Unicode Version
ဘွားမယ်စိန်နှင့်ထူးဆန်းသောအမယ်အို(စ/ဆုံး)
——————————————————–
ရွာအလယ်ရှိအပင်များအောက်တွင်
ကလေးငယ်များဟိုသည်ပြေးလွှား၍
ငှက်ပစ်တန်းဆော့ကစားနေကြသည်။
လောက်လေးဂွများကိုယ်စီကိုင်ဆောင်ထားသော
ကလေးများမှာ တွေ့ရာမြင်ရာရာငှက်များကို
အသေပစ်ခတ်နေကြ၏။
ထိုသို့ပစ်ခတ်ဖမ်းစီးနေစဉ် လူကြီးတချို့မှာလည်း
သူတို့၏အနီးသို့လာရောက်၍
ကြည့်ရှု့နေခဲ့ကြသည်။
“ဟေး…ရပြီကွ”
“ငါ့ငှက်ကမင်းငှက်ထက်ပိုကြီးတယ်ကွ”
“ငါငှက်ကမှပိုကြီးတာ…နော့ ဖိုးထူး”
တစ်ယောက်နှင့်တစ်ယောက်လည်း
မြေပေါ်ချထားသောငှက်အသေများကို
အကြီးအသေးပြိုင်ဆိုင်ကာ
ပြောနေကြလေသည်။
“ဟဲ့…မသာလေးတွေ…သူများအသတ်ကိုသတ်ပြီးပျော်နေကြတယ်ပေါ့ ဟုတ်လား….ဟင်း….ဟင်း….
နင်တို့တော့လား”
“ဟာ…အရူးမကြီးလာပြီပြေးကြဟ”
“ပြေးကြဟေ့…အရူးမကြီးလာပြီ”
အသက်ငါးဆယ်ကျော်မိန်းမကြီးတစ်ဦးသည်
ဆံပင်များရှုပ်ပွေနေပြီး
သူဝတ်ဆင်ထားသောထဘီမှာအပြဲအပေါက်များက
အထင်းသားဖြစ်နေရုံမက…
သူ၏မျက်နှာအသွင်မှာလည်း ညစ်ထေး…
အိုမင်းနေလေသည်။
ထိုမိန်းမကြီးသည်
ကလေးများကို အသံကျယ်ကြီးဖြင့်အော်ဟစ်ကာပြောလေတော့ ကလေးတသိုက်မှာလည်း ငှက်သေများကိုကောက်၍
နေရာမှထွက်ပြေးကုန်ကြတော့သည်။
ထွက်မပြေးပါက ထိုမိန်းမကြီးလက်တွင်ကိုင်ဆောင်ထားသော
တုတ်နှသ့်အရိုက်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ထိုမိန်းမကြီးသည်က သူတို့နှင့်မစိမ်းလှပေ။
အဘယ့်ကြောင့်ဆိုဖြင့် ထိုမိန်းမကြီးသည်
သူတို့၏ရွာ၌နေထိုင်နေသောကြောင့်ပင်။
အရူးမကြီးဟုသာ အများကခေါ်ကြပြီးသူ၏အမည်ကိုကားမည်သူမျှမသိကြ။
မသိရခြင်းမှာက ထိုမိန်းမကြီးသည် ဤရွာသို့ရောက်လာသည်မှာ တစ်နှစ်ကျော်သာသာရှိသေး၏။
မည်သည့်အရပ်မှရောက်လာပြီး မည်သူဖြစ်ကြောင်းကိုတော့
ရွာရှိလူများမသိရှိကြ။
ရောက်လာစဉ်ကတည်းက ရွာထိပ်ညောင်ပင်၌ အိပ်၏။
ရွာထိပ်ညောင်ပင်ရှိ ရုက္ခစိုးထံလာရောက်ပူဇော်သော
ထမင်းကျန်ဟင်းကျန်များကိုစား၏။
အားလုံးမျက်မှန်းတန်းမိလာချိန်မှ အရူးမကြီးဟုခေါ်၍
တချို့က ထမင်း၊ဟင်းများ ခေါ်ယူကျွေးတတ်ပြီး
တချို့ကတော့ရှောင်ဖယ်ကာသွားကြလေသည်။
အရူးမကြီးသည် အရူးတို့သဘာဝ
သီချင်းလေးတအေးအေးလည်းမဆိုတတ်…
ကလည်း မကတတ်…
သူသည်နေ့ရှိသ၍ ညောင်ပင်အောက်တွင်အသာထိုင်နေပြီး
သွားလာနေသော လူများကိုသာ ငေးမောတတ်၏။
ယခုလိုကလေးများ ငှက်ပစ်နေသော်လည်းကောင်း၊
ရွာချောင်းထဲ၌ ရေကူးခတ်နေပါလည်းကောင်း
ထိုအခါမှသာ တုတ်တချောင်းကိုင်၍
အော်ဟစ်ကာ ရိုက်တတ်၏။
အရူးမကြီး၏အကြောင်းကို ပိုမိုသိလာသော
ရွာသူ၊ရွာသားတို့မှာ…
“အေး…ကောင်းတယ်ဟဲ့…
အရူးမကြီးရှိတာအရမ်းကောင်းတယ်…
မဟုတ်ရင်ဒင်းတို့ဆော့တာလူကြီးတွေမမြင်တော့
လုပ်ချင်ရာလုပ်နေကြမှာ…”
ဟုပင်ပြောကြလေသည်။
ကလေးများကိုစောင့်ရှောက်သော အရူးမကြီးကိုလည်း
အားလုံးကချစ်ခင်ကြသည်။
“အဘွားနာမည်ဘယ်သူတုန်းဗျ”
ဟု…
ညောင်ပင်အောက်တွင်ထိုင်နေသောအရူးမကြီးကို
ဖိုးထူးတို့ကလေးအဖွဲ့ကမေးလေတော့…
“ငါ့နာမည်…ဟုတ်လား…”
“ဟုတ်တယ်လေဗျာ…အဘွားမှာနာမည်ရှိတယ်မလား…”
“အေး…နာမည်နော်….နာမည်…ရှိတာပေါ့ဟဲ့
ဟီး…ဟီး…ဟီး………….”
အရူးမကြီးက တဟီးဟီးရယ်မောလေတော့ ကလေးများမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
သို့သော်ဖိုးထူးက…
“ပြောပါအဘွားရယ်…ကျုပ်တို့ကအဘွားကိုအရူးမကြီးလို့
မခေါ်ချင်ဘူးဗျ…အဘွားကလိမ္မာပါတယ်ဗျာ…
ပြောပါနော်”
“အရူးမကြီး…ငါ့နာမည်ကအရူးမကြီးမဟုတ်ပါဘူးဟဲ့…
ငါ့နာမည်က စာဥ…ဘွားစာဥဟဲ့”
“ဘွားစာဥ…ဟုတ်လား…ဒါဆိုဘွားနာမည်က
ဘွားစာဥပေါ့လေ”
“အေး..ငါ့နာမည်ကဘွားစာဥဟဲ့”
“ဟေးးးးးးးဘှားစာဥတဲ့….ဘှားစာဥ”
“ဟေး…”
“ဘွားစာဥ”
“ရှင့်………”
“ဘွားစာဥ…”
“တော့်……”
ကလေးအုပ်စုမှာတညီတညွှတ်ထဲဘွားစာဥဟုခေါ်နေကြပြီး
ဘွားစုဥမှာလည်း ထူးနည်းမျိုးစုံဖြင့်ထူးနေတော့လေသည်။
ထိုအချိန်မှစ၍ ဘွားစာဥဟု…အများကခေါ်ကြတော့သည်။
*******************************
ဘွားမယ်စိန်သည်သောင်ထွန်းရွာမှ ခရီးထွက်ဖို့ရန်
အကြောင်းဖန်လာခဲ့ပြန်သည်။
ထိုသည်က ဒေါ်ဝင်းမှာ သမီးဖြစ်သူနန်းကြိုင်လေးအတွက်
အဝတ်အစားဝယ်ပေးချင်လှသည်ဆိုသောကြောင့်ပင်။
“ညည်းနှယ်အေ…ရွာမှာရောင်းနေကြ မိသန်းတို့ဆီကဝယ်လည်းရနေတာပဲကို”
“အို…အမေကလည်း သူတို့ဆီကအဆင်တွေကို
ကျုပ်မကြိုက်ပါဘူးတော်…ကျုပ်သမီးလေးအတွက်
မြို့ကနေသေချာရွေးချင်တာတော့်….
