၀က်သားကြိုက်သူ(စ/ဆုံး)

Unicode Version

၀က်သားကြိုက်သူ(စ/ဆုံး)
——————————–
ညီ အင်ဂျင်နီယာ ကွယ်လွန်သွားတာ (၂)နှစ်ခန့် ရှိသွားပြီ။ မောင်စံ ကြည်ကလည်း ခုလို ဝါကျွတ်ပြီဆိုတာနဲ့ သူ့အထက် ငါးဦးလုံးကို မုန့်ပုံး၊ ပုဆိုး၊ ထဘီ၊ ငွေသားစသည်တို့နှင့် ကန်တော့လေ့ရှိတယ်။
သူက ဘုရားဒကာ၊ ကျောင်းဒကာလေးပါ။
လူသူတော်ကောင်းလေးပါ။လူ့ ပြည်ကနေ“ကင်ဆာ”ဆိုတဲ့ရောဂါနှင့် အစောကြီးထွက်သွားခဲ့တော့ …
ခုလို သီတင်းဝါကျွတ်ရောက်လာရင် အစ်ကို အစ်မတွေကို ရိုသေစွာ ထိုင်ကန်တော့နေတဲ့ မြင်ကွင်း ..
မျက်လုံးထဲမှာ မြင်ပြီး သတိတရ ရင်နင့်နေတုန်းပါပဲဗျာ။ ကျန်ရစ်သူ သူ့ဇနီးနဲ့ ကလေးနှစ်ယောက်လည်းအိမ်နဲ့ခြံရောင်းပြီးထွက်သွားလိုက်တာ ဘယ်ရောက်နေမှန်းမသိရဘူး။ အဆက်အသွယ်လည်း မလုပ်ဘူးဗျာ။ တူလေးနဲ့ တူမလေး သတိရနေတယ်။ သူတို့နှစ်ဦးက ဥမမည်လေးတွေ။
ပထွေးရဲ့ အနှိပ်စက်ခံဘဝများ ရောက်နေလေမလား။ ဆွေမျိုးရဲ့ အအော်အငေါက်ခံ ဘဝများရောက်နေလေမလား။စားဝတ်နေရေးအဆင် မှပြေကြရဲ့လား။ ဒုက္ခဆင်းရဲကကင်းဝေးကြပါစေ။
သူတော်ကောင်းတွေနဲ့ တွေ့ပြီး သူယုတ်မာတွေနဲ့ ဝေးပါစေ၊ လွဲပါစေ။ လူစိတ်ရှိသူတွေကြားမှာ ဘဝလေးတွေကောင်းမွန်သစ်လွင်ပါစေ။ သားတို့ သမီးတို့ရေ- ဘဘကြီး မင်းတို့မောင်နှမကို အမြဲသတိရနေပါတယ်။ ဘဘ ကြီးအမြဲမင်းတို့ကိုမျှော်လင့်နေပါတယ်။ ဘဘကြီးလူချမ်းသာမဟုတ်ပေမဲ့ ငါ့တူနဲ့ တူမကို အတိုင်းအတာတစ်ခုအထိ စိတ်ချမ်းသာမှု ပေးနိုင်ပါတယ်။ ငါ့တူနဲ့တူမလေး….။
အကယ်၍စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေခဲ့ရင်ကြိုက်တဲ့အချိန် ဘဘ
ကြီးအိမ်ကိုပြေးလာခဲ့ပါ။

ငါ့တူနဲ့ တူမကို ဘဘကြီး မသေခင် တွေ့ချင်ပါရဲ့သားတို့ရယ်။ ကွယ်လွန်တဲ့မင်းတို့အဖေကိုစံကြည်ရဲ့မေတ္တာကရုဏာမျိုး၊ ဘဘကြီး နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ်ပေးလိုက်ချင်ပါဘိ သားတို့ရယ်။ အင်း – ညီလုပ်သူ လာကန်တော့တော့ …။ ကွယ်လွန်သူညီအငယ်ဆုံးရဲ့မိသားစုအကြောင်းတွေကရင်ကိုလာထိ
တယ်ဗျာ။
မိရွှေစင်တို့မိသားစု ကျန်းမာချမ်းသာပါစေ။
(မိရွှေစင် – ငါ့တူနဲ့ ငါ့တူမကိုငါ့ထံ အလည်လာခွင့်ပေးလိုက်ပါဦး)။ ညီလုပ်သူ မောင်မြင့်စိုး (ငစိုးကြီး)က ကျွန်တော် အိမ်ရောက်တုန်း သူ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ဆန်းတွေအကြောင်း အစ်ကို ဂမ္ဘီရစာရေးဆရာကို ပြောပြတယ်ခင်ဗျ။
အင်း – ဒီကောင်ရော၊ သူ့သားရောလူရွတ်တွေပေကိုး။
ကျွန်တော့်ညီက ခေတ်ပညာတတ်တစ်ဦးပါ။သူက (——-) တစ်ဦးပါ။ ဘာသာတရားကိုယုံကြည်လေးစားကိုးကွယ်ပါတယ်။ သို့သော် သူက ဂမ္ဘီရဂိုဏ်းတစ်ဂိုဏ်းကို စိတ်ဝင်စားပြီး ဂိုဏ်းဆရာ ဖြစ်လည်း တက်ထားတော့ …။
သူ့အိမ်မှာ…။ ဘုရားရုပ်ပွားတော်အမျိုးမျိုး..၊
ဝိဇ္ဇာရုပ်တုအမျိုးမျိုး..။
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဓာတ်ပုံ ပန်းချီကားများ ….။
သူရဿတီရုပ်တု၊ အခြားမယ်တော်ရုပ်တု၊ မင်းကြီးမင်းလေးရုပ်တု
စသည်တို့လည်း ရှိတယ်။

ဗလိနတ်စာ ဒါနလည်းနေ့တိုင်းပြုတယ်။
အထူးကတော့ ညီ (ငစိုးကြီး)က အဓိဋ္ဌာန်ပုတီးစိပ်၊ သက်သတ်လွတ် စား၊ သံဃာတော်များကို လင်ရော၊ မယားရော ဆွမ်းလုပ်ကျွေးလောင်းလှူ ကုသိုလ်တွေ ဦးစားပေးလုပ်တယ်ခင်ဗျ။ ငယ်စိတ်နဲ့တော့ မတူတော့ဘူး ပေါ့။
မင်းညီနောင်က ဘာလုပ်ဖို့ထားတာလဲ။ မေးတော့ သူက ဆရာဂိုဏ်း တက်နေသူဆိုတော့..။
ပယောဂကုရာမှာလိုသလိုအမိန့်ပေးဝေ ခိုင်းဖို့ပါတဲ့။ ဝက်သားအိမ်ပေါ်မှာမစားဘူး။
သူ့ စရဏအားကြောင့်နဲ့ တူပါရဲ့ဗျာ။ တော်ရုံပယောဂကို သူ နှင်ထုတ်
နိုင်တယ်ခင်ဗျ။
တော်ရုံ အတိုက်အခိုက်ကို သူ တားလို့ရတယ်ဗျ။
သို့သော် …။
ဆရာလုပ်သူ သူ့ကို ဒုက္ခပေးမည့်သူတစ်ယောက် ပေါ်လာပါရော
ပါရောလားဗျာ။
အဲဒီသူက ဆယ့်နှစ်ကြိုးကဝေ မဟုတ်ဘူး။
ရွာသူစုန်းမ မဟုတ်ဘူး။
ကိုးသင်္ချိုင်းမှော်အောင်တဲ့ ဆရာမဟုတ်ဘူး။ သူ့သားအရင်းခေါက်ခေါက်ငပြည့်တဲ့ဗျာ။
ကျွန်တော့်ညီ ငစိုးကြီးက ကာလသားဘဝတုန်းက လူရွတ်ဗျ။ ကျွန် တော်ရဲ့လမ်းလျှောက်အုတ်ခဲဆိုတဲ့ ဂမ္ဘီရဝတ္ထုတိုတစ်ပုဒ် ရောင်ပြန်မဂ္ဂဇင်း မှာ ရေးသားဖော်ပြဖူးပါတယ်။

အဲဒီဝတ္ထုကို ဦးမိုးဒီနဲ့ ဗွီဒီယိုရိုက်ကူး ဖြန့်ချိပြီးပါပြီ။ အဲဒီထဲက ဇာတ်လိုက်ကကျွန်တော့်ညီငစိုးကြီးပါဗျာ။ တကယ့်ဖြစ်ရပ်မှန်ကို ရေးထားတဲ့ဝတ္ထုပါပဲဗျ။ ဒီတုန်းက ကျွန်တော့်ညီက ရေတပ်သား။ သရဲတစ္ဆေရှိရှိ၊ မရှိရှိ လုံးဝမကြောက်ဘူး။
သူ့ကျောကုန်းနှင့် လက်မောင်းပေါ်မှာ ဘီလူးရုပ်အပြည့်နဲ့ နဂါးပတ်ပါ ထိုးထားသေးဗျာ။
ကျိုက္ကမော့တောင်ဆိုတာ ဂမ္ဘီရနယ်မြေ။ အပြောကြမ်း၊ အနေကြမ်းလို့ မရတဲ့တောင်။ အဲဒီတောင်ပေါ်မှာ ကင်းစောင့်နေတုန်း သေနတ်ကို လာဆွဲ တာခံစားရသတဲ့။ လူမမြင်ရဘူးနော်။ အဲဒါ ခဏခဏ လာဆွဲတာဆိုပဲ။ သူဆွဲ ကိုယ်ဆွဲကို ဖြစ်ကြတာ။ လုံးဝ မကြောက်ခဲ့ဘူး။ ငါ စစ်သားကွ။ လုံးဝ မကြောက်ဘူးဟေ့လို့ အော်ဟစ်ကြိမ်းဝါးခဲ့တာတဲ့။
ကျွန်တော်တို့ ရပ်ကွက်ထဲမှာည(၁၀)နာရီကျော်ရင် ညောင်ပင်ကနေ သရဲခြောက်တယ်ဗျလို့ သတင်းကြီးနေတယ်။ ညောင်ပင်အောက်ကနေဖြတ်သွားရင်..။ ရုပ်ရှင်ကြည့်ပြီး အပြန်ဖြတ်သွားရင် …။
ညောင်ပင်ပေါ်ကနေ မည်းမည်းတွဲလောင်းကြီး မြင်ရလို့။ အကုန် လန့်
ပြေး၊ သတိလစ်၊ ဆရာခေါ်ကုရရော။
ညဉ့်နက်ရင် သဲမိုး ရွာတယ်။
အပေါ်ကနေ ကျောက်စရစ်ခဲတွေ ဖွားခနဲ ကျလာတယ်။
နေ့ခင်းလုံးဝ မကြောက်ဘူး။ ပိုထူးဆန်းတာက ညဘက် ညောင်ပင် အောက်ကနေ လူဖြတ်ပြီဆိုရင် …။
အုတ်ခဲကြီးတစ်လုံးဟိုဘက်ခြံစည်းရိုးကနေလမ်းဒီဘက်ခြံစည်းရိုးထဲ ကိုကြွက်သွားသလိုလမ်းလျှောက်ပြေးသွားနေတာကိုမြင်ကြပြီးလန့်အော်
ပြေးကြ၊ ငိုကြတယ်။

လူစုပြီးလက်နှိပ်မီးတွေနဲ့ သွားကြည့်ကြရင် မရှိတော့ဘူး။ မမြင့်မြင့်ဌေးနဲ့ မိမိစံဆိုရင် လန့်ပြေးတာ။ ထဘီပါ ကျွတ်ကျန်ခဲ့ပါရော
လားဗျာ။
အတွင်းခံဘောင်းဘီပါလို့ တော်သေးတာပေါ့။
အဲဒီကိစ္စက အုတ်အော်သောင်းတင်း ဖြစ်နေကြတုန်း၊ အဖြေရှာလို့မရ
ဖြစ်နေတုန်း။
ကျွန်တော့်ညီ ငစိုးကြီး (ရေတပ်သား) သင်တန်းဆင်းလာက ကြားသိ
ရော။
တစ်ညလက်နှိပ်မီးတစ်လက်နဲ့သန်းခေါင်ယံအချိန်မှာသွားစုံစမ်းတာ၊
ဟုတ်တယ် …။
ညောင်ပင်အရွက်အုပ်ရှိရာကနေ သဲတွေ၊ ကျောက်စရစ်ခဲတွေ တဖွား
ဖွားကျလာတာ။
ပြီး-ကြွက်သေကောင် သုံးကောင်ကျလာတာကို မီးရောင်နဲ့ မြင်ရ တယ်။ ညောင်ပင်ပေါ်အနှံ့ လက်နှိပ်မီးနဲ့ ထိုးရှာတယ်။ ဘာမှမတွေ့ရဘူး။ ဟော-ကြွက်သေပုပ်နံ့ကြီး။ ဝေါ့- အေ့-ဝေါ့။ အလို- ဟိုဟာက ဘာလဲဟ။ မီးထိုးကြည့်လိုက်တော့…။
အုတ်ခဲကြီးတစ်ခဲ။ ဘုရားရေ- အုတ်ခဲက လမ်းရဲ့ လက်ဝဲဘက်ထိပ် ကနေ လူသွား မြေနီလမ်းကိုဖြတ်ပြီး တရွေ့ရွေ့ သွားနေတာပါရော့လား။ အလို- အလို – အုတ်ခဲကြီးလမ်းလျှောက်သွားနေပါကလား။
ကိုငစိုးရဲ့ တစ်သက်မှာ အသက်မဲ့တဲ့ အုတ်ခဲ ကြွက်စုတ်နှုတ်သီးရှည် သွားသလိုမျိုး သွားနေတာ။ ဒီတစ်ကြိမ်ပဲ အံ့ဖွယ်မြင်ဖူးနေတာရယ်။
မမြင့်မြင့်ဌေးတို့၊ အညွန့်တို့၊ မမိစံတို့ပြောတာ မှန်နေပါကလား။ သရဲ ခြောက်တယ်ဆိုတာဒါလား။

သူကစစ်သားလေ…။
ကျိုက္ကလော့ တောင်ပေါ်မှာ လူမမြင်ရဘဲ လက်ထဲကသေနတ် လာဆွဲ တုန်းကတောင် လုံးဝမကြောက်ခဲ့ဘူးဥစ္စာ။ စစ်သားကွ။ အာဠာဝကကွလို့ တောင့်ခံထားဥစ္စာ။ဒီလိုတရွေ့ရွေ့လမ်းလျှောက်နေတဲ့အုတ်ခဲကိုကြောက်
စရာလားဗျ။
ကိုငစိုးကြီးလက်နှိပ်မီးဖွင့်ပြီး လမ်းလျှောက်နေတဲ့ အုတ်ခဲအနီးကို တိုး
သွားပြီး ကြည့်လိုက်ရော…။ တွေ့ ပြီ-ဒီလိုကိုး။
ကြည့်စမ်း – အုတ်ခဲထိပ်ကိုနိုင်လွန်ကြိုးအနက်နဲ့ချည်ပြီးလက်ျာဘက် အုတ်ခဲဦးတည်ရာ ချုံပုတ်စည်းရိုး (အိမ်ခြံစည်းရိုး)ထဲက ဆွဲနေတာကိုး။ သူ အုတ်ပိုင်းကျိုးနှစ်ခု ကောင်ယူပြီး အုတ်ခဲချည်ကြိုး လိုက်စဉ်ရာ ချုံပုတ်ထဲ ဆက်တိုက်ပစ်ထည့်လိုက်ရော။
“ခွပ်”
“အမလေးဗျ”
“ခွပ်”
ပြော”
“အား- သေပါပြီဗျ။ အား ကျွတ် ကျွတ်”

“ဟေ့ကောင်- ထွက်ခဲ့လိုက်စမ်း၊ မထွက်ရင် ငါထပ်ပစ်လိုက်မယ်နော်” လူငယ်တစ်ဦး နဖူးကသွေးတွေ စီးကျပြီး အပြင်ထွက်လာနေတယ်။ “ညတိုင်းဒီလိုလုပ်နေတာ မင်းမဟုတ်လား”
“ဟုတ်- ဟုတ်ကဲ့”
“သဲတွေ၊ ခဲတွေ၊ တုတ်တွေ ရွာချတာရော မင်းပဲမဟုတ်လား” “ဟုတ်-ဟုတ်”
“မင်းဘာလို့လူတွေကိုကြောက်လန့်ချောက်ချားအောင်လုပ်ရတာလဲ

သည်တော့မှ လူငယ်လေးက အကြောင်းစုံရှင်းပြတယ်။ သူ့ကို လမ်း ထဲက ဝင်းနိုင်တို့၊ ငခင်လတ်ကြီးတို့က အဖေ နာမည်နောက်ပြောင်ခေါ်နေ လို့။ ရှက်ပြီး မကျေနပ်တာနဲ့ ခုလို လုပ်ရတာပါပဲ။
အဲဒီနေ့ကစပြီး လမ်းထဲက ညောင်ပင်အောက်မှာ အုတ်ခဲလည်း လမ်း မလျှောက်တော့ဘူး။ ရေနဲ့လည်း လမ်းသွားလမ်းလာ အပက်မခံရ၊ ခဲသံ လည်းညောင်ပင်ပေါ်ကမကျတော့။
ဝင်းနိုင်တို့၊ ငခင်လတ်ကြီးတို့လူရွယ်ကာလသားတွေကိုလည်း ဒီသရဲ ခြောက်ပြတဲ့ ကောင်လေးရဲ့ အဖေ နာမည်ခေါ်ပြီး မနောက်ပြောင်ပါနဲ့လို့ ပြောဆိုညှိနှိုင်းပေးခဲ့ရတယ်။
နောင်အခါ မကျေနပ်လို့ သရဲလုပ်ပြီး ခြောက်လှန့်တဲ့ ကောင်လေး။ ကြည်းတပ် (စစ်တပ်) ထဲ ဝင်သွားခဲ့တယ်။ သုံးနှစ်လောက်ကြာတော့ တိုက်ပွဲတစ်ခုမှာ ယောက်ျားကောင်းပီသစွာ ကျဆုံးသွားခဲ့ရှာတယ်ဗျာ။
ကျွန်တော့်ညီ ကိုငစိုးကြီးက အဲဒီလို ထူးဆန်းတဲ့လူစားမျိုးဗျ။ ဟော- ဖြစ်ချင်တော့ သူဆရာ ဂိုဏ်းတက်တယ်။ ကျင့်ကြံတယ်။ အနည်းနဲ့အများ အလုပ်ဖြစ်တယ်။
သူမယုံကြည်ခဲ့တဲ့ဂမ္ဘီရဖြစ်ရပ်ဆန်းကြယ်တွေကိုသူကိုယ်တွေ့ကြုံခဲ့
ရပြီး အလွန်အံ့ဩခဲ့ရတယ်။
စုန်း၊ ကဝေရွာသူဆိုတာတကယ်ရှိနေပါကလား….။
သူတို့ရဲ့လျှို့ဝှက်နက်နဲတဲ့ ပညာတွေရှိနေပါကလား….။ ဒီပညာသည်တွေဟာ သရဲ၊ တစ္ဆေ၊ အိမ်တွင်းနတ်တွေကို သူတို့ ပညာ စက်တွေနဲ့ အမိန့်ပေးခိုင်းစေပြီး သူတို့ မလိုလား မနှစ်သက်သူကို ပြုစားနှောင့်ယှက် ဒုက္ခဆင်းရဲ၊ သေဆုံးသည့်တိုင်အောင် စွမ်းဆောင်နိုင်ပေါ့
ကလား။
ဒီလို ပညာသည်တွေရဲ့ ရန်အန္တရာယ်ကို ကာကွယ်နှိမ်နင်းနိုင်ဖို့ သိပ္ပံ ဆေးပညာမတတ်နိုင်ဘူး။
အဲဒီလို သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ ကိစ္စအချို့ကို မြန်မာ့ဂမ္ဘီရနည်းနဲ့ ဖြေရှင်းလို့ရတာလေး ကိုယ်တွေ့ကြုံရော။

အင်း – ဘုရားရှင် ဟောကြားခဲ့တဲ့ ပရလောကသားဆိုတာ ရှိတာပဲ
ပြီး – ဘုရားရှင် မနှစ်သက်တဲ့ အောက်လမ်းဂမ္ဘီရလည်း ရှိနေတာပဲ
ဒါနဲ့အတူ မကျွတ်မလွတ်သောဘဝများ။
တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ ကျတ်၊ နတ်စိမ်း သူတို့ ဘာကြောင့် အဲဒီလို ပြိတ္တာ ဘုံသားဘဝရောက်နေရတာလဲ။
ဖတ်တယ်၊ မှတ်တယ်၊ လေ့လာတယ်၊ နားထောင်တယ်။ သိပြီ-အစွဲ-သေခါနီးအစွဲ…။
အစွဲကြောင့် ပြိတ္တာဘဝဖြစ်ရတာ။
နာနာဘာဝဆိုတာ ပြိတ္တာဘုံသားတွေပဲ။
သူတို့ကို ပညာသည်က သူတို့ပညာနဲ့ ခိုင်းစားတယ်။ ပြုစားစေတယ်။ ဒီလိုနဲ့ အင်းတိုက်၊ နတ်တိုက်၊ စုန်းတိုက်၊ ကဝေတိုက်၊ အပင်း စသည့် အောက်လမ်းပညာ ဒုစရိုက်မှုတွေအကြောင်း သဘောပေါက်လာခဲ့တယ်။ ဟုတ်ပြီ..၊
လူ့လောကမှာ မနာလိုဝန်တို၊ ဣသာမစ္ဆိရိယစိတ်တွေနဲ့ လူစိတ်မရှိတဲ့ သူတွေရှိနေသလို။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားနဲ့ ပြုမူကျင့်ကြံနေထိုင်သူ တွေလည်းရှိနေတာပဲ။

