ဘွားမယ်စိန်နှင့် မြွေနိုင်ဆရာခိုင်(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့် မြွေနိုင်ဆရာခိုင်(စ/ဆုံး)
————————————————–
ဘွားမယ်စိန်သည် မောင်တိုးနဲ့မောင်အုန်းကို
အဖော်ခေါ်၍ အုန်းစုရွာ၏အလှူ၌ရောက်ရှိနေခဲ့သည်။
အုန်းစုရွာသည် ရွာကြီးတစ်ရွာပေမို့…
အစစအရာရာတစ်ခြားရွာများထက်သာလွန်ပေသည်။
ထိုရွာ၏သူဌေးစာရင်းဝင်ဖြစ်ကြသော
ဦးပျော့နှင့်ဒေါ်ထွေးကြည်တို့၏အလှူမှာလည်း
လာရောက်သူများနှင့်စည်ကားလွန်းလှသည်။
ဘွားမယ်စိန်ကိုတကူးတကလာရောက်ဖိတ်ကြားထားသည်
ဖြစ်တာကြောင့်ဘွားမယ်စိန်တို့ရောက်လာခဲ့ခြင်းဖြစ်သည်။
ရွာတစ်ရွာ၌အလှူရှိသည်ဆိုသည်နှင့်
လာရောက်ဈေးရောင်းကြသောဈေးသည်များလည်းရှိ၍
အလှူမှာပွဲဈေးတန်းတစ်ခုအလားစည်ကားနေခဲ့သည်။
ဘွားမယ်စိန်နှင့်မောင်တိုးတို့ကအလှူရှင်၏
အိမ်၌တည်းခိုကြ၏။
“ကိုကြီးအုန်း…မြွေနိုင်ဆရာခိုင်တဲ့ဗျ…
သွားကြည့်ကြရအောင်…”
ဟုမောင်တိုးက မောင်အုန်းကိုလက်တို့ကာခေါ်လိုက်သည်။
နံဘေး၌ထိုင်နေသောဘွားမယ်စိန်က လက်ဖက်ဝါးနေရင်းမှ
မောင်တိုးကိုကြည့်လေတော့ မောင်တိုးမှာ
သွားကြီးကိုဖြီးပြီးတဟီးဟီးရယ်လေသည်။
“ဟဲ့….ကောင်လေး …
ဘာတွေတိုးတိုး…တိုးတိုးပြောနေတာလဲ”
ဟု…ဘွားမယ်စိန်ကမေးတော့မောင်တိုးကမဖြေရဲဘဲ
ခေါင်းကိုကုပ်နေသည်။
မောင်အုန်းကကွမ်းဝါးနေရင်းမှ…
“ဘွား သားက မြွေနိုင်ဆရာခိုင်ကိုသွားကြည့်ချင်လို့တဲ့ဗျ”
ဟု…ပြောလေတော့ မောင်တိုးကမောင်အုန်းကျောကို
လက်သီးစုပ်ဖြင့်ထုလိုက်လေသည်။
“နေပါဦးကွဲ့…ဒီရွာမှာဘယ်ကမြွေနိုင်
ဆရာခိုင်ရောက်နေတာလဲ…
မောင်ရင်ကရော ဘယ်လိုသိလာတာတုန်း…”
ဟုမေးလေတော့ မောင်တိုးက…
“ဟို…အစောက ကျုပ်ရွာထဲလမ်းလျှောက်ရင်းနဲ့
တွေ့လာတာပါ…”
“အလို…ကဲ…ဒီလိုဆိုရင်ဖြင့်
ဘွားလည်းကြည့်ချင်တာပေါ့ကွယ်…
သွားကြမယ်လေ…”
ဟုပြော၍ ဘွားမယ်စိန်ကနေရာမှထရပ်လိုက်သည်။
မောင်တိုးကမျက်လုံးပြူးသွားသော်လည်း
မောင်အုန်းက…
“ကဲ…မင်းသိပ်သွားချင်နေတာမဟုတ်လား…
သွားကြတာပေါ့ကွာ…”
ဟုပြော၍မောင်တိုးပုခုံးကိုဖက်၍ခေါ်သွားတော့သည်။
“အမေကြီး…ဘယ်ကိုသွားမလို့လဲဗျ”
“သြော်…မောင်ပျော့…ဘွားတို့ရွာထဲ
လမ်းလျှောက်ချင်လို့ပါကွယ်…”
“ဟုတ်ကဲ့…ကျုပ်တို့
ညစာပြင်ထားမှာမလို့
စောစောတော့ပြန်လာကြပါအမေကြီး”
“အေး…အေး…အေး…”
ဘွားမယ်စိန်လည်းသူဌေးဦးပျော့နှင့်စကားခဏရပ်ပြောပြီးနောက် မောင်တိုးနောက်သို့လိုက်လာခဲ့သည်။
ရွာထဲကလူတွေကလည်းတောင်ဝှေးကြီးထောက်၍
လမ်းလျှောက်နေသောဘွားမယ်စိန်ကို
စိတ်ဝင်တစားကြည့်နေကြသည်။
ဘွားမယ်စိန်ကပြုံးရယ်ပြလေတော့မှအားလုံးက
ရဲရဲတင်းတင်းပြန်လည်ပြုံးပြကြရှာသည်။
“မရောက်သေးဘူးလားကွဲ့”
ဘွားမယ်စိန်အမေးကြောင့်မောင်တိုးက
အနောက်သို့လှည့်ပြီး…
“ဟိုရှေ့ဆိုရောက်ပါပြီဘွားရဲ့”
ဟုလက်ညိုးထိုးကာပြောလေသည်။
မောင်တိုးညွှန်ပြသည့်အနီး၌ လူများ
ဝိုင်းအုံကာကြည့်နေကြသည်။
အများဆုံးရှိနေသည်က ရွာသားများဖြစ်ပြီး ထိုထဲမှ
ကလေးများနှင့်မိန်းမငယ်များကလည်းစိတ်ဝင်တစားဖြင့်
ကြည့်နေခဲ့ကြ၏။
အသားညိုညို….ထောင်ထောင်းမောင်းရှိလှသည့်လူမှာ
ခန္ဓာကိုယ်၌အင်းကွက်များက
အပ်ချစရာမရှိအောင်ပြည့်နှက်နေပေသည်။
ထိုလူနှင့်သူ၏နံဘေး၌ တပည့်ဖြစ်သူနှစ်ဦးကို
လူများကဝိုင်းဖွဲ့ကြည့်နေခြင်းဖြစ်၏။
“လာရောက်ကြည့်ရှု့နေကြတဲ့ ပရိတ်သတ်ကြီးခင်ဗျာ…
ကျုပ်နာမည်ကိုမြွေနိုင်ဆရာခိုင်လို့ခေါ်ပါတယ်…
ကျုပ်ရဲ့ဆရာ့…ဆရာကြီးများထံမှာ နှစ်ပေါင်းများစွာကြာအောင်ပညာသင်ကြားခဲ့သူပါ…
အခုကျုပ်ပြမယ့်ပညာကို ပရိတ်သတ်ကြီးတို့သေချာကြည့်နိုင်ပါတယ်…ဟောသည် သေတ္တာထဲမှာမကြာခင်ရက်ပိုင်းကမှ
ဖမ်းဆီးထားတဲ့အဆိပ်ပြင်းမြွေဟောက်နှစ်ကောင်ရှိပါတယ်…
ဒီကောင်တွေနဲ့ကျုပ်… သူတပြန်…
ငါတပြန် ပညာပြိုင်ကြည့်ကြမယ်ဗျာ…
ကျုပ်ကစရင်သူကပေါက်မယ်…
သူကပေါက်ရင်ကျုပ်ကလည်းကျေကျေနပ်နပ်ကြီးအကိုက်ခံမယ်ဗျာ…အဲ့သည်လိုအဆိပ်ပြင်းတဲ့အကောင်ကို
ကျုပ်ဘယ်လိုယှဉ်မလဲဆိုတာ
အားလုံးမျက်မြင်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ….။
နောက်ပြီးကြိုပြီး သတိပေးစရာလေးရှိပါတယ်…
အဲ့တာကတော့ ကျုပ်မြွေနိုင်ဆရာခိုင်ရဲ့ပညာကို
စမ်းချင်တဲ့ စုန်း၊တစ္ဆေ၊ကဝေ၊မြေဖုတ်၊သရဲ၊ကျတ်၊အသူရကာယ်ဘာကောင်ကိုမှကျုပ်ကဂရုမစိုက်ပါဘူး…
ပညာပြိုင်ချင်ရင်ချက်ချင်းကျုပ်ကိုပြောပါ…
အကယ်၍ဟောသည်ရွာမှာပြုစား၊ခြောက်စားခံထားရသူများရှိရင်လည်းကျုပ်ဆီကိုလာပါ…
ပြုထား…ခြောက်ထားတဲ့ပညာသည်ကျုပ်ရှေ့မှာ
ဒူးထောက်ပြီးငိုစေရပါမယ်…
ကဲဗျာ…ပြောနေတာကြာပါတယ်…
ကျုပ်ရဲ့ပညာကိုအားလုံးရှု့စားကြပါခင်ဗျာ…”
ဟု…မြွေနိုင်ဆရာခိုင်ကပြောလိုက်သည်။
မြွေနိုင်ဆရာခိုင်၏ဥပဓိရုပ်ကခန့်ညားပြီး
လူလေးစားဖွယ်ရုပ်မျိုးရှိသည်။
သူ၏အသံကလည်းပြတ်သားမာကျော၏။
မောင်တိုးနဲ့မောင်အုန်းက ရှေ့ဆုံး၌ ထိုင်ကာကြည့်ကြသည်။
ဘွားမယ်စိန်ကလည်းသူတို့၏အနောက်၌တောင်ဝှေးကြီးကို
ထောက်၍စိတ်ဝင်တစားကြည့်နေ၏။
သူတို့ကြည့်နေစဉ် မြွေနိုင်ဆရာခိုင်က
မြွေထည့်ထားသောသေတ္တာကိုသူ၏တပည့်အား
အဖုံးဖွင့်ခိုင်းလိုက်သည်။
မြွေနိုင်ဆရာခိုင်ကတော့သူ၏လက်ထဲ၌ကြိမ်လုံးလေးတစ်လုံးကိုကိုင်ထားပြီးမြွေရှိသောသေတ္တာကိုကြိမ်လုံးဖြင့်
ရိုက်ကာ မြွေအား စ နေခဲ့သည်။
“အားလုံးကြည့်ကြပါဗျာ…
ဟောသည်ကောင်ကိုတော့မြွေဟောက်လို့ခေါ်ကြပါတယ်…
သူကိုက်ရင် ဘယ်ဆေးမှမမှီနိုင်တာကိုအားလုံးသိကြမှာပါ…”
ဟုပြောရင်းမြွေကို စ နေခဲ့သည်။
မြွေကလည်း သေတ္တာထဲမှခေါင်းထွက်ရင်း တရှုးရှုးဖြင့်
ပါးပြင်ကြီးထောင်ပြီး ပေါက်ဖို့ရန်ဟန်ပြင်နေသည်။
ကြည့်နေသူများကတော့အတော်လေးစိတ်ဝင်စားနေကြသည်။
မြွေကြီးကိုကြည့်ပြီးကြောက်သူများကလည်းကြောက်…
မြွေနိုင်ဆရာခိုင်မည်သို့လုပ်လေမလဲဟု စိတ်ဝင်စားနေကြသူများကလည်းအသံပင်တိတ်နေခဲ့ကြသည်။
