❝ သူတော်ငတေ ၏ မကြောက်တရား ❞(စ/ဆုံး)
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
ကျွန်ုပ် တို့ ရွာ နှင့် လယ်ကွင်းကြီး တစ်ကွင်း သာ ခြား နေသော ကညင်စု ယာတဲ တွင် နွေ တစ်ည ၌ အသုဘ တစ်ခု ဖြစ်သည် ။ သေသွားသူ မှာ မုဆိုးမ ဒေါ်ထား ၏ သား မောင်အောင်ပွင့် ဖြစ်၏ ။ သူ သည် နေမွန်းစောင်းကြီး လောက် တွင် တော ထဲ ထင်း သွား တိုက်သည် ။ အပြန် တွင် ပူလွန်း အိုက်လွန်း သည် ဟု ဆိုပြီး ချောင်း ထဲ ရေ ဆင်း ချိုးသည် ။ ည ကျ လျှင် အပြင်း ဖျား ပြီး ရုတ်တရက် သေဆုံး သွား၏ ။
လူပျိုကာလသား မောင်အောင်ပွင့် နှင့် သူတော်ငတေ တို့ မှာ ဆွေမျိုး နီးစပ် တော် ကြသည် ။ ထို့ကြောင့် လည်း မောင်အောင်ပွင့် အလောင်း ရှိ ရာ ယာတဲ ထဲ သို့ ည အခါ သူတော်ငတေ ရောက် လာသည် ။ မောင်အောင်ပွင့် ၏ အမေ သူ့ နှမ တော်သူ အား မောင်အောင်ပွင့် သေဆုံးရ သည် နှင့် ပတ်သက်၍ သတင်း မေး ၊ အသုဘ ရှု ရန် လာခြင်း ဖြစ်ပေမည် ။
မောင်အောင်ပွင့် အသုဘ သို့ သူတော်ငတေ ရောက်လာချိန် မှာ ည ခုနစ်နာရီ ကျော်
ရှစ်နာရီ ခန့် ဖြစ်သည် ။ မောင်အောင်ပွင့် ၏ အလောင်း ကို တော ထုံးစံ အတိုင်း ရွာ ထဲ သို့ လည်း အသွင်း မခံကြ သဖြင့် ယာတဲ ၌ ပင် အလောင်း ပြင် ထားကြသည် ။
မောင်အောင်ပွင့် အလောင်း နား တွင် ဆီမီးခွက်လေး တစ်လုံး သာ မှိတ်တုတ် မှိတ်တုတ် ထွန်း ထားပြီး ရွာသားကြီး သုံးလေးယောက် က အာလာပ သလ္လာပ ထိုင် ပြော နေကြ သည် ။ ထို ရွာသားကြီး သုံးလေးယောက် ထဲ တွင် ဦးကြာပန်း ဆိုသူ လူပြန်တော် ပဉ္စင်းလူထွက် တစ်ယောက် လည်း ပါသည် ။ ဦးကြာပန်း မှာ ရပ်ရွာ ၌ စာတတ် ပေတတ် ဟု သတ်မှတ် ခံထားရ သူ ဖြစ်၏ ။ ထို့ကြောင့်လည်း ဦးကြာပန်း မှာ ဘယ် အသုဘ ဖြစ်ဖြစ် အမြဲ လိုလို ခေါင်းရင်းခန်း ထိုင် ၍ တရားဓမ္မ နှင့် ပတ်သက်သည် များ ကို ပြောဆိုနေကျ ဖြစ်သည် ။ ယခု လည်း သူ့ ထုံးစံ အတိုင်း ကျန် ရွာသား နှစ်ယောက် သုံးယောက် အား အာပေါင် အာရင်း သန်သန် နှင့် သေခြင်းတရား နှင့် ပတ်သက်သော သံဝေဂ ရဖွယ် တရား စကားများ ကို ပြောဆို နေလေသည် ။
