Unicode Version
ရှမ်းဘုရားသိုက်မှလာသူ(စ/ဆုံး)
————————————–
ရှမ်းပြည်တောင်ပိုင်းကမြို့တစ်မြို့တွင်အရိပ်မထင်သောဘုရားတစ်ဆူရှိပါသည်။
ထိုဘုရားကိုအလောင်းစည်သူမင်းတည်ထားခဲ့သည်ဟုသိရကာရှေးဟောင်းဘုရားတစ်ဆူဖြစ်ပါသည်။
ထိုဘုရားသည်လွယ်မင်းစဉ်တောင်ပေါ်တွင်တည်ရှိကာထိုဘုရားအရိပ်သည်မိုင်းသောက်အင်းထဲတွင်
သာပေါ်သည်ဟုဘုရားကိုထိန်းသိမ်းပြုပြင်နေသောဆရာတော်ကြီးကမိန့်ပါသည်
ထိုဘုရားသည်တောင်ပေါ်တွင်တည်ရှိကာဘယ်လောက်ပင်နေပူပူထိုဘုရားအရိပ်သည်ပတ်ဝန်းကျင်တွင်မရှိပါ။
ဒေသခံများပြောစကားအရထိုဘုရားအရိပ်သည်အင်းလေးကန်ထဲတွင်သွား၍ပေါ်နေကာရံဖန်ရန်ခါသာတွေ့ရပေသည်။
ထိုသို့အရိပ်ပေါ်နေရာတွင်လဲဘုရားဘေးကနှစ်ရှည်သစ်ပင်များပင်ပါသည်ဟုဘုရားပြုပြင်နေသော
ဆရာတော်ကြီးကမိန့်ပါသည်နောင်တွင်အလွန်စည်ကားလာအုံးမည့်တပေါင်များလဲရွတ်၍ပြသည်။
ထိုဘုရားအရိပ်အားတွေ့ပါကအင်းထဲသွားလာနေသည့်စက်လှေသမားများကထိုဘုရားအရိပ်အားရှောင်ကွင်း၍သွားကြသည်ဟုသိရပါသည်။
ထူးဆန်းအံ့ဖွယ်ရာကထိုဘုရား၏အရိပ်ဘေးတွင်နှစ်ပေါင်းများစွာသက်တမ်းရှည်ရှိသောငါးကြီးတစ်ကောင်အား
တိုက်ဆိုင်၍မြင်ဖူးသူများရှိသည်ဟုဆိုပါသည်။
ထိုဒေသခံများကတော့အရိပ်မထွက်ဘုရားဟုခေါ်ကြပါသည်ထိုဘုရားတွင်ထူးခြားချက်များများစွာရှိသည်ဟုလည်းဆိုကြသည်။
သိုက်များစောင့်သည်ဟုလည်းပြောကြပြန်သည်တစ်ချို့ရန်ကုန်ကပင်အိမ်မက်အရသိုက်ပွဲများ
လာ၍ပေးကြသည်ဟုသိရသည်ထိုဘုရားပတ်ဝန်းကျင်တွင်ရှိသောရွာတစ်ရွာတွင်
ထိုဘုရားသိုက်ကလာသူမိန်းကလေးတစ်ယောက်ရှိပါသည်သူမသည်မွေးစကပင်နားမကြားပါ
သူမနံမည်ကနန်းမူဖြစ်သည်သူမကအပျိုကြီးတစ်ဦးဖြစ်သည်သူမအမေကသူမမမွေးခင်ကပင်
အရိပ်မထွက်ဘုရားသို့မကြာခဏရောက်နေသည်ဟုအိမ်မက်မက်နေသည်။
အိမ်မက်ထဲတွင်နန်းဝတ်နန်းစားနှင့်ချောမောလှပသောမိန်းကလေးများကသူမအား
တရင်းတနှီးဖြင့်စကားများလာပြောနေသည်ဟုမြင်မက်ရင်းနန်းမူကိုမွေးလာသဖြင့်ထိုဘုရားသိုက်က
လာသည်ဟုယုံကြည်မိသည်နန်းမူမွေးလာပြီးထူးခြားချက်များရှိနေသဖြင့်ထိုဘုရားသိုက်နှင့်
