“ကဝေပျံထွန်းစံ”(စ/ဆုံး)

Unicode Version

“ကဝေပျံထွန်းစံ”(စ/ဆုံး)
——————————
ဒယ်အိုးကင်းတစ်လုံးကဲ့သို့ချိုင့်ဝင်နေသောရွာတစ်ရွာ။ ရွာပတ်ပတ်လည်တွင်တောင်တန်းများဖုံးလွှမ်းနေပြီး ထိုတောင်ခြေတွင်ရွာကိုတည်ထားခြင်းဖြစ်သည်။ သစ်တောသစ်ပင်များစိမ်းစိုပြီး ချောင်းနှစ်သွယ်ကရွာပတ်ပတ်လည်ကို ကွေ့ဝိုက်၍စီးဆင်းနေသည်။ သစ်ပင်တောတောင်များပတ်လည်ဝန်းရံထားသဖြင့် အအေးဓာတ်ကတခြားဒေသများထက် လွန်ကဲသည်။ ထိုကျေးရွာ၏နာမည်ကား ကုန်းတန်းချိုင့်ကျေးရွာတည်း။
ထိုဒေသရှိလူများကအအေးပိုင်းတွင်ကောင်းစွာဖြစ်ထွန်းသောလက်ဖက်၊လိမ္မော်၊ဂေါ်ရခါး(ဆူကာသီး)၊ကြက်သွန်ဖြူ၊ဂျူးမြစ် စသည်ကိုအဓိကထားစိုက်ပျိုးကြသည်။ သီးခြားတည်ရှိသောရွာလေးဖြစ်သဖြင့် လူသူအရောက်အပေါက်နည်းပါးပြီး ချောင်ကျသည်။ အအေးဓာတ်ကိုခံနိူင်ရည်မရှိသူများအဖို့ မရွေးချယ်သင့်သောနေရာပင်တည်း။
ရွာထဲရှိအကြော်ဆိုင်တွင်စားသုံးသူများဖြင့်စည်ကားနေသည်။ မနက်စာကိုအကြော်ပူပူလေးဖြင့် စားသုံးရသည်မှာအလွန်အရသာရှိလှသဖြင့် ဆိုင်၌ဈေးဝယ်သူရှုပ်နေခြင်းဖြစ်သည်။

” မဒန်း….ကျုပ်ကိုတိုဟူးကြော်တစ်ထောင်ဖိုးပေးဗျ….”

” အေးအေး…တအောင် ခဏတော့စောင့်ရမယ်နော် ဆိုင်မှာလူကျနေတော့ ကျုပ်ကအမှီလုပ်ပေးနေရတာမို့….”

” အေးပါမဒန်းရ…အေးဆေးလုပ်ဘာမှဖြစ်ဘူး….”

မဒန်းဆိုသူကားအသက်၃၀အရွယ်ရှိ အပျိုကြီးမမတစ်ယောက်။ သို့ကြောင့်တအောင်က အပျိုကြီးမဒန်း၏အလှကိုထိုင်ပြီးငေးကာ မှာထားသည်များကိုစိတ်ရှည်ရှည်ထားကာ စောင့်နေခြင်းဖြစ်သည်။

” မဒန်း… မဒန်းရေ…ကျုပ်ကိုတိုဟူးနွေးတစ်ပွဲပေးဟေ့…ဒီမှာဘဲတစ်ခါထဲစားမယ်အေ့….”

” အေးအေးရမယ် မမွှေးစိန်….ခနစောင့်….”

မဒန်းတစ်ယောက်ဈေးဝယ်များမှာထားသည်များကို အမြန်လုပ်ပေးရသဖြင့် ဖြူဖွေးသောပါးနှစ်ဖက်မှာ အပူရှိန်ကြောင့်အနည်းငယ်နီရဲနေပြီး ချွေးသီးချွေးပေါက်များ တွဲလွဲခိုနေ၏။

” မဒန်း…ဟိုကိစ္စသိပြီးပြီးလားအေ့….”

မမွှေးက မှာထားသောတိုဟူးနွေးကိုစောင့်ရင်းဆိုင်ရှင်မဒန်းကိုမေးလိုက်၏။

” ဘာကိစ္စတုံးမမွှေးစိန်ရဲ့ အမြီးမရှိအခေါင်းမရှိနဲ့…..”

” မနွတ်သမီး လမင်းကိစ္စလေဟယ်….”

” အဲကေလးမ ဘာဖြစ်လို့လဲတော့ မမွှေးစိန်ရဲ့….”

” မသိပါဘူးဟယ်…လင်ကောင်မပေါ်ဘဲ ဗိုက်ထွက်နေလို့ဆိုလားဘဲအေ့….”

မမွှေးစိန်ကပါးစပ်ကိုလက်ဖြင့်ကာထားပြီး ရှူးရှူးရဲှရဲှလေသံဖြင့် မဒန်းကိုပြောပြ၏။
ကြားရသောသတင်းကြောင့်မဒန်း မျက်လုံးပြူးသွား၏။

” ဖြစ်နိုင်ပါ့မလားအေ…ကောင်မလေးကအနေအထိုင် သိပ်ပြီးသိုသိုသိပ်သိပ်ရှိပါတယ်….”

” အစကေတာ့ ငါလည်းမယုံဘူးအေ့…အဲဒါနဲ့မနေ့ညက သူတို့အိမ်ကိုသတင်းစနည်းနာရအောင်ဆိုပြီး သွားကြည့်တာ သူ့မအေက မျက်ရည်လေးတစမ်းစမ်းနဲ့ ကျုပ်ကိုပြောပြလာတာအေ့….”

” ဘယ်လိုဖြစ်ရတာလဲအေ…ကျုပ်ဖြင့်ဘယ်လိုမှမယုံနိူင်ဘူး….သူ့ချစ်သူကောင်လေးတွေနဲ့များ ခြေလွန်လက်လွန်ဖြစ်သွားတာများလား….”

” ဟုတ်မှာပေါ့အေ…ခုခေတ်ကလေးတွေက ကြောင်သူတော်ကြွက်သူခိုးတွေအေ့….”

” မဒန်းရေ…ကျုပ်မှာထားတာကြာပြီမရသေးဘူးလားဗျ….”

” လာပြီအေ့…လာပြီ…ကျုပ်ဒီမှာစကားကောင်းနေတာနဲ့မေ့သွားတာ..ဟီး….”

ဈေးဝယ်သူလာမှ မဒန်းတို့စကားစပြတ်သွား၏။

ည၏အမှောင်ထုသည်တဖြည်းဖြည်းကြီးစိုးလာပြီး မဟူရာနတ်သမီး၏ခြုံလွှာမည်းကြီးသည် လောကကိုတဖြည်းဖြည်းလွှမ်းခြုံလာ၏။ တောသူတောင်သားများပီပီ နေ့လည်နေ့ခင်းတွင် တပင်တပန်းအလုပ်လုပ်ကြရပြီး ညတွင်စောစီးစွာအိပ်ယာဝင်အနားယူကြ၏။ အအေးဓာတ်လည်း ယမန်နှစ်ကထက်ပိုလွန်ကဲလာသဖြင့် ပုဇွန်ကွေးကွေးလေးအိပ်ပြီး အချမ်းဓာတ်ကိုအံတုနေရ၏။
သန်းခေါင်ယံအချိန်၌ လောကကိုအလင်းပေးနေသော လကွေးကွေးလေးသည် တိမ်မဲကြီးတစ်ခုကြောင့် ဝေဝါးပျောက်ကွယ်သွား၏။

” က်လိ….က်လိ….က်လိ….”

ညပိုးကောင်တို့်၏ အော်သံကညည့်ယံကိုပို၍ အသက်ဝင်စေသည်။ အောက်လင်းမီးအိမ်အရောင်ဖျော့ဖျော့လေးထွန်းထားသော
အိမ်ခန်းထဲတွင် မိန်းကလေးတစ်ယောက်သည် အပြစ်ကင်းစင်စွာအိပ်မောကျနေ၏။ ထိုစဉ်အငွေ့ပမာပျော့ပျောင်းသောအရာတစ်ခုသည် အိပ်ခန်း၏ကန့်လန့်ထိုးထားသောတံခါးပေါက်အား အခက်အခဲမရှိ ဖြတ်ကျော်လာပြီး အိပ်ယာထက်၌အိပ်ပျော်နေသောမိန်းကလေးငယ်အား အေသြးအသားယူကာ ဝါးမျိုသွားတော့သည်။ ကာယကံရှင်မိန်းကလေးငယ်ကား အိပ်မက်လိုလိုတကယ်လိုလိုဖြင့် ကာမမိစ္ဆာ၏ညွှတ်ချွေခြင်းကို ခံလိုက်ရချေပြီ။

နေသူရိန်နတ်မင်းကြီးသည် အရှေ့အရပ်မှသူ့တာဝန်ကိုထမ်းဆောင်ရန် တောင်တန်းများကို တဖြည်းဖြည်းဖြတ်ကျော်ပြီး လောကကိုအနွေးဓာတ်ပေးနေသည်။ မနက်နေရောင်ကိုမြင်ရသည်နှင့် ကုန်းတန်းချိုင့် ရွာသူရွာသားများသည် လုပ်ငန်းဆောင်တာများဝင်ရန် အသုံးအဆောင်ကရိယာများကိုပြင်ဆင်နေကြသည်။

” သမီး….မပြီးသေးဘူးလားကွဲ့…နေမြင့်နေပြီ….”

ဒေါ်နန်းနွတ်ကသမီးဖြစ်သူကိုခေါ်ရင်း အလုပ်သွားရန်ထမင်းထုပ်ပြင်ဆင်နေ၏။ လမင်းကား လင်ကောင်မပေါ်ဘဲဗိုက်ထွက်လာသည့်ကိစ္စကြောင့် အရှက်ဗြန်းဗြန်းကွဲကာအိမ်ထဲမှအိမ်ပြင်မထွက်တော့ချေ။ ဒေါ်နန်းနွတ်ကသမီးဖြစ်သူကြောင့်အရှက်ကွဲရသော်လည်း လက်ညိုး၌ပေနေသောမစင်သည် ဓားနဲ့ပိုင်းဖြတ်၍မရသကဲ့သို့ ကိုယ့်သွေးသားအရင်းကို အရှက်ရစေ၍ဆိုပြီး စွန့်ပစ်၍မရနိူင်ချေ။ သို့ကြောင့်သမီး၏မိုက်ပြစ်များကိုမျက်လုံးစုံမှိတ်ကာ နားလည်ခွင့်လွှတ်ပေးခဲ့ရသည်။

” အီးဟီး…ဟီး…ဟင့်…ဟင့်….ငါ့ကြောင့်ငါမိဘတွေက လူတွေရဲ့တံတွေးခွက်ထဲပက်လက်မျောရတယ်…အားလုံးရဲ့ရှောင်ဖယ်ခြင်းတွေခံရတယ်….ငါကလူ့လောကမှာမရှိသင့်တဲ့မိန်းမဘဲ …..”

လှမင်းကထိုသို့တွေးပြီး တရှုံ့ရှုံ့ငိုနေ၏။ မိမိကိုယ်တိုင်ပင်ထိုကိုယ်ဝန်ကို ဘယ်လိုရလာမှန်းမသိချေ။ သူ့အကြောင်းကိုသူသာအသိဆုံးပင်မဟုတ်ပါလား။ သို့ကြောင့်စိတ်ကိုရဲရဲပိုင်းဖြတ်ကာ အခန်းထဲရှိထုတ်တန်းပေါ်တွဲလွဲချည်ထားသောကြိုးအား လည်ပင်းကိုရစ်ပတ်ကာ သေကြောင်းကြံတော့သည်။
ဤလုပ်ရပ်သည် သူ့အတွက်လွတ်မြောက်ခြင်းဖြစ်သကဲ့သို့ သူ့မိဘအတွက်လည်းအရှက်မရစေတော့မည့်အလုပ်ဖြစ်သည်ဟုတွေးပြီး ဘဝကိုအရှုံးပေးလိုက်လေသည်။

ဒေါ်နန်းနွတ်သည် သမီးဖြစ်သူလမင်းကိုအောက်ထပ်ကနေ၍စောင့်ရင်း ဆင်းမလာသဖြင့် အပေါ်ထပ်သို့တက်သွားခဲ့သည်။

” ဒေါက်….ဒေါက်…ဒေါက်…”

” ဟဲ့သမီး…လမင်း….အလုပ်သွားမယ်လေဟဲ့….တံခါးဖွင့်ပြီးထွက်လာခဲ့….ဒီလိုမျိုးအိမ်တွင်းအောင်းနေလို့လဲ ဘာမှထူးခြားမလာပါဘူး….လူတိုင်းအမှားမကင်းနိူင်ကြပါဘူး…ကဲ့ရဲ့ခုနှစ်ရက် ချီးမွမ်းခုနှစ်ရက်တဲ့….ပတ်ဝန်းကျင်ကသူ့ဘာသူပါးစပ်ပိတ်သွားလိမ့်မယ်….ထွက်ခဲ့ အလုပ်သွားရအောင်….”

အထဲမှကန့်လန့်ချထားသောအခန်းတံခါးကို ဒေါ်နန်းနွတ်က တဒေါက်ဒေါက်ခေါက်ပြီးပြောနေ၏။ သို့သော်အထဲဖက်တွင်ကား အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေ၏။

” ဒေါက်…ဒေါက်….ဒေါက်….သမီး….လမင်းလေး….အမေခေါ်နေတယ်လေ…သမီးနေမကောင်းဘူးလား…တံခါးဖွင့်ပါအုံး
….”

” ဘုန်း….ဘုန်း…ဘုန်း….”

ဒေါ်နန်းနွတ်ကတံခါးကိုလက်ဖြင့်အဆက်မပြတ်ထု၏။ သို့သော်အထဲဖက်ကတုန့်ပြန်သံမကြားရသဖြင့် သမီးဖြစ်သူကိုစိတ်ပူသွား၏။

” သမီး…သမီးလေး…တံခါးဖွင့်ပါဆို…မကြားဘူးလား….သမီးလေးရေ….”

” ဘုန်း…ဘုန်း….ဘုန်း….”

” အေမ…ညီမလေးဘာဖြစ်လို့လဲ…”

အပြင်မှပြန်လာသောသားဖြစ်သူက မေးလိုက်ခြင်းဖြစ်၏။

” မသိဘူးသားကြီး….သမီးလေးကိုခေါ်နေတာဘာမှပြန်မပြောလို့….”

” အေမ….ညီမလေးတစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်….မျဖစ္ဘူး….ညီမေလး…ညီမေလး… ”

” ဘုန်း…ဘုန်း…ဘုန်း….”

” သား….တံခါးဖျက်ဖို့ တစ္ခုခုသြားယူခဲ့….ဒီတိုင်းဆိုသမီးလေး တစ်ခုခုဖြစ်ပြီထင်တယ်….”

သားအမိနှစ်ယောက်သမီးဖြစ်သူကိုစိတ်ပူသွားပြီး သားကြီးကအောက်ထပ်မှ ရဲဒင်းကိုယူလာပြီးအခန်းတံခါးကိုဖျက်ပစ်လိုက်၏။

” ဒုတ်….ဒုတ်….ဒုတ်….”

” ဝုန်း…..”

” သမီး….သမီးလေး….ဟင့်ဟင့်ဟင့်….ဂစ်…ဂစ်…”

တံခါးရွက်ကအနောက်သို့လှန်သွားသည်နဲ့ အိပ်ယာထက်တွင်တွဲလောင်းဖြစ်နေသောသမီးငယ်ကိုတွေ့လိုက်ရ၏။

” ညီမေလး…ညီမေလး….”

