ဂြိုဟ်ဆိုး၏အပြန်လမ်း(စ/ဆုံး)

Unicode Version

ဂြိုဟ်ဆိုး၏အပြန်လမ်း(စ/ဆုံး)
———————————–
သန်းခေါင်ကျော်တစ်ချက်
ထိုးခန့်ရှိပါလိမ့်မည်။ လဆုတ် ရက်၊ လ
ကလေးကရေးရေးသာနေပါတယ်။ အားလုံးငြိမ်သက်နေတဲ့အချိန်မို့ စာရေး
ရတာ အလွန်အဆင်ပြေတဲ့အချိန်ပါ။ စာ ထဲ စိတ်ရောက်နေတဲ့အချိန် ခြံအပြင်က
ခေါ်သံလိုလို ကြားမိတယ်။ မသင်္ကာတာ
နဲ့ခြံဝကိုချောင်းကြည့်လိုက်တော့စစ်ယူ
နီဖောင်းဝတ်(၃)ဦး လက်နက်ကိုယ်စီနဲ့
ခြံဝမှာရပ်နေတာတွေ့လိုက်ရတယ်။
ဘာပဲပြောပြောတစ်ချက်တော့လန့်
သွားတာပေါ့။ အဲဒီအချိန်က ကျွန်တော်
တို့ မွန်ပြည်နယ်မှာ လက်နက်ကိုင်တွေ
ကအမျိုးမျိုးတွေ့ ရတတ် တယ်။ D.K.B.A အဖွဲ့တစ်မျိုး၊ မွန်ငြိမ်းချမ်း
ရေးအဖွဲ့ကတစ်ဖုံ၊AK.47.M.16လက်
နက်တွေကိုင်ပြီးမြို့ထဲရွာထဲလမ်းသလား
နေတတ်ကြတယ်။ ကျွန်တော်တို့ တောင်

စွန်းရွာမှာလည်းဒေသခံလုံခြုံရေးခ.လ.ရ(၈)လက်အောက်ခံ(သ.က.ဆ.မ)
အသွင်ပြောင်း ဌာနေပြည်သူစစ်တပ်ဖွဲ့တွေလည်း ရှိနေကြပါတယ်။ ပြည် သူ့စစ်ဆိုတာက ကိုယ့်ရွာက လူတွေနဲ့ဖွဲ့စည်းထားတာမို့ လက်နက်ကိုင် ထားပေမယ့်လူတွေအတွက်ပြဿနာမရှိပါဘူး။ တစ်ခါမှမတွေ့ဘူးတဲ့အဖွဲ့ တွေ လက်နက်ကိုင်ပြီး ရွာထဲရောက်လာတဲ့အခါကျတော့ ရွာသားတွေ ကျီး ကန်းတောင်းမှောက်ဖြစ်ကုန်တာပေါ့။ဒါကြောင့်လည်းအချိန်မတော်ကိုယ့် ခြံရှေ့ရောက်လာတဲ့လက်နက်ကိုင်(၃)ယောက်ကိုဘာတွေလည်းဆိုတော့ မဝေခွဲနိုင်ခဲ့ပါဘူး။ လရောင်ဝိုးတဝါးနဲ့မို့ လက်မောင်းကတံဆိပ်ကိုလည်း မမြင်ရပါဘူး။ မသင်္ကာတာနဲ့အသံပြန်မပေးသေးဘဲအကဲခတ်နေမိပါတယ်။ “ပျို့- ဆရာ သူရိန်စိုး၊ ကျွန်တော် သန်းကြီးပါ။ တံခါးဖွင့်ပါဦး” အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတယ်။ ဌာနေ(ပ.သ.စ)ခေါင်း ဆောင်စောသန်းကြီးနဲ့အဖွဲ့ပါလား။
“အေး-လာကြဟေ့။ တံခါးက စေ့ထားတာပါ”
စောသန်းကြီးနဲ့ တပည့်တစ်ဦးအိမ်ပေါ်တက်လာပြီးတစ်ဦးက အောက် မှာစောင့်နေပါတယ်။
“ကဲ- ပြောစမ်းပါဦးဗျာ။ အချိန်မတော်လာရတဲ့ကိစ္စ” “အရေးပေါ်လာလို့ပါဆရာရယ်။ စာရေးပျက်သွားရင် တောင်းပန်ပါ တယ်။ ဒီလိုဆရာရေ့-ဒီည ကျွန်တော်တို့အဖွဲ့တွေ ရထားလမ်းလုံခြုံရေး ကင်းလှည့်ကြတယ်။ အမှတ်-၆၄၊ သဲဖြူချောင်းတံတားနားကိုအရောက် မှာ အမှတ်-၆၂၊ ကျီးပင်တံတား(ပ.သ.စ)အဖွဲ့က စက်နဲ့ လှမ်းပေါက်တယ်။ မသင်္ကာတဲ့လူတစ်ယောက် ဖမ်းမိထားတယ်။ အထုပ်တစ်ထုပ်လည်းပါ တယ်ဆိုတော့ ကျွန်တော်တို့လည်း သွားရောက်ပူးပေါင်းကြတာပေါ့။ အခု အဲဒီလူကိုတောင်စွန်း(ရ.ယ.က)ရုံးမှာ မေးမြန်းနေကြပါတယ်”
“အေး- ဟုတ်ပြီ။ မင်းတို့ အဲဒီလူကို ဖမ်းမိတာနဲ့ ငါ့ဆီလာတာနဲ့ ဘာဆိုင်လို့လဲ”

“ဆိုင်လို့ လာတာပေါ့ဆရာရယ်။ ဥက္ကဋ္ဌနဲ့အဖွဲ့က သူ့ကို မေးမြန်းတယ် လေ။ သူ့အမည်က သိန်းဝင်းတဲ့။ အရက်နံ့တွေလည်းရတယ်။ ဒီတောင်စွန်း မှာမင်းဘယ်သူ့ကိုသိသလဲလို့မေးကြည့်တော့သူကစာရေးဆရာသူရိန်စိုး (ဓမ္မဒူတ)ဟာ သူ့သူငယ်ချင်းပါတဲ့။ အဲဒီ့ကိစ္စကို ကွဲကွဲပြားပြားသိချင်လို့ ဥက္ကဋ္ဌကြီးက ဆရာ့ဆီလွှတ်လိုက်တာပဲ”
သိန်းဝင်းဆိုတာ မုန်တိုင်းများလား…။ ဒီကောင်နဲ့ မတွေ့တာလည်း နှစ် ပေါင်းကြာခဲ့ပါပြီ။ ပြောလို့တော့ မရဘူး။ ဒီကောင်က ဗွေဆိုးပါတဲ့အကောင် ဆိုတော့…။
“အေးဗျာ – ဒီလိုဆို မင်းတို့သွားနှင့်လေ။ ဒီမှာ မိသားစုကို အကျိုး အကြောင်းပြောပြပြီး ခြံတံခါးတွေ ပိတ်ပြီးမှ ရုံးကို လိုက်လာခဲ့မယ်။ တွေ့မှပဲ သိမှာပေါ့”
“ဟုတ်ကဲ့ – ကျေးဇူးတင်ပါတယ်။ ရုံးက စောင့်နေမယ်”
ကျွန်တော့်အသိတွေထဲမှာ သိန်းဝင်းဆိုတာ တစ်ယောက်မကပါဘူး။ ဒီကိစ္စမျိုးဖြစ်နိုင်တာဆိုလို့ မုန်တိုင်းပဲဖြစ်မယ်။ ဒီကောင်နဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေဆိုပေမယ့် တစ်ရွာတည်းသားတွေ မဟုတ်ပါဘူး။ သူ က အင်းဖလောင်းရွာသားပါ။ တောင်စွန်းရွာ မြောက်ဘက်ကို တစ်မိုင် လောက်သွားလိုက်ရင် အင်းဒဝယ်အင်းဆိုတာ ရှိပါတယ်။ အဲဒီအင်းကြီးကို ဖြတ်သန်းဆောက်လုပ်ထားတဲ့တံတားကြီးကိုကူးပြီးရင် အင်းဖလောင်းရွာ ကို ရောက်ပါပြီ။ တံတားကြီးက အတော်ရှည်ပါတယ်။ အင်းဖလောင်းဆရာ တော်ကြီးရဲ့ပြောပြမှုအရဆိုရင် ဒီတံတားကြီးကို ဂဠုန်ဦးစော ဆောက်လုပ် လှူဒါန်းသွားတယ်လို့ဆိုပါတယ်။ အင်းဖလောင်း ပထမဆရာတော်ကြီးကို ဂဠုန်ဦးစောက ကိုးကွယ်ပါတယ်။ မူလတံတားဟောင်းကြီးဆိုရင် ဒီဇိုင်းက ဦးပိန်တံတားပုံစံပါ။ အပေါ်မှာ ခင်းထားတာက ဆန်ခါပေါက် သံမဏိသံပြား ကြီးတွေ ဖြစ်ပါတယ်။ စစ်ခေတ်က နယ်ချဲ့တွေ ယာယီလေယာဉ်ကွင်းလုပ် တဲ့ သံပြားကြီးတွေလို့ ပြောကြတယ်။ အမေပြောတာကတော့ ကျွန်တော့် ကိုမွေးတဲ့နှစ်မှာ အင်းဖလောင်းရွာကိုလေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်တဲ့။အိမ်တွေသစ်ပင်တွေတင်မကဘူး။အင်းဖလောင်းတံတားတိုင်ကြီးတွေ
ကိုပါ လေဆင်နှာမောင်းချီသွားတာ သဲဖြူချောင်းကမ်းပါးအထိ လွင့်စဉ် သွားတယ်လို့ဆိုပါတယ်။
အဲဒီအချိန်မှာ အမေ့သူငယ်ချင်း အင်းဖလောင်းရွာသူ အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန်နေစေ့လစေ့ကြီးနဲ့ပေါ့။ လေပြင်းဒဏ်ကြောင့် ပြုတ်ကျ လာတဲ့ သစ်ကိုင်းက သူ့ရဲ့ ဦးခေါင်းကို ရိုက်မိပါတယ်။ ခေါင်းက ဒဏ်ရာကို ပြုစုပေးနေချိန်မှာပဲ။ ကလေးကို မွေးထုတ်လိုက်ပါတယ်။ လေဆင်နှာ မောင်းဒဏ်ကြောင့် တစ်ရွာလုံးရဲ့အားထားရာ တံတားကြီး ကျိုးပျက်ချိန်မှာ လူ့လောကကို ရောက်ရှိလာတာ သိန်းဝင်းပါပဲ။ သူမွေးလာတဲ့အချိန်မှာပဲ ရွာသားတွေ ဒုက္ခနဲ့ ရင်ဆိုင်ရတယ်။ မိခင်ဖြစ်သူလည်း ခေါင်းကွဲခဲ့တယ်။ ကံကြမ္မာဂြိုဟ်ဆိုးနဲ့အတူရောက်လာခဲ့သူမို့ သူ့ကိုမုန်တိုင်းလို့ခေါ်ကြတယ်။
ကုသိုလ်ကံ အထုပ်အထည်ပါလာတဲ့ကလေးများမွေးဖွားလာရင်မိဘ တွေ မိသားစုတွေ အဆင်ကိုပြေလို့ပေါ့။ သိန်းဝင်းနဲ့ကတော့ တခြားစီပါပဲ။ သူ့ရဲ့ ဖွားဖက်တော်က မုန်တိုင်းပေါ့။ သူမွေးလာပြီးကတည်းက မိဘတွေ လည်း မွဲပြာကျပြီး တကွဲတပြားစီ ဖြစ်ကုန်တာပါပဲ။ သူနဲ့ကျွန်တော်က တောင်စွန်းဓမ္မဒူတတောရတိုက်တည်ခါစမှာဘုန်းကြီးကျောင်းသား အဖြစ်နဲ့ ဆုံခဲ့ကြတာပါ။ ကျွန်တော်နဲ့အတူ အခြားကျောင်းသားတွေ ကိုရင် ဖြစ်သွားကြပေမယ့် မုန်တိုင်းကတော့ ကိုရင်မဝတ်ဖြစ်ပါဘူး။ စည်းကမ်း ဒဏ်ကို မခံနိုင်လို့ ရွာကို ပြန်ပြေးသွားပါတယ်။ အဲဒီကစပြီး သူနဲ့ အစပြတ်ခဲ့ တာပါ။
ကျွန်တော်တို့တစ်တွေလည်း သာသနာ့ဝန်ထမ်းဘဝနဲ့ ငယ်၊ လတ်၊ ကြီးတွေအောင်လို့ မန္တလေးမှာ ဓမ္မာစရိယတန်းတက်နေချိန်အထိ မုန်တိုင်း နဲ့ ပြန်မဆုံဖြစ်ပါဘူး။ ဒါပေမဲ့ သတင်းဆိုးတွေတော့ ကြားနေပါတယ်။ အိမ် ထောင်ကျနေပြီဆိုတဲ့အကြောင်း မူးယစ်ရမ်းကားပြီး မိသားစုနဲ့ ပတ်ဝန်း ကျင်ကိုဒုက္ခပေးနေကြောင်းတွေတော့ကြားခဲ့ရပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း ကျွန်တော်လည်း လူ့ဘဝပြန်ရောက်ပြီး စာရေးဆရာပေါက်စဖြစ်တဲ့အချိန်