သူတစ်ထူးစီးပွားတတ်တာမနာလိုဝန်တိုသူ ရှိတယ်။ သူတစ်ထူးလှတာကြည့်မရ ဝန်တိုသူ ရှိတယ်။
သူတစ်ထူး ကိုယ့်ထက် တော်တာ၊ တတ်တာ။ လူရာဝင်တာ။ ရာထူး ရှိတာ။ဥစ္စာရှိတာကိုမရှုဆိတ်သူလည်းရှိတာပဲ။ဓနဥစ္စာပြိုင်သလိုရှိလာရင်
ပြိုင်ဘက်ကို ကျဆုံးသွားစေချင်၊ ပြိုလဲပျက်စီးသွားစေချင်သူလည်း ရှိတာ
ပဲ။
ဒီလိုနဲ့ အောက်လမ်းဂမ္ဘီရဆရာတွေနဲ့ တိုက်တယ်။ စုန်းကဝေပညာ သည်နဲ့ တိုက်တယ်။
အင်းတိုက်၊ နတ်တိုက်၊ စုန်းတိုက်၊ ကဝေတိုက်ဆိုတဲ့ ဒုစရိုက်အလုပ် တွေကိုကိုယ်တွေ့ကြုံဖူးသူ သိတာကိုး။
ကိုယ်တွေ့ မကြုံရင် မသိဘူး။ မယုံဘူး။ ကျွန်တော့်ညီက ဆရာဂိုဏ်း ခေါ်မလား။ အဲဒီလို ပညာဂိုဏ်းမှာ ဆရာဖြစ် သင်ကြားလေ့လာပြီး…။ ရတနာသုံးပါးလည်း ဦးစားပေး ကိုးကွယ်သလို ဆရာဂိုဏ်းတက်ထား သူဆိုတော့ ဆရာ့ ဆရာတွေပြုသလိုခိုင်းရမည့် မင်းကြီးမင်းလေးတို့ဘာညာ သာရကာ ပုဂ္ဂိုလ်ရုပ်တုအချို့လည်း သူ့အိမ်မှာ နေရာပေးနေကြ။ ငါ ခိုင်းတာ လည်း ကူညီကြ။ မင်းတို့လည်း ဗလိနတ်စာ ငါ ဒါနပြုမယ်ဆိုပြီး ထားတာ လေးတွေလည်းရှိတာပေါ့။
တပည့်မွေးတယ်ခေါ်မလား..။
အိမ်စောင့်ထားတယ် ခေါ်မလား …။
ပညာပိုင်းနဲ့ အတိုက်၊ အပြုစားကိစ္စတွေ ပေါ်လာရင် လိုအပ်ပါက မွေး ကျွေးထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ခိုင်းရ၊ တားရ၊ နှင်ရ၊ ခေါ်ရတာပေါ့ဗျာ။
သိပ္ပံခေတ် ပညာတတ်တွေတော့ လက်ခံနိုင်မှာ မဟုတ်ပေဘူးပေါ့။ သို့သော်- ဆရာဂိုဏ်း၊ ပညာဂိုဏ်း အနေအထားကျတော့ အတော်အံ့ဩ စရာတွေ ရှိတာပေါ့ဗျာ။

သူ့အိမ်မှာ ပညာဉာဏ်များ ဖွံ့ ဖြိုးတိုးတက်အောင် စောင့်ရှောက်စေဖို့ ဆိုပြီး သူရဿတီမယ်တော်ရွှေပိန်းချရုပ်တုလည်း ရှိတာကိုး ခင်ဗျ။ သည်တော့ ..။
အမဲသား၊ ကျွဲသားမစားဘူး။ ဝက်သားမစားဘူး။ ရှောင်တယ်တဲ့။ သူရဿတီ မယ်တော်ကြီးက အမဲသားစားတာ မကြိုက်ဘူးဆိုပဲဗျ။ ဟန်ကျလိုက်တာဗျာ။ မြန်မာတစ်နိုင်ငံလုံး လူမျိုးမရွေး၊ ဘာသာမရွေး သူရဿတီမယ်တော်ကြီးကိုကိုးကွယ်ရင် သိပ်ကောင်းမှာပဲခင်ဗျ။
အမဲသားစားတာ ရှောင်ရတာကိုး ..

ဒါဆို နွားတွေ၊ ကျွဲတွေ၊ မသတ်ရတော့ဘူးပေါ့ဗျာ။ အကုသိုလ်လည်းကင်း၊ သတ္တဝါလည်း အသက်ချမ်းသာရ၊ ဟင်းစား အဖြစ်ကဘေးမဲ့ပေးသလို ဖြစ်တာပေါ့။ ဟုတ်ဘူးလားဗျာ။ လောကမှာလည်းသူရဿတီမယ်တော်ရှိ၊မရှိကိစ္စကငြင်းခုန်နေတုန်း
ခင်ဗျ။ အချို့က သူရဿတီမယ်တော်ဆိုတာမရှိဘူး။
ရှိတယ်လို့ယုံကြည်သူက…။
မယ်တော်ကြီးက ဘုရားရှင် ဟောကြားတော်မူတဲ့ ပိဋကတ်သုံးပုံကို နေ့နေ့ညည စောင့်ရှောက်နေတဲ့ တရားစောင့်မယ်တော်ကြီးတဲ့။ ပြောကြ
တယ်။
ရဟန်းသံဃာ အရှင်သူမြတ်ကြီးတွေကတော့ ပိဋကတ်သုံးပုံကို နှုတ် ကပါဌ်အာဂုံဆောင်ပြီးစောင့်ရှောက်နေတာ သူတို့ပါတဲ့။
ဒါလည်းဟုတ်တာပဲဗျ။ သဘာဝလည်းကျတာပဲ။
စာအုပ်တစ်အုပ်မှာ ဖတ်မိတာကတော့ သူရဿတီဆိုတာ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်က မြစ်တစ်စင်းရဲ့ အမည်ကနေ ရွေ့လျားလာတဲ့ စကားတဲ့။ စာအုပ် ပြန်တွေ့ရင်တော့ အသေးစိတ်ပြန်ရေးပြပါ့မယ်ခင်ဗျာ။
ပြီး − မင်းကြီးမင်းလေး နတ်ညီနောင်က ဝက်သားစားတာ မကြိုက်ဘူး တဲ့။ သူတို့ ညီအစ်ကိုက ကုလားသွေးရောတဲ့နတ်လို့ ပြောတာပဲဗျာ။

ဒီတော့ ဆရာကိုငစိုးကြီးလည်း အိမ်ပေါ်မှာ ဝက်သားမတင်ဘူး။ မစား ဘူး။ ယူလာတာ လက်မခံဘူး။
ခက်တာက ဆရာကိုငစိုးကြီးရဲ့သား ငပြည့် (ခေါ်) မောင်ပြည့်ဖြိုးဝေက ခုတစ်လောတယ်ဝက်သားကြိုက်ပဲကိုးဗျာ။
ဆရာစိုးတို့အမေအိမ်မှာအတူနေချိန်။ ဆရာဂိုဏ်းမတက်ခင်တုန်းက ဆရာလောင်း ကိုငစိုးကြီးနဲ့ သူ့ကတော် (ကျွန်တော့်ခယ်မ) မမြင့်မြင့်ဌေးရော၊ သူတို့သား (ကျွန်တော့်တူ) ငပြည်ကရောဝက်သားတယ်ကြိုက်ပဲခင်ဗျ။
သုံးထပ်သား (အခေါက်၊ အဆီ၊ အသားရော) အတုံးကြီးကြီးကို သွား မြုပ်အောင် ကိုက်စားပြီး ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အသားစာရင်းမှာ ဝက်သားပါတယ်။
ဖြစ်နိုင်ရင် ဝက်ကို အိမ်မှာမွေးပြီး တစ်ကောင်လုံး ပြုတ်၊ ကင်၊ ကြော် လှော်စားသင့်တယ်လို့ယူဆပြီးဝါးခဲ့တာရယ်။
ခုတော့ ကိုယ့်အိမ် ကိုယ့်ရာနဲ့ သားယောက်ျားကလည်း နှစ်ယောက် အရွယ်ရောက်တွေနဲ့ဖြစ်…
ဆရာဂိုဏ်လည်းတက်ထားတော့ ….။
အမိန့်ထုတ်တယ် …။
အိမ်ပေါ်မှာ ဝက်သား၊ အမဲသားလုံးဝမစားရ။
ခြံဝင်းထဲ ဝက်သား၊ အမဲသား လုံးဝမသွင်းရ။ စားတဲ့သူ၊ ယူလာသူ၊ ငါ့ အိမ်ပေါ်မှာ မနေနှင့်။ အခြားမှာ သွားနေကြ။ စားကြ၊ အိမ်လည်း ပြန်မလာ နှင့်၊
မိန်းမနှင့် အငယ်ဆုံးသားက အဖေ့စကား လင်ဆရာသမားရဲ့ စကား နားထောင်တယ်။ လုံးဝ မစားဘူး။
စားတာက သားအကြီးကောင် ငပြည့်။
ဒီကောင်ငပြည့်က သားဦးဆိုတော့ ငယ်ငယ်တုန်းက ဦးလေးလုပ်သူ ကရော၊အဘွားလုပ်သူကပါအလိုလိုက်ဖူးဖူးမှုတ်ထားတော့အရွယ်ရောက်
တော့ ထိန်းလို့မရတော့ဘူး။

အထူးသဖြင့် ဒီကောင် အရက်သောက်တယ်။
သောက်ပြီးလို့ မူးတာနဲ့ အရပ်ထဲပြဿနာရှာ ရန်ဖြစ် ရိုက်ခွဲ။ ဘွားအေနှင့် ဦးလေးက တူ၊ မြေးကို ချစ်တော့ ငွေနဲ့လိုက်လျော်နှင့်။ ဟိုကောင်က လိုက်ရှင်းပေးမည့်သူ ရှိတော့ ပိုကဲ၊ ပိုဆိုး။
အခု သူ အရက်မူးပြီး ပြဿနာရှာခဲ့သမျှ နောက်ကနေ ဒိုင်ခံလျော်ပေး၊ တောင်းပန်။ အချုပ်ထဲ မရောက်အောင် ဖြေရှင်းပေးခဲ့တဲ့ သူဦးလေး သူဌေး ကိုစံကြည်ရော၊ ဘွားအေကြီး ဒေါ်မြရီ (ကျွန်တော်တို့အမေ)ပါ ကွယ်လွန် သွားပြီ။
သို့သော်- သူ (ငပြည့်) အရှိန်သတ်လို့ မရတော့..။
သောက်မြဲ၊ ဆိုးမြဲ၊ ရန်ဖြစ်နေဆဲ။
အဖေရော၊ အမေရော ထိန်းချုပ်လို့မရတော့။ မကြာခဏ စကားများ ရန်ဖြစ်၊ မူးလာရင် ရှိသမျှရိုက်ခွဲ၊ ငွေတွေယူသုံး။
ဖအေနှင့် ထိုးကြိတ်ရသည့်အကြိမ်လည်း မနည်း။
ရှိသမျှ စည်းစိမ် သူဖြုန်းလို့လျှောခဲ့ပြီ။
နောက်ဆုံးဆုံးမပြောဆိုဖျောင်းဖျ၍မရတော့ဥပေက္ခာပြုလိုက်တယ်။
သေချင်သေ၊ ကျေချင်ကြေ။ ထောင်ကျချင်ကျ။ လုံးဝ ဝမ်းမနည်း။
မေတ္တာနှင့်လည်း မရ …။
ကျစ်စာနှင့်လည်း မကြွ။ သားအရင်းကို မေတ္တာမဲ့ခဲ့ရပြီ။ သို့သော်-ဟို ကောင်ကလည်းမသောက်ရင် လူကောင်းဗျ။
ငစိုးကြီးတို့က အိမ်ရာဝင်းတစ်ခုထဲ နေနေကြတော့ လိုင်းစည်းကမ်း၊ အိမ်ရာဝင်းစည်းကမ်းနဲ့ နေရတယ်။
အဲဒီနေရာရောက်တော့ ငပြည့်မသောက်တော့ဘူး။
လိမ္မာသွားပြီး နေရာပြောင်း၊ ဒေသပြောင်းမှာ ပတ်ဝန်းကျင်က လူတွေ နဲ့ လိုက်လျောညီထွေ နေတတ်သွားပြီဆိုပြီး လင်ရော မယားရော၊ ဝမ်းသာ နေကြတယ်။

အဲဒီအချိန်မှာ ကိုငစိုးကြီးက ဝန်ထမ်းတစ်ဖက်၊ ဆရာဂိုဏ်းတစ်ဖက်နဲ့ လူရိုသေရှင်ရိုသေဖြစ်နေချိန်ပေါ့ဗျာ။
အမှန်က သူ့သား ငပြည့်က နေရာဒေသသစ်ကို ရောက်တုန်းရောက် ခိုက်မို့ အခြေအနေကြည့်နေတာ။
ဒီဝန်းကျင်က ပညာတတ်၊ အဆင့်ရှိတဲ့ ဝန်းကျင်လေ။ အသောက်
အစားကင်းတဲ့အရပ်။
ဝန်ထမ်းအရပ်။
အနေအထိုင်တည်ငြိမ်တဲ့အရပ်။စည်းနဲ့ကမ်းနဲ့နေတဲ့
ကြာတော့ သောက်နေကျ ပါးစပ်နဲ့ အူတွေက ဆန္ဒပြတောင်းဆိုလာ တယ်။ အဲဒီ သန်လျင်မှာရှိတဲ့အမျိုးတွေဆီ သွားလည်ဦးမယ်ဆိုပြီး. သန်လျင်ကကျွန်တော်တို့အမျိုးတွေရှိရာရောက်လာ…။ ညီအစ်ကိုဝမ်းကွဲတွေနဲ့ သောက်ကြစားကြ။ ကျွန်တော့်အိမ်က ကောင်လည်းပါတာပေါ့ဗျာ…။
ညီအစ်ကိုတစ်တွေ သောက်စားပြီး ငြင်းခုန်စကားများ ရန်ဖြစ်၊ ထိုး ကြိတ်၊ ပစ်ပေါက်လုပ်လိုက်ကြတာ။ ငပြည့်လည်းကွဲ၊ ကျန်ညီအစ်ကိုတွေ လည်းပေါက်ပြဲ။
နောက်ဆုံးကိုငစိုးကြီးသိသွားပြီးအခုနေတဲ့အရပ်ကမသိအောင်ဖုံးရ
ဖိရ၊ ဆေးကုရ။
တိုတိုပြောရရင် အခြားနေရာတွေမှာ မူးယစ်သောက်စား ရန်ဖြစ်တာ
အကြိမ်မနည်းဘူး။
ခွေးမြီးကောက် ကျည်တောက်စွပ်ပဲဗျ။
ဒီကောင်က မသောက်ရင် လူအေးရေခဲတုံး။
သောက်ရင် ငရဲမီးဗျာ။ ကြာတော့ ကျွန်တော်တို့ သန်လျင်က ဆွေမျိုး သားချင်းတွေကလည်းငစိုးကြီးသားငပြည့်သန်လျင်လာမှာကိုကြောက်နေ
ကြပါရောဗျာ။

ငပြည့်ကို အရက်ခိုးဝေပြီး မျက်ထောင့်နီနီကြီးနဲ့ ကိုယ့်ခြံဝ သူ့ ခြံဝမှာ ဖြုန်းခနဲ မြင်လိုက်ရင် လန့်ဖျပ်ပြီးသွေးပေါင်တက်ကြရောဗျာ။ မနည်းချော့မော့ပြီး သူတို့နေတဲ့ (- – – – – -)ကို လမ်းစရိတ်ပေးပြီး ပြန်လွှတ်ရတယ်။ ဖအေလုပ်သူကရှက်တာပေါ့။ သူကဒီအခုလူရိုသေရှင်ရိုသေဂိုဏ်းဆရာလေဗျာ။ တပည့်တပန်းတွေကို ဆုံးမရတယ်။ အရက်မသောက်နဲ့၊ အမဲသား ဝက်သား မစားနဲ့။ ကာမေသုမိစ္ဆာစာရ သူတစ်ပါးသားမယားမပြစ်မှားမကျူးလွန်နဲ့။ ပညာတော်မြတ်ကြီးကိုမစော်ကားနဲ့။
မိဘဘိုးဘွား ဆရာသမားမရိုမသေမလုပ်နဲ့။
အဲ့လို ဆုံးမနေတုန်း …။
ဒီကောင် မူးပြီး ရောက်လာတော့ အရှက်ကွဲရတာပေါ့။ ပြဿနာပေါင်း များစွာ ရှင်းရ၊ ဆေးကုရ၊ သူဖြုန်းလို့လည်း စုဆောင်းထားတာ ကုန်လုနီးပါး ဖြစ်နေတော့ သားဆိုးမို့ ရင်နာလာတယ်။ အရှက်ကွဲရတာလည်းမနည်း။ ရဲစခန်းကဖမ်းပြီး ထောင်ချပါစေလို့ ဆုတောင်းတယ်ဆိုရင် ဖအေ အလွန်လို့ မပြောကြနဲ့တော့။
သို့သော်- သင်း ဘယ်အချုပ်မှ မရောက်ဘူး။
ပိုဆိုးတာက.
ဒီကောင် မူးလာရင် အိမ်ပေါ်မှာ ဝက်သားဟင်းဝယ်လာပြီး စားတာပဲ ဗျာ။ မအေလုပ်သူက မင်းကြီးမင်းလေး နတ်နန်းလေးရှိနေတော့ လန့်တာ ပေါ့။

အဲဒါဖအေကလည်းမင်းနှစ်ပါး မေတ္တာရပ်ရသလို။ မအေလုပ်သူကလည်း ကတုန်ကယင်နဲ့နတ်တွေရော၊ မယ်တော်ကြီး တွေကိုပါကောင်းပန်ရတယ်။
တောင်းပန်တဲ့ကြားက စကားတွေများကြ။
အပြင်မှာ စားချင်စားလို့ နောက်ဆုံးပြောရတယ်။
ဒီကောင်က လူရွတ်ပဲဗျာ။ ဒီအိမ်ပေါ်မှာပဲ စားမယ်ဆိုပြီး အမဲသား တစ် လှည့်၊ ဝက်သားတစ်လှည့်၊ ဗြောင်ဝယ်လာစား၊ ချက်စားလုပ်တာဗျာ။
ကြာတော့ ဆရာလုပ်သူ ဖအေက မင်းကြီးမင်းလေး နတ်ရုပ်တုများ ရှေ့မှာပြောရတယ်ဗျာ။
“ကိုယ်တော်တို့ မယ်တော်ကြီးတို့ ဝက်သား အမဲသားကို ဒီအိမ်ပေါ်မှာ စားတာ ကျွန်ုပ်ရဲ့သား မောင်ပြည့်ပါ။ ကိုယ်တော်တို့၊ မယ်တော်တို့ မကြိုက် လို့ လုပ်ချင်နှိပ်စက်ချင်ရင် ဝက်သားစားတဲ့ သင်းကို ကြိုက်သလိုလုပ်ပါ။ ကျန်တဲ့မိသားစုကိုတော့ အပြစ်မပေးပါနဲ့”
အဲ့လိုကိုပြောရတော့တယ်။
ဒီကောင် ဝက်သား၊ အမဲသားဟင်းတွေကို နေ့စဉ်နီးပါး အိမ်ပေါ်မှာစား တယ်။ မင်းကြီးမင်းလေး နတ်ရုပ်တုရှေ့မှာ မူးမူးနဲ့စားတယ်။ သေဖို့ နေနေ သာသာခေါင်းကိုက်၊ ဇက်ကြောထိုးတောင် မဖြစ်ပါဘူးတဲ့ဗျာ။ အံမယ် – အသားအရေစိုပြီးဝတောင်လာသေးဆိုပဲ။
လင်ရော၊ မယားရော အံ့ဩသွားကြရပါရော။
အိမ်နီးနားချင်းတွေကလည်းဝေဖန်ကြတာပေါ့။
ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ စောင့်ကြည့်နေတာ။ ဆရာ ကိုငစိုးကြီးတို့ မိဘမျက်နှာငဲ့ထောက်ပြီး အားနာလို့၊ သနားလို့ မလုပ်သေး တာ။ လုပ်ရင်သေတာ ကြာပေါ့တဲ့။
ကိုငစိုးကြီးကပြောရော။

