Unicode Version
သန်းကြွယ်သဌေး၏နောက်ဆုံးခရီး(စ/ဆုံး)
————————————————–
ငယ်ငယ်တုန်းကထဲကစာဖတ်ဝါသနာပါ၍အဖေ့ရုံးသို့လိုက်သွားလေ့ရှိကာ
ရုံးစာကြည့်တိုက်မှကလေးစာပေများဖတ်ရသည်ကိုအလွန်နှစ်သက်သည်။
ရုပ်ပုံပါသောအင်္ဂလိပ်ပုံပြင်စာအုပ်ကလေးများစာကြည့်တိုက်မှအိမ်သို့ဌားလာပြီးမဖတ်တတ်သဖြင့်
အဖေအားတဲ့အချိန်ကိုအရိပ်တကြည့်ကြည့်ဖြင့်စောင့်ကာဖတ်ခိုင်း၍နားထောင်ရသည်။
စာကောင်းကောင်းဖတ်တတ်လာတော့သူငယ်ချင်းအိမ်ကစာအုပ်အဌားဆိုင်ကမပြန်ပါ
ထိုမှနဲနဲကြီးလာတော့တထောင့်တညလိုဘာသာပြန်ပုံပြင်စာအုပ်ကြီးအထူကြီးအားထမင်းမစားပဲ
တနေကုန်ထိုင်ဖတ်တတ်လာသည်ထိုမှတဖန်စာပေမျိုးစုံဖတ်သည်သို့ပေမဲ့အချစ်ဝထ္ထုများတော့မဖတ်ပါ
ကိုယ်တို့အိမ်ဘေးမှစာပေစုဆောင်းထားသည်စစ်ဗိုလ်ကြီးတဦးအိမ်မှဆရာကြီးရွေဥဒေါင်း၏
စုံထောက်မောင်စံရှားဝထ္ထုများအားအလွန်သဘောကျသည်ထမင်းမေ့ဟင်းမေ့သွားဖတ်လေသည်။
တဖန်ရပ်ကွက်ထဲမှဆေးဆရာအဖိုးကြီးတယောက်အိမ်တွင်ဂမ္ဘီရဝထ္ထုများသရဲတစ္ဆေစုန်းစာအုပ်များကို
ဖတ်ချင်ပြန်သည်ထိုအဖိုးကြီးကသူ့စာအုပ်များဘယ်သူ့မဌားပါပေးလဲမပေးဖတ်ပ
ါစာအုပ်များသည်လဲဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သည်။
ထိုအခါစာအလွန်ဖတ်ချင်သောကိုယ်ကသူ့မြေးမလေးအားခင်အောင်ပေါင်းကာ
ကိုယ့်စားမဲ့မုန့်အားသူ့ကိုကြွေး၍သူ့အဖိုးစာအုပ်များအလစ်ယူခိုင်းကာ
သ့ူ့အဖိုးစာအုပ်များအားခိုးဖတ်ရလေသည်သ့ူ့စာအုပ်များထဲမှကဝေပျံမိချောစုန်းမကြီးဒေါ်အိုဇာ
12ကြိုးမယ်သုံအစရှိသောစာအုပ်များကိုအလွန်စိတ်ဝင်စား၍ဖတ်၍ကောင်းပါသည်။
ထိုမှတဖန်ဆရာမင်းင်္သခစာအုပ်များနှင့်အခြားဘာသာပြန်စာအုပ်များကိုလက်လှမ်းမှီသ၍ဖတ်သည်။
နောက်ပိုင်းမှာတော့အဖေသည်ပညာရေးဆောင်းပါးများပညာတန်ဆောင်များနှင့်
