Unicode Version
” အမည်မရှိတဲ့ သူငယ်ချင်း “(စ/ဆုံး)
—————————————
“သူ”ဆိုသည့်လူတစ်ယောက် ဒုတိယကမ္ဘာစစ်သုံးဒသမ (၃၁၃) ရိုင်ဖယ်တစ်လက်ကိုထမ်းကာ ရွာ၏တောင်ဘက်လယ်ကွင်းများကိုဖြတ်၍ သုတ်သီးသုတ်ပျာ သွားလျက်ရှိသည်။ စပါးရိတ်သိမ်းပြီးရှိန်ဖြစ်၍ ရိုးပြတ် ကာများကိုဖြတ်၍လျှောက်နေသောအခါ ရိုးပြတ်များနှင့် သူ၏ ခြေသလုံး ရိုက်ခတ်မိသဖြင့် အဆုတ်ဆုတ် အဖျပ်ဖျပ် မြည်လျက်ရှိ၏။ တစ်နေရာတွင် သူ ထရပ်လိုက်ကာ သူသွားရမည့်ရွာ၊ အနောက်ဖျားဆီသို့ လှမ်းကြည့်ရင်း တပ်ပတ်စွပ်ပုဆိုးကို တိုတိုနှင့်ခိုင်ခိုင် ပြန်ဝတ်လိုက်သည်။ ထို့နောက် စိတ် တွင်းမှအိမ်ဝင်ရင် မိန်းမက ဏမင်းထုပ်ကိုမှအဆင်သင့်ထုပ်ထားပါ့မလားဟု လည်း စိုးရိမ်မိ၏။ အချိန်ကနေပင်မဘာ့မည်။ သူလဲကိုနေပေင်မီ ရောက်ပါမှ ထမင်းထုပ်ယူကာ သူသွားရမည့်နေရာကို မမှောင်ခင်အရောက် သွားရပ မည်။ ရိုးမနှင့်သိပ်၍မားသော သူတို့ရွာကလေးက ရိုးမတောင်၏ တောသို့ (၃)မိုင်မျှ ခရီးနှင့်ပင် ရောက်နိုင်လေရာ သူခြေသွက်သွက်လျှောက်ပါမှ မိနစ် (၄၀)လောက်အတွင်း သူ မျှော်မှန်းထားရာ နေရာသို့ရောက်နိုင်သည်။
ထို့ကြောင့် သူက ကသုတ်ကရက်ပင် လျှောက်ခဲ့လေသည်။ မကြာမီ ရွာ အနောက်စပ် ကုန်းပေါ်မှ သူ၏ တဲကို လှမ်းမြင်ရပေပြီ။သူလာခဲ့သည်မှာဖြူးမြို့နယ်၊ ကျီးမနိုးရွာ မုဆိုးကြီးကျော်ရိုးသံဖြစ်လေ သည်။ သူ့တွင် သေနတ်ကောင်းကောင်း မရှိသဖြင့် မုဆိုးကြီးကျော်ရိုးသံမှ သေနတ် ငှားရမ်းလေ့ရှိသည်။ မုဆိုးကြီးတွင် သေနတ်ကောင်းမျိုးစုံ ရှိသ သည်။သူသည်ရွာအနောက်ဖျာ၊တွင်ထီးနှင့်နေရသော်လည်းရံယန်း
ကို အကူအညီ အကြိမ်ကြိမ်ပေးခဲ့ဖူး၏။ သူ၏ ရိုးသားမှု၊ ကူညီလိုစိတ်ရှိမှ ဒေသ၏ပထဝီအနေအထား ကျွမ်းကျင်မှု၊ နာခံတတ်မှုတို့ကြောင့် ရဲစခန်းမှ ယုံကြည်မှုကိုရရှိထား၏။ဒေသအတွင်း အမှုအခင်းနှင့်ပတ်သက်၍ တရားခံ ဖမ်းဆီးခြင်း၊ မြို့နယ်၊ ပါတီ၊ ကောင်စီ၊ ရဲတပ်ဖွဲ့ကို ပူးပေါင်း၍ လယ်ယာကိစ္စ၊ သစ်တောကိစ္စစစ်ကြောင်း ထွက်ရာတွင် သူ၏လမ်းပြ အကူအညီကို ယူဝ ပို့ သူအားဌာနဆိုင်ရာများက သိရှိနေကြသည့်အပြင် ယုံကြည်စိတ်ချရသူ အဖြစ် သက်မှတ်ခြင်း ခံထားရလေသည်။
သူ၏အလုပ်မှာမူ လယ်ယာ၊ ရောင်းမြောင်းရှိ ကျန်းလုပ်ကိုင် စားရ သည့်အတွက်လယ်ထွန်ချိန်၊ ကောက်စိုက်၊ ပျိုးနုတ်ချိန်၊ စပါးရိဘ်ချိန်တို့တွင် အလုပ်မရှားသော်လည်း ထိုအလုပ်များပြီးချိန်တွင်မူ ရိုးမတောစပ်တွင် ဖြူ ယုန်၊ ကြောင်၊ ရှဉ့်တို့ကို ထောင်ချောက်ဆင်ကာဖမ်းဆီးပြီး ရောင်းချ စားသောက်ရလေသည်။ ထို့ကြောင့်သည်။ မုဆိုးကလေးအလုပ်ကြောင့် တောသိ၊ တောကျွမ်းကာ ဘယ်လမ်းက ဘယ်ထွက်ရင် ဘယ်ကိုရောက်၊ ဘယ်မြောက်ကဘယ်ကိုဖောက်လျှင်ဘယ်လမ်းကိုထောက်၊ဆယ်မြောင်းက ဘယ်တောင်ကိုပတ်လျှင် ဘယ်ရောက်ကိုရောက်သည်ကို သူသိသည်။ ထို့ကြောင့်လည်း သူ၏တောကျွမ်းမှုကဌာနဆိုင်ရာများနှင့်ရဲစခန်းကိုအကူ အညီပေးနိုင်ခဲ့ခြင်းဖြစ်လေသည်။
ရဲစခန်းမှ ဒုရဲအုပ်၊ စခန်းမှူး ရဲတပ်ကြပ်ကြီး၊ ရဲသားများနှင့်ခရီးထွက် တတ်ခြင်းကြောင့် အရေးပေါ်လိုထပ်ပါက သူအနေဖြင့် တစ်တပ်တစ်အား ပါဝင်ရန် ပြောပြထားသည်။
ရွာနှင့် (၃)မိုင်ခန့်အကွာ တောကွင်းချောင်းမြောင်းတစ်ခုအနီးမှ ရေ ကျာ်တွင်း (ရောင်စပ်ရှိသောာကျင်း)တွင် ဆတ်၊ ကောက်၊ ချေတို့ဆင်း သည့်ရာပြေကြောင်းကို တွေ့ထားသောကြောင့်မနီးမဝေးပျဉ်းကတိုးပင်နှင့်အင်ပင်(၂)ပင်ယှက်ရာတွင်လင့်ထိုးထား၏ လကိုလွန်ခဲ့သည့်(၇)ရက် ခန့်က ဆိုးထားပြီးနောက် အမဲသားကောင်ဝင်၊ မငင်းအချိန်အားတွင် သွား၍ ကြည့်ရာ ခြေရာသစ်များတွေ့ထားပြီး သို့ဆိုလျှင် လင့်ကိုမကြောက်တော့။ လမှာ ဟောင်းလျက်ရှိနေသဖြင့်လည်း သားကောင်ကကျစ်တွင်းကိုအဝင် ရဲ၍နေပေပြီ။ ကျစ်စားနေပြီ။