“ကဲ…ဒီကောင့်ကိုဆရာကိုင်ကြည့်မယ်…
ကျုပ်သူ့ကိုကိုင်ထားရင်သူကျုပ်ကိုပေါက်မှာအမှန်ပဲ…
ဒါပေမယ့်ကိုင်ပြမယ်ဗျာ…
ကဲ…မင်းကပဲအဆိပ်ပြင်းသလား…
ငါကပဲမင်းအဆိပ်ကိုနိုင်မလား…
အားလုံးရှေ့မှာပြမယ်ဟေ့…”
ဟုဆိုကာ…မြွေကိုကောက်ကိုက်လိုက်သည်။
“အမယ်လေး…ပေါက်ပြီတော့်…”
“ဘုရား…ဘုရား…ဘုရား…”
မြွေနိုင်ဆရာခိုင်လက်ထဲရောက်သည်နှင့်
မြွေဟာက်ကြီးကဒေါသတကြီးဖြင့် မြွေနိုင်ဆရာခိုင်၏
လက်ကိုပေါက်ချလိုက်သည်။
“ပေါက်စမ်း…ကဲ…ပေါက်…”
မြွေကလည်းဒေါသတကြီးသုံးချက်လောက်ဆင့်ကာ
ပေါက်လိုက်သည်။
မြွေနိုင်ဆရာခိုင်ကတော့ပြုံးပြုံးကြီးဖြင့် ပရိတ်သတ်ကို
ကြည့်နေခဲ့သည်။
“ကဲ…မင်းနေရာမင်းပြန်ဝင်တော့…”
ဟုဆိုကာ မြွေကိုသေတ္တာထဲ၌ပြန်ထည့်လိုက်သည်။
“အားလုံးလည်းကျုပ်ရဲ့ ပညာကိုမြင်ပြီးကြမှာပါ…
ဟောသည်လိုမြွေကိုက်ခံရတာတောင်
ကျုပ်ဘာမှမဖြစ်တာ…သေချာကြည့်ကြပါ…”
ဟုပြောကာမြွေပေါက်ခံရသောဒဏ်ရာကို
အားလုံးကိုပြသည်။
ပြီးလေတော့…
“ကျုပ်အခုလိုမြွေနိုင်ဆရာခိုင်လို့
အမည်ရခဲ့တာက နည်းနည်းနှောနှော
ကြိုးစားမှုမဟုတ်ပါဘူးခင်ဗျာ…
ပညာရဖို့သုံးနှစ်သုံးမိုးလိုက်စားပြီး…
တောတောင်ရေမြေအထပ်ထပ်မှာကျင့်စဉ်တွေကို
ကျင့်ခဲ့ရတာပါ…
အဲ့သည်လိုကျင့်လို့လည်းအခုလိုအစွမ်းသတ္တိကိုပိုင်ဆိုင်ထားတာပေါ့ခင်ဗျာ…
ကဲဗျာ…ကျုပ်မေးစမ်းပါဦးမယ်…
ခင်ဗျားတို့ကောကျုပ်လို…မဖြစ်ချင်ကြဘူး”
“ဖြစ်ချင်တာပေါ့…”
“ဖြစ်ချင်ပါတယ်…”
မြွေနိုင်ဆရာခိုင်ကမေးတော့
အားလုံးကဖြစ်ချင်ကြောင်းအော်ကာဖြေကြသည်။
“ကျုပ်ကတစ်ကိုယ်ကောင်းမဆန်တတ်ပါဘူးဗျာ…
ကျုပ်လိုမျိုးတခြားသူတွေကိုလည်းဖြစ်စေချင်ပါတယ်…
အဲ့တာကြောင့် ကျုပ်ရဲ့ပညာနဲ့အစွမ်းထက်ဆေးတမျိုးကိုဖန်တီးခဲ့ပါတယ်..အဲ့တာကတော့ဟောသည်ထုံးမန်းလေးပါပဲ…
ဒီဆေးကိုနက္ခနဲ့စီရင်မန်းမှုတ်ပြီး…ကိုးဂဏန်းအဓိဠာန်ဝင်ထားရတာပါ…ကိုးဂဏန်းဆိုတာကလည်းကိုးသင်္ချိုင်းနဲ့ကိုးနှစ်ကိုးလကိုးရက်ကိုပြောတာပါခင်ဗျာ…
သင်္ချိုင်းကြီးကိုးခုမှာ…တစ်နှစ်ကိုးလကိုးရက်ကြာအောင်
စီရင်ထားရတဲ့အဖိုးတန်တဲ့ဆေးပါပဲ…
ဒီဆေးကိုလျှာမထိအာမထိမျိုလိုက်တာနဲ့
အဲ့သည်လူကိုဘယ်လိုမြွေဆိုးကိုက်ကိုက်
အသက်မသေတော့ပါဘူး…
ဒါကိုခင်ဗျားတို့နားလည်အောင်ပြောရရင်
မြွေပြီးတယ်လို့ပြောရမှာပေါ့ဗျာ…”
“ခင်ဗျားဆေးကဟုတ်ကောဟုတ်လို့လား”
ကြည့်သူများထဲမှ အရပ်ပုပုနဲ့လူကမေးလိုက်တော့
မြွေနိုင်ဆရာခိုင်က ပြုံးပြုံးကြီးဖြင့်…
“မိတ်ဆွေမယုံရင်စမ်းသပ်နိုင်ပါတယ်”
ဟုပြောလိုက်သည်။
ထိုလူပုကလည်း…
“ကောင်းပြီလေ…အဲ့တာဆိုစမ်းတာပေါ့…”
ဟုထကာရပ်လိုက်သည်။
“ရော့မိတ်ဆွေ…ဒီဆေးကို လျှာမထိအာမထိမြိုချပေတော့”
ဟုမြွေနိုင်ဆရာခိုင်က ဆေးလုံးတစ်လုံးကိုပေးလိုက်သည်။
လူပုကလည်းဆေးလုံးကိုမြိုချလိုက်၏။
မြွေနိုင်ဆရာခိုင်ကမြွေဟောက်ကြီးကိုသေတ္တာထဲမှ
ထုတ်ယူပြီး…
“ကဲ…ပေါက်လိုက်စမ်းသားကြီးရဲ့…”
ဟုပြောတော့မြွေကလည်းချက်ချင်းပင်
လူပု၏လက်ကိုပေါက်ချလိုက်သည်။
မြွေပေါက်ပြီးခဏကြာတော့ လူပုကမည်သို့မှမဖြစ်၍
အတော်လေးဝမ်းသာသွားသည်။
“ဆရာ…ဆရာ့ဆေးကအတော်အစွမ်းထက်တာပဲဗျ…”
ဟု…ပြောလေတော့ မြွေနိုင်ဆရာခိုင်ကပြုံး၍…
“ခင်ဗျားယုံပြီမဟုတ်လား”
“ကျုပ်ယုံပါပြီဆရာ…ကျုပ်ယုံပါပြီ…”
မြွေနိုင်ဆရာခိုင်ကိုအားလုံးကအထင်ကြီးကုန်သည်။
“ကျုပ်ရဲ့ဆေးကို ဟောသည်ပရိတ်သတ်ထဲက
ယုံကြည်လို့သုံးချင်သူများရှိကြလားခင်ဗျာ…”
“ရှိပါတယ်…ကျုပ်တို့လိုချင်ပါတယ်…”
“လိုချင်ပါတယ်ဆရာ…”
မြွေနိုင်ဆရာခိုင်၏ဆေးကိုအလုအယက်ဝယ်ချင်နေကြသည်။
“ကဲ…ဟုတ်ပြီဗျာ…
ကျုပ်ကလည်းစေတနာနဲ့ပေးချင်ပါတယ်…
ဒါပေမယ့်ဒီဆေးဖော်ထားတဲ့အရင်းလေးရရင်ကိုပဲကျေနပ်လို့
စေတနာရှိသလောက်သာပေးကြပါ…
တစ်ဦးကိုဆေးတစ်လုံးကျဝေပေးပါ့မယ်ဗျာ…”
“ကျုပ်ကိုပေး…ကျုပ်ယူမယ်ဆရာ…”
“ကျုပ်လည်းလိုချင်တယ်ဆရာ…”
အားလုံးကိုဆေးတစ်လုံးစီပေးပြီးနောက်
မြွေနိုင်ဆရာခိုင်၏လက်ထဲရှိငွေဖလားခွက်ထဲ၌ ငွေများက
အပြည့်အမောက်ပင်ဖြစ်နေခဲ့၏။
“ကဲ…ဒီနေ့တော့ဒီလောက်ပဲဗျာ…
နောက်ထပ်ဆေးထပ်ဖော်လို့ရရင်တော့
ကျုပ်ထပ်လာခဲ့ပါဦးမယ်”
ကြည့်နေသူများကလည်းလိုချင်တာရသွား၍
အလျှိုအလျှိုပြန်ကုန်ကြသည်။
ဘွားမယ်စိန်က မြွေနိုင်ဆရာခိုင်ကို
သေချာစူးစိုက်ကြည့်ပြီးမှလှည့်ပြန်လာခဲ့၏။
အနောက်၌လည်းမောင်တိုးနဲ့မောင်အုန်းကစကား
ပြောရင်းလိုက်လာခဲ့ကြသည်။
“ကိုကြီးအုန်း…ခင်ဗျာဘာလို့ဒီဆေးလုံးကိုမယူရတာလဲ”
“မရချင်ပါဘူးကွာ…”
“အင်း…ကျူပ်လည်းစိတ်ထဲတစ်မျိုးပဲဗျ…”
“ဘယ်လိုတစ်မျိုးတုန်းမောင်တိုးရဲ့”
“အစောကပြန်ခါနီးလေ ဘွားက
မြွေနိုင်ဆရာခိုင်ကိုစိုက်ကြည့်နေတာ
ကိုကြီးအုန်းမမြင်လိုက်ဘူးလား”
“ဟာ…ဒီတိုင်းပဲကြည့်တာဖြစ်မှာပါကွာ…”
မောင်တိုးနဲ့မောင်အုန်းတို့စကားဆက်မပြောဘဲ
လမ်းလျှောက်လာကြချိန်…
“မောင်ရင်တို့လည်းသတိနဲ့နေကြဦး…
ကြည့်ရတာဒီရွာမှာတစ်ခုခုဖြစ်လာတော့မယ်ထင်တယ်ကွဲ့”
“ဗျာ…”
အရှေ့မှလမ်းသွားရင်းပြောလိုက်သော ဘွားမယ်စိန်ကြောင့်
မောင်တိုးနဲ့မောင်အုန်းတို့အံ့သြသွားသည်။
ဘာကြောင့်လဲဟုမေးချင်ကြသော်လည်း
မမေးရဲ၍ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေခဲ့ကြ၏။
*********************************
အချိန်ကမိုးပင်အတော်လေးချုပ်နေလေပြီ။
ဘွားမယ်စိန်တို့တည်းသည်မှာအလှူရှင်အိမ်ဖြစ်တာကြောင့်
မနက်အတွက်ချက်ကြ၊ပြုတ်ကျနှင့်
လူများမပြတ်ဖြစ်နေခဲ့၏။
အလှူရှင်ဦးပျော့ကလည်း မီးများလင်းနေအောင်
ထွန်းပေးထားရှာသည်။
ဘွားမယ်စိန်ကလည်း အလှူရှင်တို့နှင့်စကားပြောပြီးနောက်အိပ်ရာထဲသို့ ဝင်သွားတော့သည်။
မောင်တိုးနဲ့မောင်အုန်းကတော့ မအိပ်ချင်သေး၍
ဟင်းအိုး…ထမင်းအိုးများကိုမီးကူထိုးရင်း
ဝိုင်းကူနေကြရှာသည်။
ထိုသို့သောအချိန်ကြီး၌…
“ရွှီ..ရွှီ…ရွှီ………..”
