မောင်ရေခဲ နှင့် ခွေးရူးတိုက်ခြင်း(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် ခွေးရူးတိုက်ခြင်း(စ/ဆုံး)
———————————————–
” အူး…ဝူး…”

” အီ…အီ…ဝူး….အူး…”

” ဟယ်…ကြီးညိုရယ်…လာ…လာဒီကို အဲဒီလမ်းဖက်မသွားပါနဲ့ဆိုနေတာကိုတားမရဘူး…ငါ့နှယ်တော် ဒီလူအိုမကြီးနဲ့ကတစ်ဒုက္ခ…ဝေးဝေးသာပြေးထွက်လိုက်ချင်တော့တယ်..ဟူး…”

အပျိုကြီးမအေးဝင်း တစ်ယောက်ကြီးတော်ဖြစ်သူ ဒေါ်ညိုအား ပြုစုစောင့်ရှောက်နေရသဖြင့် သက်မကြီးချကာ အမြဲတမ်းအော်ဟစ်ညည်းညူနေ၏။ အကြောင်းမှာ ဒေါ်ညိုသည် လွန်ခဲ့သည့်သုံးလခန့်က ခွေးကိုက်ခြင်းခံရပြီး ခွေးရူးပြန်ရောဂါကိုခံစားနေရရှာသည်။ ငွေရှာနိူင်စဉ်က မညည်းမညူကျွေးမွေးခဲ့ကြသော်လည်း နေမကောင်းဖြစ်ပြီး ငွေမရှာနိုင်တော့သောအခါ ဆွေမျိုးအသိုင်းအဝိုင်းတို့ကဝိုင်းဝန်းပစ်ပယ်ထားကြလေသည်။

ထိုဆွေမျိုးများထဲမှတစ်ကိုယ်တည်းအပျိုကြီးးဖြစ်နေသော မအေးဝင်းက ကြီးညိုအားတာဝန်ယူစောင့်ရှောက်ပေး၏။ ခွေးကိုက်ခံရပြီးကြီးညိုသည် လမ်းကောင်းကောင်းမလျှောက်နိုင်။ တစ်ခါတစ်လေ ခွေးတစ်ကောင်ကဲ့သို့ပြုမူပြီး တအီအီလုပ်ကာ အိမ်အပြင်ဘက်သို့ထွက်ပြေးသွားတတ်၏။ နဲနဲလေးမှမျက်စိအောက်အပျောက်ခံ၍မရချေ။ အပျိုကြီးမအေးဝင်းလည်း ကြီးတော်ဖြစ်သူကို လိုက်ထိန်းရလွန်းသောကြောင့် စိတ်ထဲ၌ ငြိုငြင်စပြုလာသည်။ ကြီးညိုပိုင်ဆိုင်ခဲ့သော ရွှေငွေများကိုလည်း ကြီးညိုအားဆေးကုပေးရင်းနှင့်ပင် တဖြေးဖြေးနှင့်ကုန်မှန်းမသိ ကုန်လာသည်။
ဒေါ်ညိုဟူသော အသက်၅၀အရွယ်အပျိုကြီးကား နှယ်နှယ်ရရမဟုတ်။ ရပ်ရွာထဲတွင်သာမက ရွာနီးနားချင်းများကိုပါ ငွေတိုးပေးစားသူဖြစ်သည်။ ကြီးညိုကားအလုပ်တိကျလွန်းသူဖြစ်သဖြင့် လတိုး၊ရက်တိုး ငွေချေးရာ၌ ဘယ်နေ့တွင် အတိုးရောအရင်းပါဆက်ရမည်၊ မဆပ်နိူင်ပါက ထိုငွေနဲ့တန်ဖိုးချင်းတူသော ပစ္စည်းတစ်ခုခုကိုယူမည်ဟု အပြတ်ပြောထားသည်။
အပြောနဲ့အလုပ်ညီသော အပျိုကြီးမဒေါ်ညိုကို ရွာသူရွာသားတို့်ကငွေမျက်နှာဖြင့် အပေါင်းအသင်းလုပ်ရသည်။ ထိုရွာလေးတွင် တောင်းတိုင်းရနိုင်သည့် သူဌေးမှာ ဒေါ်ညိုတစ်ယောက်သာ ရှိသောကြောင့်ဖြစ်သည်။ တစ်နေ့ဒေါ်ညိုတစ်ယောက် တဖက်ရွာတွင် ငွေတိုးငွေရင်းသိမ်းရန် ချိန်းရက်ရောက်လာသဖြင့် ခပ်စောစောထကာ နွားလှည်းတစ်စီးဖြင့်သွားခဲ့သည်။
ရွာထဲသို့ရောက်သော်ရက်ချိန်းပြည့်သော အိမ်၌ငွေတိုးရောအရင်းပါပေါင်းပြီးယူခဲ့သည်။ တချို့အိမ်ကငွေအကြေဆပ်နိုင်သော်လည်းတချို့ကအတိုးမဆိုထားနဲ့အရင်းပင်ပြန်မပေးနိုင်ကြသေးချေ။ ထိုသို့သောအခြေအနေမျိူးတွင်ဒေါ်ညိုသည် ထမိန်(ထဘီ)စကိုပင့်ပြီး ထိုအိမ်တွင်ရှိသော ချေးငွေတန်ဖိုးနဲ့ ညီသည့်ပစ္စည်းများကို ပိုင်ရှင်ပေးပေးမပေးပေး ရအောင်ယူသွားတော့သည်။ ထိုအချိန်မျိုး၌ ဒေါ်ညို၏နွားလှည်းကိုမောင်းပေးရသူ ကျော်ထွန်းမှာ အကြွေးသိမ်းခံရသူတို့အား အလွန်ပင်သနားစိတ်ဝင်သွားတတ်သည်။ သို့သော်လည်း မိမိသည် ဒေါ်ညို၏အလုပ်သမား သာသာ ဖြစ်နေသဖြင့် ခိုင်းသမျှခေါင်းငုံ့ကာ လုပ်ပေးနေရသည်။

” ဟဲ့…မြန်မြန်ယူလေငကျော်ထွန်းရဲ့…ဘာတွေတုံ့နှေးတုံ့နှေးလုပ်နေတာလဲ…ဒါငါမတရားယူတာမဟုတ်ဘူးဟဲ့…ငါ့ငွေတွေပြန်မဆပ်နိုင်လို့တန်ရာတန်ကြေးယူနေတာဟဲ့…နင်နားလည်သလားဒါတွေ…လုပ်ယူ…ဟိုမှာစဉ့်အိုးကြီးးတွေ…”

ဆိုကာ ထိုအကြွေးရှင်အိမ်ရှိရာဝင်စဉ့်အိုးကြီးအားမပြီး လှည်းပေါ်တင်ခိုင်း၏။ ကျော်ထွန်းလည်း ခေါင်းလေးငုံ့ကာ ခိုင်းသည့်အတိုင်းလုပ်ရသည်။ တစ်အိမ်ပြီးတစ်အိမ်အကြွေးသိမ်းရင်း ညနေပိုင်း၌ ရွာမြောက်ပိုင်းရှိ ကြီးဝိုင်းခင်အိမ်သို့ရောက်လာသည်။

” မဝိုင်းခင်ရေ…မဝိုင်းခင်…အလုပ်တွေအားပြီလားဟေ့…”

ဒေါ်ညိုက ဒေါ်ဝိုင်းခင်၏ အိမ်ဝန်းထဲရောက်သည်နှင့် လှမ်းပြီးအသံပြုလိုက်၏။ ဒေါ်ညို၏အသံကိုကြားလိုက်သည်နှင့် ဝက်စာကျွေးနေသော ဒေါ်ဝိုင်းခင်တစ်ယောက် မျက်နှာကိုအတတ်နိူင်ဆုံးအပြုံးပန်းဆင်ထားလိုက်ပြီး

” ဟာ…မညိုပါလား…လာလာ…..”

” လာရမှာပေါ့အေ…လာရမှာပေါ့…ဒီနေ့ကမဝိုင်းခင်ဆီကကဖို့ချိန်းတဲ့ရက်လေကွဲ့…”

ထိုစကားကြောင့် မဝိုင်းခင်ကြောင်စီစီဖြစ်သွား၏။ သူ့မှာအကြွေးဆပ်ဖို့ငွေမရှိသေးချေ။

” ဟို…အယ်…မ..မညိုရေ..ခုတလောငွေရေးကြေးရေးအဆင်မပြေသေးလို့ နောက်လေးငါးရက်လောက်..စောင့်…စောင့်…”

” စောင့်ဖို့ဆိုရင်တော့မပြောနဲ့တော့မဝိုင်းခင်…ကျွန်မဒီနေ့အတိုးရောအရင်းပါသိ်မ်းမယ်လို့ပြောပြီးသား မရလို့ကတော့…ရရာယူရမှာဘဲအေ…”

” လေးငါးရက်ထဲပါမညိုရယ်…တစ်ကယ်အကြေဆပ်ပါ့မယ်…”

” တစ်ရက်တောင်မစောင့်နိုင်ဘူးဟေ့…ကြွေးယူပြုံးပြုံး တောင်းတော့မုန်းတဲ့…ငါ့ငွေနဲ့ငါအမုန်းခံပြီးတောင်းနေရတာ…စိတ်ကုန်လာပြီ…”

” ကျွန်မလည်းတကယ်အဆင်မပြေသေးလို့ပါမညိုရယ်…သားလေးကနေမကောင်းလို့ငွေတွေအားလုံးသူ့ဆေးစရိတ်ထဲရောက်နေလို့လေ…နောက်လေးငါးရက်ဆို ဝက်ပေါက်လေးနို့ဖြတ်တဲ့အရွယ်ရောက်ပြီ…အဲချိန်မှဝက်ပေါက်လေးရောင်းပြီးညမညိုရဲ့ငွေကိုအတိူးရောအရင်းပါပေါင်းပေးမယ်လေနော့..နော်မညို…”

” ဘူးဆိုဘူးဘဲ…ဖရုံမသီးဘူးမိဝိုင်းခင်…ပေးစရာရှိတာပေးရမှာဘဲ…ငါကဒီနေ့ဆိုဒီနေ့ဘဲ…မရှိလဲရှိတာယူရမှာဘဲ..ကဲကျော်ထွန်း…ဟိုဝက်ပေါက်အကြီးဆုံးကောင်ကိုဖမ်းလာခဲ့…”

” ဟင်…မလုပ်ပါနဲ့အစ်မရယ်…ဒီဝက်ပေါက်လေးကသားလေးရဲ့ဆေးစရိတ်အတွက် စရံရိုက်ထားပြီးသားမို့ပါ…”

” ဘာဘာညာညာငါနားမလည်ဘူး ရစရာရှိတာတော့ယူရမှာဘဲ..ဟဲ့ကျော်ထွန်းငါပြောနေတာမကြားဘူးလား…ဝက်ခြံထဲကအကြီးဆုံးဝက်ပေါက်ကိုဖမ်းလာခဲ့လို့…”

” မလုပ်ပါနဲ့အစ်မရယ်..ဒူးထောက်ပြီးတောင်းပန်ပါတယ်..ကျွန်မသားလေးအရမ်းနေမကောင်းဖြစ်နေလို့ဆေးစရိတ်လိုနေလို့ပါ…”

” တော်စမ်းပါအေ…အကြွေးမဆပ်ချင်တဲ့လူတွေရဲ့လက်သုးံစကားဘဲ…ငါရိုးနေပြီ..”

” တကယ်နေမကောင်းတာပါအစ်မရယ်…မယုံရင်အိမ်ထဲဝင်ကြည့်လို့ရပါတယ်ရှင်…”

” မဝင်တော့ပါဘူး…မောင်ကျော်ထွန်း..ငါပြောနေတာကြားရောကြားလား…ဝက်ခြံထဲကအကြီးဆုံးကောင်ကိုဖမ်းလာခဲ့လို့….”

ခေါင်းမာပြီးတစွတ်ထိုးလုပ်တတ်လွန်းသော ဒေါ်ညိုအား မဝိုင်းခင်ကခြေထောက်ဖက်ပြီးတောင်းပန်နေသော်လည်း သနားညှာတာမှုမရှိဘဲ မွေးထားသောဝက်ပေါက်ကလေးသုံးကောင်ထဲမှ အကြီးဆုံးဝက်ပေါက်လေးကို ဖမ်းယူသွားခဲ့တော့သည်။ မဝိုင်းခင်ကားသားကြီး၏ဆေးစရိတ်အတွက်သားသတ်သမားဆီမှ ကြိုတင်ယူထားသောစရံငွေကို ကြည့်ပြီးဒေါ်ညိုအား အလွန်စိတ်ဆိုးဒေါသထွက်သွားလေသည်။

” တောက်! ငွေမျက်နှာကြောင့်အောက်ခြေလွတ်နေတဲ့ကောင်မ…ငါ့သားရဲ့ဆေးစရိတ်ဖိုးကိုသူကယူသွားခဲ့ပြီ…ငါ့သားတစ်ခုခုဖြစ်သွားလို့ကတော့ဒင်းကိုအရှင်မထားဘူးဟေ့…”

” အဟွတ်…အဟွတ်… မေမေရေ…သားအသက်ရှုကြပ်တယ်…အဟွတ်…”

အိမ်ပေါ်မှသားလေး၏ခေါ်သံကိုကြားသဖြင့် မဝိုင်းခင် အိမ်ပေါ်သို့အပြေးတပိုင်းရောက်လာ၏။ ခြံဝမှဒေါ်ညို၏လှည်းသံနဲ့ဝက်ပေါက်ကလေး၏အော်သံကိုပင် သူမသတိမထားမိတော့ချေ။ အိမ်ပေါ်အရောက်တွင် အိပ်ယာထဲ၌ မျက်ဖြူလှန်ပြီးအသက်ကိုမနဲလုရှူနေသောသားလေးကိုတွေ့လိုက်ရ၏။

” သား…ဘာဖြစ်တာလဲအမေ့ကိုပြော…သားဖေဖေပြန်လာရင်မြိုကဆေးရုံကိုသွားကြမယ်လေနော်..အမေ့သားအားတင်းထား…”

” သား..သား.အရမ်းနာတယ်အမေ..သားရဲ့အနာလည်းအရမ်းကိုက်တယ်..”

” သားရယ်…”

” မေမေ..သားအိပ်ချင်တယ်…သားအရမ်းအိပ်ချင်နေပြီ..”