အထိ ပြန်မဆုံဖြစ်ကြပါဘူး။ အခုမှ သိန်းဝင်းနာမည်ကို ပြန်ကြားခဲ့ရတယ်။ သူမဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
အတွေးလွန်သွားတာမို့ ရုံးအရှေ့ကို ရောက်မှန်းမသိ ရောက်ခဲ့ပါပြီ။ ရုံး ထဲကိုဝင်ပြီးဖမ်းထားတဲ့လူကိုကြည့်လိုက်တော့..ဟုတ်ပါတယ်။မုန်တိုင်းမှ
မုန်တိုင်းအစစ်ပါ။
“ဥက္ကဋ္ဌကြီးခင်ဗျ…။ဒီလူဟာငယ်ငယ်ကကျွန်တော်သူငယ်ချင်းအမှန်
ပါပဲ။ မတွေ့တာတော့ကြာခဲ့ပါပြီ”
ဒါဆို စာရေးဆရာပဲ အဖြစ်မှန် မေးစမ်းကြည့်ပါဦး။ လိုအပ်တာတွေ တော့ ကျွန်တော်တို့ စစ်ထားပြီးပါပြီ။ သူပြောချင်ရာတွေ ပြောနေတာပဲ။ သူ ထမ်းလာတဲ့အထုပ်ကြီးကို ဖြေကြည့်တော့ ဘဲတွေဖြစ်နေတယ်။ အားလုံး (၂၇)ကောင်တောင်ရှိတယ်။ ပစ္စည်းပိုင်ရှင်ကိုလည်း သွားခေါ်ခိုင်းထား တယ်။ ဘဲပိုင်ရှင်လာမှပဲ ညှိနှိုင်းဖြေရှင်းကြတာပေါ့။ “သူငယ်ချင်း – မုန်တိုင်း၊ ဘယ်လိုဖြစ်ရတာလဲကွာ” “သူငယ်ချင်း – စာရေးဆရာ၊ ငါ့ကို ကယ်ပါဦးကွာ” ဆိုပြီး ကျွန်တော့်ကို ဖက်တွယ်ထားပါတယ်။ “အေး – မင်း ဒီဘဲတွေ ခိုးလာတာလား”
“ဆရာပိန်ဘဲတဲကခိုးလာတာ။ငါလည်းစားစရာမရှိလို့ပါကွာ၊ကလေး တွေလည်းဖျားနေတယ်။ ငါ့ကို ခွင့်လွှတ်ပါကွာ”
“အေး- ဟုတ်ပါပြီ။ ဒါနဲ့ ဒီလောက်ဆူညံတဲ့ဘဲတွေကို လူမသိအောင် မင်းဘယ်လိုလုပ်ခိုးလာတာလဲ။ ပြောစမ်းပါဦး”
“အင်း – ဒါကလွယ်ပါတယ်။ ဘဲတွေက ထုံးကြောက်တယ်လေ။ ဘဲခြံ နားကိုကပ်ပြီးအပေါက်တစ်ပေါက်ဖောက်တယ်။ပြီးရင် ခြံထဲကိုထုံးမှုန့်များ များဖြူးထည့်ပေးလိုက်ရင် ဒီကောင်တွေ မွန်ပြီး အသံမထွက်တော့ဘူး။ အသက်ရှူကြပ်တော့ တိုးမိတိုးရာတိုးကြတာပေါ့။ အဲဒီအချိန်မှာ ငါက ဖောက်ထားတဲ့အပေါက်မှာ မြွေရေခွံအိတ် စွပ်ထားပေးရာ တိုးလိုက်ရုံပဲ။

ကိုယ်လိုသလောက်ရရင် အိတ်ဝကို ပိတ်စီးပြီး ထမ်းလာရုံပေါ့။ တစ်ခြံလုံး ခိုးပြီးလှည်းနဲ့ တိုက်လာတာတောင် သူတို့သိမှာမဟုတ်ဘူး”
“မင်း – ဥစ္စာ တယ်လွယ်ပါလားကွ”
“ခိုးတာလွယ်ပြီး သယ်တာခက်တယ်။ အခုသယ်လာမှမိတော့တာပဲ” “အေး – မင်းကတော့ မင်းမိသားစုစားဖို့လုပ်ပေမယ့် သူ့ပိုင်ရှင်မှာ ဘယ် လောက်ထိခိုက်နစ်နာသွားမလဲ။ ကိုယ်ချင်းစာပေါ့ကွာ။ ကောင်းရောင်း ကောင်းဝယ်လုပ်စားစမ်းပါ”
ဒီအချိန်မှာပဲ ဘဲပိုင်ရှင် ဆရာပိန်ရောက်လာပါပြီ။ အသေအချာမေး ကြည့်မှ ဆရာပိန်ဆိုတာ သူ့မိန်းမရဲ့ဦးလေးဝမ်းကွဲ ဖြစ်နေတယ်။ ဆရာပိန် ကို မုန်တိုင်းက ရှိခိုးပြီး တောင်းပန်ပါတယ်။ သားချင်းတွေလည်းဖြစ်ပြန်၊ ဥက္ကဋ္ဌကလည်း ဖျောင်းဖျ၊ ပစ္စည်းတွေလည်းပြန်ရတယ်ဆိုတော့ ကာယကံ ရှင်ကလည်းကျေနပ်သွားပါတယ်။ ဥက္ကဋ္ဌကြီးက-
“ကဲ-မောင်သိန်းဝင်း မင်းအခု ခံဝန်ကတိထိုးပြီးပြီနော်။ မင်းကို ပြုပြင် ခွင့်ပေးလိုက်တာပဲ။ နောက်တစ်ခါဆိုတာ မရှိစေနဲ့။ ကဲ-ဒီတော့ မင်းကို မှတ်မှတ်ရရဖြစ်အောင်မင်းတို့အင်းဖလောင်းတံတားထိပ်ကချဉ်းကပ်လမ်း မှာ ဗွက်တွေပေါက်နေတာ မင်းသတိထားမိသလား”
“ဟုတ်ကဲ့ပါခင်ဗျာ”
“မနက်ဖြန်မိုးလင်းတာနဲ့ အဲဒီနေရာကို မြေကြီးပေါက်ဖို့လုပ်ကွာ။ ကုသိုလ်ရပါတယ်”
အဲဒီညက မုန်တိုင်းတစ်ယောက် ကျွန်တော့်အိမ်မှာပဲ အိပ်သွားပါ တယ်။ မနက် ကျွန်တော်နိုးတော့ ဒီကောင်မရှိတော့ပါဘူး။ မိန်းမကိုမေး ကြည့်တော့ ပိုက်ဆံနှစ်ရာ တောင်းသွားတယ်။ အရက်သောက်ချင်လို့တဲ့။ မနက်စောစောတောင် သောက်နေပြီဆိုတော့ မုန်တိုင်းအခြေအနေက လောင်ကျွမ်းနေပါပြီ။ အဲဒီကတည်းက သူနဲ့ ထပ်မဆုံဖြစ်တော့ပါဘူး။ သတင်းကြားရတာက မူးမြဲ မူးလျက် ဆိုးမြဲ ဆိုးလျက်ပါပဲတဲ့။ ဒီလိုနဲ့ မေ့မေ့ ပျောက်ပျောက်နေလာလိုက်တာ ၂ဝဝ၈ – ခုနှစ်ကျမှ ဒီကောင်ရဲ့သတင်းဆိုး

