ဥစ္စာစောင့်သဘက်ကြီးနှင့် လောဘသားကောင်များ

ဥစ္စာစောင့်သဘက်ကြီးနှင့် လောဘသားကောင်များ (စ/ဆုံး)
—————————————–——-

ည အမှောင်ထုသည်ကား ကြီးစိုးလို့နေ၏။
ည အခါမှာမြည်တတ်သော ပိုးပုရစ်မြည်သံ တို့ကလွဲရင်ပကတိတ်
ဆိတ်လျက်သာ။
လကွယ်ညမို့ အမှောင်ထုကတစ်ခြားညတွေထက်ပိုကြီးစိုးနေသလို၊
တောတောင်အရပ်မို့ အမှောင်ထုက ပို၍ပင်ကြီးစိုးနေ၏။
တစ်ခါတခါ လန့်ပြီး ထပျံတတ်သော ည ငှက် တို့ရဲ့ အသံက ကြားရသူအဖို့ ကြောချမ်းစရာပင်။

သို့သော် ဤမျှ မှောင်မဲတိတ်ဆိတ်နေသော ညအမှောင်ထုမှာ မှိန်ပျပျ
မီးရောင်လေးနှင့် လူတစ်စုက လှုပ်စိလှုပ်စိ။

” ဟေ့ ကောင်တွေ မြန်မြန်လာကြ ဟ မင်းတို့ကောင်တွေသွားနေတာက လိပ်ထက်တောင်နှေးနေသေးတယ်”
ထိုလူတစ်စုမှ ရှေ့ဆုံး လူက နောက်ကလူတွေကို လှမ်းသတိပေးနေ
သေး၏။

သူတို့ သူတို့ သူတို့ကား …..
ယခုကဲ့သို့ မှောင်မိုက်နေသော ညအမှောင်ထုထက် ကြောက်စရာ
ကောင်းသော အဝိဇ္ဇာ မောဟ နဲ့ လောဘ အမှောင်ထုတွေ ဖုံးလွှမ်းနေ
ကြသူများပင်။

” ဆရာမြ မရောက်သေးဘူးလားဗျ ကျုပ်တို့မောလှပြီ”
နောက်မှလူတစ်ယောက်က လှမ်းပြော၏။

” ဟာ မင်းတို့ကောင်တွေကလည်းကွာ ငါတောင်မမောဘူး မသိရင်
သူတို့ကပဲ အသက်တစ်ရာအဖိုးကြီးတွေလိုလို” 👺👺👺

” နေကြအုန်း စောလှ မင်း ဒီနေရာမှာ နေခဲ့ နေရဲတယ်မို့လား
အကြောင်းတစ်ခုခုထူးရင် ကျီးကန်းသံလုပ်ပြီး ငါတို့ကို အသိပေး
ကြားလား” ရှေ့မှ ဦးဆောင်သူက ထိုကဲ့သို့ပြောလိုက်သောအခါ

နောက်မှ စောလှ ဆိုသူ က
“ဟာ ဆရာမြကလည်း လက်တွဲလာတာဖြင့်ကြာပြီ ခုထိ ဆရာ့တပည့်ရဲ့ သတ္တိကိုမယုံသေးဘူး ကျုပ်သတ္တိကို အကဲစမ်းတာလား”
ဟု ပင်ပြန်ပြော၏။

” ကဲပါ ဟုတ်ပါပြီ မင်းဒီနေရာမှာ ကျန်ခဲ့ ရှေ့နည်းနည်းလျှောက်ရင်
ငါတို့ အလုပ်စမဲ့နေရာရောက်ပြီ မီးကိုလည်းမငြိမ်းစေနဲ့ကြားလား
ငါစည်းတားပေးခဲ့မယ် ဘာအကြောင်းရှိရှိ စည်းအပြင်မထွက်နဲ့
ကြားလား ငါသင်ပေးထားတဲ့ အန္တရာယ် ကာကွယ်တဲ့ မန္တာန်တွေကို
လည်း မမေ့စေနဲ့ ”

” အို စိတ်ချပါ ဆရာမြရယ် ဒါမျိုးတွေက ဆရာ့တပည့်အတွက် ရိုး
အီနေပြီ”
စောလှ ဆိုသူက မာန်တတ်နေသည်ထင့်။
☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️

ဇာတ်ကြောင်းအနည်းငယ်လှန်ပါအံ့…..