“ကျုပ်ကို အားနာစရာ မလိုဘူး”
“အရပ်ကိုအားနာပါ ကိုယ်တော်။ ဒီကောင်ကြောင့် ကျုပ်ဘဝက ဆရာ မနိုင် နှစ်ဆောင်ပြိုင်ဖြစ်ပြီ။ ဒီကောင် ကျုပ် အလုပ်သွားနေတုန်း မအေကို အနိုင်ကျင့်အဓမ္မယူသွားသုံးဖြုန်းလို့ စုထားတာတွေကုန်ပြီ။ ကိုယ်တော်တို့ သင်းကို ကျောင်းမှန်းကန်မှန်းသိအောင် လုပ်သင့်ပါတယ်ဗျို့” မယားလုပ်သူက သားဦးလေးမို့ ချစ်သနားပြီး ဖြစ်ရပေါ့လေ။ အကယ် ၍များ မင်းနှစ်ပါး ကျားနဲ့တိုက်လို့သွေးသံရဲရဲနဲ့များဖြစ်နေမလား။
ကိုယ်တော်တွေရဲ့လက်သုံးတော်ဓားတွေကြောင့်ဇက်ပြတ်ပြီးသေလေ
မလား။ ဘုရား – ဘုရား – ဘုရား။
လွဲပါစေ-ဖယ်ပါစေ….၊
တစ်ကြိမ်တစ်ခါ မှားတဲ့ကလေးမို့ ခွင့်လွှတ်တော်မူပါ ကိုယ်တော်တို့။
အဲ-ဘဲ။
မဟုတ်သေးပါဘူး ….။
သူ့သားက အကြိမ်ကြိမ်အခါခါ လုပ်နေတာ ဥစ္စာ။ ကိုယ်တော်တွေကို စော်ကားနေတာ။
ပါးစပ်နှင့်ဆုံးမလည်းမရ။အရပ်နှင့်ဆုံးမလည်းမရ။ဆွေမျိုးနဲ့ဖျောင်းဖျ
လည်းလက်လန်။
သူ့ အဖေရဲ့ လက်သီးတို့၊ တုတ်တို့လည်း ဘာမျှအသုံးမဝင်။ သူ့အဖေ ကိုငစိုးကြီးသာလက်တွေ၊ ခြေထောက်တွေပတ်တီးစည်း၊ ရောင်ကိုင်းလှုပ် မရဖြစ်ခဲ့ရတယ်။
အဲဒီကျတော့ ပြောကြပြန်ရော …။
သားကို နတ်က လုပ်မရလို့ ဖအေကို ကိုင်တာတဲ့။ ဆရာလည်း သိက္ခာ ကျရမလိုဖြစ်နေပြီ။
ဒီမင်းကြီးမင်းလေးနတ်ညီနောင်ကိုငါဗလိဒါနပြုခဲ့တာကြာပြီ။ အခြား သောမင်းကြီးမင်းလေး ကိုးကွယ်ပသထားရှိသူများ အိမ်တွေကျတော့။

ဝက်သားစားဖို့ မပြောနဲ့ ခြံထဲ သွင်းမိတာနဲ့ သူတို့ ဝင်ပူးပြီး ခုန်ပြီး ဓား ကြိမ်းကြိမ်းကြပြီ။ တောက်ခတ်ကြပြီ။
အဲဒီလို အခြေအနေကျရင် ဆရာဖြစ်သူကိုယ်က သွားရောက်ပြောဆို မေတ္တာရပ် အပူးအကပ်နှင်ပေးရတာ။
ဘယ့်နှယ့် ကိုယ့်အိမ်ကျမှ …။
သင်းတို့ နတ်ညီနောင်နှစ်ပါးရှေ့ ဝက်သားဟင်း ဗြောင်စားနေတာကို သင်းတို့ ဘာလို့ သည်းခံနေရတာတုံး။

အိမ်ကကောင် ငမူး၊ ငရမ်း၊ ငရွတ်က ကိုငစိုးကြီး ငယ်စဉ်ကထက် ပိုပြီး ရွတ်နေတယ်။
တစ်နေ့တုန်းက သူ့မယား မြင့်မြင့်ဌေး ပြောပုံအရဆို သူတို့သား ငပြည့် ကမင်းကြီးမင်းလေးရုပ်တုရှေ့မှာ ဝက်သားစားရုံမကဘူး။
“ကိုယ်တော်တို့လည်းစားချင်လား၊ ရော့ – ဒါသုံးထပ်သား။ပဲငံပြာရည် နဲ့ တရုတ်ချက် ချက်ထားတာ။ စား-စားပါ။ ကျုပ်ကို အားမနာနဲ့။ အေ့ – အေ့”
မြင့်မြင့်ဌေးအမေနဲ့ ဆရာကိုငစိုးကြီးတောင် ကြားရရောခေါင်းနားပန်း ကြီး၊ ကြက်သီးတွေ ဖျန်းဖျန်းထ ကြောချမ်းဖြစ်ပြီး လူပါ လဲမလိုဖြစ်သွားလို့ မယားလုပ်သူက လှမ်းထိန်းရတယ်။
မဟုတ်မှလွဲရော …။
သူတို့သားကို အပမှီနေပုံပဲ…။
မင်းကြီး မင်းလေးထက် ပိုကြီး ပိုကြမ်းတဲ့ နာနာဘာဝတစ်ကောင် ကောင် ဝင်နေပုံပဲ။
ဒါကြောင့် – သူသောက်တဲ့ သောက်ရေအိုးထဲ ရေမန်းစီရင်ပြီး ထည့်ရ တယ်။ သင်းအိပ်တဲ့ ဖျာခေါင်းရင်းမှာ နာနာဘာဝနှင် အင်းကို ရေးပြီး ကပ် ထားရတယ်။
မြတ်စွာဘုရား …။
ကိုယ်က အဲ့လို အစီအရင်နဲ့ လုပ်လိုက်မှ သင်းက ပိုဆိုးလာပါရောဗျာ။

“ဘာလဲ..”
“ပိုက်ဆံငါးထောင်ပေးစမ်းဗျာ”

“အံမာ-နင့်လုပ်စာရှိလို့ နင်က ငွေငါးထောင်တောင် တောင်းရတာ လား။ မရှိဘူး…”
“ကျုပ်လုပ်စရာရှိလို့ တောင်းနေတာနော်”
“နေပါဦး – နင်က ဘာလုပ်မလို့တုံး”
“ကျုပ် သူငယ်ချင်းတွေကိုဒီအိမ်မှာ ဝက်သားဟင်း ချက်ကျွေးမလို့” “ဘုရားရေ – သွား- သွား – နင် ငါတို့ကို အရွဲ့မတိုက်နဲ့နော် ငပြည့်။ ငါ့ အိမ်မှာ ဝက်သား၊ အမဲသား မချက်ရဘူး။ ပိုက်ဆံလည်း မရှိဘူး။ မပေးနိုင် ဘူး”
“ကျုပ်က ဝက်သားကြိုက်လို့စားနေတာ”
“နင် ကြိုက်ပေမယ့် အိမ်မှာထားတဲ့ မင်းကြီးမင်းလေး မကြိုက်ဘူး- သွားတော့”
“ခင်ဗျားတို့ မင်းကြီးမင်းလေးက ဘာတွေများ အစွမ်းထက်နေလို့တုံး။ စွမ်းရင်ကျုပ်သေတာ ကြာပြီ-ပေးဗျာ”
“ဟဲ့-နင့်ဘုန်းကြီးနေလို့ မဟုတ်ဘူး။ နင့်လို အရက်သမားမှာလည်း ဘုန်းတို့ ကံတို့ မရှိဘူး။ ငါတို့ကို ကိုယ်တော်တွေ ညှာနေလို့။ နင် သက်သာ နေတာ၊ သွားတော့

“စားမယ်ဗျာ – တစ်ဝချက်စားမယ်ဗျာ။ ကျုပ်ကို သူတို့ နှိပ်စက်လို့
သတ်လို့ ရရင်သတ်၊ ကဲ …”
“ဟဲ့-ဟဲ့- ဟဲ့ကောင်မလုပ်နဲ့ – ပေး-ပေး”
“မပေးဘူး – ခုချက်ချင်း
ချက်စားမယ်ဟေ့”
ဝက်သားနှစ်ပိဿာဝယ်ပြီး နတ်စင်ရှေ့မှာ
သားလုပ်သူဟာ ပိုက်ဆံအိတ်ဆွဲယူပြီး ဇစ်ကိုဖွင့်၊ ငါးထောင်တန် နှစ်
ရွက်ယူပြီး အိမ်ထဲကနေပြေးပါရော။
မြင့်မြင့်ဌေး စိတ်ညစ်ကြောက်လန့်ပြီးငို …။

ဒီလို လူပေလူရွတ် လူကြမ်းမျိုး၊ နတ်ကို အရွဲ့တိုက်တဲ့ လူစားမျိုး။ သူ့ အမျိုးထဲမှာလည်း မရှိ။
သူ့ယောက်ျားကိုငစိုးကြီးတို့မျိုးရိုးမှာလည်းမရှိ။
ဒီသားကြီးဘယ်လိုကြောင့်ဆိုးသွမ်းပါလိမ့်ဆိုပြီးငိုနေတုန်းကိုငစိုးကြီး
ရောက်လာပါရော..။
“မဌေး- ညည်းဘာလို့ငိုနေတာလဲ” “အင်-ဟီး-ဟီး-ငါသာသေလိုက်ပါတော့”
“မဌေး – နင် ဘာဖြစ်နေတာလဲလို့ မေးနေတယ်လေ” “အင့်- ဟင့် – ဟီး – ဟိုကောင် ရှင့်သား…”
သူက ပိုက်ဆံတစ်သောင်း နှိုက်ယူပြီး သူ့သူငယ်ချင်းတွေနဲ့ ဒီအိမ်ပေါ် မှာဝက်သားဟင်းချက်စားမည်။ သားလုပ်သူလူပေလူရွတ်အကြောင်းပြော ပြလိုက်ရော။
ကိုငစိုးကြီး သည်းမခံနိုင်လောက်အောင် ပေါက်ကွဲတော့တယ်။ အိမ် ပေါ်မှာ ဝက်သားဟင်း၊ အမဲသားဟင်း အကြိမ်များစွာ အပြင်က ဝယ်ယူလာ ပြီးစားနေတာကို သူ သည်းခံတောင်းပန်ခဲ့တာမနည်းတော့ဘူး။
အခု ဝက်သားတွဲဝယ်ပြီး အိမ်ပေါ်မှာ ချက်စားမယ်တဲ့။ ဒါ သူ့ကိုရော၊ နတ်တွေကိုရော ပြောင်စိန်ခေါ်တာပဲ။ သိကြရောပေါ့ ငပြည့်ရာ။
မင်းဟာ မိဘရော နတ်တွေရော စော်ကားလွန်းမက စော်ကားတဲ့ ကောင်။မိသားစုအားလုံးတော့နတ်လုပ်လို့အသေမခံနိုင်ဘူး။ အရပ်လည်း
အားနာရတာ များပြီ။
မင်းလို မိမနိုင်၊ ဖမနိုင်၊ ဆွေမနိုင်၊ မျိုးမနိုင်၊ ရွာမနိုင်၊ ရပ်မနိုင်ကောင် တစ်ယောက်ကိုပဲ အသေအဆုံးခံမယ်။ သိကြရောပေါ့ကွာ။
ကိုငစိုးကြီး မင်းကြီးမင်းလေး နတ်နှစ်ပါး ရုပ်တုရှေ့မှာ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ကိုထွန်းညှိပူဇော်ပြီး …

မင်းကြီးမင်းလေး ကိုယ်တော်နှစ်ပါးတို့ – ကျွန်ုပ်ရဲ့သား ငပြည့်ဆိုတဲ့ ကောင်သည် ဘယ်လိုပြောဆုံးမ ဟန့်တားနှိပ်ကွပ် ပြုပြင်လို့မရဘဲ အရှင် နှစ်ပါးတို့ရှေ့မှာအရှင်တို့မကြိုက်တဲ့ဝက်သားများအကြိမ်ကြိမ်စားသောက်
စော်ကားမှု ပြုခဲ့ပါတယ်။ ခုလည်း အိမ်ပေါ်မှာ ဝက်သားဟင်းချက်စားမယ် ဆိုပြီး ဈေးမှာ သွားဝယ်နေပါပြီ။ ဒီလို လူရွတ်လူပေ လူ့တစ်ဇောက်ကန်းကို ကိုယ်တော်တို့ လမ်းမှာ မြွေပွေးမြွေဟောက်နဲ့တိုက်၍ သတ်လိုက်ပါ။ ဓားရှည် ဓားမြှောင်တို့ဖြင့် ခုတ်ထစ်ထိုး၍ ဒီနေ့ပဲ အဆုံးစီရင် ဒဏ်ခတ်တော်မူပါ။ သင်းတို့အား ကျွန်ုပ် ဖခင်ကိုယ်တိုင် ခွင့်ပြုအာဏာ အပ်လိုက်သည်။ သင်းကိုမင်းကြီးမင်းလေးတို့အိမ်ပြန်ခွင့်မရဘဲလမ်းမှာပင်အသေဆိုး
နှင့် သေအောင် အဆုံးစီရင်လိုက်ပါ။ ငါ ဆရာအမိန့်တော်
“အင့် … ဟီး”
ဇနီးလုပ်သူရဲ့ ရှိုက်ငိုသံကို ကြားလိုက်ရတယ်။ သူက ဝမ်းနဲ့ မွေးထုတ် ထားရတဲ့အမေလေ။ဖအေလုပ်သူဆရာကခုလိုရက်စက်တော့ဝမ်းနည်းပြီး
ရှိုက်ငိုရပြီပေါ့။
သူ့ယောက်ျားကလည်းလူတစ်မျိုး ….။
သည်းခံပြီဟေ့ဆို သူစိမ်းရော၊ သားသမီး ဆွေမျိုးရော ခေါင်းပေါ် နင်း
သွားမပြောဘူး။
ဘူး။
သည်းမခံတော့ဘူးဆိုရင် အတော်ကြမ်းတဲ့လူ။ ဘယ်သူမှ တားလို့မရ
ပယောဂကုရင်လည်း ဒီစိတ်နဲ့ကုတာရယ်။
သူ့ပညာစက်၊ အာဏာစက်ထိရောက်တာကို မမြင့်ဌေး သိတယ်လေ။ အခု မင်းနှစ်ပါးကို လမ်းမှာတင် အဆုံးစီရင်တော့လို့ အာဏာအပ် အမိန့် ပေးလိုက်ပြီ။ ငပြည့်ရေ…။

ငါမင်းကို နို့တိုက်ခဲ့တယ် …။ ထမင်းဝါးခွံခဲ့တယ် …။
ဆီထောပတ်၊ ဟင်းကောင်း၊ ထမင်းကောင်းကျွေးခဲ့တယ်..။
ပညာသင်ပေးခဲ့တယ်..။
အမေ့ကို မျက်ရည်ပေါက်ကြီးငယ် အကြိမ်ကြိမ်ကျအောင် လုပ်ခဲ့တာ။ အမေ သည်းခံခဲ့တာ ဘုရားရော၊ နတ်ရော၊ မင်းရောအသိပါသား။ ခုတော့ – မင်းရဲ့အရွဲ့တိုက်ဆိုးပေသောင်းကျန်းမှုတွေကမင်းကိုပြန်ပြီး ထိခိုက်ရတော့မှာပေါ့။
ဒီတစ်ဘဝမှာပဲ ငါ့သားလေး ဆိုးပေမိုက်မဲ အသိဉာဏ်နည်းပါးတော့။ နောင်ဖြစ်လေရာဘဝတိုင်းအမေ့သားကြီးလူမိုက်၊လူရွတ်၊လူပေ၊လူသွမ်း၊ အရက်သမားကြီး၊ လူရမ်းကားကြီး မဖြစ်ပါစေနဲ့လို့ အမေ…။ ဆရာကိုငစိုးကြီး သူ့အာဏာစက်ကို သူသိတယ်။
မတတ်နိုင်ဘူးလေ …။
ရက်စက်မှကြေကွဲ၊ ရဲမှမင်းဖြစ်သတဲ့။
သူ့ကံတရားနဲ့သူလာကြတာဥစ္စာ။
မကောင်းရင် လက်မောင်းသွေးပါ ဖောက်ထုတ်ပစ်ရမှာ။ သိပ်လွန်နေ ပြီဗျာ။ကိုငစိုးကြီးသတင်းကိုနားစွင့်နေတယ်။မင်းကြီးမင်းလေးကရက်စက် တယ်နော်။ သူတို့မကြိုက်တာ အဆုံးစွန်လုပ်ရင် ဒေါသသိပ်ကြီးတာ။
ဆရာကိုငစိုးကြီးကိုယ်တွေ့ပဲ ….။
သူကုလားထိုင်ပေါ်မှာမျက်စိမှိတ်ပြီးဖြစ်လာမည့်ကိစ္စဆိုးကိုရင်နင့်စွာ
နဲ့မျှော်လင့်စဉ်းစားနေတုန်းမှာပဲ…။
“လာဟေ့ – သူငယ်ချင်းတို့ အိမ်ပေါ်တက်ကြ” “ဟင်”
သူ့သား ငပြည့်ခင်ဗျာ ဝက်သားတွဲကြီး နှစ်တွဲဆွဲလို့။ သူ့နောက်မှာ လည်း သူနှင့်ရွယ်တူ ရုပ်ရည်သန့်သန့် လူငယ်သုံးဦးလည်းပါရဲ့ဗျာ။

မအေလုပ်သူ မြင့်မြင့်ဌေးလည်း အံ့ဩလို့…။ ဖအေလုပ်သူ ဆရာ ကိုငစိုးကြီးဆိုလည်း ပါးစပ်ဟလို့… ဒီကောင် ဘာမှမဖြစ်ပါလား။ ဟ – နတ်တွေ၊ မင်းတို့ …။ သူ့သူငယ်ချင်းတွေနဲ့ ရယ်လို့မောလို့ဗျာ။
“လာဟေ့- နောက်ဖေးမှာ အရင်ချက်မယ် – လာ”

“မင်းက ချက်တတ်လို့လားမောင်ပြည့်ရ”
“တို့အဘွားအိမ်မှာ နေတုန်းကတည်းက အဘွားက ဝက်သား၊ ကြက် သားချက်နည်း သင်ပေးထားတာကွ။ မင်းတို့က ကြက်သွန်၊ ငရုတ်သီး ဝိုင်း ထောင်းကြပေါ့-လာဟေ့”
မင်းကြီးနဲ့ မင်းလေး ခိုင်းတာ မလုပ်ပါကလား။
လမ်းမှာ မြွေပွေး၊ မြွေဟောက်နဲ့ တိုက်သတ်လို့၊ ဓားနဲ့ ထိုးသတ်လို့ အမိန့်ပေးထားတာ။ ဘာလဲ-ငါ့လို ဆရာရဲ့ အမိန့်ကို မင်းကြီးနဲ့ မင်းလေး ဖီဆန်တာလား၊ သူတို့ရှေ့ဝက်သားစားတာ ကြိုက်နေလို့လား၊ လက်ခံတာ
လား။
သမိုင်းကြောင်းမှာ သူရှိတဲ့နေရာဝက်သားစားရင်ဒေါပွပြီးအသေလုပ် ဆို။ မင်းတို့မှာ ဘာအစွမ်းမှမရှိဘူးလားဟေ့။ မင်းကြီးနဲ့မင်းလေး….” မင်းတို့ကို ငါ နေ့စဉ် လိမ္မော်ရည်၊ ဘိလပ်ရေ၊ စပါကလင်၊ စီးကရက်၊ အမွှေးနံ့သာနဲ့ ပြုစုနေတဲ့ ကျေးဇူးကို မင်းတို့က ပြောင်ပြောင်တင်းတင်း ငေးဆပ်နေတာပေါ့ဟုတ်လား။
အခု – ဘာအစွမ်းအစမှ မရှိတဲ့ မင်းတို့ … ခုချက်ချင်းငါ့အိမ်ပေါ်ကဆင်း။
ကြာပါတယ်ကွာ – မင်းတို့ ငါ့အိမ်ပေါ်ရှိနေရင် အိမ်လေးရုံနဲ့ ငွေကုန်ရုံပဲ ရှိတော့ သွားရော့ဟာ”
ဆရာကိုငစိုးကြီးဒေါသတွေပေါက်ကွဲပြီး မင်းကြီးမင်းလေး ရုပ်တုနှစ်ခု ကိုယူပြီး အိမ်ရှေ့လမ်းမမှာ ရိုက်ချိုးပစ်လိုက်တာ။ ပိုင်းပိုင်းညက်ညက် ကြေ သွားပါရော။
တော်ပြီ – အိမ်ပေါ်မှာ ဘာနတ်ရုပ်တုမထားဘူးဟေ့။
သည့်နောက်- နတ်စိမ်းမယ်တော်ကြီးရုပ်တုပါ ယူပြီးအမှိုက်ပုံထဲ ပစ် ထည့်လိုက်တယ်။

“ဘာမျှအားကိုးလို့မရတဲ့ရုပ်တုတွေ သွားကြ။ နင်တို့အမှိုက်ပုံမှာပဲနေ ကြ။ နင်တို့ ဘာမှ အားကိုးလို့မရဘူး။ နင်တို့လည်း ငါ အလိုမရှိတော့ဘူး။ မကျေနပ်ရင်ငါ့ကိုကြိုက်သလိုသာလုပ်တော့-ထွီ-”
အိမ်နီးနားချင်းတွေလည်း ဆရာကိုငစိုးကြီး ပွဲကြမ်းပြီး နတ်ရုပ်တုတွေ နဲ့ နတ်စိမ်းမယ်တော်ကြီး ရုပ်တုတွေကို ရိုက်ချိုးလွှင့်ပစ်နေတာ မြင်ရတော့ အကြီးအကျယ် အံ့ဩကြပေါ့။
“ဖအေရော၊ သားရောလူကြမ်းတွေပဲဟေ့”
“မကိုးကွယ်ချင်လည်း ညောင်ပင်မှာ သွားစွန့်ပေါ့တော်။ ခုလို ရိုက်ချိုး ပစ်တော့ ဆရာစိုးကြီးကို ကိုယ်တော်တွေနဲ့ မယ်တော်ကြီး ပြန်လုပ်ရင် ဒုက္ခ ရောက်မှာတော့်” “ဘယ်လိုဖြစ်တာတဲ့တုံးဗျ ..”
“အားမကိုးရလို့ ရိုက်ချိုးတာတဲ့ဗျ” “တကယ့်လူကြမ်းတွေပဲဗျ”
ဒီမှာလူရွယ်တစ်ယောက်ကပြောတယ်တဲ့။ “ဒါ – တော်လှန်ရေးလုပ်တာဗျ – ဂွတ်ပဲ”
“ဟဲ့ကောင်ရဲ့- ဘာတော်လှန်ရေးတုံးဟဲ့”
“သေခြင်းဆိုးနဲ့ သေခဲ့တဲ့ နတ်တွေကို ကိုးကွယ်အားထားရာ မလိုဘူး ဆိုတဲ့အသိနဲ့ တော်လှန်ရေးလုပ်တာပေါ့ဗျ။ ဂွတ်မှ ဘဲရီးဂွတ်ဗျာ”
“စောင့်နားထောင်ကြပေါ့အေ”
တိုတိုရေးရရင် ငပြည့်ရဲ့ သူငယ်ချင်းတွေလည်း ငပြည့်တို့ အဖေ၊ နတ် ရုပ်တုတွေ ပေါက်ခွဲရိုက်ချိုး ဒေါသကြီးနေတာကြည့်ပြီး လန့်ဖျပ်လို့ အိမ်ပေါ် က ဆင်းပြေးကြပါရော။
ငပြည့်လည်း နတ်ရုပ်တုတွေကို အမြဲ တသသအားကိုးနေတဲ့ သူတို့ အဖေကိုယ်တိုင် အိမ်အပေါ်အဆောင်ထဲက နတ်ရုပ်တွေ ရိုက်ချိုးဖျက်ဆီး