” မအိပ်နဲ့သား..မအိပ်လိုက်နဲ့..သားမျက်လုံးဖွင့်ထားမေမေပုံပြင်ပြောပြမယ်လေနော်..သားနော်..သားဖေဖေပြန်လာတော့မယ်…”

မဝိုင်းခင်က အသက်ရှူသံပုံမှန်မဟုတ်တော့သောသားလေးအား ကြည့်ပြီးမျက်ရည်များထိန်းမရအောင်စီးကျနေ၏။ လင်ယောကျာ်းကလည်းသားဖြစ်သူအတွက်အချိန်မှီဆေးဖိုးရှာနေရသဖြင့်အိမ်ပြန်မရောက်သေးချေ။ သားကလေးကအဆော့မက်လွန်းသဖြင့် ခြေထောက်ကိုသံချွန်စူးသွားပြီး ထိုအနာထဲမေးခိုင်ပိုးဝင်ကာ စတင်ဖျားတော့ူည်။ မိဘများကတတ်ရာမှတ်ရာ ဆေးနည်းတိုများဖြင့်ကုသပေးသော်လည်းသက်သာမလာဘဲတနေ့တနေ့အခြေနေဆိုးလာခြင်းဖြစ်သည်။

” ဟာ့…ဟာ့….ဟာ့…..မေ…မေ…သား…သားမောတယ်…သားအိပ်ချင်တယ်…သားမေမေ့လက်မောင်းပေါ်မှာအိပ်ပါရစေ…”

ကလေးကမိခင်အားတမ်းတသောမျက်ဝန်းအစုံဖြင်ကြည့်ပြီး အသက်ပြင်းပြင်းရှူနေရှာ၏။ မဝိုင်းခင်သည်သားလေးအားမိမိ၏လက်မောင်းပေါ်ခေါင်းအုံးကာအိပ်ခိုင်း၏။ သားလေးကားမိခင်လက်ပေါ်မှိန်းနေရင်းတဖြေးဖြေးအသက်ရှူသံရပ်သွားပြီး လောကကြီးကိုနူတ်ဆက်သွားလေတော့သည်။

” သား..သားလေးရေ…သား…ထပါဦးသားရဲ့…သားဖေဖေပြန်လာတော့မယ်လေ…သားရဲ့ထပါဦး…..”

မည်မျှပင်လှုပ်နှိုးနေသော်လည်းသားလေးမှာ ထာဝရအိပ်ပျော်သွားခဲ့လေပြီ။ ဒေါ်ဝိုင်းခင်ကားသားလေးကိုကြည့်ပြီးသောကအပူမီးတောက်လောက်နေ၏။ သားဖြစ်သူသေဆုံးရခြင်းမှာ ငွေတိုးချေးစားသော ဒေါ်ညိုကြောင့်ဖြစ့သည်ဟုစိတ်ထဲတေးထားလိုက်၏။

” တောက်! ကောင်မမိညို…ဒင်းကြောင့်ာ့သားသေရတာ…ဒင်းလည်းငါခံစားရသလိုဆယ်ဆပြန်ခံစားစေရမယ်…”

ဆိုကာ အပြင်ထွက်လာပြီး ခပ်ဝေးဝေးရောက်နေပြီဖြစ်သော ဒေါ်ညို၏လှည်းအား အမှီပြေးလိုက်လာ၏။ ဒေါသမောဟအပူမီးကြောင့် မောပန်းရမှန်းလဲမသိချေ။ ပြေးရင်းတစ်နာရီခန့်အကြာတွင် ဒေါ်ညို၏လှည်းကိုမှီလာ၏။

” တောက်! သူများမသဒ္ဓါရေစာကိုစားတဲ့ကောင်မ နင်သေဖို့ပြင်ထားဟဲ့…”

ဆိုကာ ဖနှောင့်သုံးချက်ပေါက်လိုက်သည်။ ထိုအချိန်လမ်းဘေးမှခွေးတစ်ကောင်သည် ဒေါ်ညို၏လှည်းရှေ့ပိတ်ရပ်ပြီး ထိုးထိုးဟောင်နေ၏။

” ဝုတ်…ဝုတ်…ဝုတ်…ဝုတ်…”

” ရှူး…သွားစမ်း…ခွေးဝဲစားလေး..ရှူးသွားသွား…”

နွားလှည်းရှေ့ပိတ်ရပ်နေသော ခွေးပိန်တစ်ကောင်ကို နွားလှည်းမောင်းကျော်ထွန်းက ပိတ်ဟောက်လိုက်၏။ သို့သော်လည်းခွေးမှာ ထွက်မသွားဘဲ ရပ်ပြီးထိုးဟောင်နေဆဲပင်။ ဒေါ်ညိုကထိုခွေးကိုကြည့်ပြီး ဒေါသထွက်နေ၏။

” ဟဲ့..ခွေးနာခွေးစုတ်လေး…သွားဆိုတာကိုမသွားဘူး…သေချင်နေတယ်ဟုတ်လား…သေရစေ့မယ်ဟဲ့..”

ဆိုကာ လှည်းပေါ်မှဆင်းပြီး လက်တစ်ဆုပ်အရွယ်ကျောက်တုံးတစ်လုံးကောက်ကာ ခွေးပိန်ကိုထုလိုက်၏။

” အီး..ဝူး…ဝုတ်…ဝုတ်…ဂီး…ဂရား….”

” အား…ငကျော်ထွန်းရေ…အဲခွေးကိုရိုက်သတ်လိုက်…”

” အီး….ဝူး…ဝုတ်…ဝုတ်…”

ခွေးပိန်လေးမှာကျောက်တုံးနဲ့ထုခံရသော်လည်း နောက်မဆုတ်ဘဲ ဒေါ်ညိုထံပြေးလာကာ ဒေါ်ညို၏ခြေသလုံးသားကိုကိုက်ခဲပစ်လိုက်သည်။ မထင်မှတ်သောအခြေနေကြောင့် ဒေါ်ညိုလည်း ရှောင်ပြေးချိန်ပင်မရလိုက်ချေ။ အားခနဲအော်ပြီးခွေလဲကျသွားသည်။ ထိုအဖြစ်ကြောင့် လှည်းမောင်းကျော်ထွန်းက လှည်းပေါ်မှခုန်ဆင်းလာပြီး ခွေးပိန်အားရိုက်နက်မောင်းထုတ်လိုက်၏။ ခွေးပိန်မှာဒေါ်ညိုကို ကိုက်ဆွဲပြီး လမ်းဘေးရှိချုံပုတ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွား၏။

” ရရဲ့လားဒေါ်ညို…အနာကအရမ်းနက်တယ်…တစ်ခါထဲမြို့ဆေးရုံသွားပြရအောင်…”

” ရတယ်ကျော်ထွန်း..လှည်းပေါ်မှာလည်းပစ္စည်းတွေအများကြီး..မြို့ဆေးရုံနဲ့လည်းဝေးလွန်းတယ်..အိမ်ပြန်ပြီး ဆေးလိမ်းလိုက်ရင် သက်သာသွားမှာပါ…အား….ကျွတ်..ကျွတ်..ကျွတ်… ခွေးဝဲစားလေး…ငါအသေထုသတ်ပစ်လိုက်ရမှာ…”

” ဖြေးဖြေးထ ဒေါ်ညို…ဒီခွေးကဘယ်ကနေဘယ်လိုပေါ်လာတာလဲ…”

” ထားလိုက်တော့ကျော်ထွန်း…ရွာကိုအမြန်ရောက်မှဖြစ်မယ်…ခွေးကအရူးမှန်းမသိ အကောင်းမှန်းမသိဘူး…ဆေးမမှီရင်ငါဒုက္ခရောက်လိမ့်မယ်…”

ဒေါ်ညိုက ခွေးကိုက်ခံရသောခြေသလုံးကို ပုဝါဖြင့်စည်းနှောင်ထားလိုက်၏။ ပြီးသော်လှည်းကိုအသော့နှင်စေပြီး ရွာသို့အမြန်ပြန်လာ၏။ ရွာရောက်သော် သိတတ်နားလည်သူများထံမှ ဆေးနည်းများတောင်းပြီး ခွေးကိုက်ခံရသည့်ဒဏ်ရာကို ကုသ၏၊

ခွေးကိုက်ခံရသည့်ဒဏ်ရာမှာ မပျောက်ဘဲတဖြေးဖြေးပိုဆိုးလာ၏။ ပြည့်ပြည့်ဝဝရှိခဲ့သော ဒေါ်ညိုမှာလည်းတဖြေးဖြေးပိန်ချူံးလာပြီး အလုပ်လည်းကောင်းကောင်းမလုပ်နိုင်တော့ချေ။ တစ်ခါတစ်လေခွေးတစ်ကောင်ကဲ့သို့ပြုမူပြီး လေးဘက်ကုန်းသွားကာ တအီအီအော်နေတတ်သည်။ တချက်အသိစိတ်ပြန်ဝင်လာပါကလည်း ကယောင်ကတမ်းအော်ကာ တစ်စုံတစ်ယောက်ကို တောင်းပန်နေတတ်၏။

” အီး…ဝုတ်…ဝုတ်…ဝူး…”

” အီ…အီ…အီ…”

” တောင်းပန်ပါတယ်..မလုပ်ပါနဲ့… ယူထားတာတွေပြန်ပေးပါ့မယ်…မဟုတ်ဘူး…ငါမသတ်ရဘူး…ခွေး…ခွေးကြီး…အား….သေပါပြီအမေရယ်…”

ဒေါ်ညိုတစ်ယောက် နေရင်းထိုင်ရင်း ခွေးလိုအူလိုက်၊ တစ်ယောက်ကိုတောင်းပန်လိုက်ဖြင့် တစ်ယောက်ထဲအလုပ်ရှုပ်နေ၏။ ဒေါ်ညိုနေမကောင်းပြီးနောက်ပိုင်းဆွေမျိုးတော်စပ်သူ မအေးဝင်းကလာရောက်ပြုစုပေး၏။ တနေ့တနေ့အခြေနေဆိုးလာသော ကြီးတော်ဖြစ်သူကြောင့် အပျိုကြီးမအေးဝင်းခမျာ ဘယ်လိုလုပ်ပေးရမည်မှန်းမသိတော့ချေ။ ခွေးကိုက်ခံရပြီး ခွေးရူးပြန်နေသည်ဆိုသော်လည်း တစ်ခါတစ်ရံ ကယောင်ကတမ်းပြောဆိုနေသဖြင့် အမှောင့်ပရောဂတစ်ခုခုတွယ်ကပ်နေ၍လား ဟုမဝင်းအေးတွေးမိ၏။ သို့ကြောင့် ပရောဂကုတတ်သည့် ဆရာများကိုကြိတ်၍ရှာဖွေနေ၏။
သို့သော်လည်း အလိမ်အညာသမားနဲ့သာတွေ့နေ၍ စိတ်မချမ်းမသာဖြစ်နေ၏။

မောင်ရေခဲတို့ဆရာတပည့်လည်းတေဇတို့ကိုကူညီပြီးခရီးဆက်လာရာ စေတီအိုလေးရှိရာဇရပ်အိုလေး၌ဝင်ပြီး ဘုရားဝတ်ပြုရင်း ခရီးတထောက်နားလေ၏။ ထိုအချိန် ဘုရားစောင့်ပုဂ္ဂိုလ်က ကိုယ်ထက်ပြပြီး

” အတော်ထူးတဲ့ပုဂ္ဂိုလ်ရောက်နေပါလား…”

” သင်ကဘုရားစောင့်ပုဂ္ဂိုလ်ဘဲ ဘာအကြောင်းရှိလို့လဲဗျ…”

” အကြောင်းထူးလို့်အကူအညီတောင်းစရာလေးရှိလို့ပါ…”

” ပြောစေအသင်နတ်မင်း… ကျုပ်ဘာများကူညီပေးရမလဲ…”

” ဒီလိုပါ…ဒီကနေအရှေ့စူးစူးအရပ်ကိုသွားလိုက်ရင် ရွာလေးတစ်ရွာကိုရောက်လိမ့်မယ်…အဲဒီမှာဒုက္ခရောက်နေတဲ့လူတစ်ယောက်ရှိတယ်…သူကလောဘတရားကြောင့် အရာရာကိုသတိမထားမိခဲ့ပြီး လောဘကြောင့်ဒုက္ခရောက်နေပါတယ်..သူကအချိန်ကျရင် သာသာနာ့ဝန့ထမ်းဖြစ်လာမဲ့သူမို့ ကူညီပေးစေချင်လို့ပါ….”

” ဒါကကျုပ်အလုပ်ဘဲဗျာ…ကျုပ်သေချာပေါက်ကူညီရမှာပေါ့…အသင်စိတ်သာချနေလိုက်ပါ…”

” ကျေးဇူးတင်ပါတယ်လူကလေးရေ…တပါးသူအကျိူးသယ်ပိုးရတဲ့အကျိုးအားကြောင့် ပညာတန်ခိုးတွေပိုတိုးလာပေါစေ…ကျုပ်ုပန်ပြီ..”

ဆိုကာ အဖိုးအိုယောင်ဆောင်ထားသော နတ်က ပြန်လည်ပျောက်ကွယ်သွား၏။

” ကဲထင်ပေါ်ရေ…အလုပ်ကတို့ကိုစောင့်ကြိုနေပြီဟေ့…လာသွားကြရအောင်…”

” ဘယ်ကိုသွားကြမှာလဲဆရာ…”

” ဒီကနေအရှေ့စူးစူးကိုသွားရမှာ…ဒီနေ့တော့ မင်းကိုကုသခိုင်းရမယ်…ဒီနှစ်တွေအတွင်းမင်းဘာပညာတွေ တတ်သွားပြီလဲဆိုတာသိချင်လို့…”

” ဟုတ်ကဲ့ဆရာ…ဆရာသင်ပေးတာတွေအလကားမဖြစ်စေရပါဘူး…”

” ဟုတ်ပြီ…ဒါဆိုသွားကြရအောင်…”

ဆိုကာ အရှေ့စူးစူးအရပ်သို့ဦးတည်ပြီး သွားကြ၏။ ထိုအချိန်တွင် ရွာထိပ်လမ်းမှဘက်မှ မိန်းမကြီးတစ်ယောက်သည် ဖြည်းညှင်းစွာလမ်းလျှောက်လာရင်း တစ်ယောက်တည်းစကားပြောနေ၏။

” ဟင်း…ခုတော့ဒင်းကျုပ်အကြောင်းကောင်းကောင်းသိပြီမလား…သူများမသဒ္ဓါရေစာကိုသောက်ချင်စားချင်ဦး..သေရက်စောင့်နေလိုက်…ဟင်း…ဟင်း…”

ထိုမိန်းမကြီးက တစ်ယောက်တည်းပြောဆိုရင်း မောင်ရေခဲတို့ကိုတချက်ကြည့်လိြက်သေး၏။ ပြီးမှ မိမိလိုရာခရီးကိုဆက်သွား၏။ မောင်ရေခဲကား ထိုမိန်းမကိုကြည့်လိုက်သည်နဲ့ ပညာသည်မှန်းသိသော်လည်း မသိသလိုဟန်ဆောင်ပြီး ရွာထဲသို့ဝင်သွားကြ၏။ မောင်ရေခဲ၏ အာရုံထဲတွင်ကား အပမှီပြီးခွေးကိုက်ခံရသည့် အဒေါ်ကြီးတစ်ယောက်ကိုမြင်နေ၏။ သို့ကြောင့်ခြေလှမ်းများကိုတုံ့ခနဲရပ်လိုက်ပြိး

” ရှေ့ဆက်သွားထင်ပေါ်…ငါဒီကနေမင်းကိုစောင့့််မယ်…ရှေ့လေးအိမ်အကျော်မှာ ဒုက္ခရောက်နေတဲ့သူရှိတယ်…မင်းသွားကယ်လိုက်…”

” ဟင်…ဆရာကမလိုက်ဘူးလား…ကျွန်တော်ဆရာမပါဘဲ ဘယ်လိုလုပ်ကယ်နိုင်မလဲဗျာ…”