” အေမ…အေမရေ…အားတင်းထားပါဦး….”

သမီးဖြစ်သူ၏အဖြစ်ဆိုးကိုမြင်သွားပြီး ဒေါ်နန်းနွတ်မှာသွေးတက်ကာ ကြမ်းပြင်ပေါ်၌လဲှကျသွားတော့သည်။ ကိုအောင်ဇော်ကား ညီမလေးဖြစ်သူကိုလည်းပူရ၊မိခင်ဖြစ်သူကိုလည်းပူရဖြင့် သောကပင်လယ်ဝေနေတော့သည်။

သာယာသောမနက်ခင်းတစ်ခု၌ ကုန်းတန်းချိုင့်ရွာသူရွာသားတို့သည် မျက်နှာများညိုးငယ်စွာဖြင့် အဖြစ်ဆိုးလှသောဒေါ်နန်းနွတ်တို့သားအမိ၏ အသုဘပွဲကိုလာရောက်ကြသည်။

” အမြဲတစေအေးချမ်းသာယာနေတဲ့ဒို့ရွာကို နတ်ဘုရားကဘာလို့ခုလိုဒဏ်ခတ်ရတာလဲ….”

” ဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူးကွာ…ရွာလယ်က မစန်းရီသမီးလည်းတနေ့ကအိပ်မက်လိုလိုတကယ်လိုလို အပျိုရည်ဖျက်ခံရတယ်ဆိုဘဲ….အဲကိစ္စကြောင့်ဘဲကလေးမလေးက စိတ်ထိခိုက်နေရှာတယ်….”

” ဟေ…ဘယ္လိုဘယ္လို….အိပ္မက္လိုလိုတကယ္လိုလို အပျိုရည်ဖျက်ဆီးခံရတယ်….ထူးဆန်းလှချေလား….”

” အဲဒီကေလးမ မနက်အိပ်ယာနိူးလာတော့ အဝတ်အစားတွေကိုယ်နဲ့မကပ်တော့ဘူးတဲ့ဗျ….ဒီကိစ္စပေါ့ပေါ့တန်တန်တွေးလို့မဖြစ်ဘူး….ခုလမင်းလည်း လင်ကောင်မပေါ်ဘဲ ဗိုက်ထွက်လို့ လောကကိုအရှုံးပေးသွားပြီ…ခုနောက်ထပ်တစ်ယောက်လည်း ထိုနည်းလည်းကောင်းဖြစ်ပြန်ပြီ…”

အသုဘအိမ်ရှိလူကြီးများက သာမန်မဟုတ်သောဖြစ်ရပ်ဆန်းအားပြောဆိုနေကြခြင်းဖြစ်၏။

” ဟုတ်မဟုတ်အတတ်သိရအောင် သမီးပျိုတွေရှိတဲ့အိမ်မှာ အဖေ၊အစ်ကိုဖြစ်တဲ့ယောကျာ်းသားတွေ သေချာစောင့်ကြည့်ကြ…တစ်ခုခုထူးရင်တော့ ဘာလုပ်ရမယ်အဖြေရှာကြတာပေါ့….”

” အဲလို့်စောင့်ပေးတာတော့ဟုတ်ပြီ…ပိုပြီးထိရောက်မှုရှိအောင် ရွာပတ်ပတ်လည်ကိုလည်း ကင်းတဲချထားရင်ပိုမကောင်းဘူးလား…..”

” အေးအဲဒါလည်းကောင်းတာဘဲ….ဒါဆိုအသုဘမြေချပြီးတာနဲ့ ဒီကိစ္စကိုအကောင်အထည်ဖော်ကြမယ်….”

ဒေါ်နန်းနွတ်တို့သားအမိအလောင်းမြေချပြီးသည်နှင့် အသုဘအိမ်တွင်အစောင့်အနည်းသယ်ချန်ပြီး ကျန်ယောကျာ်းသားများက ကင်းတဲတွင်အလှည့်ကျကင်းစောင့်၏။ သမီးပျိုရှိသောအိမ်များရှိယောကျာ်းသားများကမူ မိမိတို့၏သမီးပျိုကိုသေချာစောင့်ရှောက်ပေးနေကြ၏။

ညည့်အမှောင်ထုသည်တဖြည်းဖြည်း နက်သထက္နက္လာ၏။ ထို့အတူအချမ်းဓာတ်သည်လည်း အေးသထက်အေးလာ၏။ ရွာတောင်ဘက်ကင်းတွင်တာဝန်ကျသော ကာလသားမောင်အေးပိုက စောင်ကြားကြီးကိုပတ်ရင်း ဖိုထားသောမီးပုံထဲသို့ထင်းများထပ်ထည့်နေ၏။

” ကိုစံပမထင်မိဘူးလား ….ဒီညကပိုပြီးအအေးဓာတ်လွန်ကဲနေသလိုဘဲဗျနော်….”

” ဟုတ္တယ္ကြ….ညည့်နက်လာလေပိုအေးလာလေဘဲ….ဒါနဲ့ခုထိဘာမှထူးခြားမလာသေးပါလား….”

” ဟုတ်တယ်ဟ…လူတိုင်းထင်နေကြသလို လူတစ်ယောက်ယောက်ကတို့ရွာရဲ့သမီးပျိုကို ချွေခဲ့သည်ထားဦး…အဲလူကဘယ်လောက်များအစွမ်းအစရှိလို့ အိမ်ထဲကိုအခက်အခဲမရှိ ဝင်လာနိူင်ရတာလဲဗျ….”

” ငါလည်းမသိဘူးလေဒါတော့….ထင်နေကြသလိုဟုတ်ချင်မှလည်းဟုတ်မှာပေါ့…အအေးဓာတ်ကပိုလာပြီ…နွေးသွားအောင်တစ်ခွက်တစ်ဖလားတော့ သောက်မှရမယ်….”

ဆိုပြီး ကိုစံပက ယူလာသောအရက်ပုလင်းကိုလှမ်းယူကာ တကျိုက်မော့လိုက်၏။

” ဖလပ်… ဖလပ်….ဖလပ်….”

” အာ့….အာ့…အာ့….”

ထိုစဉ်တောဘက်မှကျီးကန်းသုံးကောင်သည် ညာသံပေးပြီး ရွာထဲသို့ဝဲပျံလာ၏။

” ဖျော….ဖျော…ဖျော….”

” ဂီး….ဂစ်…ဂစ်….”

လေလည်းတိုက်ခတ်လာပြီး သုဿာန်ဘက်မှငှက်ဆိုးတစ်ကောင်လည်း ရွာအထက်သို့ပျံဝဲတက်သွား၏။

” ဝါး….အိပ်ချင်လိုက်တာကွာ….အေးပို…မင်းကြည့်ကြည့်စမ်း…စောနကပျောက်တိပျောက်ကျားဖြစ်နေတဲ့ကြယ်တွေခုတစ်ပွင့်မှမရှိတော့ဘူး….တိမ်မဲကြီးဖုံးသွားပြီ….ပြီးတော့လေလည်းတဟူးဟူးတိုက်လာပုံထောက်ရင် မိုးရွာတော့မယ်ထင်တယ်ကွ…”

” အေးဟုတ်တယ်ဟ…ဝါး….နွေးလာလို့လားမသိဘူး အိပ်ချင်လိုက်တာမျက်လုံးတောင်ဖွင့်လို့မရတော့ဘူးကွာ….”

ကင်းသမားများမှာတဝါးဝါးသမ်းပြီး အိပ်ပျော်သွားကြတော့သည်။ ထိုအခါရွာအထက်၌ဝဲပျံနေသောကျီးကန်းသုံးကောင်သည် မြေပြင်သို့သက်ဆင်းလာပြီး ကျီးကန်းသုံးကောင်မှလူမိန်းမသုံးယောက်အသွင်ဖြစ်သွား၏။ ထို့နောက် ထဘီရင်ရှားထားသောမိန်းမကြီးသုံးဦးသည် မြေပြင်ပေါ်သို့ဒူးထောက်ထိုင်ချလိုက်ပြီး တစ်ခုခုကိုဦးညွှတ်ထား၏။ ထိုစဉ်ကောင်းကင်မှ တိမ်မဲကြီးသည်အလယ်ချမ်းတည့်တည့်မှတံခါးပေါက်ကြီးကဲ့သို့ ပွင့်အာလာပြီးထိုအထဲမှစိမ်းရွှေရောင်တောက်နေသောအလင်းတန်းနှင့်အတူလူတစ်ယောက်က မြေပေါ်သို့သက်ဆင်းလာ၏။

” ဟားဟားဟား….မင်းတို့သိပ်တော်ကြတယ်ရှင်မတို့….ငါ့ရဲ့ကျင့်စဉ်တွေပြီးမြှောက်အောင်မြင်သွားရင် မင်းတို့ကိုငါပညာစဉ်ချီးမြှင့်ပေးမယ်…ဟားဟားဟား….”

” ကျေးဇူးကြီးလှပါတယ်အရှင်….”

တစ်ခေါင်းလုံးဆံပင်ဖြူဖွေးနေသောလူကြီး၏စကားကို ဒူးထောက်လျှက်ခစားနေသော မိန်မကြီးသုံးယောက်က ပြိုင်တူပြန်လည်ဖြေကြားလိုက်၏။ ခေါင်းဖြူကြီးသည် ထိုသို့ပြောပြီး ရွာထဲသို့ဝင်သွားကာမိန်းမပျိုရှိသောအိမ်ကိုဦးတည်လိုက်၏။ ရွာသူရွာသားများသာမက ကင်းသမားများပါ တခူးခူးအိပ်မောကျနေ၏။

ထိုသို့အိပ်မောကျစေရန်ကျီးကန်းမသုံးကောင်က ရွာအထက်ပတ်ပြီး စက်ဖြန့်ကာအိပ်မွေ့ချထားခြင်းကြောင့်ဖြစ်၏။ ထိုည၌လည်း ရွာထဲရှိအပြစ်မဲ့သမီးပျိုသည် ကာမမိစ္ဆာ၏ချွေယူခြင်းကိုခံလိုက်ရ၏။

ဆိုခဲ့သောအလားတူကိစ္စရပ်များဖြစ်သွားခဲ့ပြီးနောက် ရွာထဲမှသမီးပျိုရှိသောမိဘတို့သည် မိမိတို့၏သမီးပျိုများအား တခြားရွာသို့တိတ်တဆိတ်သွားရောက်ထားကြတော့၏။ သို့သော်ဖြစ်ရပ်ဆန်းကြီးကား ရပ်မသွားခဲ့ချေ။ တခြားရွာသို့ရောက်သွားသောသမီးပျိုသည် ဆွဲငင်အားတစ်ခုကြောင့်
မိမိနေအိမ်သို့ပြန်လာခဲ့ကြရသည်။

အေးချမ်းသာခဲ့သောရွာလေးသည် ပူပင်သောကပင်လယ်ဝေခဲ့ရ၏။ ဦးမောင်တိုးသည် သရက်ပင်အောက်ရှိကွပ်ပျစ်ပေါ်တွင်ထိုင်ရင်း အခေါင်းပျဉ်ပြားတစ်ခုကိုစပ်နေသည်။

” ဒုတ်…ဒုတ်…ဒုတ်….”

” အေဖ….သမီးဒီအခေါင်းထဲနေရင် သမီးအသက်ရှုကြပ်ပြီးသေသွားမှာပေါ့….”

အခေါင်းပျဉ်ရိုက်နေသောဖခင်ကိုသမီးငယ်က အခါးရည်ခွက်ကမ်းပေးရင်း စကားပြောဆိုနေ၏။

” သမီးရယ်….အေဖ သမီးကိုကယ်နိုင်မဲ့နည်းတွေအကုန်စဉ်းစားပြီးပြီ….ဒီနည်းတစ်ခုထဲကသာ အဖေ့သမီးကိုကာမမိစ္ဆာရဲ့လက်ကကယ်နိူင်မှာ… ”

” သူကသမီးတို့ဆီရောက်လာနိူင်မယ်လို့အဖေထင်လား….”

” အိုသမီးရယ်….ခုဆိုရွာထဲကသမီးပျိုတွေတခြားရွာကိုပြောင်းပြေးကြကုန်ပြီလေ….အဖေတိုမှာပြောင်းစရာနေရာမှမရှိတာ…ဒီတော့ ကာမမိစ္ဆာက သမီးဆီမရောက်လာနိူင်ဘူးလို့မဆိုသာဘူးလေကွယ်….သမီးစိတ္ခ်ပါ…ဒီအခေါင်းမှာ အဖေကလေဝင်ပေါက်လည်းလုပ်ထားပေးမှာ… သမီးဘာမှမဖြစ်စေရဘူး….”

ဦးလေးကြီး၏အတွေးမှာသမီးပျိုအား ကာမမိစ္ဆာရန်မှကာကွယ်ရန် သမီးပျိုကိုအခေါင်းထဲထည့်ပြီး မြေအောက်တွင်မြုပ်ထားမည်ဖြစ်သည်။ ဤနည်းဖြင့် သမီးပျိုအား ကာကွယ်နိူင်မည်ဟု တွက်ဆထားဟန်ရှိသည်။

မောင်ရေခဲတို့လည်းထိုရွာထဲဝင်လာရင်း သစ်ပင်အောက်ရှိသားအဖနှစ်ယောက်ကိုတွေ့ပြီး မေးစမ်းရန်အထဲသို့ဝင်လာသည်။

” အဖိုး…ဒီရွာကကုန်းတန်းချိုင့်ရွာ ဟုတ်သလားဗ်….”

စကားကောင်းနေကြသောသားအဖနှစ်ယောက်က မောင်ရေခဲ၏အမေးကြောင့်သတိဝင်လာဟန်တူသည်။ ထိုအခါမှလှည့်ကြည့်ပြီး

” ဟုတ်တယ်မောင်ရင်….ဒါနဲ့မောင်ရင်တို့က….”

” ကျွန်တော်တို့ကခရီးသွားတွေပါဗျာ….ကိစ္စတစ်ခုကြောင့်ဒီရွာရောက်လာခဲ့တာ…ဒါနဲ့အဖိုးက ဘယ်သူအတွက်အခေါင်းပျဉ်စပ်နေတာလဲဗျ….”

ထိုအမေးကြောင့်အဖိုးမှာမျက်နှာကွက်ကနဲပျက်သွား၏။ နံဘေးရှိသမီးပျို၏မျက်နှာလည်း သိသိသာသာညိုးငယ်သွား၏။

” လာလာ….ထိုင်ကြအုံးမောင်ရင်တို့…”

အဖိုးကမောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်အား ကွပ်ပျစ်ပေါ်လာထိုင်ရန်ပြော၏။

” ကဲသမီးလေး ဧည့်သည်တွေအတွက်အခါးရည်အိုးအသစ်ယူလာချေ…မြည်းဖို့ဆတ်သားခြောက်ဖုတ်ပါဆီဆမ်းလာခဲ့နော်….”

” ဟုတ်ကဲ့အဖေ….”

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ကွပ်ပျစ်ပေါ်သို့ထိုင်လိုက်၏။ ခဏအကြာ၌ ဝါးထရံအိမ်ငယ်ထဲမှလုံမပျိုတစ်ယောက်သည် အခါးရည်ဗန်းယူလာပြီးမောင်ရေခဲတို့အားလာရောက်ဧည့်ခံ၏။

” သုံးဆောင်ကြပါအုံးအစ်ကိုတို့….”

” ကျေးဇူးပါနှမငယ်….”