အထူးသဖြင့် ယခု သေဆုံး သွားသူ မောင်အောင်ပွင့် မှာ လူပျိုကာလသား အရွယ် ကောင်း အချိန် တွင် သေဆုံးရခြင်း ဖြစ် သဖြင့် ဖြေ မဆည်နိုင် ဖြစ် နေ ရှာ သော မုဆိုးမ ဒေါ်ထား ကို ဦးကြာပန်း က တရားချ စကား ဆို နေသည် ။
“ မထား ရေ ၊ လူတွေ အားလုံး ဟာ သေမျိုးချည်း ပဲ ဟ ။ ဇာတိ ဖြစ် လာရင် ဇရာမရဏ ဆိုတာ မြေကြီး လက်ခတ် မလွဲ တွေ့ကြုံရမြဲ ဓမ္မတာ ပါ ။ သေခြင်း နဲ့ … ”
“ ဒါ ၊ ဒါကို ကျွန်မ လည်း သိပါတယ် ကိုကြီးကြာပန်း ရယ် ၊ ဒါ .. ဒါပေမဲ့ ကျွန်မ သားလေး က နုတုန်း ပျိုတုန်း ငယ်ငယ်ရွယ်ရွယ်လေး နဲ့ ရုတ်တရက် ဆုံးပါး သွားတာ ၊ ကျွန် … ကျွန်မ မဖြေနိုင်လွန်းလို့ပါ ”
“ ဟဲ့ မိထား ၊ သေခြင်းတရား ဆိုတာ ငယ်တယ် ကြီးတယ် ရယ် ဘယ် ဟုတ် မလဲ ဟ ။ ကံ ကုန်ရင် လူတိုင်း သေကြ ရမှာပဲ ၊ အမှည့် တဝင်းဝင်း အကင်း တဖြိုက်ဖြိုက် ဆို မဟုတ်ဘူးလား ဟ ။ သေခြင်းတရား ဆိုတာ လေးမျိုး ရှိတယ် ။ ကံ ကုန် လို့ သေခြင်း ၊ သက်တမ်း ကုန် လို့ သေခြင်း ၊ အသက် ကံ နှစ်ပါး ကုန်လို့ သေ … သေ ၊ အဲ … ”
သူတော်ငတေ ယာတဲ ပေါ် တက် လာသည် ကို မြင် သဖြင့် ဦးကြာပန်း က တုံ့ဆိုင်း သွားလေသည် ။ ဦးကြာပန်း နှင့် သူတော်ငတေ တို့ မှာ ငယ်စဉ် က ပင် သူ ဖြူ လျှင် ငါ မည်း ဘု နှင့် ဘောက် ချည်း ဖြစ် ကြရာ ဦးကြာပန်း ၏ စကား ကို ခြံဝ က ပင် ကြား နေ ရသော သူတော်ငတေ က လည်း ထိုင် ပင် မထိုင်သေး –
“ ဘာ ကံ ကုန်လို့ သေတာ မှ မဟုတ်ဘူး ၊ ကျုပ် ကြား တော့ ရေချိုး မှားလို့ သေတယ် ဆိုဗျ ”
ဟု လှမ်း ပြောလိုက်ရာ ဤ သူတော် ခွစကား ပြောပြီ ဟု သိလိုက် သဖြင့် ဦးကြာပန်း ဒေါသ ဖြစ် သွား၏ ။ သို့သော် သေသူ မှာ သူ့ ဆွေမျိုး ဖြစ်နေ သဖြင့် ဦးကြာပန်း က သူတော်ငတေ ကို အဖက် လုပ်ပြီး မပြောချင် သလို ခဏ ငြိမ် နေ လိုက်သည် ။
ထိုအခါ သူတော်ငတေ က –