တကယ်တော့ ဆရာမြလို့ သူ့တပည့်တွေခေါ်ခေါ် နေကြတဲ့ မြမောင်
နဲ့ သူ့တပည့်သား ၆ ယောက် တို့က ရွှေတောင်ကုန်း ရွာရဲ့ အထွဋ်
တမြတ်ဖြစ်တဲ့ ရွှေတောင်ကုန်းဘုရား(စေတီ)မှာ သိုက်တူးဖို့ရောက်နေ
ကြခြင်းပင်။
ရွာနဲ့ ဘုရား(စေတီ)နဲ့ အနည်းငယ်လှမ်းတော့ သူတို့အတွက်ပိုလွယ်ကူနေတာပေါ့။
ရွှေတောင်ကုန်းစေတီ က အနည်းငယ်သာမြင့်တဲ့ တောင်ကုန်းရှည်
မှာတည်ရှိတာပါ။
စေတီပေါ် ရောက်ဖို့ ဆိုရင် လှေကားထစ်ပေါင်း ၁၀၀ ကျော်ကျော်
ကိုတော့ တတ်ရပါလိမ့်မယ်။
လှေကားအစမှာ ဂေါပကတွေနေတဲ့ အဆောင်ရှိ၏။
(ည အိပ်ညနေ တော့ မနေကြပါ။)
စေတီရဲ့ အနောက်ဖက်မှာတော့ သိပ်မကျယ်လွန်းတဲ့ မြစ် တစ်ခုရှိ၏။

မြမောင် တို့ အဖွဲ့က လှေနဲ့လာပြီး တောင်ရဲ့ အနောက်ဖက်က တတ်
လာကြတာ။
ခုတော့ သူတို့ရဲ့ လောဘကို အကောင်အထည်ဖော်မဲ့နေရာကိုရောက်
နှင့်နေကြပြီလေ။
အကုန်လုံးကိုမြင်သာတဲ့ နေရာမှာ ဝဲဘက်ခြေနည်းနည်းဆာနေတဲ့
စောလှ ဆိုသူကို အစောင့်ချထားခဲ့ခြင်းပင်။
ခေတ်ကာကောင်းမှာမဟုတ်တော့ ဘုရားမှာ မီး ၂၄ နာရီ မထွန်းနိုင်။
ရွာသူရွာသားတွေ ပေါင်းစု လှူဒါန်းထားတဲ့ မီးစက်ကလေးနဲ့ ည ၁၀
နာရီလောက်ပဲထွန်းနိုင်တယ်လေ။
မဆိုစလောက်မီးရောင်လေးတော့ ရှိတယ်လေ။

😈 😈 😈 😈 😈 😈 😈 😈 😈 😈

” ကဲ ကဲ ငါတို့ လုပ်ငန်းစရမဲ့ နေရာ ကို ရောက်ပြီ ငါ ဆိုင်ရာပိုင်ရာ
တွေကို ခွင့်ပန်ပြီး စည်းချလိုက်အုန်းမယ် ”

တကယ်တော့ မြမောင် ဆိုသူက ခေသူတော့မဟုတ်။
အရပ်တကာလှည့်ပြီး ဆေးကု၊ ပယောဂကု၊ ဘုရားဋ္ဌာပနာ၊ သင်္ချိုင်း
ဂူတွေကို ဖောက်နေသူ တစ်ယောက်။
သချောပြီ၊ သတင်းအတိအကျ ရပြီဆိုမှ လုပ်ငန်းစသူ။

” ကဲ ဟေ့ ကောင်တွေ ငါ စည်းရော ကြိုးရော တားပြီးပြီ
ဥစ္စာရှိရင် ဥစ္စာစောင့်တော့ရှိမှာပဲ ဥစ္စာစောင့်ရှိမှ ဥစ္စာရှိမှာ
ဒီတော့ ငါ့ ကောင်တို့ ဘာပဲ ကြုံရ ကြုံရ မကြောက်ကြနဲ့
ထွက်လည်း မပြေးကြနဲ့နော် စည်းပေါက်လို့မဖြစ်ဘူး”

