ဥစ္စာပေးသောလက်မည်းကြီး(စ/ဆုံး)

Unicode Version

ဥစ္စာပေးသောလက်မည်းကြီး(စ/ဆုံး)
——————————————
အချိန်ကာလအားဖြင့် မြန်မာနိုင်ငံ
လွတ်လပ်ရေးရပြီးစအချိန် ဖြစ်သည်။
မအူပင်ခရိုင်ကျွဲဂါတ်ကျေးရွာ အပါအဝင်
ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်နံတစ်လျား
ရောင်စုန်သူပုန်များ ထကြွသောင်းကျန်း
နေချိန်လည်း ဖြစ်သည်။ တောကြောင်
များ လုယက်ခိုးဆိုး ထကြွနေချိန်ဖြစ်၍
ကျေးလက်တောရွာများတွင်ပြူစောထီး
လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပြီး
ကျေးရွာကာကွယ်ရေးနှင့် လုံခြုံရေး ပြု
လုပ်ထားကြရသည်။ ကျွဲဂါတ်ကျေးရွာ
သည် ရွာတန်းရှည်ကြီး ဖြစ်သည်။ လယ်
ကွက်များ မြစ်ရေကြီးလျှင် ရေလွှမ်းမိုး
ခြင်းမခံရအောင် တာဖို့၍တာပတ်လမ်း ပြုလုပ်ထားကြရသည်။
ကျေးရွာနေပြည်သူအများစုမှာ လယ်ယာကိုင်းကျွန်း စိုက်ပျိုးလုပ်ကိုင် ကြသည့် လယ်သမားအများစု ဖြစ် သည်။ ကျွဲဂါတ်ရွာနှင့် စစ်ချောင်းရွာ အကြား လယ်ကွင်းများ တမျှော်တခေါ်
ကြီးရှိနေကြသည်။ ယင်းလယ်ကွင်းများ
တွင် ကုန်းတန်းကြီးကျေးရွာနှင့် မနီး
မဝေး၌ ပလပ်ထားရသော လယ်တစ်
ဧက အကျယ်အဝန်းရှိ လယ်မြေတစ်ကွက်ရှိနေသည်။
နှစ်ပေါင်းများစွာကြာအောင်လယ်
လုပ်ခြင်း၊ ကိုင်းစိုက်ခြင်း မပြုလုပ်ကြ၍
ဖုန်းဆိုးမြေဖြစ်နေပြီး မြက်ပင်၊ကိုင်းပင်
များလူတစ်ရပ်ခန့်ပေါက်လျက်တောထ
နေသည်။ ယင်းလယ်ကွက်ထဲတွင် လူ
ကြီးတစ်ဖက်ခန့်ပင်စည်လုံးပတ်ရှိသော
မန်ကျည်းပင်ကြီးတစ်ပင်ရှိသည်။ မန်
ကျည်းကြီးပင်အောက်၌အမိုးအကာများ
ပျက်စီးနေသော သုံးပင်တိုင်ပျဉ်ထောင်
အိမ်အိုကြီးတစ်လုံး ရှိသည်။ ထိုပျဉ်
ထောင်အိမ်ကြီးမှာ လယ်ပိုင်ရှင်မိသားစု
နေထိုင်သွားသော အိမ်ဖြစ်သည်။ ဂျပန်
ခေတ် ကျွဲညီနောင်ဟု နာမည်ကြီးလှ
သော အင်္ဂလိပ်တိုက်လေယာဉ်နှစ်စင်း
မအူပင်မြို့ရှိဂျပန်အခြေစိုက်တပ်များကို
မကြာခဏ ဗုံးလာ ကြဲတတ်ရာ မအူပင် မြို့မှ စစ်ချောင်းဘက်သို့ တိမ်းရှောင်
ဆုတ်ခွာလာသည့် ဂျပန်တပ်ကြွင်းတပ်
ကျန်များကို ဗုံးကြဲရင်း ထိုလယ်ကွက်ရှိ
အိမ်အားဗုံးကြဲခဲ့ရာမှလယ်ပိုင်ရှင်မိသား
စုများ သေဆုံးကုန်ကြသည်ဟု ပြောစမှတ်ရှိသည်။
ယင်းဖြစ်စဉ်နှင့်အတူ အိမ်ပျက်ကြီး ထဲမှ လက်မည်းကြီး ပေါ်လာပြီး“ရော့ ယူ- ရော့ယူ”ဟူသောအသံနက်ကြီးဖြင့်
ခြောက်လှန့်လျက်ရှိရာ ထိုအိမ်ပျက်ကြီး အနီး ကျေးရွာနေသူများ တစ်ဦးတစ်
ယောက်မျှ သွားလာခြင်း မရှိကြတော့
ချေ။ နေ့ခင်းကြောင်တောင်အချိန်ပင်
ခြောက်လှန့်တတ်ရာ ထိုအိမ်ပျက်ကြီးမှာ
ကြောက်လန့်စရာ ဖြစ်နေတော့သည်။
ရံဖန်ရံခါ လူဆိုးသူခိုးများ၊ ဓားပြများ၊
တုတ်၊ ဓား၊ လုပ်သေနတ်များဖြင့် သုံး၊
လေးဦး ညဘက်ဝင်ရောက်ခိုအောင်း
တတ်ကြသည်။ လူဆိုး သူခိုးများကိုမူ
ထိုလက်မဲကြီးသည် ချောက်လှန့်ခြင်း
မပြုသော်လည်း မန်ကျည်းပင်ကြီးမှ
မီးစိမ်း၊ မီးဝါများတောက်ပပြခြင်း၊ တဟီး
ဟီး၊ တဟားဟား ရယ်မောသံများထွက်
ပေါ်ပြီး ခေါင်းကြီးကိုယ်သေး အစိမ်း
သရဲများ၊ ဂျပန်စစ်သားတစ္ဆေများကိုယ်
ထင်ပြ၍ ထွက်ပြေးလာကြရသည်ချည်းဖြစ်သည်။
လက်မည်းကြီးရှိသော အိမ် ပျက်ကြီးသို့ သိုက်စာရ၍ သိုက်တူးရန် သိုက်ဆရာတစ်ဦးအထက်အညာဘက်
ရောက်လာ၍ ကျွဲဂါတ်ကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ တည်းခိုနေထိုင်
လျက် ရှိသည်။ တစ်နေ့တွင် ရွာထဲမှ
သတ္တိကောင်းသောလူပျိုခေါင်းဖိုးအေး
တို့ကို ထိုသိုက်ဆရာက စည်းရုံးပြီး
သိုက်တူးရန် သွားခဲ့ ကြသည်။ ည
အချိန်တွင် မီးတုတ်များ ကိုင်ဆောင်ပြီး ရွာ လုံခြုံရေးအဖွဲ့မှ ရိုင်ဖယ်သေနတ် ကိုင်ဆောင်သူ အပါအဝင် လေးငါးဦး လိုက်ပါလာကြသည်။
သိုက်ဆရာ ဦးဆောင်သော လူ
တစ်သိုက် မန်ကျည်းပင်ကြီးနှင့် အိမ်
ပျက်ကြီးအနီး ဝါးနှစ်ရိုက်အကွာသို့
ရောက်လာကြသည်။ ထိုအချိန်တွင်မန်
ကျည်းပင်ကြီးမှ မီးစိမ်း၊ မီးနီများ ဖြာ
ထွက်လာပြီး “တဟီးဟီး တဟားဟား”
ရယ်သံများ ပေါ်ထွက်လာကြသည်။