ပတ်သတ်နေမည်ဟုတစ်ထစ်ချယုံကြည်မိလေသည်။
နန်းမူသည်ရွာထဲတွင်ဈေးဆိုင်ကလေးဖွင့်ကာဈေးရောင်းပေမဲ့ဆင်းဆင်းရဲရဲမဟုတ်ပေ
သူမဘဝတွင်အခက်အခဲအကျပ်အတည်းသိပ်မရှိပေသူမတောင်းတသည့်အရာများ
သူ့အလိုလိုတစ်နည်းနည်းဖြင့်ဖြစ်လာသည်သူမကစိတ်ဆင်းရဲမှု့မရှိသလောက်
သိုက်ကသူမအားစောင့်ရှောက်ကြသည်ဟုရွာကလူအများကသိထားကြသည်။
တစ်နေ့တွင်သူမကသူမအမေအားထူးထူးဆန်းဆန်းပြောလေသည်။
”’အမေ—–ရွာထဲမှာအမင်္ဂလာဖြစ်တော့မယ်—–သမီးကိုဘုရားသိုက်ကလာပြောနေတယ်””’
သူမစကားကိုသူမအမေကသိပ်တော့အယုံအကြည်မရှိပါသူမသမီးစကားမှန်မမှန်လဲအာရုံမထားမိပေ
သို့ပေမဲ့မကြာခင်ရက်ပိုင်းတွင်သူမတို့ရွာထဲ၌တံတားကလေးအသစ်ခင်း၍လမ်းပြင်နေရာ
ထိုတံတားခင်းသောနေရာတွင်တံတားခင်းရန်လမ်းတူးထားရာတွင်းထဲသို့ရွာမှအရက်သမားတစ်ဦးသည်
ညဘက်မူးမူးနှင့်ပြန်လာရာထိုတွင်းထဲပြုတ်ကျ၍ပွဲချင်းပြီးသေနေသည်ကို
မနက်မိုးလင်းမှရွာကလူများကသိကြရလေသည်ထိုအခါမှနန်းမူပြောတာမှန်ကြောင်းအားလုံးသိသွားလေသည်။
နန်းမူကတော့ထိုသတင်းကိုကြားပြီးနောက်သူမအမေအားပြောပြသည်က
””အမေ—-အဲဒါတံတားစောင့်ဘို့လူခေါ်တာ””
ဟုပြောပေမဲ့သေသေချာချာမေးတဲ့အခါတော့ဘာမှထပ်မပြောတော့ပေ
ထိုအရိပ်မထွက်ဘုရားပွဲကိုတစ်နှစ်တွင်တစ်ခါစည်ကားသိုက်မြိုက်စွာကျင်းရာ
အလွန်ပင်စည်ကားလေသည်ထိုဘုရားပွဲတွင်နန်းမူကသှု့အိမ်မက်အရဘုရားဝေရာဝစ္စများကူညီလုပ်ကိုင်ပေးသည်။
ဘုရားပွဲမစခင်ကထဲကသူမအားသိုက်နန်းရှင်များကအိမ်မက်ပေး၍လုပ်ဆောင်ခိုင်းရာ
သူမလဲမအားရအောင်ကြိုတင်ပြင်ဆင်မှု့များဖြင့်အလုပ်များလျှက်ရှိနေသည်။
တချို့ရွာကလူများလဲဘုရားပွဲသိုက်ပွဲများအားသူမကိုထိုးခိုင်းကာအဓိဌာန်ပြုကြရာအောင်မြင်သည်ဟုဆိုကြသည်။
အိမ်မက်အရသိုက်ပွဲများအလူအတန်းလုပ်ချင်သူများကလဲသူမကိုအားကိုးကာရှေ့တန်းတင်ကာ
အကူအညီတောင်းကြလေသည်သူမလဲထိုဘုရားပွဲတွင်တတ်နိုင်သလောက်ကူညီပေးလေသည်။
တနေ့တွင်သူတို့ရွာနှင့်တခြားရွာများကစုပေါင်းသုံးသည့်ရေကန်ဟောင်းတခုကိုပြင်ရန်ရွာသူရွာသားများတိုင်ပင်နေကြသည်။
