Unicode Version
” မရဏဝဋ်ကြွေး “(စ-ဆုံး)
——————————-
မောင်မှိုင်းညှို့(ချောင်းဦး)
သွေးသံတရဲရဲနှင့် ငမောင်ရဲ့ … ရုပ်ပျက်ဆင်းပျက်အဖြစ်က မြင်ရက်စရာမရှိ။ တကယ့်သွေးပျက်ထိတ်လန့် စရာမြင်ကွင်း။
နိုင်ကြီးရဲ့ ဘဝတစ်သက်တာ ဘယ်သောအခါမှ မေ့ဖျောက်နိုင်မှာမဟုတ်တဲ့မြင်ကွင်း။
ရယ်ရယ်မောမော စကားတွေပြောနေရင်း ပျော်ပျော်ပါးပါး အတူတကွအလုပ်လုပ်နေရင်း မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြတ်အတွင်းမှာ ကျောက်တောင်ကြီးပြိုကျလာဝုန်းခနဲအသံကြီးနှင့် နိုင်ကြီးကျောက်လိုဏ်ရဲ့ အပြင်ဘက် လွှင့်စင်သွားကျောက်ကျင်းထဲကျန်ရစ်တဲ့ ငမောင်ရဲ့ အပေါ်… ကျောက်တုံးကျောက်ခဲကြီးတွေ တဝုန်းဝုန်းကျဆင်းထိမှန် အသံနက်ကြီးနှင့် ငမောင်ရဲ့ အော်တစ်သံကြီးကျောက်တုံးကျောက်ခဲတွေက အဆက်မပြတ်တဝုန်းဝုန်း ကျဆင်းနေဆဲ။နာရီဝက်လောက်ကြာမှ ရပ်တန့် ငြိမ်သက်သွားတယ်။
ကျောက်တောင်ပြိုကျသံကြောင့် တစ်ရွာလုံးက လုပ်အား ပေးနေတဲ့လူအုပ်ကြီး အခင်းဖြစ်နေရာကို ရောက်လာကြတယ်…
“ကျောက်လိုဏ်ထဲမှာ ငမောင်ကျန်နေတယ် သူ့ကို အမြန်ကယ်ကြပါဦး …”
နိုင်ကြီးရဲ့ အော်သံကြောင့် အားလုံးသွေးဆူသွားကြ တယ်…
လူအုပ်ကြီးရဲ့ အင်အားနှင့် ကျောက်တုံးကျောက်ခဲတွေကို ဖယ်ရှားရှင်းလင်းကြတယ်ငါးနာရီလောက်ကြာမှ ငမောင်ကိုရတယ်အသက်မသေသေးဘူး ငွေ့ငွေ့ ကျန်နေသေးတယ် … ပါးစပ်က သွေးတွေတပွက်ပွက်အန်နေတယ် ခေါင်းမှာလည်း တက်တက်ကြီးကွဲလို့။ဒဏ်ရာကြီးထဲက သွေးစီးတွေတစိမ့်စိမ့်၊ တစိမ့်စိမ့်ထွက် တျနေဆဲ …ခြေထောက်ရိုးတွေက ကြေမွကျောက်ချွန်ကြီးတစ်စကလည်း ဝမ်းဗိုက်ထဲစိုက်ဝင်လို့ .. သွေးသံတရဲရဲနှင့်ငမောင်၊ ရုပ်ပျက်ဆင်းပျက်ငအာင် …ပါပဲ
တကယ့်သွေးပျက်ထိတ်လန့် စရာ မမြင်ရက်စရာ မြင်ကွင်း၊ကွန်းနောက်ရွာမှာ နာမည်ရ မုဆိုးနှစ်ယောက်ရှိတယ်။ တစ်ယောက်က နိုင်ကြီး၊ နောက်တစ်ယောက်က ငမောင်
နိုင်ကြီးက မြောက်ပိုင်းမှာနေပြီး ငမောင်က တောင်ပိုင်းတစ်ခုတော့ရှိတယ်။မုဆိုးချင်းတူပေမယ့် စရိုက်ချင်းမတူဘူး။ ကျွမ်းကျင်တာချင်း မတူဘူး။ စားကျက်ချင်းလည်းမတူဘူး။
နိုင်ကြီးက လေသေနတ်ပစ် ဝါသနာပါလို့ မုဆိုးဖြစ်ရတာသူရဲ့သားကောင်က ငှက်တွေပဲ။ပြီးတော့သူက စားဖို့ပဲ၊ စီးပွားရေးမပါဘူး။ ရင်းနှီးခင်မင်သူတွေက ငှက်သားကြော်စားချင်လို့ ကူညီ
ပေးပါဦးဆိုမှ ရံဖန်ရံခါ ရောင်းစားတာ။ သူစားကျက်မြေက ရွာအနောက်ဘတ် မနီးမဝေးက တောတိရစ္ဆာန်အကုန်လို့ ပဲ ပြောရမယ်။ကျော့ကွင်း၊ ထောင်ချောက်၊ ညှောင့်ကျင်း။
ရိုးမထဲက သားကောင်ကိုဖမ်းဖို့ နည်းလမ်းမှန်သမျှ သူအကုန်နားလည်တယ်။ကျွမ်းကျွမ်းကျင်ကျင်လည်း လုပ်တတ်တယ်။ဒါပေမယ့် သူက စီးပွားရေးဆန်တယ်။ငွေ မျိုးမျိုးမျက်မျက်လေးရမယ့် အကောင်ကြီးတွေကိုမှလုပ်ချင်တယ်။ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပဲ။အဖွဲ့ ဖွဲ့တယ်။ သေနတ်တပ်ဆင်ပေးတယ်။သောင်းကျန်းသူကာကွယ်ဖို့ ကွန်းနောက်မှာ ပြည်သူ့ စစ် လူ့စစ်။သေနတ်က ၃ဝ၃ ရိုင်ဖယ်ကြီးတွေ။အမဲကြီးပစ်လို့ ့ သိပ်ကောင်းတဲ့အမျိုးအစားထိလည်းသေနတ်ကပြောင်းရှည်၊ ပြောင်းရဲ့ အတွင်းမှာပါတဲ့ အရစ်ထိရောက်တယ်။စိပ်တယ်။ဒဿမ ၃ဝ၃ ကျည်ဆံကလည်းယမ်းပြင်းတယ်။
ရှေ့ကအပေါက်သေးသေးနှင့်ဝင်ပြီး ခန္ဓာကိုယ်ထဲကို မွှေ့ကျောက်ဖက်က ထွက်သွားတဲ့အပေါက်ကျတော့ အကြီးကြီး ပွင့်ထွက်သွားတာ။
စာဆိုတောင်ရှိရဲ့။
ရိုင်ဖယ်၊ တိုင်မကွယ်နှင့် မိုင်နှစ်ဆယ်တောင်မလွတ်ဘူးတဲ့။ငမောင်ပြည်သူ့ စစ်ထဲရအောင်ကြံဖန်ဝင်တယ်။တပ်ကပို့ချတဲ့ လက်နက်သင်တန်း၊ စစ်သင်တန်းပြီးတော့ငမောင်ပြည်သူ စစ်ဖြစ်ပြီ၊ သေနတ်ကိုင်ရပြီ။သေနတ်ကိုအိမ်မှာ ပေးထားတာဆိုတော့ ပိုပြီး အကြိုက်တွေ့တာပေါ့။
လစ်ရင်လစ်သလို၊ သေနတ်ယူပြီး ရိုးမပေါ်တက်သွားတယ်။တောဝက်၊ ဂျီ၊ ဆတ်၊ မျောက်တွေ့ရာ ပစ်တော့တာပဲ။ရရင်အသားတွဲတွေ ထမ်းပြန်လာပြီးရောင်းတယ်။
ပြည့်သူ့ စစ်အဖွဲ့ ခေါင်းဆောင်နှင့် ရွာသူကြီးကိုတော့ အသားတစ်တွဲလောက်၊ ဝမ်းတွင်းသားကလီစာလောက်ပို့ ပေးလိုက်တယ်။တဖြေးဖြေးကြာလာတော့ ငမောင်သေနတ်ကို ဝှက်ပြီးယူသွားစရာမလိုတော့ဘူး။မြမြင်ထင်ထင်ပဲ၊ သေနတ်လွယ်ပြီးရိုးမပေါ်တက်လို့ ရပြီးအမဲပစ်တဲ့အထဲမှာ ငမောင်အပစ်ချင်ဆုံးက မျောက်တွေပဲ။
မျောက်တွေကိုကြိုက်တဲ့ အပင်အောက်က အသာပုန်းပြီးစောင့်နေရုံပဲ။အချိန်တန်တော့ တစ်ပင်နှင့်တစ်ပင် တလွှားလွှားခုန်ကူးပြီး မျောက်တွေရောက်လာတယ်။
အကြိုက်ဆုံးအကောင်ကို ရွေးပစ်လိုက်တယ်။ ငဟေင်က အညှာအတာကင်းတယ်။ဘုန်းခနဲကျလာတဲ့မသေမရှင်မျောက်ကို လည်ပင်းဓားနှင့်ပြေးလှီးတယ်။ထွက်လာတဲ့သွေးကို ပါးစပ်နှင့်ငုပ်တယကာမအားတိုးဆေးတဲ့။တစ်ခါတစ်ခါ မျောက်မကြီးကိုပစ်ချမိရင် ဖက်တွယ်ထားတဲ့ ချောက်ကလေးတွေပါ အရှင်ရတတ်တယ်။