အခြားပညာရေးအကြောင်းရေးသောစာအုပ်များတွင်စာရေးဆရာမြတ်မိုးနံမည်ဖြင့်
စာရေးဆရာဖြစ်လာသောအခါစာပေလောကမှစာရေးဆရာကြီးများ၏လက်ဆောင်ပေးသော
သူတို့စာအုပ်များအိမ်တွင်အပုံအပင်ရောက်လာလေသည်စာဖတ်ဝါသနာပါသောကိုယ်ကတော့
အားသည့်အချိန်တိုင်းစာအုပ်ပုံထဲခေါင်းနှစ်ကာစာဖတ်လေ့ရှိပါသည်။
စာဖတ်ခြင်းအကျိုးကျေးဇူးကြောင့်ကိုယ်ကတကျောင်းလုံးမှာမြန်မာစာစာစီစာကုံပြိုင်ပွဲများတွင်ပထမရလေသည်။
ကိုယ်ကျောင်းတတ်လာသည့်ကာလတရှောက်မြန်မာစာကိုမကျက်ပါဖတ်ပဲဖတ်ပါသည်။
စာမေးပွဲတွင်ဖတ်ထားသောစာကိုကိုယ့်ဟန့်နှင့်ကိုယ်ပြန်ရေးသောကြောင့်သူများထက်စောစွာပြီးကာ
ဂုဏ်ထူးရပါသည်ကိုယ်သည်စာကိုမကျက်ပဲနားလည်အောင်ပဲဖတ်ပါသည်။
ဒီလောက်ဆိုရင်ကိုယ်ရဲ့စာပေဗဟုသုတနိဒန်းလဲရှည်သွားပါပြီသီးခံဖတ်ပေးတာကျေးဇူးတင်ပါသည်။
်ကိုယ်ကပျင်းတဲ့အခါတိုင်းကိုယ့်အဖေရဲ့စာအုပ်ပဒေသာပုံကြီးဟာကိုယ့်အတွက်အပျင်းပြေအဖော်ကောင်းပါပဲ
အိပ်ခန်းတခန်းစာလောက်ရှိတဲ့စာအုပ်ပုံထဲမှလတ်တလောဖတ်မိတဲ့စာတပုဒ်ကိုကြိုက်နှစ်သက်၍ပြန်လည်တင်ပြပေးခြင်းဖြစ်ပါသည်
လူ့ဘဝရဲ့မြန်ဆန်သောပြောင်းလဲမှု့ကိုသံဝေဂရစရာစာအုပ်ကောင်းဖြစ်ပါသည်
__________¥¥¥¥________
ဆန်ဖရန်စစ္စကိုမြို့မှသန်းကြွယ်သဌေးကြီးသည်ဇိမ်ခံသင်္ဘောကြီးစီး၍ဥရောပတိုက်သို့အပန်းဖြေခရီးထွက်လေသည်။
သင်္ဘောစဉ်ခရီးတရှောက်လုံးကပွဲ-ထမင်းစားပွဲ—နှင့်အထူးထူးအထွေထွေဧည့်ခံပွဲများက
သဌေးကြီးကိုအလွန်အရသာတွေ့စေသည်ဒီလိုနဲ့အီတလီနိုင်ငံကိုရောက်သော်ထိုမြို့က
ကြည့်စရာပြတိုက်များလေ့လာလည်ပတ်၍ပြီးနောက်အနားယူအပန်းဖြေစခန်းဖြစ်သော
ကာပရီကျွန်းငယ်သို့သဌေးကြီးသည်ရောက်ရှိသွားလေသည်။
သဌေးကြီးသွားရာလမ်းတရှောက်တွင်ကြိုဆိုသူတွေကမနည်းဧည့်ခံမိတ်ဖွဲ့ချင်သူတွေကအပုံအပင်
သန်းကြွယ်သဌေးကြီးဆိုတော့နောက်လိုက်နောက်ပါအခြွေအရံကိုယ်ရံတော်များစွာဖြင့်