” ဆရာမြ ကလည်း ကျုပ်တို့ အကြောင်းမသိတာကျနေတာပဲ”😈

” အေးပါ ငစိုးရာ ငါ က သေချာအောင်လို့ပါကွာ” 😒 😒

ထိုကဲ့သို့ ပြောနေကြတုန်းမှာပင် တစ်ယောက်က

” ဟာ စောလှ မင်းကို ဟိုးမှာ စောင့်ခိုင်းထားတာ မစောင့်ပဲလိုက်
လာပါလား ငါ တယ် အော် “” ဟု ပြောလိုက်တော့

မြမောင် ရော တစ်ခြားသူတွေပါ ကြည့်လိုက်တော့ စည်းအပြင်မှာ
မလှုပ်မယှက် ရပ်နေသော စောလှ ကို အံ့သြစွာမြင်တွေ့ရ၏။

” ဟား ဟား ခုကတည်းက အကဲစမ်းနေကြပြီပေါ့လေ ကြည့်ရတာ
ရတနာတွေသိပ်များပုံရတယ် ရတယ်ဟေ့ မြမောင်တို့က ဒီလိုမှကြိုက်
တာ” မြမောင် သဘောကျစွာရယ်မောကာ

” ဟေ့ ဦးတင် အဲဒါ နင့်ပထွေး စောလှ မဟုတ်ဘူးဟ နင့်သတ္တိကိုစမ်း
နေတာ ငါ ပေးထားတဲ့ အစိမ်းရော ဆေးနဲ့ ပစ်လိုက်စမ်း”
မြမောင်က ထိုကဲ့သို့ပြောလိုက်သောအခါ ဦးတင် ဆိုသူက အစိမ်း
ရောင် ဆေးလုံးလေးနဲ့ ပစ်လိုက်တော့
” ဝုန်း” ကနဲမီးထတောက်ကာ စောလှ ယောင်ဆောင်ထားသော
သရဲမှာ ” အား ” ဟု အော်ဟစ်ပြီး ထိုနေရာမှာပင်ပျောက်ကွယ်သွား၏။

” ကဲ ဟေ့ ကောင်တွေ ဒီနေရာက စတူး ” ဟု စေတီ ရဲ့ ဖိနပ်ခေါ်
အောက်ခြေ တစ်နေရာကို ညွှန်ပြ၍ တပည့်များကလည်း တူးကြတော့
၏။။

တစ်ပေ နှစ်ပေ တူးအပြီးမှာ ” ဒုတ် ဒုတ် ဒုတ် ” ဟူသောတစ်စုံတစ်
ခုနှင့် ထိမိသံထွက်လာ၏။

” ဟာ တွေ့ပြီ ဆရာမြ သံသေတ္တာ ဗျ သံသေတ္တာ ” တပည့်တစ်
ယောက်က ထိုကဲ့သို့ ဝမ်းသာ အားရပြောသောအခါ မြမောင် မဲ့ပြုံး
တစ်ချက်ပြုံပြီး၊

” ဟ ငတုန်း အောင်လှုိင် ရ ဒီလိုတောင်ကုန်း၊ ဒီလို အထင်ကရ ဘု
ရားမှာ ဒီလို ရတနာ သေတ္တာ ကို နှစ်ပေသုံးပေမှာ မြုပ်ထားမလားကွ
အဲဒါ ငါ့ ကို ပညာစမ်းနေတာပဲ ကဲဟယ် ကဲဟယ် ” ဟု
ပြောကာ သူ့ လွယ်အိတ်ထဲမှ ပြာမှုန့်တစ်ချို့ထုတ်ကာပစ်ထည့်လိုက်
တော့ သံသေတ္တာမှာ ထူးဆန်းစွာ ပျောက်သွားပြန်၏။။

” ဟာ သံသေတ္တာ ကြီးပျောက်သွားပြီ” ဟု ငစိုးဆိုသူကပြောလည်း
ပြောပြီး
” ဟား ဟားး ဟိ ဟိ ဟီးးးး” ဟု ထရယ်ပါလေရော။

တစ်ခြားလူတွေက ကြောင်ပြီးကြည့်နေကြတော့တာပေါ့။

” ” ဟာ ဟေ့ ကောင် ငစိုး ဘာအရူးထတာလဲကွ ကြာရင်လူတွေ
ကြားနေအုန်းမယ် တိတ်စမ်း”
မြမောင် စိတ်တိုတို နှင့်အော်ပြောလိုက်၏။။

