” ဇလွန်နယ်မှသရဲဆွဲခံရသူ “(စ/ဆုံး)

Unicode Version

” ဇလွန်နယ်မှသရဲဆွဲခံရသူ “(စ/ဆုံး)
———————————–

လွန်ခဲ့တဲ့ ၂၀၁၆၊ မေ၊ ဒုတိယပတ်က စာရေးသူဆီကို စာဖတ်ပရိသတ်တစ်ဦး ဖုန်းဆက်လာပါတယ်။
““ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ထူးထူးဆန်းဆန်း သရဲဆွဲခံ ရတဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်တယ်”လို့ ဆိုပါတယ်။ ဖုန်းဆက်ပြီးနောက် သုံးရက်အကြာမှာ စာရေးသူ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူနေတာက ကံဘဲ့ဘူတာရုံရဲ့ အရှေ့ဘက်က ရပ်ကွက် တစ်ခုမှာ ဖြစ်ပါတယ်။
သူပြောပြတဲ့ သရဲဆွဲခံရသူဖြစ်စဉ်က အခြာ သော သရဲဆွဲခံရတဲ့ဖြစ်စဉ်တွေနဲ့ မတူပါဘူး။
တစ်မူထူးခြား ဆန်းကြယ်တဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒါ့ကြောင့်လည်း စာဖတ်ပရိသတ်အတွက် တင်ပြလိုက် ခြင်း ဖြစ်ပါတယ်။
အချိန်ကာလက ၁၉၆၉ ခုနှစ်ခန့် ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ ဧရာဝတီတိုင်း၊ ဇလွန် မြို့နယ်၊ ဥသျှစ်ကွင်းတိုက်နယ်၊ ကော့စိန်ကျေးရွာအုပ်စုထဲက (အမည်မဖော်လိုတဲ့) ကျေးရွာလေးတစ်ခုမှာလို့ပဲ ဆိုပါစို့။ အဲဒီကာလတုန်းက ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာ လက်နက်ကိုင်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းသလောက် ရှိနေပါတယ်။
ဒါပေမဲ့ လုံးဝအမြစ်ပြတ်ပြီလို့တော့ မဆိုနိုင်သေးပါဘူး။ ဒါ့ကြောင့် တပ်မတော်နဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင် တဲ့ သောင်းကျန်းသူ ကင်းစင်ရေးစီမံချက်တွေ လုပ်ဆောင်လျက် ရှိပါတယ်။မြို့တိုင်းရွာတိုင်း၊ လိုအပ်တဲ့ နေရာတိုင်းမှာ လုံခြုံရေး လက်ဆက်ကင်းတွေ ဆောက်လုပ်ထားတယ်။
ရွာသားတွေ အလှည့်ကျ ကင်းစောင့်ကြရတယ်။ ထူးခြားဖြစ်စဉ်တစ်ခုခု ဖြစ်ပေါ်တာနဲ့ သိတဲ့ကင်းတဲက အလန့်အချက်ပေး ဝါးကလတက် ခေါက်ရတယ်။
ကင်းတဲတစ်တဲက အလန့်ကလတက်ခေါက်တာနဲ့ အ ရပ်ရှစ်မျက်နှာမှာရှိတဲ့ ကင်းတဲတွေအားလုံးကလည်း အလန့်ကလတက်တွေ ဝိုင်းခေါက်ကြမယ်….။
ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေမယ်။ ဒီလိုအချိန်မှာ လက်ဆက်ကင်းတွေကို အနီးကပ်ကြီး ကြပ်ကွပ်ကဲနေတဲ့ တပ်မတော် တပ်စုတပ်စိတ်တွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ အမြန်ရောက်လာမယ်။
အခင်းဖြစ်နေရာကို ပိတ်ဆို့ရှာဖွေ ရှင်းလင်းမယ်။ ဒီလိုနဲ့ သောင်းကျန်းသူတွေ နေစရာမရှိအောင်၊ အမြစ် ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နေကြတာ ဖြစ်တယ်။
ဇွန်လရဲ့ ညနေခင်းတစ်ခုမှာ မောင်လှတင့် လက်ဆက် ကင်းစောင့်ဖို့ အိမ်ကထွက်လာခဲ့တယ်။ ဒီနေ့ည သူတို့အိမ် ကင်းစောင့်ဖို့ အလှည့်ကျတယ်လို့ကင်းမှူးလုပ်တဲ့သူက လာပြောသွားတယ်။ ပြီးတော့ နောက်နေ့ကလည်း မောင်လှတင့် ကျောင်းပိတ်တဲ့ရက် ဖြစ်တယ်။
မိဘတွေက ကိုးတန်းကျောင်းသား မောင်လှတင့်ကို ကင်းမစောင့်ခိုင်းဘူး၊ စာပဲ ဖတ်စေချင်တယ်။
ဖခင်ကြီး နည်းနည်းမမာတာနဲ့ ကျောင်းပိတ်ရက်နဲ့ ဆုံ လို့သာ၊ မောင်လှတင့်ကို တစ်ညကင်းစောင့်ခိုင်းတာ ဖြစ်တယ်။
ကင်းက နေ့ရော၊ ညရော စောင့်ရတာ။ညနေ (၆)နာရီလောက် မောင်လှတင့်တို့အဖွဲ့သစ်သုံးယောက် ကင်းတဲကိုရောက်တယ်။
သူတို့ရောက်မှ မနေ့ကတည်းက စောင့်ကြရတဲ့ ကင်းသမားအဟောင်းတွေ အိမ်ပြန်ကြရတယ်။
