လိုက်ကတည်းက သုံးတောင်ဝတ်
မိန်းကလေးတစ်ဦးဟု သိလိုက်ရ၏။
သူမသည် တိုးစည်နောက်တွင် ရပ်လျက်လေး
အသင့်ဝယ် သူ၏ရှည် လျားပျော့ပျောင်းနက်
မှောင်သည့် ဆံကေသာက လူးလွန့်နေသည်ကို တွေ့ရ
တိုးစည်က သူမကိုကြည့်ရင်း ထလိုက်၏။
သည်ကနေ့ သူမနှင့် မျက်နှာချင်းဆိုင် ထိုင်
လိုက်ရသလို သင်းပျံ့သော မွှေးရနံ့ကို ရှူရှိုက်လိုက်ရ၏။
ပြီးတော့ – ပျက်လုံး ပျက်ခုံး၊ နှာတံစသည်တို့၏
ကောင်းခြင်းကိုမြင်တွေ့ ရင် အထူးသဖြင့်
သူ၏မျက်ဝန်းအစုံသည် သောက်ရှူးကြယ်
ညီနောင်နှယ် ထွန်းပြောင်နေသည်ကို တွေ့လိုက်ရ၏။
မျက်နှာချင်းဆိုင်မိလျှင် သူက
“လွန်းတင် – နှောက်ယှက်သလိုများဖြစ်သွား
သလား မသိဘူး” သူကအားတုံ့အားနာပြော၏။
တိုးစည်ကသူ၏နီစွေးသောနှုတ်ခမ်းမှလွင်သောစကားသံကို ခံစား
ရင်း ကြည်နူးသွားမိ၏။တိုးစည်က ပြုံးပြီး
“မဖြစ်ပါဘူး။ ဒါထက် …”
သူမက
“ကျွန်မက ရှင်လွန်းတင်ပါ။ ဒီကအစ်ကို
နေ့တိုင်း ဒီမှာ ဘုရားဝတ်ပြု ပုတီးစိပ်တာတွေ့
ရတယ်လေ။ ဒါကိုကြည့်ရင်းစိတ်ထဲ သားသားသလိုခံစားရ
တယ်လေ။ ကိုယ် မလုပ်နိုင်တာကို လုပ်နိုင်
တဲ့ ဒီကအစ်ကိုကို မုဒိတာ ပွားမိပါတယ်”
“အစ်ကို့နာမည်တိုးစည်ပါ၊ ရန်ကုန်က။
ဒီမှာတာဝန်နဲ့ ရောက်လာတာ လေ။ ရှင်လွန်းတင်ကကော …”
“ကျွန်မက ဒိနားကပါ”
ဟုပြောပြီး၊ ဟိုသည်ကြည့်တော့ …
“နောက်မှ တွေ့ကြတာပေါ့နော်။ ရှင်လွန်းတင်
သွားမယ်” ဟု ပြောပြီးထွက်သွား၏။
တိုးစည်သည် ခပ်သွက်သွက်ထွက်သွားသည့်
ရှင်လွန်းတင်၏နောက် ကျောကို ငေးကြည့်နေမိ၏။
လှုပ်ရှားမှုနှင့်အတူ လူးလွန့်နေသည့် ဆံပင်နု
များက ကဗျာဆန်လွန်းဘိ၏ဟု ခံစားမိသည်။
သည်ညက တိုးစည် အိပ်မရ။ ဒါက ဓမ္မတာပင်။
မိန်းမလှကလေးနှင့် ဆုံတွေ့ရတိုင်း ခံစားရသည့်
ယောက်ျားပျိုတို့ဝေဒနာ မဟုတ်လား။
သို့ဖြင့်နောက်တစ်နေ့ ရောက်ခဲ့သည်နှင့်အတူ
ပြုမြဲဝတ်အတိုင်း ဘုရား ရှိခိုး၊ ပုတီးစိပ်၊
မေတ္တာပို့ပြီးလျှင် မွှေးရနံ့ကို တမ်းတရင်း
မျှော်လင့်နေမိ၏။ ဟိုသည် ကြည့်နေမိ၏။
“ရှင် – ရှင်လွန်းတင် – ဒီနေ့ မလာဘူးလား”
သူ စဉ်းစာ၊မ်သလို ဟိုသည် ရှာဖွေနေမိ၏။
ထိုစဉ် သူ့နောက်ဘက်မှ သင်းပျံ့သည့်မွှေးရနံ့
ရလိုက်သဖြင့် သူ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိ၏။
ချိုလွင်သောမျက်နှာနှင့် မျက်နာချင်းဆိုင်
လိုက်ရ၏။ သူပင် – ရှင်လွန်းတင်တည်း။
ပန်းနုရောင်ဝမ်းဆက် ဝတ်ဆင်ထား၏။
ရှည်လျားနက်မှောင်သည့် ဆံကေသာကလေး
လေအသင့်တွင်ကဗျာဆန်စွာ လူးလွန့်နေ၏။ ရှင်လွန်းတင်က
ပြုံး၍- “အစ်ကို− ဘာရှာနေတာလဲ”ဟုမေး၏။
တို၊စည်သည်ခိုးထုပ်၏။ ပြီးမှ …
“ဒါကို – ရှင်လွန်းတင် သိချင်လို့လား”
သူမကခေါင်းညိတ်သည်။
ကိုယ့်ထုံအအ ဖြစ်သွား
“ကျွန်တော်လည်းမလိမ်ချင်ပါဘူး။
ကျွန်တော် – ရှင်လွန်းတင်ကိုရှာနေတာလား
“ဟုတ်လား”
“ဟုတ်တယ် – ရှင်လွန်းတင်။ ပြောရရင်
ရှင်လွန်းတင်က တစ်ခဏနဲ့ တစ်ဘဝကို ပိုင်စိုးနိုင်သူဖြစ်နေလို့လေ”
ရှင်လွန်းတင် ရှက်စနိုး ခေါင်းငုံ့နေ၏။
ထို့နောက် တစ်ဦးကိုတစ်ဦး ပြုံးကြည့်မိသည်။
သို့နှယ်ပင် အချိန်တိုတို နှင့် ခင်ပင်သူဒတွေဖြစ်သွားသည်။
ခွဲခွာခါနီးတိုင်း “ရှင်လွန်းကိုကျွန်တော် မျှော်နေမှာ”
ဟု ပြောဖြစ်၏။ ရှင်လွန်းတင်ကလည်း
“ရှင်လွန်းလည်းအစ်ကို့ကိုအမြဲသတိရနေတာ
“ဒါဟာ – ရှေးရေစက်နေမှာနော်”
မပြောပဲပြုံးသည်။
သည်အပြုံးတွေ နှလုံးသားတွင် မြှုပ်နှံပြီး ပြန်ခဲ့သည်ရည်း။