အခုဆိုရွာမှာအလှူပွဲရာသီတွေကနီးလာပြီမဟုတ်လား…။
ဒါကြောင့်မို့အမေရယ်…မြို့တက်ချေရအောင်တော်”
ဟု…အပူကပ်သောကြောင့်ပင်။
ဒေါ်ဝင်းမှာလည်းသမီးဖြစ်သူကိုအများထက်လှစေချင်၏။
ထို့အချက်ကိုသိသောဘွားမယ်စိန်လည်း
မငြင်းသာတော့ဘဲ မောင်တိုးနဲ့မောင်အုန်းတို့ကို
အဖော်ခေါ်၍ မြို့တက်ဈေးဝယ်ကြတော့သည်။
“ဟဲ့…မောင်တိုးနဲ့မောင်အုန်း…နင်တို့မိဘများက
တယ်လည်းခွင့်ပြုပါလား…အခုလိုငါတို့သွားတိုင်းခေါ်နေတော့
သူတို့မငြိုငြင်ကြဘူးလား”
ဟု…ဒေါ်ဝင်းမှ…မြို့သို့အသွားနွားလှည်းစီးရင်း
မေးလေတော့မောင်အုန်းမှ…
“မေးတတ်ပါပေ့အရီးရယ်…ကျုပ်မိဘများက ဘွားခရီးမထွက်ဘူးဆိုရင်တောင်…(“ဟဲ့…နင်တို့ဘွားကခရီးမသွားတာလား
ဒါမှမဟုတ်နင်တို့ကိုမခေါ်တော့တာလား”)လို့
တောင်မေးကြသဗျာ…”
မောင်အုန်းပြောသည်ကိုမောင်တိုးမှလည်းထောက်ခံ၍…
“ဟုတ်ပါ့ဗျာ…ကျုပ်အမေဆိုလည်း ဒီတိုင်းပဲဗျ…
ဘွားနဲ့ခရီးများလိုက်ရပြီဆိုလေ
ကျုပ်အမေမျက်နှာမှာပေါ်နေတဲ့အပြုံးကြီးကို
အရီးကိုမြင်စေချင်တယ်ဗျာ…
အဲ…နောက်ပြီးလည်း ပြောသေးတယ်ဗျ…
(“နင့်အဘွားနဲ့နင်တို့ခရီးလိုက်ရင်ငါ့မှာဟိုလူကဟင်းစားလာပေး
ဒီလူကဟင်းရွက်လာပေးနဲ့အတော်ဟန်ကြတာပဲ”)
လို့တောင်ပြောတယ်ဗျ”
“ဟယ်…အထူးအဆန်းပါလားဟဲ့”
မောင်တိုးနဲ့မောင်အုန်းတို့စကားကြောင့်ဒေါ်ဝင်းမှာ
အံ့သြနေသည်။
ဘွားမယ်စိန်ကတော့မည်သည့်စကားမျှဝင်မပြောခဲ့။
ဒေါ်ဝင်းနံဘေး၌ ထိုင်နေသော နန်းကြိုင်လေးမှ…
“ဒါကဒီလိုလေအမေရဲ့…ကိုကြီးအုန်းတို့…ကိုကြီးတိုးတို့က
ဘွားနဲ့လိုက်ပြီးအများကောင်းကျိုးပြုကြတာမလား
အဲ့တော့သူတို့အတွက်လည်း လာဘ်တွေဝင်
ကံတွေမြင့်ကြတာပေါ့…ဟုတ်တယ်နော့ဘွား”
နန်းကြိုင်လေးမှာသူ၏စကားအဆုံးသတ်ပြီးနောက်
ဘွားမယ်စိန်ကိုထောက်ခံခိုင်းလေသည်။
မြေးမလေး၏သွက်လက်ထက်မြတ်မှုကြောင့်ဘွားမယ်စိန်ပြုံးလိုက်ပြီး…
“ဟုတ်တာပေါ့အေ…မိဝင်း…
ညည်းငါ့မြေးလောက်တောင်မသိဘူး”
ဟု…ပြောလိုက်တော့၏။
မြို့ဈေးသို့ရောက်တော့ ဝယ်ယူလိုသောပစ္စည်းများကို
ကြည့်ကြ၏။
ဒေါ်ဝင်းမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်အကြိုက်မတွေ့လေတော့…
“ဟဲ့…မိဝင်း…ညည်းအတော်ဂျေးများပါလားအေ့…
ညည်းအကြိုက်မတွေ့တာနဲ့ ငါတို့ခြေတွေတိုနေလှပြီ…
ကဲ…မောင်တိုးနဲ့မောင်အုန်း မောင်ရင်တို့လိုချင်တဲ့ပုဆိုးကိုအရင်သာဝယ်ကြတော့”
“ဘွား…ကျုပ်တို့ကဘာမှမဝယ်ဘူးလေ…”
“ဟုတ်တယ်လေဘွား…ကျုပ်တို့ကမဝယ်ပါဘူး။
အရီးဝယ်တဲ့နောက်ကိုလိုက်လာတာပဲရှိတာ”
ဟု…မောင်တိုးနဲ့မောင်အုန်းကပြောလေတော့…
“ဘွားက ငါ့သားတွေကိုဝယ်ပေးမှာပါကွယ်…
ကြိုက်တာကြည့်ပြီးရွေးယူကြ…”
“ဗျာ..တကယ်လားဘွား”
“တယ်…ဒီအသက်အရွယ်နဲ့မောင်ရင်တို့ကို
နောက်ပြောင်နေစရာလား”
“ဟီး…ကျေးဇူးပါဘွား”
မောင်တိုးနဲ့မောင်အုန်းကိုလည်း
စိတ်ကြိုက်ပုဆိုးတစ်ထည်ဆီ
ဝယ်ယူစေသည်။
ဒေါ်ဝင်းမှာလည်း နောက်ဆုံးဆိုင်ရောက်မှ
အကြိုက်တွေ့သွား၍ဝယ်ယူခဲ့တော့၏။
ဈေးဝယ်ပြီးအပြန်၌ ယခင်လာရောက်လျှင်တည်းခိုနေကြ
ဘုန်းကြီးကျောင်းသို့သွားကြတော့၏။
ကျောင်းထိုင်ဆရာတော်နှင့်ဘွားမယ်စိန်မှာလည်း
အတော်လေးရင်းနှီးကြသည်။
“ဒကာမကြီးတို့…မလာတာတောင်အတော်ကြာပေါ့”
“တင်ပါ့ဘုရား…အရေးရှိမှမြို့ကိုရောက်တာဆိုတော့
မလာဖြစ်တာပါဘုရား”
“အမ်း…..အခုကော ညအိပ်မှာပဲမလား”
“ညတော့မအိပ်တော့ပါဘူးဘုရား…
မြို့ရောက်တုန်း ဆရာတော်ဘုရားကို
မုန့်လေးကပ်ချင်သေးတာနဲ့ ရောက်လာတာပါဘုရား”
“ဟော…နားနားနေနေ နေလို့ရပါတယ်တကာမကြီးရယ်…
ဘုန်းဘုန်းကျောင်းကလွတ်လပ်ပါတယ်”
“တင်ပါ့ဘုရား…နောက်တခေါက်မှပဲနေပါတော့မယ်ဘုရား”
“အင်းလေ…တကာမကြီးသဘောပါပဲ”
ထို့နောက်
ကျောင်းထိုင်ဆရာတော်ကိုမုန့်ကပ်လှူပြီး
ပြန်ဖို့ရန်ပြင်ဆင်ကြသည်။
သို့သော် ဆရာတော်က ထမင်းစားဖို့ကျောင်းသားကြီးများကို
ပြင်ဆင်ခိုင်းသည်မို့…ထမင်းစားပြီးမှသာ ကျောင်းမှ
ထွက်လာခဲ့ကြရ၏။
တနေကုန်လုံး မြို့ဈေးနှင့်
ဆရာတော့်ကျောင်းသို့လည်းဝင်ခဲ့ကြသေးသည်မို့
အပြန်ခရီးတွင်နေပင်စောင်းနေပြီဖြစ်သည်။
ညနေ နေစောင်းချိန်မို့ နေပူဒဏ်တော့သက်သာရ၏။
မောင်တိုးမှာ လှည်းဦးမှမောင်းနှင်နေခဲ့ပြီး
မောင်အုန်းမှာတော့ မောင်တိုး၏အနောက်တွင်ထိုင်နေခဲ့သည်။
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့မှာတော့လှည်းအလယ်တွင်
သူတို့၏အဝတ်အစားများကို ဖြန့်ကြည့်နေကြရင်း
စကားပြောနေကြ၏။
သူတို့နံဘေးတွင်တော့ဘွားမယ်စိန်ထိုင်ခဲ့သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့၏နွားလှည်းလေးမှာ
မြို့မှထွက်ခွာလာပြီးရွာစဉ်များကိုကျော်ဖြတ်၍သွားလာနေ၏။
ထိုသို့သွားလာနေစဉ်…
“မောင်တိုး…”
“ဗျာ…ဘွား…”
“ရှေ့ဆို အင်ပင်ကြီးရွာရောက်တော့မယ်မလား”
“ဒီရွာကျော်ရင်အင်ပင်ကြီးရွာပဲလေဘွား”
“အေး…အေး…အဲ့ရွာရောက်ရင် ရွာကိုကျော်မသွားဘဲနဲ့..
