~~~ကတိ မတည်မိလေသူ~~~

~~~ကတိ မတည်မိလေသူ~~~
(စဆုံး)
********
ည(၁၂)နာရီခန့် ။ အမှောင်ထဲဝယ်
ကိုမြအေးတစ်ယောက် မီးအိမ်လေး၏
အလင်းရောင်ဖြင့် ကွင်းပြင်ထဲတွင် လျောက်လှမ်းနေ၏။ တစ်ရွာလုံး အိပ်စက်နေကြပေမဲ့ ကိုမြအေးမှာတော့ မအိပ်နိုင်ပဲ
ညနေပိုင်းက ထောင်ထားခဲ့သော ငါးမျှားတံများကို တစ်ကျော့ပြန်ဖော်ဖို့
ပလိုင်းလေးကို လွယ်ပြီး ကွင်းထဲရှိ ရိုးချောင်းလေးသို့ လာနေခြင်းဖြစ်၏။
ကိုမြအေးသည် ဇနီးမတင်မေနှင့်အတူ
ညောင်သာရွာလေးမှာ နေထိုင်ပြီး ဆင်းရဲ
နွမ်းပါးသဖြင့် နေ့ဘက်တွင် လယ်ထဲလုပ်၍ ညဘက်တွင် ငါးမျှားတံထောင်လေ၏။ ည(၁၂)နာရီခန့်တွင် တစ်ကြိမ်
လိုက်လံဖေါ်ယူပြီး ငါးစာအသစ်ပြန်တပ်
၍ မနက်လင်းချိန်တွင် တစ်ကြိမ်ပြန်ဖေါ်
လေ့ရှိ၏။ ကိုမြအေး ဖမ်းလာသည့် ငါးများကို မတင်မေမှ မနက်အစောတွင် ရွာ
ထဲသို့ လိုက်လံ ရောင်းချ၏။ ယခုညလဲ ကိုမြအေးတစ်ယောက် ညနေပိုင်းက ထောင်ထားခဲ့သည့် ငါးမျှားတံများကို
ဖေါ်ယူရန် မတင်မေကို ပြောပြီး ထွက်လာခဲ့လေ၏။
သူ ငါးမျှားတံများ ထောင်ထားခဲ့သည့် ရိုးချောင်းကလေးနှင့် မလှမ်းမကမ်းတွင် အဓိကရ ထိန်ပင်ကြီး တစ်ပင်ရှိပြီး သဘက်ကြီးတစ်ကောင် နေသည်ဟု သတင်းကြီး၏။ ညဘက်တွင် မီးရောင်
တစ်လက်လက်ရှိနေသည်ကို မကြာခဏ
မြင်တွေ့ကြရလေ၏။ ကိုမြအေးလဲ
ကြောက်ကြောက်နှင့် ထိန်ပင်ကြီးဆီသို့
လှမ်း၍ ကြည့်လိုက်မိရာ ထိန်ပင်ကြီး၏
ခွ ကြားတွင် မဲမဲအကောင်ကြီး
‌တစ်ကောင်မှာ တက်လိုက် ဆင်းလိုက်ပြုလုပ်နေသည်ကို တွေ့လိုက်ရသဖြင့် ကြက်သီးမွေးညှင်းများ ထ၍သွားလေ၏။
သို့သော် ‘သူလဲသူ့ဟာသူ နေတာပဲ
ငါလဲ ထိန်ပင်ကြီးနား သွားမှာမှ မဟုတ်ပဲ
ဘာမှ မဖြစ်လောက်ပါဘူးလေ’ဟု တွေးရင်း ရိုးချောင်းလေးအစပ်ရှိ ငါးမျှားတံများ
ကို လိုက်လံဖေါ်ယူနေမိ၏။ ထိုသို့ ဖော်ယူ
နေရင်းမှ တစ်နေရာ အရောက်တွင် ခြေကျင်းဝတ်နားဆီမှ မီးစဖြင့်ထိုးလိုက်သလို
ခံစားလိုက်ရပြီး မျက်လုံးများထဲမှာလဲ မီးများပွင့်သွားသလို ခံစားလိုက်ရသဖြင့် မီးအိမ်ကလေးဖြင့် ကြည့်လိုက်ရာ ခြေထောက်အနားတွင် နှာတိုကြီး(မြွေပွေး)
တစ်ကောင်ကို တွေ့လိုက်ရ၏။ ငါးမျှားတံ
များကို အာရုံရောက်နေသဖြင့် ရိုးချောင်းစပ်တွင် ခွေနေသော နှာတိုကြီး(မြွေပွေး)
အား မမြင်ပဲ နင်းလိုက်မိသဖြင့်
နှာတိုကြီး(မြွေပွေး)မှ ကိုက်လိုက်ခြင်း ဖြစ်၏။ ချက်ချင်းပင် မျက်လုံးများ ပြာလာပြီး မြွေဆိပ်တက်လာသဖြင့် လမ်းပင်
မလျောက်နိုင်တော့။ ကိုသာအေးတစ်ယောက် ကွင်းပြင်ကြီးထဲတွင် အားကိုးစရာ
ရှာကြည့်သော်လဲ ကွင်းပြင်ကြီးထဲတွင် သူမှလွဲ၍ အခြားလူသား တစ်ယောက်မှ မတွေ့ရချေ။ ထိုမှ ထိန်ပင်ကြီးဆီသို့ ကြည့်လိုက်မိရာ ထိန်ပင်ကြီး၏ ခွကြားတွင်
မဲမဲအကောင်ကြီး တစ်ကောင်မှ သူ့အား မျက်လုံးနီကြီးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သေရမှာကို
ကြောက်သည့်စိတ်ဖြင့် ထိုအကောင်ကြီးကို
မကြောက်နိုင်တော့ပဲ ပါးစပ်မှ

