ဦးသူတော်(စ/ဆုံး)
———————
မူရင်းရေးသားသူ-ဆရာတာတေ
ကျုပ်တို့ရွာ ထနောင်းကုန်းမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိတာ ဗျ၊ နှစ်ကျောင်းစလုံးက ရွာအရှေ့ပိုင်းမှာချည်းရှိတာ။ ဒါကြောင့်လည်း ကျုပ်ဆရာတော်ရဲ့ကျောင်းက ပုဗ္ဗာရုံလို့ နာမည်တပ်တာပေါ့ဗျာ။ နောက် တစ်ကျောင်းကတော့ ရွာဦးကျောင်းဗျ။ ရွာထဲကိုဝင်ဝင်ခြင်းတွေ့တဲ့ကျောင်း လေဗျာ။ ရွှေတောင်ကုန်း ဘုရားလည်းရှိတယ်။ ကျုပ်တို့ ရွာဘုရားပွဲ နှစ်စဉ်ကျင်းပတဲ့ ဘုရားလေဗျာ၊ ဘုန်းကြီးကျောင်းနဲ့ ဆိုရင်တော့ နည်းနည်းလေး လှမ်းပါသေးတယ်။ တောင်ကုန်းလေးပေါ်မှာ တည်ထား တော့ ရွှေတောင်ကုန်းဘုရားက လွှတ်သပ္ပါယ်တာဗျ ။
တစ်ခါတလေ ဘုရားပေါ်တက်ရတာ သိပ်လွမ်းတာဗျ။ လှယဉ်နဲ့ ကျုပ်နဲ့ အတူတူထိုင်ခဲ့တဲ့ နေရာလေးတွေကိုတွေ့ရင် လှယဉ်ကို လွမ်းမိတာ ပေါ့ဗျာ။
တကယ်တော့ ရွာဦးကျောင်းက ဝိသုဒ္ဓါရုံ ဆိုတဲ့နာမည်ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ဝိသုဒ္ဓါရုံကျောင်းလို့ မခေါ်ပါဘူးဗျာ ၊ ရွာဦးကျောင်း လို့ပဲခေါ်ကြတာပါ။ ကျောင်းဝင်းကြီးကလည်း အကျယ်ကြီး၊ ဝင်းထဲမှာ သစ်ပင်ကြီးတွေကလည်း အများကြီးဗျ။ တကယ့်ကို အေးမြပြီးတိတ်ဆိတ် နေတဲ့နေရာပါဗျာ။
ရွာဦးကျောင်းဆရာတော်ရဲ့ဘွဲ့က ဦးသုစိတ္တတဲ့ဗျ။ စာသင်တိုက် သွားတဲ့ဦးပဉ္ဇင်းလေးတွေ ပြန်ကြွလာတဲ့ အချိန်ဆိုရင်တော့ ကျောင်းတိုက် ကြီးက စည်ကားသားဗျ။ ကျန်တဲ့အချိန်ကတော့ တိတ်ဆိတ်နေတာပါဗျာ။ ကျောင်းမှာ အမြဲတမ်းသီတင်းသုံးတဲ့ သံဃာကငါးပါးလောက်ပဲရှိတာပါ။
ထူးခြားတာကတော့ ရွာဦးကျောင်းမှာ ဖိုးသူတော်ကြီးတစ်ယောက် ရှိနေတာပဲဗျ။ ဘယ်ကဘယ်လိုရောက်လာတာလည်းတော့ ကျုပ်မသိဘူးဗျ။ ဆရာတော်နဲ့ ဘယ်လိုပတ်သက်မှန်းလည်း ကျုပ်မသိပါဘူး။ အသက်က ခြောက်ဆယ်လောက်ရှိပြီ။ ဝိသုဒ္ဓါရုံကျောင်းဝင်းကြီးရဲ့ စနေထောင့်မှာ နေတာဗျ။ အဲဒီမှာ သစ်သားကျောင်းလေးတစ်ကျောင်းရှိတယ်။ ရွာဦး ကျောင်းက ပျံလွန်တော်မူသွားတဲ့ ပထမဆရာတော်ကြီးရှိတုန်းက တစ်ပါး တည်းလာပြီး သီတင်းသုံးတဲ့ကျောင်းဗျ။ အခုတော့ အဲဒီ့ကျောင်းမှာ ဦးသူ တော် နေတာပေါ့ဗျာ။
