Unicode Version
” နွားနဲ့တိုက်တဲ့ အပုပ်ချိန် “(စ/ဆုံး)
———————————
`ငုဝါ´…..မိန်းမရေ..
….အတာကြူးလို့ ပိတောက်နဲ့ငုပန်းလေးတွေ လှိုင်လှိုင်ပွင့်နေကြပြီကွယ်….
….ငှဝါ မောင့်ကိုခွဲသွားခဲ့တာ
ဒီတန်ခူးနဲ့ဆိုရင် နှစ်၅၀ တင်းတင်းပြည့်ပြီနော်……ပြန်လာပါတော့မိန်းမရယ်….
….ယနေ့အထိ ငုဝါကို မောင်စောင့်နေဆဲပါ…..မောင်ခူးထားတဲ့ ပိတောက်ပန်းလေးတွေ ပန်သူမဲ့နေရှာပြီကွယ်”
……….
……..အသက်အားဖြင့် ၈၀နီးပါးခန့်ရှိသော အဘိုးကြီးတယောက်ဟာ နွေချောင်းဘေးရှိ ပိတောက်ပင်ကြီးအောက်မှာ ထိုင်ပြီး ခူးထားသော ပိတောက်ပန်းများကို နွေချောင်းထဲသို့ တစ်ပွင့်စီခြွေချနေရင်း….နှုတ်မှလဲ လေမဆက်တော့သည့် စကားများကိုတတွတ်တွတ်ရင်းက တယောက် ယောက်ကို တမ်းတရင်းကြေကွဲနေသော အသွင်သို့ဆောင်နေလေသည်။
…….___________________
…..ပုသိမ်မြို့သား
ကျောင်းဆရာခင်မောင်ဟာ ပညာရေးကောလိပ်ဆင်းပြီးသည့်နောက် မိမိတာဝန်ကျရာ အင်္ဂပူမြို့နယ်ရှိ `နွေတမာကုန်းကျေးရွာသို့´ အထုတ်အပိုးများနှင့်အတူ ဖြေးဖြေးခြင်းခရီးနှင်လာခဲ့သည်။ တန်ခူးနေရောင်အောက်မှာ ချွေးတလုံးလုံးနှင့် ကြိုးစားပြီးလျှောက်လာရင်း
နွေတမာကုန်းရွာအဝင်နားက ဇရပ်ကိုရောက်တော့ အထုပ်များချပြီး ခဏဝင်နားလိုက်သည်။ ကျောင်းဖွင့်ဖို့က တလကျော်ကျော် လိုသေးသော်ငြား ရွာရဲ့အခြေနေကိုသိချင်တာကတကြောင်း မိုးကျလျှင် သွားရေးလာရေးခက်ခဲမည်ကိုစိုးသဖြင့် မိမိသုံးစွဲရမည့် ဝေယျဝစ္စများကို အရင်လာပို့ထားခြင်းဖြစ်သည်။ မိုးများတဲ့ဧရာဝတီက ရွာဘက်လမ်းတွေဟာ တကယ်မိုးကြီးလာပြီဆိုရင် တတောင်ခန့်နစ်သော ဗွက်ထုကြီးကို ညာသံပေးပြီးရုန်းရမည်သာဖြစ်သည်။ အတွေ့အကြုံမရှိသော မြို့နေလူတန်းစားတွေအဖို့ အတောင်ပင် အခက်အခဲဖြစ်တတ်ကြပါသည်။
……အရိပ်ကောင်းသော ကုက္ကိုပင်ရိပ်အောက်မို့ အတော်လေးအဆင်ပြေသွားသည်။ ခင်မောင်ဟာ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုဒီဒီကြည့်ရင်း ဇရပ်ရှေ့ လယ်နှစ်ခွက်ကျော် ချောင်းဘေးပိတောက်ပင်ကြီးအောက်မှာ အဘိုးအိုတဦးထိုင်နေတာကိုသတိထားမိလိုက်သည်။
အဖိုးအို၏လှုတ်ရှားမှုတိုင်းဟာ စိတ်ဝင်စားစရာကောင်းနေသဖြင့် အဖိုးအိုရှိရာ ချောင်းဘက်သို့သွားပြီး ခြေလက်ဆေးကြောသန့်စင်ရင်း အဖိုးအိုကိုအကဲခတ်နေလိုက်သည်။
….
…..“ငုဝါ´´ မိန်းမရေ….မင်းပန်ဖို့အတွက် မင်းကြိုက်တဲ့ပိတောက်ပန်းတွေကို ချောင်းထဲမျှောပေးလိုက်ပြီနော်….တဝကြီးသာ ပန်ဆင်ပါတော့ကွာ….
…အီးးဟီးးးဟီးးး
…..
……အလို…….ဘုရား…ဘုရား
…ငါများ နားကြားလွဲလေသလား…..
…အင်း….ပေါက်ပြီ……
….ဒီအဖိုးကြီးက စိတ်မနှံ့တဲ့သူပဲဖြစ်မှာပါ…ငါ့နယ်…ဘာများလဲလို့…ခိခိ..
….သူ့အတွေးနဲ့သူ သဘောကျပြီး ဇရပ်ဆီသို့ ခင်မောင်ပြန်လာခဲ့သည်….
….ဇရပ်ကိုရောက်တော့….အသက်၇၀အရွယ်အဖိုးကြီးတယောက်ရောက်လာလေသည်။
….ဒီက သူငယ်က ဘယ်ကလဲကွဲ့…
..အထုတ်တွေအပိုးတွေနဲ့ ဘယ်ကိုများသွားမလို့တုန်း…
….ဟုတ်ကဲ့အဘ…..ကျွန်တော်က
ဒီနွေတမာကုန်းမူလတန်းကျောင်းမှာ
တာဝန်ကျတဲ့ ကျောင်းဆရာပါ
အခု လမ်းလေးသာတုန်း အထုတ်အပိုးတွေလာထားတာပါ အဘ…
….ဟေ….
…ဟို…..ဆရာလေးခင်မောင် ဆိုတာများလားကွဲ့….
….ဟုတ်…ဟုတ်ပါတယ်အဘ…..
…
….အေးကွယ်….သူကြီးပြောသံကြားလို့ ဆရာလေးနာမည်ကိုတရွာလုံးကသိနေပါပြီ….အဘတို့လို ခေါင်တဲ့အရပ်ဒေသတွေမှာ စာလာသင်ပေးမဲ့ ဆရာလေးကို အဘတို့တရွာလုံးက
ဝမ်းသာအားရကြိုဆိုပါသဗျား……
…..ဟုတ်ကဲ့….ကျွန်တော်ကလဲ ဒီလိုခေါင်တဲ့အရပ်တွေကိုပဲ လာချင်နေသူပါ…..
…ဟို….ဒါနဲ့ အဘ…..
…တခုလောက်မေးချင်လို့….မေးလို့ရမလား….စပ်စုတယ်လို့လဲ မအောက်မေ့ပါနဲ့နော်….
….သြော်ကွယ်…..မေးစရာရှိတာများအဆန်းလုပ်လို့….
…ဆရာလေးဘာသိချင်လဲ….ကြိုက်တာမေးစေဗျား…..
…
…..ဒီ…ဒီလိုပါအဘ…..
ဟိုချောင်းဘေးပိတောက်ပင်အောက်မှာထိုင်နေတဲ့အဘိုးကြီးက စိတ်မနှံ့ဘူးလားအဘ……ပိတောက်ပန်းတွေကို ခူး…ခူးပြီး ချောင်းထဲကိုခြွေချ နေတယ်….ပါးစပ်ကလဲ `မိန်းမရေ တဝကြီးပန်တော့´ ဆိုပြီး တတွတ်တွတ်နဲ့ပြောနေတယ်ဗျ…ပြီးတော့ ငိုလဲငိုနေတယ်…..အဲ့ဒါ…..ဘယ်….ဘယ်လိုဖြစ်နေလို့လဲအဘ…
…
…..ဟေ…..
…ခင်မောင့်စကားကြောင့် အဘိုးကြီး မျက်နှာပျက်သွားသည်။
…..ေဩာ်…ဆရာလေးပြောတာ ကိုထွန်းနောင်ကိုဖြစ်မယ်။
…ဟင်
…အဲ့ အဘနာမည်က ထွန်းနောင်လား…
….ဟုတ်တယ်ဆရာလေး….
…သူ့နာမည်က ထွန်းနောင်ပဲ အသက်၈၀စွန်းနေပြီ….အဘတို့ရွာသားတဦးဆိုပါတော့…
…..ဆရာလေးက သူ့အကြောင်းကိုသိချင်တယ်ဆိုပါတော့…
….ဟုတ်ကဲ့….အဘသိရင်ပြောပြပါ့လား…
..သက်ကြီးစကား သက်ငယ်ကြားရတာပေါ့….
…..အဘိုးကြီးဟာ ပြောဖို့ပါးစပ်ပြင်ရင်း သူ့မျက်ဝန်းက နှောင်းခဲ့ပြီဖြစ်သော အတိတ်ကလာတခုဆီသို့ ……………
…….
……ထွန်းနောင်တို့ လင်မယားအဖြစ်က စိတ်မကောင်းစရာပါဆရာလေးရယ်…..
….ဖြစ်ပုံက..ဒီလို……………..
(အခႏ္း၂)
….♬ ရွေရည်လူးတဲ့ပိတောက်ပန်းတွေ…ခင်နှမဆံနွယ်ထက်မှာ♪ ဒီမောင်ကြီးပန်ပေးဘို့ကွယ်….ခူးဆွတ် လို့လာခဲ့ပါပြီ….♬ ကိုယ်တိုင်ကွယ်ပန်ဆင်ပေးမယ်…ကောင်းကင်က အမောင်သိကြားရယ် ပုန်းရှောင်လို့ပေး……အေး…ဟေး……တုပို့….တုပို….ပတ်….ပလုံ….ဂျိ….
……
…..ခိခိ……ဟိ.ဟိ……
မောင့်ကအဆိုကောင်းပဲနော်…..
….ဟဲဟဲ…..ငုဝါ ကြိုက်ရင်နောက်တပုဒ်ဆိုပြမယ်…..
….တော်….တော်ပါတော့မောင်ရယ်….
..ငုဝါပန်ဘို့ ပိတောက်ပန်းလဲတက်ခူးပေးရ သီချင်းလဲဆိုပြရနဲ့ မောင်မောနေပါ့မယ်။
….ဟားဟား ကို့ဇနီးလောင်းလေးအတွက်ဆို ဓူဝံကြယ်ကိုတောင် တောင်ဘက်ပြောင်းပေးနိုင်သူပါ…
…ဟောတော့….ဒါတော့…ပိုသွားပြီမောင်…
….မောင်….
…ငုဝါတို့ လက်ထပ်ဘို့ရက် တဖြေးဖြေးနီးလာပြီနော်….
…တန်ခူးလ္ဆုပ်၃ရက်ဆိုတော့ ကြား၅ရက်ပဲလိုတော့တယ်….
…..ဟုတ်တယ်ငုဝါ….မောင်လဲ မင်္ဂလာကိစ္စအတွက် အတော်လေးပြင်ဆင်ပြီးပါပြီ…..ဒီဘဝမှာ ကိုချစ်တဲ့ချစ်သူနဲ့လက်တွဲရတော့မှာမို့ အရမ်းကို ကျေနပ်ပျော်ရွှင်မိပါတယ်…
…..ပြီးတော့…
…မောင်နဲ့ငုဝါဆိုတာ အချစ်ဦးတွေလေ….
….ဟုတ်တယ်မောင်…..ငုဝါရဲ့အချစ်ဦးဟာမောင်ပါပဲ….
….ဒါပဲနော်…..လက်ထပ်ပြီးမှ ငုဝါအပေါ် အချစ်တွေပေါ့သွားလို့ကတော့….ငုဝါအရမ်းဝမ်းနည်းမိမှာပဲ…
….အမလေး….အဲ့အတွက်တော့စိတ်ချ…
…ငုဝါအပေါ်ထားတဲ့ မောင့်ရဲ့အချစ်နဲ့သစ္စာတရားကို….ဟော့ဒီ နွေချောင်းနဲ့ ပိတောက်ပင်ကြီးကို သစ္စပြုပြီး တိုင်တည်ပြီး သစ္စာဆိုဝံ့ပါတယ်ဗျာ…..
…..ဝမ်းသာလိုက်တာမောင်ရယ်…
….ငုဝါလေ…မောင့်ကိုအရမ်းချစ်တယ်သိလား….
…ပြောလဲပြော ရင်ခွင်ထဲသို့ခေါင်းလေးတိုးပြီဝင်လာသော ချစ်သူကို ထွန်းနောင် အလိုက်သင့်လေးထွေးပွေ့ထားလိုက်ပါသည်………..
________________________
….ချစ်တိုင်းညားခဲ့ပါသော ထွန်းနောင်နှင့်ငုဝါတို့၏ အိမ်ထောင်သက်တမ်းဟာ ၃နှစ်ကျော်ခဲ့ပါပြီ…..သို့သော် ယခုချိန်ထိ သားထောက်သမီခံ မထွန်းကားနိုင်သေးပေ။
…ဒါပေမဲ့ လင်မယားနှစ်ယောက်လုံးစိတ်မပျက်ကြ….ထွန်းနောင်အတွက် ငုဝါ…..ငုဝါအတွက်ထွန်းနောင် ရှိနေရင်ပြည့်စုံပြီ….တစ်ဦးကိုတစ်ဦးမျက်စိအောက်ကအပျောက်မခံ….
အလုပ်ကပြန်လို့ မိန်းမမျက်နှာကိုမမြင်ရရင် ရွာထဲကိုအိမ်ပေါက်စိမေးပြီးထွန်းနောင်လိုက်သည်…အလားတူ..ထွန်းနောင်တယောက် အလုပ်ပြန်နောက်ကျလို့မိုးချုပ်နေပြီဆိုရင်…မီးအုပ်တလုံးဆွဲပြီး လယ်ထဲသို့ ငုဝါလိုက်သည်။ သို့ကြောင့်လဲ နွေတမာကုန်းတရွာလုံးက ဩချပြီးလက်ဖျားခါရတဲ့အချေအနေထိထွန်းနောင်တို့ဇနီးမောင်နှံကပြောစမှတ်တွင်ခဲ့သည်…….
