ဝိညာဉ်ကလဲ့စား(စ/ဆုံး)

Unicode Version

ဝိညာဉ်ကလဲ့စား(စ/ဆုံး)
——————————
မိုးကသည်းကြီးမည်းကြီးပင်ရွာသွန်းနေသည်။
အချိန်ကညနေလေးနာရီကျော်ကျော်မျှရှိသေးသော်လည်း
မိုးသည်းထန်နေ၍အတော်အမှောင်ကျနေခဲ့သည်။
ထိုအချိန်တစ်ထပ်တိုက်လေးအတွင်း၌
မီးကလည်းပျက်နေ၍
ဖယောင်းတိုင်တစ်တိုင်ကိုထွန်းထားလေသည်။
ထိုတိုက်ကိုငှားရမ်းထားသူမှာအသက်အားဖြင့်
သုံးဆယ်အရွယ်ရှိသောမြတ်မင်းဆိုသူပင်။
ထိုတိုက်လေး၌မြတ်မင်းနေထိုင်သည်မှာ
နှစ်ရက်မျှသာရှိသေးသည်။
ပိုင်ရှင်ကတော့လူမနေတာကြာပြီမလို့ဈေးနှုန်း
သက်သက်သာသာဖြင့်မြတ်မင်းကိုငှားပေးခဲ့သည်။
မြတ်မင်းမိဘများကနယ်၌သာနေထိုင်ကြပြီး
မြတ်မင်းတစ်ဦးထဲသာမြို့ပေါ်သို့ပြောင်းရွေ့ကာ
နေထိုင်ခြင်းဖြစ်သည်။
ယခင်ကအဆောင်ငှား၍နေထိုင်သော်လည်း
အဆောင်မှာအများနှင့်အလိုက်အထိုက်နေထိုင်ရ၍
မြတ်မင်းစိတ်ကျဉ်းကြပ်ရသည်။
ဒါ့ကြောင့်ယခုလိုတိုက်အိမ်လေးကို
ငှားရမ်းလိုက်ခြင်းဖြစ်သည်။
ခြံဝန်းလေးပါသောတစ်ထပ်တိုက်လေးကို
ငှားရမ်းလိုက်မှမြတ်မင်းအတော်လေးအဆင်ပြေသွားသည်။
အလုပ်ကြောင့်ပြောင်းရွေ့နေထိုင်ရသူဖြစ်၍
မိဘများကလည်း မြတ်မင်းကိုအနောက်မှ
လိုအပ်သည်များကိုပံ့ပိုးပေးကြရှာသည်။
မြတ်မင်းကအလှကုန်ရောင်းသည့်ကုမ္ပဏီတစ်ခု၌
မန်နေဂျာရာထူးကိုပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
ယခုလည်းအလုပ်ပိတ်ရက်ဖြစ်၍မြတ်မင်း
အိမ်၌သာအချိန်ဖြုန်းနေခဲ့သည်။
မီးပျက်နေသောတိုက်လေးအတွင်း၌
ဖယောင်းတိုင်လေးထွန်းကာ
ဝီစကီသောက်ရင်းဂိမ်းဆော့နေခဲ့၏။
ဂိမ်းဆော့လိုက်…ဝီစကီလေးသောက်လိုက်ဖြင့်
အချိန်က ကုန်လို့ကုန်မှန်းမသိဖြစ်လာခဲ့သည်။
“တောက်ကွာ…အလကားကောင်ကွာ…
ဘယ်လိုဆော့နေတာလဲ”
တိုက်အိမ်လေးအတွင်း၌မြတ်မင်း၏ဒေါသသံများဖြင့်
ဖုန်းလွှမ်းနေခဲ့သည်။
ထိုသို့နေရင်းမှ….
“ကယျကွပါဦး…အီးးးးဟီးးးးးဟီးးးးးးးး
ကယ်ကြပါဦးရှင်….ကယ်ကြပါဦးးးးးးးး”
ဟုသောမိန်းမတစ်ဦး၏ငိုသံကို
မြတ်မင်းကြားလိုက်ရသည်။
ဆော့လက်စဂိမ်းကိုပင်ဆက်မဆော့နိုင်ဘဲ
ငိုယိုနေသံကြောင့်ဘေးဘီကို
မြတ်မင်းလိုက်ကြည့်လိုက်သည်။
“အသံကဘယ်ကထွက်နေတာလဲ”
ဟုမြတ်မင်းပြောလိုက်မိ၏။
“ကယ်ကြပါဦးး…ဘယ်သူမှမကယ်နိုင်တော့ဘူးလား…
အီးးးးးးးဟီးးးးးးးးးးဟီးးးးးးးးးးးးးးးး”
“ဟေ့…ဘယ်သူလဲ…ဘယ်ကနေငိုနေတာလဲ”
မြတ်မင်းကြောက်လည်းကြောက်မိသည်။
ခြံတံခါးများကိုသူသေချာပိတ်ထားသည်ကို
တွေးမိ၏။
“ကယျကွပါဦးးးး….အီးးးးဟီးးးးးးဟီးးးးး”
တိုက်အပြင်မှငိုယိုနေသည်ဆိုတာမြတ်မင်းသိလိုက်ရသည်။
ခြံတံခါးကိုမြတ်မင်းသေချာပိတ်ထားသည်။
ယခုခြံထဲ၌မိန်းမတစ်ဦးလာရောက်ငိုယိုနေသည်မှာ
ဘာကြောင့်လဲဆိုတာမြတ်မင်းစဉ်းစား၍မရ။
သူနေထိုင်သောအိမ်၏နံဘေးကအိမ်မှာလည်း
အသက်ကြီးသောအဘိုးကြီးအဘွားကြီးတို့
နေသောအိမ်သာရှိပြီး…
ကျန်ခြံများမှာခြံဝိုင်းအလွတ်များသာဖြစ်၏။
မြတ်မင်းဖုန်းမီးလေးကိုဖွင့်လိုက်သည်။
ခြံထဲမှငိုသံကိုလည်းမြတ်မင်းကြားနေရသောကြောင့်
ပြတင်းတံခါးမှလှမ်းကြည့်လိုက်၏။
“ဟေ့…ဘယ်သူလဲ…ငါ့ခြံထဲမှာဘာလို့လာငိုနေတာလဲ”
ပန်းပင်များနံဘေး၌ငုပ်တုပ်ကလေးထိုင်ငိုနေသော
မိန်းကလေးကိုမြတ်မင်းတွေ့လိုက်သည်။
မိန်းကလေးကမြတ်မင်းမေးတာကိုမဖြေဘဲ
ရှိုက်ငင်တကြီးငိုယိုနေ၏။
“ဟဲ့ကောင်မလေး…ငါမေးနေတာမကြားဘူးလား…
မိုးတွေရွာနေတာကိုငါ့ခြံထဲဘာလို့လာငိုနေတာလဲ…
နောက်ပြီးခြံထဲကိုဘယ်လိုဝင်လာတာလဲ”
ဟု…မြတ်မင်းကအဆက်မပြတ်
အော်ဟစ်မေးလိုက်သည်။
မိန်းကလေးကမိုးရွာနေသံကြောင့်ထင်သည်
မြတ်မင်းမေးတာကိုကြားပုံမရ။
မြတ်မင်းလည်းစိတ်မရှည်ဖြစ်လာပြီး
ထီးကိုယူ၍အိမ်တံခါးကိုဖွင့်ကာခြံထဲသို့ဆင်းလာခဲ့သည်။
“ဟေ့…မင်းဘယ်သူလဲ…ငါမေးနေတာကိုကြားလား”
ဟုဖုန်းမီးလေးဖြင့်ထိုးကာကြည့်ရင်းမေးလိုက်သည်။
မိန်းမပျိုလေးတစ်ကိုယ်လုံးကလည်းမိုးရေများစိုရွဲနေသည်။
အဝတ်အစားမှာလည်းခပ်နွမ်းနွမ်းလေးသာဝတ်ဆင်ထားသော
မိန်းကလေးသည်ခေါင်းကိုငုံ့၍ငိုရှိုက်နေခဲ့ရှာ၏။
ကျောလယ်လောက်ထိရှည်သောဆံပင်ကြီးမှာလည်း
မိုးရေများကစိုရွဲလို့နေသည်။
“ငါပြောနေတာမကြားဘူးလား…
ဟေ့ကောင်မလေး…”
“ကျွန်မကိုကူညီပေးပါရှင်…”
“ဟင်…မင်း…မင်းမျက်လုံးက…
ဘာ…ဘာဖြစ်တာလဲ”
ခေါင်းမော့လာသောမိန်းမပျို၏မျက်လုံးများဟာ
နီရဲလို့နေသည်။
“ဟေ့…မင်း…မင်း…ငါ့အနားမလာနဲ့နော်…
ငါ့အနားမလာနဲ့”
နီရဲနေသောမျက်လုံးကြီးများကို မြတ်မင်းကြောက်မိသည်။
မိန်းမပျိုကလည်းမတ်တပ်ရပ်လျှက်
မျက်လုံးနီကြီးနှင့် မြတ်မင်းကိုစိုက်ကြည့်နေသည်။
ပြီးနောက်ရယ်ကျဲကျဲဟန်ဖြင့် မြတ်မင်းကိုလက်ညိုးထိုးကာ…
ဗြုန်းခနဲမြတ်မင်း၏ကိုယ်ထဲကို
ဝင်ရောက်ပူးကပ်သွားတော့သည်။
မြတ်မင်းမှာအသိစိတ်လွတ်သွားပြီး
ခေါင်းကြီးငိုက်စိုက်ကျသွားခဲ့၏။
ပြီးနောက် ခေါင်းကြီးပြန်မော့လာချိန်မှာ မြတ်မင်း၏
မျက်လုံးများကနီရဲလို့နေသည်။
မျက်နှာကပြုံးရယ်လျှက်ဖြင့်
တိုက်လေးအတွင်းဆီကိုတစ်လှမ်းခြင်း
လှမ်းလျှောက်ကာဝင်သွားတော့သည်။
*******************************
လွန်းနီနီနှင့်သီရိတို့ တိုက်အိမ်လေးအရှေ့ဆီကို
ကားလေးဖြင့်ရောက်လာခဲ့ကြသည်။
သီရိက ကားကိုထိုအိမ်ရှေ့သို့ရပ်ပြီးပြီးခြင်း…
“ဒီအိမ်ကတစ်နေ့ကသေဆုံးသွားတဲ့သူ
နေခဲ့တဲ့အိမ်ပဲစီနီယာ…”
လွန်းနီနီကားပေါ်မှဆင်းလိုက်သည်။
ခြံဝန်းကျယ်ကျယ်လေးဖြင့်နေချင်စဖွယ်
တစ်ထပ်တိုက်အိမ်ကလေးကိုခြံပြင်မှကြည့်လိုက်၏။
“အလောင်းစစ်ဆေးချက်အဖြေရပြီလားသီရိ…”
“အစောလေးကမှရတာစီနီယာ…
စစ်ဆေးချက်အဖြေကတော့သေဆုံးသူက
ကိုယ့်ကိုကိုယ်သတ်သေတာလို့ပဲအဖြေပေါ်နေတယ်…
တခြားသူကသတ်တယ်ဆိုတဲ့အရိပ်အယောင်လည်းမရှိတော့
အမှုကလိုက်ရခက်တယ်စီနီယာ…”
လွန်နီနီတိုက်အိမ်လေးကိုကြည့်ပြီးစဉ်းစားနေသည်။
လွန်ခဲ့သောနှစ်ရက်ကယခုတိုက်အိမ်လေးအတွင်း၌
မြတ်မင်းဆိုသည့်လူတစ်ယောက်၏အလောင်းကို
သီရိတို့အဖွဲ့တွေ့ခဲ့သည်။
ထိုရက်ကလည်းသူမခရီးသွားနေ၍
ကိုယ်တိုင်မစစ်ဆေးခဲ့ရခြင်းပင်။
အလောင်းကိုစတွေ့သူမှာ ရုံးဝန်ထမ်းတစ်ဦးဖြစ်၏။
အလုပ်ကိုမလာတာနှစ်ရက်မျှရှိပြီးဆက်သွယ်၍
မရသောကြောင့် မြတ်မင်း၏တပည်ဖြစ်သူက
ခြံကိုကျော်၍ဝင်ရှာတော့ အိမ်အတွင်း၌ကြိုးဆွဲချသေဆုံးနေသောမြတ်မင်း၏အလောင်းကိုတွေ့ရှိသွားခြင်းဖြစ်သည်။
သတင်းရရခြင်းသီရိတို့အဖွဲ့သွားကြသောအခါ
အလောင်းမှာအပုပ်နံ့များပင်ရနေပြီဖြစ်၏။
“ဒီအိမ်ပိုင်ရှင်ကဘယ်သူလဲသီရိ…”
“အိမ်ပိုင်ရှင်က သစ္စာလမ်းထဲက
ဦးလေးကြီးတစ်ယောက်ပဲစီနီယာ…
တစ်နေ့ကတော့သူလည်းစခန်းကိုလာပါတယ်…
ထွေထွေထူးထူးမေးစရာမရှိတာနဲ့ပြန်လွှတ်လိုက်ပါတယ်”
“အင်း…ဘေးနားကခြံကိုရော
ဒီအိမ်အကြောင်းမေးပြီးပြီလား”
“ဘေးခြံကအဘိုးကြီးအဘွားကြီးလင်မယားပဲရှိတာစီနီယာ
အသက်ကြီးပြီဆိုတော့စကားပြောရတာနည်းနည်းတော့
အဆင်မပြေဘူး…ဒါပေမယ့်
သူတို့ဘာမှမသိဘူးလို့တော့ ဖြေကြပါတယ်”
“သေဆုံးသူရဲ့မိဘတွေကိုရောအကြောင်းကြားထားခဲ့လား”
“အလောင်းတွေ့တွေ့ခြင်းပဲ
စုံစမ်းပြီးအကြောင်းကြားထားပါတယ်…
ဒါပေမယ့်လေသီရိမသင်္ကါတာတစ်ခုရှိနေတယ်စီနီယာ…”
“အင်း…ဆက်ပြောလေသီရိ…ဘာကိုမသင်္ကါတာလဲ”
“ဟိုလေ…ကိုမြတ်မင်းမှာ အခုလိုကိုယ့်ကိုကိုယ်သတ်သေဖို့အထိစိတ်ညစ်စရာမရှိဘူးစီနီယာ…
ဘာလို့ဆိုငွေကြောင့်ဆိုရင်လည်းသူ့မိဘတွေက
နယ်မှာပိုက်ဆံရှိသူဌေးတွေပါ
နောက်ပြီးသူလိုသမျှကိုလည်းထောက်ပံ့ပေးနေကြသူတွေလေ…
ပြီးတော့အလုပ်မှာလည်းသူကလူချစ်လူခင်များတဲ့သူလို့သိရတယ်…အချစ်ရေးကျပြန်တော့လည်းအခုချိန်ထိ
သူ့မှာရည်းစားရှိတယ်လို့မကြားဖူးဘူးလို့ပြောကြပြန်တယ်
အဲ့သည်လိုလူတစ်ယောက်က ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတာအတော်ထူးဆန်းတာပဲနော်…”
သီရိပြောသမျှကိုလွန်းနီနီစိတ်ဝင်တစားနားထောင်ခဲ့သည်။
ပြီးလေမှ ခြေလှမ်းများကိုဘေးခြံဆီကိုဦးတည်၍
လျှောက်လာခဲ့ရာသီရိကလည်း
အနောက်မှအတူလိုက်လာခဲ့သည်။
“အဘွား….ကျွန်မတို့ဝင်လာပြီနော်…”
ခြံထဲ၌အပင်များကိုရေလောင်းနေသော
အသက်၇၀ ကျော်အရွယ်အဘွားအိုကို
လွန်းနီနီလှမ်းပြောလိုက်သည်။
လွန်းနီနီနှင့်သီရိတို့ခြံထဲဝင်လာကြတော့
အဘွားအိုမှရေလောင်းတာကိုဆက်မလုပ်တော့ဘဲ
လွန်းနီနီတို့ကိုကြည့်နေခဲ့သည်။
“ဘာကိစ္စများရှိကြလို့လဲကွဲ့”
ဟုသောအဘွားအို၏အမေးစကားကြောင့်လွန်းနီနီမှ…
“ကျွန်မတို့ကမိုင်းသာစခန်းကဒုရဲအုပ်တွေပါအဘွား…
အခုအဘွားတို့ဆီလာတာကလေ…
ဟိုဘက်အိမ်မှာလူတစ်ယောက်သေသွားတာကို
အဘွားသိတယ်မလား…
အဲ့တာအဲ့ဘက်အိမ်အကြောင်းလေးသိချင်လို့ပါ..
ပြောရရင်တော့အရင်နေခဲ့တဲ့
ပိုင်ရှင်တွေရဲ့အကြောင်းကိုလည်းသိချင်တာပါ”
ဟုပြောသောအခါအဘွားအိုမှတစ်ဖက်ခြံကို
လှမ်းကြည့်လိုက်သည်။
“အဲ့ဘက်ခြံအကြောင်းတော့အဘွားတို့ဘာမှမသိပါဘူးကွယ်…
အဘွားတို့ကအသက်ကြီးပြီလေ…
ကိုယ့်အိမ်၊ကိုယ့်ခြံကလွဲပြီးဘာမှစိတ်မဝင်စားပါဘူး
သမီးတို့ရယ်…”
ဟုပြောသောအဘွားအို၏စကားကြောင့်
လွန်းနီနီဆက်မေးဖို့ရန်မေးခွန်းမရှိတော့ပေ။
“ကဲပါ…သမီးတို့လည်းရောက်တုန်း…
အိမ်ထဲဝင်ထိုင်ကြပါဦး…အဘွားတို့ခြံထွက်
သရက်သီးလေးတွေလည်းကျွေးချင်သေးတယ်…
လာပါ…အိမ်ထဲဝင်ကြဦး”
အဘွားအိုကလွန်းနီနီတို့ကိုသူ၏အိမ်ထဲသို့ခေါ်သည်။
မငြင်းဆန်ချင်တာနှင့်လွန်းနီနီနှင့်သီရိလည်းအိမ်ထဲကိုအတူလိုက်လာကြ၏။
အဘိုးကြီးကဧည့်ခန်း၌ထိုင်ရင်းtv ကြည့်နေသည်ကို
သူမတို့တွေ့လိုက်ကြသည်။
“ဟော…ဧည့်သည်တွေလား”
“ဟုတ်ပ…ကိုဘစိုးရယ်…
ဟိုဘက်အိမ်ကအမှုကိုလာစုံစမ်းတာတဲ့…
အဲ့တာရောက်တုန်းသရက်သီးမှည့်လေးကျွေးချင်တာနဲ့
ကျုပ်ခေါ်လာခဲ့တာ”
“သြော်…အေး…အေး…ကောင်းတယ်
သမီးတို့ထိုင်ကြကွဲ့”
အဘိုးကြီးကမျက်နှာထားချိုသည်။
လွန်းနီနီတို့ကိုပြောပြီးသည်နှင့်
အဘွားကြီးမီးဖိုခန်းထဲဝင်သွားသည်။
အဘိုးကြီးကတော့tvမှသတင်းလာနေသည်ကို
အာရုံစိုက်ကြည့်နေခဲ့၏။
လွန်းနီနီနှင့်သီရိတို့ကတော့အိမ်အတွင်းကိုအကဲခတ်နေခဲ့သည်။
အဘိုးကြီး၊အဘွားကြီးတို့အိမ်ကပျဉ်ထောင်နှစ်ထပ်ဖြစ်ပြီး
အောက်ထပ်၌ဧည့်ခန်းအပြင်အခန်းတစ်ခုလည်းရှိသည်။
ပြီးလေမှမီးဖိုခန်းကလည်းသူ့အကန့်နဲ့သူတည်ဆောက်ထား၏။
ပစ္စည်းများ၊ဓာတ်ပုံများကိုလည်း
သပ်သပ်ရပ်ရပ်စီရီထားကြသည်။
ခဏကြာတော့အဘွားကြီးကသရက်သီးပန်းကန်လေးကိုင်ကာ
ပြန်ရောက်လာခဲ့သည်။
“သမီးတို့စားကြပါဦး…
ဒါအဘွားတို့ခြံထဲကပင်မှည့်လေးတွေအရမ်းချိုတာကွဲ့”
“ဟုတ်ကဲ့အဘွား”
လွန်းနီနီနှင့်သီရိတို့လည်းအားနာနာဖြင့်စားလိုက်ကြသည်။
ခဏမျှထိုင်နေကြပြီးနောက်…
“အဘွား… ကျွန်မတို့ပြန်ပါဦးမယ်ရှင့်…”
“ပြန်တော့မှာလား…ဟုတ်ပြီသမီးရေ…
နောက်လည်းလာဖြစ်ရင်ဝင်ခဲ့ကြနော်…”
“ဟုတ်ကဲ့ရှင့်…အဘိုး ကျွန်မတို့ပြန်ပါဦးမယ်”
“အေး…အေး…အေး…”
အဘွားကြီးတို့ကိုနှုတ်ဆက်ပြီးလွန်းနီနီနှင့်သီရိတို့
အိမ်ထဲမှထွက်လာခဲ့ကြသည်။
ကားရပ်ထားရာဆီထိလမ်းလျှောက်လာကြရင်း…
“သီရိ…”
“ရှင်…”
“ဒီအိမ်မှာအခုလိုလူသေမှုဖြစ်တာ…
ဒါပထမဆုံးပဲလား”
“သီရိတို့သတင်းရထားသလောက်ကတော့
ဒါပထမဦးဆုံးပဲစီနီယာ…
ဘာဖြစ်လို့လဲဟင်”
“ဒီလူ့ကိုမငှားခင်ကရော…
အရှေ့မှာဘယ်သူတွေငှားနေကြသေးလဲ”
“ဒီအိမ်ကပြင်ထားတာမကြာသေးဘူးလို့
ပြောတယ်စီနီယာ…
လူမနေတာတစ်နှစ်လောက်ကြာပြီးမှ
အိမ်ကိုပြန်ပြင်ဆောက်ပြီးငှားတာလို့ပြောတယ်…”
“ဒါဆိုရင်အရင်အိမ်ဟောင်းတုန်းကရော
ဘယ်သူတွေနေတာလဲ”
“အခုအိမ်ရှင်မိသားစုပဲနေပုံရတယ်စီနီယာ…”
“ဒါဆိုရင်တို့တွေအဲ့သည်အိမ်ကိုသွားကြတာပေါ့…”
“ဟုတ်ကဲ့”
လွန်းနီနီက ကားပေါ်ကိုအရင်ဦးဆုံးတက်လိုက်သည်။
သီရိကလည်းကားပေါ်တက်၍ အိမ်ပိုင်ရှင်တို့နေထိုင်ရာ
သစ္စာလမ်းဘက်ဆီသို့ကားလေးကို
ဦးတည်မောင်းလာခဲ့တော့၏။
ထိုအိမ်ပိုင်ရှင်၏နေအိမ်ကိုရောက်တော့