မောင်ထင်ပေါ်က အကြမ်းရည်ကိုအဖိုးနှင့်ဆရာဖြစ်သူအတွက်ငှဲ့ပေးလိုက်၏။ သက်သတ်လွတ်စားကြသူများဖြစ်သဖြင့် အမြည်းကိုကားမတို့မိ။

” မောင်ရင်တို့ဘယ်အရပ်က လာကြသလဲ….”

” ကျွန်တော်တို့လည်းဒီရှမ်းပြည်ထဲကပါဘဲအဖိုး….”

” ဪ…ရှမ်းပြည်သားအချင်းချင်းဘဲကိုး…အေးကွယ်….အဘလည်းလူလေးတို့လို အေးအေးချမ်းချမ်းဖြစ်ချင်ပါဘိ….”

အဖိုးအိုသည် ရိုက်လက်စအခေါင်းပျဉ်ကိုဘေးသို့ချထားလိုက်ပြီး အကြမ်းရည်ပန်းကန်ယူကာတဖူးဖူးမှုတ်သောက်ရင်း မောင်ရေခဲတို့အားမေးမြန်းနေ၏။

” ဘာဖြစ်လို့လဲအဖိုးရဲ့….”

” စောစောကမောင်ရင်မေးတဲ့ အခေါင်းပျဉ်ကဘယ်သူအတွက်လဲဆိုတာကတော့ ဟောဒီကအဖိုးရဲ့သမီးလေးကိုခဏတာလုံခြုံအောင်ထားဖို့ပေါ့ကွယ်….”

” ဗ်ာ….”

အရှင်လတ်လတ်ရှိနေသေးသောလူအတွက်အခေါင်းပျဉ်စပ်ပေးနေသည်ဆိုသောကြောင့် မောင်ရေခဲတို့အံ့ဩသွား၏။

” နှမငယ်က အရှင်လတ်လတ်ရှိနေသေးတယ်လေအဖိုးရဲ့…ဘာလို့သူ့အတွက်အခေါင်းပျဉ်စပ်ရတာလဲ….”

မောင်ရေခဲ၏အမေးကြောင့် အဖိုးသည်ကုန်းတန်းချိုင့်ကျေးရွာရှိ သမီးပျိုများ၏အဖြစ်ဆိုးကိုပြောပြလိုက်၏။

” သိပ်ရက်စက်တဲ့လူပါလားဗျာ….သူ့ရဲ့တက်လမ်းအတွက်အပြစ်မဲ့သမီးပျိုတွေစတေးခံရတာဟာ သိပ်ကိုယုတ်ညံ့တဲ့ဖြစ်ရပ်ဘဲ…”

” မောင်ရင်က အဲဒီလူကိုသိသလား…ဒါမှမဟုတ်မြင်ဖူးသလား….”

” မသိမမြင်ဖူးပါဘူးအဖိုး….ဒါပေမဲ့ဒီညတော့ ကျွန်တော်နှင့်သူနဲ့တွေ့ကြပြီပေါ့….”

” လူလေးတို့ကဘယ်သူတွေလဲ…အဖိုးသိခွင့်ရှိမလား….”

” ကျွန်တော်တို့က ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ပေးနေတဲ့လူတွေပါအဖိုး…ကျွန်တော်တို့ကိုခွင့်ပြုပါဦး….ပြီးတော့ရွာထဲကလူတွေအကုန်လုံးကိုဒီညရွာပြင်မထွက်ကြဖို့ပြောပေးပါဦး….”

” ဟုတ်ပြီမောင်ရင်တို့အဖိုးပြောထားလိုက်မယ်….ဒါနဲ့မောင်ရင်တို့ကအဲဒီလူကိုဖမ်းနိူင်ပါ့မလား….သူကြီးကိုအကူအညီတောင်းပြီးကာလသားတွေထည့်ပေးရမလား….”

” သာမာန်ကိစ္စမဟုတ်တဲ့အတွက်သာမန်လူတွေနဲ့မရဘူးအဖိုး….ကျွန်တော်တို့ရအောင်ဖမ်းပေးပါ့မယ်….”

” ကျေးဇူးပါသားတို့ရယ်….ကျေးဇူးပါကွယ်….”

မောင်ရေခဲတို့ဆရာတပည့်လည်းရွာပြင်သို့ထွက်သွားခဲ့ပြီး ရွာစောင့်နတ်အားဆင့်ခေါ်လိုက်၏။

” ဤကုန်းတန်းချိုင့်ရွာကို ကာကွယ်စောင့်ရှောက်နေတဲ့ ရွာစောင့်နတ်ကြီး ကျွန်ုပ်အရှေ့သို့ကိုယ်ထင်ပြပြီး ရောက်လာခဲ့ပေးပါ…..”

မောင်ရေခဲကထိုသို့ဆင့်ခေါ်လိုက်သော်လည်း ရွာစောင့်နတ်မှာပေါ်မလာခဲ့ချေ။

” ဆရာ ကြည့်ရတာရွာစောင့်နတ်မရှိဘူးထင်တယ်…ဒီကောင်ကရွာစောင့်နတ်ပါဖမ်းချုပ်ပြီး ရွာကသမီးပျိုတွေကိုဖျက်ဆီးပစ်တာနေမယ်….”

” ဟုတ်မယ်ထင်ပေါ်….ရွာစောင့်နတ်လည်းမရှိတော့တဲ့အပြင်ရွာစည်းလည်းပေါက်နေပြီ….ဒါမကောင်းဘူး….ရွာသူရွာသားတွေအပေါ် အချိန်မရွေးမကောင်းဆိုးဝါးတွေဒုက္ခပေးနိုင်တယ်….”

” ဒါဆိုဘယ်လိုလုပ်ရမလဲဆရာ….”

” ရော့…ဒီအင်းကိုရွာရဲ့လေးဖက်လေးတန်မှာ မြုပ်ထားလိုက်ပြီးရင်အင်းနိူူးဂါထာကိုနိုးထား….ဒီညလည်းကာမမိစ္ဆာကောင်က ရွာထဲကိုဝင်လာကြဦးမှာ….ဒီအကာအကွယ်ရှိနေရင် သူတို့တွေရွာထဲကိုဝင်လို့မရနိူင်ဘူး….မင်းကရွာကိုကာကွယ်ထား….”

ဆိုပြီး ကြေးပြားပေါ်အင်းကွက်ချထားသော အင်းလေးချပ်အား မောင်ထင်ပေါ်၏လက်ထဲသို့ထည့်ပေးလိုက်၏။

မောင်ရေခဲက တပည့်ဖြစ်သူအားရွာကိုစောင့်ရှောက်ထားခိုင်းခဲ့ပြီး သူကရွာနဲ့အလှမ်းဝေးသည့်နေရာတွင်ရှိနေသော ကိုးမြို့ရှင်နတ်ကွန်းသို့လာခဲ့၏။

” ကိုးမြို့ ကိုးဓား ကိုးဖလားကို အပိုင်စားရတော်မူသောအရှင်ကိုးမြို့ရှင်နတ်မင်းခင်ဗျာ….သည်နေ့ည၌ကျွနု်ပ်သည် ကုန်းတန်းချိုင့်ကျေးရွာရှိသမီးပျိုများကိုညွှတ်ချွေနေသော ကာမမိစ္ဆာကောင်ကဝေပျံအား နိူင်နင်းမည်ဖြစ်ပါသဖြင့် အရှင့်အနေနဲ့ကုန်းတန်းချိုင့်ကျေးရွာကိုစောင့်ရှောက်ပေးထားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ….”

ကိုးမြို့ရှင်နတ်ရုပ်ရှေ့၌ထိုသို့တိုင်တည်ပြီးသည်နှင့် ခပ်ဝေးဝေးအရပ်မှမြင်းဟီသံကိုကြားလိုက်ရ၏။

” ကြီးဟယ်….ဟီး….ဟီး…ဟီး….”

ထိုမြင်းသည်ကား ကိုးမြို့ရှင်နတ်မင်း၏စီးတော်နတ်မြင်းဖြူပင်ဖြစ်ပေသည်။

မောင်ရေခဲသည်ရွာပြင်ဇရပ်၌ တရားထိုင်နေ၏။ နေမင်းကြီးသည်သူ၏တစ်နေ့တာ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီးနောက် အနောက်ဘက်တောင်တန်းကြီးကိုမှေးတင်ကာ အနောက်ဂေါရာကျွန်းဆီသို့တဖြည်းဖြည်းဝင်ရောက်ပျောက်ကွယ်သွားသည်။ မှာထားသည့်အတိုင်းရွာသူရွာသားများလည်း အိမ်သို့စောစီးစွာပြန်လာကြပြီး ချက်ပြုတ်စားသောက်ကာ အိပ်ယာဝင်ခဲ့ကြ၏။

ညည့်သည်နက်သထက်နက်လာခဲ့သည်။ လကွယ်ညဖြစ်သဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောကြယ်များကသာ လောကကိုအလင်းပေးနေ၏။ မဟူရာနတ်သမီး၏ဇာပဝါမည်းမည်းကြီးသည်ကား လောကကိုရစ်ပတ်လွှမ်းခြုံနေ၏။

တောဘက်မှကျီးကန်းမသုံးကောင်သည်ထုံးစံအတိုင်း ယောကျာ်းဖြစ်သူကဝေပျံအတွက်လမ်းရှင်းရန် ရွာထက်သို့ဝဲပျံလာ၏။

” အာ့…အာ့…အာ့….”

” ဂီး….ဖလပ်….ဖလပ်….”

” ဖုန်း….”

” ဝုန်း….”

” ဘုတ်….”

” အာ့…အာ့…အာ့….”

ကျီးကန်းမသုံးကောင်သည် ရွာသူရွာသားများကိုအိမ်မွေ့ချရန် စက်ဖြန့်ထုတ်လိုက်သည်နှင့် မမြင်ရသောတွန်းကန်အားတစ်ခုကြောင့် စက်များပြတ်ထွက်သွားပြီး ဖုန်းခနဲဝုန်းခနဲအသံမြည်ကာ မြေပေါ်ပြုတ်ကျကုန်၏။

” အား….ကျွတ်…ကျွတ်…ကျွတ်…. ”

” အား…သေပါပြီတော်….”

” ဘယ်သူဒေါင်းစားက ငါတို့ထက်အရင်ဦးသွားတာလဲ….”

မြေပြင်ပေါ်ကျသွားသည်နှင့် ကျီးကန်းမသုံးကောင်သည် ထဘီရင်ရှားထားသောမိန်းမကြီးသုံးယောက်ဖြစ်သွားပြီး အကျနာသွားသဖြင့် မြေကြီးပေါ်တွန့်လိမ်ကာ စုတ်သတ်နေကြရ၏။

” အရှင်လာရင်ငါတို့တော့ ပညာစဉ်တစ်ဆင့်လျှော့ခြင်းခံရတော့မှာဘဲ ကောင်မတို့ရေ….”

” အေးဟုတ်တယ်ဟဲ့….ရွာထဲရအောင်ဝင်မှရမယ်….”

ထိုသို့ပြောပြီး ပညာသည်ထဘီကိုဆွဲခြုံလိုက်ရာ ကျီးကန်းမပြန်ဖြစ်သွားပြီး အပေါ်သို့ပျံတက်သွား၏။ ကျန်နှစ်ယောက်လည်း ထိုးနည်းလည်းကောင်းပင်။

” အာ့…အာ့…အာ့….”

ကျီးကန်းမသုံးကောင်က ရွာအထက်၌ဖိုခနောက်သဖွယ် နေရာယူလိုက်ကြပြီး နူတ်သီးမှနေ၍ စက်များကိုလွှတ်ကာ ရွာကိုကာထားသောအကာအကွယ်ကိုအတင်းဖျက်ဆီးနေ၏။ သို့သော်အချည်းနည်းပင်တည်း။

” အာ့..အာ…အာ့….”

” ဝွီး….”

” ဘုတ်…ဘုတ်…ဘုတ်….”

” အီး…အား…”

ကျီးကန်းမသုံးကောင်မှာ အင်အားကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့်တဖန်အထိနာစွာပြန်ကျလာ၏။ မိန်းမကြီးသုံးယောက် မြေပြင်ပေါ်လူးလှိမ့်နေကြစဉ် မိုးတိမ်မည်းမည်းများကြားမှ လူတစ်ယောက်ထွက်လာပြီးမြေပြင်သို့သက်ဆင်းလာ၏။ မိန်းမကြီးသုံးယောက်လည်း ထိုလူကိုမြင်လျှင်ကြောက်အားလန့်အားဖြင့် ကုန်းရုန်းထကာ

” အ…အရှင်….”

” ကောင်မတွေ…ဘယ်လိုဖြစ်ကြတာလဲ…ဒဏ်ရာဒဏ်ချက်တွေနဲ့ပါလား…ဟမ်…..ဘယ်လိုဖြစ်ကြရတာလဲပြောပါဦး….”

” ရွာ…ရွာကိုတစ်ယောက်ယောက်က စည်းချထားလိုက်ပြီအရှင်….”

” ဟားဟားဟား….မင်းတို့်သုံးယောက်က ဒီရွာစည်းလေးကိုတောင်ရအောင်မဖျက်နိူင်ကြဘူးလားကောင်မတွေရဲ့…ဟမ်….အသုံးကိုမကျဘူး….”

” ခွင့်…ခွင့်လွှတ်ပါအရှင်… ”

” ဘုန်း….”

” အင့်….”

မိန်းမကြီးတစ်ယောက်ကို ထိုလူကြီးကပိတ်ကန်လိုက်ရာခပ်ဝေးဝေးသို့လွှင့်ထွက်သွား၏။ ကျန်နှစ်ယောက်ကား ခါးညွှတ်ကာမျက်နှာကိုမြေကြီးပေါ်အပ်ထားလိုက်၏။

” ဟားဟားဟား…ဘယ်ကောင်လဲကွ…ငါ့လမ်းကိုကာဆီးကာဆီးလုပ်နေတာ…ထွက်ခဲ့စမ်းအေ့…..တစ်ခါထဲဇီဝိန်ချွေပစ်မဟေ့…..”

ကဝေပျံကြီးက သူ့အလုပ်အားနှောင့်ယှက်နေသည့်သူကိုစိတ်တိုကာကြိမ်းဝါးနေ၏။ ထိုစဉ် သူ၏နားထဲ၌မောင်ရေခဲ၏အမိန့်ဆင့်ခေါ်သံကိုကြားလိုက်ရ၏။

” ဟား….ငါ့ကိုစိန်ခေါ်ရဲသေးတယ်ပေါ့…မျိုးမစစ်လေး…..”

ထိုသို့ပြောပြီး ကောင်းကင်ပေါ်ပျံတက်သွားပြီး မောင်ရေခဲရှိရာရွာပြင်သုဿာန်သို့ လာခဲ့လိုက်၏။

” ဟားဟားဟား….ငါ့ကိုတောင်ပမာမခန့်နဲ့ဆင့်ခေါ်နေလို့ အသက်ကြီးကြီးထင်နေတာ….လက်စသပ်တော့ နိူ့နံ့တောင်မစင်သေးတဲ့ကလေးလေးပါလားကွ…. ဟားဟားဟား….”

ထိုလူကသုဿာန်ထဲခြေချမိသည်နှင့် မောင်ရေခဲကိုကြည့်ကာ ဟားတိုက်ရယ်မောနေ၏။

” ဟင်း….ကိုယ့်မြေးအရွယ်လောက်သမီးပျိုကိုဖျက်လိုဖျက်ဆီးလုပ်နေတဲ့သူက ခင်များကြီးလား….အသက်သာကြီးပြီးအချိန်မစီးတဲ့ လူ့အလကားကောင်ပါလား…..”

