ဦးရာဇာ၏နိဂုံး

ဦးရာဇာ၏နိဂုံး(စ/ဆုံး)

——————–

” အမေ့ အဖေကြီးနောက်မှာ အကောင်မဲမဲကြီးလိုက်လာတယ် ”

“ဘယ်မှာလဲသားရဲ့”

“ဟိုမှာလေ မတွေ့ဘူးလား သားကြောက်တယ်”

“ဟူး… ပါလာပြန်ပြီ ကဲနောက်ကပါလာတဲ့ပုဂ္ဂိုလ်ရေ နေရပ်ကိုပြန်လိုက်ပါဗျာ”

” ကိုရင် ဒီလိုသာအမြဲဖြစ်နေရင် ကျုပ်သားအတွက်ဆိုးရိမ်တယ်တော် တစ်ခုခုလုပ်ပါဦး”

“အေးပါ မိန်းမရာ ဒီနှစ်က စပါးစျေးလည်းမကောင်းဘူး၊ ဒီကောင်ကြီးကိုကျွေးတာနဲ့တင် စာဖို့ကနိုင်နိုင်ပဲ ”

” ဒီလိုလုပ်ပါလား ကိုမြခင် အခု့လယ်ကိုရောင်းပြီး တော့ရွာမှာပြောင်းနေကျရင်ရော အဆင်ပြေမလား…”

” အေးဟ… မိန်းမပြောတဲ့ အစီအစဥ်ကကောင်းပါတယ်၊ မနက်ဖြန် ကိုသာလှစီမှာအကြိုးအကြောင်းပြောပြီးရောင်းကြည့်မယ်”

“ဟုတ်ပါပြီ ကျုပ်တို့လည်းအိပ်ရာဝင်ကြစို့ ”

” အေ..”

မနက်မိုးလင်းတော့ ကိုမြခင်တစ်ယောက် လယ်ရောင်းရန်အတွက် ကိုသာလှအိမ်သို့လျှောက်လာခဲ့သည်။ ကိုသာလှအိမ်ရောက်တော့ လယ်ရောင်းမည့်အကြောင်းပြောတော့ မဆုတ်မဆိုင်းချက်ချင်းငွေရှင်းပေးကာ ဝယ်လိုက်သည်။ ကိုမြခင်တစ်ယောက်အပျော်ကြီးပျော် အိမ်သို့ပြန်လာခဲ့သည်။ ၎င်း၏မိန်းမဖြစ်သူနဲ့တိုင်ပင်ကာ မိမိရွာသို့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။

အချိန်တွေ ကြာလာသည်နှင့်အမျှ မကြာခင်ကမှဝယ်ထားတဲ့ ကိုသာလှလယ်တစ်ကွပ်မှာ သတင်းဆိုးနဲ့ကျော်ကြားလာခဲ့၏။ ထိုလယ်နံဘေးတွင်ကုက္ကိုပင်အငယ်လေးတစ်ပင်ရှိသည်။ ၎င်းလယ်အရှေ့တွင် ရိုးချောင်းငယ်လေးတစ်ခု့ရှိသည်။ ထိုရိုးချောင်းလေးဟာဆိုရင်တော့ နွေအခါမှာလယ်သမားတို့အတွက် နွေစပါးစိုက်ပျိုးရန် ရေအတွက်မပူရပေ။ မိုးတွင်းအခါတွင်လည်း လယ်လုပ်သူတို့မှာ တစ်ဝမ်းတစ်ခါးအတွက်တော့
ထိုရိုးချောင်းလေထဲတွင် ငါးရှာ၊ဖားရှာလို့အဆင်ပြေသည်။ မိုးနှောင်းပိုင်းရောက်ပြီမို့ စပါးစိုက်ပျိုးခြင်းအလုပ်မှာပြီးစီးခဲ့လေသည်။