ကို ကြားရတာပါပဲ။ လာပြောသူက အင်းဖလောင်းရွာလူကြီး ဦးသက်တင် – သိန်းဝင်းတစ်ယောက် ဆုံးရှာပြီတဲ့။
ပြောပုံအရဆိုရင် ဒီကောင် ရေတိမ်နစ်သွားတာပဲ။ လူမှန်းမသိအောင် မူးပြီး ဒူးခေါင်းလောက်ရှိတဲ့ ရေဖြတ်မှာ မှောက်လျက်လဲနေတာ။ လူမတွေ့ တော့ ရေတိမ်နစ်ရတာပေါ့။ ကြည့်ရတာ သူ့ဘဝမှာ ကုသိုလ်ဆိုလို့ တံတား ထိပ်ကဗွက်အိုင်ကို မြေဖို့သွားတာပဲရှိမှာပါ။ ဘဝကိုဖြစ်ချင်ရာဖြစ်ဆိုပြီးရေ စုန်မျောခဲ့တဲ့ မုန်တိုင်းတစ်ယောက် လာခြင်းမကောင်းသလို ပြန်ခြင်းရော ကောင်းပါ့မလား။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဆိုတာ ကံကြမ္မာရဲ့စေစား မှုပဲဖြစ်နိုင်ပါတယ်။ သိန်းဝင်း အသုဘပို့တဲ့နေ့ဟာ မှတ်မှတ်ရရ ၂၀၀၈- ခုနှစ်၊ မေလ (၂)ရက်နေ့ပါပဲ။ သူငယ်ချင်းရဲ့နာရေးဆိုတော့လည်း လိုအပ် တာတွေ ဝိုင်းကူနိုင်ဖို့ စောစောစီးစီးပဲရောက်ဖြစ်ခဲ့ပါတယ်။ ရာသီဥတု အခြေအနေ သိပ်မကောင်းတာမို့ အသုဘ စောစောချဖို့ စီစဉ်ရပါတယ်။ တဲသာသာ သူ့ရဲ့အိမ်ကလေးမှာ အဖီထုတ်ပြီး ကနားဖျင်းထိုးထားပါတယ်။ ကလေးငါးယောက်နဲ့ ကျန်ရစ်ရှာတဲ့ သူ့ရဲ့ဇနီးက ဘာမှမစီမံတတ်တာမို့ ရွာ လူကြီးဦးသက်တင်ကပဲ အစစအရာရာ တာဝန်ယူနေရပါတယ်။
အခုဆိုရင် ဘုန်းကြီးတွေလည်း ကြွရောက်နေရာယူပြီးပါပြီ။ ပရိသတ် တွေလည်း စုံပါပြီ။
“အားလုံးသော ကျေးရွာသူကျေးရွာသားအပေါင်းနဲ့ ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြကုန်သော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့ခင်ဗျာ။ လွန်ခဲ့ သောငါးရက်ခန့်က ဘဝတစ်ပါးပြောင်းရွှေ့ကွယ်လွန်သွားရှာသောဦးသိန်း ဝင်း၏ ရုပ်ကလာပ်ကို သုသာန်သို့ ပို့ဆောင်မည်ဖြစ်ပါ၍ အသုဘရှုတရား တော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျား”
ဦးမိုက်မဲ၏ တရားနာဖိတ်သံအဆုံးမှာပဲ လေယာဉ်ပျံပျက်ကျတဲ့အသံ ကြီးကို အားလုံးကြားလိုက်ရပါတယ်။ တကယ်တော့ လေယာဉ်ပျံပျက်ကျ တာမဟုတ်ပါဘူး။ နာဂစ်မုန်တိုင်းကြီးတိုက်ခတ်လာတာပါပဲ။ တစ်သက်မှာ တစ်ခါမှ မကြုံဘူးတဲ့ လေပြင်းမုန်တိုင်းကြီး တစ်နယ်လုံးကို မွှေနှောက်တိုက်
ခတ်နေပါပြီ။ လဲတဲ့အပင်တွေလဲကျ။ ပြတ်တဲ့အပင်တွေပြတ်ထွက်လို့အား လုံးကမ္ဘာပျက်နေကြပါတယ်။ အိမ်နီးတဲ့လူတွေကတော့ အရေးပေါ်ပြန်ပြေး ကုန်ပါပြီ။ ကျွန်တော်လည်း အိမ်ကို စိတ်ပူပေမယ့် လောလောလတ်လတ် ခေါင်းတောင်မဖော်ရဲတာမို့ လုံခြုံမည့်နေရာကိုပဲ အဓိကထားနေရပါတယ်။ အသုဘအိမ်ရှေ့ကတာလပတ်အမိုးတွေလည်းလေနဲ့အတူလွင့်ပါသွားပြန် ပြီ။ ဒါတောင် သူတို့အိမ်ကလေကွယ်ရာလေးမှာဖြစ်နေတာမို့ ခံသာနေတာ ပါ။ ဆရာတော်တွေလည်း မိုးရေတွေ စိုရွှဲလို့ ဘုရားကျောင်းဆောင်ထောင့် မှာစုနေကြရပါတယ်။
အရှေ့ဘက်ကနေဝိုက်ပြီးဝင်လာတဲ့မုန်တိုင်းကြီးဟာနှစ်နာရီနီးပါး လောက်ကြာအောင် ပက်ပက်စက်စက် မွှေနှောက်တိုက်ခတ်ပြီး တဖြည်း ဖြည်းရပ်စဲသွားပါတယ်။ ခဏကြာတော့လူတွေလှုပ်လှုပ်ရွရွဖြစ်လာပါတယ်။ အသုဘအိမ်မှာတော့ ရပ်ဝေးဧည့်သည်တွေနဲ့ မကင်းရာ မကင်းကြောင်းပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ရွာဦးဆရာတော်က –
“ဟဲ့ ဒကာသက်တင် – လေငြိမ်တုန်း ရှိတဲ့လူနဲ့ပဲ အသုဘပို့လိုက်ကြရ အောင်။ ကျောင်းမှာလည်း ဘာတွေဖြစ်ကုန်ပြီလဲမပြောတတ်ဘူး”
“မှန်ပါ။ တပည့်တော် ကာလသားတွေကို လမ်းရှင်းခိုင်းထားပါတယ်။ တွင်းတူးမယ့်လူတွေလည်းလွှတ်လိုက်ပါပြီဘုရား”
“ဟဲ့- ဒကာ လမ်းရှင်းမနေနဲ့တော့။ အချိန်မရှိတော့ဘူး။ ဒီဘက်အင်း ဇောင်းကွင်းစပ်ကပဲ ပတ်ပြီး ထွက်ကြတာပေါ့။ ကဲ-ကဲ လုပ်လုပ်သွားကြ မယ်”
ဟုတ်ပါတယ်။ ရွာလမ်းမမှာ သစ်ပင်တွေ အထပ်ထပ် လဲပြိုထားတာမို့ ဘယ်လိုမှသွားလို့မရတော့ပါဘူး။အချိန်ကမွန်းတည့်ဆယ့်နှစ်နာရီလောက် ရှိပါပြီ။ အရှေ့က ကြေးစည်ထုတဲ့လူ၊ ကန်တော့ပွဲထမ်းတဲ့လူတွေ သူတို့ နောက်မှာ ဘုန်းကြီးငါးပါး။ အနောက်မှာ အခေါင်းထမ်းတဲ့အဖွဲ့။ နောက်ဆုံးမှာတော့လိုက်ပါပို့ဆောင်သူယောက်ျားမိန်းမအယောက်သုံးဆယ်လောက်

တော့ရှိမှာပါ။ အင်းဒဝယ် အင်းဇောင်းကနေပြီး အတန်းလိုက် သုသာန်ကို ချီ တက်လာကြပါတယ်။ ခပ်လှမ်းလှမ်းမှာ သုသာန်ကိုလှမ်းမြင်နေရပါပြီ။
ဒီအချိန်မှာပဲ စောစောကလို လေယာဉ်ပျံ ပျက်ကျတဲ့အသံမျိုးကြီး ကြားရပြန်ပါတယ်။ ငြိမ်သွားပြီလို့ ထင်ရတဲ့ နာဂစ်ကြီးဟာ အနောက်ဘက် ကနေတစ်ကျော့ပြန်တိုက်ခတ်လာပြန်တယ်။နေ့လယ်ဆယ့်နှစ်နာရီတိတိ မှာ မနက်က တိုက်ခတ်နှုန်းထက် ပိုပြီးမြင့်တဲ့အရှိန်နဲ့ တိုက်ခတ်ပါတော့ တယ်။ ကွင်းပြောင်ထဲက မုန်တိုင်းသတ်ကွင်းထဲ ရောက်နေကြတဲ့ ကျွန်တော် တို့အဖြစ်ကို တွေးသာကြည့်ပါတော့။ ပထမဦးဆုံး သင်္ကန်းရုံထားတဲ့ ဦးဇင်း အိုနှစ်ပါး တောစပ်နားရောက်တဲ့အထိ လေနဲ့အတူ လွင့်စဉ်ပါသွားတယ်။ ရုံထားတဲ့သင်္ကန်းကရွက်လိုဖြစ်နေတာကိုး။လူတွေအားလုံးလည်းထီးတွေ လွင့်၊ ခမောက်တွေ လွင့်နဲ့ ပိုးစိုးပက်စက်ဖြစ်နေပါတယ်။ ပုဆိုးတွေရော ထမီ တွေပါ ဦးခေါင်းပေါ် တက်စွပ်နေတဲ့အထိ ဖြစ်နေကြပြီဆိုတော့ ဘယ်သူ့ ဘယ်သူမှမကယ်နိုင်ကြပါဘူး။ ဒီနေရာမှာ အတွေ့အကြုံရှိတဲ့ရွာလူကြီးက-

“ဟေ့- အားလုံးမြေကြီးပေါ်ဝပ်ချပြီးနေကြ
လို့ အော်ပြီးပြောပါတယ်။ အခြေအနေအဆိုးဆုံးက အခေါင်းစင်ထမ်း တဲ့ ကလေးခြောက်ယောက်ပါပဲ။ သူတို့လည်း လေအရှိန်နဲ့ ပတ်ချာလည် နေတဲ့ အခေါင်းစင်ကြီးကို နိုင်သလို တောင့်ခံထားပါတယ်။ နောက်ဆုံးမှာ လေအရှိန် ပြင်းလွန်းတာမို့ ရုန်းနေဆွဲနေရင်းနဲ့ပဲ အခေါင်းကြီး လွတ်ထွက် သွားပါတော့တယ်။
ပျဉ်ခေါင်းက ထက်ခြမ်းကွဲသွားပြီး သိန်းဝင်းရဲ့အလောင်းကောင်ကြီး က မြေပြင်မှာ ကားယားကြီး ဖြစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ တကယ် ကြုံခဲ့ရတဲ့ တိုက်ဆိုင်မှုကြီးပါ။ ဒီအခြေအနေကို မျက်စိထဲ မြင်ကြည့်လို့ ရပါတယ်။ အသုဘကောင်ကြီးနည်းတူ လူတွေအားလုံး မြေကြီးပေါ်မှာ ဝမ်း လျားထိုးမှောက်နေကြရပါတယ်။ တောစပ်ကိုလည်း ဘယ်သူမှ မပြေးရဲပါ ဘူး။ သစ်ပင်တွေက တဝုန်းဝုန်းပြိုလဲကျနေပါတယ်။ လောလောဆယ်ကွင်း ပြောင်မှာက အန္တရာယ်အကင်းဆုံးပါ။ အင်းဖလောင်းတံတားကြီးပေါ်က လှမ်းကြည့်မယ်ဆိုရင် ဘင်လာဒင်အိမ်ကိုဝင်စီးမယ့်နေဗီဆီးလ်တပ်ဖွဲ့တွေ မိကျောင်းတက် တက်နေတဲ့ပုံပါပဲ။ နာဂစ်မုန်တိုင်းက အတော်ကြာအောင် အငြိုးကြီးကြီးနဲ့ တိုက်ခတ်ခဲ့ပါတယ်။ လေငြိမ်စပြုတာနဲ့ မှောက်နေတဲ့လူ တွေ ကုန်းရုန်းထပြီး ခြေဦးတည့်ရာ ပြေးကြတော့တာပါပဲ။
နောက်ဆုံးမှာတော့ မလွှဲသာရယ်၊ မရှောင်သာရယ်ပဲ ဒီနားမှာ ရှိတော့ တာပေါ့။ အရင်ဦးဆုံး လေဈာန်ပျံသွားတဲ့ ဦးဇင်းကြီးကို ထူထူထောင်ထောင် ဖြစ်အောင် ပြုစုပေးရပါတယ်။ လူကလည်း ငါးယောက်လောက်ပဲ ရှိနေတော့ တာပါ။ အပြင်ကို ထွက်ကျနေတဲ့ အလောင်းကောင်ကြီးကို ဖျာလိပ်နဲ့ပတ်ပြီး ရှိတဲ့လူနဲ့ပဲ သုသာန်ကို သယ်ယူသွားရတာပေါ့။ အပုပ်နံ့ဟောင်နေတဲ့ သူ့ရဲ့ သားရေဖတ်တွေတောင် ကျွန်တော့်လက်မှာ ကပ်ကျန်ခဲ့ပါတယ်။
သုသာန်မှာလည်း လဲပြိုထားတဲ့ သစ်ပင်တွေဟာ မြင်မကောင်းပါဘူး။ တွင်းတူးသမားတွေလည်း တစ်ယောက်မှမရှိတော့ပါဘူး။ တော်သေးတာ ပေါ့။ တွင်းလေးပြီးအောင် တူးထားပေးလို့။ တွင်းထဲမှာ ရေက ထက်ဝက်