ဟုသောအသံအကျယ်ကြီးကိုကြားလိုက်ကြရသည်။
စကားပြောနေကြသူများ၊အလှူပွဲအတွက်
ပြင်ဆင်နေကြသူများပင်ထိုအသံကိုနားစွင့်နေကြ၏။
“ဘာသံကြီးလဲဗျ”
“မြွေတွန်သံတွေလိုပဲ”
သိတဲ့သူများကဖြေသလို…
မသိသူများကလည်းဘာသံလေလည်းဟု
နားစွင့်နေကြသည်။
ဘွားမယ်စိန်လည်းအိပ်ရာထဲမှထလာခဲ့သည်။
ဘွားမယ်စိန်ကိုမြင်တော့ မောင်တိုးနဲ့မောင်အုန်းကလည်း
ဘွားမယ်စိန်အနီးသို့ရောက်လာခဲ့ကြသည်။
“ဘွား…ဘာသံတွေလဲမသိဘူး”
ဟု…မောင်တိုးကပြောလိုက်သည်။
“အားလုံးကိုဒီနားလာစုခိုင်းလိုက်…မြန်မြန်ကွဲ့…”
“ဟုတ်….ဟုတ်ကဲ့”
ဘွားမယ်စိန်ကပြောတော့မောင်တိုးနဲ့မောင်အုန်းလည်း…
“အားလုံးလူစုကြပါဗျ…
မြန်မြန်လာကြပါ…”
ဟုအော်ကာခေါ်ကြတော့ လူများမှာ
အထိတ်တလန့်ဖြစ်ကုန်ကြသည်။
ထမင်း၊ဟင်းချက်သူများကလည်းအိုးများကိုပြန်ချပြီး
အပြေးလာကြ၏။
“အမေကြီး…ဘာဖြစ်တာလဲဗျ”
သူဌေးဦးပျော့က အပြေးလာမေးသည်။
“မြွေတွန်သံတွေကြားတယ်…
ဘယ်သူမှမိုက်မိုက်ကန်းကန်းမထွက်ကြနဲ့…
ခဏလေးပဲဟောသည်မှာနေကြကွဲ့…”
ဟုဘွားမယ်စိန်ကပြောတော့ သူဌေးဦးပျော့တို့လည်းဘာမှ
ထပ်မပြောတော့ဘဲရွာလမ်းကိုကြည့်နေခဲ့သည်။
ဖြစ်ချင်တော့ သူဌေးဦးပျော့အိမ်ကရွာထိပ်၌
တည်ဆောက်ထားခြင်းပင်။
“ရွှီ…ရွှီ…ရွှီ…………..”
မြွေတွန်သံများကပို၍ကျယ်လောင်လာခဲ့သည်။
မြွေတွန်သံတွေကြားတော့
လူတွေအတော်လေးထိတ်လန့်နေကြသည်။
စိုးရိမ်မှုများဖြင့် မျက်နှာကလည်းမကောင်းကြပေ။
“ကယ်ကြပါဦး…ကယ်ကြပါဦး…”
“ဟင်…လူသံကြားကြလား…
ဘယ်သူဘာဖြစ်တယ်မသိဘူး”
မြွေတွန်သံနှင့်အတူ အော်ဟစ်
အကူအညီတောင်းသံများကိုပါ
အားလုံးကြားလိုက်ကြသည်။
“ကယ်ကြပါဦးဗျ……..”
ဘွားမယ်စိန်တို့ရှိနေသောအလှုအိမ်ခြံဝိုင်းထဲသို့
လူနှစ်ယောက်အပြေးဝင်လာခဲ့သည်။
“ဘယ်သူတွေလဲကွ….”
“အမယ်လေး…ကယ်ကြပါဦး…
မြွေတွေလိုက်လို့ပါ…ကယ်ကြပါဦး”
“ဟင်…မြွေနိုင်ဆရာခိုင်ပါလား”
မောင်တိုးကထိုလူနှစ်ယောက်ကိုသေချာကြည့်ပြီး
အံ့သြသွားသည်။
မြွေနိုင်ဆရာခိုင်နဲ့သူ့တပည့်တို့ကအတော်လေး
ကြောက်လန့်နေကြပုံရသည်။
အနောက်သို့အထိတ်ထိတ်အလန့်လန့်
ကြည့်ရင်းနဲ့အကူအညီတောင်းနေခဲ့ကြသည်။
“ရွှီ…ရွှီ…ရွှီ…………”
ကျယ်လောင်နေသောမြွေတွန်သံများကြောင့်အားလုံးခြံပြင်ကို
လှမ်းကြည့်မိရာ…
“ဟာ…မြွေတွေအများကြီးပဲ”
“အမယ်လေး…မြွေတွေနည်းတာမဟုတ်ဘူး”
ဟုအော်ဟစ်ကုန်ကြသည်။
ခြံပြင်၌လည်း အရွယ်အစားအမျိုးမျိုးရှိသော
မြွေတို့သည် ပါးပြင်းကြီးထောင်၍
ဒေါသတကြီးရောက်လာခဲ့ကြ၏။
အားလုံးမှာမြွေဟောက်တွေကြီးပဲဖြစ်နေပေသည်။
များပြားလှသောမြွေဟောက်အုပ်ကြီးကြောင့်
ရွာသူ၊ရွာသားတို့မှာအတော်လေးထိတ်လန့်နေကြသည်။
မြွေများခြံဝိုင်းထဲသို့ဝင်လာလေမလားအတွေးဖြင့်
ကြောက်နေကြရှာသည်။
“ကယ်ကြပါဦးဗျာ…ကျုပ်မသေချင်သေးဘူး…
ကျုပ်တို့ကိုကယ်ကြပါဦး”
မြွေနိုင်ဆရာခိုင်က စိတ်များပင်လွတ်ချင်နေပုံရသည်။
ကြောက်လွန်း၍အသားများပင်တုန်ရီနေရှာသည်။
“မောင်ရင်အမှားလုပ်ခဲ့ပုံပဲ…
ဒါကြောင့်ဒီမြွေတွေက မောင်ရင်တို့
အနောက်ကိုလိုက်လာတာပေါ့…”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
မြွေနိုင်ဆရာခိုင်ကတော့မည်သည့်စကားမှပြန်မပြောဘဲ
မြွေများကိုသာ ကြောက်ရွံ့စွာကြည့်နေခဲ့သည်။
“အမှားလုပ်ထားရင်တောင်းပန်လိုက်ကွဲ့…
ဒါမှ မောင်ရင်တို့ဘေးကင်းလိမ့်မယ်”
ဟုဘွားမယ်စိန်ကပြောတော့မြွေနိုင်ဆရာခိုင်က
ဘွားမယ်စိန်ကိုသေချာကြည့်သည်။
အရပ်ကရှည်ပြီးခါးကုန်းနေယုံမက…
မျက်နှာအထက်ကအရေးအကြောင်းများရှိနေသော်လည်း
စူးရှသောမျက်လုံး…တည်ကြည်သောမျက်နှာထားအပြင်
နဂါးတောင်ဝှေးကြီးကိုမာန်အပြည့်နဲ့
ထောက်ထားသောဘွားမယ်စိန်ကို…
“ခင်ဗျားကဘယ်သူတုန်း” ဟုမေးလိုက်သည်။
“ငါဘယ်သူတုန်းထက်…
နင်အခုမြွေပေါက်မသေဖို့အရေးကြီးတယ်မဟုတ်ဖူးလား”
“ဗျာ…”
“သွား…နင်မြွေနိုင်ဆေးတွေရောင်းတုန်းက
ဘယ်သူ့မှဂရုမစိုက်ဖူးလို့ပြောထားတယ်မဟုတ်လား…
နှုတ်ကိုမထိန်းဘဲပြောချင်ရာပြောထားလို့…
နင့်ကိုမကျေနပ်နေကြတာလေ…
ဘယ့်နဲ့ကိုယ့်နယ်မဟုတ်ဘဲ
စိန်ခေါ်ဝံ့တာမောင်ရင်အတော် မိုက်မဲတာပဲကွဲ့”
ဟုဘွားမယ်စိန်ကပြောသောအခါ
မြွေနိုင်ဆရာခိုင်က…
“ဒါဆိုရင်…ကျုပ်အခုဘယ်လိုလုပ်ရမလဲဗျာ…
ဟိုမြွေတွေက ကျုပ်အပြင်ထွက်တာနဲ့ကိုက်မယ့်ပုံပဲဗျ”
“သွား…မောင်ရင့်အမှားကိုသွားတောင်းပန်လိုက်…
ဘွားဒီကနေမောင်ရင့်ကိုဘေးမပြုဖို့
တောင်းဆိုပေးထားမယ်…”
“ဖြစ်ပါ့မလားအမေကြီးရယ်…”
မြွေနိုင်ဆရာခိုင်က ဘွားမယ်စိန်ပြောတာကို
မယုံသလိုဖြစ်နေသည်။
“ဟေ့လူ…ခင်ဗျားမသေချင်ဘူးမလား…
မသေချင်ရင်ကျုပ်တို့ဘွားပြောသလိုလုပ်…
နောက်ပြီးခေါင်းထဲလည်းမှတ်ထား…
ဒီနယ်မှာနာမည်ကြီးတဲ့ဘွားမယ်စိန်ဆိုတာ
ဟောသည်ကဘွားပဲ…
သွား…သွား…ဘွားပြောသလိုလုပ်လိုက်…”
မောင်တိုးက မြွေနိုင်ဆရာခိုင်ကို
လေသံမာမာဖြင့်ပြောလိုက်သည်။
နံဘေးကလူများကလည်းမောင်တိုးစကားကို
ဝိုင်းထောက်ခံကြ၏။
မြွေနိုင်ဆရာခိုင်လည်းခေါင်းကိုကုပ်ရင်းခြံဝဆီသို့
ထွက်သွားလေသည်။
ခြံပြင်ရှိမြွေများကတော့ တရွှီးရွှီးတွန်သံပေးကာ
ပါးပြင်းများထောင်နေကြသည်။
ဘွားမယ်စိန်ကထိုမြွေများကိုကြည့်၍…
“အသင်မြွေတို့…မှားတဲ့လူကသူ့ရဲ့အမှားကို
တောင်းပန်ခဲ့ရင်အသင်မြွေတို့ခွင့်လွှတ်ပေးလိုက်ပါ…
ပညာသည်တွေလည်းစိတ်ကိုလျော့ကြပါ…
ခွင့်လွှတ်ပေးလိုက်ကြပါကွယ်…”
ဟုနှုတ်မှပြောလိုက်သည်။
ဘွားမယ်စိန်ပြောပြီးသည်နှင့် မြွေနိုင်ဆရာခိုင်က
ခြံဝ၌ထိုင်၍လက်အုပ်လေးချီရင်း သူ့အမှားများကို
ခွင့်လွှတ်ပေးဖို့တောင်းပန်ရှာသည်။