” ဆရာမြ ကျုပ် အရူးထတာ မဟုတ်ဘူး ဗျ ဟို ရှေ့က သစ်ပင်ကို
မှိပြီး ရပ်နေတဲ့ အကောင်က ကျုပ်ကို ရယ်အောင်လုပ်နေတာဗျ”

မြမောင် သဘောပေါက်သွားသည်ထင်၏။။
” မင်းမြင်ရလား ငစိုး ဘယ်လိုပုံစံလဲ ငါ့ ကို ပြောစမ်း ”

” မြင်ရတယ်ဗျ အောင်မလေး နည်းတဲ့ အကောင်ကြီး မဟုတ်ဘူးဗျ”
ငစိုး မှာ ကြောက်လည်းကြောက် ရယ်လည်းရယ်နေ၏။

” ဘယ်လို ပုံစံ လဲ ငါ့ကို ပြောစမ်း ငစိုး ”

” ဟာ ကြောက်စရာကြီးဗျ ပုဆိုးကွက်တုံးကြီးနဲ့ဗျ အပေါ်ပိုင်းတော့
ဘာမှမဝတ်ထားဘူး ဆံပင်ရှည်ကြီး နဲ့ဗျ ” ” ဟား ဟားး ဟား”
တစ်ချက် တချက်ရယ်လိုက်သေး၏။။

” မျက်လုံးတွေ ရဲတောက်နေတာပဲ ဆရာမြ ရ ” ငစိုး ကကြောက်
ကြောက်နှင့်ပြောနေ၏။

” ဘာ အရွယ် အစားတုန်း ငစိုး အန္တရာယ်ပြုမယ့်ပုံလား”

” အရွယ်အစားက ယောကျာ်းကြီး နှစ်ဖက်စာလောက် ရှိတယ်ဗျ
အရပ် က ထန်းတစ်ပင်လောက်ကိုမြင့်တာဗျ ဟာ လက်ထဲမှာ
ဧရာမ ကျောက်တင်းပုတ် ကြီးကိုင် လို့ တချက်တစ်ချက် ဝှေ့ယမ်းနေ
တာဗျ ဟာပါး စပ်မှာလည်း အစွယ်တဖွေးသားနဲ့ဗျ ”
” ဟား ဟားး ဟားးးး ” ငစိုး မှာ ပြောလည်းပြောရယ်လည်းရယ်။

” အော် ဒင်းက စည်းထဲတော့ ဝင်လို့မရပေမဲ့ အစွမ်းအစတော့ရှိသား
ကြည့်ရတာ ဒီသဘက်ကောင်က အစောင့်ဖြစ်မယ်”
” ဟေ့ ကောင်တွေ မင်းတို့ ဆက်တူး ဒီအကောင်ကို ငါ ချင်းလိုက်
မယ် ” မြမောင် က ထိုသို့ပြောပြီး

” ကဲ ဟယ် ဒါ ငါ့အဆရာ အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့
ကမ္ဘာမှာ နှစ်ခုမရှိတဲ့ ဝမ်းတွင်းစုန်း တွေရဲ့သွေးနဲ့ လုပ်ထားတဲ့ မိစ္ဆာ
ဖမ်း အင်းတဲ့ ဟေ့” ဟု အောင်သံ ဖြင့်အော် ဟစ်ကာ

ဥုံဖွ မန်းပြီး ပစ်ထည့် လိုက်တော့ အင်း မှာ မြေမှာ မကျပဲ တစ်စုံတစ်
ခုနဲ့ ထိမိသလို ” ဝုန်း” ကနဲ မီးထတောက်သွားတော့၏။

” ဟီးးးးးး” အကောင်အထည်မမြင်ရပဲ ကြောက်စရာ အသံဆိုးတစ်ခု
ဟိန်း ထွက်လာတော့၏။

” ဟ အဲ အကောင် ပျောက်သွား ပြီဗျ ပျောက်သွားပြီ” ငစိုး အားရ
ဝမ်းသာဖြင့် ပြော၏။။

” အင်း ငါတို့ ရတနာ နဲ့ နီးလာပုံရတယ် ဒီအကောင်တွေကြမ်းလာပြီ
ငါ ကိုးသင်္ချိုင်းမြေနဲ့ စည်း နောက်တစ်တန် တားလိုက်အုန်းမယ်
မင်း တို့ မကြောက်မရွံ့ ဆက်တူးကြ”

