အစိမ်းမ ချစ်သူ(စ/ဆုံး)

Unicode Version

အစိမ်းမ ချစ်သူ(စ/ဆုံး)
—————————-
မြလှိုင် တစ်ယောက်
ဌေးမော်ကို ချစ်နေမိတာကြာပြီ။
ဒါပေမဲ့ သူက လူရိုးလူအ တစ်ယောက်မို့
ဖွင့်မပြောရဲ။ သူ ဖွင့်ပြောဖို့
ကြိုးစားခဲ့တဲ့ နေ့တွေကလည်း
အကြိမ်ကြိမ်ပါပဲ။ နွားကျောင်းရာကနေ
ဌေးမော်တို့ ပျိုမေတစ်စု
ရေခပ်ထွက်ချိန်အမှီလာရတာကအမော။
ဒါပေမဲ့ ဌေးမော်နဲ့တွေ့တိုင်း
သူဘာမှမပြောဖြစ်ဘဲ လှည့်ပြန်ခဲ့တဲ့
နေ့တွေသာ များတယ်။
ကြာတော့ သူ့ကိုသူ အားမရ
ဖြစ်လာမိတယ်။ ဘာလို့ ဖွင့်မပြောရဲ
ရတာလဲ ဆိုပြီးတော့ပေါ့။
အဲလိုနဲ့ တစ်နေ့မှာ သူ ဌေးမော်ကို
မဖြစ် ဖြစ်အောက်ပြောမယ်ဆိုတဲ့
ဆုံးဖြတ်ချက်ချလိုက်ပါရော။
အဲဒီနေ့က မြလှိုင် သတ္တိတွေမွေးပြီး
နွားကျောင်းရာကနေပြန်လာချိန်
ဌေးမော်ကလည်း ရေခပ်ထွက်လာချိန်နဲ့
ကြုံကြတယ်။
တိုက်တိုက်ဆိုင်ဆိုင် မြလှိုင်
ဖွင့်ပြောဖို့ အားခဲထားတဲ့နေ့မှ
ဌေးမော်ရေခပ်လာတာ တစ်ယောက်တည်း
ဖြစ်နေတယ်။ သူတို့ရွာမှာက
သောက်ရေကို ရွာအပြင်ဘက်မှာ
လာခပ်ရတာ။
အဲတော့ မြလှိုင်အတွက်
အခွင့်ကောင်းပေါ့။
မြလှိုင်တစ်ယောက်
မြန်ဆန်နေတဲ့ ရင်ခုန်နှုန်းတွေကို
ထိန်းချုပ်ပြီး ရေအိုးရွက်ကာ
သွားနေတဲ့ ဌေးမော်အနောက်ကို
ခပ်မြန်မြန်လေး လိုက်သွားတယ်။
“ဌေးမော်…ခဏနေပါဦးဟ၊
ငါနင့်ကို ပြောစရာရှိလို့”
မြလှိုင် နည်းနည်းလေး
အံ့သြသွားမိတယ်။
တကယ်တော့ သူ ဌေးမော်လို့
ထင်ပြီး လိုက်ခေါ်တဲ့ မိန်းကလေးက
ဌေးမော် မဟုတ်ပါဘူး။
တစ်ခြားမိန်းကလေးတစ်ယောက်
ဖြစ်နေတယ်။
ဒါကြောင့် မြလှိုင်ဟာ
ကြောင်တောင်တောင်ဖြစ်သွားပြီး
ရပ်ကြည့်နေမိတယ်။
မြလှိုင် မြင်နေရတဲ့ သူစိမ်း
မိန်းကလေးဟာ အတော်လှပါတယ်။
သူချစ်နေတဲ့ ဌေးမော်နဲ့က
ဆီနဲ့ရေလိုပါပဲ။
မြလှိုင်လည်း အဲဒီမိန်းကလေးကို
တစ်ခါမှ မမြင်ဖူးတာနဲ့-

“ဪ..လူမှားသွားတယ်၊
ဒါနဲ့ ဒီက အစ်မက ဘယ်ကလဲ”