အချိန်မှာ ည(၁၀)နာရီကျော်ဖြစ်သည်။ ကောင်းကင်ပြင်တစ်ခု့လုံး မိုးသားမိုးရိပ်တွေနဲ့ ပတ်ဝန်းကျင်တစ်ခု့လုံးအမှောင်အတိကျလျက်ရှိပေသည်။ အမှောင်ကိုတု့ပြီး အလင်းရောင်အချို့ထွက်ပေါ်လာသည်။ ထိုအလင်းက အခြားမဟုတ်ပေ။ လက်နှိပ်ဓာတ်မီး အသေးစားလေးကိုင်ဆောင်ပြီး လူနှစ်ဦးမှာ ပလိုင်းကိုစီနဲ့ တုတ်ကိုင်ကာ ဖားရှာရန်လယ်ကွပ်တွေရှိရာသို့ထွက်လာခဲ့သည်။ လယ်ထဲရောက်တော့ ကန်သင်းရိုးပေါ်တွင် ဖားအတော်များများ တွေ့လိုက်ရသည်။ မောင်အောင်နဲ့မောင်ခွေးမှာ အပျော်ကြီးပျော်လို့ဖားရိုက်ရင်းနဲ့လောဘတက်ကာကုက္ကိုပင်ရှိရာ လယ်ကွပ်သို့ရောက်မှန်းမသိရောက်လာခဲ့သည်။ တစ်ချိန်မှာတော့ မောင်းခွေးဟာ စားဖားကြီး တစ်ကောင်တွေလေရာ သဲကြီးမဲကြီးလိုက်ရိုက်လေသည်။ ဖားကြီးမှာ၎င်းရိုက်တဲ့အခါတိုင်း မထိပေ။

တစ်နေရာကနေ တစ်နေရာခုန်လိုက်နဲ့ မောင်းခွေးသတိမထားမိသည့်အချက်မှာ ဖားကရိုက်လေကြီးလေပဲဖြစ်သည်။ ကုက္ကိုပင်ရှိရာလယ်ကွပ်ရောက်တော့ ဖာဟာရပ်တန့်နေ၏။ မောင်ခွေးလဲ ဒီတစ်ခါအပိုင်ဟု့ထင်ကာ အာကုန်ရိုက်ချလေရာ ဖားကြီးမလှုပ်ပဲငြိမ်နေသည်။ မောင်းခွေးဖားသေပြီဟု့ထင်ကာ ပြေးကောက်ဖို့ပြင်နေစဥ် ဖာဟာရုတ်တရက်အကျောဆွဲသလိုဖြစ်ကာ
ခြေလက်တွေ ကွေးကောက်ကာ တဖြေးဖြေးကြီးလာသည်။ မောင်ခွေးအံ့သြောစွာ မှင်သက်နေ၏။ ထိုစဥ်မောင်အောင်မှ ပခုံးပုတ်လိုက်ရာ မောင်ခွေးသတိရကာ ” သ..သရဲ..ပြေးကြစို့”နှစ်ယောက်သား ခြေကုန်သုတ်ကာပြေးလာလိုက်တာ ရွာကိုဘယ်လိုပြန်ရောက်လာမှန်းမသိပေ။

ထိုချိန်ကစပြီးထိုလယ်နားမသွားဘယ်သူမှမဖြတ်ရဲမသွားရဲပေ။ ဖြတ်ခဲ့သွားခဲ့ရင်တော့ သရဲခြောက်ခံထိသည်။ ထိုလယ်လေးမှာ မည်သူကမှစပါးမစိုက်တော့ပေ။ စိုက်ခဲ့ရင်လည်း ဘယ်ကမှန်းမသိ ခဲတွေနဲ့ပြစ်ခံထိသည်။ အချိန်တွေကြာလာတော့ ထိုလယ်လေးဟာ လယ်မြေရိုင်းဖြစ်လာ၏။ ကုက္ကိုပင်မှာလည်း တဖြည်းဖြည်းကြီးလာခဲ့သည်။ ထိုလယ်ကွပ်ဟာ ပိုင်ရှင်တွေအဆက်ဆက်ရောင်းချလာခဲ့တာ မကြာခင်ကမှပြောင်းလာတဲ့ သူဌေးဦးရာဇာမှာ ထိုလယ်ကွပ်နဲ့အတူလယ်မြေအမြောက်အများဝယ်ယူ၍ စပါးစိုက်ပျိုးလေသည်။