လောက်ဝင်နေပါတယ်။ ကျွန်တော်တို့လည်းဘာဘာညာညာစဉ်းစားမနေ တော့ပါဘူး။ တွင်းဝမှာ အုပ်နေတဲ့ သစ်ကိုင်းတွေကို ဆွဲဖယ်ပြီး အလောင်း ကို တွင်းထဲပစ်ချလိုက်ပါတယ်။ ရသမျှ မြေကြီးကို ကုတ်ခြစ်ပြီးဖို့ပေမယ့် လည်းရေတွေများနေတာမို့အလောင်းကောင်ကြီးကပေါ်တက်လာပါတယ်။ ကျွန်တော်တို့လည်း ဒီနားမှာ ကြာကြာမနေချင်တော့ပါဘူး။ ကိုယ့်အိမ်မှာ ဘာတွေဖြစ်ကုန်ပြီလဲ။ တွေးပူနေကြတာ။ ဒါကြောင့် ဘယ်သူမှ စိတ်မရှည် တော့ပါဘူး။ အလောင်းကောင်ကြီးကို အပေါ်က တုတ်နဲ့ ထိုးချလိုက်၊ သူက ဝုန်းခနဲပေါ်လာလိုက်။ အားလုံးလည်း ခိုက်ခိုက်တုန်အောင် ချမ်းနေကြပါပြီ။ ဒါနဲ့ မထူးပါဘူးဆိုပြီး မလှမ်းမကမ်းမှာရှိနေတဲ့ ဂဝံကျောက်တုံးကြီးကို လူ အားနဲ့ ဝိုင်းလှိမ့်ပြီး အလောင်းရဲ့ ခါးလယ်တည့်တည့်ကို ဖိချလိုက်မှပဲ ကိုယ် တော်ချောက ငြိမ်ကျသွားတော့တယ်။ တွေ့သမျှ သစ်ခက်သစ်ကိုင်းတွေနဲ့ ဖုံးဖိပြီး ဒီအတိုင်းပဲ ထားခဲ့ရပါတယ်။ နောက်နေ့မှ တစ်မျိုးစီစဉ်ကြမယ်ပေါ့။
ဒဏ်ရာရထားတဲ့ ဦးဇင်းကို ကျောင်းရောက်အောင် ခက်ခက်ခဲခဲပြန် ပို့ကြရပါတယ်။ ကျောင်းရောက်တော့ကျောင်းပေါ်တက်ဖို့မပြောနဲ့။ ကျောင်း ဝင်းထဲတောင်ဝင်ဖို့ မလွယ်ပါဘူး။ ဧရာမဒူးရင်းပင်ကြီးတွေ လဲပြိုကျလို့ ကျောင်းလည်း ပြားချပ်နေခဲ့ပါပြီ။ ဒါနဲ့ ဦးဇင်းကို အဆင်ပြေဆုံး အိမ်တစ် အိမ်ကိုပို့ပြီး အနားပေးရပါတယ်။ ရွာလူကြီး ဦးသက်တင်က ပြောတယ်။ “အတော်ဒုက္ခပေးတဲ့အကောင်ပဲတဲ့”
မုန်တိုင်းခေါ် သိန်းဝင်းတစ်ယောက် ဘယ်လိုကံကြမ္မာမျိုးနဲ့ လူ့ဘဝကို ရောက်လာသလဲ မပြောတတ်ပေမဲ့ အဆိုးကံက သူ့ကို ခင်တွယ်နေတာ သေချာပါတယ်။ အကုသိုလ်ကံ ကြီးလွန်းသူရဲ့ပတ်ဝန်းကျင်မှာ အကုသိုလ် ဂယက်တွေရိုက်ခတ်နေတယ်ဆိုတာလက်တွေ့ပါပဲ။ ဘုရားရှင်လက်ထက် တော်ကလောသကတိဿမထေရ်ဆိုတာ ရှိခဲ့သလို အခုလည်းပဲ မုန်တိုင်း ကိုဒုတိယလောသကတိဿလို့တင်စားနိုင်ပါတယ်။
သူ..လူ့လောကကို စတင်ခြေချလာကတည်းက မုန်တိုင်းနဲ့အတူ မွေး ဖွားလာခဲ့သူပါ။ မွေးမိခင်ကိုယ်တိုင် ဦးခေါင်းကွဲခံရပြီးမှ သူ့ကိုမွေးခဲ့ရတယ်။ အင်းဒဝယ်အင်းဖြတ်တံတားကြီးလည်းအပိုင်းပိုင်းပြတ်ခဲ့ရတယ်။ လူတကာ

ကို ဒုက္ခပေးပြီး ဝင်လာတဲ့သူဟာ အားလုံးကို ဒုက္ခပေးပြီးမှ ထွက်သွားခဲ့ တယ်။ လူစင်စစ်ဖြစ်ပါလျက် အကုသိုလ်ကံတရားက သူ့ကို လူလိုသေခွင့်
မပြုခဲ့ပါဘူး။
နာဂစ်ဆိုတာမွန်ပြည်နယ်မှာဧရာဝတီတိုင်းလိုရေလွှမ်းမိုးတာ
မခံရပါဘူး။ ဖြစ်ချင်တော့ ရေက သူတစ်ယောက်တည်းကိုပဲရွေးပြီး တွင်းထဲ ရောက်တဲ့အထိ လွှမ်းမိုးခဲ့ပါတယ်။
မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိမယ်ဆိုရင်တော့ အတီတေ ဗရာဏသိယံဆိုတဲ့စကားတော်တွေနဲ့အတူသိန်းဝင်းရဲ့ဘဝဟောင်းက အကုသိုလ်အပေါင်းကို တိတိကျကျ သိရမှာပါ။ လူ့ဘဝထဲကို မုန်တိုင်းနဲ့ အတူ ဝင်ရောက်လာတဲ့သူတစ်ယောက် မုန်တိုင်းနဲ့အတူ ပြန်လည်ထွက် ခွာသွားတာ တိုက်ဆိုင်မှုလား၊ ကံကြမ္မာလားဆိုတာကိုတော့ ပရိသတ်ကြီး ပဲ စဉ်းစားကြည့်ပါ..။
သိန်းဝင်းဆိုတဲ့မုန်တိုင်းကကျွန်တော်တို့တောင်စွန်းကကြိုးဖုန်းလိုပဲ။ အားလုံးကို အဝင်ရော အထွက်ရော ဒုက္ခပေးခဲ့တာပါ။ အသေအချာတွေး ကြည့်မယ်ဆိုရင်တော့ သူ့အဖြစ်အပျက်က ဘုရားဟောတာနဲ့ ကွက်တိပါပဲ။ ဘုရားရှင်က အမိန့်ရှိခဲ့ပါတယ်။
“ဘဝဆိုတာ ရလာပြီးရင် သုခနဲ့တူတာ မြူမှုန်လောက်တောင် မရှိပါ ဘူး”တဲ့။
ဘုရားရှင်စကားတော်ကို ကျွန်တော်အပါအဝင် ကမ္ဘာ့လူသားတော် တော်များများ လက်ခံဖို့ အတော်ခဲယဉ်းမှာပါ။ ဘဝကို သုခလို့ ထင်ပြီး ကျွန်တော်တို့ ဖက်တွယ်ထားကြတာကိုး။ သိန်းဝင်းလို အဝင်ရော အထွက် ရော ဒုက္ခပေးတဲ့ကောင်နဲ့တွေ့မှပဲ…။
ဒီဘက်ခေတ်မှာ ပေါများလာမယ့် အဝင်ရော အထွက်ရော ဒုက္ခပေး မည့်ပစ္စည်းများကို အလွန်အမင်း တပ်မက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
+ သူရိန်စိုး(ဓမ္မဒူတ)

Zawgyi Version

ၿဂိဳဟ္ဆိုး၏အျပန္လမ္း(စ/ဆုံး)
———————————–
သန္းေခါင္ေက်ာ္တစ္ခ်က္
ထိုးခန႔္ရွိပါလိမ့္မည္။ လဆုတ္ ရက္၊ လ
ကေလးကေရးေရးသာေနပါတယ္။ အားလုံးၿငိမ္သက္ေနတဲ့အခ်ိန္မို႔ စာေရး
ရတာ အလြန္အဆင္ေျပတဲ့အခ်ိန္ပါ။ စာ ထဲ စိတ္ေရာက္ေနတဲ့အခ်ိန္ ၿခံအျပင္က
ေခၚသံလိုလို ၾကားမိတယ္။ မသကၤာတာ
နဲ႔ၿခံဝကိုေခ်ာင္းၾကည့္လိုက္ေတာ့စစ္ယူ
နီေဖာင္းဝတ္(၃)ဦး လက္နက္ကိုယ္စီနဲ႔
ၿခံဝမွာရပ္ေနတာေတြ႕လိုက္ရတယ္။
ဘာပဲေျပာေျပာတစ္ခ်က္ေတာ့လန႔္
သြားတာေပါ့။ အဲဒီအခ်ိန္က ကြၽန္ေတာ္
တို႔ မြန္ျပည္နယ္မွာ လက္နက္ကိုင္ေတြ
ကအမ်ိဳးမ်ိဳးေတြ႕ ရတတ္ တယ္။ D.K.B.A အဖြဲ႕တစ္မ်ိဳး၊ မြန္ၿငိမ္းခ်မ္း
ေရးအဖြဲ႕ကတစ္ဖုံ၊AK.47.M.16လက္
နက္ေတြကိုင္ၿပီးၿမိဳ႕ထဲ႐ြာထဲလမ္းသလား
ေနတတ္ၾကတယ္။ ကြၽန္ေတာ္တို႔ ေတာင္