ရွာထဲကိုတန်းမောင်းသွား…
ပြီးရင်ဘွားကျော့ခင်အိမ်ကိုမေးပြီးသာသွားကြစို့”
“ဘွားကျော့ခင်…ဒါနဲ့အဲ့ရွာကိုဘာလို့ဝင်ရတာလဲဘွား”
“ရွာရောက်ရင်သာဘွားပြောသလိုလုပ်စမ်းပါကွယ်…
ငါ့သားကတယ်လည်းစကားပေါလာပါ့လား”
ဘွားမယ်စိန်သည် မောင်တိုးအမေးကို မဖြေခဲ့။
မောင်တိုးမှာလည်း ရယ်ကျဲကျဲဖြင့်…
“ကျုပ်ကစိတ်ဝင်စားသွားလို့ပါဗျ…
စိတ်သာချဘွားရေ…ကျုပ်ဘွားပြောတဲ့အတိုင်းလုပ်ပါ့မယ်”
“အေး…အေး…အေး………”
ဘွားမယ်စိန်တို့နွားလှည်းကလေးသည် အင်ပင်ကြီးရွာသို့ရောက်ရှိလာခဲ့သည်။အချိန်မှာ မိုးချုပ်စပြုနေပြီဖြစ်တာ
ကြောင့်ရွာမှလူများသည် ဘွားမယ်စိန်တို့နွားလှည်းကို
စူးစမ်းစွာကြည့်နေကြ၏။
“ဗျို့…ဒီရွာပ ဘွားကျော့ခင်အိမ်ကိုညွှန်ပေးကြပါလား”
သူတို့အားကြည့်နေကြသောရွာသူ၊ရွာသားတို့ကို
မောင်တိုးမှမေးလိုက်လေတော့…
“ဘွားကျော့ခင်ရဲ့ဧည့်သည်တွေလား…
ရှေ့နှစ်အိမ်ကျော်ပြီးရင်လမ်းချိုးလေးကွေ့လိုက်ဝင်ဝင်ခြင်းညာဘက်ကအိမ်ကအဲ့တာဘွားကျော့ခင်အိမ်ပဲ…
သူ့အိမ်ရှေ့မှာသရက်ပင်တစ်ပင်ရှိတယ်….”
“ကျေးဇူးပဲဗျို့…သွားပါဦးမယ်”
ဘွားကျော့ခင်အိမ်ကိုညွှန်ပေးသူကအများသား။
သို့သော်လည်း သူတို့ထဲမှလူတစ်ယောက်ညွှန်ပေးတာ
ပိုတိကျ၏။
ရွာသားညွှန်လိုက်သည့်အတိုင်းအိမ်ရှေ့တွင်
သရက်ပင်တစ်ပင်ရှိပြီး နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဆီသို့
ရောက်လာခဲ့ကြသည်။
ခြံရှေ့တွင်ပင်နွားလှည်းရပ်လိုက်တော့
အိမိအတွင်းမှ အသက်သုံးဆယ်ကျော်အမျိုးသားတစ်ဦး
ထွက်လာခဲ့ပြီးသူတို့ကိုသေချာကြည့်သည်။
ပြီးလေမှ…
“ဧည့်သည်တွေလား”
ဟု…မေးလေတော့ ဘွားမယ်စိန်တို့မှာ
နွားလှည်းပေါ်မှဆင်းလာခဲ့ကြပြီး…
“ဒါက မကျော့ခင်အိမ်များလား”
ဟု…ဘွားမယ်စိန်မှမေးလိုက်သည်။
အမျိုးသားကလည်း…
“ဟုတ်ပါတယ်…မကျော့ခင်ဆိုတာ ကျုပ်အမေပါ…”
ဟုဖြေပြီး…
“ဒီကဧည့်သည်တွေကဘယ်ကလာပြီး
ဘယ်သူတွေများလဲဗျ…”
ဟုဆက်မေးပြန်သည်။
ထိုအချိန်…
“ဟဲ့…ဖိုးကျော့…ဧည့်သည်တွေဆိုရင်ခေါ်လာခဲ့လေ…
ဘယ့်နဲ့အိမ်ရှေ့ကြီးမှာစကားပြောနေရတာလဲတုန်း”
ဟူသော အမျိုးသမီးကြီးတစ်ဦး၏အသံသည်
အိမ်အတွင်းမှထွက်ပေါ်လာခဲ့လေသည်။
“ဒီကဧည့်သည်တွေဝင်ကြပါခင်ဗျ…
မိုးကလည်းချုပ်နေတော့…ဘယ်သူ…ဘယ်ဝါမှန်းမသိတော့…
ကျုပ်မေးရတာပါ”
ဟုပြောလေတော့ ဘွားမယ်စိန်မှ…
“ဘွားတို့နားလည်ပါတယ်ကွယ်…
ဘွားတို့ကသောင်ထွန်းရွာကပါ…
သောင်ထွန်းရွာကျောင်းမှာထိုင်တဲ့ဆရာတော်က
မကျော့ခင်ရဲ့တူတော်တယ်လေ…
ဆရာတော်ကလည်းသူ့အရီးအကြောင်းပြောပြတတ်လို့
လမ်းကြုံတာနဲ့ဝင်လာခဲ့တာ…
နောက်ပြီး မကျော့ခင်နဲ့ဘွားနဲ့ကလည်း
ဆရာတော်ဆီသူလာစဉ်က တွေ့ဆုံဖူးကြပါတယ်ကွယ်”
ဟုဘွားမယ်စိန်ဖြေလိုက်လေတော့…ဖိုးကျော့သည်
အားနာသွားဟန်ဖြင့်…
“ဟုတ်ကဲ့ပါဘွား…ကျုပ်ကမသိလို့ပါခင်ဗျ…
စိတ်မရှိပါနဲ့ဗျာ…”
“ရတယ်…ရတယ်…ဘာမှမဖြစ်ဘူးဘွားတို့ဘက်က…”
“အိမ်ထဲကြွကြပါခင်ဗျ…အိမ်ထဲမှာအမေရယ်…အစ်ကိုကြီးတို့မိသားစုရယ်ရှိပါတယ်ခင်ဗျ….”
ဟုပြော၍ မောင်တိုးတို့နှင့်အတူ
နွားလှည်းကူချွတ်ပေးနေတော့သည်။
ဘွားမယ်စိန်နှင့်အတူ ဒေါ်ဝင်းတို့သားအမိလိုက်ပါလာကြ၏။
အိမ်အတွင်းသို့ရောက်တော့ ရေနံဆီမီးခွက်များထွန်းထား၍ အတော်လင်းနေလေသည်။
ဧည့်ခန်းသဘောမျိုးဖြင့်သစ်သားခုံတန်းများ၊စားပွဲများခင်းကျင်းထားသည့်နေရာသို့ရောက်တော့
အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးတစ်ဦးနှင့်
အသက်လေးဆယ်ကျော်
အမျိုးသားတစ်ဦးကိုပါတွေ့လိုက်ကြသည်။
အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးမှာ
ဘွားကျော့ခင်ဖြစ်ပြီး…ကျန်အမျိုးသားမှာသူ၏သားဖြစ်သူ
ကျော့ဖေဖြစ်၏။
ဘွားကျော့ခင်သည် ဘွားမယ်စိန်တို့အား
မျက်လုံးကိုမမှုန်မသုန်ဖြင့်စူးစိုက်ကြည့်အပြီး..