အချိန်ကာလသည် ဆောင်းတွင်းကာလဖြစ်ပေ၏။ မနက်ခင်းအလင်းနှင့်အတူ နှင်းမှုန်နှင်းစက်လေးတွေက ပတ်ဝန်းကျင်တစ်ခု့လုံး လွှမ်းချုံလျက်ရှိပေသည်။ ဆောင်းတွင်းကာလဖြစ်၍ ဆောင်းလေ တစ်ချက်အဝှေ့တွင် အသဲခိုက်မတက် အရိုးထိစိမ့်အောင် ချမ်းအေးလှသည်။ ထိုသို့ချမ်းအေးလှသောမြူနှင်းတွေကြားမှာအအေးဒဏ်ကိုအံတုပြီး လူ(၂)ဦးမှာ ‘မရမ်းကုန်းရွာ’သို့ ခပ်သုတ်သုတ်လျှောက်လာခဲ့၏။ ထိုလူ(၂)ဦးအနက် အရှေ့ဆုံးကသွားနေသောသူမှာ ဦးငွေမောင်ဖြစ်ပြီး အနောက်ကလိုက်လာသောသူမှာ ၎င်း၏သားဖြစ်သူ သူရဇ္ဇဖြစ်လေသည်။

ရွာရှေ့တွင်ရှိသော’မရမ်းကုန်းရွာ’ဘုန်းကြီးကျောင်းအတွင်းရှိ လေနှင့်အတူသယ်ဆောင်လာတဲ့ စေတီတစ်ဆူရဲ့ ဆည်းလည်းသံသဲ့သဲ့လေးမှာ ကြားရသူအဖို့ အပြုံးပန်းဝေကာ ဝမ်းသာ ကြည်နူးစရာ မြင်ကွင်း တစ်ခု့ပင်ဖြစ်သည်။ အတန်ငယ် လျှောက်လာသောအခါ ‘ မရမ်းကုန်းရွာ’သို့ရောက်ရှိခဲ့သည်။

မနက်ခင်းအချိန်မို့ ‘မရမ်းကုန်း’ ရွာသူ/ရွာသားတွေမှာ မိမိနှင့်သက်ဆိုင်သော အလုပ်ကိုသွားရင်း ရယ်ရယ်မောမောဖြင့် စကားပြောဆိုကျသည်။ ဦးငွေမောင်က ထိုလူအုပ်ရှိရာသို့မေးလိုက်၏။

” ဗျို့ မိတ်ဆွေတို့ သူဌေးကြီးဦးရာဇာအိမ်က ဘယ်နားမှာလဲဗျ”

“ဒီလမ်းကနေတည့်တည့်သွားပါ ပြီးရင် လမ်းနှစ်ခွတွေ့လိမ့်မယ် ဘယ်ဘက်ချိုးပြီး အတန်ကြာ လျှောက်မိရင် နှစ်ထပ်တိုက်ကြီးတစ်အိမ်တွေ့လိမ်မယ် အဲ့တာသူဌေးဦးရာဇာအိမ်ပါပဲ”

” ကျေးဇူးပါ မိတ်ဆွေ”

” ရပါတယ်၊ ဗျာ”

သားအဖနှစ်ယောက်လည်း ရွာသားလမ်းညွှန်ပေးတဲ့အတိုင်းသွားရင် ခဏကြာတော့ နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံးတွေ့သည်။ ခြံဝန်းတံခါး ပိတ်ရက်သားတွေ့ရတော့ ဦးငွေမောင် အသံပြု့သည်။

” ဗျို့…အိမ်ရှင်တို့…”

” ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ…”

” ဒီအိမ်က သူဌေးကြီးရာဇာတို့အိမ် ဟုတ်ပါသလား ခင်ဗျား..”