စြန္း႐ြာမွာလည္းေဒသခံလုံၿခဳံေရးခ.လ.ရ(၈)လက္ေအာက္ခံ(သ.က.ဆ.မ)
အသြင္ေျပာင္း ဌာေနျပည္သူစစ္တပ္ဖြဲ႕ေတြလည္း ရွိေနၾကပါတယ္။ ျပည္ သူ႔စစ္ဆိုတာက ကိုယ့္႐ြာက လူေတြနဲ႔ဖြဲ႕စည္းထားတာမို႔ လက္နက္ကိုင္ ထားေပမယ့္လူေတြအတြက္ျပႆနာမရွိပါဘူး။ တစ္ခါမွမေတြ႕ဘူးတဲ့အဖြဲ႕ ေတြ လက္နက္ကိုင္ၿပီး ႐ြာထဲေရာက္လာတဲ့အခါက်ေတာ့ ႐ြာသားေတြ က်ီး ကန္းေတာင္းေမွာက္ျဖစ္ကုန္တာေပါ့။ဒါေၾကာင့္လည္းအခ်ိန္မေတာ္ကိုယ့္ ၿခံေရွ႕ေရာက္လာတဲ့လက္နက္ကိုင္(၃)ေယာက္ကိုဘာေတြလည္းဆိုေတာ့ မေဝခြဲႏိုင္ခဲ့ပါဘူး။ လေရာင္ဝိုးတဝါးနဲ႔မို႔ လက္ေမာင္းကတံဆိပ္ကိုလည္း မျမင္ရပါဘူး။ မသကၤာတာနဲ႔အသံျပန္မေပးေသးဘဲအကဲခတ္ေနမိပါတယ္။ “ပ်ိဳ႕- ဆရာ သူရိန္စိုး၊ ကြၽန္ေတာ္ သန္းႀကီးပါ။ တံခါးဖြင့္ပါဦး” အခုမွပဲ ရင္ထဲက အလုံးႀကီးက်သြားတယ္။ ဌာေန(ပ.သ.စ)ေခါင္း ေဆာင္ေစာသန္းႀကီးနဲ႔အဖြဲ႕ပါလား။
“ေအး-လာၾကေဟ့။ တံခါးက ေစ့ထားတာပါ”
ေစာသန္းႀကီးနဲ႔ တပည့္တစ္ဦးအိမ္ေပၚတက္လာၿပီးတစ္ဦးက ေအာက္ မွာေစာင့္ေနပါတယ္။
“ကဲ- ေျပာစမ္းပါဦးဗ်ာ။ အခ်ိန္မေတာ္လာရတဲ့ကိစၥ” “အေရးေပၚလာလို႔ပါဆရာရယ္။ စာေရးပ်က္သြားရင္ ေတာင္းပန္ပါ တယ္။ ဒီလိုဆရာေရ႕-ဒီည ကြၽန္ေတာ္တို႔အဖြဲ႕ေတြ ရထားလမ္းလုံၿခဳံေရး ကင္းလွည့္ၾကတယ္။ အမွတ္-၆၄၊ သဲျဖဴေခ်ာင္းတံတားနားကိုအေရာက္ မွာ အမွတ္-၆၂၊ က်ီးပင္တံတား(ပ.သ.စ)အဖြဲ႕က စက္နဲ႔ လွမ္းေပါက္တယ္။ မသကၤာတဲ့လူတစ္ေယာက္ ဖမ္းမိထားတယ္။ အထုပ္တစ္ထုပ္လည္းပါ တယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း သြားေရာက္ပူးေပါင္းၾကတာေပါ့။ အခု အဲဒီလူကိုေတာင္စြန္း(ရ.ယ.က)႐ုံးမွာ ေမးျမန္းေနၾကပါတယ္”
“ေအး- ဟုတ္ၿပီ။ မင္းတို႔ အဲဒီလူကို ဖမ္းမိတာနဲ႔ ငါ့ဆီလာတာနဲ႔ ဘာဆိုင္လို႔လဲ”

“ဆိုင္လို႔ လာတာေပါ့ဆရာရယ္။ ဥကၠ႒နဲ႔အဖြဲ႕က သူ႔ကို ေမးျမန္းတယ္ ေလ။ သူ႔အမည္က သိန္းဝင္းတဲ့။ အရက္နံ႔ေတြလည္းရတယ္။ ဒီေတာင္စြန္း မွာမင္းဘယ္သူ႔ကိုသိသလဲလို႔ေမးၾကည့္ေတာ့သူကစာေရးဆရာသူရိန္စိုး (ဓမၼဒူတ)ဟာ သူ႔သူငယ္ခ်င္းပါတဲ့။ အဲဒီ့ကိစၥကို ကြဲကြဲျပားျပားသိခ်င္လို႔ ဥကၠ႒ႀကီးက ဆရာ့ဆီလႊတ္လိုက္တာပဲ”
သိန္းဝင္းဆိုတာ မုန္တိုင္းမ်ားလား…။ ဒီေကာင္နဲ႔ မေတြ႕တာလည္း ႏွစ္ ေပါင္းၾကာခဲ့ပါၿပီ။ ေျပာလို႔ေတာ့ မရဘူး။ ဒီေကာင္က ေဗြဆိုးပါတဲ့အေကာင္ ဆိုေတာ့…။
“ေအးဗ်ာ – ဒီလိုဆို မင္းတို႔သြားႏွင့္ေလ။ ဒီမွာ မိသားစုကို အက်ိဳး အေၾကာင္းေျပာျပၿပီး ၿခံတံခါးေတြ ပိတ္ၿပီးမွ ႐ုံးကို လိုက္လာခဲ့မယ္။ ေတြ႕မွပဲ သိမွာေပါ့”
“ဟုတ္ကဲ့ – ေက်းဇူးတင္ပါတယ္။ ႐ုံးက ေစာင့္ေနမယ္”
ကြၽန္ေတာ့္အသိေတြထဲမွာ သိန္းဝင္းဆိုတာ တစ္ေယာက္မကပါဘူး။ ဒီကိစၥမ်ိဳးျဖစ္ႏိုင္တာဆိုလို႔ မုန္တိုင္းပဲျဖစ္မယ္။ ဒီေကာင္နဲ႔ ကြၽန္ေတာ္က ငယ္သူငယ္ခ်င္းေတြဆိုေပမယ့္ တစ္႐ြာတည္းသားေတြ မဟုတ္ပါဘူး။ သူ က အင္းဖေလာင္း႐ြာသားပါ။ ေတာင္စြန္း႐ြာ ေျမာက္ဘက္ကို တစ္မိုင္ ေလာက္သြားလိုက္ရင္ အင္းဒဝယ္အင္းဆိုတာ ရွိပါတယ္။ အဲဒီအင္းႀကီးကို ျဖတ္သန္းေဆာက္လုပ္ထားတဲ့တံတားႀကီးကိုကူးၿပီးရင္ အင္းဖေလာင္း႐ြာ ကို ေရာက္ပါၿပီ။ တံတားႀကီးက အေတာ္ရွည္ပါတယ္။ အင္းဖေလာင္းဆရာ ေတာ္ႀကီးရဲ႕ေျပာျပမႈအရဆိုရင္ ဒီတံတားႀကီးကို ဂဠဳန္ဦးေစာ ေဆာက္လုပ္ လႉဒါန္းသြားတယ္လို႔ဆိုပါတယ္။ အင္းဖေလာင္း ပထမဆရာေတာ္ႀကီးကို ဂဠဳန္ဦးေစာက ကိုးကြယ္ပါတယ္။ မူလတံတားေဟာင္းႀကီးဆိုရင္ ဒီဇိုင္းက ဦးပိန္တံတားပုံစံပါ။ အေပၚမွာ ခင္းထားတာက ဆန္ခါေပါက္ သံမဏိသံျပား ႀကီးေတြ ျဖစ္ပါတယ္။ စစ္ေခတ္က နယ္ခ်ဲ႕ေတြ ယာယီေလယာဥ္ကြင္းလုပ္ တဲ့ သံျပားႀကီးေတြလို႔ ေျပာၾကတယ္။ အေမေျပာတာကေတာ့ ကြၽန္ေတာ့္ ကိုေမြးတဲ့ႏွစ္မွာ အင္းဖေလာင္း႐ြာကိုေလဆင္ႏွာေမာင္းတိုက္ခတ္ခဲ့တယ္တဲ့။အိမ္ေတြသစ္ပင္ေတြတင္မကဘူး။အင္းဖေလာင္းတံတားတိုင္ႀကီးေတြ
ကိုပါ ေလဆင္ႏွာေမာင္းခ်ီသြားတာ သဲျဖဴေခ်ာင္းကမ္းပါးအထိ လြင့္စဥ္ သြားတယ္လို႔ဆိုပါတယ္။
အဲဒီအခ်ိန္မွာ အေမ့သူငယ္ခ်င္း အင္းဖေလာင္း႐ြာသူ အမ်ိဳးသမီး တစ္ဦးဟာ ကိုယ္ဝန္ေနေစ့လေစ့ႀကီးနဲ႔ေပါ့။ ေလျပင္းဒဏ္ေၾကာင့္ ျပဳတ္က် လာတဲ့ သစ္ကိုင္းက သူ႔ရဲ႕ ဦးေခါင္းကို ႐ိုက္မိပါတယ္။ ေခါင္းက ဒဏ္ရာကို ျပဳစုေပးေနခ်ိန္မွာပဲ။ ကေလးကို ေမြးထုတ္လိုက္ပါတယ္။ ေလဆင္ႏွာ ေမာင္းဒဏ္ေၾကာင့္ တစ္႐ြာလုံးရဲ႕အားထားရာ တံတားႀကီး က်ိဳးပ်က္ခ်ိန္မွာ လူ႔ေလာကကို ေရာက္ရွိလာတာ သိန္းဝင္းပါပဲ။ သူေမြးလာတဲ့အခ်ိန္မွာပဲ ႐ြာသားေတြ ဒုကၡနဲ႔ ရင္ဆိုင္ရတယ္။ မိခင္ျဖစ္သူလည္း ေခါင္းကြဲခဲ့တယ္။ ကံၾကမၼာၿဂိဳဟ္ဆိုးနဲ႔အတူေရာက္လာခဲ့သူမို႔ သူ႔ကိုမုန္တိုင္းလို႔ေခၚၾကတယ္။
ကုသိုလ္ကံ အထုပ္အထည္ပါလာတဲ့ကေလးမ်ားေမြးဖြားလာရင္မိဘ ေတြ မိသားစုေတြ အဆင္ကိုေျပလို႔ေပါ့။ သိန္းဝင္းနဲ႔ကေတာ့ တျခားစီပါပဲ။ သူ႔ရဲ႕ ဖြားဖက္ေတာ္က မုန္တိုင္းေပါ့။ သူေမြးလာၿပီးကတည္းက မိဘေတြ လည္း မြဲျပာက်ၿပီး တကြဲတျပားစီ ျဖစ္ကုန္တာပါပဲ။ သူနဲ႔ကြၽန္ေတာ္က ေတာင္စြန္းဓမၼဒူတေတာရတိုက္တည္ခါစမွာဘုန္းႀကီးေက်ာင္းသား အျဖစ္နဲ႔ ဆုံခဲ့ၾကတာပါ။ ကြၽန္ေတာ္နဲ႔အတူ အျခားေက်ာင္းသားေတြ ကိုရင္ ျဖစ္သြားၾကေပမယ့္ မုန္တိုင္းကေတာ့ ကိုရင္မဝတ္ျဖစ္ပါဘူး။ စည္းကမ္း ဒဏ္ကို မခံႏိုင္လို႔ ႐ြာကို ျပန္ေျပးသြားပါတယ္။ အဲဒီကစၿပီး သူနဲ႔ အစျပတ္ခဲ့ တာပါ။
ကြၽန္ေတာ္တို႔တစ္ေတြလည္း သာသနာ့ဝန္ထမ္းဘဝနဲ႔ ငယ္၊ လတ္၊ ႀကီးေတြေအာင္လို႔ မႏၲေလးမွာ ဓမၼာစရိယတန္းတက္ေနခ်ိန္အထိ မုန္တိုင္း နဲ႔ ျပန္မဆုံျဖစ္ပါဘူး။ ဒါေပမဲ့ သတင္းဆိုးေတြေတာ့ ၾကားေနပါတယ္။ အိမ္ ေထာင္က်ေနၿပီဆိုတဲ့အေၾကာင္း မူးယစ္ရမ္းကားၿပီး မိသားစုနဲ႔ ပတ္ဝန္း က်င္ကိုဒုကၡေပးေနေၾကာင္းေတြေတာ့ၾကားခဲ့ရပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္း ကြၽန္ေတာ္လည္း လူ႔ဘဝျပန္ေရာက္ၿပီး စာေရးဆရာေပါက္စျဖစ္တဲ့အခ်ိန္