” စကားကိုဆင်ဆင်ခြင်ခြင်ပြောကောင်လေး….မင်းငါ့လမ်းကိုဝင်မရှုပ်နဲ့….ငယ်ငယ်ရွယ်ရွယ်နဲ့သေရွာမသွားချင်ရင် လာရာလမ်းအတိုင်းပြန်သွားလိုက်တော့ကောင်လေး….ဒီတစ်ခါတော့ငါမင်းကိုခွင့်လွှတ်လိုက်မယ်….”

” ခင်ဗျားလိုကာမမိစ္ဆာကောင်ကိုငရဲမပို့ရသေးသ၍ ကျုပ်မပြန်ဘူးအဖိုးကြီး….”

” ဟားဟားဟား….ကြိုက်ပြီလေ…ကောင်လေးကောင်လေး….မင်းကငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေတော့လဲငါကမင်းဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့ကွာ….”

ဟုပြောပြီးကဝေပျံကြီးသည် တိုက်နွားနှစ်ကောင်အား အသက်သွင်းကာမောင်ရေခဲရှေ့လွှတ်လိုက်၏။

” ဝပ်ထရိန်း…ဝပ်ထရိန်း….. ”

” ချွင်…ချွင်….ချွင်…..”

မြေကြီးမှာသိမ့်ခနဲပင်တုန်ဟီးသွား၏။ ခဏ၌အမှောင်ထဲမှ နွားသိုးကြီးထက်နှစ်ဆကြီးသော နွားပြာကြီးနှစ်ကောင်သည် ခွာတယှက်ယှက် လုပ်ကာကော့ပြန်ချွန်ထက်နေသောဂျိုဝိုင်းကြီးဖြင့် ပြေးခွေ့၏။ အနောက်၌တစ်ကောင် ဘေး၌တစ်ကောင်ပြေးလာ၏။

” ဟားဟားဟား….ဖေ့သားကြီးတွေ မင်းတို့ရှေ့ကကောင်လေးကို အူထွက်ပြီးစိစိညှက်ညှက်ကြေအောင် ထိုးဝှေ့နင်းချေလိုက်စမ်းအေ့….ဟားဟားဟား ….ကဝေပျံထွန်းစံတဲ့ဟေ့….လာစမ်းတဲ့သူအသေဘဲ….”

ကဝေပျံကြီးက အားရစွာရယ်မောပြောဆိုနေ၏။

တိုက်နွားကြီးနှစ်ကောင်လည်း ချူသံတချွင်ချွင်ဖြင့် မောင်ရေခဲကိုအလွှတ်မပေးတမ်းရန်ထောင်နေ၏။

” ဝပ်ထရိန်း….ဝပ်ထရိန်း….. ”

ခွာဖြင့်မြေကိုယှက်ထုတ်နေ၏။ မောင်ရေခဲလည်း လွယ်အိတ်ထဲရှိမူလပြန်အင်းချပ်ကိုအသက်သွင်းလိုက်ပြီး အနောက်မှနွားသိုးကြီးထံပစ်လိုက်၏။

” ဝပ်ထရိန်း….ဝပ်ထရိန်း…..”

” ဝုန်း…..”

” ဖောင်း….ဖောင်း…..ဖောင်း….”

တိုက်နွားကြီး၏နဖူးအလည်တည့်တည့်လာထိပြီးနွားကြီးမှာအော်သံပေးကာတဖြည်းဖြည်းအရွယ်သေးလာပြီး ရှုံ့နွားရုပ်လေးတစ်ရုပ်ဖြစ်သွား၏။

” ကြီးဟယ်….ဟီး….ဟီး….ဟီး…..”

” တက်ကလုတ်…တက်ကလုတ်…တက်ကလုတ်…..”

ထိုစဉ်သုဿာန်မြေထဲသို့မြင်းဟီသံနှင့်အတူ မြင်းခွာသံတို့ကိုပါတစ်ဆက်တည်းကြားလိုက်ရ၏။ ကဝေပျံကြီးမှာအံ့ဩမှင်သက်နေစဉ် မောင်ရေခဲကိုမာန်မဲနေသောတိုက်နွားကြီးသည် မြင်းဖြူကြီးလာရာရှေ့သို့်ပိတ်ရပ်လိုက်၏။

” ကြီးဟယ်….ဟီး…ဟီး…ဟီး….”

” ဝပ်ထရိန်း….ဝပ်ထရိန်း….”

လေအဟုန်၏မြန်ဆန်ချက်ကြောင့်တဒင်ကအတွင်းမှာပင်တိုက်နွားကြီးသည်မြင်းခွာအောက်သို့်ရောက်သွားပြီး မြေမှုန့်များအဖြစ်ဘဝပြောင်းသွားတော့၏။

” ဟာ….မဖြစ်နိူင်ဘူး….ဒင်းကများငါ့ရဲ့တိုက်နွားကိုဖျက်ဆီးရဲတယ်ပေါ့….သေစမ်း….ရော့ကွာ….”

” ဝုန်း…..”

” အာ့…..”

ကဝေပျံကြီး၏အားပြင်းသည့်ကဝေစက်ကြောင့်ကိုးမြို့ရှင်မှာအနောက်သို့လွှင့်ထွက်သွား၏။

” ကဲကောင်လေးမင်းအလှည့်လာပြီ….မင်းကစစ်ကူခေါ်ချင်သေးတယ်ပေါ့ဟုတ်လား….ရော့….”

” ဝုန်း….”

” ဖုန်း….”

ကဝေပျံကြီးကကောင်းကင်ပေါ်ပျံတက်ကာ
စက်တန်းအနီကြီးအားမောင်ရေခဲထံပစ်လိုက်၏။ မောင်ရေခဲလည်း ပြန်လည်ကာထားလိုက်ရာ စက်များပြတ်ထွက်သွားပြီး ဝုန်းဟူသောအသံကြီးမြည်သွား၏။

” ကောင်မတွေ ငါ့အရှေ့အမြန်ရောက်လာခဲ့ကြစမ်းဟေ့….”

ကဝေပျံကြီးက ကျီးကန်းမသုံးကောင်အားခေါ်လိုက်၏။ ခဏအကြာ၌ကျီးကန်းသုံးကောင်ကသုဿာန်ထက်ဝဲပျံလာ၏။

” အာ့…အာ့…အာ့….”

” မင်းတို့ကိုငါပညာစဉ်ချီးမြှင့်မယ်…မင်းတို့ရှေ့ကအကောင်ကိုအသေသတ်လိုက်ကြစမ်း….”

ဟုပြောပြီး အစိမ်းရင့််ရောင်စက်တန်းသုံးခုအား လေပေါ်ဝဲပျံနေသောကျီးကန်းသုံးကောင်ထံပစ်လိုက်၏။

” အာ….အာ့…အာ့….”

ထိုစဉ်ကျီးကန်းသုံးကောင်သည် လဒ(ဠင်းတ)သုံးကောင်ဖြစ်သွားပြီး မောင်ရေခဲထံစင်တန်းများတရစပ်ပစ်ချလိုက်၏။ မောင်ရေခဲလည်း ၁၆ကွက်အင်းဖြင့်ကာထားလိုက်ရာ စက်နှင့်အင်းတို့ထိမှန်သွားပြီး ဝုန်းခနဲဖုန်းခနဲမြည်သွား၏။ ထို့အတူလဒ(ဠင်းတ)မသုံးကောင်လည်း စက်ရှိန်ကြောင့်မြေပြင်ပေါ်တဘုတ်ဘုတ်ကျသွားတော့၏။

” ဘုတ်…ဘုတ်…ဘုတ်….”

” အား….သေပါပြီ….”

ထိုမြင်ကွင်းကြောင့် ကဝေပျံကြီးမှာဒေါသအမျက်ချောင်းချောင်းထွက်သွားတော့၏။

” ဟင်း….မင်းသိပ်စွမ်းနေတယ်လို့ထင်နေသလားကောင်လေး…ငါ့မယားသုံးယောက်ကိုဘဲနိူင်မယ်…ငါ့ကိုတော့နင်မနိူင်ဘူးဟေ့….ရော့သေစမ်း….”

ဆိုပြီးကဝေမီးတောက်စက်ကိုမောင်ရေခဲထံပစ်လွှတ်လိုက်၏။ မောင်ရေခဲလည်း ကဝေပျံကြီးအားဖမ်းချုပ်ရန်ကဝေထောင်ချောက်အင်းကိုအသက်သွင်းပြီး ပစ်လိုက်၏။

” ဝုန်း….”

” ဘုန်း….”

” အား……မင်း…မင်း….”

ကဝေထောင်ချောက်အင်းမှာအသက်ဝင်သွားပြီး ကဝေပျံထွန်းစံအားတင်းကြပ်စွာချုပ်နှောင်ထားတော့၏။ မောင်ရေခဲကိုအထင်သေးခဲ့မိသောကဝေပျံကြီးကား နောင်တများစွာဖြင့် မရှုမလှသေဆုံးရတော့မည်။

” ကိုယ့်မြေးအရွယ်မိန်းမပျိုတွေကိုဖျက်ဆီးနေတဲ့ ခင်းဗျားလိုလူက လောကမှာရှိမနေသင့်ဘူး….သင့်လုပ်ရပ်အတိုင်း မဟာအဝီစိငရဲမွာ အပြစ်သွားဆပ်ချေတော့….”

မောင်ရေခဲထိုသို့ပြောလိုက်သည်နှင့် ကဝေပျံကြီး၏ဘေးပတ်ပတ်လည်တွင် အလျံှညီးသည့်ငရဲမီးများတောက်လောင်သွားပြီး ခဏ၌ကဝေပျံကြီးမျာပြာမှုန့်ဖြစ်သွားတော့၏။ လဒမကြီးသုံးကောင်မှာလည်း ကဝေပျံကြီးနှင့်အတူအပြစ်ခံယူရန်ငရဲသို့လိုက်သွားခဲ့တော့၏။
မောင်ရေခဲလည်းကိုးမြို့ရှင်နတ်ကိုပြန်ပို့ပေးလိုက်ပြီး ရွာထဲသို့ပြန်ဝင်လာချိန်တွင် အာရုဏ်တက်နေပြီဖြစ်၏။

” ဆရာ ကဝေပျံကြီးကိုသက်ဆိုင်တဲ့နေရာပို့ပေးလိုက်ပြီလား…”

” ဟုတ်တယ်ထင်ပေါ်….ကဝေပျံကြီးလည်းမရှိတော့ဘူးဆိုတော့ သူချုပ်ထားတဲ့ရွာစောင့်နတ်ကို ပြန်ခေါ်ရမယ်….”

ဟုပြောပြီး ရွာစောင့်နတ်ကွန်းရှိရာ သို့လာကာရွာစောင့််နတ်ကိုပြန်ခေါ်လိုက်၏။

” ရွာစောင့်နတ်ကြီး…. သင့်နေရာသင်ပြန်လာနိူင်ပြီ….ဒါကြောင့်ပြန်လာပြီးရွာသူရွာသားတွေကိုစောင့်ရှောက်ပေးပါ….”

မောင်ရေခဲထိုသို့ပြောလိုက်သည်နှင့် တောင်ဝှေးတစ်ချောင်းထောက်ထားသောအဖိုးအိုတစ်ယောက်သည် မောင်ရေခဲတို့ရှေ့သို့ပေါ်လာခဲ့၏။

” ကျေးဇူးတင်ပါတယ်ဆရာလေးတို့….အဖိုးနှင့်အဖိုးရဲ့ရွာကိုကယ်တင်ပေးလို့…အဲဒီကဝေပျံကြီးကိုအဖိုးအနေနဲ့ဘယ်လိုမှမနိူင်လို့ အချုပ်ခံလိုက်ရတာပါ….”

” ရပါတယ်အဖိုးရဲ့…အဖိုးလည်းတတ်နိူင်သလောက်ရွာကိုကာကွယ်ခဲ့တာဘဲ….”

မောင်ရေခဲတို့လည်း ရွာစောင့်နတ်ကိုနေရာပြန်ချပေးခဲ့ပြီး ကုန်းတန်းချိုင့်ကျေးရွာမှထွက်ခွာသွားခဲ့တော့သတည်း။…..။

( အာပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လုပ်ငန်းကိုင်ငန်းများအဆင်ပြေချောမွေ့ကြပါစေသောဝ်)

# ပြီး

Zawgyi Version

“ကေဝပ်ံထြန္းစံ”(စ/ဆံုး)
——————————
ဒယ္အိုးကင္းတစ္လံုးကဲ့သို႔ခ်ိဳင့္ဝင္ေနေသာရြာတစ္ရြာ။ ရြာပတ္ပတ္လည္တြင္ေတာင္တန္းမ်ားဖံုးလႊမ္းေနၿပီး ထိုေတာင္ေျခတြင္ရြာကိုတည္ထားျခင္းျဖစ္သည္။ သစ္ေတာသစ္ပင္မ်ားစိမ္းစိုၿပီး ေခ်ာင္းႏွစ္သြယ္ကရြာပတ္ပတ္လည္ကို ေကြ႔ဝိုက္၍စီးဆင္းေနသည္။ သစ္ပင္ေတာေတာင္မ်ားပတ္လည္ဝန္းရံထားသျဖင့္ အေအးဓာတ္ကတျခားေဒသမ်ားထက္ လြန္ကဲသည္။ ထိုေက်းရြာ၏နာမည္ကား ကုန္းတန္းခ်ိဳင့္ေက်းရြာတည္း။
ထိုေဒသ႐ွိလူမ်ားကအေအးပိုင္းတြင္ေကာင္းစြာျဖစ္ထြန္းေသာလက္ဖက္၊လိေမၼာ္၊ေဂၚရခါး(ဆူကာသီး)၊ၾကက္သြန္ျဖဴ၊ဂ်ဴးျမစ္ စသည္ကိုအဓိကထားစိုက္ပ်ိဳးၾကသည္။ သီးျခားတည္႐ွိေသာရြာေလးျဖစ္သျဖင့္ လူသူအေရာက္အေပါက္နည္းပါးၿပီး ေခ်ာင္က်သည္။ အေအးဓာတ္ကိုခံႏိူင္ရည္မ႐ွိသူမ်ားအဖို႔ မေရြးခ်ယ္သင့္ေသာေနရာပင္တည္း။
ရြာထဲ႐ွိအေၾကာ္ဆိုင္တြင္စားသံုးသူမ်ားျဖင့္စည္ကားေနသည္။ မနက္စာကိုအေၾကာ္ပူပူေလးျဖင့္ စားသံုးရသည္မွာအလြန္အရသာ႐ွိလွသျဖင့္ ဆိုင္၌ေစ်းဝယ္သူ႐ႈပ္ေနျခင္းျဖစ္သည္။

” မဒန္း….က်ဳပ္ကိုတိုဟူးေၾကာ္တစ္ေထာင္ဖိုးေပးဗ်….”

” ေအးေအး…တေအာင္ ခဏေတာ့ေစာင့္ရမယ္ေနာ္ ဆိုင္မွာလူက်ေနေတာ့ က်ဳပ္ကအမွီလုပ္ေပးေနရတာမို႔….”

” ေအးပါမဒန္းရ…ေအးေဆးလုပ္ဘာမွျဖစ္ဘူး….”

မဒန္းဆိုသူကားအသက္၃၀အရြယ္႐ွိ အပ်ိဳႀကီးမမတစ္ေယာက္။ သို႔ေၾကာင့္တေအာင္က အပ်ိဳႀကီးမဒန္း၏အလွကိုထိုင္ၿပီးေငးကာ မွာထားသည္မ်ားကိုစိတ္႐ွည္႐ွည္ထားကာ ေစာင့္ေနျခင္းျဖစ္သည္။

” မဒန္း… မဒန္းေရ…က်ဳပ္ကိုတိုဟူးေႏြးတစ္ပဲြေပးေဟ့…ဒီမွာဘဲတစ္ခါထဲစားမယ္ေအ့….”