မြမောင် ပြောပြော ဆိုဆို နှင့် စည်းတားထားလိုက်၏။

ခဏကြာသည် အထိ ဘာမှ မထူးခြား။
သို့သော်
တပည့် တစ်ယောက်က တူးလက်စ ပေါက်တူးကို လွှတ်ချကာ
” ဖြောင်း ဖြောင်း ” လက်ခုပ်တီးပြီး ခါးမှာ လက်တစ်ဖက်ထောက်
ကျန်လက်တစ်ဖက်ကို ဆင်နှာမောင်းကဲ့သို့ ကွေ့ကာ၊ ပုဆိုးကို
မြေလူးဝတ်လိုက်ပြီး ခြေတစ်ဖက်ကို မြှောက်ကာ

” သူဇာပိုင်…. ဒေဝရာဇ်…. ပူဗျာလှိုင် …အပွေပြစ်…. လေးခင်ခင့်
ဆေးမင်နှင့် တွက်တာပိုင် ဟေးးးးးးးး” ဟု ဆိုကာ ကပါတော့၏။

မြမောင် က အခြေအနေကို ချက်ချင်းရိပ်မိကာ
” ဟေ့ မောင်မြိုင် ခုထိုင်လိုက်စမ်း ငါ ဆရာ အမိန့်” ဟုပြော
ကာ ပါးစပ်မှ ပွစိပွစိ ပြောပြီး မောင်မြိုင်ဆိုသူရဲ့ခေါင်းကို ပုတ်လိုက်
တော့ မောင်မြိုင် ချက်ချင်း ထိုင်သွား၏။။

” မောင်မြိုင် ဘာမြင်တုန်း ” မြမောင် ပြုံးလျက်မေးလိုက်၏။။

” အောင်မလေး ဆရာမြရယ် ပါးစပ်မှာ ဧရာမ အစွယ်တွေတဖွဲသား
နဲ့ ကျုပ်ကို ပြုံးပြီး သီချင်းဆိုပြနေတာဗျ ပါးစပ်က ရာပြည့်တင်း
လောက်ကို ရှိတာဗျ အောင်မလေး သဘက်ကြီးဗျ လက်ထဲမှာ
ကျောက်တင်းပုတ်နဲ့ ကျုပ်ကို လက်ယက်ခေါ်နေတယ်”

” အေး အဲဒါ မင်း သတ္တိကို စမ်းနေတာ မကြောက်နဲ့ မောင်မြိုင်
ဆရာမြ တစ်ယောက်လုံးရှိနေတာပဲ”

မြမောင် ထိုသို့ နှစ်သိမ့် ပြောဆိုနေစဉ်မှာပင် နောက်တစ်ယောက်
ထကာ
” တစ်နေဝင် မြင်ရနိုး တစ်မိုးသောက် ရောက်လာလိမ့်မယ်
ထင်ယောင် စောတာနှင့် မော လှပြီလေးးး” ” ဟေ့ ပုံပုံ ပုံ ထီ ထီ
ဝေ ဝေ ဝေ ” ” တောမြိုင်လယ် သာစခန်း လှမ်းခဲ့ပါ့မယ့်
တို့နှမ ဆီးလို့ ကြို မောင်ကြီးကြိတ်ကာငို ဟေးးးးး”
ဟု ငိုချင်း သီပြန်၏။

” ဟေ့ ကောင် အောင်လှုိင် မင်းကော ဘာမြင်ပြန်တုန်း”

” ဟာ ဆရာမြ ချောလိုက်တဲ့ မိန်းမတွေဗျာ ကျုပ်တစ်သက်ဒီလောက်ချောတာ တစ်ခါမှ မမြင်ဖူးဘူးဗျ ကျုပ်ကို ခေါ်နေပြီ ကျုပ်သွားတော့မယ် ဗျာ ”
အောင်လှိုင် စည်းထဲမှ ထွက်မလိုလို လုပ်နေ၍ မနည်းဆွဲထားရ၏။

” အောင်လှိုင် အောင်လှိုင် ငါ့တပည့် စိတ်ထိန်းစမ်း အဲဒါ မိန်းမ
တွေမဟုတ်ဘူး မင့်ပထွေး သဘက်ကြီးဟ ” ဟုပြောကာ
လွယ်အိတ်ထဲမှ မှိုင်းခံထားသော အင်းတစ်ချပ်ကို ထုတ်ပြီး
အောင်လှိုင် ရဲ့ နဖူးမှာကပ်ကာ မန်းချလိုက်မှ အောင်လှိုင်ပုံမှန်ဖြစ်
သွား၏။