အထိ ျပန္မဆုံျဖစ္ၾကပါဘူး။ အခုမွ သိန္းဝင္းနာမည္ကို ျပန္ၾကားခဲ့ရတယ္။ သူမဟုတ္ပါေစနဲ႔လို႔ ဆုေတာင္းမိပါတယ္။
အေတြးလြန္သြားတာမို႔ ႐ုံးအေရွ႕ကို ေရာက္မွန္းမသိ ေရာက္ခဲ့ပါၿပီ။ ႐ုံး ထဲကိုဝင္ၿပီးဖမ္းထားတဲ့လူကိုၾကည့္လိုက္ေတာ့..ဟုတ္ပါတယ္။မုန္တိုင္းမွ
မုန္တိုင္းအစစ္ပါ။
“ဥကၠ႒ႀကီးခင္ဗ်…။ဒီလူဟာငယ္ငယ္ကကြၽန္ေတာ္သူငယ္ခ်င္းအမွန္
ပါပဲ။ မေတြ႕တာေတာ့ၾကာခဲ့ပါၿပီ”
ဒါဆို စာေရးဆရာပဲ အျဖစ္မွန္ ေမးစမ္းၾကည့္ပါဦး။ လိုအပ္တာေတြ ေတာ့ ကြၽန္ေတာ္တို႔ စစ္ထားၿပီးပါၿပီ။ သူေျပာခ်င္ရာေတြ ေျပာေနတာပဲ။ သူ ထမ္းလာတဲ့အထုပ္ႀကီးကို ေျဖၾကည့္ေတာ့ ဘဲေတြျဖစ္ေနတယ္။ အားလုံး (၂၇)ေကာင္ေတာင္ရွိတယ္။ ပစၥည္းပိုင္ရွင္ကိုလည္း သြားေခၚခိုင္းထား တယ္။ ဘဲပိုင္ရွင္လာမွပဲ ညႇိႏႈိင္းေျဖရွင္းၾကတာေပါ့။ “သူငယ္ခ်င္း – မုန္တိုင္း၊ ဘယ္လိုျဖစ္ရတာလဲကြာ” “သူငယ္ခ်င္း – စာေရးဆရာ၊ ငါ့ကို ကယ္ပါဦးကြာ” ဆိုၿပီး ကြၽန္ေတာ့္ကို ဖက္တြယ္ထားပါတယ္။ “ေအး – မင္း ဒီဘဲေတြ ခိုးလာတာလား”
“ဆရာပိန္ဘဲတဲကခိုးလာတာ။ငါလည္းစားစရာမရွိလို႔ပါကြာ၊ကေလး ေတြလည္းဖ်ားေနတယ္။ ငါ့ကို ခြင့္လႊတ္ပါကြာ”
“ေအး- ဟုတ္ပါၿပီ။ ဒါနဲ႔ ဒီေလာက္ဆူညံတဲ့ဘဲေတြကို လူမသိေအာင္ မင္းဘယ္လိုလုပ္ခိုးလာတာလဲ။ ေျပာစမ္းပါဦး”
“အင္း – ဒါကလြယ္ပါတယ္။ ဘဲေတြက ထုံးေၾကာက္တယ္ေလ။ ဘဲၿခံ နားကိုကပ္ၿပီးအေပါက္တစ္ေပါက္ေဖာက္တယ္။ၿပီးရင္ ၿခံထဲကိုထုံးမႈန႔္မ်ား မ်ားျဖဴးထည့္ေပးလိုက္ရင္ ဒီေကာင္ေတြ မြန္ၿပီး အသံမထြက္ေတာ့ဘူး။ အသက္ရႉၾကပ္ေတာ့ တိုးမိတိုးရာတိုးၾကတာေပါ့။ အဲဒီအခ်ိန္မွာ ငါက ေဖာက္ထားတဲ့အေပါက္မွာ ေႁမြေရခြံအိတ္ စြပ္ထားေပးရာ တိုးလိုက္႐ုံပဲ။

ကိုယ္လိုသေလာက္ရရင္ အိတ္ဝကို ပိတ္စီးၿပီး ထမ္းလာ႐ုံေပါ့။ တစ္ၿခံလုံး ခိုးၿပီးလွည္းနဲ႔ တိုက္လာတာေတာင္ သူတို႔သိမွာမဟုတ္ဘူး”
“မင္း – ဥစၥာ တယ္လြယ္ပါလားကြ”
“ခိုးတာလြယ္ၿပီး သယ္တာခက္တယ္။ အခုသယ္လာမွမိေတာ့တာပဲ” “ေအး – မင္းကေတာ့ မင္းမိသားစုစားဖို႔လုပ္ေပမယ့္ သူ႔ပိုင္ရွင္မွာ ဘယ္ ေလာက္ထိခိုက္နစ္နာသြားမလဲ။ ကိုယ္ခ်င္းစာေပါ့ကြာ။ ေကာင္းေရာင္း ေကာင္းဝယ္လုပ္စားစမ္းပါ”
ဒီအခ်ိန္မွာပဲ ဘဲပိုင္ရွင္ ဆရာပိန္ေရာက္လာပါၿပီ။ အေသအခ်ာေမး ၾကည့္မွ ဆရာပိန္ဆိုတာ သူ႔မိန္းမရဲ႕ဦးေလးဝမ္းကြဲ ျဖစ္ေနတယ္။ ဆရာပိန္ ကို မုန္တိုင္းက ရွိခိုးၿပီး ေတာင္းပန္ပါတယ္။ သားခ်င္းေတြလည္းျဖစ္ျပန္၊ ဥကၠ႒ကလည္း ေဖ်ာင္းဖ်၊ ပစၥည္းေတြလည္းျပန္ရတယ္ဆိုေတာ့ ကာယကံ ရွင္ကလည္းေက်နပ္သြားပါတယ္။ ဥကၠ႒ႀကီးက-
“ကဲ-ေမာင္သိန္းဝင္း မင္းအခု ခံဝန္ကတိထိုးၿပီးၿပီေနာ္။ မင္းကို ျပဳျပင္ ခြင့္ေပးလိုက္တာပဲ။ ေနာက္တစ္ခါဆိုတာ မရွိေစနဲ႔။ ကဲ-ဒီေတာ့ မင္းကို မွတ္မွတ္ရရျဖစ္ေအာင္မင္းတို႔အင္းဖေလာင္းတံတားထိပ္ကခ်ဥ္းကပ္လမ္း မွာ ဗြက္ေတြေပါက္ေနတာ မင္းသတိထားမိသလား”
“ဟုတ္ကဲ့ပါခင္ဗ်ာ”
“မနက္ျဖန္မိုးလင္းတာနဲ႔ အဲဒီေနရာကို ေျမႀကီးေပါက္ဖို႔လုပ္ကြာ။ ကုသိုလ္ရပါတယ္”
အဲဒီညက မုန္တိုင္းတစ္ေယာက္ ကြၽန္ေတာ့္အိမ္မွာပဲ အိပ္သြားပါ တယ္။ မနက္ ကြၽန္ေတာ္ႏိုးေတာ့ ဒီေကာင္မရွိေတာ့ပါဘူး။ မိန္းမကိုေမး ၾကည့္ေတာ့ ပိုက္ဆံႏွစ္ရာ ေတာင္းသြားတယ္။ အရက္ေသာက္ခ်င္လို႔တဲ့။ မနက္ေစာေစာေတာင္ ေသာက္ေနၿပီဆိုေတာ့ မုန္တိုင္းအေျခအေနက ေလာင္ကြၽမ္းေနပါၿပီ။ အဲဒီကတည္းက သူနဲ႔ ထပ္မဆုံျဖစ္ေတာ့ပါဘူး။ သတင္းၾကားရတာက မူးၿမဲ မူးလ်က္ ဆိုးၿမဲ ဆိုးလ်က္ပါပဲတဲ့။ ဒီလိုနဲ႔ ေမ့ေမ့ ေပ်ာက္ေပ်ာက္ေနလာလိုက္တာ ၂ဝဝ၈ – ခုႏွစ္က်မွ ဒီေကာင္ရဲ႕သတင္းဆိုး