” ေအးေအးရမယ္ မေမႊးစိန္….ခနေစာင့္….”

မဒန္းတစ္ေယာက္ေစ်းဝယ္မ်ားမွာထားသည္မ်ားကို အျမန္လုပ္ေပးရသျဖင့္ ျဖဴေဖြးေသာပါးႏွစ္ဖက္မွာ အပူ႐ွိန္ေၾကာင့္အနည္းငယ္နီရဲေနၿပီး ေခြၽးသီးေခြၽးေပါက္မ်ား တဲြလဲြခိုေန၏။

” မဒန္း…ဟိုကိစၥသိၿပီးၿပီးလားေအ့….”

မေမႊးက မွာထားေသာတိုဟူးေႏြးကိုေစာင့္ရင္းဆိုင္႐ွင္မဒန္းကိုေမးလိုက္၏။

” ဘာကိစၥတံုးမေမႊးစိန္ရဲ႕ အၿမီးမ႐ွိအေခါင္းမ႐ွိနဲ႔…..”

” မႏြတ္သမီး လမင္းကိစၥေလဟယ္….”

” အဲေကလးမ ဘာျဖစ္လို႔လဲေတာ့ မေမႊးစိန္ရဲ႕….”

” မသိပါဘူးဟယ္…လင္ေကာင္မေပၚဘဲ ဗိုက္ထြက္ေနလို႔ဆိုလားဘဲေအ့….”

မေမႊးစိန္ကပါးစပ္ကိုလက္ျဖင့္ကာထားၿပီး ႐ွဴး႐ွဴးရဲွရဲွေလသံျဖင့္ မဒန္းကိုေျပာျပ၏။
ၾကားရေသာသတင္းေၾကာင့္မဒန္း မ်က္လံုးျပဴးသြား၏။

” ျဖစ္ႏိုင္ပါ့မလားေအ…ေကာင္မေလးကအေနအထိုင္ သိပ္ၿပီးသိုသိုသိပ္သိပ္႐ွိပါတယ္….”

” အစေကတာ့ ငါလည္းမယံုဘူးေအ့…အဲဒါနဲ႔မေန႔ညက သူတို႔အိမ္ကိုသတင္းစနည္းနာရေအာင္ဆိုႁပီး သြားၾကည့္တာ သူ႔မေအက မ်က္ရည္ေလးတစမ္းစမ္းနဲ႔ က်ဳပ္ကိုေျပာျပလာတာေအ့….”

” ဘယ္လိုျဖစ္ရတာလဲေအ…က်ဳပ္ျဖင့္ဘယ္လိုမွမယံုႏိူင္ဘူး….သူ႔ခ်စ္သူေကာင္ေလးေတြနဲ႔မ်ား ေျခလြန္လက္လြန္ျဖစ္သြားတာမ်ားလား….”

” ဟုတ္မွာေပါ့ေအ…ခုေခတ္ကေလးေတြက ေၾကာင္သူေတာ္ႂကြက္သူခိုးေတြေအ့….”

” မဒန္းေရ…က်ဳပ္မွာထားတာၾကာၿပီမရေသးဘူးလားဗ်….”

” လာၿပီေအ့…လာၿပီ…က်ဳပ္ဒီမွာစကားေကာင္းေနတာနဲ႔ေမ့သြားတာ..ဟီး….”

ေစ်းဝယ္သူလာမွ မဒန္းတို႔စကားစျပတ္သြား၏။

ည၏အေမွာင္ထုသည္တျဖည္းျဖည္းႀကီးစိုးလာၿပီး မဟူရာနတ္သမီး၏ျခံဳလႊာမည္းႀကီးသည္ ေလာကကိုတျဖည္းျဖည္းလႊမ္းျခံဳလာ၏။ ေတာသူေတာင္သားမ်ားပီပီ ေန႔လည္ေန႔ခင္းတြင္ တပင္တပန္းအလုပ္လုပ္ၾကရၿပီး ညတြင္ေစာစီးစြာအိပ္ယာဝင္အနားယူၾက၏။ အေအးဓာတ္လည္း ယမန္ႏွစ္ကထက္ပိုလြန္ကဲလာသျဖင့္ ပုဇြန္ေကြးေကြးေလးအိပ္ၿပီး အခ်မ္းဓာတ္ကိုအံတုေနရ၏။
သန္းေခါင္ယံအခ်ိန္၌ ေလာကကိုအလင္းေပးေနေသာ လေကြးေကြးေလးသည္ တိမ္မဲႀကီးတစ္ခုေၾကာင့္ ေဝဝါးေပ်ာက္ကြယ္သြား၏။

” က္လိ….က္လိ….က္လိ….”

ညပိုးေကာင္တို္႔၏ ေအာ္သံကညည့္ယံကိုပို၍ အသက္ဝင္ေစသည္။ ေအာက္လင္းမီးအိမ္အေရာင္ေဖ်ာ့ေဖ်ာ့ေလးထြန္းထားေသာ
အိမ္ခန္းထဲတြင္ မိန္းကေလးတစ္ေယာက္သည္ အျပစ္ကင္းစင္စြာအိပ္ေမာက်ေန၏။ ထိုစဥ္အေငြ႔ပမာေပ်ာ့ေပ်ာင္းေသာအရာတစ္ခုသည္ အိပ္ခန္း၏ကန္႔လန္႔ထိုးထားေသာတံခါးေပါက္အား အခက္အခဲမ႐ွိ ျဖတ္ေက်ာ္လာၿပီး အိပ္ယာထက္၌အိပ္ေပ်ာ္ေနေသာမိန္းကေလးငယ္အား ေအၾသးအသားယူကာ ဝါးမ်ိဳသြားေတာ့သည္။ ကာယကံ႐ွင္မိန္းကေလးငယ္ကား အိပ္မက္လိုလိုတကယ္လိုလိုျဖင့္ ကာမမိစၦာ၏ၫႊတ္ေခြၽျခင္းကို ခံလိုက္ရေခ်ၿပီ။

ေနသူရိန္နတ္မင္းႀကီးသည္ အေ႐ွ႕အရပ္မွသူ႔တာဝန္ကိုထမ္းေဆာင္ရန္ ေတာင္တန္းမ်ားကို တျဖည္းျဖည္းျဖတ္ေက်ာ္ၿပီး ေလာကကိုအေႏြးဓာတ္ေပးေနသည္။ မနက္ေနေရာင္ကိုျမင္ရသည္ႏွင့္ ကုန္းတန္းခ်ိဳင့္ ရြာသူရြာသားမ်ားသည္ လုပ္ငန္းေဆာင္တာမ်ားဝင္ရန္ အသံုးအေဆာင္ကရိယာမ်ားကိုျပင္ဆင္ေနၾကသည္။

” သမီး….မၿပီးေသးဘူးလားကဲြ႔…ေနျမင့္ေနၿပီ….”

ေဒၚနန္းႏြတ္ကသမီးျဖစ္သူကိုေခၚရင္း အလုပ္သြားရန္ထမင္းထုပ္ျပင္ဆင္ေန၏။ လမင္းကား လင္ေကာင္မေပၚဘဲဗိုက္ထြက္လာသည့္ကိစၥေၾကာင့္ အ႐ွက္ျဗန္းျဗန္းကဲြကာအိမ္ထဲမွအိမ္ျပင္မထြက္ေတာ့ေခ်။ ေဒၚနန္းႏြတ္ကသမီးျဖစ္သူေၾကာင့္အ႐ွက္ကဲြရေသာ္လည္း လက္ညိဳး၌ေပေနေသာမစင္သည္ ဓားနဲ႔ပိုင္းျဖတ္၍မရသကဲ့သို႔ ကိုယ့္ေသြးသားအရင္းကို အ႐ွက္ရေစ၍ဆိုၿပီး စြန္႔ပစ္၍မရႏိူင္ေခ်။ သို႔ေၾကာင့္သမီး၏မိုက္ျပစ္မ်ားကိုမ်က္လံုးစံုမွိတ္ကာ နားလည္ခြင့္လႊတ္ေပးခဲ့ရသည္။

” အီးဟီး…ဟီး…ဟင့္…ဟင့္….ငါ့ေၾကာင့္ငါမိဘေတြက လူေတြရဲ႕တံေတြးခြက္ထဲပက္လက္ေမ်ာရတယ္…အားလံုးရဲ႕ေ႐ွာင္ဖယ္ျခင္းေတြခံရတယ္….ငါကလူ႔ေလာကမွာမ႐ွိသင့္တဲ့မိန္းမဘဲ …..”

လွမင္းကထိုသို႔ေတြးၿပီး တ႐ွံု႔႐ွံု႔ငိုေန၏။ မိမိကိုယ္တိုင္ပင္ထိုကိုယ္ဝန္ကို ဘယ္လိုရလာမွန္းမသိေခ်။ သူ႔အေၾကာင္းကိုသူသာအသိဆံုးပင္မဟုတ္ပါလား။ သို႔ေၾကာင့္စိတ္ကိုရဲရဲပိုင္းျဖတ္ကာ အခန္းထဲ႐ွိထုတ္တန္းေပၚတဲြလဲြခ်ည္ထားေသာႀကိဳးအား လည္ပင္းကိုရစ္ပတ္ကာ ေသေၾကာင္းၾကံေတာ့သည္။
ဤလုပ္ရပ္သည္ သူ႔အတြက္လြတ္ေျမာက္ျခင္းျဖစ္သကဲ့သို႔ သူ႔မိဘအတြက္လည္းအ႐ွက္မရေစေတာ့မည့္အလုပ္ျဖစ္သည္ဟုေတြးၿပီး ဘဝကိုအ႐ွံုးေပးလိုက္ေလသည္။

ေဒၚနန္းႏြတ္သည္ သမီးျဖစ္သူလမင္းကိုေအာက္ထပ္ကေန၍ေစာင့္ရင္း ဆင္းမလာသျဖင့္ အေပၚထပ္သို႔တက္သြားခဲ့သည္။

” ေဒါက္….ေဒါက္…ေဒါက္…”

” ဟဲ့သမီး…လမင္း….အလုပ္သြားမယ္ေလဟဲ့….တံခါးဖြင့္ၿပီးထြက္လာခဲ့….ဒီလိုမ်ိဳးအိမ္တြင္းေအာင္းေနလို႔လဲ ဘာမွထူးျခားမလာပါဘူး….လူတိုင္းအမွားမကင္းႏိူင္ၾကပါဘူး…ကဲ့ရဲ႕ခုႏွစ္ရက္ ခ်ီးမြမ္းခုႏွစ္ရက္တဲ့….ပတ္ဝန္းက်င္ကသူ႔ဘာသူပါးစပ္ပိတ္သြားလိမ့္မယ္….ထြက္ခဲ့ အလုပ္သြားရေအာင္….”

အထဲမွကန္႔လန္႔ခ်ထားေသာအခန္းတံခါးကို ေဒၚနန္းႏြတ္က တေဒါက္ေဒါက္ေခါက္ၿပီးေျပာေန၏။ သို႔ေသာ္အထဲဖက္တြင္ကား အပ္က်သံပင္မၾကားရေလာက္ေအာင္တိတ္ဆိတ္ၿငိမ္သက္ေန၏။

” ေဒါက္…ေဒါက္….ေဒါက္….သမီး….လမင္းေလး….အေမေခၚေနတယ္ေလ…သမီးေနမေကာင္းဘူးလား…တံခါးဖြင့္ပါအုံုး
….”

” ဘုန္း….ဘုန္း…ဘုန္း….”

ေဒၚနန္းႏြတ္ကတံခါးကိုလက္ျဖင့္အဆက္မျပတ္ထု၏။ သို႔ေသာ္အထဲဖက္ကတုန္႔ျပန္သံမၾကားရသျဖင့္ သမီးျဖစ္သူကိုစိတ္ပူသြား၏။

” သမီး…သမီးေလး…တံခါးဖြင့္ပါဆို…မၾကားဘူးလား….သမီးေလးေရ….”

” ဘုန္း…ဘုန္း….ဘုန္း….”

” ေအမ…ညီမေလးဘာျဖစ္လို႔လဲ…”

အျပင္မွျပန္လာေသာသားျဖစ္သူက ေမးလိုက္ျခင္းျဖစ္၏။

” မသိဘူးသားႀကီး….သမီးေလးကိုေခၚေနတာဘာမွျပန္မေျပာလို႔….”

” ေအမ….ညီမေလးတစ္ခုခုျဖစ္ေနတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္….မ်ဖစၻဴး….ညီေမလး…ညီေမလး… ”

” ဘုန္း…ဘုန္း…ဘုန္း….”

” သား….တံခါးဖ်က္ဖို႔ တစၡဳခုၾသားယူခဲ့….ဒီတိုင္းဆိုသမီးေလး တစ္ခုခုျဖစ္ၿပီထင္တယ္….”

သားအမိႏွစ္ေယာက္သမီးျဖစ္သူကိုစိတ္ပူသြားၿပီး သားႀကီးကေအာက္ထပ္မွ ရဲဒင္းကိုယူလာၿပီးအခန္းတံခါးကိုဖ်က္ပစ္လိုက္၏။

” ဒုတ္….ဒုတ္….ဒုတ္….”

” ဝုန္း…..”

” သမီး….သမီးေလး….ဟင့္ဟင့္ဟင့္….ဂစ္…ဂစ္…”

တံခါးရြက္ကအေနာက္သို႔လွန္သြားသည္နဲ႔ အိပ္ယာထက္တြင္တဲြေလာင္းျဖစ္ေနေသာသမီးငယ္ကိုေတြ႔လိုက္ရ၏။

” ညီေမလး…ညီေမလး….”

” ေအမ…ေအမေရ…အားတင္းထားပါဦး….”

သမီးျဖစ္သူ၏အျဖစ္ဆိုးကိုျမင္သြားၿပီး ေဒၚနန္းႏြတ္မွာေသြးတက္ကာ ၾကမ္းျပင္ေပၚ၌လဲွက်သြားေတာ့သည္။ ကိုေအာင္ေဇာ္ကား ညီမေလးျဖစ္သူကိုလည္းပူရ၊မိခင္ျဖစ္သူကိုလည္းပူရျဖင့္ ေသာကပင္လယ္ေဝေနေတာ့သည္။

သာယာေသာမနက္ခင္းတစ္ခု၌ ကုန္းတန္းခ်ိဳင့္ရြာသူရြာသားတို႔သည္ မ်က္ႏွာမ်ားညိဳးငယ္စြာျဖင့္ အျဖစ္ဆိုးလွေသာေဒၚနန္းႏြတ္တို႔သားအမိ၏ အသုဘပဲြကိုလာေရာက္ၾကသည္။

” အျမဲတေစေအးခ်မ္းသာယာေနတဲ့ဒို႔ရြာကို နတ္ဘုရားကဘာလို႔ခုလိုဒဏ္ခတ္ရတာလဲ….”

” ဘာေတြျဖစ္ကုန္ၿပီလဲမသိပါဘူးကြာ…ရြာလယ္က မစန္းရီသမီးလည္းတေန႔ကအိပ္မက္လိုလိုတကယ္လိုလို အပ်ိဳရည္ဖ်က္ခံရတယ္ဆိုဘဲ….အဲကိစၥေၾကာင့္ဘဲကေလးမေလးက စိတ္ထိခိုက္ေန႐ွာတယ္….”