လွန်းနီနီကားပေါ်မှဆင်းလိုက်သည်။
ခြံကျယ်ကြီးနှင့်နှစ်ထပ်တိုက်ကြီးကို လွန်းနီနီရပ်ကြည့်နေစဉ်
သီရိကလူခေါ်ခေါင်းလောင်းကိုနှိပ့်လိုက်သည်။
ခဏကြာတော့ တံခါးလာဖွင့်ပေးသောအမျိုးသားမှာ…
“ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ”
“ဒီအိမ်ပိုင်ရှင် ဦးသော်တာနဲ့တွေ့ချင်လို့ပါ”
“သြော်…ဟုတ်ကဲ့…ဝင်ခဲ့ကြပါဗျ”
ခြံစောင့်ဟုထင်ရသောအမျိုးသားနှင့်
သီရိတို့စကားပြောကြခြင်းဖြစ်သည်။
ထိုသူကတံခါးဖွင့်ပေးပြီးသူမတို့ကို
ဧည့်ခန်းအထိလိုက်၍ပို့ပေးသည်။
“ခဏစောင့်ကြပါဦးနော်…
ဦးလေးကရေချိုးနေတုန်းမလို့ပါ…
ကျွန်တော်သွားပြောပေးထားပါ့မယ်”
“ဟုတ်ကဲ့”
အမျိုးသားထွက်သွားလေတော့ လွန်းနီနီနှင့်သီရိတို့လည်း
ဧည့်ခန်းရှိဆိုဖာခုံများ၌ထိုင်စောင့်နေခဲ့ကြသည်။
အိမ်ဧည့်ခန်း၌ချိတ်ဆွဲထားသောဓာတ်ပုံများကို
လွန်းနီနီကြည့်မိသည်။
ထိုထဲ၌ အိမ်ပိုင်ရှင်ဦးလေးကြီးတို့လင်မယားနှင့်သူတို့
ရဲ့သားဖြစ်ဟန်တူသူတို့၏မိသားစုဓာတ်ပုံကိုကြည့်မိသည်။
နောက်ထပ်ဓာတ်ပုံတစ်ခုကမင်္ဂလာဆောင်ပုံဖြစ်သည်။
ထိုပုံထဲကသတိုးသားမှာသူတို့၏သားဖြစ်သူဖြစ်ပြီး
သတိုးသမီးနှင့်ပြုံးရယ်နေသောဓာတ်ပုံလေးပင်။
“ဆရာမတို့စောင့်ရတာကြာသွားပြီထင်တယ်…”
ဦးသော်တာကဧည့်ခန်းသို့ရောက်လာသည်။
“ရပါတယ်အန်ကယ်…ကျွန်မတို့ကလည်း
သိချင်တာရှိလို့ရောက်လာကြတဲ့သူတွေပဲလေ…
ဒီလောက်တော့စောင့်နိုင်ပါတယ်”
“သြော်…ဟုတ်ကဲ့ဘာများထပ်သိချင်လို့လဲမသိဘူး…
ကျွန်တော်ဘက်ကပြောနိုင်တာဆိုရင်တော့
ပြောပြပေးပါ့မယ်”
“ဟုတ်ကဲ့…အခုလိုပူးပေါင်းဆောင်ရွက်ပေးတာ
ကျေးဇူးတင်ပါတယ်အန်ကယ်…
ကျွန်မသိချင်တာကသေဆုံးသူ ကိုမြတ်မင်းက
ဘယ်လိုလူမျိုးလဲဆိုတာရယ်…
ကိုမြတ်မင်းအပြင်အဲ့သည်အိမ်ကို
ငှားဖူးသူတွေရှိသလားဆိုတာကိုသိချင်ပါတယ်”
“အင်း…ပြောရမယ်ဆိုရင် ဒီကောင်လေးက
လူတော်လူအေးလေးလို့ပဲထင်ပါတယ်…
ကျွန်တော့်မျက်စိရှေ့မှာတော့စကားပြောတာဘာညာကအစ
ယဉ်ကျေးတဲ့လူငယ်တစ်ယောက်ပါ…
ဒါ့ကြောင့်လည်းကျုပ်အိမ်ကိုသူ့ဆီမှာယုံယုံကြည်ကြည်နဲ့ပဲ
ငှားပေးခဲ့တာပါ…”
“ဟုတ်ကဲ့…သူ့အရင်တခြားသူတွေကိုရော
ငှားဖူးသေးလားအန်ကယ်”
“အန်ကယ်တို့လည်းအိမ်ငှားဖူးတာဆိုလို့
သူတစ်ယောက်ပဲရှိတာပါ…
သားကတောင်အဲ့သည်အိမ်ကိုပြင်ပြီးရင်
ပြန်ရောင်းမယ်လို့ပြောနေတာ…ဒါကို
အန်ကယ်ကအိမ်ငှားတင်လိုက်လို့စိတ်ဆိုးနေသေးတယ်လေ…
အခုလိုကိစ္စကြီးဖြစ်သွားတော့အိမ်လည်းမရောင်းရဲ…
နောက်အငှားလည်းမတင်ရဲတော့ပါဘူးဆရာမရယ်…”
ဦးသော်တာပြောသမျှကိုလွန်းနီနီ သေချာနားထောင်နေသည်။
“ဒီအိမ်မှာရောအန်ကယ်တို့မိသားစုဝင်တွေပဲနေကြတာလား…
ဟို…ဒါကအမှုနဲ့မဆိုင်ပါဘူး…ဒီတိုင်းသိချင်လို့”
“ရပါတယ်ဗျာ…
ကျုပ်မိန်းမကမနှစ်ကမှဆုံးသွားတာပါ…
ဒီအိမ်မှာကျုပ်ရယ်ကျုပ်သားတို့လင်မယားရယ်ပဲ
အတူတူနေကြတာပါ…
စောစောကဆရာမတို့ကိုတံခါးလာဖွင့်ပေးတာက
ကျုပ်တူပါ…ရွာမှာမနေချင်ဘူးဆိုပြီး
ကျုပ်ဆီမှာလာနေရှာတာပါ…”
“ဟုတ်ကဲ့…အန်ကယ်…
အခုလိုသိလိုသမျှစိတ်ရှည်လက်ရှည်ပြောပြပေးတာကို
ကျေးဇူးတင်ပါတယ်ရှင်…
ကျွန်မတို့လည်းသိချင်တာသိရပြီမလို့
ပြန်လိုက်ပါဦးမယ်”
“ဟုတ်ကဲ့…”
ဦးသော်တာအိမ်ဆီမှလွန်းနီနီနှင့်သီရိတို့ပြန်လာခဲ့ကြတော့သည်။
********************************
ညကတဖြေးဖြေးနက်လာသည်။
လွန်းနီနီနှင့်သီရိတို့နေထိုင်သော တိုက်ခန်းလေးအတွင်း၌
တပ်ဆင်ထားသောမီးသီးမှာ
မှိတ်လိုက်လင်းလိုက်ဖြစ်လို့နေသည်။
သီရိကတော့ကုတင်ပေါ်၌အိပ်မောကျနေခဲ့ပြီး
လွန်းနီနီကတော့ ကွန်ပြူတာတစ်လုံးဖြင့်အလုပ်ရှုပ်နေခဲ့သည်။
ထိုသို့အခုအလုပ်များနေစဉ် မှိတ်လိုက်လင်းလိုက်ဖြစ်နေသော
မီးသီးကိုလွန်းနီနီစိုက်ကြည့်ရင်း…
“မီးသီးကဘာဖြစ်နေတာလဲ”
ဟုရေရွတ်လိုက်သည်။
ပြီးနောက်သူမ၏ကွန်ပြူတာဆီသို့သာ
အကြည့်ပြန်ရွေ့လိုက်၏။
“ရှက်…ရှက်…ရှက်…”
အလုပ်ကိုပြန်အာရုံစိုက်စဉ် မီးဖိုခန်းဆီမှ
ခြေသံကိုကြားလိုက်ရတော့ သီရိတရေးနိုးနေပြီအထင်နှင့်…
“သီရိ…ရေသောက်ရင်တို့အတွက်လည်း
တစ်ခွက်လောက်ခပ်ပေးပါဦး…”
ဟုအော်ပြောလိုက်သည်။
သို့သော်လည်းသီရိကပြန်မဖြေ၍ သူမအနောက်ကို
လှည့်ကြည့်လိုက်သည်။
ကုတင်ပေါ်၌စောင်လေးခြုံကာကွေးကွေးလေးအိပ်ပျော်နေသောသီရိကိုမြင်လိုက်တော့ သူမအထိတ်တလန့်ဖြင့်
မီးဖိုခန်းဆီကိုလှမ်းကြည့်မိသည်။
လင်းလိုက်…မှိတ်လိုက်ဖြစ်နေသော မီးသီးကြောင့်
ပို၍စိတ်ခြောက်ခြားစရာကောင်းနေခဲ့၏။
“ဘယ်သူလဲ…မီးဖိုခန်းထဲမှာဘယ်သူရှိနေတာလဲ”
ဟုပြောရင်း စားပွဲထဲ၌ထည့်ထားသော
သေနတ်ကိုယူလိုက်သည်။
သီရိကတော့အိပ်မောကျလျှက်ပင်။
လွန်းနီနီလည်းအိမ်အတွင်း၌သူခိုးရောက်နေသည်ဆိုသောအတွေးဖြင့် သူခိုးကိုဖမ်းဖို့ရန်အာရုံစိုက်နေမိသည်။
သေနတ်ဖြင့်ချိန်ထားရင်းမီးဖိုခန်းဆီကို
သူမတစ်လှမ်းခြင်းလှမ်းလာခဲ့၏။
မီးဖိုခန်းအတွင်းသို့ရောက်တော့ ထမင်းစား
စားပွဲအနီး၌သူမကိုကျောပေးလျှက်အနေအထားဖြင့်
မတ်တပ်ရပ်နေသော.ဆံပင်ဖားလျားချထားသည့်အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။
ထိုအမျိုးသမီး၏တစ်ကိုယ်လုံးကလည်း
ရေများစိုရွဲလို့နေသည်ကိုလွန်းနီနီသတိထားမိသည်။
ညသန်းခေါင်းကျော်အချိန်ကြီး၌သူမတို့တိုက်ခန်းအတွင်းသို့
မည်သို့ဝင်ရောက်လာမှန်းမသိသောအမျိုးသမီးကို…
“ဘယ်သူလဲ…ဒီအချိန်ကြီးဘယ်လိုဝင်လာတာလဲ….”
ဟု…မေးလိုက်သည်။
သူမအမေးကိုတစ်ဖက်မှပြန်မဖြေဘဲ
မတ်တပ်ကြီးသာရပ်နေခဲ့၏။
“မေးနေတာမကြားဘူးလား….
ဒီဘက်ကိုလှည့်လိုက်…ပြောတဲ့အတိုင်းမလုပ်ရင်
သေနတ်နဲ့ပစ်ရလိမ့်မယ်…”
ဟုလွန်းနီနီကပြောလိုက်သည်။
ထိုအခါမှကျောပေးထားသူသည်လှုပ်ရှားလာပြီး
သူမဘက်သို့လှည့်လာခဲ့၏။
သို့သော်ခေါင်းကြီးကိုငိုက်စိုက်လုပ်ထား၍ဆံပင်များကြောင့်
မျက်နှာကိုမမြင်ရပေ။
“မျက်နှာကိုမော့လေ…ပြောနေတာကြားလား”
ဟုထပ်မံကာပြောသောအခါ ဆတ်ခနဲမော့လာ၍
မြင်လိုက်ရသောအသွင်ကြောင့်လွန်းနီနီအထိတ်တလန့်ဖြင့်…
“ဟင်…ရှင်….ရှင်က…လူမဟုတ်ဖူး…”
ဟုပြောလိုက်သည်။
အမျိုးသမီး၏မျက်လုံးကြီးမှာနီရဲနေပြီး
မျက်နှာကြီးကလည်းပြုံးရယ်နေခဲ့၏။
ထိုသို့အသွင်ကြီးကိုလွန်းနီနီငေးကြည့်နေမိစဉ်
ဗြုန်းခနဲဆိုသလို သူမ၏အနီးသို့ရောက်ရှိလာသောကြောင့်
လွန်းနီနီရှောင်ချိန်ပင်မရလိုက် သူမ၏လည်ပင်းကို
ရှည်လျားသောလက်သည်းကြီးဖြင့်ကုပ်လိုက်လေရာ….
“အားးးးးးးး………”
ခနဲအော်ဟစ်သံသည်တိုက်ခန်းလေးအတွင်း
ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။
“စီနီယာ…စီနီယာ…”
“အင်…ဟင်း…….ဟင်….သီရိ”
ပုခုံးကိုအဆတ်မပြတ်ပုတ်နိုးမှုကြောင့်လွန်းနီနီ
မျက်လုံးဖွင့်လာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ခြင်း သီရိ၏မျက်နှာကိုမြင်လိုက်ရ၏။
“တစ်ညလုံး ဒီစားပွဲမှာပဲအိပ်ပျော်နေတာလား…”
သီရိအမေးကိုသူမ မဖြေနိုင်ဘဲ မှန်ဆီသို့အမြန်ထသွားသည်။
သီရိကတော့ဘာမှမမေးသေးဘဲလိုက်၍ကြည့်နေခဲ့၏။
မှန်ထဲကိုကြည့်တော့ သူမလည်ပင်း၏ဘယ်ဘက်အခြမ်း၌
လက်သည်းခြစ်ရာသုံးခုကိုမြင်လိုက်ရသည်။
ခြစ်ရာကသိပ်မနက်သော်လည်းလွန်းနီနီသေချာကြည့်နေမိသည်။
“လည်ပင်းကဘာဖြစ်တာလဲစီနီယာ”
သီရိကမေးသည်။
သို့သော်လွန်းနီနီပြန်မဖြေသေးဘဲ မီးဖိုခန်းဆီသွား၏။
သီရိကလည်းအနောက်မှအတူလိုက်လာခဲ့သည်။
“ဟောတော်…ရေတွေပါလား…
ဘယ်ကနေများရေတွေမှောက်ကျနေတာလဲမသိဘူး”
ဟုသောသီရိ၏အံ့သြသံကိုကြားလိုက်ရသည်။
လွန်းနီနီဘယ်လိုမှစဉ်းစားမရတော့၍
ထမင်းစားခန်းထဲရှိခုံ၌ထိုင်ချလိုက်ရ၏။
“စီနီယာ…ဘာတွေဖြစ်နေတာလဲ….
သီရိသိခွင့်ရှိရင်ပြောပြပါလားစီနီယာရယ်…
စီနီယာရဲ့ပုံစံကိုကြည့်ပြီးသီရိစိုးရိမ်လို့ပါ…”
ဟုသီရိကပြောတော့ လွန်းနီနီကသီရိဆီကိုလှမ်းကြည့်ပြီး…
“တို့ပြောပြပါ့မယ်သီရိရယ်…
ဒါပေမယ့်အန်တီလွင်ခရဲ့အိမ်ကိုအရင်သွားမှရမယ်…”
ဟုပြောပြီးခုံမှထ၍ မျက်နှာသစ်ကာ
အဝတ်အစားများကိုလဲလိုက်သည်။
သီရိကလည်း သူမကိုမမှီမှာဆိုး၍
ခပ်မြန်မြန်အဝတ်အစားလဲရှာ၏။
အဝတ်အစားများလဲပြီးပြီးချင်းပင်
ကားသော့ကိုကောက်ယူကာ ဒေါ်လွင်ခ၏အိမ်ဆီကို
ထွက်လာခဲ့ကြတော့သည်။

လွန်းနီနီနှင့်သီရိတို့ဒေါ်လွင်ခ၏အိမ်သို့
ရောက်ရှိလာကြသည်။
“တင်း တောင်…”
လူခေါ်ခေါင်းလောင်းကိုသီရိကနှိပ်လိုက်သည်။
အိမ်အကူမလေးကတံခါးလာဖွင့်ပေးပြီးသူမတို့ကိုကြည့်၍…
“သြော်…မမတို့ပါလား…ဝင်ကြပါရှင့်
ဆရာမကြီးက ဧည့်သည်နဲ့တွေ့နေလို့
ခဏတော့စောင့်ပေးရမယ်နော်မမ”
ဟုပြောလေသည်။
လွန်းနီနီကခေါင်းတစ်ချက်ညိတ်၍…
“ရပါတယ်ညီမလေး…ဒါဆိုရင်အစ်မတို့
ခြံထဲကခုံမှာပဲထိုင်စောင့်လိုက်မယ်နော်”
“ဟုတ်ကဲ့…အအေးနဲ့အပူဘာများသုံးဆောင်မလဲရှင့်”
“ရပါတယ်..အစ်မတို့အတွက်ဘာမှမလုပ်နဲ့တော့”
“ဟုတ်ကဲ့…ဒါဆိုရင်ခဏထိုင်စောင့်ပေးကြပါဦးနော်”
ဟုပြောကာ အိမ်အကူမလေးက အိမ်ထဲဝင်သွားသည်။
လွန်းနီနီနှင့်သီရိကခြံထဲ၌ အပန်းဖြေထိုင်ဖို့ရန်
ပြုလုပ်ထားသောခုံတန်းစားပွဲလေး၌ထိုင်နေခဲ့ကြ၏။
နာရီဝက်မျှကြာတော့ ဒေါ်လွင်ခနှင့်အတူ
အမျိုးသမီးကြီးတစ်ဦးတို့အိမ်ထဲမှထွက်လာကြသည်။
“ဒါဆိုရင်ကျွန်မပြန်လိုက်ပါဦးမယ်ဆရာမ”
“ကောင်းပါပြီရှင်…”
ဒေါ်လွင်ခကိုနှုတ်ဆက်၍အမျိူးသမီးကြီးပြန်သွားတော့သည်။
ဒေါ်လွင်ခကလွန်းနီနီတို့ထိုင်နေသောနေရာဆီကို
မျက်နှာပြုံးပြုံးရွှင်ရွှင်ဖြင့်ရောက်လာခဲ့ပြီး…
“လွန်းလေးတို့ရောက်နေတာပဲ…
အန်တီဆီကိုဘာအရေးတကြီးကိစ္စရှိလို့များ
ရောက်လာကြတာလဲ…ပြောပါဦး”
“အိမ်ထဲရောက်မှပြောရအောင်အန်တီ…”
“ကောင်းပါပြီရှင်…ဒါဆိုရင်လည်း…
လာလေကွယ်…အိမ်ထဲကိုသွားကြရအောင်”
ဒေါ်လွင်ခက လွန်းနီနီနှင့်သီရိတို့၏လက်ကိုတွဲထားပြီးမှ
အိမ်ထဲသို့ခေါ်သွားလေသည်။
လွန်းနီနီနှင့်သီရိကို ဒေါ်လွင်ခကအလွန်ချစ်ရှာသည်။
ဆွေမျိုးသားချင်းဟူ၍မရှိဘဲ
တစ်ကိုယ်တည်းရပ်တည်နေသော ဒေါ်လွင်ခသည်
ပယောဂကုသည့်ဆရာမတစ်ဦးဖြစ်သည့်အလျှောက်
ဝင်ငွေလည်းကောင်း၏။
ဒါကြောင့်လည်း ခြံဝန်းကျယ်ကြီး၌ခန်းနားသောတိုက်ကြီးတစ်လုံးကိုဆောက်လုပ်ကာနေထိုင်နေခြင်းဖြစ်သည်။
ဒေါ်လွင်ခ၏ဧည့်ခန်းဆီကိုရောက်တော့လွန်းနီနီက…
“အန်တီ…ဒီဒဏ်ရာကိုတစ်ချက်ကြည့်ပါဦး…”
ဟုပြောကာ သူ၏လည်ပင်းမှကုပ်ရာများကိုပြလေသည်။
ဒေါ်လွင်ခကလည်းကုပ်ရာများကိုသူ၏လက်ဖြင့်ထိ၍
သေချာကြည့်သည်။
ပြီးနောက်…
“ဒီဒဏ်ရာကဘယ်လိုရတာလဲလွန်းလေး…”
ဟုဒေါ်လွင်ခကမေးသောအခါ လွန်းနီနီမှ
သူ၏အဖြစ်အပျက်အစုံကိုဒေါ်လွင်ခကိုပြောပြတော့သည်။
အကြောင်းစုံမသိသေးသောသီရိကလည်း
လွန်းနီနီပြောသမျှကိုနားထောင်ရင်းအံ့သြနေရှာသည်။
အကြောင်းစုံကိုသိသွားတော့ ဒေါ်လွင်ခမှ…
“အင်း…ဒါဆိုရင်တော့အန်တီသေချာစစ်ကြည့်ပေးပါ့မယ်…
သမီးဒဏ်ရာကြည့်ရတာလည်း
သရဲကုပ်ထားတာလို့ပဲအန်တီခံစားမိတယ်…
သြော်…
ဒါနဲ့မနက်စာကောစားပြီးကြပြီလား”
“ဟင့်အင်းမစားရသေးဘူးအန်တီ”
ဟုသီရိမှဦးစွာဖြေလိုက်၏။
“ဟော…ကြည့်ပါဦး…ဒီကလေးတွေကတော့…
မိတိုးရေ…ကော်ဖီနဲ့မုန့်လေးအရင်ယူလာပေးပါဦး”
“ဟုတ်ကဲ့”
“ကဲ…လာ…အခန်းထဲသွားကြစို့”
ဒေါ်လွင်ခကသူ၏အလုပ်ခန်းဆီကိုခေါ်သွားသည်။
အလုပ်ခန်းဟုဆိုရအောင်လည်း ဆိုဖာခုံနှစ်ခုံနှင့်စားပွဲတစ်လုံးသာရှိသော အခန်းကျယ်တစ်ခုသာဖြစ်၏။
အခန်းထဲ၌ ပုံသဏ္ဍန်အမျိုးမျိုးရှိသည့်
ဓားများ…၊ ကြိုးများကိုလည်းချိတ်ဆွဲထားသေးသည်။
ဒါ့အပြင်နံရံကပ်ဗီဒိုကြီးတစ်လုံးလည်းရှိနေ၏။
“ကဲ…ထိုင်ကြဦး…အန်တီအသင့်ပြင်ထားဦးမယ်”
ဒေါ်လွင်ခက သူ၏ပစ္စည်းများထားရာ
ဗီဒိုကြီးဆီကိုသွားသည်။
ထိုထဲမှဖယောင်းတိုင်ရှည်ကြီးတစ်တိုင်နှင့်
မြေဖြူတစ်ချောင်းအပြင်ရေမန်းပုလင်းလေးတစ်လုံးကို
လည်းထုတ်ယူလိုက်လေသည်။
“ကော်ဖီနဲ့မုန့်ရပြီရှင့်”
“ဟုတ်…ဒီကိုပေးနော်….”