တုတ်၊ ဓားကိုင်သူများ ဖိုးအေးနှင့်အတူ
ရှေ့ဆက်မလိုက်ရဲဘဲ ရပ်တန့်နေကြ၍
သိုက်ဆရာက စည်းချပြီး စည်းဝိုင်း
အတွင်း နေခိုင်းသော်လည်း မနေရဲဘဲ
ပြန်ပြေးလာကြသည်။
သေနတ်ကိုင်ဆောင်ထားသူနှစ်ဦး
က သေနတ်ဖြင့် ဖြစ်သော်လည်း ကျည် မထွက်ပေ။ ၎င်းတို့နှစ်ဦး ထွက်ပြေးသွား ကြပြန်သည်။ သိုက်ဆရာမှာ နောက်လိုက်များ ထွက်ပြေးသွားသော်လည်း
ဟန်ကိုယ့်ဖို့လုပ်၍ တစ်ယောက်တည်း
အိမ်ပျက်ကြီးအနီးရောက်အောင်
ကပ်သွားလိုက်သည်။ လူပျိုခေါင်း ဖိုး
အေးတစ်ယောက်သာ အရက်သောက်
ပြီး ရဲဆေးတင်ထား၍ သိုက်ဆရာ
နောက်တစ်လံအကွာမှ မီးတုတ်တစ်
ဖက်၊ ငှက်ကြီးတောင်ဓားတစ်ဖက်ကိုင် ရင်း ဥစ္စာရနိုးနိုး လိုက်ပါလျက်ရှိသည်။
သိုက်ဆရာမှာ သူ့နောက်မှ ဖိုးအေး
လိုက်ပါနေမှန်းသိ၍ အားတက်ပြီး အိမ်
ပျက်ကြီးရှေ့သို့ ချဉ်းကပ်လာမိသည်။
ကိုင်းပင်များမှာ လေမတိုက်ဘဲ တရှဲရှဲ
မြည်၍ဘယ်ညာလှုပ်ယမ်းနေကြသည်။
မန်ကျည်းပင်ကြီးမှ မီးစိမ်းမီးဝါများမှာ
လည်းအိမ်ပျက်ကြီးထဲ ဝင်လိုက်၊ ထွက်
လိုက်ဖြင့် သွားလာလျက်ရှိသည်။ သိုက်
ဆရာက လွယ်ထားသော လွယ်အိတ် ထဲမှ အစီအရင်အင်းချပ်များ ထုတ်ယူ၍
အိမ်ပျက်ကြီးထဲ ပြစ်ပေါက်လိုက်သည်။ “ဝုန်း”ဟူသော အသံကြီး မြည် ဟည်းသွားပြီး မီးစိမ်းမီးဝါများ ပျောက်ကွယ်သွားသည်။ အိမ်ပျက်ကြီးထဲမှ ငို
သံများကျယ်လောင်စွာထွက်ပေါ်လာကြ
သည်။ “လာဟေ့ – မောင်ဖိုးအေး၊ ငါတို့ နိုင်ပြီကွ။ ဒီအိမ်ထဲမှာ ရွှေငွေရတနာ
တွေ ရှိမယ်။ ဝင်ရှာကြရအောင်” သိုက် ဆရာစကားကြောင့် ဖိုးအေး အားတက် သွားပြီးနှစ်ယောက်စလုံးအိမ်ပျက်ထဲကို ပြိုင်တူဝင်လိုက်ကြသည်။
အိမ်အမိုးထုပ်တန်းဆီမှ အမွေး အမှင် ထူထပ်စွာပေါက်နေသော လက်
မဲကြီး ထွက်ပေါ်လာသည်ကို မြင်လိုက်
ကြရသည်။ သိုက်ဆရာနှင့် ဖိုးအေးတို့
တုန်လှုပ်စွာ ရပ်တန့်လိုက်ကြသည်။
လက်မဲကြီးက “ရော့ယူ – ရော့ယူ”ဟူ
သောအသံနက်ကြီးဖြင့်အထုပ်မည်းကြီး
တစ်ထုပ် ပစ်ချပေးလိုက်သည်။ လိုချင်
စိတ်လောဘဖြင့် နှစ်ဦးစလုံး ကုန်း
ကောက်လိုက်ကြသည်။ အထုပ်ကြီးမှာ
မိန်းမထဘီစုတ်ဖြင့် ထုပ်ထားသော
အဝတ်စုတ်တွေ ဖြစ်နေသည်။ အထုပ်
ကြီးကို ကုန်းကောက်နေသော သိုက်
ဆရာနှင့် ဖိုးအေးတို့ ကျောကုန်း ကို
လက်မည်းကြီးက တစ်ချက်စီရိုက်ထည့်
လိုက်သည်။ “ဖြန်းခနဲ – ဖြန်းခနဲ”လက်
ဝါးရိုက်သံ ပေါ်လာပြီး ဖိုးအေးနှင့် သိုက်
ဆရာမှာ “အောင်မယ်လေးဗျ” ပြိုင်တူ
အော်ပြီး အိမ်ပျက်ကြီးထဲမှ ခြေဦးတည့် ရာ အားကုန်ပြေးထွက်လာကြသည်။ သိုက်ဆရာမှာ လယ်ကွက်တွေကို
ဖြတ်ကျော်ပြီး စစ်ချောင်းရွာဘက်သို့ ပြေးသွားပြီးဖိုးအေးမှာတာရိုးပေါ်ရောက်
၍ ရွာဘက်သို့ အားကုန်ပြေးလာပြီး ရွာ
တံခါးအရောက် အမောဆို့၍ လဲကျ
သွားသည်။ ရွာခြံစည်းရိုးတံခါးမှ ဖိုးအေး
တို့အလာကိုစောင့်နေသောရွာသားများ
က ဖိုးအေးကို ပွေ့ထူ၍ ရွာဦးဘုန်းတော်
ကြီးကျောင်းသို့ နွားလှည်းဖြင့် တင် ဆောင်ပြီး ခေါ်သွားကြရသည်။
သိုက်ဆရာနှင့် ဖိုးအေးတို့အဖြစ် အပျက်ကြောင့် ထိုအိမ်ပျက်ကြီးနှင့် မန်ကျည်းပင်ကြီးရှိရာလယ်ကွက်နားသို့
မည်သူတစ်ဦးတစ်ယောက်မျှ သွားလာ
ခြင်း မရှိကြတော့ချေ။ ထွက်ပြေးသွား
သော သိုက်ဆရာ သျှောင်ကြီးဗွေမှာ
လည်း ဘုန်းတော်ကြီးကျောင်း၌ ကျန်ရှိ
ခဲ့သော သူ့ပစ္စည်းများကို လာရောက်
ယူငင်ခြင်းမရှိဘဲ အစပျောက်သွားရာ
သေသည်ရှင်သည်ပင်မကြားကြတော့
ချေ။ ဖိုးအေးတစ်ယောက်လည်း ကြောက်လန့်ပြီး ဖျားသွားရာ ကယောင် ချောက်ချားပြောနေ၍မအူပင်မြို့ဆေးရုံ ကြီး၌ တစ်လခန့် တက်ရောက်ပြီး ဆေး
ကုသခံယူခဲ့ရသည်။ တစ်နှစ်ခန့် ကြာ သွားပြီးတိုင်းပြည်အခြေအနေမှာလည်း
အေးချမ်းစပြုလာခဲ့သည်။ ထိုအချိန်တွင်
ကျွဲဂါတ်ကျေးရွာရှိ လယ်သမားကြီး
ဦးသိန်းနှင့် ဒေါ်ဆင့်မိသားစုအိမ်သို့
လယ်စာရင်းငှား (အငှားလုပ်သား)
အောင်ဖေဆိုသူ ရောက်လာခဲ့သည်။
ဒုတိယမြောက် ရွာဦးဘုန်းတော်
ကြီးကျောင်းဦးတေဇကအောင်ဖေအား လယ်သမားကြီး ဦးသိန်းထံ လာရောက် အပ်နှံ၍ လယ်သူရင်းလုပ်သား လိုနေ
