Unicode Version
အစွဲကြီးသည့်သီလရှင်(စ/ဆုံး)
————————————
“သမီး သက်သာရဲ့လား”
“ဟုတ် နည်းနည်းတော့သက်သာပါတယ်
အမေ ”
“သမီးဘာစားချင်လဲ အမေလုပ်ပေးမယ်လေ”
“ဘာမှထွေထွေထူးထူး လုပ်မနေပါနဲ့
အမေ ရတယ်ဘာဖြစ်ဖြစ်စားလို့ ဖြစ်ပါတယ်
သမီးအတွက်ပင်ပန်းခံမနေပါနဲ့”
“အေးပါ ဒါဆိုရင်အမေလုပ်စရာရှိတာ
လုပ်လိုက်ဦးမယ် အိပ်ရာထဲအမြဲလှဲနေရင်
မကောင်းဘူး အပြင်လေးဘာလေး
လမ်းထွက်လျှောက်ဦး သမီး”
“ဟုတ်အမေ”
ယမင်းတစ်ယောက် ရန်ကုန်သားနှင့်အိမ်ထောင်ကျပြီးကတည်းက
မိခင်ဖြစ်သူဒေါ်ခင်မာနှင့်၂နှစ်ခန့်
မတွေ့ရပေ။
ထို့ကြောင့် ခင်ပွန်းဖြစ်သူအား မိခင်ဖြစ်သူအိမ်သို့
အလည်ခဏပြန်မည်ဆိုပြီး ထွက်လာခဲ့ခြင်း
ဖြစ်သည်။
မိခင်အိမ်သို့ ရောက်မဆိုက် ယမင်းဖျားတော့သည်။
ဆေးခန်းသို့သွားပြကာဆေးထိုးလိုက်ရသေး
သည်။
ထို့ကြောင့် ယမင်းလည်းအိပ်ရာထဲလှဲမနေတော့ပဲ
ညနေစောင်းချိန်လေးမှာအိမ်အပြင်ဘက်သို့
လမ်းလျှောက်ထွက်ခဲ့တော့သည်။
ယမင်းတို့အိမ်နှင့်ကပ်လျှက်တွင်
သီလရှင်ကျောင်းတစ်ကျောင်းရှိလေသည်။
မနက်ကနေညနေထိ သီလရှင်များ၏
ဘုရားစာရွတ်ဖက်သံ၊စာသင်စာချသံများ
အိမ်ဘက်ကနေအတိုင်းသားကြားနေရ
ပေသည်။
ယမင်း လမ်းဘက်ထွက်ကာ လမ်းလျှောက်နေတုန်း
အသက်ကြီးကြီးသီလရှင်တစ်ပါး
ကြွလာသည်ကို ယမင်းမြင်လိုက်ရသည်။
ထို့ကြောင့် ယမင်းလည်း သီလရှင်ကြီးအဆင်ပြေစွာ
သွားနိုင်ရန် ယမင်းတစ်ယောက်
လမ်းဘေးသို့အနည်းငယ်ကပ်၍ရပ်နေလိုက်သည်။
ထိုအခါ သီလရှင်ကြီးထံမှ
“ဒကာမလေးက ယမင်းမလား”
“ဟယ်…ဆရာလေး ဒေါ်သုမနစာရီ ပါလား”
ယမင်း နဲ့အနည်းငယ်ခင်မင်သော
ဆရာလေးဒေါ်သုမနစာရီအား
ရုတ်တရက်မြင်လိုက်ရသည့်အတွက်
ယမင်းအံ့သြသွားမိခြင်းဖြစ်သည်။
“တပည့်တော် ယမင်းပါ ဆရာလေး
ဒေါ်သုမနစာရီ ပဲ နေကောင်းပါရဲ့လား”
“ကောင်းပါ့ ကောင်းပါ့ ဒကာကြီးရယ်
ဒကာမကြီးလည်းအိမ်ထောင်ကျပြီး
ကတည်းကမမြင်ရတာအခုထိပါပဲ
အခုအလည်ပြန်လာတာလား
အမျိုးသားရောပါမလာဘူးလား”
“အမျိုးသားကမအားလို့ ပါမလာဘူး