လောကစဉ်ကမူ တစ်ဦးကိုတစ်ဦး အတွေ့အမြင်
များလာပြီဆိုလျှင် ကြင်နာစိတ် တိုးဝင်ခဲ့သည်မှာ ဓမ္မတာပင်။
ပိုဆိုးသည်က တိုးစည်နှင့် ရှင်လွန်းတင် နေ့စဉ်
တွေ့နေကြပြီး နှစ်ရက် လောက်မတွေ့ရတော့ရင်
ထဲခံစားချက်တစ်မျိုးဖြစ်ခဲ့သည်။ခင်မင်ခြင်းထက်
ပိုသော အချစ်တစ်ခု နှလုံးသားတွင် စိုးမိုးနေပြီဟု သီခဲ့ရ၏။
လွန်းတွင် ရှင်းရှင်းပြောမယ်-အစ်ကို၊ လွန်းတင်ဟာ
နောက်ပွင့်မယ့် ဘုရားမှာ ဖို့အတွက် ရတနာသိုက်ကို
စောင့်နေရတဲ့ သိုက်နန်၊ရှခ်ခဲ။ ကြောင့်
အစ်ကိုနဲ့ လွန်းတင်က ဘရင်းပင်းစပ်လိုမရဘူး။
ပြီးတော့ လွန်းတင်တိုသိုက်က သိုက်ဝေရာအခ
နှင့်အယှက်ကြောင့် ပြောင်းရခတူမယ်၊
ဒါကြောင့် အစ်ကိုကို တွေ့ချင်ပေမယ့် မတွေ့ နိုင်
တော့သလို ကချင် ပေါင်၊စပ်ဖို့လည်၊ မလွယ်တော့တု။
၁ကြောင့်-ဦတခ၊ ဒိသျှလိပ် သဘောထားရအောင်နော်
“ဟုတ်တယ်… ငါလွန်းတင်ကိုချစ်နေမိပြီ။ဒီတစ်
ခါတွေ့ရင် ငါလွန်းတင် ကို ချစ်နေမိပြီကို ပြောရမယ်။
ပြီးတော့ – လက်ထပ်မယ်။ ငါ – လွန်းတင်ကို
ချစ်သလို မခွဲနိုင်တော့ဘူး”ဟုတ်သည်။
ထိုစဉ်နားလည်လိုက်ပြီ။ထိုကြောင့်ညနေရောက်ပြီမို့ပြမြဲဝတ်ကို ပြုပြီး
ရှင်လွန်းတင်ကိုမျှော်နေမိသည်။
မျှော်လင့်ခြင်းကြောင့် ရင်ထဲ မောနေရသလို
သင်းပျံ့သည့်မွှေးရနံ့ကို ရွှရှိုက်လိုက်ရတော့
သူ ပျော်သွား၏။ သင်းရနံ့က နောက်မှာ။
သူ ဆတ်ခနဲ လှည့်ကြည့်လိုက်၏။
ရှင်လွန်းတင်နှင့် မျက်နှာချင်းဆိုင်လိုက်ရ၏။
“လွန်းတင် – မင်းကို – လွန်းတင်ကို မျှော်နေတာ။
နှစ်ရက်လောက် မတွေ့ရတာကို နှစ်ကမ္ဘာလောက်ထင်နေတာ”
“အစ်ကိုရယ် – လွန်းတင်လည်း အစ်ကိုနဲ့ ထပ်တူ
ခံစားရပါတယ်။ ပြီးတော့ – အစ်ကို့ကို လွန်းတင် ပြောစရာရှိနေတယ်”
“ဟုတ်လား – အစ်ကိုနဲ့လွန်းတင်ကစိတ်ချင်းဆက်
နေသလားမသိဘူး။ အစ်ကိုလည်း လွန်းတင်ကို ပြောစရာရှိနေတယ်”
“ပြောလေ…”
“အောက်ဆင်းရအောင် – လွန်းတင်”
ရှင်လွန်းတင်က ခေါင်းညိတ်သည်။ ပြီးနောက်
တန်ဆောင်းအတိုင်း ဘုရားပေါ်မှ ဆင်းခဲ့သည်။
ဘုရားခြေရင်းရှိ ပန်းခြံကလေးဆီသို့ ဝင်လာခဲ့သည်။
မြေပေါ်တွင် ကြွေလွင့်နေသည့် တရုတ်စကားပွင့်
များနှင်းကာ တရုတ်စကားပင်အောက် သို့ဝင်ခဲ့သည်။
တရုတ်စကားနံ့တို့ သင်းပျံ့လို့ရယ် …။
တရုတ်စကားပင်အောက် ရောက်လျှင်
ရပ်လိုက်ကြ၏။ တစ်ဦးကိုတစ်ဦး ကြည့်ရင်း..
“အစ်ကို့ရင်ထဲက လွန်းတင်ကို ပြောချင်
တဲ့စကားကို အရင်ပြောခွင့်ပြုနော်”
တိုးစည်က ပြောလိုက်၏။ ပြီးနောက် – ကိုးစည်က
ရှင်လွန်းတင်၏ လက်ဖမိုးနုနုကလေးအား
ဆုပ်ကိုင်ရင်း လွန်းတင်မျက်နှာကို စေ့စေ့ကြည့်လိုက်၏။
“အစ်ကို က ပြောလေ”
“ပြောမှာပါ။ လွန်းတင် – မငြင်းနဲ့နော်”
“ပြောပါ”
“အစ်ကိုက လွန်းတင်ကို ချစ်တယ်။ လက်ထပ်ချင်တယ်”
ပြောရင်း လွန်းတင်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး
ရင်ခွင်ထဲ နှစ်ထား လိုက်သည်။ ရှင်လွန်းတင်ကမငြင်းပါ။
ရှင်လွန်းတင်က တိုးစည်၏ရင်ခွင်ထဲတိုးဝင်ပြီးဟင်းခနဲတစ်ချက်ရှိုက်၏။
ရှင်လွန်းတင်၏ရှိုက်သံသည်သူ့နှလုံးသားအားသန်လျက်နှင့်ထိုးလိုက်
သလို ရှိ၏။ “ချစ်တယ်ဆိုတာ ငိုဖို့မဟုတ်ဘူးလေ။
ဝမ်းနည်းစရာမှ မဟုတ် တာ”ဟုပြောလိုက်ချင်၏။ မပြောဖြစ်။
“လွန်းတင် – ချစ်တယ်ဆိုတာ ဘာလို့ငိုရတာလဲ။
လွန်းတင်လည်းကိုယ့်ကို ချစ်တယ်မဟုတ်လား။
ဒါဆို ပျော်ရမှာလေ။ မငိုပါနဲ့ – လွန်းတင် ဟု
ကရားရေလွှတ်ပြောမိသည်။
ရှင်လွန်းတင်က တစ်ချက်ရှိုက်ပြီး..