တခမ်းတနားစည်ကားသိုက်မြိုက်စွာနဲ့ကာပရီကျွန်းဟိုတယ်သို့ရောက်ရှိသွားလေသည်။
ကာပရီကျွန်းဟိုတယ်ပိုင်ရှင်ကလည်းတလေးတစားဧည့်ခံကြိုဆို၍အကောင်းဆုံး
ဟိုတယ်အခန်းတွင်ထားပေးလေသည်သို့ပေမဲ့လူ့ဘဝသည်ပုံသေခန့်မှန်း၍မရပေ
ထိုညတွင်သန်းကြွယ်သဌေးကြီးသည်လေဖြတ်ကာအသက်ပျောက်သွားလေသည်။
သဌေးကြီးအသက်ပျောက်သွားတော့ဟိုတယ်ပိုင်ရှင်ကတခြားတည်းခိုသူများအဖို့
အမင်္ဂလာဖြစ်မည်စိုးရိမ်ပြီးသဌေးကြီးအလောင်းအားအခန်းငယ်ကလေးထဲသို့ချက်ချင်းပြောင်းပြစ်လိုက်သည်။
အလောင်းထည့်ရန်အခေါင်းအားလဲဆော်ဒါပုလင်းများထည့်သည့်သေတ္တာကိုအသုံးပြုကာ
သဌေးကြီးအလောင်းအားထိုအခေါင်းထဲထည့်လိုက်၍အခေါင်းသွင်းထားလိုက်သည်။
နောက်တနေ့မနက်လူတွေမနိုးခင်တွင်ဘယ်သူမှမသိအောင်အလောင်းအားမြင်းလှည်းဖြင့်
ကမ်းခြေသိုပြန်ပို့စေသည်မြင်းလှည်းကလဲအစုတ်ဆိုတော့သဌေးကြီးအခေါင်းသည်
တဂေါက်ဂေါက်တဂက်ဂက်ဖြင့်မြင်းလှည်းဆောင့်ရင်းပါသွားလေသည်။
တဖန်အခန့်မသင့်၍ဆိပ်ကမ်းကုန်ရုံတရုံပြီးတရုံသို့သဌေးကြီးအခေါင်းသည်ပြောင်းရပြန်သည်။
နောက်ဆုံးတွင်ဇာတိဌာနေအမေရိကန်ပြန်ဇိမ်ခံသင်္ဘောကြီး၏ဝမ်းတွင်းမှောင်မှောင်မဲမဲထဲသို့
ရောက်ရှိသွားလေသည်သင်္ဘောကြီး၏အပေါ်ထပ်မှာတော့လူများစည်ကားနေကာ
ခန်းမကြီးအတွင်းမူကားမီးရောင်စုံများထွန်း၍ကပွဲများ-ထမင်းစားပွဲများကတော့ရှိမြဲရှိနေဆဲပါ
အလာတုန်းကသန်းကြွယ်သဌေးကြီးအားလဲမည်သူမှအမှတ်ရမည်မထင်ပါ
အလာတုန်းကလူပုံအလယ်တင့်တယ်နေသောသန်းကြွယ်သဌေးကြီးသည်
ယခုအပြန်မှာတော့မှောင်မှောင်မဲမဲသင်္ဘောဝမ်းဗိုက်ထဲမယ်တစ်ယောက်ထဲအသက်မပါပဲလဲလျောင်းနေသည်မှာ
လူ့ဘဝရဲ့ငြီးငွေ့စရာဘဝစက်ဆုပ်စရာပင်ဖြစ်ပါသည်နေ့မြင်ညပျောက်လူ့ဘဝအားသံဝေဂရသဘောပေါက်မိပေသည်
လူတယောက်ပျောက်သွားပေမဲ့လောကကြီးကတော့ဘာမှမပြောင်းလဲသာယာမြဲပါပဲ