ဦးသူတော်က အင်းပညာ၊ အဂ္ဂိရပ်ပညာကို တော်တော်လေးလိုက် စားတာဗျ။ ကျုပ်နဲ့လည်း တော်တော်ခင်ပါတယ်။ ရွှေတောင်ကုန်း ဘုရားပွဲကာလဆိုရင် ကျုပ်တို့က ရွာဦးကျောင်းမှာပဲ စတည်းချပြီး ဘုရား ပွဲကိစ္စတွေလုပ်ကြရတာလေဗျာ။
အဲဒီရက်တွေမှာ ကျုပ်က အားရင်အားသလို ဦးသူတော်ကို ဖိုဆွဲ ပေးနေကျဗျ။ ဦးသူတော်ရဲ့ ဖားဖိုကြီးက သုံးထပ်ဖို့ဗျို့။ ဖားကြီးထဲလေဖောင်းသွားပြီဆိုလို့ကတော့ သာသာလေးဆွဲရုံပဲဗျ။
ဦးသူတော်ကလည်း ကျုပ်ကို ပုဗ္ဗာရုံဆရာတော်တပည့်မှန်း သိ တယ်။ ပြီးတော့ ဆရာကြီးတွေနောက်ကို လျှောက်လိုက်နေတဲ့ ရာပါစပ်ချီး ကောင်မှန်းလည်း သိတာပေါ့ဗျာ။ ဦးသူတော်က ကျုပ်ကိုခင်ပါ တယ်။ ကျုပ်ကို ဆရာတော်စွန့်တဲ့မုန့်တွေ၊ ရွာထဲကလှူတဲ့မုန့်တွေရှိရင် ချကျွေးတာ
ဗျ။
ဆရာကြီးတွေနဲ့လိုက်ရင်း ကျုပ်တွေ့ရကြုံရတာတွေကို ပြောပြရင် ဦးသုတော်က လွှတ်သဘောကျတာဗျ။ တစ်ရက်တော့ာဦးကျောင်းက ကျောင်းသားလေးတစ်ယောက် ကျုပ်ဆီကိုရောက်လာတယ်။
”ကိုကြီးတာတေ ဦးသူတော်က လွှတ်လိုက်လို့ဗျ။ ကိုကြီးတာတေ အားရင် ခဏလာခဲ့ပါတဲ့”
“ဪ.အေး..အေး ကိုကြီးတာဘေ ဒီထင်းလေးတွေ ထင်းရုံထဲ သွင်းပြီးရင်လာခဲ့မယ်လို့ပြောလိုက် သိလား”
“ဟုတ်ကဲ့”
ရွာဦးကျောင်းက ကျောင်းသားလေး ပြန်သွားတော့ နေလှန်းထား တဲ့ထင်းချောင်းတွေကို ပွေ့ပြီးထင်းရုံထဲကိုပို့ပေးရတယ်ဗျ။ အဘက ထင်း တွေကိုစီပေးတယ်။ ကျုပ်က သယ်ပေးရတာပေါ့ဗျာ။ ထင်းတွေအားလုံး သယ်ပြီးတော့မှ ကျုပ်က ရွာဦးကျောင်းဘက်ကိုထွက်လာခဲ့တာ။ ကျောင်း ပင်းထဲရောက်တော့ ဆရာတော်သီတင်းသုံးတဲ့ တိုက်ကျောင်းကြီးဘက်ကို မသွားဘဲ စနေထောင့်က ဦးသူတော်နေတဲ့ကျောင်းကို လာခဲ့တယ်။
““ဟာ .. မောင်တာတေလာကွ ဦးသူတော်က မင်းအလာကို မျှော်နေတာကွ။
ကျုပ်က ကျောင်းထဲဝင်ပြီး တန်းလျားလေးမှာ ထိုင်လိုက်တယ်။
“ဦးသူတော် ဒီနေ့မထိုးဘူးလား”
“ငါ့ ဓာတ်လုံးက လမ်းဆုံးသွားပြီကွ၊ လမ်းဆုံးတယ်ဆိုတာ ကိစ္စပြီးတာကိုပြောတာမဟုတ်ဘူး။ ဘာဆက်လုပ်ရမှန်း မသိတော့တာကို