ထိုရေကန်အားချဲ့ကာဆည်အသေးကလေးပြုလုပ်ရန်အားလုံးသဘောတူကြလေသည်။
ထို့နောက်ရေကန်အားချဲ့ကြရာတွင်တာဘောင်အဖြစ်ကျောက်များဖို့ကာခိုင်အောင်မွန်းမံရာတွင်
မကြာခဏမြေပြိုကြလေသည်ဒီလိုနဲ့ပြင်လိုက်ပြိုကျလိုက်နှင့်ရွာသားများခြေကုန်လက်ပန်းကျလာကြသည်။
ဒီလိုနဲ့မိုးတွင်းကာလရောက်၍ကန်ထဲရေတွေပြည့်နေပြန်သဖြင့်အလုပ်ရပ်နားထားကြသည်။
ထိုနှစ်ကမိုးကလဲကောင်းလိုက်သည်မှာကန်ကြီးအပြည့်ရေလျှံလျက်ရှိပေသည်။
တမနက်တွင်တော့နန်းမူကမျက်နှာမကောင်းစွာသူမအမေအားပြောပြန်သည်။
””အမေရွာထဲမှာစိတ်မကောင်းစရာသတင်းကြားရအုံးမယ်”””
ဒီတစ်ခါတော့နန်းမူအမေလဲဘာသတင်းများကြားမလဲလိုရင်တစ်ထိပ်ထိပ်နှင့်စိုးရိမ်လျက်ရှိသည်။
နောက်သုံးလေးရက်ကြာတော့ရွာထဲမှကလေးသုံးယောက်ထိုကန်ထဲလှေစီးရင်ရေနစ်၍သေသွားလေသည်။
ထိုသတင်းကြောင့်ရွာကလူများအတော်စိတ်မကောင်းဖြစ်သွားကြကာနန်းမူကိုလဲ
ရွာအတွက်ကြိုတင်ဟောကိန်းထုတ်နိုင်သူဟုလက်ခံသွားကြလေသည်။
ထိုကလေးသုံးယောက်သေပြီးသည့်နောက်မှာတော့ပြုပြင်၍မရသောရေကန်ကြီးလဲ
ပြုပြင်၍ရသွားလေသည်အားလုံးကတော့ရေကန်စောင့်အတွက်ကလေးသုံးယောက်အား
ခေါ်သွားသည်ဟုဆိုပါသည်မယုံကြည်သူများပင်ယုံသလောက်ဖြစ်သွားသောအကြောင်းအရာပင်ဖြစ်ပါသည်။
နန်းမူကတော့သူထင်သလောက်ပြောပြလေသည်
””ရေတွင်း—ရေကန်—လမ်းတံတားတွေလုပ်ရင်အစောင့်တွေခေါ်တတ်တယ်လေ—-ကာလတခုအထိပေါ့—-
အဲနောက်မှာတော့လူစားလဲခွင်ရှိကြတယ်လေ—-ဒါကြောင့်လူတွေကရေတွင်းရေကန်နဲ့လမ်းတံတားတွေမှာ
မကြာခဏသေကြတာပေါ့——သေ့နေ့စေ့တယ်လဲသတ်မှတ်လို့ရတာပါပဲ”””
နန်းမူကြိုတင်နမိတ်ဖတ်သောအကြောင်းအရာများအားရွာကလူများကသတိထားကာနေကြသည်။
သို့ပေမဲ့နန်းမူကဗေဒင်မဟောတတ်ပါအကြားအမြင်လဲမရပါသာမန်လူသားတစ်ယောက်သာဖြစ်သည်။
နန်းမူအားစောင့်ရှေက်သောသိုက်နန်းကသူများကနန်းမူတို့ရွာအရေးအကြောင်းကိစ္စ
ကြီးငယ်ရှိပါကနန်းမူအားကြိုတင်အိမ်မက်ပေးခြင်းဖြစ်ပါသည်ထိုအခါနန်းမူက
သူမအမေအားအကြောင်းစုံပြောပြထားခြင်းဖြစ်သည်သာမန်လူတွေမေးလို့လဲနန်းမူနားမကြားပါ။