သီရိက အိမ်အကူမလေးဆီမှ ကော်ဖီနဲ့မုန့်များ
ထည့်ထားရာဗန်းလေးကိုလက်လွှဲယူလိုက်သည်။
အိမ်အကူမလေးကလည်းချက်ချင်းပြန်ထွက်သွား၏။
“သမီး…ရပြီလာတော့နော်…”
ဒေါ်လွင်ခကကြမ်းပြင်ပေါ်၌ မြေဖြူဖြင့်
ကြယ်ပုံသဏ္ဍန်ရေးဆွဲထားသည်။
ဒါ့အပြင် ဖယောင်းတိုင်ကိုလည်းမီးထွန်း၍ထားသည်။
သေချာပြင်ဆင်ပြီးလေမှလွန်းနီနီကိုလှမ်းခေါ်ခြင်းဖြစ်၏။
လွန်းနီနီဆိုဖာခုံမှထ၍ထွက်လာသည်။
သီရိကတော့ဗိုက်ဆာနေဟန်ဖြင့်ကော်ဖီနဲ့ကိတ်မုန့်များကို
စားနေခဲ့ပြီးမျက်လုံးသည်ကလွန်းနီနီတို့ထံ
အာရုံစိုက်ကာကြည့်နေခဲ့သည်။
“လွန်းလေး….တင်ပုလ္လင်ခွေထိုင်ချလိုက်နော်…”
ဖယောင်းတိုင်ကိုကြားခံထားပြီး လွန်းနီနီနှင့်ဒေါ်လွင်ခတို့
မျက်နှာခြင်းဆိုင်ထိုင်လိုက်ကြသည်။
“အန်တီက…ပြီးပြီမပြောမချင်း
သမီးဘက်ကဘာစကားမှမပြောနဲ့နော်…”
လွန်းနီနီခေါင်းညိတ်ပြလိုက်သည်။
“ကဲ…မျက်လုံးကိုမှိတ်ထား”
ဒေါ်လွင်ခကလွန်းနီနီ၏ဘယ်ဘက်လက်ဖဝါးကို
သူ၏လက်ဖဝါးနှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပြီးလေမှ
လွန်းနီနီကိုမျက်လုံးမှိတ်ခိုင်းသည်။
သူကိုယ်တိုင်လည်းမျက်လုံးကိုမှိတ်လိုက်ပြီးနောက်
ကျယ်လောင်သောအသံဖြင့်ဂါထာများကိုရွတ်ဆိုတော့၏။
ဂါထာရွတ်ဆိုပြီးနောက်မည်သည့်အသံမှ
ဆက်ထွက်မလာတော့ဘဲအခန်းတစ်ခုလုံး
တိတ်ဆိတ်သွားသည်။
သီရိကတော့စားလက်စမုန့်နှင့်ကော်ဖီခွက်ကိုပင်
ဆက်မသောက်နိုင်တော့ဘဲ စားပွဲပေါ်ပြန်တင်လိုက်၏။
သူမလည်းရင်တထိတ်ထိတ်ဖြစ်လို့နေခဲ့သည်။
ကြည့်နေစဉ်မှာ ဒေါ်လွင်ခ၏ကိုယ်မှာ
နတ်ပူးနေသူတစ်ယောက်အလားတုန်ရီလို့လာလေသည်။
ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်းတစ်ကိုယ်လုံးတုန်ရီနေသော
ဒေါ်လွင်ခကိုကြည့်ရင်းသီရိကြောက်လန့်လာသည်။
လွန်းနီနီကတော့မျက်စိမှိတ်လျက် ငြိမ်သက်လို့်နေခဲ့သည်။
ထိုစဉ်ဒေါ်လွင်ခ၏မျက်လုံးများပွင့်လာခဲ့ပြီး
“ဟင်းးး……ဟူးး…….” ခနဲ လေပူများကို
မှုတ်ထုတ်လိုက်သည်။
“လွန်းလေး…မျက်စိဖွင့်လို့ရပြီ…”
ဒေါ်လွင်ခစကားကြောင့်လွန်းနီနီမျက်လုံးများဖွင့်လိုက်သည်။
နဖူးများချွေးများကိုလက်ဖြင့်သုပ်နေသောဒေါ်လွင်ခကို…
“အန်တီ…ဘာများထူးခြားလို့လဲ”
ဟု…လွန်းနီနီမှမေးလိုက်သည်။
ဒေါ်လွင်ခက ထိုင်နေရာမှထရပ်လိုက်ပြီး
ဆိုဖာပေါ်၌သွားထိုင်သည်။
အဲ့သည်နောက်…
စားပွဲပေါ်ရှိရေဘူးကိုယူကာမော့၍သောက်လိုက်ပြန်သည်။
ရေသောက်လို့ပြီးလေမှ…
“အငြိုးတွေအတော်ကြီးနေတဲ့သူပဲ…”
“ဘာကိုပြောတာလဲအန်တီ”
“မိန်းကလေး…အဲ့မိန်းကလေးမှာ
အငြိုးတွေရှိနေတယ်လွန်းလေး…”
“အန်တီဘာတွေသိခဲ့သေးလဲ”
လွန်းနီနီအမေးကို ဒေါ်လွင်ခခေါင်းခါသည်။
“သူ့ကိစ္စမှာဝင်ပါတဲ့သူတိုင်းကိုသူသတ်မယ်လို့ပြောတယ်…
သူ့မှာအငြိုးတွေရှိတယ်လွန်းလေး…
သူရဲ့မှတ်တိုင်ကိုမရောက်မခြင်းဒီအငြိုးတွေက
မဆိုင်တဲ့သူတွေကိုပါသတ်ပစ်နိုင်တယ်”
“သူကဘယ်သူလဲ…သူ့ကိုကျွန်မ မသိဘဲနဲ့
သူဘယ်ကပေါ်လာတာလဲအန်တီ…”
“ဆက်စပ်နေတယ်…ဆက်စပ်နေလို့
လွန်းလေးဆီရောက်လာတာပဲ…
ဒီဝိညာဉ်ဆိုးနဲ့ပတ်သတ်နေတဲ့နေရာကိုလွန်းလေးသွားခဲ့လို့…
ဒါကြောင့်မလို့လည်းသူလွန်းလေးကိုလာပြီး
ချိန်းခြောက်သွားတာပေါ့…”
“ရှင်…ချိန်းခြောက်တယ်…ဘယ်လိုများ”
လွန်းနီနီစကားဆက်ပြောဖို့ကြံနေစဉ် ဒေါ်လွင်ခက
လွန်းနီနီ၏လည်ပင်းကိုလက်ညိုးထိုးပြသည်။
လွန်းနီနီလည်းလည်ပင်းမှကုပ်ရာကိုလက်ဖြင့်စမ်း၍…
“အဲ့တာဆို…ကျွန်မဘာဆက်လုပ်ရမလဲအန်တီ”
“အန်တီတို့အဖြေထပ်ရှာရတော့မယ်…
ဝိညာဉ်ဆိုးအကြောင်းသိဖို့လည်းလိုတယ်…
ဒီဝိညာဉ်ဆိုးက သမီးနဲ့ဘယ်လိုပတ်သတ်နေသလဲ
ဆိုတာကစပြီး…သိဖို့ကြိုးစားရမယ်…
နေ…နေဦး…အစောကအန်တီမြင်လိုက်တယ်…
သူနဲ့အန်တီနဲ့ခြံဝန်းတစ်ခုထဲမှာစကားပြောနေတာ…
တစ်ထပ်တိုက်လေးပဲ…အင်း ဟုတ်တယ်
အဲ့သည်တစ်ထပ်တိုက်လေးကိုအန်တီမှတ်မိပြီ…”
“တစ်ထပ်တိုက်လေး…ဟုတ်လားအန်တီ”
ဒေါ်လွင်ခက ခေါင်းညိတ်သည်။
လွန်းနီနီနှင့်သီရိတို့လည်းအံ့သြဟန်ဖြင့်
အချင်းချင်းကြည့်မိကြသည်။
သီရိမှ…
“တစ်ထပ်တိုက်ဆိုရင်…တစ်နေ့ကကိုယ့်ကိုကိုယ်သတ်သေ
တဲ့အိမ်များဖြစ်နေမလား”
ဟုပြောတော့လွန်းနီနီက…
“အန်တီကိုလိုက်ပြရင်တော့…ဟုတ်…မဟုတ်သိရမှာပဲ…
ခက်တာကအန်တီအားပါ့မလား”
“အားပါတယ်လွန်းလေးရယ်…
ဒီလောက်လွန်းလေးအတွက်အရေးကြီးနေတာကို
အန်တီကတခြားအလုပ်တွေဦးစားပေးနေပါ့မလား”
“ဒီလိုပြောလို့ကျေးဇူးတင်ပါတယ်အန်တီ…
ဖြစ်နိုင်ရင်အခုပဲသွားချင်မိတယ်”
“ဒါဆိုရင်လည်းသွားကြတာပေါ့…
ခဏတော့စောင့်နော်…အန်တီအဝတ်အစားလဲလိုက်ဦးမယ်”
“ဟုတ်ကဲ့အန်တီ…”
ဒေါ်လွင်ခကအဝတ်အစားလဲဖို့ရန်အတွက်
အခန်းထဲမှထွက်သွားသည်။
လွန်းနီနီနှင့်သီရိကတော့ကော်ဖီသောက်ရင်းဒေါ်လွင်ခကို
စောင့်နေကြလေသည်။
“စီနီယာ…တကယ်လို့သာအဲ့အိမ်ဆိုတာသေချာခဲ့ရင်
သီရိတို့ဘက်ကဘာဆက်လုပ်ကြရမှာလဲဟင်…”
“အင်း…အဲ့သည်အိမ်မှာဝိညာဉ်ဆိုးရှိနေတာအမှန်ဆိုရင်တော့
ကိုမြတ်မင်းသေတာဘာကြောင့်လဲဆိုတာ
သေချာအဖြေရှာရမှာပေါ့…”
“ဟူးးးး….သီရိတော့မျက်ခုံးတွေခပ်လှုပ်လှုပ်ပါပဲ”
“ကဲ…လွန်းလေးတို့သွားကြစို့”
ဒေါ်လွင်ခရောက်လာတော့စကားစပြတ်သွားကြသည်။
ထို့နောက်သူမတို့လည်းဒေါ်လွင်ခနှင့်အတူအခန်းထဲမှ
ထွက်လာကြပြီး ကားဆီကိုသွားကြတော့သည်။
ကားဆီကိုရောက်တော့သီရိက ကားမောင်းသူနေရာ၌ထိုင်ကာ
သွားမည့်နေရာသို့လိုက်ပို့ပေးတော့၏။
တိုက်အိမ်လေးဆီသို့သူမတို့ရောက်လာကြတော့…
“အန်တီ…ဒီအိမ်ပဲ…”
လွန်းနီနီက ဒေါ်လွင်ခကိုကားတံခါးဖွင့်ပေးရင်း
ပြောလိုက်သည်။
ဒေါ်လွင်ခကလည်း ကားပေါ်မှဆင်းလာပြီးအိမ်ကို
သေချာကြည့်၏။
“မှန်နေတာပဲ…”
ဒေါ်လွင်ခစကားကြောင့်လွန်းနီနီနှင့်သီရိက
ဒေါ်လွင်ခကိုကြည့်နေကြသည်။
ဒေါ်လွင်ခကဆက်ပြီး…
“အန်တီမြင်လိုက်တဲ့အိမ်ကဒီအိမ်ပဲသမီး…”
ဟုပြောတော့…
“ရှင်…”
“ဟင်…” ဟုသောအသံများကလွန်းနီနီနှင့်သီရိတို့ထံမှ
ထွက်ပေါ်လာခဲ့သည်။
“ဒီအိမ်ကိုသေချာကြည့်တော့လည်း
မကောင်းတဲ့အငွေ့အသက်တွေရနေတယ်….
ဟုတ်နေပါပြီ…သမီးကိုကုပ်တဲ့ဝိညာဉ်ဆိုးကဒီမှာရှိနေတယ်”
“ဒါဆိုဘာဆက်လုပ်ရမလဲအန်တီ”
“အသေချာတော့အန်တီဘက်ကမပြောနိုင်သေးဘူး…
ဖြစ်နိုင်ရင်ပေါ့လေ…ဖြစ်နိုင်မှနော်သမီး…
ဒီည…အန်တီတို့ ဒီအိမ်မှာအစီအရင်လုပ်ပြီး
ရင်ဆိုင်ကြရင်တော့သမီးလိုချင်တဲ့အဖြေကို
ရလောက်မယ်လို့ အန်တီထင်တယ်…”
ဟုပြောသောဒေါ်လွင်ခ၏စကားကြောင့်
လွန်းနီနီစဉ်းစားနေရသည်။
လွန်းနီနီစဉ်းစားနေစဉ် သီရိမှ…
“ဟိုလေ…သီရိတစ်ခုပြောမယ်နော်စီနီယာ…
ဒီအိမ်သော့ကအခုထိစခန်းမှာရှိသေးတယ်
လူသေမှုဖြစ်ထားတာဆိုတော့ လိုအပ်တာဝင်စုံစမ်းဖို့
သော့ကယူထားတာ အခုထိတော့
ပြန်မပေးရသေးဘူးထင်တယ်”
ဟုပြောလိုက်သောအခါ လွန်းနီနီမှခေါင်းတစ်ချက်ညိတ်၍…
“ဒါဆိုရင်လည်း ကျွန်မတို့
ဒီညအစီအစဉ်စကြတာပေါ့အန်တီ…အန်တီကိုတော့
အားလည်းနာမိသလို…အားလည်းကိုးပါတယ်
ကျွန်မတို့ကိုကူညီပေးပါဦးနော်…”
“ပြောနေစရာလားကွယ်…”
ဒေါ်လွင်ခကပြုံး၍ လွန်းနီနီကိုပြောလိုက်တော့သည်။
ထိုသို့ဖြင့်သူမတို့လည်း ကားဖြင့်ပြန်လာခဲ့ကြသည်။
ဒေါ်လွင်ခကိုအိမ်ပြန်ပို့ပြီးသည်နှင့်သူမတို့လည်စခန်းကို
တန်းသွားကြရသည်။
ညကျမှ ထိုတိုက်အိမ်လေးကိုပြန်သွားကြမည်ဖြစ်တာကြောင့်
တစ်နေ့တာလုပ်စရာရှိသည်များကိုလုပ်ဆောင်ရင်း
စခန်း၌သာအချိန်ကုန်ခဲ့ကြ၏။
**********************************
အချိန်အားဖြင့်ည၉နာရီမျှရှိလေပြီ။
လွန်းနီနီနှင့်သီရိက ဒေါ်လွင်ခ၏အိမ်၌
ရောက်နေကြပြီဖြစ်သည်။
သူမတို့နှစ်ယောက်လုံးယူနီဖောင်းများ
ဝတ်ဆင်ထားခြင်းမရှိတော့ဘဲ ပေါ့ပေါ့ပါးပါး
တီရှက်အင်္ကျီနှင့်ဂျင်းဘောင်းဘီရှည်များကိုသာ
ဝတ်ဆင်လို့ထားကြသည်။
ဒေါ်လွင်ခအိမ်ရဲ့ဧည့်ခန်း၌ထိုင်ကာစကားပြောကြရင်း
ညဆယ်နာရီမျှအချိန်ရောက်တော့…
“ကဲ…သွားကြစို့သမီးတို့…ဟိုရောက်ရင်တော့
ပြင်ဆင်စရာရှိတာပြင်တာနဲ့၁၂နာရီရောက်သွားမှာပါ…”
“ဟုတ်ကဲ့အန်တီ…”
သူမတို့လည်း တိုက်အိမ်လေးရှိရာရပ်ကွက်ဆီကို
ကားလေးမောင်း၍ထွက်လာခဲ့ကြသည်။
တိုက်အိမ်လေးသို့ရောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်ကာနေ၏။
သီရိကခြံတံခါးသော့ကိုဖွင့်ပြီးလွန်းနီနီကတော့
ဓာတ်မီးလေးကိုကိုင်၍အလင်းပြပေးရှာသည်။
တိုက်အိမ်လေးထဲသို့သူမတို့သုံးယောက်လုံး
ဝင်ရောက်လာကြပြီးမီးခလုတ်ကိုဖွင့်လိုက်လေမှ
တစ်အိမ်လုံးကိုရှင်းရှင်းလင်းလင်းမြင်ရတော့သည်။
“အခန်းတွေတော့များသားနော်…အပြင်ကကြည့်တော့
အိမ်ကကျဉ်းမယ်ထင်နေတာ…”
ဟုဒေါ်လွင်ခကပြောလိုက်သည်။
ကြမ်းပြင်၌ဖုန်များ၊အမှိုက်များဖြင့်ရှုပ်ပွနေသည်။
ဒါ့အပြင်ဧည့်ခန်းရှိရာနေရာ၏အပေါ်ထုတ်တန်း၌
ကြိုးတစ်ချောင်းကတွဲလဲကျလို့နေရာ…
“စီနီယာ…ဟို…ဟိုကြိုးကိုအခုထိ
ဖယ်မသွားကြဘူးထင်တယ်…”
ဟုလက်ညိုးထိုးကာပြောလိုက်သည်။
ထိုကြိုးက မြတ်မင်းကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့သော
ကြိုးပင်ဖြစ်၏။
“ကဲ…လွန်းလေး…အန်တီတို့ဒီနေရာကအမှိုက်တွေ
ဖုန်တွေကိုဟိုထောင့်ကိုပို့ရမယ်…
နေရာကျယ်အောင်လို့ခုံတွေကိုလည်းနေရာရွေ့ရဦးမယ်”
“ဟုတ်ကဲ့အန်တီ…”
လွန်းနီနီနှင့်သီရိတို့လည်း တံမြတ်စည်းရှာ၍
ဧည့်ခန်းကအမှိုက်များကိုအခန်းထောင့်ဆီကိုသွားစုလိုက်သည်။
ပြီးလေတော့ ခုံများကိုနေရရွေ့လိုက်သောအခါ
ဧည့်ခန်းနေရာက အတော်လေးကျယ်သွားသည်။
“ကဲ…ဒါဆိုရင်ရပြီ…
အချိန်ကလည်းဆယ့်နှစ်နာရီထိုးဖို့ငါးမိနစ်ပဲလိုတော့တယ်…
အန်တီတို့စကြတာပေါ့…သမီးသီရိက အိမ်တံခါးကိုဖွင့်ထားလိုက်တော့…”
“ရှင်…အိမ်တံခါးကဖွင့်မှရမှာလားအန်တီ”
“ဒါပေါ့သမီးရဲ့…”
“ဟုတ်…ဟုတ်ကဲ့”
သီရိက အိမ်တံခါးကိုသွားဖွင့်ထားလိုက်သည်။
ထိုအချိန်ဒေါ်လွင်ခက ဖယောင်းတိုင်မီးကိုထွန်းထားလေပြီ။
ဒေါ်လွင်ခကသူမအရှေ့၌ဖယောင်းတိုင်တစ်တိုင်ကို
မီးထွန်း၍လက်၌ကိုင်ထားလေသည်။
“သမီးတို့နှစ်ယောက်လုံးစိတ်ကိုငြိမ်ငြိမ်ထားကြနော်…
ဘာတွေပဲဖြစ်လာဖြစ်လာအန်တီရှိတယ်…”
“ဟုတ်ကဲ့အန်တီ…”
လွန်းနီနီနှင့်သီရိတို့ကအိမ်တံခါးနှင့်မျက်နှာခြင်းဆိုင်အခန်းထောင့်လေး၌မတ်တပ်ရပ်နေကြသလို ဒေါ်လွင်ခကလည်း
အိမ်တံခါးကိုမျက်နှာမူပြီးမတ်တပ်အနေအထားနေ၏။
အချိန်ကလည်းည၁၂နာရီတိတိဖြစ်နေပြီမလို့…
“ဒီအိမ်…ဒီခြံအတွင်းမှာရှိနေတဲ့ဝိညာဉ်…
သင့်ကိုကျွန်ူပ်၏ရှေ့မှောက်သို့အရောက်ခေါ်သည်…
သင်ကြားရာအရပ်မှအရောက်လာစေ……
ဆရာသခင်တို့၏အာဏာစက်နဲ့
ကျွန်ူပ်၏အမိန့်ကို သင်ကြားစေ…”
ဟူသောဒေါ်လွင်ခ၏အသံကအိမ်အတွင်း၌
ဟိန်း၍ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုမီးများကာမှိတ်လိုက်၊လင်းလိုက်
ဖြစ်လာသည်။
“ဟင်…ဟို…ဟိုမှာ…”
သီရိကအထိတ်လန့်ဖြင့်ပြတင်းပေါက်ကို
လက်ညိုးထိုးပြသည်။
ပြတင်းပေါက်မှမြင်ရသည်က
ခြံထဲ၌ဆံပင်ဖျားလျားချထားသည့်အမျိုးသမီးတစ်ဦးက
တရွေ့ရွေ့လမ်းလျှောက်လာနေခဲ့သည်။
ဆံပင်ကိုဖျားလျားချထားသော အမျိုးသမီးသည်
အိမ်ထဲသို့ဝင်လာခဲ့၏။
မီးများကလည်းလင်းလိုက်၊မှိတ်လိုက်ဖြစ်နေခြင်းကြောင့်
အတော်ခြောက်ခြားစရာကောင်းနေသည်။
“သင်ဘယ်သူလဲ…”
ဟုဒေါ်လွင်ခကမေးသည်။
သို့သော်ပြန်မဖြေဘဲ ခေါင်းကိုမော့လိုက်၍ဆံပင်များကြားမှ
မျက်လုံးနီကြီးကိုအားလုံးမြင်လိုက်ကြရသည်။
သီရိကကြောက်၍လွန်းနီနီဘေးကိုအတင်းကပ်နေသည်။
လွန်းနီနီ၏လက်မောင်းကိုဖက်တွယ်ထားပြီး
အသားများပင်တဆတ်ဆတ်တုန်ရီလို့နေရှာ၏။
“သင်ဘယ်သူလဲ…သင်နဲ့ဒီအိမ်ကဘယ်လိုပတ်သတ်နေတာလဲ”
ဟုဒေါ်လွင်ခကအမျိုးသမီးကိုလက်ညိုးထိုး၍
ထပ်မေးသည်။
“ငါ့နာမည်ကယုမွန်…….”
“အမယ်လေး……..”
ယုမွန်ဟုပြောပြီးသည်နှင့်ချက်ချင်းပင်
လွန်းနီနီထံဝင်ရောက်ပူးကပ်သွား၏။
သီရိမှာကြောက်အားလန့်အားဖြင့်လွန်းနီနီဘေးမှ
ထွက်ပြေးရသည်။
ဒေါ်လွင်ခ၏အနောက်သို့သွားပုန်းနေပြီးဒေါ်လွင်ခကတော့
လွန်းနီနီကိုစိုးရိမ်တကြီးဖြင့်ကြည့်နေခဲ့သည်။
လွန်းနီနီကခေါင်းကြီးငေါက်စိုက်ကျပြီး
ငြိမ်သက်လို့နေလေသည်။
*******************************
ယုမွန်…အသက်အားဖြင့်နှစ်ဆယ်ကျော်အရွယ်လေး
ဖျတ်ဖျတ်လတ်လတ်ဖြင့်အလွန်နှစ်လိုဖွယ်ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်လို့ထားသည်။
ရုပ်သွင်လေးကလည်းချစ်စရာလေးမလို့
ယုမွန်ဆိုသောမိန်းကလေးကို ယောကျာ်းသားများက
အပြိုင်ပိုးပန်းနေကြ၏။
ဆံပင်မှာ ကျောလယ်လောက်ထိရှည်လျားပြီး
ပေါင်ပေါ်စကတ်တို နှင့်ချက်ပေါ် အင်္ကျီလေးကိုဝတ်ဆင်သော
ယုမွန်သည် Sky ဘား၌ ထင်ပေါ်လှသူဖြစ်သည်။
ဘား၌ဝိတ်တာလုပ်သော ယုမွန်ကို ချဉ်းကပ်သူများထဲ၌
ဦးမြင့်မိုရ်ဦးဆိုသည့် အသက်ငါးဆယ်ကျော်
သူဌေးကြီးတစ်ဦးလည်းပါဝင်ပေသည်။
“ယု…”
“ရှင် ကိုနောင်…”
“ယုကို ကိုပြောမလို့ ”
“ပြောစရာရှိတာများ ပြောလေကိုနောင်ရယ်”
ယုမွန်နှင့်နောင်နောင်တို့ ချိန်းတွေ့နေကြခြင်းပင်။
နောင်နောင်ဆိုတာကလည်း Sky ဘားမှဝိတ်တာတစ်ဦးဖြစ်သည်။
ရုပ်ရည်သန့်ပြန့်သော နောင်နောင်နှင့်အချောလေးယုမွန်တို့
တွဲနေကြခြင်းကိုမည်သူမှမသိပေ။
“ယုကိုလိုက်နေတဲ့သူဌေးကြီးဦးမြင့်မိုရ်ဦးကိုသိတယ်မလား”
“ဘာများလဲလို့ ကိုနောင်ရယ်…
ယုသိတာပေါ့”
“အင်းသိရင်အစ်ကိုဆက်ပြောမယ်…
အဲ့သည်ဘဲကြီးကရေတအားလျှံတာနော်…
ယု အဲ့သည်ဘဲကြီးကိုမျက်စိမကျဘူးလား”
“ဟင်…ကိုနောင့်စကားကြီးကလည်း…
သူ့ဘာသာရေလျှံတာယုကဘာလုပ်ရမှာလဲ…
ယုကအချစ်ကိုပဲတန်ဖိုးထားတာ …ယုချစ်တဲ့သူနဲ့ပဲ
ယုကပတ်သတ်ချင်တာ…
ယု မချစ်တဲ့သူကိုတော့ငါးမိနစ်တောင်ထိုင်မကြည့်ချင်ပါဘူး”
“ယုကလည်းကွာ…ယုစိတ်ကိုအစ်ကိုသိတာပေါ့…
ဒါပေမယ့် ယုကော အစ်ကိုကောက
ဘဝတစ်ခုကိုတည်ဆောက်ဖို့မပြည့်စုံသေးဘူးလေ…”
“ကိုနောင်…တော်လိုက်တော့…
ယုမွန်ဆိုတဲ့မိန်းမကလေ မိဘမရှိ
တစ်ကောင်ကြွက်ဖြစ်နေပါစေဦး…
ပိုက်ဆံအတွက်တော့ကိုယ့်ဘဝကို
အနစ်မွန်းခံမယ့်မိန်းမတော့မဟုတ်ဘူးနော်…”
“ယု…ယု…ဟာကွာ…”
ယုမွန်ကနေရာမှဒေါသတကြီးထ ထွက်သွားသည်။
နောင်နောင်ကတော့ယုမွန်ကိုလှမ်းကြည့်ရင်း
သက်ပြင်းချလိုက်တော့သည်။
သို့သော်နောင်နောင်ကသူ၏အကြံကိုမလျော့ဘဲ
ယုမွန်နှင့်ဆုံတိုင်း ချော့မော့၍ပြော၏။
ပြောတိုင်းလည်းယုမွန်ကလုံးဝခါးခါးသီးသီးငြင်းလေသည်။
တစ်ရက်မှာတော့…
“ကိုနောင်…ဘာလို့မှိုင်နေတာလဲ”
မျက်နှာမှာညိုးငယ်စွာထိုင်နေသောနောင်နောင်ကို
ယုမွန်စိတ်ပူစွာမေးလိုက်သည်။
“ယု…..”