ငမောင်ကတော့ အရှင်၊ အသေရွေးမနေဘူး။ ရတဲ့ပျောက်မှန်သမျှ လည်ပင်းလှီးပြီး မျောက်သွေးစုပ်တော့ရက်စက်လွန်းအားကြီးလို့ သူနှင့်အဖော်လိုက်တဲ့ လူတောင် လက်လန်ရတယ်။ ငမောင်ရဲ့ လောဘစိတ်တွေကလည်း ခရုချောင်းဖျားမှာပုဂ္ဂလိက ဆင်ကြီးတစ်ကောင်ကို ပစ်သတ်ပြီး အစွယ်ဖြတ်ယူတဲ့ အဆင့်ထိကြီးမားလာခဲ့တယ်။
သုံး “ကိုင်းဟာ … ကိုင်းဟာ သေစမ်း … ကွာ
ငမောင်ရဲ့ မျက်နှာကြီးက ကြောက်စရာကောင်းနေတယ်။သူ့မျက်နှာပေါ်မှာ ခက်ထန်၊ ကြမ်းတမ်း၊ ရက်စက်မီးတောက်တွေ တဝုန်းဝုန်းတောက်လောင်လို့။သူရောက်နေတဲ့နေရာကပင်းပုန်းရွာဟောင်းအထက် ဒီနေရာက နာမည်ကြီးဒီချောင်းဆုံနေရာရဲ့ အထက်ဘက်၊ ကွန်းချောင်းပေါ်မှာ အရပ်အဆင်မကုတင်ဆိုတဲ့ နေရာရှိတယ်။ရှိတယ်။ကုတင်ဆိုတာတ ရေတံခွန်ကိုပြောတာအဲဒီအနီးမှာ ဆင်ဝပ်နေတဲ့ပုံစံ ကျောက်တုံးကြီးတစ်တအဲဒါကြောင့် ဆင်မကုတင်လို့ ခေါ်တာ။မင်းပုန်းဆိုတာ ဟိုတုန်းက တောင်ပေါ် ကရင်တွေနေတယ်။
တစ်နေ့မှာ ကရင်တွေစိုက်ပျိုးထားတဲ့တောင်ယာခင်းတွေကို ဖျက်ဆီးစားသောက်ထားတာ တွေ့ရသတဲ့… ဆင်တစ်ကောင်ထပ်ပြီး ကရင်တွေလည်း ဖျက်ဆီးတဲ့ဆင်ရဲ့ နောက်ကို ခြေရာခံပြီး
သိုလ်ကြည့်ကြတာပေါ့ …ဆင်ခြေရာတွေက ဆင်မကုတင်အနီးမှာပဲ ဆုံးသွားတယ်။ ဆင်ကိုလည်း ရှာမတွေ့ဘူး။နောက်တော့၊ ကရင်တွေက တောင်ယာအနီးကနေ ချောင်းပြောင်းပြီး ကြည့်ကြတယ် …။ညကျတော့ ဆင်ကြီးတစ်ကောင်လာတာပါပဲ။ဆင်ကြီး၊နောက်ကို တိတ်တိတ်လေး လိုက်သွားကြတော့မှအကြောင်းစုံကို သိကြရတယ်။ဆင်ထပ်နေတဲ့သဏ္ဌာန် ကျောက်တုံးကြီးက အသက်ဝင်လာတောင်ယာတွေကို စားသောက်ဖျက်ဆီးတာပေါ့ …။ ဒါနှင့်ပဲ ကရင်တွေက ဆင်ထပ်နေတဲ့ပုံ ကျောက်တုံးကြီးကိုခွဲဖျက်ဆီးလိုက်ကြတယ်။
အဲဒီညမှာပဲ ရွာသူရွာသားတွေဟာ ဆင်အော်သံကြီးကိုကြားကြရတယ်။ဆင်အော်သံက နားမခံသာအောင် ကျယ်လောင်လွန်းသတဲ့။ဆင်အော်သံကို ကြားရပြီးတဲ့နောက် ရွာမှာ အဖျားအနာတွေ ထူပြောလာပြီး လူတွေသေကြသတဲ့ …။ဒါနှင့်နောက်တစ်နေရာကို ရွာပြောင်းကြတယ်။ အဲဒီနေရာကလည်း ဆင်အော်သံကြီးကို ကြားရပြန်သတဲ့။လူတွေလည်းဆက်ပြီး သေနေတုန်းပဲတဲ့။နောက်တော့၊ ရွာရွှေ့ရင်း ချောင်းတစ်ချောင်းရဲ့ အနီးကရောက်လာတယ်။
အဲဒီနေရာရောက်မှပဲ ဆင်အော်သံကြီးကို မကြားရတေ ဘူး။ လူတွေလည်း မသေကြတော့ဘူးတဲ့။ဒါကြောင့်၊ အဲဒီချောင်းကို “ကရင်မသေချောင်း ”လို့ နာမည် ပေးထားကြတာ။ကရင်တွေ ထုခွဲဖျက်ဆီးလိုက်တဲ့ နေရာမှာပဲ ဆင်ရုပ်ကြီးတစ်ရုပ်ပြန်ဖြစ်နေတာ တွေ့ကြရတယ်။
အဲဒီ ဆင်မကုတင်၊ ကျောက်ဆင်ရုပ်ကြီးနှင့် ကရင်မသေချောင်းတွေဟာ ခုထိ ရှိနေတုန်းပဲ။ခု၊ ငမောင်ဒေါသ အမျက်ခြောင်းခြောင်း ထွက်နေတာလည်းကျောက်ဆင်ရုပ်ကြီးအနီးမှာ။ချောင်းကမ်းကိုလာတဲ့ ငမောင်နှင့် ကျောက်ဆင်ရုပ်ကြီးနှင့်ကပ်ပြီး အရိပ်ခိုနေတဲ့ ဖွတ်ကျားကြီးတစ်ကောင် ဆုံမိတာ။ဇွတ်ကျားကြီးက အသက်ဘယ်လောက် ရှည်နေပြီလဲမသိဘူး။
ခြောက်ပေကျော် ခုနစ်ပေလောက်ရှိနေပြီ။ငမောင်ကို ဖွတ်ကြီးက အရင်တွေ့ပြီး တိုက်ခိုက်တာ၊အမြီးနှင့်ဗုန်းခနဲ ရိုတ်ချလိုက်တာငမောင်ကျောကော့ပြီး ရေထဲကျသွားတယ်။ရုတ်တရက်ဆိုတော့ မိချောင်းကြီးလားလို့ တောင် ထင်မိတယ်။
နောက်မှ ကိုယ်လုံးပေါ်က အဝါ၊ အနက်ကွက် အရေပြား ကြီးနှင့် နှုတ်သီးကိုမြင်မှ ဖွတ်ကြီးမှန်း သိလိုက်ကာ။ ငမောင်ရေထဲက အမြန်တက်တယ်။
သေနတ်က လက်ထဲမှာပေမယ့် ချက်ချင်းအသုံးချလို့ရဘူး။ဖွတ်ကြီးက အဆက်မပြတ်အမြီးနှင့်ရိုက်ပြီး တိုက်ခိုက်ခပ်လှမ်းလှမ်းထိ ပြေးပြီးမှ၊ ပြန်လှည့်၊ သေနတ်မောင်းတင်ပြီး ဖွတ်ကြီးရဲ့ ခေါင်းကိုပစ်ချလိုက်တယ်။
ဖွတ်ကြီးခေါင်းလည်ပြီး ပက်လက်လန်သွားတယ်။ချက်ချင်းမသေဘူး၊ အမြီးက တဗုန်းဗုန်း ရိုက်နေတုန်း
့ဘယ်လိုပဲဖြစ်ဖြစ်၊ ဖွတ်ကြီးကို ရတာသေချာနေပြီ။ဘာမှလုပ်စရာမလိုတော့ဘူး။ ငြိမ်သက်သွားတဲ့အထိ တေင့်ပြီး ဝါးလုံးလျှို အဖော်နှင့်ထမ်းသွားရုံပဲ။ဒါကိုပဲ ငမောင်က ဖွတ်ကြီးဆီ ပြေးသွားတယ်။ချောင်းစပ်က ကျောက်တုံးကြီးတစ်တုံးရှာပြီး ဖွတ်ကြီးရခေါင်းကို ဒေါသတကြီးနှင့်ထုတယ်။
ကြေမွနေအောင်ကိုထုတယ်။တော်တော်ကြာတော့ ဖွတ်ကြီးငြိမ်သက်သွားတယ်။ဖွတ်ကြီးသေသွားတာတောင် ငမောင်က အခဲမကြေသူ ့ကျောကို အပြီးနှင့်ရိုက်ထားတဲ့အတွက် ကလဲ့စား ချချင်တုန်း …။ဖွတ်ရဲ့ဗိုက်မှာ အပေါက်တစ်ပေါက်ဖောက်ပြီး ဖွတ်အမြီးကို ထိုးထည့်လိုက်တယ် …။