မိုးလေးကတဖွဲဖွဲရွာနေတယ်။မိုးဦးစောစောကျတဲ့ နှစ်ဖြစ်လို့ လယ်ကွင်းအချို့မှာ မြကမ္ဗလာခင်းထားတဲ့အတိုင်း ပျိုးပင်တွေ စိမ်းမြနေတယ်။ မောင်လှတင့်တို့သုံးယောက် ဝါးကင်းတဲပေါ်ထိုင်ရင်း စကားစမြည် ပြောဆိုနေကြတယ်။ သူတို့ ကင်းတဲက ကော့စိန် ရွာဦး၊ ဗျည်းညားလဗွေ
ချောင်းကမ်းပါးထိပ်မှာ ရှိတာကြောင့်….၊ ရွှေချောင်း၊ ငါးအိမ်တန်း၊ အရှေ့ဇင်ပြွန်းကုန်း၊ ကညင် ကွင်း၊ မုတ်ထောနဲ့ သပြေလှရွာတွေကို စီးမြင်နေရတယ်။
နေလုံးကြီးက အလင်းရောင်တွေကို တစ်စစီ၊ တစ်စစီ ဆွဲယူရုပ်သိမ်းသွားချိန်မှာ အမှောင်က တဖြည်းဖြည်းတိုးဝင်နေ တယ်…။ညအမှောင်ထဲမှာ ရွာတွေဆီက တလက်လက်မီးရောင် လေးတွေကို မြင်နေရတယ်။
ချောင်းထဲမှာ ရေစပ်စပ်ရောက်နေလို့ ဖားတွေ ပျော်နေ ကြဟန်တူရဲ့..။
“အုံးအင်၊ အုံးအင်”
”သံတွေ၊ ““တစ်…တစ်..တစ်” ဆိုတဲ့ဖားလက်တက်အော်သံတွေ ရောထွေးဆူညံနေတယ်။လေပြည်က လယ်ကွင်းပြင်တွေကိုဖြတ်သန်းပြီ။ မောင်လှတင့်ရင်ခွင်ထဲ တိုးဝှေ့လာတယ်။
မိုးငွေ့ပါတဲ့ လေပြည်ကြောင့် မောင်လှတင့် ကြက်သီး ဇီးဇီး ထသွားတယ်။ ““ဟ.. အေးတယ်ဟ” မောင်လှတင့် ေ းခိုက်တုန်ပြရင်း စောင်ကို ဆွဲယူခြုံတယ်၊ ကင်းတဲပေါ် လဲလျောင်းလိုက်တယ်။
သူ ကင်းစောင့်ရမယ့်အချိန်က ညဉ့်နက်ပိုင်းဖြစ်လို့ စော စောပိုင်းမှာအိပ်ဖို့ ကြံလိုက်တာလည်း ဖြစ်တယ်။ ဒါပေမဲ့….၊
သူ အိပ်ဖို့ အခွင့်မသာလိုက်ဘူး။ ချောင်းတစ်ဖက်ကမ်းက ကြားရတဲ့ အလန့်အချက်ပေး ကလတက်ခေါက်သံကြောင့် ချက်ချင်းခေါင်းထောင်ကြည့်ပြီး လူး လဲထလိုက်ကြသည်။
သူ့ကင်းတဲကလည်း ဝါးကလတက်ကို တတောက် တောက်မြည်အောင် အဆက်မပြတ် ခေါက်လိုက်တယ်။တစ်ချိန်တည်းမှာပဲ ဟိုကသည်က၊ အနီးကအဝေးက၊ အရုပ်ရှစ်မျက်နှာအနှံ့ဆီက ကလတက်ခေါက်သံတွေ ဆူညံပွက် လောရိုက်အောင် ထွက်ပေါ်လာတယ်။
သူများကင်းတဲက ခေါက်လို့သာ လိုက်ခေါက်နေရတယ်၊ ဘာဖြစ်လို့ခေါက်မှန်း မောင်လှတင်တို့ မသိဘူး။ အခြားကင်းထဲတွေလည်း ချက်ချင်းတော့ သိကြဦးမှာ မဟုတ်ဘူး။
မောင်လှတင့် ကလတက်စခေါက်တဲ့ ချောင်းတစ်ဖက်ဘမ်း အမှောင်ထဲကို စိုက်ကြည့်စုံစမ်းနေမိတယ်။ ဓါတ်မီးရောင်တွေ တဝင်းဝင်းနဲ့ လူအုပ်စုတစ်စုရဲ့ လှုပ် လှုပ်ရှားရှား သွားလာနေတာကိုတွေ့ရတယ်။ တစ်စုံတစ်ဦးကို တစ်ယောက်တစ်ပေါက်၊ အော်ဟစ်ခေါ် နေကြတဲ့ အသံတွေကလည်း ဆူညံနေတယ်။ ဆူညံသံတွေက လေနဲ့အတူပါလာပြီး ကျယ်ကျယ် လောင်လောင်ကြားလိုက်၊ လေလွင့်ရာပါသွားပြီး ဝေးကွာသွားလိုက်နဲ့ ထင်ထင်ရှားရှား မကြားရဘူး။
“ဘာဖြစ်တာလဲ…။ သွားကြည့်ကြရအောင်” မောင်လှတင့်ကင်းအတူတူကျသူတွေကို ပြောလိုက် တယ်။
ချောင်းက ပေနှစ်ဆယ်လောက်ပဲ ကျယ်တယ်၊ ရေက လည်း ခပ်စပ်စပ်၊ ခြေမျက်စိတောင် မမြုပ်သေးဘူး။ နောက်ပြီး သူတို့ကော့စိန်နဲ့ တစ်ဖက်ကမ်းရွာက တစ်ရွာ တည်းလို နေကြသူတွေ။
တစ်ယောက်နဲ့တစ်ယောက် ဆွေမျိုးတွေလို ခင်မင်နေ ဘာကြောင့် စိုးရိမ်စရာ ဘာမှမရှိဘူး။ ဒါ့ကြောင့်လည်း သွားကြည့်ကြဖို့ မောင်လှတင့် ပြောလိုက်တာဖြစ်တယ်။ သူပြောတာကို ကျန်တဲ့ကင်းသမားတွေကလည်း လက် ခံတယ်။
ဒါနဲ့ပဲ သူတို့သုံးယောက်စလုံး ချောင်းကိုဖြတ်ပြီး တစ် ဖက်ကမ်းကရွာဆီ ထွက်ခဲ့ကြတယ်။ ဓာတ်မီးရောင်တဝင်းဝင်းနဲ့ လူအုပ်ရှိရာ သွားတယ်၊ မေး မြန်းကြည့်တယ်။
ဒီတော့မှ လူတစ်ယောက် ရုတ်တရက်ဆိုသလို ပျောက် သွားလို့ ဝိုင်းဝန်းရှာဖွေနေကြတယ်ဆိုတာ သိကြတယ်။ ပျောက်သွားတဲ့သူက မောင်ဦးဆိုတဲ့သူ။ အသက်နှစ်ဆယ်လောက် လူရွယ်။
ထူးခြားတာက မောင်ဦးဟာ နေ့သေမလား၊ ညသေမလား စောင့်ကြည့်နေရတဲ့..၊အိပ်ရာပေါ်က မထနိုင်တဲ့ သေတော့မယ့် လူမမာတစ် ယောက်´ဖြစ်နေတာပါပဲ။
“သားရေ…..၊ မောင်ဦးရေ….”