လွှင့်ပစ်နေတာ မြင်တော့ လန့်ပြီး ဆင်းပြေးတဲ့ သူငယ်ချင်းတွေနောက်ကို ဝက်သားတွဲကြီးဆွဲပြီးပြေးလိုက်သွားပါရောတဲ့။
အလွန့်ကို ထူးဆန်းတယ်တဲ့ဗျာ။ အတော်လေးလည်း အံ့ဩသွားခဲ့ရသတဲ့။
မင်းကြီးမင်းလေး၊ နတ်စိမ်းမယ်တော်ကြီး၊ နတ်ရုပ်တု အပါအဝင် နတ် ရုပ်တုတွေအိမ်ပေါ်မှာ ရှင်းပြောင်သွားတဲ့နေ့ကစပြီး သူတို့သားငပြည့် လုံးဝ ဝက်သား၊ အမဲသားအိမ်ထဲလည်းယူမလာတော့ဘူး။ အပြင်မှာလည်းမစား
တော့ဘူး။
အရက်လည်း နေ့တိုင်းလို မသောက်တော့ဘဲ တစ်ခါတစ်ရံ နည်းနည်း ပါးပါးပဲသောက်တော့တယ်။
ရပ်ထဲမြို့ထဲ၊ ဆွေထဲမျိုးထဲပြဿနာလုံးဝမရှာတော့ဘူး။ အခုကုမ္ပဏီ လုပ်ငန်းတစ်ခုမှာ လစာနှစ်သိန်းနီးပါးရတဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ် နေတဲ့ဗျာ။
လစာရရင် မအေလည်းပေး၊ သူလည်း ဝတ်ချင်တာဝယ်ဝတ်နဲ့ အတော် အပိုးကျိုးသွားလို့ မိဘတွေလည်းဝမ်းသာကြတာပေါ့ဗျာ။ ဆွေမျိုးသားချင်း များလည်းဝမ်းသာကြ။
ဝက်သား၊ အမဲသားလုံးဝမစားတော့ဘူး။
ဆရာကိုငစိုးကြီးလည်း ရတနာသုံးပါးကို ပိုအလေးထားပြီး ထွက်ရပ် ပေါက် ဆရာတော်ဘုရားကြီးများရဲ့ သတ္တဝါအများ ကယ်တင်တဲ့ မေတ္တာ လမ်းစဉ်ကို ကျင့်ကြံပွားများပြီးဒုက္ခရောက်သူနှင့် ကြုံခဲ့ရပါက အလျဉ်းသင့် သလိုရေစင်ရေမန်းနဲ့ မေတ္တာရေကုပေးနေတော့တယ်။

ဒီပြောင်းလဲမှုမှာ လျှို့ဝှက်ဇာတ်လမ်းရှိသေးတယ်ဗျို့။ ပိုပြီး အံ့ဩစရာ ကောင်းတာက ဒီလိုတဲ့ ခင်ဗျ။
လူကြမ်း ဓာတ်ကြမ်းကြီး ဆရာကိုငစိုး နတ်ရုပ်တုမျိုးစုံတွေကို ရိုက်ချိုး လွှင့်ပစ်ပြီးတဲ့ညမှာ အိပ်မက်ဆန်းတစ်ခုကို မြင်မက်ခဲ့ရသတဲ့။
ဒါက သူတို့ဂမ္ဘီရသမားဘဝမှာ ခိုင်ခိုင်မာမာ သိလိုက်ရတဲ့ အဖြေပဲ။ အိပ်မက်ထဲမှာ ဆရာကိုငစိုးကြီး လွှင့်ပစ်လိုက်တဲ့ နတ်စိမ်း မယ်တော် ကြီးရုပ်တုက အိမ်ရှေ့ခြံဝမှာလာရပ်နေတာတဲ့ဗျာ…။
အလို …။
မယ်တော်ကြီး ရုပ်တုထဲကနေ အခိုးအငွေ့တွေ ထွက်လာပါရောလား။ အံ့အံ့ဩဩနဲ့ ကြည့်နေတုန်းမှာပဲ အခိုးအငွေ့တွေကြားကနေ ဆံပင်ဖား လျား ထဘီရင်လျားထားတဲ့ အဘွားအိုကြီးပေါ်လာတယ်။ အရုပ်ဆိုးလိုက်
တာ။
အသားကလည်း မည်းလိုက်တာမှ …။
မီးသွေးတုံးတောင် ရှုံးအောင် မည်းတူးနေတယ်။
မျက်လုံးနှစ်လုံး ပြူးထွက်နေပုံက အပြင်ကို အန်ထွက်ပြုတ်ကျတော့ မည့် ဖန်ဂေါ်လီအကြီးစားလိုပဲ။
ပါးစပ်ထဲမှာ သွားတွေအစုံအလင်မရှိဘူး …။
ရှိနေတဲ့ ကျိုးတိုးကျဲတဲ သွားတွေကလည်း တစ်ချောင်းဆို လက်မ လောက်ရှိနေတယ်။
အလို-အဘွားကြီးက နှာခေါင်းမပါဘဲ နှာခေါင်းနေရာမှာ အပေါက် နှစ်ပေါက်ပဲ ပါတာပါလား။
ပိန်ခြောက်ခြောက် အရိုးပဒေသာ ကိုယ်လုံးကို တိုက်ကြက်ခုန်သလို ခုန်ပြီး ခြံဝကနေ ဆရာကိုငစိုးကြီးကို ရန်တွေ့နေတာတဲ့ဗျာ။
“ဟဲ့ – ဆရာစုတ်ရဲ့၊ နင့်ကြောင့် ငါစားနေကျ ဝက်သား မစားရတော့ ဘူးဟဲ့။ ငါလည်းအိမ်ပေါ်မှာ မနေရတော့ဘူးဟဲ့ – ဆရာစုတ်ရဲ့- ဟင်”

“နေပါဦး- အဘွားကြီး ခင်ဗျား ဘယ်လိုလုပ်ပြီး ကျုပ်အိမ်ပေါ်ရောက်
နေတာတုံး
“ဟဲ့ကောင်ရဲ့ငါနင့်အိမ်ပေါ်မှာဟောဒီမယ်တော်ရုပ်တုနဲ့အတူရောက်
နေတာ ကြာပြီဟဲ့။ ငါ နင့်သားကို ကပ်မှီပြီး ပူးဝင်ပြီး ဝက်သားစားနေတာ
ကြာပြီဟဲ့”
“ဟင်-ဒါဆိုအဘွားကြီးကဟို-ဟို-မယ်တော်ကြီးလား – ဟုတ်လား” “ဟူး-ဟူး-ဟူး-ဟင်း-ဟင်း-ဟင်း-ဟင်း” ငါ-ငါ-ဘယ်သူလဲ-မသိဘူးလား…။
ငါ ဝက်သား၊ အမဲသား စားချင်လို့ နင်တို့အိမ်ထဲက သုံးမရတဲ့ နတ် တွေကို မောင်းထုတ်ပြီး မှီစားကပ်စားနေတာဟေ့။ ခုတော့ – နင် လက်ဦး သွားတော့ ငါငတ်ပြီဟေ့ -ငတ်ပြီဟ-ဟူး-ဟူ-ဟူး-ဟူး” “အဘွားကြီး ခင်ဗျား ဘယ်ကလာတာလဲဟင်”
“ငါ- ပျဉ်တောင်ကျောင်းသင်္ချိုင်းကလာတာဟဲ့။ အရက်မူးနေတဲ့ နင့် သား သင်္ချိုင်းကုန်းမှာ အရက်နဲ့ ဝက်သားစားနေတုန်း ငါ သူ့ခန္ဓာကိုယ်ထဲ ဝင်လိုက်ခဲ့တာ။နင်တို့အိမ်ရောက်မှဟောဒီအသက်မရှိတဲ့မယ်တော်ရုပ်တု
ထဲငါဝင်နေတာဟဲ့။သိပြီလား- သိပလား။ဟူး-ဟူး-ဟူး-ငါ-ငါ-နင်-နင် တို့ လက်ဦးသွားလို့။ အခု-ငါ-ငါ အိမ်ထဲလည်း ဝင်လို့မရ။ နင်တို့သား ဟို ကောင်လေးကိုယ်ထဲဝင်ပြီး စားနေကျဝက်သား၊ အမဲသား ငါ-ငါ-မစားရ တော့ဘူးဟဲ့။ ဟူး-ဟူး-ဟူး”
“လက်စသတ်တော့ တရားခံက နင်ကိုး” “ဟဲ့- သင်္ချိုင်းကုန်းက ပြိတ္တာမ”
“ဘာတုံး”
“နင်တို့ဟာ ပြိတ္တာဘဝ ရောက်တာတောင် သူတစ်ပါးမိသားစုကို ဒုက္ခ ပေးတုန်းပဲတဲ့။ သင်္ချိုင်းပြိတ္တာမကြီးရဲ့။ သွား-နင် ခုချက်ချင်း ငါ့အိမ်ရှေ့က ထွက်သွား”

“မသွားဘူး – ဝက်သား၊အမဲသားအဝစားပြီးမှငါ့နေရာငါပြန်မယ်ဟေ့။ ဟူး-ဟူး-ဟူး-ဟူး- ငါပြန်မယ်ဟေ့”
သင်္ချိုင်းကနေ ကပ်လိုက်လာတယ်ဆိုတဲ့ ပြိတ္တာမကြီးဟာ ဒေါသတွေ ဖြစ်ပြီး ခြံဝရှေ့မှာ ခုန်ပေါက်နေပါရောတဲ့။
“ဟဲ့- သင်္ချိုင်းကုန်းမ၊ နင်-နင်နေတဲ့ သင်္ချိုင်းကို ခုချက်ချင်းပြန်နော်။ မပြန်ရင် နင် ငါ့အကြောင်း သိသွားမယ်”
“မပြန်ဘူးဟေ့ – မပြန်ဘူး။ ငါ့ကို အမဲသား၊ ဝက် ….”
“ဒီလိုလား”
ဂမ္ဘီရဆရာ ကိုငစိုးကြီးက အကြောင်းစုံသိခဲ့ရပြီမို့ ဇွတ်ကြီးပြောဆိုခုန် ပေါက်နေတဲ့ သင်္ချိုင်းပြိတ္တာမကြီးကို စိုက်ကြည့်ပြီး သူဆေးကုရာမှာ အမြဲ သုံးလေ့ရှိတဲ့ တစ်ထွာသာသာ ဆေးသန်လျက်ကို အသစ်ပြန်တင်ထားတဲ့ ဆရာတော်ဘုရားကြီးများ ကန်တော့ပွဲပေါ်ကလှမ်းယူပြီး…

“လူတွေကိုဒုက္ခပေးချင်တဲ့ သင်္ချိုင်းပြိတ္တာမကြီး – သွားလေရော့ဟာ”
“8:…” “စွပ်…”
အား-မ-လေး-သေ– -ပါ-ပြီ-တော့”
“အာ -အား- အမလေး- လုပ်ကြပါဦး”
“အမလေး…အူတွေ ပွင့်ကုန်ပါပြီတော့။ အား-အား — အား – မလုပ်
ပါနဲ့၊ ကြောက်ပါပြီ – တောင်းပန်ပါတယ် – ပြန်ပါ့မယ်တော့”
“ဝုန်း”
ဆရာကိုငစိုး ပစ်လိုက်တဲ့ သန်လျက်က အစီအရင်ဆေး သန်လျက် တဲ့။ သစ်ကနက်သားနဲ့ လုပ်ထားတဲ့ သန်လျက်။ သန်လျက်ကို အဘိုးဝိဇ္ဇာ ကြီးဆရာခေါင်စီရင်ပေးခဲ့တဲ့ရွှေပိန်းချသန်လျက်အပေါ်မှာမှအင်းမြတ်ကြီးတွေစီရင်ထားတာ။

အပြိုင်နဲ့ အတိုက်ပေါ်လာမှ…။
မေတ္တာရပ်လို့ မရမှ သုံးရတဲ့ဆေးသန်လျက်၊ အင်းသန်လျက်…။ အဲဒီဆေးအင်းသန်လျက်က သင်္ချိုင်းပြိတ္တာမကြီးရဲ့ ဝမ်းဗိုက်ကို စူးဝင် ပေါက်ထွက်သွားရော။ ပြိတ္တာမကြီးမြေပြင်မှာလူးလှိမ့်အော်ဟစ်ပြီးဝုန်းခနဲ ပျောက်သွားချိန်..။
ဆရာ ကိုငစိုးကြီး အိပ်မက်ကလန့်နိုးသွားတယ်။
သူ-ထူးဆန်းတဲ့ အိပ်မက်ကြောင့် အိပ်ရာကထ၊ မီးဖွင့်ပြီး တစ်နေ့က အသစ်ပြင်တင်ထိုးထားတဲ့ ဆရာတော်ဘုရားကြီးမှာ အုန်းပွဲကိုကြည့်လိုက်
တော့ …။
ကန်တော့ပွဲပေါ်တင်ထားတဲ့ဆေးသန်လျက်…။ အဘခေါင် ချီးမြှင့်ခဲ့တဲ့ ဆေးသန်လျက်ရယ် …။ ကန်တော့ပွဲငှက်ပျောသီးနှစ်လုံးကြားမှာအသက်ဝင်သလိုလှုပ်ရှားနေ
တာ အံ့ဖွယ်မြင်လိုက်ရသတဲ့ဗျာ။
မိုးမလင်းခင် ခြံဝထွက် မီးထိုးကြည့်လိုက်တော့…။
လူကြီးလက် တံတောင်ခန့်ရှည်တဲ့ ခြေဖဝါးကားကားအရာတွေကို ရှုပ်
ယှက်ခတ် မြင်လိုက်ရတယ်။
ဒါနှင့်အတူအလွန်ရှည်လျားတဲ့ဆံပင်ရှည်လေးငါးပင်ကိုလည်းခြေရာ
တွေနင်းထားတဲ့ကြားမှာ မြင်လိုက်ရတယ်။
ဆရာကိုငစိုးကြီး သဘောပေါက်လိုက်ပြီ…။ နတ်ရုပ်တုတိုင်း အကျိုးမပေးဘူး…။ နတ်ရုပ်တုတိုင်း အစွမ်းမရှိဘူး..
သူတို့ကို လိုအပ်သလို သုံးဖို့ အိမ်ပေါ်မှာ အသက်သွင်းထား၊ ကျွေးမွေး
ထားပေမယ့်….။
မူလနတ်စွဲဝိညာဉ်ရောက်ရှိမနေဘဲအခြားပရသားတွေမှီခိုဝင်ရောက် ပူးဝင်ကပ်ရပ်၊အိမ်ရှင်ကိုနှိပ်စက်စားသောက်နေတာရှိပါလားဆိုတာကိုယ်
တွေ့ကြုံရပြီ။
တောက်-ငါ့သားငါသတ်သလိုဖြစ်တော့မလို့။
ဘာနတ်ရုပ်တုမှမယုံတော့ဘူး။ နင်တို့ ဘာမှမစွမ်းဘူး။ အားမကိုးတော့ဘူး။
ဒီအစိမ်းသေရုပ်တုတွေအိမ်ပေါ်ထားရင်အိမ်ကျက်သရေယုတ်တယ်။
သွားတော့ – မင်းတို့လည်း ကိုယ့်လမ်းကိုယ်သွားကြ။ ငါတို့ မိသားစု ရတနာ မြတ်သုံးပါးနဲ့ အထက်ဆရာတော် ဘုရားကြီးများ၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် သူတော်ကောင်းကြီးများကိုပဲ အလေးအနက် အားကိုးကျင့်ကြံပွားများ
တော့မယ်။
မင်းတို့ အစိမ်းသေ ရုပ်တုတွေနဲ့၊ ငါနဲ့ …။ ဒီနေ့ကစ စည်းခြားပြီဟေ့ …။ မင်းတို့လည်းငါဒုက္ခမပေး..။
ငါတို့ကိုဒုက္ခပေးမယ်၊ စိတ်ဆင်းရဲအောင်လုပ်မယ်ဆိုရင်တော့…။ ငါ့အလွန်လို့ မင်းတို့ မဆိုကြပါနှင့်…။
(မှတ်ချက် – ဤဇာတ်လမ်းသည်တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါ သည်။ ထိုဇာတ်ကောင်များ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါ
သည်)
»» မောင်ညိုမှိုင်း (သန်လျင်)

Zawgyi Version

၀က္သားႀကိဳက္သူ(စ/ဆုံး)
——————————–
ညီ အင္ဂ်င္နီယာ ကြယ္လြန္သြားတာ (၂)ႏွစ္ခန႔္ ရွိသြားၿပီ။ ေမာင္စံ ၾကည္ကလည္း ခုလို ဝါကြၽတ္ၿပီဆိုတာနဲ႔ သူ႔အထက္ ငါးဦးလုံးကို မုန႔္ပုံး၊ ပုဆိုး၊ ထဘီ၊ ေငြသားစသည္တို႔ႏွင့္ ကန္ေတာ့ေလ့ရွိတယ္။
သူက ဘုရားဒကာ၊ ေက်ာင္းဒကာေလးပါ။
လူသူေတာ္ေကာင္းေလးပါ။လူ႔ ျပည္ကေန“ကင္ဆာ”ဆိုတဲ့ေရာဂါႏွင့္ အေစာႀကီးထြက္သြားခဲ့ေတာ့ …
ခုလို သီတင္းဝါကြၽတ္ေရာက္လာရင္ အစ္ကို အစ္မေတြကို ႐ိုေသစြာ ထိုင္ကန္ေတာ့ေနတဲ့ ျမင္ကြင္း ..
မ်က္လုံးထဲမွာ ျမင္ၿပီး သတိတရ ရင္နင့္ေနတုန္းပါပဲဗ်ာ။ က်န္ရစ္သူ သူ႔ဇနီးနဲ႔ ကေလးႏွစ္ေယာက္လည္းအိမ္နဲ႔ၿခံေရာင္းၿပီးထြက္သြားလိုက္တာ ဘယ္ေရာက္ေနမွန္းမသိရဘူး။ အဆက္အသြယ္လည္း မလုပ္ဘူးဗ်ာ။ တူေလးနဲ႔ တူမေလး သတိရေနတယ္။ သူတို႔ႏွစ္ဦးက ဥမမည္ေလးေတြ။
ပေထြးရဲ႕ အႏွိပ္စက္ခံဘဝမ်ား ေရာက္ေနေလမလား။ ေဆြမ်ိဳးရဲ႕ အေအာ္အေငါက္ခံ ဘဝမ်ားေရာက္ေနေလမလား။စားဝတ္ေနေရးအဆင္ မွေျပၾကရဲ႕လား။ ဒုကၡဆင္းရဲကကင္းေဝးၾကပါေစ။
သူေတာ္ေကာင္းေတြနဲ႔ ေတြ႕ၿပီး သူယုတ္မာေတြနဲ႔ ေဝးပါေစ၊ လြဲပါေစ။ လူစိတ္ရွိသူေတြၾကားမွာ ဘဝေလးေတြေကာင္းမြန္သစ္လြင္ပါေစ။ သားတို႔ သမီးတို႔ေရ- ဘဘႀကီး မင္းတို႔ေမာင္ႏွမကို အၿမဲသတိရေနပါတယ္။ ဘဘ ႀကီးအၿမဲမင္းတို႔ကိုေမွ်ာ္လင့္ေနပါတယ္။ ဘဘႀကီးလူခ်မ္းသာမဟုတ္ေပမဲ့ ငါ့တူနဲ႔ တူမကို အတိုင္းအတာတစ္ခုအထိ စိတ္ခ်မ္းသာမႈ ေပးႏိုင္ပါတယ္။ ငါ့တူနဲ႔တူမေလး….။
အကယ္၍စိတ္ဆင္းရဲကိုယ္ဆင္းရဲျဖစ္ေနခဲ့ရင္ႀကိဳက္တဲ့အခ်ိန္ ဘဘ
ႀကီးအိမ္ကိုေျပးလာခဲ့ပါ။