“လွန်းတင် – ဝမ်းနည်းတာက မပျော်လို့
မဟုတ်ပါဘူး။ အစ်ကို့အချစ် ကိုပိုင်ဆိုင်ရလို့ပျော်ပါတယ်။
ဒါပေမဲ့ – လွန်းတင် – မပျော်နိုင်ဘူး – အစ်ကို”
“ဘာ … ဘာဖြစ်လို့လဲ – လွန်းတင်”
ရှင်လွန်းတင်ကသက်ပြင်းရှိုက်ပြီး ဘာဖြစ်လို့
လည်းဆိုရင်ရင်လွန်းတင်ဘဝကိုအစ်ကို့အချစ်
တွေကို ထွေးပိုက်ပိုင်ဆိုင်ပြီး မပျော်နိုင်တဲ့ဘဝမို့ပါ
အစ်ကို”ဟု ပြောသည်။“ဘာဖြစ်လို့ဒီလိုပြောရတာလဲ-လွန်းတင်။
လူ.လူချင်းမတူတာမရှိဘူး။
အချစ်စစ်ဟာ မတူညီတဲ့ဘဝနှစ်ခုကို
ပေါင်းစပ်ဖို့ အနှိုင်းမဲ့အင်အားပါ လွန်းတင်ရယ်”
“မဟုတ်ဘူး – အစ်ကို၊ လွန်းတင်နဲ့အစ်ကို ဘဝ
မတူတာက ညှိမရတဲ့ မတူညီခြင်းပဲ။ ပြောရရင်
လွန်းတင်က လူဆိုပေမယ့် လူအစစ် မဟုတ်ဘူး။
ဖန်ဆင်းထားတဲ့လူ ဖြစ်နေလို့ပဲ- အစ်ကို”
“ဘာ- ဘယ်လို- လွန်းတင်”
“လွန်းတင် ရှင်းရှင်းပြောမယ် အစ်ကို။ လွန်းတင်
ဟာ နောက်ပွင့်မယ့် ဘုရားမှာ လှူဖို့အတွက်
ရတနာသိုက်ကို စောင့်နေရတဲ့ သိုက်နန်းရှင်ပဲ။ ဒါကြောင့်
– အစ်ကိုနဲ့ လွန်းတင်က ဘဝချင်း ပေါင်းစပ်လို့မရဘူး။
ပြီးတော့ လွန်းတင်တို့ သိုက်က သိုက်
ဆရာအနှောင့်အယှက်ကြောင့် ပြောင်းရ
တော့မယ်။ ဒါကြောင့် – အစ်ကို့ကို တွေ့ချင်ပေမယ့် မတွေ့
နိုင်တော့သလို ဘဝချင်း ပေါင်းစပ်ဖို့လည်း
မလွယ်တော့ဘူး။ ဒါကြောင့် – ဒီဘဝ၊ ဒီမျှလို့ပဲ သဘော
ထားရအောင် နော်” “လွန်းတင်ရယ် ….”
တိုးစည် ဘာပြောရမယ်မသိ။ လူစင်စစ်မှ
ကျောက်ရုပ်ဖြစ်သွားသည် ထင်။ ထိုစဉ်
ရှင်လွန်းတင် သူ့ရင်ထဲမှ ပြေးထွက်သွားသည်။
“လွန်းတင် … ရှင်လွန်းတင်” လှည့်မကြည့်။
ကြည့်စမ်း – မျက်စိအောက်မှ ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ။
သည့်နောက်ပိုင်း တိုးစည်နှင့် ရှင်လွန်းတင်
မတွေ့ ကြတော့။ တိုးစည် နေ့စဉ်စောင့်သော်
လည်း ရှင်လွန်းတင် ရောက်မလာခဲ့။
ဘုရားဝတ်ပြု၊ ပုတီးစိပ်၊ မေတ္တာပို့၊ အမျှဝေပြီး
သင်းပျံ့သည့်မွှေးရနံ့ကို ရှူရိုက်လိုက်ရသဖြင့် တိုးစည်ပျော်သွားသည်။
ဖျက်ခနဲ ကြည့်လိုက်သော်လည်း ရုပ်သွင်မမြင်ရ။
“လွန်းတင် – မင်းရောက်နေတယ်မဟုတ်လား။
မင်းကို ကိုယ်တွေ့ပါတိုးစည်ပြော၏။ မတွေ့။
သို့သော် အသံကိုမူ ကြားရ၏။
“လွန်းတင်ကို မတွေ့ချင်ပါနဲ့တော့ – အစ်ကို။
ဒါပေမဲ့ -လွန်းတင်ပြော စကားကိုတော့ နားထောင်ပြီး မှတ်ထားပါ”
“လွန်းတင်တို့ လကွယ်ညမှ သိုက်ပြောင်းရမယ်
အစ်ကို။ ဒီလိုသိုက် ပြောင်းတဲ့အခါမှာ ကြေးစည်
သံတွေ ကြားရမယ်။ လှည်းတွန်းသံတွေ ကြား
ရမယ်။ ဒီအချိန် အစ်ကို ထွက်လာခဲ့ပါ။ ဒီအသံ
တွေနဲ့အတူ အစ်ကို မြွေ တစ်ကောင် တွေ့လိမ့်မယ်။
အစ်ကို – ဒီလိုတွေ့ရင် ဒီမြွေကို ရိုက်သတ်လိုက်ပါ။
ဒါဆို – အစ်ကို – များပြားတဲ့ရတနာ တွေ့ရလိမ့်မယ်”
“ဒီလိုရတနာရရင် တစ်ဝက်ကို အချစ်ဆုံးပေး
တဲ့လက်ဆောင်အဖြစ် အစ်ကိုသုံးပြီး တစ်ဝက်
ကို ဘုရားလှူပါ။ ရှင်လွန်းတင်အတွက် အမျှပေးဝေ၊
သာဓုခေါ်ပေးပါ – အစ်ကို၊ အစ်ကိုနဲ့
ချစ်လွန်းတင်နောင်ဘဝမှာနောင်ခန္ဓာနဲ့ ပေါင်းရပါစေ”
ထို့နောက်ဘာသံမှမကြားရတော့။
သင်းပျံ့သည့်မွှေး၊ရနံ့လည်းမရှူရှိုက်ရတော့။
“လွန်းတင် – လွန်းတင်ရယ်”
လကွယ်ည
ရှင်လွန်းတင်နှင့် ဝေးရပြီဆိုသည့်အသိကြောင့်
သူ နှလုံးတွေ ကြေမွ ပျက်သုဉ်းသလို ခံစားရသည်။
ရှင်လွန်းတင်နှင့် ဝေးရပြီဆိုသော အသိကြောင့်
ပျော်ရွှင်မှုတွေ ဆိတ် သုဉ်းနေပြီ။
သို့သော် သူပြောခဲ့သည့်စကားတွေကိုမူ ကြား
ယောင်နေ၏။ “နောင်ဘဝ၊ နောင်ခန္ဒာနဲ့
ပေါင်းကြပါဦးတဲ့လား – ရှင်လွန်းတင်ရယ်”
သူယူကြုံးမရသလို ခံစားရ၏၊
သို့နှင့် လကွယ်ညရောက်သည်ကို အမှတ်ရမိသည်။