မြမောင် က ဘယ်လောက်ပဲ ပြောပြော သူ့တပည့်များကား စိုးထိတ်
နေကြပေပြီ။

” ဒီမှာ ငါ့တပည့် တို့ ဒင်းတို့တွေ ကြမ်းလာပြီ ဆိုတော့ ရတနာတွေ
နဲ့ နီးလာပြီ ဆိုတဲ့ သဘောပဲ သတိကြီးကြီးထားရမယ် လုံးဝ သတိ
လက်လွတ်မဖြစ်စေနဲ့ သူတို့ ဘယ်လိုပုံစံ နဲ့ ပဲ ခြောက်လှန့်လှန့်
စိတ်မယိုင်ကြနဲ့ ကြားလား ရော့ ရော့ ဒီဆေးတွေကို တစ်
ယောက်တစ်လုံး သောက်လိုက်ကြ” ဟုပြောကာ

သူ့လွယ်အိတ်ထဲမှ ထုတ်ကာ ဆေးနီနီ တစ်ယောက်တစ်လုံးသောက်
စေ၏။
ပြီးတာနဲ့ ဆက်တူးခိုင်းပြန်၏။။

အတော်လည်း ကြာသည်အထိ တူးလိုက်တဲ့ အခါ
” ဒုတ် ဒုတ် ဒုတ် ” ဟူသော အသံကို နောက်တစ်ခါ ထပ်ကြားရ
ပြန်၏။

မြမောင် ဝမ်းသာ အားရဖြစ်ကာ
” ဟာ ဒီတစ်ခါတော့ ငါတို့ ရတနာ သေတ္တာကို တစ်ကယ်တွေ့ပြီဟ
ငါတို့ ဆရာတပည့် တစ်သက်လုံး ဘာမှ လုပ်စရာမလိုပဲ အေးဆေးနေ
နိုင်တော့မှာ ကွ”

သူတို့ ဆရာတပည့်တစ်သိုက် ပတ်ဝန်းကျင်ကို ခဏမေ့ကာ လောဘ၏အထွဋ် အထိပ်သို့ ရောက်နေကြပြီ။။

” ဆရာမြ ဟို မှာ လာနေတာ ဆရာကတော် မြလေး မဟုတ်ဘူး
လား ”
တပည့်တစ်ယောက်၏ စကားကြောင်း မြမောင် ကြည့်လိုက်တော့
” ဟာ အဲဒါ မင်းတို့ ဆရာကတော် မဟုတ်ဘူး မင့်ပထွေး စောလှ
ဟ ငတေ ရ သူ့ ကို တားကြဟ သူ့ကို တားကြ သူစည်းဖောက်
တော့မယ်”

ငတေ ရော ငစိုး၊ အောင်လှုိင်၊ ဦးတင်၊ တို့ပါ စောလှ အော်ကာ ပြေး
လာနေသည်ကို သူတို့ရဲ့ ဆရာကတော် မြလေး ကလေးတစ်ယောက်
ချီပြီး ပြေးလာနေသည် ဟု မြင်ကြ၍ တစ်ယောက်မှ မတားမိကြချေ။

” ဆရာမြ ရေ ဆရာမြ ” အော်ပြီး အနား ရောက်တော့မှ စောလှ
ဖြစ်နေမှန်း ငတေ တို့လေးယောက် သိလိုက်ရကြ၏။

မြမောင် လည်း အလန့်တကြား ” ဟေ့ စောလှ မလာနဲ့ မလာ နဲ့
ဟေ့ ကောင်တွေ တားကြ အုန်း ဟ” မြမောင် ဘယ်လောက်ပဲ
အော်အော် အရာအားလုံးနောက်ကျသွားပြီ။
စောလှ ဝင်ရောက်လာ၏။။

သွားပြီ သွားပြီ စည်းပေါက်သွားပြီ။

” ဟာ စောလှ စောလှ မင်း မင်း ဘယ်လိုလုပ်လိုက်တာလဲကွာ
စည်းပေါက်သွားပြီ ကွ မင်း မင်း တော့ကွာ”
မြမောင် ငိုမဲ့မဲ့ မျက်နှာဖြင့်ပြောလိုက်ပေမဲ့ စောလှကတော့ ဘာမှ
မသိမကြားသလို။