“ထိန်ပင်ကြီးပေါ်ကအကောင်ကြီးရေ ငါ့ကို
ကယ်ပါဦးကွာ မင်းငါ့ကို ကယ်ရင် လကွယ်
ညတိုင်း မင်းကို ငါးတစ်ပိဿာ လာကျွေးပါမယ်”

ဟု ပြောလိုက်ရာ မဲမဲအကောင်ကြီးမှာ ထိန်ပင်ခွကြားမှ ဆင်းလာပြီး သူ့အနားသို့ရောက်လာလေ၏။ ထိုအချိန်တွင် ကိုမြအေးမှာ မြွေဆိပ်များတက်နေပြီး မျက်လုံးများပြာဝေလာကာ သူ့ခြေထောက်မှ ပိုးထိ
(မြွေကိုက်)ထားသည့် ဒဏ်ရာကို မဲမဲအကောင်ကြီးမှ ကုန်း၍ စုပ်နေသည်ကို
နောက်ဆုံးသိလိုက်ရပြီး သတိလစ်သွားလေတော့သည်။
*******
‘ဘုတ် ဘုတ် ဘုတ်’

ကိုမြအေး၏ ဇနီးမတင်မေမှာ အိမ်ရှေ့မှ တံခါးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည့် အသံကြောင့် လန့်၍နိုးလာပြီး
‘ဟင် အိမ်ရှေ့တံခါးကို ဘယ်သူကများ
လာပုတ်နေပါလိမ့် ကိုမြအေးဆိုရင်တော့
ငါ့ကိုခေါ်မှာပါ ဘယ်သူလဲ မသိဘူး’
ဟု တွေးရင်း အိပ်ယာထဲမှ ထကာ ရေနံဆီ
မီးခွက်ကလေးကို ထွန်းပြီး အိမ်ရှေ့တံခါးသို့ ထလာလိုက်ပြီး

“ကိုမြအေး ကိုမြအေးလား”

အသံပြုလိုက်သော်လည်း ပြန်ထူးသံမကြားရသဖြင့် မီးခွက်ကလေးကို မြှောက်၍
တံခါးကြားမှ အပြင်သို့ ကြည့်လိုက်ရာ အိမ်ပေါက်ဝနားတွင် ကိုမြအေးတစ်ယာက် လဲကျနေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် တံခါးကို ကပျာကယာ
ဖွင့်လိုက်ပြီး

“ကိုမြအေး ကိုမြအေး ဘာဖြစ်လာတာလဲ”

အနားသို့ ပြေးသွားကာ မေးလိုက်ရာ
ကိုမြအေးမှာ သတိလစ်နေ၏။

“လာကြပါဦး ဒီမှာ ကိုမြအေးဘာဖြစ်တာလဲ မသိဘူး ခေါ်လို့မရတော့ဘူး”