“ဟောတော်…ဘယ်သူတွေများလို့လဲ မမယ်စိန်တို့ပါလား…
လာကြ…ထိုင်ကြတော်…”
ဟု…ဝမ်းသာအားရဖိတ်ခေါ်တော့၏။
“မကျော့ခင်က မှတ်မိသားပဲ….ကျုပ်ကို”
“အမယ်လေး…ကျုပ်ကအခြားလူသာမေ့ချင်မေ့မယ်…
မမယ်စိန်ကိုတော့မမေ့ပါဘူးတော်…”
“ကျုပ်တို့လည်း မြို့ဈေးသွားဝယ်တာနဲ့ကြုံလို့ဝင်လာကြတာ”
“သြော်…လမ်းကြုံဝင်တာလား…
ကျုပ်ဆီကိုများလာတာလားလို့ကျုပ်ကဝမ်းသာသွား
တာတော့်”
“အတူတူပါပဲ မကျော့ခင်ရယ်…အခုလည်းကျုပ်ကို
ဆရာတော်ဘုရားကအမြဲပြောပြောနေလို့ဝင်လာခဲ့တာ”
“ဆရာတော်ကဘာများပြောတာလဲတော့်”
ဘွားမယ်စိန်နဲ့ ဘွားကျော့ခင်မှာ
တစ်ယောက်နဲ့တစ်ယောက်အလွန်ခင်မင်ကြသူများ
ဖြစ်သည်ကိုသူတို့နှစ်ဦးပြောဆိုသည့်စကားများ
အရသိရှိနိုင်ပေသည်။
ယခုလည်း ဘွားမယ်စိန်၏အနားသို့ပင်ဘွားကျော့ခင်
ပြောင်းရွေ့ထိုင်၍ စကားလက်စုံကျနေခဲ့သည်။
မောင်တိုးတို့မှာလည်းနွားလှည်းဖြုတ်ပြီး၍
ဧည့်ခန်းသို့ဝင်လာခဲ့ကြပြီး
သင့်တော်ရာ၌ထိုင်နေကြလေသည်။
ဘွားကျော့ခင်မှာတော့ဘွားမယ်စိန်အဖြေကိုစိတ်ဝင်စားနေ၏။
“ဒီလိုမကျော့ခင်ရဲ့…ဆရာတော်တစ်နေ့ကျုပ်ကို
သူ့ကျောင်းကိုလာခဲ့ဖို့ခေါ်တယ်…
ဆရာတော့်ကျောင်းကိုကျုပ်ရောက်တော့…
ဆရာတော်က သူ့အိမ်မက်ကိုကျုပ်ကိုပြောပြတယ်တော့်”
“အလို…ဆရာတော်ကဘာအိမ်မက်တွေများမက်တာတုန်း”
“ဆရာတော့်အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့
ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး…
ဆရာတော့်ရဲ့ မွေးရပ်ဇာတိရွာမှာ…မစာဥဆိုတဲ့အမျိုးသမီးကြီးကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတယ်တဲ့…
နောက်ပြီးအဲ့အမျိုးသမီးကြီးကိုလည်း ကျုပ်ကပဲကုသပေးနိုင်တယ်လို့ပြောသတဲ့လေ”
“အလို…မစာဥ….”
“မစာဥ”
“မစာဥ….”
မစာဥဆိုသောအသံကြားသည်နှင့် ဘွားကျော့ခင်တင်မက
ဘွားကျော့ခင်၏သားနှစ်ဦးဖြစ်သည့်ဖိုးကျော့နှင့်ကျော့ဖေတို့ပင်အံ့သြသင့်ကုန်ကြသည်။
“ကျုပ်ကိုဆရာတော်ပြောတာကလည်းလွန်ခဲ့တဲ့လလောက်ကဆိုတော့ အခုလိုအခွင့်သင့်တုန်းဝင်လာခဲ့ရတာပဲ
မကျော့ခင်ရေ…ဒါနဲ့ မကျော့ခင်တို့ရွာမှာ…
မစာဥဆိုတဲ့အမျိုးသမီးရှိသလားတော့်”
“ရှိတာပေါ့ဘွားရဲ့…ရှိတာပေါ့ဗျာ…”
ဘွားမယ်စိန်အမေးကို…ဖိုးကျော့မှဝမ်းသာအားရဝင်ဖြေသည်။
ဘွားကျော့ခင်နှင့်ကျော့ဖေတို့မှာလည်း ခေါင်းညိတ်၍
ရှိသည်ဟုပြောကြသည်။
ထိုအခါ ဖိုးကျော့မှ…
“တကယ်က…ဘွားစာဥက ကျုပ်တို့ရွာကမဟုတ်ဘူးဗျ…
ဘယ်ကလာမှန်း…ဘယ်သူမှန်းလည်းကျုပ်တို့မသိဘူး…။
သူကျုပ်တို့ရွာကိုရောက်လာကတည်း
သူ့ စိတ်ကသိပ်မမှန်ဘူး…
စိတ်မမှန်လို့အရူးလို့ခေါ်ရအောင်လည်းသူအဲ့လောက်ထိ
မရူးဘူးဗျ…ကလေးတွေကအစလူကြီးတွေအဆုံး
သူ့ကိုချစ်ကြတယ်။
ရွာထိပ်ကညောင်ပင်အောက်မှာပဲနေတယ်…
အဲ့မှာပဲစားတယ်သောက်တယ်…
ဘယ်သူ့ကိုမှတော့ဒုက္ခမပေးရှာဘူး”
ဖိုးကျော့ပြောသော ဘွားစာဥ၏အကြောင်းကိုဘွားမယ်စိန်တို့သိရှိသွားတော့သည်။
“ကဲပါလေ…မိုးလည်းချုပ်နေပြီ…
ခရီးလည်းပင်ပန်းလာကြမှာပဲ…ငါ့သားကျော့ဖေ….မင်းမိန်းမကို ထမင်းဝိုင်းပြင်ပေးဖို့ခိုင်းလိုက်ဦး”
“ဟုတ်ကဲ့အမေ…”
ဖိုးကျော့မှာလူလွတ်ဖြစ်ပြီး…
အကြီးဖြစ်သောကျော့ဖေမှာမိန်းမနှင့်ကလေးရှိ၏။
ယခု ဘွားကျော့ခင်မှခိုင်းလိုက်၍ ကျော့ဖေတစ်ယောက်မီးဖိုခန်းသို့အပြေးဝင်သွားတော့သည်။
ဘွားမယ်စိန်နှင့်ဘွားကျော့ခင်တို့မှာတော့
ပြော၍မကုန်ခမ်းနိုင်သော အကြောင်းအရာများကို
ပြောနေကြရာဒေါ်ဝင်းတို့မောင်အုန်းတို့မှာလည်းသူတို့ပြောသည်များနားထောင်နေကြရရှာသည်။
ဆက်ရန်။
ယဉ်မင်း(ကန့်ဘလူ)
Zawgyi Version
ဘြားမယ္စိန္ႏွင့္ထူးဆန္းေသာအမယ္အို(စ/ဆံုး)
——————————————————–
႐ြာအလယ္ရွိအပင္မ်ားေအာက္တြင္
ကေလးငယ္မ်ားဟိုသည္ေျပးလႊား၍
ငွက္ပစ္တန္းေဆာ့ကစားေနၾကသည္။
ေလာက္ေလးဂြမ်ားကိုယ္စီကိုင္ေဆာင္ထားေသာ
ကေလးမ်ားမွာ ေတြ႕ရာျမင္ရာရာငွက္မ်ားကို
အေသပစ္ခတ္ေနၾက၏။
ထိုသို႔ပစ္ခတ္ဖမ္းစီးေနစဥ္ လူႀကီးတခ်ိဳ႕မွာလည္း
သူတို႔၏အနီးသို႔လာေရာက္၍
ၾကည့္ရႈ႕ေနခဲ့ၾကသည္။
“ေဟး…ရၿပီကြ”
“ငါ့ငွက္ကမင္းငွက္ထက္ပိုႀကီးတယ္ကြ”
“ငါငွက္ကမွပိုႀကီးတာ…ေနာ့ ဖိုးထူး”
တစ္ေယာက္ႏွင့္တစ္ေယာက္လည္း
ေျမေပၚခ်ထားေသာငွက္အေသမ်ားကို
အႀကီးအေသးၿပိဳင္ဆိုင္ကာ
ေျပာေနၾကေလသည္။
“ဟဲ့…မသာေလးေတြ…သူမ်ားအသတ္ကိုသတ္ၿပီးေပ်ာ္ေနၾကတယ္ေပါ့ ဟုတ္လား….ဟင္း….ဟင္း….