“ မသာအိမ် လာပြီး တောပြော တောင်ပြော ဘာ ကံ ကုန်တာလဲ ၊ ခု ကျုပ် တူ သေရတာ မသေသင့် ဘဲ သေရတာ ။ မဆင်မခြင် ရေချိုး မှား လို့ သေ တာ ။ အမေ လုပ်တဲ့ သူ က လည်း ဆုံးမ မညွှန်ပြ တတ်ဘူး ။ ကလေး က မသိ လို့ နေပူ ထဲ က လာပြီး ရေချိုး မှာ ကို ဟန့်တား ပြောဆိုရမှန်း မသိဘူး ။ နေပူ ထဲ က လာပြီး ရေ ချိုး လိုက်တော့ အပူ နဲ့ အအေး ဆန့်ကျင်ဘက် ဖြစ်ပြီး သေတော့တာ ပေါ့ ။ လူ ရဲ့ ခန္ဓာကိုယ် ဆိုတာ က ပထဝီ ၊ တေဇော ၊ အာပေါ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး နဲ့ ဖွဲ့စည်း ထားတာဗျ ၊ ခင်ဗျား ဘာ ပြော
ဦးမလဲ ကိုကြာပန်း ”
“ ကျုပ် က ဘာ ပြောလို့လဲ ”
“ ဟောဗျာ ၊ စောစော က ပဲ ကျုပ် တူ မောင်အောင်ပွင့် ကို ခင်ဗျား ပဲ ကံ ကုန် လို့ သေတယ် ဆို ဗျ ”
“ မဟုတ်ဘူးလား ၊ ကံ မကုန်ဘဲ လူ က ဘယ်လိုလုပ် သေ မလဲ ”
“ ဟင် ၊ စောစောက ခင်ဗျား ပြောနေ တဲ့ သေခြင်းတရား လေးပါး ထဲ မှာ ဥပစ္ဆေဒကကံ ဆိုတာ ဘယ် သွား ထား မလဲ ”
သူတော်ငတေ က ဦးကြာပန်း နား ကို ဖင် ရွှေ့ တိုး လာ၍ ဦးကြာပန်း မျက်နှာ ကို စေ့စေ့ ကြည့် ကာ မေး လိုက်သည် ။
“ သိပ် သိတာပေါ့ ၊ ဥပစ္ဆေဒကကံ ဆိုတာ အဲသလို ဥပစ္ဆေဒကကံ နဲ့ ကို သေရမယ့် လူ မို့ သေ ကို သေရတာလေဗျာ ဦးသူတော် ”
“ ခင်ဗျား မသေမချင်း မှတ်ထား ၊ ဥပစ္ဆေဒကကံ ဆိုတာ ဆင်ခြင်တတ် ရင် ရှောင်လွှဲ လို့ ရတယ်ဗျ ”
“ ဥပစ္ဆေဒကကံ ပါ လာ ပါတယ် ဆိုတာ ဘယ်လို ရှောင်လွှဲမလဲ ”
“ နား ဝေးလိုက်တာ ၊ ဥပမာ ကဲ ခု ခင်ဗျား ကို ကျုပ် ဓား နဲ့ ခုတ်မယ် ၊ ခင်ဗျား အခုတ် ခံ ရင် သေ မှာပဲ ၊ အခုတ် မခံရင် သေမလား ။ ကဲ ပြော ၊ ဓား ခုတ်ခံ – သေရတာ ဥပစ္ဆေဒကကံ မဟုတ်လား ”
“ ဒါ ၊ ဒါ ၊ ဦးသူတော် ကတ်ဖဲ့ လုပ် ပြောတာပဲ ၊ ကျုပ် ပြောတာ က ”
“ ကျုပ် က ကတ်ဖဲ့ လု ပ်ပြောတာ မဟုတ်ဘူး ။ ခင်ဗျား သာ ကံတရား ဆိုတာ ဘာမှန်း မသိ ဘဲ နဲ့ တောပြော တောင်ပြော လူတွေ ကို လျှောက် ပြော နေတာ ”
ဦးကြာပန်း က သူတော်ငတေ နှင့် အဖက်လုပ် ပြော နေလျှင် စကား များ ရန်ဖြစ်ကြရုံ သာ ရှိသည် ကို သိ သဖြင့် တစ်ဆင့် လျှော့ ၍ –