…….ဒါပေသည့်….ကံကြမ္မာဆိုတာလဲပြောရခတ်သားလား…..
တနေ့…….
..ရန်ကုန်တွင်အလုပ်သွားလုပ်နေသော
ထွန်းနောင်၏
အချစ်ဆုံးသူငယ်ချင်း`ပန်းတော´
ရွာကိုပြန်ရောက်လာလေသည်။
ပန်းတောရဲ့ပြောချေအရ ရန်ကုန်မှာအိမ်ထောင်ပျက်ပြီးရွာကိုအပြီးပြန်လာတာတဲ့လေ။ထွန်းနောင်နဲ့က ငယ်ပေါင်းကြီးဖော်တွေမို့ ယောင်ခြောက်ဆယ်ဖြစ်နေသော
ပန်းတောဟာ ပျင်းပျင်းရှိ ထွန်းနောင်တို့လင်မယားဆီသာလာလည်တတ်သည်။ ငုဝါနဲ့လည်း ဆွေးမျိုးသားခြင်းမကင်းသူ
တယောက်ဖြစ်လေတော့…ထွန်းနောင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အိမ်လည်လာတတ်သည်။ ပန်းတောစတိုင်ကလဲ ရန်ကုန်ပြန်တယောက်မို့ ဆိုဒ်လေး ဂိုက်လေးကလဲ ဟန်သကိုးဗျ….သွားလေရာ လက်ကိုင်ပါးဝါကအမြဲဆောင်တတ်သည်ဘိုကေကိုဟက်နေအောင်ဖြီးပြီးမာဖလာလေးလည်ပင်းပတ်ထားပုံက ထိုခါတ်အခါက ဓာတ်ရှင်မင်းသားရွေဘနှင့်ပင်ခတ်ဆင်ဆင်တူလှသည်။
……ပန်းတောတယောက် ထွန်းနောင်အိမ်ကို အဝင်အထွက်များလာတော့
ပတ်ဝန်းကျင်က တိုးတိုးတမျိုး
ကျယ်ကျယ်တမျိုး ပြောလာချေပြီ…
ရင်းနီးသော အသက်ကြီးပိုင်းရွာသူကြီးတွေက ထွန်းနောင်ကိုသတိပေးကြသည်။
……
……..ဟဲ့..ထွန်းနောင်..
…..ဗျာ…..ဘာတုံးအရီးလေးစိန်..
…ဒီကိုလာ….နင့်ကိုငါပြောစရာရှိလို့…
…ဟုတ်ကဲ့….
….
…..ဘာပြောစရာရှိလို့လဲဗျ….
…
……အေး….ငါပြောတာကို
သေသေချာချာနားထောင်….
မီးဆိုတာမလောင်ခင်တားရတယ်ဟဲ့…
…နင့်ကို ကို့တူကို့သားလိုသဘောထားလို့ အမုန်းခံပြီးပြောတယ်မှတ်…
…..ဟာဗျာ….အရီးလေးနဲ့…ပြောမှာသာပြောစမ်းပါဗျ…..
…..အေး…..ဒီလိုထွန်းနောင်…
…နင့်မိန်းမနဲ့ ပန်းတောကို ကြည့်ရတာတမျိုးပဲ……..
….ဗျာ…..သူ…သူတို့ဘာဖြစ်နေကြလို့လဲ…
…..ဖြစ်တာမဖြစ်တာတော့ ငါတို့လဲအတိကျမပြောနိုင်ဘူး…ဒါပေမဲ့ ခုတလော နင်းမရှိခိုက် နင့်မယားဆီကို ပန်းတော အလာစိတ်နေတယ်…..
…နင်ကတော့ မိုးလင်းတာနဲ့ လယ်ထဲထွက်နေရတော့ နောက်မှာဘာဖြစ်နေတယ်ဆိုတာသိမှာမဟုတ်ဘူး….
နင့်မိန်းမနဲ့ပန်းတောအကြောင်းက တရွာလုံးပွနေပြီ….နင်သာမသိတာ….
…..ဟာဗျာ……မ…မဟုတ်နိုင်ပါဘူး…
…ကျုပ်မိန်းမက ကျုပ်ကိုသိပ်ချစ်တာ….
…အရီးလေးတို့ထင်သလို ကျုပ်အပေါ်သစ္စာမပျက်ပြီး ဖောက်ပြန်တဲ့အလုပ်တော့ သူမလုပ်နိုင်ပါဘူး…….ပြီးတော့…ပန်းတောဆိုတာ ကျုပ်နဲ့လည်ပင်းဖက်ပြီးကြီးလာတဲ့သူငယ်ချင်းပါဗျာ…
…သူလည်း…အဲ့လိုတော့မလုပ်လောက်ပါဘူး…ငုဝါနဲ့လဲ ဆွေးမျိုးသားချင်းမကင်းဘူးလေဗျာ…….
….ဟင်းး
…ခက်တယ် ထွန်းနောင်…
…နင်က မိန်းမနဲ့ပတ်သပ်လာရင် ငုဝါလောက်ပဲသိတာ…..လူ့စိတ်ဆိုတာပြောရမလားဟဲ့…..အနေနီးလာရင် ဖြစ်တတ်ကြတာပဲလေ……သဘောပဲအေ…..ငါက မဖြစ်သင့်တာမဖြစ်အောင် ကြိုပြီးသတိပေးတာ…..နောင်ကြမှ ပုဆိုးနဲ့မျက်ရည်သုတ်နေရမှာစိုးလို့ဟေ့…
….ကဲ…
…ငါလဲ ရွာမြောက်ပိုင်းသွားဦးမယ်…
….ဟင်းးး
…..အရီးလေးစိန် ထွက်သွားတော့ ထွန်းနောင်တယောက် တွေတွေကြီးရပ်ကျန်ခဲ့လေသည်။
…..ညဘက်ရောက်တော့ ထွန်းနောင်တော်တော်နှင့်အိပ်မပျော်…
အရီးလေးစိန် နေ့ခင်းကပြောသောစကားများသာ နားထဲမှာပြန်ကြားယောင်နေမိသည်။
…ငုဝါကိုငဲ့ကြည့်လိုက်တော့ အပြစ်ကင်းစင်စွာအိပ်နေလေသည်။
…လှလိုက်တဲ့မိန်းမရယ်….
…မျက်နှာလုံးလုံး…
မျက်လုံးမျက်ခုံးကောင်းပြီး ပြေပြစ်သောနှာတံ ဖူးငုံနေသောနှုတ်ခမ်း ငါးဖြာအင်္ဂါနဲ့ပြည့်စုံတဲ့အဆင်း…စသည်ဖြင့် ရှုမငြီးတဲ့ ဇနီးချောလေးငုဝါ……..
….အို….
…သူတို့ပြောတာတွေ မဟုတ်ပါစေနဲ့…..
….ဟင်းးး
_____________________
….ခုတလော ငုဝါကိုကြည့်ရတာ အရင်ထက် အလှတွေပြင်လာသလိုပဲ….ဘယ်အချိန်ကြည့်ကြည့် သနပ်ခါးကိုမှုံနေအောင်လိမ်းထားသည်….အရင်လဲ သနပ်ခါးအမြဲလိမ်းထားတတ်ပါတယ်…ဒါပေမဲ့ ထွန်းနောင်ရဲ့အတွေးထဲမှာ အရင်ထက်ပိုပြီး လှချင်ပချင်နေသည်ဟုသာမြင်နေမိသည်။
…….ကြားထားတဲ့သီတင်းတွေကနားနဲ့မဆံ့တော့…..မိမိပြန်ချောင်းသော်လဲ
ရိုးရိုးတန်းတန်းစကားပြောနေကြသည်သာတွေ့သည်။
…..ဒါကလဲ မကြုံကြိုက်လို့ ဖြစ်ကောင်းဖြစ်နိုင်ပေသည်…..
…ခက်နေတာက ထွန်းနောင်
ပြန်ချောင်းတဲ့အခါတိုင်း ပန်းတောက အိမ်မှာအမြဲရှိနေလေသည်။
….ထွန်းနောင်လဲ ဇနီးချောလေးအတွက်သောကများပြီး အလုပ်ပင်ဖြောင့်အောင်မလုပ်နိုင်တော့…
…ဒီကြားထဲ လယ်ထဲမှာခိုင်းနေတဲ့ ခြံပေါက်ခိုင်းနွားသိုးကြီးငနီက ခုရက်ထဲစိတ်ထနေသည်…
…တွေ့သမျှနွားသိုးတိုင်းကို လိုက်ဝှေ့နေသဖြင့်မနဲထိန်းနေရသည်။
……အဲ့ရက်က သင်္ကြန်အကြိုနေ့….
…လယ်ထိပ်ကပိတောက်ပင်ကြီးကလဲ
ပိတောက်ပန်းတွေ ထိန်ထိန်အကြဲအောင်ပွင့်နေလေသည်….
…..မနက်စောစောလယ်ထဲမှာအမှိုက်ချရင်း ငုဝါပန်ဘို့ပိတောင်းပန်းတွေခူးပြီး လှည်းပေါ်တင်လာခဲ့သည်။
ခြံဝကိုရောက်တော့…ပန်းတောတယောက် ရေးကြီးသုတ်ပျာနဲ့ အိမ်ထဲမှထွက်လာပြီး သူ့အိမ်ဆီပြန်သွားတာတွေ့လိုက်သည်။
….ထွန်းနောင်ရဲ့စိတ်ထဲတော့ နဲနဲထိတ်သွားသည်….
…လှည်းရပ်ပြီးနွားတွေဖြုတ်နေချိန်မှာ…
…ဟယ်…
…ပိတောက်ပန်းတွေအများကြီးပဲ…
…ငုဝါအတွက် မောင်ခူးလာတယ်နော်..
…ပျော်လိုက်တာမောင်ရယ်…ဟိ..ဟိ
…..ဒါပေါ့မိန်းမရယ်….မိန်းမပန်ဘို့ မောင်ခူးလာတာဗျား…တဝကြီးသာပန်တော့…
…ဟုတ်ကဲ့ …
…မောင်လဲကုသိုလ်ရအောင်
ဘုရားကိုလဲပူဇော်မယ်…..ကျန်တာကို ငုဝါပန်မယ်…..
….
…..အေး…အေး….ကောင်းတယ်ငုဝါ….
….ထွန်းနောင်ဟာ ခြေထောက်ဆေးပြီး အိမ်ပေါ်တက်လိုက်သည်……
…ပြီးတော့ အင်္ကျီအဝတ်အစားများလဲဖို့ အိမ်ခန်းထဲဝင်လိုက်ရင်ပဲ….
…ညှောင်…ဝေါင်. ..
…ဟဲ့…သောက်ပလုတ်တုတ်…..
…သယ်….မိညို….လန့်သွားတာပဲ…
….ထွန်းနောင်ဟာ အပေါ်အင်္ကျီကိုချွတ်ပြီး ကုတင်ပေါ်ပစ်တင်လိုက်ရင်ပဲ….မမျော်လင့်ထားသောအရာတခုကို မြင်တွေ့လိုက်ရပါပြီ……
…..ဟင်…..ဒါ….ဒါ….
…ပန်း…ပန်းတောရဲ့လက်ကိုင်ပါးဝ…
…ဘယ်လိုဖြစ်ပြီး အိမ်ခန်းထဲက ခုတင်ခြေရင်းကိုရောက်နေတာလဲ…….
ထွန်းနောင် ကြက်သေသေသွားပြီးနောက်
….ဟင်းး
…ဟုတ်ပါပြီ……
….တောက်…..ခွေးမ…..
…ဒင်းက ငါမရှိတုန်း လင်ငယ်နဲ့ ခွေးဇာတ်ခင်းနေတာကိုး…..
…တောက်….ငါကွာ…..
ငါ့ကွယ်ရာမှာ ဖောက်ပြန်နေကြပြီပေါ့လေ
….အဲ့နေ့တနေ့လုံး ငုဝါကိုထွန်းနောင်စကားမပြောတော့….ထွန်းနောင်ကလည်း စနေသား ..နေတက်ရေတက်အချိန်မှာမွေးလာခဲ့သူ….သူ့စိတ်ထဲမှာ မကျေနပ်တာရှိရင် ဝုန်းဒိုင်းကြဲပြီး
ဖြေရှင်းတာမျိုးမလုပ်…..
…..ဖြေရှင်းစရာလဲ လိုမှမလိုတော့တာ….
…ဆုံးဖြတ်ဖို့သာလိုတော့သည်….အရင်ကချစ်ခဲ့သမျှတွေဟာ ခုတော့အမုန်းတွေအဖြစ်ပြောင်းသွားခဲ့လေပြီ…..
….ငုဝါကိုကြည့်ပြီး ထွန်းနောင်ရွံလာသလို အရမ်းလဲနာကျည်းမိသည်…ယုတ်စွအဆုံး ကြမ်းတပြေးပင်မထိုင်ချင်တော့….
ဒါ့ကြောင့်..မိမိဘာလုပ်သင့်သည်ဆိုတာကိုအေးအေးဆေးဆေးစဉ်စားဆုံးဖြတ်နိုင်ဖို့ အဲ့ညက လယ်ထဲကတဲမှာထွန်းနောင်သွားအိပ်ခဲ့သည်။
….ထွန်းနောင်ဘာကိုစိတ်ဆိုးနေတယ်ဆိုတာကိုတော့ ငုဝါလဲမတွေးတတ်ပေ
ဘယ်တုန်းကမှ နှစ်ကိုခြားပြီးမအိပ်ဖူးခဲ့တဲ့လင်မယား
…ထွန်းနောင်ရဲ့ ခုလိုအခြေနေမျိုးကို ငုဝါ တခါမှမမြင်ဖူးပေ…ဒါ့ကြောင့်…
အရမ်းလည်းကြောက်မိသည်….