သော ဦးသိန်းက လက်ခံခဲ့လေသည်။
ခေတ်အခြေအနေကောင်း၍ လယ်ယာ
ကိုင်းကျွန်းလုပ်ငန်းများ ပြန်လည်
ကောင်းမွန်လာပြီး အောင်ဖေမှာ လယ်
လုပ်ကိုင်ရာတွင် အားကိုးရသော လယ်
လုပ်သားဖြစ်ပါသည်။တစ်နေ့သောအခါ
အောင်ဖေကထူးဆန်းသောစကားပြော
လာသည်။
“အဘသိန်း – မန်ကျည်းပင်ကြီးနှင့် အိမ်ပျက်ကြီးနားက လယ်မြေကို ကျွန် တော်တို့ ပြုပြင်ထွန်ယက်စိုက်ပျိုးကြရ
အောင်”
အောင်ဖေ့စကားကြောင့် ဦးသိန်း
က တားမြစ်လိုက်သည်။
“မလုပ်နဲ့ – အောင်ဖေ၊ အိမ်ပျက် ကြီးမှာ လက်မည်းကြီးသရဲရှိတယ်။
အေးအေးနေစမ်းပါကွာ”
“အဘသိန်းကလည်း
လယ်မြေ
တွေတန်ဖိုးတက်လာတော့မှာ။ စပါးဈေး
ကလည်း ကောင်းလာပြီ မဟုတ်လား။
အခွင့်အခါကြုံတုန်း သူများမလုပ်ရဲတဲ့
လယ်မြေကိုပလပ်ထားတာပဲ။ သူကြီးကို
ပြောပြီး လုပ်ကြရအောင်။ ကျွန်တော့်
တာဝန်ထားပါ အဘသိန်းရာ” အောင်ဖေ အတန်တန်ပြော၍ ရွာ
သူကြီးကို လုပ်ခွင့်တောင်းရာ… “ဖိုးသိန်းရ – မင်းတို့လုပ်ရင် မင်းတို့ အပိုင်ပေါ့။ လုပ်ရဲရင် လုပ်ကြလေကွာ။
လက်မည်းကြီးကတော့မင်းတို့ကိုနှောင့်
ယှက်လိမ့်မယ်”
သူကြီးခွင့်ပြု၍ အောင်ဖေတစ် ယောက် နံနက်စောစောဝေလီဝေလင်း ချိန်မှာပင် ပေါက်တူး၊ တံဇဉ်နှင့် ကိုင်း
ခုတ်ဓားများ နွားလှည်းပေါ်တင်ဆောင် သွားပြီး အိမ်ပျက်ကြီး ပတ်ဝန်းကျင် တစ်ဝိုက် ကိုင်းပင်များ၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းတော့သည်။ ရွာသား များက အောင်ဖေ ထွက်ပြေးလာမည့် အချိန်ကို ရွာတံခါးဝမှ စောင့်ကြိုနေကြသည်။ ခုနစ်ရက်ခန့် အောင်ဖေတစ်ဦး သွားရောက်ရှင်းလင်းပြီးချိန် အောင်ဖေ ဘာမှမဖြစ်၍ ရွာသားများ
အံ့ အားသင့် နေကြသည်။ တစ်နေ့ သူကြီးအိမ်၌ အောင်ဖေအိမ်ပျက်ကြီး ဆီမှ ပြန်လာချိန် အောင်ဖေကို ခေါ်၍ သူကြီးက အကြောင်းစုံ မေးသည်။ “သူကြီးကလည်းဗျာ- ကျွန်တော် တို့ရိုးရိုးသားသားလယ်လုပ်ဖို့မန်ကျည်း ပင်စောင့်ပုဂ္ဂိုလ်တွေ၊ ကွင်းပိုင်၊ လယ်ပိုင် တွေ၊ အိမ်ပျက်ကြီးက မကျွတ်မလွတ်သူတွေကို ခွင့်ပန်ရတာပေါ့”
“အမေဆင့်က မနက်တိုင်း လက် ဖက်၊ မုန့်နီ၊ မုန့်ဖြူ၊ ထမင်း၊ စားစရာတွေ
ကြော်လှော်ပေးလိုက်တာ။ ဆိုင်ရာ
ပိုင်ရာတွေကိုလည်း ဒါနပြု ပ,သ ရတာ
ပေါ့ဗျာ။ မေတ္တသုတ်ရွတ်၊ မေတ္တာပို့ပြီး
ပြုသမျှကုသိုလ်အမျှဝေပေးရတာပဲနေ့
စဉ်ပြုလုပ်ပေးတာ၊ တခြား ဘာမှ ကျွန်တော် မလုပ်ဘူး”
သူကြီးနှင့် ရွာသားများမှာ အောင်
ဖေစကားကို မယုံ၍ လူစုလူဝေးဖြင့် အောင်ဖေ လယ်မြေရှင်းရာသို့ လိုက်ပါ
ကြည့်ရှုကြသည်။
အားလုံး အံ့ အားသင့် သွားကြ
သည်။ အိမ်ပျက်ကြီးမှ ကျိုးပဲ့ပျက်စီးနေ သော ပျဉ်ကာများ ဖယ်ရှားပြီး ကျိုးပဲ့
ပေါက်နေသော ပျဉ်ခင်းနေရာတွင် ဝါး
ကတ်များ ခင်းထားသည်။ သွပ်များမရှိ
သော အမိုးနေရာ ကွက်လပ်ကို သက်
ကယ်ပျစ်များဖြင့် မိုးထားသည်။ အတက်
အဆင်းလှေကားကို ပျက်စီးနေရာမှ
ပြန်လည်ပြုပြင်ထားသည်။ အဝေးက
ကြည့်လျှင်နားနားနေနေကွန်းထောက်
ခိုနိုင်သော ဇရပ်တစ်ဆောင်လို တွေ့
မြင်ရသည်။အိမ်ပျက်ကြီးပတ်ဝန်းကျင်ရှိ
ကိုင်းပင်၊ မြက်ပင်များ ပြောင်တလင်း
ခါနေအောင် ရှင်းထားသည်။ မန်ကျည်းပင်မှာ နတ်ကွန်းနတ်စင်
လေးလုပ်ထားသည်။ မန်ကျည်းပင်ကြီး
အောက် ဝါးခင်းကွပ်ပျစ် လုပ်ထားပြီး
နားနေနိုင်သည်။ မြင်ကွင်းသည် သန့်
ရှင်းနေသည်။ အောင်ဖေ လယ်မြေကို
နွားတစ်ရှဉ်းနှင့် ထွန်ယက်ထား၍ စိုက်
ပျိုးရန် အသင့် ဖြစ်နေသည်။ သူကြီးနှင့်
ရွာသားတစ်သိုက် ဇရပ်ပေါ် တက်
ထိုင်လိုက်ကြသည်။ တန်ဆောင်မုန်း လဖြစ်၍ မန်ကျည်းပင်ကြီး၌ မန်ကျည်း
သီးများ ပြွတ်သိပ်နေအောင် သီးနေကြ
သည်။အောင်ဖေခူးထားသောတင်း
တောင်းအပြည့် မန်ကျည်းသီးများကို
သူကြီးနှင့် ရွာသားများအား အောင်ဖေ
ဝေငှပေးသည်။ အောင်ဖေသည် စိတ်
ကောင်း ရှိသည်။ ရိုးသားသည် ရွာထဲ၌
သာရေးနာရေးရှိလျှင် အောင်ဖေ ရှေ့
ဆုံးက ပါဝင် လုပ်အားပေးသည်။
အသောက်အစား အပျော်အပါးလောင်း
ကစားကင်းသော အောင်ဖေကို တစ်ရွာ