“ဒါဆိုရင်သင်တို့ကျေနပ်လောက်ရောပေါ့…
ကိုယ့်နေရာကိုယ်ပြန်ကြပါတော့ကွယ်…”
ဘွားမယ်စိန်စကားဆုံးတော့ မြွေဟောက်အုပ်ကြီးသည်
နောက်သို့လှည့်ပြန်ကုန်ကြ၏။
မြွေဟောက်များမရှိတော့လေမှ မြွေနိုင်ဆရာခိုင်သည်
မျက်နှာငယ်လေးဖြင့် ဘွားမယ်စိန်ရှိရာကိုရောက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ်အမေကြီး…”
ဟုလက်အုပ်ချီကာပြောနေသော မြွေနိုင်ဆရာခိုင်ကို
ရွာသူ၊ရွာသားတို့မှာလူလိမ်ဟုပြောနေကြသည်။
“ဟေ့လူ…ခင်ဗျားဆေးက တကယ်
မြွေနိုင်ဆေးမဟုတ်ဘူးမလား”
“ဒီလူ့ကြည့်ရတာလူလိမ်ပဲ…
ငါတို့ဆီကငွေတွေအလကားလိမ်ယူသွားတာပဲကွ”
“ဟုတ်တယ်…ဒီလူကလူလိမ်ပဲ”
မြွေနိုင်ဆရာခိုင်အနီးသို့ရွာသားများအုံလာကြသည်။
မြွေနိုင်ဆရာခိုင်ကိုရိုက်တော့သတ်တော့မယ့်အတိုင်း
ဒေါသထွက်နေကြ၏။
မြွေနိုင်ဆရာခိုင်ခမျာမြွေရန်အေးသွားသော်လည်း
ရွာသားတွေလက်ချက်ဖြင့်သေရမည်ကိုကြောက်၍…
“တောင်းပန်ပါတယ်ဗျာ…
ဝမ်းရေးအတွက်ညာမိတာပါ
ကျုပ်ကိုခွင့်လွှတ်ပေးကြပါဗျာ…”
ဟု..ငိုကာယိုကာတောင်းပန်လေသည်။
သူ၏တပည့်ဖြစ်သူလည်းလက်အုပ်လေးချီလို့
တောင်းပန်နေရှာ၏။
“ခင်ဗျားမြွေဘယ်မှာလဲ…ပြစမ်းအဲ့မြွေ”
“မြွေတွေလိုက်လို့ပြေးရာက
မြွေသေတ္တာလည်းဘယ်မှာကျန်ခဲ့မှန်းမသိပါဘူးခင်ဗျာ…”
“ကျုပ်တို့ဆီကယူထားတဲ့ပိုက်ဆံတွေကော
ဘယ်မှာလဲ…ပိုက်ဆံတွေပြန်မပေးရင်ခင်ဗျားအသေပဲ”
“ဟောသည်လွယ်အိတ်ထဲမှာရှိပါတယ်ခင်ဗျာ…
ကျုပ်တို့အသက်ကိုတော့ချမ်းသာပေးကြပါ…
နောင်ကြီးတို့အလိုရှိရာကိုယူလို့ရပါတယ်ဗျာ…”
မြွေနိုင်ဆရာခိုင်လွယ်ထားသောအိတ်ကို
ရွာသားတွေဆွဲလုကြသည်။
လုရင်းနဲ့ပင်အချင်းချင်းရန်ဖြစ်ကုန်ကြ၏။
“ဟဲ့အကောင်တွေ…
မြွေပေါက်မသေအောင်လုပ်ပေးထားရဲ့နဲ့
နင်တို့ကရန်ထသတ်ရဲတယ်ပေါ့လေ…
တယ်လည်းသတ္တိကောင်းနေကြသကိုး”
ဟုဘွားမယ်စိန်ကအော်လိုက်လေမှ
ရွာသားတွေလည်းရပ်ကုန်ကြသည်။
ရွာသူကြီးနှင့်ရွာလူကြီးတွေလည်းရောက်လာပြီး
ရွာသားတွေကိုဝိုင်းဆူကြတော့၏။
“ကဲ…ပေး…အဲ့သည်ငွေတွေ…
တို့ရွာသူ၊ရွာသားတွေ မြွေကိုက်ပြီး
သေချင်းဆိုးနဲ့မသေအောင်
ကူညီပေးခဲ့တဲ့အမေကြီးကိုပဲငါပေးလိုက်မယ်…
မကျေနပ်တဲ့သူရှိရင်ပြော…”
ရွာသူကြီးက ရွာသားများလက်ထဲ၌ရှိနေသော
လွယ်အိတ်ကိုဆွဲယူပြီးပြောလိုက်သည်။
မည်သူမှမကျေနပ်ကြောင်းကိုမပြောကြပေ။
“ဒါဆိုရင်အားလုံးသဘောတူတယ်ပေါ့…
ဟုတ်ပြီ…ကဲ…အမေကြီး ကျုပ်တို့ရွာကို
ဘေးကင်းအောင်ကူညီပေးတဲ့အတွက်
အားလုံးကိုယ်စားကျုပ်က
ကျေးဇူးတင်ပါတယ်ဗျာ…
ဒီလောက်နဲ့နည်းသေးတယ်ဆိုတာကျုပ်သိပါတယ်…
မိုးလင်းတာနဲ့ထပ်ပြီးကန်တော့ဖို့လည်းကျုပ်ဦးဆောင်မှာပါ
ဒါလေးကိုအရင်လက်ခံပေးပါခင်ဗျာ…”
ဟု…ရွာသူကြီးကပြောတော့ မောင်တိုးနဲ့မောင်အုန်းမှာ
အုန်းစုရွာသူကြီးတော့သွားပြီဟုအတွေးဖြင့်ကြည့်နေခဲ့ကြ၏။
ဘွားမယ်စိန်ကလည်းသူကြီးပေးသော
လွယ်အိတ်ကိုမယူဘဲ…
“သူကြီးဆိုတဲ့အကောင်…
နင်ကပါမိုက်လုံးကြီးနေတော့နင့်ရွာထဲကိုလိမ်မယ့်…
ညာမယ့်သူတွေဝင်ကုန်ပြီပေါ့ဟဲ့…
နင်ပေးတဲ့ပစ္စည်းကိုဘုန်းကြီးကျောင်းမှာသွားလှူလိုက်
ငါကူညီတယ်ဆိုတာအဿပြာကြောင့်မဟုတ်ဘူး…
ဟိုအကောင်ကလည်းသူမှားကြောင်းတောင်းပန်ပြီးပြီ…
ကျန်တဲ့အကောင်တွေကလည်းကိုယ်အ လို့အလိမ်ခံရတာကို
ဒေါသထွက်နေတာမရှက်ကြဘူးလား…
ကဲ…မောင်ရင်တို့အားလုံးပြန်ကြတော့
မနက်အလှူပြီးရင်ငါလည်းငါ့ရွာငါပြန်မယ်…
ဒီကိစ္စဒီမှာထားလိုက်တော့”
ဟုပြောကာဘွားမယ်စိန်လည်း အိမ်ကြီးထဲသို့
ပြန်ဝင်သွားလေသည်။
ရွာသူကြီးနှင့်ကျန်လူများကတော့ တအံ့တသြဖြစ်ကာ
ကျန်ရစ်ခဲ့ကြ၏။
“သူကြီးတို့က ကျုပ်တို့ဘွားအကြောင်းမသိကြဘူးပဲဗျ…
ကျုပ်တို့ဘွားကဘယ်တော့မှငွေလက်မခံဘူးဗျ…
ဒီလောက်ဆိုသိကြရောပေါ့…”
မောင်အုန်းကလည်းသူကြီးတို့ကိုပြောပြီး
အနားမှထွက်သွားတော့သည်။
ကျန်ရစ်သောမောင်တိုးအနီးကိုကပ်၍
အားလုံးကဘွားမယ်စိန်အကြောင်းမေးကြ၏။
မောင်တိုးကလည်းသိသမျှပြောပြလေတော့
အားလုံးမှာသူတို့မှားကြောင်းသိသွားကြလေသည်။
နောက်တစ်နေ့နံနက်ရောက်တော့
အလှူပွဲ၌ထိုင်နေသောဘွားမယ်စိန်ဆီကို
လူများအုပ်စုလိုက်ရောက်လာခဲ့ကြသည်။
ထိုသူတို့မှာ ရွာသူကြီးနှင့်ရွာသူ၊ရွာသားတို့ပင်ဖြစ်ကြသည်။
ထိုသူတို့ကဘွားမယ်စိန်ကိုလက်အုပ်ချီကာ
ကန်တော့ကြပြီးသူတို့အမှားများကိုတောင်းပန်ကြလေသည်။
ဘွားမယ်စိန်ကလည်းဆုများပေးပြီး
ခွင့်လွှတ်ကြောင်းပြောလေတော့မှ
အားလုံးလည်းဝမ်းသာကုန်ကြ၏။
ထိုနေ့တွင်အလှူပွဲ၌တစ်ရွာလုံးပျော်ပျော်ရွင်ရွှင်
ပါဝင်ခဲ့ကြသည်။
မြွေနိုင်ဆရာခိုင်နှင့်သူ့တပည့်များကတော့
ရွာမှထွက်သွားကြပြီဖြစ်၏။
ညကသူတို့အိပ်သောရွာအပြင်ရှိ ဇရပ်အပေါ်၌တော့
သူတို့၏အသုံးအဆောင်များကိုထားရစ်ခဲ့ကြသည်။
သူတို့လည်းနောက်နောင်တွင်ယခုလိုကိစ္စမျိုးထပ်မံ
လုပ်ရဲလိမ့်မည်မဟုတ်တော့ပေ။
ဘွားမယ်စိန်တို့လည်းအလှူပြီးနောက်ရက်မှ
သောင်ထွန်းရွာကိုပြန်လာခဲ့ကြတော့၏။
ထိုသို့ဖြင့် ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္ႏွင့္ ေႁမြႏိုင္ဆရာခိုင္(စ/ဆုံး)
————————————————–
ဘြားမယ္စိန္သည္ ေမာင္တိုးနဲ႔ေမာင္အုန္းကို
အေဖာ္ေခၚ၍ အုန္းစု႐ြာ၏အလႉ၌ေရာက္ရွိေနခဲ့သည္။
အုန္းစု႐ြာသည္ ႐ြာႀကီးတစ္႐ြာေပမို႔…
အစစအရာရာတစ္ျခား႐ြာမ်ားထက္သာလြန္ေပသည္။
ထို႐ြာ၏သူေဌးစာရင္းဝင္ျဖစ္ၾကေသာ
ဦးေပ်ာ့ႏွင့္ေဒၚေထြးၾကည္တို႔၏အလႉမွာလည္း
လာေရာက္သူမ်ားႏွင့္စည္ကားလြန္းလွသည္။
ဘြားမယ္စိန္ကိုတကူးတကလာေရာက္ဖိတ္ၾကားထားသည္
ျဖစ္တာေၾကာင့္ဘြားမယ္စိန္တို႔ေရာက္လာခဲ့ျခင္းျဖစ္သည္။