” ရွှေညောင်ပင်ရွာကပါ”

” ဪ… ရွှေညောင်ပင်ရွာက
ဒီအထိ ရေလာခပ်တာလား”

“မဟုတ်ပါဘူး၊ ဟိုးရှေ့နားမှာ
ကျွန်မတို့ ယာခင်းရှိတယ်လေ၊
အဲဒါ ယာခင်းလာရင်း သောက်ရေ
လာခပ်တာပါ”

သူစိမ်းမိန်းကလေးက ရုပ်လည်း
လှသလို ဖော်ဖော် ရွေရွေလည်း
ဆက်ဆံတတ်လေတော့
အချိန်အတိုလေးအတွင်းမှာပဲ
မြလှိုင်နဲ့ ရင်းနီးသွားကြပါတော့တယ်။
မြလှိုင်ကလည်း
နွားကျောင်းထွက်ချိန်တိုင်း
မိန်းကလေးရဲ့ ယာခင်းဘက်ကို
သွားပြီး အဲဒီမိန်းကလေးနဲ့
တွေ့ဖြစ်တယ်။ ကြာတော့
မြလှိုင်တစ်ယောက် ဌေးမော်ကို
မေ့ပြီး အဲဒီမိန်းကလေးကို
ချစ်မိလာရော။ မြလှိုင် စိတ်ပြောင်းရင်လည်း
ပြောင်းစရာ။ အဲဒီမိန်းကလေးနဲ့
ဌေးမော်နဲ့က အစစအရာရာ ကွာနေတာကိုး။
ဌေးမော်က မာနကြီးတယ်။
သူ့ကိုလည်း သိပ်ဂရုစိုက်တာမဟုတ်ဘူး။
အဲတော့ ရုပ်လည်းချော
ဆက်ဆံရေးလည်းကောင်းတဲ့
တစ်ရွာသူဘက်ကို မြှားဦးလှည့်သွားတာလည်း
တကယ်တော့ မဆန်းကြယ်လှ။
တွေ့မြင်ရတာ ကြာလာတော့
မြလှိုင်နဲ့ အဲဒီမိန်းကလေးဟာ
ချစ်သူတွေ
ဖြစ်သွားကြပါတော့တယ်။

အ ခ န် း .. ၂ ..။

… မြလှိုင်ချစ်သူမှာ ထူးဆန်းတာ
တစ်ခုက အမြဲတမ်း အစိမ်းရောင်
ဝမ်းဆက် ဝတ်ထားတာပါပဲ။
ဆံပင်ကလည်း မြလှိုင်တွေ့ဖူးတဲ့
မိန်းမတွေထက် အဆပေါင်းများစွာရှည်တယ်။
အဲဒီရှည်လျားလှတဲ့ ဆံပင်တွေကိုလည်း
ဒီအတိုင်း ဖားလျားချထားတတ်တယ်။
မြလှိုင်တစ်ယောက်
အဲဒီမိန်းမနဲ့ ချစ်သူဖြစ်ပြီးကတည်းက
စိတ်ဟာ ပုံမှန်မဟုတ်တော့ဘူး။
နွားကျောင်းထွက်တဲ့အချိန်တွေက
အရင်ကထက်စောလာပြီး
ပြန်လာတဲ့အချိန်က နောက်ကျလာတယ်။
ကြာတော့ မြလှိုင်ကိုကြည့်ပြီး
အိမ်ကလူတွေက မသင်္ကာ
ဖြစ်လာကြတယ်။
အဲဒါနဲ့ တစ်နေ့ မြလှိုင် နွားကျောင်း
ထွက်ချိန် နောက်က
လိုက်ချောင်းကြတော့ မြလှိုင်ဟာ
တောထဲမှာ ထိုင်ပြီး တစ်ယောက်ယောက်နဲ့
စကားတွေ ပြောနေတာကို တွေ့မြင်
လိုက်ကြရပါတော့တယ်။
အိမ်ကိုရောက်တော့ မြလှိုင်ကို
“တောထဲမှာ ဘယ်သူနဲ့
စကားပြောနေလဲ”ဆိုပြီး
ဝိုင်းပြီးမေးကြပေမယ့်
မြလှိုင်က အမှန်အတိုင်းမပြော။
ဟိုဟိုဒီဒီလုပ်နေတယ်။