မတင်မေ၏ အော်သံကြောင့် အနီးနားအိမ်များမှ နိုးလာကြပြီး အပြေးရောက်လာကြပြီး

“ဟဲ့ မတင်မေ မြအေးဘာဖြစ်လို့လဲဟ”
“မသိဘူး ငါးမျှားတွေ သွားဖေါ်ဦးမယ်
ဆိုပြီး ထွက်သွားတာ ခုအသံကြားလို့
ထွက်ကြည့်တော့ အိမ်ရှေ့မှာ လဲနေတာ
ခေါ်မရဘူး လုပ်ပါဦး”

“ဟင် သတိလစ်နေတာပါ အိမ်ပေါ်အမြန်
တင်ကြ အိမ်ပေါ်ကျမှ ဘာဖြစ်တာလဲ
ကြည့်မယ် အချိန်မတော်ကြီး အပြင်မှာ
မကောင်းဘူး”

ကိုမြအေးကို အိမ်ပေါ်သို့ ဝိုင်း၍ တင်လိုက်ကြပြီး ဦးဖိုးအောင်မှ သေချာလိုက်၍ ကြည့်လိုက်ပြီး

“ဟာ မြအေး ပိုးထိ(မြွေကိုက်)ထားတာ
ညာဘက် ခြေကျင်းဝတ်နားမှာ အစွယ်ရာ
တွေ့တယ် ဆရာသာလှကို အမြန်သွားပင့်စမ်း”

ဟု ပြောလိုက်ရာ ရွာသားတစ်ယောက်မှ
အပြေးသွားပင့်လေ၏။ ခဏမျှ ကြာသော
အခါ ဆရာသာလှ ရောက်လာ၍ စမ်းသပ်
ပြီး

“မြအေး ပိုးထိထားတာ ဒါပေမဲ့ မြွေဆိပ်မရှိတော့ဘူး ခဏနေရင် သတိယလာမှာပါ
စိုးရိမ်စရာ မရှိတော့ပါဘူး ”

“ဟင် ပိုးထိ(မြွေကိုက်)ပြီး သတိလစ်နေတာကို မြွေဆိပ်မရှိတော့ဘူး ဟုတ်လား ထူးဆန်း
လွပါလား”

“ဟုတ်တယ် မြွေဆိပ်မရှိတော့တာ အမှန်ပဲ
ပိုးထိတာလဲ အမှန်ပဲ ဒီမှာ အစွယ်ရာနှစ်ပေါက်လေ”

ထိုသို့ ပြောနေချိန်မှာပင် ကိုမြအေး သတိယလာပြီး

“ဟင်း.. အင်း.. ရေ ရေပေးပါ”

“ဟော မြအေးသတိယလာပြီ ရေတောင်းနေတယ် တင်မေ ရေတိုက်လိုက်ဦးလေ”

မတင်မေ ရေအိုးစင်မှ ရေတစ်ခွက်ကို ခပ်ယူပြီး တိုက်လိုက်ရာ ကိုမြအေး အငမ်းမရ သောက်ချလိုက်လေ၏။
ဆရာသာလွက

“မြအေး မင်းကွင်းထဲမှာ ပိုးထိ လာတာလား”

“ဟုတ်တယ် ဆရာသာလှ ငါးမျှားတံတွေကို အာရုံရောက်နေတော့ ခွေနေတဲ့ နှာတိုကြီး(မြွေပွေး)ကို မမြင်ပဲ နင်းလိုက်မိလို့
ကိုက်ခံလိုက်ရတာ”

“ဟေ နှာတို(မြွေပွေး)ကိုက်လိုက်တာ ဟုတ်လား ငါစမ်းသပ်ကြည့်တာ မင်းမှာ ဘာမြွေဆိပ်မှ မတွေ့ရဘူး ပြီးတော့ မင်းဘယ်လိုလုပ်ပြီး ပြန်လာတာလဲ”

“ကျွန်တော်လဲ ပိုးထိခံလိုက်ရတာနဲ့ အားတင်းပြီး ပြန်လာတာ အိမ်နားရောက်တော့ ဘာမှ မသိတော့ဘူးဗျာ”

ဟု လိမ်၍ ပြောလိုက်လေ၏။

“အေးကွ နှာတို(မြွေပွေး)ကိုက်ခံရပြီး
မြွေဆိပ်မရှိတာ အတော်ထူးဆန်းနေတယ်
ခုကော မင်းဘယ်လိုနေသေးလဲ”