ငိုသံပါကြီးနဲ့ သားကို အော်ဟစ်ခေါ်နေတဲ့ အဒေါ်ကြီး တစ်ယောက်ရဲ့အသံကို ကြားရတယ်။ ဒါ… ရွာလယ်ပိုင်းက ဒေါ်ကြည်မြကြီးရဲ့ အသံဆိုတာ မောင်လှတင့် သိလိုက်တယ်။
သူက ပုဆိုးမကြီး၊ သူ့ယောက်ျား ဆုံးသွားတာကြာပြီ။ သူ့မှာ သမီးကြီးတစ်ယောက်နဲ့ သားလေးတစ်ယောက်ရှိတယ်။
သမီးကြီးက အသက်အစိတ်လောက်ရှိပြီး….. သားအငယ်ကတော့ မောင်လှတင့်ထက်ကြီးတယ်၊ အ သက်နှစ်ဆယ်လောက် ရှိနေပြီ။
“ဒေါ်ကြည်မြကြီးက သူ့သားကို အော်ခေါ်နေတာဆိုတော့ပျောက်တာမောင်ဦးပေါ့..” လို့ မောင်လှတင့်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ ““ဘယ်လိုဖြစ်တာပါလိမ်..”ဆို နားမလည်နိုင်မှုတွေနဲ့လည်း နဝေတိမ်တောင် ဖြစ်သွားရတယ်။
ဘာလို့လည်းဆိုတော့ ဒေါ်ကြည်မြကြီးရဲ့သား မော်ဦး သေကောင်ပေါင်းလဲ ရောဂါဖြစ်နေတယ်ဆိုတာ သူသိတယ်။
မောင်လှတင့်တို့ရွာ ကော့စိန်နဲ့ ဒေါ်ကြည်မြတို့ ရွာက နှစ်ရွာတစ်ရွာလိုဖြစ်နေတော့ တစ်ရွာမှာ အပ်ကျတာကအစ တစ်ရွာကသိနေတတ်တယ်။
ဒေါ်ကြည်မြကြီးသား မောင်ဦး နေထိုင်မကောင်းဖြစ်နေ တာ ခြောက်လ၊ ခုနစ်လလောက် ရှိနေပြီ။
နောက်ဆုံး ဇလွန်မြို့နယ်၊ ဆေးရုံကတောင် အစွမ်းကုန် ကုသပြီးပြီ၊ ထူးခြားမလာလို့ဆိုပြီး အိမ်ပြန်သယ်ခွင့် ပေးခဲ့တယ် မောင်ဦးကို ဆေးရုံကနေ ရွာပြန်သယ်လာပြီး…..
ဟိုဆရာ ကောင်းနိုးနိုး၊ ဒီဆရာ ကောင်းနိုးနိုးနဲ့ ကုသ ပေမဲ့လည်း မသက်သာဘူး၊ ပိုသာဆိုးလာတယ်။
ရက်ရှည်လများ ရောဂါဝေဒနာ ခံစားရ၊ အစာပင် ရေမဝင်ဖြစ်နေတာကြောင့် ပိန်လှီခြောက်ကပ်ပြီး အရိုးနဲ့ ဖြစ်နေတယ်။
မောင်ဦးတစ်ကိုယ်လုံးမှာ ခေါင်းနဲ့မျက်လုံးပဲ မြင်ရတော တယ်။
ကုသမျှဆရာတွေကလည်း တစ်ပတ်ပဲ ခံတော့မယ်ပြော သူပြော….။
တစ်လထက်မပိုတော့ဘူး ပြောသူကပြောနှင့် လက်လျှော့သွားကြတယ်။
မောင်ဦး ကူကယ်ရာမဲ့ဘဝနဲ့ အိပ်ရာထဲမှာ ပက်လက် လေး ကျန်ရစ်ခဲ့တယ်။တစ်ခုထူးခြားတာက မောင်ဦး အသက်ပြင်းတယ်။ မနက်သေမလား၊ ညသေမလား စောင့်ကြည့်ရင်း..၊ စောင့်ကြည့်ရင်း ရက်တွေလတွေသာ ပြောင်းသွားတယ်။
သူကတော့ မသေဘူး။ တစ်ချို့ကလည်း “မောင်ဦးက သေပြီးပြီ၊ ဒါ ဖုတ်သက် ရှိတော့တယ်၊ ဖုတ်ထုတ်ရမယ်” လို့ တီးတိုး တီးတိုး ပြောလာ ကြတယ်။
ဒီလိုထိ၊ ဒီလောက်ထိ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ လူမမာမောင်ဦးပျောက်နေတာဆိုတော့ မောင်လှ၊နားမလည်နိုင်ဘူး။ ဒါ့ကြောင့် ဒေါ်ကြည်မြကြီးအနီး ရောက်အောင်တိုးသွားယ်။
“လေးလေး ဒေါ်ကြည်မြ၊ ကိုမောင်ဦးက ဘယ်လို ရောက်သွားတာလဲ….”လို့ မေးကြည့်တယ်။ “ဟဲ့… နင်က ဘယ်သူလဲ..”
ဒေါ်ကြည်မြ၊ လက်ထဲကမီးအုပ်မြှောက်ပြီး မောင်လှတင့် ကို ကြည့်တယ်။
“အော်…. ကော့စိန်က ကိုလှသားကိုး….၊ ဘယ်လိုဖြစ်တာလဲ ဆိုတာတောင် မသိသေးပါဘူး သားရယ်….၊
မှောင်လာလို့ မောင်ဦးအိပ်ရာဘေးမှာ မီးခွက်လေးထွန်းပေးနေတုန်း..၊ မောင်ဦးရယ်လေ၊ ပက်လက်ကြီး လေထဲမြောက်လာတယ်။အဒေါ်ကလည်း ရုတ်တရက်ဆိုတော့ လန့်ပြီးကြောင် ကြည့်နေမိတယ်….၊
မောင်ဦးခန္ဓာကိုယ်က ရေထဲမှာ မျောနေသလို၊ လေထဲမှာ ပက်လက်အနေအထားနဲ့ မျောဝဲပြီး အိမ် အောက်အမှောင်လဲ ရောက်သွားတယ်၊
အဒေါ်သတိရလို့ လှမ်းဆွဲလိုက်သေးတယ်၊ မမိဘူး… အဲဒါကြောင့် လူတွေစုပြီး လိုက်ရှာနေကြတာ…၊ ချောင်းထဲလည်း နှံ့နေပြီ၊ ကွင်းတွေထဲလည်း နေပြီ–မတွေ့သေးပါဘူး သားရယ်…”မောင်ဦး ပျောက်သွားတဲ့အကြောင်း ဒေါ်ကြည်မြက မောင်လှတင့်ကို ရှင်းပြတယ်။
ပြီးတာနဲ့ ““သားရေ… သားရေ… မောင်ဦးရေ… လို့သနားစရာကောင်းလောက်အောင် အော်ခေါ်နေပါတယ်။ မောင်လှတင့်တို့အဖွဲ့လည်း လူအုပ်ကြီးနဲ့ သွားရာပြီ လိုက် ရှာကြတယ်။
မောင်ဦးရဲ့နာမည်ကို တကြော်ကြော်အော်ဟစ်ပြီး ခေါ် ကြတယ်။
အဲဒီအချိန်မှာ အလန့်အချက်ပေး ကလတက် ခေါက်သံ တွေကြောင့် တပ်မတော် တပ်စိတ်တစိတ်နဲ့ ရဲတွေပါ ၊ ရာက် လာတယ်။
ရွာလူကြီးက မောင်ဦးပျောက်သွားတဲ့ အကြောင်းစုံကို ရှင်းပြမှ ပြန်သွားကြတယ်။လူအုပ်ကြီးကတော့“ လက်နှိပ်ဓါတ်မီးတွေ တဝင်း ဝင်း၊ အုပ်ပီး ဘလက်လက်နဲ့ တစ်နေရာကနေ တစ်နေရ ၊ ရွေ့ လျားရှာဖွေနေကြတယ်။
““မောင်ဦး… မောင်ဦး..” ဆိုတဲ့ အသံကလည်းပတ် ဝတ် ကျင်တစ်ခုလုံး ဆူဆူညံညံ၊ အုတ်အုတ်ကျက်ကျက် ပျံ့လင့်နေတယ်….။
““ဦးမောင်ငွေရေ….. ကျွန်တော် ဒီမှာဗျို့..’ “ဗျို့… ဦးမောင်ငွေ… ကျွန်တော်ဒီမှာဗျို့…..”