ဘာဖြစ်လို့လဲ လို့မေးဖို့ကလည်းမမေးရဲ…
ခက်ဆိပ်ဆိပ်သာနေရင်း တစ်ညတာရဲ့အထီးကျန်မှုကို
ဖက်ခေါင်းအုံးလေးနဲ့အဖော်ပြုခဲ့ရပါသည်။
…..ထွန်းနောင်ဟာ လယ်တဲကိုရောက်တော့ ငနီရဲ့ဦးချိုကို ချွန်သထက်ချွန်အောင်
ံတံစဉ်းနဲ့တိုက်လိုက်သည်…
ထိုကဲ့သို့ တံစဉ်းတိုက်နေရင်း နီရဲနေသောမျက်ဝန်းအိမ်အတွင်းမှ ဒေါသကြောင့်ကျခဲ့ရတဲ့မျက်ရည်နှင့်အတူ….မိမိအပေါ် သစ္စာမဲ့သွားပြီဖြစ်သောဇနီးအတွက် ခံပြင်းသောဒေါသ အမုန်းတရားဟာ ထွန်းနောင်ရဲ့ရင်ဘက်တခုလုံးကို အရည်ပျော်လုမတတ်လောင်မြိုက်နေလျှက်ရှိနေပါပြီ……..
_____________________
….အဲ့နေ့က သင်္ကြန်အကျနေ့…..
…ကောင်းကင်တခွင်လုံး အုံ့ဆိုင်းနေသော မိုးလုံးမိုးခဲကြီးကြောင့် နယ်ရှစ်တခွင်
ညို့မှိုင်းနေလျှက်ရှိနေပါသည်….
မနေ့ကတကြိမ် ရွာထားသော မိုးရေကြောင့် နွေချောင်းရဲ့ ရေဟာလဲနောက်ကျိလို့နေပါသည်။
….မနက်စောစော ထွန်းနောင် အိမ်ပြန်ရောက်လာသည်။
….မောင်….
…ငုဝါ စားပွဲပေါ်မှာ ထမင်းပွဲပြင်ထားတယ်နော်….
…..အေး…..
….ဟု တခွန်းထဲပြောပြီး…အိမ်ခန်းထဲဝင်သွားသည်….ငုဝါကလဲ ဟင်းအိုးတည်လက်စမို့ ထွန်းနောင်ဆီမလာနိုင်ပဲ မီးဖိုထဲတွင်အလုပ်ရှုတ်နေသည်။
…… ထွန်းနောင်ဟာ အိမ်းခမ်းထဲရှိ ငုဝါရဲ့အင်္ကျီအချို့ကိုယူပြီး အိမ်ရှေ့တံစပ်မြိတ်အောက်က
ခြေဆေးအိုးထဲမှာထိုးနစ်ထားလိုက်သည်….ကျန်ခဲ့သည့်အထည်များက အနီရောင်ရောပြွန်းနေသော အင်္ကျီနဲ့လုံခြည်များဖြစ်သည်။
…..သွားပြီဟေ့….
…ရှင်…
…မောင်….ထမင်းချမ်းစားမသွားဘူးလား…
….အေး…မဆာလို့….
…
….ဟင်….ဒါ…ဒါဆို …ထမင်းဟင်းကျက်တာနဲ့….ငုဝါထမင်းလာပို့မယ်နော်
….အေး….ကောင်းသားပဲ….
….သွားပြီ…
….အို….ဘယ်….ဘယ်လိုစကားတွေပြောနေပါလိမ့်……
…ငုဝါ ရင်ထဲ ဆို့သွားပြီး မျည်ရည်တွေဝဲသွားသည်…
…ခုချိန်ထိ မိမိအပေါ် လေသံမာမာတောင်မပြောရက်ခဲ့တဲ့ လင်သား….ခု…ဘယ်လိုများဖြစ်လို့ပါလိမ့်….
…ဟင်းအိုးတည်နေရင်း ရင်တွေမောနေသည်…..
….ဒီကိစ္စ အေးနေလို့မဖြစ်…လယ်ထဲရောက်မှ လင်လုပ်သူကိုသေသေချာချာမေးတော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
….ထမင်း ဟင်းကျက်တော့
ထမင်းတောင်းထဲကို ထမင်းအိုးနဲ့
ဟင်းအိုးကို ဖတ်တစ်ခုခံပြီးဆင့်ထဲ့လိုက်သည်..
“မောင်ရေ
မောင်နဲ့စပြီးညားထဲက သုံးစွဲလာတဲ့စလှယ်ဝင်အိုးလေးတွေလေ…..
ငုဝါရဲ့ အမြတ်နိုးဆုံး အိမ်ထောင်ဦးပစ္စည်းလေးတွေပေါ့…..
….ထမင်းတောင်းပြင်ပြီးသွားတော့ ဒီအတိုင်းသွားပို့လိုကမဖြစ်သေးဘူး…
ဒီနေ့တန်ခူးလ္ဆန်း(၁၄)ရက်နေ့ဟာ မောင်နဲ့ငုဝါရဲ့ ချစ်သက်တမ်း
(၆)နှစ်ပြည့်မို့လား ရည်းစားသက်တမ်း၃နှစ်…အိမ်ထောင်သက်တမ်း၃နှစ်လေ…ရေမိုးချိုးပြီး မောင်ကြိုက်တဲ့ ရှင်မတောင်သနပ်ခါးလေးကို ပါးကွက်လေး ကွက်ပြီးလိမ်းရဦးမယ်….ဟိဟိ…
…စိတ်တိုနေတဲ့ ကိုလူချောကြီးရဲ့ရင်ခွင်ထဲကိုပြေးဝင်ပြီး သနပ်ခါးနံ့လေးပေးလိုက်ရင် ဒီလူကြီးဘာခံနိုင်မှာလဲ…
….ပြီးတော့….
မောင်ဝမ်းသာရမဲ့စကားတခွန်းကလဲပြောဖို့ ငုဝါမှာ အရံသင့်ရှိတယ် မောင်ရဲ့….ဘာပူစရာလိုသေးလဲ….
….ကို့အတွေးနှင့်ကိုယ်ပြုံးရင်း…
အိမ်ခန်းထဲသို့ငုဝါဝင်လိုက်သည်…
….ဟောတော့……
…အဝတ်အစား သတ္တာကဖွင့်ရက်သား…
…ကြည့်လိုက်တော့ ငုဝါရဲ့အဝတ်အစားတွေ တချို့တဝက်ပျောက်နေသည်….အနီနဲ့ပန်းရောင်ဝမ်းဆက် ၂စုံသာကျန်ခဲ့သည်….လိုက်ရှာလိုက်တော့ အိမ်ရှေ့ဖိနပ်ချွတ်ခြေဆေးရေအိုးထဲမှာ စိမ်ထားရက်သားတွေ့ရသည်။
….ဟင်းးဟင်းး
…မိမိအပေါ် စိတ်ကောက်နေတာတော့သေချာသွားပြီ….
….ဒါ့ကြောင့် ခက်သုတ်သုတ်ပဲ ရေချိုးပြီး သနပ်ခါးလိမ်းလိုက်သည်….ရေမစိမ်ပဲထားခဲ့တဲ့ အဝတ်၂စုံထဲက အနီရောင်ကို ငုဝါရွေးလိုက်သည်….ဝတ်လာစေချင်လို့ပဲဖြစ်မှာပါ……မောင်က ပန်းရောင်ကိုမကြိုက်ဘူးလေ…..ရဲရင့်ပြတ်သားတဲ့အနီရောင်ကိုပဲကြိုက်တာ…
စနေသား ပီသလိုက်ပုံများ……ဟင်းးဟင်းး
….အားလုံးပြင်ဆင်ပြီးသွားတော့ ထမင်းတောင်းလေးကိုခေါင်းပေါ်ရွက်ပြီ လယ်ထဲသို့ ငုဝါထွက်လာခဲ့သည်။ ရင်တွေတော့အခုန်သား….ချစ်ကြိုက်ခါစ ရည်းစားနဲ့သွားတွေ့ရတဲ့ရင်ခုန်မှုမျိုးနှင့်တူနေသည်။
ဖိနပ်ချွတ်ကနေအောက်သို့ ဆင်းလိုက်ရင်းပဲ….
ဂစ်……ဂစ်….
အာ….အာ….
အိမ်ရှေ့ခြံစည်းရိုးတိုင်ပေါ်ကနေ မိမိကိုစိုက်ကြီးပြီး အာ နေသော တောကျီးကန်းကြီးတစ်ကောင်…
ငုဝါ ကြက်သီးမွှေးညှင်းထပြီး ခေါင်းတွေကြီးသွားသည်။
ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးပေ…
ငုဝါစိတ်တွေ အရမ်းလေးလံလာသည် အိမ်ရှေ့လမ်းအတိုင်း ထွက်လာချိန်မှာလည်း ရွာခွေးတွေက ငူဝါကို ခက်လှမ်းလှမ်းကနေ စူးစူးဝါးဝါး ထိုးဟောင်ကြပြန်သည်။ ငုဝါ အရမ်းကြောက်လာသည်…..
…ထို့ကြောင့် ထွန်းနောင်ဆီ အမြန်ဆုံးရောက်ရန်သာ စိတ်လောပြီး ခက်သွပ်သွပ် လှမ်းချေတော့သည်။
……………………………….
…လယ်အစပ် ကန်စင်းရိုးပေါ်မှာ မိမိထံ ထမင်းတောင်းရွက်ပြီး ခက်သွပ်သွပ်လှမ်းလာသော ငုဝါကိုမြင်လိုက်ရသည်နှင့်…
ဝုန်း..ခနဲ့ တဲပေါ်မှ ထွန်းနောင် ခုန်ဆင်းလိုပ်သည်။
ထို့နောက် ကြိုးတဲထားသောငနီကို ကြိုးဖြုတ်၍ နားဖားကြိုးကို ခက်တင်းတင်းဆွဲလိုက်သည်။
…ကိုင်း…..ငနီရေ..
….ငါ့အပေါ်…သစ္စာမရှိတဲ့ အမိုက်မကို လက်စတုံးဘို့တော့အချိန်ကျပြီဟေ့….
….အဖေ့သားကြီး ဟာ အဖေ့ကိုယ်စား ဒီအမိုက်မကို ကိစ္စတုံးလိုက်တော့……
….ဒီသစ္စာပျက်မ မရှိတော့မှ
အဖေလည်းစိတ်ချန်းသာရမှာကွ…..
ဒီမိန်းမမျက်နှာကိုကြည့်ရတာ အဖေ့ရင်ထဲမှာနေလိုမီးလိုပူတယ်ကွာ……တာဝန်ကျေပါစေနော်ငနီ….ဟင်းးဟင်းးး
……ထိုအချိန်မှာပဲ မိမိရဲ့ကံကြမ္မာကို မသိလေသော ငုဝါဟာ အနီရောင်ဝမ်းဆက် အဝတ်အစားနဲ့အတူ ထမင်းတောင်းကိုခေါင်းပေါ်ရွက်ပြီး ထွန်းနောင်ရှိရာလယ်တဲ သို့ လှမ်းလာနေပါပြီ။
..“ ကိုင်း…..ငနီရေ.´´
…အချိန်ကျပြီဟေ……
…ဒီမိန်းမကို အသေဝှေ့သက်ပြီး နွေချောင်းထဲကို တိုက်ချလိုက်တော့……
…ကဲကွာ….ဖြောင်းးဖြောင်းး
….အစထဲက မုန်ထန်ပြီးစိတ်ထနေသောငနီ…..အနီရောင်မြင်ရင် မျက်စိနောက်ပြီး အတင်းလိုက်ဝေ့သောခိုင်းနွားသိုးကြီးငနီ နားဖားကြိုးတအားဆွဲခံထားရလို့ ဒေါသဖြစ်နေရာက ကြိမ်ဆလွှတ်လိုက်သောအခါ…
ဝူး…..ဘွင်း…….
ထမင်းတောင်းရွက်လာသော ငုဝါဆီသို့ တရှိန်ထိုးပြေးသွားလေသည်။
….ညံ……ဘဲ……ဝူး…
…ဖြော….ဖရော….ဗြော…..
….ဟင်….အမလေး………..ငနီ…ငနီ
….မောင်…..ကယ်ပါဦး..
……ဝမ်း..ဘဲ..လ်….
…ဒိန်း…..ဇွပ်…..အားးး
…မောင်…….ငုဝါကိုကယ်ပါဦး….အ….
….ဖြော….ဗြော..
..အမေ့….သေပါပြီ….အ
သေ….သေစမ်း…အပျက်မ..
ဟေ့…ငနီ….အသေသတ်စမ်း…
…..
ပြေးရင်းလွှားရင်း ထွန်းနောင်ပါးစပ်မှအောပြောနေသောအသံကို ကြားရတော့ ငုဝါ အံသြသွားသည့် မျက်ဝန်းအစံနှင့် ထွန်းနောင်ကိုကြည့်ရှသည်။
သတ်….အဲ့ သစ္စာပျက်မကို
အသေသတ်လေ ငနီ…..
….ဘဲလ်….
…ဒုံးး
….အ…..အားး
…..ဝုန်းးးဗွမ်းးး
….ငုဝါရဲ့ခန္တာတခုလုံးဟာ ငနီရဲ့ဦးချိုဖျားမှာ အရုပ်လေးတခုလိုပါသွားပြီး….ဗိုက်တခုလုံးပွင့်ထွက်သွားလေသည်…..ပြန်ပြုတ်ကျလာတော့ ပွင့်သွားသောဗိုက်ထဲမှ
အူမျာအဟာအပုံလိုက် ထွက်ကျကုန်သည်….သို့သော် ကြောက်အားလန့်အားနှင့်မို့ အတင်းကုန်းထပြီးပြေးလေသည်…..
သို့သော်…
မောင်….
ကယ်ပါ…မောင်ရယ်….
….ဒေါသတကြီး ထပ်ပြီးပြေးဝင်လာသော ငနီရဲ့ဦးချိုမဲမဲကြီးရဲ့ လက်ကမလွတ်နိုင်တော့ပဲ…..ငုဝါရဲ့ကိုယ်လုံးဟာ ငနီရဲ့ဦးချိုဖျားမှာ တံစွပ်ထိုးရက်သားနဲ့ လေပေါ်မြောက်တက်သွားပြီး..