ဘာမျှလိုချင် တပ်မက်မှုမရှိသော်လည်း ချစ်သူ
စကားဖြစ်သဖြင့် အလေးအနက် ထားရသည်။
သည်ညက အိပ်မရ၊ နံနက်လင်းအရုဏ်အချိန်။
ထိုစဉ်ကြေးစည်သံ၊ လှည်းမောင်းသံတွေ ကြားရ၏။
တိုးစည် အိမ်ထဲမှ ပြေးထွက်ခဲ့သည်။
လင်းအရုဏ်ကျင်းဝမြို့အလင်းရောင်မပီပြင်
သေး။လူသူအသွားအလာမရှိသေး။
ထိုစဉ်သူ့ရှေ့တွင် ကြီးမားသည့်မြေကြီး
တစ်ကောင်တွေ့လိုက်ရသည်။ “မြွေကြီးမြင်ရင်
သတ်လိုက်ပါ- ကိုယ်။ တစ်ဝက်ကိုသုံးပြီးတစ်ဝက်ကို
ရှင်လွန်းတင်ကို ရည်မှန်းပြီးလှူပါ အမျှပေးဝေသာဓုခေါ်ပ
“နောင်ဘဝ နောင်းစွာနဲ့ ပေါင်းကြစို့”
စကားတွေကိုကြားနေသည်။ သူတွေဝနေရာမှ
ဖျတ်ခနဲ ကြည့်လိုက် တော့ပီပြင်စွာမြင်ရသည့်
မြွေကြီးကတဖြည်းဖြည်းမှုန်ဝါးကာ အပြီးပဲ ပီပြင်တော့၏။
သည်အခါမှ တိုးစည် မြွေကြီးကို ရိုက်လိုက်မိသည်။
ထို့အတူ သူ ရိုက် လိုက်သည့်နေရာတွင်
မြွေကြီးပျောက်သွားပြီး ရွှေတုံးတချို့ကို တွေ့ရ၏။
တိုးစည်ရွှေတုံးများအားကောက်ယူရင်းရင်ထဲလှိုက်မောလာ၏။မျက်
ရည်တို့ တွေတွေကျလာ၏။
“စိတ်ချ – ရှင်လွန်းတင်၊ ဒီရွှေတုံးတွေထုခွဲပြီးကိုယ်
ရှင်လွန်းတင် အတွက် ရည်စူးပြီး အလှူဒါနပြုပါမယ်။
ရှင်လွန်းတင် – သာဓုခေါနိုင်ပါစေ”
“နောင်ဘဝ၊ နောင်ခန္ဒာနဲ့ ပေါင်းရဖို့ – အစ်ကို – မျှော်လင့်နေပါ့မယ် ရှင်လွန်းတင်ရယ်”

Zawgyi Version

” ဥစၥာေစာင့္မ ” (စ/ဆုံး)
———————

ေႁမြႀကီးကိုျမင္ရင္ သတ္လိုက္ပါ- ကိုယ္။
တစ္ဝက္ကို သုံး။ တစ္ဝက္ကို ရွင္လြန္းတင္ကို
ရည္မွန္းၿပီး လႉပါ။ အမွ်ေပးေဝ၊ သာဓုေခၚပါ၊
ေနာင္ဘဝ ေနာင္ခႏၶာနဲ႔ ေပါင္းၾကစို႔။
ဤဇာတ္လမ္းေလးသည္ ကြၽန္ေတာ္က စာဖတ္ပရိတ္
သတ္တစ္ဦးမွ ေျပာျပသည့္ ဇာတ္လမ္းကေလးျဖစ္ၿပီး
အလြန္လည္း စိတ္ဝင္စားစရာ ေကာင္းသျဖင့္
ျပန္လည္ေဖာက္သည္ခ်ရျခင္း ျဖစ္ပါသည္။
ဤဇာတ္လမ္းကေလးသည္လူေလာကသားတစ္ဦးႏွင့္လူသားတစ္ဦး
အိပတၱာဇာတ္လမ္းကေလးတစ္ပုဒ္ျဖစ္ၿပီး
ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္၊ ဝမ္းနည္း ေၾကကြဲဖြယ္
ဇာတ္လမ္းကေလးလည္း ျဖစ္ပါသည္။ ဤဇာတ္လမ္းကေလးက …။
တိုးစည္သည္ သည္ၿမိဳ႕ သည္နယ္သား မဟုတ္ပါ။
သည္ၿမိဳ႕၊ သည္နယ္ သို႔တာဝန္ႏွင့္ ေရာက္လာသူတစ္ဦးသာ ျဖစ္ပါသည္။
လယ္ယာစိုက္ပ်ိဳးေရးတာဝန္ႏွင့္ ေရာက္လာခဲ့
သူတစ္ဦးပင္၊ ဝန္ထမ္း တစ္ဦး၏အကူအညီႏွင့္
သည္ရပ္ကြက္တြင္း၌ရွိသည့္ လုံးခ်င္းအိမ္တစ္လုံး
၌ငွားရမ္းေနထိုင္ႏိုင္ခဲ့၏။
ၿခံကက်ယ္ဝန္းသည့္ၿခံမဟုတ္သလို၊
က်ဥ္းေျမာင္းသည့္ၿခံတစ္ၿခံလည္း
မဟုတ္။ ၿခံထဲ၌စံပယ္၊ ၾကက္႐ုန္း စသည့္ပန္းပင္
မ်ားႏွင့္ေဆာင္ေတာ္ကူးပန္း ခ်ဳံလည္း ရွိ၏။
အိမ္ကေလးကပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သြပ္မိုးအိမ္က
ေလးျဖစ္၏။အိမ္ကေလး တြင္ အိပ္ခန္း၊
ဧည့္ခန္းႏွင့္ မီးဖိုခန္းဟူ၍ သီးျခားရွိ၏။
သို႔ေသာ္ ေမာင္တိုးစည္က လူလြတ္ျဖစ္သျဖင့္
ခ်က္ျပဳတ္စားျခင္းမရွိ။ ႀကဳံရာမွာ ဝယ္စားသူ။
ၿပီးေတာ့ – တိုးစည္သည္ သည္ၿမိဳ႕သို႔ ေရာက္သည္
မွစ၍ ႐ုံးဆင္းလွ်င္ ေန႔တိုင္းေ႐ႊဘုံသာမုနိေစတီသို႔သြားကာ ပုတီးစိပ္သည္။
ညေန(၆)နာရီ ဘုရားေပၚမွ ဆင္းခဲ့ၿပီး ထမင္းဝင္စားသည္။
ၿပီးမွ အိမ္သို႔ ျပန္ခဲ့သည္မွာ နိစၥပူဝအလုပ္ျဖစ္သည္။
သူ႔အတြက္မူ တစ္ေန႔တာ မည္မွ်ပင္ပန္းပါေစ
ညေနေရာက္၍ ေ႐ႊဘုံ သာမုနိဘုရားသို႔တက္ၿပီး
ၾကည္လင္သည့္ ေခါင္းေလာင္းသံ၊ ဆြဲလည္းသံ
သာေလး ၾကားရလွ်င္ စိတ္ထဲေပ်ာ္သြားသည္။
ပုတီးစိပ္လိုက္ၿပီဆိုလွ်င္ အၿငိမ္းခ်မ္းဆုံးဘဝကို
ပိုင္ဆိုင္လိုက္ရသလိုခံစားလိုက္ရ၏။
ယင္းသို႔ေန႔စဥ္ဘုရားသို႔ေရာက္ခဲ့သည့္
တိုးစည္အတြက္ထူးျခားသည့္
ေန႔တစ္ေန႔ကို ထိေတြ႕ခံစားလိုက္ရ၏။