ဆရာလေးရေ အမေ့ကိုလွမ်းလို့
ခဏအလည်ပြန်လာတာ ဆရာလေး”
“အေးကွယ် ဆရာလေးလည်း ယမင်းကိုသတိရနေတာပါ ကျန်းမာရေးဂရုစိုက်ကြကွဲ့ သွားဦးမယ်
ယမင်းရေ”
“တင်ပါ့ ဆရာလေး”
ထိုစဉ် ယမင်းနောက်မှ
“ဟဲ့ သမီးဘယ်သူနဲ့စကားပြောနေတာလဲ”
“ဟင် အမေ ဘယ်တုန်းကရောက်နေတာလဲ”
“အခုလေးတင်ပဲရောက်တယ် နင်ဘယ်သူနဲ့
စကားပြောနေတာလဲ ယမင်း”
“ဟို သီလရှင် ဆရာလေးဒေါ်သုမနစာရီ
နဲ့လေ အမေရဲ့ ဟိုမယ်လေ”
“ဟင် ဘယ်ရောက်သွားပါလိမ့် စောနကပဲ
စကားပြောနေပါသေးတယ်”
“ယမင်း နင်တော့မဟုတ်ကဟုတ်ကတွေ
ပြောတော့မှာပဲ လာစမ်းလာစမ်း
အိမ်ပြန်လိုက်ခဲ့”
မိခင်ဖြစ်သူဒေါ်ခင်မာက ယမင်းလက်အား
ဆွဲကာအိမ်သို့ဆွဲခေါ်လာခဲ့သည်။
=============
“ရှင် အမေပြောနေတာတွေက တကယ်လား”
“တကယ်ပေါ့ဟဲ့ ငါကနင့်ကိုလိမ်စရာလား”
“ဒါ ဒါဆို ဆရာလေးဒေါ်သုမနစာရီက
ပျံလွန်တော်မူတာ ၂နှစ်လောက်ရှိပြီပေါ့
ဘုရား ဘုရား ဒါဆိုသမီးစကားပြောနေတာ
သေပြီးသား သူတစ်ယောက်နဲ့ပြောနေတာပေါ့နော်”
“အေး ဟုတ်တယ် ဒါကြောင့်
အမေက သမီးကိုရေမန်းတိုက်ထားတာပေါ့အေ
ဆရာလေးက သူနေခဲ့တဲ့ကျောင်းကြီးကို
သိပ်သံယောဇဉ်ကြီးတာအေ့
အခုထိမကျွတ်သေးဘူး သူနေခဲ့တဲ့
ကျောင်းဆောင်လေးကိုလည်း
ဘယ်သီလရှင်မှမနေရဲကြဘူးအေ့”
“ဘာဖြစ်လို့လဲ အမေရဲ့”
“ဘာဖြစ်ရမှာလဲ သူ့ကျောင်းဆောင်မှာ
လာနေတဲ့သီလရှင်ဆရာတော်လေးတွေကို
သူကထုတ်တန်းပေါ်မှာဇောက်ထိုးကြီး
ဆွဲပြလို့ ပြ သူအိပ်ခဲ့ဖူးတဲ့ကုတင်ကိုလည်း
တခြားသီလရှင်လေးတွေ
အိပ်နေရင်လည်း ကုတင်ပေါ်က
ဆွဲချလို့ချနဲ့ ဘယ်သူမှမနေရဲကြဘူး
ဒါကြောင့် အခုသူသီတင်းသုံးခဲ့ဖူးတဲ့
ကျောင်းဆောင်လေးကို သော့ခက်ထားကြတယ်လေ အခုထိပါပဲ”
“သြော် သေချာစဉ်းစားကြည့်ရင်
တရားတော့ကျလောက်ပါရဲ့အမေရယ်”
“ဘာလို့လဲ သမီးရဲ့”
“ဒီလိုလေ ဆရာလေးဒေါ်သုမနစာရီဆိုရင်
ဘုရားနဲ့တရားနဲ့ သီလဂုဏ်တွေလည်း
သမီးတို့ထက်တောင် သူကလုံခြုံသေးတယ်
ဘုရားဟောတဲ့ တရားတွေကိုလည်း
သမီးတို့ထက် သူကပိုပြီးသိတယ်