…..နွေချောင်းထဲသို့ ငုဝါပြုတ်ကျသွားလေသည်….
….ထို့နောက် ငုဝါရဲ့အသိစိတ်အားလုံး အမှောင်အတိကျသွားလေတော့သည်။
……ဟားးးဟားးး
…..မှတ်ပလားကွ……..ငါ့အပေါ်သစ္စာပျက်တဲ့ အမိုက်မ……နင့်အတွက် အဲ့ဒါအကောင်းဆုံးဇာတ်သိမ်းပဲ……
….ငနီ….ငါ့သားကြီး
….တာဝန်ကျေတယ်ကွာ…..
…ကဲ….အမိုက်မလဲဇာတ်သိမ်းသွားပြီဆိုတော့ ငါတို့အိမ်ပြန်ကြစို့…ဒီအမိုက်မရဲ့အလောင်းကိုတော့ ရေစာကျွေးတယ်
သဘောထားလိုက်တော့မယ်။
……
………ထွန်းနောင်အိမ်ကိုပြန်ရောက်လာတော့ ရင်ထဲမှာဟာတာတာကြီးတော့ဖြစ်နေသည်……
…အို….သူ့အပြစ်သူခံရတာပဲ……ခံပေါ့…..
…..
……နွားများကိုတံပိုးမှဖြုတ်လိုက်ပြီး ခါးကြားထဲမှ ပန်းတောရဲ့ပါးဝါကိုထုတ်ကြည့်လိုက်သည်။
ထိုအချိန်…
…..ဟေ့…
….ထွန်းနောင်…..
….ဟာ….ပန်းတော……..
…ထွန်းနောင် အံတချက်ကြိတ်လိုက်သည်…..
….
….အလို….မင်းလက်ထဲက ငါ့ပါးဝါလေးပဲ…
…မင်းကြောင်မလဲ အတော်ဆိုးကွာ….
…မနေ့က မင်းအိမ်လာလည်ရင်း ခါးကြားက ငါ့ပါးဝါကို ဘယ်အချိန်ဆွဲသွားတယ်မသိဘူး….မွေးခါနီးဖွားခါနီး အသိုက်လုပ်နေပုံရတယ်….
…..ဘာကြ…..
…ဟာ….လန့်လိုက်တာကွာ…..
…ခလေးအဖေဖြစ်တော့မဲ့ကောင်ကလည်း..လေသံတွေမာလိုက်တာ…
….ဟင်….မင်း…မင်း ဘာပြောလိုက်တယ်…
…..အလို….ငုဝါမင်းကိုမပြောဘူးလား…
…မနေ့ကမနက်ပဲ လက်သယ်ဒေါ်စာဥ
မင်းအိမ်ကိုလာရင်း
ငုဝါရဲ့ဗိုက်ကိုစမ်းကြည့်သွားတယ်….ငုဝါရဲ့ဗိုက်ထဲမှာ မင်းနဲ့ရတဲ့ကိုယ်ဝန်၃လ ရှိနေပြီတဲ့ကွာ….
…အေး…အဲ့လိုပြောနေချိန်ပဲ ရန်ကုန်ကငါ့မိန်းမဆီက စာလာတယ်ဆိုလို့ အိမ်ပြန်ပြေးတာ
….ဟိဟိ….
….မနက်ဖြန် ငါ့မိန်းမရွာကိုလိုက်လာမယ်တဲ့…..သူ့မှာလဲ ငါနဲ့ရတဲ့ကိုယ်ဝန်လေးလွယ်ထားတယ်တဲ့ ပျော်လိုက်တာထွန်းနောင်ရယ်….မင်းရောငါရော ခလေးအဖေဖြစ်တော့မယ်ကွ…..
…ဟေ့ကောင်….ဘာ…ကြောင်ကြည့်နေတာလဲ….ပေး ငါ့လက်ကိုင်ပါးဝါ….
….ငါ့နှမ ငုဝါကိုအရင်ထက်ပိုပြီးဂရုစိုက်နော်…..ငါမိန်းမလာရင် ရန်ကုန်ကိုငါပြန်လိုက်သွားမှာ……အချိန်ကလဲသိပ်မရဘူး…မိန်းမကို အင်္ဂပူတက်ပြီးကြိုရဦးမယ်…..သွားပြီဟေ့…တာ့တာ….
……ပန်းတောထွက်သွားတော့ ထွန်းနောင် ကြောင်တောင်ကြီးရပ်ကျန်ခဲ့သည်….သတိဝင်လာတော့ အိမ်ပေါ်တက်ကြည့်လိုက်သည်……
…ဟာ….
….ကျွိ…ကျိ…ကျိ….ညှောင်……
…..ဖျက်…ရှပ်…..
….ထွန်းနောင်မြင်လိုက်ရသည်က
ပန်းတောရဲ့လက်ကိုင်ပါးဝါကိုတွေ့ရသော အိမ်ခန်းထောင့်မှာ သားပေါက်နေသော ကြောင်မလေးမိညို….သူ့အောက်က သူလုပ်ထားတဲ့အသိုက်မှာ စက္ကစုတ် အဝတ်စုတ် များစွာကိုတွေ့လိုက်ရသည်။
…..သွားပြီ…..ငါ…ငါမှားပြီ….
…ငုဝါ……မိန်းမ…….
…ငါ့မိန်းမ…..ငါ့မိန်းမ…သေပြီ…..
….ဟားးးဟားးး
…ငါ့မိန်းမငုဝါသေပြီ…..
…ငါ့ရင်သွေးလေးပါသေသွားပြီ….
…ဒင်းသက်တာ….
…ဟုတ်တယ်
…ငနီသက်တာ….
…ငါ့မိန်းမနဲ့ငါ့ရင်သွေးကို ငနီဝေ့သက်တာ
….တောက်…..ငါ့မိန်းမနဲ့ငါ့ရင်သွေးသေရသလို ဒင်းလဲသေရမယ်….
…ငါ…တောက်…..
…အုန်း…ဝုန်း….
…ထွန်းနောင်ဟာ အိမ်ရေ့ကိုခုန်ချပြီး
ထင်းပုံမှ ပုဆိမ်ကိုပြေးဆွဲလိုက်သည်…ပြီးတော့ တင်းကုတ်ထဲသို့ပြေးဝင်သွားပြီး……
…..ဟားး
…ငါ့မိန်းမနဲ့ ငါ့ရင်သွေးကိုသတ်တာ
မင်းလားကွ…..ကဲကွာ
…ဒိန်း…..
…အုန်း….
…ဝမ္းဘဲ…..ဘဲ…..
….ဝုန်းးဂလုံ
..ကဲ..ကြာ……..
ဇွပ်……ဇွပ်…..
အသံကြားလို့ ရွားသားများ ထွန်းနောင်၏အိမ်သို့ရောက်လာသောအခါ……ဟာ……
အမလေး….
လုပ်ကြပါဦး..
..ထွန်းနောင်…..
လူစိတ်ပျောက်နေတယ်ဟေ့….
..ဘုရား….ဘုရား….
ခေါင်းတစ်ခုလုံး ညက်ညက်ကြေ၍ သွေးသီးနေသော ငနီ….ထွန်းနောင်လက်ထဲမှာ ပုဆိန်ဖြင့် ရိုက်ချိုးထားသော ငနီ၏ ဦးချိုကြီးတစ်ချောင်း…ထိုဦးချိုကြီးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ငနီ၏လည်ပင်းကို အချက်ပေါင်းများစွာထိုးစိုက်နေသော သည်းခြေပျက်သွားသောထွန်းနောင်…
…မြင်ရသူအားလုံး သွေးပျက်ချောက်ခြားသွားလေတော့သည်။
……………………………………………….
….အဖြစ်ကတော့အဲ့ဒါပဲဆရာလေးရေ..
…အဲ့နောက်ပိုင်း ထွန်းနောင်လဲ ငုဝါနဲ့သူ့ရင်သွေးလေးကို `သံသရ´ ဆိုတဲ့ခေါင်စဉ်ကြီးတခုနဲ့သက်ခဲ့မိလို့..ရင်ကျိုးမရဖြစ်ပြီး စိတ်ဖောက်ပြန်သွားတာခုချိန်ထိပါပဲ…….ဘယ်သူနဲ့မှ စကားမပြောတော့ပဲ ငုဝါသေခဲ့တဲ့ ဒီချောင်းနဲ့ဒီပိတောက်ပင်ကြီးနားမှာပဲ လာထိုင်ပြီးစကားပြောနေတာ ခုအသက်ရွယ်ထိပါပဲကွယ်……
….ဟာ…..ဗျာ……ကြားရတာ..ကျွန်တော့ရင်ဘက်ကိုဆွဲဆုပ်ထားသလိုပါပဲ…
…ဖြစ်မှဖြစ်ရလေ အဘထွန်းနောင်ရယ်…
…ဟူးးး
….ဘာတက်နိုင်မလဲဆရာလေးရယ်….လူတဦးတယောက်ဟာ ပျက်စီးချိန်တန်လာရင်….ပိန်းရွက်တောင် ဓား လှံ လက်နက်တွေဖြစ်ခဲ့တဲ့ သာဓကတွေရှိနေခဲ့သေးတာပဲ။
….ကိုင်း….စကားလည်း ကောင်းတယ်….
…အဘလဲ ရွာဦးကျောင်းသွားစရာရှိလို့ခွင့်ပြချေဦး….
….ဟုတ်..ဟုတ်ကဲ့အဘ….
….အဖိုးကြီးဟာ ဇရပ်ပေါ်မှတောင်မွှေးကိုယူပြီး ဇရပ်အပြင်ဘက်ကိုထွက်မည်အလုပ်…..
…
…အဘ……
…ဟေ…ဆရာလေး….
…ဘာပြောစရာရှိလို့လဲ…..
….အဘနာမည်လေး….တဆိပ်လောက်…
….အင်း…အဘနာမည် ဘကြီးပန်းပါ….
…သြော်….ဟို….အဘပြောတဲ့ထဲက ကိုပန်းတောကရော အခုဒီရွာမှာ သက်ရှိထင်ရှားရှိသေးလားအဘ….
….အဖိုးကြီးတချက်ပြုံးလိုက်သည်…
…ရှိတာပေါ့လူလေးရယ်….
…သြော်…
….လူလေးရှေ့မှာရပ်နေတဲ့ ဘကြီးပန်းဟာ တချိန်တုန်းက ထွန်းနောင်ရဲ့သူငယ်ချင်း မောင်ပန်းတော ဆိုတဲ့သူပေါ့ ဆရာလေးရယ်……
….ခင်….ခင်ဗျာ……
….
…..ဆရာလေးခင်မောင် ပါးစပ်ကထွက်လာတဲ့ အာမေဋိတ်သံနှင့်အတူ လှုပ်ရှားမှုအားလုံး တဒင်္ဂရပ်တန့်သွားပါတော့သည်ခင်ဗျာ။
ပြီးပါပြီ
…(ဆက်လက်ကြိုးစားပါဦးမည်)
စာရေးသူ= မောင်ဂေါ်လီ (ဟင်္သာတ)အားလေးစားလျက်
Zawgyi Version
” ႏြားနဲ႔တိုက္တဲ့ အပုပ္ခ်ိန္ “(စ/ဆုံး)
———————————
`ငုဝါ´…..မိန္းမေရ..
….အတာၾကဴးလို႔ ပိေတာက္နဲ႔ငုပန္းေလးေတြ လႈိင္လႈိင္ပြင့္ေနၾကၿပီကြယ္….
….ငွဝါ ေမာင့္ကိုခြဲသြားခဲ့တာ
ဒီတန္ခူးနဲ႔ဆိုရင္ ႏွစ္၅၀ တင္းတင္းျပည့္ၿပီေနာ္……ျပန္လာပါေတာ့မိန္းမရယ္….
….ယေန႔အထိ ငုဝါကို ေမာင္ေစာင့္ေနဆဲပါ…..ေမာင္ခူးထားတဲ့ ပိေတာက္ပန္းေလးေတြ ပန္သူမဲ့ေနရွာၿပီကြယ္”
……….