ရှာကြပါဦးဟ…။ ဘယ်ကပြောနေတာတုန်း….. ဟုတ်တယ်၊ မောင်ဦးအသံမှ မောင်ဦးအသံ…။ ချောင်းထဲရော၊ ကွင်းတွေထဲရော၊ ဘယ်မှရှာမရတဲ့အ ဆုံး လူအုပ်က ရွာပြန်ဝင်လာတယ်။
ရွာက ချောင်းကမ်းပါးမှာ မျက်နှာချင်းဆိုင်တည်ထားတဲ့ရွာတန်းရှည်….။ရွာလယ်လမ်းအတိုင်း ဓါတ်မီးတွေထိုး၊ တကြော်ကြော် အော်ခေါ်လာကြတယ်။
ရွာထိပ်အရောက်မှာ တုံ့ပြန်ပြောကြားလာတဲ့ မောင်ဦး ရဲ့အသံကို ကြားလိုက်ကြရတယ်။ အရပ်ရှစ်မျက်နှာအနှံ့ ဓါတ်မီးတွေထိုးရှာကြတယ်။ “မောင်ဦးရေ… မင်း ဘယ်မှာလဲဟေ့..” ”
“မောင်ဦး ရေ… မင်းဘယ်မှာလဲ..” “သားရေ… သား၊ မောင်ဦး သားဘယ်မှာလဲ..” ဦးမောင်ငွေ အော်ပြီးမေးတယ်။ ဒေါ်ကြည်မြကလည်း ငိုသံကြီးနဲ့ မေးတယ်။ လူတွေ အသံငြိမ်သွားတယ်။ မောင်ဦး ဘယ်နေရာကနေ ပြန်ထူးတယ်ဆိုကာသိဖို့ငြိမ်ပြီး နားထောင်နေကြတယ်။ “ဦးမောင်ငွေ…. ကျွန်တော် ဒီမှာဗျို့… ဒီတစ်ခါတော့ မောင်ဦးအသံ ဘယ်ကလာလဲဆိုတာ အားလုံးသိလိုက်ကြပြီ….။
“ဟာ… ညောင်ပင်ကြီးပေါ်ကဟေ့..ဓါတ်မီးနဲ့ ထိုးကြည့်ကြပါဟ..” ညောင်ပင်ကြီးရဲ့ နေရာအနှံ့ ဓါတ်မီးရောင်တွေ စုပြုံကျ ရောက်သွားတယ်။
ညောင်ပင်ကြီးက ရွာရဲ့ အဓိကရညောင်ပင်ကြီး၊ နှစ်ပရိစ္ဆေဒ များစွာကတည်းက ရှိခဲ့တဲ့ညောင်ပင်ကြီး၊ ပင်စည်လုံးပတ်ကြီးက ကိုးပေခန်းတစ်ခန်းစာလောက် ပြီး ညောင်မုတ်ဆိတ်တွေ၊ ညောင်ထောက်မြစ်တွေ၊ ကိုင်းဂျီတွေနဲ့ ဧရာမညောင်ပင်ကြီးပါ။ ညောင်ပင်ကြီးအောက်မှာ ကွင်းပိုင်၊ နယ်ပိုင်နတ်ကွန်း လယ်ဝင်လယ်ထွက် ပူဇော်ပသချင်ရင် သည်ညောင်ပင် ကြီးဆီ လာရတယ်။
ရှင်ပြု၊ နားသ နတ်ပြချင်ရင်လည်း သည်ညောင်ပင်ပဲ။ သာရေး၊ နာရေး၊ ရပ်ရေး၊ ရွာရေးမှာ အရေးပါတဲ့ အဓိ ကရ ညောင်ပင်ကြီးပေါ်ကိုမှ မောင်ဦး ဘယ်လိုလုပ်ပြီး ရောက်နေ ရတာလဲ…..။
“ဟော… တွေ့ ပြီဟေ့… ဟိုမှာဟေ့”
““ဘယ်မှာလဲဟ.. ဘယ်မှာလဲဟ” “အောက်က ကိုင်းတွေနဲ့ ကွယ်နေလို့ မမြင်ရတာ၊ ညောင်ပင်ထိပ်ဖျားက ကိုင်းကြီးပေါ်မှာလေ…..”