” ကိုယ့်ကိုယ်ကိုယုံကြည့်မှုထားစမ်းပါထင်ပေါ်…ငါဟာမင်းနဲ့ အမြဲရှိနေနိုင်မှာမဟုတ်ဘူး…ငါမရှိရင် မင်းကိုမင်းကလွဲပြီးအားကိုးရာမရှိဘူး…ဒီတော့ကိုယ့်ကိုယ်ကိုသာ ယုံကြည်အားကိုးပါ…ငါသင်ပေးထားသလိုဘဲလုပ်….ဘာမှအဆင်မပြေစရာမရှိဘူး….တစ်ခုတော့သတိထား ဒုက္ခရောက်နေသူကိုဘယ်တော့မှမလိမ်ညာမိစေနဲ့…”

” ဟုတ်..ကျွန်တော်နားလည်ပါပြီဆရာ…”

” ဟုတ်ပြီဒါဆိုသွားပြီး အကူအညီလိုနဲ့သူကို.အကူအညီပေးလိုက်ပါ…ငါရွာထိပ်ကစေတီပျက်မှာ မင်းကိုစောင့်နေမယ်..ဘုရားတရားမမေ့ဘဲအတတ်နိုင်ဆုံး မေတ္တာနဲ့ကုသပါ…”

” ဟုတ်ဆရာ….ဆရာ့စကားကိုမြေဝယ်မကျနားထောင်ပါ့မယ်…”

” အေးအေး…ကုသရာမှာအထက်ကအကူအညီတွေအများကြီးရပါစေ..သွားတော့.. ”

မောင်ရေခဲလည်း တပည့်ဖြစ်သူကိုရွာထဲလွှတ်လိုက်ပြီး သူကိုယ်တိုင်ကား စေတီပျက်သို့ပြန်လာပြီး တရားထိုင်နေလိုက်၏။

ထင်ပေါ်လည်းဆရာဖြစ်သူပြောသည့်အတိုင်း ရွာထဲဝင်သွားလေရာ လေးအိမ်မြောက် ခြေတံရှည်အိမ်ရှေ့အရောက်တွင် ခြေလှမ်းများကိုရပ်လိုက်၏။ အိမ်ထဲသို့လှမ်းကြည့်လိုက်သော် ဝိုင်းစောင့်နတ်၊အိမ်စောင့်နတ်တစ်ပါးမျှမရှိချေ။ အိမ်ဝိုင်းပတ်ပတ်လည်ကိုလည်း အညိုရောင်စက်ကြိုးဖြင့်တားထားသည်ကိုတွေ့လိုက်ရသည်။ အိမ်ထဲတွင်ကား အမယ်အိုကြီးတစ်ယောက်သည် ထဘီမနိုင်အင်္ကျီမနိုင်ဖြင့် မြေထက်ဝယ်ခွေးတစ်ကောင်ကဲ့သို့အော်ဟစ်နေ၏။ အနားရှိမိန်းကလေးတစ်ယောက်ကား ထိုအမေအိုအားချော့မော့နေ၏။
ထင်ပေါ်က စိတ်ထဲမှနေ၍ အကာအရံစက်ကြိုးကိုအပိုင်းပိုင်းဖြစ်အောင်ဖြတ်လိုက်၏။ ပြီးမှ အိမ်ထဲသို့လှမ်းဝင်မည်အပြု

” အိမ်ထဲကိုအခွင့်မရှိဘဲမဝင်ရဘူးငါ့တပည့်…အိမ်ရှင်ကိုအရင်ခွင့်တောင်းလိုက်ပါဦး…”

ဟူသောဆရာဖြစ်သူ၏ အသံကိုကြားလိုက်ရသဖြင့် အနောက်သို့ပြန်ဆုတ်လိုက်ပြီး
အိမ်ထဲမှမိန်းကလေးဆီ ဝင်ခွင့်တောင်းလိုက်၏။

” အစ်မရေ..အစ်မ..ကျွန်တော်ရေဆာလို့ ရေအနည်းငယ်တိုက်လို့ရမလားဗျ..”

မအေးဝင်းလည်း ခြံဝမှအသံကြားသဖြင့်ကြည့်လိုက်ရာ အရွယ်ငယ်ငယ်ခရီးသွားတစ်ယောက်အားတွေ့လိုက်ရသဖြင့်

” ဪရေလား…သောက်ပါမောင်ငယ်ရေ…သောက်ပါ..ဝင်လာခဲ့လေ…”

” ဟုတ်အစ်မ…ကျေးဇူးပါဗျ…”

ထင်ပေါ်လည်း မအေးဝင်းခပ်ပေးသောရေကို သောက်ပြီး အကဲခတ်နေ၏။ ထိုစဉ်ဒေါ်ညိုသည်

” ဝုတ်…ဝုတ်…ဝုတ်…အီး…ဝူး..ဝူး…”

ဟူသောအသံနဲ့အတူ လူတစ်ယောက်၏အသိစိတ်လုံးဝပျောက်သွားပြီး အဟိတ်တိရိစ္ဆာန်တစ်ကောင်၏ စိတ်ရိုင်းဝင်သွား၏။ ထင်ပေါ်လေးကိုမြင်သော် ရန်သူတစ်ယောက်ကိုမြင်သကဲ့သို့ လေးဘက်ကုန်းဖြင့်ပြေးလာပြီး ဝင်လုံးရန်ပြင်၏။ ထင်ပေါ်လည်းအသိစိတ်မရှိတော့သည်ကိုသိလိုက်ရသဖြင့် မနောစိတ်မှနေ၍ စည်းတားထားလိုက်၏။

” အဲဒီနေရာမှာဘဲရပ်လိုက်စမ်း…ငါ့အမိန့်မရမချင်း မရွေ့နိုင်စေရ…”

ထင်ပေါ်ကထိုသို့မိန့်လိုက်သော် ဒေါ်ညိုကရှေ့ဆက်တိုး၍မရတော့ဘဲ ထိုနေရာတွင်သာနေပြီး ရန်လိုနေ၏။ အဒေါ်ဖြစ်သူ၏ရုတ်တရက်ထူးဆန်းသောအပြုအမူကြောင့် အပျိုကြီးမအေးဝင်းခမျာ သူစိမ်းဧည့်သည်အား အလွန်အားနာသွား၏။

” ဟာ…ကြီးညိုရယ်ဘယ်လိုလုပ်လိုက်တာလဲ…အားနာဖို့ကောင်းလိုက်တာရှင့်..တောင်းပန်ပါတယ်မောင်လေးရေ…အစ်မရဲ့ကြီးကြီးက နေမကောင်းလို့ပါ…ဗွေမယူပါနဲ့နော်..”

” ရပါတယ်အစ်မရယ်…တစ်ခုလောက်မေးပါရစေ…အဒေါ်ကြီးဒီလိုဖြစ်တာကြာပြီလားဗျ…”

” နည်းနည်းတော့ကြာပါပြီ..ကြီးညိုကဒီလိုဖြစ်ပြီးနောက်ပိုင်း စိတ်ထဖောက်ပြီး ခွေးတစ်ကောင်လိုပြုမူတော့တာဘဲ…”

” ခွေးရူးကိုက်ခံရတဲ့လူက ဒီလိုမဖြစ်နိုင်ပါဘူးလို့ကျွန်တော်ထင်တယ်…ခွေးရူးပြန်တာတော့ဖြစ်နိုင်ပါတယ်..ဒါပေမဲ့ဒီအဒေါ်ဖြစ်နေတာက ခွေးရူးပြန်တာနှင့်အတူ ကယောင်ကတမ်းစိတ်ဖောက်ပြန်တာပါတွေ့နေရတယ်…”

” အစ်မလဲ အဲဒီလိုဘဲတွေးမိပါတယ်…ဒါကြောင့်ပရောဂဆရာတွေရှာဖွေတာလည်းကြာပါပြီ…မိမိရရ ကုသပေးနိုင်တဲ့ဆရာမတွေ့သေးဘူးမောင်လေးရေ…”

” အစ်မစိတ်မရှိရင်..ကျွန်တော် ဒီအဒေါ်ကိုကုသပေးပါရစေ…ကျွန်တော် ကဘာကောင်မှမဟုတ်ပေမဲ့ တသက်လုံးသီလထိန်းလာတဲ့သူမို့ ကျွန်တော်တတ်တဲ့ပညာလေးနဲ ကုသပေးပါရစေ…”

” ဟယ်….မောင်လေးက ငယ်ငယ်လေးရှိသေးတယ်ပရောဂကုတတ်တာလား…ဒီလိုဆို အဆင်သင့်လိုက်တာကွယ်…အစ်မရဲ့ကြီးကြီးကိုကုသပေးပါလို့အစ်မတောင်းဆိုပါရစေ…”

” ဒါဆိုကောင်းပြီဗျာ…ကျွန်တော် တတ်သမျှပညာနဲ့ အစွမ်းကုန်ကုသပေးမယ်…”

ဆိုကာမောင်ထင်ပေါ်က ကုသရာတွင်လိုအပ်သည့် ကန်တော့ပွဲများကိုပြင်ဆင်ခိုင်းလိုက်၏။ ပြီးမှ မြတ်စွာဘုရားအားရိုသေစွာရှစ်ခိုးကန်တော့ပြီး မိမိ၏သင်ဆရာမြင်ဆရာများကိုဦးချမေတ္တာပို့်သ၏။ ပြီးသော် ဒေါ်ညိုအားဘုရားရှေ့သို့ခေါ်ပြီးဘုရားကိုဦးတိုက်ခိုင်း၏။

” ကဲဒေါ်ဒေါ်ရေ…တုနိုင်းမဲ့မြတ်စွာဘုရားကိုဦးတိုက်လိုက်ပါဦးဗျ…”

” အီ…အီ…ဝု…ဝု..”

ဒေါ်ညိုကားလူစိတ်မရှိဘဲ ခွေးစိတ်သာပေါက်နေပြီး လေးဘက်ထောက်ကာ တအီအီလုပ်နေ၏။

” ကဲဗျာ…ကောင်းကောင်းလေးထိုင်ဒေါ်ဒေါ်…ကဲဆိုင်ရာတို့ဒီကအင်္ဂါသမီးကို မူလစိတ်ပြန်ရအောင်လုပ်ပေးကြပါ…အထက်ဆရာကြီးများရဲ့အာဏာ..ငါဆရာရဲ့အမိန့်…”

မောင်ထင်ပေါ်ကထိုသို့အမိန့်ပြန်လိုက်ရာ ဒေါ်ညိုမှာ ဒူးထောက်ထိုင်ချလိုက်ပြီး လက်အုပ်ချီကာဘုရားကိုရိုသေစွာဦးချလေ၏။

” ကဲဒေါ်ဒေါ်…ဒါကဘယ်သူလဲမှတ်မိလား….”

မောင်ထင်ပေါ်က နဘေးရှိ မအေးဝင်းအားလက်ညိုးထိုးပြကာ ဒေါ်ညိုအားမေး၏။ ဒေါ်ညိုက မအေးဝင်းအားကြည့်ကာ

” မသိစရာလားသားရယ်…သူကအဒေါ့်တူမမိအေးဝင်းဟဲ့…မိအေးဝင်း….”

” ဒါဆိုဒေါ်ဒေါ်ခွေးကိုက်ခံရတုန်းကကိစ္စကိုမှတ်မိသေးလားဗျ…”

” ခွေးကိုက်ခံရတာလား…အင်း….ဒေါ်ဒေါ်မှတ်မိပြီ…ဒေါ်ဒေါ်နဲ့လှည်းမောင်းငကျော်ထွန်း ဟိုဘက်ရွာကိုအကြွေးသွားတောင်းရင်းအပြန်လမ်းမှာခွေးတစ်ဝင်ကိုက်သွားတာ…”

” ခွေးကိုက်ခံရပြီးနောက်ပိုင်း ဒေါ်ဒေါ်ဘယ်လိုခံစားရသေးလဲ…တစ်ခုခုထူးဆန်းတာမျိုးပေါ့…”

” အင်းထူးဆန်းတာမျိုးလား…ထူးဆန်းတာမျိုးဆိုရင်…”

ဆိုပြီးဒေါ်ညိုကတချက်စဉ်းစားဟန်ပြုလိုက်၏။ အတန်ကြာမှ

” အင်း…သိပြီ…ဒေါ်ဒေါ်စဉ်းစားလို့ရပြီ…ခွေးကိုက်ခံပြီးနောက်ပိုင်းည ညဆို အနာကကိုက်လာတယ်တအားဘဲ…ပြီးတော့ရွာရဲ့လမ်းမကြီးအတိုင်းခွေးတွေအရမ်းအူလာတယ်…ဒေါ်ဒေါ်တို့အိမ်ရှေ့ရောက်တာတဲ့အူတွေခွေးတွေကရပ်သွားပြီး အဲဒီခွေးအုပ်တွေကြားမှာ စိတ်ဆိုးဒေါသထွက်နေတဲ့ မိန်းမကြီးတစ်ယောက်ပါလာတယ်..သူကအဲဒီခွေးတွေကိုဒေါ်ဒေါ့်ကို ကိုက်သတ်ခိုင်းတယ်.. အဒေါ်ကသူ့သားကိုသတ်လိုက်တာတဲ့…အဲဒိလိုဖြစ်ပြီးရင်ဒေါ်ဒေါ့်အသိစိတ်တွေအကုန်ပျောက်သွားတယ်သား…”

” ဟုတ်လား…ဒါဆိုဒေါ်ဒေါ်အဲဒီမိန်းမကြီးကိုကြောက်သလား…”

” ကြောက်တာပေါ့သားရယ်…သူလာရင်ဒေါ်ဒေါ့်မှာပြေးစရာမြေမရှိဘူး…သူပြုသမျှခံရတယ်…”

” ဟုတ်ပြီဒါဆိုကျွန်တော်က ဒေါ်ဒေါ်ဒီလိုမျိူးထပ်မဖြစ်အောင်ကူညီပေးမယ်…ဒေါ်ဒေါ်သဘောတူလက်ခံလား…”

” ဒီဘဝကနေလွတ်ချင်နေတာပါသားရယ်…ဒီငရဲတွင်းထဲကနေဒေါ်ဒေါ့်ကိုကယ်ပေးပါ..”

” ဟုတ်ပြီ…ဒါဆိုဒေါ်ဒေါ့်ကိုကျွန်တော်ရအောင်ကယ်ပေးမယ်…ကဲဒေါ်ဒေါ့်စိတ်ကိုတင်းမထားဘဲ အေးဆေးသက်သာအောက်လျှော့ထားနော်…”

ဆိုကာ မောင်ထင်ပေါ်သည် အင်္ဂါသမီးဒေါ်ညိုအား ပြုစားသည့်အစွဲရှင်အားခေါ်သွင်းလေ၏။ ဆ

” ကဲ…ဒီအင်္ဂါသမီးကိုပြုစားထားတဲ့အစွဲရှင် ရောက်ရာကရပ်ကနေ မကြာချက်ချင်းငါ့အရှေ့ရောက်လာစေ…ကျန့်ကြာခြင်းမရှိစေရ…အထက်ဆရာကြီးများရဲ့အမိန့်..ငါဆရာရဲ့အမိန့်….”