လုံးက ခင်မင်ကြသလို သားယောက်ျား
လေးမရှိသေးသော ဦးသိန်းတို့မိသားစု
ကလည်း ချစ်ခင်ကြသည်။ သည်လို နှင့် တပေါင်းလသို့ ရောက်လာသည်။ ရွာမှာ ရှင်ပြုပဉ္စင်းခံ အလှူအတန်းများ ပြုလုပ်ကြတော့သည်။ စပါးရောင်းရငွေ ဖြင့် လယ်သမားများ အလှူအတန်း ပြု ကြသည်။ ဦးသိန်းတို့ လယ်များ အောင်
ဖေ၏လုပ်အားဖြင့်စပါးအထွက်ကောင်း
ပြီးဝမ်းစာအပြည့်ဖြင့်စပါးရောင်းရငွေကို
အလှူလုပ် ဖို့ စီစဉ်တော့သည်။
“ဘကြီးသိန်းတပေါင်းလမှာအလှူ
မလုပ်ပါနှင့်ဦး။ တန်ခူးလ သင်္ကြန်ရောက်
မှ လုပ်ပါ။ အဲဒီအချိန်ကျရင် ကျွန်တော်
ပဉ္စင်းဝတ်မယ်”အောင်ဖေ့စကားကြောင့် ဦးကြီး သိန်းက သင်္ကြန်ရက်များတွင် အလှူ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ တပေါင်းလပြည့်နေ့သို့ရောက်လာ
သည်။ ရွာလယ်က ဘကြီးဦးမြညွန့်တို့ အိမ်၌ ညဦးပိုင်းလုပ်အားပေးပြီး လူကြီး ခေါင်းချချိန် ညဘက် အိမ်ပျက်ကြီးရှိရာ
လယ်မြေဘက်သို့ အောင်ဖေတစ်
ယောက်တည်း ထွက်လာခဲ့ သည်။
လဆန်း (၁၄)ရက်၊ တပေါင်းလအဖိတ်
နေ့ညဖြစ်၍ လရောင်သည် ထိန်ထိန်
သာနေသည်။
အောင်ဖေလယ်ကွင်းများကို ဖြတ်
ကျော်လာခဲ့သည်။ လယ်ကွက်ထဲမှပုရစ် လေးများ အော်သံ၊ ညငှက်လေးများ အော်သံတို့ကိုသာ ကြားနေရသည်။ မန်ကျည်းပင်ကြီးမှာ လရောင်အောက် တွင် ထီးထီးမားမား ရပ်တည်နေသည်။ တစ်ခါတစ်ရံလေအဝှေ့၌မန်ကျည်းရွက် များ အိပ်နေရာက လန့်နိုးလာသလို တဖျတ်ဖျတ် လှုပ်ယမ်းနေကြသည်။ ခါး ပိုက်ထဲ၌ ထည့်ယူ လာသော ဖယောင်း တိုင်၊ အမွှေးတိုင်ကို မန်ကျည်းပင်ရှိနတ်စင်၌ မီးထွန်းညှိ ဒါနပြုလိုက်သည်။ မြတ်စွာဘုရားကို အာရုံပြု၍ ဘုရားရှိခိုး
ပြီး ငါးပါးသီလ ခံယူလိုက်သည်။ မေတ္တ
သုတ်များ ရွတ်ဆိုပြီး မေတ္တာပို့လိုက်
သည်။ နမက္ကာရ၊ ရတနာရွှေချိုင့်ပရိတ်
များ ရွတ်သည်။
အောင်ဖေသည် ဘုန်းကြီးကျောင်း
သားဖြစ်၍ သင်ပုန်းကြီးကြေအောင်
သင်ကြားခဲ့ရသည်။ ထိုအချိန်မှာပင်ဇရပ်
ထုပ်တန်းပေါ်က ချိုးချိုးချွတ်ချွတ် အသံ
ကြားရသည်။ အောင်ဖေ မော့ကြည့်
လိုက်သည်။
“သင် တို့အတွက် ကု သို လ်
ကောင်းမှုလုပ်ပေးမည်၊ ထိုကောင်းမှုကို
ကျွန်ုပ် အမျှဝေပေးမည်။ ပေးစရာရှိတာ
ပေးပါတော့”
အောင်ဖေ့ စကားဆုံးသည်နှင့်
လက်မည်းကြီး ပေါ်လာသည်။
“ရော့ယူ – ရော့ယူ”
ဆိုသော အသံကြီးနှင့် အထုပ်တစ် ထုပ် ပစ်ချပေးလိုက်သည်။ လက်မည်း ကြီး ပျောက်ကွယ်သွားသည်။ အောင် ဖေ အထုပ်ကို ဖွင့်ကြည့်လိုက်သည်။ ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးများ ဖြစ်သည်။ အထုပ်ကို အသင့်ပါလာသော လုံချည်
ကွင်းသိုင်းထဲ ထည့်၍ စလွယ်သိုင်းပြီး အောင်ဖေ အိမ်ပျက်ကြီးဇရပ်မှ ပြန်လာ
ခဲ့သည်။
လက်မည်းကြီးပေးသော ဥစ္စာ
ပစ္စည်းများကို အောင်ဖေ ရသွားသည်။
အောင်ဖေသည် ကျေးဇူးသိတတ်သူ
ဖြစ်၍ ဦးကြီးသိန်းကို ထိုက်သင့်
သလောက် ကန်တော့ပြီး ရွာသူကြီး
ကိုလည်းကန်တော့သည်။ ရွာဦးကျောင်း
ဆရာတော် ဘုရားတည်ရန်နှင့်ကျောင်း
ပြုပြင်ရန်အတွက်လည်း လှူသည်။
အောင်ဖေ သံဝေဂတရားဖြင့် ဘုန်းကြီး
ဝတ်သွားကာ တရားဓမ္မနှင့်သာပျော်မွေ့
နေတော့သည်။ လက်မည်းကြီးနှင့်
အောင်ဖေ ဇာတ်လမ်းကား ပုံပြင်ပမာ
ရှိနေတော့သည်။ ဦးကြီးသိန်းဆိုသူမှာ
ကျွန်တော်၏ ဖခင်ကြီးပင် ဖြစ်သည်။
ကျွန်တော်၏ ဖခင်ကြီး ပြောပြသော
ဇာတ်ကြောင်းများပင် ဖြစ်သည်။ သို့ သော်လည်းဖခင်ကြီး မသိလိုက်ရသော
အကြောင်းအရာများ ရှိသည်။
အောင်ဖေသည်ဥစ္စာပစ္စည်းများကို
စွဲလမ်း၍ သရဲသဘက်ဖြစ်နေသော
လက်မည်းကြီး၏သားမက်တစ်ဦးဖြစ်ပြီး
ဂျပန်ခေတ် ချွေးတပ်ထဲပါသွားပြီး ချွေး
တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာ
၍မိသားစုကို ပြန်ရှာရာမှ အဖြစ်ဆိုးကြုံ
နေရသော မကျွတ်မလွတ်သည့် မိသား
စုနှင့် ယောက္ခမ သရဲသဘက်ကြီးက
ပစ္စည်းဥစ္စာပေး၍ အလှူဒါန ပြုလုပ်
စေကာ ကျွတ်တမ်းဝင် ခဲ့ရသလိုအောင်
ဖေလည်း သံဝေဂတရားများစွာရ၍ လူ့
ဘောင်မှ ရဟန်းဘောင်သို့ ကူးပြောင်း
မွေ့လျော်သွားခဲ့ခြင်း ဖြစ်သည်ကို ရွာ