ပြောတာ”
“လမ်းဆုံးတော့ ဓာတ်လုံးက ထူးခြားပြီလား” “ဘာမှမထူးလို့ စိတ်ညစ်နေတာပေါ့ကွာ” “ဟင် ဒါဆိုရင် ဦးသူတော် ဘာဆက်လုပ်မှာဘုန်း” “အေး … အဲဒါကြောင့်မင်းကိုခေါ်ခိုင်းလိုက်ဘာပေါ့ မောင်ဟာတေ
“ဗျာ ကျုပ်မှ ဓာတ်လုံးအကြောင်းနားမလည်တာ” “ဟာ–မဟုတ်ဘူးကွ ဒီဓာတ်လုံးကို ဘာဆက်လုပ်ရမယ် ဆိုတာ သိဖို့ စာအုပ်တစ်အုပ်လိုတယ်ကွ”
“ဒါဆိုပြောလေ ဦးသူတော် လူကြုံရှာပြီး မန္တလေးကို ကျုပ်မှာ
ပေးမယ်”
“ဟာ..မဟုတ်ဘူး၊ မဟုတ်ဘူး ဦးသူတော်ပြောတာ အဲဒီလိုဝယ် ပြီး ဖတ်ရတဲ့စာအုပ်မဟုတ်ဘူး”
“ဟင် . .ဒါဆိုဘယ်လိုစာအုပ်တုန်းဗျ”
“ဓာတ်ကိစ္စပြီးသွားတဲ့ ဝိဇ္ဇာတစ်ယောက်ရဲ့ မှတ်တမ်းစာအုပ်ကို သိုက်ထဲမှာ သိမ်းထားတယ်၊ သံလမ်းလျှောက်ခဲ့တဲ့ သံဝိဇ္ဇာတစ်ယောက်ရဲ့ မှတ်တမ်းပေါ့ကွာ”
ဦးသူတော်ဓာတ်လုံးက ပြဒါးလုံးမဟုတ်ဘူးလား””
“မဟုတ်ဘူးကွ သံလုံး၊ ဦးသူဘော်က ပြဒါးလမ်းမဟုတ်ဘူး သံလမ်း မောင်တာတေရဲ့၊ ပြဒါးတစ်လမ်းသံတစ်လမ်းပေါ့ကွာ”
“ပြောပါဦး ဦးသူတော်ရဲ့ အဲဒီ့ သံဝိဇ္ဇာရဲ့မှတ်တမ်းကို ဦးသူတော် က ဘယ်လိုလုပ်ချင်လို့တုန်း”
ဦးသူတော်က သိုက်လည်းမတူးတတ်ဘူး သိုက်လည်းမဖော် တတ်ဘူး ဒီတော့မေတ္တာရပ်ခံပြီး အဲဒီ မှတ်တမ်းစာအုပ်ကို ငှားရမှာပေါ့ ကွယ်”
“ဟာ..သိုက်နန်းရှင်က ပေးပါ့မလား ဦးသူတော်ရဲ့၊ သိုက်နန်း ရှင်တွေက သိုက်ထဲကပစ္စည်းဆိုရင် နည်းနည်းမှ အထိခံတာမဟုတ်ဘူး ဦးသုတော်”
“မောင်တာတေပြောတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ဦးသူတော် မှာလည်း ရနိုင်တဲ့အကြောင်းတရာလေးတွေ ရှိပါတယ်ကွယ်” “ဪ..ဒီလိုလား၊ နို့နေပါဦး ဦးသူတော်ရဲ့ ဘယ်သိုက်မှာ
သွားငှားမှာတုန်း”
“ဆရာမနိုင်သိုက်မှာကွ”
”ဗျာ…ဆရာမနိုင်သိုက် ဟုတ်လား ဦးသူတော်” “ဟုတ်တယ် မောင်တာ၊ မောင်ဟာက ဘာကိုလန့်သွား တာတုန်း ဆရာမနိုင်သိုက်ကို မောင်ဘာတေရောက်ဖူးလို့လား”
“ရောက်ဖူးဘာပေါ့ ဦးသူတော် ရောက်ဖူးတာမှ တစ်ခါမဟုတ် ဘူးနှစ်ခါတောင် ပထမတစ်ခေါက်ရောက်တုန်းကတော့ အသက်လုပြီး ပြေးခဲ့ရတယ်။ ကျုပ်နဲ့သွားတဲ့ဆရာ သိုက်ထဲမှာသေကျန်ခဲ့တယ်။ နောက် တစ်ခါကတော့ အောင်ပါတယ်။ ဦးသူတော်လိုပါပဲ မှော်ဝင်ဓါးခဏငှား တာပါ”