နင္တို႔ေတာ့လား”
“ဟာ…အ႐ူးမႀကီးလာၿပီေျပးၾကဟ”
“ေျပးၾကေဟ့…အ႐ူးမႀကီးလာၿပီ”
အသက္ငါးဆယ္ေက်ာ္မိန္းမႀကီးတစ္ဦးသည္
ဆံပင္မ်ားရႈပ္ေပြေနၿပီး
သူဝတ္ဆင္ထားေသာထဘီမွာအၿပဲအေပါက္မ်ားက
အထင္းသားျဖစ္ေန႐ုံမက…
သူ၏မ်က္ႏွာအသြင္မွာလည္း ညစ္ေထး…
အိုမင္းေနေလသည္။
ထိုမိန္းမႀကီးသည္
ကေလးမ်ားကို အသံက်ယ္ႀကီးျဖင့္ေအာ္ဟစ္ကာေျပာေလေတာ့ ကေလးတသိုက္မွာလည္း ငွက္ေသမ်ားကိုေကာက္၍
ေနရာမွထြက္ေျပးကုန္ၾကေတာ့သည္။
ထြက္မေျပးပါက ထိုမိန္းမႀကီးလက္တြင္ကိုင္ေဆာင္ထားေသာ
တုတ္ႏွသ့္အ႐ိုက္ခံၾကရမည္ျဖစ္ေသာေၾကာင့္ပင္။
ထိုမိန္းမႀကီးသည္က သူတို႔ႏွင့္မစိမ္းလွေပ။
အဘယ့္ေၾကာင့္ဆိုျဖင့္ ထိုမိန္းမႀကီးသည္
သူတို႔၏႐ြာ၌ေနထိုင္ေနေသာေၾကာင့္ပင္။
အ႐ူးမႀကီးဟုသာ အမ်ားကေခၚၾကၿပီးသူ၏အမည္ကိုကားမည္သူမွ်မသိၾက။
မသိရျခင္းမွာက ထိုမိန္းမႀကီးသည္ ဤ႐ြာသို႔ေရာက္လာသည္မွာ တစ္ႏွစ္ေက်ာ္သာသာရွိေသး၏။
မည္သည့္အရပ္မွေရာက္လာၿပီး မည္သူျဖစ္ေၾကာင္းကိုေတာ့
႐ြာရွိလူမ်ားမသိရွိၾက။
ေရာက္လာစဥ္ကတည္းက ႐ြာထိပ္ေညာင္ပင္၌ အိပ္၏။
႐ြာထိပ္ေညာင္ပင္ရွိ ႐ုကၡစိုးထံလာေရာက္ပူေဇာ္ေသာ
ထမင္းက်န္ဟင္းက်န္မ်ားကိုစား၏။
အားလုံးမ်က္မွန္းတန္းမိလာခ်ိန္မွ အ႐ူးမႀကီးဟုေခၚ၍
တခ်ိဳ႕က ထမင္း၊ဟင္းမ်ား ေခၚယူေကြၽးတတ္ၿပီး
တခ်ိဳ႕ကေတာ့ေရွာင္ဖယ္ကာသြားၾကေလသည္။
အ႐ူးမႀကီးသည္ အ႐ူးတို႔သဘာဝ
သီခ်င္းေလးတေအးေအးလည္းမဆိုတတ္…
ကလည္း မကတတ္…
သူသည္ေန႔ရွိသ၍ ေညာင္ပင္ေအာက္တြင္အသာထိုင္ေနၿပီး
သြားလာေနေသာ လူမ်ားကိုသာ ေငးေမာတတ္၏။
ယခုလိုကေလးမ်ား ငွက္ပစ္ေနေသာ္လည္းေကာင္း၊
႐ြာေခ်ာင္းထဲ၌ ေရကူးခတ္ေနပါလည္းေကာင္း
ထိုအခါမွသာ တုတ္တေခ်ာင္းကိုင္၍
ေအာ္ဟစ္ကာ ႐ိုက္တတ္၏။
အ႐ူးမႀကီး၏အေၾကာင္းကို ပိုမိုသိလာေသာ
႐ြာသူ၊႐ြာသားတို႔မွာ…
“ေအး…ေကာင္းတယ္ဟဲ့…
အ႐ူးမႀကီးရွိတာအရမ္းေကာင္းတယ္…
မဟုတ္ရင္ဒင္းတို႔ေဆာ့တာလူႀကီးေတြမျမင္ေတာ့
လုပ္ခ်င္ရာလုပ္ေနၾကမွာ…”
ဟုပင္ေျပာၾကေလသည္။
ကေလးမ်ားကိုေစာင့္ေရွာက္ေသာ အ႐ူးမႀကီးကိုလည္း
အားလုံးကခ်စ္ခင္ၾကသည္။
“အဘြားနာမည္ဘယ္သူတုန္းဗ်”
ဟု…
ေညာင္ပင္ေအာက္တြင္ထိုင္ေနေသာအ႐ူးမႀကီးကို
ဖိုးထူးတို႔ကေလးအဖြဲ႕ကေမးေလေတာ့…
“ငါ့နာမည္…ဟုတ္လား…”
“ဟုတ္တယ္ေလဗ်ာ…အဘြားမွာနာမည္ရွိတယ္မလား…”
“ေအး…နာမည္ေနာ္….နာမည္…ရွိတာေပါ့ဟဲ့
ဟီး…ဟီး…ဟီး………….”
အ႐ူးမႀကီးက တဟီးဟီးရယ္ေမာေလေတာ့ ကေလးမ်ားမွာ
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾကသည္။
သို႔ေသာ္ဖိုးထူးက…
“ေျပာပါအဘြားရယ္…က်ဳပ္တို႔ကအဘြားကိုအ႐ူးမႀကီးလို႔
မေခၚခ်င္ဘူးဗ်…အဘြားကလိမၼာပါတယ္ဗ်ာ…
ေျပာပါေနာ္”
“အ႐ူးမႀကီး…ငါ့နာမည္ကအ႐ူးမႀကီးမဟုတ္ပါဘူးဟဲ့…
ငါ့နာမည္က စာဥ…ဘြားစာဥဟဲ့”
“ဘြားစာဥ…ဟုတ္လား…ဒါဆိုဘြားနာမည္က
ဘြားစာဥေပါ့ေလ”
“ေအး..ငါ့နာမည္ကဘြားစာဥဟဲ့”
“ေဟးးးးးးးဘွားစာဥတဲ့….ဘွားစာဥ”
“ေဟး…”
“ဘြားစာဥ”
“ရွင့္………”
“ဘြားစာဥ…”
“ေတာ့္……”
ကေလးအုပ္စုမွာတညီတၫႊတ္ထဲဘြားစာဥဟုေခၚေနၾကၿပီး
ဘြားစုဥမွာလည္း ထူးနည္းမ်ိဳးစုံျဖင့္ထူးေနေတာ့ေလသည္။
ထိုအခ်ိန္မွစ၍ ဘြားစာဥဟု…အမ်ားကေခၚၾကေတာ့သည္။
*******************************
ဘြားမယ္စိန္သည္ေသာင္ထြန္း႐ြာမွ ခရီးထြက္ဖို႔ရန္
အေၾကာင္းဖန္လာခဲ့ျပန္သည္။
ထိုသည္က ေဒၚဝင္းမွာ သမီးျဖစ္သူနန္းႀကိဳင္ေလးအတြက္
အဝတ္အစားဝယ္ေပးခ်င္လွသည္ဆိုေသာေၾကာင့္ပင္။
“ညည္းႏွယ္ေအ…႐ြာမွာေရာင္းေနၾက မိသန္းတို႔ဆီကဝယ္လည္းရေနတာပဲကို”
“အို…အေမကလည္း သူတို႔ဆီကအဆင္ေတြကို
က်ဳပ္မႀကိဳက္ပါဘူးေတာ္…က်ဳပ္သမီးေလးအတြက္
ၿမိဳ႕ကေနေသခ်ာေ႐ြးခ်င္တာေတာ့္….