ဤသည်ကို အခွင့်ကောင်းယူ၍လင့်စောင့်ရန်အမဲလိုက် မုဆိုးကျော်ဟိုး မှ အမဲလိုက်သေနတ်ဖြင့် မိုးမချုပ်မီရွာသို့ သုတ်ခြေတင်နေခြင်း ဖြစ်၏။ ဘဲရောက်ပြီးလျှင် ခရီးဆက်ရဦးမည်မဟုတ်ပါလား။
ရဲစခန်းကလည်း သူ ဆင်းရဲသည်ကို သိ၍လည်းကောင်း၊ ယုံကြည်ရ၍ လည်းကောင်း၊ သူ အမဲရလာပါက စခန်းရှိ ရဲဘော်များအတွက် အသားစို ဝေစုရမည်ဖြစ်၍ တစ်ကြောင်းလိုအပ်သမျှ အကူအညီပေးလေ့ရှိသည်။ ကူညီရာလည်းရောက် ဂခန်းအားထောက်ပံ့ရာလား ရောက်စေရန် ကြည်ဖြူ ခွင့်လွှတ်လေ့ရှိသည်။
“ဪ ရှင် ပြန်လာပြီလား”
တဲအတွင်းဝင်လိုက်သောအခါ (၅)နှစ်သားအရွယ် သားကလေးနှင့် ထမင်းစားနေသော သူ၏ ဇနီးက ပေးလိုက်ရာ-
“အေးကွာ”
“သေနတ်လည်း ရခဲ့တာကိုး”
“ဟုတ်တယ် – ကျော်ဟိုးနက်က အရမ်းကောင်းတယ်လေ”
“ထမင်းတစ်ခါဘဲ ကား
“မစားတော့ဘူး -ထမင်းထုပ် ထုတ်ထားသလား” “ထုပ်ထားပါတယ်တော် … အဆင်သင့်ပါပဲ”
“အေး-ဒါဆို လွယ်အိတ်ထဲကို ထည့်ပေအန် သိပ်မရှိတော့ဘူး။ မမှောင်ခင် လင့်တက်ရအောင် မြန်မြန်သွားရမယ်”
ဟု ပြောလိုက်ရာ သူ့အနီးက အလိုက်သိစွာထ၍ လက်ဆေးပြီး လွယ် အိတ်တွင် စလူရွက်နှင့် ထုပ်ထားသော ထမင်းထုပ်ကိုထည့်၊ ပုလင်းလွတ် တစ်လုံးတွင် ရေထည့်ကာ ရေပုလင်းကာ လွယ်အိတ်ကိုပါ သူ့အား လှမ်း ပေးလိုက်၏။ သူက သူ့သားကလေး၏းကိုဆွဲလိုက်ခါ – “သားသားရေ “ ဖေဖေ အမဲရအောင် သင့်သွားစောင့်လိုက်ဦးမယ်။ မနက်ဘေးစာပြန်ခဲ့မယ်နော်”
“ဟုတ်ကျွံ-အ”
ကလေးကို နှုတ်ဆက်ပြီးနောက် …
ငါသွားပြီမဟုဟု သူ့ဇနီးကိုနှုတ်ဆက်ကာရွာအနောက်ဘက်သို့ထွက်ခဲ့၏။
လွယ်အိတ်ထဲမှာ စောင်နဲ့ ာက်ပြီးပါတယ်နော်”
သနီးက သူ့အထွက်တွင် အော်ပြောလိုက်သည်။ သူတို့ရွာအနောက် ဘက်မိုင်ဝက်ခန့်တွင်ရွာသင်္ချိုင်းကရှိပြီး ကုန်းမြင့်တွင် သစ်ပင်ကြီးများပေါက် ။ ရွာမှ တတ်နိုင်သူများ ကွယ်လွန်သောအခါ အုတ်ဂူလေးများ လုပ်ထား ကြ၏။ ဟောင်းသည့်မူကဟောင်း၊ သစ်သည့်ဂူက သစ်နှင့် မြိုင်ကြီးအလယ် တွင်ရှိနေ၏။ သုသာန်ဇရပ်ကလည်း အချိန်ကြာမြင့်ပြီဖြစ်၍ ဟောင်းနွမ်ကော သွပ်များပင် သံချေးတက် ပေါက်ပြဲနေလေသည်။
သုက ပိုးချုပ်လုတွင် သင်္ချိုင်းနံဘေး၊ ခပ်သုတ်သုတ်ပင် ဖြတ်လျှောက် လိုက်ကာ လယ်ကွင်းတစ်ခုကိုဖြတ်၏။ ထိုလယ်ကွင်းအလယ်ကန်သင်းရိုး တွင်တော့ အခက်အလက်ဝေဆာသော ထန်းပင်တစ်ပင်ရှိလေသည်။ သူတို့အရပ်က ထန်းတက်သူ မရှိသဖြင့် ထိုအပင်ကို ထန်းရည် မခံကြပေ။ ထန်းပင်မှာလည်း ထန်းဖိုပင်ဖြစ်၍ ထန်းသီးလည်း မစားရ။ ထို့မှလွန်းလျှင်ပြန့်ဘောကို ရောက်၏။ အနောက်ဘက်လှမ်းမျှော်လျှင် ဖြူးချောင်းဖျားရှိရာ တောင်တန်းက မြင့်မောက်စွာ တည်ရှိ၏။
သူကထိုအခြေသို့ အရောက်သွားရပေမည်။ ထို့ကြောင့် လမ်းလျှောက် ခြေလှမ်းကို ကြဲကြဲသွက်သွက်လှမ်းကာ အမြန်နှုန်းတင်လိုက်လေသည်။ “ဗြုဟ် – ချစ်”
အသံတစ်သံက သူနောက်မှ ကြားလိုက်ရသဖြင့် သူက လှည့်လိုက်ရာ သူ ဘာကိုမျှ မတွေ့၊
အသံကြားရပြန်သည်။ သူလှမ်းကြည့်၏။ ဘာမျှမတွေပြန်။ သူက စိတ် တွင်းမှ ထင်လိုက်သည် ကန်သင်းစပ် ဖျားကျင်း၊ လယ်ပုစွန်လုံးကျင်းအနီး သူခြေနင်းမိ၍ ထိုကျင်းများမှ လထွက်သံဟု ထင်လိုက်၏။ ကြောက်စိတ် ကတော့ မရှိပေ။ ဒီလမ်းဒီစခန်းက သူ့အတွက် အဆန်းမှ မဟုတ်ဧကရာ။ ဘာကို ကြောက်နေရမည်နည်း။
သို့နှင့် လင့်ရှိရာကိုသာ ဦးတည်လိုက်မိ၏။
မှောင်သည်ဆိုလျှင်ပင် သူက လင့်၏ အောက်ခြေသို့ ရောက်လေရာ မဆိုင်းမတွပင် အင်ပင်ကိုင်းများကို နင်းကာ ပေ (၂၄)မျှ မြင့်ရာ လင့်ပေါ်သို့ တက်ခဲ့၏။ ယင်မရောက်မီ လမ်းခရီးမိုင်ဝက်ခန့်အလိုကတည်းက သူအခပေါ့ အပါး သွားထားပြီးပြီ။ လင်နားတွင် အနံအသက်မကျန်စေရန် ဂရုစိုက်ရ၏။ ကျစ်တွင်ပင်သာအောင် ဆိုသည်က သူတို့၏ မွေးရာပါဒီကြောင့်လည်း ကောင်း၊ သားကောင်း၏ ဘိုးစဉ်ဘောင်ဆက်ကအဆင့်ဆင့် သင်ကြားပေးခဲ့၍ လည်းကောင်း လင်ဝင်ရာတွင် များစွာသတိထားကြ၏။ အနံ့၊ အသက် အပျက်အယွင်း၊ သစ်စက်အကျိုး သစ်ရွက်စိမ်းအကြွေကအစ ဂရုစိုက်တတ် လေရာတစ်စုံတစ်ရာမသင်္ကာပါကကျစ်တွင်းသို့မဝင်တော့ပေ။ မုဆိုးများ၏ ပစ်ခတ်သတ်ဖြတ်မှုက သူတို့၏ ဘိုးစဉ်ဘောင်ဆက် လက်ထက်ကပင် စိုးကြရသည် မဟုတ်ပါလား။