ဖျော့တော့သောအသံဖြင့်နောင်နောင်ကခေါ်လိုက်သည်။
“ဘာဖြစ်တာလဲကိုနောင်…
တစ်ခုခုအဆင်မပြေဖြစ်နေလို့လား…
ယုကိုပြောပြပါကိုနောင်ရယ်”
ဟု…ယုမွန်ကမေးသောအခါ
“ကိုလေ… တကယ်…တကယ်ကို
အသက်မရှင်ချင်တော့ဘူးယုရယ်…
အသက်ရှင်ရမှာကိုတောင် ကိုကြောက်လာမိတယ်”
“ဘာတွေပြောနေတာလဲကိုနောင်…
ကိုနောင်ဘာတွေဖြစ်နေလို့လဲ”
ယုမွန်ကစိတ်ပူနေရှာသည်။
နောင်နောင်ကမျက်ရည်များပင်ကျ၍…
“မေမေမှာ…မေမေ့မှာကင်ဆာဖြစ်နေတယ်ယု…
ဆေးကုရမှာနဲ့ငွေကအတော်လိုနေတာ…
ကို့ မိသားစုအကြောင်းလည်းယုသိတာပဲလေ”
“ဟင်…ကိုနောင်မေမေမှာကင်ဆာဖြစ်နေတယ်”
ယုမွန်…နောင်နောင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။
နောင်နောင်ကတော့ခေါင်းကိုငုံ့၍ငိုနေလေသည်။
အချိန်အတော်ကြာအောင်ယုမွန်ထိုင်နေပြီးတော့မှ…
“ကိုနောင်…ကိုနောင့်ကိုယုအဆင်ပြေစေချင်ပါတယ်…
ကိုနောင် ယုကိုပြောဖူးတယ်မလား
ဦးမြင့်မိုရ်ဦးကို ယုကပ်ဖို့လေ…
အဲ့ကိစ္စကိုယုသဘောတူပါတယ်…
ဒါပေမယ့်ကိုနောင့်ဘက်က ယုသူ့ကိုခွာလိုက်တာနဲ့
ယုကိုကြည်ကြည်ဖြူဖြူလက်တွဲနိုင်ဦးမလားဆိုတာတော့
ယုသိချင်မိတယ်…”
“ယုတကယ်ပြောနေတာလား…
ကိုနောင်ကြည်ဖြူတာပေါ့ယုရယ်…
ယုကိုတောင်ကိုနောင်ကကျေးဇူးတင်ရမှာပါ…
ကျေးဇူးတင်ရမှာပါယုရယ်”
ထိုသို့ဖြင့် ယုမွန်တစ်ယောက် သူဌေးကြီးဦးမြင့်မိုရ်ဦးနှင့်
တွဲ၍ရသမျှငွေကိုယူလေသည်။
ထိုငွေများကိုလည်းနောင်နောင်အမေဆေးကုဖို့အတွက်
ယုမွန်ကပေးရှာသည်။
သူဌေးကြီးဦးမြင့်မိုရ်ဦးကလည်း
ယုမွန်ကိုအတော်လေးချစ်၏။
သွားသမျှနေရာတိုင်းခေါ်သွားသကဲ့သို့ သူ၏
လျှိုဝှက်လုပ်ငန်းများကိုလည်း ယုမွန်ကိုပေးသိထားသည်။
“ကိုနောင်…ဦးမြင့်မိုရ်ဦးရဲ့လုပ်ငန်းသုံးငွေတွေထားတဲ့
နေရာကိုယုသိတယ်…ကိုနောင့်ဘက်ကစွန့်စားရဲလား”
“ယုတကယ်ပြောနေတာလား…
ငွေတွေကအတော်များလားယု”
“ငွေတွေကသူ့အိမ်မှာကော…လျှို့ဝှက်နေရာမှာပါ
သူကထားထားတာ ပမာဏကတော့အတော်လေးများတယ်…
ဒါပေမယ့်ယုတို့နှစ်ယောက်ဘဝတည်ဆောက်နိုင်ဖို့အထိ
ပမာဏကောင်းကောင်းကိုတော့ ယုခိုးထုတ်နိုင်ပါတယ်…
ဒါပေမယ့်ယုတို့ဒီမြို့ကနေခြေရာဖျောက်ပြေးမှရလိမ့်မယ်”
“ခြေရာဖျောက်ပြေးတာကရပါတယ်ယုရယ်…
ဒါပေမယ့်အဲ့ငွေတွေကိုယုကဘယ်လိုခိုးထုတ်မှာလဲ”
“သူ့တပည့်တွေက ယုကိုကြောက်တယ်ကိုနောင်
ဦးမြင့်မိုရ်ဦးအတွက် ယုက အရေးပါတဲ့သူဆိုတာကို
သူတို့သိတယ်…ဒါ့ကြောင့်လည်း ဒီငွေတွေယူတာက
ယုအတွက်မခက်ဘူးကိုနောင်…”
ယုမွန်ပြောသမျှကိုနားထောင်ပြီး နောင်နောင်တစ်ယောက်
သဘောတွေကျနေသည်။
ယုမွန်ပေးသောငွေကြေးတွေဖြင့် သူ့မှာ
sky ဘား၌ဝိတ်တာပင်မလုပ်ရတော့ဘဲ
အိမ်၌ဇိမ်ဖြင့်နေနေရသည်။
မိခင်ဖြစ်သူကိုလည်း ပုဂ္ဂလိကဆေးရုံ၌တင်ထားပြီး
ဖခင်ကလည်းထိုဆေးရုံ၌သာနေ့နေ့ညည သွားနေရှာသည်။
“ယု…အဲ့ပိုက်ဆံတွေယူပြီးတာနဲ့…
ကိုနောင့်အိမ်ကိုလာခဲ့နော်…
ကိုနောင်ယုကိုစောင့်နေမယ်…”
“ဟုတ်ကဲ့ကိုနောင်”
ယုမွန်ကလည်းသူနဲ့နောင်နောင်တို့ဘဝရှေ့ရေးအတွက်
ဦးမြင့်မိုရ်ဦး၏ငွေများကိုခိုးထုတ်လေသည်။
ဦးမြင့်မိုရ်ဦးသိခဲ့လျှင်အသတ်ခံရမည်ကိုသိသော်လည်း
နောင်နောင်နှင့်အတူနေထိုင်ချင်၍ ယုမွန်အရဲစွန့်လိုက်သည်။
ပိုက်ဆံများကိုလက်ဆွဲအိတ်ဖြင့်ထည့်၍
နောင်နောင်အိမ်ကိုယုမွန်ရောက်လာသည်။
“ကိုနောင်…”
“ယု…ကိုနောင်က ယုကိုမျှော်နေတာ…
အနောက်ကလိုက်လာတဲ့သူတော့မရှိပါဘူးနော်…”
“မရှိပါဘူးကိုနောင်ရယ်…”
နောင်နောင်က ယုမွန်ယူလာသောအိတ်ကိုဖွင့်ကြည့်သည်။
မရေတွက်နိုင်သောပိုက်ဆံများကိုတွေ့လိုက်ရချိန်
နောင်နောင်မျက်လုံးများကတောက်ပနေခဲ့သည်။
အပြင်၌လည်းမိုးများကသည်းထန်စွာရွာသွန်းနေပြီး
ပတ်ဝန်းကျင်မှာမှောင်မည်းလို့နေလေသည်။
“ကိုနောင်…ယုတို့သွားကြစို့လေ…တော်နေ
ဦးမြင့်မိုရ်ဦး ယုကိုလိုက်ရှာတာနဲ့ယုတို့
ထွက်ပြေးလို့မရဖြစ်နေမယ်”
ဟု …ယုမွန်ကပြောတော့ နောင်နောင်က
“ကို….ယုအတွက်
ကော်ဖီဖျော်ထားတယ်…အပြင်မှာလည်း
အေးနေတယ်လေ…အဲ့တာလေးအရင်သောက်လိုက်နော်…
သောက်ပြီးမှကိုတို့သွားကြတာပေါ့”
ဟုပြော၍ ကော်ဖီခွက်ကိုယုမွန်ကိုပေးလိုက်သည်။
ယုမွန်လည်းကော်ဖီခွက်ကိုမော့သောက်လိုက်ပြီး
နောင်နောင်ကိုပြုံးကြည့်နေခဲ့၏။
ခဏမျှကြာတော့…
“ကိုနောင့်အဝတ်အစားအိတ်ကဘယ်မှာလဲ…
သွားယူတော့လေ….အား….ကျွတ်…ကျွတ်…ကျွတ်…
ခေါင်းတွေမူးလိုက်တာကိုနောင်ရယ်…”
ဟုပြောရင်းယုမွန်ခုံအထက်၌အရုပ်ကြိုးပျက်ဖြစ်သွားခဲ့သည်။
ယုမွန်ငြီးငြူနေချိန် နောင်နောင်က ယုမွန်ကို
ပြုံးပြုံးကြီးကြည့်ပြီး…
“ကျေးဇူးတင်ပါတယ်ယုရယ်…
ကိုနောင့်ဘဝကိုတောက်ပအောင်လုပ်ပေးခဲ့တဲ့အတွက်
ယုကိုသိပ်ကျေးဇူးတင်ပါတယ်…
ဒါပေမယ့်အဲ့ကျေးဇူးတွေကိုတော့
ယုမြေကြီးထဲရောက်တဲ့အထိယူသွားပေးပါ”
“ကို…ကိုနောင်…….”
ယုမွန်ထိုမျှသာပြောနိုင်တော့သည်။
ခုံအထက်၌အသက်မဲ့လို့သွားခဲ့၏။
“ဒီငွေတွေငါ့ဆီမှာရှိနေမှာကိုဘယ်သူမှမရိပ်မိဘူးယု…
ဘာလို့လည်းဆိုရင်မင်းနဲ့ငါပတ်သတ်မှုကို
ဘယ်သူမှမသိတာကြောင့်လေ…
ဦးမြင့်မိုရ်ဦးကလည်းသူ့ငွေတွေ
မင်းယူထွက်ပြေးတယ်ပဲသိထားမှာ…
အဲ့တော့ ငါကဒီငွေတွေနဲ့ငါ့ဘဝကိုစရမှာပေါ့ကွာ…
ဟားးး….ဟားး….ဟားးးး….ဟားးးးး…ဟားးးးးးးးးး”
နောင်နောင်၏ရယ်မောသံကြီးကမိုးသံများနှင့်
အပြိုင်ထွက်လာခဲ့လေသည်။
********************************
“ဟင်း…”
“သမီး…အဆင်ပြေလား”
လွန်းနီနီထံပူးကပ်နေသောဝိညာဉ်ကထွက်သွားသည်။
ဒေါ်လွင်ခကလွန်းနီနီကိုမေးလိုက်တော့ လွန်းနီနီက
ဆံပင်ဖျားလျားနှင့်ဝိညာဉ်ကိုလှမ်းကြည့်လိုက်ပြီး…
“နောင်နောင်ကရှင့်ကိုသတ်ခဲ့တာပေါ့…ဒါဆိုရင်
ရှင့်…ရှင့်ရဲ့အလောင်းကဘယ်မှာလဲ”
ဟုမေးလိုက်တော့မလှမ်းမကမ်း၌ရှိနေသော
ဝိညာဉ်သည် ဘိလပ်မြေခင်းထားသောမြေကြီးကို
လက်ညိုးထိုးပြ၏။
“ရှင်…ဘာဖြစ်ချင်လို့အခုလိုလုပ်နေတာလဲဆိုတာကို
ကျွန်မ သိလိုက်ပေမယ့်…ရှင်ဘာလို့
မြတ်မင်းကို…သတ်ခဲ့ရတာလဲ”
“မုန်းလို့…ယောကျ်ားတွေကိုငါမုန်းလို့သတ်တာ…”
“ဟူးးး….ရှင့်ရဲ့မုန်းတီးမှုအငြိုးကလူမှားသွားပြီ…
တကယ်ဆိုရှင်…နောင်နောင်ကိုပဲလက်စားချေရမှာလေ”
“ဒင်းကငါမကပ်နိုင်အောင်အဆောင်တွေဝတ်ထားတာ…
ငါ့ကိုသတ်ပြီးတော့လည်း ငါ့ဝိညာဉ်က
လက်စားချေနိုင်အောင်ထိအစွမ်းကမရှိခဲ့ဘူး…
ငါ့ဆီမှာလုံလောက်တဲ့အစွမ်းတွေရှိလာတော့လည်း
သူတို့ကဒီအိမ်ကိုသူများဆီကို ငှားလိုက်ပြီလေ…”
“အင်း…ကောင်းပြီမယုမွန်…ရှင့်အတွက်
အမှန်တရားပေါ်စေရပါမယ်…
ဒါပေမယ့် ရှင့်ရဲ့အငြိုးတွေက မဆိုင်တဲ့သူတွေ
အပေါ်မှာတော့မလုပ်မိပါစေနဲ့…
ဒါကိုတော့ရှင်နားထောင်ပေးပါ….”
လွန်းနီနီစကားကို ခေါင်းတစ်ချက်ညိတ်ပြပြီးနောက်
နေရာမှပျောက်သွားတော့သည်။
ယုမွန်၏ဝိညာဉ်ပျောက်သွားတော့
ဘာမှမမသိသေးသောသီရိနှင့်ဒေါ်လွင်ခတို့ကို
သူမမြင်ခဲ့သမျှကိုလွန်းနီနီကပြောပြလိုက်သည်။
ဒေါ်လွင်ခတို့လည်းအားလုံးသိလိုက်ရမှ
ယုမွန်၏ဝိညာဉ်ဘာကြောင့်အငြိုးကြီးနေသလဲဆိုတာကို
လက်ခံနိုင်လိုက်ကြ၏။
“ကဲ…သီရိစခန်းကရဲဘော်တွေကိုခေါ်လိုက်…
ဒီနေရာကိုတူးပြီးအလောင်းကိုပြန်ရှာနိုင်မှ
နောင်နောင်ဆိုတဲ့လူကိုတို့တွေဖမ်းလို့ရမှာ…”
“ဟုတ်ကဲ့စီနီယာ”
သီရိကစခန်းကိုဖုန်းဆက်လိုက်သည်။
ဒေါ်လွင်ခကတော့ထိုတစ်ညလုံးမပြန်တော့ဘဲ
အလောင်းကိုရှာတွေ့တဲ့အထိစောင့်လေသည်။
ဘိလပ်မြေခင်းထားသောနေရာကိုစက်များဖြင့်ထိုးစွတူးလိုက်
မြေသားများပေါ်လာတော့လည်း ထိန်း၍ပေါက်တူးပေါက်ပြားများဖြင့်ဖော်လိုက်လုပ်ကြရသည်။
မနက်ခြောက်နာရီလောက်သို့ရောက်မှ…
“အလောင်းတွေ့ပြီ…”
ဟုသောအသံကြောင့်လွန်းနီနီတို့သွားကြည့်ကြသည်။
ကွေးကွေးလေးအမြုပ်ထားခံရသော
အလောင်းကိုတွေ့လိုက်ရ၏။
အလောင်းမှာအသားပင်မရှိတော့ဘဲအရိုးများသာကျန်
ရှိလေသည်။
ခေါင်း၌ဆံပင်များကတော့ကျိုးတို့ကျဲတဲ
ကျန်ရှိနေသေးသည်။
အလောင်းတွေ့ပြီမလို့လွန်းနီနီလည်းအထက်ကိုသတင်းပို့ကာ
ဖမ်ဆီးစစ်ဆေးဖို့အမိန့်စာကိုတောင်းခံရသည်။
အထက်ကလည်းအမိန့်စာပေးသည်မလို့
နောင်နောင်ကိုဖမ်းဆီးစစ်ဆေးခွင့်ရလေသည်။
ဦးသော်တာကတော့သားဖြစ်သူနောင်နောင်အဖမ်းခံရ၍
အတော်လေးစိတ်ဓာတ်ကျသွားခဲ့သည်။
ချမ်းသာလာတာမည်သို့ကြောင့်လည်းဆိုတာကိုပင်
မစဉ်းစားဘဲသားဖြစ်သူကိုယုံခဲ့သည်မှာလည်း
ဦးသော်တာ၏လိုအပ်ချက်တစ်ခုပင်။
နောင်နောင်ကိုစစ်ဆေးရာ၌လည်းပထမပိုင်း၌
အတင်းငြင်းဆန်နေ၍စစ်ဆေးသူများကခေါင်းကိုက်ခဲ့ရသည်။
ထိုအခါလွန်းနီနီမှ …
“ရှင်သူ့ကို…ကော်ဖီခွက်ထဲအဆိပ်ထည့်တိုက်
လိုက်တာမဟုတ်ဖူးလား”
“ဗျာ….”
“သူယူလာတဲ့ငွေတွေကိုအပိုင်သိမ်းချင်လို့
သူ့ကိုအဆိပ်တိုက်သတ်လိုက်တာနဲ့
သူသေပြီလို့ရှင်ထင်နေတာလား…
ဒါဆိုရင်ရှင်မှားမယ်ကိုနောင်နောင်…
သူကရှင့်အနားမှာအမြဲရှိနေတယ်…
သူ့မျက်ဝန်းတွေကရှင့်ကိုပဲကြည့်နေတာ…”
“ခင်ဗျား…ခင်ဗျား…ဘာတွေပြောနေတာလဲ…
မသိဘူးနော်…ကျုပ်ဘာမှမသိဘူး ”
“ကောင်းပြီလေ…ကျွန်မတို့ဘက်ကလည်းတိကျတဲ့သက်သေတွေရှိနေပါပြီ…ဒီအတွက်ကြောင့်ဥပဒေအရ
ရှင့်ကိုအပြစ်ပေးလို့ရပါတယ်…
ဒါပေမယ့် မယုမွန်ပေးမယ့်အပြစ်ကိုတော့
ရှင့်ဘက်ကဘယ်အချိန်မှာဘယ်လိုခံစားရမယ်ဆိုတာတော့
မသိနိုင်ဘူးနော်…”
လွန်းနီနီစကားကြောင့်နောင်နောင်ငိုင်သွားသည်။
အမှုကိုဝန်မခံသေးချိန်အချုပ်ထဲ၌နောင်နောင်နေရစဉ်
သူဝတ်ဆင်ထားသော အဆောင်ကြိုးများကိုဖြုတ်ရသည်။
ထိုအဆောင်ကြိုးများဖြုတ်သည့်အချိန်မှစ၍…
“အားးးးးကယျကွပါဦး….
ဒီမှာကျုပ်ကိုသတ်တော့မယ်…ကယ်ကြပါဦးဗျ…
ကျုပ်ဝန်ခံပါ့မယ်…ဝန်ခံပါ့မယ်….ကျုပ်ကိုကယ်ကြပါဦး”
ဟုအော်ဟစ်တော့သည်။
လူကလည်းဂယောင်ဂတမ်းဖြစ်နေပြီး
ယုမွန်ကိုသူသတ်ကြောင်းများဝန်ခံလိုက်တော့၏။
နောင်နောင်တစ်ယောက်ယုမွန်ကိုသတ်မှုဖြင့်
ထောင်ကျသော်လည်းနေ့စဉ်နှင့်အမျှအော်ဟစ်နေလေသည်။
“ငါ့ကိုမခြောက်ပါနဲ့ယုမွန်ရယ်…
ငါကြောက်လို့ပါဟာ…အ…….အဟွတ်…အဟွတ်…”
ယုမွန်၏ဝိညာဉ်က နောင်နောင်ကို
နည်းမျိုးစုံဖြင့်ခြောက်လန့်သည်။
သို့သော်အသေတော့မသတ်ဘဲ
ဖြေးဖြေးခြင်းမျှင်းနေပုံရပေသည်။
နောင်နောင်တစ်ယောက်ကတော့ ထောင်ထဲ၌
အရူးကြီးတစ်ယောက်ပမာဖြစ်လို့နေခဲ့တော့သည်။
လွန်းနီနီနှင့်သီရိတို့ကလည်း အငြိုးကြီးနေတဲ့ဝိညာဉ်မလေး
ယုမွန်အတွက်အမှန်တရားကိုဖော်ထုတ်ပေးနိုင်လိုက်ကြ၍
ဝမ်းသာနေကြလေသည်။
ထိုသို့ဖြင့်…ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဝိညာဥ္ကလဲ့စား(စ/ဆုံး)
——————————
မိုးကသည္းႀကီးမည္းႀကီးပင္႐ြာသြန္းေနသည္။
အခ်ိန္ကညေနေလးနာရီေက်ာ္ေက်ာ္မွ်ရွိေသးေသာ္လည္း
မိုးသည္းထန္ေန၍အေတာ္အေမွာင္က်ေနခဲ့သည္။
ထိုအခ်ိန္တစ္ထပ္တိုက္ေလးအတြင္း၌
မီးကလည္းပ်က္ေန၍
ဖေယာင္းတိုင္တစ္တိုင္ကိုထြန္းထားေလသည္။
ထိုတိုက္ကိုငွားရမ္းထားသူမွာအသက္အားျဖင့္
သုံးဆယ္အ႐ြယ္ရွိေသာျမတ္မင္းဆိုသူပင္။
ထိုတိုက္ေလး၌ျမတ္မင္းေနထိုင္သည္မွာ
ႏွစ္ရက္မွ်သာရွိေသးသည္။
ပိုင္ရွင္ကေတာ့လူမေနတာၾကာၿပီမလို႔ေဈးႏႈန္း
သက္သက္သာသာျဖင့္ျမတ္မင္းကိုငွားေပးခဲ့သည္။
ျမတ္မင္းမိဘမ်ားကနယ္၌သာေနထိုင္ၾကၿပီး
ျမတ္မင္းတစ္ဦးထဲသာၿမိဳ႕ေပၚသို႔ေျပာင္းေ႐ြ႕ကာ
ေနထိုင္ျခင္းျဖစ္သည္။
ယခင္ကအေဆာင္ငွား၍ေနထိုင္ေသာ္လည္း
အေဆာင္မွာအမ်ားႏွင့္အလိုက္အထိုက္ေနထိုင္ရ၍
ျမတ္မင္းစိတ္က်ဥ္းၾကပ္ရသည္။
ဒါ့ေၾကာင့္ယခုလိုတိုက္အိမ္ေလးကို
ငွားရမ္းလိုက္ျခင္းျဖစ္သည္။
ၿခံဝန္းေလးပါေသာတစ္ထပ္တိုက္ေလးကို
ငွားရမ္းလိုက္မွျမတ္မင္းအေတာ္ေလးအဆင္ေျပသြားသည္။
အလုပ္ေၾကာင့္ေျပာင္းေ႐ြ႕ေနထိုင္ရသူျဖစ္၍
မိဘမ်ားကလည္း ျမတ္မင္းကိုအေနာက္မွ
လိုအပ္သည္မ်ားကိုပံ့ပိုးေပးၾကရွာသည္။
ျမတ္မင္းကအလွကုန္ေရာင္းသည့္ကုမၸဏီတစ္ခု၌
မန္ေနဂ်ာရာထူးကိုပိုင္ဆိုင္ထားသူလည္းျဖစ္သည္။
ယခုလည္းအလုပ္ပိတ္ရက္ျဖစ္၍ျမတ္မင္း
အိမ္၌သာအခ်ိန္ျဖဳန္းေနခဲ့သည္။
မီးပ်က္ေနေသာတိုက္ေလးအတြင္း၌
ဖေယာင္းတိုင္ေလးထြန္းကာ
ဝီစကီေသာက္ရင္းဂိမ္းေဆာ့ေနခဲ့၏။
ဂိမ္းေဆာ့လိုက္…ဝီစကီေလးေသာက္လိုက္ျဖင့္
အခ်ိန္က ကုန္လို႔ကုန္မွန္းမသိျဖစ္လာခဲ့သည္။
“ေတာက္ကြာ…အလကားေကာင္ကြာ…
ဘယ္လိုေဆာ့ေနတာလဲ”
တိုက္အိမ္ေလးအတြင္း၌ျမတ္မင္း၏ေဒါသသံမ်ားျဖင့္
ဖုန္းလႊမ္းေနခဲ့သည္။
ထိုသို႔ေနရင္းမွ….