“ကောင်းနေပါပြီ ဆရာသာလှ ခုလို လာပြီး
ကုသပေးတာ ကျေးဇူးတင်ပါတယ်ဗျာ”

“ရပါတယ်မြအေးရာ တစ်ရွာထဲသားတွေပဲ
ကဲ မင်းဘာမှမဖြစ်တော့ဘူးဆိုရင် ငါတို့
ပြန်တော့မယ် မင်းလဲ နားလိုက်ဦး”

“ဟုတ်ကဲ့ ဆရာသာလှ”

ဆရာသာလှနှင့် ရွာသားများ ပြန်သွားကြသောအခါ မတင်မေမှ

“ကိုမြအေးရယ် ရှင်က သေချာဂရုစိုက်သွားမှပေါ့ရှင် ကျွန်မလဲ အိမ်ရှေ့တံခါးကို
လာပုတ်သံကြားလို့ ထကြည့်ရင်း ရှင့်ကိုတွေ့တာ ဒါနဲ့ ရှင် ဘာမှ မဖြစ်တော့တာ
သေချာလား ဦးဖိုးအောင်နဲ့ ဆရာသာလှ
တို့က မြွေဆိပ်မတွေ့တော့လို့ အံဩနေတာ”

“အေး ငါလဲ ငါးမျှားတံတွေဆီ အာရုံရောက်နေလို့ မမြင်ပဲ နင်းလိုက်မိတာ
မြွေဆိပ်မရှိတော့တာတော့ ငါလဲမသိဘူး
အားတင်း ပြန်လာပြီး နင့်ကိုနှိုးပြီး ငါဘာမှ မသိတော့ဘူး ”

ဟု ပြောလိုက်လေ၏။ ထိန်ပင်မှ
သဘက်ကြီးက မြွေဆိပ်များကို စုပ်ထုတ်
ပေးပြီး ကိုမြအေးကိုထမ်းခေါ်လာကာ
မတင်မေကို နှိုးပေးခဲ့ခြင်းကို မပြောတော့ပဲ
ထိန်ချန်ထားလိုက်လေတော့၏။
*********
ထိုနေ့မှ စ၍ လကွယ်နေ့ ညတိုင်း
ကိုမြအေးသည် ထိန်ပင်ကြီးသို့ သွားပြီး
ငါးတစ်ပိဿာကို ကျွေးရလေ၏။ ထိုသို့
သုံးနှစ်ခန့် ကျွေးလာရင်းမှ လကွယ်ည
တစ်ညတွင် ကိုမြအေးသည် ငါးလဲရှာမရ
မဝယ်လဲ မဝယ်နိုင်သဖြင့် ငါးသွား၍ မကျွေးပဲ နေလိုက်လေ၏။ ရင်တစ်ထိတ်ထိတ်နဲ့ စိုးရိမ်နေပေမဲ့ ဘာမှ ထူးခြားမလာ
သဖြင့် ကိုမြအေး စိတ်အေးသွားရလေ၏။
သို့သော် နောက်လကွယ်ည မတိုင်ခင်
တစ်ညအလိုတွင် ကိုမြအေးအား ထိန်ပင်
မှ သဘက်ကြီးက အိမ်မက်ထဲတွင်

“ဟေ့ကောင် မြအေး ပြီးခဲ့တဲ့ လကွယ်ညက မင်း ငါးလာမကျွေးဘူး ငါ အရမ်းဆာနေပြီ မနက်ဖြန်ည ဆက်ဆက်လာကျွေးပါ”

ဟု ပြောလေ၏။ သို့သော် ကိုမြအေးသည်
ငါးသွား၍ မကျွေးတော့ပဲ ခပ်ပေါ့ပေါ့ပင်
နေလိုက်၏။
တစ်နေ့ ကိုမြအေး အပြင်က ပြန်လာချိန်တွင် မတင်မေသည် တစ်ဆတ်ဆတ်
တုန်ယင်ကာ မျက်လုံးကြီးများ
နီရဲလျက် ကိုမြအေးအား လက်ညှိုးထိုး၍

“မြအေး မင်း ကတိမတည်ဘူး ငါအရမ်း
ဆာနေပြီ ငါ့အကြောင်း မင်းသိရစေမယ်”

ဟု ပြောပြီး ခွေလဲကျသွားလေ၏။ ကိုမြအေးလဲ မတင်မေကို ပြုစု၍ သတိယလာလျှင်

“တင်မေ နင် ဘာဖြစ်သွားတာလဲ”