ဒီအပြုအမူတွေဟာ. တောထဲတောင်ထဲမှာ မလုပ်ကောင်းတဲ့အပြုအမူတွေ …၊ပုဆိုးလုပ်နေတဲ့ မောင်လည်းသိတယ်။တောထဲမှာ “မဟုတ်မက”တွေ မလုပ်ရဘူး။“ မဟုတ်”ဆိုတာက မမှန်တာ၊ သဘာဝမကျတာ။“မက”ဆိုတာက လိုတာထက် ပိုတာ၊ လွန်ကဲတာ။မဟုတ်မကတွေလုပ်ရင် တစ်ခုခုဖြစ်တတ်တယ်။ တောချောက်တတ်တယ်။ဆိုးတဲ့နေရာဒေသဆိုရင် အသက်သေအောင်ထိ လုပ်တတ်ဒါကို ငမောင်သိပြီးသား …။သိရုံတင်မကဘူး၊ ကိုယ်တွေ့ တောင် ကြုံဖူးသေးရဲ့၊ တစ်ခါတုန်းက ရိုးမပေါ်မှာ ကရင်တဲတစ်တဲတွေ့ လို့ မောင် ကြက်ဖတစ်ကောင် ဝယ်ခဲ့တယ်။
သူတို့နားတဲ့စခန်းရောက်တော့ ချက်စားဖို့ ကြက်ကို သတ်တယ်။ကြက်သတ်ရင် လည်ပင်းလိမ်၊ အတောင်ပံကြားထဲ ခေါင်း ညှပ်ပြီး သတ်နေကျ၊ ငမောင်
ဒီနေ့ကြက်သတ်တော့ သစ်ပင်နှင့် ကြက်ရဲ့ ခေါင်းကို ရိုက် ပြီးသတ်တယ်။မထင်မှတ်ဘဲ ကြက်ခြေသည်းက . သူ့လက်ကို ခြစ်ပိပြီး သွေးနည်းနည်း စို့သွားတယ်။ဒီလောက်လေးဖြစ်တာကိုပဲ ဒေါသတွေထွက်ပြီး ကြက်ကိုသစ်ပင်နှင့်တဗုန်းဗုန်း လွှဲရိုက်တယ်။
ဒေါသပြေမှ ရပ်တယ်။မကြာပါဘူး။ အဲဒီကြက်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ နှစ်၊အမွှေးတွေပြောင်အောင် နှုတ်ပြီးခုတ်ထစ်ဖို့ စဉ်းတီတုံးပေါ် တင်လိုက်တယ်။အဲဒီအချိန်မှာပဲ သေပြီးသားကြက်ဖက ဖပ်ဖပ်ဆို မတ်မတ်ထရပ်တယ်။
ငမောင်လည်း ကယောင်ချောက်ချား ကြောင်ကြည့် နေရင်းက သတိရပြီး ထွက်ပြေးရတယ်။တစ်ကိုယ်လုံး အမွှေးပြောင်နေတဲ့ ကြက်က သူ့နောက်ကို တန်းတန်းလိုက်ပြီ ခွပ်တယ်။ငမောင် လှည့်ပတ်ပြေးနေရတယ်။..အတူပါလာတဲ့အဖော်က သတိရပြီး၊ ကြက်ကို ရိုက်လိုက်မှ လဲကျသွားတယ်။ ဒီတော့မှ ငမောင် မောကြီးပန်းကြီးနှင့် ပြန်ရောက်လာအဲဒီ နာနာဘာဝဝင်ပူးနေတဲ့ကြက်သာ ခွပ်မိလို့ကတော့မောင်အသက်ရှင်လျက် ရွာပြန်မရောက်နိုင်တော့ဘူး။ခုလည်း တစ်ခါထပ်လုပ်ပြန်ပြီ။
မလိုအပ်တော့ဘဲ ဖွတ်ကြီးရဲ့ ခေါင်းကို စိစိညက်ညက်ကြေအောင် ဒေါသတကြီး ကျောက်ခဲနှင့်ထုတယ်။ ဖွတ်ဗိုက်ကိုဖောက်ပြီး အမြီးထိုးထည့်တယ်။ငမောင်ရဲ့ မဟုတ်မက လုပ်ရပ်တွေရဲ့ အကျိုးဆက်က ညဦးယံမှာပဲ ဖြစ်သွားတယ် …။
အစဦးဆုံး အိပ်တန်းတက်နေတဲ့ ငှက်တွေ ဂုန်းခနဲ လန့် ကြတယ်။ ထိတ်လန့် စရာကောင်းအောင် ဆူဆူညံညံ အသံတွေ မြည်ကြွေးအော်ဟစ်ကြတယ်။အဲဒီတုန်းမှာပဲ အဝေးကြီးကနေ အသံနက်ကြီးနှင့် ဟား တိုက်ရယ်လိုက်သံကြီးကို ကြားရတယ်။
ရယ်သံကြီးက တဖြေးဖြေး နီးနီးလာတယ် …မောင်တို့ တစ်ဖွဲ့ လုံး တစ်စတစ်စ သွေးပျက်လာကြတယ်။ချောက်ချောက်ချားချား ဖြစ်လာကြံတယ်။အဲဒီအချိန်မှာပဲ အသံတွေအားလုံးက ရုတ်တရက် ဖြတ်ချလိုက်သလို တုံ့ခနဲ ရပ်သွားတယ်။တောကြီးတောင်ကြီးထဲမှာ အမှောင်ထုကြီးကပဲ ကြီးစိုးနေတယ် …။
ညပိုးပုရစ်မြည်သံနှင့် မီးပုံကြီးက တဖျစ်ဖျစ် တဖြောက်ဖြောက် တောက်လောင်နေတဲ့အသံပဲ ကြားနေရတယ်။ဝေါ် ခဏနေတော့ မုန်တိုင်းကိုက်လာသလို အသံကြီးကို ကြားရပြန်တယ်။“ဒါ တောချောက်တာပဲ …”
ငမောင်က ပြောလိုက်တယ်။မုန်တိုင်းသံကြီးက တဝေါဝေါ မြည်တင်းရင်း ခေါင်းပေါ်ကနေ ကျော်ဖြတ် တုိက်ခတ်သွားတယ်။ထူးဆန်းတာက အသံတွေပဲ ကြားရတာ၊ သစ်ပင် သစ်ကိုင်းတွေကတော့ ပကတိငြိမ်သက်လို့ ၊ သစ်ရွက်သစ်ခက်တောင် မလှုပ်ဘူး။ပတ်ဝန်းကျင်က ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်သွားပြန်တယ်။
တိတ်ဆိတ်ခြင်းက ခဏတာပဲ ခံတယ်။ငမောင်တို့ တစ်ဖွဲ့လုံး သွေးပျက်ချောက်ချားစရာ အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် မြင်လိုက်ကြရတယ် …။ တောအုပ်ရဲ့ အမှောင်ထုကြီးထဲကနေ မည်းမည်းအကောင်ကြီးတစ်ကောင် မီးပုံကြီးအနီးကို ရောက်လာတယ်။တစ်ကိုယ်လုံးကို နီကြင့်ကြင့် အမွှေးအမျှင်တွေ ဖုံးအုပ် နေတဲ့အကောင်ကြီး
မည်းမည်းအကောင်ကြီးက မီးပုံပေါ်မှာ လေးတိုင်စင် ထိုးပြီး ကျပ်တင်ထားတဲ့ ဖွတ်သေကြီးကို ကြည့်နေတယ် …။
ပထမတော့ ကျပ်ခိုးစင်ပေါ်က ဖွတ်ကို စားချင်လို့ ဝက်ကြီး တစ်ကောင်ထွက်လာတာလားလို့ ထင်လိုက်တယ်။, ဒါပေမယ့်၊ ကြည့်ရင်းကြည့်ရင်း ခဏကြာလာတော့မှ သူတို့ထင်သလို မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့မျက်စိရှေ့မှာပဲ ကျပ်ခိုးစင်ပေါ်က ဖွတ်အသေကြီး တဖြည်းဖြည်း လှုပ်လာတယ်။
အဲဒီဖွတ်ကြီးကို ငမောင်တို့ အရေခွံခွာပြီးသား၊ ဗိုက်ကိုခွဲ ကလီစာတွေထုတ်၊ ဆားဆနွမ်းတွေ သုတ်လိမ်း ပြီးမှ ကျပ်ခိုးစင်ပေါ်တင်ထားတာ၊မီးရောင်အောက်မှာ ဖွေးနေတဲ့ ဖွတ်အသေကောင်တာ ခြေတွေလက်တွေပါ လှုပ်လာပြီး ကျပ်ခိုးစင်ပေါ်ကနေ မီးပုံဘေးရောက်အောင် ခုန်ချလိုက်တယ်။ ပြီးတော့ အပြီးကို မည်းမည်းအကောင်ကြီးဆီကို သွားတယ်။ ခဏနေတော့ မည်းမည်းအကောင်ကြီးရော၊ ဖွက်သေကြီးတဗုန်းဗုန်းနှင့်ရိုက်ရင်းရော အမှောင်ထဲဝင်ပြီး ပျောက်သွားတယ်။ ငမောင်တို့ အဖွဲ့ ဆီမှာ သေနတ်နှင့်ဓားလှံ၊ လေးမြားတွေ ရှိပေမယ့် ဘာမှ မလုပ်လိုက်ရဘူး။မင်တက်မိသလို၊ အားစေးထည့်ခံထားရသလိုပဲ ခံစားနေ ကြရတယ် …။ငမောင်တို့ တစ်တွေလည်း အဲဒီအခေါက် ဘာမှ မရဘဲ ပြန်လာပြီးကတည်းက မဆုံမိကြထော့ဘူး။ဒီလိုနှင့် ရိုးမပေါ် မတက်ဖြစ်တာ တော်တော်ကြာသွား တယ်။