“ကယ်ကြပါဦး…အီးးးးဟီးးးးးဟီးးးးးးးး
ကယ္ၾကပါဦးရွင္….ကယ္ၾကပါဦးးးးးးးး”
ဟုေသာမိန္းမတစ္ဦး၏ငိုသံကို
ျမတ္မင္းၾကားလိုက္ရသည္။
ေဆာ့လက္စဂိမ္းကိုပင္ဆက္မေဆာ့ႏိုင္ဘဲ
ငိုယိုေနသံေၾကာင့္ေဘးဘီကို
ျမတ္မင္းလိုက္ၾကည့္လိုက္သည္။
“အသံကဘယ္ကထြက္ေနတာလဲ”
ဟုျမတ္မင္းေျပာလိုက္မိ၏။
“ကယ္ၾကပါဦးး…ဘယ္သူမွမကယ္ႏိုင္ေတာ့ဘူးလား…
အီးးးးးးးဟီးးးးးးးးးးဟီးးးးးးးးးးးးးးးး”
“ေဟ့…ဘယ္သူလဲ…ဘယ္ကေနငိုေနတာလဲ”
ျမတ္မင္းေၾကာက္လည္းေၾကာက္မိသည္။
ၿခံတံခါးမ်ားကိုသူေသခ်ာပိတ္ထားသည္ကို
ေတြးမိ၏။
“ကယ်ကြပါဦးးးး….အီးးးးဟီးးးးးးဟီးးးးး”
တိုက္အျပင္မွငိုယိုေနသည္ဆိုတာျမတ္မင္းသိလိုက္ရသည္။
ၿခံတံခါးကိုျမတ္မင္းေသခ်ာပိတ္ထားသည္။
ယခုၿခံထဲ၌မိန္းမတစ္ဦးလာေရာက္ငိုယိုေနသည္မွာ
ဘာေၾကာင့္လဲဆိုတာျမတ္မင္းစဥ္းစား၍မရ။
သူေနထိုင္ေသာအိမ္၏နံေဘးကအိမ္မွာလည္း
အသက္ႀကီးေသာအဘိုးႀကီးအဘြားႀကီးတို႔
ေနေသာအိမ္သာရွိၿပီး…
က်န္ၿခံမ်ားမွာၿခံဝိုင္းအလြတ္မ်ားသာျဖစ္၏။
ျမတ္မင္းဖုန္းမီးေလးကိုဖြင့္လိုက္သည္။
ၿခံထဲမွငိုသံကိုလည္းျမတ္မင္းၾကားေနရေသာေၾကာင့္
ျပတင္းတံခါးမွလွမ္းၾကည့္လိုက္၏။
“ေဟ့…ဘယ္သူလဲ…ငါ့ၿခံထဲမွာဘာလို႔လာငိုေနတာလဲ”
ပန္းပင္မ်ားနံေဘး၌ငုပ္တုပ္ကေလးထိုင္ငိုေနေသာ
မိန္းကေလးကိုျမတ္မင္းေတြ႕လိုက္သည္။
မိန္းကေလးကျမတ္မင္းေမးတာကိုမေျဖဘဲ
ရႈိက္ငင္တႀကီးငိုယိုေန၏။
“ဟဲ့ေကာင္မေလး…ငါေမးေနတာမၾကားဘူးလား…
မိုးေတြ႐ြာေနတာကိုငါ့ၿခံထဲဘာလို႔လာငိုေနတာလဲ…
ေနာက္ၿပီးၿခံထဲကိုဘယ္လိုဝင္လာတာလဲ”
ဟု…ျမတ္မင္းကအဆက္မျပတ္
ေအာ္ဟစ္ေမးလိုက္သည္။
မိန္းကေလးကမိုး႐ြာေနသံေၾကာင့္ထင္သည္
ျမတ္မင္းေမးတာကိုၾကားပုံမရ။
ျမတ္မင္းလည္းစိတ္မရွည္ျဖစ္လာၿပီး
ထီးကိုယူ၍အိမ္တံခါးကိုဖြင့္ကာၿခံထဲသို႔ဆင္းလာခဲ့သည္။
“ေဟ့…မင္းဘယ္သူလဲ…ငါေမးေနတာကိုၾကားလား”
ဟုဖုန္းမီးေလးျဖင့္ထိုးကာၾကည့္ရင္းေမးလိုက္သည္။
မိန္းမပ်ိဳေလးတစ္ကိုယ္လုံးကလည္းမိုးေရမ်ားစို႐ြဲေနသည္။
အဝတ္အစားမွာလည္းခပ္ႏြမ္းႏြမ္းေလးသာဝတ္ဆင္ထားေသာ
မိန္းကေလးသည္ေခါင္းကိုငုံ႔၍ငိုရႈိက္ေနခဲ့ရွာ၏။
ေက်ာလယ္ေလာက္ထိရွည္ေသာဆံပင္ႀကီးမွာလည္း
မိုးေရမ်ားကစို႐ြဲလို႔ေနသည္။
“ငါေျပာေနတာမၾကားဘူးလား…
ေဟ့ေကာင္မေလး…”
“ကြၽန္မကိုကူညီေပးပါရွင္…”
“ဟင္…မင္း…မင္းမ်က္လုံးက…
ဘာ…ဘာျဖစ္တာလဲ”
ေခါင္းေမာ့လာေသာမိန္းမပ်ိဳ၏မ်က္လုံးမ်ားဟာ
နီရဲလို႔ေနသည္။
“ေဟ့…မင္း…မင္း…ငါ့အနားမလာနဲ႔ေနာ္…
ငါ့အနားမလာနဲ႔”
နီရဲေနေသာမ်က္လုံးႀကီးမ်ားကို ျမတ္မင္းေၾကာက္မိသည္။
မိန္းမပ်ိဳကလည္းမတ္တပ္ရပ္လွ်က္
မ်က္လုံးနီႀကီးႏွင့္ ျမတ္မင္းကိုစိုက္ၾကည့္ေနသည္။
ၿပီးေနာက္ရယ္က်ဲက်ဲဟန္ျဖင့္ ျမတ္မင္းကိုလက္ညိဳးထိုးကာ…
ျဗဳန္းခနဲျမတ္မင္း၏ကိုယ္ထဲကို
ဝင္ေရာက္ပူးကပ္သြားေတာ့သည္။
ျမတ္မင္းမွာအသိစိတ္လြတ္သြားၿပီး
ေခါင္းႀကီးငိုက္စိုက္က်သြားခဲ့၏။
ၿပီးေနာက္ ေခါင္းႀကီးျပန္ေမာ့လာခ်ိန္မွာ ျမတ္မင္း၏
မ်က္လုံးမ်ားကနီရဲလို႔ေနသည္။
မ်က္ႏွာကၿပဳံးရယ္လွ်က္ျဖင့္
တိုက္ေလးအတြင္းဆီကိုတစ္လွမ္းျခင္း
လွမ္းေလွ်ာက္ကာဝင္သြားေတာ့သည္။
*******************************
လြန္းနီနီႏွင့္သီရိတို႔ တိုက္အိမ္ေလးအေရွ႕ဆီကို
ကားေလးျဖင့္ေရာက္လာခဲ့ၾကသည္။
သီရိက ကားကိုထိုအိမ္ေရွ႕သို႔ရပ္ၿပီးၿပီးျခင္း…
“ဒီအိမ္ကတစ္ေန႔ကေသဆုံးသြားတဲ့သူ
ေနခဲ့တဲ့အိမ္ပဲစီနီယာ…”
လြန္းနီနီကားေပၚမွဆင္းလိုက္သည္။
ၿခံဝန္းက်ယ္က်ယ္ေလးျဖင့္ေနခ်င္စဖြယ္
တစ္ထပ္တိုက္အိမ္ကေလးကိုၿခံျပင္မွၾကည့္လိုက္၏။
“အေလာင္းစစ္ေဆးခ်က္အေျဖရၿပီလားသီရိ…”
“အေစာေလးကမွရတာစီနီယာ…
စစ္ေဆးခ်က္အေျဖကေတာ့ေသဆုံးသူက
ကိုယ့္ကိုကိုယ္သတ္ေသတာလို႔ပဲအေျဖေပၚေနတယ္…
တျခားသူကသတ္တယ္ဆိုတဲ့အရိပ္အေယာင္လည္းမရွိေတာ့
အမႈကလိုက္ရခက္တယ္စီနီယာ…”
လြန္နီနီတိုက္အိမ္ေလးကိုၾကည့္ၿပီးစဥ္းစားေနသည္။
လြန္ခဲ့ေသာႏွစ္ရက္ကယခုတိုက္အိမ္ေလးအတြင္း၌
ျမတ္မင္းဆိုသည့္လူတစ္ေယာက္၏အေလာင္းကို
သီရိတို႔အဖြဲ႕ေတြ႕ခဲ့သည္။
ထိုရက္ကလည္းသူမခရီးသြားေန၍
ကိုယ္တိုင္မစစ္ေဆးခဲ့ရျခင္းပင္။
အေလာင္းကိုစေတြ႕သူမွာ ႐ုံးဝန္ထမ္းတစ္ဦးျဖစ္၏။
အလုပ္ကိုမလာတာႏွစ္ရက္မွ်ရွိၿပီးဆက္သြယ္၍
မရေသာေၾကာင့္ ျမတ္မင္း၏တပည္ျဖစ္သူက
ၿခံကိုေက်ာ္၍ဝင္ရွာေတာ့ အိမ္အတြင္း၌ႀကိဳးဆြဲခ်ေသဆုံးေနေသာျမတ္မင္း၏အေလာင္းကိုေတြ႕ရွိသြားျခင္းျဖစ္သည္။
သတင္းရရျခင္းသီရိတို႔အဖြဲ႕သြားၾကေသာအခါ
အေလာင္းမွာအပုပ္နံ႔မ်ားပင္ရေနၿပီျဖစ္၏။
“ဒီအိမ္ပိုင္ရွင္ကဘယ္သူလဲသီရိ…”
“အိမ္ပိုင္ရွင္က သစၥာလမ္းထဲက
ဦးေလးႀကီးတစ္ေယာက္ပဲစီနီယာ…
တစ္ေန႔ကေတာ့သူလည္းစခန္းကိုလာပါတယ္…
ေထြေထြထူးထူးေမးစရာမရွိတာနဲ႔ျပန္လႊတ္လိုက္ပါတယ္”
“အင္း…ေဘးနားကၿခံကိုေရာ
ဒီအိမ္အေၾကာင္းေမးၿပီးၿပီလား”
“ေဘးၿခံကအဘိုးႀကီးအဘြားႀကီးလင္မယားပဲရွိတာစီနီယာ
အသက္ႀကီးၿပီဆိုေတာ့စကားေျပာရတာနည္းနည္းေတာ့
အဆင္မေျပဘူး…ဒါေပမယ့္
သူတို႔ဘာမွမသိဘူးလို႔ေတာ့ ေျဖၾကပါတယ္”
“ေသဆုံးသူရဲ႕မိဘေတြကိုေရာအေၾကာင္းၾကားထားခဲ့လား”
“အေလာင္းေတြ႕ေတြ႕ျခင္းပဲ
စုံစမ္းၿပီးအေၾကာင္းၾကားထားပါတယ္…
ဒါေပမယ့္ေလသီရိမသကၤါတာတစ္ခုရွိေနတယ္စီနီယာ…”
“အင္း…ဆက္ေျပာေလသီရိ…ဘာကိုမသကၤါတာလဲ”
“ဟိုေလ…ကိုျမတ္မင္းမွာ အခုလိုကိုယ့္ကိုကိုယ္သတ္ေသဖို႔အထိစိတ္ညစ္စရာမရွိဘူးစီနီယာ…
ဘာလို႔ဆိုေငြေၾကာင့္ဆိုရင္လည္းသူ႔မိဘေတြက
နယ္မွာပိုက္ဆံရွိသူေဌးေတြပါ
ေနာက္ၿပီးသူလိုသမွ်ကိုလည္းေထာက္ပံ့ေပးေနၾကသူေတြေလ…
ၿပီးေတာ့အလုပ္မွာလည္းသူကလူခ်စ္လူခင္မ်ားတဲ့သူလို႔သိရတယ္…အခ်စ္ေရးက်ျပန္ေတာ့လည္းအခုခ်ိန္ထိ
သူ႔မွာရည္းစားရွိတယ္လို႔မၾကားဖူးဘူးလို႔ေျပာၾကျပန္တယ္
အဲ့သည္လိုလူတစ္ေယာက္က ကိုယ့္ကိုကိုယ္သတ္ေသတယ္ဆိုတာအေတာ္ထူးဆန္းတာပဲေနာ္…”
သီရိေျပာသမွ်ကိုလြန္းနီနီစိတ္ဝင္တစားနားေထာင္ခဲ့သည္။
ၿပီးေလမွ ေျခလွမ္းမ်ားကိုေဘးၿခံဆီကိုဦးတည္၍
ေလွ်ာက္လာခဲ့ရာသီရိကလည္း
အေနာက္မွအတူလိုက္လာခဲ့သည္။
“အဘြား….ကြၽန္မတို႔ဝင္လာၿပီေနာ္…”
ၿခံထဲ၌အပင္မ်ားကိုေရေလာင္းေနေသာ
အသက္၇၀ ေက်ာ္အ႐ြယ္အဘြားအိုကို
လြန္းနီနီလွမ္းေျပာလိုက္သည္။
လြန္းနီနီႏွင့္သီရိတို႔ၿခံထဲဝင္လာၾကေတာ့
အဘြားအိုမွေရေလာင္းတာကိုဆက္မလုပ္ေတာ့ဘဲ
လြန္းနီနီတို႔ကိုၾကည့္ေနခဲ့သည္။
“ဘာကိစၥမ်ားရွိၾကလို႔လဲကြဲ႕”
ဟုေသာအဘြားအို၏အေမးစကားေၾကာင့္လြန္းနီနီမွ…
“ကြၽန္မတို႔ကမိုင္းသာစခန္းကဒုရဲအုပ္ေတြပါအဘြား…
အခုအဘြားတို႔ဆီလာတာကေလ…
ဟိုဘက္အိမ္မွာလူတစ္ေယာက္ေသသြားတာကို
အဘြားသိတယ္မလား…
အဲ့တာအဲ့ဘက္အိမ္အေၾကာင္းေလးသိခ်င္လို႔ပါ..
ေျပာရရင္ေတာ့အရင္ေနခဲ့တဲ့
ပိုင္ရွင္ေတြရဲ႕အေၾကာင္းကိုလည္းသိခ်င္တာပါ”
ဟုေျပာေသာအခါအဘြားအိုမွတစ္ဖက္ၿခံကို
လွမ္းၾကည့္လိုက္သည္။
“အဲ့ဘက္ၿခံအေၾကာင္းေတာ့အဘြားတို႔ဘာမွမသိပါဘူးကြယ္…
အဘြားတို႔ကအသက္ႀကီးၿပီေလ…
ကိုယ့္အိမ္၊ကိုယ့္ၿခံကလြဲၿပီးဘာမွစိတ္မဝင္စားပါဘူး
သမီးတို႔ရယ္…”
ဟုေျပာေသာအဘြားအို၏စကားေၾကာင့္
လြန္းနီနီဆက္ေမးဖို႔ရန္ေမးခြန္းမရွိေတာ့ေပ။
“ကဲပါ…သမီးတို႔လည္းေရာက္တုန္း…
အိမ္ထဲဝင္ထိုင္ၾကပါဦး…အဘြားတို႔ၿခံထြက္
သရက္သီးေလးေတြလည္းေကြၽးခ်င္ေသးတယ္…
လာပါ…အိမ္ထဲဝင္ၾကဦး”
အဘြားအိုကလြန္းနီနီတို႔ကိုသူ၏အိမ္ထဲသို႔ေခၚသည္။
မျငင္းဆန္ခ်င္တာႏွင့္လြန္းနီနီႏွင့္သီရိလည္းအိမ္ထဲကိုအတူလိုက္လာၾက၏။
အဘိုးႀကီးကဧည့္ခန္း၌ထိုင္ရင္းtv ၾကည့္ေနသည္ကို
သူမတို႔ေတြ႕လိုက္ၾကသည္။
“ေဟာ…ဧည့္သည္ေတြလား”
“ဟုတ္ပ…ကိုဘစိုးရယ္…
ဟိုဘက္အိမ္ကအမႈကိုလာစုံစမ္းတာတဲ့…
အဲ့တာေရာက္တုန္းသရက္သီးမွည့္ေလးေကြၽးခ်င္တာနဲ႔
က်ဳပ္ေခၚလာခဲ့တာ”
“ေၾသာ္…ေအး…ေအး…ေကာင္းတယ္
သမီးတို႔ထိုင္ၾကကြဲ႕”
အဘိုးႀကီးကမ်က္ႏွာထားခ်ိဳသည္။
လြန္းနီနီတို႔ကိုေျပာၿပီးသည္ႏွင့္
အဘြားႀကီးမီးဖိုခန္းထဲဝင္သြားသည္။
အဘိုးႀကီးကေတာ့tvမွသတင္းလာေနသည္ကို
အာ႐ုံစိုက္ၾကည့္ေနခဲ့၏။
လြန္းနီနီႏွင့္သီရိတို႔ကေတာ့အိမ္အတြင္းကိုအကဲခတ္ေနခဲ့သည္။
အဘိုးႀကီး၊အဘြားႀကီးတို႔အိမ္ကပ်ဥ္ေထာင္ႏွစ္ထပ္ျဖစ္ၿပီး
ေအာက္ထပ္၌ဧည့္ခန္းအျပင္အခန္းတစ္ခုလည္းရွိသည္။
ၿပီးေလမွမီးဖိုခန္းကလည္းသူ႔အကန႔္နဲ႔သူတည္ေဆာက္ထား၏။
ပစၥည္းမ်ား၊ဓာတ္ပုံမ်ားကိုလည္း
သပ္သပ္ရပ္ရပ္စီရီထားၾကသည္။
ခဏၾကာေတာ့အဘြားႀကီးကသရက္သီးပန္းကန္ေလးကိုင္ကာ
ျပန္ေရာက္လာခဲ့သည္။
“သမီးတို႔စားၾကပါဦး…
ဒါအဘြားတို႔ၿခံထဲကပင္မွည့္ေလးေတြအရမ္းခ်ိဳတာကြဲ႕”
“ဟုတ္ကဲ့အဘြား”
လြန္းနီနီႏွင့္သီရိတို႔လည္းအားနာနာျဖင့္စားလိုက္ၾကသည္။
ခဏမွ်ထိုင္ေနၾကၿပီးေနာက္…
“အဘြား… ကြၽန္မတို႔ျပန္ပါဦးမယ္ရွင့္…”
“ျပန္ေတာ့မွာလား…ဟုတ္ၿပီသမီးေရ…
ေနာက္လည္းလာျဖစ္ရင္ဝင္ခဲ့ၾကေနာ္…”
“ဟုတ္ကဲ့ရွင့္…အဘိုး ကြၽန္မတို႔ျပန္ပါဦးမယ္”
“ေအး…ေအး…ေအး…”
အဘြားႀကီးတို႔ကိုႏႈတ္ဆက္ၿပီးလြန္းနီနီႏွင့္သီရိတို႔
အိမ္ထဲမွထြက္လာခဲ့ၾကသည္။
ကားရပ္ထားရာဆီထိလမ္းေလွ်ာက္လာၾကရင္း…
“သီရိ…”
“ရွင္…”
“ဒီအိမ္မွာအခုလိုလူေသမႈျဖစ္တာ…
ဒါပထမဆုံးပဲလား”
“သီရိတို႔သတင္းရထားသေလာက္ကေတာ့
ဒါပထမဦးဆုံးပဲစီနီယာ…
ဘာျဖစ္လို႔လဲဟင္”
“ဒီလူ႔ကိုမငွားခင္ကေရာ…
အေရွ႕မွာဘယ္သူေတြငွားေနၾကေသးလဲ”
“ဒီအိမ္ကျပင္ထားတာမၾကာေသးဘူးလို႔
ေျပာတယ္စီနီယာ…
လူမေနတာတစ္ႏွစ္ေလာက္ၾကာၿပီးမွ
အိမ္ကိုျပန္ျပင္ေဆာက္ၿပီးငွားတာလို႔ေျပာတယ္…”
“ဒါဆိုရင္အရင္အိမ္ေဟာင္းတုန္းကေရာ
ဘယ္သူေတြေနတာလဲ”
“အခုအိမ္ရွင္မိသားစုပဲေနပုံရတယ္စီနီယာ…”
“ဒါဆိုရင္တို႔ေတြအဲ့သည္အိမ္ကိုသြားၾကတာေပါ့…”
“ဟုတ္ကဲ့”
လြန္းနီနီက ကားေပၚကိုအရင္ဦးဆုံးတက္လိုက္သည္။
သီရိကလည္းကားေပၚတက္၍ အိမ္ပိုင္ရွင္တို႔ေနထိုင္ရာ
သစၥာလမ္းဘက္ဆီသို႔ကားေလးကို
ဦးတည္ေမာင္းလာခဲ့ေတာ့၏။
ထိုအိမ္ပိုင္ရွင္၏ေနအိမ္ကိုေရာက္ေတာ့
လြန္းနီနီကားေပၚမွဆင္းလိုက္သည္။
ၿခံက်ယ္ႀကီးႏွင့္ႏွစ္ထပ္တိုက္ႀကီးကို လြန္းနီနီရပ္ၾကည့္ေနစဥ္
သီရိကလူေခၚေခါင္းေလာင္းကိုႏွိပ့္လိုက္သည္။
ခဏၾကာေတာ့ တံခါးလာဖြင့္ေပးေသာအမ်ိဳးသားမွာ…
“ဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲဗ်”
“ဒီအိမ္ပိုင္ရွင္ ဦးေသာ္တာနဲ႔ေတြ႕ခ်င္လို႔ပါ”
“ေၾသာ္…ဟုတ္ကဲ့…ဝင္ခဲ့ၾကပါဗ်”
ၿခံေစာင့္ဟုထင္ရေသာအမ်ိဳးသားႏွင့္
သီရိတို႔စကားေျပာၾကျခင္းျဖစ္သည္။
ထိုသူကတံခါးဖြင့္ေပးၿပီးသူမတို႔ကို
ဧည့္ခန္းအထိလိုက္၍ပို႔ေပးသည္။
“ခဏေစာင့္ၾကပါဦးေနာ္…
ဦးေလးကေရခ်ိဳးေနတုန္းမလို႔ပါ…
ကြၽန္ေတာ္သြားေျပာေပးထားပါ့မယ္”
“ဟုတ္ကဲ့”
အမ်ိဳးသားထြက္သြားေလေတာ့ လြန္းနီနီႏွင့္သီရိတို႔လည္း
ဧည့္ခန္းရွိဆိုဖာခုံမ်ား၌ထိုင္ေစာင့္ေနခဲ့ၾကသည္။
အိမ္ဧည့္ခန္း၌ခ်ိတ္ဆြဲထားေသာဓာတ္ပုံမ်ားကို