……..အသက္အားျဖင့္ ၈၀နီးပါးခန္႔ရွိေသာ အဘိုးႀကီးတေယာက္ဟာ ေႏြေခ်ာင္းေဘးရွိ ပိေတာက္ပင္ႀကီးေအာက္မွာ ထိုင္ၿပီး ခူးထားေသာ ပိေတာက္ပန္းမ်ားကို ေႏြေခ်ာင္းထဲသို႔ တစ္ပြင့္စီေႁခြခ်ေနရင္း….ႏႈတ္မွလဲ ေလမဆက္ေတာ့သည့္ စကားမ်ားကိုတတြတ္တြတ္ရင္းက တေယာက္ ေယာက္ကို တမ္းတရင္းေၾကကြဲေနေသာ အသြင္သို႔ေဆာင္ေနေလသည္။
…….___________________
…..ပုသိမ္ၿမိဳ႕သား
ေက်ာင္းဆရာခင္ေမာင္ဟာ ပညာေရးေကာလိပ္ဆင္းၿပီးသည့္ေနာက္ မိမိတာဝန္က်ရာ အဂၤပူၿမိဳ႕နယ္ရွိ `ေႏြတမာကုန္းေက်း႐ြာသို႔´ အထုတ္အပိုးမ်ားႏွင့္အတူ ေျဖးေျဖးျခင္းခရီးႏွင္လာခဲ့သည္။ တန္ခူးေနေရာင္ေအာက္မွာ ေခြၽးတလုံးလုံးႏွင့္ ႀကိဳးစားၿပီးေလွ်ာက္လာရင္း
ေႏြတမာကုန္း႐ြာအဝင္နားက ဇရပ္ကိုေရာက္ေတာ့ အထုပ္မ်ားခ်ၿပီး ခဏဝင္နားလိုက္သည္။ ေက်ာင္းဖြင့္ဖို႔က တလေက်ာ္ေက်ာ္ လိုေသးေသာ္ျငား ႐ြာရဲ႕အေျခေနကိုသိခ်င္တာကတေၾကာင္း မိုးက်လွ်င္ သြားေရးလာေရးခက္ခဲမည္ကိုစိုးသျဖင့္ မိမိသုံးစြဲရမည့္ ေဝယ်ဝစၥမ်ားကို အရင္လာပို႔ထားျခင္းျဖစ္သည္။ မိုးမ်ားတဲ့ဧရာဝတီက ႐ြာဘက္လမ္းေတြဟာ တကယ္မိုးႀကီးလာၿပီဆိုရင္ တေတာင္ခန္႔နစ္ေသာ ဗြက္ထုႀကီးကို ညာသံေပးၿပီး႐ုန္းရမည္သာျဖစ္သည္။ အေတြ႕အႀကဳံမရွိေသာ ၿမိဳ႕ေနလူတန္းစားေတြအဖို႔ အေတာင္ပင္ အခက္အခဲျဖစ္တတ္ၾကပါသည္။
……အရိပ္ေကာင္းေသာ ကုကၠိဳပင္ရိပ္ေအာက္မို႔ အေတာ္ေလးအဆင္ေျပသြားသည္။ ခင္ေမာင္ဟာ ဇရပ္ေပၚထိုင္ၿပီး ဟိုဟိုဒီဒီၾကည့္ရင္း ဇရပ္ေရွ႕ လယ္ႏွစ္ခြက္ေက်ာ္ ေခ်ာင္းေဘးပိေတာက္ပင္ႀကီးေအာက္မွာ အဘိုးအိုတဦးထိုင္ေနတာကိုသတိထားမိလိုက္သည္။
အဖိုးအို၏လႈတ္ရွားမႈတိုင္းဟာ စိတ္ဝင္စားစရာေကာင္းေနသျဖင့္ အဖိုးအိုရွိရာ ေခ်ာင္းဘက္သို႔သြားၿပီး ေျခလက္ေဆးေၾကာသန္႔စင္ရင္း အဖိုးအိုကိုအကဲခတ္ေနလိုက္သည္။
….
…..“ငုဝါ´´ မိန္းမေရ….မင္းပန္ဖို႔အတြက္ မင္းႀကိဳက္တဲ့ပိေတာက္ပန္းေတြကို ေခ်ာင္းထဲေမွ်ာေပးလိုက္ၿပီေနာ္….တဝႀကီးသာ ပန္ဆင္ပါေတာ့ကြာ….
…အီးးဟီးးးဟီးးး
…..
……အလို…….ဘုရား…ဘုရား
…ငါမ်ား နားၾကားလြဲေလသလား…..
…အင္း….ေပါက္ၿပီ……
….ဒီအဖိုးႀကီးက စိတ္မႏွံ႔တဲ့သူပဲျဖစ္မွာပါ…ငါ့နယ္…ဘာမ်ားလဲလို႔…ခိခိ..
….သူ႔အေတြးနဲ႔သူ သေဘာက်ၿပီး ဇရပ္ဆီသို႔ ခင္ေမာင္ျပန္လာခဲ့သည္….
….ဇရပ္ကိုေရာက္ေတာ့….အသက္၇၀အ႐ြယ္အဖိုးႀကီးတေယာက္ေရာက္လာေလသည္။
….ဒီက သူငယ္က ဘယ္ကလဲကြဲ႕…
..အထုတ္ေတြအပိုးေတြနဲ႔ ဘယ္ကိုမ်ားသြားမလို႔တုန္း…
….ဟုတ္ကဲ့အဘ…..ကြၽန္ေတာ္က
ဒီေႏြတမာကုန္းမူလတန္းေက်ာင္းမွာ
တာဝန္က်တဲ့ ေက်ာင္းဆရာပါ
အခု လမ္းေလးသာတုန္း အထုတ္အပိုးေတြလာထားတာပါ အဘ…
….ေဟ….
…ဟို…..ဆရာေလးခင္ေမာင္ ဆိုတာမ်ားလားကြဲ႕….
….ဟုတ္…ဟုတ္ပါတယ္အဘ…..
…
….ေအးကြယ္….သူႀကီးေျပာသံၾကားလို႔ ဆရာေလးနာမည္ကိုတ႐ြာလုံးကသိေနပါၿပီ….အဘတို႔လို ေခါင္တဲ့အရပ္ေဒသေတြမွာ စာလာသင္ေပးမဲ့ ဆရာေလးကို အဘတို႔တ႐ြာလုံးက
ဝမ္းသာအားရႀကိဳဆိုပါသဗ်ား……
…..ဟုတ္ကဲ့….ကြၽန္ေတာ္ကလဲ ဒီလိုေခါင္တဲ့အရပ္ေတြကိုပဲ လာခ်င္ေနသူပါ…..
…ဟို….ဒါနဲ႔ အဘ…..
…တခုေလာက္ေမးခ်င္လို႔….ေမးလို႔ရမလား….စပ္စုတယ္လို႔လဲ မေအာက္ေမ့ပါနဲ႔ေနာ္….
….ေၾသာ္ကြယ္…..ေမးစရာရွိတာမ်ားအဆန္းလုပ္လို႔….
…ဆရာေလးဘာသိခ်င္လဲ….ႀကိဳက္တာေမးေစဗ်ား…..
…
…..ဒီ…ဒီလိုပါအဘ…..
ဟိုေခ်ာင္းေဘးပိေတာက္ပင္ေအာက္မွာထိုင္ေနတဲ့အဘိုးႀကီးက စိတ္မႏွံ႔ဘူးလားအဘ……ပိေတာက္ပန္းေတြကို ခူး…ခူးၿပီး ေခ်ာင္းထဲကိုေႁခြခ် ေနတယ္….ပါးစပ္ကလဲ `မိန္းမေရ တဝႀကီးပန္ေတာ့´ ဆိုၿပီး တတြတ္တြတ္နဲ႔ေျပာေနတယ္ဗ်…ၿပီးေတာ့ ငိုလဲငိုေနတယ္…..အဲ့ဒါ…..ဘယ္….ဘယ္လိုျဖစ္ေနလို႔လဲအဘ…
…
…..ေဟ…..
…ခင္ေမာင့္စကားေၾကာင့္ အဘိုးႀကီး မ်က္ႏွာပ်က္သြားသည္။
…..ေဩာ္…ဆရာေလးေျပာတာ ကိုထြန္းေနာင္ကိုျဖစ္မယ္။
…ဟင္
…အဲ့ အဘနာမည္က ထြန္းေနာင္လား…
….ဟုတ္တယ္ဆရာေလး….
…သူ႔နာမည္က ထြန္းေနာင္ပဲ အသက္၈၀စြန္းေနၿပီ….အဘတို႔႐ြာသားတဦးဆိုပါေတာ့…
…..ဆရာေလးက သူ႔အေၾကာင္းကိုသိခ်င္တယ္ဆိုပါေတာ့…
….ဟုတ္ကဲ့….အဘသိရင္ေျပာျပပါ့လား…
..သက္ႀကီးစကား သက္ငယ္ၾကားရတာေပါ့….
…..အဘိုးႀကီးဟာ ေျပာဖို႔ပါးစပ္ျပင္ရင္း သူ႔မ်က္ဝန္းက ေႏွာင္းခဲ့ၿပီျဖစ္ေသာ အတိတ္ကလာတခုဆီသို႔ ……………
…….
……ထြန္းေနာင္တို႔ လင္မယားအျဖစ္က စိတ္မေကာင္းစရာပါဆရာေလးရယ္…..
….ျဖစ္ပုံက..ဒီလို……………..
(အခႏ္း၂)
….♬ ေ႐ြရည္လူးတဲ့ပိေတာက္ပန္းေတြ…ခင္ႏွမဆံႏြယ္ထက္မွာ♪ ဒီေမာင္ႀကီးပန္ေပးဘို႔ကြယ္….ခူးဆြတ္ လို႔လာခဲ့ပါၿပီ….♬ ကိုယ္တိုင္ကြယ္ပန္ဆင္ေပးမယ္…ေကာင္းကင္က အေမာင္သိၾကားရယ္ ပုန္းေရွာင္လို႔ေပး……ေအး…ေဟး……တုပို႔….တုပို….ပတ္….ပလုံ….ဂ်ိ….
……
…..ခိခိ……ဟိ.ဟိ……
ေမာင့္ကအဆိုေကာင္းပဲေနာ္…..
….ဟဲဟဲ…..ငုဝါ ႀကိဳက္ရင္ေနာက္တပုဒ္ဆိုျပမယ္…..
….ေတာ္….ေတာ္ပါေတာ့ေမာင္ရယ္….
..ငုဝါပန္ဘို႔ ပိေတာက္ပန္းလဲတက္ခူးေပးရ သီခ်င္းလဲဆိုျပရနဲ႔ ေမာင္ေမာေနပါ့မယ္။
….ဟားဟား ကို႔ဇနီးေလာင္းေလးအတြက္ဆို ဓူဝံၾကယ္ကိုေတာင္ ေတာင္ဘက္ေျပာင္းေပးႏိုင္သူပါ…
…ေဟာေတာ့….ဒါေတာ့…ပိုသြားၿပီေမာင္…
….ေမာင္….
…ငုဝါတို႔ လက္ထပ္ဘို႔ရက္ တေျဖးေျဖးနီးလာၿပီေနာ္….
…တန္ခူးလၦဳပ္၃ရက္ဆိုေတာ့ ၾကား၅ရက္ပဲလိုေတာ့တယ္….
…..ဟုတ္တယ္ငုဝါ….ေမာင္လဲ မဂၤလာကိစၥအတြက္ အေတာ္ေလးျပင္ဆင္ၿပီးပါၿပီ…..ဒီဘဝမွာ ကိုခ်စ္တဲ့ခ်စ္သူနဲ႔လက္တြဲရေတာ့မွာမို႔ အရမ္းကို ေက်နပ္ေပ်ာ္႐ႊင္မိပါတယ္…
…..ၿပီးေတာ့…
…ေမာင္နဲ႔ငုဝါဆိုတာ အခ်စ္ဦးေတြေလ….
….ဟုတ္တယ္ေမာင္…..ငုဝါရဲ႕အခ်စ္ဦးဟာေမာင္ပါပဲ….
….ဒါပဲေနာ္…..လက္ထပ္ၿပီးမွ ငုဝါအေပၚ အခ်စ္ေတြေပါ့သြားလို႔ကေတာ့….ငုဝါအရမ္းဝမ္းနည္းမိမွာပဲ…
….အမေလး….အဲ့အတြက္ေတာ့စိတ္ခ်…
…ငုဝါအေပၚထားတဲ့ ေမာင့္ရဲ႕အခ်စ္နဲ႔သစၥာတရားကို….ေဟာ့ဒီ ေႏြေခ်ာင္းနဲ႔ ပိေတာက္ပင္ႀကီးကို သစၥျပဳၿပီး တိုင္တည္ၿပီး သစၥာဆိုဝံ့ပါတယ္ဗ်ာ…..
…..ဝမ္းသာလိုက္တာေမာင္ရယ္…
….ငုဝါေလ…ေမာင့္ကိုအရမ္းခ်စ္တယ္သိလား….
…ေျပာလဲေျပာ ရင္ခြင္ထဲသို႔ေခါင္းေလးတိုးၿပီဝင္လာေသာ ခ်စ္သူကို ထြန္းေနာင္ အလိုက္သင့္ေလးေထြးေပြ႕ထားလိုက္ပါသည္………..
________________________
….ခ်စ္တိုင္းညားခဲ့ပါေသာ ထြန္းေနာင္ႏွင့္ငုဝါတို႔၏ အိမ္ေထာင္သက္တမ္းဟာ ၃ႏွစ္ေက်ာ္ခဲ့ပါၿပီ…..သို႔ေသာ္ ယခုခ်ိန္ထိ သားေထာက္သမီခံ မထြန္းကားႏိုင္ေသးေပ။
…ဒါေပမဲ့ လင္မယားႏွစ္ေယာက္လုံးစိတ္မပ်က္ၾက….ထြန္းေနာင္အတြက္ ငုဝါ…..ငုဝါအတြက္ထြန္းေနာင္ ရွိေနရင္ျပည့္စုံၿပီ….တစ္ဦးကိုတစ္ဦးမ်က္စိေအာက္ကအေပ်ာက္မခံ….
အလုပ္ကျပန္လို႔ မိန္းမမ်က္ႏွာကိုမျမင္ရရင္ ႐ြာထဲကိုအိမ္ေပါက္စိေမးၿပီးထြန္းေနာင္လိုက္သည္…အလားတူ..ထြန္းေနာင္တေယာက္ အလုပ္ျပန္ေနာက္က်လို႔မိုးခ်ဳပ္ေနၿပီဆိုရင္…မီးအုပ္တလုံးဆြဲၿပီး လယ္ထဲသို႔ ငုဝါလိုက္သည္။ သို႔ေၾကာင့္လဲ ေႏြတမာကုန္းတ႐ြာလုံးက ဩခ်ၿပီးလက္ဖ်ားခါရတဲ့အေခ်အေနထိထြန္းေနာင္တို႔ဇနီးေမာင္ႏွံကေျပာစမွတ္တြင္ခဲ့သည္…….
…….ဒါေပသည့္….ကံၾကမၼာဆိုတာလဲေျပာရခတ္သားလား…..
တေန႔…….