ထိုေန႔ကထူးျခားသည့္ေန႔လား..။
အခ်ိန္ကညေန(၆)နာရီ။
အေရွ႕ျပဳဗၺာကြၽန္းမွ ေပၚထြက္ခဲ့သည့္ ေနမင္းႀကီးသည္
အေနာက္ ေဂါယာကြၽန္းဆီသို႔ နက္လွ်ိဳတိုးဝင္သြားေလၿပီ။
သို႔ေသာ္အလင္းေရာင္သည္လုံး မဆိတ္သုဥ္၊သြားေသး။
ေကာင္းကင္ ျပင္၌ တိမ္မိလႅာဇာပန္းတို႔လည္း ပြင့္ေန၏။
ေလေျပသည္ ေလပဲ တိုက္ခတ္ေနၿပီး အိပ္တန္းျပန္
ငွက္တို႔ အုပ္ဖြဲ႕ ပ်ံသန္းသြားၾကသည္ကို ေတြ႕ရ၏။
ေမာင္တိုးစည္က ဘုရားဝတ္ျပဳ ပုတီးစိပ္ၿပီးရၿပီ။
“ဤသို႔ျပဳရသည့္ ကုသိုလ္အဖို႔ဘာဂတို႔အား
အထက္ဘဝဂ္၊ ေအာက္ အဝီစိရွိရွိသမွ်လူ၊
နတ္၊ျဗဟၼာ သတၱဝါအေပါင္းတို႔ႏွင့္အတူေအာက္ဝန္းက်င္
၌ ရွိၾကကုန္ေသာ သတၱဝါတို႔အား အမွ်ေပးေဝပါသည္”
“အမွ်ရယူႏိုင္ၾကပါေစ။ အမွ်-အမွ်-အမွ် –
– ေပးပါတယ္။ ရွိရွိသမွ်
သတၱဝါတို႔ရၾကပါေစ။ ကုသိုလ္ျပဳသမွ်
အားသည္သာဓုေခၚပါသည္။
သာဓု-သာဓု – သာဓု”
ဟုအမွ်ေပးေဝ၊သာဓုေခၚဆိုၿပီးသည့္
ေနာက္တိုးစည္ဘုရားကိုဝတ္ျပဳကန္ေတာ့သည္။
ထိုစဥ္တိုးစည္၏ႏွာေခါင္းတြင္းသို႔ သင္းပ်ံ႕
သည့္ ေမႊးရနံ႔တစ္ခု တိုးဝင္ေမႊးရနံ႔သည္ သင္းပ်ံ႕၏။
ၾကည္ႏူးစိတ္၊ သင္းပ်ံ႕သည့္ ေမႊးရနံ႔ေၾကာင့္
သူရင္ထဲ၌ ခ်မ္းေျမ့သလိုခံစားလိုက္ရ၏။
ထိုေၾကာင့္တိုးစည္အသာအယာ လွည့္ၾကည့္လိုက္၏။
“အို”
သူ႔ရင္ထဲ၌ အံ့ဩသလို ခံစားလိုက္ရၿပီး
ဒုတိယသံပါ ထပ္ၾကည့္လိုက္မိ၏။
ထိုအခါ အံ့ဩမိသည့္အသြင္သဏၭာန္ကို
သူ ပီျပင္စြာ ျမင္ေတြ႕လိုက္ ရ၏။ အျခားမူမဟုတ္။
ႏြဲ႕ႏြဲ႕လ်လ် သူ႔အနားတြင္ ရပ္ေနသူတစ္ဦးကို
ျမင္လိုက္ကတည္းက သုံးေတာင္ဝတ္
မိန္းကေလးတစ္ဦးဟု သိလိုက္ရ၏။
သူမသည္ တိုးစည္ေနာက္တြင္ ရပ္လ်က္ေလး
အသင့္ဝယ္ သူ၏ရွည္ လ်ားေပ်ာ့ေပ်ာင္းနက္
ေမွာင္သည့္ ဆံေကသာက လူးလြန႔္ေနသည္ကို ေတြ႕ရ
တိုးစည္က သူမကိုၾကည့္ရင္း ထလိုက္၏။
သည္ကေန႔ သူမႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုင္
လိုက္ရသလို သင္းပ်ံ႕ေသာ ေမႊးရနံ႔ကို ရႉရႈိက္လိုက္ရ၏။
ၿပီးေတာ့ – ပ်က္လုံး ပ်က္ခုံး၊ ႏွာတံစသည္တို႔၏
ေကာင္းျခင္းကိုျမင္ေတြ႕ ရင္ အထူးသျဖင့္
သူ၏မ်က္ဝန္းအစုံသည္ ေသာက္ရႉးၾကယ္
ညီေနာင္ႏွယ္ ထြန္းေျပာင္ေနသည္ကို ေတြ႕လိုက္ရ၏။
မ်က္ႏွာခ်င္းဆိုင္မိလွ်င္ သူက
“လြန္းတင္ – ေႏွာက္ယွက္သလိုမ်ားျဖစ္သြား
သလား မသိဘူး” သူကအားတုံ႔အားနာေျပာ၏။
တိုးစည္ကသူ၏နီေစြးေသာႏႈတ္ခမ္းမွလြင္ေသာစကားသံကို ခံစား
ရင္း ၾကည္ႏူးသြားမိ၏။တိုးစည္က ၿပဳံးၿပီး
“မျဖစ္ပါဘူး။ ဒါထက္ …”
သူမက
“ကြၽန္မက ရွင္လြန္းတင္ပါ။ ဒီကအစ္ကို
ေန႔တိုင္း ဒီမွာ ဘုရားဝတ္ျပဳ ပုတီးစိပ္တာေတြ႕
ရတယ္ေလ။ ဒါကိုၾကည့္ရင္းစိတ္ထဲ သားသားသလိုခံစားရ
တယ္ေလ။ ကိုယ္ မလုပ္ႏိုင္တာကို လုပ္ႏိုင္
တဲ့ ဒီကအစ္ကိုကို မုဒိတာ ပြားမိပါတယ္”
“အစ္ကို႔နာမည္တိုးစည္ပါ၊ ရန္ကုန္က။
ဒီမွာတာဝန္နဲ႔ ေရာက္လာတာ ေလ။ ရွင္လြန္းတင္ကေကာ …”
“ကြၽန္မက ဒိနားကပါ”
ဟုေျပာၿပီး၊ ဟိုသည္ၾကည့္ေတာ့ …
“ေနာက္မွ ေတြ႕ၾကတာေပါ့ေနာ္။ ရွင္လြန္းတင္
သြားမယ္” ဟု ေျပာၿပီးထြက္သြား၏။
တိုးစည္သည္ ခပ္သြက္သြက္ထြက္သြားသည့္
ရွင္လြန္းတင္၏ေနာက္ ေက်ာကို ေငးၾကည့္ေနမိ၏။
လႈပ္ရွားမႈႏွင့္အတူ လူးလြန႔္ေနသည့္ ဆံပင္ႏု
မ်ားက ကဗ်ာဆန္လြန္းဘိ၏ဟု ခံစားမိသည္။
သည္ညက တိုးစည္ အိပ္မရ။ ဒါက ဓမၼတာပင္။
မိန္းမလွကေလးႏွင့္ ဆုံေတြ႕ရတိုင္း ခံစားရသည့္
ေယာက္်ားပ်ိဳတို႔ေဝဒနာ မဟုတ္လား။
သို႔ျဖင့္ေနာက္တစ္ေန႔ ေရာက္ခဲ့သည္ႏွင့္အတူ
ျပဳၿမဲဝတ္အတိုင္း ဘုရား ရွိခိုး၊ ပုတီးစိပ္၊
ေမတၱာပို႔ၿပီးလွ်င္ ေမႊးရနံ႔ကို တမ္းတရင္း
ေမွ်ာ္လင့္ေနမိ၏။ ဟိုသည္ ၾကည့္ေနမိ၏။
“ရွင္ – ရွင္လြန္းတင္ – ဒီေန႔ မလာဘူးလား”
သူ စဥ္းစာ၊မ္သလို ဟိုသည္ ရွာေဖြေနမိ၏။