နောက်နေ့မှာပဲ ကောင်မလေးက
အတူနေရအောင်ဆိုပြီး
မြလှိုင်ကို သူနဲ့လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။
မြလှိုင်ကလည်း မိန်းကလေးအိမ်ကို
အပြန်မလိုက်ချင်ဘူး
ငါ့အိမ်ကိုလိုက်ခဲ့ဆိုပြီး ပြန်ပြောတာပေါ့။
ဒါပေမဲ့ ကောင်မလေးက
မြလှိုင်အိမ်ကို ဘယ်တော့မှ
လိုက်မယ်လို့ မပြော။
မြလှိုင်ကိုပဲ သူနဲ့ လိုက်ခဲ့ဖို့ခေါ်တယ်။
နေ့တိုင်းလိုလိုပါပဲ။
မြလှိုင်ကလည်း မိန်းကလေးအိမ်ကို
အပြန်လိုက်ရမှာ ရှက်တာနဲ့
မလိုက်ဖြစ်။
တစ်ညမှာတော့ မြလှိုင်တစ်ယောက်
ကယောင်ကတမ်းတွေ ယောင်ပြီး
လျှောက်အော်နေပါတော့တယ်။
ကြောက်ကြောက်လန့်လန့်ပါပဲ။
အချိန်က ညဉ့်နက်သန်းခေါင်ယံ။
သူ ယောင်ပြီးအော်နေတဲ့
အသံကြောင့် အိမ်ကလူတွေ
လန့်နိုးလာကြပြီး သူ့ကို ပရိတ်ရေတွေတိုက်
ပြီး ဘာဖြစ်တာလည်းမေးကြတာပေါ့။
အဲတော့မှ မြလှိုင်က သူ့ကို
အိမ်ရှေ့ကနေ မိန်းမတစ်ယောက်
လာခေါ်နေကြောင်း အဲဒီမိန်းမဟာ
သူ့ချစ်သူဖြစ်ကြောင်း သူက
သူနဲ့ လိုက်နေဖို့ လာခေါ်ကြောင်း
အဖြစ်အပျက်အကုန်လုံးကို
ပြောပြတော့ မိဘများက စိုးရိမ်ပြီး
နားလည်းတတ်ကျွမ်းတဲ့
ဆရာတစ်ယောက်ဆီမှာ
လက်ဖွဲ့လေးတစ်ခု ပြုလုပ်ပြီး
မြလှိုင်ကို ဝတ်ပေးထားလိုက်ကြတယ်။

နောက်တစ်နေ့
မြလှိုင် နွားကျောင်းသွားတော့
သူ့ကောင်မလေးနဲ့ တွေ့ချိန်
ကောင်မလေးက
“အစ်ကို အစ်ကိုယ့်အနား
လာလို့မရလို့ ဘာတွေလုပ်ထားတာလဲဟင်”
အဲလိုမေးတော့ မြလှိုင်ကလည်း

“လက်ဖွဲ့လုပ်ထားတာပါ”
လို့ ပြန်ပြောလိုက်တယ်။
ကောင်မလေးက မျက်နှာငယ်လေးနဲ့
“ညီမကို ချစ်ရင်
အဲဒီလက်ဖွဲ့ကို ချွတ်ပြီး လွှင့်ပစ်လိုက်ပါလား
အစ်ကိုရေ ”
ကောင်းမလေးက အဲလိုပြောလိုက်တော့
တုံးအလွန်းတဲ့ မြလှိုင်က
သူ့ကောင်မလေးဟာ အစိမ်းမမှန်း
သိပြီးသွားပေမယ့် သူ့ကအချစ်တွေ
ပျက်မသွားသေးပဲ
ကောင်မလေးပြောတဲ့အတိုင်း
လက်ဖွဲ့ကို ချွတ်ပြီး လွှင့်ပစ်လိုက်မိတယ်။
အဲဒီအချိန်မှာပဲ
ကောင်မလေးက မြလှိုင်အနား
ရောက်လာပြီး သူ့ကို ခြေထောက်နဲ့
နောက်ပြန်ကန်ပါလေရော။
အဲတော့မှ မြလှိုင်တစ်ယောက်
ကြောက်ကြောက်လန့်လန့်နဲ့
အိမ်ကို တန်းပြေးတော့တယ်။
မြလှိုင်တစ်ယောက် အဲဒီနေ့ကတည်းက
ဖျားလိုက်တာ မသေရုံတမင်။
ကုလိုက်ရတဲ့ ဆေးကလည်း
ဆရာတွေ စုံလို့ ပါပဲ ။