“ဟုတ်ပါတယ်၊ ”

” ကျုပ်တို့က သူဌေးခေါ်ထားတဲ့ သစ်ပင်လှဲမဲ့သူတွေပါ”

” အော်…သိပြီ သာယာကုန်းရွာက မောင်ငွေမောင်ထင်ပါရဲ့ လာ လာအိမ်ထဲဝင်..”

” ဟုတ်ကဲ့ ဘကြီး..”

ခြံစောင့် ဦးလေးကြီးခေါ်ဆောင်ရာ နောက်သို့လိုက်သွားရင်း သူရဇ္ဇမှာ လူငယ်ပီပီ ခြံဝန်းအပြည့် စိုက်ထားပျိုးထားတဲ့ သီးပင်စားပင်တွေ ကြည့်ပြီ သရေကျမိသည်။ ခဏအကြာမှာတော့ ဧည့်ခန်းဝသို့ရောက်ရှိလေသည်။ သူဌေးမိသားစု စကားများတဲ့ ဟန်ရှိသည်။ သူဌေး၏ဇနီးဖြစ်သူမှာ ငိုထားဟန်နဲ့ မျက်နှာနီမြန်းနေ၏။ သူဌေးရဲ့ သမီးမှာ တစ်စုံတစ်ခု့ အလိုမကျဟန်ရှိသည်။
၎င်းတို့ ဝင်လာတော့မြင်တော့ သူဌေးမှ
” ကိုငွေမောင် လာလာ ထိုင်ဗျ”

” ဟုတ်ကဲ့ သူဌေး”

” ကိုငွေမောင်တို့ မနက်စာရော စားကျပြီးပြီလားဗျ”

“စားပြီးပါပြီ သူဌေး ဒါနဲ့လှဲရမဲ့သစ်ပင်ဘယ်နေရာမှာလဲ သူဌေး”

“ဒီလို ကိုငွေမောင်ရ ကျုပ်မကြာခင်က ဝယ်ထားတဲ့ လယ်တွေထဲမှာ လယ်ရိုင်းမြေ တစ်ကွပ် ပါတယ်၊ အဲ့လယ်ကွပ်မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်၊ ကျုပ်က ကုက္ကိုပင်ကြီးကိုလှဲပြီး ဒီနှစ်မှာဆောင်းစပါးစိုက်ပျိုးမယ်စိတ်ကူးတယ်၊ ကိုငွေမောင်ခေါ်လိုက်ရတာလည်း ကုက္ကိုပင်လှဲမို့ပါပဲ”

“ဟုတ်ကဲ့ သူဌေး လှဲမဲ့နေရာလေး ကုက္ကိုပင် လိုက်ပြပေးပါ”

” ဟေ့…မောင်ခွေး..”

” ဗျာ့…သူဌေးမင်း..”

“ဒီက ကိုငွေမောင်တို့ကို လှဲရမဲ့ကုက္ကိုပင် လိုက်ပြပေးလိုက်ပါ”

” ဟုတ်ကဲ့…သူဌေး”

မောင်ခွေးဆိုသူမှာဦးငွေမောင်တို့ ရှေရှေ့ကလမ်းပြပြီး ရွာနောက်ပိုင်းလယ်ကွင်းတွေရှိရာခေါ်ဆောင်လာခဲ့သည်။ အတန်ကြာ သွားမိသော်အခါ လယ်ကွပ်တွေရှိရာရောက်ရှိခဲ့သည်။

လူအချို့လယ်ကွပ်အတွင်းရှိ ဆောင်းစပါး စိုက်ပျိုးရန်အတွက် ထွန်ယှက်ခြင်း၊ ရိုးပျက် မီးရှို့ခြင်း စသည့်အလုပ်တွေ ပြု့လုပ်လေသည်။

သူရဇ္ဇမှာ မျက်စိတစ်ဆုံး ရှည်လျားတဲ့ လယ်ကွပ်ကြည့်ပြီး တစ်နေ့ရာသို့အကြည့်ရောက်တော့ ၎င်းအံ့သြောသွားသည်။ ၎င်းတွေ့ရသည်မှာ မနက်ခင်း ဖြစ်သော်လည်း မကောင်းဆိုးဝါးတစ် ငုပ်တုပ်ထိုင်သည့်အလား ကုက္ကိုပင်ကြီးတစ်ပင်တွေ့လိုက်ရသည်။