ဒါပေမယ့် သူကမြတ်စွာဘုရားရဲ့
တရားတော်တွေဘယ်လောက်သိသိ
အခုသူပျံလွန်တော်ပြီးတဲ့နောက်ပိုင်း
အခုထိမကျွတ်မလွတ်ပဲဒီလိုဘဝကြီးမှာ
နေနေရတာဟာ
သူ့ရဲ့ ကြီးမားလွန်းတဲ့ အစွဲစိတ်ကြောင့်ပဲ
အမေ ဒါကြောင့် သမီးက တရားကျလောက်ပါတယ်လို့ပြောတာ”
“အင်း…သမီးပြောတာလည်းမှန်နေတာပဲ
ဘယ်လောက်ပဲသိသိ ဘယ်လောက်ပဲတတ်တတ်
အသေတတ် အနေတတ်ဖို့သာ အရေးကြီးတယ်ဆိုတဲ့ သိပ်မှန်တာပဲနော်”
“ဟုတ်တယ် အမေ အရမ်းမှန်တဲ့
အဆိုအမိန့်ပါပဲ ”
ယမင်းလည်း မိခင်ဖြစ်သူအိမ်မှာ တစ်လခန့်နေပြီး
ရန်ကုန်သို့ ပြန်လာခဲ့တော့သည်။
ယမင်းတစ်ယောက် ရန်ကုန်သို့ မပြန်သေးခင်ကရက်များမှာလည်း သူမကုသိုလ်ပြုတိုင်း သီလရှင်ဆရာလေး
ဒေါ်သုမနစာရီအတွက် အမျှအတန်းများ
ပေးဝေခဲ့သေးသည်။
ယမင်းစိတ်ထဲမှလည်း သီလရှင်ဆရာလေး
ယခုဘဝမှအမြန်ဆုံးကျွတ်လွတ်ပါစေလို့
ဆုတောင်းရင်း …
ပြီးပါပြီ_
ဇာတ်လမ်းလေးကိုဖတ်ပြီးလက်မနှိပ်ပြီး
အားပေးခဲ့ကြပါနော် စာဖတ်သူတို့ရေ”
#အောင်ဓူဝံ #ရေစကြို
Zawgyi Version
အစြဲႀကီးသည့္သီလရွင္(စ/ဆုံး)
————————————
“သမီး သက္သာရဲ႕လား”
“ဟုတ္ နည္းနည္းေတာ့သက္သာပါတယ္
အေမ ”
“သမီးဘာစားခ်င္လဲ အေမလုပ္ေပးမယ္ေလ”
“ဘာမွေထြေထြထူးထူး လုပ္မေနပါနဲ႔
အေမ ရတယ္ဘာျဖစ္ျဖစ္စားလို႔ ျဖစ္ပါတယ္
သမီးအတြက္ပင္ပန္းခံမေနပါနဲ႔”
“ေအးပါ ဒါဆိုရင္အေမလုပ္စရာရွိတာ
လုပ္လိုက္ဦးမယ္ အိပ္ရာထဲအၿမဲလွဲေနရင္
မေကာင္းဘူး အျပင္ေလးဘာေလး
လမ္းထြက္ေလွ်ာက္ဦး သမီး”
“ဟုတ္အေမ”
ယမင္းတစ္ေယာက္ ရန္ကုန္သားႏွင့္အိမ္ေထာင္က်ၿပီးကတည္းက
မိခင္ျဖစ္သူေဒၚခင္မာႏွင့္၂ႏွစ္ခန႔္
မေတြ႕ရေပ။
ထို႔ေၾကာင့္ ခင္ပြန္းျဖစ္သူအား မိခင္ျဖစ္သူအိမ္သို႔
အလည္ခဏျပန္မည္ဆိုၿပီး ထြက္လာခဲ့ျခင္း
ျဖစ္သည္။
မိခင္အိမ္သို႔ ေရာက္မဆိုက္ ယမင္းဖ်ားေတာ့သည္။
ေဆးခန္းသို႔သြားျပကာေဆးထိုးလိုက္ရေသး
သည္။
ထို႔ေၾကာင့္ ယမင္းလည္းအိပ္ရာထဲလွဲမေနေတာ့ပဲ
ညေနေစာင္းခ်ိန္ေလးမွာအိမ္အျပင္ဘက္သို႔
လမ္းေလွ်ာက္ထြက္ခဲ့ေတာ့သည္။