အခုဆို႐ြာမွာအလႉပြဲရာသီေတြကနီးလာၿပီမဟုတ္လား…။
ဒါေၾကာင့္မို႔အေမရယ္…ၿမိဳ႕တက္ေခ်ရေအာင္ေတာ္”
ဟု…အပူကပ္ေသာေၾကာင့္ပင္။
ေဒၚဝင္းမွာလည္းသမီးျဖစ္သူကိုအမ်ားထက္လွေစခ်င္၏။
ထို႔အခ်က္ကိုသိေသာဘြားမယ္စိန္လည္း
မျငင္းသာေတာ့ဘဲ ေမာင္တိုးနဲ႔ေမာင္အုန္းတို႔ကို
အေဖာ္ေခၚ၍ ၿမိဳ႕တက္ေစ်းဝယ္ၾကေတာ့သည္။
“ဟဲ့…ေမာင္တိုးနဲ႔ေမာင္အုန္း…နင္တို႔မိဘမ်ားက
တယ္လည္းခြင့္ျပဳပါလား…အခုလိုငါတို႔သြားတိုင္းေခၚေနေတာ့
သူတို႔မၿငိဳျငင္ၾကဘူးလား”
ဟု…ေဒၚဝင္းမွ…ၿမိဳ႕သို႔အသြားႏြားလွည္းစီးရင္း
ေမးေလေတာ့ေမာင္အုန္းမွ…
“ေမးတတ္ပါေပ့အရီးရယ္…က်ဳပ္မိဘမ်ားက ဘြားခရီးမထြက္ဘူးဆိုရင္ေတာင္…(“ဟဲ့…နင္တို႔ဘြားကခရီးမသြားတာလား
ဒါမွမဟုတ္နင္တို႔ကိုမေခၚေတာ့တာလား”)လို႔
ေတာင္ေမးၾကသဗ်ာ…”
ေမာင္အုန္းေျပာသည္ကိုေမာင္တိုးမွလည္းေထာက္ခံ၍…
“ဟုတ္ပါ့ဗ်ာ…က်ဳပ္အေမဆိုလည္း ဒီတိုင္းပဲဗ်…
ဘြားနဲ႔ခရီးမ်ားလိုက္ရၿပီဆိုေလ
က်ဳပ္အေမမ်က္ႏွာမွာေပၚေနတဲ့အၿပဳံးႀကီးကို
အရီးကိုျမင္ေစခ်င္တယ္ဗ်ာ…
အဲ…ေနာက္ၿပီးလည္း ေျပာေသးတယ္ဗ်…
(“နင့္အဘြားနဲ႔နင္တို႔ခရီးလိုက္ရင္ငါ့မွာဟိုလူကဟင္းစားလာေပး
ဒီလူကဟင္း႐ြက္လာေပးနဲ႔အေတာ္ဟန္ၾကတာပဲ”)
လို႔ေတာင္ေျပာတယ္ဗ်”
“ဟယ္…အထူးအဆန္းပါလားဟဲ့”
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔စကားေၾကာင့္ေဒၚဝင္းမွာ
အံ့ၾသေနသည္။
ဘြားမယ္စိန္ကေတာ့မည္သည့္စကားမွ်ဝင္မေျပာခဲ့။
ေဒၚဝင္းနံေဘး၌ ထိုင္ေနေသာ နန္းႀကိဳင္ေလးမွ…
“ဒါကဒီလိုေလအေမရဲ႕…ကိုႀကီးအုန္းတို႔…ကိုႀကီးတိုးတို႔က
ဘြားနဲ႔လိုက္ၿပီးအမ်ားေကာင္းက်ိဳးျပဳၾကတာမလား
အဲ့ေတာ့သူတို႔အတြက္လည္း လာဘ္ေတြဝင္
ကံေတြျမင့္ၾကတာေပါ့…ဟုတ္တယ္ေနာ့ဘြား”
နန္းႀကိဳင္ေလးမွာသူ၏စကားအဆုံးသတ္ၿပီးေနာက္
ဘြားမယ္စိန္ကိုေထာက္ခံခိုင္းေလသည္။
ေျမးမေလး၏သြက္လက္ထက္ျမတ္မႈေၾကာင့္ဘြားမယ္စိန္ၿပဳံးလိုက္ၿပီး…
“ဟုတ္တာေပါ့ေအ…မိဝင္း…
ညည္းငါ့ေျမးေလာက္ေတာင္မသိဘူး”
ဟု…ေျပာလိုက္ေတာ့၏။
ၿမိဳ႕ေစ်းသို႔ေရာက္ေတာ့ ဝယ္ယူလိုေသာပစၥည္းမ်ားကို
ၾကည့္ၾက၏။
ေဒၚဝင္းမွာတစ္ဆိုင္ဝင္တစ္ဆိုင္ထြက္အႀကိဳက္မေတြ႕ေလေတာ့…
“ဟဲ့…မိဝင္း…ညည္းအေတာ္ေဂ်းမ်ားပါလားေအ့…
ညည္းအႀကိဳက္မေတြ႕တာနဲ႔ ငါတို႔ေျခေတြတိုေနလွၿပီ…
ကဲ…ေမာင္တိုးနဲ႔ေမာင္အုန္း ေမာင္ရင္တို႔လိုခ်င္တဲ့ပုဆိုးကိုအရင္သာဝယ္ၾကေတာ့”
“ဘြား…က်ဳပ္တို႔ကဘာမွမဝယ္ဘူးေလ…”
“ဟုတ္တယ္ေလဘြား…က်ဳပ္တို႔ကမဝယ္ပါဘူး။
အရီးဝယ္တဲ့ေနာက္ကိုလိုက္လာတာပဲရွိတာ”
ဟု…ေမာင္တိုးနဲ႔ေမာင္အုန္းကေျပာေလေတာ့…
“ဘြားက ငါ့သားေတြကိုဝယ္ေပးမွာပါကြယ္…
ႀကိဳက္တာၾကည့္ၿပီးေ႐ြးယူၾက…”
“ဗ်ာ..တကယ္လားဘြား”
“တယ္…ဒီအသက္အ႐ြယ္နဲ႔ေမာင္ရင္တို႔ကို
ေနာက္ေျပာင္ေနစရာလား”
“ဟီး…ေက်းဇူးပါဘြား”
ေမာင္တိုးနဲ႔ေမာင္အုန္းကိုလည္း
စိတ္ႀကိဳက္ပုဆိုးတစ္ထည္ဆီ
ဝယ္ယူေစသည္။
ေဒၚဝင္းမွာလည္း ေနာက္ဆုံးဆိုင္ေရာက္မွ
အႀကိဳက္ေတြ႕သြား၍ဝယ္ယူခဲ့ေတာ့၏။
ေစ်းဝယ္ၿပီးအျပန္၌ ယခင္လာေရာက္လွ်င္တည္းခိုေနၾက
ဘုန္းႀကီးေက်ာင္းသို႔သြားၾကေတာ့၏။
ေက်ာင္းထိုင္ဆရာေတာ္ႏွင့္ဘြားမယ္စိန္မွာလည္း
အေတာ္ေလးရင္းႏွီးၾကသည္။
“ဒကာမႀကီးတို႔…မလာတာေတာင္အေတာ္ၾကာေပါ့”
“တင္ပါ့ဘုရား…အေရးရွိမွၿမိဳ႕ကိုေရာက္တာဆိုေတာ့
မလာျဖစ္တာပါဘုရား”
“အမ္း…..အခုေကာ ညအိပ္မွာပဲမလား”
“ညေတာ့မအိပ္ေတာ့ပါဘူးဘုရား…
ၿမိဳ႕ေရာက္တုန္း ဆရာေတာ္ဘုရားကို
မုန္႔ေလးကပ္ခ်င္ေသးတာနဲ႔ ေရာက္လာတာပါဘုရား”
“ေဟာ…နားနားေနေန ေနလို႔ရပါတယ္တကာမႀကီးရယ္…
ဘုန္းဘုန္းေက်ာင္းကလြတ္လပ္ပါတယ္”
“တင္ပါ့ဘုရား…ေနာက္တေခါက္မွပဲေနပါေတာ့မယ္ဘုရား”
“အင္းေလ…တကာမႀကီးသေဘာပါပဲ”
ထို႔ေနာက္
ေက်ာင္းထိုင္ဆရာေတာ္ကိုမုန္႔ကပ္လႉၿပီး
ျပန္ဖို႔ရန္ျပင္ဆင္ၾကသည္။
သို႔ေသာ္ ဆရာေတာ္က ထမင္းစားဖို႔ေက်ာင္းသားႀကီးမ်ားကို
ျပင္ဆင္ခိုင္းသည္မို႔…ထမင္းစားၿပီးမွသာ ေက်ာင္းမွ
ထြက္လာခဲ့ၾကရ၏။
တေနကုန္လုံး ၿမိဳ႕ေစ်းႏွင့္
ဆရာေတာ့္ေက်ာင္းသို႔လည္းဝင္ခဲ့ၾကေသးသည္မို႔
အျပန္ခရီးတြင္ေနပင္ေစာင္းေနၿပီျဖစ္သည္။
ညေန ေနေစာင္းခ်ိန္မို႔ ေနပူဒဏ္ေတာ့သက္သာရ၏။
ေမာင္တိုးမွာ လွည္းဦးမွေမာင္းႏွင္ေနခဲ့ၿပီး
ေမာင္အုန္းမွာေတာ့ ေမာင္တိုး၏အေနာက္တြင္ထိုင္ေနခဲ့သည္။
ေဒၚဝင္းႏွင့္နန္းႀကိဳင္တို႔မွာေတာ့လွည္းအလယ္တြင္
သူတို႔၏အဝတ္အစားမ်ားကို ျဖန္႔ၾကည့္ေနၾကရင္း
စကားေျပာေနၾက၏။
သူတို႔နံေဘးတြင္ေတာ့ဘြားမယ္စိန္ထိုင္ခဲ့သည္။
ထိုသို႔ျဖင့္ဘြားမယ္စိန္တို႔၏ႏြားလွည္းေလးမွာ
ၿမိဳ႕မွထြက္ခြာလာၿပီး႐ြာစဥ္မ်ားကိုေက်ာ္ျဖတ္၍သြားလာေန၏။
ထိုသို႔သြားလာေနစဥ္…
“ေမာင္တိုး…”
“ဗ်ာ…ဘြား…”
“ေရွ႕ဆို အင္ပင္ႀကီး႐ြာေရာက္ေတာ့မယ္မလား”
“ဒီ႐ြာေက်ာ္ရင္အင္ပင္ႀကီး႐ြာပဲေလဘြား”
“ေအး…ေအး…အဲ့႐ြာေရာက္ရင္ ႐ြာကိုေက်ာ္မသြားဘဲနဲ႔..