ဦးကျောင်းက ဆရာတော်တစ်ပါးသာ
လျှင် သိခွင့်ရလိုက်ခြင်း ဖြစ်ပေတော့သည်။
– သိန်းထွန်းသစ်

Zawgyi Version

ဥစၥာေပးေသာလက္မည္းႀကီး(စ/ဆုံး)
——————————————
အခ်ိန္ကာလအားျဖင့္ ျမန္မာႏိုင္ငံ
လြတ္လပ္ေရးရၿပီးစအခ်ိန္ ျဖစ္သည္။
မအူပင္ခ႐ိုင္ကြၽဲဂါတ္ေက်း႐ြာ အပါအဝင္
ဧရာဝတီျမစ္ဝကြၽန္းေပၚတစ္နံတစ္လ်ား
ေရာင္စုန္သူပုန္မ်ား ထႂကြေသာင္းက်န္း
ေနခ်ိန္လည္း ျဖစ္သည္။ ေတာေၾကာင္
မ်ား လုယက္ခိုးဆိုး ထႂကြေနခ်ိန္ျဖစ္၍
ေက်းလက္ေတာ႐ြာမ်ားတြင္ျပဴေစာထီး
လက္နက္ကိုင္တပ္ဖြဲ႕မ်ား ဖြဲ႕စည္းၿပီး
ေက်း႐ြာကာကြယ္ေရးႏွင့္ လုံၿခဳံေရး ျပဳ
လုပ္ထားၾကရသည္။ ကြၽဲဂါတ္ေက်း႐ြာ
သည္ ႐ြာတန္းရွည္ႀကီး ျဖစ္သည္။ လယ္
ကြက္မ်ား ျမစ္ေရႀကီးလွ်င္ ေရလႊမ္းမိုး
ျခင္းမခံရေအာင္ တာဖို႔၍တာပတ္လမ္း ျပဳလုပ္ထားၾကရသည္။
ေက်း႐ြာေနျပည္သူအမ်ားစုမွာ လယ္ယာကိုင္းကြၽန္း စိုက္ပ်ိဳးလုပ္ကိုင္ ၾကသည့္ လယ္သမားအမ်ားစု ျဖစ္ သည္။ ကြၽဲဂါတ္႐ြာႏွင့္ စစ္ေခ်ာင္း႐ြာ အၾကား လယ္ကြင္းမ်ား တေမွ်ာ္တေခၚ
ႀကီးရွိေနၾကသည္။ ယင္းလယ္ကြင္းမ်ား
တြင္ ကုန္းတန္းႀကီးေက်း႐ြာႏွင့္ မနီး
မေဝး၌ ပလပ္ထားရေသာ လယ္တစ္
ဧက အက်ယ္အဝန္းရွိ လယ္ေျမတစ္ကြက္ရွိေနသည္။
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္လယ္
လုပ္ျခင္း၊ ကိုင္းစိုက္ျခင္း မျပဳလုပ္ၾက၍
ဖုန္းဆိုးေျမျဖစ္ေနၿပီး ျမက္ပင္၊ကိုင္းပင္
မ်ားလူတစ္ရပ္ခန႔္ေပါက္လ်က္ေတာထ
ေနသည္။ ယင္းလယ္ကြက္ထဲတြင္ လူ
ႀကီးတစ္ဖက္ခန႔္ပင္စည္လုံးပတ္ရွိေသာ
မန္က်ည္းပင္ႀကီးတစ္ပင္ရွိသည္။ မန္
က်ည္းႀကီးပင္ေအာက္၌အမိုးအကာမ်ား
ပ်က္စီးေနေသာ သုံးပင္တိုင္ပ်ဥ္ေထာင္
အိမ္အိုႀကီးတစ္လုံး ရွိသည္။ ထိုပ်ဥ္
ေထာင္အိမ္ႀကီးမွာ လယ္ပိုင္ရွင္မိသားစု
ေနထိုင္သြားေသာ အိမ္ျဖစ္သည္။ ဂ်ပန္
ေခတ္ ကြၽဲညီေနာင္ဟု နာမည္ႀကီးလွ
ေသာ အဂၤလိပ္တိုက္ေလယာဥ္ႏွစ္စင္း
မအူပင္ၿမိဳ႕ရွိဂ်ပန္အေျခစိုက္တပ္မ်ားကို
မၾကာခဏ ဗုံးလာ ႀကဲတတ္ရာ မအူပင္ ၿမိဳ႕မွ စစ္ေခ်ာင္းဘက္သို႔ တိမ္းေရွာင္
ဆုတ္ခြာလာသည့္ ဂ်ပန္တပ္ႂကြင္းတပ္
က်န္မ်ားကို ဗုံးႀကဲရင္း ထိုလယ္ကြက္ရွိ
အိမ္အားဗုံးႀကဲခဲ့ရာမွလယ္ပိုင္ရွင္မိသား
စုမ်ား ေသဆုံးကုန္ၾကသည္ဟု ေျပာစမွတ္ရွိသည္။
ယင္းျဖစ္စဥ္ႏွင့္အတူ အိမ္ပ်က္ႀကီး ထဲမွ လက္မည္းႀကီး ေပၚလာၿပီး“ေရာ့ ယူ- ေရာ့ယူ”ဟူေသာအသံနက္ႀကီးျဖင့္
ေျခာက္လွန႔္လ်က္ရွိရာ ထိုအိမ္ပ်က္ႀကီး အနီး ေက်း႐ြာေနသူမ်ား တစ္ဦးတစ္
ေယာက္မွ် သြားလာျခင္း မရွိၾကေတာ့
ေခ်။ ေန႔ခင္းေၾကာင္ေတာင္အခ်ိန္ပင္
ေျခာက္လွန႔္တတ္ရာ ထိုအိမ္ပ်က္ႀကီးမွာ
ေၾကာက္လန႔္စရာ ျဖစ္ေနေတာ့သည္။
ရံဖန္ရံခါ လူဆိုးသူခိုးမ်ား၊ ဓားျပမ်ား၊
တုတ္၊ ဓား၊ လုပ္ေသနတ္မ်ားျဖင့္ သုံး၊
ေလးဦး ညဘက္ဝင္ေရာက္ခိုေအာင္း
တတ္ၾကသည္။ လူဆိုး သူခိုးမ်ားကိုမူ
ထိုလက္မဲႀကီးသည္ ေခ်ာက္လွန႔္ျခင္း
မျပဳေသာ္လည္း မန္က်ည္းပင္ႀကီးမွ
မီးစိမ္း၊ မီးဝါမ်ားေတာက္ပျပျခင္း၊ တဟီး
ဟီး၊ တဟားဟား ရယ္ေမာသံမ်ားထြက္
ေပၚၿပီး ေခါင္းႀကီးကိုယ္ေသး အစိမ္း
သရဲမ်ား၊ ဂ်ပန္စစ္သားတေစၦမ်ားကိုယ္
ထင္ျပ၍ ထြက္ေျပးလာၾကရသည္ခ်ည္းျဖစ္သည္။
လက္မည္းႀကီးရွိေသာ အိမ္ ပ်က္ႀကီးသို႔ သိုက္စာရ၍ သိုက္တူးရန္ သိုက္ဆရာတစ္ဦးအထက္အညာဘက္
ေရာက္လာ၍ ကြၽဲဂါတ္ေက်း႐ြာ ဘုန္း ေတာ္ႀကီးေက်ာင္း၌ တည္းခိုေနထိုင္
လ်က္ ရွိသည္။ တစ္ေန႔တြင္ ႐ြာထဲမွ
သတၱိေကာင္းေသာလူပ်ိဳေခါင္းဖိုးေအး
တို႔ကို ထိုသိုက္ဆရာက စည္း႐ုံးၿပီး
သိုက္တူးရန္ သြားခဲ့ ၾကသည္။ ည
အခ်ိန္တြင္ မီးတုတ္မ်ား ကိုင္ေဆာင္ၿပီး ႐ြာ လုံၿခဳံေရးအဖြဲ႕မွ ႐ိုင္ဖယ္ေသနတ္ ကိုင္ေဆာင္သူ အပါအဝင္ ေလးငါးဦး လိုက္ပါလာၾကသည္။
သိုက္ဆရာ ဦးေဆာင္ေသာ လူ
တစ္သိုက္ မန္က်ည္းပင္ႀကီးႏွင့္ အိမ္
ပ်က္ႀကီးအနီး ဝါးႏွစ္႐ိုက္အကြာသို႔
ေရာက္လာၾကသည္။ ထိုအခ်ိန္တြင္မန္
က်ည္းပင္ႀကီးမွ မီးစိမ္း၊ မီးနီမ်ား ျဖာ
ထြက္လာၿပီး “တဟီးဟီး တဟားဟား”
ရယ္သံမ်ား ေပၚထြက္လာၾကသည္။