ယမင္းတို႔အိမ္ႏွင့္ကပ္လွ်က္တြင္
သီလရွင္ေက်ာင္းတစ္ေက်ာင္းရွိေလသည္။
မနက္ကေနညေနထိ သီလရွင္မ်ား၏
ဘုရားစာ႐ြတ္ဖက္သံ၊စာသင္စာခ်သံမ်ား
အိမ္ဘက္ကေနအတိုင္းသားၾကားေနရ
ေပသည္။
ယမင္း လမ္းဘက္ထြက္ကာ လမ္းေလွ်ာက္ေနတုန္း
အသက္ႀကီးႀကီးသီလရွင္တစ္ပါး
ႂကြလာသည္ကို ယမင္းျမင္လိုက္ရသည္။
ထို႔ေၾကာင့္ ယမင္းလည္း သီလရွင္ႀကီးအဆင္ေျပစြာ
သြားႏိုင္ရန္ ယမင္းတစ္ေယာက္
လမ္းေဘးသို႔အနည္းငယ္ကပ္၍ရပ္ေနလိုက္သည္။
ထိုအခါ သီလရွင္ႀကီးထံမွ
“ဒကာမေလးက ယမင္းမလား”
“ဟယ္…ဆရာေလး ေဒၚသုမနစာရီ ပါလား”
ယမင္း နဲ႔အနည္းငယ္ခင္မင္ေသာ
ဆရာေလးေဒၚသုမနစာရီအား
႐ုတ္တရက္ျမင္လိုက္ရသည့္အတြက္
ယမင္းအံ့ၾသသြားမိျခင္းျဖစ္သည္။
“တပည့္ေတာ္ ယမင္းပါ ဆရာေလး
ေဒၚသုမနစာရီ ပဲ ေနေကာင္းပါရဲ႕လား”
“ေကာင္းပါ့ ေကာင္းပါ့ ဒကာႀကီးရယ္
ဒကာမႀကီးလည္းအိမ္ေထာင္က်ၿပီး
ကတည္းကမျမင္ရတာအခုထိပါပဲ
အခုအလည္ျပန္လာတာလား
အမ်ိဳးသားေရာပါမလာဘူးလား”
“အမ်ိဳးသားကမအားလို႔ ပါမလာဘူး
ဆရာေလးေရ အေမ့ကိုလြမ္းလို႔
ခဏအလည္ျပန္လာတာ ဆရာေလး”
“ေအးကြယ္ ဆရာေလးလည္း ယမင္းကိုသတိရေနတာပါ က်န္းမာေရးဂ႐ုစိုက္ၾကကြဲ႕ သြားဦးမယ္
ယမင္းေရ”
“တင္ပါ့ ဆရာေလး”
ထိုစဥ္ ယမင္းေနာက္မွ
“ဟဲ့ သမီးဘယ္သူနဲ႔စကားေျပာေနတာလဲ”
“ဟင္ အေမ ဘယ္တုန္းကေရာက္ေနတာလဲ”
“အခုေလးတင္ပဲေရာက္တယ္ နင္ဘယ္သူနဲ႔
စကားေျပာေနတာလဲ ယမင္း”
“ဟို သီလရွင္ ဆရာေလးေဒၚသုမနစာရီ
နဲ႔ေလ အေမရဲ႕ ဟိုမယ္ေလ”
“ဟင္ ဘယ္ေရာက္သြားပါလိမ့္ ေစာနကပဲ
စကားေျပာေနပါေသးတယ္”
“ယမင္း နင္ေတာ့မဟုတ္ကဟုတ္ကေတြ
ေျပာေတာ့မွာပဲ လာစမ္းလာစမ္း
အိမ္ျပန္လိုက္ခဲ့”
မိခင္ျဖစ္သူေဒၚခင္မာက ယမင္းလက္အား
ဆြဲကာအိမ္သို႔ဆြဲေခၚလာခဲ့သည္။
=============
“ရွင္ အေမေျပာေနတာေတြက တကယ္လား”
“တကယ္ေပါ့ဟဲ့ ငါကနင့္ကိုလိမ္စရာလား”
“ဒါ ဒါဆို ဆရာေလးေဒၚသုမနစာရီက
ပ်ံလြန္ေတာ္မူတာ ၂ႏွစ္ေလာက္ရွိၿပီေပါ့
ဘုရား ဘုရား ဒါဆိုသမီးစကားေျပာေနတာ
ေသၿပီးသား သူတစ္ေယာက္နဲ႔ေျပာေနတာေပါ့ေနာ္”