႐ြာတစ္႐ြာ၌အလႉရွိသည္ဆိုသည္ႏွင့္
လာေရာက္ေဈးေရာင္းၾကေသာေဈးသည္မ်ားလည္းရွိ၍
အလႉမွာပြဲေဈးတန္းတစ္ခုအလားစည္ကားေနခဲ့သည္။
ဘြားမယ္စိန္ႏွင့္ေမာင္တိုးတို႔ကအလႉရွင္၏
အိမ္၌တည္းခိုၾက၏။
“ကိုႀကီးအုန္း…ေႁမြႏိုင္ဆရာခိုင္တဲ့ဗ်…
သြားၾကည့္ၾကရေအာင္…”
ဟုေမာင္တိုးက ေမာင္အုန္းကိုလက္တို႔ကာေခၚလိုက္သည္။
နံေဘး၌ထိုင္ေနေသာဘြားမယ္စိန္က လက္ဖက္ဝါးေနရင္းမွ
ေမာင္တိုးကိုၾကည့္ေလေတာ့ ေမာင္တိုးမွာ
သြားႀကီးကိုၿဖီးၿပီးတဟီးဟီးရယ္ေလသည္။
“ဟဲ့….ေကာင္ေလး …
ဘာေတြတိုးတိုး…တိုးတိုးေျပာေနတာလဲ”
ဟု…ဘြားမယ္စိန္ကေမးေတာ့ေမာင္တိုးကမေျဖရဲဘဲ
ေခါင္းကိုကုပ္ေနသည္။
ေမာင္အုန္းကကြမ္းဝါးေနရင္းမွ…
“ဘြား သားက ေႁမြႏိုင္ဆရာခိုင္ကိုသြားၾကည့္ခ်င္လို႔တဲ့ဗ်”
ဟု…ေျပာေလေတာ့ ေမာင္တိုးကေမာင္အုန္းေက်ာကို
လက္သီးစုပ္ျဖင့္ထုလိုက္ေလသည္။
“ေနပါဦးကြဲ႕…ဒီ႐ြာမွာဘယ္ကေႁမြႏိုင္
ဆရာခိုင္ေရာက္ေနတာလဲ…
ေမာင္ရင္ကေရာ ဘယ္လိုသိလာတာတုန္း…”
ဟုေမးေလေတာ့ ေမာင္တိုးက…
“ဟို…အေစာက က်ဳပ္႐ြာထဲလမ္းေလွ်ာက္ရင္းနဲ႔
ေတြ႕လာတာပါ…”
“အလို…ကဲ…ဒီလိုဆိုရင္ျဖင့္
ဘြားလည္းၾကည့္ခ်င္တာေပါ့ကြယ္…
သြားၾကမယ္ေလ…”
ဟုေျပာ၍ ဘြားမယ္စိန္ကေနရာမွထရပ္လိုက္သည္။
ေမာင္တိုးကမ်က္လုံးျပဴးသြားေသာ္လည္း
ေမာင္အုန္းက…
“ကဲ…မင္းသိပ္သြားခ်င္ေနတာမဟုတ္လား…
သြားၾကတာေပါ့ကြာ…”
ဟုေျပာ၍ေမာင္တိုးပုခုံးကိုဖက္၍ေခၚသြားေတာ့သည္။
“အေမႀကီး…ဘယ္ကိုသြားမလို႔လဲဗ်”
“ေၾသာ္…ေမာင္ေပ်ာ့…ဘြားတို႔႐ြာထဲ
လမ္းေလွ်ာက္ခ်င္လို႔ပါကြယ္…”
“ဟုတ္ကဲ့…က်ဳပ္တို႔
ညစာျပင္ထားမွာမလို႔
ေစာေစာေတာ့ျပန္လာၾကပါအေမႀကီး”
“ေအး…ေအး…ေအး…”
ဘြားမယ္စိန္လည္းသူေဌးဦးေပ်ာ့ႏွင့္စကားခဏရပ္ေျပာၿပီးေနာက္ ေမာင္တိုးေနာက္သို႔လိုက္လာခဲ့သည္။
႐ြာထဲကလူေတြကလည္းေတာင္ေဝွးႀကီးေထာက္၍
လမ္းေလွ်ာက္ေနေသာဘြားမယ္စိန္ကို
စိတ္ဝင္တစားၾကည့္ေနၾကသည္။
ဘြားမယ္စိန္ကၿပဳံးရယ္ျပေလေတာ့မွအားလုံးက
ရဲရဲတင္းတင္းျပန္လည္ၿပဳံးျပၾကရွာသည္။
“မေရာက္ေသးဘူးလားကြဲ႕”
ဘြားမယ္စိန္အေမးေၾကာင့္ေမာင္တိုးက
အေနာက္သို႔လွည့္ၿပီး…
“ဟိုေရွ႕ဆိုေရာက္ပါၿပီဘြားရဲ႕”
ဟုလက္ညိဳးထိုးကာေျပာေလသည္။
ေမာင္တိုးၫႊန္ျပသည့္အနီး၌ လူမ်ား
ဝိုင္းအုံကာၾကည့္ေနၾကသည္။
အမ်ားဆုံးရွိေနသည္က ႐ြာသားမ်ားျဖစ္ၿပီး ထိုထဲမွ
ကေလးမ်ားႏွင့္မိန္းမငယ္မ်ားကလည္းစိတ္ဝင္တစားျဖင့္
ၾကည့္ေနခဲ့ၾက၏။
အသားညိဳညိဳ….ေထာင္ေထာင္းေမာင္းရွိလွသည့္လူမွာ
ခႏၶာကိုယ္၌အင္းကြက္မ်ားက
အပ္ခ်စရာမရွိေအာင္ျပည့္ႏွက္ေနေပသည္။
ထိုလူႏွင့္သူ၏နံေဘး၌ တပည့္ျဖစ္သူႏွစ္ဦးကို
လူမ်ားကဝိုင္းဖြဲ႕ၾကည့္ေနျခင္းျဖစ္၏။
“လာေရာက္ၾကည့္ရႈ႕ေနၾကတဲ့ ပရိတ္သတ္ႀကီးခင္ဗ်ာ…
က်ဳပ္နာမည္ကိုေႁမြႏိုင္ဆရာခိုင္လို႔ေခၚပါတယ္…
က်ဳပ္ရဲ႕ဆရာ့…ဆရာႀကီးမ်ားထံမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ပညာသင္ၾကားခဲ့သူပါ…
အခုက်ဳပ္ျပမယ့္ပညာကို ပရိတ္သတ္ႀကီးတို႔ေသခ်ာၾကည့္ႏိုင္ပါတယ္…ေဟာသည္ ေသတၱာထဲမွာမၾကာခင္ရက္ပိုင္းကမွ
ဖမ္းဆီးထားတဲ့အဆိပ္ျပင္းေႁမြေဟာက္ႏွစ္ေကာင္ရွိပါတယ္…
ဒီေကာင္ေတြနဲ႔က်ဳပ္… သူတျပန္…
ငါတျပန္ ပညာၿပိဳင္ၾကည့္ၾကမယ္ဗ်ာ…
က်ဳပ္ကစရင္သူကေပါက္မယ္…
သူကေပါက္ရင္က်ဳပ္ကလည္းေက်ေက်နပ္နပ္ႀကီးအကိုက္ခံမယ္ဗ်ာ…အဲ့သည္လိုအဆိပ္ျပင္းတဲ့အေကာင္ကို
က်ဳပ္ဘယ္လိုယွဥ္မလဲဆိုတာ
အားလုံးမ်က္ျမင္ၾကည့္ရႈ႕ႏိုင္ပါတယ္ခင္ဗ်ာ….။
ေနာက္ၿပီးႀကိဳၿပီး သတိေပးစရာေလးရွိပါတယ္…
အဲ့တာကေတာ့ က်ဳပ္ေႁမြႏိုင္ဆရာခိုင္ရဲ႕ပညာကို
စမ္းခ်င္တဲ့ စုန္း၊တေစၦ၊ကေဝ၊ေျမဖုတ္၊သရဲ၊က်တ္၊အသူရကာယ္ဘာေကာင္ကိုမွက်ဳပ္ကဂ႐ုမစိုက္ပါဘူး…
ပညာၿပိဳင္ခ်င္ရင္ခ်က္ခ်င္းက်ဳပ္ကိုေျပာပါ…
အကယ္၍ေဟာသည္႐ြာမွာျပဳစား၊ေျခာက္စားခံထားရသူမ်ားရွိရင္လည္းက်ဳပ္ဆီကိုလာပါ…
ျပဳထား…ေျခာက္ထားတဲ့ပညာသည္က်ဳပ္ေရွ႕မွာ
ဒူးေထာက္ၿပီးငိုေစရပါမယ္…
ကဲဗ်ာ…ေျပာေနတာၾကာပါတယ္…
က်ဳပ္ရဲ႕ပညာကိုအားလုံးရႈ႕စားၾကပါခင္ဗ်ာ…”
ဟု…ေႁမြႏိုင္ဆရာခိုင္ကေျပာလိုက္သည္။
ေႁမြႏိုင္ဆရာခိုင္၏ဥပဓိ႐ုပ္ကခန႔္ညားၿပီး
လူေလးစားဖြယ္႐ုပ္မ်ိဳးရွိသည္။
သူ၏အသံကလည္းျပတ္သားမာေက်ာ၏။
ေမာင္တိုးနဲ႔ေမာင္အုန္းက ေရွ႕ဆုံး၌ ထိုင္ကာၾကည့္ၾကသည္။
ဘြားမယ္စိန္ကလည္းသူတို႔၏အေနာက္၌ေတာင္ေဝွးႀကီးကို
ေထာက္၍စိတ္ဝင္တစားၾကည့္ေန၏။
သူတို႔ၾကည့္ေနစဥ္ ေႁမြႏိုင္ဆရာခိုင္က
ေႁမြထည့္ထားေသာေသတၱာကိုသူ၏တပည့္အား
အဖုံးဖြင့္ခိုင္းလိုက္သည္။
ေႁမြႏိုင္ဆရာခိုင္ကေတာ့သူ၏လက္ထဲ၌ႀကိမ္လုံးေလးတစ္လုံးကိုကိုင္ထားၿပီးေႁမြရွိေသာေသတၱာကိုႀကိမ္လုံးျဖင့္
႐ိုက္ကာ ေႁမြအား စ ေနခဲ့သည္။
“အားလုံးၾကည့္ၾကပါဗ်ာ…
ေဟာသည္ေကာင္ကိုေတာ့ေႁမြေဟာက္လို႔ေခၚၾကပါတယ္…
သူကိုက္ရင္ ဘယ္ေဆးမွမမွီႏိုင္တာကိုအားလုံးသိၾကမွာပါ…”
ဟုေျပာရင္းေႁမြကို စ ေနခဲ့သည္။
ေႁမြကလည္း ေသတၱာထဲမွေခါင္းထြက္ရင္း တရႈးရႈးျဖင့္
ပါးျပင္ႀကီးေထာင္ၿပီး ေပါက္ဖို႔ရန္ဟန္ျပင္ေနသည္။
ၾကည့္ေနသူမ်ားကေတာ့အေတာ္ေလးစိတ္ဝင္စားေနၾကသည္။
ေႁမြႀကီးကိုၾကည့္ၿပီးေၾကာက္သူမ်ားကလည္းေၾကာက္…
ေႁမြႏိုင္ဆရာခိုင္မည္သို႔လုပ္ေလမလဲဟု စိတ္ဝင္စားေနၾကသူမ်ားကလည္းအသံပင္တိတ္ေနခဲ့ၾကသည္။
“ကဲ…ဒီေကာင့္ကိုဆရာကိုင္ၾကည့္မယ္…
က်ဳပ္သူ႔ကိုကိုင္ထားရင္သူက်ဳပ္ကိုေပါက္မွာအမွန္ပဲ…
ဒါေပမယ့္ကိုင္ျပမယ္ဗ်ာ…
ကဲ…မင္းကပဲအဆိပ္ျပင္းသလား…
ငါကပဲမင္းအဆိပ္ကိုႏိုင္မလား…
အားလုံးေရွ႕မွာျပမယ္ေဟ့…”
ဟုဆိုကာ…ေႁမြကိုေကာက္ကိုက္လိုက္သည္။
“အမယ္ေလး…ေပါက္ၿပီေတာ့္…”