“မသိပါဘူး ကိုမြအေးရယ် ရှင်ပြန်လာတာကို ကြည့်နေရင်း မိုက်ခနဲ ဖြစ်သွားပြီး
ဘာမှ မသိတော့ဘူး”

ဟုပြောလေ၏။ ကိုမြအေး သိလိုက်ပြီ။
ထိန်ပင်မှ သဘက်ကြီးက ငါးသွားပြီး
မကျွေးတော့သဖြင့် စိတ်ဆိုးနေလေပြီ။
ငါးကလဲ ရှာဖွေလို့ အရင်လို မလွယ်တော့။
ဝယ်ပြီးလဲ မကျွေးနိုင်သဖြင့် ကိုမြအေး
စိတ်ညစ်နေမိပြီး ‘နောက်ကျရင် သဘက်ကြီးလဲ ငြိမ်သွားမှာပါ ဘာမှ မဖြစ်လောက်
ပါဘူး’ ဟုတွေးပြီး ပေါ့ပေါ့ပင် နေလိုက်တော့၏။
********
တစ်နေ့ညနေ မှောင်ရီပျိုးစအချိန်တွင်
ကိုမြအေးတစ်ယောက် တစ်ဖက်ရွာမှ ပြန်လာနေရင်း ‘ဘုတ် ဘုတ် ဘုတ် ‘
ဟု အသံကြီးများကို ကြားလိုက်ရသဖြင့်
နောက်ကို လှည့်ကြည့်လိုက်ရာ မဲမဲအကောင်ကြီး တစ်ကောင် လိုက်လာနေသည်ကို တွေ့လိုက်ရ၏။ ထိန်ပင်မှ သဘက်ကြီး ရန်ပြုဖို့ လိုက်လာနေမှန်း
သိလိုက်သဖြင့် ကိုမြအေး ရွာဆီသို့ အားကုန် ပြေးလေတော့၏။ သို့သော်
ရွာမရောက်ခင်မှာပင် မဲမဲအကောင်ကြီးမှ
မှီလာပြီး ကိုမြအေးအား ကြီးမားသော
လက်ကြီးဖြင့် ရိုက်ချလိုက်လေတော့၏။
ကျောကုန်းသို့ ပြင်းထန်စွာ အရိုက်ခံလိုက်ရသဖြင့် ကိုမြအေးမှာ ရှေ့သို့ ဟတ်ထိုး၍
လဲကျသွားပြီး ပါးစပ်မှ သွေးများကို
အန်ချလိုက်ပြီး အလန့်တစ်ကြား မော့၍
ကြည့်လိုက်ရာ မဲမဲအကောင်ကြီးမှာ
နီရဲနေသော မျက်လုံးကြီးများဖြင့်
ဒေါသတစ်ကြီးကြည့်နေရင်း လက်ကြီး
နှစ်ဖက်ကို ဆန့်ပြီး သူ့ဆီလာနေသည်ကို တွေ့လိုက်ရသဖြင့်

“ငါ့ကို မသတ်ပါနဲ့ ငါ ငါကတိတည်ပါ့မယ် ငါးလာကျွေးပါမယ်”

ကြောက်လန့်တစ်ကြား တောင်းပန်နေသော်လဲ သဘက်ကြီးမှ ကိုမြအေး၏
ဇက်ကို လိမ်ချိုးလိုက်လေတော့၏။
“ဂျွတ်”

“အားးး”

ကိုမြအေးမှာ တစ်ချက်သာအော်လိုက်နိုင်ပြီး အသက်ထွက်သွားလေတော့၏။
နာနာဘာဝကို ကတိပေးမိပြီး ကတိမတည်ခဲ့သူ ကိုမြအေးတစ်ယောက်မှာ လူ့လောက
ကြီးမှ အသေဆိုးဖြင့် ထွက်ခွာသွားရလေ
တော့၏။
နောက်နေ့ မနက်တွင် ကွင်းထဲသို့ သွားကြ
သောရွာသားများမှာ ကျောတွင်လက်ဝါးရာကြီးဖြင့် ဇက်ကျိုး၍ သေဆုံးနေသော
ကိုမြအေး၏ အလောင်းအား တွေ့ကြရလေတော့သည်။
*************
ကိုဖြိုး(ကျိုက်လတ်)