(မှတ်ချက်။ ။ တာတေပထမအကြိမ် ဆရာမနိုင်ထဲကိုဝင်သည့်
ဝတ္ထုကို ထွက်ရှိပြီးဖြစ်သည့် ကဝေပုရပိုက် တွင်ဖတ်ရှုနိုင်ပြီး၊ ဒုတိယ အကြိမ် သိုက်ထဲဝင်သည့် အကြောင်းကို မကြာမီထွက်ရှိမည့် “တာတေ အညာသား” စာအုပ်မှ “ဝင်္ကပါလှိုဏ်” ဝတ္ထုတွင် စောင့်မျှော်ဖတ်ရှု နိုင်ပါသည်။)
“ဒါဆိုရင် မောင်တာတေ အဲဒီသိုက်ကြီးရဲ့နေရာကိုသိတယ်ပေါ့
ဟုတ်လား”
“သိပါတယ် ဦးသူတော် ဒါပေမယ့် အန္တရယ်တော်တော်များတာဗျ။
“ရပါတယ်မောတာတေရယ်၊ ကျုပ်ကသိုက်ထဲကိုဝင်မှာ မဟုတ် ပါဘူးကွဲ့ အဲဒီနေရာကို မောင်တာတေ ကျုပ်ကိုလိုက်ပို့နိုင်မလားကွယ်”” “ဦးသူတော်သွားချင်ရင် ကျုပ်လိုက်ပို့ပါ့မယ်” “ဟာ…ဒါဆိုရင် ဟန်ကျပြီပေါ့ မောင်ဟာတရာ” “ဒါဆိုရင် ဦးသူတော်က ဘယ်တော့သွားမှာတုန်း” “အခုလာမယ့် လကွယ်နေ့ အရောက်သွားပြီး အလုပ်လုပ်ရမှာကွဲ့။
“ကောင်းပြီလေ ဦးသူတော် အဆင်သင့်ပြင်ထားပေါ့၊ လကွယ်နေ့ မနက်စောစော ကျုပ်လာခေါ်မယ်”
“ကောင်းပြီမောင်ဘာတေ..ကျုပ်တပည့် မောင်သန်းအေးက
လှည်းနဲ့လိုက်ပို့မှာပါ”
“ဘယ်မောင်သန်းအေးတုန်း၊ မြောက်ပိုင်းမှာနေတဲ့ ကိုကြီးသန်းအေးလား။
“အေး..ဟုတ်တယ် ဟုတ်တယ်””
“ကောင်တာပေါ့ ဦးသူတော်ရဲ့ ဒါဆိုရင် ကျုပ် လကွယ်နေ့ စောစော လာခဲ့မယ်။ နေသိပ်မပူခင် ဆရာမနိုင်ကို ရောက်သွားရင် ကောင်း တာပေါ့ ဦးသူတော်ရဲ့ “
လကွယ်နေ့ရောက်တော့ မနက်စောစော ကျုပ်အိပ်ရာကထပြီး ရွာဦးကျောင်းကို လာခဲ့တယ်။ တော်တော်ကို ဝီရိယကောင်းတဲ့ ဦးသူတော် ပါဗျာ ၊ ကျောင်းအဝင်ပေါက်မှာ လှည်းပေါ်ထိုင်ပြီး ကျုပ်ကိုစောင့်နေတာ
ဗျ။
“တာတေလာဟေ့ ငါ့လှည်းနဲ့ မင်းတို့ကိုလိုက်ပို့မယ်” ကိုကြီးသန်းအေးက ပြုံးပြုံးရွှင်ရွှင်နဲ့ကျုပ်ကို နှုတ်ဆက်တာဗျ။ ကျုပ်လှည်းပေါ်ဘက်ပြီးတာနဲ့ တန်းမောင်းတော့တာဗျ။ ဆရာမနိုင်ကို ကျုပ် တို့လှည်းရောက်တော့ ဆွမ်းစားချိန်တောင် မရောက်သေးဘူးဗျ။