“ဘုရား…ဘုရား…ဘုရား…”
ေႁမြႏိုင္ဆရာခိုင္လက္ထဲေရာက္သည္ႏွင့္
ေႁမြဟာက္ႀကီးကေဒါသတႀကီးျဖင့္ ေႁမြႏိုင္ဆရာခိုင္၏
လက္ကိုေပါက္ခ်လိုက္သည္။
“ေပါက္စမ္း…ကဲ…ေပါက္…”
ေႁမြကလည္းေဒါသတႀကီးသုံးခ်က္ေလာက္ဆင့္ကာ
ေပါက္လိုက္သည္။
ေႁမြႏိုင္ဆရာခိုင္ကေတာ့ၿပဳံးၿပဳံးႀကီးျဖင့္ ပရိတ္သတ္ကို
ၾကည့္ေနခဲ့သည္။
“ကဲ…မင္းေနရာမင္းျပန္ဝင္ေတာ့…”
ဟုဆိုကာ ေႁမြကိုေသတၱာထဲ၌ျပန္ထည့္လိုက္သည္။
“အားလုံးလည္းက်ဳပ္ရဲ႕ ပညာကိုျမင္ၿပီးၾကမွာပါ…
ေဟာသည္လိုေႁမြကိုက္ခံရတာေတာင္
က်ဳပ္ဘာမွမျဖစ္တာ…ေသခ်ာၾကည့္ၾကပါ…”
ဟုေျပာကာေႁမြေပါက္ခံရေသာဒဏ္ရာကို
အားလုံးကိုျပသည္။
ၿပီးေလေတာ့…
“က်ဳပ္အခုလိုေႁမြႏိုင္ဆရာခိုင္လို႔
အမည္ရခဲ့တာက နည္းနည္းေႏွာေႏွာ
ႀကိဳးစားမႈမဟုတ္ပါဘူးခင္ဗ်ာ…
ပညာရဖို႔သုံးႏွစ္သုံးမိုးလိုက္စားၿပီး…
ေတာေတာင္ေရေျမအထပ္ထပ္မွာက်င့္စဥ္ေတြကို
က်င့္ခဲ့ရတာပါ…
အဲ့သည္လိုက်င့္လို႔လည္းအခုလိုအစြမ္းသတၱိကိုပိုင္ဆိုင္ထားတာေပါ့ခင္ဗ်ာ…
ကဲဗ်ာ…က်ဳပ္ေမးစမ္းပါဦးမယ္…
ခင္ဗ်ားတို႔ေကာက်ဳပ္လို…မျဖစ္ခ်င္ၾကဘူး”
“ျဖစ္ခ်င္တာေပါ့…”
“ျဖစ္ခ်င္ပါတယ္…”
ေႁမြႏိုင္ဆရာခိုင္ကေမးေတာ့
အားလုံးကျဖစ္ခ်င္ေၾကာင္းေအာ္ကာေျဖၾကသည္။
“က်ဳပ္ကတစ္ကိုယ္ေကာင္းမဆန္တတ္ပါဘူးဗ်ာ…
က်ဳပ္လိုမ်ိဳးတျခားသူေတြကိုလည္းျဖစ္ေစခ်င္ပါတယ္…
အဲ့တာေၾကာင့္ က်ဳပ္ရဲ႕ပညာနဲ႔အစြမ္းထက္ေဆးတမ်ိဳးကိုဖန္တီးခဲ့ပါတယ္..အဲ့တာကေတာ့ေဟာသည္ထုံးမန္းေလးပါပဲ…
ဒီေဆးကိုနကၡနဲ႔စီရင္မန္းမႈတ္ၿပီး…ကိုးဂဏန္းအဓိဠာန္ဝင္ထားရတာပါ…ကိုးဂဏန္းဆိုတာကလည္းကိုးသခ်ႋဳင္းနဲ႔ကိုးႏွစ္ကိုးလကိုးရက္ကိုေျပာတာပါခင္ဗ်ာ…
သခ်ႋဳင္းႀကီးကိုးခုမွာ…တစ္ႏွစ္ကိုးလကိုးရက္ၾကာေအာင္
စီရင္ထားရတဲ့အဖိုးတန္တဲ့ေဆးပါပဲ…
ဒီေဆးကိုလွ်ာမထိအာမထိမ်ိဳလိုက္တာနဲ႔
အဲ့သည္လူကိုဘယ္လိုေႁမြဆိုးကိုက္ကိုက္
အသက္မေသေတာ့ပါဘူး…
ဒါကိုခင္ဗ်ားတို႔နားလည္ေအာင္ေျပာရရင္
ေႁမြၿပီးတယ္လို႔ေျပာရမွာေပါ့ဗ်ာ…”
“ခင္ဗ်ားေဆးကဟုတ္ေကာဟုတ္လို႔လား”
ၾကည့္သူမ်ားထဲမွ အရပ္ပုပုနဲ႔လူကေမးလိုက္ေတာ့
ေႁမြႏိုင္ဆရာခိုင္က ၿပဳံးၿပဳံးႀကီးျဖင့္…
“မိတ္ေဆြမယုံရင္စမ္းသပ္ႏိုင္ပါတယ္”
ဟုေျပာလိုက္သည္။
ထိုလူပုကလည္း…
“ေကာင္းၿပီေလ…အဲ့တာဆိုစမ္းတာေပါ့…”
ဟုထကာရပ္လိုက္သည္။
“ေရာ့မိတ္ေဆြ…ဒီေဆးကို လွ်ာမထိအာမထိၿမိဳခ်ေပေတာ့”
ဟုေႁမြႏိုင္ဆရာခိုင္က ေဆးလုံးတစ္လုံးကိုေပးလိုက္သည္။
လူပုကလည္းေဆးလုံးကိုၿမိဳခ်လိုက္၏။
ေႁမြႏိုင္ဆရာခိုင္ကေႁမြေဟာက္ႀကီးကိုေသတၱာထဲမွ
ထုတ္ယူၿပီး…
“ကဲ…ေပါက္လိုက္စမ္းသားႀကီးရဲ႕…”
ဟုေျပာေတာ့ေႁမြကလည္းခ်က္ခ်င္းပင္
လူပု၏လက္ကိုေပါက္ခ်လိုက္သည္။
ေႁမြေပါက္ၿပီးခဏၾကာေတာ့ လူပုကမည္သို႔မွမျဖစ္၍
အေတာ္ေလးဝမ္းသာသြားသည္။
“ဆရာ…ဆရာ့ေဆးကအေတာ္အစြမ္းထက္တာပဲဗ်…”
ဟု…ေျပာေလေတာ့ ေႁမြႏိုင္ဆရာခိုင္ကၿပဳံး၍…
“ခင္ဗ်ားယုံၿပီမဟုတ္လား”
“က်ဳပ္ယုံပါၿပီဆရာ…က်ဳပ္ယုံပါၿပီ…”
ေႁမြႏိုင္ဆရာခိုင္ကိုအားလုံးကအထင္ႀကီးကုန္သည္။
“က်ဳပ္ရဲ႕ေဆးကို ေဟာသည္ပရိတ္သတ္ထဲက
ယုံၾကည္လို႔သုံးခ်င္သူမ်ားရွိၾကလားခင္ဗ်ာ…”
“ရွိပါတယ္…က်ဳပ္တို႔လိုခ်င္ပါတယ္…”
“လိုခ်င္ပါတယ္ဆရာ…”
ေႁမြႏိုင္ဆရာခိုင္၏ေဆးကိုအလုအယက္ဝယ္ခ်င္ေနၾကသည္။
“ကဲ…ဟုတ္ၿပီဗ်ာ…
က်ဳပ္ကလည္းေစတနာနဲ႔ေပးခ်င္ပါတယ္…
ဒါေပမယ့္ဒီေဆးေဖာ္ထားတဲ့အရင္းေလးရရင္ကိုပဲေက်နပ္လို႔
ေစတနာရွိသေလာက္သာေပးၾကပါ…
တစ္ဦးကိုေဆးတစ္လုံးက်ေဝေပးပါ့မယ္ဗ်ာ…”
“က်ဳပ္ကိုေပး…က်ဳပ္ယူမယ္ဆရာ…”
“က်ဳပ္လည္းလိုခ်င္တယ္ဆရာ…”
အားလုံးကိုေဆးတစ္လုံးစီေပးၿပီးေနာက္
ေႁမြႏိုင္ဆရာခိုင္၏လက္ထဲရွိေငြဖလားခြက္ထဲ၌ ေငြမ်ားက
အျပည့္အေမာက္ပင္ျဖစ္ေနခဲ့၏။
“ကဲ…ဒီေန႔ေတာ့ဒီေလာက္ပဲဗ်ာ…
ေနာက္ထပ္ေဆးထပ္ေဖာ္လို႔ရရင္ေတာ့
က်ဳပ္ထပ္လာခဲ့ပါဦးမယ္”
ၾကည့္ေနသူမ်ားကလည္းလိုခ်င္တာရသြား၍
အလွ်ိဳအလွ်ိဳျပန္ကုန္ၾကသည္။
ဘြားမယ္စိန္က ေႁမြႏိုင္ဆရာခိုင္ကို
ေသခ်ာစူးစိုက္ၾကည့္ၿပီးမွလွည့္ျပန္လာခဲ့၏။
အေနာက္၌လည္းေမာင္တိုးနဲ႔ေမာင္အုန္းကစကား
ေျပာရင္းလိုက္လာခဲ့ၾကသည္။
“ကိုႀကီးအုန္း…ခင္ဗ်ာဘာလို႔ဒီေဆးလုံးကိုမယူရတာလဲ”
“မရခ်င္ပါဘူးကြာ…”
“အင္း…က်ဴပ္လည္းစိတ္ထဲတစ္မ်ိဳးပဲဗ်…”
“ဘယ္လိုတစ္မ်ိဳးတုန္းေမာင္တိုးရဲ႕”
“အေစာကျပန္ခါနီးေလ ဘြားက
ေႁမြႏိုင္ဆရာခိုင္ကိုစိုက္ၾကည့္ေနတာ
ကိုႀကီးအုန္းမျမင္လိုက္ဘူးလား”
“ဟာ…ဒီတိုင္းပဲၾကည့္တာျဖစ္မွာပါကြာ…”
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔စကားဆက္မေျပာဘဲ
လမ္းေလွ်ာက္လာၾကခ်ိန္…
“ေမာင္ရင္တို႔လည္းသတိနဲ႔ေနၾကဦး…
ၾကည့္ရတာဒီ႐ြာမွာတစ္ခုခုျဖစ္လာေတာ့မယ္ထင္တယ္ကြဲ႕”
“ဗ်ာ…”
အေရွ႕မွလမ္းသြားရင္းေျပာလိုက္ေသာ ဘြားမယ္စိန္ေၾကာင့္
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔အံ့ၾသသြားသည္။
ဘာေၾကာင့္လဲဟုေမးခ်င္ၾကေသာ္လည္း
မေမးရဲ၍ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ေနခဲ့ၾက၏။
*********************************
အခ်ိန္ကမိုးပင္အေတာ္ေလးခ်ဳပ္ေနေလၿပီ။
ဘြားမယ္စိန္တို႔တည္းသည္မွာအလႉရွင္အိမ္ျဖစ္တာေၾကာင့္
မနက္အတြက္ခ်က္ၾက၊ျပဳတ္က်ႏွင့္
လူမ်ားမျပတ္ျဖစ္ေနခဲ့၏။
အလႉရွင္ဦးေပ်ာ့ကလည္း မီးမ်ားလင္းေနေအာင္
ထြန္းေပးထားရွာသည္။
ဘြားမယ္စိန္ကလည္း အလႉရွင္တို႔ႏွင့္စကားေျပာၿပီးေနာက္အိပ္ရာထဲသို႔ ဝင္သြားေတာ့သည္။
ေမာင္တိုးနဲ႔ေမာင္အုန္းကေတာ့ မအိပ္ခ်င္ေသး၍
ဟင္းအိုး…ထမင္းအိုးမ်ားကိုမီးကူထိုးရင္း
ဝိုင္းကူေနၾကရွာသည္။
ထိုသို႔ေသာအခ်ိန္ႀကီး၌…
“႐ႊီ..႐ႊီ…႐ႊီ………..”