ငါ့တူနဲ႔ တူမကို ဘဘႀကီး မေသခင္ ေတြ႕ခ်င္ပါရဲ႕သားတို႔ရယ္။ ကြယ္လြန္တဲ့မင္းတို႔အေဖကိုစံၾကည္ရဲ႕ေမတၱာက႐ုဏာမ်ိဳး၊ ဘဘႀကီး နည္းနည္းျဖစ္ျဖစ္၊ မ်ားမ်ားျဖစ္ျဖစ္ေပးလိုက္ခ်င္ပါဘိ သားတို႔ရယ္။ အင္း – ညီလုပ္သူ လာကန္ေတာ့ေတာ့ …။ ကြယ္လြန္သူညီအငယ္ဆုံးရဲ႕မိသားစုအေၾကာင္းေတြကရင္ကိုလာထိ
တယ္ဗ်ာ။
မိေ႐ႊစင္တို႔မိသားစု က်န္းမာခ်မ္းသာပါေစ။
(မိေ႐ႊစင္ – ငါ့တူနဲ႔ ငါ့တူမကိုငါ့ထံ အလည္လာခြင့္ေပးလိုက္ပါဦး)။ ညီလုပ္သူ ေမာင္ျမင့္စိုး (ငစိုးႀကီး)က ကြၽန္ေတာ္ အိမ္ေရာက္တုန္း သူ ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ဆန္းေတြအေၾကာင္း အစ္ကို ဂမၻီရစာေရးဆရာကို ေျပာျပတယ္ခင္ဗ်။
အင္း – ဒီေကာင္ေရာ၊ သူ႔သားေရာလူ႐ြတ္ေတြေပကိုး။
ကြၽန္ေတာ့္ညီက ေခတ္ပညာတတ္တစ္ဦးပါ။သူက (——-) တစ္ဦးပါ။ ဘာသာတရားကိုယုံၾကည္ေလးစားကိုးကြယ္ပါတယ္။ သို႔ေသာ္ သူက ဂမၻီရဂိုဏ္းတစ္ဂိုဏ္းကို စိတ္ဝင္စားၿပီး ဂိုဏ္းဆရာ ျဖစ္လည္း တက္ထားေတာ့ …။
သူ႔အိမ္မွာ…။ ဘုရား႐ုပ္ပြားေတာ္အမ်ိဳးမ်ိဳး..၊
ဝိဇၨာ႐ုပ္တုအမ်ိဳးမ်ိဳး..။
ထြက္ရပ္ေပါက္ပုဂၢိဳလ္ဓာတ္ပုံ ပန္းခ်ီကားမ်ား ….။
သူရႆတီ႐ုပ္တု၊ အျခားမယ္ေတာ္႐ုပ္တု၊ မင္းႀကီးမင္းေလး႐ုပ္တု
စသည္တို႔လည္း ရွိတယ္။

ဗလိနတ္စာ ဒါနလည္းေန႔တိုင္းျပဳတယ္။
အထူးကေတာ့ ညီ (ငစိုးႀကီး)က အဓိ႒ာန္ပုတီးစိပ္၊ သက္သတ္လြတ္ စား၊ သံဃာေတာ္မ်ားကို လင္ေရာ၊ မယားေရာ ဆြမ္းလုပ္ေကြၽးေလာင္းလႉ ကုသိုလ္ေတြ ဦးစားေပးလုပ္တယ္ခင္ဗ်။ ငယ္စိတ္နဲ႔ေတာ့ မတူေတာ့ဘူး ေပါ့။
မင္းညီေနာင္က ဘာလုပ္ဖို႔ထားတာလဲ။ ေမးေတာ့ သူက ဆရာဂိုဏ္း တက္ေနသူဆိုေတာ့..။
ပေယာဂကုရာမွာလိုသလိုအမိန႔္ေပးေဝ ခိုင္းဖို႔ပါတဲ့။ ဝက္သားအိမ္ေပၚမွာမစားဘူး။
သူ႔ စရဏအားေၾကာင့္နဲ႔ တူပါရဲ႕ဗ်ာ။ ေတာ္႐ုံပေယာဂကို သူ ႏွင္ထုတ္
ႏိုင္တယ္ခင္ဗ်။
ေတာ္႐ုံ အတိုက္အခိုက္ကို သူ တားလို႔ရတယ္ဗ်။
သို႔ေသာ္ …။
ဆရာလုပ္သူ သူ႔ကို ဒုကၡေပးမည့္သူတစ္ေယာက္ ေပၚလာပါေရာ
ပါေရာလားဗ်ာ။
အဲဒီသူက ဆယ့္ႏွစ္ႀကိဳးကေဝ မဟုတ္ဘူး။
႐ြာသူစုန္းမ မဟုတ္ဘူး။
ကိုးသခ်ႋဳင္းေမွာ္ေအာင္တဲ့ ဆရာမဟုတ္ဘူး။ သူ႔သားအရင္းေခါက္ေခါက္ငျပည့္တဲ့ဗ်ာ။
ကြၽန္ေတာ့္ညီ ငစိုးႀကီးက ကာလသားဘဝတုန္းက လူ႐ြတ္ဗ်။ ကြၽန္ ေတာ္ရဲ႕လမ္းေလွ်ာက္အုတ္ခဲဆိုတဲ့ ဂမၻီရဝတၳဳတိုတစ္ပုဒ္ ေရာင္ျပန္မဂၢဇင္း မွာ ေရးသားေဖာ္ျပဖူးပါတယ္။

အဲဒီဝတၳဳကို ဦးမိုးဒီနဲ႔ ဗြီဒီယို႐ိုက္ကူး ျဖန႔္ခ်ိၿပီးပါၿပီ။ အဲဒီထဲက ဇာတ္လိုက္ကကြၽန္ေတာ့္ညီငစိုးႀကီးပါဗ်ာ။ တကယ့္ျဖစ္ရပ္မွန္ကို ေရးထားတဲ့ဝတၳဳပါပဲဗ်။ ဒီတုန္းက ကြၽန္ေတာ့္ညီက ေရတပ္သား။ သရဲတေစၦရွိရွိ၊ မရွိရွိ လုံးဝမေၾကာက္ဘူး။
သူ႔ေက်ာကုန္းႏွင့္ လက္ေမာင္းေပၚမွာ ဘီလူး႐ုပ္အျပည့္နဲ႔ နဂါးပတ္ပါ ထိုးထားေသးဗ်ာ။
က်ိဳကၠေမာ့ေတာင္ဆိုတာ ဂမၻီရနယ္ေျမ။ အေျပာၾကမ္း၊ အေနၾကမ္းလို႔ မရတဲ့ေတာင္။ အဲဒီေတာင္ေပၚမွာ ကင္းေစာင့္ေနတုန္း ေသနတ္ကို လာဆြဲ တာခံစားရသတဲ့။ လူမျမင္ရဘူးေနာ္။ အဲဒါ ခဏခဏ လာဆြဲတာဆိုပဲ။ သူဆြဲ ကိုယ္ဆြဲကို ျဖစ္ၾကတာ။ လုံးဝ မေၾကာက္ခဲ့ဘူး။ ငါ စစ္သားကြ။ လုံးဝ မေၾကာက္ဘူးေဟ့လို႔ ေအာ္ဟစ္ႀကိမ္းဝါးခဲ့တာတဲ့။
ကြၽန္ေတာ္တို႔ ရပ္ကြက္ထဲမွာည(၁၀)နာရီေက်ာ္ရင္ ေညာင္ပင္ကေန သရဲေျခာက္တယ္ဗ်လို႔ သတင္းႀကီးေနတယ္။ ေညာင္ပင္ေအာက္ကေနျဖတ္သြားရင္..။ ႐ုပ္ရွင္ၾကည့္ၿပီး အျပန္ျဖတ္သြားရင္ …။
ေညာင္ပင္ေပၚကေန မည္းမည္းတြဲေလာင္းႀကီး ျမင္ရလို႔။ အကုန္ လန႔္
ေျပး၊ သတိလစ္၊ ဆရာေခၚကုရေရာ။
ညဥ့္နက္ရင္ သဲမိုး ႐ြာတယ္။
အေပၚကေန ေက်ာက္စရစ္ခဲေတြ ဖြားခနဲ က်လာတယ္။
ေန႔ခင္းလုံးဝ မေၾကာက္ဘူး။ ပိုထူးဆန္းတာက ညဘက္ ေညာင္ပင္ ေအာက္ကေန လူျဖတ္ၿပီဆိုရင္ …။
အုတ္ခဲႀကီးတစ္လုံးဟိုဘက္ၿခံစည္း႐ိုးကေနလမ္းဒီဘက္ၿခံစည္း႐ိုးထဲ ကိုႂကြက္သြားသလိုလမ္းေလွ်ာက္ေျပးသြားေနတာကိုျမင္ၾကၿပီးလန႔္ေအာ္
ေျပးၾက၊ ငိုၾကတယ္။

လူစုၿပီးလက္ႏွိပ္မီးေတြနဲ႔ သြားၾကည့္ၾကရင္ မရွိေတာ့ဘူး။ မျမင့္ျမင့္ေဌးနဲ႔ မိမိစံဆိုရင္ လန႔္ေျပးတာ။ ထဘီပါ ကြၽတ္က်န္ခဲ့ပါေရာ
လားဗ်ာ။
အတြင္းခံေဘာင္းဘီပါလို႔ ေတာ္ေသးတာေပါ့။
အဲဒီကိစၥက အုတ္ေအာ္ေသာင္းတင္း ျဖစ္ေနၾကတုန္း၊ အေျဖရွာလို႔မရ
ျဖစ္ေနတုန္း။
ကြၽန္ေတာ့္ညီ ငစိုးႀကီး (ေရတပ္သား) သင္တန္းဆင္းလာက ၾကားသိ
ေရာ။
တစ္ညလက္ႏွိပ္မီးတစ္လက္နဲ႔သန္းေခါင္ယံအခ်ိန္မွာသြားစုံစမ္းတာ၊
ဟုတ္တယ္ …။
ေညာင္ပင္အ႐ြက္အုပ္ရွိရာကေန သဲေတြ၊ ေက်ာက္စရစ္ခဲေတြ တဖြား
ဖြားက်လာတာ။
ၿပီး-ႂကြက္ေသေကာင္ သုံးေကာင္က်လာတာကို မီးေရာင္နဲ႔ ျမင္ရ တယ္။ ေညာင္ပင္ေပၚအႏွံ႔ လက္ႏွိပ္မီးနဲ႔ ထိုးရွာတယ္။ ဘာမွမေတြ႕ရဘူး။ ေဟာ-ႂကြက္ေသပုပ္နံ႔ႀကီး။ ေဝါ့- ေအ့-ေဝါ့။ အလို- ဟိုဟာက ဘာလဲဟ။ မီးထိုးၾကည့္လိုက္ေတာ့…။
အုတ္ခဲႀကီးတစ္ခဲ။ ဘုရားေရ- အုတ္ခဲက လမ္းရဲ႕ လက္ဝဲဘက္ထိပ္ ကေန လူသြား ေျမနီလမ္းကိုျဖတ္ၿပီး တေ႐ြ႕ေ႐ြ႕ သြားေနတာပါေရာ့လား။ အလို- အလို – အုတ္ခဲႀကီးလမ္းေလွ်ာက္သြားေနပါကလား။
ကိုငစိုးရဲ႕ တစ္သက္မွာ အသက္မဲ့တဲ့ အုတ္ခဲ ႂကြက္စုတ္ႏႈတ္သီးရွည္ သြားသလိုမ်ိဳး သြားေနတာ။ ဒီတစ္ႀကိမ္ပဲ အံ့ဖြယ္ျမင္ဖူးေနတာရယ္။
မျမင့္ျမင့္ေဌးတို႔၊ အၫြန႔္တို႔၊ မမိစံတို႔ေျပာတာ မွန္ေနပါကလား။ သရဲ ေျခာက္တယ္ဆိုတာဒါလား။

သူကစစ္သားေလ…။
က်ိဳကၠေလာ့ ေတာင္ေပၚမွာ လူမျမင္ရဘဲ လက္ထဲကေသနတ္ လာဆြဲ တုန္းကေတာင္ လုံးဝမေၾကာက္ခဲ့ဘူးဥစၥာ။ စစ္သားကြ။ အာဠာဝကကြလို႔ ေတာင့္ခံထားဥစၥာ။ဒီလိုတေ႐ြ႕ေ႐ြ႕လမ္းေလွ်ာက္ေနတဲ့အုတ္ခဲကိုေၾကာက္
စရာလားဗ်။
ကိုငစိုးႀကီးလက္ႏွိပ္မီးဖြင့္ၿပီး လမ္းေလွ်ာက္ေနတဲ့ အုတ္ခဲအနီးကို တိုး
သြားၿပီး ၾကည့္လိုက္ေရာ…။ ေတြ႕ ၿပီ-ဒီလိုကိုး။
ၾကည့္စမ္း – အုတ္ခဲထိပ္ကိုႏိုင္လြန္ႀကိဳးအနက္နဲ႔ခ်ည္ၿပီးလက္်ာဘက္ အုတ္ခဲဦးတည္ရာ ခ်ဳံပုတ္စည္း႐ိုး (အိမ္ၿခံစည္း႐ိုး)ထဲက ဆြဲေနတာကိုး။ သူ အုတ္ပိုင္းက်ိဳးႏွစ္ခု ေကာင္ယူၿပီး အုတ္ခဲခ်ည္ႀကိဳး လိုက္စဥ္ရာ ခ်ဳံပုတ္ထဲ ဆက္တိုက္ပစ္ထည့္လိုက္ေရာ။
“ခြပ္”
“အမေလးဗ်”
“ခြပ္”
ေျပာ”
“အား- ေသပါၿပီဗ်။ အား ကြၽတ္ ကြၽတ္”

“ေဟ့ေကာင္- ထြက္ခဲ့လိုက္စမ္း၊ မထြက္ရင္ ငါထပ္ပစ္လိုက္မယ္ေနာ္” လူငယ္တစ္ဦး နဖူးကေသြးေတြ စီးက်ၿပီး အျပင္ထြက္လာေနတယ္။ “ညတိုင္းဒီလိုလုပ္ေနတာ မင္းမဟုတ္လား”
“ဟုတ္- ဟုတ္ကဲ့”
“သဲေတြ၊ ခဲေတြ၊ တုတ္ေတြ ႐ြာခ်တာေရာ မင္းပဲမဟုတ္လား” “ဟုတ္-ဟုတ္”
“မင္းဘာလို႔လူေတြကိုေၾကာက္လန႔္ေခ်ာက္ခ်ားေအာင္လုပ္ရတာလဲ

သည္ေတာ့မွ လူငယ္ေလးက အေၾကာင္းစုံရွင္းျပတယ္။ သူ႔ကို လမ္း ထဲက ဝင္းႏိုင္တို႔၊ ငခင္လတ္ႀကီးတို႔က အေဖ နာမည္ေနာက္ေျပာင္ေခၚေန လို႔။ ရွက္ၿပီး မေက်နပ္တာနဲ႔ ခုလို လုပ္ရတာပါပဲ။
အဲဒီေန႔ကစၿပီး လမ္းထဲက ေညာင္ပင္ေအာက္မွာ အုတ္ခဲလည္း လမ္း မေလွ်ာက္ေတာ့ဘူး။ ေရနဲ႔လည္း လမ္းသြားလမ္းလာ အပက္မခံရ၊ ခဲသံ လည္းေညာင္ပင္ေပၚကမက်ေတာ့။
ဝင္းႏိုင္တို႔၊ ငခင္လတ္ႀကီးတို႔လူ႐ြယ္ကာလသားေတြကိုလည္း ဒီသရဲ ေျခာက္ျပတဲ့ ေကာင္ေလးရဲ႕ အေဖ နာမည္ေခၚၿပီး မေနာက္ေျပာင္ပါနဲ႔လို႔ ေျပာဆိုညႇိႏႈိင္းေပးခဲ့ရတယ္။
ေနာင္အခါ မေက်နပ္လို႔ သရဲလုပ္ၿပီး ေျခာက္လွန႔္တဲ့ ေကာင္ေလး။ ၾကည္းတပ္ (စစ္တပ္) ထဲ ဝင္သြားခဲ့တယ္။ သုံးႏွစ္ေလာက္ၾကာေတာ့ တိုက္ပြဲတစ္ခုမွာ ေယာက္်ားေကာင္းပီသစြာ က်ဆုံးသြားခဲ့ရွာတယ္ဗ်ာ။
ကြၽန္ေတာ့္ညီ ကိုငစိုးႀကီးက အဲဒီလို ထူးဆန္းတဲ့လူစားမ်ိဳးဗ်။ ေဟာ- ျဖစ္ခ်င္ေတာ့ သူဆရာ ဂိုဏ္းတက္တယ္။ က်င့္ႀကံတယ္။ အနည္းနဲ႔အမ်ား အလုပ္ျဖစ္တယ္။
သူမယုံၾကည္ခဲ့တဲ့ဂမၻီရျဖစ္ရပ္ဆန္းၾကယ္ေတြကိုသူကိုယ္ေတြ႕ႀကဳံခဲ့
ရၿပီး အလြန္အံ့ဩခဲ့ရတယ္။
စုန္း၊ ကေဝ႐ြာသူဆိုတာတကယ္ရွိေနပါကလား….။
သူတို႔ရဲ႕လွ်ိဳ႕ဝွက္နက္နဲတဲ့ ပညာေတြရွိေနပါကလား….။ ဒီပညာသည္ေတြဟာ သရဲ၊ တေစၦ၊ အိမ္တြင္းနတ္ေတြကို သူတို႔ ပညာ စက္ေတြနဲ႔ အမိန႔္ေပးခိုင္းေစၿပီး သူတို႔ မလိုလား မႏွစ္သက္သူကို ျပဳစားေႏွာင့္ယွက္ ဒုကၡဆင္းရဲ၊ ေသဆုံးသည့္တိုင္ေအာင္ စြမ္းေဆာင္ႏိုင္ေပါ့
ကလား။
ဒီလို ပညာသည္ေတြရဲ႕ ရန္အႏၲရာယ္ကို ကာကြယ္ႏွိမ္နင္းႏိုင္ဖို႔ သိပၸံ ေဆးပညာမတတ္ႏိုင္ဘူး။
အဲဒီလို သိပၸံပညာနဲ႔ ေျဖရွင္းလို႔မရတဲ့ ကိစၥအခ်ိဳ႕ကို ျမန္မာ့ဂမၻီရနည္းနဲ႔ ေျဖရွင္းလို႔ရတာေလး ကိုယ္ေတြ႕ႀကဳံေရာ။

အင္း – ဘုရားရွင္ ေဟာၾကားခဲ့တဲ့ ပရေလာကသားဆိုတာ ရွိတာပဲ
ၿပီး – ဘုရားရွင္ မႏွစ္သက္တဲ့ ေအာက္လမ္းဂမၻီရလည္း ရွိေနတာပဲ
ဒါနဲ႔အတူ မကြၽတ္မလြတ္ေသာဘဝမ်ား။
တေစၦ၊ သရဲ၊ ၿပိတၱာ၊ က်တ္၊ နတ္စိမ္း သူတို႔ ဘာေၾကာင့္ အဲဒီလို ၿပိတၱာ ဘုံသားဘဝေရာက္ေနရတာလဲ။
ဖတ္တယ္၊ မွတ္တယ္၊ ေလ့လာတယ္၊ နားေထာင္တယ္။ သိၿပီ-အစြဲ-ေသခါနီးအစြဲ…။
အစြဲေၾကာင့္ ၿပိတၱာဘဝျဖစ္ရတာ။
နာနာဘာဝဆိုတာ ၿပိတၱာဘုံသားေတြပဲ။
သူတို႔ကို ပညာသည္က သူတို႔ပညာနဲ႔ ခိုင္းစားတယ္။ ျပဳစားေစတယ္။ ဒီလိုနဲ႔ အင္းတိုက္၊ နတ္တိုက္၊ စုန္းတိုက္၊ ကေဝတိုက္၊ အပင္း စသည့္ ေအာက္လမ္းပညာ ဒုစ႐ိုက္မႈေတြအေၾကာင္း သေဘာေပါက္လာခဲ့တယ္။ ဟုတ္ၿပီ..၊
လူ႔ေလာကမွာ မနာလိုဝန္တို၊ ဣသာမစၦိရိယစိတ္ေတြနဲ႔ လူစိတ္မရွိတဲ့ သူေတြရွိေနသလို။
ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာတရားနဲ႔ ျပဳမူက်င့္ႀကံေနထိုင္သူ ေတြလည္းရွိေနတာပဲ။

သူတစ္ထူးစီးပြားတတ္တာမနာလိုဝန္တိုသူ ရွိတယ္။ သူတစ္ထူးလွတာၾကည့္မရ ဝန္တိုသူ ရွိတယ္။
သူတစ္ထူး ကိုယ့္ထက္ ေတာ္တာ၊ တတ္တာ။ လူရာဝင္တာ။ ရာထူး ရွိတာ။ဥစၥာရွိတာကိုမရႈဆိတ္သူလည္းရွိတာပဲ။ဓနဥစၥာၿပိဳင္သလိုရွိလာရင္
ၿပိဳင္ဘက္ကို က်ဆုံးသြားေစခ်င္၊ ၿပိဳလဲပ်က္စီးသြားေစခ်င္သူလည္း ရွိတာ
ပဲ။
ဒီလိုနဲ႔ ေအာက္လမ္းဂမၻီရဆရာေတြနဲ႔ တိုက္တယ္။ စုန္းကေဝပညာ သည္နဲ႔ တိုက္တယ္။
အင္းတိုက္၊ နတ္တိုက္၊ စုန္းတိုက္၊ ကေဝတိုက္ဆိုတဲ့ ဒုစ႐ိုက္အလုပ္ ေတြကိုကိုယ္ေတြ႕ႀကဳံဖူးသူ သိတာကိုး။
ကိုယ္ေတြ႕ မႀကဳံရင္ မသိဘူး။ မယုံဘူး။ ကြၽန္ေတာ့္ညီက ဆရာဂိုဏ္း ေခၚမလား။ အဲဒီလို ပညာဂိုဏ္းမွာ ဆရာျဖစ္ သင္ၾကားေလ့လာၿပီး…။ ရတနာသုံးပါးလည္း ဦးစားေပး ကိုးကြယ္သလို ဆရာဂိုဏ္းတက္ထား သူဆိုေတာ့ ဆရာ့ ဆရာေတြျပဳသလိုခိုင္းရမည့္ မင္းႀကီးမင္းေလးတို႔ဘာညာ သာရကာ ပုဂၢိဳလ္႐ုပ္တုအခ်ိဳ႕လည္း သူ႔အိမ္မွာ ေနရာေပးေနၾက။ ငါ ခိုင္းတာ လည္း ကူညီၾက။ မင္းတို႔လည္း ဗလိနတ္စာ ငါ ဒါနျပဳမယ္ဆိုၿပီး ထားတာ ေလးေတြလည္းရွိတာေပါ့။
တပည့္ေမြးတယ္ေခၚမလား..။
အိမ္ေစာင့္ထားတယ္ ေခၚမလား …။
ပညာပိုင္းနဲ႔ အတိုက္၊ အျပဳစားကိစၥေတြ ေပၚလာရင္ လိုအပ္ပါက ေမြး ေကြၽးထားတဲ့ ပုဂၢိဳလ္ေတြနဲ႔ ခိုင္းရ၊ တားရ၊ ႏွင္ရ၊ ေခၚရတာေပါ့ဗ်ာ။
သိပၸံေခတ္ ပညာတတ္ေတြေတာ့ လက္ခံႏိုင္မွာ မဟုတ္ေပဘူးေပါ့။ သို႔ေသာ္- ဆရာဂိုဏ္း၊ ပညာဂိုဏ္း အေနအထားက်ေတာ့ အေတာ္အံ့ဩ စရာေတြ ရွိတာေပါ့ဗ်ာ။

သူ႔အိမ္မွာ ပညာဉာဏ္မ်ား ဖြံ႕ ၿဖိဳးတိုးတက္ေအာင္ ေစာင့္ေရွာက္ေစဖို႔ ဆိုၿပီး သူရႆတီမယ္ေတာ္ေ႐ႊပိန္းခ်႐ုပ္တုလည္း ရွိတာကိုး ခင္ဗ်။ သည္ေတာ့ ..။
အမဲသား၊ ကြၽဲသားမစားဘူး။ ဝက္သားမစားဘူး။ ေရွာင္တယ္တဲ့။ သူရႆတီ မယ္ေတာ္ႀကီးက အမဲသားစားတာ မႀကိဳက္ဘူးဆိုပဲဗ်။ ဟန္က်လိုက္တာဗ်ာ။ ျမန္မာတစ္ႏိုင္ငံလုံး လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး သူရႆတီမယ္ေတာ္ႀကီးကိုကိုးကြယ္ရင္ သိပ္ေကာင္းမွာပဲခင္ဗ်။
အမဲသားစားတာ ေရွာင္ရတာကိုး ..