ဆိုကာကြမ်းသုံးချက်ပုတ်လိုက်၏။ ထိုအချိန်ထိဒေါ်ညိုမှာတစုံတရာထူးခြားလာခြင်းမရှိသေးချေ။

” မလာဘူးပေါ့ဟုတ်လား…ငါ့အမိန့်ကိုလွန်ဆန်ပြီး နေရဲတယ်ပေါ့…လာစမ်းခုချက်ချင်း…”

ဆိုပြီး အာဏာသံပါပါမိန့်လိုက်ရာ ဒေါ်ညိုကာဒူးပဆစ်တုတ်ထိုင်ရာကနေ တပလ္လက်ချိတ်ထိုင်လိုက်ပြီး

” ဟင်း…ဟင်း…ဟင်း..ဘယ်ဆိုးလို့လဲ..ငယ်ငယ်ရွယ်ရွယ်နဲ့အာဏာပြင်းသားဘဲ…”

” ရောက်လာပြီလား…ရောက်ရင်ဒူးပဆစ်တုတ်ထိုင်ပြီး ဘုရားကိုဦးတိုက်လိုက်စမ်း…”

” ငါ့ကို ခေါ်လို့ရတယ်ဆိုပြီး မာန်ကြွနေတာလား…မရှိခိုးဘူးဟဲ့မရှိခိုးဘူး…မင်းဘာလုပ်မလဲငါမရှိခိုးတော့…”

” ရတယ်လေ…မင်းကငါ့ကို အာခံတော့လည်း လုပ်ရသေးတာပေါ့…ကဲကြိုးပိုင်ကြီး ဒီကောင်မကို လက်နောက်ပြန်ကြိုးတုတ်ထားလိုက်စမ်း…ငါ့အမိန့်မရမချင်းကြိုးမဖြေနိုင်စေရ…”

” အင်း…အား..အား….တောက်! ငါ့ကိုလက်ပြန်ကြိုးတုတ်ရဲတယ်ပေါ့…ဟဲ့အကောင်တွေလာကြစမ်း…ဒီကောင်လေးကို တစစီဆွဲဖြဲပစ်ကြ…”

မောင်ထင်ပေါ်က အမိန့်ပေးလိုက်ရာ ဒေါ်ညို၏လက်နှစ်ဖက်မှာ သူ့အလိုလိုအနောက်သို့ရောက်သွားပြီး ဆွဲဖြုတ်မရဖြစ်နေ၏။ ထိုအရာကြောင့်ဒေါ်ညိုကဒေါသထွက်သွားပြီး သူမွေးထားသောအကောင်များကိုခေါ်ကာထင်ပေါ်အား တိုက်ခိုက်ခိုင်း၏။ ထင်ပေါ်လည်းမနောစိတ်ဖြင့် အိပ်ပတ်ပတ်လည်ကိုစည်းတားထားလိုက်သဖြင့် ထိုအကောင်များမှာ အိမ်ထဲဝင်မရဘဲ ခွေးကြီးများအသွင်ဖြင့် အိမ်ကိုဝိုင်းဟောင်နေ၏။

” ဪ…နင်က ငါ့အကာင်တွေကိုတားရဲတယ်ပေါ်ရတယ်လေ…ရော့နင့်ကြိုးပိုင်တွေလောက်တော့အသာဘဲဟေ့…”

ဆိုကာ အတင်းရုန်းပြီး လက်မှချည်ထားသောကြိုးအားဆွဲဖြုတ်၏။

” ကဲကြိုးပိုင်တွေ ဒီကောင်မကိုရုန်းမရအောင် ကြိုးအထပ်ထပ်ချည်ပြီး ဓားလှံတွေနဲ့ထိုးထားလိုက်စမ်း…အဲအနာတွေကိုဆားပက်လိုက်စမ်း….ဒီလောက်တောင်မှအာခံချင်နေတာ…”

” အား..ဖလူး…ဖလူး…သေပြီခွေးမသားလေးရယ်…အားစပ်တယ်….စပ်တယ်…….”

” မှတ်ပြီလားကောင်မ…အာခံချင်ဦး…ဆိုင်ရာတွေဆံပင်ကနေဆွဲထပြီး ဘုရားဦးတိုင်ခိုင်းလိုက်…အာခံရင်ဆင်ကြီးနဲ့အသက်မသေရုံတမယ်နင်းခိုင်း…”

ထိုသို့မိန့်လိုက်လျှင် ဒေါ်ညိုမှာ ကြမ်းပြင်ပေါ်လဲလျောင်းနေရာမှ တစ်ယောက်ယောက်ဆံပင်ကိုဆွဲလိုက်သလိုဖြစ်သွားပြီး ယက်ကန်ယက်ကန်ပါလာပြီး ဒူးပဆစ်တုတ်ထိုင်ကာ ဘုရားကိုသုံးကြိမ်ဦးတိုက်၏။

” ကဲ…ဒါဆိုသေချာလေးထိုင်ပြီးငါမေးတာဖြေ…ဒီခန္ဓာပိုင်ရှင်အင်္ဂါသမီးကိုဘာလုပ်ထားတာလဲမှန်မှန်ဖြေ…”

” ဟဲ့…မဖြေနိုင်ဘူးဟဲ့…အဲတော့နင်ဘာလုပ်မှာလဲ…”

” နင်ကအသားနာချင်နေတော့လဲ ပြပေးရသေးတာပေါ့…..”

ဆိုကာသောက်တော်ရေကိုအနည်းငယ်ယူလိုက်ပြီး ဒေါ်ညိုအားတောက်လိုက်၏။

” အား…ပူတယ်… ပူတယ်…မီးတွေ…မီးတွေ……….သေပါပြီအမေရယ်…”

” ဖြေလေမနာချင်ရင်…မဟုတ်ရင် ဒီထက်ပိုနာလိမ်မ့်မယ်မှတ်…”

” ထင်ပေါ်…တဖက်သားအပေါ်မေတ္တာစနတ်ထားပြီးကုသပါ…ကိုယ့်ကြောင့်တပါးသူအသက်မစေစေနဲ့…”

ထင်ပေါ်က ဒေါ်ညိုအားရေစင်ဖြင့်တောက်ပြီးမေးမြန်းနေစဉ်သူ၏နားထဲ၌ဆရာဖြစ်သူမောင်ရေခဲ၏ အသံကိုကြားလိုက်ရပြီး ရေစင်ခွက်ကိုပြန်ချထားလိုက်၏။
” ကဲ..ငါ့ဆရာကယ်လို့နင်သက်သာတယ်မှတ်…ငါအကောင်းမေးမယ်ဖြေ…ဒီအင်္ဂါသမီးကိုဘာလုပ်ထားတာလဲပြော…”

” ဖြေမယ်ဟဲ့ဖြေမယ်…ဒီကောင်မကြောင့် ငါ့သားလေးမသေ သင့်ဘဲသေဆုံးခဲ့ရတယ်…အဲဒါကြောင့် ငါမကျေနပ်လို့လုပ်တာရှင်းပြီလား…”

” ဪ…လူဆိုတာသေမျိူးဘဲ..တို့မြတ်စွာဘုရားတောင်မှ ပရိနိဗ္ဗာန်စံသေးတာဘဲ…နင်တို့ငါတို့လိုပုထုစဉ်လူသားတွေသေတာဆန်းသလား…”

” အသက်ကြီးမှသေတာကမဆန်းဘူးဟဲ့…ခုငါ့သားကသေချိန်မတန်ဘဲသေရတာ…ဒီမိန်းမကြီးကြောင့်…သူကငါ့သားကိုဆေးကုပေးမဲ့ငွေတွေအကုန်ယူသွားလို့ငါ့သားသေခဲ့ရတာဟဲ့…”

” မဟုတ်တာတွေပြောပြီဗျာ…လူဆိုတာကြီးငယ်မရွေးသေကြရမှာဘဲ…လူ့လောကမှာနေဖို့သက်တမ်းကုန်တာနဲ့ဘယ်သူမဆိုသေဆုံးကြရမှာဘဲလေ…ဒါဟာသူ့ကုသိုလ်ကံကြောင့်ပါ…ဘယ်သူကြောင့်နဲ့မှမဟုတ်ပါဘူး…အပ္ပါယ်လားမဲ့အတွေးတွေမတွေးစမ်းပါနဲ့ဗျာ…”

မောင်ထင်ပေါ်ကထိုသို့ပြောပြီး

” ကဲ…ဒီအင်္ဂါသမီးကိုဘာနဲ့လုပ်ထားတာလဲ…လုပ်ထားတာတွေအကုန်ပြန်ယူသွား…တစက်မှမကျန်စေနဲ့…ငါစစ်ကြည့်မှတွေ့နေသေးရင် မင်းပြာကျပြီသာမှတ်…”

” ခွေးနဲ့ကိုက်ခိုင်းပြီးခွေးရူးအတိုက်နဲ့တိုက်ထားတာ…ငါလုပ်ထားတာတွေအကုန်ပြန်ယူပါ့မယ်…”

ဆိုပြီး သူ့လက်ဖြင့်ခေါင်းမှခြေအဆုံးသုံးခါသပ်ချသွား၏။

” ကဲကုန်ပြီလားပြော…မကုန်သေးရင်ကုန်အောင်သပ်ချ…”

” ကုန်ပါပြီရှင့်…တကယ်ပြောတာပါ…ငါသွားလို့ရပြီလား…”

” နေဦး…ငါစစ်ကြည့်ဦးမယ်……”
ဆိုပြီးမောင်ထင်ပေါ်ကစစ်ကြည့်လိုက်ရာပရောဂ အကုန်စင်သွားကြောင်းတွေ့လိုက်ရ၏။ ခွေးကိုက်ထားသောဒဏ်ရာမှာလည်း အရာသာသာလေးသာကျန်တော့၏။

” ကဲဘုရားဦးတိုက်ပြီးရင်သွားလို့ရပြီ…ဘရားတရားမမေ့နဲ့…”

ဆိုပြီးစည်းပြန်ဖွင့်ပေးကာပြန်လွတ်လိုက်၏။
ဒေါ်ညိုလည်း အားနည်းကာအတော်ကြာမေ့မျောသွား၏။ ထင်ပေါ်ကသစ်ခွနက်ရေနှင့်နတ်ဆေးဂမုန်းတော်ကိုဖျော်ပြီး တိုပ်လိုက်ရာ မကြာခင်ပြန်လည်သတိရသွားပြီး မူလအတိုင်းပြန်ဖြစ်သွားတော့၏။

” ဒေါ်ဒေါ်နေလို့ပေါ့ပါးသွားပြီ…ကျေးဇူးတင်လိုက်တာသားရယ်…”

” ဟုတ်ပါပြီဗျာ…ဒီလိုဖြစ်လာရတာလည်းဒေါ်ဒေါ်ရဲ့လောဘတရားကြောင့်ပါ…ဒါကြောင့် တစ္ခုခုကို စိတ်လိုက်မာန်ပါမလုပ်ဘဲအေးရာအေးကြောင်းဘဲဖြေရှင်းဖို့ပြောခဲ့ပါရစေဗျာ…”

” ဟုတ်ကဲ့ဒေါ်ဒေါ်နားလည်ပါပြီသားရေ.
…ဒါကသားကိုကျေးဇူးဆပ်တဲ့အနေနဲ့ဒေါ်ဒေါ်ပေးတဲ့ဆေးကုသစရိုက်ပါ…လက်ခံပေးပါသား..”

” မလိုပါဘူးဒေါ်ဒေါ်…သားတို့ကစေတနာနဲ့ကုသပေးတာပါဗျာ…ဒီငွေတွေကိုလိုအပ်တဲ့နေရာမှာလှူဒါန်းလိုက်ပါ…ရွာထိပ်မှာကျွန်တော့ဆရာစောင့်နေလို့သွားတော့မယ်ဗျာ..ရတနာသုံးပါးမမေ့ပါကြပါနဲ့ဗျ..သွားပြီ….””

” ဟုတ်မောင်လေး..”

” ဟုတ်ပါပြီသားရေ…”

ထင်ပေါ်လည်းဒေါ်ညိုတို့ကိုနူတ်ဆက်ပြီး ရွာထိပ်ရှိ မိမိဆရာရှိရာစေတီသို့သွားခဲ့၏။ သည်ကိစ္စဖြစ်ပြီးနောက်ပိုင်းဒေါ်ညိုတစ်ယောက် နောင်တတရားရကာ အရာရာကို စွန့်လွှတ်ပြီး ဘဝ၏အေးချမ်းရာအေးချမ်းကြောင်းအမှန်ဖြစ်သော သာသနာ့ဘောင်သိူ့အပြီးတိုင်ဝင်သွားပြီး တရားအားထုတ်နေလေတော့သည်။……။

( စိတ်ကူးမျှသာဖြစ်သည်။ စာလုံးပြန်မစစ်ရသေးပါ…အားပေးဖတ်ရှုသူအပေါင်းဘေးဘယာကင်းကွာပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာကြစေသောဝ်)

# ပြီး

# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ ေခြး႐ူးတိုက္ျခင္း(စ/ဆံုး)
———————————————–
” အူး…ဝူး…”

” အီ…အီ…ဝူး….အူး…”

” ဟယ္…ႀကီးညိဳရယ္…လာ…လာဒီကို အဲဒီလမ္းဖက္မသြားပါနဲ႔ဆိုေနတာကိုတားမရဘူး…ငါ့ႏွယ္ေတာ္ ဒီလူအိုမႀကီးနဲ႔ကတစ္ဒုကၡ…ေဝးေဝးသာေျပးထြက္လိုက္ခ်င္ေတာ့တယ္..ဟူး…”

အပ်ိဳႀကီးမေအးဝင္း တစ္ေယာက္ႀကီးေတာ္ျဖစ္သူ ေဒၚညိဳအား ျပဳစုေစာင့္ေ႐ွာက္ေနရသျဖင့္ သက္မႀကီးခ်ကာ အျမဲတမ္းေအာ္ဟစ္ညည္းညဴေန၏။ အေၾကာင္းမွာ ေဒၚညိဳသည္ လြန္ခဲ့သည့္သံုးလခန္႔က ေခြးကိုက္ျခင္းခံရၿပီး ေခြး႐ူးျပန္ေရာဂါကိုခံစားေနရ႐ွာသည္။ ေငြ႐ွာႏိူင္စဥ္က မညည္းမညဴေကြၽးေမြးခဲ့ၾကေသာ္လည္း ေနမေကာင္းျဖစ္ႁပီး ေငြမ႐ွာႏိုင္ေတာ့ေသာအခါ ေဆြမ်ိဳးအသိုင္းအဝိုင္းတို႔ကဝိုင္းဝန္းပစ္ပယ္ထားၾကေလသည္။