႐ြာထဲကိုတန္းေမာင္းသြား…
ၿပီးရင္ဘြားေက်ာ့ခင္အိမ္ကိုေမးၿပီးသာသြားၾကစို႔”
“ဘြားေက်ာ့ခင္…ဒါနဲ႔အဲ့႐ြာကိုဘာလို႔ဝင္ရတာလဲဘြား”
“႐ြာေရာက္ရင္သာဘြားေျပာသလိုလုပ္စမ္းပါကြယ္…
ငါ့သားကတယ္လည္းစကားေပါလာပါ့လား”
ဘြားမယ္စိန္သည္ ေမာင္တိုးအေမးကို မေျဖခဲ့။
ေမာင္တိုးမွာလည္း ရယ္က်ဲက်ဲျဖင့္…
“က်ဳပ္ကစိတ္ဝင္စားသြားလို႔ပါဗ်…
စိတ္သာခ်ဘြားေရ…က်ဳပ္ဘြားေျပာတဲ့အတိုင္းလုပ္ပါ့မယ္”
“ေအး…ေအး…ေအး………”
ဘြားမယ္စိန္တို႔ႏြားလွည္းကေလးသည္ အင္ပင္ႀကီး႐ြာသို႔ေရာက္ရွိလာခဲ့သည္။အခ်ိန္မွာ မိုးခ်ဳပ္စျပဳေနၿပီျဖစ္တာ
ေၾကာင့္႐ြာမွလူမ်ားသည္ ဘြားမယ္စိန္တို႔ႏြားလွည္းကို
စူးစမ္းစြာၾကည့္ေနၾက၏။
“ဗ်ိဳ႕…ဒီ႐ြာပ ဘြားေက်ာ့ခင္အိမ္ကိုၫႊန္ေပးၾကပါလား”
သူတို႔အားၾကည့္ေနၾကေသာ႐ြာသူ၊႐ြာသားတို႔ကို
ေမာင္တိုးမွေမးလိုက္ေလေတာ့…
“ဘြားေက်ာ့ခင္ရဲ႕ဧည့္သည္ေတြလား…
ေရွ႕ႏွစ္အိမ္ေက်ာ္ၿပီးရင္လမ္းခ်ိဳးေလးေကြ႕လိုက္ဝင္ဝင္ျခင္းညာဘက္ကအိမ္ကအဲ့တာဘြားေက်ာ့ခင္အိမ္ပဲ…
သူ႔အိမ္ေရွ႕မွာသရက္ပင္တစ္ပင္ရွိတယ္….”
“ေက်းဇူးပဲဗ်ိဳ႕…သြားပါဦးမယ္”
ဘြားေက်ာ့ခင္အိမ္ကိုၫႊန္ေပးသူကအမ်ားသား။
သို႔ေသာ္လည္း သူတို႔ထဲမွလူတစ္ေယာက္ၫႊန္ေပးတာ
ပိုတိက်၏။
႐ြာသားၫႊန္လိုက္သည့္အတိုင္းအိမ္ေရွ႕တြင္
သရက္ပင္တစ္ပင္ရွိၿပီး ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးဆီသို႔
ေရာက္လာခဲ့ၾကသည္။
ၿခံေရွ႕တြင္ပင္ႏြားလွည္းရပ္လိုက္ေတာ့
အိမိအတြင္းမွ အသက္သုံးဆယ္ေက်ာ္အမ်ိဳးသားတစ္ဦး
ထြက္လာခဲ့ၿပီးသူတို႔ကိုေသခ်ာၾကည့္သည္။
ၿပီးေလမွ…
“ဧည့္သည္ေတြလား”
ဟု…ေမးေလေတာ့ ဘြားမယ္စိန္တိို႔မွာ
ႏြားလွည္းေပၚမွဆင္းလာခဲ့ၾကၿပီး…
“ဒါက မေက်ာ့ခင္အိမ္မ်ားလား”
ဟု…ဘြားမယ္စိန္မွေမးလိုက္သည္။
အမ်ိဳးသားကလည္း…
“ဟုတ္ပါတယ္…မေက်ာ့ခင္ဆိုတာ က်ဳပ္အေမပါ…”
ဟုေျဖၿပီး…
“ဒီကဧည့္သည္ေတြကဘယ္ကလာၿပီး
ဘယ္သူေတြမ်ားလဲဗ်…”
ဟုဆက္ေမးျပန္သည္။
ထိုအခ်ိန္…
“ဟဲ့…ဖိုးေက်ာ့…ဧည့္သည္ေတြဆိုရင္ေခၚလာခဲ့ေလ…
ဘယ့္နဲ႔အိမ္ေရွ႕ႀကီးမွာစကားေျပာေနရတာလဲတုန္း”
ဟူေသာ အမ်ိဳးသမီးႀကီးတစ္ဦး၏အသံသည္
အိမ္အတြင္းမွထြက္ေပၚလာခဲ့ေလသည္။
“ဒီကဧည့္သည္ေတြဝင္ၾကပါခင္ဗ်…
မိုးကလည္းခ်ဳပ္ေနေတာ့…ဘယ္သူ…ဘယ္ဝါမွန္းမသိေတာ့…
က်ဳပ္ေမးရတာပါ”
ဟုေျပာေလေတာ့ ဘြားမယ္စိန္မွ…
“ဘြားတို႔နားလည္ပါတယ္ကြယ္…
ဘြားတို႔ကေသာင္ထြန္း႐ြာကပါ…
ေသာင္ထြန္း႐ြာေက်ာင္းမွာထိုင္တဲ့ဆရာေတာ္က
မေက်ာ့ခင္ရဲ႕တူေတာ္တယ္ေလ…
ဆရာေတာ္ကလည္းသူ႔အရီးအေၾကာင္းေျပာျပတတ္လို႔
လမ္းႀကဳံတာနဲ႔ဝင္လာခဲ့တာ…
ေနာက္ၿပီး မေက်ာ့ခင္နဲ႔ဘြားနဲ႔ကလည္း
ဆရာေတာ္ဆီသူလာစဥ္က ေတြ႕ဆုံဖူးၾကပါတယ္ကြယ္”
ဟုဘြားမယ္စိန္ေျဖလိုက္ေလေတာ့…ဖိုးေက်ာ့သည္
အားနာသြားဟန္ျဖင့္…
“ဟုတ္ကဲ့ပါဘြား…က်ဳပ္ကမသိလို႔ပါခင္ဗ်…
စိတ္မရွိပါနဲ႔ဗ်ာ…”
“ရတယ္…ရတယ္…ဘာမွမျဖစ္ဘူးဘြားတို႔ဘက္က…”
“အိမ္ထဲႂကြၾကပါခင္ဗ်…အိမ္ထဲမွာအေမရယ္…အစ္ကိုႀကီးတို႔မိသားစုရယ္ရွိပါတယ္ခင္ဗ်….”
ဟုေျပာ၍ ေမာင္တိုးတို႔ႏွင့္အတူ
ႏြားလွည္းကူခြၽတ္ေပးေနေတာ့သည္။
ဘြားမယ္စိန္ႏွင့္အတူ ေဒၚဝင္းတို႔သားအမိလိုက္ပါလာၾက၏။
အိမ္အတြင္းသို႔ေရာက္ေတာ့ ေရနံဆီမီးခြက္မ်ားထြန္းထား၍ အေတာ္လင္းေနေလသည္။
ဧည့္ခန္းသေဘာမ်ိဳးျဖင့္သစ္သားခုံတန္းမ်ား၊စားပြဲမ်ားခင္းက်င္းထားသည့္ေနရာသို႔ေရာက္ေတာ့
အသက္ေျခာက္ဆယ္ေက်ာ္အမ်ိဳးသမီးႀကီးတစ္ဦးႏွင့္
အသက္ေလးဆယ္ေက်ာ္
အမ်ိဳးသားတစ္ဦးကိုပါေတြ႕လိုက္ၾကသည္။
အသက္ေျခာက္ဆယ္ေက်ာ္အမ်ိဳးသမီးႀကီးမွာ
ဘြားေက်ာ့ခင္ျဖစ္ၿပီး…က်န္အမ်ိဳးသားမွာသူ၏သားျဖစ္သူ
ေက်ာ့ေဖျဖစ္၏။
ဘြားေက်ာ့ခင္သည္ ဘြားမယ္စိန္တို႔အား
မ်က္လုံးကိုမမႈန္မသုန္ျဖင့္စူးစိုက္ၾကည့္အၿပီး..