နားမကြားတာလဲသူမအတွက်ကောင်းသည်ဟုရွာသားများကထင်ပါသည်။
အရင်ခေတ်ကလိုလူသားများသည်မရိုးသားကြတော့ပါအင်တာနက်ခေတ်ဆိုတော့လူရည်လည်နေကြပေပြီ
သူမနားမကြားတော့လူလောကရဲ့လောဘဒေါသမောဟများကိုမသိရမကြားရပါ
ထို့ကြောင့်သူမမှာသာမန်သူများထက်အကုသိုလ်ပို၍ကင်းကာရိုးသားဖြူစင်သည်။
သူမသည်သာသနာပြုရန်(သို့မဟုတ် )လူသားတွေအကျိူးပြုရန်သိုက်ကလွတ်လိုက်သည်လို့ထင်မိပါသည်။
ယခုအခါဘဝကိုရိုးသားအေးဆေးစွာဖြတ်သန်းနေသည့်သူမအကြောင်းအားထူးဆန်းစွာသိခွင့်ရခဲ့ပေမဲ့
သူမနှင့်စကားပြောခွင့်မရသောကြောင့်သူမရင်ထဲဘာတွေရှိနေသလဲဆိုတာမသိနိုင်ပါ
သူမနှင့်သိုက်နန်းရှင်များဘယ်ပုံလာပြီးဆက်သွယ်သည်ဆိုတာလဲမသိခဲ့ရပါ
ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအားရွာခံများပြောပြ၍သိသလောက်ရေးပေးလိုက်ပါသည်။
မှတ်ချက်
မှားရင်ပြင်ဖတ်ပါစာရေးတာများရင်စာတွေဝါးနေ၍မမြင်ဖြစ်ပါပြန်ဖတ်ရတာလဲပျင်း၍မျက်လုံးကောင်းသူများပြင်ဖတ်ရန်
____________\\\\________
ပြီး
D Moe Moe
Zawgyi Version
ရွမ္းဘုရားသိုက္မွလာသူ(စ/ဆုံး)
————————————–
ရွမ္းျပည္ေတာင္ပိုင္းကၿမိဳ႕တစ္ၿမိဳ႕တြင္အရိပ္မထင္ေသာဘုရားတစ္ဆူရွိပါသည္။
ထိုဘုရားကိုအေလာင္းစည္သူမင္းတည္ထားခဲ့သည္ဟုသိရကာေရွးေဟာင္းဘုရားတစ္ဆူျဖစ္ပါသည္။
ထိုဘုရားသည္လြယ္မင္းစဥ္ေတာင္ေပၚတြင္တည္ရွိကာထိုဘုရားအရိပ္သည္မိုင္းေသာက္အင္းထဲတြင္
သာေပၚသည္ဟုဘုရားကိုထိန္းသိမ္းျပဳျပင္ေနေသာဆရာေတာ္ႀကီးကမိန႔္ပါသည္
ထိုဘုရားသည္ေတာင္ေပၚတြင္တည္ရွိကာဘယ္ေလာက္ပင္ေနပူပူထိုဘုရားအရိပ္သည္ပတ္ဝန္းက်င္တြင္မရွိပါ။
ေဒသခံမ်ားေျပာစကားအရထိုဘုရားအရိပ္သည္အင္းေလးကန္ထဲတြင္သြား၍ေပၚေနကာရံဖန္ရန္ခါသာေတြ႕ရေပသည္။
ထိုသို႔အရိပ္ေပၚေနရာတြင္လဲဘုရားေဘးကႏွစ္ရွည္သစ္ပင္မ်ားပင္ပါသည္ဟုဘုရားျပဳျပင္ေနေသာ
ဆရာေတာ္ႀကီးကမိန႔္ပါသည္ေနာင္တြင္အလြန္စည္ကားလာအုံးမည့္တေပါင္မ်ားလဲ႐ြတ္၍ျပသည္။
ထိုဘုရားအရိပ္အားေတြ႕ပါကအင္းထဲသြားလာေနသည့္စက္ေလွသမားမ်ားကထိုဘုရားအရိပ္အားေရွာင္ကြင္း၍သြားၾကသည္ဟုသိရပါသည္။