လြန္းနီနီၾကည့္မိသည္။
ထိုထဲ၌ အိမ္ပိုင္ရွင္ဦးေလးႀကီးတို႔လင္မယားႏွင့္သူတို႔
ရဲ႕သားျဖစ္ဟန္တူသူတို႔၏မိသားစုဓာတ္ပုံကိုၾကည့္မိသည္။
ေနာက္ထပ္ဓာတ္ပုံတစ္ခုကမဂၤလာေဆာင္ပုံျဖစ္သည္။
ထိုပုံထဲကသတိုးသားမွာသူတို႔၏သားျဖစ္သူျဖစ္ၿပီး
သတိုးသမီးႏွင့္ၿပဳံးရယ္ေနေသာဓာတ္ပုံေလးပင္။
“ဆရာမတို႔ေစာင့္ရတာၾကာသြားၿပီထင္တယ္…”
ဦးေသာ္တာကဧည့္ခန္းသို႔ေရာက္လာသည္။
“ရပါတယ္အန္ကယ္…ကြၽန္မတို႔ကလည္း
သိခ်င္တာရွိလို႔ေရာက္လာၾကတဲ့သူေတြပဲေလ…
ဒီေလာက္ေတာ့ေစာင့္ႏိုင္ပါတယ္”
“ေၾသာ္…ဟုတ္ကဲ့ဘာမ်ားထပ္သိခ်င္လို႔လဲမသိဘူး…
ကြၽန္ေတာ္ဘက္ကေျပာႏိုင္တာဆိုရင္ေတာ့
ေျပာျပေပးပါ့မယ္”
“ဟုတ္ကဲ့…အခုလိုပူးေပါင္းေဆာင္႐ြက္ေပးတာ
ေက်းဇူးတင္ပါတယ္အန္ကယ္…
ကြၽန္မသိခ်င္တာကေသဆုံးသူ ကိုျမတ္မင္းက
ဘယ္လိုလူမ်ိဳးလဲဆိုတာရယ္…
ကိုျမတ္မင္းအျပင္အဲ့သည္အိမ္ကို
ငွားဖူးသူေတြရွိသလားဆိုတာကိုသိခ်င္ပါတယ္”
“အင္း…ေျပာရမယ္ဆိုရင္ ဒီေကာင္ေလးက
လူေတာ္လူေအးေလးလို႔ပဲထင္ပါတယ္…
ကြၽန္ေတာ့္မ်က္စိေရွ႕မွာေတာ့စကားေျပာတာဘာညာကအစ
ယဥ္ေက်းတဲ့လူငယ္တစ္ေယာက္ပါ…
ဒါ့ေၾကာင့္လည္းက်ဳပ္အိမ္ကိုသူ႔ဆီမွာယုံယုံၾကည္ၾကည္နဲ႔ပဲ
ငွားေပးခဲ့တာပါ…”
“ဟုတ္ကဲ့…သူ႔အရင္တျခားသူေတြကိုေရာ
ငွားဖူးေသးလားအန္ကယ္”
“အန္ကယ္တို႔လည္းအိမ္ငွားဖူးတာဆိုလို႔
သူတစ္ေယာက္ပဲရွိတာပါ…
သားကေတာင္အဲ့သည္အိမ္ကိုျပင္ၿပီးရင္
ျပန္ေရာင္းမယ္လို႔ေျပာေနတာ…ဒါကို
အန္ကယ္ကအိမ္ငွားတင္လိုက္လို႔စိတ္ဆိုးေနေသးတယ္ေလ…
အခုလိုကိစၥႀကီးျဖစ္သြားေတာ့အိမ္လည္းမေရာင္းရဲ…
ေနာက္အငွားလည္းမတင္ရဲေတာ့ပါဘူးဆရာမရယ္…”
ဦးေသာ္တာေျပာသမွ်ကိုလြန္းနီနီ ေသခ်ာနားေထာင္ေနသည္။
“ဒီအိမ္မွာေရာအန္ကယ္တို႔မိသားစုဝင္ေတြပဲေနၾကတာလား…
ဟို…ဒါကအမႈနဲ႔မဆိုင္ပါဘူး…ဒီတိုင္းသိခ်င္လို႔”
“ရပါတယ္ဗ်ာ…
က်ဳပ္မိန္းမကမႏွစ္ကမွဆုံးသြားတာပါ…
ဒီအိမ္မွာက်ဳပ္ရယ္က်ဳပ္သားတို႔လင္မယားရယ္ပဲ
အတူတူေနၾကတာပါ…
ေစာေစာကဆရာမတို႔ကိုတံခါးလာဖြင့္ေပးတာက
က်ဳပ္တူပါ…႐ြာမွာမေနခ်င္ဘူးဆိုၿပီး
က်ဳပ္ဆီမွာလာေနရွာတာပါ…”
“ဟုတ္ကဲ့…အန္ကယ္…
အခုလိုသိလိုသမွ်စိတ္ရွည္လက္ရွည္ေျပာျပေပးတာကို
ေက်းဇူးတင္ပါတယ္ရွင္…
ကြၽန္မတို႔လည္းသိခ်င္တာသိရၿပီမလို႔
ျပန္လိုက္ပါဦးမယ္”
“ဟုတ္ကဲ့…”
ဦးေသာ္တာအိမ္ဆီမွလြန္းနီနီႏွင့္သီရိတို႔ျပန္လာခဲ့ၾကေတာ့သည္။
********************************
ညကတေျဖးေျဖးနက္လာသည္။
လြန္းနီနီႏွင့္သီရိတို႔ေနထိုင္ေသာ တိုက္ခန္းေလးအတြင္း၌
တပ္ဆင္ထားေသာမီးသီးမွာ
မွိတ္လိုက္လင္းလိုက္ျဖစ္လို႔ေနသည္။
သီရိကေတာ့ကုတင္ေပၚ၌အိပ္ေမာက်ေနခဲ့ၿပီး
လြန္းနီနီကေတာ့ ကြန္ျပဴတာတစ္လုံးျဖင့္အလုပ္ရႈပ္ေနခဲ့သည္။
ထိုသို႔အခုအလုပ္မ်ားေနစဥ္ မွိတ္လိုက္လင္းလိုက္ျဖစ္ေနေသာ
မီးသီးကိုလြန္းနီနီစိုက္ၾကည့္ရင္း…
“မီးသီးကဘာျဖစ္ေနတာလဲ”
ဟုေရ႐ြတ္လိုက္သည္။
ၿပီးေနာက္သူမ၏ကြန္ျပဴတာဆီသို႔သာ
အၾကည့္ျပန္ေ႐ြ႕လိုက္၏။
“ရွက္…ရွက္…ရွက္…”
အလုပ္ကိုျပန္အာ႐ုံစိုက္စဥ္ မီးဖိုခန္းဆီမွ
ေျခသံကိုၾကားလိုက္ရေတာ့ သီရိတေရးႏိုးေနၿပီအထင္ႏွင့္…
“သီရိ…ေရေသာက္ရင္တို႔အတြက္လည္း
တစ္ခြက္ေလာက္ခပ္ေပးပါဦး…”
ဟုေအာ္ေျပာလိုက္သည္။
သို႔ေသာ္လည္းသီရိကျပန္မေျဖ၍ သူမအေနာက္ကို
လွည့္ၾကည့္လိုက္သည္။
ကုတင္ေပၚ၌ေစာင္ေလးၿခဳံကာေကြးေကြးေလးအိပ္ေပ်ာ္ေနေသာသီရိကိုျမင္လိုက္ေတာ့ သူမအထိတ္တလန႔္ျဖင့္
မီးဖိုခန္းဆီကိုလွမ္းၾကည့္မိသည္။
လင္းလိုက္…မွိတ္လိုက္ျဖစ္ေနေသာ မီးသီးေၾကာင့္
ပို၍စိတ္ေျခာက္ျခားစရာေကာင္းေနခဲ့၏။
“ဘယ္သူလဲ…မီးဖိုခန္းထဲမွာဘယ္သူရွိေနတာလဲ”
ဟုေျပာရင္း စားပြဲထဲ၌ထည့္ထားေသာ
ေသနတ္ကိုယူလိုက္သည္။
သီရိကေတာ့အိပ္ေမာက်လွ်က္ပင္။
လြန္းနီနီလည္းအိမ္အတြင္း၌သူခိုးေရာက္ေနသည္ဆိုေသာအေတြးျဖင့္ သူခိုးကိုဖမ္းဖို႔ရန္အာ႐ုံစိုက္ေနမိသည္။
ေသနတ္ျဖင့္ခ်ိန္ထားရင္းမီးဖိုခန္းဆီကို
သူမတစ္လွမ္းျခင္းလွမ္းလာခဲ့၏။
မီးဖိုခန္းအတြင္းသို႔ေရာက္ေတာ့ ထမင္းစား
စားပြဲအနီး၌သူမကိုေက်ာေပးလွ်က္အေနအထားျဖင့္
မတ္တပ္ရပ္ေနေသာ.ဆံပင္ဖားလ်ားခ်ထားသည့္အမ်ိဳးသမီးတစ္ဦးကိုေတြ႕လိုက္ရသည္။
ထိုအမ်ိဳးသမီး၏တစ္ကိုယ္လုံးကလည္း
ေရမ်ားစို႐ြဲလို႔ေနသည္ကိုလြန္းနီနီသတိထားမိသည္။
ညသန္းေခါင္းေက်ာ္အခ်ိန္ႀကီး၌သူမတို႔တိုက္ခန္းအတြင္းသို႔
မည္သို႔ဝင္ေရာက္လာမွန္းမသိေသာအမ်ိဳးသမီးကို…
“ဘယ္သူလဲ…ဒီအခ်ိန္ႀကီးဘယ္လိုဝင္လာတာလဲ….”
ဟု…ေမးလိုက္သည္။
သူမအေမးကိုတစ္ဖက္မွျပန္မေျဖဘဲ
မတ္တပ္ႀကီးသာရပ္ေနခဲ့၏။
“ေမးေနတာမၾကားဘူးလား….
ဒီဘက္ကိုလွည့္လိုက္…ေျပာတဲ့အတိုင္းမလုပ္ရင္
ေသနတ္နဲ႔ပစ္ရလိမ့္မယ္…”
ဟုလြန္းနီနီကေျပာလိုက္သည္။
ထိုအခါမွေက်ာေပးထားသူသည္လႈပ္ရွားလာၿပီး
သူမဘက္သို႔လွည့္လာခဲ့၏။
သို႔ေသာ္ေခါင္းႀကီးကိုငိုက္စိုက္လုပ္ထား၍ဆံပင္မ်ားေၾကာင့္
မ်က္ႏွာကိုမျမင္ရေပ။
“မ်က္ႏွာကိုေမာ့ေလ…ေျပာေနတာၾကားလား”
ဟုထပ္မံကာေျပာေသာအခါ ဆတ္ခနဲေမာ့လာ၍
ျမင္လိုက္ရေသာအသြင္ေၾကာင့္လြန္းနီနီအထိတ္တလန႔္ျဖင့္…
“ဟင္…ရွင္….ရွင္က…လူမဟုတ္ဖူး…”
ဟုေျပာလိုက္သည္။
အမ်ိဳးသမီး၏မ်က္လုံးႀကီးမွာနီရဲေနၿပီး
မ်က္ႏွာႀကီးကလည္းၿပဳံးရယ္ေနခဲ့၏။
ထိုသို႔အသြင္ႀကီးကိုလြန္းနီနီေငးၾကည့္ေနမိစဥ္
ျဗဳန္းခနဲဆိုသလို သူမ၏အနီးသို႔ေရာက္ရွိလာေသာေၾကာင့္
လြန္းနီနီေရွာင္ခ်ိန္ပင္မရလိုက္ သူမ၏လည္ပင္းကို
ရွည္လ်ားေသာလက္သည္းႀကီးျဖင့္ကုပ္လိုက္ေလရာ….
“အားးးးးးးး………”
ခနဲေအာ္ဟစ္သံသည္တိုက္ခန္းေလးအတြင္း
က်ယ္ေလာင္စြာထြက္ေပၚလာခဲ့၏။
“စီနီယာ…စီနီယာ…”
“အင္…ဟင္း…….ဟင္….သီရိ”
ပုခုံးကိုအဆတ္မျပတ္ပုတ္ႏိုးမႈေၾကာင့္လြန္းနီနီ
မ်က္လုံးဖြင့္လာခဲ့သည္။
မ်က္လုံးဖြင့္ဖြင့္ျခင္း သီရိ၏မ်က္ႏွာကိုျမင္လိုက္ရ၏။
“တစ္ညလုံး ဒီစားပြဲမွာပဲအိပ္ေပ်ာ္ေနတာလား…”
သီရိအေမးကိုသူမ မေျဖႏိုင္ဘဲ မွန္ဆီသို႔အျမန္ထသြားသည္။
သီရိကေတာ့ဘာမွမေမးေသးဘဲလိုက္၍ၾကည့္ေနခဲ့၏။
မွန္ထဲကိုၾကည့္ေတာ့ သူမလည္ပင္း၏ဘယ္ဘက္အျခမ္း၌
လက္သည္းျခစ္ရာသုံးခုကိုျမင္လိုက္ရသည္။
ျခစ္ရာကသိပ္မနက္ေသာ္လည္းလြန္းနီနီေသခ်ာၾကည့္ေနမိသည္။
“လည္ပင္းကဘာျဖစ္တာလဲစီနီယာ”
သီရိကေမးသည္။
သို႔ေသာ္လြန္းနီနီျပန္မေျဖေသးဘဲ မီးဖိုခန္းဆီသြား၏။
သီရိကလည္းအေနာက္မွအတူလိုက္လာခဲ့သည္။
“ေဟာေတာ္…ေရေတြပါလား…
ဘယ္ကေနမ်ားေရေတြေမွာက္က်ေနတာလဲမသိဘူး”
ဟုေသာသီရိ၏အံ့ၾသသံကိုၾကားလိုက္ရသည္။
လြန္းနီနီဘယ္လိုမွစဥ္းစားမရေတာ့၍
ထမင္းစားခန္းထဲရွိခုံ၌ထိုင္ခ်လိုက္ရ၏။
“စီနီယာ…ဘာေတြျဖစ္ေနတာလဲ….
သီရိသိခြင့္ရွိရင္ေျပာျပပါလားစီနီယာရယ္…
စီနီယာရဲ႕ပုံစံကိုၾကည့္ၿပီးသီရိစိုးရိမ္လို႔ပါ…”
ဟုသီရိကေျပာေတာ့ လြန္းနီနီကသီရိဆီကိုလွမ္းၾကည့္ၿပီး…
“တို႔ေျပာျပပါ့မယ္သီရိရယ္…
ဒါေပမယ့္အန္တီလြင္ခရဲ႕အိမ္ကိုအရင္သြားမွရမယ္…”
ဟုေျပာၿပီးခုံမွထ၍ မ်က္ႏွာသစ္ကာ
အဝတ္အစားမ်ားကိုလဲလိုက္သည္။
သီရိကလည္း သူမကိုမမွီမွာဆိုး၍
ခပ္ျမန္ျမန္အဝတ္အစားလဲရွာ၏။
အဝတ္အစားမ်ားလဲၿပီးၿပီးခ်င္းပင္
ကားေသာ့ကိုေကာက္ယူကာ ေဒၚလြင္ခ၏အိမ္ဆီကို
ထြက္လာခဲ့ၾကေတာ့သည္။

လြန္းနီနီႏွင့္သီရိတို႔ေဒၚလြင္ခ၏အိမ္သို႔
ေရာက္ရွိလာၾကသည္။
“တင္း ေတာင္…”
လူေခၚေခါင္းေလာင္းကိုသီရိကႏွိပ္လိုက္သည္။
အိမ္အကူမေလးကတံခါးလာဖြင့္ေပးၿပီးသူမတို႔ကိုၾကည့္၍…
“ေၾသာ္…မမတို႔ပါလား…ဝင္ၾကပါရွင့္
ဆရာမႀကီးက ဧည့္သည္နဲ႔ေတြ႕ေနလို႔
ခဏေတာ့ေစာင့္ေပးရမယ္ေနာ္မမ”
ဟုေျပာေလသည္။
လြန္းနီနီကေခါင္းတစ္ခ်က္ညိတ္၍…
“ရပါတယ္ညီမေလး…ဒါဆိုရင္အစ္မတို႔
ၿခံထဲကခုံမွာပဲထိုင္ေစာင့္လိုက္မယ္ေနာ္”
“ဟုတ္ကဲ့…အေအးနဲ႔အပူဘာမ်ားသုံးေဆာင္မလဲရွင့္”
“ရပါတယ္..အစ္မတို႔အတြက္ဘာမွမလုပ္နဲ႔ေတာ့”
“ဟုတ္ကဲ့…ဒါဆိုရင္ခဏထိုင္ေစာင့္ေပးၾကပါဦးေနာ္”
ဟုေျပာကာ အိမ္အကူမေလးက အိမ္ထဲဝင္သြားသည္။
လြန္းနီနီႏွင့္သီရိကၿခံထဲ၌ အပန္းေျဖထိုင္ဖို႔ရန္
ျပဳလုပ္ထားေသာခုံတန္းစားပြဲေလး၌ထိုင္ေနခဲ့ၾက၏။
နာရီဝက္မွ်ၾကာေတာ့ ေဒၚလြင္ခႏွင့္အတူ
အမ်ိဳးသမီးႀကီးတစ္ဦးတို႔အိမ္ထဲမွထြက္လာၾကသည္။
“ဒါဆိုရင္ကြၽန္မျပန္လိုက္ပါဦးမယ္ဆရာမ”
“ေကာင္းပါၿပီရွင္…”
ေဒၚလြင္ခကိုႏႈတ္ဆက္၍အမ်ိဴးသမီးႀကီးျပန္သြားေတာ့သည္။
ေဒၚလြင္ခကလြန္းနီနီတို႔ထိုင္ေနေသာေနရာဆီကို
မ်က္ႏွာၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ေရာက္လာခဲ့ၿပီး…
“လြန္းေလးတို႔ေရာက္ေနတာပဲ…
အန္တီဆီကိုဘာအေရးတႀကီးကိစၥရွိလို႔မ်ား
ေရာက္လာၾကတာလဲ…ေျပာပါဦး”
“အိမ္ထဲေရာက္မွေျပာရေအာင္အန္တီ…”
“ေကာင္းပါၿပီရွင္…ဒါဆိုရင္လည္း…
လာေလကြယ္…အိမ္ထဲကိုသြားၾကရေအာင္”
ေဒၚလြင္ခက လြန္းနီနီႏွင့္သီရိတို႔၏လက္ကိုတြဲထားၿပီးမွ
အိမ္ထဲသို႔ေခၚသြားေလသည္။
လြန္းနီနီႏွင့္သီရိကို ေဒၚလြင္ခကအလြန္ခ်စ္ရွာသည္။
ေဆြမ်ိဳးသားခ်င္းဟူ၍မရွိဘဲ
တစ္ကိုယ္တည္းရပ္တည္ေနေသာ ေဒၚလြင္ခသည္
ပေယာဂကုသည့္ဆရာမတစ္ဦးျဖစ္သည့္အေလွ်ာက္
ဝင္ေငြလည္းေကာင္း၏။
ဒါေၾကာင့္လည္း ၿခံဝန္းက်ယ္ႀကီး၌ခန္းနားေသာတိုက္ႀကီးတစ္လုံးကိုေဆာက္လုပ္ကာေနထိုင္ေနျခင္းျဖစ္သည္။
ေဒၚလြင္ခ၏ဧည့္ခန္းဆီကိုေရာက္ေတာ့လြန္းနီနီက…
“အန္တီ…ဒီဒဏ္ရာကိုတစ္ခ်က္ၾကည့္ပါဦး…”
ဟုေျပာကာ သူ၏လည္ပင္းမွကုပ္ရာမ်ားကိုျပေလသည္။
ေဒၚလြင္ခကလည္းကုပ္ရာမ်ားကိုသူ၏လက္ျဖင့္ထိ၍
ေသခ်ာၾကည့္သည္။
ၿပီးေနာက္…
“ဒီဒဏ္ရာကဘယ္လိုရတာလဲလြန္းေလး…”
ဟုေဒၚလြင္ခကေမးေသာအခါ လြန္းနီနီမွ
သူ၏အျဖစ္အပ်က္အစုံကိုေဒၚလြင္ခကိုေျပာျပေတာ့သည္။
အေၾကာင္းစုံမသိေသးေသာသီရိကလည္း
လြန္းနီနီေျပာသမွ်ကိုနားေထာင္ရင္းအံ့ၾသေနရွာသည္။
အေၾကာင္းစုံကိုသိသြားေတာ့ ေဒၚလြင္ခမွ…
“အင္း…ဒါဆိုရင္ေတာ့အန္တီေသခ်ာစစ္ၾကည့္ေပးပါ့မယ္…
သမီးဒဏ္ရာၾကည့္ရတာလည္း
သရဲကုပ္ထားတာလို႔ပဲအန္တီခံစားမိတယ္…
ေၾသာ္…
ဒါနဲ႔မနက္စာေကာစားၿပီးၾကၿပီလား”
“ဟင့္အင္းမစားရေသးဘူးအန္တီ”
ဟုသီရိမွဦးစြာေျဖလိုက္၏။
“ေဟာ…ၾကည့္ပါဦး…ဒီကေလးေတြကေတာ့…
မိတိုးေရ…ေကာ္ဖီနဲ႔မုန႔္ေလးအရင္ယူလာေပးပါဦး”
“ဟုတ္ကဲ့”
“ကဲ…လာ…အခန္းထဲသြားၾကစို႔”
ေဒၚလြင္ခကသူ၏အလုပ္ခန္းဆီကိုေခၚသြားသည္။
အလုပ္ခန္းဟုဆိုရေအာင္လည္း ဆိုဖာခုံႏွစ္ခုံႏွင့္စားပြဲတစ္လုံးသာရွိေသာ အခန္းက်ယ္တစ္ခုသာျဖစ္၏။
အခန္းထဲ၌ ပုံသ႑န္အမ်ိဳးမ်ိဳးရွိသည့္
ဓားမ်ား…၊ ႀကိဳးမ်ားကိုလည္းခ်ိတ္ဆြဲထားေသးသည္။
ဒါ့အျပင္နံရံကပ္ဗီဒိုႀကီးတစ္လုံးလည္းရွိေန၏။
“ကဲ…ထိုင္ၾကဦး…အန္တီအသင့္ျပင္ထားဦးမယ္”
ေဒၚလြင္ခက သူ၏ပစၥည္းမ်ားထားရာ
ဗီဒိုႀကီးဆီကိုသြားသည္။
ထိုထဲမွဖေယာင္းတိုင္ရွည္ႀကီးတစ္တိုင္ႏွင့္
ေျမျဖဴတစ္ေခ်ာင္းအျပင္ေရမန္းပုလင္းေလးတစ္လုံးကို
လည္းထုတ္ယူလိုက္ေလသည္။
“ေကာ္ဖီနဲ႔မုန႔္ရၿပီရွင့္”
“ဟုတ္…ဒီကိုေပးေနာ္….”