ထိုစဥ္ သူ႔ေနာက္ဘက္မွ သင္းပ်ံ႕သည့္ေမႊးရနံ႔
ရလိုက္သျဖင့္ သူ ဖ်တ္ခနဲ လွည့္ၾကည့္လိုက္မိ၏။
ခ်ိဳလြင္ေသာမ်က္ႏွာႏွင့္ မ်က္နာခ်င္းဆိုင္
လိုက္ရ၏။ သူပင္ – ရွင္လြန္းတင္တည္း။
ပန္းႏုေရာင္ဝမ္းဆက္ ဝတ္ဆင္ထား၏။
ရွည္လ်ားနက္ေမွာင္သည့္ ဆံေကသာကေလး
ေလအသင့္တြင္ကဗ်ာဆန္စြာ လူးလြန႔္ေန၏။ ရွင္လြန္းတင္က
ၿပဳံး၍- “အစ္ကို− ဘာရွာေနတာလဲ”ဟုေမး၏။
တို၊စည္သည္ခိုးထုပ္၏။ ၿပီးမွ …
“ဒါကို – ရွင္လြန္းတင္ သိခ်င္လို႔လား”
သူမကေခါင္းညိတ္သည္။
ကိုယ့္ထုံအအ ျဖစ္သြား
“ကြၽန္ေတာ္လည္းမလိမ္ခ်င္ပါဘူး။
ကြၽန္ေတာ္ – ရွင္လြန္းတင္ကိုရွာေနတာလား
“ဟုတ္လား”
“ဟုတ္တယ္ – ရွင္လြန္းတင္။ ေျပာရရင္
ရွင္လြန္းတင္က တစ္ခဏနဲ႔ တစ္ဘဝကို ပိုင္စိုးႏိုင္သူျဖစ္ေနလို႔ေလ”
ရွင္လြန္းတင္ ရွက္စႏိုး ေခါင္းငုံ႔ေန၏။
ထို႔ေနာက္ တစ္ဦးကိုတစ္ဦး ၿပဳံးၾကည့္မိသည္။
သို႔ႏွယ္ပင္ အခ်ိန္တိုတို ႏွင့္ ခင္ပင္သူဒေတြျဖစ္သြားသည္။
ခြဲခြာခါနီးတိုင္း “ရွင္လြန္းကိုကြၽန္ေတာ္ ေမွ်ာ္ေနမွာ”
ဟု ေျပာျဖစ္၏။ ရွင္လြန္းတင္ကလည္း
“ရွင္လြန္းလည္းအစ္ကို႔ကိုအၿမဲသတိရေနတာ
“ဒါဟာ – ေရွးေရစက္ေနမွာေနာ္”
မေျပာပဲၿပဳံးသည္။
သည္အၿပဳံးေတြ ႏွလုံးသားတြင္ ျမႇဳပ္ႏွံၿပီး ျပန္ခဲ့သည္ရည္း။
ေလာကစဥ္ကမူ တစ္ဦးကိုတစ္ဦး အေတြ႕အျမင္
မ်ားလာၿပီဆိုလွ်င္ ၾကင္နာစိတ္ တိုးဝင္ခဲ့သည္မွာ ဓမၼတာပင္။
ပိုဆိုးသည္က တိုးစည္ႏွင့္ ရွင္လြန္းတင္ ေန႔စဥ္
ေတြ႕ေနၾကၿပီး ႏွစ္ရက္ ေလာက္မေတြ႕ရေတာ့ရင္
ထဲခံစားခ်က္တစ္မ်ိဳးျဖစ္ခဲ့သည္။ခင္မင္ျခင္းထက္
ပိုေသာ အခ်စ္တစ္ခု ႏွလုံးသားတြင္ စိုးမိုးေနၿပီဟု သီခဲ့ရ၏။
လြန္းတြင္ ရွင္းရွင္းေျပာမယ္-အစ္ကို၊ လြန္းတင္ဟာ
ေနာက္ပြင့္မယ့္ ဘုရားမွာ ဖို႔အတြက္ ရတနာသိုက္ကို
ေစာင့္ေနရတဲ့ သိုက္နန္၊ရွခ္ခဲ။ ေၾကာင့္
အစ္ကိုနဲ႔ လြန္းတင္က ဘရင္းပင္းစပ္လိုမရဘူး။
ၿပီးေတာ့ လြန္းတင္တိုသိုက္က သိုက္ေဝရာအခ
ႏွင့္အယွက္ေၾကာင့္ ေျပာင္းရခတူမယ္၊
ဒါေၾကာင့္ အစ္ကိုကို ေတြ႕ခ်င္ေပမယ့္ မေတြ႕ ႏိုင္
ေတာ့သလို ကခ်င္ ေပါင္၊စပ္ဖို႔လည္၊ မလြယ္ေတာ့တု။
၁ေၾကာင့္-ဦတခ၊ ဒိသွ်လိပ္ သေဘာထားရေအာင္ေနာ္
“ဟုတ္တယ္… ငါလြန္းတင္ကိုခ်စ္ေနမိၿပီ။ဒီတစ္
ခါေတြ႕ရင္ ငါလြန္းတင္ ကို ခ်စ္ေနမိၿပီကို ေျပာရမယ္။
ၿပီးေတာ့ – လက္ထပ္မယ္။ ငါ – လြန္းတင္ကို
ခ်စ္သလို မခြဲႏိုင္ေတာ့ဘူး”ဟုတ္သည္။
ထိုစဥ္နားလည္လိုက္ၿပီ။ထိုေၾကာင့္ညေနေရာက္ၿပီမို႔ျပၿမဲဝတ္ကို ျပဳၿပီး
ရွင္လြန္းတင္ကိုေမွ်ာ္ေနမိသည္။
ေမွ်ာ္လင့္ျခင္းေၾကာင့္ ရင္ထဲ ေမာေနရသလို
သင္းပ်ံ႕သည့္ေမႊးရနံ႔ကို ႐ႊရႈိက္လိုက္ရေတာ့
သူ ေပ်ာ္သြား၏။ သင္းရနံ႔က ေနာက္မွာ။
သူ ဆတ္ခနဲ လွည့္ၾကည့္လိုက္၏။
ရွင္လြန္းတင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ရ၏။
“လြန္းတင္ – မင္းကို – လြန္းတင္ကို ေမွ်ာ္ေနတာ။
ႏွစ္ရက္ေလာက္ မေတြ႕ရတာကို ႏွစ္ကမာၻေလာက္ထင္ေနတာ”
“အစ္ကိုရယ္ – လြန္းတင္လည္း အစ္ကိုနဲ႔ ထပ္တူ
ခံစားရပါတယ္။ ၿပီးေတာ့ – အစ္ကို႔ကို လြန္းတင္ ေျပာစရာရွိေနတယ္”
“ဟုတ္လား – အစ္ကိုနဲ႔လြန္းတင္ကစိတ္ခ်င္းဆက္
ေနသလားမသိဘူး။ အစ္ကိုလည္း လြန္းတင္ကို ေျပာစရာရွိေနတယ္”
“ေျပာေလ…”
“ေအာက္ဆင္းရေအာင္ – လြန္းတင္”
ရွင္လြန္းတင္က ေခါင္းညိတ္သည္။ ၿပီးေနာက္
တန္ေဆာင္းအတိုင္း ဘုရားေပၚမွ ဆင္းခဲ့သည္။
ဘုရားေျခရင္းရွိ ပန္းၿခံကေလးဆီသို႔ ဝင္လာခဲ့သည္။
ေျမေပၚတြင္ ေႂကြလြင့္ေနသည့္ တ႐ုတ္စကားပြင့္
မ်ားႏွင္းကာ တ႐ုတ္စကားပင္ေအာက္ သို႔ဝင္ခဲ့သည္။
တ႐ုတ္စကားနံ႔တို႔ သင္းပ်ံ႕လို႔ရယ္ …။
တ႐ုတ္စကားပင္ေအာက္ ေရာက္လွ်င္
ရပ္လိုက္ၾက၏။ တစ္ဦးကိုတစ္ဦး ၾကည့္ရင္း..