ထူးဆန္းအံ့ဖြယ္ရာကထိုဘုရား၏အရိပ္ေဘးတြင္ႏွစ္ေပါင္းမ်ားစြာသက္တမ္းရွည္ရွိေသာငါးႀကီးတစ္ေကာင္အား
တိုက္ဆိုင္၍ျမင္ဖူးသူမ်ားရွိသည္ဟုဆိုပါသည္။
ထိုေဒသခံမ်ားကေတာ့အရိပ္မထြက္ဘုရားဟုေခၚၾကပါသည္ထိုဘုရားတြင္ထူးျခားခ်က္မ်ားမ်ားစြာရွိသည္ဟုလည္းဆိုၾကသည္။
သိုက္မ်ားေစာင့္သည္ဟုလည္းေျပာၾကျပန္သည္တစ္ခ်ိဳ႕ရန္ကုန္ကပင္အိမ္မက္အရသိုက္ပြဲမ်ား
လာ၍ေပးၾကသည္ဟုသိရသည္ထိုဘုရားပတ္ဝန္းက်င္တြင္ရွိေသာ႐ြာတစ္႐ြာတြင္
ထိုဘုရားသိုက္ကလာသူမိန္းကေလးတစ္ေယာက္ရွိပါသည္သူမသည္ေမြးစကပင္နားမၾကားပါ
သူမနံမည္ကနန္းမူျဖစ္သည္သူမကအပ်ိဳႀကီးတစ္ဦးျဖစ္သည္သူမအေမကသူမမေမြးခင္ကပင္
အရိပ္မထြက္ဘုရားသို႔မၾကာခဏေရာက္ေနသည္ဟုအိမ္မက္မက္ေနသည္။
အိမ္မက္ထဲတြင္နန္းဝတ္နန္းစားႏွင့္ေခ်ာေမာလွပေသာမိန္းကေလးမ်ားကသူမအား
တရင္းတႏွီးျဖင့္စကားမ်ားလာေျပာေနသည္ဟုျမင္မက္ရင္းနန္းမူကိုေမြးလာသျဖင့္ထိုဘုရားသိုက္က
လာသည္ဟုယုံၾကည္မိသည္နန္းမူေမြးလာၿပီးထူးျခားခ်က္မ်ားရွိေနသျဖင့္ထိုဘုရားသိုက္ႏွင့္
ပတ္သတ္ေနမည္ဟုတစ္ထစ္ခ်ယုံၾကည္မိေလသည္။
နန္းမူသည္႐ြာထဲတြင္ေဈးဆိုင္ကေလးဖြင့္ကာေဈးေရာင္းေပမဲ့ဆင္းဆင္းရဲရဲမဟုတ္ေပ
သူမဘဝတြင္အခက္အခဲအက်ပ္အတည္းသိပ္မရွိေပသူမေတာင္းတသည့္အရာမ်ား
သူ႔အလိုလိုတစ္နည္းနည္းျဖင့္ျဖစ္လာသည္သူမကစိတ္ဆင္းရဲမႈ႕မရွိသေလာက္
သိုက္ကသူမအားေစာင့္ေရွာက္ၾကသည္ဟု႐ြာကလူအမ်ားကသိထားၾကသည္။
တစ္ေန႔တြင္သူမကသူမအေမအားထူးထူးဆန္းဆန္းေျပာေလသည္။
”’အေမ—–႐ြာထဲမွာအမဂၤလာျဖစ္ေတာ့မယ္—–သမီးကိုဘုရားသိုက္ကလာေျပာေနတယ္””’
သူမစကားကိုသူမအေမကသိပ္ေတာ့အယုံအၾကည္မရွိပါသူမသမီးစကားမွန္မမွန္လဲအာ႐ုံမထားမိေပ
သို႔ေပမဲ့မၾကာခင္ရက္ပိုင္းတြင္သူမတို႔႐ြာထဲ၌တံတားကေလးအသစ္ခင္း၍လမ္းျပင္ေနရာ
ထိုတံတားခင္းေသာေနရာတြင္တံတားခင္းရန္လမ္းတူးထားရာတြင္းထဲသို႔႐ြာမွအရက္သမားတစ္ဦးသည္
ညဘက္မူးမူးႏွင့္ျပန္လာရာထိုတြင္းထဲျပဳတ္က်၍ပြဲခ်င္းၿပီးေသေနသည္ကို
မနက္မိုးလင္းမွ႐ြာကလူမ်ားကသိၾကရေလသည္ထိုအခါမွနန္းမူေျပာတာမွန္ေၾကာင္းအားလုံးသိသြားေလသည္။