ထို့ကြောင့် ပါးနပ်လျင်ပြန်ကြ။ ဒါကို ပုဆိုးတို့ကလည်း အထာပေါက် ကာ အနံ့ပျောက်၊ ကိုယ်ရောင်ဖျောက်ရ၏။ ခကောက်ပသော အဝတ်အစားအသုံးအဆောင်လုံး မာက်ရ၊ ကွမ်းမစား ဆေးလိပ်မသောက်၊ လေမလည်ရ၊ ဆီမလိမ်း၊ နံ့သာမလိမ်းရ၊ သစ်ရွက်သစ်ကိုင်းမခူး၊ မချိုးရ မရှင်းရ။ အတတ်နိုင်ဆုံးတာနှင့်တစ်သားတည်းနေကာ ရောင်းမထိုး၊ နာမချေ၊ ခြင် ကိုက်လျှင်ပင် ပေတေအောင့်အည်းသည်းခံရ၏။ သို့မှသာ လင့်ဝင်သား ကောင်ကိုပစ်တ်ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက သားကောင်လာသံကိုပင် မုဆိုးက ကြားလိုက်ရမည် မဟုတ်ပေ။
သို့နှင့်လင့်ပေါ်သို့ သူတက်ပြီးနောက် လင့် ပိုင်၊ မခိုင် သစ်ကိုင်းကို နဲ့ကာ လင်ပေါ်တွင် န်ကြည့်၏။ လင့်ဆံများကိုပါလာသည့်နှီးဖြင့်မနိုင်သည့် နေရာ များရှာကာ ထုပ်၏။ စိတ်ချရသောအခါသူကလင့်ပေါ်တွင် ပါလာသည့် ဘာဘူစောင်(ဂွမ်းစောင်)အကြမ်းကိုခေါက်လျက်သာချေကာ ထိုအပေါ်တွင် ထိုင်လိုက်လေသည်။ ထို့နောက်သူ၏လက်ကြမ်းပေါ်တွင် ရိုင်ဖယ်သေနတ်ကို မောင်၊ထိုးဆေ့ခ် (Sye) ခါချထားလိုက်လေသည်။
သူထိုးထားသည့်လင့်မှာ (ကျစ်လင်)ကျပ်တွင်းစောင့်ရန် လင့်ဖြစ်၍ အနိုင်အခန့်ထိုးထား၏။ သို့မှသာ အချိန်မရွေးလာ၍လင့်စောင့်နိုင်ပေမည်။ သီးပင်စောင့်အခင်းစောင့်များမှာမူ ယာယီသာ လုပ်ကြ၏။ ကျစ်လင့်ဖြစ်၍ လည်းသူ(၂)ယောက်ကောင်းစွာလဲလျောင်းအိပ်စက်နိုင်အောင် လုပ်ထား ပြီး တစ်ဦးတည်းစောင့်ပါက လင့်ပေါ်တွင် ခြေဆန့်လက်ဆန့်ပင် လုပ်နိုင်၏။ အိပ်ပျော်သွားပါကလင့်မှ ထွက်မကျစေရန် ပျောသား(၂)လုံးစီကိုလေးဖက် လေးတန်ကာထားသေးသည်။ ကျင်တွင်းအားသင့်မှ အပေါ်စီးလှမ်းမြင်ရ၏။ ကျစ်တွင်းမှာ ချောင်းမြောင်ကမ်းတစ်ခုတွင် လိုဏ် (ဂလိုင်) ဖြစ်နေရာ၊ အမဲကောင်များ ခုတ်ယူစားသောက်ထားသဖြင့် (၃)ပေပတ်လည်မျှပင် ကျယ်နေ၏။ လင့်နှင့်ဆိုလျှင် ၊ (၄၁)၊ (၅၀)ခန့်သာဝေးလေသည်။ သူက ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုပြီးနောက် ဖောင်ပေါ်တွင် ဒူးထောက်ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်ပင် နေလေသည်။
တပို့တွဲလဆန်းရက်ဖြစ်သောကြောင့်လည်းစောစီးစွာပင် ထွက်၍လာ ခပပြီ။ တောင်ကြားဖြစ်သော်လည်းယခုလိုလမျိုးတွင် နှင်းက စောစီးစွာ ကျကာ အအေးဓာတ်က တောကိုခြုံလွှမ်းထား၏။ သူကလဆန်း(၈)ရက်နေ့ ၏ လင်မည့်အချိန်ကိုတွက်ကြည့်ရာ သန်းခေါင်ကျော်တွင်လဝင်သွား မည်ဆိုသည်ကို သိ၏။ ထို့ကြောင့်သင်မှ သားကောင် ကျစ်တွင်းဝင်လျှင် (၂)တောင့်ထိုးဓာတ်မီးကလေးကိုသာ အားကိုးရပေမည်ဟု တွေးနေလိုက်သည်။
တောကြီးမာယာဆိုတာရှိတယ်။ တချို့ဆိုရင် အိပ်က ဘာဖြစ်လို့ ပြန်လာခဲ့ပါဆိုပြီး လာခေါ်တတ်တယ်။ ဆင်းသွားမိရင် ကျားကိုက်ခံရတတ်တယ်။ မဆင်းပဲ ပစ်ထည့်လိုက်ရင် သားကောင်ရတတ်တယ်သည့် နှုတ်ပြောပုံပြင်တွေ သူ ကြားဖူးထား၏။
မြောက်လေက ညဉ့်ဦးယံတွင် ငြိမ်သက်လျက်ရှိ၏။ (၂)နာရီမျှ ကြာ
သောအခါသူကဩန်အညောင်းဖြေလိုက်ပြီး ပက်လက်လဲ၍ချလိုက်တာ
ဆိုးနေပြန်၏။
“ထိန်း
အဝေးဆီမှ ရေတစ်ကောင်၏ဟောက်သံ၊ ဆင်တစ်ကောင်၏တစ်သီ ကို ကြားရသောအခါ သူက နားစိုက်၍ထောင်လိုက်ရင်း အင်း – ဘာဝတော့ လှုပ်လာပြီ၊ သားကောင်တွေ အစာရှာနေပြီ။ ကျာ်ကွင်းကိုတော့ ဘာဂမှ ပင်၍ စားမည်ထင်၏။ အဘယ်ကြောင့်ဆိုသော် ကျစ်တွင်၊အငန်ဓာတ်မှာ သားကောင်များက အစာကြရန် မစားမဖြစ်သောမြေဖြစ်ပြီး သားကောင် များကို ကျန်းမာစေကာ အစာအဆိပ်အတောက်များ ကင်းစေသည်။ သား ကောင်များစားသည့် သစ်ရွက်သစ်ဖူး သစ်ဥများတွင် အဆိပ်ဖြစ်စေသည့် အစားများ ကြေပျက်စေရန် ာတ်တစ်မျိုးပါရှိကြောင်၊ သိပ္ပံပညာရှင်များတွေ့ ရှိထားပါသည်။သူကကွေးကာနေစဉ်မှာပင် သူလင့်ဆောက်ထားရာတစ်။အပင် ဖြစ်သောအပင်မှာ လှုပ်၍ သွားလေသည်။သူက လေတိုက်သည် ထင်လိုက်သဖြင့် လဲနေရာမှ ဦးခေါင်းမတ်ကာ အကဲတွေ့လိုက်လေသည်။ လေက မကိုက်။