““ဟာ… ဟုတ်တယ်ဟေ့၊ မောင်ဦး… ညောင်ကိုင်းပေါ် မှာ ငုတ်တုတ်ကြီးထိုင်နေတယ်…”
လူတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောသံတွေနဲ့ ဆူညံ့ ပွက်လောရိုက်နေတယ်။
မောင်ဦးကို တွေ့သွားကြတာဖြစ်တယ်။
ဓါတ်မီးတွေအားလုံး မောင်ဦးဆီကို စုပြုံထိုး ထားကြတယ်။ ကာဆီး ရှုပ်ထွေးနေတဲ့ ကိုင်းခက်၊ ကိုင်းလက်တွေ ကြားကနေ ညောင်ကိုင်းတစ်ကိုင်းပေါ်မှာ မျောက်တစ်ကောင် ကို ငုတ်တုတ်ထိုင်နေတဲ့ မောင်ဦးကို တွေ့နေကြရတယ်။ မောင်ဦးအဝတ်အစားတွေက အိပ်ရာထဲမှာ ရှိတုန်းက အတိုင်း စွယ်တာအင်္ကျီ၊ အပေါ်က စစ်ဂျာကင်အဟောင်းကြီးကိုဝတ်ထားတယ်။
ဒီနေရာမှာ အံ့ဩစရာကောင်းတာက မောင်ဦးလို အရိုး ပေါ်အရေတင်၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေ့ လူမဟက ဘယ်လိုလုပ် ပြီး ညောင်ပင်ထိပ်ထိတက်နိုင်တာလဲ၊လူတွေ၊ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတယ်။ နောက်ပြီး မောင်ဦး ဆောင့်ကြောင့်ထိုင်နေတဲ့ညောင် တိုင်းက လက်မောင်းလုံးလောက်ပဲ ရှိတယ်။ မောင်ဦး ထိုင်သာထိုင်နေတယ်၊ နားနေတဲ့ ငှက်တစ်ကောင်လိုပဲ ဘာကိုမှကိုင်မထားဘူး။ ကျန်သေးတယ်၊ မောင်ဦးဆီက ဘာသံမှထွက်မလာ တော့ဘူး၊ မျက်လုံးတွေ မှိတ်ထားတယ်။
အိပ်ပျော်နေသလိုလို၊ မေ့မြောနေသလိုလို ဖြစ်နေတယ်။
“ကဲ မောင်ဦးကတော့ ‘ဆင်းနိုင်မှာမဟုတ်ဘူး…။ သူ့ကို `အောက်ချကြရမယ်…။ ဘယ်လိုလုပ် ချကြမလဲ” လူကြီးတွေ တိုင်ပင်ကြတယ်။
နောက်တော့၊ ညောင်ကိုင်းတစ်ကိုင်းမှာ စက်သီးဆင်၊ ကြိုးတပ်၊ ကြိုးတစ်ဖက်မှာ စောင်ပုခက်လုပ်မယ်….၊ မောင်ဦးကို စောင်ပုခတ်ထဲ ပွေ့ထည့်၊ စက်သီးနဲ့ အောက်ကိုချဖို့ စိတ်ကူးကြရတယ်။ စိတ်ကူးအတိုင်းပဲ လုပ်ဆောင်ကြတယ်။ လွယ်မယ်ထင်ပေမဲ့ တော်တော်ကြီးကို ခက်ခက်ခဲခဲ လုပ် လိုက်ကြရတယ်။
ပထမ ညောင်ပင်စောင့်နတ်နဲ့ ကွင်းပိုင်၊ နယ်ပိုင်တွေကို တောင်းပန်တိုးလျှိုးရတယ်။ ပြီးမှ အားကောင်းမောင်းသန် လူငယ်လူရွယ် ဆယ့်လေး-ငါးယောက်လောက် ညောင်ပင်ပေါ်တက်ရတယ်။ စက်သီးဆင်တဲ့သူက ဆင်၊ မလွတ်မကင်း ဖြစ်နေတဲ့ ညောင်ကိုင်းတွေကို ခုတ်ချတဲ့သူက ခုတ်ချ။ ညောင်ကိုင်းပေါ် ငုတ်တုတ်မေ့နေတဲ့မောင်ဦးကို လိမ့်ကျမသွားအောင် ထိန်းသူကထိန်းထား။
စက်သီးကြိုးဖျား စောင်ပုခက်ဆင်သူက ဆင်နှင့်၊ တစ် နာရီလောက် အချိန်ယူလိုက်ရတယ်။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ မောင်ဦးကိုပွေ့ ပြီး စောင်ပုခတ်ထဲထည့်တယ်။ စက်သီးကြိုးနဲ့ ဖြည်းဖြည်းချင်း အောက်ချယူကြရ
ညကြီးမင်းကြီး၊ ဓါတ်မီးရောင် တဝင်းဝင်း၊ သစ်ကိုင်း ခတ်သံ တဒုန်းဒုန်း၊ ကိုင်းကျိုးကျသံ တဖြောင်းဖြောင်း၊ ပြောသံ ဆိုသံ၊ အော်သံဟစ်သံ တညံညီနဲ့…
တပျော်တပါး ပွဲတော်ကြီးကျင်းပနေသလိုပဲ….။ဒီလိုနဲ့ မောင်ဦး အောက်ကိုရောက်လာတယ်။သတိကတော့ မရသေးဘူး၊ မြောနေမေ့နေတုန်းပဲ။
စောင်ပုခက်ကို ငါးလုံးနဲ့လျှိုထမ်းပြီး မောင်ဦးကို အိမ်ပြန်သယ်လာကြတယ်….။
မောင်ဦး သူ့အိမ်ရောက်သွားမှ မောင်လှတင့်တို့အဖွဲ့ သည်း ကင်းတဲကို ပြန်လာခဲ့ကြတယ်။
“ထူးတာတော့ တော်တော်ထူးဆန်းတဲ့ အဖြစ်အပျက်
စာရေးသူက အေးနေပြီဖြစ်တဲ့ ရေနွေးကြမ်းကို မော့ သောက်ပြီး ဦးလှတင့်ကို ပြောလိုက်တယ်။
“ထူးတာပေါ့ စာရေးဆရာရယ်၊ ထူးလို့လည်း ပြောပြ ချင်တာပေါ့…..။
နောက်နေ့မှာ ကျွန်တော် ဒေါ်ကြည်မြကြီးအိမ်ကို သွား တယ်…..