” ေဟ…ဘယႅိုဘယႅို….အိပၼကႅိုလိုတကယႅိုလို အပ်ိဳရည္ဖ်က္ဆီးခံရတယ္….ထူးဆန္းလွေခ်လား….”

” အဲဒီေကလးမ မနက္အိပ္ယာႏိူးလာေတာ့ အဝတ္အစားေတြကိုယ္နဲ႔မကပ္ေတာ့ဘူးတဲ့ဗ်….ဒီကိစၥေပါ့ေပါ့တန္တန္ေတြးလို႔မျဖစ္ဘူး….ခုလမင္းလည္း လင္ေကာင္မေပၚဘဲ ဗိုက္ထြက္လို႔ ေလာကကိုအ႐ွံုးေပးသြားၿပီ…ခုေနာက္ထပ္တစ္ေယာက္လည္း ထိုနည္းလည္းေကာင္းျဖစ္ျပန္ၿပီ…”

အသုဘအိမ္႐ွိလူႀကီးမ်ားက သာမန္မဟုတ္ေသာျဖစ္ရပ္ဆန္းအားေျပာဆိုေနၾကျခင္းျဖစ္၏။

” ဟုတ္မဟုတ္အတတ္သိရေအာင္ သမီးပ်ိဳေတြ႐ွိတဲ့အိမ္မွာ အေဖ၊အစ္ကိုျဖစ္တဲ့ေယာက်ာ္းသားေတြ ေသခ်ာေစာင့္ၾကည့္ၾက…တစ္ခုခုထူးရင္ေတာ့ ဘာလုပ္ရမယ္အေျဖ႐ွာၾကတာေပါ့….”

” အဲလို္႔ေစာင့္ေပးတာေတာ့ဟုတ္ၿပီ…ပိုၿပီးထိေရာက္မႈ႐ွိေအာင္ ရြာပတ္ပတ္လည္ကိုလည္း ကင္းတဲခ်ထားရင္ပိုမေကာင္းဘူးလား…..”

” ေအးအဲဒါလည္းေကာင္းတာဘဲ….ဒါဆိုအသုဘေျမခ်ၿပီးတာနဲ႔ ဒီကိစၥကိုအေကာင္အထည္ေဖာ္ၾကမယ္….”

ေဒၚနန္းႏြတ္တို႔သားအမိအေလာင္းေျမခ်ၿပီးသည္ႏွင့္ အသုဘအိမ္တြင္အေစာင့္အနည္းသယ္ခ်န္ၿပီး က်န္ေယာက်ာ္းသားမ်ားက ကင္းတဲတြင္အလွည့္က်ကင္းေစာင့္၏။ သမီးပ်ိဳ႐ွိေသာအိမ္မ်ား႐ွိေယာက်ာ္းသားမ်ားကမူ မိမိတို႔၏သမီးပ်ိဳကိုေသခ်ာေစာင့္ေ႐ွာက္ေပးေနၾက၏။

ညည့္အေမွာင္ထုသည္တျဖည္းျဖည္း နက္သထကၷကႅာ၏။ ထို႔အတူအခ်မ္းဓာတ္သည္လည္း ေအးသထက္ေအးလာ၏။ ရြာေတာင္ဘက္ကင္းတြင္တာဝန္က်ေသာ ကာလသားေမာင္ေအးပိုက ေစာင္ၾကားႀကီးကိုပတ္ရင္း ဖိုထားေသာမီးပံုထဲသို႔ထင္းမ်ားထပ္ထည့္ေန၏။

” ကိုစံပမထင္မိဘူးလား ….ဒီညကပိုၿပီးအေအးဓာတ္လြန္ကဲေနသလိုဘဲဗ်ေနာ္….”

” ဟုတၱၾယၠ….ညည့္နက္လာေလပိုေအးလာေလဘဲ….ဒါနဲ႔ခုထိဘာမွထူးျခားမလာေသးပါလား….”

” ဟုတ္တယ္ဟ…လူတိုင္းထင္ေနၾကသလို လူတစ္ေယာက္ေယာက္ကတို႔ရြာရဲ႕သမီးပ်ိဳကို ေခြၽခဲ့သည္ထားဦး…အဲလူကဘယ္ေလာက္မ်ားအစြမ္းအစ႐ွိလို႔ အိမ္ထဲကိုအခက္အခဲမ႐ွိ ဝင္လာႏိူင္ရတာလဲဗ်….”

” ငါလည္းမသိဘူးေလဒါေတာ့….ထင္ေနၾကသလိုဟုတ္ခ်င္မွလည္းဟုတ္မွာေပါ့…အေအးဓာတ္ကပိုလာၿပီ…ေႏြးသြားေအာင္တစ္ခြက္တစ္ဖလားေတာ့ ေသာက္မွရမယ္….”

ဆိုၿပီး ကိုစံပက ယူလာေသာအရက္ပုလင္းကိုလွမ္းယူကာ တက်ိဳက္ေမာ့လိုက္၏။

” ဖလပ္… ဖလပ္….ဖလပ္….”

” အာ့….အာ့…အာ့….”

ထိုစဥ္ေတာဘက္မွက်ီးကန္းသံုးေကာင္သည္ ညာသံေပးၿပီး ရြာထဲသို႔ဝဲပ်ံလာ၏။

” ေဖ်ာ….ေဖ်ာ…ေဖ်ာ….”

” ဂီး….ဂစ္…ဂစ္….”

ေလလည္းတိုက္ခတ္လာၿပီး သုႆာန္ဘက္မွငွက္ဆိုးတစ္ေကာင္လည္း ရြာအထက္သို႔ပ်ံဝဲတက္သြား၏။

” ဝါး….အိပ္ခ်င္လိုက္တာကြာ….ေအးပို…မင္းၾကည့္ၾကည့္စမ္း…ေစာနကေပ်ာက္တိေပ်ာက္က်ားျဖစ္ေနတဲ့ၾကယ္ေတြခုတစ္ပြင့္မွမ႐ွိေတာ့ဘူး….တိမ္မဲႀကီးဖံုးသြားၿပီ….ၿပီးေတာ့ေလလည္းတဟူးဟူးတိုက္လာပံုေထာက္ရင္ မိုးရြာေတာ့မယ္ထင္တယ္ကြ…”

” ေအးဟုတ္တယ္ဟ…ဝါး….ေႏြးလာလို႔လားမသိဘူး အိပ္ခ်င္လိုက္တာမ်က္လံုးေတာင္ဖြင့္လို႔မရေတာ့ဘူးကြာ….”

ကင္းသမားမ်ားမွာတဝါးဝါးသမ္းၿပီး အိပ္ေပ်ာ္သြားၾကေတာ့သည္။ ထိုအခါရြာအထက္၌ဝဲပ်ံေနေသာက်ီးကန္းသံုးေကာင္သည္ ေျမျပင္သို႔သက္ဆင္းလာၿပီး က်ီးကန္းသံုးေကာင္မွလူမိန္းမသံုးေယာက္အသြင္ျဖစ္သြား၏။ ထို႔ေနာက္ ထဘီရင္႐ွားထားေသာမိန္းမႀကီးသံုးဦးသည္ ေျမျပင္ေပၚသိုု႔ဒူးေထာက္ထိုင္ခ်လိုက္ၿပီး တစ္ခုခုကိုဦးၫႊတ္ထား၏။ ထိုစဥ္ေကာင္းကင္မွ တိမ္မဲႀကီးသည္အလယ္ခ်မ္းတည့္တည့္မွတံခါးေပါက္ႀကီးကဲ့သို႔ ပြင့္အာလာၿပီးထုိအထဲမွစိမ္းေရႊေရာင္ေတာက္ေနေသာအလင္းတန္းႏွင့္အတူလူတစ္ေယာက္က ေျမေပၚသို႔သက္ဆင္းလာ၏။

” ဟားဟားဟား….မင္းတို႔သိပ္ေတာ္ၾကတယ္႐ွင္မတို႔….ငါ့ရဲ႕က်င့္စဥ္ေတြၿပီးေျမႇာက္ေအာင္ျမင္သြားရင္ မင္းတို႔ကိုငါပညာစဥ္ခ်ီးျမႇင့္ေပးမယ္…ဟားဟားဟား….”

” ေက်းဇူးႀကီးလွပါတယ္အ႐ွင္….”

တစ္ေခါင္းလံုးဆံပင္ျဖဴေဖြးေနေသာလူႀကီး၏စကားကို ဒူးေထာက္လ်ွက္ခစားေနေသာ မိန္မႀကီးသံုးေယာက္က ၿပိဳင္တူျပန္လည္ေျဖၾကားလိုက္၏။ ေခါင္းျဖဴႀကီးသည္ ထိုသို႔ေျပာၿပီး ရြာထဲသို႔ဝင္သြားကာမိန္းမပ်ိဳ႐ွိေသာအိမ္ကိုဦးတည္လိုက္၏။ ရြာသူရြာသားမ်ားသာမက ကင္းသမားမ်ားပါ တခူးခူးအိပ္ေမာက်ေန၏။

ထိုသို႔အိပ္ေမာက်ေစရန္က်ီးကန္းမသံုးေကာင္က ရြာအထက္ပတ္ၿပီး စက္ျဖန္႔ကာအိပ္ေမြ႔ခ်ထားျခင္းေၾကာင့္ျဖစ္၏။ ထိုည၌လည္း ရြာထဲ႐ွိအျပစ္မဲ့သမီးပ်ိဳသည္ ကာမမိစၦာ၏ေခြၽယူျခင္းကိုခံလိုက္ရ၏။

ဆိုခဲ့ေသာအလားတူကိစၥရပ္မ်ားျဖစ္သြားခဲ့ၿပီးေနာက္ ရြာထဲမွသမီးပ်ိဳ႐ွိေသာမိဘတို႔သည္ မိမိတို႔၏သမီးပ်ိဳမ်ားအား တျခားရြာသို႔တိတ္တဆိတ္သြားေရာက္ထားၾကေတာ့၏။ သို႔ေသာ္ျဖစ္ရပ္ဆန္းႀကီးကား ရပ္မသြားခဲ့ေခ်။ တျခားရြာသို႔ေရာက္သြားေသာသမီးပ်ိဳသည္ ဆဲြငင္အားတစ္ခုေၾကာင့္
မိမိေနအိမ္သို႔ျပန္လာခဲ့ၾကရသည္။

ေအးခ်မ္းသာခဲ့ေသာရြာေလးသည္ ပူပင္ေသာကပင္လယ္ေဝခဲ့ရ၏။ ဦးေမာင္တိုးသည္ သရက္ပင္ေအာက္႐ွိကြပ္ပ်စ္ေပၚတြင္ထိုင္ရင္း အေခါင္းပ်ဥ္ျပားတစ္ခုကိုစပ္ေနသည္။

” ဒုတ္…ဒုတ္…ဒုတ္….”

” ေအဖ….သမီးဒီအေခါင္းထဲေနရင္ သမီးအသက္႐ႈၾကပ္ၿပီးေသသြားမွာေပါ့….”

အေခါင္းပ်ဥ္႐ိုက္ေနေသာဖခင္ကိုသမီးငယ္က အခါးရည္ခြက္ကမ္းေပးရင္း စကားေျပာဆိုေန၏။

” သမီးရယ္….ေအဖ သမီးကိုကယ္ႏိုင္မဲ့နည္းေတြအကုန္စဥ္းစားၿပီးၿပီ….ဒီနည္းတစ္ခုထဲကသာ အေဖ့သမီးကိုကာမမိစၦာရဲ႕လက္ကကယ္ႏိူင္မွာ… ”

” သူကသမီးတို႔ဆီေရာက္လာႏိူင္မယ္လို႔အေဖထင္လား….”

” အိုသမီးရယ္….ခုဆိုရြာထဲကသမီးပ်ိဳေတြတျခားရြာကိုေျပာင္းေျပးၾကကုန္ၿပီေလ….အေဖတို္မွာေျပာင္းစရာေနရာမွမ႐ွိတာ…ဒီေတာ့ ကာမမိစၦာက သမီးဆီမေရာက္လာႏိူင္ဘူးလို႔မဆိုသာဘူးေလကြယ္….သမီးစိတၡ္ပါ…ဒီအေခါင္းမွာ အေဖကေလဝင္ေပါက္လည္းလုပ္ထားေပးမွာ… သမီးဘာမွမျဖစ္ေစရဘူး….”

ဦးေလးႀကီး၏အေတြးမွာသမီးပ်ိဳအား ကာမမိစၦာရန္မွကာကြယ္ရန္ သမီးပ်ိဳကိုအေခါင္းထဲထည့္ၿပီး ေျမေအာက္တြင္ျမဳပ္ထားမည္ျဖစ္သည္။ ဤနည္းျဖင့္ သမီးပ်ိဳအား ကာကြယ္ႏိူင္မည္ဟု တြက္ဆထားဟန္႐ွိသည္။

ေမာင္ေရခဲတို႔လည္းထိုရြာထဲဝင္လာရင္း သစ္ပင္ေအာက္႐ွိသားအဖႏွစ္ေယာက္ကိုေတြ႔ၿပီး ေမးစမ္းရန္အထဲသို႔ဝင္လာသည္။

” အဖိုး…ဒီရြာကကုန္းတန္းခ်ိဳင့္ရြာ ဟုတ္သလားဗ္….”

စကားေကာင္းေနၾကေသာသားအဖႏွစ္ေယာက္က ေမာင္ေရခဲ၏အေမးေၾကာင့္သတိဝင္လာဟန္တူသည္။ ထိုအခါမွလွည့္ၾကည့္ၿပီး

” ဟုတ္တယ္ေမာင္ရင္….ဒါနဲ႔ေမာင္ရင္တို႔က….”

” ကြၽန္ေတာ္တို႔ကခရီးသြားေတြပါဗ်ာ….ကိစၥတစ္ခုေၾကာင့္ဒီရြာေရာက္လာခဲ့တာ…ဒါနဲ႔အဖိုးက ဘယ္သူအတြက္အေခါင္းပ်ဥ္စပ္ေနတာလဲဗ်….”

ထိုအေမးေၾကာင့္အဖိုးမွာမ်က္ႏွာကြက္ကနဲပ်က္သြား၏။ နံေဘး႐ွိသမီးပ်ိဳ၏မ်က္ႏွာလည္း သိသိသာသာညိဳးငယ္သြား၏။

” လာလာ….ထိုင္ၾကအံုးေမာင္ရင္တို႔…”

အဖိုးကေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္အား ကြပ္ပ်စ္ေပၚလာထိုင္ရန္ေျပာ၏။

” ကဲသမီးေလး ဧည့္သည္ေတြအတြက္အခါးရည္အိုးအသစ္ယူလာေခ်…ျမည္းဖို႔ဆတ္သားေျခာက္ဖုတ္ပါဆီဆမ္းလာခဲ့ေနာ္….”

” ဟုတ္ကဲ့အေဖ….”

ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း ကြပ္ပ်စ္ေပၚသို႔ထိုင္လိုက္၏။ ခဏအၾကာ၌ ဝါးထရံအိမ္ငယ္ထဲမွလံုမပ်ိဳတစ္ေယာက္သည္ အခါးရည္ဗန္းယူလာၿပီးေမာင္ေရခဲတို႔အားလာေရာက္ဧည့္ခံ၏။

” သံုးေဆာင္ၾကပါအံုးအစ္ကိုတို႔….”

” ေက်းဇူးပါႏွမငယ္….”

ေမာင္ထင္ေပၚက အၾကမ္းရည္ကိုအဖိုးႏွင့္ဆရာျဖစ္သူအတြက္ငွဲ႔ေပးလိုက္၏။ သက္သတ္လြတ္စားၾကသူမ်ားျဖစ္သျဖင့္ အျမည္းကိုကားမတို႔မိ။

” ေမာင္ရင္တို႔ဘယ္အရပ္က လာၾကသလဲ….”