” ဟဲ ဟဲ ဟဲ ဆရာမြ ဆရာမြ ဆရာ့မိန်းမ ဆရာကတော်
ဒေါ်မြလေး လေ ကလေးကို လက်ဆွဲ ဗိုက်လည်း တစ်ဗိုက်
မပေါ့မပါး နဲ့ ဆရာ့ ကို ဆရာ့ကို အပူတပြင်း လာရှာနေလို့ ကျုပ်
အပြေးလာခဲ့ရတာ ” စောလှ ကတော့ ပြောစရာရှိတာပြောနေ၏။

” ဟာ စောလှ ငါ့မှာ ကလေးရှိလို့လားကွာ ငါ့မိန်းမသေသွားတာ
နှစ်ချို့နေပြီ ကွ မင်း ဒါလေးတောင် မသိဘူးလား သွားပြီကွာ
ခဲလေသမျှ သဲရေကျ ဖြစ်ရပြီ ဟ ကောင်တွေ အဲ သေတ္တာကိုထား
ခဲ့တော့ အသက် မသေချင်ရင် ခြေဦးတည့်ရာသာ ပြေးကြတော့ဟေ့”

မြမောင် ပြောပြောဆိုဆို နှင့် ရှေ့ကပြေးပါတော့၏။

ထိုအချိန် ရွှေတောင်ကုန်း တစ်ခုလုံး ငလျင်လှုပ်သလို တသိမ့်သိမ့်
လှုပ်လာ၏။

ငစိုး ဆိုသူကား ” ဘာပဲဖြစ်ဖြစ် ဒီလောက်ခက်ခက်ခဲခဲ တူးထားတဲ့
သေတ္တာကို ရအောင်ဖွင့်မယ် ” ဟု ကြံလိုက်၏။

သူကြံရုံရှိသေး သေတ္တာ က သူ့ဖာသာသူ ပွင့်လာတော့၏။

ငစိုး သေတ္တာ ထဲ ကြည့်တော့ ဧရာမ မြွေကြီးများ ရှူးရှူး ရှဲရှဲ
ထွက်လာပြီး ငစိုး အား ရိုက်ပက်ကာ ပေါက်ပါတော့၏။

ကျန်တဲ့ သူမျာလည်း အလန့်တကြားဖြစ်ကာ ခြေဦးတည့်ရာ ပြေးကြ
တော့ ရုတ်တရက် ထန်းတစ်ပင်လောက်မြင့်တဲ့ အရပ်နဲ့
ယောကျာ်းကြီး နှစ်ယောက်ဖက်စာလောက်ရှိတဲ့ ခန္ဓာနဲ့ လက်ထဲ
ကျောက်တင်းပုတ် ကိုင်ထားသော သဘက်ကြီး ပေါ်လာပြီး

မြမောင် အား ရိုက်ထည့်လိုက်ပါတော့၏။
” အား ” မြမောင် ခမျာ အား ဟု တစ်ခွန်းသာအော်နိုင်တော့၏။
မြမောင် ကို အရိုက်မှာ ကျောက်တင်းပုတ် ရဲ့ ထောင့် က စောလှ ရဲ့
ဦးခေါင်း ကို ထိမိသွားတော့ စောလှ လည်း တောင်အောက်သို့
ပြုတ်ကျ သွားပါတော့၏။

ငတေ နှင့် တစ်ခြားသူ တို့ အဖေကယ်ပါ အမေ ကယ်ပါ အော်ပြီး
ပြေးနေကြ၏။
သူတို့ အမြင်မှာ စေတီ နဲ့ ဝေးရာရောက်နေပြီ ဟု မြင်သော်လည်း
တကယ် မှာ ရွှေတောင်ကုန်း ပေါ်မှာပဲ ရှိနေသေး၏။

သဘက်ကြီးလည်း ငတေ့ ရှေ့တည့်တည့်မှ ဆီးကာ ပေါ်လာပြီး
ကျောက်တင်းပုတ်နှင့် အား ကုန် ရိုက်ထု လိုက်ပါတော့၏။
“အးး အးးးး” ငတေ မှာ အား ဟု ပီပီ သသ မထွက်နိုင်ခဲ့ပဲ
သဘက်ကြီးရဲ့ ကျောက်တင်းပုတ် အောက်မှာပဲ
ဇီဝိန် ချုပ်ကာ ခန္ဓာ တစ်ခု လုံးကြေမွသွားတော့၏။