ဒါဆို ႏြားေတြ၊ ကြၽဲေတြ၊ မသတ္ရေတာ့ဘူးေပါ့ဗ်ာ။ အကုသိုလ္လည္းကင္း၊ သတၱဝါလည္း အသက္ခ်မ္းသာရ၊ ဟင္းစား အျဖစ္ကေဘးမဲ့ေပးသလို ျဖစ္တာေပါ့။ ဟုတ္ဘူးလားဗ်ာ။ ေလာကမွာလည္းသူရႆတီမယ္ေတာ္ရွိ၊မရွိကိစၥကျငင္းခုန္ေနတုန္း
ခင္ဗ်။ အခ်ိဳ႕က သူရႆတီမယ္ေတာ္ဆိုတာမရွိဘူး။
ရွိတယ္လို႔ယုံၾကည္သူက…။
မယ္ေတာ္ႀကီးက ဘုရားရွင္ ေဟာၾကားေတာ္မူတဲ့ ပိဋကတ္သုံးပုံကို ေန႔ေန႔ညည ေစာင့္ေရွာက္ေနတဲ့ တရားေစာင့္မယ္ေတာ္ႀကီးတဲ့။ ေျပာၾက
တယ္။
ရဟန္းသံဃာ အရွင္သူျမတ္ႀကီးေတြကေတာ့ ပိဋကတ္သုံးပုံကို ႏႈတ္ ကပါဌ္အာဂုံေဆာင္ၿပီးေစာင့္ေရွာက္ေနတာ သူတို႔ပါတဲ့။
ဒါလည္းဟုတ္တာပဲဗ်။ သဘာဝလည္းက်တာပဲ။
စာအုပ္တစ္အုပ္မွာ ဖတ္မိတာကေတာ့ သူရႆတီဆိုတာ အိႏၵိယႏိုင္ငံ၊ ပန္ဂ်ပ္က ျမစ္တစ္စင္းရဲ႕ အမည္ကေန ေ႐ြ႕လ်ားလာတဲ့ စကားတဲ့။ စာအုပ္ ျပန္ေတြ႕ရင္ေတာ့ အေသးစိတ္ျပန္ေရးျပပါ့မယ္ခင္ဗ်ာ။
ၿပီး − မင္းႀကီးမင္းေလး နတ္ညီေနာင္က ဝက္သားစားတာ မႀကိဳက္ဘူး တဲ့။ သူတို႔ ညီအစ္ကိုက ကုလားေသြးေရာတဲ့နတ္လို႔ ေျပာတာပဲဗ်ာ။

ဒီေတာ့ ဆရာကိုငစိုးႀကီးလည္း အိမ္ေပၚမွာ ဝက္သားမတင္ဘူး။ မစား ဘူး။ ယူလာတာ လက္မခံဘူး။
ခက္တာက ဆရာကိုငစိုးႀကီးရဲ႕သား ငျပည့္ (ေခၚ) ေမာင္ျပည့္ၿဖိဳးေဝက ခုတစ္ေလာတယ္ဝက္သားႀကိဳက္ပဲကိုးဗ်ာ။
ဆရာစိုးတို႔အေမအိမ္မွာအတူေနခ်ိန္။ ဆရာဂိုဏ္းမတက္ခင္တုန္းက ဆရာေလာင္း ကိုငစိုးႀကီးနဲ႔ သူ႔ကေတာ္ (ကြၽန္ေတာ့္ခယ္မ) မျမင့္ျမင့္ေဌးေရာ၊ သူတို႔သား (ကြၽန္ေတာ့္တူ) ငျပည္ကေရာဝက္သားတယ္ႀကိဳက္ပဲခင္ဗ်။
သုံးထပ္သား (အေခါက္၊ အဆီ၊ အသားေရာ) အတုံးႀကီးႀကီးကို သြား ျမဳပ္ေအာင္ ကိုက္စားၿပီး ကမာၻေပၚမွာ အရသာအရွိဆုံး အသားစာရင္းမွာ ဝက္သားပါတယ္။
ျဖစ္ႏိုင္ရင္ ဝက္ကို အိမ္မွာေမြးၿပီး တစ္ေကာင္လုံး ျပဳတ္၊ ကင္၊ ေၾကာ္ ေလွာ္စားသင့္တယ္လို႔ယူဆၿပီးဝါးခဲ့တာရယ္။
ခုေတာ့ ကိုယ့္အိမ္ ကိုယ့္ရာနဲ႔ သားေယာက္်ားကလည္း ႏွစ္ေယာက္ အ႐ြယ္ေရာက္ေတြနဲ႔ျဖစ္…
ဆရာဂိုဏ္လည္းတက္ထားေတာ့ ….။
အမိန႔္ထုတ္တယ္ …။
အိမ္ေပၚမွာ ဝက္သား၊ အမဲသားလုံးဝမစားရ။
ၿခံဝင္းထဲ ဝက္သား၊ အမဲသား လုံးဝမသြင္းရ။ စားတဲ့သူ၊ ယူလာသူ၊ ငါ့ အိမ္ေပၚမွာ မေနႏွင့္။ အျခားမွာ သြားေနၾက။ စားၾက၊ အိမ္လည္း ျပန္မလာ ႏွင့္၊
မိန္းမႏွင့္ အငယ္ဆုံးသားက အေဖ့စကား လင္ဆရာသမားရဲ႕ စကား နားေထာင္တယ္။ လုံးဝ မစားဘူး။
စားတာက သားအႀကီးေကာင္ ငျပည့္။
ဒီေကာင္ငျပည့္က သားဦးဆိုေတာ့ ငယ္ငယ္တုန္းက ဦးေလးလုပ္သူ ကေရာ၊အဘြားလုပ္သူကပါအလိုလိုက္ဖူးဖူးမႈတ္ထားေတာ့အ႐ြယ္ေရာက္
ေတာ့ ထိန္းလို႔မရေတာ့ဘူး။

အထူးသျဖင့္ ဒီေကာင္ အရက္ေသာက္တယ္။
ေသာက္ၿပီးလို႔ မူးတာနဲ႔ အရပ္ထဲျပႆနာရွာ ရန္ျဖစ္ ႐ိုက္ခြဲ။ ဘြားေအႏွင့္ ဦးေလးက တူ၊ ေျမးကို ခ်စ္ေတာ့ ေငြနဲ႔လိုက္ေလ်ာ္ႏွင့္။ ဟိုေကာင္က လိုက္ရွင္းေပးမည့္သူ ရွိေတာ့ ပိုကဲ၊ ပိုဆိုး။
အခု သူ အရက္မူးၿပီး ျပႆနာရွာခဲ့သမွ် ေနာက္ကေန ဒိုင္ခံေလ်ာ္ေပး၊ ေတာင္းပန္။ အခ်ဳပ္ထဲ မေရာက္ေအာင္ ေျဖရွင္းေပးခဲ့တဲ့ သူဦးေလး သူေဌး ကိုစံၾကည္ေရာ၊ ဘြားေအႀကီး ေဒၚျမရီ (ကြၽန္ေတာ္တို႔အေမ)ပါ ကြယ္လြန္ သြားၿပီ။
သို႔ေသာ္- သူ (ငျပည့္) အရွိန္သတ္လို႔ မရေတာ့..။
ေသာက္ၿမဲ၊ ဆိုးၿမဲ၊ ရန္ျဖစ္ေနဆဲ။
အေဖေရာ၊ အေမေရာ ထိန္းခ်ဳပ္လို႔မရေတာ့။ မၾကာခဏ စကားမ်ား ရန္ျဖစ္၊ မူးလာရင္ ရွိသမွ်႐ိုက္ခြဲ၊ ေငြေတြယူသုံး။
ဖေအႏွင့္ ထိုးႀကိတ္ရသည့္အႀကိမ္လည္း မနည္း။
ရွိသမွ် စည္းစိမ္ သူျဖဳန္းလို႔ေလွ်ာခဲ့ၿပီ။
ေနာက္ဆုံးဆုံးမေျပာဆိုေဖ်ာင္းဖ်၍မရေတာ့ဥေပကၡာျပဳလိုက္တယ္။
ေသခ်င္ေသ၊ ေက်ခ်င္ေၾက။ ေထာင္က်ခ်င္က်။ လုံးဝ ဝမ္းမနည္း။
ေမတၱာႏွင့္လည္း မရ …။
က်စ္စာႏွင့္လည္း မႂကြ။ သားအရင္းကို ေမတၱာမဲ့ခဲ့ရၿပီ။ သို႔ေသာ္-ဟို ေကာင္ကလည္းမေသာက္ရင္ လူေကာင္းဗ်။
ငစိုးႀကီးတို႔က အိမ္ရာဝင္းတစ္ခုထဲ ေနေနၾကေတာ့ လိုင္းစည္းကမ္း၊ အိမ္ရာဝင္းစည္းကမ္းနဲ႔ ေနရတယ္။
အဲဒီေနရာေရာက္ေတာ့ ငျပည့္မေသာက္ေတာ့ဘူး။
လိမၼာသြားၿပီး ေနရာေျပာင္း၊ ေဒသေျပာင္းမွာ ပတ္ဝန္းက်င္က လူေတြ နဲ႔ လိုက္ေလ်ာညီေထြ ေနတတ္သြားၿပီဆိုၿပီး လင္ေရာ မယားေရာ၊ ဝမ္းသာ ေနၾကတယ္။

အဲဒီအခ်ိန္မွာ ကိုငစိုးႀကီးက ဝန္ထမ္းတစ္ဖက္၊ ဆရာဂိုဏ္းတစ္ဖက္နဲ႔ လူ႐ိုေသရွင္႐ိုေသျဖစ္ေနခ်ိန္ေပါ့ဗ်ာ။
အမွန္က သူ႔သား ငျပည့္က ေနရာေဒသသစ္ကို ေရာက္တုန္းေရာက္ ခိုက္မို႔ အေျခအေနၾကည့္ေနတာ။
ဒီဝန္းက်င္က ပညာတတ္၊ အဆင့္ရွိတဲ့ ဝန္းက်င္ေလ။ အေသာက္
အစားကင္းတဲ့အရပ္။
ဝန္ထမ္းအရပ္။
အေနအထိုင္တည္ၿငိမ္တဲ့အရပ္။စည္းနဲ႔ကမ္းနဲ႔ေနတဲ့
ၾကာေတာ့ ေသာက္ေနက် ပါးစပ္နဲ႔ အူေတြက ဆႏၵျပေတာင္းဆိုလာ တယ္။ အဲဒီ သန္လ်င္မွာရွိတဲ့အမ်ိဳးေတြဆီ သြားလည္ဦးမယ္ဆိုၿပီး. သန္လ်င္ကကြၽန္ေတာ္တို႔အမ်ိဳးေတြရွိရာေရာက္လာ…။ ညီအစ္ကိုဝမ္းကြဲေတြနဲ႔ ေသာက္ၾကစားၾက။ ကြၽန္ေတာ့္အိမ္က ေကာင္လည္းပါတာေပါ့ဗ်ာ…။
ညီအစ္ကိုတစ္ေတြ ေသာက္စားၿပီး ျငင္းခုန္စကားမ်ား ရန္ျဖစ္၊ ထိုး ႀကိတ္၊ ပစ္ေပါက္လုပ္လိုက္ၾကတာ။ ငျပည့္လည္းကြဲ၊ က်န္ညီအစ္ကိုေတြ လည္းေပါက္ၿပဲ။
ေနာက္ဆုံးကိုငစိုးႀကီးသိသြားၿပီးအခုေနတဲ့အရပ္ကမသိေအာင္ဖုံးရ
ဖိရ၊ ေဆးကုရ။
တိုတိုေျပာရရင္ အျခားေနရာေတြမွာ မူးယစ္ေသာက္စား ရန္ျဖစ္တာ
အႀကိမ္မနည္းဘူး။
ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ပဲဗ်။
ဒီေကာင္က မေသာက္ရင္ လူေအးေရခဲတုံး။
ေသာက္ရင္ ငရဲမီးဗ်ာ။ ၾကာေတာ့ ကြၽန္ေတာ္တို႔ သန္လ်င္က ေဆြမ်ိဳး သားခ်င္းေတြကလည္းငစိုးႀကီးသားငျပည့္သန္လ်င္လာမွာကိုေၾကာက္ေန
ၾကပါေရာဗ်ာ။

ငျပည့္ကို အရက္ခိုးေဝၿပီး မ်က္ေထာင့္နီနီႀကီးနဲ႔ ကိုယ့္ၿခံဝ သူ႔ ၿခံဝမွာ ျဖဳန္းခနဲ ျမင္လိုက္ရင္ လန႔္ဖ်ပ္ၿပီးေသြးေပါင္တက္ၾကေရာဗ်ာ။ မနည္းေခ်ာ့ေမာ့ၿပီး သူတို႔ေနတဲ့ (- – – – – -)ကို လမ္းစရိတ္ေပးၿပီး ျပန္လႊတ္ရတယ္။ ဖေအလုပ္သူကရွက္တာေပါ့။ သူကဒီအခုလူ႐ိုေသရွင္႐ိုေသဂိုဏ္းဆရာေလဗ်ာ။ တပည့္တပန္းေတြကို ဆုံးမရတယ္။ အရက္မေသာက္နဲ႔၊ အမဲသား ဝက္သား မစားနဲ႔။ ကာေမသုမိစာၦစာရ သူတစ္ပါးသားမယားမျပစ္မွားမက်ဴးလြန္နဲ႔။ ပညာေတာ္ျမတ္ႀကီးကိုမေစာ္ကားနဲ႔။
မိဘဘိုးဘြား ဆရာသမားမ႐ိုမေသမလုပ္နဲ႔။
အဲ့လို ဆုံးမေနတုန္း …။
ဒီေကာင္ မူးၿပီး ေရာက္လာေတာ့ အရွက္ကြဲရတာေပါ့။ ျပႆနာေပါင္း မ်ားစြာ ရွင္းရ၊ ေဆးကုရ၊ သူျဖဳန္းလို႔လည္း စုေဆာင္းထားတာ ကုန္လုနီးပါး ျဖစ္ေနေတာ့ သားဆိုးမို႔ ရင္နာလာတယ္။ အရွက္ကြဲရတာလည္းမနည္း။ ရဲစခန္းကဖမ္းၿပီး ေထာင္ခ်ပါေစလို႔ ဆုေတာင္းတယ္ဆိုရင္ ဖေအ အလြန္လို႔ မေျပာၾကနဲ႔ေတာ့။
သို႔ေသာ္- သင္း ဘယ္အခ်ဳပ္မွ မေရာက္ဘူး။
ပိုဆိုးတာက.
ဒီေကာင္ မူးလာရင္ အိမ္ေပၚမွာ ဝက္သားဟင္းဝယ္လာၿပီး စားတာပဲ ဗ်ာ။ မေအလုပ္သူက မင္းႀကီးမင္းေလး နတ္နန္းေလးရွိေနေတာ့ လန႔္တာ ေပါ့။

အဲဒါဖေအကလည္းမင္းႏွစ္ပါး ေမတၱာရပ္ရသလို။ မေအလုပ္သူကလည္း ကတုန္ကယင္နဲ႔နတ္ေတြေရာ၊ မယ္ေတာ္ႀကီး ေတြကိုပါေကာင္းပန္ရတယ္။
ေတာင္းပန္တဲ့ၾကားက စကားေတြမ်ားၾက။
အျပင္မွာ စားခ်င္စားလို႔ ေနာက္ဆုံးေျပာရတယ္။
ဒီေကာင္က လူ႐ြတ္ပဲဗ်ာ။ ဒီအိမ္ေပၚမွာပဲ စားမယ္ဆိုၿပီး အမဲသား တစ္ လွည့္၊ ဝက္သားတစ္လွည့္၊ ေျဗာင္ဝယ္လာစား၊ ခ်က္စားလုပ္တာဗ်ာ။
ၾကာေတာ့ ဆရာလုပ္သူ ဖေအက မင္းႀကီးမင္းေလး နတ္႐ုပ္တုမ်ား ေရွ႕မွာေျပာရတယ္ဗ်ာ။
“ကိုယ္ေတာ္တို႔ မယ္ေတာ္ႀကီးတို႔ ဝက္သား အမဲသားကို ဒီအိမ္ေပၚမွာ စားတာ ကြၽႏ္ုပ္ရဲ႕သား ေမာင္ျပည့္ပါ။ ကိုယ္ေတာ္တို႔၊ မယ္ေတာ္တို႔ မႀကိဳက္ လို႔ လုပ္ခ်င္ႏွိပ္စက္ခ်င္ရင္ ဝက္သားစားတဲ့ သင္းကို ႀကိဳက္သလိုလုပ္ပါ။ က်န္တဲ့မိသားစုကိုေတာ့ အျပစ္မေပးပါနဲ႔”
အဲ့လိုကိုေျပာရေတာ့တယ္။
ဒီေကာင္ ဝက္သား၊ အမဲသားဟင္းေတြကို ေန႔စဥ္နီးပါး အိမ္ေပၚမွာစား တယ္။ မင္းႀကီးမင္းေလး နတ္႐ုပ္တုေရွ႕မွာ မူးမူးနဲ႔စားတယ္။ ေသဖို႔ ေနေန သာသာေခါင္းကိုက္၊ ဇက္ေၾကာထိုးေတာင္ မျဖစ္ပါဘူးတဲ့ဗ်ာ။ အံမယ္ – အသားအေရစိုၿပီးဝေတာင္လာေသးဆိုပဲ။
လင္ေရာ၊ မယားေရာ အံ့ဩသြားၾကရပါေရာ။
အိမ္နီးနားခ်င္းေတြကလည္းေဝဖန္ၾကတာေပါ့။
ကိုယ္ေတာ္ႀကီး ကိုယ္ေတာ္ေလးတို႔ ေစာင့္ၾကည့္ေနတာ။ ဆရာ ကိုငစိုးႀကီးတို႔ မိဘမ်က္ႏွာငဲ့ေထာက္ၿပီး အားနာလို႔၊ သနားလို႔ မလုပ္ေသး တာ။ လုပ္ရင္ေသတာ ၾကာေပါ့တဲ့။
ကိုငစိုးႀကီးကေျပာေရာ။