” ကြၽန္ေတာ္တို႔လည္းဒီ႐ွမ္းျပည္ထဲကပါဘဲအဖိုး….”

” ဪ…႐ွမ္းျပည္သားအခ်င္းခ်င္းဘဲကိုး…ေအးကြယ္….အဘလည္းလူေလးတို႔လို ေအးေအးခ်မ္းခ်မ္းျဖစ္ခ်င္ပါဘိ….”

အဖိုးအိုသည္ ႐ိုက္လက္စအေခါင္းပ်ဥ္ကိုေဘးသို႔ခ်ထားလိုက္ၿပီး အၾကမ္းရည္ပန္းကန္ယူကာတဖူးဖူးမႈတ္ေသာက္ရင္း ေမာင္ေရခဲတို႔အားေမးျမန္းေန၏။

” ဘာျဖစ္လို႔လဲအဖိုးရဲ႕….”

” ေစာေစာကေမာင္ရင္ေမးတဲ့ အေခါင္းပ်ဥ္ကဘယ္သူအတြက္လဲဆိုတာကေတာ့ ေဟာဒီကအဖိုးရဲ႕သမီးေလးကိုခဏတာလံုျခံဳေအာင္ထားဖို႔ေပါ့ကြယ္….”

” ဗ္ာ….”

အ႐ွင္လတ္လတ္႐ွိေနေသးေသာလူအတြက္အေခါင္းပ်ဥ္စပ္ေပးေနသည္ဆိုေသာေၾကာင့္ ေမာင္ေရခဲတို႔အံ့ဩသြား၏။

” ႏွမငယ္က အ႐ွင္လတ္လတ္႐ွိေနေသးတယ္ေလအဖိုးရဲ႕…ဘာလို႔သူ႔အတြက္အေခါင္းပ်ဥ္စပ္ရတာလဲ….”

ေမာင္ေရခဲ၏အေမးေၾကာင့္ အဖိုးသည္ကုန္းတန္းခ်ိဳင့္ေက်းရြာ႐ွိ သမီးပ်ိဳမ်ား၏အျဖစ္ဆိုးကိုေျပာျပလိုက္၏။

” သိပ္ရက္စက္တဲ့လူပါလားဗ်ာ….သူ႔ရဲ႕တက္လမ္းအတြက္အျပစ္မဲ့သမီးပ်ိဳေတြစေတးခံရတာဟာ သိပ္ကိုယုတ္ညံ့တဲ့ျဖစ္ရပ္ဘဲ…”

” ေမာင္ရင္က အဲဒီလူကိုသိသလား…ဒါမွမဟုတ္ျမင္ဖူးသလား….”

” မသိမျမင္ဖူးပါဘူးအဖိုး….ဒါေပမဲ့ဒီညေတာ့ ကြၽန္ေတာ္ႏွင့္သူနဲ႔ေတြ႔ၾကၿပီေပါ့….”

” လူေလးတို႔ကဘယ္သူေတြလဲ…အဖိုးသိခြင့္႐ွိမလား….”

” ကြၽန္ေတာ္တို႔က ခုႏွစ္ရက္သားသမီးေတြကိုကယ္တင္ေပးေနတဲ့လူေတြပါအဖိုး…ကြၽန္ေတာ္တို႔ကိုခြင့္ျပဳပါဦး….ၿပီးေတာ့ရြာထဲကလူေတြအကုန္လံုးကိုဒီညရြာျပင္မထြက္ၾကဖို႔ေျပာေပးပါဦး….”

” ဟုတ္ၿပီေမာင္ရင္တို႔အဖိုးေျပာထားလိုက္မယ္….ဒါနဲ႔ေမာင္ရင္တို႔ကအဲဒီလူကိုဖမ္းႏိူင္ပါ့မလား….သူႀကီးကိုအကူအညီေတာင္းၿပီးကာလသားေတြထည့္ေပးရမလား….”

” သာမာန္ကိစၥမဟုတ္တဲ့အတြက္သာမန္လူေတြနဲ႔မရဘူးအဖိုး….ကြၽန္ေတာ္တို႔ရေအာင္ဖမ္းေပးပါ့မယ္….”

” ေက်းဇူးပါသားတို႔ရယ္….ေက်းဇူးပါကြယ္….”

ေမာင္ေရခဲတို႔ဆရာတပည့္လည္းရြာျပင္သို႔ထြက္သြားခဲ့ၿပီး ရြာေစာင့္နတ္အားဆင့္ေခၚလိုက္၏။

” ဤကုန္းတန္းခ်ိဳင့္ရြာကို ကာကြယ္ေစာင့္ေ႐ွာက္ေနတဲ့ ရြာေစာင့္နတ္ႀကီး ကြၽႏ္ုပ္အေ႐ွ႕သို႔ကိုယ္ထင္ျပၿပီး ေရာက္လာခဲ့ေပးပါ…..”

ေမာင္ေရခဲကထို္သို႔ဆင့္ေခၚလိုက္ေသာ္လည္း ရြာေစာင့္နတ္မွာေပၚမလာခဲ့ေခ်။

” ဆရာ ၾကည့္ရတာရြာေစာင့္နတ္မ႐ွိဘူးထင္တယ္…ဒီေကာင္ကရြာေစာင့္နတ္ပါဖမ္းခ်ဳပ္ၿပီး ရြာကသမီးပ်ိဳေတြကိုဖ်က္ဆီးပစ္တာေနမယ္….”

” ဟုတ္မယ္ထင္ေပၚ….ရြာေစာင့္နတ္လည္းမ႐ွိေတာ့တဲ့အျပင္ရြာစည္းလည္းေပါက္ေနၿပီ….ဒါမေကာင္းဘူး….ရြာသူရြာသားေတြအေပၚ အခ်ိန္မေရြးမေကာင္းဆိုးဝါးေတြဒုကၡေပးႏိုင္တယ္….”

” ဒါဆိုဘယ္လိုလုပ္ရမလဲဆရာ….”

” ေရာ့…ဒီအင္းကိုရြာရဲ႕ေလးဖက္ေလးတန္မွာ ျမဳပ္ထားလိုက္ၿပီးရင္အင္းႏူိူးဂါထာကိုႏိုးထား….ဒီညလည္းကာမမိစၦာေကာင္က ရြာထဲကိုဝင္လာၾကဦးမွာ….ဒီအကာအကြယ္႐ွိေနရင္ သူတို႔ေတြရြာထဲကိုဝင္လို႔မရႏိူင္ဘူး….မင္းကရြာကိုကာကြယ္ထား….”

ဆိုၿပီး ေၾကးျပားေပၚအင္းကြက္ခ်ထားေသာ အင္းေလးခ်ပ္အား ေမာင္ထင္ေပၚ၏လက္ထဲသို႔ထည့္ေပးလိုက္၏။

ေမာင္ေရခဲက တပည့္ျဖစ္သူအားရြာကိုေစာင့္ေ႐ွာက္ထားခိုင္းခဲ့ၿပီး သူကရြာနဲ႔အလွမ္းေဝးသည့္ေနရာတြင္႐ွိေနေသာ ကိုးၿမိဳ႕႐ွင္နတ္ကြန္းသို႔လာခဲ့၏။

” ကိုးၿမိဳ႕ ကိုးဓား ကိုးဖလားကို အပိုင္စားရေတာ္မူေသာအ႐ွင္ကိုးၿမိဳ႕႐ွင္နတ္မင္းခင္ဗ်ာ….သည္ေန႔ည၌ကြၽႏု္ပ္သည္ ကုန္းတန္းခ်ိဳင့္ေက်းရြာ႐ွိသမီးပ်ိဳမ်ားကိုညႊတ္ေခြၽေနေသာ ကာမမိစၦာေကာင္ကေဝပ်ံအား ႏိူင္နင္းမည္ျဖစ္ပါသျဖင့္ အ႐ွင့္အေနနဲ႔ကုန္းတန္းခ်ိဳင့္ေက်းရြာကိုေစာင့္ေ႐ွာက္ေပးထားဖို႔ ေမတၱာရပ္ခံပါတယ္ခင္ဗ်….”

ကိုးၿမိဳ႕႐ွင္နတ္႐ုပ္ေ႐ွ႕၌ထိုသို႔တိုင္တည္ၿပီးသည္ႏွင့္ ခပ္ေဝးေဝးအရပ္မွျမင္းဟီသံကိုၾကားလိုက္ရ၏။

” ႀကီးဟယ္….ဟီး….ဟီး…ဟီး….”

ထိုျမင္းသည္ကား ကိုးၿမိဳ႕႐ွင္နတ္မင္း၏စီးေတာ္နတ္ျမင္းျဖဴပင္ျဖစ္ေပသည္။

ေမာင္ေရခဲသည္ရြာျပင္ဇရပ္၌ တရားထိုင္ေန၏။ ေနမင္းႀကီးသည္သူ၏တစ္ေန႔တာ တာဝန္ကိုေက်ပြန္စြာထမ္းေဆာင္ၿပီးေနာက္ အေနာက္ဘက္ေတာင္တန္းႀကီးကိုေမွးတင္ကာ အေနာက္ေဂါရာကြၽန္းဆီသို႔တျဖည္းျဖည္းဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။ မွာထားသည့္အတိုင္းရြာသူရြာသားမ်ားလည္း အိမ္သို႔ေစာစီးစြာျပန္လာၾကၿပီး ခ်က္ျပဳတ္စားေသာက္ကာ အိပ္ယာဝင္ခဲ့ၾက၏။

ညည့္သည္နက္သထက္နက္လာခဲ့သည္။ လကြယ္ညျဖစ္သျဖင့္ မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနေသာၾကယ္မ်ားကသာ ေလာကကိုအလင္းေပးေန၏။ မဟူရာနတ္သမီး၏ဇာပဝါမည္းမည္းႀကီးသည္ကား ေလာကကိုရစ္ပတ္လႊမ္းျခံဳေန၏။

ေတာဘက္မွက်ီးကန္းမသံုးေကာင္သည္ထံုးစံအတိုင္း ေယာက်ာ္းျဖစ္သူကေဝပ်ံအတြက္လမ္း႐ွင္းရန္ ရြာထက္သို႔ဝဲပ်ံလာ၏။

” အာ့…အာ့…အာ့….”

” ဂီး….ဖလပ္….ဖလပ္….”

” ဖုန္း….”

” ဝုန္း….”

” ဘုတ္….”

” အာ့…အာ့…အာ့….”

က်ီးကန္းမသံုးေကာင္သည္ ရြာသူရြာသားမ်ားကိုအိမ္ေမြ႔ခ်ရန္ စက္ျဖန္႔ထုတ္လိုက္သည္ႏွင့္ မျမင္ရေသာတြန္းကန္အားတစ္ခုေၾကာင့္ စက္မ်ားျပတ္ထြက္သြားၿပီး ဖုန္းခနဲဝုန္းခနဲအသံျမည္ကာ ေျမေပၚျပဳတ္က်ကုန္၏။

” အား….ကြၽတ္…ကြၽတ္…ကြၽတ္…. ”

” အား…ေသပါၿပီေတာ္….”

” ဘယ္သူေဒါင္းစားက ငါတို႔ထက္အရင္ဦးသြားတာလဲ….”

ေျမျပင္ေပၚက်သြားသည္ႏွင့္ က်ီးကန္းမသံုးေကာင္သည္ ထဘီရင္႐ွားထားေသာမိန္းမႀကီးသံုးေယာက္ျဖစ္သြားၿပီး အက်နာသြားသျဖင့္ ေျမႀကီးေပၚတြန္႔လိမ္ကာ စုတ္သတ္ေနၾကရ၏။

” အ႐ွင္လာရင္ငါတို႔ေတာ့ ပညာစဥ္တစ္ဆင့္ေလ်ွာ့ျခင္းခံရေတာ့မွာဘဲ ေကာင္မတို႔ေရ….”

” ေအးဟုတ္တယ္ဟဲ့….ရြာထဲရေအာင္ဝင္မွရမယ္….”

ထိုသို႔ေျပာၿပီး ပညာသည္ထဘီကိုဆဲြျခံဳလုိက္ရာ က်ီးကန္းမျပန္ျဖစ္သြားၿပီး အေပၚသို႔ပ်ံတက္သြား၏။ က်န္ႏွစ္ေယာက္လည္း ထိုးနည္းလည္းေကာင္းပင္။

” အာ့…အာ့…အာ့….”

က်ီးကန္းမသံုးေကာင္က ရြာအထက္၌ဖိုခေနာက္သဖြယ္ ေနရာယူလိုက္ၾကၿပီး ႏူတ္သီးမွေန၍ စက္မ်ားကိုလႊတ္ကာ ရြာကိုကာထားေသာအကာအကြယ္ကိုအတင္းဖ်က္ဆီးေန၏။ သို႔ေသာ္အခ်ည္းနည္းပင္တည္း။

” အာ့..အာ…အာ့….”

” ဝြီး….”

” ဘုတ္…ဘုတ္…ဘုတ္….”

” အီး…အား…”

က်ီးကန္းမသံုးေကာင္မွာ အင္အားကုန္ခမ္းသြားၿပီး ေျမျပင္ေပၚသို္႔တဖန္အထိနာစြာျပန္က်လာ၏။ မိန္းမႀကီးသံုးေယာက္ ေျမျပင္ေပၚလူးလွိမ့္ေနၾကစဥ္ မိုးတိမ္မည္းမည္းမ်ားၾကားမွ လူတစ္ေယာက္ထြက္လာၿပီးေျမျပင္သို႔သက္ဆင္းလာ၏။ မိန္းမႀကီးသံုးေယာက္လည္း ထိုလူကိုျမင္လ်ွင္ေၾကာက္အားလန္႔အားျဖင့္ ကုန္း႐ုန္းထကာ

” အ…အ႐ွင္….”

” ေကာင္မေတြ…ဘယ္လိုျဖစ္ၾကတာလဲ…ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ပါလား…ဟမ္…..ဘယ္လိုျဖစ္ၾကရတာလဲေျပာပါဦး….”

” ရြာ…ရြာကိုတစ္ေယာက္ေယာက္က စည္းခ်ထားလိုက္ၿပီအ႐ွင္….”

” ဟားဟားဟား….မင္းတို္႔သံုးေယာက္က ဒီရြာစည္းေလးကိုေတာင္ရေအာင္မဖ်က္ႏိူင္ၾကဘူးလားေကာင္မေတြရဲ႕…ဟမ္….အသံုးကိုမက်ဘူး….”

” ခြင့္…ခြင့္လႊတ္ပါအ႐ွင္… ”

” ဘုန္း….”

” အင့္….”

မိန္းမႀကီးတစ္ေယာက္ကို ထိုလူႀကီးကပိတ္ကန္လိုက္ရာခပ္ေဝးေဝးသို႔လႊင့္ထြက္သြား၏။ က်န္ႏွစ္ေယာက္ကား ခါးၫႊတ္ကာမ်က္ႏွာကိုေျမႀကီးေပၚအပ္ထားလိုက္၏။

” ဟားဟားဟား…ဘယ္ေကာင္လဲကြ…ငါ့လမ္းကိုကာဆီးကာဆီးလုပ္ေနတာ…ထြက္ခဲ့စမ္းေအ့…..တစ္ခါထဲဇီဝိန္ေခြၽပစ္မေဟ့…..”