အဟော- နောက်တစ်ခါ လှုပ်၍ သွားပြန်လေသည်။ အချိန်ကညဉ့်(၉း၀၀)နာရီခန့်မို့လမှာ အတော်တက်လာပြီ၊ လင်းလက် ကာတစ်တောလုံးကို လာရောင်းနေလေသည်။
သူကစိတ်ထဲတွင် ထင့်သွား၏။ထို့ကြောင့်သေနတ်ကိုအသာယူလိုက် ကာ အသင့်ကိုင်ထားလေသည်။
တတိယအကြိမ်လှုပ်သွားသောအခါသူကသေရာသွားပြီ။တစ်ကောင်ကောင်က သူ့အပင်ကို ဘေးတိုက်၍အယားပျောက် ပွက်ကိုက်နေခြင်း ဖြစ်မည်၊သူကသေရာစေရန်ပက်လက်အနေအထားမှဘက်သို့စောင်းလိုက်ပါလင့်အောက်သို့ ငုံ့ကြည့်လိုက်မိ၏။
“ဟာ”
သူ့အသံက အပြင်သို့ မထွက်သွား စိတ်အတွင်းမှာသာဖြစ်၏။ သူ ထိုသို့ ဖြစ်သွားရသည်က တွေ့ရသည့်အရာမှာ လေမတိုက်၊ သားကောင်မဟုတ်။ သူ တွေ့ရသည့် အရာက တကယ့်မနုဿလူသားတစ်ဦး။လရောင်ဖြင့် သူ မြင်လိုက်ရသည်က အင်္ကျီဖြူခပ်နွမ်းနွမ်း ခေါင်းကုံး ပြောင်ပြောင်၊ ပုဆို၊ညစ်ညစ်တစ်ထည်ကို ပတ်ထားကာ သင့်ပေါ်သို့ လှမ်း ကြည့်နေသူတစ်ဦး။
သုကမှင်တက်မိကာခေါင်းနားပန်းကြီးနေရာမှထထိုင်လိုက်ပြီးထိုသူ ကိုအသေအချာ ကြည့်လေရာ ထိုသူကညှိုးငယ်သောမျက်နှာဖြင့် သူ့အား ကြည့်၍နေ၏။
သူကြည့်နေမှန်းသိသောအခါလင့်အောက်မှလူက သူအားစကားလှမ်း၍ပြောလေသည်။
“သူငယ်ချင်း – သူငယ်ချင်းငါဘာထဲမှာလမ်းမှားလာလို့ပါကွာ။ ညဉ့် နက်တော့ ထမင်းကလည်း ဆာလာပြီ။ သူငယ်ချင်းမှာ ထမင်းထုပ်ပါလာရင် ငါလင့်ပေါ်ကို တက်လာပြီး စားပါရစေ။ ငါ့ကို ထမင်းနည်းနည်း ကျွေးပါလားကွာ
“ဗုဒ္ဓေါ”
သူက နှုတ်မှ ရွတ်၏။ ပြီးနောက်- ဘာပြန် ပြောရမှန်းမသိ။ သူကြားဖူး နားာရှိသည်ကလင့်ာင့်နေလျှင် သားကောင်(သို့မဟုတ်) miraကောင် တို့က အမြင်မှားအောင် အယောင်ဆောင်ပြီး လှည့်ဖြားတတ်၏။ ဟောကြီး မာယာဆိုတာရှိတယ်။ တချို့ဆိုရင် အိမ်ကလူ ဘာဖြစ်လို့ ပြန်လာခဲ့ပါဆိုပြီး လာခခါတတ်တယ်။ ဆင်းသွားပီရင် ကျားကိုက်ခံရတတ်တယ်၊ ဆင်း)၊ ပစ်ထည့်လိုက်ရင် သားကောင်ရတတ်တယ်စသည့် နှုတ်ပြောပုံပြင်တွေ သူကြားဖူးထား၏။
သူက ဒါကို သဘိရ၏။ သို့သော်ယခု သူ့အား ပြောနေ သူက လူမှ လူအစစ် သူ မျက်စိ မမှားနိုင်။ ထို့ကြောင့် သေနတ်နှင့်ပစ်၍ မဖြစ်။ မတော်လူဝသသွားလျှင် ဒုက္ခ။ သူစဉ်းစားနေစဉ်မှာပင် လင့်အောက် မှလှက သူ့အားပြောပြန်သည်။
“သူငယ်ချင်းရေ – ထမင်းမကျွေးရင်တောင် ရတော့ ထိုက်ပါကွာ။ ငါ လမ်းမှား မျက်စိလည်းလာလို့ပါ မင်းကျေးဇူးကို မမေ့ပါဘူ။ ငါ ကူညီနိုင်တာ ကူညီပါမယ်နော်”
တောင်းပန်တိုးလျှိုးသောစကားသံက သူ၏နှလုံးသားကိုရိုက်ခတ်ခဲ့ ၏။ ထိုသူကို သူ ကျွေးမွေးချင်လာသည်။ ကျွေးမွေးပါက သူ့ကို ဆင်းရဲသူ အတွက် အလှူတစ်ခုပေပဲဟု သူ စဉ်းစားမိ၏။ ရှေးကံကြောင့် ယခုဘဝတွင် ဆင်းရဲခဲ့သည်မှာ အလှူဒါန နည်းခဲ့၍ဟု သူတို့ရွာဘုန်းကြီးအဟောအပြော ကို သူ ကြားနာဖူးထား၏။ ထို့ကြောင့် အလှူခံရှိတုန်း လှူချင်လာမိ၏။
သို့သော် သားကောင်ပစ်ရန် သင့်စောင့်နေချိန်မှ အလှူခံက ရောက်ခဲ့ လေရာအမှန်တကယ်လူမှဟုတ်ပါလေစ၊ သူအန္တရာယ်တစ်ခုကျရောက် လျှင် သူ့ဇနီးနှင့် ကလေးလည်း ဒုက္ခရောက်ပေမည်။
“သူငယ်ချင်းရယ် မင်းကို အန္တရာယ် မပေးပါဘူး။ မကြောက်ပါနဲ့ကွာ၊ ငါ့ကို ဖြစ်နိုင်ရင် ထမင်းနည်းနည်းကျွေး၊ ရေနည်းနည်းတိုက်ပါ။ မင်း ခွင့်ပြုမှ ပါလင့်ပေါ်တက်ခဲ့ပါမယ်။ မင်း ကျေးဖူးလည်း မနေပါဘူး”ထိုအသနားခံမှုက သူ့ကို ပြတ်သားသော ဆုံးဖြတ်ချက်ချစေလိုက်၏။ သူ့အား လင်ပေါ်ခေါ်၍ ထမင်းကျွေးရန်ပင်။ သို့သော် မလိုလည်းလိုလည်း သူကကတစ်ခုပေးလိုက်၏။