“တစ်သက်လုံး အကုသိုလ်အလုပ်တွေ လုပ်ခဲ့သမျှ ဒီတစ်ခါတော့ ဝဋ်ကြွေးတွေကို ကြေအောင် ဆပ်လိုက်မယ်ဟေ့” ငမောင်ရဲ့ အသံက သူ့ မိန်းမကို ပြောတာပေမယ့် ခြံရှေ့က လှည်းတွေနှင့် စောင့်နေတဲ့ နိုင်ကြီးတို့ပါ ကြာလိုက်ရတယ်။ “ငမောင်ပြောတာက တစ်မျိုးကြီးပဲ”လို့ နိုင်ကြီးပါးစပ်က ရုတ်တရက်ပြောမိလိုက်တယ်။
“တစ်သက်လုံး သူများအသက်သတ်တဲ့ မကောင်းမှုတွေ လုပ်ခဲ့တာကို ဒီနေ့ လုပ်တဲ့ ကောင်းမှုကုသိုလ်နှင့် အကြေဆပ်မယ်လို့ သူပြောလိုက်တာပါ”သွာကာနီး၊ လာကာနီး စိတ်ထင့်မှာစိုးလို့ ထင်ရဲ့။
ဦးဌေးမောင်က အကောင်းဘက်က စဉ်းစားရင်း ဖြေပြောလိုက်တယ်။ကွန်းနောက်ရွာနှင့် မြို့နှင့်ဆက်သွယ်တဲ့ ကျေးလက်လမ်းဖောက်လုပ်အတွက် ကွန်းနောက်တစ်ရွာလုံး လုပ်အားဒါးပေးလှူနေကြတယ်
လမ်းခင်းဖို့ အတွက် ကျောက်တွေကို တစ်အိမ်ထောင်တစ်ကျင်းနှုန်း လမ်းဘေးမှာ ပုံပေးရမယ်။ကျောက်ထုတ်ရမယ့်နေရာက ရွာနှင့်လေးငါးမိုင်လောက်ဝေးတဲ့ ရိုးမတောင်ခြေမှာရှိတဲ့ ကျောက်တောင်တွေဆီက……လှည်းနွားရှိသူက ကျောက်တွေသယ်ပို့ ၊ လှည်းမရှိသူကလုပ်အားပေးကျောက်တူး …၊
မိမိအစီအစဉ်နှင့်မိမိ လူတွဲပြီး တာဝန်ကျတဲ့အတိုင်းကျောက်ပုံပေးရတယ် …။နိုင်ကြီးတို့ အဖွဲ့ မှာက နိုင်ကြီး၊ မောင်၊ ဦးဌေးမောင်နှင့်ရွာထဲက လူခုနစ်ယောက်၊စုစုပေါင်း လူဆယ်ယောက်နှင့် လှည်းငါးစီး၊“ရွာသားတွေတူးနေတဲ့ဘက်က သက်နုကျောက်တောင်တွေက၊ အမှုံအစများတယ်၊ ကျောက်တုံးကျောက်ခံရပြန်တော့လည်း ကြေမွသွားတယ်။
သက်ရင့်ကျောက်တောင်ရှိတဲ့ဆီ သွားတူးကြမယ်” ပဲခူးရိုးမကို နှံ့စပ်ကျွမ်းကျင်က ငမောင်က ဦးဆောင်ပြီး အဖွဲ့ကို ခေါ်သွားတယ်။ဟုတ်တယ်၊ သက်ရင့်ကျောက်တောင်ကြီး၊ ကျောက်တုံးကျောက်ခဲတွေက မာကျောတယ်၊ အချပ်လိုက်၊ အလွှာလိုက်၊ အတုံးအခဲကြီးတွေ လိုက်ရတော့လှည်းတစ်စီးစာကို ခဏနှင့်ရတယ်။သူတို့ အဖွဲ့ ကျောက်တူးရင်း ကျောက်ကျောအတိုင်းလိုက်ရင်းနှင့် လိုဏ်လိုဖြစ်လာတယ်။
“မင်းတို့ ဒီလိုမတူးကြနှင့် အပြင်ကို ပြန်ထွက်ကြ။ အပေါ်က ဖိထားတဲ့ ကျောက်တုံးကျောက်ခဲတွေရဲ့အားကိုခံနိုင်ရင် ပြိုကျတတ်တယ်
ရွာလူကြီးက လာပြောတယ်။
“ပြိုကျရင် ကျွန်တော့်ခေါင်းနှင့် ခံထားလိုက်မှာပေါ့ ငမောင်က ရွှတ်နောက်နောက် ပြန်ပြောတယ်။ ရွာလူကြီးအုပ်စု သူတို့ဆီကနေ လှည့်ပြန်သွားတယ်။ ရွာသားတွေစုပြီး တူးနေကြတဲ့ ကျောက်တောင်ဆီတောင်
မရာက်သေးဘူး …။ ကြောက်စရာအသံကြီးနှင့် တဝုန်းဝုန်း ပြိုကျနေတဲ့ ကျောက် တောင်ကြီးကို လှမ်းမြင်လိုက်ရတယ်။မြေမှုန် တွေ၊ ဖုန်မှုန် ့တွေက တအုန်းအုန်း လွင့်ပျံ၊ တလိပ် လိပ် လှိမ့်တက်နေတယ် …။
“အား”ဆိုတဲ့ အသံနက်ကြီးနှင့် အော်လိုက်သံလည်း ကြားလိုက်ရတယ်။ဘယ်သူ့ အသံမှန်းတော့ သဲသဲကွဲကွဲ မသိရဘူး။ သူတို့ရော၊ ပြေးလာတဲ့ လူအုပ်ကြီးရော အပြေးအလွှားသားကြည့်ကြတယ်။ကျောက်တောင်ကြီးကတော့ အဆက်မပြတ် တဝုန်းဝုန်း့ ပြိုကျဲနေတုန်းပဲ။
“ကျောက်လိုဏ်ထဲမှာ ငမောင်ကျန်နေတယ်၊ ငမောင်ကို ကယ်ကြပါဦး .
နိုင်ကြီးက ထိတ်လန့် တကြား အော်နေတယ်။ အကြာကြီးနေမှ ကျောက်တောင်ပြိုတာ ရပ်သွားတယ်။ ငမောင်ကိုကယ်ဖို့ လူအင်အားနှင့် ငါးနာရီလောက်၊ ပိနေတဲ့ ကျောက်တုံးကျောက်ခဲတွေကို ဖယ်ရှားခဲ့ရတယ်၊ ….ငမောင်ကို ကယ်ယူရချိန်မှာ အသက်မသေသေးပေမယ့်
ငွေ့ငွေ့လေးပဲ ကျန်တော့တယ်။ စကားမပြောနိုင်တော့ဘူး …ပါးစပ်က သွေးတွေ တပွက်ပွက် အန်နေတယ်။ ခေါင်းမှာလည်း ဟက်တက်ကြီးကွဲလို့ …၊ ဒဏ်ရာကြီးထဲက သွေးစီးတွေ၊ သွေးစီးတွေ၊ တစိမ့်စိမ့်၊ တစိမ့်စိမ့် ထွက်ကျလို့ …..ေကျာက်ချွန်ကြီးတစ်စက ဝမ်းဗိုက်ထဲ စိုက်ဝင်နေတယ်။ သွေးသံတရဲရဲနှင့်ငမောင်။
ရုပ်ပျက်ဆင်းပျက်နှင့် ငမောင်ရဲ့ အဖြစ်က တကယ့်သွေးပျက်စရာ၊ ထိတ်လန့် စရာ၊ မမြင်ရက်စရာပါပဲ။ ဆေးရုံပို့ ဖို့ လှည်းပေါ်တင်နေစဉ်မှာပဲ ငမောင်တစ်ယောက်မရဏတိုင်းပြည်ကို ခရီးထွက်သွားရပါတော့တယ်။ဤလောက၌ အချို့သော ယောက်ျား၊ မိန်းမတို့သည် သတ္တဝါများအပေါ်၌ သနားကြင်နာစိတ်ကင်းလျက်ရက်စက်စွာ သတ်ဖြတ်တတ်ကြ၏။
ထိုသူတို့သည်သေလျှင် ငရဲသို့ ရောက်တတ်၏။အကယ်၍ ရှေးကုသိုလ်ကံတစ်ခုခုက ထောက်မ၍ ငရဲမကျဘဲ လူ့ပြည်၌ လူပြန်လာဖြစ်ရလျှင်သက်တမ်းစေ့အောင် မနေရဘဲ အသက်တိုကြရသည်ရှေးရှေးဘဝဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေပြုခဲ့သော အကုသိုလ်ကံကအခွင့်ရသည်နှင့်တစ်နည်းနည်းဖြင့် သေစေတော့သတည်း။