“ ကျုပ် သိ သလောက် ပြော ဟော ပြတဲ့ သဘောပါ ဗျာ ၊ ဦးသူတော် လို ကျုပ် က စာပေကျမ်းဂန် မနှံ့စပ် တော့ လည်း လွဲမှားတာ ပါကောင်း ပါမှာ ပေါ့ဗျာ ” ဟု လေသံပျော့ နှင့် ပြန် ပြော လိုက်၏ ။
“ ဟဲ ဟဲ အဲသလို ဝန်ခံစမ်းပါ ။ ခင်ဗျား တောပြော တောင်ပြော ပြော လာတာ များပြီ ။ မသာ တိုင်း ခင်ဗျား စကားချည်း ပဲ ”
ဟု သူတော်ငတေ က ဦးကြာပန်း ကို တမင် ဒေါ သဖြစ်အောင် စ လိုက် ပြန်သည် ။
ဤသည် ကို ပင် ဦးကြာပန်း က လည်း –
“ ဦးသူတော် တမင် ကျုပ် ကို ဒေါသ ဖြစ် အောင် စ နေတယ် ဆိုတာ ကျုပ် သိပါတယ် ။ ကျုပ် က တော့ ဘယ်သူ ဘာပဲ ပြောပြော ဒေါသ မကြီးတတ်ပါဘူး ။ ဒေါသ ကြီးတဲ့ လူ ဟာ လောဘ မောဟ ကြီးပြီး အတ္တ လည်း ကြီးတယ် ။ အတ္တကြီး တဲ့ လူ ဟာ သေခြင်းတရား နဲ့ ရင်ဆိုင် တွေ့တဲ့ အခါ အကြောက် လည်း ကြီးတတ်တယ် တဲ့ ဗျ ”
သူ ငယ်စဉ် က တေတေပေပေ နှင့် ဒေါသ ကြီး ခဲ့ ကြောင်း ကို ရည်ရွယ်ပြီး ဦးကြာပန်း ပြော နေမှန်း သိ သော သူတော်ငတေ က –
“ ကိုကြာပန်း ၊ ခင်ဗျား က တော့ သေခြင်းတရား ကို မကြောက်ဘူး ပေါ့နော် ”
“ လုံးဝ မကြောက်ဘူးရယ် လို့ တော့ ဘယ် ဟုတ်မလဲ ဦးသူတော် ရယ် ။ ကျုပ် လည်း ပုထုဇဉ် ပဲ ဗျ ။ ကြောက်တော့ ကြောက်တာ ပေါ့ ။ ဒါပေမဲ့ ကျုပ် က တော့ ဆင်ဆင်ခြင်ခြင် နဲ့ ကြောက်သင့် မှ ကြောက်တာ ”
“ ဟုတ်လား ၊ ဒါဆို ခင်ဗျား ခု ကျုပ် တူ မသာအလောင်း ကို မကြောက်ဘူး လား ”
“ မသာ ကို ဘာ ကြောက်စရာ ရှိလဲ ဗျာ ၊ လူတိုင်း တစ်နေ့ ကျ မသာ ဖြစ်ကြရမှာပဲ ”
“ ဟုတ်လိုက်လေ ဗျာ ၊ ဒါဆို ခင်ဗျား ဒီ ည မသာစောင့် အိပ်ပေါ့နော် ”
“ စောင့် အိပ်မလို့ လာတာပဲ ”
“ ကျေးဇူးပဲ ကိုကြာပန်း ရယ် ၊ ကျုပ် က လည်း ကျုပ် တူ မသာ က ရွာ ထဲ လည်း အသွင်း မခံကြတော့ စောင့် အိပ် ပေးမယ့် လူ မှ ရှိပါ့ မလား လို့ ၊ မသာစောင့် အိပ် ပေးရအောင် လာ တာ ၊ ခု ခင်ဗျား စောင့်အိပ်ပေးမယ် ဆို တော့ ကျုပ် ပြန်မယ် ”