“လင့်အောက်က သူငယ်ချင်းရေ၊ မင်း – ဒါလောက်အခက်အခဲ ဖြစ်န ရင်ငါ့မှာပါတဲ့ ထမင်းထုပ်ထဲက တစ်ဝက်ကျွေးပါ့မယ်။ ဒါအဖမဲ့-မင်းငါ့ကို အန္တရာယ် မဂ္ဂပပါဘူးလို့ ကတိပေးပါ။ မင်းငါ့ကို အန္တရာယ်ပြုလို့ ငါတစ်ခုခု ဖြစ်ရင် ငါ့သားမယားတွေ ဒုက္ခရောက်ရမှာ”
“စိတ်ချပါ – သူငယ်ချင်းရာ ငါ မင်းထမင်းကို စားပြီးရင် မင်းဟာ ငရဲ့ ကျေးဇူးရှင်ပါပဲ၊ ဒီတော့ မင်းကို ငါးအန္တရာယ် မပေးပါဘူး။ ပြီးတော့ – မင်းကို လည်းကူညီမှာပါ။ ငါ ကတိပေးပါတယ်ကွာ”
“အေးလေ – မင်း ကတိပေးရင် လင့်ပေါ်ကို တက်ခဲ့တော့” သူ၏ခွင့်ပြုချက်ရလျင်ပင် သင့်အောက်မှ အရွက်ပြုလူက လင့်ပေါ်သို့ ပေါ့ပါးစွာပင် တက်လာကာ သူတွင် ထိုင်လိုက်သဖြင့် သူက ကြည့်မိရာ ဘာမျှ မထူးခြား။ လူမှလူအစပ်၊ သူနှင့် သက်တူရွယ်တူအသက် (၄၀) ခန့် ရှိ ပေမည်။ ပျက်နှာက ကြည်လင်၍ မဟာနဖူးနှင့် ခေါင်းဆုံးပြောင်ပြောင်က
လရောင်နှင့် တောက်ပနေ၏။မည်သည့်ထူးခြားချက်မှမရှိ။ ထို့ကြောင့် သူက
လွယ်အိတ်ထဲမှ စလူဖက်ဖြင့်ထုပ်ထားသော ထမင်းထုပ်ကို ဖြေကာ ထမင်း ထုပ်အတွင်းမှာပင် တစ်ဝက်စီခွဲ၍ ပုံထား၏။ ဟင်းမှာ ရွှေဖရုံသီးချက်ဖြစ်ကာ ထမင်းပေါ်တွင် ငါးပိရည် ဆမ်းထား၏။ ထို့နောက် သူက – “သူငယ်ချင်းတစ်ဖက်စားပါဗျာ။ကျွန်တော်လည်းထမင်းမစားရသေးလို့
တစ်ဝက်စားမယ်။ ခင်ဗျားကျွန်တော့်ကို အန္တရာယ်မပေးပါနဲ့နော်၊ ဟောဒီမှာ ရေလည်းသောက်ပါဟု” ဆိုကာ ပုလင်းကိုလည်း ထုတ်ကာ- “ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရာ ထမင်းမစားရတာလည်း ကြာ ပါပကော။ သူငယ်ချင်းလည်း အန္တရာယ်မပေးပါဘူး။ သူငယ်ချင်း သား ကောင်ပစ်ဖို့လင့်စောင့်တာမဟုတ်လား။ ကျုပ်လည်းကူစောင့်ပေးပါမယ်။သားကောင်လည်း ရမှာပါဟု ပြောရင်း သူ့အတွက် ပုံပေးထားသော ထမင်းကို အားပါးတရ စား လေသည်။ စားသောက်ပြီးသောအခါ လင့်ပေါ်တက်လာသူက -”သူငယ်ချင်းရေ လင့်စောင့်ရင် အိပ်ပျော်လို့မဖြစ်ဘူး။ သူငယ်ချင်း တစ်ယောက်ထဲ စောင့်ရင် အိပ်ပျော်သွားလို့ သားကောင်ရမှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်လည်း စောင့်ပေးမယ်။ ကျပ်ကလမ်းမှားပြီး မောလာတဲ့သူထို တော့ အရင်အိပ်လိုက်ဦးမယ်၊ မင်းက အရင်စောင့် ပင်းအိပ်ချင်ရင် ကျုပ်ကို နှို။ ကျပ်က တစ်လဲစောင့်ပေးမယ်- ဟုတ်ပြီလား”
ထိုသို့ သဘောတူကာ ထိုသူက အရင်ကျောခင်း၍ အိပ်လေသည်။ မအိပ်မီ သူက သူထမင်းကျွေးသူကို မေးရ၏။
“သူငယ်ချင်းက ဘယ်ကိုသွားမှာမို့ မျက်စိလည် လမ်းမှားရတာလဲ” “ရွာနဲ့ အနောက်ဘက်နားကို”
ထိုဒုတိယက ပြောသည်ရွာမှာ ဆူနေသည့်ရွာပင်ဖြစ်နေရာ “ဟုတ်လား … သူငယ်ချင်။ကျပ်လဲ အဲဒီရွာမှာပဲ နေတာပဲ”သူ အံ့ဩခဲ့ရပါသည်။ ထိုသူနေသည်ဆိုသည့်ရွာမှာ သူ့ရွာပင်ဖြစ်ပြီး ရွာအနောက်ဘက်ဆိုသည်မှာလည်း သူ့ကဲအနီးအနားတွင် ဖြစ်ပေမည်။ သို့သော် ထိုသူကိုသူ မမြင်ဘူးပါ။ သူက ထပ်မေးခဲ့တဲ့ သို့နှင့်ဒုတိယလူမှာ အိပ်လေသည်။ မကြာမီ အိပ်ပျော်သွားရာကရောင် တွင် ထိုသူအား သူအသေအချာကြည့်၏။ လူမှ လူအစစ်။ သို့သော် အနည်း ငယ်ထူးသည်၊ အင်္ကျီလက်တိုအောက်တွင် ပေါ်နေသည့် လက်တံနှင့် ခြေ သလုံးတွင် အမွှေးမည်၊မည်းရှည်ရှည်များ ရှိနေခြင်းပင်။
အချိန်မှာ သန်းခေါင်အချိန်ရောက်၍လာရာ သူ့မှာ ငုတ်တုတ်ထိုင်ရင်း အိပ်ငိုက်လာလေ၏။ သို့သော် သူဟာသူငိုက်မှန်းပင်မသိ။ နင်စာက သိပ်သည်။ စွာကျနေရာ အအေးဆိုလာသဖြင့် ဘာဘူစောင်ကိုခြုံထား၏။ ဒုတိယလူမှာ မအ၊သည့် အတိုင်း အိပ်ပျော်နေလိုက်သည်မှာ ဘာမျှပင် မသိတော့။ ဪ လမ်းမှားလမ်းပျောက်၍ဟိုလျှောက်သည်လျှောက်ဖြင့်ပင်ပန်းခံရပေ သကိုး၊ မနက်ကျမှ သူ့နာမည်ကို မေးရဦးတော့မည်။ သို့နှင့် သူက အိပ်ငိုက် လိုက် နိုးလိုက် စောင့်နေမိ၏။သူ၏တံတောင်ဆစ်ကို လှုပ်လိုက်သည့်အတွေ့အထိကို ခံစားရသဖြင့် သူအိပ်ငိုက်နေရာမှ ဆတ်ခနဲ နိုးလာ၏။ဒုတိယလူက သူကလှုပ်နိုးခြင်းဖြစ်ပြီးကျင်ကွင်းဘက်သို့လက်ညှိုးထိုး၍ပြနေပေပြီ။ သူဘယ်အချိန်ကနိုးနေသည်။