ကိုကြီးသန်းအေးရဲ့ ဘဒွေးက ဆရာမနိုင်မှာရှိတာဆိုတော့ အဆင် ပြေဘာပေါ့ဗျာ။ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ကိုကြီးသန်းအေးက ကျုပ်တို့လာမယ့်အကြောင်း လူကြုံနဲ့မှာထားလို့ အားလုံးချက်ပြုတ်ထားကြတာဗျ။
ဦးသူတော်ကို ဆွမ်းကပ်ပြီး ကျုပ်တို့လည်းစားကြတာပေါ့ဗျာ။ ဟင်းကတော့ကြက်သားဟင်းဗျ။ ဒါပေမယ့် နွားအချင်းသုတ်ပါတယ်။ မောင်မခေါ်ပဲဟင်းနဲ့ ပုန်းရည်ကြီးသုတ် စားကောင်းချက်ဗျာ။
နေ့လည်ကတည်းက ဦးသူတော်အတွက် လိုအပ်တဲ့ ကန်တော့ပွဲ ပြင်ပေးထားတယ်။ ကျန်တာတွေကတော့ ဦးသူတော်မှာ ပါလာပါတယ်။
ညကိုးနာရီထိုးတော့ ဦးသူတော်ကိုခေါ်ပြီး ကျပ်ကရွာပြင်ကိုထွက် လာခဲ့တယ်။ ဆရာမနိုင်သိုက်ရှိတဲ့ သိုက်ကုန်းကြီးပေါ်ကို ရောက်တော့ ကျုပ်က ဦးသူတော်ကို သေသေချာချာပြတယ်။
“ဦးသူတော် ဒီနေရာမှာ သိုက်ကြီးပေါ်လာတာ၊ သိုက်တံခါးက ဟောဒီ့နေရာတည့်တည့်ပဲဗျ”
““ရပြီ မောင်တာတေ လာတော့၊ ကျုပ်စည်းဝိုင်း ဝိုင်းတော့မယ်” ဦးသူတော်က မန္တန်တွေရွတ်ပြီး စည်းဝိုင်း ဝိုင်းတယ်။ ဦးသူတော် ပြတဲ့နေရာမှာ ကျုပ်က ကန်တော့ပွဲ ထားလိုက်တယ်။ ပိတ်ဖြူစကို စည်းဝိုင်း အပြည့်ခင်းတယ်။
““ကဲ..မောင်တာတေရေ ဘာကိစ္စကြောင့်မှ စည်းပြင်ကိုမထွက် လေနဲ့ စည်းပေါက်တာနဲ့ အသက်ကိုဖက်နဲ့ထုပ်ပြီး ပြေးရမှာနော်၊ မောင်ဟာတေ ကအတွေ့အကြုံအများကြီးရှိတဲ့လူပါ၊ ကဲ ဦးသူတော်အလုပ် စလပ်တော့မယ်”
ဦးသုဘော်က ကန်တော့ပွဲမှာ ဖယောင်းတိုင်မီးထွန်းလိုက်တယ်။ “မဟာဂန္ဓာရီပညာသိုက်ကိုစောင့်တဲ့ သိုက်နန်းရှင်နဲ့ သိုက်ချုပ် ဘိုးဘိုးကြီးခင်ဗျာ၊ ကျုပ်စီရင်နေသော သံဓာတ်လုံးကို ဆက်ပြီးစီရင်ပို့ရာ ပညာအကူအညီလိုနေပါတယ်။ သံဝိဇ္ဇာကြီးဦးဖိုးလုံးရဲ့ သံလမ်းမှတ်တမ်း စာအုပ်ကို ကျပ်အား ခေတ္တခဏငှားပါခင်ဗျာ။ မှတ်တမ်းများကို ကူးယူ ခြင်း မပြုပါဟု ကတိပေးပါတယ်။ ကျုပ်ဖတ်ရှုမှတ်သားလို့ပြီးလျင် ပြန်ပေး ပါ့မယ်ဆိုတာ အသက်နဲ့ကတိပြုပါတယ်ဗျာ”
ဦးသူတော်က ဒီစကားတွေကို သုံးကြိမ်သုံးခါ ပြောတာဗျ။ ပြီးတာ နဲ့ စိတ်ပုတီးထုတ် စိတ်တော့တာပဲဗျာ။ ခဏကြာတော့… “ဝုန်း….