ထို​ေဆြမ်ိဳးမ်ားထဲမွတစ္ကိုယ္တည္းအပ်ိဳႀကီးးျဖစ္​ေန​ေသာ မေအးဝင္းက ႀကီးညိဳအားတာဝန္ယူေစာင့္ေ႐ွာက္ေပး၏။ ေခြးကိုက္ခံရၿပီးႀကီးညိဳသည္ လမ္းေကာင္းေကာင္းမေလ်ွာက္ႏိုင္။ တစ္ခါတစ္ေလ ေခြးတစ္ေကာင္ကဲ့သို႔ျပဳမူၿပီး တအီအီလုပ္ကာ အိမ္အျပင္ဘက္သို႔ထြက္ေျပးသြားတတ္၏။ နဲနဲေလးမွမ်က္စိေအာက္အေပ်ာက္ခံ၍မရေခ်။ အပ်ိဳႀကီးမေအးဝင္းလည္း ႀကီးေတာ္ျဖစ္သူကို လိုက္ထိန္းရလြန္းေသာေၾကာင့္ စိတ္ထဲ၌ ၿငိဳျငင္စျပဳလာသည္။ ႀကီးညိဳပိုင္ဆိုင္ခဲ့ေသာ ေရႊေငြမ်ားကိုလည္း ႀကီးညိဳအားေဆးကုေပးရင္းႏွင့္ပင္ တေျဖးေျဖးႏွင့္ကုန္မွန္းမသိ ကုန္လာသည္။
ေဒၚညိဳဟူေသာ အသက္၅၀အရြယ္အပ်ိဳႀကီးကား ႏွယ္ႏွယ္ရရမဟုတ္။ ရပ္ရြာထဲတြင္သာမက ရြာနီးနားခ်င္းမ်ားကိုပါ ေငြတိုးေပးစားသူျဖစ္သည္။ ႀကီးညိဳကားအလုပ္တိက်လြန္းသူျဖစ္သျဖင့္ လတိုး၊ရက္တိုး ေငြေခ်းရာ၌ ဘယ္ေန႔တြင္ အတိုးေရာအရင္းပါဆက္ရမည္၊ မဆပ္ႏိူင္ပါက ထိုေငြနဲ႔တန္ဖိုးခ်င္းတူ​ေသာ ပစၥည္းတစ္ခုခုကိုယူမည္ဟု အျပတ္ေျပာထားသည္။
အေျပာနဲ႔အလုပ္ညီေသာ အပ်ိဳႀကီးမေဒၚညိဳကို ရြာသူရြာသားတို္႔ကေငြမ်က္ႏွာျဖင့္ အေပါင္းအသင္းလုပ္ရသည္။ ထိုရြာေလးတြင္ ေတာင္းတိုင္းရႏိုင္သည့္ သူေဌးမွာ ေဒၚညိဳတစ္ေယာက္သာ ႐ွိေသာေၾကာင့္ျဖစ္သည္။ တစ္ေန႔ေဒၚညိဳတစ္ေယာက္ တဖက္ရြာတြင္ ေငြတိုးေငြရင္းသိမ္းရန္ ခ်ိန္းရက္ေရာက္လာသျဖင့္ ခပ္ေစာေစာထကာ ႏြားလွည္းတစ္စီးျဖင့္သြားခဲ့သည္။
ရြာထဲသို႔ေရာက္ေသာ္ရက္ခ်ိန္းျပည့္ေသာ အိမ္၌ေငြတိုးေရာအရင္းပါေပါင္းၿပီးယူခဲ့သည္။ တခ်ိဳ႕အိမ္ကေငြအေၾကဆပ္ႏိုင္ေသာ္လည္းတခ်ိဳ႕ကအတိုးမဆိုထားနဲ႔အရင္းပင္ျပန္မေပးႏိုင္ၾကေသးေခ်။ ထိုသို႔ေသာအေျခအေနမ်ိဴးတြင္​ေဒၚညိဳသည္ ထမိန္(ထဘီ)စကိုပင့္ၿပီး ထိုအိမ္တြင္႐ွိေသာ ေခ်းေငြတန္ဖိုးနဲ႔ ညီသည့္ပစၥည္းမ်ားကို ပိုင္႐ွင္ေပးေပးမေပးေပး ရေအာင္ယူသြားေတာ့သည္။ ထိုအခ်ိန္မ်ိဳး၌ ေဒၚညိဳ၏ႏြားလွည္းကိုေမာင္းေပးရသူ ေက်ာ္ထြန္းမွာ အေႂကြးသိမ္းခံရသူတို႔အား အလြန္ပင္သနားစိတ္ဝင္သြားတတ္သည္။ သို႔ေသာ္လည္း မိမိသည္ ေဒၚညိဳ၏အလုပ္သမား သာသာ ျဖစ္ေနသျဖင့္ ခိုင္းသမ်ွေခါင္းငံု႔ကာ လုပ္ေပးေနရသည္။

” ဟဲ့…ျမန္ျမန္ယူေလငေက်ာ္ထြန္းရဲ႕…ဘာေတြတံု႔ေႏွးတံု႔ေႏွးလုပ္ေနတာလဲ…ဒါငါမတရားယူတာမဟုတ္ဘူးဟဲ့…ငါ့ေငြေတြျပန္မဆပ္ႏိုင္လို႔တန္ရာတန္ေၾကးယူေနတာဟဲ့…နင္နားလည္သလားဒါေတြ…လုပ္ယူ…ဟိုမွာစဥ့္အိုးႀကီးးေတြ…”

ဆိုကာ ထိုအေႂကြး႐ွင္အိမ္႐ွိရာဝင္စဥ့္အိုးႀကီးအားမၿပီး လွည္းေပၚတင္ခိုင္း၏။ ေက်ာ္ထြန္းလည္း ေခါင္းေလးငံု႔ကာ ခိုင္းသည့္အတိုင္းလုပ္ရသည္။ တစ္အိမ္ၿပီးတစ္အိ္မ္အေႂကြးသိမ္းရင္း ညေနပိုင္း၌ ရြာေျမာက္ပိုင္း႐ွိ ႀကီးဝိုင္းခင္အိမ္သို႔ေရာက္လာသည္။

” မဝိုင္းခင္ေရ…မဝိုင္းခင္…အလုပ္ေတြအားၿပီလားေဟ့…”

ေဒၚညိဳက ေဒၚဝိုင္းခင္၏ အိမ္ဝန္းထဲေရာက္သည္ႏွင့္ လွမ္းၿပီးအသံျပဳလိုက္၏။ ေဒၚညိဳ၏အသံကိုၾကားလိုက္သည္ႏွင့္ ဝက္စာေကြၽးေနေသာ ေဒၚဝိုင္းခင္တစ္ေယာက္ မ်က္ႏွာကိုအတတ္ႏိူင္ဆံုးအျပံဳးပန္းဆင္ထားလိုု္က္ၿပီး

” ဟာ…မညိဳပါလား…လာလာ…..”

” လာရမွာေပါ့ေအ…လာရမွာေပါ့…ဒီေန႔ကမဝိုင္းခင္ဆီကကဖို႔ခ်ိန္းတဲ့ရက္ေလကဲြ႔…”

ထိုစကားေၾကာင့္ မဝိုင္းခင္ေၾကာင္စီစီျဖစ္သြား၏။ သူ႔မွာအေႂကြးဆပ္ဖို႔ေငြမ႐ွိေသးေခ်။

” ဟို…အယ္…မ..မညိဳေရ..ခုတေလာေငြေရးေၾကးေရးအဆင္မေျပေသးလို႔ ေနာက္ေလးငါးရက္ေလာက္..ေစာင့္…ေစာင့္…”

” ေစာင့္ဖို႔ဆိုရင္ေတာ့မေျပာနဲ႔ေတာ့မဝိုင္းခင္…ကြၽန္မဒီေန႔အတိုးေရာအရင္းပါသိ္္မ္းမယ္လို႔ေျပာၿပီးသား မရလို႔ကေတာ့…ရရာယူရမွာဘဲေအ…”

” ေလးငါးရက္ထဲပါမညိဳရယ္…တစ္ကယ္အေၾကဆပ္ပါ့မယ္…”

” တစ္ရက္ေတာင္မေစာင့္ႏိုင္ဘူးေဟ့…ေႂကြးယူျပံဳးျပံဳး ေတာင္းေတာ့မုန္းတဲ့…ငါ့ေငြနဲ႔ငါအမုန္းခံၿပီးေတာင္းေနရတာ…စိတ္ကုန္လာၿပီ…”

” ကြၽန္မလည္းတကယ္အဆင္မေျပေသးလို႔ပါမညိဳရယ္…သားေလးကေနမေကာင္းလို႔ေငြေတြအားလံုးသူ႔ေဆးစရိတ္ထဲေရာက္ေနလို႔ေလ…ေနာက္ေလးငါးရက္ဆို ဝက္ေပါက္ေလးႏို႔ျဖတ္တဲ့အရြယ္ေရာက္ၿပီ…အဲခ်ိန္မွဝက္ေပါက္ေလးေရာင္းၿပီးညမညိဳရဲ႕ေငြကိုအတိူးေရာအရင္းပါေပါင္းေပးမယ္ေလေနာ့..ေနာ္မညိဳ…”

” ဘူးဆိုဘူးဘဲ…ဖရံုမသီးဘူးမိဝိုင္းခင္…ေပးစရာ႐ွိတာေပးရမွာဘဲ…ငါကဒီေန႔ဆိုဒီေန႔ဘဲ…မ႐ွိလဲ႐ွိတာယူရမွာဘဲ..ကဲေက်ာ္ထြန္း…ဟိုဝက္ေပါက္အႀကီးဆံုးေကာင္ကိုဖမ္းလာခဲ့…”

” ဟင္…မလုပ္ပါနဲ႔အစ္မရယ္…ဒီဝက္ေပါက္ေလးကသားေလးရဲ႕ေဆးစရိတ္အတြက္ စရံ႐ိုက္ထားၿပီးသားမို႔ပါ…”

” ဘာဘာညာညာငါနားမလည္ဘူး ရစရာ႐ွိတာေတာ့ယူရမွာဘဲ..ဟဲ့ေက်ာ္ထြန္းငါေျပာေနတာမၾကားဘူးလား…ဝက္ျခံထဲကအႀကီးဆံုးဝက္ေပါက္ကိုဖမ္းလာခဲ့လို႔…”

” မလုပ္ပါနဲ႔အစ္မရယ္..ဒူးေထာက္ၿပီးေတာင္းပန္ပါတယ္..ကြၽန္မသားေလးအရမ္းေနမေကာင္းျဖစ္ေနလို႔ေဆးစရိတ္လိုေနလို႔ပါ…”

” ေတာ္စမ္းပါေအ…အေႂကြးမဆပ္ခ်င္တဲ့လူေတြရဲ႕လက္သုးံစကားဘဲ…ငါ႐ိုးေနၿပီ..”

” တကယ္ေနမေကာင္းတာပါအစ္မရယ္…မယံုရင္အိမ္ထဲဝင္ၾကည့္လို႔ရပါတယ္႐ွင္…”

” မဝင္ေတာ့ပါဘူး…ေမာင္ေက်ာ္ထြန္း..ငါေျပာေနတာၾကားေရာၾကားလား…ဝက္ျခံထဲကအႀကီးဆံုးေကာင္ကိုဖမ္းလာခဲ့လို႔….”

ေခါင္းမာၿပီးတစြတ္ထိုးလုပ္တတ္လြန္းေသာ ေဒၚညိဳအား မဝိုင္းခင္က​ေျခ​ေထာက္ဖက္ၿပီး​ေတာင္းပန္​ေန​ေသာ္လည္း သနားညႇာတာမႈမ႐ွိဘဲ ေမြးထားေသာဝက္ေပါက္ကေလးသံုးေကာင္ထဲမွ အႀကီးဆံုးဝက္ေပါက္ေလးကို ဖမ္းယူသြားခဲ့ေတာ့သည္။ မဝိုင္းခင္ကားသားႀကီး၏ေဆးစရိတ္အတြက္သားသတ္သမားဆီမွ ႀကိဳတင္ယူထားေသာစရံေငြကို ၾကည့္ၿပီးေဒၚညိဳအား အလြန္စိတ္ဆိုးေဒါသထြက္သြားေလသည္။

” ေတာက္! ေငြမ်က္ႏွာေၾကာင့္ေအာက္ေျခလြတ္ေနတဲ့ေကာင္မ…ငါ့သားရဲ႕ေဆးစရိတ္ဖိုးကိုသူကယူသြားခဲ့ၿပီ…ငါ့သားတစ္ခုခုျဖစ္သြားလို႔ကေတာ့ဒင္းကိုအ႐ွင္မထားဘူးေဟ့…”

” အဟြတ္…အဟြတ္… ေမေမေရ…သားအသက္႐ႈၾကပ္တယ္…အဟြတ္…”

အိမ္ေပၚမွသားေလး၏ေခၚသံကိုၾကားသျဖင့္ မဝိုင္းခင္ အိမ္ေပၚသို႔အေျပးတပိုင္းေရာက္လာ၏။ ျခံဝမွေဒၚညိဳ၏လွည္းသံနဲ႔ဝက္ေပါက္ကေလး၏ေအာ္သံကိုပင္ သူမသတိမထားမိေတာ့ေခ်။ အိမ္ေပၚအေရာက္တြင္ အိပ္ယာထဲ၌ မ်က္ျဖဴလွန္ၿပီးအသက္ကိုမနဲလု႐ွဴေနေသာသားေလးကိုေတြ႔လိုက္ရ၏။

” သား…ဘာျဖစ္တာလဲအေမ့ကိုေျပာ…သားေဖေဖျပန္လာရင္ၿမိဳ္ကေဆးရံုကိုသြားၾကမယ္ေလေနာ္..အေမ့သားအားတင္းထား…”

” သား..သား.အရမ္းနာတယ္အေမ..သားရဲ႕အနာလည္းအရမ္းကိုက္တယ္..”

” သားရယ္…”

” ေမေမ..သားအိပ္ခ်င္တယ္…သားအရမ္းအိပ္ခ်င္ေနၿပီ..”

” မအိပ္နဲ႔သား..မအိပ္လိုက္နဲ႔..သားမ်က္လံုးဖြင့္ထားေမေမပံုျပင္ေျပာျပမယ္ေလေနာ္..သားေနာ္..သားေဖေဖျပန္လာေတာ့မယ္…”

မဝိုင္းခင္က အသက္႐ွဴသံပံုမွန္မဟုတ္ေတာ့ေသာသားေလးအား ၾကည့္ၿပီးမ်က္ရည္မ်ားထိန္းမရေအာင္စီးက်ေန၏။ လင္ေယာက်ာ္းကလည္းသားျဖစ္သူအတြက္အခ်ိန္မွီေဆးဖိုး႐ွာေနရသျဖင့္အိမ္ျပန္မေရာက္ေသးေခ်။ သားကေလးကအေဆာ့မက္လြန္းသျဖင့္ ေျခေထာက္ကိုသံခြၽန္စူးသြားၿပီး ထိုအနာထဲေမးခိုင္ပိုးဝင္ကာ စတင္ဖ်ားေတာ့ူည္။ မိဘမ်ားကတတ္ရာမွတ္ရာ ေဆးနည္းတိုမ်ားျဖင့္ကုသေပးေသာ္လည္းသက္သာမလာဘဲတေန႔တေန႔အေျခေနဆိုးလာျခင္းျဖစ္သည္။

” ဟာ့…ဟာ့….ဟာ့…..ေမ…ေမ…သား…သား​ေမာတယ္…သားအိပ္ခ်င္တယ္…သားေမေမ့လက္ေမာင္းေပၚမွာအိပ္ပါရေစ…”

ကေလးကမိခင္အားတမ္းတေသာမ်က္ဝန္းအစံုျဖင္ၾကည့္ၿပီး အသက္ျပင္းျပင္း႐ွဴေန႐ွာ၏။ မဝိုင္းခင္သည္သားေလးအားမိမိ၏လက္ေမာင္းေပၚေခါင္းအံုးကာအိပ္ခိုင္း၏။ သားေလးကားမိခင္လက္ေပၚမွိန္းေနရင္းတေျဖးေျဖးအသက္႐ွဴသံရပ္သြားၿပီး ေလာကႀကီးကိုႏူတ္ဆက္သြားေလေတာ့သည္။

” သား..သားေလးေရ…သား…ထပါဦးသားရဲ႕…သားေဖေဖျပန္လာေတာ့မယ္ေလ…သားရဲ႕ထပါဦး…..”