..ရန္ကုန္တြင္အလုပ္သြားလုပ္ေနေသာ
ထြန္းေနာင္၏
အခ်စ္ဆုံးသူငယ္ခ်င္း`ပန္းေတာ´
႐ြာကိုျပန္ေရာက္လာေလသည္။
ပန္းေတာရဲ႕ေျပာေခ်အရ ရန္ကုန္မွာအိမ္ေထာင္ပ်က္ၿပီး႐ြာကိုအၿပီးျပန္လာတာတဲ့ေလ။ထြန္းေနာင္နဲ႔က ငယ္ေပါင္းႀကီးေဖာ္ေတြမို႔ ေယာင္ေျခာက္ဆယ္ျဖစ္ေနေသာ
ပန္းေတာဟာ ပ်င္းပ်င္းရွိ ထြန္းေနာင္တို႔လင္မယားဆီသာလာလည္တတ္သည္။ ငုဝါနဲ႔လည္း ေဆြးမ်ိဳးသားျခင္းမကင္းသူ
တေယာက္ျဖစ္ေလေတာ့…ထြန္းေနာင္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ အိမ္လည္လာတတ္သည္။ ပန္းေတာစတိုင္ကလဲ ရန္ကုန္ျပန္တေယာက္မို႔ ဆိုဒ္ေလး ဂိုက္ေလးကလဲ ဟန္သကိုးဗ်….သြားေလရာ လက္ကိုင္ပါးဝါကအၿမဲေဆာင္တတ္သည္ဘိုေကကိုဟက္ေနေအာင္ၿဖီးၿပီးမာဖလာေလးလည္ပင္းပတ္ထားပုံက ထိုခါတ္အခါက ဓာတ္ရွင္မင္းသားေ႐ြဘႏွင့္ပင္ခတ္ဆင္ဆင္တူလွသည္။
……ပန္းေတာတေယာက္ ထြန္းေနာင္အိမ္ကို အဝင္အထြက္မ်ားလာေတာ့
ပတ္ဝန္းက်င္က တိုးတိုးတမ်ိဳး
က်ယ္က်ယ္တမ်ိဳး ေျပာလာေခ်ၿပီ…
ရင္းနီးေသာ အသက္ႀကီးပိုင္း႐ြာသူႀကီးေတြက ထြန္းေနာင္ကိုသတိေပးၾကသည္။
……
……..ဟဲ့..ထြန္းေနာင္..
…..ဗ်ာ…..ဘာတုံးအရီးေလးစိန္..
…ဒီကိုလာ….နင့္ကိုငါေျပာစရာရွိလို႔…
…ဟုတ္ကဲ့….
….
…..ဘာေျပာစရာရွိလို႔လဲဗ်….
…
……ေအး….ငါေျပာတာကို
ေသေသခ်ာခ်ာနားေထာင္….
မီးဆိုတာမေလာင္ခင္တားရတယ္ဟဲ့…
…နင့္ကို ကို႔တူကို႔သားလိုသေဘာထားလို႔ အမုန္းခံၿပီးေျပာတယ္မွတ္…
…..ဟာဗ်ာ….အရီးေလးနဲ႔…ေျပာမွာသာေျပာစမ္းပါဗ်…..
…..ေအး…..ဒီလိုထြန္းေနာင္…
…နင့္မိန္းမနဲ႔ ပန္းေတာကို ၾကည့္ရတာတမ်ိဳးပဲ……..
….ဗ်ာ…..သူ…သူတို႔ဘာျဖစ္ေနၾကလို႔လဲ…
…..ျဖစ္တာမျဖစ္တာေတာ့ ငါတို႔လဲအတိက်မေျပာႏိုင္ဘူး…ဒါေပမဲ့ ခုတေလာ နင္းမရွိခိုက္ နင့္မယားဆီကို ပန္းေတာ အလာစိတ္ေနတယ္…..
…နင္ကေတာ့ မိုးလင္းတာနဲ႔ လယ္ထဲထြက္ေနရေတာ့ ေနာက္မွာဘာျဖစ္ေနတယ္ဆိုတာသိမွာမဟုတ္ဘူး….
နင့္မိန္းမနဲ႔ပန္းေတာအေၾကာင္းက တ႐ြာလုံးပြေနၿပီ….နင္သာမသိတာ….
…..ဟာဗ်ာ……မ…မဟုတ္ႏိုင္ပါဘူး…
…က်ဳပ္မိန္းမက က်ဳပ္ကိုသိပ္ခ်စ္တာ….
…အရီးေလးတို႔ထင္သလို က်ဳပ္အေပၚသစၥာမပ်က္ၿပီး ေဖာက္ျပန္တဲ့အလုပ္ေတာ့ သူမလုပ္ႏိုင္ပါဘူး…….ၿပီးေတာ့…ပန္းေတာဆိုတာ က်ဳပ္နဲ႔လည္ပင္းဖက္ၿပီးႀကီးလာတဲ့သူငယ္ခ်င္းပါဗ်ာ…
…သူလည္း…အဲ့လိုေတာ့မလုပ္ေလာက္ပါဘူး…ငုဝါနဲ႔လဲ ေဆြးမ်ိဳးသားခ်င္းမကင္းဘူးေလဗ်ာ…….
….ဟင္းး
…ခက္တယ္ ထြန္းေနာင္…
…နင္က မိန္းမနဲ႔ပတ္သပ္လာရင္ ငုဝါေလာက္ပဲသိတာ…..လူ႔စိတ္ဆိုတာေျပာရမလားဟဲ့…..အေနနီးလာရင္ ျဖစ္တတ္ၾကတာပဲေလ……သေဘာပဲေအ…..ငါက မျဖစ္သင့္တာမျဖစ္ေအာင္ ႀကိဳၿပီးသတိေပးတာ…..ေနာင္ၾကမွ ပုဆိုးနဲ႔မ်က္ရည္သုတ္ေနရမွာစိုးလို႔ေဟ့…
….ကဲ…
…ငါလဲ ႐ြာေျမာက္ပိုင္းသြားဦးမယ္…
….ဟင္းးး
…..အရီးေလးစိန္ ထြက္သြားေတာ့ ထြန္းေနာင္တေယာက္ ေတြေတြႀကီးရပ္က်န္ခဲ့ေလသည္။
…..ညဘက္ေရာက္ေတာ့ ထြန္းေနာင္ေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္…
အရီးေလးစိန္ ေန႔ခင္းကေျပာေသာစကားမ်ားသာ နားထဲမွာျပန္ၾကားေယာင္ေနမိသည္။
…ငုဝါကိုငဲ့ၾကည့္လိုက္ေတာ့ အျပစ္ကင္းစင္စြာအိပ္ေနေလသည္။
…လွလိုက္တဲ့မိန္းမရယ္….
…မ်က္ႏွာလုံးလုံး…
မ်က္လုံးမ်က္ခုံးေကာင္းၿပီး ေျပျပစ္ေသာႏွာတံ ဖူးငုံေနေသာႏႈတ္ခမ္း ငါးျဖာအဂၤါနဲ႔ျပည့္စုံတဲ့အဆင္း…စသည္ျဖင့္ ရႈမၿငီးတဲ့ ဇနီးေခ်ာေလးငုဝါ……..
….အို….
…သူတို႔ေျပာတာေတြ မဟုတ္ပါေစနဲ႔…..
….ဟင္းးး
_____________________
….ခုတေလာ ငုဝါကိုၾကည့္ရတာ အရင္ထက္ အလွေတြျပင္လာသလိုပဲ….ဘယ္အခ်ိန္ၾကည့္ၾကည့္ သနပ္ခါးကိုမႈံေနေအာင္လိမ္းထားသည္….အရင္လဲ သနပ္ခါးအၿမဲလိမ္းထားတတ္ပါတယ္…ဒါေပမဲ့ ထြန္းေနာင္ရဲ႕အေတြးထဲမွာ အရင္ထက္ပိုၿပီး လွခ်င္ပခ်င္ေနသည္ဟုသာျမင္ေနမိသည္။
…….ၾကားထားတဲ့သီတင္းေတြကနားနဲ႔မဆံ့ေတာ့…..မိမိျပန္ေခ်ာင္းေသာ္လဲ
႐ိုး႐ိုးတန္းတန္းစကားေျပာေနၾကသည္သာေတြ႕သည္။
…..ဒါကလဲ မႀကဳံႀကိဳက္လို႔ ျဖစ္ေကာင္းျဖစ္ႏိုင္ေပသည္…..
…ခက္ေနတာက ထြန္းေနာင္
ျပန္ေခ်ာင္းတဲ့အခါတိုင္း ပန္းေတာက အိမ္မွာအၿမဲရွိေနေလသည္။
….ထြန္းေနာင္လဲ ဇနီးေခ်ာေလးအတြက္ေသာကမ်ားၿပီး အလုပ္ပင္ေျဖာင့္ေအာင္မလုပ္ႏိုင္ေတာ့…
…ဒီၾကားထဲ လယ္ထဲမွာခိုင္းေနတဲ့ ၿခံေပါက္ခိုင္းႏြားသိုးႀကီးငနီက ခုရက္ထဲစိတ္ထေနသည္…
…ေတြ႕သမွ်ႏြားသိုးတိုင္းကို လိုက္ေဝွ႔ေနသျဖင့္မနဲထိန္းေနရသည္။
……အဲ့ရက္က သၾကၤန္အႀကိဳေန႔….
…လယ္ထိပ္ကပိေတာက္ပင္ႀကီးကလဲ
ပိေတာက္ပန္းေတြ ထိန္ထိန္အႀကဲေအာင္ပြင့္ေနေလသည္….
…..မနက္ေစာေစာလယ္ထဲမွာအမႈိက္ခ်ရင္း ငုဝါပန္ဘို႔ပိေတာင္းပန္းေတြခူးၿပီး လွည္းေပၚတင္လာခဲ့သည္။
ၿခံဝကိုေရာက္ေတာ့…ပန္းေတာတေယာက္ ေရးႀကီးသုတ္ပ်ာနဲ႔ အိမ္ထဲမွထြက္လာၿပီး သူ႔အိမ္ဆီျပန္သြားတာေတြ႕လိုက္သည္။
….ထြန္းေနာင္ရဲ႕စိတ္ထဲေတာ့ နဲနဲထိတ္သြားသည္….
…လွည္းရပ္ၿပီးႏြားေတြျဖဳတ္ေနခ်ိန္မွာ…
…ဟယ္…
…ပိေတာက္ပန္းေတြအမ်ားႀကီးပဲ…
…ငုဝါအတြက္ ေမာင္ခူးလာတယ္ေနာ္..
…ေပ်ာ္လိုက္တာေမာင္ရယ္…ဟိ..ဟိ
…..ဒါေပါ့မိန္းမရယ္….မိန္းမပန္ဘို႔ ေမာင္ခူးလာတာဗ်ား…တဝႀကီးသာပန္ေတာ့…
…ဟုတ္ကဲ့ …
…ေမာင္လဲကုသိုလ္ရေအာင္
ဘုရားကိုလဲပူေဇာ္မယ္…..က်န္တာကို ငုဝါပန္မယ္…..
….
…..ေအး…ေအး….ေကာင္းတယ္ငုဝါ….
….ထြန္းေနာင္ဟာ ေျခေထာက္ေဆးၿပီး အိမ္ေပၚတက္လိုက္သည္……
…ၿပီးေတာ့ အက်ႌအဝတ္အစားမ်ားလဲဖို႔ အိမ္ခန္းထဲဝင္လိုက္ရင္ပဲ….
…ေညႇာင္…ေဝါင္. ..
…ဟဲ့…ေသာက္ပလုတ္တုတ္…..
…သယ္….မိညိဳ….လန္႔သြားတာပဲ…
….ထြန္းေနာင္ဟာ အေပၚအက်ႌကိုခြၽတ္ၿပီး ကုတင္ေပၚပစ္တင္လိုက္ရင္ပဲ….မေမ်ာ္လင့္ထားေသာအရာတခုကို ျမင္ေတြ႕လိုက္ရပါၿပီ……
…..ဟင္…..ဒါ….ဒါ….
…ပန္း…ပန္းေတာရဲ႕လက္ကိုင္ပါးဝ…
…ဘယ္လိုျဖစ္ၿပီး အိမ္ခန္းထဲက ခုတင္ေျခရင္းကိုေရာက္ေနတာလဲ…….
ထြန္းေနာင္ ၾကက္ေသေသသြားၿပီးေနာက္
….ဟင္းး
…ဟုတ္ပါၿပီ……
….ေတာက္…..ေခြးမ…..
…ဒင္းက ငါမရွိတုန္း လင္ငယ္နဲ႔ ေခြးဇာတ္ခင္းေနတာကိုး…..
…ေတာက္….ငါကြာ…..
ငါ့ကြယ္ရာမွာ ေဖာက္ျပန္ေနၾကၿပီေပါ့ေလ
….အဲ့ေန႔တေန႔လုံး ငုဝါကိုထြန္းေနာင္စကားမေျပာေတာ့….ထြန္းေနာင္ကလည္း စေနသား ..ေနတက္ေရတက္အခ်ိန္မွာေမြးလာခဲ့သူ….သူ႔စိတ္ထဲမွာ မေက်နပ္တာရွိရင္ ဝုန္းဒိုင္းႀကဲၿပီး
ေျဖရွင္းတာမ်ိဳးမလုပ္…..
…..ေျဖရွင္းစရာလဲ လိုမွမလိုေတာ့တာ….
…ဆုံးျဖတ္ဖို႔သာလိုေတာ့သည္….အရင္ကခ်စ္ခဲ့သမွ်ေတြဟာ ခုေတာ့အမုန္းေတြအျဖစ္ေျပာင္းသြားခဲ့ေလၿပီ…..
….ငုဝါကိုၾကည့္ၿပီး ထြန္းေနာင္႐ြံလာသလို အရမ္းလဲနာက်ည္းမိသည္…ယုတ္စြအဆုံး ၾကမ္းတေျပးပင္မထိုင္ခ်င္ေတာ့….
ဒါ့ေၾကာင့္..မိမိဘာလုပ္သင့္သည္ဆိုတာကိုေအးေအးေဆးေဆးစဥ္စားဆုံးျဖတ္ႏိုင္ဖို႔ အဲ့ညက လယ္ထဲကတဲမွာထြန္းေနာင္သြားအိပ္ခဲ့သည္။
….ထြန္းေနာင္ဘာကိုစိတ္ဆိုးေနတယ္ဆိုတာကိုေတာ့ ငုဝါလဲမေတြးတတ္ေပ
ဘယ္တုန္းကမွ ႏွစ္ကိုျခားၿပီးမအိပ္ဖူးခဲ့တဲ့လင္မယား
…ထြန္းေနာင္ရဲ႕ ခုလိုအေျခေနမ်ိဳးကို ငုဝါ တခါမွမျမင္ဖူးေပ…ဒါ့ေၾကာင့္…
အရမ္းလည္းေၾကာက္မိသည္….