အောင်လှုိင် နှင့် ဦးတင် တို့ ပြေးမလွတ်နိုင်မှန်း သိသောအခါ
ဒူးထောက် ချလိုက်ပြီး
” ကျုပ်တို့ မှားပါတယ်ဗျာ ကျုပ်တို့မှားပါတယ် ကျုပ်တို့ ဘုရား
ဋ္ဌာပနာ ကိုတောင် ကြံစည်မိပါတယ် ကျုပ်တို့ အသက်ကိုတော့
ချမ်းသာပေးပါဗျာ ကျုပ်တို့ နောက်ဆို ”

သူတို့ စကား မဆုံးမီမှာ ပင် သဘက်ကြီး သူတို့နှစ်ယောက်ကို
ခြေမှ ကိုင်ကာ မြေမှချပြီး ကျောက်တင်းပုတ်ဖြင့် အားပါးတရ ထု
ပစ်လိုက်ပါတော့၏။

စေတီရင်ပြင်တစ်ခုလုံးလည်း သွေးတို့ဖြင့်လွှမ်းခြုံ သွားပါတော့၏။

သဘက်ကြီး လည်း ဝူးဝူး ဝါးဝါး အော် ဟစ်ကာ တစ်ဝက်တစ်ပျက်
အလောင်းများကို ထမ်းပြီး တောင်အောက်ကို ဆင်းသွားသည်မှာ
တောင်တစ်ခု လုံး ယိမ်းယိုင်သလို ဖြစ်သွားပါတော့တယ်။

လောဘ သားများကား မကြံအပ်မကြံရာ ကို ကြံမိကြသည့်အတွက်
ထိုက်တန်သော ရလဒ်များကို ရကြပေပြီ။

” ခါချည်ကောင် မာန်ကြီးလို့ တောင်ကြီးကိုတဲ့ ဖြိုမယ်ကြံ ခါးကမသန်” ဖြစ်ရပေပြီ။

ရွှေတောင်ကုန်း ရွာသူရွာသားများကား အပူပင်ကင်းမဲ့စွာ အိပ်မောကျ
နေကြတုန်းပင်။
လောဘ သားများ ရောက်လာသည် နှင့် ထွက်ခွါသွားသည်ကို
ပင် မသိလိုက်ကြချေ။

မနက် ရောက်တော့ ရွှေတောင်ကုန်း စေတီ ရင်မှာ မနေ့ညက ဘာမှ
မဖြစ်ခဲ့ သလို အရာအားလုံးပကတိပင်။
မြေတူးရာလည်းမရှိသလို ဘာသွေးစက်မှလည်းမရှိ မကျန်ခဲ့ပါ။

မြမောင် နှင့် သူ့တပည့်တို့၏ အလောင်းတို့ကား အစအနမျှ
မကျန် ပျောက်သွား၏။
ဘာလုပ်လိုက်လဲ သဘက်ကြီးသာသိပါလိမ့်မည်။

သူတို့က ဤမြေဤဒေသ ကမဟုတ်ကြ၍ သူတို့ပျောက်သွားသည်
ကို မည်သူမှသိမည်မထင်၊ သဘက်ကြီးကလွဲလို့ပေါ့။

ဒါပေမဲ့ ရွှေတောင်ကုန်း ရွာမှာ အရူးတစ်ယောက်ရောက်နေသည်ကို
တော့ အားလုံးသတိထား မိလိုက်ကြ၏။

ထိုသူသည်ကား တစ်ခြားသူမဟုတ် စောလှ ပင်တည်း။

*************************************
&&&&&&&&&&&&&&&&&&&&&&&&&&&&&&
@@@@@@@@@@@@@@@@@@@@@@@
ပြီးပါပြီ။
*******************************
ရွှင်လန်းချမ်းမြေ့ကြပါစေ။
***************************************

အမှားရှိလျင် “ငယ်သူမို့” သနား သောအားဖြင့် ကရုဏာ၊
ရှေ့ထား မေတ္တာတရား ဖြင့် ခွင့်လွှတ်ကြပါကုန်။
**************************

လေးစားစွာဖြင့် = wizard