သူကဒုတိယလူရာသို့အိပ်ချင်မူးတူးနှင့်ကြည့်၏။ ဘာသားကောင်ကိုမျှမတွေ့။ ထို့ကြောင့် –
“ကျပ်…ဘာမှမတွေ့ဘူး”
“ဟုတ်လား … ဒါဆိုရင် ကျုပ်လက်ညိုးထိုးပြတဲ့ နေရာကို သေနတ်ချိန်” သူကဒုတိယလူပြောသည့်အတိုင်းသေနတ်ကိုချိန်လိုက်သော်လည်း
နှင်းများ ဖုံးလွှမ်းနေ၍သားကောင်ကိုမတွေ့ –
“ကျုပ်- မတွေ့ရဘူး၊ ဘာကောင်လဲ”
ဒုတိယလူက ဘာမျှ မပြောပဲ သူ၏ယာဘက်လက်ဖြင့် သေနတ်ကိုကိုင်းပေကော
“မတွေ့ပါ အဲဒီနေရာကို ပစ်သာထည့်လိုက်”
သူကဒုတိယလုပြောသကဲ့သို့ လုပ်ရမည်။ အဘယ်ကြောင့်ဆိုသော်
ဒုတိယလူက သေနက်ကိုပင် ထိန်းကိုင်ပေးထားပြီမဟုတ်လား။ “ဝိုင်း – ခိုင်း”
သူကသေနတ်ကို ညှစ်ဆွဲပစ်ခက်လိုက်၏။
“ဗြုန်း – အုန်း – ပြန်း – အုန်း”
သားကောင်တစ်ကောင်လဲပြိုသံ ပြန်ထသံ၊ ပြန်လဲသံကိုသာ ကြား လိုက်ရသည်။ ဘာကောင်မှန်းဟော့မသိ။ ထို့နောက် ဒုတိယလူက အသံငြိမ် သွားသောအခါ …
“သူငယ်ချင်းရေ အိပ်ချင်ရင် အိပ်တော့”
သူက မအိပ်နိုင်သေးသဲ ကျေးဇူးတင်စကား ပြောရလေသည်။ “ကျေးဇူးတင်ပါတယ် – သူဝယ်ရင်းရာ၊ ကျပ်က ဆင်းရဲပါတယ်။ ဒီသား ကောင်ရရင် တစ်ဝက်ကို ရဲစခန်းပေး၊ စစန်းကလူတွေစားဖို့ပါ။ တစ်ဝက်ကို ရောင်းရပြီး ကပ်တို့မိသားစုစားရမှာပါ။ကျုပ်က ပျံကျအလုပ်သမားဆိုတော့ အလုပ်မရှိတုန်းမုဆိုးလုပ်တာပါ၊ နောင်ကိုလည်း ကူညီပါဦးနော်” “ကူညီပါ့မယ် – သူငယ်ချင်း”
“ကူညီမယ်ဆိုရင်
တို့သူငယ်ချင်းနှစ်ယောက်ဘယ်လိုတွေ့ရမလဲ”
“ဒါက မခက်ပါဘူး သူငယ်ချင်းရာ၊ မင်းတောလည်ဖို့ ရွာကထွက်ရင်
သချိုင်းကို ဖြတ်ရမယ်ဖို့လား”
“ဟုတ်တယ်
“သချိုင်းကိုဖြဟ်ပြီးရင်
ကန်သင်းပေါကထန်းပင်တွေ့တယ်မို့လာ။ အဲ့ဒီ
ထန်းပင်ကို မင်းလွန်တဲ့အခါ ငါ့ကို သူငယ်ချင်းရေလို့ခေါ်လိုက်။ ဒါမင်းနဲ့အတူ ကောလိုက်သည်ပေးမယ်”
“ဒါနဲ့ သူငယ်ချင်းနာမည်ဘယ်လိုခေါ်သလဲ”
နာမည်ကို မေးမနေပါနဲ့ သူငယ်ချင်းရာ ဟုဆိုကာ မဖြေပဲ –
“အေး- ဒါပေမဲ့တစ်ခုတော့မှာထားမယ်။ မင်းသူငယ်ချင်းရလို့ခေါ်တဲ့ အခါနောက်ကို လှည့်မကြည့်နဲ့ စကားလည်း မပြောနဲ့။ ငါ ရောက်လာလို့ မင်းကို စကားပြောတော့မှ မင်းကပြန်ပြီးပြော၊ ဟုတ်ပြီလား သေသေချာချာ မှတ်ထားနော်”
“ကဲ-အိပ်တော့သူငယ်ချင်း၊ မင်းမနက်ကျရင်သားကောင်ဘယ်ရက် ရနဲ့ပင်ပန်းနေဦးမယ်”
အမည်မဲ့နှင့်တွေ့ရန်ပြောပြီးနောက် သူလည်းတစ်ဖက်သို့လှည့်ကာ အိပ်လိုက်လေသည်။ အိပ်ရေးပျက်နေသဖြင့် ချက်ချင်းလိုပင် အိပ်ပျော်သွား ခဲ့တော့။
နံနက်နေထွက်စတွင် သူ နိုာသောအခါသူသူငယ်ချင်းက မရှိတော့ သူကလင့်ပေါ်မှကျစ်တွင်းကိုကြည့်လိုက်ရာ (၆) ချိုထောင်ကြီးနှင့် ပတ်ဖို ကြီးတစ်ကောင်လဲနေသည်ကို တွေ့ရ၏။
သူက ဝမ်းသာသွားသဖြင့် သူ့ သူငယ်ချင်းကို မတွေးအား သူလည်း စာစောထ၍သူ့လမ်းသူသွားပြီဟုသာထင်ခဲ့လေသည်။ ထို့နောက် ရဲစခန်း ပြန် အကျိုးအကြောင်းရှင်းပြ လှည်းငှားကာ ဆက်ကိုလာတိုက်၍ ပေးတန် တာပေး၊ ရောင်းပန်တာ ရောင်းကာ စားသောက်ခဲ့ရ၏။
(၁၀)ရက်ခန့်ကြာသွားပေပြီ။ သူက ဒုတိယလူသူငယ်ရင်းကို သတိရ နေ၏။ သူမှာခဲ့သည့်။ကားကိုလည်း သတိရနေကာတစ်နေ့တွင် ထမင်းထုပ် နှစ်ထုပ်ထုတ်ကာ အချိုအချဉ်သကြားလုံးမုန့်ကလေးများ ငယ်လွယ်အိတ် တွင်ထည့်၍ ဘောလည်ထွက်ခဲ့သည်။သူ သူငယ်ချင်း ဒုတိယလူမှာထားသည့်အတိုင်း သချိုင်းအကျော် ထန်းပင်အောက်မှ ဖြတ်သွားသောအခါ –
“သူငယ်ချင်းမရ”
သူကအသံကျယ်ကျယ်အော်ခေါ်လိုက်သည်။ သို့သော်- မှာထားသည့်အတိုင်း အနောက်ကိုဖြင့် လှည့်မကြည့်ဘဲ ရှေ့ကိုဆက်၍ လျှောက်သွား၏။ လမ်း(၃၀၊ ၄၀)မျှလျှောက်သွားပြီးသောအခါ –