ပြီး
D Moe Moe
Zawgyi Version
သန္းႂကြယ္သေဌး၏ေနာက္ဆုံးခရီး(စ/ဆုံး)
————————————————–
ငယ္ငယ္တုန္းကထဲကစာဖတ္ဝါသနာပါ၍အေဖ့႐ုံးသို႔လိုက္သြားေလ့ရွိကာ
႐ုံးစာၾကည့္တိုက္မွကေလးစာေပမ်ားဖတ္ရသည္ကိုအလြန္ႏွစ္သက္သည္။
႐ုပ္ပုံပါေသာအဂၤလိပ္ပုံျပင္စာအုပ္ကေလးမ်ားစာၾကည့္တိုက္မွအိမ္သို႔ဌားလာၿပီးမဖတ္တတ္သျဖင့္
အေဖအားတဲ့အခ်ိန္ကိုအရိပ္တၾကည့္ၾကည့္ျဖင့္ေစာင့္ကာဖတ္ခိုင္း၍နားေထာင္ရသည္။
စာေကာင္းေကာင္းဖတ္တတ္လာေတာ့သူငယ္ခ်င္းအိမ္ကစာအုပ္အဌားဆိုင္ကမျပန္ပါ
ထိုမွနဲနဲႀကီးလာေတာ့တေထာင့္တညလိုဘာသာျပန္ပုံျပင္စာအုပ္ႀကီးအထူႀကီးအားထမင္းမစားပဲ
တေနကုန္ထိုင္ဖတ္တတ္လာသည္ထိုမွတဖန္စာေပမ်ိဳးစုံဖတ္သည္သို႔ေပမဲ့အခ်စ္ဝထၳဳမ်ားေတာ့မဖတ္ပါ
ကိုယ္တို႔အိမ္ေဘးမွစာေပစုေဆာင္းထားသည္စစ္ဗိုလ္ႀကီးတဦးအိမ္မွဆရာႀကီးေ႐ြဥေဒါင္း၏
စုံေထာက္ေမာင္စံရွားဝထၳဳမ်ားအားအလြန္သေဘာက်သည္ထမင္းေမ့ဟင္းေမ့သြားဖတ္ေလသည္။
တဖန္ရပ္ကြက္ထဲမွေဆးဆရာအဖိုးႀကီးတေယာက္အိမ္တြင္ဂမၻီရဝထၳဳမ်ားသရဲတေစၦစုန္းစာအုပ္မ်ားကို
ဖတ္ခ်င္ျပန္သည္ထိုအဖိုးႀကီးကသူ႔စာအုပ္မ်ားဘယ္သူ႔မဌားပါေပးလဲမေပးဖတ္ပ
ါစာအုပ္မ်ားသည္လဲေဟာင္းႏြမ္းေဆြးေျမ့ေနၿပီျဖစ္သည္။
ထိုအခါစာအလြန္ဖတ္ခ်င္ေသာကိုယ္ကသူ႔ေျမးမေလးအားခင္ေအာင္ေပါင္းကာ
ကိုယ့္စားမဲ့မုန႔္အားသူ႔ကိုေႂကြး၍သူ႔အဖိုးစာအုပ္မ်ားအလစ္ယူခိုင္းကာ
သ့ူ႔အဖိုးစာအုပ္မ်ားအားခိုးဖတ္ရေလသည္သ့ူ႔စာအုပ္မ်ားထဲမွကေဝပ်ံမိေခ်ာစုန္းမႀကီးေဒၚအိုဇာ
12ႀကိဳးမယ္သုံအစရွိေသာစာအုပ္မ်ားကိုအလြန္စိတ္ဝင္စား၍ဖတ္၍ေကာင္းပါသည္။
ထိုမွတဖန္ဆရာမင္းသၤခစာအုပ္မ်ားႏွင့္အျခားဘာသာျပန္စာအုပ္မ်ားကိုလက္လွမ္းမွီသ၍ဖတ္သည္။
ေနာက္ပိုင္းမွာေတာ့အေဖသည္ပညာေရးေဆာင္းပါးမ်ားပညာတန္ေဆာင္မ်ားႏွင့္
အျခားပညာေရးအေၾကာင္းေရးေသာစာအုပ္မ်ားတြင္စာေရးဆရာျမတ္မိုးနံမည္ျဖင့္