“ ဟာ ဦးသူတော် ၊ လာ လက်စ နဲ့ မပြန်ပါနဲ့တော့ ။ ဦးကြာပန်း နဲ့ ဦးသူတော် တို့ ဒီ ည တော့ စောင့် အိပ် လိုက်ကြဗျာ ။ မနက်ဖြန် ကျ တော့ ကျုပ်တို့ တစ်လှည့် စောင့် ပါ့မယ် ။ မနက် မှာ မင်းရွာ ကို ငရုတ် သွား ရောင်းစရာ ရှိ လို့ပါ ။ ဒီ ည တော့ ကျုပ် ပြန်ပါရစေ ”
ငရုတ် ရောင်းစရာ ရှိသည် ဆိုသော ဦးကောင်းလှ က ပြောလိုက်သော အခါ မသာစောင့် အိပ်ရန် လာ ကြရသော နောက်ရွာသားကြီး နှစ်ယောက် က လည်း ထင်းတိုက် သွားရန် ရှိ၍ ပြန်ပါရစေ ဤ နေ့ ည တွင် ဦးသူတော် နှင့် ဦးကြာပန်း တို့ ပဲ စောင့်ကြပါ ။ မနက်ဖြန် မှ သူတို့ စောင့်မည် ဟု ပြောပြီး ပြန် သွားကြသည် ။
သည်လိုနှင့် မသာ အသုဘ ယာတဲ မှာ ရွာ နှင့် လည်း အတန် လှမ်း နေလေ ရာ သက်ကြီး ခေါင်းချ ချိန် မရောက် တရောက် မှာ ပင် အသုဘ သတင်း လာ မေးသူများ မှာ လည်း အလျှိုအလျှို ပြန် သွားကြ သော အခါ မောင်အောင်ပွင့် အမေ ပါ ရွာ ထဲ ပြန် လိုက်သွား သဖြင့် မသာတဲ မှာ ဦးကြာပန်း နှင့် သူတော်ငတေ တို့ နှစ်ယောက် သာ ကျန် လိုက်ကြသည် ။
ထိုအခါ သူတော်ငတေ က –
“ ကိုကြာပန်း ၊ ခင်ဗျား လူသေ အလောင်းတွေ ဘာတွေ ဖုတ်ဝင်တယ် ဆိုတာ ယုံလားဗျ ”
ဟု မေး၏ ။
သူတော်ငတေ ဘာ ရည်ရွယ်ချက် နှင့် မေးပါလိမ့် ဟု စိတ်ထဲ ထင့်ခနဲ တော့ ဖြစ်သွားလေ၏ ။ သို့သော် သူ က မသာအလောင်း ကို ကြောက်စရာ မဟုတ်ကြောင်း လည်း စောစောက ပြောထား လေ ရာ –
“ အလကား ပေါက်ကရတွေ ပြောကြတာပါဗျာ ။ လူသေအလောင်း ဖုတ် ဝင်တယ် ဆိုတာ ဘယ်လူ မြင်ဖူးလို့လဲ ”
ဟု ပြန် ပြောလိုက်၏ ။
“ တချို့က တော့ လူသေအလောင်း ကို ကြောင် ကျော် ရင် ဖုတ် ဝင်တတ်တယ် လို့ ယုံကြည်ကြတယ် ဗျ ။ အဲဒါကြောင့် လည်း ခု ခင်ဗျား နဲ့ ကျုပ် စောင့် အိပ် သလို မသာအလောင်း ကို စောင့် အိပ်ကြတဲ့ အလေ့အထ ဖြစ်လာတယ်တဲ့ ဗျ ”
“ အလကားပါ ဦးသူတော် ရာ ၊ ကျုပ် တော့ မယုံပါဘူး ”