နည်းတဲ့အသံကြီး မဟုတ်ပါဘူးဗျာ။ ကျုပ်တို့ရှေ့ ငါးလံလောက်က မြည်တာဗျ။ ဘာမှတော့မမြင်ရဘူး။ ဦးသူတော်ကတော့ မန္တန်တစ်ပုဒ်ကို ရွတ်ပြီး ပုတီးစိပ်နေတာပဲဗျို့။
ဟော. အပုတ်နံ့။ နံလိုက်တာဗျာ။ ကျုပ်ဖြင့် နှာခေါင်းပိတ်ထား ရတယ်။ ဦးသူတော်ကတော့ လှုပ်တောင်မလှုပ်ဘူးဗျ။ မန္တန်ရွတ်ပြီး ပုတီး စိပ်နေတာ အပုတ်နံ့ကြီးတဖြည်းဖြည်းပျောက်သွားတော့ ကျုပ်က အရှေ့ ရောအနောက်ရော လျှောက်ကြည့်တာပေါ့ဗျာ။
ဟာ..မည်းမည်း မည်းမည်းနဲ့ ကျုပ်တို့ဘက်ကို လာနေကြတာဗျို့။ လေးဘက်လေးတန်ကကို ညှပ်ပြီးလာနေကြတာဗျ။ တဖြည်းဖြည်းနဲ့နီးလာ ပြီဗျို့။
မျက်လုံးတွေမှ ရဲနေတာပါဗျာ။ သရဲတွေဖြစ်မယ်ဗျ။ ပုံစံကိုစုံနေ တာပဲဗျာ။ လျှာကြီးတွေတွဲလောင်းနဲ့ အကောင်တွေလည်းပါတယ်ဗျ။ နားရွက်ကြီးတွေက ဆင်နားရွက်ကြီးတွေလို ကားကားကြီးတွေနဲ့လည်းပါ တယ်။ မျက်လုံးတွေနီရဲပြီး ဟင်းရည်သောက်ပန်းကန်လောက်ရှိတဲ့ အကောင် တွေလည်းပါတယ်။ အစွယ်ကြီးတွေဘေးကိုထွက်နေတဲ့ အကောင်တွေ လည်းပါတယ်။ အားလုံးငါးကောင်ဗျ။ အရပ်ကြီးတွေက ဆယ်ပေ၊ ဆယ့်ငါး ပေလောက်ရှိမယ်ထင်တယ်။
ကျုပ်တို့ဘက်ကိုတဖြည်းဖြည်းတိုးလာနေကြတာဗျို့။
ကျုပ်ဆံပင်
တွေဆိုတာထောင်ထနေတာပေါ့ဗျာ။ ကျောထဲမလဲစိမ့်ကနဲ စိမ့်ကနဲနဲ့ဗျ။ ကြက်သီးတွေဆိုတာလဲ ဖြန်းကနဲ ဖြန်းကနဲပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်ထွက် ပြေးရင် စည်းပေါက်မှာဗျ။
ဦးသူတော်ချထားတဲ့ စည်းဝိုင်းနဲ့ တစ်လံလောက်အကွာကိုရောက် တော့ အားလုံးတန့်သွားကြတယ်ဗျ။ ရှေ့ကိုဆက်တိုးမလာကြတော့ဘူး၊
ဦးသူတော်ကတော့ ဘာကောင်တွေလာနေမှန်းတောင် သိပုံမပေါ်ပါဘူးဗျာ။ ပုတီးပဲဆက်စိပ်နေတာဗျ ။
ဟော· ·ပျောက်သွားပြီဗျို့။ သရဲတွေပျောက်သွားကြပြီ။ ဒီတော့ မှ ကျုပ်လည်း အသက်ရှူချောင်သွားတာပေါ့ဗျာ။
“ဟာ..လာကြပြန်ပြီဗျို့။ မှောင်ထဲကနေ တရွေ့ရွေ့နဲ့လာနေတာ နည်းတဲ့အကောင်ကြီးတွေ မဟုတ်ပါဘူးဗျာ။ အရပ်ကထန်းပင်တဝက် လောက်မြင့်မယ်ဗျ။ ခေါင်းကြီးတွေက ငါးဆယ်ဝင်ပုတ်တောင်းလောက်ရှိ တယ်။ ဘီလူးကြီးတွေထင်တယ်ဗျို့။ နှစ်ကောင်ဗျ။ လက်ထဲမှာလည်း တင်းပုတ်ကြီးတွေ ကိုင်ထားတယ်။ လက်ထဲကတင်းပုတ်ကြီးတွေက ကျုပ်တို့နှစ်ယောက်ကို ထုဖို့ဖြစ်မှာပေါ့ဗျာ။
ဟာ..နီးလာတော့မှ ပါးစပ်ထဲက အစွယ်ကြီးတွေကို မြင်နေရတာ ဗျို့ ။ အစွယ်တွေမှ ဖွေးနေတာဗျ။ ဟော စည်းဝိုင်းနဲ့ တစ်လံအကွာလောက် မှာ ရပ်လိုက်ကြတယ်ဗျ။ လက်ထဲကတင်းပုတ်ကြီးတွေကို မြှောက်လိုက် ပြီဗျို့။
”ဘုရား ဘုရား”
ထုတော့မယ် ထင်တယ်ဗျ။ ကျုပ်ဆိုတာ တစ်ကိုယ်လုံးတောင် တဆတ်ဆတ်တုန်နေတာဗျာ တစ်ခါမှကို ဒီလောက်မကြောက်ဖူးပါဘူးဗျာ။ ဦးသူတော်ကတော့ မန္တန်ရွတ်ပြီး တဂျောက်ဂျောက်နဲ့ ပုတီးစိပ်နေတာပဲဗျို့။ ကျုပ်မှာသာ တစ်ယောက်တည်း ကြောက်နေလိုက်ရတာဗျာ။