စာေရးဆရာျဖစ္လာေသာအခါစာေပေလာကမွစာေရးဆရာႀကီးမ်ား၏လက္ေဆာင္ေပးေသာ
သူတို႔စာအုပ္မ်ားအိမ္တြင္အပုံအပင္ေရာက္လာေလသည္စာဖတ္ဝါသနာပါေသာကိုယ္ကေတာ့
အားသည့္အခ်ိန္တိုင္းစာအုပ္ပုံထဲေခါင္းႏွစ္ကာစာဖတ္ေလ့ရွိပါသည္။
စာဖတ္ျခင္းအက်ိဳးေက်းဇူးေၾကာင့္ကိုယ္ကတေက်ာင္းလုံးမွာျမန္မာစာစာစီစာကုံၿပိဳင္ပြဲမ်ားတြင္ပထမရေလသည္။
ကိုယ္ေက်ာင္းတတ္လာသည့္ကာလတေရွာက္ျမန္မာစာကိုမက်က္ပါဖတ္ပဲဖတ္ပါသည္။
စာေမးပြဲတြင္ဖတ္ထားေသာစာကိုကိုယ့္ဟန႔္ႏွင့္ကိုယ္ျပန္ေရးေသာေၾကာင့္သူမ်ားထက္ေစာစြာၿပီးကာ
ဂုဏ္ထူးရပါသည္ကိုယ္သည္စာကိုမက်က္ပဲနားလည္ေအာင္ပဲဖတ္ပါသည္။
ဒီေလာက္ဆိုရင္ကိုယ္ရဲ႕စာေပဗဟုသုတနိဒန္းလဲရွည္သြားပါၿပီသီးခံဖတ္ေပးတာေက်းဇူးတင္ပါသည္။
္ကိုယ္ကပ်င္းတဲ့အခါတိုင္းကိုယ့္အေဖရဲ႕စာအုပ္ပေဒသာပုံႀကီးဟာကိုယ့္အတြက္အပ်င္းေျပအေဖာ္ေကာင္းပါပဲ
အိပ္ခန္းတခန္းစာေလာက္ရွိတဲ့စာအုပ္ပုံထဲမွလတ္တေလာဖတ္မိတဲ့စာတပုဒ္ကိုႀကိဳက္ႏွစ္သက္၍ျပန္လည္တင္ျပေပးျခင္းျဖစ္ပါသည္
လူ႔ဘဝရဲ႕ျမန္ဆန္ေသာေျပာင္းလဲမႈ႕ကိုသံေဝဂရစရာစာအုပ္ေကာင္းျဖစ္ပါသည္
__________¥¥¥¥________
ဆန္ဖရန္စစၥကိုၿမိဳ႕မွသန္းႂကြယ္သေဌးႀကီးသည္ဇိမ္ခံသေဘၤာႀကီးစီး၍ဥေရာပတိုက္သို႔အပန္းေျဖခရီးထြက္ေလသည္။
သေဘၤာစဥ္ခရီးတေရွာက္လုံးကပြဲ-ထမင္းစားပြဲ—ႏွင့္အထူးထူးအေထြေထြဧည့္ခံပြဲမ်ားက
သေဌးႀကီးကိုအလြန္အရသာေတြ႕ေစသည္ဒီလိုနဲ႔အီတလီႏိုင္ငံကိုေရာက္ေသာ္ထိုၿမိဳ႕က
ၾကည့္စရာျပတိုက္မ်ားေလ့လာလည္ပတ္၍ၿပီးေနာက္အနားယူအပန္းေျဖစခန္းျဖစ္ေသာ
ကာပရီကြၽန္းငယ္သို႔သေဌးႀကီးသည္ေရာက္ရွိသြားေလသည္။
သေဌးႀကီးသြားရာလမ္းတေရွာက္တြင္ႀကိဳဆိုသူေတြကမနည္းဧည့္ခံမိတ္ဖြဲ႕ခ်င္သူေတြကအပုံအပင္
သန္းႂကြယ္သေဌးႀကီးဆိုေတာ့ေနာက္လိုက္ေနာက္ပါအေႁခြအရံကိုယ္ရံေတာ္မ်ားစြာျဖင့္