မောင်မှိုင်းညို့(ချောင်းဦး)
Zawgyi Version
” မရဏဝဋ္ေႂကြး “(စ-ဆုံး)
——————————-
ေမာင္မႈိင္းညႇိဳ႕(ေခ်ာင္းဦး)
ေသြးသံတရဲရဲႏွင့္ ငေမာင္ရဲ႕ … ႐ုပ္ပ်က္ဆင္းပ်က္အျဖစ္က မျင္ရက္စရာမရွိ။ တကယ့္ေသြးပ်က္ထိတ္လန႔္ စရာျမင္ကြင္း။
ႏိုင္ႀကီးရဲ႕ ဘဝတစ္သက္တာ ဘယ္ေသာအခါမွ ေမ့ေဖ်ာက္ႏိုင္မွာမဟုတ္တဲ့မျင္ကြင္း။
ရယ္ရယ္ေမာေမာ စကားေတြေျပာေနရင္း ေပ်ာ္ေပ်ာ္ပါးပါး အတူတကြအလုပ္လုပ္ေနရင္း မ်က္စိတစ္မွိတ္၊ လွ်ပ္တစ္ျပတ္အတြင္းမွာ ေက်ာက္ေတာင္ႀကီးၿပိဳက်လာဝုန္းခနဲအသံႀကီးႏွင့္ ႏိုင္ႀကီးေက်ာက္လိုဏ္ရဲ႕ အျပင္ဘက္ လႊင့္စင္သြားေက်ာက္က်င္းထဲက်န္ရစ္တဲ့ ငေမာင္ရဲ႕ အေပၚ… ေက်ာက္တုံးေက်ာက္ခဲႀကီးေတြ တဝုန္းဝုန္းက်ဆင္းထိမွန္ အသံနက္ႀကီးႏွင့္ ငေမာင္ရဲ႕ ေအာ္တစ္သံႀကီးေက်ာက္တုံးေက်ာက္ခဲေတြက အဆက္မျပတ္တဝုန္းဝုန္း က်ဆင္းေနဆဲ။နာရီဝက္ေလာက္ၾကာမွ ရပ္တန႔္ ၿငိမ္သက္သြားတယ္။
ေက်ာက္ေတာင္ၿပိဳက်သံေၾကာင့္ တစ္႐ြာလုံးက လုပ္အား ေပးေနတဲ့လူအုပ္ႀကီး အခင္းျဖစ္ေနရာကို ေရာက္လာၾကတယ္…
“ေက်ာက္လိုဏ္ထဲမွာ ငေမာင္က်န္ေနတယ္ သူ႔ကို အျမန္ကယ္ၾကပါဦး …”
ႏိုင္ႀကီးရဲ႕ ေအာ္သံေၾကာင့္ အားလုံးေသြးဆူသြားၾက တယ္…
လူအုပ္ႀကီးရဲ႕ အင္အားႏွင့္ ေက်ာက္တုံးေက်ာက္ခဲေတြကို ဖယ္ရွားရွင္းလင္းၾကတယ္ငါးနာရီေလာက္ၾကာမွ ငေမာင္ကိုရတယ္အသက္မေသေသးဘူး ေငြ႕ေငြ႕ က်န္ေနေသးတယ္ … ပါးစပ္က ေသြးေတြတပြက္ပြက္အန္ေနတယ္ ေခါင္းမွာလည္း တက္တက္ႀကီးကြဲလို႔။ဒဏ္ရာႀကီးထဲက ေသြးစီးေတြတစိမ့္စိမ့္၊ တစိမ့္စိမ့္ထြက္ တ်ေနဆဲ …ေျခေထာက္႐ိုးေတြက ေၾကမြေက်ာက္ခြၽန္ႀကီးတစ္စကလည္း ဝမ္းဗိုက္ထဲစိုက္ဝင္လို႔ .. ေသြးသံတရဲရဲႏွင့္ငေမာင္၊ ႐ုပ္ပ်က္ဆင္းပ်က္ငအာင္ …ပါပဲ
တကယ့္ေသြးပ်က္ထိတ္လန႔္ စရာ မျမင္ရက္စရာ ျမင္ကြင္း၊ကြန္းေနာက္႐ြာမွာ နာမည္ရ မုဆိုးႏွစ္ေယာက္ရွိတယ္။ တစ္ေယာက္က ႏိုင္ႀကီး၊ ေနာက္တစ္ေယာက္က ငေမာင္
ႏိုင္ႀကီးက ေျမာက္ပိုင္းမွာေနၿပီး ငေမာင္က ေတာင္ပိုင္းတစ္ခုေတာ့ရွိတယ္။မုဆိုးခ်င္းတူေပမယ့္ စ႐ိုက္ခ်င္းမတူဘူး။ ကြၽမ္းက်င္တာခ်င္း မတူဘူး။ စားက်က္ခ်င္းလည္းမတူဘူး။
ႏိုင္ႀကီးက ေလေသနတ္ပစ္ ဝါသနာပါလို႔ မုဆိုးျဖစ္ရတာသူရဲ႕သားေကာင္က ငွက္ေတြပဲ။ၿပီးေတာ့သူက စားဖို႔ပဲ၊ စီးပြားေရးမပါဘူး။ ရင္းႏွီးခင္မင္သူေတြက ငွက္သားေၾကာ္စားခ်င္လို႔ ကူညီ
ေပးပါဦးဆိုမွ ရံဖန္ရံခါ ေရာင္းစားတာ။ သူစားက်က္ေျမက ႐ြာအေနာက္ဘတ္ မနီးမေဝးက ေတာတိရစာၦန္အကုန္လို႔ ပဲ ေျပာရမယ္။ေက်ာ့ကြင္း၊ ေထာင္ေခ်ာက္၊ ေညႇာင့္က်င္း။
႐ိုးမထဲက သားေကာင္ကိုဖမ္းဖို႔ နည္းလမ္းမွန္သမွ် သူအကုန္နားလည္တယ္။ကြၽမ္းကြၽမ္းက်င္က်င္လည္း လုပ္တတ္တယ္။ဒါေပမယ့္ သူက စီးပြားေရးဆန္တယ္။ေငြ မ်ိဳးမ်ိဳးမ်က္မ်က္ေလးရမယ့္ အေကာင္ႀကီးေတြကိုမွလုပ္ခ်င္တယ္။ေရငတ္တုန္း ေရတြင္းထဲက်ဆိုသလိုပဲ။အဖြဲ႕ ဖြဲ႕တယ္။ ေသနတ္တပ္ဆင္ေပးတယ္။ေသာင္းက်န္းသူကာကြယ္ဖို႔ ကြန္းေနာက္မွာ ျပည္သူ႔ စစ္ လူ႔စစ္။ေသနတ္က ၃ဝ၃ ႐ိုင္ဖယ္ႀကီးေတြ။အမဲႀကီးပစ္လို႔ ့ သိပ္ေကာင္းတဲ့အမ်ိဳးအစားထိလည္းေသနတ္ကေျပာင္းရွည္၊ ေျပာင္းရဲ႕ အတြင္းမွာပါတဲ့ အရစ္ထိေရာက္တယ္။စိပ္တယ္။ဒႆမ ၃ဝ၃ က်ည္ဆံကလည္းယမ္းျပင္းတယ္။
ေရွ႕ကအေပါက္ေသးေသးႏွင့္ဝင္ၿပီး ခႏၶာကိုယ္ထဲကို ေမႊ႕ေက်ာက္ဖက္က ထြက္သြားတဲ့အေပါက္က်ေတာ့ အႀကီးႀကီး ပြင့္ထြက္သြားတာ။
စာဆိုေတာင္ရွိရဲ႕။
႐ိုင္ဖယ္၊ တိုင္မကြယ္ႏွင့္ မိုင္ႏွစ္ဆယ္ေတာင္မလြတ္ဘူးတဲ့။ငေမာင္ျပည္သူ႔ စစ္ထဲရေအာင္ႀကံဖန္ဝင္တယ္။တပ္ကပို႔ခ်တဲ့ လက္နက္သင္တန္း၊ စစ္သင္တန္းၿပီးေတာ့ငေမာင္ျပည္သူ စစ္ျဖစ္ၿပီ၊ ေသနတ္ကိုင္ရၿပီ။ေသနတ္ကိုအိမ္မွာ ေပးထားတာဆိုေတာ့ ပိုၿပီး အႀကိဳက္ေတြ႕တာေပါ့။
လစ္ရင္လစ္သလို၊ ေသနတ္ယူၿပီး ႐ိုးမေပၚတက္သြားတယ္။ေတာဝက္၊ ဂ်ီ၊ ဆတ္၊ ေမ်ာက္ေတြ႕ရာ ပစ္ေတာ့တာပဲ။ရရင္အသားတြဲေတြ ထမ္းျပန္လာၿပီးေရာင္းတယ္။
ျပည့္သူ႔ စစ္အဖြဲ႕ ေခါင္းေဆာင္ႏွင့္ ႐ြာသူႀကီးကိုေတာ့ အသားတစ္တြဲေလာက္၊ ဝမ္းတြင္းသားကလီစာေလာက္ပို႔ ေပးလိုက္တယ္။တေျဖးေျဖးၾကာလာေတာ့ ငေမာင္ေသနတ္ကို ဝွက္ၿပီးယူသြားစရာမလိုေတာ့ဘူး။မျျမင္ထင္ထင္ပဲ၊ ေသနတ္လြယ္ၿပီး႐ိုးမေပၚတက္လို႔ ရၿပီးအမဲပစ္တဲ့အထဲမွာ ငေမာင္အပစ္ခ်င္ဆုံးက ေမ်ာက္ေတြပဲ။
ေမ်ာက္ေတြကိုႀကိဳက္တဲ့ အပင္ေအာက္က အသာပုန္းၿပီးေစာင့္ေန႐ုံပဲ။အခ်ိန္တန္ေတာ့ တစ္ပင္ႏွင့္တစ္ပင္ တလႊားလႊားခုန္ကူးၿပီး ေမ်ာက္ေတြေရာက္လာတယ္။