မောင်ဦးအကြောင်း နောက်ဆက်တွဲကို သိချင်၊ စပ်စု ချင်လို့ပေါ့ဗျာ…။
ဒေါ်ကြည်မအြိမ်ရောက်မှ ညက ဖြစ်တဲ့၊ ပျက်တဲ့သတင်း၊ချက်ချင်းပျံ့နှံ့သွားတယ်ဆိုတာ သိလိုက်ရတယ်။
ဒေါ်ကြည်မြအိမ်မှာ ရွာလူကြီးတွေရော၊ ဇလွန်မြို့နယ်က ပါတီကောင်စီလူကြီးတွေရော၊ ရဲတွေရော၊ ဆရာဝန်တွေရော စုံ လို့ပဲဗျ….. ရောက်နေကြတယ်။
“ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေဆိုကာ လမ်းပေါ် မှာ ပြည့်နေတယ်။
ကျွန်တော်လည်း အတတ်နိုင်ဆုံး ရှေ့ရောက်အောင်တိုးပြီး လူကြီးတွေ မေးမြန်း၊ ပြောဆိုနေတာကို နားထောင်ရတာဖြစ်ပုံက ဒီလိုတဲ့ဗျ…. ညက မောင်ဦး သရဲအဆွဲခံရတာတဲ့.. မောင်ဦး အိပ်ရာထဲမှာ မေ့တစ်ချက်၊ မြောတစ်ချက် ဖြစ်နေတုန်း လူကြီးတစ်ယောက် အိမ်ပေါ်တက်လာတယ်တဲ့။ အဲဒီလူကြီးက မောင်ဦးကိုပွေ့ချီပြီး အောက်ကိုခန်ဆင်း တာတဲ့။
ပြီးသွားတော့ ရွာထိပ်ညောင်ပင်ကြီးပေါ်ကို ခေါ်သွားတယ်။ မောင်ဦးက “မောလိုက်တာ”လို့ပြောတော့ မောင်ဦး ဗိုက်ကိုလှန်ပြီး လျှာနဲ့လျက်ပေးတယ်တဲ့။
တော်တော်ကြာအောင် လျှာနဲ့လျက်ပေးပြီးချိန်မှာ သူ့ကို ရှာတဲ့လူအုပ်ကြီး ညောင်ပင်ကြီးနား ရောက်လာတယ်။ ဒီတော့မှ မောင်ဦးကိုခေါ်လာတဲ့လူကြီးက….၊ ““ဟိုမှာ မောင်ငွေတို့အုပ်စု၊ မင်းကို လိုက်ရှာနေကြ
ဦးမောင်ငွေ၊ ကျွန်တော် ဒီမှာရှိတယ် ပြောလိုက်” လို့
ပြောတယ်။ပြောခိုင်းတဲ့အတိုင်းသာ ပြောလိုက်ရတာ၊ မောင်ဦးအနေ နဲ့ကတော့ အမှောင်ထဲမှာ ဦးမောင်ငွေကိုလည်း မမြင်ဘူး။ ဘယ်သူ့ကိုမှလည်း မမြင်ဘူး၊ ဘာသံမှလည်း မကြားရဘူးတဲ့….။ ဒီအကြောင်းတွေကို မောင်ဦးက လူကြီးတွေကို ပြောပြ နေတယ်။
မြို့နယ်ကလူကြီးတွေကလည်း ယုံရခက်၊ မယုံရခက်၊ အံ့အားတွေ သင့်လို့ပေါ့…..။
သူ့ကိုခေါ်သွားတဲ့လူကြီးရဲ့ ပုံပန်းသဏ္ဍာန်ကို မေးတော့ မောင်ဦးက..၊
“အမွေးတွေ အမျှင်တွေနဲ့ မဟုတ်ဘူး၊ လူကြီးတစ် ယောက်ပဲ၊ အရပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင်နဲ့….။နှုတ်ခမ်းမွေးကြီးရှိတယ်၊ ကွမ်းတွေစားပြီး တပျစ်ပျစ် နဲ့ ထွေးတယ်….” လို့ ပြောတယ်။
ဒီလိုပြောတော့၊ မောင်ဦးအမေ ဒေါ်ကြည်မြက.. ““ဟဲ့… အဲဒါဆို အဲဒါ… နင့်အဖေပေါ့…” လို့ ပြောတယ်။ ငယ်ငယ်ကတည်းက ဆုံးသွားတာကြောင့် မောင်ဦးက သူ့အဖေကို မမှတ်မိဘူး။ဒီတော့မှ မောင်ဦးအသည်းအသန်ဖြစ်နေတာကို သေ သွားတဲ့သူ့အဖေက လာခေါ်ပြီးဆေးကုပေးတယ်ဆိုတာ သဘော ပေါက်ကြတယ်။
လူကြီးတွေပေးသမျှကို ဖြေနေတဲ့မောင်ဦးကိုကြည့်ပြီး မြို့နယ်ဆရာဝန်ကြီးတွေတောင် အံ့အားသင့်နေတယ်။ ဘယ်လိုမှ အသက်မရှင်နိုင်တော့ဘူးလို့ သတ်မှတ်ထားတဲ့သူက လူကောင်းပကတိ ပြုံးပြုံးရွှင်ရွှင် ပြောနေတာကိုး။ တစ်ရွာလုံးလည်း အုတ်အော်သောင်းတင်း အံ့ဩနေ ကြတယ်။
နေ့သေမလား၊ ညသေမလား၊ စောင့်နေရတဲ့မောင်ဦး…၊ ဖုတ်ထုတ်ရမလိုတောင် ဖြစ်နေတဲ့ မောင်ဦး..သရဲဆွဲခံရပြီးကတည်းက လူကောင်းပကတိ ဖြစ်သွားတယ်။
နောက်နေ့ချက်ချင်းဆိုသလို ရောဂါဝေဒနာတွေ ယူပစ် သလို ပျောက်သွားတာကိုးဗျ..”
““သရဲဆွဲခံရတယ်ဆိုတဲ့ ဇာတ်လမ်းတွေ၊ ကျွန်တော် တော်တော်များများ ကြားဖူးပါတယ်….၊ ဒါပေမဲ့ အခုဦးလှတင့်ပြောတဲ့ သရဲဆွဲခံရတဲ့ အဖြစ်က တော့ အများနဲ့မတူ၊ တစ်မူထူးခြားတဲ့ ဇာတ်လမ်းပါပဲ ဒီအတွက် ဦးလှတင့်ကို ကျေးဇူးတင်ပါတယ်…”
““နေပါဦးဗျ..၊ ပြောစရာ နည်းနည်းကျန်သေးတယ် ဦးမောင်ငွေနဲ့ ပတ်သက်တာလေး…..” “
“ဟုတ်ကဲ့… ပြောပါဦး””
“ဦးမောင်ငွေနဲ့ မောင်ဦးရဲ့အဖေက အသက်ချင်းကွာစေ မဲ့ တော်တော်လေး ခင်ပင်ခဲ့ကြတာတဲ့..၊
ဒါ့ကြောင့် မောင်ဦးပျောက်လို့လိုက်ရှာကြတော့ သရဲက ဦးမောင်ငွေကို နာမည်တပ်ပြီး အခေါ်ခိုင်းတာဖြစ်မယ်ဗျ…
““ဟုတ်တယ်၊ ဒီကိစ္စက ရွာမှာရော၊ တစ်မြို့နယ်လုံးမှာ ရော တော်တော်နဲ့မရပ်ဘူး၊ ပြောကြတယ်…၊ပြောတိုင်း ပြောတိုင်း၊ ဦးမောင်ငွေနာမည်က ပါနေတယ် ဦးမောင်ငွေကို သရဲကတောင် သိတဲ့သူဆိုပြီး နာမည် ကြီးသွားခဲ့တယ်ဗျ…”
“ဒါလည်း ရေစက်တစ်မျိုးပေါ့ဗျာ…။ မဟုတ်ဘူးလား”
“မှန်တယ်ဗျို့၊ ဒီလို နာမည်ကြီးရာကနေ ဦးမောင်ငွေနှင့် ဒေါ်ကြည်မြတို့မိသားစု ပိုပြီးရင်းနှီးသွားကြတယ်၊ ရင်နှီးရာကနေ ကြင်နာ၊ ကြင်နာရာကနေ သံယောဇင်ဦးမောင်ငွေနဲ့ မောင်ဦးအစ်မ၊ ဖူးစာဖက်တွေ ဖြစ်သွား
““ဗျာ….၊ ဟုတ်လား..”