ကို ၾကားရတာပါပဲ။ လာေျပာသူက အင္းဖေလာင္း႐ြာလူႀကီး ဦးသက္တင္ – သိန္းဝင္းတစ္ေယာက္ ဆုံးရွာၿပီတဲ့။
ေျပာပုံအရဆိုရင္ ဒီေကာင္ ေရတိမ္နစ္သြားတာပဲ။ လူမွန္းမသိေအာင္ မူးၿပီး ဒူးေခါင္းေလာက္ရွိတဲ့ ေရျဖတ္မွာ ေမွာက္လ်က္လဲေနတာ။ လူမေတြ႕ ေတာ့ ေရတိမ္နစ္ရတာေပါ့။ ၾကည့္ရတာ သူ႔ဘဝမွာ ကုသိုလ္ဆိုလို႔ တံတား ထိပ္ကဗြက္အိုင္ကို ေျမဖို႔သြားတာပဲရွိမွာပါ။ ဘဝကိုျဖစ္ခ်င္ရာျဖစ္ဆိုၿပီးေရ စုန္ေမ်ာခဲ့တဲ့ မုန္တိုင္းတစ္ေယာက္ လာျခင္းမေကာင္းသလို ျပန္ျခင္းေရာ ေကာင္းပါ့မလား။ သူနဲ႔က်မွ တိုက္တိုက္ဆိုင္ဆိုင္ဆိုတာ ကံၾကမၼာရဲ႕ေစစား မႈပဲျဖစ္ႏိုင္ပါတယ္။ သိန္းဝင္း အသုဘပို႔တဲ့ေန႔ဟာ မွတ္မွတ္ရရ ၂၀၀၈- ခုႏွစ္၊ ေမလ (၂)ရက္ေန႔ပါပဲ။ သူငယ္ခ်င္းရဲ႕နာေရးဆိုေတာ့လည္း လိုအပ္ တာေတြ ဝိုင္းကူႏိုင္ဖို႔ ေစာေစာစီးစီးပဲေရာက္ျဖစ္ခဲ့ပါတယ္။ ရာသီဥတု အေျခအေန သိပ္မေကာင္းတာမို႔ အသုဘ ေစာေစာခ်ဖို႔ စီစဥ္ရပါတယ္။ တဲသာသာ သူ႔ရဲ႕အိမ္ကေလးမွာ အဖီထုတ္ၿပီး ကနားဖ်င္းထိုးထားပါတယ္။ ကေလးငါးေယာက္နဲ႔ က်န္ရစ္ရွာတဲ့ သူ႔ရဲ႕ဇနီးက ဘာမွမစီမံတတ္တာမို႔ ႐ြာ လူႀကီးဦးသက္တင္ကပဲ အစစအရာရာ တာဝန္ယူေနရပါတယ္။
အခုဆိုရင္ ဘုန္းႀကီးေတြလည္း ႂကြေရာက္ေနရာယူၿပီးပါၿပီ။ ပရိသတ္ ေတြလည္း စုံပါၿပီ။
“အားလုံးေသာ ေက်း႐ြာသူေက်း႐ြာသားအေပါင္းနဲ႔ ရပ္နီးရပ္ေဝးမွ ႂကြေရာက္လာၾကကုန္ေသာ ေဆြမ်ိဳးမိတ္သဂၤဟအေပါင္းတို႔ခင္ဗ်ာ။ လြန္ခဲ့ ေသာငါးရက္ခန႔္က ဘဝတစ္ပါးေျပာင္းေ႐ႊ႕ကြယ္လြန္သြားရွာေသာဦးသိန္း ဝင္း၏ ႐ုပ္ကလာပ္ကို သုသာန္သို႔ ပို႔ေဆာင္မည္ျဖစ္ပါ၍ အသုဘရႈတရား ေတာ္နာႂကြေရာက္ၾကပါရန္ ေလးစားစြာ ဖိတ္ၾကားအပ္ပါသည္ခင္ဗ်ား”
ဦးမိုက္မဲ၏ တရားနာဖိတ္သံအဆုံးမွာပဲ ေလယာဥ္ပ်ံပ်က္က်တဲ့အသံ ႀကီးကို အားလုံးၾကားလိုက္ရပါတယ္။ တကယ္ေတာ့ ေလယာဥ္ပ်ံပ်က္က် တာမဟုတ္ပါဘူး။ နာဂစ္မုန္တိုင္းႀကီးတိုက္ခတ္လာတာပါပဲ။ တစ္သက္မွာ တစ္ခါမွ မႀကဳံဘူးတဲ့ ေလျပင္းမုန္တိုင္းႀကီး တစ္နယ္လုံးကို ေမႊေႏွာက္တိုက္
ခတ္ေနပါၿပီ။ လဲတဲ့အပင္ေတြလဲက်။ ျပတ္တဲ့အပင္ေတြျပတ္ထြက္လို႔အား လုံးကမာၻပ်က္ေနၾကပါတယ္။ အိမ္နီးတဲ့လူေတြကေတာ့ အေရးေပၚျပန္ေျပး ကုန္ပါၿပီ။ ကြၽန္ေတာ္လည္း အိမ္ကို စိတ္ပူေပမယ့္ ေလာေလာလတ္လတ္ ေခါင္းေတာင္မေဖာ္ရဲတာမို႔ လုံၿခဳံမည့္ေနရာကိုပဲ အဓိကထားေနရပါတယ္။ အသုဘအိမ္ေရွ႕ကတာလပတ္အမိုးေတြလည္းေလနဲ႔အတူလြင့္ပါသြားျပန္ ၿပီ။ ဒါေတာင္ သူတို႔အိမ္ကေလကြယ္ရာေလးမွာျဖစ္ေနတာမို႔ ခံသာေနတာ ပါ။ ဆရာေတာ္ေတြလည္း မိုးေရေတြ စို႐ႊဲလို႔ ဘုရားေက်ာင္းေဆာင္ေထာင့္ မွာစုေနၾကရပါတယ္။
အေရွ႕ဘက္ကေနဝိုက္ၿပီးဝင္လာတဲ့မုန္တိုင္းႀကီးဟာႏွစ္နာရီနီးပါး ေလာက္ၾကာေအာင္ ပက္ပက္စက္စက္ ေမႊေႏွာက္တိုက္ခတ္ၿပီး တျဖည္း ျဖည္းရပ္စဲသြားပါတယ္။ ခဏၾကာေတာ့လူေတြလႈပ္လႈပ္႐ြ႐ြျဖစ္လာပါတယ္။ အသုဘအိမ္မွာေတာ့ ရပ္ေဝးဧည့္သည္ေတြနဲ႔ မကင္းရာ မကင္းေၾကာင္းပဲ က်န္ေတာ့တယ္။ ဒီအခ်ိန္မွာ ႐ြာဦးဆရာေတာ္က –
“ဟဲ့ ဒကာသက္တင္ – ေလၿငိမ္တုန္း ရွိတဲ့လူနဲ႔ပဲ အသုဘပို႔လိုက္ၾကရ ေအာင္။ ေက်ာင္းမွာလည္း ဘာေတြျဖစ္ကုန္ၿပီလဲမေျပာတတ္ဘူး”
“မွန္ပါ။ တပည့္ေတာ္ ကာလသားေတြကို လမ္းရွင္းခိုင္းထားပါတယ္။ တြင္းတူးမယ့္လူေတြလည္းလႊတ္လိုက္ပါၿပီဘုရား”
“ဟဲ့- ဒကာ လမ္းရွင္းမေနနဲ႔ေတာ့။ အခ်ိန္မရွိေတာ့ဘူး။ ဒီဘက္အင္း ေဇာင္းကြင္းစပ္ကပဲ ပတ္ၿပီး ထြက္ၾကတာေပါ့။ ကဲ-ကဲ လုပ္လုပ္သြားၾက မယ္”
ဟုတ္ပါတယ္။ ႐ြာလမ္းမမွာ သစ္ပင္ေတြ အထပ္ထပ္ လဲၿပိဳထားတာမို႔ ဘယ္လိုမွသြားလို႔မရေတာ့ပါဘူး။အခ်ိန္ကမြန္းတည့္ဆယ့္ႏွစ္နာရီေလာက္ ရွိပါၿပီ။ အေရွ႕က ေၾကးစည္ထုတဲ့လူ၊ ကန္ေတာ့ပြဲထမ္းတဲ့လူေတြ သူတို႔ ေနာက္မွာ ဘုန္းႀကီးငါးပါး။ အေနာက္မွာ အေခါင္းထမ္းတဲ့အဖြဲ႕။ ေနာက္ဆုံးမွာေတာ့လိုက္ပါပို႔ေဆာင္သူေယာက္်ားမိန္းမအေယာက္သုံးဆယ္ေလာက္

ေတာ့ရွိမွာပါ။ အင္းဒဝယ္ အင္းေဇာင္းကေနၿပီး အတန္းလိုက္ သုသာန္ကို ခ်ီ တက္လာၾကပါတယ္။ ခပ္လွမ္းလွမ္းမွာ သုသာန္ကိုလွမ္းျမင္ေနရပါၿပီ။
ဒီအခ်ိန္မွာပဲ ေစာေစာကလို ေလယာဥ္ပ်ံ ပ်က္က်တဲ့အသံမ်ိဳးႀကီး ၾကားရျပန္ပါတယ္။ ၿငိမ္သြားၿပီလို႔ ထင္ရတဲ့ နာဂစ္ႀကီးဟာ အေနာက္ဘက္ ကေနတစ္ေက်ာ့ျပန္တိုက္ခတ္လာျပန္တယ္။ေန႔လယ္ဆယ့္ႏွစ္နာရီတိတိ မွာ မနက္က တိုက္ခတ္ႏႈန္းထက္ ပိုၿပီးျမင့္တဲ့အရွိန္နဲ႔ တိုက္ခတ္ပါေတာ့ တယ္။ ကြင္းေျပာင္ထဲက မုန္တိုင္းသတ္ကြင္းထဲ ေရာက္ေနၾကတဲ့ ကြၽန္ေတာ္ တို႔အျဖစ္ကို ေတြးသာၾကည့္ပါေတာ့။ ပထမဦးဆုံး သကၤန္း႐ုံထားတဲ့ ဦးဇင္း အိုႏွစ္ပါး ေတာစပ္နားေရာက္တဲ့အထိ ေလနဲ႔အတူ လြင့္စဥ္ပါသြားတယ္။ ႐ုံထားတဲ့သကၤန္းက႐ြက္လိုျဖစ္ေနတာကိုး။လူေတြအားလုံးလည္းထီးေတြ လြင့္၊ ခေမာက္ေတြ လြင့္နဲ႔ ပိုးစိုးပက္စက္ျဖစ္ေနပါတယ္။ ပုဆိုးေတြေရာ ထမီ ေတြပါ ဦးေခါင္းေပၚ တက္စြပ္ေနတဲ့အထိ ျဖစ္ေနၾကၿပီဆိုေတာ့ ဘယ္သူ႔ ဘယ္သူမွမကယ္ႏိုင္ၾကပါဘူး။ ဒီေနရာမွာ အေတြ႕အႀကဳံရွိတဲ့႐ြာလူႀကီးက-