“သူငယ်ရင်းရေ – ငါ့အတွက် ထမင်းထုပ် ထည့်လာခဲ့တယ်မို့လား” ထိုအသံကြားမှ သူက လှည့်ကြည့်လိုက်ရာ သူ့အားပြုံးပြုံးကြီး ကြည့် နေသော သူ့သူငယ်ချင်းဒုတိယလူကို တွေ့ရသဖြင့် –
ပါ ပါတယ် သူငယ်ချင်းရာ ထမင်းထုပ်တွင် မကဘူး၊ အချို့အရာလေး လည်း သူငယ်ချင်းစားဖို့ ဝယ်လာခဲ့တယ်။
“ဟုတ်လား – သငယ်ရင်း၊ ဘာဟင်းများ ပါသလဲ” “တစ်ထပ်က အမဲသာ။ တစ်ထုပ်က ခရမ်းသီးနှပ် ”
သူ့အဖြေကိုကြားလိုက်သော ဒုတိယသူမှာမျက်နှာတစ်ချက်ပျက်သွားပြီးနောက်
“ဒါဆိုရင် အမဲသားထမင်းထုပ် ငါ့ကိုပေး”
အသံမာမာထန်ထန်ဖြင့် တောင်းလေသည်။
သူကဒုတိယလူမျက်နှာပျက်သွားသည်ကိုသတိထားမိသော်လည်းသူ့
အလိုဆန္ဒအတိုင်း အမဲသားနှင့် ထမင်းထုပ်ကို လှမ်းပေးလိုက်ရာ – ဒုတိယလူက ထမင်းထုပ်ကို ဝတ်ဝန် စွဲယူလိုက်သောကြောင့် သူ အံ့ဩသွားရ၏။ ထို့နောက် -ဒုတိယလူအားကြည့်နေစဉ်မှာပင် ဒုတိယလူက ထမင်းထုပ်ကို လွှင့်ပစ်လိုက်လေသည်။ထို့နောက် စကား၍ ပြော၏။
“သူငယ်ချင်း နောင်ကို ဘယ်တော့မှ အမဲသားမစားပါနဲ့ကွာ၊ ကျုပ်ကို ကက်ပေးနိုင်မလား။ ကျုပ်လည်း အမဲသား မစားတော့ဘူး။ သူ့မှာရက်ချင်းပင် ဆုံးဖြတ်ကာ –
“ပေးနိုင်ပါတယ် … သူငယ်ချင်း၊”
“အေး – မင်း အမဲသား မစားဘူးလို့ ကတိပေးရင် ငါ မင်းကို ဆက်ပြီး ကူညီပါ့မယ်။ ငါကူညီလို့ မင်းဟန်ဟန်ပန်ပန် စုမိဆောင်းမိအောင်လုပ်၊ ပြီး- ကုသိုလ်ကောင်းမှုလည်း မမှနဲ့ ဟုတ်ပြီလား” “ကောင်းပါပြီကွာ – ကတိပေးပါတယ်”
ကတိစကားအပေးအယူလုပ်ပြီး နောက်သောတက်ကြရာဆတ်ရလိုက် တောဝက်ရလိုက် ချေရလိုက်ဖြင့် တစ်လ (၂)ကြိမ်ခန့်မျှ သူငယ်ချင်း နှစ်ယောက်အဆင်ပြေပြေ ခပေါင်းသင်းလာခဲ့ကြ၏။ သေနတ်မရှိသည့်အင်္ဂါ ထောင်ရောက်ဖြင့်ဖမ်းရင်း တက်ညီလက်ညီလုပ်ခဲ့ကြ၏။ သို့သော် ဒုတိယ လူကဘယ်သောအခါမှအကျိုးအမြတ်ကိုမယူခဲ့၊ ပေးလျှင်လည်း ငြင်းဆန် ပြီးကျုပ်ကအဲဒါတွေ မလိုပါဘူး သူငယ်ချင်းရာ”ဟုသာ ပြောရှာလေသည်။
(၂)နှစ်ကျော်မှ ကြာခဲ့လေပြီ။ တစ်နေ့ သူငယ်ချင်းရေ –
သူကခေါ်ပြီး ရှေ့မှ လျှောက်လာရာ သူသူငယ်ချင်းက ပါလာခဲ့လေသည်။ သို့သော် – သူနှင့် စကားပြောရာတွင် သူသူငယ်ချင်းဒုတိယလူက –
“သူငယ်ချင်းဆရ မင်းနဲ့ငါနဲ့ပေါင်းသင်းဖိုတာ(၂)နှစ်တောင်ကျော်လာ ပြီ။ မင်းလည်းစီးပွားလေး အတော်ဖြစ်ပြီး လယ်ကခလေးယာကလေး၊ဝယ်နိုင် ပြီ။ ရွာဦးကျောင်းမှာလည်း အလှူအတန်းလေး လုပ်နိုင်ပြီ။ အိမ်ကလေးလည်း အသင့်အတင့် ဆောက်ပြီးပြီ၊ အခုဆိုရင် မင်းသားလေးကိုတောင် ရှင်ပြု တော့မှာ ဒီတော့ မင်းကို မှာချင်တယ် ဒုတိယလူ သူ့စကားမှာ ဆန်းနေ၍-
”ဘာမှာချင်တာလဲ – သူငယ်ချင်းပြောပါ”
”အင်း -မင်းဒီတစ်ခါတောလည်ပြီးရင် နောင်ကို ဘယ်တော့မှကော မလည်ပါနဲ့တော့။ မင်း ငယ်ထားတဲ့လယ်ကလေးယာကလေးကိုသာ ဆက် ပြီးလုပ်စားပါ။ ဒီတစ်ခါရတဲ့ သားကောင်ကိုလည်း ရောင်းပြီးရင် ရွာဦးကျောင်း မှာ ဆွမ်းကပ် ပြီးတော့ ဘရားနာပြီ။ ရောက်ရတဲ့အခါ ငါ့ကိုရည်စူးပြီး – “သူငယ်ချင်းရေ အမျှ အမျှ အမျှလို့ အသေအချာ အရှေ့ပေးပါ။ အဲဒါကိုမင်းလတ်ပေးနိုင်မလား”
သူက သူ့သူငယ်ချင်းမျက်နှာအား စေ့စေ့ကြည့်လိုက်ရာ မျက်လုံးတွင် မျက်ရည်များဖြင့် ရီဝေနေသည်ကို တွေ့ရလေ၏။ အကြောင်းတစ်ခုခုတော့ သေချာပေါက် ရှိနေပေပြီ။
“ကတိပေးပါတယ်- သူငယ်ရင်း မင်းမှာတဲ့အတိုင်း ငါလုပ်ပေးပါ့မယ်။ မင်းငါ့ကိုကူညီခဲ့တာတွေကိုလည်း ငါ ဘယ်တော့မှ မပါဘူး သူငယ်ချင်းရာ
“အေး-ငါလည်း မင်းကျွေးခဲ့တဲ့ ထမင်းထုပ်တစ်ဝက်ကို ဘယ်တော့မှ မေ့မှာ မဟုက်ပါဘူး၊ ဒါကြောင့်လည်း ငါ မင်းကို ကျေးဇူးဆပ်နေတာပါ၊ ခါး
ဒုတိယလူမှာ စကားကို မဆက်တော့ပဲ ဘောကွင်းသို့သာဝင်၍ သွား လေသည်။
ထိုအခေါက်၊ ဆတ်(၂)တောင်းပြီးနောက်သူကရောင်းသင့်ဟာ ရောင်းကာ သူ့သူငယ်ချင်း မှာခဲ့သည့်အတိုင်း ဆောင်ရွက်ပေးခဲ့လေသည်။ နောင်ကိုထန်းပင်နာသွား၍ သူငယ်ချင်းရေလို့ ဘယ်လိုပဲခေါ်ခေါ်သူ သူငယ်ချင်းကတော့ မည်သည့်အခါမျှ ပေါ်မလာခဲ့တော့ပေ။