မည္မ်ွပင္လႈပ္ႏိႈးေနေသာ္လည္းသားေလးမွာ ထာဝရအိပ္ေပ်ာ္သြားခဲ့ေလၿပီ။ ေဒၚဝိုင္းခင္ကားသားေလးကိုၾကည့္ၿပီးေသာကအပူမီးေတာက္ေလာက္ေန၏။ သားျဖစ္သူေသဆံုးရျခင္းမွာ ေငြတိုးေခ်းစားေသာ ေဒၚညိဳေၾကာင့္ျဖစ့သည္ဟုစိတ္ထဲေတးထားလိုက္၏။

” ေတာက္! ေကာင္မမိညိဳ…ဒင္းေၾကာင့္ာ့သားေသရတာ…ဒင္းလည္းငါခံစားရသလိုဆယ္ဆျပန္ခံစားေစရမယ္…”

ဆိုုကာ အျပင္ထြက္လာၿပီး ခပ္ေဝးေဝးေရာက္ေနၿပီျဖစ္ေသာ ေဒၚညိဳ၏လွည္းအား အမွီေျပးလိုက္လာ၏။ ေဒါသေမာဟအပူမီးေၾကာင့္ ေမာပန္းရမွန္းလဲမသိေခ်။ ေျပးရင္းတစ္နာရီခန္႔အၾကာတြင္ ေဒၚညိဳ၏လွည္းကိုမွီလာ၏။

” ေတာက္! သူမ်ားမသဒၶါေရစာကိုစားတဲ့ေကာင္မ နင္ေသဖို႔ျပင္ထားဟဲ့…”

ဆိုကာ ဖေႏွာင့္သံုးခ်က္ေပါက္လိုက္သည္။ ထိုအခ်ိန္လမ္းေဘးမွေခြးတစ္ေကာင္သည္ ေဒၚညိဳ၏လွည္းေ႐ွ႕ပိတ္ရပ္ၿပီး ထိုးထိုးေဟာင္ေန၏။

” ဝုတ္…ဝုတ္…ဝုတ္…ဝုတ္…”

” ႐ွဴး…သြားစမ္း…ေခြးဝဲစားေလး..႐ွဴးသြားသြား…”

ႏြားလွည္းေ႐ွ႕ပိတ္ရပ္ေနေသာ ေခြးပိန္တစ္ေကာင္ကို ႏြားလွည္းေမာင္းေက်ာ္ထြန္းက ပိတ္ေဟာက္လိုက္၏။ သို႔ေသာ္လည္းေခြးမွာ ထြက္မသြားဘဲ ရပ္ၿပီးထိုးေဟာင္ေနဆဲပင္။ ေဒၚညိဳကထိုေခြးကိုၾကည့္ၿပီး ေဒါသထြက္ေန၏။

” ဟဲ့..ေခြးနာေခြးစုတ္ေလး…သြားဆိုတာကိုမသြားဘူး…ေသခ်င္ေနတယ္ဟုတ္လား…ေသရေစ့မယ္ဟဲ့..”

ဆိုကာ လွည္းေပၚမွဆင္းၿပီး လက္တစ္ဆုပ္အရြယ္ေက်ာက္တံုးတစ္လံုးေကာက္ကာ ေခြးပိန္ကိုထုလိုက္၏။

” အီး..ဝူး…ဝုတ္…ဝုတ္…ဂီး…ဂရား….”

” အား…ငေက်ာ္ထြန္း​ေရ…အဲေခြးကို႐ုိုက္သတ္လိုက္…”

” အ​ီး….ဝူး…ဝုတ္…ဝုတ္…”

ေခြးပိန္ေလးမွာေက်ာက္တံုးနဲ႔ထုခံရေသာ္လည္း ေနာက္မဆုတ္ဘဲ ေဒၚညိဳထံေျပးလာကာ ေဒၚညိဳ၏ေျခသလံုးသားကိုကိုက္ခဲပစ္လိုက္သည္။ မထင္မွတ္ေသာအေျခေနေၾကာင့္ ေဒၚညိဳလည္း ေ႐ွာင္ေျပးခ်ိန္ပင္မရလိုု္က္ေခ်။ အားခနဲေအာ္ၿပီးေခြလဲက်သြားသည္။ ထိုအျဖစ္​ေၾကာင့္ လွည္းေမာင္း​ေက်ာ္ထြန္းက လွည္းေပၚမွခုန္ဆင္းလာၿပီး ေခြးပိန္အား႐ိုက္နက္ေမာင္းထုတ္လိုုက္၏။ ေခြးပိန္မွာေဒၚညိဳကို ကိုက္ဆဲြၿပီး လမ္းေဘး႐ွိခ်ံဳပုတ္ထဲသို႔ဝင္ေရာက္ေပ်ာက္ကြယ္သြား၏။

” ရရဲ႕လားေဒၚညိဳ…အနာကအရမ္းနက္တယ္…တစ္ခါထဲၿမိဳ႕ေဆးရံုသြားျပရေအာင္…”

” ရတယ္ေက်ာ္ထြန္း..လွည္းေပၚမွာလည္းပစၥည္းေတြအမ်ားႀကီး..ၿမိဳ႕ေဆးရံုနဲ႔လည္းေဝးလြန္းတယ္..အိမ္ျပန္ၿပီး ေဆးလိမ္းလိုက္ရင္ သက္သာသြားမွာပါ…အား….ကြၽတ္..ကြၽတ္..ကြၽတ္… ေခြးဝဲစားေလး…ငါအေသထုသတ္ပစ္လိုက္ရမွာ…”

” ေျဖး​ေျဖးထ ေဒၚညိဳ…ဒီေခြးကဘယ္ကေနဘယ္လိုေပၚလာတာလဲ…”

” ထားလိုက္ေတာ့ေက်ာ္ထြန္း…ရြာကိုအျမန္ေရာက္မွျဖစ္မယ္…ေခြးကအ႐ူးမွန္းမသိ အေကာင္းမွန္းမသိဘူး…ေဆးမမွီရင္ငါဒုကၡေရာက္လိမ့္မယ္…”

ေဒၚညိဳက ေခြးကိုက္ခံရေသာေျခသလံုးကို ပုဝါျဖင့္စည္းေႏွာင္ထားလိုက္၏။ ၿပီးေသာ္လွည္းကိုအေသာ့ႏွင္ေစၿပီး ရြာသို႔အျမန္ျပန္လာ၏။ ရြာေရာက္ေသာ္ သိတတ္နားလည္သူမ်ားထံမွ ေဆးနည္းမ်ားေတာင္းၿပီး ေခြးကိုက္ခံရသည့္ဒဏ္ရာကို ကုသ၏၊

ေခြးကိုက္ခံရသည့္ဒဏ္ရာမွာ မေပ်ာက္ဘဲတေျဖးေျဖးပိုဆိုးလာ၏။ ျပည့္ျပည့္ဝဝ႐ွိခဲ့ေသာ ေဒၚညိဳမွာလည္းတ​ေျဖး​ေျဖးပိန္ခ်ံဴးလာၿပီး အလုပ္လည္းေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ေခ်။ တစ္ခါတစ္ေလေခြးတစ္ေကာင္ကဲ့သို႔ုျပဳမူၿပီး ေလးဘက္ကုန္းသြားကာ တအီအီေအာ္ေနတတ္သည္။ တခ်က္အသိစိတ္ျပန္ဝင္လာပါကလည္း ကေယာင္ကတမ္းေအာ္ကာ တစ္စံုတစ္ေယာက္ကို ေတာင္းပန္ေနတတ္၏။

” အီး…ဝုတ္…ဝုတ္…ဝူး…”

” အီ…အီ…အီ…”

” ေတာင္းပန္ပါတယ္..မလုပ္ပါနဲ႔… ယူထားတာေတြျပန္ေပးပါ့မယ္…မဟုတ္ဘူး…ငါမသတ္ရဘူး…ေခြး…ေခြးႀကီး…အား….ေသပါၿပီအေမရယ္…”

ေဒၚညိဳတစ္ေယာက္ ေနရင္းထိုင္ရင္း ေခြးလိုအူလိုက္၊ တစ္ေယာက္ကိုေတာင္းပန္လိုက္ျဖင့္ တစ္ေယာက္ထဲအလုပ္႐ႈပ္ေန၏။ ေဒၚညိဳေနမေကာင္းၿပီးေနာက္ပိုင္း​ေဆြမ်ိဳး​ေတာ္စပ္သူ မေအးဝင္းကလာေရာက္ျပဳစုေပး၏။ တေန႔တေန႔အေျခေနဆိုးလာေသာ ႀကီးေတာ္ျဖစ္သူ​ေၾကာင့္ အပ်ိဳႀကီးမေအးဝင္းခမ်ာ ဘယ္လိုလုပ္​ေပးရမည္မွန္းမသိ​ေတာ့​ေခ်။ ေခြးကိုက္ခံရၿပီး ေခြး႐ူးျပန္ေနသည္ဆိုေသာ္လည္း တစ္ခါတစ္ရံ ကေယာင္ကတမ္းေျပာဆိုေနသျဖင့္ အေမွာင့္ပေရာဂတစ္ခုခုတြယ္ကပ္ေန၍လား ဟုမဝင္းေအးေတြးမိ၏။ သို႔ေၾကာင့္ ပေရာဂကုတတ္သည့္ ဆရာမ်ားကိုႀကိတ္၍႐ွာေဖြေန၏။
သို႔ေသာ္လည္း အလိမ္အညာသမားနဲ႔သာေတြ႔ေန၍ စိတ္မခ်မ္းမသာျဖစ္ေန၏။

ေမာင္ေရခဲတို႔ဆရာတပည့္လည္း​ေတဇတို႔ကိုုကူညီၿပီးခရီးဆက္လာရာ ေစတီအိုေလး႐ွိရာဇရပ္အိုေလး၌ဝင္ၿပီး ဘုရားဝတ္ျပဳရင္း ခရီးတေထာက္နားေလ၏။ ထိုအခ်ိန္ ဘုရားေစာင့္ပုဂၢိဳလ္က ကိုယ္ထက္ျပၿပီး

” အေတာ္ထူးတဲ့ပုဂၢိဳလ္ေရာက္ေနပါလား…”

” သင္ကဘုရားေစာင့္ပုဂၢိဳလ္ဘဲ ဘာအေၾကာင္း႐ွိလို႔လဲဗ်…”

” အေၾကာင္းထူးလို္႔အကူအညီေတာင္းစရာေလး႐ွိလို႔ပါ…”

” ေျပာေစအသင္နတ္မင္း… က်ဳပ္ဘာမ်ားကူညီေပးရမလဲ…”

” ဒီလိုပါ…ဒီကေနအေ႐ွ႕စူးစူးအရပ္ကိုသြားလိုက္ရင္ ရြာေလးတစ္ရြာကိုေရာက္လိမ့္မယ္…အဲဒီမွာဒုကၡေရာက္ေနတဲ့လူတစ္ေယာက္႐ွိတယ္…သူကေလာဘတရားေၾကာင့္ အရာရာကိုသတိမထားမိခဲ့ၿပီး ေလာဘေၾကာင့္ဒုကၡေရာက္ေနပါတယ္..သူကအခ်ိန္က်ရင္ သာသာနာ့ဝန႔ထမ္းျဖစ္လာမဲ့သူမို႔ ကူညီေပးေစခ်င္လို႔ပါ….”

” ဒါကက်ဳပ္အလုပ္ဘဲဗ်ာ…က်ဳပ္ေသခ်ာေပါက္ကူညီရမွာေပါ့…အသင္စိတ္သာခ်ေနလိုက္ပါ…”

” ေက်းဇူးတင္ပါတယ္လူကေလးေရ…တပါးသူအက်ိဴးသယ္ပိုးရတဲ့အက်ိဳးအားေၾကာင့္ ပညာတန္ခိုးေတြပိုတိုးလာေပါေစ…က်ဳပ္ုပန္ၿပီ..”

ဆိုကာ အဖိုးအိုေယာင္ေဆာင္ထားေသာ နတ္က ျပန္လည္ေပ်ာက္ကြယ္သြား၏။

” ကဲထင္ေပၚေရ…အလုပ္ကတို႔ကိုေစာင့္ႀကိဳေနၿပီေဟ့…လာသြားၾကရေအာင္…”

” ဘယ္ကိုသြားၾကမွာလဲဆရာ…”

” ဒီကေနအေ႐ွ႕စူးစူးကိုသြားရမွာ…ဒီေန႔ေတာ့ မင္းကိုကုသခိုင္းရမယ္…ဒီႏွစ္ေတြအတြင္းမင္းဘာပညာေတြ တတ္သြားၿပီလဲဆိုတာသိခ်င္လို႔…”

” ဟုတ္ကဲ့ဆရာ…ဆရာသင္ေပးတာေတြအလကားမျဖစ္ေစရပါဘူး…”

” ဟုတ္ၿပီ…ဒါဆိုသြားၾကရေအာင္…”

ဆိုကာ အေ႐ွ႕စူးစူးအရပ္သို႔ဦးတည္ၿပီး သြားၾက၏။ ထိုအခ်ိန္တြင္ ရြာထိပ္လမ္းမွဘက္မွ မိန္းမႀကီးတစ္ေယာက္သည္ ျဖည္းညႇင္းစြာလမ္းေလ်ွာက္လာရင္း တစ္ေယာက္တည္းစကားေျပာေန၏။

” ဟင္း…ခုေတာ့ဒင္းက်ဳပ္အေၾကာင္းေကာင္းေကာင္းသိၿပီမလား…သူမ်ားမသဒၶါေရစာကိုေသာက္ခ်င္စားခ်င္ဦး..ေသရက္ေစာင့္ေနလိုက္…ဟင္း…ဟင္း…”

ထိုမိန္းမႀကီးက တစ္ေယာက္တည္းေျပာဆိုရင္း ေမာင္ေရခဲတို႔ကိုတခ်က္​ၾကည့္လိၾက္​ေသး၏။ ၿပီးမွ မိမိလိုရာခရီးကိုဆက္သြား၏။ ေမာင္ေရခဲကား ထိုမိန္းမကိုၾကည့္လိုက္သည္နဲ႔ ပညာသည္မွန္းသိေသာ္လည္း မသိသလိုဟန္ေဆာင္ႁပီး ရြာထဲသို႔ဝင္သြားၾက၏။ ေမာင္ေရခဲ၏ အာရံုထဲတြင္ကား အပမွီၿပီးေခြးကိုက္ခံရသည့္ အေဒၚႀကီးတစ္ေယာက္ကိုျမင္ေန၏။ သို႔ေၾကာင့္ေျခလွမ္းမ်ားကိုတံု႔ခနဲရပ္လိုက္ၿပိး

” ေ႐ွ႕ဆက္သြားထင္ေပၚ…ငါဒီကေနမင္းကိုေစာင့့္္မယ္…ေ႐ွ႕ေလးအိမ္အေက်ာ္မွာ ဒုကၡေရာက္ေနတဲ့သူ႐ွိတယ္…မင္းသြားကယ္လိုက္…”