နန္းမူကေတာ့ထိုသတင္းကိုၾကားၿပီးေနာက္သူမအေမအားေျပာျပသည္က
””အေမ—-အဲဒါတံတားေစာင့္ဘို႔လူေခၚတာ””
ဟုေျပာေပမဲ့ေသေသခ်ာခ်ာေမးတဲ့အခါေတာ့ဘာမွထပ္မေျပာေတာ့ေပ
ထိုအရိပ္မထြက္ဘုရားပြဲကိုတစ္ႏွစ္တြင္တစ္ခါစည္ကားသိုက္ၿမိဳက္စြာက်င္းရာ
အလြန္ပင္စည္ကားေလသည္ထိုဘုရားပြဲတြင္နန္းမူကသႈ႕အိမ္မက္အရဘုရားေဝရာဝစၥမ်ားကူညီလုပ္ကိုင္ေပးသည္။
ဘုရားပြဲမစခင္ကထဲကသူမအားသိုက္နန္းရွင္မ်ားကအိမ္မက္ေပး၍လုပ္ေဆာင္ခိုင္းရာ
သူမလဲမအားရေအာင္ႀကိဳတင္ျပင္ဆင္မႈ႕မ်ားျဖင့္အလုပ္မ်ားလွ်က္ရွိေနသည္။
တခ်ိဳ႕႐ြာကလူမ်ားလဲဘုရားပြဲသိုက္ပြဲမ်ားအားသူမကိုထိုးခိုင္းကာအဓိဌာန္ျပဳၾကရာေအာင္ျမင္သည္ဟုဆိုၾကသည္။
အိမ္မက္အရသိုက္ပြဲမ်ားအလူအတန္းလုပ္ခ်င္သူမ်ားကလဲသူမကိုအားကိုးကာေရွ႕တန္းတင္ကာ
အကူအညီေတာင္းၾကေလသည္သူမလဲထိုဘုရားပြဲတြင္တတ္ႏိုင္သေလာက္ကူညီေပးေလသည္။
တေန႔တြင္သူတို႔႐ြာႏွင့္တျခား႐ြာမ်ားကစုေပါင္းသုံးသည့္ေရကန္ေဟာင္းတခုကိုျပင္ရန္႐ြာသူ႐ြာသားမ်ားတိုင္ပင္ေနၾကသည္။
ထိုေရကန္အားခ်ဲ႕ကာဆည္အေသးကေလးျပဳလုပ္ရန္အားလုံးသေဘာတူၾကေလသည္။
ထို႔ေနာက္ေရကန္အားခ်ဲ႕ၾကရာတြင္တာေဘာင္အျဖစ္ေက်ာက္မ်ားဖို႔ကာခိုင္ေအာင္မြန္းမံရာတြင္
မၾကာခဏေျမၿပိဳၾကေလသည္ဒီလိုနဲ႔ျပင္လိုက္ၿပိဳက်လိုက္ႏွင့္႐ြာသားမ်ားေျခကုန္လက္ပန္းက်လာၾကသည္။
ဒီလိုနဲ႔မိုးတြင္းကာလေရာက္၍ကန္ထဲေရေတြျပည့္ေနျပန္သျဖင့္အလုပ္ရပ္နားထားၾကသည္။
ထိုႏွစ္ကမိုးကလဲေကာင္းလိုက္သည္မွာကန္ႀကီးအျပည့္ေရလွ်ံလ်က္ရွိေပသည္။
တမနက္တြင္ေတာ့နန္းမူကမ်က္ႏွာမေကာင္းစြာသူမအေမအားေျပာျပန္သည္။
””အေမ႐ြာထဲမွာစိတ္မေကာင္းစရာသတင္းၾကားရအုံးမယ္”””
ဒီတစ္ခါေတာ့နန္းမူအေမလဲဘာသတင္းမ်ားၾကားမလဲလိုရင္တစ္ထိပ္ထိပ္ႏွင့္စိုးရိမ္လ်က္ရွိသည္။
ေနာက္သုံးေလးရက္ၾကာေတာ့႐ြာထဲမွကေလးသုံးေယာက္ထိုကန္ထဲေလွစီးရင္ေရနစ္၍ေသသြားေလသည္။
ထိုသတင္းေၾကာင့္႐ြာကလူမ်ားအေတာ္စိတ္မေကာင္းျဖစ္သြားၾကကာနန္းမူကိုလဲ
႐ြာအတြက္ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္သူဟုလက္ခံသြားၾကေလသည္။
ထိုကေလးသုံးေယာက္ေသၿပီးသည့္ေနာက္မွာေတာ့ျပဳျပင္၍မရေသာေရကန္ႀကီးလဲ