စာရေးသူရဲ့ အပြန်လမ်းမှာတော့…..၊ ထူးထူးဆန်းဆန်း သရဲဆွဲခံရတဲ့ ဇလွန်နယ်က မောင် ဦးရဲ့အဖြစ်နှင့်…ထူးထူးခြားခြား ဖူးစာဆုံခဲ့ကြတဲ့ ဦးမောင်ငွေနဲ့ မောင်ဦးအစ်မတို့ရဲ့အဖြစ်က လွှမ်းမိုးလိုက်ပါလျက် ရှိနေပါတော့ တယ်။
#မောင်မှိုင်းညို့(ချောင်းဦး)

Zawgyi Version

” ဇလြန္နယ္မွသရဲဆြဲခံရသူ “(စ/ဆုံး)
———————————–

လြန္ခဲ့တဲ့ ၂၀၁၆၊ ေမ၊ ဒုတိယပတ္က စာေရးသူဆီကို စာဖတ္ပရိသတ္တစ္ဦး ဖုန္းဆက္လာပါတယ္။
““ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ ထူးထူးဆန္းဆန္း သရဲဆြဲခံ ရတဲ့ ျဖစ္ရပ္တစ္ခုကို ေျပာျပခ်င္တယ္”လို႔ ဆိုပါတယ္။ ဖုန္းဆက္ၿပီးေနာက္ သုံးရက္အၾကာမွာ စာေရးသူ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ သူေနတာက ကံဘဲ့ဘူတာ႐ုံရဲ႕ အေရွ႕ဘက္က ရပ္ကြက္ တစ္ခုမွာ ျဖစ္ပါတယ္။
သူေျပာျပတဲ့ သရဲဆြဲခံရသူျဖစ္စဥ္က အျခာ ေသာ သရဲဆြဲခံရတဲ့ျဖစ္စဥ္ေတြနဲ႔ မတူပါဘူး။
တစ္မူထူးျခား ဆန္းၾကယ္တဲ့ အျဖစ္အပ်က္တစ္ခုပါ။ ဒါ့ေၾကာင့္လည္း စာဖတ္ပရိသတ္အတြက္ တင္ျပလိုက္ ျခင္း ျဖစ္ပါတယ္။
အခ်ိန္ကာလက ၁၉၆၉ ခုႏွစ္ခန႔္ ျဖစ္ပါတယ္။ အခင္းျဖစ္ပြားတဲ့ေနရာကေတာ့ ဧရာဝတီတိုင္း၊ ဇလြန္ ၿမိဳ႕နယ္၊ ဥသွ်စ္ကြင္းတိုက္နယ္၊ ေကာ့စိန္ေက်း႐ြာအုပ္စုထဲက (အမည္မေဖာ္လိုတဲ့) ေက်း႐ြာေလးတစ္ခုမွာလို႔ပဲ ဆိုပါစို႔။ အဲဒီကာလတုန္းက ဧရာဝတီတိုင္း တစ္တိုင္းလုံးမွာ လက္နက္ကိုင္ေသာင္းက်န္းမႈေတြ ခ်ဳပ္ၿငိမ္းသေလာက္ ရွိေနပါတယ္။
ဒါေပမဲ့ လုံးဝအျမစ္ျပတ္ၿပီလို႔ေတာ့ မဆိုႏိုင္ေသးပါဘူး။ ဒါ့ေၾကာင့္ တပ္မေတာ္နဲ႔ ျပည္သူအားလုံး ပူးေပါင္းပါဝင္ တဲ့ ေသာင္းက်န္းသူ ကင္းစင္ေရးစီမံခ်က္ေတြ လုပ္ေဆာင္လ်က္ ရွိပါတယ္။ၿမိဳ႕တိုင္း႐ြာတိုင္း၊ လိုအပ္တဲ့ ေနရာတိုင္းမွာ လုံၿခဳံေရး လက္ဆက္ကင္းေတြ ေဆာက္လုပ္ထားတယ္။
႐ြာသားေတြ အလွည့္က် ကင္းေစာင့္ၾကရတယ္။ ထူးျခားျဖစ္စဥ္တစ္ခုခု ျဖစ္ေပၚတာနဲ႔ သိတဲ့ကင္းတဲက အလန႔္အခ်က္ေပး ဝါးကလတက္ ေခါက္ရတယ္။
ကင္းတဲတစ္တဲက အလန႔္ကလတက္ေခါက္တာနဲ႔ အ ရပ္ရွစ္မ်က္ႏွာမွာရွိတဲ့ ကင္းတဲေတြအားလုံးကလည္း အလန႔္ကလတက္ေတြ ဝိုင္းေခါက္ၾကမယ္….။
ပတ္ဝန္းက်င္ကို သတိထားေစာင့္ၾကည့္ေနမယ္။ ဒီလိုအခ်ိန္မွာ လက္ဆက္ကင္းေတြကို အနီးကပ္ႀကီး ၾကပ္ကြပ္ကဲေနတဲ့ တပ္မေတာ္ တပ္စုတပ္စိတ္ေတြ၊ ရဲတပ္ဖြဲ႕ ဝင္ေတြ အျမန္ေရာက္လာမယ္။
အခင္းျဖစ္ေနရာကို ပိတ္ဆို႔ရွာေဖြ ရွင္းလင္းမယ္။ ဒီလိုနဲ႔ ေသာင္းက်န္းသူေတြ ေနစရာမရွိေအာင္၊ အျမစ္ ျပတ္ခ်ဳပ္ၿငိမ္းေအာင္ လုပ္ေဆာင္ေနၾကတာ ျဖစ္တယ္။
ဇြန္လရဲ႕ ညေနခင္းတစ္ခုမွာ ေမာင္လွတင့္ လက္ဆက္ ကင္းေစာင့္ဖို႔ အိမ္ကထြက္လာခဲ့တယ္။ ဒီေန႔ည သူတို႔အိမ္ ကင္းေစာင့္ဖို႔ အလွည့္က်တယ္လို႔ကင္းမႉးလုပ္တဲ့သူက လာေျပာသြားတယ္။ ၿပီးေတာ့ ေနာက္ေန႔ကလည္း ေမာင္လွတင့္ ေက်ာင္းပိတ္တဲ့ရက္ ျဖစ္တယ္။