” ဟင္…ဆရာကမလိုု္က္ဘူးလား…ကြၽန္​ေတာ္ဆရာမပါဘဲ ဘယ္လိုလုပ္ကယ္ႏုိင္မလဲဗ်ာ…”

” ကိုယ့္ကိုယ္ကိုယံုၾကည့္မႈထားစမ္းပါထင္ေပၚ…ငါဟာမင္းနဲ႔ အျမဲ႐ွိေနႏိုင္မွာမဟုတ္ဘူး…ငါမ႐ွိရင္ မင္းကိုမင္းကလဲြၿပီးအားကိုးရာမ႐ွိဘူး…ဒီေတာ့ကိုယ့္ကိုယ္ကိုသာ ယံုၾကည္အားကိုးပါ…ငါသင္ေပးထားသလိုဘဲလုပ္….ဘာမွအဆင္မေျပစရာမ႐ွိဘူး….တစ္ခုေတာ့သတိထား ဒုကၡေရာက္ေနသူကိုဘယ္ေတာ့မွမလိမ္ညာမိေစနဲ႔…”

” ဟုတ္..ကြၽန္ေတာ္နားလည္ပါၿပီဆရာ…”

” ဟုတ္ၿပီဒါဆိုသြားၿပီး အကူအညီလိုနဲ႔သူကို.အကူအညီေပးလိုု္က္ပါ…ငါရြာထိပ္ကေစတီပ်က္မွာ မင္းကိုေစာင့္ေနမယ္..ဘုရားတရားမေမ့ဘဲအတတ္ႏိုင္ဆံုး ေမတၱာနဲ႔ကုသပါ…”

” ဟုတ္ဆရာ….ဆရာ့စကားကိုေျမဝယ္မက်နားေထာင္ပါ့မယ္…”

” ေအးေအး…ကုသရာမွာအထက္ကအကူအညီေတြအမ်ားႀကီးရပါေစ..သြားေတာ့.. ”

ေမာင္ေရခဲလည္း တပည့္ျဖစ္သူကိုရြာထဲလႊတ္လိုုက္ၿပီး သူကိုယ္တိုင္ကား ေစတီပ်က္သို႔ျပန္လာၿပီး တရားထိုင္ေနလိုု္က္၏။

ထင္ေပၚလည္းဆရာျဖစ္သူေျပာသည့္အတိုင္း ရြာထဲဝင္သြားေလရာ ေလးအိမ္ေျမာက္ ေျခတံ႐ွည္အိမ္ေ႐ွ႕အေရာက္တြင္ ေျခလွမ္းမ်ားကိုရပ္လိုက္၏။ အိမ္ထဲသို႔လွမ္းၾကည့္လိုက္ေသာ္ ဝိုင္းေစာင့္နတ္၊အိမ္ေစာင့္နတ္တစ္ပါးမွ်မ႐ွိေခ်။ အိမ္ဝိုင္းပတ္ပတ္လည္ကိုလည္း အညိဳေရာင္စက္ႀကိဳးျဖင့္တားထားသည္ကိုေတြ႔လိုက္ရသည္။ အိမ္ထဲတြင္ကား အမယ္အိုႀကီးတစ္ေယာက္သည္ ထဘီမႏိုင္အက်ႌမႏိုင္ျဖင့္ ေျမထက္ဝယ္ေခြးတစ္ေကာင္ကဲ့သို႔ေအာ္ဟစ္ေန၏။ အနား႐ွိမိန္းကေလးတစ္ေယာက္ကား ထိုအေမအိုအားေခ်ာ့ေမာ့ေန၏။
ထင္ေပၚက စိတ္ထဲမွေန၍ အကာအရံစက္ႀကိဳးကိုအပိုင္းပိုင္းျဖစ္ေအာင္ျဖတ္လိုက္၏။ ၿပီးမွ အိ္မ္ထဲသို႔လွမ္းဝင္မည္အျပဳ

” အိမ္ထဲကိုအခြင့္မ႐ွိဘဲမဝင္ရဘူးငါ့တပည့္…အိမ္႐ွင္ကိုအရင္ခြင့္ေတာင္းလိုက္ပါဦး…”

ဟူေသာဆရာျဖစ္သူ၏ အသံကိုၾကားလိုက္ရသျဖင့္ အေနာက္သို႔ျပန္ဆုတ္လိုက္ၿပီး
အိမ္ထဲမွမိန္းကေလးဆီ ဝင္ခြင့္ေတာင္းလိုုက္၏။

” အစ္မေရ..အစ္မ..ကြၽန္ေတာ္ေရဆာလို႔ ေရအနည္းငယ္တိုက္လို႔ရမလားဗ်..”

မေအးဝင္းလည္း ျခံဝမွအသံၾကားသျဖင့္ၾကည့္လိုက္ရာ အရြယ္ငယ္ငယ္ခရီးသြားတစ္ေယာက္အားေတြ႔လိုက္ရသျဖင့္

” ဪေရလား…ေသာက္ပါေမာင္ငယ္ေရ…ေသာက္ပါ..ဝင္လာခဲ့ေလ…”

” ဟုတ္အစ္မ…ေက်းဇူးပါဗ်…”

ထင္ေပၚလည္း မေအးဝင္းခပ္ေပးေသာေရကို ေသာက္ၿပီး အကဲခတ္ေန၏။ ထိုစဥ္ေဒၚညိဳသည္

” ဝုတ္…ဝုတ္…ဝုတ္…အီး…ဝူး..ဝူး…”

ဟူေသာအသံနဲ႔အတူ လူတစ္ေယာက္၏အသိစိတ္လံုးဝေပ်ာက္သြားၿပီး အဟိတ္တိရိစၦာန္တစ္ေကာင္၏ စိတ္႐ိုင္းဝင္သြား၏။ ထင္ေပၚေလးကိုျမင္ေသာ္ ရန္သူတစ္ေယာက္ကိုျမင္သကဲ့သို႔ ေလးဘက္ကုန္းျဖင့္ေျပးလာၿပီး ဝင္လံုးရန္ျပင္၏။ ထင္ေပၚလည္းအသိစိတ္မ႐ွိေတာ့သည္ကိုသိလိုက္ရသျဖင့္ မေနာစိတ္မွေန၍ စည္းတားထားလိုက္၏။

” အဲဒီေနရာမွာဘဲရပ္လိုက္စမ္း…ငါ့အမိန္႔မရမခ်င္း မေရြ႔ႏိုင္ေစရ…”

ထင္ေပၚကထိုသို႔မိန္႔လိုက္ေသာ္ ေဒၚညိဳကေ႐ွ႕ဆက္တိုး၍မရေတာ့ဘဲ ထိုေနရာတြင္သာေနၿပီး ရန္လိုေန၏။ အေဒၚျဖစ္သူ၏႐ုတ္တရက္ထူးဆန္းေသာအျပဳအမူေၾကာင့္ အပ်ိဳႀကီးမေအးဝင္းခမ်ာ သူစိမ္းဧည့္သည္အား အလြန္အားနာသြား၏။

” ဟာ…ႀကီးညိဳရယ္ဘယ္လိုလုပ္လိုက္တာလဲ…အားနာဖို႔ေကာင္းလိုက္တာ႐ွင့္..ေတာင္းပန္ပါတယ္ေမာင္ေလးေရ…အစ္မရဲ႕ႀကီးႀကီးက ေနမေကာင္းလို႔ပါ…ေဗြမယူပါနဲ႔ေနာ္..”

” ရပါတယ္အစ္မရယ္…တစ္ခုေလာက္ေမးပါရေစ…အေဒၚႀကီးဒီလိုျဖစ္တာၾကာၿပီလားဗ်…”

” နည္းနည္းေတာ့ၾကာပါၿပီ..ႀကီးညိဳကဒီလိုျဖစ္ၿပီးေနာက္ပိုင္း စိတ္ထေဖာက္ၿပီး ေခြးတစ္ေကာင္လိုျပဳမူေတာ့တာဘဲ…”

” ေခြး႐ူးကိုက္ခံရတဲ့လူက ဒီလိုမျဖစ္ႏိုင္ပါဘူးလို႔ကြၽန္ေတာ္ထင္တယ္…ေခြး႐ူးျပန္တာေတာ့ျဖစ္ႏိုင္ပါတယ္..ဒါေပမဲ့ဒီအေဒၚျဖစ္ေနတာက ေခြး႐ူးျပန္တာႏွင့္အတူ ကေယာင္ကတမ္းစိတ္ေဖာက္ျပန္တာပါေတြ႔ေနရတယ္…”

” အစ္မလဲ အဲဒီလိုဘဲေတြးမိပါတယ္…ဒါေၾကာင့္ပေရာဂဆရာေတြ႐ွာေဖြတာလည္းၾကာပါၿပီ…မိမိရရ ကုသေပးႏိုင္တဲ့ဆရာမေတြ႔ေသးဘူးေမာင္ေလးေရ…”

” အစ္မစိတ္မ႐ွိရင္..ကြၽန္ေတာ္ ဒီအေဒၚကိုကုသေပးပါရေစ…ကြၽန္ေတာ္ ကဘာေကာင္မွမဟုတ္ေပမဲ့ တသက္လံုးသီလထိန္းလာတဲ့သူမို႔ ကြၽန္ေတာ္တတ္တဲ့ပညာေလးနဲ ကုသေပးပါရေစ…”

” ဟယ္….ေမာင္ေလးက ငယ္ငယ္ေလး႐ွိေသးတယ္ပေရာဂကုတတ္တာလား…ဒီလိုဆို အဆင္သင့္လိုက္တာကြယ္…အစ္မရဲ႕ႀကီးႀကီးကိုကုသေပးပါလို႔အစ္မေတာင္းဆိုပါရေစ…”

” ဒါဆိုေကာင္းၿပီဗ်ာ…ကြၽန္ေတာ္ တတ္သမ်ွပညာနဲ႔ အစြမ္းကုန္ကုသေပးမယ္…”

ဆိုကာ​ေမာင္ထင္ေပၚက ကုသရာတြင္လိုအပ္သည့္ ကန္ေတာ့ပဲြမ်ားကိုျပင္ဆင္ခိုင္းလိုက္၏။ ၿပီးမွ ျမတ္စြာဘုရားအား႐ိုေသစြာ႐ွစ္ခိုးကန္ေတာ့ၿပီး မိမိ၏သင္ဆရာျမင္ဆရာမ်ားကိုဦးခ်ေမတၱာပို္႔သ၏။ ၿပီးေသာ္ ေဒၚညိဳအားဘုရား​ေ႐ွ႕သို႔ေခၚၿပီးဘုရားကိုဦးတိုက္ခိုင္း၏။

” ကဲေဒၚေဒၚ​ေရ…တုႏိုင္းမဲ့ျမတ္စြာဘုရားကိုဦးတိုက္လိုက္ပါဦးဗ်…”

” အီ…အီ…ဝု…ဝု..”

ေဒၚညိဳကားလူစိတ္မ႐ွိဘဲ ေခြးစိတ္သာေပါက္ေနၿပီး ေလးဘက္ေထာက္ကာ တအီအီလုပ္ေန၏။

” ကဲဗ်ာ…ေကာင္းေကာင္းေလးထိုင္ေဒၚေဒၚ…ကဲဆိုင္ရာတို႔ဒီကအဂၤါသမီးကို မူလစိတ္ျပန္ရေအာင္လုပ္ေပးၾကပါ…အထက္ဆရာႀကီးမ်ားရဲ႕အာဏာ..ငါဆရာရဲ႕အမိန္႔…”

ေမာင္ထင္ေပၚကထိုသို႔အမိန္႔ျပန္လိုက္ရာ ေဒၚညိဳမွာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး လက္အုပ္ခ်ီကာဘုရားကို႐ိုေသစြာဦးခ်ေလ၏။

” ကဲေဒၚေဒၚ…ဒါကဘယ္သူလဲမွတ္မိလား….”

ေမာင္ထင္ေပၚက နေဘး႐ွိ မေအးဝင္းအားလက္ညိဳးထိုးျပကာ ေဒၚညိဳအား​ေမး၏။ ေဒၚညိဳက မေအးဝင္းအားၾကည့္ကာ

” မသိစရာလားသားရယ္…သူကအေဒၚ့တူမမိေအးဝင္းဟဲ့…မိေအးဝင္း….”

” ဒါဆိုေဒၚေဒၚေခြးကိုက္ခံရတုန္းကကိစၥကိုမွတ္မိေသးလားဗ်…”

” ေခြးကိုက္ခံရတာလား…အင္း….ေဒၚေဒၚမွတ္မိၿပီ…ေဒၚေဒၚနဲ႔လွည္းေမာင္းငေက်ာ္ထြန္း ဟိုဘက္ရြာကိုအေႂကြးသြားေတာင္းရင္းအျပန္လမ္းမွာေခြးတစ္ဝင္ကိုက္သြားတာ…”

” ေခြးကိုက္ခံရၿပီးေနာက္ပိုင္း ေဒၚေဒၚဘယ္လိုခံစားရေသးလဲ…တစ္ခုခုထူးဆန္းတာမ်ိဳးေပါ့…”

” အင္းထူးဆန္းတာမ်ိဳးလား…ထူးဆန္းတာမ်ိဳးဆိုရင္…”

ဆိုၿပီးေဒၚညိဳကတခ်က္စဥ္းစားဟန္ျပဳလိုက္၏။ အတန္ၾကာမွ

” အင္း…သိၿပီ…ေဒၚေဒၚစဥ္းစားလို႔ရၿပီ…ေခြးကိုက္ခံၿပီး​ေနာက္ပိုင္းည ညဆို အနာကကိုက္လာတယ္တအားဘဲ…ၿပီးေတာ့ရြာရဲ႕လမ္းမႀကီးအတိုင္းေခြးေတြအရမ္းအူလာတယ္…ေဒၚေဒၚတို႔အိမ္ေ႐ွ႕ေရာက္တာတဲ့အူေတြေခြးေတြကရပ္သြားၿပီး အဲဒီေခြးအုပ္ေတြၾကားမွာ စိတ္ဆိုးေဒါသထြက္ေနတဲ့ မိန္းမႀကီးတစ္ေယာက္ပါလာတယ္..သူကအဲဒီေခြးေတြကိုေဒၚေဒၚ့ကို ကိုက္သတ္ခိုင္းတယ္.. အေဒၚကသူ႔သားကိုသတ္လိုက္တာတဲ့…အဲဒိလိုျဖစ္ၿပီးရင္ေဒၚေဒၚ့အသိစိတ္ေတြအကုန္ေပ်ာက္သြားတယ္သား…”

” ဟုတ္လား…ဒါဆိုေဒၚေဒၚအဲဒီမိန္းမႀကီးကိုေၾကာက္သလား…”

” ေၾကာက္တာေပါ့သားရယ္…သူလာရင္ေဒၚေဒၚ့မွာေျပးစရာေျမမ႐ွိဘူး…သူျပဳသမ်ွခံရတယ္…”

” ဟုတ္ၿပီဒါဆိုကြၽန္ေတာ္က ေဒၚေဒၚဒီလိုမ်ိဴးထပ္မျဖစ္ေအာင္ကူညီေပးမယ္…ေဒၚေဒၚသေဘာတူလက္ခံလား…”

” ဒီဘဝကေနလြတ္ခ်င္ေနတာပါသားရယ္…ဒီငရဲတြင္းထဲကေနေဒၚေဒၚ့ကိုကယ္ေပးပါ..”