“က်ဳပ္ကို အားနာစရာ မလိုဘူး”
“အရပ္ကိုအားနာပါ ကိုယ္ေတာ္။ ဒီေကာင္ေၾကာင့္ က်ဳပ္ဘဝက ဆရာ မႏိုင္ ႏွစ္ေဆာင္ၿပိဳင္ျဖစ္ၿပီ။ ဒီေကာင္ က်ဳပ္ အလုပ္သြားေနတုန္း မေအကို အႏိုင္က်င့္အဓမၼယူသြားသုံးျဖဳန္းလို႔ စုထားတာေတြကုန္ၿပီ။ ကိုယ္ေတာ္တို႔ သင္းကို ေက်ာင္းမွန္းကန္မွန္းသိေအာင္ လုပ္သင့္ပါတယ္ဗ်ိဳ႕” မယားလုပ္သူက သားဦးေလးမို႔ ခ်စ္သနားၿပီး ျဖစ္ရေပါ့ေလ။ အကယ္ ၍မ်ား မင္းႏွစ္ပါး က်ားနဲ႔တိုက္လို႔ေသြးသံရဲရဲနဲ႔မ်ားျဖစ္ေနမလား။
ကိုယ္ေတာ္ေတြရဲ႕လက္သုံးေတာ္ဓားေတြေၾကာင့္ဇက္ျပတ္ၿပီးေသေလ
မလား။ ဘုရား – ဘုရား – ဘုရား။
လြဲပါေစ-ဖယ္ပါေစ….၊
တစ္ႀကိမ္တစ္ခါ မွားတဲ့ကေလးမို႔ ခြင့္လႊတ္ေတာ္မူပါ ကိုယ္ေတာ္တို႔။
အဲ-ဘဲ။
မဟုတ္ေသးပါဘူး ….။
သူ႔သားက အႀကိမ္ႀကိမ္အခါခါ လုပ္ေနတာ ဥစၥာ။ ကိုယ္ေတာ္ေတြကို ေစာ္ကားေနတာ။
ပါးစပ္ႏွင့္ဆုံးမလည္းမရ။အရပ္ႏွင့္ဆုံးမလည္းမရ။ေဆြမ်ိဳးနဲ႔ေဖ်ာင္းဖ်
လည္းလက္လန္။
သူ႔ အေဖရဲ႕ လက္သီးတို႔၊ တုတ္တို႔လည္း ဘာမွ်အသုံးမဝင္။ သူ႔အေဖ ကိုငစိုးႀကီးသာလက္ေတြ၊ ေျခေထာက္ေတြပတ္တီးစည္း၊ ေရာင္ကိုင္းလႈပ္ မရျဖစ္ခဲ့ရတယ္။
အဲဒီက်ေတာ့ ေျပာၾကျပန္ေရာ …။
သားကို နတ္က လုပ္မရလို႔ ဖေအကို ကိုင္တာတဲ့။ ဆရာလည္း သိကၡာ က်ရမလိုျဖစ္ေနၿပီ။
ဒီမင္းႀကီးမင္းေလးနတ္ညီေနာင္ကိုငါဗလိဒါနျပဳခဲ့တာၾကာၿပီ။ အျခား ေသာမင္းႀကီးမင္းေလး ကိုးကြယ္ပသထားရွိသူမ်ား အိမ္ေတြက်ေတာ့။

ဝက္သားစားဖို႔ မေျပာနဲ႔ ၿခံထဲ သြင္းမိတာနဲ႔ သူတို႔ ဝင္ပူးၿပီး ခုန္ၿပီး ဓား ႀကိမ္းႀကိမ္းၾကၿပီ။ ေတာက္ခတ္ၾကၿပီ။
အဲဒီလို အေျခအေနက်ရင္ ဆရာျဖစ္သူကိုယ္က သြားေရာက္ေျပာဆို ေမတၱာရပ္ အပူးအကပ္ႏွင္ေပးရတာ။
ဘယ့္ႏွယ့္ ကိုယ့္အိမ္က်မွ …။
သင္းတို႔ နတ္ညီေနာင္ႏွစ္ပါးေရွ႕ ဝက္သားဟင္း ေျဗာင္စားေနတာကို သင္းတို႔ ဘာလို႔ သည္းခံေနရတာတုံး။

အိမ္ကေကာင္ ငမူး၊ ငရမ္း၊ င႐ြတ္က ကိုငစိုးႀကီး ငယ္စဥ္ကထက္ ပိုၿပီး ႐ြတ္ေနတယ္။
တစ္ေန႔တုန္းက သူ႔မယား ျမင့္ျမင့္ေဌး ေျပာပုံအရဆို သူတို႔သား ငျပည့္ ကမင္းႀကီးမင္းေလး႐ုပ္တုေရွ႕မွာ ဝက္သားစား႐ုံမကဘူး။
“ကိုယ္ေတာ္တို႔လည္းစားခ်င္လား၊ ေရာ့ – ဒါသုံးထပ္သား။ပဲငံျပာရည္ နဲ႔ တ႐ုတ္ခ်က္ ခ်က္ထားတာ။ စား-စားပါ။ က်ဳပ္ကို အားမနာနဲ႔။ ေအ့ – ေအ့”
ျမင့္ျမင့္ေဌးအေမနဲ႔ ဆရာကိုငစိုးႀကီးေတာင္ ၾကားရေရာေခါင္းနားပန္း ႀကီး၊ ၾကက္သီးေတြ ဖ်န္းဖ်န္းထ ေၾကာခ်မ္းျဖစ္ၿပီး လူပါ လဲမလိုျဖစ္သြားလို႔ မယားလုပ္သူက လွမ္းထိန္းရတယ္။
မဟုတ္မွလြဲေရာ …။
သူတို႔သားကို အပမွီေနပုံပဲ…။
မင္းႀကီး မင္းေလးထက္ ပိုႀကီး ပိုၾကမ္းတဲ့ နာနာဘာဝတစ္ေကာင္ ေကာင္ ဝင္ေနပုံပဲ။
ဒါေၾကာင့္ – သူေသာက္တဲ့ ေသာက္ေရအိုးထဲ ေရမန္းစီရင္ၿပီး ထည့္ရ တယ္။ သင္းအိပ္တဲ့ ဖ်ာေခါင္းရင္းမွာ နာနာဘာဝႏွင္ အင္းကို ေရးၿပီး ကပ္ ထားရတယ္။
ျမတ္စြာဘုရား …။
ကိုယ္က အဲ့လို အစီအရင္နဲ႔ လုပ္လိုက္မွ သင္းက ပိုဆိုးလာပါေရာဗ်ာ။

“ဘာလဲ..”
“ပိုက္ဆံငါးေထာင္ေပးစမ္းဗ်ာ”

“အံမာ-နင့္လုပ္စာရွိလို႔ နင္က ေငြငါးေထာင္ေတာင္ ေတာင္းရတာ လား။ မရွိဘူး…”
“က်ဳပ္လုပ္စရာရွိလို႔ ေတာင္းေနတာေနာ္”
“ေနပါဦး – နင္က ဘာလုပ္မလို႔တုံး”
“က်ဳပ္ သူငယ္ခ်င္းေတြကိုဒီအိမ္မွာ ဝက္သားဟင္း ခ်က္ေကြၽးမလို႔” “ဘုရားေရ – သြား- သြား – နင္ ငါတို႔ကို အ႐ြဲ႕မတိုက္နဲ႔ေနာ္ ငျပည့္။ ငါ့ အိမ္မွာ ဝက္သား၊ အမဲသား မခ်က္ရဘူး။ ပိုက္ဆံလည္း မရွိဘူး။ မေပးႏိုင္ ဘူး”
“က်ဳပ္က ဝက္သားႀကိဳက္လို႔စားေနတာ”
“နင္ ႀကိဳက္ေပမယ့္ အိမ္မွာထားတဲ့ မင္းႀကီးမင္းေလး မႀကိဳက္ဘူး- သြားေတာ့”
“ခင္ဗ်ားတို႔ မင္းႀကီးမင္းေလးက ဘာေတြမ်ား အစြမ္းထက္ေနလို႔တုံး။ စြမ္းရင္က်ဳပ္ေသတာ ၾကာၿပီ-ေပးဗ်ာ”
“ဟဲ့-နင့္ဘုန္းႀကီးေနလို႔ မဟုတ္ဘူး။ နင့္လို အရက္သမားမွာလည္း ဘုန္းတို႔ ကံတို႔ မရွိဘူး။ ငါတို႔ကို ကိုယ္ေတာ္ေတြ ညႇာေနလို႔။ နင္ သက္သာ ေနတာ၊ သြားေတာ့

“စားမယ္ဗ်ာ – တစ္ဝခ်က္စားမယ္ဗ်ာ။ က်ဳပ္ကို သူတို႔ ႏွိပ္စက္လို႔
သတ္လို႔ ရရင္သတ္၊ ကဲ …”
“ဟဲ့-ဟဲ့- ဟဲ့ေကာင္မလုပ္နဲ႔ – ေပး-ေပး”
“မေပးဘူး – ခုခ်က္ခ်င္း
ခ်က္စားမယ္ေဟ့”
ဝက္သားႏွစ္ပိႆာဝယ္ၿပီး နတ္စင္ေရွ႕မွာ
သားလုပ္သူဟာ ပိုက္ဆံအိတ္ဆြဲယူၿပီး ဇစ္ကိုဖြင့္၊ ငါးေထာင္တန္ ႏွစ္
႐ြက္ယူၿပီး အိမ္ထဲကေနေျပးပါေရာ။
ျမင့္ျမင့္ေဌး စိတ္ညစ္ေၾကာက္လန႔္ၿပီးငို …။

ဒီလို လူေပလူ႐ြတ္ လူၾကမ္းမ်ိဳး၊ နတ္ကို အ႐ြဲ႕တိုက္တဲ့ လူစားမ်ိဳး။ သူ႔ အမ်ိဳးထဲမွာလည္း မရွိ။
သူ႔ေယာက္်ားကိုငစိုးႀကီးတို႔မ်ိဳး႐ိုးမွာလည္းမရွိ။
ဒီသားႀကီးဘယ္လိုေၾကာင့္ဆိုးသြမ္းပါလိမ့္ဆိုၿပီးငိုေနတုန္းကိုငစိုးႀကီး
ေရာက္လာပါေရာ..။
“မေဌး- ညည္းဘာလို႔ငိုေနတာလဲ” “အင္-ဟီး-ဟီး-ငါသာေသလိုက္ပါေတာ့”
“မေဌး – နင္ ဘာျဖစ္ေနတာလဲလို႔ ေမးေနတယ္ေလ” “အင့္- ဟင့္ – ဟီး – ဟိုေကာင္ ရွင့္သား…”
သူက ပိုက္ဆံတစ္ေသာင္း ႏႈိက္ယူၿပီး သူ႔သူငယ္ခ်င္းေတြနဲ႔ ဒီအိမ္ေပၚ မွာဝက္သားဟင္းခ်က္စားမည္။ သားလုပ္သူလူေပလူ႐ြတ္အေၾကာင္းေျပာ ျပလိုက္ေရာ။
ကိုငစိုးႀကီး သည္းမခံႏိုင္ေလာက္ေအာင္ ေပါက္ကြဲေတာ့တယ္။ အိမ္ ေပၚမွာ ဝက္သားဟင္း၊ အမဲသားဟင္း အႀကိမ္မ်ားစြာ အျပင္က ဝယ္ယူလာ ၿပီးစားေနတာကို သူ သည္းခံေတာင္းပန္ခဲ့တာမနည္းေတာ့ဘူး။
အခု ဝက္သားတြဲဝယ္ၿပီး အိမ္ေပၚမွာ ခ်က္စားမယ္တဲ့။ ဒါ သူ႔ကိုေရာ၊ နတ္ေတြကိုေရာ ေျပာင္စိန္ေခၚတာပဲ။ သိၾကေရာေပါ့ ငျပည့္ရာ။
မင္းဟာ မိဘေရာ နတ္ေတြေရာ ေစာ္ကားလြန္းမက ေစာ္ကားတဲ့ ေကာင္။မိသားစုအားလုံးေတာ့နတ္လုပ္လို႔အေသမခံႏိုင္ဘူး။ အရပ္လည္း
အားနာရတာ မ်ားၿပီ။
မင္းလို မိမႏိုင္၊ ဖမႏိုင္၊ ေဆြမႏိုင္၊ မ်ိဳးမႏိုင္၊ ႐ြာမႏိုင္၊ ရပ္မႏိုင္ေကာင္ တစ္ေယာက္ကိုပဲ အေသအဆုံးခံမယ္။ သိၾကေရာေပါ့ကြာ။
ကိုငစိုးႀကီး မင္းႀကီးမင္းေလး နတ္ႏွစ္ပါး ႐ုပ္တုေရွ႕မွာ အေမႊးတိုင္၊ ဖေယာင္းတိုင္တို႔ကိုထြန္းညႇိပူေဇာ္ၿပီး …

မင္းႀကီးမင္းေလး ကိုယ္ေတာ္ႏွစ္ပါးတို႔ – ကြၽႏ္ုပ္ရဲ႕သား ငျပည့္ဆိုတဲ့ ေကာင္သည္ ဘယ္လိုေျပာဆုံးမ ဟန႔္တားႏွိပ္ကြပ္ ျပဳျပင္လို႔မရဘဲ အရွင္ ႏွစ္ပါးတို႔ေရွ႕မွာအရွင္တို႔မႀကိဳက္တဲ့ဝက္သားမ်ားအႀကိမ္ႀကိမ္စားေသာက္
ေစာ္ကားမႈ ျပဳခဲ့ပါတယ္။ ခုလည္း အိမ္ေပၚမွာ ဝက္သားဟင္းခ်က္စားမယ္ ဆိုၿပီး ေဈးမွာ သြားဝယ္ေနပါၿပီ။ ဒီလို လူ႐ြတ္လူေပ လူ႔တစ္ေဇာက္ကန္းကို ကိုယ္ေတာ္တို႔ လမ္းမွာ ေႁမြေပြးေႁမြေဟာက္နဲ႔တိုက္၍ သတ္လိုက္ပါ။ ဓားရွည္ ဓားေျမႇာင္တို႔ျဖင့္ ခုတ္ထစ္ထိုး၍ ဒီေန႔ပဲ အဆုံးစီရင္ ဒဏ္ခတ္ေတာ္မူပါ။ သင္းတို႔အား ကြၽႏ္ုပ္ ဖခင္ကိုယ္တိုင္ ခြင့္ျပဳအာဏာ အပ္လိုက္သည္။ သင္းကိုမင္းႀကီးမင္းေလးတို႔အိမ္ျပန္ခြင့္မရဘဲလမ္းမွာပင္အေသဆိုး
ႏွင့္ ေသေအာင္ အဆုံးစီရင္လိုက္ပါ။ ငါ ဆရာအမိန႔္ေတာ္
“အင့္ … ဟီး”
ဇနီးလုပ္သူရဲ႕ ရႈိက္ငိုသံကို ၾကားလိုက္ရတယ္။ သူက ဝမ္းနဲ႔ ေမြးထုတ္ ထားရတဲ့အေမေလ။ဖေအလုပ္သူဆရာကခုလိုရက္စက္ေတာ့ဝမ္းနည္းၿပီး
ရႈိက္ငိုရၿပီေပါ့။
သူ႔ေယာက္်ားကလည္းလူတစ္မ်ိဳး ….။
သည္းခံၿပီေဟ့ဆို သူစိမ္းေရာ၊ သားသမီး ေဆြမ်ိဳးေရာ ေခါင္းေပၚ နင္း
သြားမေျပာဘူး။
ဘူး။
သည္းမခံေတာ့ဘူးဆိုရင္ အေတာ္ၾကမ္းတဲ့လူ။ ဘယ္သူမွ တားလို႔မရ
ပေယာဂကုရင္လည္း ဒီစိတ္နဲ႔ကုတာရယ္။
သူ႔ပညာစက္၊ အာဏာစက္ထိေရာက္တာကို မျမင့္ေဌး သိတယ္ေလ။ အခု မင္းႏွစ္ပါးကို လမ္းမွာတင္ အဆုံးစီရင္ေတာ့လို႔ အာဏာအပ္ အမိန႔္ ေပးလိုက္ၿပီ။ ငျပည့္ေရ…။

ငါမင္းကို ႏို႔တိုက္ခဲ့တယ္ …။ ထမင္းဝါးခြံခဲ့တယ္ …။
ဆီေထာပတ္၊ ဟင္းေကာင္း၊ ထမင္းေကာင္းေကြၽးခဲ့တယ္..။
ပညာသင္ေပးခဲ့တယ္..။
အေမ့ကို မ်က္ရည္ေပါက္ႀကီးငယ္ အႀကိမ္ႀကိမ္က်ေအာင္ လုပ္ခဲ့တာ။ အေမ သည္းခံခဲ့တာ ဘုရားေရာ၊ နတ္ေရာ၊ မင္းေရာအသိပါသား။ ခုေတာ့ – မင္းရဲ႕အ႐ြဲ႕တိုက္ဆိုးေပေသာင္းက်န္းမႈေတြကမင္းကိုျပန္ၿပီး ထိခိုက္ရေတာ့မွာေပါ့။
ဒီတစ္ဘဝမွာပဲ ငါ့သားေလး ဆိုးေပမိုက္မဲ အသိဉာဏ္နည္းပါးေတာ့။ ေနာင္ျဖစ္ေလရာဘဝတိုင္းအေမ့သားႀကီးလူမိုက္၊လူ႐ြတ္၊လူေပ၊လူသြမ္း၊ အရက္သမားႀကီး၊ လူရမ္းကားႀကီး မျဖစ္ပါေစနဲ႔လို႔ အေမ…။ ဆရာကိုငစိုးႀကီး သူ႔အာဏာစက္ကို သူသိတယ္။
မတတ္ႏိုင္ဘူးေလ …။
ရက္စက္မွေၾကကြဲ၊ ရဲမွမင္းျဖစ္သတဲ့။
သူ႔ကံတရားနဲ႔သူလာၾကတာဥစၥာ။
မေကာင္းရင္ လက္ေမာင္းေသြးပါ ေဖာက္ထုတ္ပစ္ရမွာ။ သိပ္လြန္ေန ၿပီဗ်ာ။ကိုငစိုးႀကီးသတင္းကိုနားစြင့္ေနတယ္။မင္းႀကီးမင္းေလးကရက္စက္ တယ္ေနာ္။ သူတို႔မႀကိဳက္တာ အဆုံးစြန္လုပ္ရင္ ေဒါသသိပ္ႀကီးတာ။
ဆရာကိုငစိုးႀကီးကိုယ္ေတြ႕ပဲ ….။
သူကုလားထိုင္ေပၚမွာမ်က္စိမွိတ္ၿပီးျဖစ္လာမည့္ကိစၥဆိုးကိုရင္နင့္စြာ
နဲ႔ေမွ်ာ္လင့္စဥ္းစားေနတုန္းမွာပဲ…။
“လာေဟ့ – သူငယ္ခ်င္းတို႔ အိမ္ေပၚတက္ၾက” “ဟင္”
သူ႔သား ငျပည့္ခင္ဗ်ာ ဝက္သားတြဲႀကီး ႏွစ္တြဲဆြဲလို႔။ သူ႔ေနာက္မွာ လည္း သူႏွင့္႐ြယ္တူ ႐ုပ္ရည္သန႔္သန႔္ လူငယ္သုံးဦးလည္းပါရဲ႕ဗ်ာ။

မေအလုပ္သူ ျမင့္ျမင့္ေဌးလည္း အံ့ဩလို႔…။ ဖေအလုပ္သူ ဆရာ ကိုငစိုးႀကီးဆိုလည္း ပါးစပ္ဟလို႔… ဒီေကာင္ ဘာမွမျဖစ္ပါလား။ ဟ – နတ္ေတြ၊ မင္းတို႔ …။ သူ႔သူငယ္ခ်င္းေတြနဲ႔ ရယ္လို႔ေမာလို႔ဗ်ာ။
“လာေဟ့- ေနာက္ေဖးမွာ အရင္ခ်က္မယ္ – လာ”

“မင္းက ခ်က္တတ္လို႔လားေမာင္ျပည့္ရ”
“တို႔အဘြားအိမ္မွာ ေနတုန္းကတည္းက အဘြားက ဝက္သား၊ ၾကက္ သားခ်က္နည္း သင္ေပးထားတာကြ။ မင္းတို႔က ၾကက္သြန္၊ င႐ုတ္သီး ဝိုင္း ေထာင္းၾကေပါ့-လာေဟ့”
မင္းႀကီးနဲ႔ မင္းေလး ခိုင္းတာ မလုပ္ပါကလား။
လမ္းမွာ ေႁမြေပြး၊ ေႁမြေဟာက္နဲ႔ တိုက္သတ္လို႔၊ ဓားနဲ႔ ထိုးသတ္လို႔ အမိန႔္ေပးထားတာ။ ဘာလဲ-ငါ့လို ဆရာရဲ႕ အမိန႔္ကို မင္းႀကီးနဲ႔ မင္းေလး ဖီဆန္တာလား၊ သူတို႔ေရွ႕ဝက္သားစားတာ ႀကိဳက္ေနလို႔လား၊ လက္ခံတာ
လား။
သမိုင္းေၾကာင္းမွာ သူရွိတဲ့ေနရာဝက္သားစားရင္ေဒါပြၿပီးအေသလုပ္ ဆို။ မင္းတို႔မွာ ဘာအစြမ္းမွမရွိဘူးလားေဟ့။ မင္းႀကီးနဲ႔မင္းေလး….” မင္းတို႔ကို ငါ ေန႔စဥ္ လိေမၼာ္ရည္၊ ဘိလပ္ေရ၊ စပါကလင္၊ စီးကရက္၊ အေမႊးနံ႔သာနဲ႔ ျပဳစုေနတဲ့ ေက်းဇူးကို မင္းတို႔က ေျပာင္ေျပာင္တင္းတင္း ေငးဆပ္ေနတာေပါ့ဟုတ္လား။
အခု – ဘာအစြမ္းအစမွ မရွိတဲ့ မင္းတို႔ … ခုခ်က္ခ်င္းငါ့အိမ္ေပၚကဆင္း။
ၾကာပါတယ္ကြာ – မင္းတို႔ ငါ့အိမ္ေပၚရွိေနရင္ အိမ္ေလး႐ုံနဲ႔ ေငြကုန္႐ုံပဲ ရွိေတာ့ သြားေရာ့ဟာ”
ဆရာကိုငစိုးႀကီးေဒါသေတြေပါက္ကြဲၿပီး မင္းႀကီးမင္းေလး ႐ုပ္တုႏွစ္ခု ကိုယူၿပီး အိမ္ေရွ႕လမ္းမမွာ ႐ိုက္ခ်ိဳးပစ္လိုက္တာ။ ပိုင္းပိုင္းညက္ညက္ ေၾက သြားပါေရာ။
ေတာ္ၿပီ – အိမ္ေပၚမွာ ဘာနတ္႐ုပ္တုမထားဘူးေဟ့။
သည့္ေနာက္- နတ္စိမ္းမယ္ေတာ္ႀကီး႐ုပ္တုပါ ယူၿပီးအမႈိက္ပုံထဲ ပစ္ ထည့္လိုက္တယ္။