“ေအး ဟုတ္တယ္ ဒါေၾကာင့္
အေမက သမီးကိုေရမန္းတိုက္ထားတာေပါ့ေအ
ဆရာေလးက သူေနခဲ့တဲ့ေက်ာင္းႀကီးကို
သိပ္သံေယာဇဥ္ႀကီးတာေအ့
အခုထိမကြၽတ္ေသးဘူး သူေနခဲ့တဲ့
ေက်ာင္းေဆာင္ေလးကိုလည္း
ဘယ္သီလရွင္မွမေနရဲၾကဘူးေအ့”
“ဘာျဖစ္လို႔လဲ အေမရဲ႕”
“ဘာျဖစ္ရမွာလဲ သူ႔ေက်ာင္းေဆာင္မွာ
လာေနတဲ့သီလရွင္ဆရာေတာ္ေလးေတြကို
သူကထုတ္တန္းေပၚမွာေဇာက္ထိုးႀကီး
ဆြဲျပလို႔ ျပ သူအိပ္ခဲ့ဖူးတဲ့ကုတင္ကိုလည္း
တျခားသီလရွင္ေလးေတြ
အိပ္ေနရင္လည္း ကုတင္ေပၚက
ဆြဲခ်လို႔ခ်နဲ႔ ဘယ္သူမွမေနရဲၾကဘူး
ဒါေၾကာင့္ အခုသူသီတင္းသုံးခဲ့ဖူးတဲ့
ေက်ာင္းေဆာင္ေလးကို ေသာ့ခက္ထားၾကတယ္ေလ အခုထိပါပဲ”
“ေၾသာ္ ေသခ်ာစဥ္းစားၾကည့္ရင္
တရားေတာ့က်ေလာက္ပါရဲ႕အေမရယ္”
“ဘာလို႔လဲ သမီးရဲ႕”
“ဒီလိုေလ ဆရာေလးေဒၚသုမနစာရီဆိုရင္
ဘုရားနဲ႔တရားနဲ႔ သီလဂုဏ္ေတြလည္း
သမီးတို႔ထက္ေတာင္ သူကလုံၿခဳံေသးတယ္
ဘုရားေဟာတဲ့ တရားေတြကိုလည္း
သမီးတို႔ထက္ သူကပိုၿပီးသိတယ္
ဒါေပမယ့္ သူကျမတ္စြာဘုရားရဲ႕
တရားေတာ္ေတြဘယ္ေလာက္သိသိ
အခုသူပ်ံလြန္ေတာ္ၿပီးတဲ့ေနာက္ပိုင္း
အခုထိမကြၽတ္မလြတ္ပဲဒီလိုဘဝႀကီးမွာ
ေနေနရတာဟာ
သူ႔ရဲ႕ ႀကီးမားလြန္းတဲ့ အစြဲစိတ္ေၾကာင့္ပဲ
အေမ ဒါေၾကာင့္ သမီးက တရားက်ေလာက္ပါတယ္လို႔ေျပာတာ”
“အင္း…သမီးေျပာတာလည္းမွန္ေနတာပဲ
ဘယ္ေလာက္ပဲသိသိ ဘယ္ေလာက္ပဲတတ္တတ္
အေသတတ္ အေနတတ္ဖို႔သာ အေရးႀကီးတယ္ဆိုတဲ့ သိပ္မွန္တာပဲေနာ္”
“ဟုတ္တယ္ အေမ အရမ္းမွန္တဲ့
အဆိုအမိန႔္ပါပဲ ”
ယမင္းလည္း မိခင္ျဖစ္သူအိမ္မွာ တစ္လခန႔္ေနၿပီး
ရန္ကုန္သို႔ ျပန္လာခဲ့ေတာ့သည္။
ယမင္းတစ္ေယာက္ ရန္ကုန္သို႔ မျပန္ေသးခင္ကရက္မ်ားမွာလည္း သူမကုသိုလ္ျပဳတိုင္း သီလရွင္ဆရာေလး
ေဒၚသုမနစာရီအတြက္ အမွ်အတန္းမ်ား
ေပးေဝခဲ့ေသးသည္။
ယမင္းစိတ္ထဲမွလည္း သီလရွင္ဆရာေလး
ယခုဘဝမွအျမန္ဆုံးကြၽတ္လြတ္ပါေစလို႔
ဆုေတာင္းရင္း …
ၿပီးပါၿပီ_
ဇာတ္လမ္းေလးကိုဖတ္ၿပီးလက္မႏွိပ္ၿပီး
အားေပးခဲ့ၾကပါေနာ္ စာဖတ္သူတို႔ေရ”
#ေအာင္ဓူဝံ #ေရစႀကိဳ