” ဟုတ္ၿပီ…ဒါဆိုေဒၚေဒၚ့ကိုကြၽန္ေတာ္ရေအာင္ကယ္ေပးမယ္…ကဲေဒၚေဒၚ့စိတ္ကိုတင္းမထားဘဲ ေအးေဆးသက္သာေအာက္ေလ်ွာ့ထားေနာ္…”

ဆိုကာ ေမာင္ထင္ေပၚသည္ အဂၤါသမီးေဒၚညိဳအား ျပဳစားသည့္အစဲြ႐ွင္အားေခၚသြင္းေလ၏။ ဆ

” ကဲ…ဒီအဂၤါသမီးကိုျပဳစားထားတဲ့အစဲြ႐ွင္ ေရာက္ရာကရပ္ကေန မၾကာခ်က္ခ်င္းငါ့အေ႐ွ႕ေရာက္လာေစ…က်န္႔ၾကာျခင္းမ႐ွိေစရ…အထက္ဆရာႀကီးမ်ားရဲ႕အမိန္႔..ငါဆရာရဲ႕အမိန္႔….”

ဆိုကာၾကမ္းသံုးခ်က္ပုတ္လိုက္၏။ ထိုအခ်ိန္ထိေဒၚညိဳမွာတစံုတရာထူးျခားလာျခင္းမ႐ွိေသးေခ်။

” မလာဘူးေပါ့ဟုတ္လား…ငါ့အမိန္႔ကိုလြန္ဆန္ၿပီး ေနရဲတယ္ေပါ့…လာစမ္းခုခ်က္ခ်င္း…”

ဆိုၿပီး အာဏာသံပါပါမိန္႔လိုက္ရာ ေဒၚညိဳကာဒူးပဆစ္တုတ္ထိုင္ရာကေန တပလႅက္ခ်ိတ္ထိုင္လိုက္ၿပီး

” ဟင္း…ဟင္း…ဟင္း..ဘယ္ဆိုးလို႔လဲ..ငယ္ငယ္ရြယ္ရြယ္နဲ႔အာဏာျပင္းသားဘဲ…”

” ေရာက္လာၿပီလား…ေရာက္ရင္ဒူးပဆစ္တုတ္ထိုင္ၿပီး ဘုရားကိုဦးတိုက္လိုက္စမ္း…”

” ငါ့ကို ေခၚလို႔ရတယ္ဆိုၿပီး မာန္ႂကြေနတာလား…မ႐ွိခိုးဘူးဟဲ့မ႐ွိခိုးဘူး…မင္းဘာလုပ္မလဲငါမ႐ွိခိုးေတာ့…”

” ရတယ္ေလ…မင္းကငါ့ကို အာခံေတာ့လည္း လုပ္ရေသးတာေပါ့…ကဲႀကိဳးပိုင္ႀကီး ဒီေကာင္မကို လက္ေနာက္ျပန္ႀကိဳးတုတ္ထားလိုက္စမ္း…ငါ့အမိန္႔မရမခ်င္းႀကိဳးမေျဖႏိုင္ေစရ…”

” အင္း…အား..အား….ေတာက္! ငါ့ကိုလက္ျပန္ႀကိဳးတုတ္ရဲတယ္ေပါ့…ဟဲ့အေကာင္ေတြလာၾကစမ္း…ဒီေကာင္ေလးကို တစစီဆဲြျဖဲပစ္ၾက…”

ေမာင္ထင္ေပၚက အမိန္႔ေပးလိုက္ရာ ေဒၚညိဳ၏လက္ႏွစ္ဖက္မွာ သူ႔အလိုလိုအေနာက္သို႔ေရာက္သြားၿပီး ဆဲြျဖဳတ္မရျဖစ္ေန၏။ ထိုအရာေၾကာင့္ေဒၚညိဳကေဒါသထြက္သြားၿပီး သူေမြးထားေသာအေကာင္မ်ားကိုေခၚကာ​ထင္​ေပၚအား တိုက္ခိုက္ခိုင္း၏။ ထင္ေပၚလည္းမေနာစိတ္ျဖင့္ အိပ္ပတ္ပတ္လည္ကိုစည္းတားထားလိုက္သျဖင့္ ထိုအေကာင္မ်ားမွာ အိမ္ထဲဝင္မရဘဲ ေခြးႀကီးမ်ားအသြင္ျဖင့္ အိမ္ကိုဝိုင္းေဟာင္ေန၏။

” ဪ…နင္က ငါ့အကာင္ေတြကိုတားရဲတယ္ေပၚရတယ္ေလ…ေရာ့နင့္ႀကိဳးပိုင္ေတြေလာက္ေတာ့အသာဘဲေဟ့…”

ဆိုကာ အတင္း႐ုန္းၿပီး လက္မွခ်ည္ထားေသာႀကိဳးအားဆဲြျဖဳတ္၏။

” ကဲႀကိဳးပိုင္ေတြ ဒီေကာင္မကို႐ုန္းမရေအာင္ ႀကိဳးအထပ္ထပ္ခ်ည္ၿပီး ဓားလွံေတြနဲ႔ထိုးထားလိုက္စမ္း…အဲအနာေတြကိုဆားပက္လိုက္စမ္း….ဒီေလာက္ေတာင္မွအာခံခ်င္ေနတာ…”

” အား..ဖလူး…ဖလူး…ေသၿပီေခြးမသားေလးရယ္…အားစပ္တယ္….စပ္တယ္…….”

” မွတ္ၿပီလားေကာင္မ…အာခံခ်င္ဦး…ဆိုင္ရာေတြဆံပင္ကေနဆဲြထၿပီး ဘုရားဦးတိုင္ခိုင္းလိုက္…အာခံရင္ဆင္ႀကီးနဲ႔အသက္မေသရံုတမယ္နင္းခိုင္း…”

ထိုသို႔မိန္႔လိုက္လ်ွင္ ေဒၚညိဳမွာ ၾကမ္းျပင္ေပၚလဲေလ်ာင္းေနရာမွ တစ္ေယာက္ေယာက္ဆံပင္ကိုဆဲြလိုက္သလိုျဖစ္သြားၿပီး ယက္ကန္ယက္ကန္ပါလာၿပီး ဒူးပဆစ္တုတ္ထိုင္ကာ ဘုရားကိုသံုးႀကိမ္ဦးတိုက္၏။

” ကဲ…ဒါဆိုေသခ်ာေလးထိုင္ၿပီးငါေမးတာေျဖ…ဒီခနၶာပိုင္႐ွင္အဂၤါသမီးကိုဘာလုပ္ထားတာလဲမွန္မွန္ေျဖ…”

” ဟဲ့…မေျဖႏိုင္ဘူးဟဲ့…အဲေတာ့နင္ဘာလုပ္မွာလဲ…”

” နင္ကအသားနာခ်င္ေနေတာ့လဲ ျပေပးရေသးတာေပါ့…..”

ဆိုကာေသာက္ေတာ္ေရကိုအနည္းငယ္ယူလိုက္ၿပီး ေဒၚညိဳအား​ေတာက္လိုက္၏။

” အား…ပူတယ္… ပူတယ္…မီးေတြ…မီးေတြ……….ေသပါၿပီအေမရယ္…”

” ေျဖေလမနာခ်င္ရင္…မဟုတ္ရင္ ဒီထက္ပိုနာလိမ္မ့္မယ္မွတ္…”

” ထင္ေပၚ…တဖက္သားအေပၚေမတၱာစနတ္ထားၿပီးကုသပါ…ကိုယ့္ေၾကာင့္တပါးသူအသက္မေစေစနဲ႔…”

ထင္ေပၚက ေဒၚညိဳအားေရစင္ျဖင့္ေတာက္ၿပီးေမးျမန္းေနစဥ္သူ၏နားထဲ၌ဆရာျဖစ္သူေမာင္ေရခဲ၏ အသံကိုၾကားလိုက္ရၿပီး ေရစင္ခြက္ကိုျပန္ခ်ထားလိုက္၏။
” ကဲ..ငါ့ဆရာကယ္လို႔နင္သက္သာတယ္မွတ္…ငါအေကာင္းေမးမယ္ေျဖ…ဒီအဂၤါသမီးကိုဘာလုပ္ထားတာလဲေျပာ…”

” ေျဖမယ္ဟဲ့ေျဖမယ္…ဒီေကာင္မေၾကာင့္ ငါ့သားေလးမေသ သင့္ဘဲေသဆံုးခဲ့ရတယ္…အဲဒါေၾကာင့္ ငါမေက်နပ္လို႔လုပ္တာ႐ွင္းၿပီလား…”

” ဪ…လူဆိုတာေသမ်ိဴးဘဲ..တို႔ျမတ္စြာဘုရားေတာင္မွ ပရိနိဗၺာန္စံေသးတာဘဲ…နင္တို႔ငါတို႔လိုပုထုစဥ္လူသားေတြေသတာဆန္းသလား…”

” အသက္ႀကီးမွေသတာကမဆန္းဘူးဟဲ့…ခုငါ့သားကေသခ်ိန္မတန္ဘဲေသရတာ…ဒီမိန္းမႀကီးေၾကာင့္…သူကငါ့သားကိုေဆးကုေပးမဲ့ေငြေတြအကုန္ယူသြားလို႔ငါ့သားေသခဲ့ရတာဟဲ့…”

” မဟုတ္တာေတြေျပာၿပီဗ်ာ…လူဆိုတာႀကီးငယ္မေရြးေသၾကရမွာဘဲ…လူ႔ေလာကမွာေနဖို႔သက္တမ္းကုန္တာနဲ႔ဘယ္သူမဆိုေသဆံုးၾကရမွာဘဲေလ…ဒါဟာသူ႔ကုသိုလ္ကံေၾကာင့္ပါ…ဘယ္သူေၾကာင့္နဲ႔မွမဟုတ္ပါဘူး…အပၸါယ္လားမဲ့အေတြးေတြမေတြးစမ္းပါနဲ႔ဗ်ာ…”

ေမာင္ထင္ေပၚကထိုသို႔ေျပာၿပီး

” ကဲ…ဒီအဂၤါသမီးကိုဘာနဲ႔လုပ္ထားတာလဲ…လုပ္ထားတာေတြအကုန္ျပန္ယူသြား…တစက္မွမက်န္ေစနဲ႔…ငါစစ္ၾကည့္မွေတြ႔ေနေသးရင္ မင္းျပာက်ၿပီသာမွတ္…”

” ေခြးနဲ့ကိုက္ခိုင္းျပီးေခြးရူးအတိုက္နဲ႔တိုက္ထားတာ…ငါလုပ္ထားတာေတြအကုန္ျပန္ယူပါ့မယ္…”

ဆိုၿပီး သူ႔လက္ျဖင့္ေခါင္းမွေျခအဆံုးသံုးခါသပ္ခ်သြား၏။

” ကဲကုန္ၿပီလားေျပာ…မကုန္ေသးရင္ကုန္ေအာင္သပ္ခ်…”

” ကုန္ပါၿပီ႐ွင့္…တကယ္ေျပာတာပါ…ငါသြားလို႔ရၿပီလား…”

” ေနဦး…ငါစစ္ၾကည့္ဦးမယ္……”
ဆိုၿပီးေမာင္ထင္ေပၚကစစ္ၾကည့္လိုက္ရာပေရာဂ အကုန္စင္သြားေၾကာင္းေတြ႔လိုက္ရ၏။ ေခြးကိုက္ထားေသာဒဏ္ရာမွာလည္း အရာသာသာေလးသာက်န္ေတာ့၏။

” ကဲဘုရားဦးတိုက္ၿပီးရင္သြားလို႔ရၿပီ…ဘရားတရားမေမ့နဲ႔…”

ဆိုၿပီးစည္းျပန္ဖြင့္ေပးကာျပန္လြတ္လိုက္၏။
ေဒၚညိိုလည္း အားနည္းကာအေတာ္ၾကာေမ့ေမ်ာသြား၏။ ထင္ေပၚကသစ္ခြနက္ေရႏွင့္နတ္ေဆးဂမုန္းေတာ္ကိုေဖ်ာ္ၿပီး တိုပ္လိုု္က္ရာ မၾကာခင္ျပန္လည္သတိရသြားၿပီး မူလအတိုင္းျပန္ျဖစ္သြားေတာ့၏။

” ေဒၚေဒၚေနလို႔ေပါ့ပါးသြားၿပီ…ေက်းဇူးတင္လိုက္တာသားရယ္…”

” ဟုတ္ပါၿပီဗ်ာ…ဒီလိုျဖစ္လာရတာလည္းေဒၚေဒၚရဲ႕ေလာဘတရားေၾကာင့္ပါ…ဒါေၾကာင့္ တစၡဳခုကို စိတ္လိုက္မာန္ပါမလုပ္ဘဲေအးရာေအးေၾကာင္းဘဲေျဖ႐ွင္းဖို႔ေျပာခဲ့ပါရေစဗ်ာ…”

” ဟုတ္ကဲ့ေဒၚေဒၚနားလည္ပါၿပီသားေရ.
…ဒါကသားကိုေက်းဇူးဆပ္တဲ့အေနနဲ႔ေဒၚေဒၚေပးတဲ့ေဆးကုသစ႐ိုက္ပါ…လက္ခံေပးပါသား..”

” မလိုပါဘူးေဒၚေဒၚ…သားတို႔ကေစတနာနဲ႔ကုသေပးတာပါဗ်ာ…ဒီေငြေတြကိုလိုအပ္တဲ့ေနရာမွာလႉဒါန္းလိုက္ပါ…ရြာထိပ္မွာကြၽန္ေတာ့ဆရာေစာင့္ေနလို႔သြားေတာ့မယ္ဗ်ာ..ရတနာသံုးပါးမေမ့ပါၾကပါနဲ႔ဗ်..သြားၿပီ….””

” ဟုတ္ေမာင္ေလး..”

” ဟုတ္ပါၿပီသားေရ…”

ထင္ေပၚလည္းေဒၚညိဳတို႔ကိုႏူတ္ဆက္ၿပီး ရြာထိပ္႐ွိ မိမိဆရာ႐ွိရာေစတီသို႔သြားခဲ့၏။ သည္ကိစၥျဖစ္ၿပီးေနာက္ပိုင္းေဒၚညိဳတစ္ေယာက္ ေနာင္တတရားရကာ အရာရာကို စြန္႔လႊတ္ၿပီး ဘဝ၏ေအးခ်မ္းရာေအးခ်မ္းေၾကာင္းအမွန္ျဖစ္ေသာ သာသနာ့ေဘာင္သိူ႔အၿပီးတိုင္ဝင္သြားၿပီး တရားအားထုတ္ေနေလေတာ့သည္။……။

( စိတ္ကူးမ်ွသာျဖစ္သည္။ စာလံုးျပန္မစစ္ရေသးပါ…အားေပးဖတ္႐ႈသူအေပါင္းေဘးဘယာကင္းကြာၿပီး ကိုယ္စိတ္ႏွစ္ပါးက်န္းမာၾကေစေသာဝ္)

# ၿပီး

# ခြန္း