တုတ္၊ ဓားကိုင္သူမ်ား ဖိုးေအးႏွင့္အတူ
ေရွ႕ဆက္မလိုက္ရဲဘဲ ရပ္တန႔္ေနၾက၍
သိုက္ဆရာက စည္းခ်ၿပီး စည္းဝိုင္း
အတြင္း ေနခိုင္းေသာ္လည္း မေနရဲဘဲ
ျပန္ေျပးလာၾကသည္။
ေသနတ္ကိုင္ေဆာင္ထားသူႏွစ္ဦး
က ေသနတ္ျဖင့္ ျဖစ္ေသာ္လည္း က်ည္ မထြက္ေပ။ ၎တို႔ႏွစ္ဦး ထြက္ေျပးသြား ၾကျပန္သည္။ သိုက္ဆရာမွာ ေနာက္လိုက္မ်ား ထြက္ေျပးသြားေသာ္လည္း
ဟန္ကိုယ့္ဖို႔လုပ္၍ တစ္ေယာက္တည္း
အိမ္ပ်က္ႀကီးအနီးေရာက္ေအာင္
ကပ္သြားလိုက္သည္။ လူပ်ိဳေခါင္း ဖိုး
ေအးတစ္ေယာက္သာ အရက္ေသာက္
ၿပီး ရဲေဆးတင္ထား၍ သိုက္ဆရာ
ေနာက္တစ္လံအကြာမွ မီးတုတ္တစ္
ဖက္၊ ငွက္ႀကီးေတာင္ဓားတစ္ဖက္ကိုင္ ရင္း ဥစၥာရႏိုးႏိုး လိုက္ပါလ်က္ရွိသည္။
သိုက္ဆရာမွာ သူ႔ေနာက္မွ ဖိုးေအး
လိုက္ပါေနမွန္းသိ၍ အားတက္ၿပီး အိမ္
ပ်က္ႀကီးေရွ႕သို႔ ခ်ဥ္းကပ္လာမိသည္။
ကိုင္းပင္မ်ားမွာ ေလမတိုက္ဘဲ တရွဲရွဲ
ျမည္၍ဘယ္ညာလႈပ္ယမ္းေနၾကသည္။
မန္က်ည္းပင္ႀကီးမွ မီးစိမ္းမီးဝါမ်ားမွာ
လည္းအိမ္ပ်က္ႀကီးထဲ ဝင္လိုက္၊ ထြက္
လိုက္ျဖင့္ သြားလာလ်က္ရွိသည္။ သိုက္
ဆရာက လြယ္ထားေသာ လြယ္အိတ္ ထဲမွ အစီအရင္အင္းခ်ပ္မ်ား ထုတ္ယူ၍
အိမ္ပ်က္ႀကီးထဲ ျပစ္ေပါက္လိုက္သည္။ “ဝုန္း”ဟူေသာ အသံႀကီး ျမည္ ဟည္းသြားၿပီး မီးစိမ္းမီးဝါမ်ား ေပ်ာက္ကြယ္သြားသည္။ အိမ္ပ်က္ႀကီးထဲမွ ငို
သံမ်ားက်ယ္ေလာင္စြာထြက္ေပၚလာၾက
သည္။ “လာေဟ့ – ေမာင္ဖိုးေအး၊ ငါတို႔ ႏိုင္ၿပီကြ။ ဒီအိမ္ထဲမွာ ေ႐ႊေငြရတနာ
ေတြ ရွိမယ္။ ဝင္ရွာၾကရေအာင္” သိုက္ ဆရာစကားေၾကာင့္ ဖိုးေအး အားတက္ သြားၿပီးႏွစ္ေယာက္စလုံးအိမ္ပ်က္ထဲကို ၿပိဳင္တူဝင္လိုက္ၾကသည္။
အိမ္အမိုးထုပ္တန္းဆီမွ အေမြး အမွင္ ထူထပ္စြာေပါက္ေနေသာ လက္
မဲႀကီး ထြက္ေပၚလာသည္ကို ျမင္လိုက္
ၾကရသည္။ သိုက္ဆရာႏွင့္ ဖိုးေအးတို႔
တုန္လႈပ္စြာ ရပ္တန႔္လိုက္ၾကသည္။
လက္မဲႀကီးက “ေရာ့ယူ – ေရာ့ယူ”ဟူ
ေသာအသံနက္ႀကီးျဖင့္အထုပ္မည္းႀကီး
တစ္ထုပ္ ပစ္ခ်ေပးလိုက္သည္။ လိုခ်င္
စိတ္ေလာဘျဖင့္ ႏွစ္ဦးစလုံး ကုန္း
ေကာက္လိုက္ၾကသည္။ အထုပ္ႀကီးမွာ
မိန္းမထဘီစုတ္ျဖင့္ ထုပ္ထားေသာ
အဝတ္စုတ္ေတြ ျဖစ္ေနသည္။ အထုပ္
ႀကီးကို ကုန္းေကာက္ေနေသာ သိုက္
ဆရာႏွင့္ ဖိုးေအးတို႔ ေက်ာကုန္း ကို
လက္မည္းႀကီးက တစ္ခ်က္စီ႐ိုက္ထည့္
လိုက္သည္။ “ျဖန္းခနဲ – ျဖန္းခနဲ”လက္
ဝါး႐ိုက္သံ ေပၚလာၿပီး ဖိုးေအးႏွင့္ သိုက္
ဆရာမွာ “ေအာင္မယ္ေလးဗ်” ၿပိဳင္တူ
ေအာ္ၿပီး အိမ္ပ်က္ႀကီးထဲမွ ေျခဦးတည့္ ရာ အားကုန္ေျပးထြက္လာၾကသည္။ သိုက္ဆရာမွာ လယ္ကြက္ေတြကို
ျဖတ္ေက်ာ္ၿပီး စစ္ေခ်ာင္း႐ြာဘက္သို႔ ေျပးသြားၿပီးဖိုးေအးမွာတာ႐ိုးေပၚေရာက္
၍ ႐ြာဘက္သို႔ အားကုန္ေျပးလာၿပီး ႐ြာ
တံခါးအေရာက္ အေမာဆို႔၍ လဲက်
သြားသည္။ ႐ြာၿခံစည္း႐ိုးတံခါးမွ ဖိုးေအး
တို႔အလာကိုေစာင့္ေနေသာ႐ြာသားမ်ား
က ဖိုးေအးကို ေပြ႕ထူ၍ ႐ြာဦးဘုန္းေတာ္
ႀကီးေက်ာင္းသို႔ ႏြားလွည္းျဖင့္ တင္ ေဆာင္ၿပီး ေခၚသြားၾကရသည္။
သိုက္ဆရာႏွင့္ ဖိုးေအးတို႔အျဖစ္ အပ်က္ေၾကာင့္ ထိုအိမ္ပ်က္ႀကီးႏွင့္ မန္က်ည္းပင္ႀကီးရွိရာလယ္ကြက္နားသို႔
မည္သူတစ္ဦးတစ္ေယာက္မွ် သြားလာ
ျခင္း မရွိၾကေတာ့ေခ်။ ထြက္ေျပးသြား
ေသာ သိုက္ဆရာ ေသွ်ာင္ႀကီးေဗြမွာ
လည္း ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္ရွိ
ခဲ့ေသာ သူ႔ပစၥည္းမ်ားကို လာေရာက္
ယူငင္ျခင္းမရွိဘဲ အစေပ်ာက္သြားရာ
ေသသည္ရွင္သည္ပင္မၾကားၾကေတာ့
ေခ်။ ဖိုးေအးတစ္ေယာက္လည္း ေၾကာက္လန႔္ၿပီး ဖ်ားသြားရာ ကေယာင္ ေခ်ာက္ခ်ားေျပာေန၍မအူပင္ၿမိဳ႕ေဆး႐ုံ ႀကီး၌ တစ္လခန႔္ တက္ေရာက္ၿပီး ေဆး
ကုသခံယူခဲ့ရသည္။ တစ္ႏွစ္ခန႔္ ၾကာ သြားၿပီးတိုင္းျပည္အေျခအေနမွာလည္း
ေအးခ်မ္းစျပဳလာခဲ့သည္။ ထိုအခ်ိန္တြင္
ကြၽဲဂါတ္ေက်း႐ြာရွိ လယ္သမားႀကီး
ဦးသိန္းႏွင့္ ေဒၚဆင့္မိသားစုအိမ္သို႔
လယ္စာရင္းငွား (အငွားလုပ္သား)
ေအာင္ေဖဆိုသူ ေရာက္လာခဲ့သည္။
ဒုတိယေျမာက္ ႐ြာဦးဘုန္းေတာ္
ႀကီးေက်ာင္းဦးေတဇကေအာင္ေဖအား လယ္သမားႀကီး ဦးသိန္းထံ လာေရာက္ အပ္ႏွံ၍ လယ္သူရင္းလုပ္သား လိုေန