သီရိက အိမ္အကူမေလးဆီမွ ေကာ္ဖီနဲ႔မုန႔္မ်ား
ထည့္ထားရာဗန္းေလးကိုလက္လႊဲယူလိုက္သည္။
အိမ္အကူမေလးကလည္းခ်က္ခ်င္းျပန္ထြက္သြား၏။
“သမီး…ရၿပီလာေတာ့ေနာ္…”
ေဒၚလြင္ခကၾကမ္းျပင္ေပၚ၌ ေျမျဖဴျဖင့္
ၾကယ္ပုံသ႑န္ေရးဆြဲထားသည္။
ဒါ့အျပင္ ဖေယာင္းတိုင္ကိုလည္းမီးထြန္း၍ထားသည္။
ေသခ်ာျပင္ဆင္ၿပီးေလမွလြန္းနီနီကိုလွမ္းေခၚျခင္းျဖစ္၏။
လြန္းနီနီဆိုဖာခုံမွထ၍ထြက္လာသည္။
သီရိကေတာ့ဗိုက္ဆာေနဟန္ျဖင့္ေကာ္ဖီနဲ႔ကိတ္မုန႔္မ်ားကို
စားေနခဲ့ၿပီးမ်က္လုံးသည္ကလြန္းနီနီတို႔ထံ
အာ႐ုံစိုက္ကာၾကည့္ေနခဲ့သည္။
“လြန္းေလး….တင္ပုလႅင္ေခြထိုင္ခ်လိုက္ေနာ္…”
ဖေယာင္းတိုင္ကိုၾကားခံထားၿပီး လြန္းနီနီႏွင့္ေဒၚလြင္ခတို႔
မ်က္ႏွာျခင္းဆိုင္ထိုင္လိုက္ၾကသည္။
“အန္တီက…ၿပီးၿပီမေျပာမခ်င္း
သမီးဘက္ကဘာစကားမွမေျပာနဲ႔ေနာ္…”
လြန္းနီနီေခါင္းညိတ္ျပလိုက္သည္။
“ကဲ…မ်က္လုံးကိုမွိတ္ထား”
ေဒၚလြင္ခကလြန္းနီနီ၏ဘယ္ဘက္လက္ဖဝါးကို
သူ၏လက္ဖဝါးႏွစ္ဖက္ျဖင့္ဆုပ္ကိုင္ထားၿပီးေလမွ
လြန္းနီနီကိုမ်က္လုံးမွိတ္ခိုင္းသည္။
သူကိုယ္တိုင္လည္းမ်က္လုံးကိုမွိတ္လိုက္ၿပီးေနာက္
က်ယ္ေလာင္ေသာအသံျဖင့္ဂါထာမ်ားကို႐ြတ္ဆိုေတာ့၏။
ဂါထာ႐ြတ္ဆိုၿပီးေနာက္မည္သည့္အသံမွ
ဆက္ထြက္မလာေတာ့ဘဲအခန္းတစ္ခုလုံး
တိတ္ဆိတ္သြားသည္။
သီရိကေတာ့စားလက္စမုန႔္ႏွင့္ေကာ္ဖီခြက္ကိုပင္
ဆက္မေသာက္ႏိုင္ေတာ့ဘဲ စားပြဲေပၚျပန္တင္လိုက္၏။
သူမလည္းရင္တထိတ္ထိတ္ျဖစ္လို႔ေနခဲ့သည္။
ၾကည့္ေနစဥ္မွာ ေဒၚလြင္ခ၏ကိုယ္မွာ
နတ္ပူးေနသူတစ္ေယာက္အလားတုန္ရီလို႔လာေလသည္။
ေခါင္းကိုတဆတ္ဆတ္ညိတ္ရင္းတစ္ကိုယ္လုံးတုန္ရီေနေသာ
ေဒၚလြင္ခကိုၾကည့္ရင္းသီရိေၾကာက္လန႔္လာသည္။
လြန္းနီနီကေတာ့မ်က္စိမွိတ္လ်က္ ၿငိမ္သက္လို႔္ေနခဲ့သည္။
ထိုစဥ္ေဒၚလြင္ခ၏မ်က္လုံးမ်ားပြင့္လာခဲ့ၿပီး
“ဟင္းးး……ဟူးး…….” ခနဲ ေလပူမ်ားကို
မႈတ္ထုတ္လိုက္သည္။
“လြန္းေလး…မ်က္စိဖြင့္လို႔ရၿပီ…”
ေဒၚလြင္ခစကားေၾကာင့္လြန္းနီနီမ်က္လုံးမ်ားဖြင့္လိုက္သည္။
နဖူးမ်ားေခြၽးမ်ားကိုလက္ျဖင့္သုပ္ေနေသာေဒၚလြင္ခကို…
“အန္တီ…ဘာမ်ားထူးျခားလို႔လဲ”
ဟု…လြန္းနီနီမွေမးလိုက္သည္။
ေဒၚလြင္ခက ထိုင္ေနရာမွထရပ္လိုက္ၿပီး
ဆိုဖာေပၚ၌သြားထိုင္သည္။
အဲ့သည္ေနာက္…
စားပြဲေပၚရွိေရဘူးကိုယူကာေမာ့၍ေသာက္လိုက္ျပန္သည္။
ေရေသာက္လို႔ၿပီးေလမွ…
“အၿငိဳးေတြအေတာ္ႀကီးေနတဲ့သူပဲ…”
“ဘာကိုေျပာတာလဲအန္တီ”
“မိန္းကေလး…အဲ့မိန္းကေလးမွာ
အၿငိဳးေတြရွိေနတယ္လြန္းေလး…”
“အန္တီဘာေတြသိခဲ့ေသးလဲ”
လြန္းနီနီအေမးကို ေဒၚလြင္ခေခါင္းခါသည္။
“သူ႔ကိစၥမွာဝင္ပါတဲ့သူတိုင္းကိုသူသတ္မယ္လို႔ေျပာတယ္…
သူ႔မွာအၿငိဳးေတြရွိတယ္လြန္းေလး…
သူရဲ႕မွတ္တိုင္ကိုမေရာက္မျခင္းဒီအၿငိဳးေတြက
မဆိုင္တဲ့သူေတြကိုပါသတ္ပစ္ႏိုင္တယ္”
“သူကဘယ္သူလဲ…သူ႔ကိုကြၽန္မ မသိဘဲနဲ႔
သူဘယ္ကေပၚလာတာလဲအန္တီ…”
“ဆက္စပ္ေနတယ္…ဆက္စပ္ေနလို႔
လြန္းေလးဆီေရာက္လာတာပဲ…
ဒီဝိညာဥ္ဆိုးနဲ႔ပတ္သတ္ေနတဲ့ေနရာကိုလြန္းေလးသြားခဲ့လို႔…
ဒါေၾကာင့္မလို႔လည္းသူလြန္းေလးကိုလာၿပီး
ခ်ိန္းေျခာက္သြားတာေပါ့…”
“ရွင္…ခ်ိန္းေျခာက္တယ္…ဘယ္လိုမ်ား”
လြန္းနီနီစကားဆက္ေျပာဖို႔ႀကံေနစဥ္ ေဒၚလြင္ခက
လြန္းနီနီ၏လည္ပင္းကိုလက္ညိဳးထိုးျပသည္။
လြန္းနီနီလည္းလည္ပင္းမွကုပ္ရာကိုလက္ျဖင့္စမ္း၍…
“အဲ့တာဆို…ကြၽန္မဘာဆက္လုပ္ရမလဲအန္တီ”
“အန္တီတို႔အေျဖထပ္ရွာရေတာ့မယ္…
ဝိညာဥ္ဆိုးအေၾကာင္းသိဖို႔လည္းလိုတယ္…
ဒီဝိညာဥ္ဆိုးက သမီးနဲ႔ဘယ္လိုပတ္သတ္ေနသလဲ
ဆိုတာကစၿပီး…သိဖို႔ႀကိဳးစားရမယ္…
ေန…ေနဦး…အေစာကအန္တီျမင္လိုက္တယ္…
သူနဲ႔အန္တီနဲ႔ၿခံဝန္းတစ္ခုထဲမွာစကားေျပာေနတာ…
တစ္ထပ္တိုက္ေလးပဲ…အင္း ဟုတ္တယ္
အဲ့သည္တစ္ထပ္တိုက္ေလးကိုအန္တီမွတ္မိၿပီ…”
“တစ္ထပ္တိုက္ေလး…ဟုတ္လားအန္တီ”
ေဒၚလြင္ခက ေခါင္းညိတ္သည္။
လြန္းနီနီႏွင့္သီရိတို႔လည္းအံ့ၾသဟန္ျဖင့္
အခ်င္းခ်င္းၾကည့္မိၾကသည္။
သီရိမွ…
“တစ္ထပ္တိုက္ဆိုရင္…တစ္ေန႔ကကိုယ့္ကိုကိုယ္သတ္ေသ
တဲ့အိမ္မ်ားျဖစ္ေနမလား”
ဟုေျပာေတာ့လြန္းနီနီက…
“အန္တီကိုလိုက္ျပရင္ေတာ့…ဟုတ္…မဟုတ္သိရမွာပဲ…
ခက္တာကအန္တီအားပါ့မလား”
“အားပါတယ္လြန္းေလးရယ္…
ဒီေလာက္လြန္းေလးအတြက္အေရးႀကီးေနတာကို
အန္တီကတျခားအလုပ္ေတြဦးစားေပးေနပါ့မလား”
“ဒီလိုေျပာလို႔ေက်းဇူးတင္ပါတယ္အန္တီ…
ျဖစ္ႏိုင္ရင္အခုပဲသြားခ်င္မိတယ္”
“ဒါဆိုရင္လည္းသြားၾကတာေပါ့…
ခဏေတာ့ေစာင့္ေနာ္…အန္တီအဝတ္အစားလဲလိုက္ဦးမယ္”
“ဟုတ္ကဲ့အန္တီ…”
ေဒၚလြင္ခကအဝတ္အစားလဲဖို႔ရန္အတြက္
အခန္းထဲမွထြက္သြားသည္။
လြန္းနီနီႏွင့္သီရိကေတာ့ေကာ္ဖီေသာက္ရင္းေဒၚလြင္ခကို
ေစာင့္ေနၾကေလသည္။
“စီနီယာ…တကယ္လို႔သာအဲ့အိမ္ဆိုတာေသခ်ာခဲ့ရင္
သီရိတို႔ဘက္ကဘာဆက္လုပ္ၾကရမွာလဲဟင္…”
“အင္း…အဲ့သည္အိမ္မွာဝိညာဥ္ဆိုးရွိေနတာအမွန္ဆိုရင္ေတာ့
ကိုျမတ္မင္းေသတာဘာေၾကာင့္လဲဆိုတာ
ေသခ်ာအေျဖရွာရမွာေပါ့…”
“ဟူးးးး….သီရိေတာ့မ်က္ခုံးေတြခပ္လႈပ္လႈပ္ပါပဲ”
“ကဲ…လြန္းေလးတို႔သြားၾကစို႔”
ေဒၚလြင္ခေရာက္လာေတာ့စကားစျပတ္သြားၾကသည္။
ထို႔ေနာက္သူမတို႔လည္းေဒၚလြင္ခႏွင့္အတူအခန္းထဲမွ
ထြက္လာၾကၿပီး ကားဆီကိုသြားၾကေတာ့သည္။
ကားဆီကိုေရာက္ေတာ့သီရိက ကားေမာင္းသူေနရာ၌ထိုင္ကာ
သြားမည့္ေနရာသို႔လိုက္ပို႔ေပးေတာ့၏။
တိုက္အိမ္ေလးဆီသို႔သူမတို႔ေရာက္လာၾကေတာ့…
“အန္တီ…ဒီအိမ္ပဲ…”
လြန္းနီနီက ေဒၚလြင္ခကိုကားတံခါးဖြင့္ေပးရင္း
ေျပာလိုက္သည္။
ေဒၚလြင္ခကလည္း ကားေပၚမွဆင္းလာၿပီးအိမ္ကို
ေသခ်ာၾကည့္၏။
“မွန္ေနတာပဲ…”
ေဒၚလြင္ခစကားေၾကာင့္လြန္းနီနီႏွင့္သီရိက
ေဒၚလြင္ခကိုၾကည့္ေနၾကသည္။
ေဒၚလြင္ခကဆက္ၿပီး…
“အန္တီျမင္လိုက္တဲ့အိမ္ကဒီအိမ္ပဲသမီး…”
ဟုေျပာေတာ့…
“ရွင္…”
“ဟင္…” ဟုေသာအသံမ်ားကလြန္းနီနီႏွင့္သီရိတို႔ထံမွ
ထြက္ေပၚလာခဲ့သည္။
“ဒီအိမ္ကိုေသခ်ာၾကည့္ေတာ့လည္း
မေကာင္းတဲ့အေငြ႕အသက္ေတြရေနတယ္….
ဟုတ္ေနပါၿပီ…သမီးကိုကုပ္တဲ့ဝိညာဥ္ဆိုးကဒီမွာရွိေနတယ္”
“ဒါဆိုဘာဆက္လုပ္ရမလဲအန္တီ”
“အေသခ်ာေတာ့အန္တီဘက္ကမေျပာႏိုင္ေသးဘူး…
ျဖစ္ႏိုင္ရင္ေပါ့ေလ…ျဖစ္ႏိုင္မွေနာ္သမီး…
ဒီည…အန္တီတို႔ ဒီအိမ္မွာအစီအရင္လုပ္ၿပီး
ရင္ဆိုင္ၾကရင္ေတာ့သမီးလိုခ်င္တဲ့အေျဖကို
ရေလာက္မယ္လို႔ အန္တီထင္တယ္…”
ဟုေျပာေသာေဒၚလြင္ခ၏စကားေၾကာင့္
လြန္းနီနီစဥ္းစားေနရသည္။
လြန္းနီနီစဥ္းစားေနစဥ္ သီရိမွ…
“ဟိုေလ…သီရိတစ္ခုေျပာမယ္ေနာ္စီနီယာ…
ဒီအိမ္ေသာ့ကအခုထိစခန္းမွာရွိေသးတယ္
လူေသမႈျဖစ္ထားတာဆိုေတာ့ လိုအပ္တာဝင္စုံစမ္းဖို႔
ေသာ့ကယူထားတာ အခုထိေတာ့
ျပန္မေပးရေသးဘူးထင္တယ္”
ဟုေျပာလိုက္ေသာအခါ လြန္းနီနီမွေခါင္းတစ္ခ်က္ညိတ္၍…
“ဒါဆိုရင္လည္း ကြၽန္မတို႔
ဒီညအစီအစဥ္စၾကတာေပါ့အန္တီ…အန္တီကိုေတာ့
အားလည္းနာမိသလို…အားလည္းကိုးပါတယ္
ကြၽန္မတို႔ကိုကူညီေပးပါဦးေနာ္…”
“ေျပာေနစရာလားကြယ္…”
ေဒၚလြင္ခကၿပဳံး၍ လြန္းနီနီကိုေျပာလိုက္ေတာ့သည္။
ထိုသို႔ျဖင့္သူမတို႔လည္း ကားျဖင့္ျပန္လာခဲ့ၾကသည္။
ေဒၚလြင္ခကိုအိမ္ျပန္ပို႔ၿပီးသည္ႏွင့္သူမတို႔လည္စခန္းကို
တန္းသြားၾကရသည္။
ညက်မွ ထိုတိုက္အိမ္ေလးကိုျပန္သြားၾကမည္ျဖစ္တာေၾကာင့္
တစ္ေန႔တာလုပ္စရာရွိသည္မ်ားကိုလုပ္ေဆာင္ရင္း
စခန္း၌သာအခ်ိန္ကုန္ခဲ့ၾက၏။
**********************************
အခ်ိန္အားျဖင့္ည၉နာရီမွ်ရွိေလၿပီ။
လြန္းနီနီႏွင့္သီရိက ေဒၚလြင္ခ၏အိမ္၌
ေရာက္ေနၾကၿပီျဖစ္သည္။
သူမတို႔ႏွစ္ေယာက္လုံးယူနီေဖာင္းမ်ား
ဝတ္ဆင္ထားျခင္းမရွိေတာ့ဘဲ ေပါ့ေပါ့ပါးပါး
တီရွက္အက်ႌႏွင့္ဂ်င္းေဘာင္းဘီရွည္မ်ားကိုသာ
ဝတ္ဆင္လို႔ထားၾကသည္။
ေဒၚလြင္ခအိမ္ရဲ႕ဧည့္ခန္း၌ထိုင္ကာစကားေျပာၾကရင္း
ညဆယ္နာရီမွ်အခ်ိန္ေရာက္ေတာ့…
“ကဲ…သြားၾကစို႔သမီးတို႔…ဟိုေရာက္ရင္ေတာ့
ျပင္ဆင္စရာရွိတာျပင္တာနဲ႔၁၂နာရီေရာက္သြားမွာပါ…”
“ဟုတ္ကဲ့အန္တီ…”
သူမတို႔လည္း တိုက္အိမ္ေလးရွိရာရပ္ကြက္ဆီကို
ကားေလးေမာင္း၍ထြက္လာခဲ့ၾကသည္။
တိုက္အိမ္ေလးသို႔ေရာက္ေတာ့ ပတ္ဝန္းက်င္တစ္ခုလုံး
တိတ္ဆိတ္ကာေန၏။
သီရိကၿခံတံခါးေသာ့ကိုဖြင့္ၿပီးလြန္းနီနီကေတာ့
ဓာတ္မီးေလးကိုကိုင္၍အလင္းျပေပးရွာသည္။
တိုက္အိမ္ေလးထဲသို႔သူမတို႔သုံးေယာက္လုံး
ဝင္ေရာက္လာၾကၿပီးမီးခလုတ္ကိုဖြင့္လိုက္ေလမွ
တစ္အိမ္လုံးကိုရွင္းရွင္းလင္းလင္းျမင္ရေတာ့သည္။
“အခန္းေတြေတာ့မ်ားသားေနာ္…အျပင္ကၾကည့္ေတာ့
အိမ္ကက်ဥ္းမယ္ထင္ေနတာ…”
ဟုေဒၚလြင္ခကေျပာလိုက္သည္။
ၾကမ္းျပင္၌ဖုန္မ်ား၊အမႈိက္မ်ားျဖင့္ရႈပ္ပြေနသည္။
ဒါ့အျပင္ဧည့္ခန္းရွိရာေနရာ၏အေပၚထုတ္တန္း၌
ႀကိဳးတစ္ေခ်ာင္းကတြဲလဲက်လို႔ေနရာ…
“စီနီယာ…ဟို…ဟိုႀကိဳးကိုအခုထိ
ဖယ္မသြားၾကဘူးထင္တယ္…”
ဟုလက္ညိဳးထိုးကာေျပာလိုက္သည္။
ထိုႀကိဳးက ျမတ္မင္းကိုယ့္ကိုကိုယ္အဆုံးစီရင္ခဲ့ေသာ
ႀကိဳးပင္ျဖစ္၏။
“ကဲ…လြန္းေလး…အန္တီတို႔ဒီေနရာကအမႈိက္ေတြ
ဖုန္ေတြကိုဟိုေထာင့္ကိုပို႔ရမယ္…
ေနရာက်ယ္ေအာင္လို႔ခုံေတြကိုလည္းေနရာေ႐ြ႕ရဦးမယ္”
“ဟုတ္ကဲ့အန္တီ…”
လြန္းနီနီႏွင့္သီရိတို႔လည္း တံျမတ္စည္းရွာ၍
ဧည့္ခန္းကအမႈိက္မ်ားကိုအခန္းေထာင့္ဆီကိုသြားစုလိုက္သည္။
ၿပီးေလေတာ့ ခုံမ်ားကိုေနရေ႐ြ႕လိုက္ေသာအခါ
ဧည့္ခန္းေနရာက အေတာ္ေလးက်ယ္သြားသည္။
“ကဲ…ဒါဆိုရင္ရၿပီ…
အခ်ိန္ကလည္းဆယ့္ႏွစ္နာရီထိုးဖို႔ငါးမိနစ္ပဲလိုေတာ့တယ္…
အန္တီတို႔စၾကတာေပါ့…သမီးသီရိက အိမ္တံခါးကိုဖြင့္ထားလိုက္ေတာ့…”
“ရွင္…အိမ္တံခါးကဖြင့္မွရမွာလားအန္တီ”
“ဒါေပါ့သမီးရဲ႕…”
“ဟုတ္…ဟုတ္ကဲ့”
သီရိက အိမ္တံခါးကိုသြားဖြင့္ထားလိုက္သည္။
ထိုအခ်ိန္ေဒၚလြင္ခက ဖေယာင္းတိုင္မီးကိုထြန္းထားေလၿပီ။
ေဒၚလြင္ခကသူမအေရွ႕၌ဖေယာင္းတိုင္တစ္တိုင္ကို
မီးထြန္း၍လက္၌ကိုင္ထားေလသည္။
“သမီးတို႔ႏွစ္ေယာက္လုံးစိတ္ကိုၿငိမ္ၿငိမ္ထားၾကေနာ္…
ဘာေတြပဲျဖစ္လာျဖစ္လာအန္တီရွိတယ္…”
“ဟုတ္ကဲ့အန္တီ…”
လြန္းနီနီႏွင့္သီရိတို႔ကအိမ္တံခါးႏွင့္မ်က္ႏွာျခင္းဆိုင္အခန္းေထာင့္ေလး၌မတ္တပ္ရပ္ေနၾကသလို ေဒၚလြင္ခကလည္း
အိမ္တံခါးကိုမ်က္ႏွာမူၿပီးမတ္တပ္အေနအထားေန၏။
အခ်ိန္ကလည္းည၁၂နာရီတိတိျဖစ္ေနၿပီမလို႔…
“ဒီအိမ္…ဒီၿခံအတြင္းမွာရွိေနတဲ့ဝိညာဥ္…
သင့္ကိုကြၽႏ္ူပ္၏ေရွ႕ေမွာက္သို႔အေရာက္ေခၚသည္…
သင္ၾကားရာအရပ္မွအေရာက္လာေစ……
ဆရာသခင္တို႔၏အာဏာစက္နဲ႔
ကြၽႏ္ူပ္၏အမိန႔္ကို သင္ၾကားေစ…”
ဟူေသာေဒၚလြင္ခ၏အသံကအိမ္အတြင္း၌
ဟိန္း၍ထြက္လာခဲ့သည္။
ခ်က္ခ်င္းဆိုသလိုမီးမ်ားကာမွိတ္လိုက္၊လင္းလိုက္
ျဖစ္လာသည္။
“ဟင္…ဟို…ဟိုမွာ…”
သီရိကအထိတ္လန႔္ျဖင့္ျပတင္းေပါက္ကို
လက္ညိဳးထိုးျပသည္။
ျပတင္းေပါက္မွျမင္ရသည္က
ၿခံထဲ၌ဆံပင္ဖ်ားလ်ားခ်ထားသည့္အမ်ိဳးသမီးတစ္ဦးက
တေ႐ြ႕ေ႐ြ႕လမ္းေလွ်ာက္လာေနခဲ့သည္။
ဆံပင္ကိုဖ်ားလ်ားခ်ထားေသာ အမ်ိဳးသမီးသည္
အိမ္ထဲသို႔ဝင္လာခဲ့၏။
မီးမ်ားကလည္းလင္းလိုက္၊မွိတ္လိုက္ျဖစ္ေနျခင္းေၾကာင့္
အေတာ္ေျခာက္ျခားစရာေကာင္းေနသည္။
“သင္ဘယ္သူလဲ…”
ဟုေဒၚလြင္ခကေမးသည္။
သို႔ေသာ္ျပန္မေျဖဘဲ ေခါင္းကိုေမာ့လိုက္၍ဆံပင္မ်ားၾကားမွ
မ်က္လုံးနီႀကီးကိုအားလုံးျမင္လိုက္ၾကရသည္။
သီရိကေၾကာက္၍လြန္းနီနီေဘးကိုအတင္းကပ္ေနသည္။
လြန္းနီနီ၏လက္ေမာင္းကိုဖက္တြယ္ထားၿပီး
အသားမ်ားပင္တဆတ္ဆတ္တုန္ရီလို႔ေနရွာ၏။
“သင္ဘယ္သူလဲ…သင္နဲ႔ဒီအိမ္ကဘယ္လိုပတ္သတ္ေနတာလဲ”
ဟုေဒၚလြင္ခကအမ်ိဳးသမီးကိုလက္ညိဳးထိုး၍
ထပ္ေမးသည္။
“ငါ့နာမည္ကယုမြန္…….”
“အမယ္ေလး……..”
ယုမြန္ဟုေျပာၿပီးသည္ႏွင့္ခ်က္ခ်င္းပင္
လြန္းနီနီထံဝင္ေရာက္ပူးကပ္သြား၏။
သီရိမွာေၾကာက္အားလန႔္အားျဖင့္လြန္းနီနီေဘးမွ
ထြက္ေျပးရသည္။
ေဒၚလြင္ခ၏အေနာက္သို႔သြားပုန္းေနၿပီးေဒၚလြင္ခကေတာ့
လြန္းနီနီကိုစိုးရိမ္တႀကီးျဖင့္ၾကည့္ေနခဲ့သည္။
လြန္းနီနီကေခါင္းႀကီးေငါက္စိုက္က်ၿပီး
ၿငိမ္သက္လို႔ေနေလသည္။
*******************************
ယုမြန္…အသက္အားျဖင့္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ေလး
ဖ်တ္ဖ်တ္လတ္လတ္ျဖင့္အလြန္ႏွစ္လိုဖြယ္ခႏၶာကိုယ္အခ်ိဳးအစားကိုပိုင္ဆိုင္လို႔ထားသည္။
႐ုပ္သြင္ေလးကလည္းခ်စ္စရာေလးမလို႔
ယုမြန္ဆိုေသာမိန္းကေလးကို ေယာက်ာ္းသားမ်ားက
အၿပိဳင္ပိုးပန္းေနၾက၏။
ဆံပင္မွာ ေက်ာလယ္ေလာက္ထိရွည္လ်ားၿပီး
ေပါင္ေပၚစကတ္တို ႏွင့္ခ်က္ေပၚ အက်ႌေလးကိုဝတ္ဆင္ေသာ
ယုမြန္သည္ Sky ဘား၌ ထင္ေပၚလွသူျဖစ္သည္။
ဘား၌ဝိတ္တာလုပ္ေသာ ယုမြန္ကို ခ်ဥ္းကပ္သူမ်ားထဲ၌
ဦးျမင့္မိုရ္ဦးဆိုသည့္ အသက္ငါးဆယ္ေက်ာ္
သူေဌးႀကီးတစ္ဦးလည္းပါဝင္ေပသည္။
“ယု…”
“ရွင္ ကိုေနာင္…”
“ယုကို ကိုေျပာမလို႔ ”
“ေျပာစရာရွိတာမ်ား ေျပာေလကိုေနာင္ရယ္”
ယုမြန္ႏွင့္ေနာင္ေနာင္တို႔ ခ်ိန္းေတြ႕ေနၾကျခင္းပင္။
ေနာင္ေနာင္ဆိုတာကလည္း Sky ဘားမွဝိတ္တာတစ္ဦးျဖစ္သည္။
႐ုပ္ရည္သန႔္ျပန႔္ေသာ ေနာင္ေနာင္ႏွင့္အေခ်ာေလးယုမြန္တို႔
တြဲေနၾကျခင္းကိုမည္သူမွမသိေပ။
“ယုကိုလိုက္ေနတဲ့သူေဌးႀကီးဦးျမင့္မိုရ္ဦးကိုသိတယ္မလား”
“ဘာမ်ားလဲလို႔ ကိုေနာင္ရယ္…
ယုသိတာေပါ့”
“အင္းသိရင္အစ္ကိုဆက္ေျပာမယ္…
အဲ့သည္ဘဲႀကီးကေရတအားလွ်ံတာေနာ္…
ယု အဲ့သည္ဘဲႀကီးကိုမ်က္စိမက်ဘူးလား”
“ဟင္…ကိုေနာင့္စကားႀကီးကလည္း…
သူ႔ဘာသာေရလွ်ံတာယုကဘာလုပ္ရမွာလဲ…
ယုကအခ်စ္ကိုပဲတန္ဖိုးထားတာ …ယုခ်စ္တဲ့သူနဲ႔ပဲ
ယုကပတ္သတ္ခ်င္တာ…
ယု မခ်စ္တဲ့သူကိုေတာ့ငါးမိနစ္ေတာင္ထိုင္မၾကည့္ခ်င္ပါဘူး”
“ယုကလည္းကြာ…ယုစိတ္ကိုအစ္ကိုသိတာေပါ့…
ဒါေပမယ့္ ယုေကာ အစ္ကိုေကာက
ဘဝတစ္ခုကိုတည္ေဆာက္ဖို႔မျပည့္စုံေသးဘူးေလ…”
“ကိုေနာင္…ေတာ္လိုက္ေတာ့…
ယုမြန္ဆိုတဲ့မိန္းမကေလ မိဘမရွိ
တစ္ေကာင္ႂကြက္ျဖစ္ေနပါေစဦး…
ပိုက္ဆံအတြက္ေတာ့ကိုယ့္ဘဝကို
အနစ္မြန္းခံမယ့္မိန္းမေတာ့မဟုတ္ဘူးေနာ္…”
“ယု…ယု…ဟာကြာ…”
ယုမြန္ကေနရာမွေဒါသတႀကီးထ ထြက္သြားသည္။
ေနာင္ေနာင္ကေတာ့ယုမြန္ကိုလွမ္းၾကည့္ရင္း
သက္ျပင္းခ်လိုက္ေတာ့သည္။
သို႔ေသာ္ေနာင္ေနာင္ကသူ၏အႀကံကိုမေလ်ာ့ဘဲ
ယုမြန္ႏွင့္ဆုံတိုင္း ေခ်ာ့ေမာ့၍ေျပာ၏။
ေျပာတိုင္းလည္းယုမြန္ကလုံးဝခါးခါးသီးသီးျငင္းေလသည္။
တစ္ရက္မွာေတာ့…
“ကိုေနာင္…ဘာလို႔မႈိင္ေနတာလဲ”
မ်က္ႏွာမွာညိဳးငယ္စြာထိုင္ေနေသာေနာင္ေနာင္ကို
ယုမြန္စိတ္ပူစြာေမးလိုက္သည္။
“ယု…..”