ကေဝပ်ံႀကီးက သူ႔အလုပ္အားေႏွာင့္ယွက္ေနသည့္သူကိုစိတ္တိုကာႀကိမ္းဝါးေန၏။ ထိုစဥ္ သူ၏နားထဲ၌ေမာင္ေရခဲ၏အမိန္႔ဆင့္ေခၚသံကိုၾကားလိုက္ရ၏။

” ဟား….ငါ့ကိုစိန္ေခၚရဲေသးတယ္ေပါ့…မ်ိဳးမစစ္ေလး…..”

ထိုသို႔ေျပာၿပီး ေကာင္းကင္ေပၚပ်ံတက္သြားၿပီး ေမာင္ေရခဲ႐ွိရာရြာျပင္သုႆာန္သို႔ လာခဲ့လိုု္က္၏။

” ဟားဟားဟား….ငါ့ကိုေတာင္ပမာမခန္႔နဲ႔ဆင့္ေခၚေနလို႔ အသက္ႀကီးႀကီးထင္ေနတာ….လက္စသပ္ေတာ့ ႏိူ႔နံ႔ေတာင္မစင္ေသးတဲ့ကေလးေလးပါလားကြ…. ဟားဟားဟား….”

ထိုလူကသုႆာန္ထဲေျခခ်မိသည္ႏွင့္ ေမာင္ေရခဲကိုၾကည့္ကာ ဟားတိုက္္ရယ္ေမာေန၏။

” ဟင္း….ကိုယ့္ေျမးအရြယ္ေလာက္သမီးပ်ိဳကိုဖ်က္လိုဖ်က္ဆီးလုပ္ေနတဲ့သူက ခင္မ်ားႀကီးလား….အသက္သာႀကီးၿပီးအခ်ိန္မစီးတဲ့ လူ႔အလကားေကာင္ပါလား…..”

” စကားကိုဆင္ဆင္ျခင္ျခင္ေျပာေကာင္ေလး….မင္းငါ့လမ္းကိုဝင္မ႐ႈပ္နဲ႔….ငယ္ငယ္ရြယ္ရြယ္နဲ႔ေသရြာမသြားခ်င္ရင္ လာရာလမ္းအတိုင္းျပန္သြားလိုက္ေတာ့ေကာင္ေလး….ဒီတစ္ခါေတာ့ငါမင္းကိုခြင့္လႊတ္လိုက္မယ္….”

” ခင္ဗ်ားလိုကာမမိစၦာေကာင္ကိုငရဲမပို႔ရေသးသ၍ က်ဳပ္မျပန္ဘူးအဖိုးႀကီး….”

” ဟားဟားဟား….ႀကိဳက္ၿပီေလ…ေကာင္ေလးေကာင္ေလး….မင္းကငယ္ငယ္ရြယ္ရြယ္နဲ႔ေသခ်င္ေနေတာ့လဲငါကမင္းဆႏၵကိုျဖည့္ဆည္းေပးရတာေပါ့ကြာ….”

ဟုေျပာၿပီးကေဝပ်ံႀကီးသည္ တိုက္ႏြားႏွစ္ေကာင္အား အသက္သြင္းကာေမာင္ေရခဲေ႐ွ႕လႊတ္လိုက္၏။

” ဝပ္ထရိန္း…ဝပ္ထရိန္း….. ”

” ခြၽင္…ခြၽင္….ခြၽင္…..”

ေျမႀကီးမွာသိမ့္ခနဲပင္တုန္ဟီးသြား၏။ ခဏ၌အေမွာင္ထဲမွ ႏြားသိုးႀကီးထက္ႏွစ္ဆႀကီးေသာ ႏြားျပာႀကီးႏွစ္ေကာင္သည္ ခြာတယွက္ယွက္ လုပ္ကာေကာ့ျပန္ခြၽန္ထက္ေနေသာဂ်ိဳဝိုင္းႀကီးျဖင့္ ေျပးေခြ႔၏။ အေနာက္၌တစ္ေကာင္ ေဘး၌တစ္ေကာင္ေျပးလာ၏။

” ဟားဟားဟား….ေဖ့သားႀကီးေတြ မင္းတို႔ေ႐ွ႕ကေကာင္ေလးကို အူထြက္ၿပီးစိစိညႇက္ညႇက္ေၾကေအာင္ ထိုးေဝွ့နင္းေခ်လိုက္စမ္းေအ့….ဟားဟားဟား ….ကေဝပ်ံထြန္းစံတဲ့ေဟ့….လာစမ္းတဲ့သူအေသဘဲ….”

ကေဝပ်ံႀကီးက အားရစြာရယ္ေမာေျပာဆိုေန၏။

တိုက္ႏြားႀကီးႏွစ္ေကာင္လည္း ခ်ဴသံတခြၽင္ခြၽင္ျဖင့္ ေမာင္ေရခဲကိုအလႊတ္မေပးတမ္းရန္ေထာင္ေန၏။

” ဝပ္ထရိန္း….ဝပ္ထရိန္း….. ”

ခြာျဖင့္ေျမကိုယွက္ထုတ္ေန၏။ ေမာင္ေရခဲလည္း လြယ္အိတ္ထဲ႐ွိမူလျပန္အင္းခ်ပ္ကိုအသက္သြင္းလိုက္ၿပီး အေနာက္မွႏြားသိုးႀကီးထံပစ္လိုက္၏။

” ဝပ္ထရိန္း….ဝပ္ထရိန္း…..”

” ဝုန္း…..”

” ေဖာင္း….ေဖာင္း…..ေဖာင္း….”

တိုက္ႏြားႀကီး၏နဖူးအလည္တည့္တည့္လာထိၿပီးႏြားႀကီးမွာေအာ္သံေပးကာတျဖည္းျဖည္းအရြယ္ေသးလာၿပီး ႐ွံု႔ႏြား႐ုပ္ေလးတစ္႐ုပ္ျဖစ္သြား၏။

” ႀကီးဟယ္….ဟီး….ဟီး….ဟီး…..”

” တက္ကလုတ္…တက္ကလုတ္…တက္ကလုတ္…..”

ထိုစဥ္သုႆာန္ေျမထဲသို႔ျမင္းဟီသံႏွင့္အတူ ျမင္းခြာသံတို႔ကိုပါတစ္ဆက္တည္းၾကားလိုက္ရ၏။ ကေဝပ်ံႀကီးမွာအံ့ဩမွင္သက္ေနစဥ္ ေမာင္ေရခဲကိုမာန္မဲေနေသာတိုက္ႏြားႀကီးသည္ ျမင္းျဖဴႀကီးလာရာေ႐ွ႕သို္႔ပိတ္ရပ္လိုု္က္၏။

” ႀကီးဟယ္….ဟီး…ဟီး…ဟီး….”

” ဝပ္ထရိန္း….ဝပ္ထရိန္း….”

ေလအဟုန္၏ျမန္ဆန္ခ်က္ေၾကာင့္တဒင္ကအတြင္းမွာပင္တိုက္ႏြားႀကီးသည္ျမင္းခြာေအာက္သို္႔ေရာက္သြားၿပီး ေျမမႈန္႔မ်ားအျဖစ္ဘဝေျပာင္းသြားေတာ့၏။

” ဟာ….မျဖစ္ႏိူင္ဘူး….ဒင္းကမ်ားငါ့ရဲ႕တိုက္ႏြားကိုဖ်က္ဆီးရဲတယ္ေပါ့….ေသစမ္း….ေရာ့ကြာ….”

” ဝုန္း…..”

” အာ့…..”

ကေဝပ်ံႀကီး၏အားျပင္းသည့္ကေဝစက္ေၾကာင့္ကိုးၿမိဳ႕႐ွင္မွာအေနာက္သို႔လႊင့္ထြက္သြား၏။

” ကဲေကာင္ေလးမင္းအလွည့္လာၿပီ….မင္းကစစ္ကူေခၚခ်င္ေသးတယ္ေပါ့ဟုတ္လား….ေရာ့….”

” ဝုန္း….”

” ဖုန္း….”

ကေဝပ်ံႀကီးကေကာင္းကင္ေပၚပ်ံတက္ကာ
စက္တန္းအနီႀကီးအားေမာင္ေရခဲထံပစ္လိုက္၏။ ေမာင္ေရခဲလည္း ျပန္လည္ကာထားလိုက္ရာ စက္မ်ားျပတ္ထြက္သြားၿပီး ဝုန္းဟူေသာအသံႀကီးျမည္သြား၏။

” ေကာင္မေတြ ငါ့အေ႐ွ႕အျမန္ေရာက္လာခဲ့ၾကစမ္းေဟ့….”

ကေဝပ်ံႀကီးက က်ီးကန္းမသံုးေကာင္အားေခၚလိုက္၏။ ခဏအၾကာ၌က်ီးကန္းသံုးေကာင္ကသုႆာန္ထက္ဝဲပ်ံလာ၏။

” အာ့…အာ့…အာ့….”

” မင္းတို႔ကိုငါပညာစဥ္ခ်ီးျမႇင့္္မယ္…မင္းတို႔ေ႐ွ႕ကအေကာင္ကိုအေသသတ္လိုက္ၾကစမ္း….”

ဟုေျပာၿပီး အစိမ္းရင့္္္ေရာင္စက္တန္းသံုးခုအား ေလေပၚဝဲပ်ံေနေသာက်ီးကန္းသံုးေကာင္ထံပစ္လိုက္၏။

” အာ….အာ့…အာ့….”

ထိုစဥ္က်ီးကန္းသံုးေကာင္သည္ လဒ(ဠင္းတ)သံုးေကာင္ျဖစ္သြားၿပီး ေမာင္ေရခဲထံစင္တန္းမ်ားတရစပ္ပစ္ခ်လိုက္၏။ ေမာင္ေရခဲလည္း ၁၆ကြက္အင္းျဖင့္ကာထားလိုက္ရာ စက္ႏွင့္အင္းတို႔ထိမွန္သြားၿပီး ဝုန္းခနဲဖုန္းခနဲျမည္သြား၏။ ထို႔အတူလဒ(ဠင္းတ)မသံုးေကာင္လည္း စက္႐ွိန္ေၾကာင့္ေျမျပင္ေပၚတဘုတ္ဘုတ္က်သြားေတာ့၏။

” ဘုတ္…ဘုတ္…ဘုတ္….”

” အား….ေသပါၿပီ….”

ထိုျမင္ကြင္းေၾကာင့္ ကေဝပ်ံႀကီးမွာေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္သြားေတာ့၏။

” ဟင္း….မင္းသိပ္စြမ္းေနတယ္လို႔ထင္ေနသလားေကာင္ေလး…ငါ့မယားသံုးေယာက္ကိုဘဲႏိူင္မယ္…ငါ့ကိုေတာ့နင္မႏိူင္ဘူးေဟ့….ေရာ့ေသစမ္း….”

ဆိုၿပီးကေဝမီးေတာက္စက္ကိုေမာင္ေရခဲထံပစ္လႊတ္လိုက္၏။ ေမာင္ေရခဲလည္း ကေဝပ်ံႀကီးအားဖမ္းခ်ဳပ္ရန္ကေဝေထာင္ေခ်ာက္အင္းကိုအသက္သြင္းၿပီး ပစ္လိုက္၏။

” ဝုန္း….”

” ဘုန္း….”

” အား……မင္း…မင္း….”

ကေဝေထာင္ေခ်ာက္အင္းမွာအသက္ဝင္သြားၿပီး ကေဝပ်ံထြန္းစံအားတင္းၾကပ္စြာခ်ဳပ္ေႏွာင္ထားေတာ့၏။ ေမာင္ေရခဲကိုအထင္ေသးခဲ့မိေသာကေဝပ်ံႀကီးကား ေနာင္တမ်ားစြာျဖင့္ မ႐ႈမလွေသဆံုးရေတာ့မည္။

” ကိုယ့္ေျမးအရြယ္မိန္းမပ်ိဳေတြကိုဖ်က္ဆီးေနတဲ့ ခင္းဗ်ားလိုလူက ေလာကမွာ႐ွိမေနသင့္ဘူး….သင့္လုပ္ရပ္အတိုင္း မဟာအဝီစိငရဲမြာ အျပစ္သြားဆပ္ေခ်ေတာ့….”

ေမာင္ေရခဲထိုသို႔ေျပာလိုက္သည္ႏွင့္ ကေဝပ်ံႀကီး၏ေဘးပတ္ပတ္လည္တြင္ အလ်ံွညီးသည့္ငရဲမီးမ်ားေတာက္ေလာင္သြားၿပီး ခဏ၌ကေဝပ်ံႀကီးမ်ာျပာမႈန္႔ျဖစ္သြားေတာ့၏။ လဒမႀကီးသံုးေကာင္မွာလည္း ကေဝပ်ံႀကီးႏွင့္အတူအျပစ္ခံယူရန္ငရဲသို႔လိုက္သြားခဲ့ေတာ့၏။
ေမာင္ေရခဲလည္းကိုးၿမိဳ႕႐ွင္နတ္ကိုျပန္ပို႔ေပးလိုက္ၿပီး ရြာထဲသို႔ျပန္ဝင္လာခ်ိန္တြင္ အာ႐ုဏ္တက္ေနၿပီျဖစ္၏။

” ဆရာ ကေဝပ်ံႀကီးကိုသက္ဆိုင္တဲ့ေနရာပို႔ေပးလိုက္ၿပီလား…”

” ဟုတ္တယ္ထင္ေပၚ….ကေဝပ်ံႀကီးလည္းမ႐ွိေတာ့ဘူးဆိုေတာ့ သူခ်ဳပ္ထားတဲ့ရြာေစာင့္နတ္ကို ျပန္ေခၚရမယ္….”

ဟုေျပာၿပီး ရြာေစာင့္နတ္ကြန္း႐ွိရာ သို႔လာကာရြာေစာင့္္နတ္ကိုျပန္ေခၚလိုက္၏။

” ရြာေစာင့္နတ္ႀကီး…. သင့္ေနရာသင္ျပန္လာႏိူင္ၿပီ….ဒါေၾကာင့္ျပန္လာၿပီးရြာသူရြာသားေတြကိုေစာင့္ေ႐ွာက္ေပးပါ….”

ေမာင္ေရခဲထိုသို႔ေျပာလိုက္သည္ႏွင့္ ေတာင္ေဝွးတစ္ေခ်ာင္းေထာက္ထားေသာအဖိုးအိုတစ္ေယာက္သည္ ေမာင္ေရခဲတို႔ေ႐ွ႕သို႔ေပၚလာခဲ့၏။

” ေက်းဇူးတင္ပါတယ္ဆရာေလးတို႔….အဖိုးႏွင့္အဖိုးရဲ႕ရြာကိုကယ္တင္ေပးလို႔…အဲဒီကေဝပ်ံႀကီးကိုအဖိုးအေနနဲ႔ဘယ္လိုမွမႏိူင္လို႔ အခ်ဳပ္ခံလိုက္ရတာပါ….”

” ရပါတယ္အဖိုးရဲ႕…အဖိုးလည္းတတ္ႏိူင္သေလာက္ရြာကိုကာကြယ္ခဲ့တာဘဲ….”

ေမာင္ေရခဲတို႔လည္း ရြာေစာင့္နတ္ကိုေနရာျပန္ခ်ေပးခဲ့ၿပီး ကုန္းတန္းခ်ိဳင့္ေက်းရြာမွထြက္ခြာသြားခဲ့ေတာ့သတည္း။…..။

( အာေပးဖတ္႐ႈသူအေပါင္း ကိုယ္စိတ္ႏွစ္ဖ်ာက်န္းမာခ်မ္းသာၿပီး လုပ္ငန္းကိုင္ငန္းမ်ားအဆင္ေျပေခ်ာေမြ႔ၾကပါေစေသာဝ္)

# ၿပီး