“ေဟ့- အားလုံးေျမႀကီးေပၚဝပ္ခ်ၿပီးေနၾက
လို႔ ေအာ္ၿပီးေျပာပါတယ္။ အေျခအေနအဆိုးဆုံးက အေခါင္းစင္ထမ္း တဲ့ ကေလးေျခာက္ေယာက္ပါပဲ။ သူတို႔လည္း ေလအရွိန္နဲ႔ ပတ္ခ်ာလည္ ေနတဲ့ အေခါင္းစင္ႀကီးကို ႏိုင္သလို ေတာင့္ခံထားပါတယ္။ ေနာက္ဆုံးမွာ ေလအရွိန္ ျပင္းလြန္းတာမို႔ ႐ုန္းေနဆြဲေနရင္းနဲ႔ပဲ အေခါင္းႀကီး လြတ္ထြက္ သြားပါေတာ့တယ္။
ပ်ဥ္ေခါင္းက ထက္ျခမ္းကြဲသြားၿပီး သိန္းဝင္းရဲ႕အေလာင္းေကာင္ႀကီး က ေျမျပင္မွာ ကားယားႀကီး ျဖစ္ေနပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ တကယ္ ႀကဳံခဲ့ရတဲ့ တိုက္ဆိုင္မႈႀကီးပါ။ ဒီအေျခအေနကို မ်က္စိထဲ ျမင္ၾကည့္လို႔ ရပါတယ္။ အသုဘေကာင္ႀကီးနည္းတူ လူေတြအားလုံး ေျမႀကီးေပၚမွာ ဝမ္း လ်ားထိုးေမွာက္ေနၾကရပါတယ္။ ေတာစပ္ကိုလည္း ဘယ္သူမွ မေျပးရဲပါ ဘူး။ သစ္ပင္ေတြက တဝုန္းဝုန္းၿပိဳလဲက်ေနပါတယ္။ ေလာေလာဆယ္ကြင္း ေျပာင္မွာက အႏၲရာယ္အကင္းဆုံးပါ။ အင္းဖေလာင္းတံတားႀကီးေပၚက လွမ္းၾကည့္မယ္ဆိုရင္ ဘင္လာဒင္အိမ္ကိုဝင္စီးမယ့္ေနဗီဆီးလ္တပ္ဖြဲ႕ေတြ မိေက်ာင္းတက္ တက္ေနတဲ့ပုံပါပဲ။ နာဂစ္မုန္တိုင္းက အေတာ္ၾကာေအာင္ အၿငိဳးႀကီးႀကီးနဲ႔ တိုက္ခတ္ခဲ့ပါတယ္။ ေလၿငိမ္စျပဳတာနဲ႔ ေမွာက္ေနတဲ့လူ ေတြ ကုန္း႐ုန္းထၿပီး ေျခဦးတည့္ရာ ေျပးၾကေတာ့တာပါပဲ။
ေနာက္ဆုံးမွာေတာ့ မလႊဲသာရယ္၊ မေရွာင္သာရယ္ပဲ ဒီနားမွာ ရွိေတာ့ တာေပါ့။ အရင္ဦးဆုံး ေလဈာန္ပ်ံသြားတဲ့ ဦးဇင္းႀကီးကို ထူထူေထာင္ေထာင္ ျဖစ္ေအာင္ ျပဳစုေပးရပါတယ္။ လူကလည္း ငါးေယာက္ေလာက္ပဲ ရွိေနေတာ့ တာပါ။ အျပင္ကို ထြက္က်ေနတဲ့ အေလာင္းေကာင္ႀကီးကို ဖ်ာလိပ္နဲ႔ပတ္ၿပီး ရွိတဲ့လူနဲ႔ပဲ သုသာန္ကို သယ္ယူသြားရတာေပါ့။ အပုပ္နံ႔ေဟာင္ေနတဲ့ သူ႔ရဲ႕ သားေရဖတ္ေတြေတာင္ ကြၽန္ေတာ့္လက္မွာ ကပ္က်န္ခဲ့ပါတယ္။
သုသာန္မွာလည္း လဲၿပိဳထားတဲ့ သစ္ပင္ေတြဟာ ျမင္မေကာင္းပါဘူး။ တြင္းတူးသမားေတြလည္း တစ္ေယာက္မွမရွိေတာ့ပါဘူး။ ေတာ္ေသးတာ ေပါ့။ တြင္းေလးၿပီးေအာင္ တူးထားေပးလို႔။ တြင္းထဲမွာ ေရက ထက္ဝက္

ေလာက္ဝင္ေနပါတယ္။ ကြၽန္ေတာ္တို႔လည္းဘာဘာညာညာစဥ္းစားမေန ေတာ့ပါဘူး။ တြင္းဝမွာ အုပ္ေနတဲ့ သစ္ကိုင္းေတြကို ဆြဲဖယ္ၿပီး အေလာင္း ကို တြင္းထဲပစ္ခ်လိုက္ပါတယ္။ ရသမွ် ေျမႀကီးကို ကုတ္ျခစ္ၿပီးဖို႔ေပမယ့္ လည္းေရေတြမ်ားေနတာမို႔အေလာင္းေကာင္ႀကီးကေပၚတက္လာပါတယ္။ ကြၽန္ေတာ္တို႔လည္း ဒီနားမွာ ၾကာၾကာမေနခ်င္ေတာ့ပါဘူး။ ကိုယ့္အိမ္မွာ ဘာေတြျဖစ္ကုန္ၿပီလဲ။ ေတြးပူေနၾကတာ။ ဒါေၾကာင့္ ဘယ္သူမွ စိတ္မရွည္ ေတာ့ပါဘူး။ အေလာင္းေကာင္ႀကီးကို အေပၚက တုတ္နဲ႔ ထိုးခ်လိုက္၊ သူက ဝုန္းခနဲေပၚလာလိုက္။ အားလုံးလည္း ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနၾကပါၿပီ။ ဒါနဲ႔ မထူးပါဘူးဆိုၿပီး မလွမ္းမကမ္းမွာရွိေနတဲ့ ဂဝံေက်ာက္တုံးႀကီးကို လူ အားနဲ႔ ဝိုင္းလွိမ့္ၿပီး အေလာင္းရဲ႕ ခါးလယ္တည့္တည့္ကို ဖိခ်လိုက္မွပဲ ကိုယ္ ေတာ္ေခ်ာက ၿငိမ္က်သြားေတာ့တယ္။ ေတြ႕သမွ် သစ္ခက္သစ္ကိုင္းေတြနဲ႔ ဖုံးဖိၿပီး ဒီအတိုင္းပဲ ထားခဲ့ရပါတယ္။ ေနာက္ေန႔မွ တစ္မ်ိဳးစီစဥ္ၾကမယ္ေပါ့။
ဒဏ္ရာရထားတဲ့ ဦးဇင္းကို ေက်ာင္းေရာက္ေအာင္ ခက္ခက္ခဲခဲျပန္ ပို႔ၾကရပါတယ္။ ေက်ာင္းေရာက္ေတာ့ေက်ာင္းေပၚတက္ဖို႔မေျပာနဲ႔။ ေက်ာင္း ဝင္းထဲေတာင္ဝင္ဖို႔ မလြယ္ပါဘူး။ ဧရာမဒူးရင္းပင္ႀကီးေတြ လဲၿပိဳက်လို႔ ေက်ာင္းလည္း ျပားခ်ပ္ေနခဲ့ပါၿပီ။ ဒါနဲ႔ ဦးဇင္းကို အဆင္ေျပဆုံး အိမ္တစ္ အိမ္ကိုပို႔ၿပီး အနားေပးရပါတယ္။ ႐ြာလူႀကီး ဦးသက္တင္က ေျပာတယ္။ “အေတာ္ဒုကၡေပးတဲ့အေကာင္ပဲတဲ့”
မုန္တိုင္းေခၚ သိန္းဝင္းတစ္ေယာက္ ဘယ္လိုကံၾကမၼာမ်ိဳးနဲ႔ လူ႔ဘဝကို ေရာက္လာသလဲ မေျပာတတ္ေပမဲ့ အဆိုးကံက သူ႔ကို ခင္တြယ္ေနတာ ေသခ်ာပါတယ္။ အကုသိုလ္ကံ ႀကီးလြန္းသူရဲ႕ပတ္ဝန္းက်င္မွာ အကုသိုလ္ ဂယက္ေတြ႐ိုက္ခတ္ေနတယ္ဆိုတာလက္ေတြ႕ပါပဲ။ ဘုရားရွင္လက္ထက္ ေတာ္ကေလာသကတိႆမေထရ္ဆိုတာ ရွိခဲ့သလို အခုလည္းပဲ မုန္တိုင္း ကိုဒုတိယေလာသကတိႆလို႔တင္စားႏိုင္ပါတယ္။
သူ..လူ႔ေလာကကို စတင္ေျခခ်လာကတည္းက မုန္တိုင္းနဲ႔အတူ ေမြး ဖြားလာခဲ့သူပါ။ ေမြးမိခင္ကိုယ္တိုင္ ဦးေခါင္းကြဲခံရၿပီးမွ သူ႔ကိုေမြးခဲ့ရတယ္။ အင္းဒဝယ္အင္းျဖတ္တံတားႀကီးလည္းအပိုင္းပိုင္းျပတ္ခဲ့ရတယ္။ လူတကာ

ကို ဒုကၡေပးၿပီး ဝင္လာတဲ့သူဟာ အားလုံးကို ဒုကၡေပးၿပီးမွ ထြက္သြားခဲ့ တယ္။ လူစင္စစ္ျဖစ္ပါလ်က္ အကုသိုလ္ကံတရားက သူ႔ကို လူလိုေသခြင့္
မျပဳခဲ့ပါဘူး။
နာဂစ္ဆိုတာမြန္ျပည္နယ္မွာဧရာဝတီတိုင္းလိုေရလႊမ္းမိုးတာ
မခံရပါဘူး။ ျဖစ္ခ်င္ေတာ့ ေရက သူတစ္ေယာက္တည္းကိုပဲေ႐ြးၿပီး တြင္းထဲ ေရာက္တဲ့အထိ လႊမ္းမိုးခဲ့ပါတယ္။
ျမတ္စြာဘုရားသာ သက္ေတာ္ထင္ရွားရွိမယ္ဆိုရင္ေတာ့ အတီေတ ဗရာဏသိယံဆိုတဲ့စကားေတာ္ေတြနဲ႔အတူသိန္းဝင္းရဲ႕ဘဝေဟာင္းက အကုသိုလ္အေပါင္းကို တိတိက်က် သိရမွာပါ။ လူ႔ဘဝထဲကို မုန္တိုင္းနဲ႔ အတူ ဝင္ေရာက္လာတဲ့သူတစ္ေယာက္ မုန္တိုင္းနဲ႔အတူ ျပန္လည္ထြက္ ခြာသြားတာ တိုက္ဆိုင္မႈလား၊ ကံၾကမၼာလားဆိုတာကိုေတာ့ ပရိသတ္ႀကီး ပဲ စဥ္းစားၾကည့္ပါ..။
သိန္းဝင္းဆိုတဲ့မုန္တိုင္းကကြၽန္ေတာ္တို႔ေတာင္စြန္းကႀကိဳးဖုန္းလိုပဲ။ အားလုံးကို အဝင္ေရာ အထြက္ေရာ ဒုကၡေပးခဲ့တာပါ။ အေသအခ်ာေတြး ၾကည့္မယ္ဆိုရင္ေတာ့ သူ႔အျဖစ္အပ်က္က ဘုရားေဟာတာနဲ႔ ကြက္တိပါပဲ။ ဘုရားရွင္က အမိန႔္ရွိခဲ့ပါတယ္။
“ဘဝဆိုတာ ရလာၿပီးရင္ သုခနဲ႔တူတာ ျမဴမႈန္ေလာက္ေတာင္ မရွိပါ ဘူး”တဲ့။
ဘုရားရွင္စကားေတာ္ကို ကြၽန္ေတာ္အပါအဝင္ ကမာၻ႔လူသားေတာ္ ေတာ္မ်ားမ်ား လက္ခံဖို႔ အေတာ္ခဲယဥ္းမွာပါ။ ဘဝကို သုခလို႔ ထင္ၿပီး ကြၽန္ေတာ္တို႔ ဖက္တြယ္ထားၾကတာကိုး။ သိန္းဝင္းလို အဝင္ေရာ အထြက္ ေရာ ဒုကၡေပးတဲ့ေကာင္နဲ႔ေတြ႕မွပဲ…။
ဒီဘက္ေခတ္မွာ ေပါမ်ားလာမယ့္ အဝင္ေရာ အထြက္ေရာ ဒုကၡေပး မည့္ပစၥည္းမ်ားကို အလြန္အမင္း တပ္မက္ျခင္းမွ ကင္းေဝးႏိုင္ၾကပါေစ။
+ သူရိန္စိုး(ဓမၼဒူတ)