ဟုေသာအသံအက်ယ္ႀကီးကိုၾကားလိုက္ၾကရသည္။
စကားေျပာေနၾကသူမ်ား၊အလႉပြဲအတြက္
ျပင္ဆင္ေနၾကသူမ်ားပင္ထိုအသံကိုနားစြင့္ေနၾက၏။
“ဘာသံႀကီးလဲဗ်”
“ေႁမြတြန္သံေတြလိုပဲ”
သိတဲ့သူမ်ားကေျဖသလို…
မသိသူမ်ားကလည္းဘာသံေလလည္းဟု
နားစြင့္ေနၾကသည္။
ဘြားမယ္စိန္လည္းအိပ္ရာထဲမွထလာခဲ့သည္။
ဘြားမယ္စိန္ကိုျမင္ေတာ့ ေမာင္တိုးနဲ႔ေမာင္အုန္းကလည္း
ဘြားမယ္စိန္အနီးသို႔ေရာက္လာခဲ့ၾကသည္။
“ဘြား…ဘာသံေတြလဲမသိဘူး”
ဟု…ေမာင္တိုးကေျပာလိုက္သည္။
“အားလုံးကိုဒီနားလာစုခိုင္းလိုက္…ျမန္ျမန္ကြဲ႕…”
“ဟုတ္….ဟုတ္ကဲ့”
ဘြားမယ္စိန္ကေျပာေတာ့ေမာင္တိုးနဲ႔ေမာင္အုန္းလည္း…
“အားလုံးလူစုၾကပါဗ်…
ျမန္ျမန္လာၾကပါ…”
ဟုေအာ္ကာေခၚၾကေတာ့ လူမ်ားမွာ
အထိတ္တလန႔္ျဖစ္ကုန္ၾကသည္။
ထမင္း၊ဟင္းခ်က္သူမ်ားကလည္းအိုးမ်ားကိုျပန္ခ်ၿပီး
အေျပးလာၾက၏။
“အေမႀကီး…ဘာျဖစ္တာလဲဗ်”
သူေဌးဦးေပ်ာ့က အေျပးလာေမးသည္။
“ေႁမြတြန္သံေတြၾကားတယ္…
ဘယ္သူမွမိုက္မိုက္ကန္းကန္းမထြက္ၾကနဲ႔…
ခဏေလးပဲေဟာသည္မွာေနၾကကြဲ႕…”
ဟုဘြားမယ္စိန္ကေျပာေတာ့ သူေဌးဦးေပ်ာ့တို႔လည္းဘာမွ
ထပ္မေျပာေတာ့ဘဲ႐ြာလမ္းကိုၾကည့္ေနခဲ့သည္။
ျဖစ္ခ်င္ေတာ့ သူေဌးဦးေပ်ာ့အိမ္က႐ြာထိပ္၌
တည္ေဆာက္ထားျခင္းပင္။
“႐ႊီ…႐ႊီ…႐ႊီ…………..”
ေႁမြတြန္သံမ်ားကပို၍က်ယ္ေလာင္လာခဲ့သည္။
ေႁမြတြန္သံေတြၾကားေတာ့
လူေတြအေတာ္ေလးထိတ္လန႔္ေနၾကသည္။
စိုးရိမ္မႈမ်ားျဖင့္ မ်က္ႏွာကလည္းမေကာင္းၾကေပ။
“ကယ္ၾကပါဦး…ကယ္ၾကပါဦး…”
“ဟင္…လူသံၾကားၾကလား…
ဘယ္သူဘာျဖစ္တယ္မသိဘူး”
ေႁမြတြန္သံႏွင့္အတူ ေအာ္ဟစ္
အကူအညီေတာင္းသံမ်ားကိုပါ
အားလုံးၾကားလိုက္ၾကသည္။
“ကယ္ၾကပါဦးဗ်……..”
ဘြားမယ္စိန္တို႔ရွိေနေသာအလႈအိမ္ၿခံဝိုင္းထဲသို႔
လူႏွစ္ေယာက္အေျပးဝင္လာခဲ့သည္။
“ဘယ္သူေတြလဲကြ….”
“အမယ္ေလး…ကယ္ၾကပါဦး…
ေႁမြေတြလိုက္လို႔ပါ…ကယ္ၾကပါဦး”
“ဟင္…ေႁမြႏိုင္ဆရာခိုင္ပါလား”
ေမာင္တိုးကထိုလူႏွစ္ေယာက္ကိုေသခ်ာၾကည့္ၿပီး
အံ့ၾသသြားသည္။
ေႁမြႏိုင္ဆရာခိုင္နဲ႔သူ႔တပည့္တို႔ကအေတာ္ေလး
ေၾကာက္လန႔္ေနၾကပုံရသည္။
အေနာက္သို႔အထိတ္ထိတ္အလန႔္လန႔္
ၾကည့္ရင္းနဲ႔အကူအညီေတာင္းေနခဲ့ၾကသည္။
“႐ႊီ…႐ႊီ…႐ႊီ…………”
က်ယ္ေလာင္ေနေသာေႁမြတြန္သံမ်ားေၾကာင့္အားလုံးၿခံျပင္ကို
လွမ္းၾကည့္မိရာ…
“ဟာ…ေႁမြေတြအမ်ားႀကီးပဲ”
“အမယ္ေလး…ေႁမြေတြနည္းတာမဟုတ္ဘူး”
ဟုေအာ္ဟစ္ကုန္ၾကသည္။
ၿခံျပင္၌လည္း အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိေသာ
ေႁမြတို႔သည္ ပါးျပင္းႀကီးေထာင္၍
ေဒါသတႀကီးေရာက္လာခဲ့ၾက၏။
အားလုံးမွာေႁမြေဟာက္ေတြႀကီးပဲျဖစ္ေနေပသည္။
မ်ားျပားလွေသာေႁမြေဟာက္အုပ္ႀကီးေၾကာင့္
႐ြာသူ၊႐ြာသားတို႔မွာအေတာ္ေလးထိတ္လန႔္ေနၾကသည္။
ေႁမြမ်ားၿခံဝိုင္းထဲသို႔ဝင္လာေလမလားအေတြးျဖင့္
ေၾကာက္ေနၾကရွာသည္။
“ကယ္ၾကပါဦးဗ်ာ…က်ဳပ္မေသခ်င္ေသးဘူး…
က်ဳပ္တို႔ကိုကယ္ၾကပါဦး”
ေႁမြႏိုင္ဆရာခိုင္က စိတ္မ်ားပင္လြတ္ခ်င္ေနပုံရသည္။
ေၾကာက္လြန္း၍အသားမ်ားပင္တုန္ရီေနရွာသည္။
“ေမာင္ရင္အမွားလုပ္ခဲ့ပုံပဲ…
ဒါေၾကာင့္ဒီေႁမြေတြက ေမာင္ရင္တို႔
အေနာက္ကိုလိုက္လာတာေပါ့…”
ဟု…ဘြားမယ္စိန္ကေျပာလိုက္သည္။
ေႁမြႏိုင္ဆရာခိုင္ကေတာ့မည္သည့္စကားမွျပန္မေျပာဘဲ
ေႁမြမ်ားကိုသာ ေၾကာက္႐ြံ႕စြာၾကည့္ေနခဲ့သည္။
“အမွားလုပ္ထားရင္ေတာင္းပန္လိုက္ကြဲ႕…
ဒါမွ ေမာင္ရင္တို႔ေဘးကင္းလိမ့္မယ္”
ဟုဘြားမယ္စိန္ကေျပာေတာ့ေႁမြႏိုင္ဆရာခိုင္က
ဘြားမယ္စိန္ကိုေသခ်ာၾကည့္သည္။
အရပ္ကရွည္ၿပီးခါးကုန္းေနယုံမက…
မ်က္ႏွာအထက္ကအေရးအေၾကာင္းမ်ားရွိေနေသာ္လည္း
စူးရွေသာမ်က္လုံး…တည္ၾကည္ေသာမ်က္ႏွာထားအျပင္
နဂါးေတာင္ေဝွးႀကီးကိုမာန္အျပည့္နဲ႔
ေထာက္ထားေသာဘြားမယ္စိန္ကို…
“ခင္ဗ်ားကဘယ္သူတုန္း” ဟုေမးလိုက္သည္။
“ငါဘယ္သူတုန္းထက္…
နင္အခုေႁမြေပါက္မေသဖို႔အေရးႀကီးတယ္မဟုတ္ဖူးလား”
“ဗ်ာ…”
“သြား…နင္ေႁမြႏိုင္ေဆးေတြေရာင္းတုန္းက
ဘယ္သူ႔မွဂ႐ုမစိုက္ဖူးလို႔ေျပာထားတယ္မဟုတ္လား…
ႏႈတ္ကိုမထိန္းဘဲေျပာခ်င္ရာေျပာထားလို႔…
နင့္ကိုမေက်နပ္ေနၾကတာေလ…
ဘယ့္နဲ႔ကိုယ့္နယ္မဟုတ္ဘဲ
စိန္ေခၚဝံ့တာေမာင္ရင္အေတာ္ မိုက္မဲတာပဲကြဲ႕”
ဟုဘြားမယ္စိန္ကေျပာေသာအခါ
ေႁမြႏိုင္ဆရာခိုင္က…
“ဒါဆိုရင္…က်ဳပ္အခုဘယ္လိုလုပ္ရမလဲဗ်ာ…
ဟိုေႁမြေတြက က်ဳပ္အျပင္ထြက္တာနဲ႔ကိုက္မယ့္ပုံပဲဗ်”
“သြား…ေမာင္ရင့္အမွားကိုသြားေတာင္းပန္လိုက္…
ဘြားဒီကေနေမာင္ရင့္ကိုေဘးမျပဳဖို႔
ေတာင္းဆိုေပးထားမယ္…”
“ျဖစ္ပါ့မလားအေမႀကီးရယ္…”
ေႁမြႏိုင္ဆရာခိုင္က ဘြားမယ္စိန္ေျပာတာကို
မယုံသလိုျဖစ္ေနသည္။
“ေဟ့လူ…ခင္ဗ်ားမေသခ်င္ဘူးမလား…
မေသခ်င္ရင္က်ဳပ္တို႔ဘြားေျပာသလိုလုပ္…
ေနာက္ၿပီးေခါင္းထဲလည္းမွတ္ထား…
ဒီနယ္မွာနာမည္ႀကီးတဲ့ဘြားမယ္စိန္ဆိုတာ
ေဟာသည္ကဘြားပဲ…
သြား…သြား…ဘြားေျပာသလိုလုပ္လိုက္…”
ေမာင္တိုးက ေႁမြႏိုင္ဆရာခိုင္ကို
ေလသံမာမာျဖင့္ေျပာလိုက္သည္။
နံေဘးကလူမ်ားကလည္းေမာင္တိုးစကားကို
ဝိုင္းေထာက္ခံၾက၏။
ေႁမြႏိုင္ဆရာခိုင္လည္းေခါင္းကိုကုပ္ရင္းၿခံဝဆီသို႔
ထြက္သြားေလသည္။
ၿခံျပင္ရွိေႁမြမ်ားကေတာ့ တ႐ႊီး႐ႊီးတြန္သံေပးကာ
ပါးျပင္းမ်ားေထာင္ေနၾကသည္။
ဘြားမယ္စိန္ကထိုေႁမြမ်ားကိုၾကည့္၍…
“အသင္ေႁမြတို႔…မွားတဲ့လူကသူ႔ရဲ႕အမွားကို
ေတာင္းပန္ခဲ့ရင္အသင္ေႁမြတို႔ခြင့္လႊတ္ေပးလိုက္ပါ…