. . . . . . . . . . . . . . . . . . . . . . . . .

ဟယ်ရီဇော်

အစ်မတစ်ယောက် Cb ကနေ လာပြောပြတဲ့
ဖြစ်ရပ်မှန် အဖြစ်အပျက် တစ်ခုကို
ဖတ်ကောင်းစေရန် ပြုပြင် ရေးသားထားတာ
ဖြစ်ပါတယ်။

Harry Zaw

” သတ္တဝါတွေ ကျန်းမာ ချမ်းသာကြပါစေ”

Zawgyi Version

အစိမ္းမ ခ်စ္သူ(စ/ဆုံး)
—————————-
ျမလႈိင္ တစ္ေယာက္
ေဌးေမာ္ကို ခ်စ္ေနမိတာၾကာၿပီ။
ဒါေပမဲ့ သူက လူ႐ိုးလူအ တစ္ေယာက္မို႔
ဖြင့္မေျပာရဲ။ သူ ဖြင့္ေျပာဖို႔
ႀကိဳးစားခဲ့တဲ့ ေန႔ေတြကလည္း
အႀကိမ္ႀကိမ္ပါပဲ။ ႏြားေက်ာင္းရာကေန
ေဌးေမာ္တို႔ ပ်ိဳေမတစ္စု
ေရခပ္ထြက္ခ်ိန္အမွီလာရတာကအေမာ။
ဒါေပမဲ့ ေဌးေမာ္နဲ႔ေတြ႕တိုင္း
သူဘာမွမေျပာျဖစ္ဘဲ လွည့္ျပန္ခဲ့တဲ့
ေန႔ေတြသာ မ်ားတယ္။
ၾကာေတာ့ သူ႔ကိုသူ အားမရ
ျဖစ္လာမိတယ္။ ဘာလို႔ ဖြင့္မေျပာရဲ
ရတာလဲ ဆိုၿပီးေတာ့ေပါ့။
အဲလိုနဲ႔ တစ္ေန႔မွာ သူ ေဌးေမာ္ကို
မျဖစ္ ျဖစ္ေအာက္ေျပာမယ္ဆိုတဲ့
ဆုံးျဖတ္ခ်က္ခ်လိုက္ပါေရာ။
အဲဒီေန႔က ျမလႈိင္ သတၱိေတြေမြးၿပီး
ႏြားေက်ာင္းရာကေနျပန္လာခ်ိန္
ေဌးေမာ္ကလည္း ေရခပ္ထြက္လာခ်ိန္နဲ႔
ႀကဳံၾကတယ္။
တိုက္တိုက္ဆိုင္ဆိုင္ ျမလႈိင္
ဖြင့္ေျပာဖို႔ အားခဲထားတဲ့ေန႔မွ
ေဌးေမာ္ေရခပ္လာတာ တစ္ေယာက္တည္း
ျဖစ္ေနတယ္။ သူတို႔႐ြာမွာက
ေသာက္ေရကို ႐ြာအျပင္ဘက္မွာ
လာခပ္ရတာ။
အဲေတာ့ ျမလႈိင္အတြက္
အခြင့္ေကာင္းေပါ့။
ျမလႈိင္တစ္ေယာက္
ျမန္ဆန္ေနတဲ့ ရင္ခုန္ႏႈန္းေတြကို
ထိန္းခ်ဳပ္ၿပီး ေရအိုး႐ြက္ကာ
သြားေနတဲ့ ေဌးေမာ္အေနာက္ကို
ခပ္ျမန္ျမန္ေလး လိုက္သြားတယ္။
“ေဌးေမာ္…ခဏေနပါဦးဟ၊
ငါနင့္ကို ေျပာစရာရွိလို႔”
ျမလႈိင္ နည္းနည္းေလး
အံ့ၾသသြားမိတယ္။
တကယ္ေတာ့ သူ ေဌးေမာ္လို႔
ထင္ၿပီး လိုက္ေခၚတဲ့ မိန္းကေလးက
ေဌးေမာ္ မဟုတ္ပါဘူး။
တစ္ျခားမိန္းကေလးတစ္ေယာက္
ျဖစ္ေနတယ္။
ဒါေၾကာင့္ ျမလႈိင္ဟာ
ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး
ရပ္ၾကည့္ေနမိတယ္။
ျမလႈိင္ ျမင္ေနရတဲ့ သူစိမ္း
မိန္းကေလးဟာ အေတာ္လွပါတယ္။
သူခ်စ္ေနတဲ့ ေဌးေမာ္နဲ႔က
ဆီနဲ႔ေရလိုပါပဲ။
ျမလႈိင္လည္း အဲဒီမိန္းကေလးကို
တစ္ခါမွ မျမင္ဖူးတာနဲ႔-