“ မယုံဘူး လို့ ကံသေ ကံမ လည်း မပြောနဲ့ဦးဗျ ။ ရှေ့တုန်း က လူတွေ သေ ရင် ခေါင်ရန်းပန်း နီနီရဲရဲ ပန် ပေး လိုက်တာနဲ့ မသာ က သူ့ ဘာသာ သူ သင်္ချိုင်း ကို ထွက်သွားတယ် တဲ့ ။ ဟိုတုန်း က အဲဒီ နည်း နဲ့ အသုဘ ချကြတာတဲ့ ဗျာ ။ ဟိုတုန်း က လူ သေရင် သွား မြှုပ်တဲ့ အလေ့အထ မရှိဘူးတဲ့ လေ ”
“ အလကား ပြောကြတာပါဗျာ မဖြစ်နိုင်ပါဘူး ”
“ ဟဲ ဟဲ ၊ ကျုပ် က လက်တွေ့သမား ဆိုတော့ အမှန်တကယ် ဟုတ် မဟုတ် ခင်ဗျား နဲ့ ကျုပ် ဒီ ည စမ်း ကြည့်ကြရင် မကောင်းဘူးလား ဗျာ ”
သူတော်ငတေ မှာ ပေါက်ကရ အင်မတန် လုပ်တတ် သူ မို့ ဦးကြာပန်း မှာ ချက်ချင်း ကျောချမ်း သွားပြီး –
“ ပေါက်ကရ မလုပ်စမ်းပါနဲ့ ဗျာ ၊ အတော်ကြာ ကျုပ်တို့ တရားခံ ဖြစ်နေပါဦးမယ် ”
ဟု ကမန်းကတန်း ဟန့်တား လိုက်ရလေသည် ။
ဤသည် ကို သူတော်ငတေ က တော့ တဟဲဟဲ ရယ် နေလေ၏ ။
သည်လိုနှင့် ဦးကြာပန်း နှင့် သူတော်ငတေ တို့ သည် မောင်အောင်ပွင့် အလောင်း နား တွင် ဘယ် တစ်ယောက် ညာ တစ်ယောက် ကျော ချ ရင်း မသာ စောင့် နေကြသည် ။ အချိန် မှာ သန်းခေါင် နီးပါး ခန့် ရှိနေပြီ ဖြစ် ရာ ဦးကြာပန်း မှာ သူတော်ငတေ ပေါက်ကရ ထ လုပ်မှာ စိုး၍ သတိ နှင့် နားစွင့် နေ၏ ။ သန်းခေါင်ကျော် သော အခါ ဦးကြာပန်း မှေးခနဲ မှေးဖြစ် သွားသည် ။ ထိုအချိန် မှာ ပင် ခွေးတွေ အူသံ ကြောင့် ဦးကြာပန်း လန့် နိုးလာ၏ ။
ဖျိုးဖျိုးဖျပ်ဖျပ် အသံ ကြား ၍ မောင်အောင်ပွင့် အလောင်းစင် ဘက် လှည့် ကြည့် လိုက်ရာ မောင်အောင်ပွင့် အလောင်း မှာ ဖူးဖူးရောင် နေသလို အုပ် ထားသော စောင် ထဲ မှ လက် တစ်ဖက် ထုတ် ကာ ယပ်ခတ် နေလေသည် ။
ဦးကြာပန်း မှာ ချက်ချင်း ခေါင်းနားပန်း ကြီးသွား၏ ။ ညဦး က လူသေအလောင်း ဖုတ် ဝင်တာ ဟုတ် မဟုတ် ဒီ ည စမ်း ကြည့်ရအောင် ဟု လည်း သူတော်ငတေ က ပြော ထား လေရာ သူတော်ငတေ တော့ ပေါက်ကရ လုပ်ပြီ ဟု ချက်ချင်း တစ်ကိုယ်လုံး ကြက်သီး ထ ကာ ဇောချွေး တွေ ပြန် လာ၏ ။