ပညာသည္ေတြလည္းစိတ္ကိုေလ်ာ့ၾကပါ…
ခြင့္လႊတ္ေပးလိုက္ၾကပါကြယ္…”
ဟုႏႈတ္မွေျပာလိုက္သည္။
ဘြားမယ္စိန္ေျပာၿပီးသည္ႏွင့္ ေႁမြႏိုင္ဆရာခိုင္က
ၿခံဝ၌ထိုင္၍လက္အုပ္ေလးခ်ီရင္း သူ႔အမွားမ်ားကို
ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ရွာသည္။
“ဒါဆိုရင္သင္တို႔ေက်နပ္ေလာက္ေရာေပါ့…
ကိုယ့္ေနရာကိုယ္ျပန္ၾကပါေတာ့ကြယ္…”
ဘြားမယ္စိန္စကားဆုံးေတာ့ ေႁမြေဟာက္အုပ္ႀကီးသည္
ေနာက္သို႔လွည့္ျပန္ကုန္ၾက၏။
ေႁမြေဟာက္မ်ားမရွိေတာ့ေလမွ ေႁမြႏိုင္ဆရာခိုင္သည္
မ်က္ႏွာငယ္ေလးျဖင့္ ဘြားမယ္စိန္ရွိရာကိုေရာက္လာခဲ့သည္။
“ေက်းဇူးတင္ပါတယ္အေမႀကီး…”
ဟုလက္အုပ္ခ်ီကာေျပာေနေသာ ေႁမြႏိုင္ဆရာခိုင္ကို
႐ြာသူ၊႐ြာသားတို႔မွာလူလိမ္ဟုေျပာေနၾကသည္။
“ေဟ့လူ…ခင္ဗ်ားေဆးက တကယ္
ေႁမြႏိုင္ေဆးမဟုတ္ဘူးမလား”
“ဒီလူ႔ၾကည့္ရတာလူလိမ္ပဲ…
ငါတို႔ဆီကေငြေတြအလကားလိမ္ယူသြားတာပဲကြ”
“ဟုတ္တယ္…ဒီလူကလူလိမ္ပဲ”
ေႁမြႏိုင္ဆရာခိုင္အနီးသို႔႐ြာသားမ်ားအုံလာၾကသည္။
ေႁမြႏိုင္ဆရာခိုင္ကို႐ိုက္ေတာ့သတ္ေတာ့မယ့္အတိုင္း
ေဒါသထြက္ေနၾက၏။
ေႁမြႏိုင္ဆရာခိုင္ခမ်ာေႁမြရန္ေအးသြားေသာ္လည္း
႐ြာသားေတြလက္ခ်က္ျဖင့္ေသရမည္ကိုေၾကာက္၍…
“ေတာင္းပန္ပါတယ္ဗ်ာ…
ဝမ္းေရးအတြက္ညာမိတာပါ
က်ဳပ္ကိုခြင့္လႊတ္ေပးၾကပါဗ်ာ…”
ဟု..ငိုကာယိုကာေတာင္းပန္ေလသည္။
သူ၏တပည့္ျဖစ္သူလည္းလက္အုပ္ေလးခ်ီလို႔
ေတာင္းပန္ေနရွာ၏။
“ခင္ဗ်ားေႁမြဘယ္မွာလဲ…ျပစမ္းအဲ့ေႁမြ”
“ေႁမြေတြလိုက္လို႔ေျပးရာက
ေႁမြေသတၱာလည္းဘယ္မွာက်န္ခဲ့မွန္းမသိပါဘူးခင္ဗ်ာ…”
“က်ဳပ္တို႔ဆီကယူထားတဲ့ပိုက္ဆံေတြေကာ
ဘယ္မွာလဲ…ပိုက္ဆံေတြျပန္မေပးရင္ခင္ဗ်ားအေသပဲ”
“ေဟာသည္လြယ္အိတ္ထဲမွာရွိပါတယ္ခင္ဗ်ာ…
က်ဳပ္တို႔အသက္ကိုေတာ့ခ်မ္းသာေပးၾကပါ…
ေနာင္ႀကီးတို႔အလိုရွိရာကိုယူလို႔ရပါတယ္ဗ်ာ…”
ေႁမြႏိုင္ဆရာခိုင္လြယ္ထားေသာအိတ္ကို
႐ြာသားေတြဆြဲလုၾကသည္။
လုရင္းနဲ႔ပင္အခ်င္းခ်င္းရန္ျဖစ္ကုန္ၾက၏။
“ဟဲ့အေကာင္ေတြ…
ေႁမြေပါက္မေသေအာင္လုပ္ေပးထားရဲ႕နဲ႔
နင္တို႔ကရန္ထသတ္ရဲတယ္ေပါ့ေလ…
တယ္လည္းသတၱိေကာင္းေနၾကသကိုး”
ဟုဘြားမယ္စိန္ကေအာ္လိုက္ေလမွ
႐ြာသားေတြလည္းရပ္ကုန္ၾကသည္။
႐ြာသူႀကီးႏွင့္႐ြာလူႀကီးေတြလည္းေရာက္လာၿပီး
႐ြာသားေတြကိုဝိုင္းဆူၾကေတာ့၏။
“ကဲ…ေပး…အဲ့သည္ေငြေတြ…
တို႔႐ြာသူ၊႐ြာသားေတြ ေႁမြကိုက္ၿပီး
ေသခ်င္းဆိုးနဲ႔မေသေအာင္
ကူညီေပးခဲ့တဲ့အေမႀကီးကိုပဲငါေပးလိုက္မယ္…
မေက်နပ္တဲ့သူရွိရင္ေျပာ…”
႐ြာသူႀကီးက ႐ြာသားမ်ားလက္ထဲ၌ရွိေနေသာ
လြယ္အိတ္ကိုဆြဲယူၿပီးေျပာလိုက္သည္။
မည္သူမွမေက်နပ္ေၾကာင္းကိုမေျပာၾကေပ။
“ဒါဆိုရင္အားလုံးသေဘာတူတယ္ေပါ့…
ဟုတ္ၿပီ…ကဲ…အေမႀကီး က်ဳပ္တို႔႐ြာကို
ေဘးကင္းေအာင္ကူညီေပးတဲ့အတြက္
အားလုံးကိုယ္စားက်ဳပ္က
ေက်းဇူးတင္ပါတယ္ဗ်ာ…
ဒီေလာက္နဲ႔နည္းေသးတယ္ဆိုတာက်ဳပ္သိပါတယ္…
မိုးလင္းတာနဲ႔ထပ္ၿပီးကန္ေတာ့ဖို႔လည္းက်ဳပ္ဦးေဆာင္မွာပါ
ဒါေလးကိုအရင္လက္ခံေပးပါခင္ဗ်ာ…”
ဟု…႐ြာသူႀကီးကေျပာေတာ့ ေမာင္တိုးနဲ႔ေမာင္အုန္းမွာ
အုန္းစု႐ြာသူႀကီးေတာ့သြားၿပီဟုအေတြးျဖင့္ၾကည့္ေနခဲ့ၾက၏။
ဘြားမယ္စိန္ကလည္းသူႀကီးေပးေသာ
လြယ္အိတ္ကိုမယူဘဲ…
“သူႀကီးဆိုတဲ့အေကာင္…
နင္ကပါမိုက္လုံးႀကီးေနေတာ့နင့္႐ြာထဲကိုလိမ္မယ့္…
ညာမယ့္သူေတြဝင္ကုန္ၿပီေပါ့ဟဲ့…
နင္ေပးတဲ့ပစၥည္းကိုဘုန္းႀကီးေက်ာင္းမွာသြားလႉလိုက္
ငါကူညီတယ္ဆိုတာအႆျပာေၾကာင့္မဟုတ္ဘူး…
ဟိုအေကာင္ကလည္းသူမွားေၾကာင္းေတာင္းပန္ၿပီးၿပီ…
က်န္တဲ့အေကာင္ေတြကလည္းကိုယ္အ လို႔အလိမ္ခံရတာကို
ေဒါသထြက္ေနတာမရွက္ၾကဘူးလား…
ကဲ…ေမာင္ရင္တို႔အားလုံးျပန္ၾကေတာ့
မနက္အလႉၿပီးရင္ငါလည္းငါ့႐ြာငါျပန္မယ္…
ဒီကိစၥဒီမွာထားလိုက္ေတာ့”
ဟုေျပာကာဘြားမယ္စိန္လည္း အိမ္ႀကီးထဲသို႔
ျပန္ဝင္သြားေလသည္။
႐ြာသူႀကီးႏွင့္က်န္လူမ်ားကေတာ့ တအံ့တၾသျဖစ္ကာ
က်န္ရစ္ခဲ့ၾက၏။
“သူႀကီးတို႔က က်ဳပ္တို႔ဘြားအေၾကာင္းမသိၾကဘူးပဲဗ်…
က်ဳပ္တို႔ဘြားကဘယ္ေတာ့မွေငြလက္မခံဘူးဗ်…
ဒီေလာက္ဆိုသိၾကေရာေပါ့…”
ေမာင္အုန္းကလည္းသူႀကီးတို႔ကိုေျပာၿပီး
အနားမွထြက္သြားေတာ့သည္။
က်န္ရစ္ေသာေမာင္တိုးအနီးကိုကပ္၍
အားလုံးကဘြားမယ္စိန္အေၾကာင္းေမးၾက၏။
ေမာင္တိုးကလည္းသိသမွ်ေျပာျပေလေတာ့
အားလုံးမွာသူတို႔မွားေၾကာင္းသိသြားၾကေလသည္။
ေနာက္တစ္ေန႔နံနက္ေရာက္ေတာ့
အလႉပြဲ၌ထိုင္ေနေသာဘြားမယ္စိန္ဆီကို
လူမ်ားအုပ္စုလိုက္ေရာက္လာခဲ့ၾကသည္။
ထိုသူတို႔မွာ ႐ြာသူႀကီးႏွင့္႐ြာသူ၊႐ြာသားတို႔ပင္ျဖစ္ၾကသည္။
ထိုသူတို႔ကဘြားမယ္စိန္ကိုလက္အုပ္ခ်ီကာ
ကန္ေတာ့ၾကၿပီးသူတို႔အမွားမ်ားကိုေတာင္းပန္ၾကေလသည္။
ဘြားမယ္စိန္ကလည္းဆုမ်ားေပးၿပီး
ခြင့္လႊတ္ေၾကာင္းေျပာေလေတာ့မွ
အားလုံးလည္းဝမ္းသာကုန္ၾက၏။
ထိုေန႔တြင္အလႉပြဲ၌တစ္႐ြာလုံးေပ်ာ္ေပ်ာ္႐ြင္႐ႊင္
ပါဝင္ခဲ့ၾကသည္။
ေႁမြႏိုင္ဆရာခိုင္ႏွင့္သူ႔တပည့္မ်ားကေတာ့
႐ြာမွထြက္သြားၾကၿပီျဖစ္၏။
ညကသူတို႔အိပ္ေသာ႐ြာအျပင္ရွိ ဇရပ္အေပၚ၌ေတာ့
သူတို႔၏အသုံးအေဆာင္မ်ားကိုထားရစ္ခဲ့ၾကသည္။
သူတို႔လည္းေနာက္ေနာင္တြင္ယခုလိုကိစၥမ်ိဳးထပ္မံ
လုပ္ရဲလိမ့္မည္မဟုတ္ေတာ့ေပ။
ဘြားမယ္စိန္တို႔လည္းအလႉၿပီးေနာက္ရက္မွ
ေသာင္ထြန္း႐ြာကိုျပန္လာခဲ့ၾကေတာ့၏။
ထိုသို႔ျဖင့္ ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)