အႀကိဳက္ဆုံးအေကာင္ကို ေ႐ြးပစ္လိုက္တယ္။ ငေဟင္က အညႇာအတာကင္းတယ္။ဘုန္းခနဲက်လာတဲ့မေသမရွင္ေမ်ာက္ကို လည္ပင္းဓားႏွင့္ေျပးလွီးတယ္။ထြက္လာတဲ့ေသြးကို ပါးစပ္ႏွင့္ငုပ္တယကာမအားတိုးေဆးတဲ့။တစ္ခါတစ္ခါ ေမ်ာက္မႀကီးကိုပစ္ခ်မိရင္ ဖက္တြယ္ထားတဲ့ ခ်ောက္ကေလးေတြပါ အရွင္ရတတ္တယ္။
ငေမာင္ကေတာ့ အရွင္၊ အေသေ႐ြးမေနဘူး။ ရတဲ့ေပ်ာက္မွန္သမွ် လည္ပင္းလွီးၿပီး ေမ်ာက္ေသြးစုပ္ေတာ့ရက္စက္လြန္းအားႀကီးလို႔ သူႏွင့္အေဖာ္လိုက္တဲ့ လူေတာင္ လက္လန္ရတယ္။ ငေမာင္ရဲ႕ ေလာဘစိတ္ေတြကလည္း ခ႐ုေခ်ာင္းဖ်ားမွာပုဂၢလိက ဆင္ႀကီးတစ္ေကာင္ကို ပစ္သတ္ၿပီး အစြယ္ျဖတ္ယူတဲ့ အဆင့္ထိႀကီးမားလာခဲ့တယ္။
သုံး “ကိုင္းဟာ … ကိုင္းဟာ ေသစမ္း … ကြာ
ငေမာင္ရဲ႕ မ်က္ႏွာႀကီးက ေၾကာက္စရာေကာင္းေနတယ္။သူ႔မ်က္ႏွာေပၚမွာ ခက္ထန္၊ ၾကမ္းတမ္း၊ ရက္စက္မီးေတာက္ေတြ တဝုန္းဝုန္းေတာက္ေလာင္လို႔။သူေရာက္ေနတဲ့ေနရာကပင္းပုန္း႐ြာေဟာင္းအထက္ ဒီေနရာက နာမည္ႀကီးဒီေခ်ာင္းဆုံေနရာရဲ႕ အထက္ဘက္၊ ကြန္းေခ်ာင္းေပၚမွာ အရပ္အဆင္မကုတင္ဆိုတဲ့ ေနရာရွိတယ္။ရွိတယ္။ကုတင္ဆိုတာတ ေရတံခြန္ကိုေျပာတာအဲဒီအနီးမွာ ဆင္ဝပ္ေနတဲ့ပုံစံ ေက်ာက္တုံးႀကီးတစ္တအဲဒါေၾကာင့္ ဆင္မကုတင္လို႔ ေခၚတာ။မင္းပုန္းဆိုတာ ဟိုတုန္းက ေတာင္ေပၚ ကရင္ေတြေနတယ္။
တစ္ေန႔မွာ ကရင္ေတြစိုက္ပ်ိဳးထားတဲ့ေတာင္ယာခင္းေတြကို ဖ်က္ဆီးစားေသာက္ထားတာ ေတြ႕ရသတဲ့… ဆင္တစ္ေကာင္ထပ္ၿပီး ကရင္ေတြလည္း ဖ်က္ဆီးတဲ့ဆင္ရဲ႕ ေနာက္ကို ေျခရာခံၿပီး
သိုလ္ၾကည့္ၾကတာေပါ့ …ဆင္ေျခရာေတြက ဆင္မကုတင္အနီးမွာပဲ ဆုံးသြားတယ္။ ဆင္ကိုလည္း ရွာမေတြ႕ဘူး။ေနာက္ေတာ့၊ ကရင္ေတြက ေတာင္ယာအနီးကေန ေခ်ာင္းေျပာင္းၿပီး ၾကည့္ၾကတယ္ …။ညက်ေတာ့ ဆင္ႀကီးတစ္ေကာင္လာတာပါပဲ။ဆင္ႀကီး၊ေနာက္ကို တိတ္တိတ္ေလး လိုက္သြားၾကေတာ့မွအေၾကာင္းစုံကို သိၾကရတယ္။ဆင္ထပ္ေနတဲ့သဏၭာန္ ေက်ာက္တုံးႀကီးက အသက္ဝင္လာေတာင္ယာေတြကို စားေသာက္ဖ်က္ဆီးတာေပါ့ …။ ဒါႏွင့္ပဲ ကရင္ေတြက ဆင္ထပ္ေနတဲ့ပုံ ေက်ာက္တုံးႀကီးကိုခြဲဖ်က္ဆီးလိုက္ၾကတယ္။
အဲဒီညမွာပဲ ႐ြာသူ႐ြာသားေတြဟာ ဆင္ေအာ္သံႀကီးကိုၾကားၾကရတယ္။ဆင္ေအာ္သံက နားမခံသာေအာင္ က်ယ္ေလာင္လြန္းသတဲ့။ဆင္ေအာ္သံကို ၾကားရၿပီးတဲ့ေနာက္ ႐ြာမွာ အဖ်ားအနာေတြ ထူေျပာလာၿပီး လူေတြေသၾကသတဲ့ …။ဒါႏွင့္ေနာက္တစ္ေနရာကို ႐ြာေျပာင္းၾကတယ္။ အဲဒီေနရာကလည္း ဆင္ေအာ္သံႀကီးကို ၾကားရျပန္သတဲ့။လူေတြလည္းဆက္ၿပီး ေသေနတုန္းပဲတဲ့။ေနာက္ေတာ့၊ ႐ြာေ႐ႊ႕ရင္း ေခ်ာင္းတစ္ေခ်ာင္းရဲ႕ အနီးကေရာက္လာတယ္။
အဲဒီေနရာေရာက္မွပဲ ဆင္ေအာ္သံႀကီးကို မၾကားရေတ ဘူး။ လူေတြလည္း မေသၾကေတာ့ဘူးတဲ့။ဒါေၾကာင့္၊ အဲဒီေခ်ာင္းကို “ကရင္မေသေခ်ာင္း ”လို႔ နာမည္ ေပးထားၾကတာ။ကရင္ေတြ ထုခြဲဖ်က္ဆီးလိုက္တဲ့ ေနရာမွာပဲ ဆင္႐ုပ္ႀကီးတစ္႐ုပ္ျပန္ျဖစ္ေနတာ ေတြ႕ၾကရတယ္။
အဲဒီ ဆင္မကုတင္၊ ေက်ာက္ဆင္႐ုပ္ႀကီးႏွင့္ ကရင္မသေေခ်ာင္းေတြဟာ ခုထိ ရွိေနတုန္းပဲ။ခု၊ ငေမာင္ေဒါသ အမ်က္ေျခာင္းေျခာင္း ထြက္ေနတာလည္းေက်ာက္ဆင္႐ုပ္ႀကီးအနီးမွာ။ေခ်ာင္းကမ္းကိုလာတဲ့ ငေမာင္ႏွင့္ ေက်ာက္ဆင္႐ုပ္ႀကီးႏွင့္ကပ္ၿပီး အရိပ္ခိုေနတဲ့ ဖြတ္က်ားႀကီးတစ္ေကာင္ ဆုံမိတာ။ဇြတ္က်ားႀကီးက အသက္ဘယ္ေလာက္ ရွည္ေနၿပီလဲမသိဘူး။
ေျခာက္ေပေက်ာ္ ခုနစ္ေပေလာက္ရွိေနၿပီ။ငေမာင္ကို ဖြတ္ႀကီးက အရင္ေတြ႕ၿပီး တိုက္ခိုက္တာ၊အၿမီးႏွင့္ဗုန္းခနဲ ႐ိုတ္ခ်လိုက္တာငေမာင္ေက်ာေကာ့ၿပီး ေရထဲက်သြားတယ္။႐ုတ္တရက္ဆိုေတာ့ မိေခ်ာင္းႀကီးလားလို႔ ေတာင္ ထင္မိတယ္။
ေနာက္မွ ကိုယ္လုံးေပၚက အဝါ၊ အနက္ကြက္ အေရျပား ႀကီးႏွင့္ ႏႈတ္သီးကိုျမင္မွ ဖြတ္ႀကီးမွန္း သိလိုက္ကာ။ ငေမာင္ေရထဲက အျမန္တက္တယ္။
ေသနတ္က လက္ထဲမွာေပမယ့္ ခ်က္ခ်င္းအသုံးခ်လို႔ရဘူး။ဖြတ္ႀကီးက အဆက္မျပတ္အၿမီးႏွင့္႐ိုက္ၿပီး တိုက္ခိုက္ခပ္လွမ္းလွမ္းထိ ေျပးၿပီးမွ၊ ျပန္လွည့္၊ ေသနတ္ေမာင္းတင္ၿပီး ဖြတ္ႀကီးရဲ႕ ေခါင္းကိုပစ္ခ်လိုက္တယ္။
ဖြတ္ႀကီးေခါင္းလည္ၿပီး ပက္လက္လန္သြားတယ္။ခ်က္ခ်င္းမေသဘူး၊ အၿမီးက တဗုန္းဗုန္း ႐ိုက္ေနတုန္း
့ဘယ္လိုပဲျဖစ္ျဖစ္၊ ဖြတ္ႀကီးကို ရတာေသခ်ာေနၿပီ။ဘာမွလုပ္စရာမလိုေတာ့ဘူး။ ၿငိမ္သက္သြားတဲ့အထိ ေတင့္ၿပီး ဝါးလုံးလွ်ိဳ အေဖာ္ႏွင့္ထမ္းသြား႐ုံပဲ။ဒါကိုပဲ ငေမာင္က ဖြတ္ႀကီးဆီ ေျပးသြားတယ္။ေခ်ာင္းစပ္က ေက်ာက္တုံးႀကီးတစ္တုံးရွာၿပီး ဖြတ္ႀကီးရေခါင္းကို ေဒါသတႀကီးႏွင့္ထုတယ္။
ေၾကမြေနေအာင္ကိုထုတယ္။ေတာ္ေတာ္ၾကာေတာ့ ဖြတ္ႀကီးၿငိမ္သက္သြားတယ္။ဖြတ္ႀကီးေသသြားတာေတာင္ ငေမာင္က အခဲမေၾကသူ ့ေက်ာကို အၿပီးႏွင့္႐ိုက္ထားတဲ့အတြက္ ကလဲ့စား ခ်ခ်င္တုန္း …။ဖြတ္ရဲ႕ဗိုက္မွာ အေပါက္တစ္ေပါက္ေဖာက္ၿပီး ဖြတ္အၿမီးကို ထိုးထည့္လိုက္တယ္ …။