ေသာ ဦးသိန္းက လက္ခံခဲ့ေလသည္။
ေခတ္အေျခအေနေကာင္း၍ လယ္ယာ
ကိုင္းကြၽန္းလုပ္ငန္းမ်ား ျပန္လည္
ေကာင္းမြန္လာၿပီး ေအာင္ေဖမွာ လယ္
လုပ္ကိုင္ရာတြင္ အားကိုးရေသာ လယ္
လုပ္သားျဖစ္ပါသည္။တစ္ေန႔ေသာအခါ
ေအာင္ေဖကထူးဆန္းေသာစကားေျပာ
လာသည္။
“အဘသိန္း – မန္က်ည္းပင္ႀကီးႏွင့္ အိမ္ပ်က္ႀကီးနားက လယ္ေျမကို ကြၽန္ ေတာ္တို႔ ျပဳျပင္ထြန္ယက္စိုက္ပ်ိဳးၾကရ
ေအာင္”
ေအာင္ေဖ့စကားေၾကာင့္ ဦးသိန္း
က တားျမစ္လိုက္သည္။
“မလုပ္နဲ႔ – ေအာင္ေဖ၊ အိမ္ပ်က္ ႀကီးမွာ လက္မည္းႀကီးသရဲရွိတယ္။
ေအးေအးေနစမ္းပါကြာ”
“အဘသိန္းကလည္း
လယ္ေျမ
ေတြတန္ဖိုးတက္လာေတာ့မွာ။ စပါးေဈး
ကလည္း ေကာင္းလာၿပီ မဟုတ္လား။
အခြင့္အခါႀကဳံတုန္း သူမ်ားမလုပ္ရဲတဲ့
လယ္ေျမကိုပလပ္ထားတာပဲ။ သူႀကီးကို
ေျပာၿပီး လုပ္ၾကရေအာင္။ ကြၽန္ေတာ့္
တာဝန္ထားပါ အဘသိန္းရာ” ေအာင္ေဖ အတန္တန္ေျပာ၍ ႐ြာ
သူႀကီးကို လုပ္ခြင့္ေတာင္းရာ… “ဖိုးသိန္းရ – မင္းတို႔လုပ္ရင္ မင္းတို႔ အပိုင္ေပါ့။ လုပ္ရဲရင္ လုပ္ၾကေလကြာ။
လက္မည္းႀကီးကေတာ့မင္းတို႔ကိုေႏွာင့္
ယွက္လိမ့္မယ္”
သူႀကီးခြင့္ျပဳ၍ ေအာင္ေဖတစ္ ေယာက္ နံနက္ေစာေစာေဝလီေဝလင္း ခ်ိန္မွာပင္ ေပါက္တူး၊ တံဇဥ္ႏွင့္ ကိုင္း
ခုတ္ဓားမ်ား ႏြားလွည္းေပၚတင္ေဆာင္ သြားၿပီး အိမ္ပ်က္ႀကီး ပတ္ဝန္းက်င္ တစ္ဝိုက္ ကိုင္းပင္မ်ား၊ ျမက္ပင္မ်ားကို ခုတ္ထြင္ရွင္းလင္းေတာ့သည္။ ႐ြာသား မ်ားက ေအာင္ေဖ ထြက္ေျပးလာမည့္ အခ်ိန္ကို ႐ြာတံခါးဝမွ ေစာင့္ႀကိဳေနၾကသည္။ ခုနစ္ရက္ခန႔္ ေအာင္ေဖတစ္ဦး သြားေရာက္ရွင္းလင္းၿပီးခ်ိန္ ေအာင္ေဖ ဘာမွမျဖစ္၍ ႐ြာသားမ်ား
အံ့ အားသင့္ ေနၾကသည္။ တစ္ေန႔ သူႀကီးအိမ္၌ ေအာင္ေဖအိမ္ပ်က္ႀကီး ဆီမွ ျပန္လာခ်ိန္ ေအာင္ေဖကို ေခၚ၍ သူႀကီးက အေၾကာင္းစုံ ေမးသည္။ “သူႀကီးကလည္းဗ်ာ- ကြၽန္ေတာ္ တို႔႐ိုး႐ိုးသားသားလယ္လုပ္ဖို႔မန္က်ည္း ပင္ေစာင့္ပုဂၢိဳလ္ေတြ၊ ကြင္းပိုင္၊ လယ္ပိုင္ ေတြ၊ အိမ္ပ်က္ႀကီးက မကြၽတ္မလြတ္သူေတြကို ခြင့္ပန္ရတာေပါ့”
“အေမဆင့္က မနက္တိုင္း လက္ ဖက္၊ မုန႔္နီ၊ မုန႔္ျဖဴ၊ ထမင္း၊ စားစရာေတြ
ေၾကာ္ေလွာ္ေပးလိုက္တာ။ ဆိုင္ရာ
ပိုင္ရာေတြကိုလည္း ဒါနျပဳ ပ,သ ရတာ
ေပါ့ဗ်ာ။ ေမတၱသုတ္႐ြတ္၊ ေမတၱာပို႔ၿပီး
ျပဳသမွ်ကုသိုလ္အမွ်ေဝေပးရတာပဲေန႔
စဥ္ျပဳလုပ္ေပးတာ၊ တျခား ဘာမွ ကြၽန္ေတာ္ မလုပ္ဘူး”
သူႀကီးႏွင့္ ႐ြာသားမ်ားမွာ ေအာင္
ေဖစကားကို မယုံ၍ လူစုလူေဝးျဖင့္ ေအာင္ေဖ လယ္ေျမရွင္းရာသို႔ လိုက္ပါ
ၾကည့္ရႈၾကသည္။
အားလုံး အံ့ အားသင့္ သြားၾက
သည္။ အိမ္ပ်က္ႀကီးမွ က်ိဳးပဲ့ပ်က္စီးေန ေသာ ပ်ဥ္ကာမ်ား ဖယ္ရွားၿပီး က်ိဳးပဲ့
ေပါက္ေနေသာ ပ်ဥ္ခင္းေနရာတြင္ ဝါး
ကတ္မ်ား ခင္းထားသည္။ သြပ္မ်ားမရွိ
ေသာ အမိုးေနရာ ကြက္လပ္ကို သက္
ကယ္ပ်စ္မ်ားျဖင့္ မိုးထားသည္။ အတက္
အဆင္းေလွကားကို ပ်က္စီးေနရာမွ
ျပန္လည္ျပဳျပင္ထားသည္။ အေဝးက
ၾကည့္လွ်င္နားနားေနေနကြန္းေထာက္
ခိုႏိုင္ေသာ ဇရပ္တစ္ေဆာင္လို ေတြ႕
ျမင္ရသည္။အိမ္ပ်က္ႀကီးပတ္ဝန္းက်င္ရွိ
ကိုင္းပင္၊ ျမက္ပင္မ်ား ေျပာင္တလင္း
ခါေနေအာင္ ရွင္းထားသည္။ မန္က်ည္းပင္မွာ နတ္ကြန္းနတ္စင္
ေလးလုပ္ထားသည္။ မန္က်ည္းပင္ႀကီး
ေအာက္ ဝါးခင္းကြပ္ပ်စ္ လုပ္ထားၿပီး
နားေနႏိုင္သည္။ ျမင္ကြင္းသည္ သန႔္
ရွင္းေနသည္။ ေအာင္ေဖ လယ္ေျမကို
ႏြားတစ္ရွဥ္းႏွင့္ ထြန္ယက္ထား၍ စိုက္
ပ်ိဳးရန္ အသင့္ ျဖစ္ေနသည္။ သူႀကီးႏွင့္
႐ြာသားတစ္သိုက္ ဇရပ္ေပၚ တက္
ထိုင္လိုက္ၾကသည္။ တန္ေဆာင္မုန္း လျဖစ္၍ မန္က်ည္းပင္ႀကီး၌ မန္က်ည္း
သီးမ်ား ႁပြတ္သိပ္ေနေအာင္ သီးေနၾက
သည္။ေအာင္ေဖခူးထားေသာတင္း
ေတာင္းအျပည့္ မန္က်ည္းသီးမ်ားကို
သူႀကီးႏွင့္ ႐ြာသားမ်ားအား ေအာင္ေဖ
ေဝငွေပးသည္။ ေအာင္ေဖသည္ စိတ္
ေကာင္း ရွိသည္။ ႐ိုးသားသည္ ႐ြာထဲ၌
သာေရးနာေရးရွိလွ်င္ ေအာင္ေဖ ေရွ႕
ဆုံးက ပါဝင္ လုပ္အားေပးသည္။
အေသာက္အစား အေပ်ာ္အပါးေလာင္း
ကစားကင္းေသာ ေအာင္ေဖကို တစ္႐ြာ
လုံးက ခင္မင္ၾကသလို သားေယာက္်ား