“ေဟာေတာ္…ဘယ္သူေတြမ်ားလို႔လဲ မမယ္စိန္တို႔ပါလား…
လာၾက…ထိုင္ၾကေတာ္…”
ဟု…ဝမ္းသာအားရဖိတ္ေခၚေတာ့၏။
“မေက်ာ့ခင္က မွတ္မိသားပဲ….က်ဳပ္ကို”
“အမယ္ေလး…က်ဳပ္ကအျခားလူသာေမ့ခ်င္ေမ့မယ္…
မမယ္စိန္ကိုေတာ့မေမ့ပါဘူးေတာ္…”
“က်ဳပ္တို႔လည္း ၿမိဳ႕ေစ်းသြားဝယ္တာနဲ႔ႀကဳံလို႔ဝင္လာၾကတာ”
“ေၾသာ္…လမ္းႀကဳံဝင္တာလား…
က်ဳပ္ဆီကိုမ်ားလာတာလားလို႔က်ဳပ္ကဝမ္းသာသြား
တာေတာ့္”
“အတူတူပါပဲ မေက်ာ့ခင္ရယ္…အခုလည္းက်ဳပ္ကို
ဆရာေတာ္ဘုရားကအၿမဲေျပာေျပာေနလို႔ဝင္လာခဲ့တာ”
“ဆရာေတာ္ကဘာမ်ားေျပာတာလဲေတာ့္”
ဘြားမယ္စိန္နဲ႔ ဘြားေက်ာ့ခင္မွာ
တစ္ေယာက္နဲ႔တစ္ေယာက္အလြန္ခင္မင္ၾကသူမ်ား
ျဖစ္သည္ကိုသူတို႔ႏွစ္ဦးေျပာဆိုသည့္စကားမ်ား
အရသိရွ္ိႏိုင္ေပသည္။
ယခုလည္း ဘြားမယ္စိန္၏အနားသို႔ပင္ဘြားေက်ာ့ခင္
ေျပာင္းေ႐ြ႕ထိုင္၍ စကားလက္စုံက်ေနခဲ့သည္။
ေမာင္တိုးတို႔မွာလည္းႏြားလွည္းျဖဳတ္ၿပီး၍
ဧည့္ခန္းသို႔ဝင္လာခဲ့ၾကၿပီး
သင့္ေတာ္ရာ၌ထိုင္ေနၾကေလသည္။
ဘြားေက်ာ့ခင္မွာေတာ့ဘြားမယ္စိန္အေျဖကိုစိတ္ဝင္စားေန၏။
“ဒီလိုမေက်ာ့ခင္ရဲ႕…ဆရာေတာ္တစ္ေန႔က်ဳပ္ကို
သူ႔ေက်ာင္းကိုလာခဲ့ဖို႔ေခၚတယ္…
ဆရာေတာ့္ေက်ာင္းကိုက်ဳပ္ေရာက္ေတာ့…
ဆရာေတာ္က သူ႔အိမ္မက္ကိုက်ဳပ္ကိုေျပာျပတယ္ေတာ့္”
“အလို…ဆရာေတာ္ကဘာအိမ္မက္ေတြမ်ားမက္တာတုန္း”
“ဆရာေတာ့္အိမ္မက္ထဲမွာ ဝတ္ျဖဴစင္ၾကယ္နဲ႔
ပုဂၢိဳလ္တစ္ေယာက္ေရာက္လာၿပီး…
ဆရာေတာ့္ရဲ႕ ေမြးရပ္ဇာတိ႐ြာမွာ…မစာဥဆိုတဲ့အမ်ိဳးသမီးႀကီးကို ကယ္ဆယ္ေပးဖို႔ အကူအညီေတာင္းတယ္တဲ့…
ေနာက္ၿပီးအဲ့အမ်ိဳးသမီးႀကီးကိုလည္း က်ဳပ္ကပဲကုသေပးႏိုင္တယ္လို႔ေျပာသတဲ့ေလ”
“အလို…မစာဥ….”
“မစာဥ”
“မစာဥ….”
မစာဥဆိုေသာအသံၾကားသည္ႏွင့္ ဘြားေက်ာ့ခင္တင္မက
ဘြားေက်ာ့ခင္၏သားႏွစ္ဦးျဖစ္သည့္ဖိုးေက်ာ့ႏွင့္ေက်ာ့ေဖတို႔ပင္အံ့ၾသသင့္ကုန္ၾကသည္။
“က်ဳပ္ကိုဆရာေတာ္ေျပာတာကလည္းလြန္ခဲ့တဲ့လေလာက္ကဆိုေတာ့ အခုလိုအခြင့္သင့္တုန္းဝင္လာခဲ့ရတာပဲ
မေက်ာ့ခင္ေရ…ဒါနဲ႔ မေက်ာ့ခင္တို႔႐ြာမွာ…
မစာဥဆိုတဲ့အမ်ိဳးသမီးရွိသလားေတာ့္”
“ရွိတာေပါ့ဘြားရဲ႕…ရွိတာေပါ့ဗ်ာ…”
ဘြားမယ္စိန္အေမးကို…ဖိုးေက်ာ့မွဝမ္းသာအားရဝင္ေျဖသည္။
ဘြားေက်ာ့ခင္ႏွင့္ေက်ာ့ေဖတို႔မွာလည္း ေခါင္းညိတ္၍
ရွိသည္ဟုေျပာၾကသည္။
ထိုအခါ ဖိုးေက်ာ့မွ…
“တကယ္က…ဘြားစာဥက က်ဳပ္တို႔႐ြာကမဟုတ္ဘူးဗ်…
ဘယ္ကလာမွန္း…ဘယ္သူမွန္းလည္းက်ဳပ္တို႔မသိဘူး…။
သူက်ဳပ္တို႔႐ြာကိုေရာက္လာကတည္း
သူ႔ စိတ္ကသိပ္မမွန္ဘူး…
စိတ္မမွန္လို႔အ႐ူးလို႔ေခၚရေအာင္လည္းသူအဲ့ေလာက္ထိ
မ႐ူးဘူးဗ်…ကေလးေတြကအစလူႀကီးေတြအဆုံး
သူ႔ကိုခ်စ္ၾကတယ္။
႐ြာထိပ္ကေညာင္ပင္ေအာက္မွာပဲေနတယ္…
အဲ့မွာပဲစားတယ္ေသာက္တယ္…
ဘယ္သူ႔ကိုမွေတာ့ဒုကၡမေပးရွာဘူး”
ဖိုးေက်ာ့ေျပာေသာ ဘြားစာဥ၏အေၾကာင္းကိုဘြားမယ္စိန္တို႔သိရွိသြားေတာ့သည္။
“ကဲပါေလ…မိုးလည္းခ်ဳပ္ေနၿပီ…
ခရီးလည္းပင္ပန္းလာၾကမွာပဲ…ငါ့သားေက်ာ့ေဖ….မင္းမိန္းမကို ထမင္းဝိုင္းျပင္ေပးဖို႔ခိုင္းလိုက္ဦး”
“ဟုတ္ကဲ့အေမ…”
ဖိုးေက်ာ့မွာလူလြတ္ျဖစ္ၿပီး…
အႀကီးျဖစ္ေသာေက်ာ့ေဖမွာမိန္းမႏွင့္ကေလးရွိ၏။
ယခု ဘြားေက်ာ့ခင္မွခိုင္းလိုက္၍ ေက်ာ့ေဖတစ္ေယာက္မီးဖိုခန္းသို႔အေျပးဝင္သြားေတာ့သည္။
ဘြားမယ္စိန္ႏွင့္ဘြားေက်ာ့ခင္တို႔မွာေတာ့
ေျပာ၍မကုန္ခမ္းႏိုင္ေသာ အေၾကာင္းအရာမ်ားကို
ေျပာေနၾကရာေဒၚဝင္းတို႔ေမာင္အုန္းတို႔မွာလည္းသူတို႔ေျပာသည္မ်ားနားေထာင္ေနၾကရရွာသည္။
ဆက္ရန္။
ယဥ္မင္း(ကန္႔ဘလူ)