ဒီအျပဳအမူေတြဟာ. ေတာထဲေတာင္ထဲမွာ မလုပ္ေကာင္းတဲ့အျပဳအမူေတြ …၊ပုဆိုးလုပ္ေနတဲ့ ေမာင္လည္းသိတယ္။ေတာထဲမွာ “မဟုတ္မက”ေတြ မလုပ္ရဘူး။“ မဟုတ္”ဆိုတာက မမွန္တာ၊ သဘာဝမက်တာ။“မက”ဆိုတာက လိုတာထက္ ပိုတာ၊ လြန္ကဲတာ။မဟုတ္မကေတြလုပ္ရင္ တစ္ခုခုျဖစ္တတ္တယ္။ ေတာေခ်ာက္တတ္တယ္။ဆိုးတဲ့ေနရာေဒသဆိုရင္ အသက္ေသေအာင္ထိ လုပ္တတ္ဒါကို ငေမာင္သိၿပီးသား …။သိ႐ုံတင္မကဘူး၊ ကိုယ္ေတြ႕ ေတာင္ ႀကဳံဖူးေသးရဲ႕၊ တစ္ခါတုန္းက ႐ိုးမေပၚမွာ ကရင္တဲတစ္တဲေတြ႕ လို႔ ေမာင္ ၾကက္ဖတစ္ေကာင္ ဝယ္ခဲ့တယ္။
သူတို႔နားတဲ့စခန္းေရာက္ေတာ့ ခ်က္စားဖို႔ ၾကက္ကို သတ္တယ္။ၾကက္သတ္ရင္ လည္ပင္းလိမ္၊ အေတာင္ပံၾကားထဲ ေခါင္း ညႇပ္ၿပီး သတ္ေနက်၊ ငေမာင္
ဒီေန႔ၾကက္သတ္ေတာ့ သစ္ပင္ႏွင့္ ၾကက္ရဲ႕ ေခါင္းကို ႐ိုက္ ၿပီးသတ္တယ္။မထင္မွတ္ဘဲ ၾကက္ေျခသည္းက . သူ႔လက္ကို ျခစ္ပိၿပီး ေသြးနည္းနည္း စို႔သြားတယ္။ဒီေလာက္ေလးျဖစ္တာကိုပဲ ေဒါသေတြထြက္ၿပီး ၾကက္ကိုသစ္ပင္ႏွင့္တဗုန္းဗုန္း လႊဲ႐ိုက္တယ္။
ေဒါသေျပမွ ရပ္တယ္။မၾကာပါဘူး။ အဲဒီၾကက္ကို ပြက္ပြက္ဆူေနတဲ့ ေရေႏြးအိုးထဲ ႏွစ္၊အေမႊးေတြေျပာင္ေအာင္ ႏႈတ္ၿပီးခုတ္ထစ္ဖို႔ စဥ္းတီတုံးေပၚ တင္လိုက္တယ္။အဲဒီအခ်ိန္မွာပဲ ေသၿပီးသားၾကက္ဖက ဖပ္ဖပ္ဆို မတ္မတ္ထရပ္တယ္။
ငေမာင္လည္း ကေယာင္ေခ်ာက္ခ်ား ေၾကာင္ၾကည့္ ေနရင္းက သတိရၿပီး ထြက္ေျပးရတယ္။တစ္ကိုယ္လုံး အေမႊးေျပာင္ေနတဲ့ ၾကက္က သူ႔ေနာက္ကို တန္းတန္းလိုက္ၿပီ ခြပ္တယ္။ငေမာင္ လွည့္ပတ္ေျပးေနရတယ္။..အတူပါလာတဲ့အေဖာ္က သတိရၿပီး၊ ၾကက္ကို ႐ိုက္လိုက္မွ လဲက်သြားတယ္။ ဒီေတာ့မွ ငေမာင္ ေမာႀကီးပန္းႀကီးႏွင့္ ျပန္ေရာက္လာအဲဒီ နာနာဘာဝဝင္ပူးေနတဲ့ၾကက္သာ ခြပ္မိလို႔ကေတာ့ေမာင္အသက္ရွင္လ်က္ ႐ြာျပန္မေရာက္ႏိုင္ေတာ့ဘူး။ခုလည္း တစ္ခါထပ္လုပ္ျပန္ၿပီ။
မလိုအပ္ေတာ့ဘဲ ဖြတ္ႀကီးရဲ႕ ေခါင္းကို စိစိညက္ညက္ေၾကေအာင္ ေဒါသတႀကီး ေက်ာက္ခဲႏွင့္ထုတယ္။ ဖြတ္ဗိုက္ကိုေဖာက္ၿပီး အၿမီးထိုးထည့္တယ္။ငေမာင္ရဲ႕ မဟုတ္မက လုပ္ရပ္ေတြရဲ႕ အက်ိဳးဆက္က ညဦးယံမွာပဲ ျဖစ္သြားတယ္ …။
အစဦးဆုံး အိပ္တန္းတက္ေနတဲ့ ငွက္ေတြ ဂုန္းခနဲ လန႔္ ၾကတယ္။ ထိတ္လန႔္ စရာေကာင္းေအာင္ ဆူဆူညံညံ အသံေတြ ျမည္ေႂကြးေအာ္ဟစ္ၾကတယ္။အဲဒီတုန္းမွာပဲ အေဝးႀကီးကေန အသံနက္ႀကီးႏွင့္ ဟား တိုက္ရယ္လိုက္သံႀကီးကို ၾကားရတယ္။
ရယ္သံႀကီးက တေျဖးေျဖး နီးနီးလာတယ္ …ေမာင္တို႔ တစ္ဖြဲ႕ လုံး တစ္စတစ္စ ေသြးပ်က္လာၾကတယ္။ေခ်ာက္ေခ်ာက္ခ်ားခ်ား ျဖစ္လာႀကံတယ္။အဲဒီအခ်ိန္မွာပဲ အသံေတြအားလုံးက ႐ုတ္တရက္ ျဖတ္ခ်လိုက္သလို တုံ႔ခနဲ ရပ္သြားတယ္။ေတာႀကီးေတာင္ႀကီးထဲမွာ အေမွာင္ထုႀကီးကပဲ ႀကီးစိုးေနတယ္ …။
ညပိုးပုရစ္ျမည္သံႏွင့္ မီးပုံႀကီးက တဖ်စ္ဖ်စ္ တေျဖာက္ေျဖာက္ ေတာက္ေလာင္ေနတဲ့အသံပဲ ၾကားေနရတယ္။ေဝၚ ခဏေနေတာ့ မုန္တိုင္းကိုက္လာသလို အသံႀကီးကို ၾကားရျပန္တယ္။“ဒါ ေတာေခ်ာက္တာပဲ …”
ငေမာင္က ေျပာလိုက္တယ္။မုန္တိုင္းသံႀကီးက တေဝါေဝါ ျမည္တင္းရင္း ေခါင္းေပၚကေန ေက်ာ္ျဖတ္ တုိက္ခတ္သြားတယ္။ထူးဆန္းတာက အသံေတြပဲ ၾကားရတာ၊ သစ္ပင္ သစ္ကိုင္းေတြကေတာ့ ပကတိၿငိမ္သက္လို႔ ၊ သစ္႐ြက္သစ္ခက္ေတာင္ မလႈပ္ဘူး။ပတ္ဝန္းက်င္က ေၾကာက္စရာေကာင္းေလာက္ေအာင္တိတ္ဆိတ္သြားျပန္တယ္။
တိတ္ဆိတ္ျခင္းက ခဏတာပဲ ခံတယ္။ငေမာင္တို႔ တစ္ဖြဲ႕လုံး ေသြးပ်က္ေခ်ာက္ခ်ားစရာ အျဖစ္အပ်က္တစ္ခုကို မ်က္ဝါးထင္ထင္ ျမင္လိုက္ၾကရတယ္ …။ ေတာအုပ္ရဲ႕ အေမွာင္ထုႀကီးထဲကေန မည္းမည္းအေကာင္ႀကီးတစ္ေကာင္ မီးပုံႀကီးအနီးကို ေရာက္လာတယ္။တစ္ကိုယ္လုံးကို နီၾကင့္ၾကင့္ အေမႊးအမွ်င္ေတြ ဖုံးအုပ္ ေနတဲ့အေကာင္ႀကီး
မည္းမည္းအေကာင္ႀကီးက မီးပုံေပၚမွာ ေလးတိုင္စင္ ထိုးၿပီး က်ပ္တင္ထားတဲ့ ဖြတ္ေသႀကီးကို ၾကည့္ေနတယ္ …။
ပထမေတာ့ က်ပ္ခိုးစင္ေပၚက ဖြတ္ကို စားခ်င္လို႔ ဝက္ႀကီး တစ္ေကာင္ထြက္လာတာလားလို႔ ထင္လိုက္တယ္။, ဒါေပမယ့္၊ ၾကည့္ရင္းၾကည့္ရင္း ခဏၾကာလာေတာ့မွ သူတို႔ထင္သလို မဟုတ္ဘူးဆိုတာ သိလိုက္ရတယ္။ သူတို႔မ်က္စိေရွ႕မွာပဲ က်ပ္ခိုးစင္ေပၚက ဖြတ္အေသႀကီး တျဖည္းျဖည္း လႈပ္လာတယ္။
အဲဒီဖြတ္ႀကီးကို ငေမာင္တို႔ အေရခြံခြာၿပီးသား၊ ဗိုက္ကိုခြဲ ကလီစာေတြထုတ္၊ ဆားဆႏြမ္းေတြ သုတ္လိမ္း ၿပီးမွ က်ပ္ခိုးစင္ေပၚတင္ထားတာ၊မီးေရာင္ေအာက္မွာ ေဖြးေနတဲ့ ဖြတ္အေသေကာင္တာ ေျခေတြလက္ေတြပါ လႈပ္လာၿပီး က်ပ္ခိုးစင္ေပၚကေန မီးပုံေဘးေရာက္ေအာင္ ခုန္ခ်လိုက္တယ္။ ၿပီးေတာ့ အၿပီးကို မည္းမည္းအေကာင္ႀကီးဆီကို သြားတယ္။ ခဏေနေတာ့ မည္းမည္းအေကာင္ႀကီးေရာ၊ ဖြက္ေသႀကီးတဗုန္းဗုန္းႏွင့္႐ိုက္ရင္းေရာ အေမွာင္ထဲဝင္ၿပီး ေပ်ာက္သြားတယ္။ ငေမာင္တို႔ အဖြဲ႕ ဆီမွာ ေသနတ္ႏွင့္ဓားလွံ၊ ေလးျမားေတြ ရွိေပမယ့္ ဘာမွ မလုပ္လိုက္ရဘူး။မင္တက္မိသလို၊ အားစေးထည့္ခံထားရသလိုပဲ ခံစားေန ၾကရတယ္ …။ငေမာင္တို႔ တစ္ေတြလည္း အဲဒီအေခါက္ ဘာမွ မရဘဲ ျပန္လာၿပီးကတည္းက မဆုံမိၾကေထာ့ဘူး။ဒီလိုႏွင့္ ႐ိုးမေပၚ မတက္ျဖစ္တာ ေတာ္ေတာ္ၾကာသြား တယ္။