“ဪ..လူမွားသြားတယ္၊
ဒါနဲ႔ ဒီက အစ္မက ဘယ္ကလဲ”

” ေ႐ႊေညာင္ပင္႐ြာကပါ”

” ဪ… ေ႐ႊေညာင္ပင္႐ြာက
ဒီအထိ ေရလာခပ္တာလား”

“မဟုတ္ပါဘူး၊ ဟိုးေရွ႕နားမွာ
ကြၽန္မတို႔ ယာခင္းရွိတယ္ေလ၊
အဲဒါ ယာခင္းလာရင္း ေသာက္ေရ
လာခပ္တာပါ”

သူစိမ္းမိန္းကေလးက ႐ုပ္လည္း
လွသလို ေဖာ္ေဖာ္ ေ႐ြေ႐ြလည္း
ဆက္ဆံတတ္ေလေတာ့
အခ်ိန္အတိုေလးအတြင္းမွာပဲ
ျမလႈိင္နဲ႔ ရင္းနီးသြားၾကပါေတာ့တယ္။
ျမလႈိင္ကလည္း
ႏြားေက်ာင္းထြက္ခ်ိန္တိုင္း
မိန္းကေလးရဲ႕ ယာခင္းဘက္ကို
သြားၿပီး အဲဒီမိန္းကေလးနဲ႔
ေတြ႕ျဖစ္တယ္။ ၾကာေတာ့
ျမလႈိင္တစ္ေယာက္ ေဌးေမာ္ကို
ေမ့ၿပီး အဲဒီမိန္းကေလးကို
ခ်စ္မိလာေရာ။ ျမလႈိင္ စိတ္ေျပာင္းရင္လည္း
ေျပာင္းစရာ။ အဲဒီမိန္းကေလးနဲ႔
ေဌးေမာ္နဲ႔က အစစအရာရာ ကြာေနတာကိုး။
ေဌးေမာ္က မာနႀကီးတယ္။
သူ႔ကိုလည္း သိပ္ဂ႐ုစိုက္တာမဟုတ္ဘူး။
အဲေတာ့ ႐ုပ္လည္းေခ်ာ
ဆက္ဆံေရးလည္းေကာင္းတဲ့
တစ္႐ြာသူဘက္ကို ျမႇားဦးလွည့္သြားတာလည္း
တကယ္ေတာ့ မဆန္းၾကယ္လွ။
ေတြ႕ျမင္ရတာ ၾကာလာေတာ့
ျမလႈိင္နဲ႔ အဲဒီမိန္းကေလးဟာ
ခ်စ္သူေတြ
ျဖစ္သြားၾကပါေတာ့တယ္။