သူတော်ငတေ သည် ယခင့် ယခင် က မည်သည့် အသုဘ မျှ ရောက် မလာ ယခု မသာ မှာ မှ တူ တော်သည် ကို အကြောင်း ရှာ ပြီး ရောက်လာခြင်း မှာ ဆေးဝါး တစ်ခု ခု ပြုလုပ်ရန် အကြံအစည် နှင့် လာခြင်း ဖြစ်ရမည် ဟု တွေး ပြီး မသာ အလောင်းကောင် ဘက် ကို လှမ်း ကြည့် လိုက် ပြန်ရာ မသာ မှာ လက် တစ်ဖက် ထုတ် ၍ ယပ်ခတ် နေသည် မှာ အမှန်ပင် ဖြစ် လေသည် ။
သည်အတိုင်း ဆို လျှင် သူတော်ငတေ ဆေး စီရင် ထားသော မောင်အောင်ပွင့် အလောင်း မှာ သူ့ လည်ပင်း ကို ပင် လာ ညှစ်လေမလား ဟု အကြောက်ကြီး ကြောက် လာ ကာ ပြေး မှ ဖြစ်တော့မည် ဟု မသိမသာ ကုန်း ထ လိုက်ရာ မောင်အောင်ပွင့် မသာ က လည်း ကုန်း ထ လာသည် ။
“ ဟိုက် ” ဟူသော အာမေဍိတ်သံ နှင့် အတူ ဦးကြာပန်း ယာတဲ ပေါ် က ချက်ချင်း ဆင်းပြေး လေသည် ။ ဝုန်းဝုန်းဒိုင်းဒိုင်း ကြမ်းခင်း ကို ဖနောင့် ပေါက်လိုက်သံ နှင့် အတူ မသာ အလောင်းကောင်ကြီး က သူ့ နောက် ဆင်း လိုက်လာပလား ဟု နောက်ပြန် တစ်ချက် လှည့် ကြည့် လိုက်ရာ စောင် ခေါင်းမြီးခြုံ ထားသော မောင်အောင်ပွင့် အလောင်းကောင်ကြီး မှာ အမှန် ပင် သူ့ နောက် လိုက် လာ လေသည် ။
“ ကူကြပါဦး ဗျို့ ၊ ကယ်ကြပါဦး ၊ မောင်အောင်ပွင့် မသာ ငတေ လုပ်လိုက် လို့ ဖုတ် ဝင်လာပြီး ကျုပ် နောက် ကို လိုက်လာ နေပြီ ။ လုပ် လုပ်ကြပါဦး ၊ ကယ်ကြပါဦး ”
အော် လည်း အော် ပြေး လည်း ပြေး နှင့် ဦးကြာပန်း သည် မောင်အောင်ပွင့် မသာ ရှိရာ ကညင်စု မှ ကွင်းပြင် ကို ဖြတ်ကာ ယာတောင်ရွာ ဘက် အော် ပြေး လာသည် ။ ဦးကြာပန်း အော်ပြေး လာ သံ ကို ကြားလိုက်ရ သော အခါ ရွာသူ ရွာသားတွေ မှာ လည်း အထိတ်တလန့် နိုး လာကြပြီး ရွာ က ပြေးထွက် ကြည့် ကြသည် ။
“ ကူကြပါဦး ဗျို့ … ကယ်ကြပါဦး ။ မောင်အောင်ပွင့်မသာ ငတေ လုပ် လိုက်လို့ ဖုတ်ဝ င်လာပြီ ၊ ကျုပ် နောက် ကို လိုက် လာနေပြီ ကယ်ကြပါဦး ”
မောင်အောင်ပွင့် မသာ ရှိရာ ကညင်စု မှ လယ်ကွင်း ကို ဖြတ် ပြေးလာသော ဦးကြာပန်း ကို ရွာ အစ မှ ထွက် ကြည့် ကြသူများ ဝိုင်း ဖမ်းချုပ် လိုက်ကြပြီး –
“ ဟင် ဘယ်မှာလဲ ၊ မောင်အောင်ပွင့် မသာ ဖုတ်ကောင် ”
ဟု ဝိုင်း မေးကြရာ ဦးကြာပန်း သည် နောက် သို့ လှည့် ကြည့် ကာ –