ေဖ်ာ့ေတာ့ေသာအသံျဖင့္ေနာင္ေနာင္ကေခၚလိုက္သည္။
“ဘာျဖစ္တာလဲကိုေနာင္…
တစ္ခုခုအဆင္မေျပျဖစ္ေနလို႔လား…
ယုကိုေျပာျပပါကိုေနာင္ရယ္”
ဟု…ယုမြန္ကေမးေသာအခါ
“ကိုေလ… တကယ္…တကယ္ကို
အသက္မရွင္ခ်င္ေတာ့ဘူးယုရယ္…
အသက္ရွင္ရမွာကိုေတာင္ ကိုေၾကာက္လာမိတယ္”
“ဘာေတြေျပာေနတာလဲကိုေနာင္…
ကိုေနာင္ဘာေတြျဖစ္ေနလို႔လဲ”
ယုမြန္ကစိတ္ပူေနရွာသည္။
ေနာင္ေနာင္ကမ်က္ရည္မ်ားပင္က်၍…
“ေမေမမွာ…ေမေမ့မွာကင္ဆာျဖစ္ေနတယ္ယု…
ေဆးကုရမွာနဲ႔ေငြကအေတာ္လိုေနတာ…
ကို႔ မိသားစုအေၾကာင္းလည္းယုသိတာပဲေလ”
“ဟင္…ကိုေနာင္ေမေမမွာကင္ဆာျဖစ္ေနတယ္”
ယုမြန္…ေနာင္ေနာင္ကိုၾကည့္ၿပီးစိတ္မေကာင္းျဖစ္မိသည္။
ေနာင္ေနာင္ကေတာ့ေခါင္းကိုငုံ႔၍ငိုေနေလသည္။
အခ်ိန္အေတာ္ၾကာေအာင္ယုမြန္ထိုင္ေနၿပီးေတာ့မွ…
“ကိုေနာင္…ကိုေနာင့္ကိုယုအဆင္ေျပေစခ်င္ပါတယ္…
ကိုေနာင္ ယုကိုေျပာဖူးတယ္မလား
ဦးျမင့္မိုရ္ဦးကို ယုကပ္ဖို႔ေလ…
အဲ့ကိစၥကိုယုသေဘာတူပါတယ္…
ဒါေပမယ့္ကိုေနာင့္ဘက္က ယုသူ႔ကိုခြာလိုက္တာနဲ႔
ယုကိုၾကည္ၾကည္ျဖဴျဖဴလက္တြဲႏိုင္ဦးမလားဆိုတာေတာ့
ယုသိခ်င္မိတယ္…”
“ယုတကယ္ေျပာေနတာလား…
ကိုေနာင္ၾကည္ျဖဴတာေပါ့ယုရယ္…
ယုကိုေတာင္ကိုေနာင္ကေက်းဇူးတင္ရမွာပါ…
ေက်းဇူးတင္ရမွာပါယုရယ္”
ထိုသို႔ျဖင့္ ယုမြန္တစ္ေယာက္ သူေဌးႀကီးဦးျမင့္မိုရ္ဦးႏွင့္
တြဲ၍ရသမွ်ေငြကိုယူေလသည္။
ထိုေငြမ်ားကိုလည္းေနာင္ေနာင္အေမေဆးကုဖို႔အတြက္
ယုမြန္ကေပးရွာသည္။
သူေဌးႀကီးဦးျမင့္မိုရ္ဦးကလည္း
ယုမြန္ကိုအေတာ္ေလးခ်စ္၏။
သြားသမွ်ေနရာတိုင္းေခၚသြားသကဲ့သို႔ သူ၏
လွ်ိဳဝွက္လုပ္ငန္းမ်ားကိုလည္း ယုမြန္ကိုေပးသိထားသည္။
“ကိုေနာင္…ဦးျမင့္မိုရ္ဦးရဲ႕လုပ္ငန္းသုံးေငြေတြထားတဲ့
ေနရာကိုယုသိတယ္…ကိုေနာင့္ဘက္ကစြန႔္စားရဲလား”
“ယုတကယ္ေျပာေနတာလား…
ေငြေတြကအေတာ္မ်ားလားယု”
“ေငြေတြကသူ႔အိမ္မွာေကာ…လွ်ိဳ႕ဝွက္ေနရာမွာပါ
သူကထားထားတာ ပမာဏကေတာ့အေတာ္ေလးမ်ားတယ္…
ဒါေပမယ့္ယုတို႔ႏွစ္ေယာက္ဘဝတည္ေဆာက္ႏိုင္ဖို႔အထိ
ပမာဏေကာင္းေကာင္းကိုေတာ့ ယုခိုးထုတ္ႏိုင္ပါတယ္…
ဒါေပမယ့္ယုတို႔ဒီၿမိဳ႕ကေနေျခရာေဖ်ာက္ေျပးမွရလိမ့္မယ္”
“ေျခရာေဖ်ာက္ေျပးတာကရပါတယ္ယုရယ္…
ဒါေပမယ့္အဲ့ေငြေတြကိုယုကဘယ္လိုခိုးထုတ္မွာလဲ”
“သူ႔တပည့္ေတြက ယုကိုေၾကာက္တယ္ကိုေနာင္
ဦးျမင့္မိုရ္ဦးအတြက္ ယုက အေရးပါတဲ့သူဆိုတာကို
သူတို႔သိတယ္…ဒါ့ေၾကာင့္လည္း ဒီေငြေတြယူတာက
ယုအတြက္မခက္ဘူးကိုေနာင္…”
ယုမြန္ေျပာသမွ်ကိုနားေထာင္ၿပီး ေနာင္ေနာင္တစ္ေယာက္
သေဘာေတြက်ေနသည္။
ယုမြန္ေပးေသာေငြေၾကးေတြျဖင့္ သူ႔မွာ
sky ဘား၌ဝိတ္တာပင္မလုပ္ရေတာ့ဘဲ
အိမ္၌ဇိမ္ျဖင့္ေနေနရသည္။
မိခင္ျဖစ္သူကိုလည္း ပုဂၢလိကေဆး႐ုံ၌တင္ထားၿပီး
ဖခင္ကလည္းထိုေဆး႐ုံ၌သာေန႔ေန႔ညည သြားေနရွာသည္။
“ယု…အဲ့ပိုက္ဆံေတြယူၿပီးတာနဲ႔…
ကိုေနာင့္အိမ္ကိုလာခဲ့ေနာ္…
ကိုေနာင္ယုကိုေစာင့္ေနမယ္…”
“ဟုတ္ကဲ့ကိုေနာင္”
ယုမြန္ကလည္းသူနဲ႔ေနာင္ေနာင္တို႔ဘဝေရွ႕ေရးအတြက္
ဦးျမင့္မိုရ္ဦး၏ေငြမ်ားကိုခိုးထုတ္ေလသည္။
ဦးျမင့္မိုရ္ဦးသိခဲ့လွ်င္အသတ္ခံရမည္ကိုသိေသာ္လည္း
ေနာင္ေနာင္ႏွင့္အတူေနထိုင္ခ်င္၍ ယုမြန္အရဲစြန႔္လိုက္သည္။
ပိုက္ဆံမ်ားကိုလက္ဆြဲအိတ္ျဖင့္ထည့္၍
ေနာင္ေနာင္အိမ္ကိုယုမြန္ေရာက္လာသည္။
“ကိုေနာင္…”
“ယု…ကိုေနာင္က ယုကိုေမွ်ာ္ေနတာ…
အေနာက္ကလိုက္လာတဲ့သူေတာ့မရွိပါဘူးေနာ္…”
“မရွိပါဘူးကိုေနာင္ရယ္…”
ေနာင္ေနာင္က ယုမြန္ယူလာေသာအိတ္ကိုဖြင့္ၾကည့္သည္။
မေရတြက္ႏိုင္ေသာပိုက္ဆံမ်ားကိုေတြ႕လိုက္ရခ်ိန္
ေနာင္ေနာင္မ်က္လုံးမ်ားကေတာက္ပေနခဲ့သည္။
အျပင္၌လည္းမိုးမ်ားကသည္းထန္စြာ႐ြာသြန္းေနၿပီး
ပတ္ဝန္းက်င္မွာေမွာင္မည္းလို႔ေနေလသည္။
“ကိုေနာင္…ယုတို႔သြားၾကစို႔ေလ…ေတာ္ေန
ဦးျမင့္မိုရ္ဦး ယုကိုလိုက္ရွာတာနဲ႔ယုတို႔
ထြက္ေျပးလို႔မရျဖစ္ေနမယ္”
ဟု …ယုမြန္ကေျပာေတာ့ ေနာင္ေနာင္က
“ကို….ယုအတြက္
ေကာ္ဖီေဖ်ာ္ထားတယ္…အျပင္မွာလည္း
ေအးေနတယ္ေလ…အဲ့တာေလးအရင္ေသာက္လိုက္ေနာ္…
ေသာက္ၿပီးမွကိုတို႔သြားၾကတာေပါ့”
ဟုေျပာ၍ ေကာ္ဖီခြက္ကိုယုမြန္ကိုေပးလိုက္သည္။
ယုမြန္လည္းေကာ္ဖီခြက္ကိုေမာ့ေသာက္လိုက္ၿပီး
ေနာင္ေနာင္ကိုၿပဳံးၾကည့္ေနခဲ့၏။
ခဏမွ်ၾကာေတာ့…
“ကိုေနာင့္အဝတ္အစားအိတ္ကဘယ္မွာလဲ…
သြားယူေတာ့ေလ….အား….ကြၽတ္…ကြၽတ္…ကြၽတ္…
ေခါင္းေတြမူးလိုက္တာကိုေနာင္ရယ္…”
ဟုေျပာရင္းယုမြန္ခုံအထက္၌အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားခဲ့သည္။
ယုမြန္ၿငီးျငဴေနခ်ိန္ ေနာင္ေနာင္က ယုမြန္ကို
ၿပဳံးၿပဳံးႀကီးၾကည့္ၿပီး…
“ေက်းဇူးတင္ပါတယ္ယုရယ္…
ကိုေနာင့္ဘဝကိုေတာက္ပေအာင္လုပ္ေပးခဲ့တဲ့အတြက္
ယုကိုသိပ္ေက်းဇူးတင္ပါတယ္…
ဒါေပမယ့္အဲ့ေက်းဇူးေတြကိုေတာ့
ယုေျမႀကီးထဲေရာက္တဲ့အထိယူသြားေပးပါ”
“ကို…ကိုေနာင္…….”
ယုမြန္ထိုမွ်သာေျပာႏိုင္ေတာ့သည္။
ခုံအထက္၌အသက္မဲ့လို႔သြားခဲ့၏။
“ဒီေငြေတြငါ့ဆီမွာရွိေနမွာကိုဘယ္သူမွမရိပ္မိဘူးယု…
ဘာလို႔လည္းဆိုရင္မင္းနဲ႔ငါပတ္သတ္မႈကို
ဘယ္သူမွမသိတာေၾကာင့္ေလ…
ဦးျမင့္မိုရ္ဦးကလည္းသူ႔ေငြေတြ
မင္းယူထြက္ေျပးတယ္ပဲသိထားမွာ…
အဲ့ေတာ့ ငါကဒီေငြေတြနဲ႔ငါ့ဘဝကိုစရမွာေပါ့ကြာ…
ဟားးး….ဟားး….ဟားးးး….ဟားးးးး…ဟားးးးးးးးးး”
ေနာင္ေနာင္၏ရယ္ေမာသံႀကီးကမိုးသံမ်ားႏွင့္
အၿပိဳင္ထြက္လာခဲ့ေလသည္။
********************************
“ဟင္း…”
“သမီး…အဆင္ေျပလား”
လြန္းနီနီထံပူးကပ္ေနေသာဝိညာဥ္ကထြက္သြားသည္။
ေဒၚလြင္ခကလြန္းနီနီကိုေမးလိုက္ေတာ့ လြန္းနီနီက
ဆံပင္ဖ်ားလ်ားႏွင့္ဝိညာဥ္ကိုလွမ္းၾကည့္လိုက္ၿပီး…
“ေနာင္ေနာင္ကရွင့္ကိုသတ္ခဲ့တာေပါ့…ဒါဆိုရင္
ရွင့္…ရွင့္ရဲ႕အေလာင္းကဘယ္မွာလဲ”
ဟုေမးလိုက္ေတာ့မလွမ္းမကမ္း၌ရွိေနေသာ
ဝိညာဥ္သည္ ဘိလပ္ေျမခင္းထားေသာေျမႀကီးကို
လက္ညိဳးထိုးျပ၏။
“ရွင္…ဘာျဖစ္ခ်င္လို႔အခုလိုလုပ္ေနတာလဲဆိုတာကို
ကြၽန္မ သိလိုက္ေပမယ့္…ရွင္ဘာလို႔
ျမတ္မင္းကို…သတ္ခဲ့ရတာလဲ”
“မုန္းလို႔…ေယာက်္ားေတြကိုငါမုန္းလို႔သတ္တာ…”
“ဟူးးး….ရွင့္ရဲ႕မုန္းတီးမႈအၿငိဳးကလူမွားသြားၿပီ…
တကယ္ဆိုရွင္…ေနာင္ေနာင္ကိုပဲလက္စားေခ်ရမွာေလ”
“ဒင္းကငါမကပ္ႏိုင္ေအာင္အေဆာင္ေတြဝတ္ထားတာ…
ငါ့ကိုသတ္ၿပီးေတာ့လည္း ငါ့ဝိညာဥ္က
လက္စားေခ်ႏိုင္ေအာင္ထိအစြမ္းကမရွိခဲ့ဘူး…
ငါ့ဆီမွာလုံေလာက္တဲ့အစြမ္းေတြရွိလာေတာ့လည္း
သူတို႔ကဒီအိမ္ကိုသူမ်ားဆီကို ငွားလိုက္ၿပီေလ…”
“အင္း…ေကာင္းၿပီမယုမြန္…ရွင့္အတြက္
အမွန္တရားေပၚေစရပါမယ္…
ဒါေပမယ့္ ရွင့္ရဲ႕အၿငိဳးေတြက မဆိုင္တဲ့သူေတြ
အေပၚမွာေတာ့မလုပ္မိပါေစနဲ႔…
ဒါကိုေတာ့ရွင္နားေထာင္ေပးပါ….”
လြန္းနီနီစကားကို ေခါင္းတစ္ခ်က္ညိတ္ျပၿပီးေနာက္
ေနရာမွေပ်ာက္သြားေတာ့သည္။
ယုမြန္၏ဝိညာဥ္ေပ်ာက္သြားေတာ့
ဘာမွမမသိေသးေသာသီရိႏွင့္ေဒၚလြင္ခတို႔ကို
သူမျမင္ခဲ့သမွ်ကိုလြန္းနီနီကေျပာျပလိုက္သည္။
ေဒၚလြင္ခတို႔လည္းအားလုံးသိလိုက္ရမွ
ယုမြန္၏ဝိညာဥ္ဘာေၾကာင့္အၿငိဳးႀကီးေနသလဲဆိုတာကို
လက္ခံႏိုင္လိုက္ၾက၏။
“ကဲ…သီရိစခန္းကရဲေဘာ္ေတြကိုေခၚလိုက္…
ဒီေနရာကိုတူးၿပီးအေလာင္းကိုျပန္ရွာႏိုင္မွ
ေနာင္ေနာင္ဆိုတဲ့လူကိုတို႔ေတြဖမ္းလို႔ရမွာ…”
“ဟုတ္ကဲ့စီနီယာ”
သီရိကစခန္းကိုဖုန္းဆက္လိုက္သည္။
ေဒၚလြင္ခကေတာ့ထိုတစ္ညလုံးမျပန္ေတာ့ဘဲ
အေလာင္းကိုရွာေတြ႕တဲ့အထိေစာင့္ေလသည္။
ဘိလပ္ေျမခင္းထားေသာေနရာကိုစက္မ်ားျဖင့္ထိုးစြတူးလိုက္
ေျမသားမ်ားေပၚလာေတာ့လည္း ထိန္း၍ေပါက္တူးေပါက္ျပားမ်ားျဖင့္ေဖာ္လိုက္လုပ္ၾကရသည္။
မနက္ေျခာက္နာရီေလာက္သို႔ေရာက္မွ…
“အေလာင္းေတြ႕ၿပီ…”
ဟုေသာအသံေၾကာင့္လြန္းနီနီတို႔သြားၾကည့္ၾကသည္။
ေကြးေကြးေလးအျမဳပ္ထားခံရေသာ
အေလာင္းကိုေတြ႕လိုက္ရ၏။
အေလာင္းမွာအသားပင္မရွိေတာ့ဘဲအ႐ိုးမ်ားသာက်န္
ရွိေလသည္။
ေခါင္း၌ဆံပင္မ်ားကေတာ့က်ိဳးတို႔က်ဲတဲ
က်န္ရွိေနေသးသည္။
အေလာင္းေတြ႕ၿပီမလို႔လြန္းနီနီလည္းအထက္ကိုသတင္းပို႔ကာ
ဖမ္ဆီးစစ္ေဆးဖို႔အမိန႔္စာကိုေတာင္းခံရသည္။
အထက္ကလည္းအမိန႔္စာေပးသည္မလို႔
ေနာင္ေနာင္ကိုဖမ္းဆီးစစ္ေဆးခြင့္ရေလသည္။
ဦးေသာ္တာကေတာ့သားျဖစ္သူေနာင္ေနာင္အဖမ္းခံရ၍
အေတာ္ေလးစိတ္ဓာတ္က်သြားခဲ့သည္။
ခ်မ္းသာလာတာမည္သို႔ေၾကာင့္လည္းဆိုတာကိုပင္
မစဥ္းစားဘဲသားျဖစ္သူကိုယုံခဲ့သည္မွာလည္း
ဦးေသာ္တာ၏လိုအပ္ခ်က္တစ္ခုပင္။
ေနာင္ေနာင္ကိုစစ္ေဆးရာ၌လည္းပထမပိုင္း၌
အတင္းျငင္းဆန္ေန၍စစ္ေဆးသူမ်ားကေခါင္းကိုက္ခဲ့ရသည္။
ထိုအခါလြန္းနီနီမွ …
“ရွင္သူ႔ကို…ေကာ္ဖီခြက္ထဲအဆိပ္ထည့္တိုက္
လိုက္တာမဟုတ္ဖူးလား”
“ဗ်ာ….”
“သူယူလာတဲ့ေငြေတြကိုအပိုင္သိမ္းခ်င္လို႔
သူ႔ကိုအဆိပ္တိုက္သတ္လိုက္တာနဲ႔
သူေသၿပီလို႔ရွင္ထင္ေနတာလား…
ဒါဆိုရင္ရွင္မွားမယ္ကိုေနာင္ေနာင္…
သူကရွင့္အနားမွာအၿမဲရွိေနတယ္…
သူ႔မ်က္ဝန္းေတြကရွင့္ကိုပဲၾကည့္ေနတာ…”
“ခင္ဗ်ား…ခင္ဗ်ား…ဘာေတြေျပာေနတာလဲ…
မသိဘူးေနာ္…က်ဳပ္ဘာမွမသိဘူး ”
“ေကာင္းၿပီေလ…ကြၽန္မတို႔ဘက္ကလည္းတိက်တဲ့သက္ေသေတြရွိေနပါၿပီ…ဒီအတြက္ေၾကာင့္ဥပေဒအရ
ရွင့္ကိုအျပစ္ေပးလို႔ရပါတယ္…
ဒါေပမယ့္ မယုမြန္ေပးမယ့္အျပစ္ကိုေတာ့
ရွင့္ဘက္ကဘယ္အခ်ိန္မွာဘယ္လိုခံစားရမယ္ဆိုတာေတာ့
မသိႏိုင္ဘူးေနာ္…”
လြန္းနီနီစကားေၾကာင့္ေနာင္ေနာင္ငိုင္သြားသည္။
အမႈကိုဝန္မခံေသးခ်ိန္အခ်ဳပ္ထဲ၌ေနာင္ေနာင္ေနရစဥ္
သူဝတ္ဆင္ထားေသာ အေဆာင္ႀကိဳးမ်ားကိုျဖဳတ္ရသည္။
ထိုအေဆာင္ႀကိဳးမ်ားျဖဳတ္သည့္အခ်ိန္မွစ၍…
“အားးးးးကယ်ကြပါဦး….
ဒီမွာက်ဳပ္ကိုသတ္ေတာ့မယ္…ကယ္ၾကပါဦးဗ်…
က်ဳပ္ဝန္ခံပါ့မယ္…ဝန္ခံပါ့မယ္….က်ဳပ္ကိုကယ္ၾကပါဦး”
ဟုေအာ္ဟစ္ေတာ့သည္။
လူကလည္းဂေယာင္ဂတမ္းျဖစ္ေနၿပီး
ယုမြန္ကိုသူသတ္ေၾကာင္းမ်ားဝန္ခံလိုက္ေတာ့၏။
ေနာင္ေနာင္တစ္ေယာက္ယုမြန္ကိုသတ္မႈျဖင့္
ေထာင္က်ေသာ္လည္းေန႔စဥ္ႏွင့္အမွ်ေအာ္ဟစ္ေနေလသည္။
“ငါ့ကိုမေျခာက္ပါနဲ႔ယုမြန္ရယ္…
ငါေၾကာက္လို႔ပါဟာ…အ…….အဟြတ္…အဟြတ္…”
ယုမြန္၏ဝိညာဥ္က ေနာင္ေနာင္ကို
နည္းမ်ိဳးစုံျဖင့္ေျခာက္လန႔္သည္။
သို႔ေသာ္အေသေတာ့မသတ္ဘဲ
ေျဖးေျဖးျခင္းမွ်င္းေနပုံရေပသည္။
ေနာင္ေနာင္တစ္ေယာက္ကေတာ့ ေထာင္ထဲ၌
အ႐ူးႀကီးတစ္ေယာက္ပမာျဖစ္လို႔ေနခဲ့ေတာ့သည္။
လြန္းနီနီႏွင့္သီရိတို႔ကလည္း အၿငိဳးႀကီးေနတဲ့ဝိညာဥ္မေလး
ယုမြန္အတြက္အမွန္တရားကိုေဖာ္ထုတ္ေပးႏိုင္လိုက္ၾက၍
ဝမ္းသာေနၾကေလသည္။
ထိုသို႔ျဖင့္…ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)