ေလးမရွိေသးေသာ ဦးသိန္းတို႔မိသားစု
ကလည္း ခ်စ္ခင္ၾကသည္။ သည္လို ႏွင့္ တေပါင္းလသို႔ ေရာက္လာသည္။ ႐ြာမွာ ရွင္ျပဳပၪၥင္းခံ အလႉအတန္းမ်ား ျပဳလုပ္ၾကေတာ့သည္။ စပါးေရာင္းရေငြ ျဖင့္ လယ္သမားမ်ား အလႉအတန္း ျပဳ ၾကသည္။ ဦးသိန္းတို႔ လယ္မ်ား ေအာင္
ေဖ၏လုပ္အားျဖင့္စပါးအထြက္ေကာင္း
ၿပီးဝမ္းစာအျပည့္ျဖင့္စပါးေရာင္းရေငြကို
အလႉလုပ္ ဖို႔ စီစဥ္ေတာ့သည္။
“ဘႀကီးသိန္းတေပါင္းလမွာအလႉ
မလုပ္ပါႏွင့္ဦး။ တန္ခူးလ သၾကၤန္ေရာက္
မွ လုပ္ပါ။ အဲဒီအခ်ိန္က်ရင္ ကြၽန္ေတာ္
ပၪၥင္းဝတ္မယ္”ေအာင္ေဖ့စကားေၾကာင့္ ဦးႀကီး သိန္းက သၾကၤန္ရက္မ်ားတြင္ အလႉ လုပ္ရန္ ဆုံးျဖတ္လိုက္သည္။ တေပါင္းလျပည့္ေန႔သို႔ေရာက္လာ
သည္။ ႐ြာလယ္က ဘႀကီးဦးျမၫြန႔္တို႔ အိမ္၌ ညဦးပိုင္းလုပ္အားေပးၿပီး လူႀကီး ေခါင္းခ်ခ်ိန္ ညဘက္ အိမ္ပ်က္ႀကီးရွိရာ
လယ္ေျမဘက္သို႔ ေအာင္ေဖတစ္
ေယာက္တည္း ထြက္လာခဲ့ သည္။
လဆန္း (၁၄)ရက္၊ တေပါင္းလအဖိတ္
ေန႔ညျဖစ္၍ လေရာင္သည္ ထိန္ထိန္
သာေနသည္။
ေအာင္ေဖလယ္ကြင္းမ်ားကို ျဖတ္
ေက်ာ္လာခဲ့သည္။ လယ္ကြက္ထဲမွပုရစ္ ေလးမ်ား ေအာ္သံ၊ ညငွက္ေလးမ်ား ေအာ္သံတို႔ကိုသာ ၾကားေနရသည္။ မန္က်ည္းပင္ႀကီးမွာ လေရာင္ေအာက္ တြင္ ထီးထီးမားမား ရပ္တည္ေနသည္။ တစ္ခါတစ္ရံေလအေဝွ႔၌မန္က်ည္း႐ြက္ မ်ား အိပ္ေနရာက လန႔္ႏိုးလာသလို တဖ်တ္ဖ်တ္ လႈပ္ယမ္းေနၾကသည္။ ခါး ပိုက္ထဲ၌ ထည့္ယူ လာေသာ ဖေယာင္း တိုင္၊ အေမႊးတိုင္ကို မန္က်ည္းပင္ရွိနတ္စင္၌ မီးထြန္းညႇိ ဒါနျပဳလိုက္သည္။ ျမတ္စြာဘုရားကို အာ႐ုံျပဳ၍ ဘုရားရွိခိုး
ၿပီး ငါးပါးသီလ ခံယူလိုက္သည္။ ေမတၱ
သုတ္မ်ား ႐ြတ္ဆိုၿပီး ေမတၱာပို႔လိုက္
သည္။ နမကၠာရ၊ ရတနာေ႐ႊခ်ိဳင့္ပရိတ္
မ်ား ႐ြတ္သည္။
ေအာင္ေဖသည္ ဘုန္းႀကီးေက်ာင္း
သားျဖစ္၍ သင္ပုန္းႀကီးေၾကေအာင္
သင္ၾကားခဲ့ရသည္။ ထိုအခ်ိန္မွာပင္ဇရပ္
ထုပ္တန္းေပၚက ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္ အသံ
ၾကားရသည္။ ေအာင္ေဖ ေမာ့ၾကည့္
လိုက္သည္။
“သင္ တို႔အတြက္ ကု သို လ္
ေကာင္းမႈလုပ္ေပးမည္၊ ထိုေကာင္းမႈကို
ကြၽႏ္ုပ္ အမွ်ေဝေပးမည္။ ေပးစရာရွိတာ
ေပးပါေတာ့”
ေအာင္ေဖ့ စကားဆုံးသည္ႏွင့္
လက္မည္းႀကီး ေပၚလာသည္။
“ေရာ့ယူ – ေရာ့ယူ”
ဆိုေသာ အသံႀကီးႏွင့္ အထုပ္တစ္ ထုပ္ ပစ္ခ်ေပးလိုက္သည္။ လက္မည္း ႀကီး ေပ်ာက္ကြယ္သြားသည္။ ေအာင္ ေဖ အထုပ္ကို ဖြင့္ၾကည့္လိုက္သည္။ ေ႐ႊဒဂၤါးႏွင့္ ေငြဒဂၤါးမ်ား ျဖစ္သည္။ အထုပ္ကို အသင့္ပါလာေသာ လုံခ်ည္
ကြင္းသိုင္းထဲ ထည့္၍ စလြယ္သိုင္းၿပီး ေအာင္ေဖ အိမ္ပ်က္ႀကီးဇရပ္မွ ျပန္လာ
ခဲ့သည္။
လက္မည္းႀကီးေပးေသာ ဥစၥာ
ပစၥည္းမ်ားကို ေအာင္ေဖ ရသြားသည္။
ေအာင္ေဖသည္ ေက်းဇူးသိတတ္သူ
ျဖစ္၍ ဦးႀကီးသိန္းကို ထိုက္သင့္
သေလာက္ ကန္ေတာ့ၿပီး ႐ြာသူႀကီး
ကိုလည္းကန္ေတာ့သည္။ ႐ြာဦးေက်ာင္း
ဆရာေတာ္ ဘုရားတည္ရန္ႏွင့္ေက်ာင္း
ျပဳျပင္ရန္အတြက္လည္း လႉသည္။
ေအာင္ေဖ သံေဝဂတရားျဖင့္ ဘုန္းႀကီး
ဝတ္သြားကာ တရားဓမၼႏွင့္သာေပ်ာ္ေမြ႕
ေနေတာ့သည္။ လက္မည္းႀကီးႏွင့္
ေအာင္ေဖ ဇာတ္လမ္းကား ပုံျပင္ပမာ
ရွိေနေတာ့သည္။ ဦးႀကီးသိန္းဆိုသူမွာ
ကြၽန္ေတာ္၏ ဖခင္ႀကီးပင္ ျဖစ္သည္။
ကြၽန္ေတာ္၏ ဖခင္ႀကီး ေျပာျပေသာ
ဇာတ္ေၾကာင္းမ်ားပင္ ျဖစ္သည္။ သို႔ ေသာ္လည္းဖခင္ႀကီး မသိလိုက္ရေသာ
အေၾကာင္းအရာမ်ား ရွိသည္။
ေအာင္ေဖသည္ဥစၥာပစၥည္းမ်ားကို
စြဲလမ္း၍ သရဲသဘက္ျဖစ္ေနေသာ
လက္မည္းႀကီး၏သားမက္တစ္ဦးျဖစ္ၿပီး
ဂ်ပန္ေခတ္ ေခြၽးတပ္ထဲပါသြားၿပီး ေခြၽး
တပ္စခန္းမွ ထြက္ေျပးလြတ္ေျမာက္လာ
၍မိသားစုကို ျပန္ရွာရာမွ အျဖစ္ဆိုးႀကဳံ
ေနရေသာ မကြၽတ္မလြတ္သည့္ မိသား
စုႏွင့္ ေယာကၡမ သရဲသဘက္ႀကီးက
ပစၥည္းဥစၥာေပး၍ အလႉဒါန ျပဳလုပ္
ေစကာ ကြၽတ္တမ္းဝင္ ခဲ့ရသလိုေအာင္
ေဖလည္း သံေဝဂတရားမ်ားစြာရ၍ လူ႔
ေဘာင္မွ ရဟန္းေဘာင္သို႔ ကူးေျပာင္း
ေမြ႕ေလ်ာ္သြားခဲ့ျခင္း ျဖစ္သည္ကို ႐ြာ
ဦးေက်ာင္းက ဆရာေတာ္တစ္ပါးသာ
လွ်င္ သိခြင့္ရလိုက္ျခင္း ျဖစ္ေပေတာ့သည္။
– သိန္းထြန္းသစ္