အ ခ န္ း .. ၂ ..။

… ျမလႈိင္ခ်စ္သူမွာ ထူးဆန္းတာ
တစ္ခုက အၿမဲတမ္း အစိမ္းေရာင္
ဝမ္းဆက္ ဝတ္ထားတာပါပဲ။
ဆံပင္ကလည္း ျမလႈိင္ေတြ႕ဖူးတဲ့
မိန္းမေတြထက္ အဆေပါင္းမ်ားစြာရွည္တယ္။
အဲဒီရွည္လ်ားလွတဲ့ ဆံပင္ေတြကိုလည္း
ဒီအတိုင္း ဖားလ်ားခ်ထားတတ္တယ္။
ျမလႈိင္တစ္ေယာက္
အဲဒီမိန္းမနဲ႔ ခ်စ္သူျဖစ္ၿပီးကတည္းက
စိတ္ဟာ ပုံမွန္မဟုတ္ေတာ့ဘူး။
ႏြားေက်ာင္းထြက္တဲ့အခ်ိန္ေတြက
အရင္ကထက္ေစာလာၿပီး
ျပန္လာတဲ့အခ်ိန္က ေနာက္က်လာတယ္။
ၾကာေတာ့ ျမလႈိင္ကိုၾကည့္ၿပီး
အိမ္ကလူေတြက မသကၤာ
ျဖစ္လာၾကတယ္။
အဲဒါနဲ႔ တစ္ေန႔ ျမလႈိင္ ႏြားေက်ာင္း
ထြက္ခ်ိန္ ေနာက္က
လိုက္ေခ်ာင္းၾကေတာ့ ျမလႈိင္ဟာ
ေတာထဲမွာ ထိုင္ၿပီး တစ္ေယာက္ေယာက္နဲ႔
စကားေတြ ေျပာေနတာကို ေတြ႕ျမင္
လိုက္ၾကရပါေတာ့တယ္။
အိမ္ကိုေရာက္ေတာ့ ျမလႈိင္ကို
“ေတာထဲမွာ ဘယ္သူနဲ႔
စကားေျပာေနလဲ”ဆိုၿပီး
ဝိုင္းၿပီးေမးၾကေပမယ့္
ျမလႈိင္က အမွန္အတိုင္းမေျပာ။
ဟိုဟိုဒီဒီလုပ္ေနတယ္။

ေနာက္ေန႔မွာပဲ ေကာင္မေလးက
အတူေနရေအာင္ဆိုၿပီး
ျမလႈိင္ကို သူနဲ႔လိုက္ခဲ့ဖို႔ ေခၚပါေတာ့တယ္။
ျမလႈိင္ကလည္း မိန္းကေလးအိမ္ကို
အျပန္မလိုက္ခ်င္ဘူး
ငါ့အိမ္ကိုလိုက္ခဲ့ဆိုၿပီး ျပန္ေျပာတာေပါ့။
ဒါေပမဲ့ ေကာင္မေလးက
ျမလႈိင္အိမ္ကို ဘယ္ေတာ့မွ
လိုက္မယ္လို႔ မေျပာ။
ျမလႈိင္ကိုပဲ သူနဲ႔ လိုက္ခဲ့ဖို႔ေခၚတယ္။
ေန႔တိုင္းလိုလိုပါပဲ။
ျမလႈိင္ကလည္း မိန္းကေလးအိမ္ကို
အျပန္လိုက္ရမွာ ရွက္တာနဲ႔
မလိုက္ျဖစ္။
တစ္ညမွာေတာ့ ျမလႈိင္တစ္ေယာက္
ကေယာင္ကတမ္းေတြ ေယာင္ၿပီး
ေလွ်ာက္ေအာ္ေနပါေတာ့တယ္။
ေၾကာက္ေၾကာက္လန႔္လန႔္ပါပဲ။
အခ်ိန္က ညဥ့္နက္သန္းေခါင္ယံ။
သူ ေယာင္ၿပီးေအာ္ေနတဲ့
အသံေၾကာင့္ အိမ္ကလူေတြ
လန႔္ႏိုးလာၾကၿပီး သူ႔ကို ပရိတ္ေရေတြတိုက္
ၿပီး ဘာျဖစ္တာလည္းေမးၾကတာေပါ့။
အဲေတာ့မွ ျမလႈိင္က သူ႔ကို
အိမ္ေရွ႕ကေန မိန္းမတစ္ေယာက္
လာေခၚေနေၾကာင္း အဲဒီမိန္းမဟာ
သူ႔ခ်စ္သူျဖစ္ေၾကာင္း သူက
သူနဲ႔ လိုက္ေနဖို႔ လာေခၚေၾကာင္း
အျဖစ္အပ်က္အကုန္လုံးကို
ေျပာျပေတာ့ မိဘမ်ားက စိုးရိမ္ၿပီး
နားလည္းတတ္ကြၽမ္းတဲ့
ဆရာတစ္ေယာက္ဆီမွာ
လက္ဖြဲ႕ေလးတစ္ခု ျပဳလုပ္ၿပီး
ျမလႈိင္ကို ဝတ္ေပးထားလိုက္ၾကတယ္။