ခဏနေတော့ ကျုပ်စိတ်ထဲမှာ ထုချင်လည်းထုတော့ကွာလို့ စိတ်ကို လျော့ပစ်လိုက်တော့မှ ကြောက်တဲ့စိတ်က နည်းနည်းလျော့သွားတယ်ဗျ။ တင်းပုတ်ကိုင် ဘီလူးကြီးနှစ်ကောင်လည်း ပျောက်သွားရောဗျ။
ဟော· မွှေးလာပြီဗျို့၊ မွှေးလိုက်တာမှဗျာ ပန်းနံ့လား ရေမွှေးနံ့လား
တောင်မသိတော့ပါဘူးဗျာ၊ ကျုပ်လည်း မွှေးတော့ရှူ နေတော့တာပေါ့ ။ ဦးသူတော်ကတော့ ဖယောင်းတိုင်တစ်တိုင်ကုန်ရင် တစ်ကိုင်မီးကူး ပြီးတွန်းနေတာဗျ ၊ ဦးသူတော်ထွန်းထားတဲ့ ကန်တော့ပွဲပေါ်က ဖယောင်း တိုင်အလင်းရောင်မှာ မြင်နေရတာဗျ။ မိန်းကလေးတွေ သုံးယောက်ဗျ။ ချောလိုက်လှလိုက်တာဗျာ။ ကျုပ်တစ်သက် ဒီလောက်ချောတာလှတာ တစ်ခါမှကို မမြင်ဖူးဘူးဗျ။
ဖယောင်းတိုင်မီးရောင်အောက်မှာ ကျုပ်တို့ဘက်ကို ကနွဲ့ကလျနဲ့ လျှောက်လာကြတာဗျ ၊ ထမိန်ကထိုင်မသိမ်းနဲ့ ခါးထောင်အင်္ကျီနဲ့ဗျ။ တကယ့် ကိုဒန်းဆန်တဲ့ အလှပါဗျာ။ ကျုပ်စိတ်ထင်တော့ နန်းတွင်းသူလေးတွေ ထင်ပါရဲ့ဗျာ။
ဟော..ပြုံးပြတယ်ဗျ။ ကျုပ်ကို ပြုံးပြနေတာပေါ့ဗျာ။ ကျုပ်ရင်ထဲ မှာ တစ်မျိုးကြီးဖြစ်သွားတယ် စည်းဝိုင်းထဲကပြေးထွက်ပြီး ဖက်ထားလိုက် ချင်တဲ့စိတ်ကွေ့ ဖြစ်လာတာပေါ့ဗျာ။
ကျုပ်ကိုစိုက်ကြည့်ပြီး မခို့တယို့လေးတွေ ပြီးပြကြတာဗျ။ ဟော.. လက်ယပ်ခေါ်နေပြီဗျ။ ဘုရား ဘုရား၊ ကျုပ်စိတ်တွေ ထိန်းလို့မရအောင် ဖြစ်လာပြီဗျာ။ ဒီအချိန်မှာပဲ ကျုပ်နားထဲမှာ ကျုပ်ဆရာတော် ဦးဂုဏရဲ့အသံ ပေါ်လာတယ်ဗျ။
“တကယ်တော့ ငါဆိုတာလည်းမရှိဘူး၊ ယောက်ျားမိန်းမဆိုတာ လည်းသတ်မှတ်ချက်တွေ ပညတ်တွေပါ၊ တကယ်ကရုပ်နဲ့နာမ်ပဲရှိဘာပါ လှတယ်ချောတယ်ဆိုတာဟာလည်း အရေပြားတထောက်ပါဗျာ။ အဲဒီ အရေပြားကိုလှန်ကြည့်လိုက်စမ်းပါ။ အထဲမှာ အဆီတချို့ရဲ့ သွေးတရဲရဲနဲ့ တကယ့်ကို ရွံစရာကောင်းတဲ့ ခန္ဓာကြီးဗျ”
ဆရာတော်တရားသံကို ကျုပ်စိတ်နှစ်ပြီးနှာလိုက်တာ စောစောက
ထကြွနေတဲ့ ကာမဂုဏ်စိတ်တွေ ငြိမ်သွားရောဗျို့။ မီးခဲကိုရေနဲ့ ငြိမ်းလိုက် သလိုကို ငြိမ်းသွားတာဗျာ။ ဟာ..မရှိတော့ဘူးဗျို့။ သိုက်ထဲကထွက်လာတဲ့ ဟာမတွေ ပျောက်ကုန်ပြီဗျာ။ အချိန်ကလည်း လင်းအားကြီးအချိန်ရောက် ပြီလေ။ ဦးသူတော်ကတော့ တစ်ချက်မှကို ရပ်မသွားဘဲ မန္တန်ရွက်ပြီး ပုတီးစိပ်နေဆဲပဲဗျို့။ ”ဘုတ်”
ဟာ··ဘာသံဘုန်းဗျ။ ကျုပ်လှန်းကြည့်လိုက်တော့ ကန်တော့ပွဲဘေး ကို ကျလာတာဗျ။ သားအုပ်တစ်အုပ်ဗျ။ ကတ်ထူဖုံးနဲ့ ဗလာစားအုပ်တစ် အုပ်ဗျ။ ဟာ..ဒါ ဦးသူတော်ပြောတဲ့ သံဝိဇ္ဇာဦးဖိုးလုံရဲ့ မှတ်တမ်းဆိုတာ ဒါပဲဖြစ်မယ်ဗျ။
“တုံတုံတုံတုံ တုံတုံ..”