“ အမယ်လေး … လေး ဟို ဟိုမှာ မသာဖုတ်ကောင် လယ်ကွင်း ထဲ ရပ် နေတာ ခင် … ခင်ဗျား တို့ မမြင်ကြဘူးလား ”
ဟု ဟောဟဲ ဆိုက်ကာ လက်ညှိုး ထိုး ပြပြီး ပြော လိုက်၏ ။
လူတွေ အားလုံး မှာ –
“ ဟိုက် ၊ ဟာ တကယ်ပဲ တကယ်ပဲ ”
ဟု ဝိုင်း အော်လိုက်ကြ ပြန်သည် ။ လဆန်း ကိုးရက်လ ၏ လရောင် ပျပျ ထဲ တွင် တကယ် ပင် လယ်ကွင်း ထဲ ရှိ ကန်သင်း ပေါ် တွင် မောင်အောင်ပွင့် မသာ ဖုတ်ကောင် ရပ် နေသည် ကို မြင်လိုက်ကြ ရသည် ။
“ ဟာ တကယ်ပါ ၊ တကယ်ပဲ ။ မောင်အောင်ပွင့် မသာဖုတ်ကောင် လယ်ကွင်း ထဲ မှာ ရပ်နေတယ် ဗျို့ ဟိုမှာ ၊ ဟိုမှာ ”
အကြောက် ကြီးသော ရွာသားကြီး တစ်ယောက် ၏ စကား မဆုံးမီ ပင် –
“ ဘယ်မှာလဲ ဗျ ၊ မောင်အောင်ပွင့် မသာ ဖုတ်ကောင် ၊ ကျုပ် ပါ ဗျ ”
ဟု သူတော်ငတေ က ပြော လည်း ပြော ၊ ရွာ ဘက် ကို လည်း လျှောက် လာ ရာ သူတော်ငတေ အသံ ကို မှတ်မိ သော ရွာလူကြီး တစ်ယောက် က –
“ ဦးသူတော် ၊ မလုပ်ကောင်း လုပ်ကောင်း မသိဗျာ ။ ဘာလို့ မသာ ရှိနေ တုန်း မဟုတ်တရုတ် လိုက် လုပ်နေတာလဲ ”
ဟု မာန်သလို ပြော လိုက်၏ ။
“ ကျုပ် က မဟုတ်တရုတ် လိုက် လုပ်တာ မဟုတ်ဘူး ၊ ခင်ဗျားတို့ ဦးကြာပန်း က မသာ ကို မကြောက်ပါဘူး ပြော လို့ ဒီ လူ တကယ် ကြောက် မကြောက် ကျုပ် စမ်း ကြည့်တာပါ ဗျာ ။
ခု ဘယ်မှာလဲ ဦးကြာပန်း ၊ ခင်ဗျား မကြောက်ဘူး ဆို ဗျ ။ ဆင်ဆင်ခြင်ခြင် ပဲ ကြောက်ရတယ် ဆိုဗျ ။ ခု ကျုပ် မောင်အောင်ပွင့် အလောင်း ပေါ် တက် အိပ် ၊ ကမ္မဋ္ဌာန်း ရှုပြီး ပူ လို့ ယပ်ခတ် နေတာ ကြောက်စရာလား ဗျ ဟဲ ဟဲ ။ သူရဲကောင်းကြီး အော် ပြေး လိုက်တာ
ခုဆို ကျုပ်တူ မောင်အောင်ပွင့် အလောင်းကောင် တကယ် ဖုတ် ဝင် သွားပြီလား မသိဘူး ၊ မြန်မြန် သွား ကြည့်လိုက်မှ ဗျို့ ၊ ဦးကြာပန်း လိုက်ဦး မလား မသာစောင့် လေ ဟား ဟား ”
ဟု ပြောကာ သူတော်ငတေ သည် သူ့ တူ မောင်အောင်ပွင့် အလောင်း ရှိရာ ကညင်စု သို့ ပြန် သွားလေသည် ။
ပြီးပါပြီ
ရေးသားသူ-ဝေယံလင်းခေါင်