ခဏကြာတော့ ထိုအပင်ရှိရာလယ်ကွပ်သို့ ရောက်ရှိလေသည်။ ကုက္ကိုပင်ကြီး၏ အကိုင်းအခက်တွေမှာ မြေထိလု့မတက် တွဲကျနေသည်။ ဦးငွေမောင်လည်း အပင်ကြီးကိုကြည့်ပြီး အနည်းငယ်စိုးရိမ်နေသည်။ အပင်လုံးပတ်မှာ လူကြီးနှစ်ဖက်စာမျှကြီးမားသည်။

ထို့နောက် ဦးငွေမောင်မှာ အပင်လှဲရန် စတင်လေတော့သည်။ ရုပ်ချည်းဆိုသလို လေစိမ်းတွေ တိုက်ခိုက်လာသည်။ ထိုအခါ မောင်ခွေးမှာ ကြောက်ရွံ့ထိတ်လန့်စွာ မျက်စိမျက်နှာပျက်နေ၏။ ထိုအဖြစ်ကို သူရဇ္ဇသတိထားမိသည်။ အတန်ကြာအောင်ကြည့်တော့ ဘာမှမထူးခြားပေ။ ပြီးနောက် သစ်ပင် လှဲရန် စတင်တော့သည်။

ဤသို့ဖြင့် (၃)ရက်မြောက်နေ့ ညနေမှာ ပင်စည် ဖြတ်ပြီးသော်လည်း သစ်ပင်က မလဲပေ။ ထိုအခါ ဦးငွေမောင် ထိတ်ထိတ်ပြာပြာဖြစ်ကာ သာမန် အခြေနေမဟုတ်တော့ဘူးဆိုတာရိပ်စားမိသည်။ ၎င်းအတွေ့အကြုံအရ သိလိုက်၍ ဒူးထောက်ထိုင်ချကာ လက်အုပ်ချီလျက် ကုက္ကိုပင်ပေါ်သို့ မျက်နှာမူကာ

” ဤကုက္ကိုပင်ကြီးပေါ်တွင် မှီကင်းနေထိုင်ကျကုန်သော မြင်အပ်သည့်ပုဂ္ဂိုလ်၊ မမြင်အပ်သည့် ပုဂ္ဂိုလ်များခင်ဗျား ကျွန်ုပ်ငွေမောင်သည်တစ်နေ့လုပ်မှတစ်နေ့စားရတာပါ၊ ယခု့လည်း ဒီအပင်ကြီးလှဲမှသာလျှင် သူဌေးက အဖိုးအခရှင်းပေးမှာဖြစ်ပါတယ်၊ ထို့ကြောင့် သင့်တော်ရာအရပ်သို့ပြောင်းရွှေ့ပေးပါရန် မေတ္တာလျှက်ခံအပ်ပါသည်၊ ”

ထို့သို့ သုံးကြိမ်သုံးတိုင် တိုင်တည်တော့ တော်လည်းသံကြီး မည်ဟီးပြီးသစ်ပင် လဲကျသွားတယ်။ သစ်ပင်လဲသည်နှင့်တစ်ပြိုင်နက် လူအများအပြားရဲ့ ကြိမ်းဝါ တောက်ခေါက်သံကိုတော့ ဦးငွေမောင်တို့မကြားရတော့ပေ။

ဦးငွေမောင်လည်း သစ်ပင်လဲသွားမှ “ဟူး…”ကနဲ သက်ပျင်းချနိုင်သည်။ ထို့နောက် မိမိပစ္စည်းတွေ သိမ်းကာ သူဌေးရာဇာအိမ်သို့ လျှောက်လာခဲ့သည်။ သူဌေးအိမ်ရောက်တော့ အကြိုးအကြောင်းပြောပြတော့ သူဌေးဦးရာဇာမှာ ပြုံးနေသည်။ ပြီးနောက်မှာ သစ်ပင်လှဲခ ရှင်းပေးသည်။