“အစ္ကို႔ရင္ထဲက လြန္းတင္ကို ေျပာခ်င္
တဲ့စကားကို အရင္ေျပာခြင့္ျပဳေနာ္”
တိုးစည္က ေျပာလိုက္၏။ ၿပီးေနာက္ – ကိုးစည္က
ရွင္လြန္းတင္၏ လက္ဖမိုးႏုႏုကေလးအား
ဆုပ္ကိုင္ရင္း လြန္းတင္မ်က္ႏွာကို ေစ့ေစ့ၾကည့္လိုက္၏။
“အစ္ကို က ေျပာေလ”
“ေျပာမွာပါ။ လြန္းတင္ – မျငင္းနဲ႔ေနာ္”
“ေျပာပါ”
“အစ္ကိုက လြန္းတင္ကို ခ်စ္တယ္။ လက္ထပ္ခ်င္တယ္”
ေျပာရင္း လြန္းတင္၏ ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး
ရင္ခြင္ထဲ ႏွစ္ထား လိုက္သည္။ ရွင္လြန္းတင္ကမျငင္းပါ။
ရွင္လြန္းတင္က တိုးစည္၏ရင္ခြင္ထဲတိုးဝင္ၿပီးဟင္းခနဲတစ္ခ်က္ရႈိက္၏။
ရွင္လြန္းတင္၏ရႈိက္သံသည္သူ႔ႏွလုံးသားအားသန္လ်က္ႏွင့္ထိုးလိုက္
သလို ရွိ၏။ “ခ်စ္တယ္ဆိုတာ ငိုဖို႔မဟုတ္ဘူးေလ။
ဝမ္းနည္းစရာမွ မဟုတ္ တာ”ဟုေျပာလိုက္ခ်င္၏။ မေျပာျဖစ္။
“လြန္းတင္ – ခ်စ္တယ္ဆိုတာ ဘာလို႔ငိုရတာလဲ။
လြန္းတင္လည္းကိုယ့္ကို ခ်စ္တယ္မဟုတ္လား။
ဒါဆို ေပ်ာ္ရမွာေလ။ မငိုပါနဲ႔ – လြန္းတင္ ဟု
ကရားေရလႊတ္ေျပာမိသည္။
ရွင္လြန္းတင္က တစ္ခ်က္ရႈိက္ၿပီး..
“လြန္းတင္ – ဝမ္းနည္းတာက မေပ်ာ္လို႔
မဟုတ္ပါဘူး။ အစ္ကို႔အခ်စ္ ကိုပိုင္ဆိုင္ရလို႔ေပ်ာ္ပါတယ္။
ဒါေပမဲ့ – လြန္းတင္ – မေပ်ာ္ႏိုင္ဘူး – အစ္ကို”
“ဘာ … ဘာျဖစ္လို႔လဲ – လြန္းတင္”
ရွင္လြန္းတင္ကသက္ျပင္းရႈိက္ၿပီး ဘာျဖစ္လို႔
လည္းဆိုရင္ရင္လြန္းတင္ဘဝကိုအစ္ကို႔အခ်စ္
ေတြကို ေထြးပိုက္ပိုင္ဆိုင္ၿပီး မေပ်ာ္ႏိုင္တဲ့ဘဝမို႔ပါ
အစ္ကို”ဟု ေျပာသည္။“ဘာျဖစ္လို႔ဒီလိုေျပာရတာလဲ-လြန္းတင္။
လူ.လူခ်င္းမတူတာမရွိဘူး။
အခ်စ္စစ္ဟာ မတူညီတဲ့ဘဝႏွစ္ခုကို
ေပါင္းစပ္ဖို႔ အႏႈိင္းမဲ့အင္အားပါ လြန္းတင္ရယ္”
“မဟုတ္ဘူး – အစ္ကို၊ လြန္းတင္နဲ႔အစ္ကို ဘဝ
မတူတာက ညႇိမရတဲ့ မတူညီျခင္းပဲ။ ေျပာရရင္
လြန္းတင္က လူဆိုေပမယ့္ လူအစစ္ မဟုတ္ဘူး။
ဖန္ဆင္းထားတဲ့လူ ျဖစ္ေနလို႔ပဲ- အစ္ကို”
“ဘာ- ဘယ္လို- လြန္းတင္”
“လြန္းတင္ ရွင္းရွင္းေျပာမယ္ အစ္ကို။ လြန္းတင္
ဟာ ေနာက္ပြင့္မယ့္ ဘုရားမွာ လႉဖို႔အတြက္
ရတနာသိုက္ကို ေစာင့္ေနရတဲ့ သိုက္နန္းရွင္ပဲ။ ဒါေၾကာင့္
– အစ္ကိုနဲ႔ လြန္းတင္က ဘဝခ်င္း ေပါင္းစပ္လို႔မရဘူး။
ၿပီးေတာ့ လြန္းတင္တို႔ သိုက္က သိုက္
ဆရာအေႏွာင့္အယွက္ေၾကာင့္ ေျပာင္းရ
ေတာ့မယ္။ ဒါေၾကာင့္ – အစ္ကို႔ကို ေတြ႕ခ်င္ေပမယ့္ မေတြ႕
ႏိုင္ေတာ့သလို ဘဝခ်င္း ေပါင္းစပ္ဖို႔လည္း
မလြယ္ေတာ့ဘူး။ ဒါေၾကာင့္ – ဒီဘဝ၊ ဒီမွ်လို႔ပဲ သေဘာ
ထားရေအာင္ ေနာ္” “လြန္းတင္ရယ္ ….”