“တစ္သက္လုံး အကုသိုလ္အလုပ္ေတြ လုပ္ခဲ့သမွ် ဒီတစ္ခါေတာ့ ဝဋ္ေႂကြးေတြကို ေၾကေအာင္ ဆပ္လိုက္မယ္ေဟ့” ငေမာင္ရဲ႕ အသံက သူ႔ မိန္းမကို ေျပာတာေပမယ့္ ၿခံေရွ႕က လွည္းေတြႏွင့္ ေစာင့္ေနတဲ့ ႏိုင္ႀကီးတို႔ပါ ၾကာလိုက္ရတယ္။ “ငေမာင္ေျပာတာက တစ္မ်ိဳးႀကီးပဲ”လို႔ ႏိုင္ႀကီးပါးစပ္က ႐ုတ္တရက္ေျပာမိလိုက္တယ္။
“တစ္သက္လုံး သူမ်ားအသက္သတ္တဲ့ မေကာင္းမႈေတြ လုပ္ခဲ့တာကို ဒီေန႔ လုပ္တဲ့ ေကာင္းမႈကုသိုလ္ႏွင့္ အေၾကဆပ္မယ္လို႔ သူေျပာလိုက္တာပါ”သြာကာနီး၊ လာကာနီး စိတ္ထင့္မွာစိုးလို႔ ထင္ရဲ႕။
ဦးေဌးေမာင္က အေကာင္းဘက္က စဥ္းစားရင္း ေျဖေျပာလိုက္တယ္။ကြန္းေနာက္႐ြာႏွင့္ ၿမိဳ႕ႏွင့္ဆက္သြယ္တဲ့ ေက်းလက္လမ္းေဖာက္လုပ္အတြက္ ကြန္းေနာက္တစ္႐ြာလုံး လုပ္အားဒါးေပးလႉေနၾကတယ္
လမ္းခင္းဖို႔ အတြက္ ေက်ာက္ေတြကို တစ္အိမ္ေထာင္တစ္က်င္းႏႈန္း လမ္းေဘးမွာ ပုံေပးရမယ္။ေက်ာက္ထုတ္ရမယ့္ေနရာက ႐ြာႏွင့္ေလးငါးမိုင္ေလာက္ေဝးတဲ့ ႐ိုးမေတာင္ေျခမွာရွိတဲ့ ေက်ာက္ေတာင္ေတြဆီက……လွည္းႏြားရွိသူက ေက်ာက္ေတြသယ္ပို႔ ၊ လွည္းမရွိသူကလုပ္အားေပးေက်ာက္တူး …၊
မိမိအစီအစဥ္ႏွင့္မိမိ လူတြဲၿပီး တာဝန္က်တဲ့အတိုင္းေက်ာက္ပုံေပးရတယ္ …။ႏိုင္ႀကီးတို႔ အဖြဲ႕ မွာက ႏိုင္ႀကီး၊ ေမာင္၊ ဦးေဌးေမာင္ႏွင့္႐ြာထဲက လူခုနစ္ေယာက္၊စုစုေပါင္း လူဆယ္ေယာက္ႏွင့္ လွည္းငါးစီး၊“႐ြာသားေတြတူးေနတဲ့ဘက္က သက္ႏုေက်ာက္ေတာင္ေတြက၊ အမႈံအစမ်ားတယ္၊ ေက်ာက္တုံးေက်ာက္ခံရျပန္ေတာ့လည္း ေၾကမြသြားတယ္။
သက္ရင့္ေက်ာက္ေတာင္ရွိတဲ့ဆီ သြားတူးၾကမယ္” ပဲခူး႐ိုးမကို ႏွံ႔စပ္ကြၽမ္းက်င္က ငေမာင္က ဦးေဆာင္ၿပီး အဖြဲ႕ကို ေခၚသြားတယ္။ဟုတ္တယ္၊ သက္ရင့္ေက်ာက္ေတာင္ႀကီး၊ ေက်ာက္တုံးေက်ာက္ခဲေတြက မာေက်ာတယ္၊ အခ်ပ္လိုက္၊ အလႊာလိုက္၊ အတုံးအခဲႀကီးေတြ လိုက္ရေတာ့လွည္းတစ္စီးစာကို ခဏႏွင့္ရတယ္။သူတို႔ အဖြဲ႕ ေက်ာက္တူးရင္း ေက်ာက္ေက်ာအတိုင္းလိုက္ရင္းႏွင့္ လိုဏ္လိုျဖစ္လာတယ္။
“မင္းတို႔ ဒီလိုမတူးၾကႏွင့္ အျပင္ကို ျပန္ထြက္ၾက။ အေပၚက ဖိထားတဲ့ ေက်ာက္တုံးေက်ာက္ခဲေတြရဲ႕အားကိုခံႏိုင္ရင္ ၿပိဳက်တတ္တယ္
႐ြာလူႀကီးက လာေျပာတယ္။
“ၿပိဳက်ရင္ ကြၽန္ေတာ့္ေခါင္းႏွင့္ ခံထားလိုက္မွာေပါ့ ငေမာင္က ႐ႊတ္ေနာက္ေနာက္ ျပန္ေျပာတယ္။ ႐ြာလူႀကီးအုပ္စု သူတို႔ဆီကေန လွည့္ျပန္သြားတယ္။ ႐ြာသားေတြစုၿပီး တူးေနၾကတဲ့ ေက်ာက္ေတာင္ဆီေတာင္
မရာက္ေသးဘူး …။ ေၾကာက္စရာအသံႀကီးႏွင့္ တဝုန္းဝုန္း ၿပိဳက်ေနတဲ့ ေက်ာက္ ေတာင္ႀကီးကို လွမ္းျမင္လိုက္ရတယ္။မျေမႈန္ ေတြ၊ ဖုန္မႈန္ ့ေတြက တအုန္းအုန္း လြင့္ပ်ံ၊ တလိပ္ လိပ္ လွိမ့္တက္ေနတယ္ …။
“အား”ဆိုတဲ့ အသံနက္ႀကီးႏွင့္ ေအာ္လိုက္သံလည္း ၾကားလိုက္ရတယ္။ဘယ္သူ႔ အသံမွန္းေတာ့ သဲသဲကြဲကြဲ မသိရဘူး။ သူတို႔ေရာ၊ ေျပးလာတဲ့ လူအုပ္ႀကီးေရာ အေျပးအလႊားသားၾကည့္ၾကတယ္။ေက်ာက္ေတာင္ႀကီးကေတာ့ အဆက္မျပတ္ တဝုန္းဝုန္း့ ၿပိဳက်ဲေနတုန္းပဲ။
“ေက်ာက္လိုဏ္ထဲမွာ ငေမာင္က်န္ေနတယ္၊ ငေမာင္ကို ကယ္ၾကပါဦး .
ႏိုင္ႀကီးက ထိတ္လန႔္ တၾကား ေအာ္ေနတယ္။ အၾကာႀကီးေနမွ ေက်ာက္ေတာင္ၿပိဳတာ ရပ္သြားတယ္။ ငေမာင္ကိုကယ္ဖို႔ လူအင္အားႏွင့္ ငါးနာရီေလာက္၊ ပိေနတဲ့ ေက်ာက္တုံးေက်ာက္ခဲေတြကို ဖယ္ရွားခဲ့ရတယ္၊ ….ငေမာင္ကို ကယ္ယူရခ်ိန္မွာ အသက္မေသေသးေပမယ့္
ေငြ႕ေငြ႕ေလးပဲ က်န္ေတာ့တယ္။ စကားမေျပာႏိုင္ေတာ့ဘူး …ပါးစပ္က ေသြးေတြ တပြက္ပြက္ အန္ေနတယ္။ ေခါင္းမွာလည္း ဟက္တက္ႀကီးကြဲလို႔ …၊ ဒဏ္ရာႀကီးထဲက ေသြးစီးေတြ၊ ေသြးစီးေတြ၊ တစိမ့္စိမ့္၊ တစိမ့္စိမ့္ ထြက္က်လို႔ …..ေက်ာက္ခြၽန္ႀကီးတစ္စက ဝမ္းဗိုက္ထဲ စိုက္ဝင္ေနတယ္။ ေသြးသံတရဲရဲႏွင့္ငေမာင္။
႐ုပ္ပ်က္ဆင္းပ်က္ႏွင့္ ငေမာင္ရဲ႕ အျဖစ္က တကယ့္ေသြးပ်က္စရာ၊ ထိတ္လန႔္ စရာ၊ မျမင္ရက္စရာပါပဲ။ ေဆး႐ုံပို႔ ဖို႔ လွည္းေပၚတင္ေနစဥ္မွာပဲ ငေမာင္တစ္ေယာက္မရဏတိုင္းျပည္ကို ခရီးထြက္သြားရပါေတာ့တယ္။ဤေလာက၌ အခ်ိဳ႕ေသာ ေယာက္်ား၊ မိန္းမတို႔သည္ သတၱဝါမ်ားအေပၚ၌ သနားၾကင္နာစိတ္ကင္းလ်က္ရက္စက္စြာ သတ္ျဖတ္တတ္ၾက၏။
ထိုသူတို႔သည္ေသလွ်င္ ငရဲသို႔ ေရာက္တတ္၏။အကယ္၍ ေရွးကုသိုလ္ကံတစ္ခုခုက ေထာက္မ၍ ငရဲမက်ဘဲ လူ႔ျပည္၌ လူျပန္လာျဖစ္ရလွ်င္သက္တမ္းေစ့ေအာင္ မေနရဘဲ အသက္တိုၾကရသည္ေရွးေရွးဘဝျဖစ္ေစ၊ ယခုဘဝ၌ျဖစ္ေစျပဳခဲ့ေသာ အကုသိုလ္ကံကအခြင့္ရသည္ႏွင့္တစ္နည္းနည္းျဖင့္ ေသေစေတာ့သတည္း။
ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)