သူဌေးရာဇာလည်း သစ်ပင်လှဲသည့်နေရာ သွားရောက်ကြည့်ရူ့သည်။ သစ်ပင်လှဲထားသည့်လယ်ကွင်းတွေနေရာရောက်တော့ နေဝင်နေပြီ ဖြတ်ထားတဲ့ပင်စည်နေရာကနေ ယင်မဲရိုင်းကြီးတွေ ၎င်းရှိရာသို့ဝိုင်းအုံလာသည်။ အတန်ကြာတော့ ကောင်းကင်သို့ပြန်တက်ကာ သစ်တောတွေရှိရာသို့ပျံသန်းသွား၏။ ဦးရာဇာ ယင်ကောင်တွေ ဝိုင်းအုံပြီးကတည်းက နှာခေါင်းထဲမှာပုပ်နံတစ်မျိုးစွဲကျန်ရစ်ခဲ့သည်။ အမူ့မဲ့အမှတ်နေလာခဲ့ရာ ရက်အတန် ပုပ်နံ့က ထမင်းစားလို့မရအောင်ပင် ဒုက္ခပေးလှသည်။ တစ်နေ့ညနေဖက်မှာတော့
” ဟဲ့ ထားရီ မင်းဟင်းဘယ်လိုချက်တာလဲ”

“ဘာဖြစ်လို့လဲ ကိုရာဇာ ဟင်းမကောင်းလို့လား”

” မင်းဟင်းက ပုပ်နံ့တောင်ထွက်နေပြီ ငါဘယ်လိုစားရမှာလဲ”

” ဟင်းခွက်ပေးစမ်းပါ ကျုပ်နမ်းကြည့်မယ်၊ ဟင့်.. မနံ့ပါကိုရာဇာရယ်”

” တောက် ဒီမိန်းနဲ့တော့ကွာ နာတော့မယ်၊ နံ့ပါတယ်ဆိုနေ”

” သမီးလာပါအုံး မင်းအဖေက ဟင်းခွက်ကပုပ်နံ့ထွက်နေတယ်တဲ့ နမ်းကြည့်စမ်းပါ”

” ဟာ…အဖေကလည်း ဘာအနံ့မှမရပါဘူး”

ထိုအခါ ဦးရာဇာမှာ(၂)ယောက် တစ်ယောက်မို့မငြင်းသားတောပဲ အလျော့ပေးကာ ဖြစ်သလိုညစာစားပြီးအိပ်ရာဝင်ခဲ့သည်။

ညဥ့်ကအလွန်ကို တိတ်ဆိနေသည်။’ မရမ်းကုန်းရွာ’လေးသည် မဟူရာညမှာ အိပ်မောကျလျက်ရှိပေသည်။ တိတ်ဆိတ်ခြင်းကို ခွင်းပြီး ရွာထဲက ခွေးတွေ ” အူး…အူး…အူး…” သံရှည်ဆွဲကာ ဦးရာဇာ အိမ်ဝိုင်းသို့ကြည့်ပြီး ထိုးဟောင်နေ၏။

ခွေးအူသံကြောင့် ဦးရာဇာ လန့်နိုးလာသည်။ လက်ပတ်နာရီကြည့်တော့ (၁၂)ထိုးနေပြီ ပြန်အိပ်ဖို့ပြင်လိုက်တော့ လူတစ်ယောက်က သူ့ကိုစိုက်ကြည့်နေသလိုခံစားရသည်။ အခန်းပတ်ပတ်လည်ကြည့်တော့ ဘာမှမတွေ့ပေ။

ထိုစဥ် ခြံဝန်းအပြင်ကနေ ခြေသံအချို့ကြားရသည်။ ဦးရာဇာ ပြတင်းပေါက်ဖွင့်ကြည့်လေရာ မည်သူမ မရှိပေ။ ထိုအခါ မိမိနားကြားတာ ဖြစ်မည်ဟု့တွေးကာ ပြန်လည်အိပ်စက်လေသည်။