ဘဘုန်း ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံ ကြားရပြီဗျ။ ဦးသူတော်က ပုတီးစိပ်ပြီး မေတ္တာပို့အမျှဝေတယ်။ ပြုဖွယ်ကိစ္စအားလုံးပြီး
တော့မှ
“ကဲ..မောတာတေ ဦးသူတော်တို့ ကိစ္စအောင်ပါပြီကွယ်။ ရွာထဲ
ပြန်ကြစို့”
လို့ ပြောပြီး မတ်တပ်ထရပ်တယ်။ ကျုပ်လည်း ထရပ်ပြီး ခင်းထား တဲ့ပိတ်ဖြူစကို ခေါက်ရတာပေါ့ဗျာ။ ကန်တော့ပွဲတော့ ဒီအတိုင်းပဲထား ခဲ့တယ်။ စာအုပ်ကို ဦးသုမတော်က သူ့လွယ်အိတ်ထဲကိုထည့်လိုက်တယ်။ ဆရာမနိုင်ရောက်တော့ ကိုသန်းအေးတို့က အရုဏ်ဆွမ်းအဆင်သင့်ပြင်ပြီး ဦးသူတော်ကိုကပ်တယ်။ ပြီးတော့ သူနဲ့ကျုပ်စားကြတာပေါ့ဗျာ၊
အိမ်ရှင်တွေကိုနှုတ်ဆက်ပြီး ကျုပ်တို့ပြန်ခဲ့ကြတယ်။ ဦးသူတော်က အိမ်ရှင်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အင်းတစ်ချပ်ပေးခဲ့တယ်။
ထနောင်းကုန်းပြန်ရောက်တော့ ဦးသူတော်ကို ကျောင်းပြန်ပို့ပြီး
ကျုပ်တို့ပြန်ခဲ့ကြတယ်။
နောက်သုံးလကြာတော့ ဦးသူတော်နဲ့ကျောင်းလေးရှေ့မှာ ကန်တော့ ပွဲပြင်ပြီး.. သိုက်ထဲကစာအုပ်ကို ကန်တော့ပွဲထဲမှာ ထည့်ထားတယ်။ လပြည့်ညကြီးဗျ။ လင်းထိန်နေတာ သန်းကောင်လောက်ရောက်တော့ လင်းနို့ ကြီးအကြီးကြီးတစ်ကောင်ပျံလာပြီး ပွဲထဲကစာအုပ်ကို ပါးစပ်နဲ့ကိုက်ပြီး ယူသွားတယ်ဗျို့၊ ဦးသူတော်ငှားလာတဲ့စာအုပ် ပြန်ပြီးအပ်လိုက်တာပေါ့ဗျာ။
အဲဒီနောက်တော့ ဦးသူတော်ရဲ့ ဓာတ်လုံးကခရီးတော်တော်ရောက် သွားတယ်လို့ ကျုပ်ထင်တယ်ဗျ။ ဦးသူတော်ကတော့ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ဘာမှမပြောတော့ဘူးဗျ။ ဒီကိစ္စမျိုးကလည်းအောင်မြင်သွား ရင်တောင် ပြောခွင့်မရှိဘူးလေဗျာ။
-ပြီးပါပြီ-
ပရိတ်သတ်များအားလုံး ကျန်းမာချမ်းသာကြပါစေ။
(Like & Share ပေးသွားကြပါဦးဗျ)🤗
#တာတေ