တိုးစည္ ဘာေျပာရမယ္မသိ။ လူစင္စစ္မွ
ေက်ာက္႐ုပ္ျဖစ္သြားသည္ ထင္။ ထိုစဥ္
ရွင္လြန္းတင္ သူ႔ရင္ထဲမွ ေျပးထြက္သြားသည္။
“လြန္းတင္ … ရွင္လြန္းတင္” လွည့္မၾကည့္။
ၾကည့္စမ္း – မ်က္စိေအာက္မွ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့ၿပီ။
သည့္ေနာက္ပိုင္း တိုးစည္ႏွင့္ ရွင္လြန္းတင္
မေတြ႕ ၾကေတာ့။ တိုးစည္ ေန႔စဥ္ေစာင့္ေသာ္
လည္း ရွင္လြန္းတင္ ေရာက္မလာခဲ့။
ဘုရားဝတ္ျပဳ၊ ပုတီးစိပ္၊ ေမတၱာပို႔၊ အမွ်ေဝၿပီး
သင္းပ်ံ႕သည့္ေမႊးရနံ႔ကို ရႉ႐ိုက္လိုက္ရသျဖင့္ တိုးစည္ေပ်ာ္သြားသည္။
ဖ်က္ခနဲ ၾကည့္လိုက္ေသာ္လည္း ႐ုပ္သြင္မျမင္ရ။
“လြန္းတင္ – မင္းေရာက္ေနတယ္မဟုတ္လား။
မင္းကို ကိုယ္ေတြ႕ပါတိုးစည္ေျပာ၏။ မေတြ႕။
သို႔ေသာ္ အသံကိုမူ ၾကားရ၏။
“လြန္းတင္ကို မေတြ႕ခ်င္ပါနဲ႔ေတာ့ – အစ္ကို။
ဒါေပမဲ့ -လြန္းတင္ေျပာ စကားကိုေတာ့ နားေထာင္ၿပီး မွတ္ထားပါ”
“လြန္းတင္တို႔ လကြယ္ညမွ သိုက္ေျပာင္းရမယ္
အစ္ကို။ ဒီလိုသိုက္ ေျပာင္းတဲ့အခါမွာ ေၾကးစည္
သံေတြ ၾကားရမယ္။ လွည္းတြန္းသံေတြ ၾကား
ရမယ္။ ဒီအခ်ိန္ အစ္ကို ထြက္လာခဲ့ပါ။ ဒီအသံ
ေတြနဲ႔အတူ အစ္ကို ေႁမြ တစ္ေကာင္ ေတြ႕လိမ့္မယ္။
အစ္ကို – ဒီလိုေတြ႕ရင္ ဒီေႁမြကို ႐ိုက္သတ္လိုက္ပါ။
ဒါဆို – အစ္ကို – မ်ားျပားတဲ့ရတနာ ေတြ႕ရလိမ့္မယ္”
“ဒီလိုရတနာရရင္ တစ္ဝက္ကို အခ်စ္ဆုံးေပး
တဲ့လက္ေဆာင္အျဖစ္ အစ္ကိုသုံးၿပီး တစ္ဝက္
ကို ဘုရားလႉပါ။ ရွင္လြန္းတင္အတြက္ အမွ်ေပးေဝ၊
သာဓုေခၚေပးပါ – အစ္ကို၊ အစ္ကိုနဲ႔
ခ်စ္လြန္းတင္ေနာင္ဘဝမွာေနာင္ခႏၶာနဲ႔ ေပါင္းရပါေစ”
ထို႔ေနာက္ဘာသံမွမၾကားရေတာ့။
သင္းပ်ံ႕သည့္ေမႊး၊ရနံ႔လည္းမရႉရႈိက္ရေတာ့။
“လြန္းတင္ – လြန္းတင္ရယ္”
လကြယ္ည
ရွင္လြန္းတင္ႏွင့္ ေဝးရၿပီဆိုသည့္အသိေၾကာင့္
သူ ႏွလုံးေတြ ေၾကမြ ပ်က္သုဥ္းသလို ခံစားရသည္။
ရွင္လြန္းတင္ႏွင့္ ေဝးရၿပီဆိုေသာ အသိေၾကာင့္
ေပ်ာ္႐ႊင္မႈေတြ ဆိတ္ သုဥ္းေနၿပီ။
သို႔ေသာ္ သူေျပာခဲ့သည့္စကားေတြကိုမူ ၾကား
ေယာင္ေန၏။ “ေနာင္ဘဝ၊ ေနာင္ခႏၵာနဲ႔
ေပါင္းၾကပါဦးတဲ့လား – ရွင္လြန္းတင္ရယ္”
သူယူႀကဳံးမရသလို ခံစားရ၏၊
သို႔ႏွင့္ လကြယ္ညေရာက္သည္ကို အမွတ္ရမိသည္။
ဘာမွ်လိုခ်င္ တပ္မက္မႈမရွိေသာ္လည္း ခ်စ္သူ
စကားျဖစ္သျဖင့္ အေလးအနက္ ထားရသည္။
သည္ညက အိပ္မရ၊ နံနက္လင္းအ႐ုဏ္အခ်ိန္။
ထိုစဥ္ေၾကးစည္သံ၊ လွည္းေမာင္းသံေတြ ၾကားရ၏။
တိုးစည္ အိမ္ထဲမွ ေျပးထြက္ခဲ့သည္။
လင္းအ႐ုဏ္က်င္းဝၿမိဳ႕အလင္းေရာင္မပီျပင္
ေသး။လူသူအသြားအလာမရွိေသး။
ထိုစဥ္သူ႔ေရွ႕တြင္ ႀကီးမားသည့္ေျမႀကီး
တစ္ေကာင္ေတြ႕လိုက္ရသည္။ “ေႁမြႀကီးျမင္ရင္
သတ္လိုက္ပါ- ကိုယ္။ တစ္ဝက္ကိုသုံးၿပီးတစ္ဝက္ကို
ရွင္လြန္းတင္ကို ရည္မွန္းၿပီးလႉပါ အမွ်ေပးေဝသာဓုေခၚပ
“ေနာင္ဘဝ ေနာင္းစြာနဲ႔ ေပါင္းၾကစို႔”
စကားေတြကိုၾကားေနသည္။ သူေတြဝေနရာမွ
ဖ်တ္ခနဲ ၾကည့္လိုက္ ေတာ့ပီျပင္စြာျမင္ရသည့္
ေႁမြႀကီးကတျဖည္းျဖည္းမႈန္ဝါးကာ အၿပီးပဲ ပီျပင္ေတာ့၏။
သည္အခါမွ တိုးစည္ ေႁမြႀကီးကို ႐ိုက္လိုက္မိသည္။
ထို႔အတူ သူ ႐ိုက္ လိုက္သည့္ေနရာတြင္
ေႁမြႀကီးေပ်ာက္သြားၿပီး ေ႐ႊတုံးတခ်ိဳ႕ကို ေတြ႕ရ၏။
တိုးစည္ေ႐ႊတုံးမ်ားအားေကာက္ယူရင္းရင္ထဲလႈိက္ေမာလာ၏။မ်က္
ရည္တို႔ ေတြေတြက်လာ၏။
“စိတ္ခ် – ရွင္လြန္းတင္၊ ဒီေ႐ႊတုံးေတြထုခြဲၿပီးကိုယ္
ရွင္လြန္းတင္ အတြက္ ရည္စူးၿပီး အလႉဒါနျပဳပါမယ္။
ရွင္လြန္းတင္ – သာဓုေခါႏိုင္ပါေစ”
“ေနာင္ဘဝ၊ ေနာင္ခႏၵာနဲ႔ ေပါင္းရဖို႔ – အစ္ကို – ေမွ်ာ္လင့္ေနပါ့မယ္ ရွင္လြန္းတင္ရယ္”