သူကလည်း ထိုအချိန်မှစ၍ မုဆိုးအလုပ် စွန့်လွှတ်ကာ လယ်ကလေး၊ ယာကလေးကိုသာ သမ္မာအာဇီဝ သန့်သန့်ရှင်းရှင်း လုပ်ကိုင် စားသောက် နေထိုင်ခဲ့လေသည်။
ကျွန်ုပ်သည် (၂၀၁၀)ပြည့်နှစ်ခန့်က ပဲခူးရို၊မတောင်ဇာမဏီကြိုးဝိုင်း သို့တစ်ခုသောဆောင်းရာသီ၌တောပစ်ရောက်ခဲ့လေ၏။ သစ်ကွက်စန်းမှာ ထောင်နံရံကြီး(၂)စုကြားမှကျောက်ရောင်း၏နှုတ်ခမ်းတွင်ဗိုလ်တဲဆောက်ကာထားသော သစ်ထုတ်ကန်ထရိုက် ဦးလှဟန်စခန်းတွင်ဖြစ်ပြီး (၂၄)နာရီ လုံးလုံး အေဖလိမ့်နေလေသည်။ နေကိုနံနက်(ဝ)နာရီနှင့်လယ်(၂)နာရီ ကြားတွင်သာတွေ့ရပြီး နေစောင်းသည်နှင့် မီးဖိုကာ မီးလှုံရလေသည်။ တစ်ခုသောညနေ၌ စခန်းသို့ သစ်လွဲသည့် ကရိန်းကားတစ်စီးတိုက်၍ လာလေပြီးနောက် ရှေ့ပြေးဒရိုင်ဘာနေရာ၊ ပိန်ပိန်ပါးပါး နဖူးပြောင်ပြောင် နှင့် အသက် (၇၁) ခန့်အဖိုးအိုတစ်ယောက် ဆင်းလာလေ၏။ ထို့နောက် ကျွန်ုပ်မီးလှုံနေရာ မီးဖိုအနီးသို့ ရောက်လာကာမီးလှုံရင်း-
“အတော်အေးတယ်နော်ဆရာဟုစကားစရာမှမိတ်ဆွေဖြစ်သွားလေ
၏။ ထိုသူမှာ ဦးမြင့်ထွန်းဟု သိရပြီး ကျီးမနိုးရွာ ဖြူးမြို့နယ်အနီးမှ ရွာသား တစ်ဦးဖြစ်ကြောင်း သိရ၏။ သို့သော် ကရိန်းကားပိုင်ရှင်ဖြစ်ပြီး တပည့် (၂) ဦးလည်း ပါလာ၏။
ဦးလှဟန်ကလည်း ကျွန်ုပ်အား သူနှင့်မိတ်ဆက်ပေးသောကြောင့် ကျွန်ုပ် စာရေးဆရာမုဆိုးမှန်းသိ၍သွားသောအခါ သူသည် ယခင်က မုဆိုး အလုပ်လုပ်ခဲ့သူဖြစ်ကြောင်း မှဆိုးလုပ်ရင်းမှ လယ်ကလေး၊ ယာကလေးပိုင် လာခဲ့ကြောင်း၊ မုဆိုးအလုပ်ကို စွန့်လွှတ်ရန်သူအား အမည်မဖော်၊ အမည် မရှိသည့် သူ့ သူငယ်ချင်းက တိုက်တွန်းခဲ့သဖြင့် စွန့်ခဲ့ကြောင်း ထို့နောက် ကြိုးမနိုးတွင် သစ်ဆိပ်လုပ်သစ်ပုံသောအခါ သူက သစ်ထုတ်လုပ်ရေးတွင် ဝင်၍လုပ်ခဲ့ရာမှ သစ်ထုတ် (TE)ကားမောင်းတတ်ခဲ့ကြောင်း။ ထို့နောက် မှ အလုပ်ထွက်ကာ စုဆောင်းထားငွေနှင့် လယ်ကလေးကိုရောင်းရငွေကို ပေါင်းကာ ကရိန်းကားထောင်၍ သစ်ထုတ်လုပ်ရာ နေရာများတွင် လိုက်၍ ကရိန်းကားဖြင့် သစ်တင်ပေးသည့်အလုပ်ကိုလုပ်နေကြောင်း သူ့တွင် သား တစ်ယောက်ရှိကာ ယခု စက်ပြင်အနေဖြင့် သစ်ထုတ်လုပ်ရေးတွင် တာဝန် ထမ်းဆောင်နေကြောင်း၊သူနီးမှာလည်း နောက် (၂)ရက်ဆို အကြာတွင်
လိုက်လာမည်ဖြစ်ကြောင်း၊ယဦးလှဟန်က သူ့သစ်များတင်ရန် ကရိန်းကား ငှား၍လာခြင်းဖြစ်ကြောင်း ပြောပြခဲ့သည့်အပြင် အထက်ာတ်လမ်းတွင် ဖြစ်ပျက်ခဲ့ပုံအကြောင်းကိုလည်း ပြောခဲ့ပါသည်။
ယခုဆိုလျှင် ဦးမြင့်ထွန်းမှာ အသက် (၈၀)ကျော်မျှရှိမည် ဖြစ်ပြီး ကျီးမနိုးတွင် ရှိသေးသည်။ မရှိသေးသည်ကို ကျွန်ုပ် မသိရှိတော့။ အဖြစ် အပျက်က ယုံနိုင်စရာပင် မရှိသော်လည်း တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းတရားဟု ထင်မြင်မိပါသည်။ သူ၏ ပြောပုံဆိုပုံ နေထိုင်ပုံကို ကြည့်ခြင်းအားဖြင့် ဇာက်လမ်းဆင်ပြောသည်ဟုကျွန်ုင်မယူဆ။ စိတ်ကူး နှင့် ဇာတ်လမ်းဆင်းလျှင်ပင် ကျွန်ုပ်စာရေးဆရာတစ်ယောက်အဖို့ပင် ထိုမျှ စိတ်ဝင်စားအောင် ဇာတ်လမ်းဆင်းနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်ထက် အတွေး အခေါ်ကောင်းသည့် စာရေးဆရာများအကွက်မှုမဆိုလိုပါ။ ကျွန်ုပ်တို့ကမ္ဘာ ကြီးက ရွာကြီးတစ်ယောက်သာ ရှိလာသည့်ဆိုစေကာမူ ထိုအဖြစ်အပျက် မျိုးကို သိပ္ပံပညာဖြင့် ထောက်လှမ်း၍ရနိုင်မည်မဟုတ်ပါလေ။လွန်စွာမ္ဘီရ ဆန်လွန်းသောကြောင့် ဖြစ်ပါသည်။
စာကြွင်း။ ။ဇာတ်လမ်းအစမှပထမသူသူ” ဆိုသည်မှာဦးမြင့်ထွန်းပင် ဖြစ်ပါသည်။
Zawgyi Version
—————————————
“ဪ ရှင် ပြန်လာပြီလား”
“အေးကွာ”
“သေနတ်လည်း ရခဲ့တာကိုး”
“ထမင်းတစ်ခါဘဲ ကား
“ဟုတ်ကျွံ-အ”
ဆိုးနေပြန်၏။
“ထိန်း
“ဟာ”
“ဗုဒ္ဓေါ”
“ကျပ်…ဘာမှမတွေ့ဘူး”
“ကူညီမယ်ဆိုရင်
“ဟုတ်တယ်
“သူငယ်ချင်းမရ”