ေနာက္တစ္ေန႔
ျမလႈိင္ ႏြားေက်ာင္းသြားေတာ့
သူ႔ေကာင္မေလးနဲ႔ ေတြ႕ခ်ိန္
ေကာင္မေလးက
“အစ္ကို အစ္ကိုယ့္အနား
လာလို႔မရလို႔ ဘာေတြလုပ္ထားတာလဲဟင္”
အဲလိုေမးေတာ့ ျမလႈိင္ကလည္း

“လက္ဖြဲ႕လုပ္ထားတာပါ”
လို႔ ျပန္ေျပာလိုက္တယ္။
ေကာင္မေလးက မ်က္ႏွာငယ္ေလးနဲ႔
“ညီမကို ခ်စ္ရင္
အဲဒီလက္ဖြဲ႕ကို ခြၽတ္ၿပီး လႊင့္ပစ္လိုက္ပါလား
အစ္ကိုေရ ”
ေကာင္းမေလးက အဲလိုေျပာလိုက္ေတာ့
တုံးအလြန္းတဲ့ ျမလႈိင္က
သူ႔ေကာင္မေလးဟာ အစိမ္းမမွန္း
သိၿပီးသြားေပမယ့္ သူ႔ကအခ်စ္ေတြ
ပ်က္မသြားေသးပဲ
ေကာင္မေလးေျပာတဲ့အတိုင္း
လက္ဖြဲ႕ကို ခြၽတ္ၿပီး လႊင့္ပစ္လိုက္မိတယ္။
အဲဒီအခ်ိန္မွာပဲ
ေကာင္မေလးက ျမလႈိင္အနား
ေရာက္လာၿပီး သူ႔ကို ေျခေထာက္နဲ႔
ေနာက္ျပန္ကန္ပါေလေရာ။
အဲေတာ့မွ ျမလႈိင္တစ္ေယာက္
ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔
အိမ္ကို တန္းေျပးေတာ့တယ္။
ျမလႈိင္တစ္ေယာက္ အဲဒီေန႔ကတည္းက
ဖ်ားလိုက္တာ မေသ႐ုံတမင္။
ကုလိုက္ရတဲ့ ေဆးကလည္း
ဆရာေတြ စုံလို႔ ပါပဲ ။

. . . . . . . . . . . . . . . . . . . . . . . . .

ဟယ္ရီေဇာ္

အစ္မတစ္ေယာက္ Cb ကေန လာေျပာျပတဲ့
ျဖစ္ရပ္မွန္ အျဖစ္အပ်က္ တစ္ခုကို
ဖတ္ေကာင္းေစရန္ ျပဳျပင္ ေရးသားထားတာ
ျဖစ္ပါတယ္။

Harry Zaw

” သတၱဝါေတြ က်န္းမာ ခ်မ္းသာၾကပါေစ”