ျပဳျပင္၍ရသြားေလသည္အားလုံးကေတာ့ေရကန္ေစာင့္အတြက္ကေလးသုံးေယာက္အား
ေခၚသြားသည္ဟုဆိုပါသည္မယုံၾကည္သူမ်ားပင္ယုံသေလာက္ျဖစ္သြားေသာအေၾကာင္းအရာပင္ျဖစ္ပါသည္။
နန္းမူကေတာ့သူထင္သေလာက္ေျပာျပေလသည္
””ေရတြင္း—ေရကန္—လမ္းတံတားေတြလုပ္ရင္အေစာင့္ေတြေခၚတတ္တယ္ေလ—-ကာလတခုအထိေပါ့—-
အဲေနာက္မွာေတာ့လူစားလဲခြင္ရွိၾကတယ္ေလ—-ဒါေၾကာင့္လူေတြကေရတြင္းေရကန္နဲ႔လမ္းတံတားေတြမွာ
မၾကာခဏေသၾကတာေပါ့——ေသ့ေန႔ေစ့တယ္လဲသတ္မွတ္လို႔ရတာပါပဲ”””
နန္းမူႀကိဳတင္နမိတ္ဖတ္ေသာအေၾကာင္းအရာမ်ားအား႐ြာကလူမ်ားကသတိထားကာေနၾကသည္။
သို႔ေပမဲ့နန္းမူကေဗဒင္မေဟာတတ္ပါအၾကားအျမင္လဲမရပါသာမန္လူသားတစ္ေယာက္သာျဖစ္သည္။
နန္းမူအားေစာင့္ေရွက္ေသာသိုက္နန္းကသူမ်ားကနန္းမူတို႔႐ြာအေရးအေၾကာင္းကိစၥ
ႀကီးငယ္ရွိပါကနန္းမူအားႀကိဳတင္အိမ္မက္ေပးျခင္းျဖစ္ပါသည္ထိုအခါနန္းမူက
သူမအေမအားအေၾကာင္းစုံေျပာျပထားျခင္းျဖစ္သည္သာမန္လူေတြေမးလို႔လဲနန္းမူနားမၾကားပါ။
နားမၾကားတာလဲသူမအတြက္ေကာင္းသည္ဟု႐ြာသားမ်ားကထင္ပါသည္။
အရင္ေခတ္ကလိုလူသားမ်ားသည္မ႐ိုးသားၾကေတာ့ပါအင္တာနက္ေခတ္ဆိုေတာ့လူရည္လည္ေနၾကေပၿပီ
သူမနားမၾကားေတာ့လူေလာကရဲ႕ေလာဘေဒါသေမာဟမ်ားကိုမသိရမၾကားရပါ
ထို႔ေၾကာင့္သူမမွာသာမန္သူမ်ားထက္အကုသိုလ္ပို၍ကင္းကာ႐ိုးသားျဖဴစင္သည္။
သူမသည္သာသနာျပဳရန္(သို႔မဟုတ္ )လူသားေတြအက်ိဴးျပဳရန္သိုက္ကလြတ္လိုက္သည္လို႔ထင္မိပါသည္။
ယခုအခါဘဝကို႐ိုးသားေအးေဆးစြာျဖတ္သန္းေနသည့္သူမအေၾကာင္းအားထူးဆန္းစြာသိခြင့္ရခဲ့ေပမဲ့
သူမႏွင့္စကားေျပာခြင့္မရေသာေၾကာင့္သူမရင္ထဲဘာေတြရွိေနသလဲဆိုတာမသိႏိုင္ပါ
သူမႏွင့္သိုက္နန္းရွင္မ်ားဘယ္ပုံလာၿပီးဆက္သြယ္သည္ဆိုတာလဲမသိခဲ့ရပါ
ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာမ်ားအား႐ြာခံမ်ားေျပာျပ၍သိသေလာက္ေရးေပးလိုက္ပါသည္။
မွတ္ခ်က္
မွားရင္ျပင္ဖတ္ပါစာေရးတာမ်ားရင္စာေတြဝါးေန၍မျမင္ျဖစ္ပါျပန္ဖတ္ရတာလဲပ်င္း၍မ်က္လုံးေကာင္းသူမ်ားျပင္ဖတ္ရန္
____________\\\\________
ၿပီး
D Moe Moe