ဘာျဖစ္လို႔လဲ လို႔ေမးဖို႔ကလည္းမေမးရဲ…
ခက္ဆိပ္ဆိပ္သာေနရင္း တစ္ညတာရဲ႕အထီးက်န္မႈကို
ဖက္ေခါင္းအုံးေလးနဲ႔အေဖာ္ျပဳခဲ့ရပါသည္။
…..ထြန္းေနာင္ဟာ လယ္တဲကိုေရာက္ေတာ့ ငနီရဲ႕ဦးခ်ိဳကို ခြၽန္သထက္ခြၽန္ေအာင္
ံတံစဥ္းနဲ႔တိုက္လိုက္သည္…
ထိုကဲ့သို႔ တံစဥ္းတိုက္ေနရင္း နီရဲေနေသာမ်က္ဝန္းအိမ္အတြင္းမွ ေဒါသေၾကာင့္က်ခဲ့ရတဲ့မ်က္ရည္ႏွင့္အတူ….မိမိအေပၚ သစၥာမဲ့သြားၿပီျဖစ္ေသာဇနီးအတြက္ ခံျပင္းေသာေဒါသ အမုန္းတရားဟာ ထြန္းေနာင္ရဲ႕ရင္ဘက္တခုလုံးကို အရည္ေပ်ာ္လုမတတ္ေလာင္ၿမိဳက္ေနလွ်က္ရွိေနပါၿပီ……..
_____________________
….အဲ့ေန႔က သၾကၤန္အက်ေန႔…..
…ေကာင္းကင္တခြင္လုံး အုံ႔ဆိုင္းေနေသာ မိုးလုံးမိုးခဲႀကီးေၾကာင့္ နယ္ရွစ္တခြင္
ညိဳ႕မႈိင္းေနလွ်က္ရွိေနပါသည္….
မေန႔ကတႀကိမ္ ႐ြာထားေသာ မိုးေရေၾကာင့္ ေႏြေခ်ာင္းရဲ႕ ေရဟာလဲေနာက္က်ိလို႔ေနပါသည္။
….မနက္ေစာေစာ ထြန္းေနာင္ အိမ္ျပန္ေရာက္လာသည္။
….ေမာင္….
…ငုဝါ စားပြဲေပၚမွာ ထမင္းပြဲျပင္ထားတယ္ေနာ္….
…..ေအး…..
….ဟု တခြန္းထဲေျပာၿပီး…အိမ္ခန္းထဲဝင္သြားသည္….ငုဝါကလဲ ဟင္းအိုးတည္လက္စမို႔ ထြန္းေနာင္ဆီမလာႏိုင္ပဲ မီးဖိုထဲတြင္အလုပ္ရႈတ္ေနသည္။
…… ထြန္းေနာင္ဟာ အိမ္းခမ္းထဲရွိ ငုဝါရဲ႕အက်ႌအခ်ိဳ႕ကိုယူၿပီး အိမ္ေရွ႕တံစပ္ၿမိတ္ေအာက္က
ေျခေဆးအိုးထဲမွာထိုးနစ္ထားလိုက္သည္….က်န္ခဲ့သည့္အထည္မ်ားက အနီေရာင္ေရာႁပြန္းေနေသာ အက်ႌနဲ႔လုံျခည္မ်ားျဖစ္သည္။
…..သြားၿပီေဟ့….
…ရွင္…
…ေမာင္….ထမင္းခ်မ္းစားမသြားဘူးလား…
….ေအး…မဆာလို႔….
…
….ဟင္….ဒါ…ဒါဆို …ထမင္းဟင္းက်က္တာနဲ႔….ငုဝါထမင္းလာပို႔မယ္ေနာ္
….ေအး….ေကာင္းသားပဲ….
….သြားၿပီ…
….အို….ဘယ္….ဘယ္လိုစကားေတြေျပာေနပါလိမ့္……
…ငုဝါ ရင္ထဲ ဆို႔သြားၿပီး မ်ည္ရည္ေတြဝဲသြားသည္…
…ခုခ်ိန္ထိ မိမိအေပၚ ေလသံမာမာေတာင္မေျပာရက္ခဲ့တဲ့ လင္သား….ခု…ဘယ္လိုမ်ားျဖစ္လို႔ပါလိမ့္….
…ဟင္းအိုးတည္ေနရင္း ရင္ေတြေမာေနသည္…..
….ဒီကိစၥ ေအးေနလို႔မျဖစ္…လယ္ထဲေရာက္မွ လင္လုပ္သူကိုေသေသခ်ာခ်ာေမးေတာ့မည္ဟု ဆုံးျဖတ္ထားလိုက္သည္။
….ထမင္း ဟင္းက်က္ေတာ့
ထမင္းေတာင္းထဲကို ထမင္းအိုးနဲ႔
ဟင္းအိုးကို ဖတ္တစ္ခုခံၿပီးဆင့္ထဲ့လိုက္သည္..
“ေမာင္ေရ
ေမာင္နဲ႔စၿပီးညားထဲက သုံးစြဲလာတဲ့စလွယ္ဝင္အိုးေလးေတြေလ…..
ငုဝါရဲ႕ အျမတ္ႏိုးဆုံး အိမ္ေထာင္ဦးပစၥည္းေလးေတြေပါ့…..
….ထမင္းေတာင္းျပင္ၿပီးသြားေတာ့ ဒီအတိုင္းသြားပို႔လိုကမျဖစ္ေသးဘူး…
ဒီေန႔တန္ခူးလၦန္း(၁၄)ရက္ေန႔ဟာ ေမာင္နဲ႔ငုဝါရဲ႕ ခ်စ္သက္တမ္း
(၆)ႏွစ္ျပည့္မို႔လား ရည္းစားသက္တမ္း၃ႏွစ္…အိမ္ေထာင္သက္တမ္း၃ႏွစ္ေလ…ေရမိုးခ်ိဳးၿပီး ေမာင္ႀကိဳက္တဲ့ ရွင္မေတာင္သနပ္ခါးေလးကို ပါးကြက္ေလး ကြက္ၿပီးလိမ္းရဦးမယ္….ဟိဟိ…
…စိတ္တိုေနတဲ့ ကိုလူေခ်ာႀကီးရဲ႕ရင္ခြင္ထဲကိုေျပးဝင္ၿပီး သနပ္ခါးနံ႔ေလးေပးလိုက္ရင္ ဒီလူႀကီးဘာခံႏိုင္မွာလဲ…
….ၿပီးေတာ့….
ေမာင္ဝမ္းသာရမဲ့စကားတခြန္းကလဲေျပာဖို႔ ငုဝါမွာ အရံသင့္ရွိတယ္ ေမာင္ရဲ႕….ဘာပူစရာလိုေသးလဲ….
….ကို႔အေတြးႏွင့္ကိုယ္ၿပဳံးရင္း…
အိမ္ခန္းထဲသို႔ငုဝါဝင္လိုက္သည္…
….ေဟာေတာ့……
…အဝတ္အစား သတၱာကဖြင့္ရက္သား…
…ၾကည့္လိုက္ေတာ့ ငုဝါရဲ႕အဝတ္အစားေတြ တခ်ိဳ႕တဝက္ေပ်ာက္ေနသည္….အနီနဲ႔ပန္းေရာင္ဝမ္းဆက္ ၂စုံသာက်န္ခဲ့သည္….လိုက္ရွာလိုက္ေတာ့ အိမ္ေရွ႕ဖိနပ္ခြၽတ္ေျခေဆးေရအိုးထဲမွာ စိမ္ထားရက္သားေတြ႕ရသည္။
….ဟင္းးဟင္းး
…မိမိအေပၚ စိတ္ေကာက္ေနတာေတာ့ေသခ်ာသြားၿပီ….
….ဒါ့ေၾကာင့္ ခက္သုတ္သုတ္ပဲ ေရခ်ိဳးၿပီး သနပ္ခါးလိမ္းလိုက္သည္….ေရမစိမ္ပဲထားခဲ့တဲ့ အဝတ္၂စုံထဲက အနီေရာင္ကို ငုဝါေ႐ြးလိုက္သည္….ဝတ္လာေစခ်င္လို႔ပဲျဖစ္မွာပါ……ေမာင္က ပန္းေရာင္ကိုမႀကိဳက္ဘူးေလ…..ရဲရင့္ျပတ္သားတဲ့အနီေရာင္ကိုပဲႀကိဳက္တာ…
စေနသား ပီသလိုက္ပုံမ်ား……ဟင္းးဟင္းး
….အားလုံးျပင္ဆင္ၿပီးသြားေတာ့ ထမင္းေတာင္းေလးကိုေခါင္းေပၚ႐ြက္ၿပီ လယ္ထဲသို႔ ငုဝါထြက္လာခဲ့သည္။ ရင္ေတြေတာ့အခုန္သား….ခ်စ္ႀကိဳက္ခါစ ရည္းစားနဲ႔သြားေတြ႕ရတဲ့ရင္ခုန္မႈမ်ိဳးႏွင့္တူေနသည္။
ဖိနပ္ခြၽတ္ကေနေအာက္သို႔ ဆင္းလိုက္ရင္းပဲ….
ဂစ္……ဂစ္….
အာ….အာ….
အိမ္ေရွ႕ၿခံစည္း႐ိုးတိုင္ေပၚကေန မိမိကိုစိုက္ႀကီးၿပီး အာ ေနေသာ ေတာက်ီးကန္းႀကီးတစ္ေကာင္…
ငုဝါ ၾကက္သီးေမႊးညႇင္းထၿပီး ေခါင္းေတြႀကီးသြားသည္။
ဒီလိုအျဖစ္မ်ိဳး တစ္ခါမွ မႀကဳံဖူးေပ…
ငုဝါစိတ္ေတြ အရမ္းေလးလံလာသည္ အိမ္ေရွ႕လမ္းအတိုင္း ထြက္လာခ်ိန္မွာလည္း ႐ြာေခြးေတြက ငူဝါကို ခက္လွမ္းလွမ္းကေန စူးစူးဝါးဝါး ထိုးေဟာင္ၾကျပန္သည္။ ငုဝါ အရမ္းေၾကာက္လာသည္…..
…ထို႔ေၾကာင့္ ထြန္းေနာင္ဆီ အျမန္ဆုံးေရာက္ရန္သာ စိတ္ေလာၿပီး ခက္သြပ္သြပ္ လွမ္းေခ်ေတာ့သည္။
……………………………….
…လယ္အစပ္ ကန္စင္း႐ိုးေပၚမွာ မိမိထံ ထမင္းေတာင္း႐ြက္ၿပီး ခက္သြပ္သြပ္လွမ္းလာေသာ ငုဝါကိုျမင္လိုက္ရသည္ႏွင့္…
ဝုန္း..ခနဲ႔ တဲေပၚမွ ထြန္းေနာင္ ခုန္ဆင္းလိုပ္သည္။
ထို႔ေနာက္ ႀကိဳးတဲထားေသာငနီကို ႀကိဳးျဖဳတ္၍ နားဖားႀကိဳးကို ခက္တင္းတင္းဆြဲလိုက္သည္။
…ကိုင္း…..ငနီေရ..
….ငါ့အေပၚ…သစၥာမရွိတဲ့ အမိုက္မကို လက္စတုံးဘို႔ေတာ့အခ်ိန္က်ၿပီေဟ့….
….အေဖ့သားႀကီး ဟာ အေဖ့ကိုယ္စား ဒီအမိုက္မကို ကိစၥတုံးလိုက္ေတာ့……
….ဒီသစၥာပ်က္မ မရွိေတာ့မွ
အေဖလည္းစိတ္ခ်န္းသာရမွာကြ…..
ဒီမိန္းမမ်က္ႏွာကိုၾကည့္ရတာ အေဖ့ရင္ထဲမွာေနလိုမီးလိုပူတယ္ကြာ……တာဝန္ေက်ပါေစေနာ္ငနီ….ဟင္းးဟင္းးး
……ထိုအခ်ိန္မွာပဲ မိမိရဲ႕ကံၾကမၼာကို မသိေလေသာ ငုဝါဟာ အနီေရာင္ဝမ္းဆက္ အဝတ္အစားနဲ႔အတူ ထမင္းေတာင္းကိုေခါင္းေပၚ႐ြက္ၿပီး ထြန္းေနာင္ရွိရာလယ္တဲ သို႔ လွမ္းလာေနပါၿပီ။
..“ ကိုင္း…..ငနီေရ.´´
…အခ်ိန္က်ၿပီေဟ……
…ဒီမိန္းမကို အေသေဝွ႔သက္ၿပီး ေႏြေခ်ာင္းထဲကို တိုက္ခ်လိုက္ေတာ့……
…ကဲကြာ….ေျဖာင္းးေျဖာင္းး
….အစထဲက မုန္ထန္ၿပီးစိတ္ထေနေသာငနီ…..အနီေရာင္ျမင္ရင္ မ်က္စိေနာက္ၿပီး အတင္းလိုက္ေဝ့ေသာခိုင္းႏြားသိုးႀကီးငနီ နားဖားႀကိဳးတအားဆြဲခံထားရလို႔ ေဒါသျဖစ္ေနရာက ႀကိမ္ဆလႊတ္လိုက္ေသာအခါ…
ဝူး…..ဘြင္း…….
ထမင္းေတာင္း႐ြက္လာေသာ ငုဝါဆီသို႔ တရွိန္ထိုးေျပးသြားေလသည္။
….ညံ……ဘဲ……ဝူး…
…ေျဖာ….ဖေရာ….ေျဗာ…..
….ဟင္….အမေလး………..ငနီ…ငနီ
….ေမာင္…..ကယ္ပါဦး..
……ဝမ္း..ဘဲ..လ္….
…ဒိန္း…..ဇြပ္…..အားးး
…ေမာင္…….ငုဝါကိုကယ္ပါဦး….အ….
….ေျဖာ….ေျဗာ..
..အေမ့….ေသပါၿပီ….အ
ေသ….ေသစမ္း…အပ်က္မ..