“ဘာမွ်အားကိုးလို႔မရတဲ့႐ုပ္တုေတြ သြားၾက။ နင္တို႔အမႈိက္ပုံမွာပဲေန ၾက။ နင္တို႔ ဘာမွ အားကိုးလို႔မရဘူး။ နင္တို႔လည္း ငါ အလိုမရွိေတာ့ဘူး။ မေက်နပ္ရင္ငါ့ကိုႀကိဳက္သလိုသာလုပ္ေတာ့-ထြီ-”
အိမ္နီးနားခ်င္းေတြလည္း ဆရာကိုငစိုးႀကီး ပြဲၾကမ္းၿပီး နတ္႐ုပ္တုေတြ နဲ႔ နတ္စိမ္းမယ္ေတာ္ႀကီး ႐ုပ္တုေတြကို ႐ိုက္ခ်ိဳးလႊင့္ပစ္ေနတာ ျမင္ရေတာ့ အႀကီးအက်ယ္ အံ့ဩၾကေပါ့။
“ဖေအေရာ၊ သားေရာလူၾကမ္းေတြပဲေဟ့”
“မကိုးကြယ္ခ်င္လည္း ေညာင္ပင္မွာ သြားစြန႔္ေပါ့ေတာ္။ ခုလို ႐ိုက္ခ်ိဳး ပစ္ေတာ့ ဆရာစိုးႀကီးကို ကိုယ္ေတာ္ေတြနဲ႔ မယ္ေတာ္ႀကီး ျပန္လုပ္ရင္ ဒုကၡ ေရာက္မွာေတာ့္” “ဘယ္လိုျဖစ္တာတဲ့တုံးဗ် ..”
“အားမကိုးရလို႔ ႐ိုက္ခ်ိဳးတာတဲ့ဗ်” “တကယ့္လူၾကမ္းေတြပဲဗ်”
ဒီမွာလူ႐ြယ္တစ္ေယာက္ကေျပာတယ္တဲ့။ “ဒါ – ေတာ္လွန္ေရးလုပ္တာဗ် – ဂြတ္ပဲ”
“ဟဲ့ေကာင္ရဲ႕- ဘာေတာ္လွန္ေရးတုံးဟဲ့”
“ေသျခင္းဆိုးနဲ႔ ေသခဲ့တဲ့ နတ္ေတြကို ကိုးကြယ္အားထားရာ မလိုဘူး ဆိုတဲ့အသိနဲ႔ ေတာ္လွန္ေရးလုပ္တာေပါ့ဗ်။ ဂြတ္မွ ဘဲရီးဂြတ္ဗ်ာ”
“ေစာင့္နားေထာင္ၾကေပါ့ေအ”
တိုတိုေရးရရင္ ငျပည့္ရဲ႕ သူငယ္ခ်င္းေတြလည္း ငျပည့္တို႔ အေဖ၊ နတ္ ႐ုပ္တုေတြ ေပါက္ခြဲ႐ိုက္ခ်ိဳး ေဒါသႀကီးေနတာၾကည့္ၿပီး လန႔္ဖ်ပ္လို႔ အိမ္ေပၚ က ဆင္းေျပးၾကပါေရာ။
ငျပည့္လည္း နတ္႐ုပ္တုေတြကို အၿမဲ တသသအားကိုးေနတဲ့ သူတို႔ အေဖကိုယ္တိုင္ အိမ္အေပၚအေဆာင္ထဲက နတ္႐ုပ္ေတြ ႐ိုက္ခ်ိဳးဖ်က္ဆီး

လႊင့္ပစ္ေနတာ ျမင္ေတာ့ လန႔္ၿပီး ဆင္းေျပးတဲ့ သူငယ္ခ်င္းေတြေနာက္ကို ဝက္သားတြဲႀကီးဆြဲၿပီးေျပးလိုက္သြားပါေရာတဲ့။
အလြန႔္ကို ထူးဆန္းတယ္တဲ့ဗ်ာ။ အေတာ္ေလးလည္း အံ့ဩသြားခဲ့ရသတဲ့။
မင္းႀကီးမင္းေလး၊ နတ္စိမ္းမယ္ေတာ္ႀကီး၊ နတ္႐ုပ္တု အပါအဝင္ နတ္ ႐ုပ္တုေတြအိမ္ေပၚမွာ ရွင္းေျပာင္သြားတဲ့ေန႔ကစၿပီး သူတို႔သားငျပည့္ လုံးဝ ဝက္သား၊ အမဲသားအိမ္ထဲလည္းယူမလာေတာ့ဘူး။ အျပင္မွာလည္းမစား
ေတာ့ဘူး။
အရက္လည္း ေန႔တိုင္းလို မေသာက္ေတာ့ဘဲ တစ္ခါတစ္ရံ နည္းနည္း ပါးပါးပဲေသာက္ေတာ့တယ္။
ရပ္ထဲၿမိဳ႕ထဲ၊ ေဆြထဲမ်ိဳးထဲျပႆနာလုံးဝမရွာေတာ့ဘူး။ အခုကုမၸဏီ လုပ္ငန္းတစ္ခုမွာ လစာႏွစ္သိန္းနီးပါးရတဲ့အလုပ္ကို ႀကိဳးႀကိဳးစားစား လုပ္ ေနတဲ့ဗ်ာ။
လစာရရင္ မေအလည္းေပး၊ သူလည္း ဝတ္ခ်င္တာဝယ္ဝတ္နဲ႔ အေတာ္ အပိုးက်ိဳးသြားလို႔ မိဘေတြလည္းဝမ္းသာၾကတာေပါ့ဗ်ာ။ ေဆြမ်ိဳးသားခ်င္း မ်ားလည္းဝမ္းသာၾက။
ဝက္သား၊ အမဲသားလုံးဝမစားေတာ့ဘူး။
ဆရာကိုငစိုးႀကီးလည္း ရတနာသုံးပါးကို ပိုအေလးထားၿပီး ထြက္ရပ္ ေပါက္ ဆရာေတာ္ဘုရားႀကီးမ်ားရဲ႕ သတၱဝါအမ်ား ကယ္တင္တဲ့ ေမတၱာ လမ္းစဥ္ကို က်င့္ႀကံပြားမ်ားၿပီးဒုကၡေရာက္သူႏွင့္ ႀကဳံခဲ့ရပါက အလ်ဥ္းသင့္ သလိုေရစင္ေရမန္းနဲ႔ ေမတၱာေရကုေပးေနေတာ့တယ္။

ဒီေျပာင္းလဲမႈမွာ လွ်ိဳ႕ဝွက္ဇာတ္လမ္းရွိေသးတယ္ဗ်ိဳ႕။ ပိုၿပီး အံ့ဩစရာ ေကာင္းတာက ဒီလိုတဲ့ ခင္ဗ်။
လူၾကမ္း ဓာတ္ၾကမ္းႀကီး ဆရာကိုငစိုး နတ္႐ုပ္တုမ်ိဳးစုံေတြကို ႐ိုက္ခ်ိဳး လႊင့္ပစ္ၿပီးတဲ့ညမွာ အိပ္မက္ဆန္းတစ္ခုကို ျမင္မက္ခဲ့ရသတဲ့။
ဒါက သူတို႔ဂမၻီရသမားဘဝမွာ ခိုင္ခိုင္မာမာ သိလိုက္ရတဲ့ အေျဖပဲ။ အိပ္မက္ထဲမွာ ဆရာကိုငစိုးႀကီး လႊင့္ပစ္လိုက္တဲ့ နတ္စိမ္း မယ္ေတာ္ ႀကီး႐ုပ္တုက အိမ္ေရွ႕ၿခံဝမွာလာရပ္ေနတာတဲ့ဗ်ာ…။
အလို …။
မယ္ေတာ္ႀကီး ႐ုပ္တုထဲကေန အခိုးအေငြ႕ေတြ ထြက္လာပါေရာလား။ အံ့အံ့ဩဩနဲ႔ ၾကည့္ေနတုန္းမွာပဲ အခိုးအေငြ႕ေတြၾကားကေန ဆံပင္ဖား လ်ား ထဘီရင္လ်ားထားတဲ့ အဘြားအိုႀကီးေပၚလာတယ္။ အ႐ုပ္ဆိုးလိုက္
တာ။
အသားကလည္း မည္းလိုက္တာမွ …။
မီးေသြးတုံးေတာင္ ရႈံးေအာင္ မည္းတူးေနတယ္။
မ်က္လုံးႏွစ္လုံး ျပဴးထြက္ေနပုံက အျပင္ကို အန္ထြက္ျပဳတ္က်ေတာ့ မည့္ ဖန္ေဂၚလီအႀကီးစားလိုပဲ။
ပါးစပ္ထဲမွာ သြားေတြအစုံအလင္မရွိဘူး …။
ရွိေနတဲ့ က်ိဳးတိုးက်ဲတဲ သြားေတြကလည္း တစ္ေခ်ာင္းဆို လက္မ ေလာက္ရွိေနတယ္။
အလို-အဘြားႀကီးက ႏွာေခါင္းမပါဘဲ ႏွာေခါင္းေနရာမွာ အေပါက္ ႏွစ္ေပါက္ပဲ ပါတာပါလား။
ပိန္ေျခာက္ေျခာက္ အ႐ိုးပေဒသာ ကိုယ္လုံးကို တိုက္ၾကက္ခုန္သလို ခုန္ၿပီး ၿခံဝကေန ဆရာကိုငစိုးႀကီးကို ရန္ေတြ႕ေနတာတဲ့ဗ်ာ။
“ဟဲ့ – ဆရာစုတ္ရဲ႕၊ နင့္ေၾကာင့္ ငါစားေနက် ဝက္သား မစားရေတာ့ ဘူးဟဲ့။ ငါလည္းအိမ္ေပၚမွာ မေနရေတာ့ဘူးဟဲ့ – ဆရာစုတ္ရဲ႕- ဟင္”

“ေနပါဦး- အဘြားႀကီး ခင္ဗ်ား ဘယ္လိုလုပ္ၿပီး က်ဳပ္အိမ္ေပၚေရာက္
ေနတာတုံး
“ဟဲ့ေကာင္ရဲ႕ငါနင့္အိမ္ေပၚမွာေဟာဒီမယ္ေတာ္႐ုပ္တုနဲ႔အတူေရာက္
ေနတာ ၾကာၿပီဟဲ့။ ငါ နင့္သားကို ကပ္မွီၿပီး ပူးဝင္ၿပီး ဝက္သားစားေနတာ
ၾကာၿပီဟဲ့”
“ဟင္-ဒါဆိုအဘြားႀကီးကဟို-ဟို-မယ္ေတာ္ႀကီးလား – ဟုတ္လား” “ဟူး-ဟူး-ဟူး-ဟင္း-ဟင္း-ဟင္း-ဟင္း” ငါ-ငါ-ဘယ္သူလဲ-မသိဘူးလား…။
ငါ ဝက္သား၊ အမဲသား စားခ်င္လို႔ နင္တို႔အိမ္ထဲက သုံးမရတဲ့ နတ္ ေတြကို ေမာင္းထုတ္ၿပီး မွီစားကပ္စားေနတာေဟ့။ ခုေတာ့ – နင္ လက္ဦး သြားေတာ့ ငါငတ္ၿပီေဟ့ -ငတ္ၿပီဟ-ဟူး-ဟူ-ဟူး-ဟူး” “အဘြားႀကီး ခင္ဗ်ား ဘယ္ကလာတာလဲဟင္”
“ငါ- ပ်ဥ္ေတာင္ေက်ာင္းသခ်ႋဳင္းကလာတာဟဲ့။ အရက္မူးေနတဲ့ နင့္ သား သခ်ႋဳင္းကုန္းမွာ အရက္နဲ႔ ဝက္သားစားေနတုန္း ငါ သူ႔ခႏၶာကိုယ္ထဲ ဝင္လိုက္ခဲ့တာ။နင္တို႔အိမ္ေရာက္မွေဟာဒီအသက္မရွိတဲ့မယ္ေတာ္႐ုပ္တု
ထဲငါဝင္ေနတာဟဲ့။သိၿပီလား- သိပလား။ဟူး-ဟူး-ဟူး-ငါ-ငါ-နင္-နင္ တို႔ လက္ဦးသြားလို႔။ အခု-ငါ-ငါ အိမ္ထဲလည္း ဝင္လို႔မရ။ နင္တို႔သား ဟို ေကာင္ေလးကိုယ္ထဲဝင္ၿပီး စားေနက်ဝက္သား၊ အမဲသား ငါ-ငါ-မစားရ ေတာ့ဘူးဟဲ့။ ဟူး-ဟူး-ဟူး”
“လက္စသတ္ေတာ့ တရားခံက နင္ကိုး” “ဟဲ့- သခ်ႋဳင္းကုန္းက ၿပိတၱာမ”
“ဘာတုံး”
“နင္တို႔ဟာ ၿပိတၱာဘဝ ေရာက္တာေတာင္ သူတစ္ပါးမိသားစုကို ဒုကၡ ေပးတုန္းပဲတဲ့။ သခ်ႋဳင္းၿပိတၱာမႀကီးရဲ႕။ သြား-နင္ ခုခ်က္ခ်င္း ငါ့အိမ္ေရွ႕က ထြက္သြား”

“မသြားဘူး – ဝက္သား၊အမဲသားအဝစားၿပီးမွငါ့ေနရာငါျပန္မယ္ေဟ့။ ဟူး-ဟူး-ဟူး-ဟူး- ငါျပန္မယ္ေဟ့”
သခ်ႋဳင္းကေန ကပ္လိုက္လာတယ္ဆိုတဲ့ ၿပိတၱာမႀကီးဟာ ေဒါသေတြ ျဖစ္ၿပီး ၿခံဝေရွ႕မွာ ခုန္ေပါက္ေနပါေရာတဲ့။
“ဟဲ့- သခ်ႋဳင္းကုန္းမ၊ နင္-နင္ေနတဲ့ သခ်ႋဳင္းကို ခုခ်က္ခ်င္းျပန္ေနာ္။ မျပန္ရင္ နင္ ငါ့အေၾကာင္း သိသြားမယ္”
“မျပန္ဘူးေဟ့ – မျပန္ဘူး။ ငါ့ကို အမဲသား၊ ဝက္ ….”
“ဒီလိုလား”
ဂမၻီရဆရာ ကိုငစိုးႀကီးက အေၾကာင္းစုံသိခဲ့ရၿပီမို႔ ဇြတ္ႀကီးေျပာဆိုခုန္ ေပါက္ေနတဲ့ သခ်ႋဳင္းၿပိတၱာမႀကီးကို စိုက္ၾကည့္ၿပီး သူေဆးကုရာမွာ အၿမဲ သုံးေလ့ရွိတဲ့ တစ္ထြာသာသာ ေဆးသန္လ်က္ကို အသစ္ျပန္တင္ထားတဲ့ ဆရာေတာ္ဘုရားႀကီးမ်ား ကန္ေတာ့ပြဲေပၚကလွမ္းယူၿပီး…

“လူေတြကိုဒုကၡေပးခ်င္တဲ့ သခ်ႋဳင္းၿပိတၱာမႀကီး – သြားေလေရာ့ဟာ”
“8:…” “စြပ္…”
အား-မ-ေလး-ေသ– -ပါ-ၿပီ-ေတာ့”
“အာ -အား- အမေလး- လုပ္ၾကပါဦး”
“အမေလး…အူေတြ ပြင့္ကုန္ပါၿပီေတာ့။ အား-အား — အား – မလုပ္
ပါနဲ႔၊ ေၾကာက္ပါၿပီ – ေတာင္းပန္ပါတယ္ – ျပန္ပါ့မယ္ေတာ့”
“ဝုန္း”
ဆရာကိုငစိုး ပစ္လိုက္တဲ့ သန္လ်က္က အစီအရင္ေဆး သန္လ်က္ တဲ့။ သစ္ကနက္သားနဲ႔ လုပ္ထားတဲ့ သန္လ်က္။ သန္လ်က္ကို အဘိုးဝိဇၨာ ႀကီးဆရာေခါင္စီရင္ေပးခဲ့တဲ့ေ႐ႊပိန္းခ်သန္လ်က္အေပၚမွာမွအင္းျမတ္ႀကီးေတြစီရင္ထားတာ။

အၿပိဳင္နဲ႔ အတိုက္ေပၚလာမွ…။
ေမတၱာရပ္လို႔ မရမွ သုံးရတဲ့ေဆးသန္လ်က္၊ အင္းသန္လ်က္…။ အဲဒီေဆးအင္းသန္လ်က္က သခ်ႋဳင္းၿပိတၱာမႀကီးရဲ႕ ဝမ္းဗိုက္ကို စူးဝင္ ေပါက္ထြက္သြားေရာ။ ၿပိတၱာမႀကီးေျမျပင္မွာလူးလွိမ့္ေအာ္ဟစ္ၿပီးဝုန္းခနဲ ေပ်ာက္သြားခ်ိန္..။
ဆရာ ကိုငစိုးႀကီး အိပ္မက္ကလန႔္ႏိုးသြားတယ္။
သူ-ထူးဆန္းတဲ့ အိပ္မက္ေၾကာင့္ အိပ္ရာကထ၊ မီးဖြင့္ၿပီး တစ္ေန႔က အသစ္ျပင္တင္ထိုးထားတဲ့ ဆရာေတာ္ဘုရားႀကီးမွာ အုန္းပြဲကိုၾကည့္လိုက္
ေတာ့ …။
ကန္ေတာ့ပြဲေပၚတင္ထားတဲ့ေဆးသန္လ်က္…။ အဘေခါင္ ခ်ီးျမႇင့္ခဲ့တဲ့ ေဆးသန္လ်က္ရယ္ …။ ကန္ေတာ့ပြဲငွက္ေပ်ာသီးႏွစ္လုံးၾကားမွာအသက္ဝင္သလိုလႈပ္ရွားေန
တာ အံ့ဖြယ္ျမင္လိုက္ရသတဲ့ဗ်ာ။
မိုးမလင္းခင္ ၿခံဝထြက္ မီးထိုးၾကည့္လိုက္ေတာ့…။
လူႀကီးလက္ တံေတာင္ခန႔္ရွည္တဲ့ ေျခဖဝါးကားကားအရာေတြကို ရႈပ္
ယွက္ခတ္ ျမင္လိုက္ရတယ္။
ဒါႏွင့္အတူအလြန္ရွည္လ်ားတဲ့ဆံပင္ရွည္ေလးငါးပင္ကိုလည္းေျခရာ
ေတြနင္းထားတဲ့ၾကားမွာ ျမင္လိုက္ရတယ္။
ဆရာကိုငစိုးႀကီး သေဘာေပါက္လိုက္ၿပီ…။ နတ္႐ုပ္တုတိုင္း အက်ိဳးမေပးဘူး…။ နတ္႐ုပ္တုတိုင္း အစြမ္းမရွိဘူး..
သူတို႔ကို လိုအပ္သလို သုံးဖို႔ အိမ္ေပၚမွာ အသက္သြင္းထား၊ ေကြၽးေမြး
ထားေပမယ့္….။
မူလနတ္စြဲဝိညာဥ္ေရာက္ရွိမေနဘဲအျခားပရသားေတြမွီခိုဝင္ေရာက္ ပူးဝင္ကပ္ရပ္၊အိမ္ရွင္ကိုႏွိပ္စက္စားေသာက္ေနတာရွိပါလားဆိုတာကိုယ္
ေတြ႕ႀကဳံရၿပီ။
ေတာက္-ငါ့သားငါသတ္သလိုျဖစ္ေတာ့မလို႔။
ဘာနတ္႐ုပ္တုမွမယုံေတာ့ဘူး။ နင္တို႔ ဘာမွမစြမ္းဘူး။ အားမကိုးေတာ့ဘူး။
ဒီအစိမ္းေသ႐ုပ္တုေတြအိမ္ေပၚထားရင္အိမ္က်က္သေရယုတ္တယ္။
သြားေတာ့ – မင္းတို႔လည္း ကိုယ့္လမ္းကိုယ္သြားၾက။ ငါတို႔ မိသားစု ရတနာ ျမတ္သုံးပါးနဲ႔ အထက္ဆရာေတာ္ ဘုရားႀကီးမ်ား၊ ထြက္ရပ္ေပါက္ပုဂၢိဳလ္ သူေတာ္ေကာင္းႀကီးမ်ားကိုပဲ အေလးအနက္ အားကိုးက်င့္ႀကံပြားမ်ား
ေတာ့မယ္။
မင္းတို႔ အစိမ္းေသ ႐ုပ္တုေတြနဲ႔၊ ငါနဲ႔ …။ ဒီေန႔ကစ စည္းျခားၿပီေဟ့ …။ မင္းတို႔လည္းငါဒုကၡမေပး..။
ငါတို႔ကိုဒုကၡေပးမယ္၊ စိတ္ဆင္းရဲေအာင္လုပ္မယ္ဆိုရင္ေတာ့…။ ငါ့အလြန္လို႔ မင္းတို႔ မဆိုၾကပါႏွင့္…။
(မွတ္ခ်က္ – ဤဇာတ္လမ္းသည္တကယ့္ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္ပါ သည္။ ထိုဇာတ္ေကာင္မ်ား ယေန႔တိုင္ သက္ရွိထင္ရွားရွိေနဆဲ ျဖစ္ပါ
သည္)
»» ေမာင္ညိဳမႈိင္း (သန္လ်င္)