တခမ္းတနားစည္ကားသိုက္ၿမိဳက္စြာနဲ႔ကာပရီကြၽန္းဟိုတယ္သို႔ေရာက္ရွိသြားေလသည္။
ကာပရီကြၽန္းဟိုတယ္ပိုင္ရွင္ကလည္းတေလးတစားဧည့္ခံႀကိဳဆို၍အေကာင္းဆုံး
ဟိုတယ္အခန္းတြင္ထားေပးေလသည္သို႔ေပမဲ့လူ႔ဘဝသည္ပုံေသခန႔္မွန္း၍မရေပ
ထိုညတြင္သန္းႂကြယ္သေဌးႀကီးသည္ေလျဖတ္ကာအသက္ေပ်ာက္သြားေလသည္။
သေဌးႀကီးအသက္ေပ်ာက္သြားေတာ့ဟိုတယ္ပိုင္ရွင္ကတျခားတည္းခိုသူမ်ားအဖို႔
အမဂၤလာျဖစ္မည္စိုးရိမ္ၿပီးသေဌးႀကီးအေလာင္းအားအခန္းငယ္ကေလးထဲသို႔ခ်က္ခ်င္းေျပာင္းျပစ္လိုက္သည္။
အေလာင္းထည့္ရန္အေခါင္းအားလဲေဆာ္ဒါပုလင္းမ်ားထည့္သည့္ေသတၱာကိုအသုံးျပဳကာ
သေဌးႀကီးအေလာင္းအားထိုအေခါင္းထဲထည့္လိုက္၍အေခါင္းသြင္းထားလိုက္သည္။
ေနာက္တေန႔မနက္လူေတြမႏိုးခင္တြင္ဘယ္သူမွမသိေအာင္အေလာင္းအားျမင္းလွည္းျဖင့္
ကမ္းေျခသိုျပန္ပို႔ေစသည္ျမင္းလွည္းကလဲအစုတ္ဆိုေတာ့သေဌးႀကီးအေခါင္းသည္
တေဂါက္ေဂါက္တဂက္ဂက္ျဖင့္ျမင္းလွည္းေဆာင့္ရင္းပါသြားေလသည္။
တဖန္အခန႔္မသင့္၍ဆိပ္ကမ္းကုန္႐ုံတ႐ုံၿပီးတ႐ုံသို႔သေဌးႀကီးအေခါင္းသည္ေျပာင္းရျပန္သည္။
ေနာက္ဆုံးတြင္ဇာတိဌာေနအေမရိကန္ျပန္ဇိမ္ခံသေဘၤာႀကီး၏ဝမ္းတြင္းေမွာင္ေမွာင္မဲမဲထဲသို႔
ေရာက္ရွိသြားေလသည္သေဘၤာႀကီး၏အေပၚထပ္မွာေတာ့လူမ်ားစည္ကားေနကာ
ခန္းမႀကီးအတြင္းမူကားမီးေရာင္စုံမ်ားထြန္း၍ကပြဲမ်ား-ထမင္းစားပြဲမ်ားကေတာ့ရွိၿမဲရွိေနဆဲပါ
အလာတုန္းကသန္းႂကြယ္သေဌးႀကီးအားလဲမည္သူမွအမွတ္ရမည္မထင္ပါ
အလာတုန္းကလူပုံအလယ္တင့္တယ္ေနေသာသန္းႂကြယ္သေဌးႀကီးသည္
ယခုအျပန္မွာေတာ့ေမွာင္ေမွာင္မဲမဲသေဘၤာဝမ္းဗိုက္ထဲမယ္တစ္ေယာက္ထဲအသက္မပါပဲလဲေလ်ာင္းေနသည္မွာ
လူ႔ဘဝရဲ႕ၿငီးေငြ႕စရာဘဝစက္ဆုပ္စရာပင္ျဖစ္ပါသည္ေန႔ျမင္ညေပ်ာက္လူ႔ဘဝအားသံေဝဂရသေဘာေပါက္မိေပသည္
လူတေယာက္ေပ်ာက္သြားေပမဲ့ေလာကႀကီးကေတာ့ဘာမွမေျပာင္းလဲသာယာၿမဲပါပဲ
ၿပီး
D Moe Moe