ဒီလိုနဲ့ဦးရာဇာတစ်ယောက်ထမင်းစားသည့်အခါ ပုပ်နံ့ကနှာခေါင်းထဲတိုးဝင်လာသည်။ ပုပ်နံ့က ထမင်းစားလို့မရလောက်အောင်ပင် ဒုက္ခပေးလှသည်။ အချိန်ကြာလာသည်နှင့်အမျှ ဦးရာဇာတစ်ယောက် အားအင်ကုန်ခန်းကာ ဆေးရုံမှာကု့ရလေသည်။ နေ့စဥ်ညတိုင်းဆိုသလိုအိပ်မက်ဆိုးတွေမြင်မက်လေ့ရှိသည်။ ဒါနဲ့တင်မပြီးသေး အိပ်စက်သည့်အခါတွင်လည်း အိပ်မက်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ အဆင်းသဏ္ဍန်နဲ့ တစ္ဆေသရဲတွေက
“ဟေ့ကောင် ရာဇာ မင်းမကြာခင်ငါတို့နဲ့လိုက်နေရမယ် ငါတို့နေရာဖျက်စီးတဲ့မင်း သေရမယ် ဟား… ”

” မလိုက်ဘူးဗျာ…မလိုက်ဘူး….”

“ကိုရာဇာ သတိထားမှပေါ့တော် အိပ်မက်ဆိုးတွေ မက်ပြန်ပြီထင်တယ်၊ ရော့.. ရေသောက်လိုက်ပါအုံး..”

ဦးရာဇာမှာ ရေးကိုအငမ်းမရသောက်ရင်းတုန်တုန်ရင်ရင်နဲ့

” ထားရီ ငါတော့လူ့ဘဝမှာ ကြာကြာနေရမယ်မထင်ဘူး..သူတို့ငါ့ကို လာခေါ်နေကြပြီ ငါမရှိတော့ရင် မင်းတို့သာအမိ ငါပိုင်တဲ့ အိမ်ယာ လယ်မြေတွေရောင်းပြီး မင်းအဖေနဲ့အမေရှိတဲ့ရွာပြောင်းပြီး အခြေချနေထိုင်ပါ..သမီးကောင်းစွာစောင့်ရှောက်ပါ ”

” ကိုရာဇာရယ် နမိတ်မရှိတာတွေ မပြောပါနဲ့ ကိုရာဇာ နေကောင်းလာမှာပါ”

၎င်း၏သမီးဖြစ်သူမှ
” ဟုတ်တယ်၊ အဖေ နေကောင်းလာမှာပါ”

ဦးရာဇာမှာ မျက်ဝန်းအိမ်မှာ မျက်ရည်အရွှဲသားနဲ့ မိန်းမနဲ့သမီးကိုကြည့်ပြီး စိတ်မကောင်းရုံကလွဲပြီးဘာမှမတက်နိုင်တော့ပေ။

ရက်မှလသို့ကူးပြောင်းခဲ့လေရာ ဦးရာဇာ၏ ကျန်းမာရေးမှာ တစ်နေ့တစ်ခြား ပို၍ဆိုးဝါးလာခဲ့သည်။

တစ်နေ့ညမှာတော့ ဦးရာဇာတစ်ယောက် ယခင်အတိုင်း စူးစူးဝါးဝါးထအော်ပြီး ၎င်း၏ချစ်ဇနီးနဲ့ချစ်သမီး ကျောခိုင်းကာ လူ့လောကကြီးကနေ နုက်ဆက်ကာ ထွက်ခွာသွားလေတော့သည်။

(ပြီးပါပြီ)

စာဖက်သူ/မီးမီး ပြောပြသည့်(ဖြစ်ရပ်မှန်)အား အခြေခံ၍ရေးသားခြင်းဖြစ်ပါသည်။ ဇာတ်ကောင်အမည် ရွာအမည်များသည် စိတ်ကူးယဥ်အမည်များဖြစ်ပါသည်။

ဆက်လက်ကြိုးစားရေးပါအုံမည်…

ကိုကိုထွေး{နှင်းပုလဲ}