ေဟ့…ငနီ….အေသသတ္စမ္း…
…..
ေျပးရင္းလႊားရင္း ထြန္းေနာင္ပါးစပ္မွေအာေျပာေနေသာအသံကို ၾကားရေတာ့ ငုဝါ အံၾသသြားသည့္ မ်က္ဝန္းအစံႏွင့္ ထြန္းေနာင္ကိုၾကည့္ရွသည္။
သတ္….အဲ့ သစၥာပ်က္မကို
အေသသတ္ေလ ငနီ…..
….ဘဲလ္….
…ဒုံးး
….အ…..အားး
…..ဝုန္းးးဗြမ္းးး
….ငုဝါရဲ႕ခႏၲာတခုလုံးဟာ ငနီရဲ႕ဦးခ်ိဳဖ်ားမွာ အ႐ုပ္ေလးတခုလိုပါသြားၿပီး….ဗိုက္တခုလုံးပြင့္ထြက္သြားေလသည္…..ျပန္ျပဳတ္က်လာေတာ့ ပြင့္သြားေသာဗိုက္ထဲမွ
အူမ်ာအဟာအပုံလိုက္ ထြက္က်ကုန္သည္….သို႔ေသာ္ ေၾကာက္အားလန္႔အားႏွင့္မို႔ အတင္းကုန္းထၿပီးေျပးေလသည္…..
သို႔ေသာ္…
ေမာင္….
ကယ္ပါ…ေမာင္ရယ္….
….ေဒါသတႀကီး ထပ္ၿပီးေျပးဝင္လာေသာ ငနီရဲ႕ဦးခ်ိဳမဲမဲႀကီးရဲ႕ လက္ကမလြတ္ႏိုင္ေတာ့ပဲ…..ငုဝါရဲ႕ကိုယ္လုံးဟာ ငနီရဲ႕ဦးခ်ိဳဖ်ားမွာ တံစြပ္ထိုးရက္သားနဲ႔ ေလေပၚေျမာက္တက္သြားၿပီး..
…..ေႏြေခ်ာင္းထဲသို႔ ငုဝါျပဳတ္က်သြားေလသည္….
….ထို႔ေနာက္ ငုဝါရဲ႕အသိစိတ္အားလုံး အေမွာင္အတိက်သြားေလေတာ့သည္။
……ဟားးးဟားးး
…..မွတ္ပလားကြ……..ငါ့အေပၚသစၥာပ်က္တဲ့ အမိုက္မ……နင့္အတြက္ အဲ့ဒါအေကာင္းဆုံးဇာတ္သိမ္းပဲ……
….ငနီ….ငါ့သားႀကီး
….တာဝန္ေက်တယ္ကြာ…..
…ကဲ….အမိုက္မလဲဇာတ္သိမ္းသြားၿပီဆိုေတာ့ ငါတို႔အိမ္ျပန္ၾကစို႔…ဒီအမိုက္မရဲ႕အေလာင္းကိုေတာ့ ေရစာေကြၽးတယ္
သေဘာထားလိုက္ေတာ့မယ္။
……
………ထြန္းေနာင္အိမ္ကိုျပန္ေရာက္လာေတာ့ ရင္ထဲမွာဟာတာတာႀကီးေတာ့ျဖစ္ေနသည္……
…အို….သူ႔အျပစ္သူခံရတာပဲ……ခံေပါ့…..
…..
……ႏြားမ်ားကိုတံပိုးမွျဖဳတ္လိုက္ၿပီး ခါးၾကားထဲမွ ပန္းေတာရဲ႕ပါးဝါကိုထုတ္ၾကည့္လိုက္သည္။
ထိုအခ်ိန္…
…..ေဟ့…
….ထြန္းေနာင္…..
….ဟာ….ပန္းေတာ……..
…ထြန္းေနာင္ အံတခ်က္ႀကိတ္လိုက္သည္…..
….
….အလို….မင္းလက္ထဲက ငါ့ပါးဝါေလးပဲ…
…မင္းေၾကာင္မလဲ အေတာ္ဆိုးကြာ….
…မေန႔က မင္းအိမ္လာလည္ရင္း ခါးၾကားက ငါ့ပါးဝါကို ဘယ္အခ်ိန္ဆြဲသြားတယ္မသိဘူး….ေမြးခါနီးဖြားခါနီး အသိုက္လုပ္ေနပုံရတယ္….
…..ဘာၾက…..
…ဟာ….လန္႔လိုက္တာကြာ…..
…ခေလးအေဖျဖစ္ေတာ့မဲ့ေကာင္ကလည္း..ေလသံေတြမာလိုက္တာ…
….ဟင္….မင္း…မင္း ဘာေျပာလိုက္တယ္…
…..အလို….ငုဝါမင္းကိုမေျပာဘူးလား…
…မေန႔ကမနက္ပဲ လက္သယ္ေဒၚစာဥ
မင္းအိမ္ကိုလာရင္း
ငုဝါရဲ႕ဗိုက္ကိုစမ္းၾကည့္သြားတယ္….ငုဝါရဲ႕ဗိုက္ထဲမွာ မင္းနဲ႔ရတဲ့ကိုယ္ဝန္၃လ ရွိေနၿပီတဲ့ကြာ….
…ေအး…အဲ့လိုေျပာေနခ်ိန္ပဲ ရန္ကုန္ကငါ့မိန္းမဆီက စာလာတယ္ဆိုလို႔ အိမ္ျပန္ေျပးတာ
….ဟိဟိ….
….မနက္ျဖန္ ငါ့မိန္းမ႐ြာကိုလိုက္လာမယ္တဲ့…..သူ႔မွာလဲ ငါနဲ႔ရတဲ့ကိုယ္ဝန္ေလးလြယ္ထားတယ္တဲ့ ေပ်ာ္လိုက္တာထြန္းေနာင္ရယ္….မင္းေရာငါေရာ ခေလးအေဖျဖစ္ေတာ့မယ္ကြ…..
…ေဟ့ေကာင္….ဘာ…ေၾကာင္ၾကည့္ေနတာလဲ….ေပး ငါ့လက္ကိုင္ပါးဝါ….
….ငါ့ႏွမ ငုဝါကိုအရင္ထက္ပိုၿပီးဂ႐ုစိုက္ေနာ္…..ငါမိန္းမလာရင္ ရန္ကုန္ကိုငါျပန္လိုက္သြားမွာ……အခ်ိန္ကလဲသိပ္မရဘူး…မိန္းမကို အဂၤပူတက္ၿပီးႀကိဳရဦးမယ္…..သြားၿပီေဟ့…တာ့တာ….
……ပန္းေတာထြက္သြားေတာ့ ထြန္းေနာင္ ေၾကာင္ေတာင္ႀကီးရပ္က်န္ခဲ့သည္….သတိဝင္လာေတာ့ အိမ္ေပၚတက္ၾကည့္လိုက္သည္……
…ဟာ….
….ကြၽိ…က်ိ…က်ိ….ေညႇာင္……
…..ဖ်က္…ရွပ္…..
….ထြန္းေနာင္ျမင္လိုက္ရသည္က
ပန္းေတာရဲ႕လက္ကိုင္ပါးဝါကိုေတြ႕ရေသာ အိမ္ခန္းေထာင့္မွာ သားေပါက္ေနေသာ ေၾကာင္မေလးမိညိဳ….သူ႔ေအာက္က သူလုပ္ထားတဲ့အသိုက္မွာ စကၠစုတ္ အဝတ္စုတ္ မ်ားစြာကိုေတြ႕လိုက္ရသည္။
…..သြားၿပီ…..ငါ…ငါမွားၿပီ….
…ငုဝါ……မိန္းမ…….
…ငါ့မိန္းမ…..ငါ့မိန္းမ…ေသၿပီ…..
….ဟားးးဟားးး
…ငါ့မိန္းမငုဝါေသၿပီ…..
…ငါ့ရင္ေသြးေလးပါေသသြားၿပီ….
…ဒင္းသက္တာ….
…ဟုတ္တယ္
…ငနီသက္တာ….
…ငါ့မိန္းမနဲ႔ငါ့ရင္ေသြးကို ငနီေဝ့သက္တာ
….ေတာက္…..ငါ့မိန္းမနဲ႔ငါ့ရင္ေသြးေသရသလို ဒင္းလဲေသရမယ္….
…ငါ…ေတာက္…..
…အုန္း…ဝုန္း….
…ထြန္းေနာင္ဟာ အိမ္ေရ႕ကိုခုန္ခ်ၿပီး
ထင္းပုံမွ ပုဆိမ္ကိုေျပးဆြဲလိုက္သည္…ၿပီးေတာ့ တင္းကုတ္ထဲသို႔ေျပးဝင္သြားၿပီး……
…..ဟားး
…ငါ့မိန္းမနဲ႔ ငါ့ရင္ေသြးကိုသတ္တာ
မင္းလားကြ…..ကဲကြာ
…ဒိန္း…..
…အုန္း….
…ဝမ္းဘဲ…..ဘဲ…..
….ဝုန္းးဂလုံ
..ကဲ..ၾကာ……..
ဇြပ္……ဇြပ္…..
အသံၾကားလို႔ ႐ြားသားမ်ား ထြန္းေနာင္၏အိမ္သို႔ေရာက္လာေသာအခါ……ဟာ……
အမေလး….
လုပ္ၾကပါဦး..
..ထြန္းေနာင္…..
လူစိတ္ေပ်ာက္ေနတယ္ေဟ့….
..ဘုရား….ဘုရား….
ေခါင္းတစ္ခုလုံး ညက္ညက္ေၾက၍ ေသြးသီးေနေသာ ငနီ….ထြန္းေနာင္လက္ထဲမွာ ပုဆိန္ျဖင့္ ႐ိုက္ခ်ိဳးထားေသာ ငနီ၏ ဦးခ်ိဳႀကီးတစ္ေခ်ာင္း…ထိုဦးခ်ိဳႀကီးကို လက္ႏွစ္ဖက္ျဖင့္ စုံကိုင္ၿပီး ငနီ၏လည္ပင္းကို အခ်က္ေပါင္းမ်ားစြာထိုးစိုက္ေနေသာ သည္းေျခပ်က္သြားေသာထြန္းေနာင္…
…ျမင္ရသူအားလုံး ေသြးပ်က္ေခ်ာက္ျခားသြားေလေတာ့သည္။
……………………………………………….
….အျဖစ္ကေတာ့အဲ့ဒါပဲဆရာေလးေရ..
…အဲ့ေနာက္ပိုင္း ထြန္းေနာင္လဲ ငုဝါနဲ႔သူ႔ရင္ေသြးေလးကို `သံသရ´ ဆိုတဲ့ေခါင္စဥ္ႀကီးတခုနဲ႔သက္ခဲ့မိလို႔..ရင္က်ိဳးမရျဖစ္ၿပီး စိတ္ေဖာက္ျပန္သြားတာခုခ်ိန္ထိပါပဲ…….ဘယ္သူနဲ႔မွ စကားမေျပာေတာ့ပဲ ငုဝါေသခဲ့တဲ့ ဒီေခ်ာင္းနဲ႔ဒီပိေတာက္ပင္ႀကီးနားမွာပဲ လာထိုင္ၿပီးစကားေျပာေနတာ ခုအသက္႐ြယ္ထိပါပဲကြယ္……
….ဟာ…..ဗ်ာ……ၾကားရတာ..ကြၽန္ေတာ့ရင္ဘက္ကိုဆြဲဆုပ္ထားသလိုပါပဲ…
…ျဖစ္မွျဖစ္ရေလ အဘထြန္းေနာင္ရယ္…
…ဟူးးး
….ဘာတက္ႏိုင္မလဲဆရာေလးရယ္….လူတဦးတေယာက္ဟာ ပ်က္စီးခ်ိန္တန္လာရင္….ပိန္း႐ြက္ေတာင္ ဓား လွံ လက္နက္ေတြျဖစ္ခဲ့တဲ့ သာဓကေတြရွိေနခဲ့ေသးတာပဲ။
….ကိုင္း….စကားလည္း ေကာင္းတယ္….
…အဘလဲ ႐ြာဦးေက်ာင္းသြားစရာရွိလို႔ခြင့္ျပေခ်ဦး….
….ဟုတ္..ဟုတ္ကဲ့အဘ….
….အဖိုးႀကီးဟာ ဇရပ္ေပၚမွေတာင္ေမႊးကိုယူၿပီး ဇရပ္အျပင္ဘက္ကိုထြက္မည္အလုပ္…..
…
…အဘ……
…ေဟ…ဆရာေလး….
…ဘာေျပာစရာရွိလို႔လဲ…..
….အဘနာမည္ေလး….တဆိပ္ေလာက္…
….အင္း…အဘနာမည္ ဘႀကီးပန္းပါ….
…ေၾသာ္….ဟို….အဘေျပာတဲ့ထဲက ကိုပန္းေတာကေရာ အခုဒီ႐ြာမွာ သက္ရွိထင္ရွားရွိေသးလားအဘ….
….အဖိုးႀကီးတခ်က္ၿပဳံးလိုက္သည္…
…ရွိတာေပါ့လူေလးရယ္….
…ေၾသာ္…
….လူေလးေရွ႕မွာရပ္ေနတဲ့ ဘႀကီးပန္းဟာ တခ်ိန္တုန္းက ထြန္းေနာင္ရဲ႕သူငယ္ခ်င္း ေမာင္ပန္းေတာ ဆိုတဲ့သူေပါ့ ဆရာေလးရယ္……
….ခင္….ခင္ဗ်ာ……
….
…..ဆရာေလးခင္ေမာင္ ပါးစပ္ကထြက္လာတဲ့ အာေမဋိတ္သံႏွင့္အတူ လႈပ္ရွားမႈအားလုံး တဒဂၤရပ္တန္႔သြားပါေတာ့သည္ခင္ဗ်ာ။
ၿပီးပါၿပီ
…(ဆက္လက္ႀကိဳးစားပါဦးမည္)
စာေရးသူ= ေမာင္ေဂၚလီ (ဟသၤာတ)အားေလးစားလ်က္