မိဘေတြက ကိုးတန္းေက်ာင္းသား ေမာင္လွတင့္ကို ကင္းမေစာင့္ခိုင္းဘူး၊ စာပဲ ဖတ္ေစခ်င္တယ္။
ဖခင္ႀကီး နည္းနည္းမမာတာနဲ႔ ေက်ာင္းပိတ္ရက္နဲ႔ ဆုံ လို႔သာ၊ ေမာင္လွတင့္ကို တစ္ညကင္းေစာင့္ခိုင္းတာ ျဖစ္တယ္။
ကင္းက ေန႔ေရာ၊ ညေရာ ေစာင့္ရတာ။ညေန (၆)နာရီေလာက္ ေမာင္လွတင့္တို႔အဖြဲ႕သစ္သုံးေယာက္ ကင္းတဲကိုေရာက္တယ္။
သူတို႔ေရာက္မွ မေန႔ကတည္းက ေစာင့္ၾကရတဲ့ ကင္းသမားအေဟာင္းေတြ အိမ္ျပန္ၾကရတယ္။
မိုးေလးကတဖြဲဖြဲ႐ြာေနတယ္။မိုးဦးေစာေစာက်တဲ့ ႏွစ္ျဖစ္လို႔ လယ္ကြင္းအခ်ိဳ႕မွာ ျမကမၺလာခင္းထားတဲ့အတိုင္း ပ်ိဳးပင္ေတြ စိမ္းျမေနတယ္။ ေမာင္လွတင့္တို႔သုံးေယာက္ ဝါးကင္းတဲေပၚထိုင္ရင္း စကားစျမည္ ေျပာဆိုေနၾကတယ္။ သူတို႔ ကင္းတဲက ေကာ့စိန္ ႐ြာဦး၊ ဗ်ည္းညားလေဗြ
ေခ်ာင္းကမ္းပါးထိပ္မွာ ရွိတာေၾကာင့္….၊ ေ႐ႊေခ်ာင္း၊ ငါးအိမ္တန္း၊ အေရွ႕ဇင္ႁပြန္းကုန္း၊ ကညင္ ကြင္း၊ မုတ္ေထာနဲ႔ သေျပလွ႐ြာေတြကို စီးျမင္ေနရတယ္။
ေနလုံးႀကီးက အလင္းေရာင္ေတြကို တစ္စစီ၊ တစ္စစီ ဆြဲယူ႐ုပ္သိမ္းသြားခ်ိန္မွာ အေမွာင္က တျဖည္းျဖည္းတိုးဝင္ေန တယ္…။ညအေမွာင္ထဲမွာ ႐ြာေတြဆီက တလက္လက္မီးေရာင္ ေလးေတြကို ျမင္ေနရတယ္။
ေခ်ာင္းထဲမွာ ေရစပ္စပ္ေရာက္ေနလို႔ ဖားေတြ ေပ်ာ္ေန ၾကဟန္တူရဲ႕..။
“အုံးအင္၊ အုံးအင္”
”သံေတြ၊ ““တစ္…တစ္..တစ္” ဆိုတဲ့ဖားလက္တက္ေအာ္သံေတြ ေရာေထြးဆူညံေနတယ္။ေလျပည္က လယ္ကြင္းျပင္ေတြကိုျဖတ္သန္းၿပီ။ ေမာင္လွတင့္ရင္ခြင္ထဲ တိုးေဝွ႔လာတယ္။
မိုးေငြ႕ပါတဲ့ ေလျပည္ေၾကာင့္ ေမာင္လွတင့္ ၾကက္သီး ဇီးဇီး ထသြားတယ္။ ““ဟ.. ေအးတယ္ဟ” ေမာင္လွတင့္ ေ းခိုက္တုန္ျပရင္း ေစာင္ကို ဆြဲယူၿခဳံတယ္၊ ကင္းတဲေပၚ လဲေလ်ာင္းလိုက္တယ္။
သူ ကင္းေစာင့္ရမယ့္အခ်ိန္က ညဥ့္နက္ပိုင္းျဖစ္လို႔ ေစာ ေစာပိုင္းမွာအိပ္ဖို႔ ႀကံလိုက္တာလည္း ျဖစ္တယ္။ ဒါေပမဲ့….၊
သူ အိပ္ဖို႔ အခြင့္မသာလိုက္ဘူး။ ေခ်ာင္းတစ္ဖက္ကမ္းက ၾကားရတဲ့ အလန႔္အခ်က္ေပး ကလတက္ေခါက္သံေၾကာင့္ ခ်က္ခ်င္းေခါင္းေထာင္ၾကည့္ၿပီး လူး လဲထလိုက္ၾကသည္။
သူ႔ကင္းတဲကလည္း ဝါးကလတက္ကို တေတာက္ ေတာက္ျမည္ေအာင္ အဆက္မျပတ္ ေခါက္လိုက္တယ္။တစ္ခ်ိန္တည္းမွာပဲ ဟိုကသည္က၊ အနီးကအေဝးက၊ အ႐ုပ္ရွစ္မ်က္ႏွာအႏွံ႔ဆီက ကလတက္ေခါက္သံေတြ ဆူညံပြက္ ေလာ႐ိုက္ေအာင္ ထြက္ေပၚလာတယ္။
သူမ်ားကင္းတဲက ေခါက္လို႔သာ လိုက္ေခါက္ေနရတယ္၊ ဘာျဖစ္လို႔ေခါက္မွန္း ေမာင္လွတင္တို႔ မသိဘူး။ အျခားကင္းထဲေတြလည္း ခ်က္ခ်င္းေတာ့ သိၾကဦးမွာ မဟုတ္ဘူး။
ေမာင္လွတင့္ ကလတက္စေခါက္တဲ့ ေခ်ာင္းတစ္ဖက္ဘမ္း အေမွာင္ထဲကို စိုက္ၾကည့္စုံစမ္းေနမိတယ္။ ဓါတ္မီးေရာင္ေတြ တဝင္းဝင္းနဲ႔ လူအုပ္စုတစ္စုရဲ႕ လႈပ္ လႈပ္ရွားရွား သြားလာေနတာကိုေတြ႕ရတယ္။ တစ္စုံတစ္ဦးကို တစ္ေယာက္တစ္ေပါက္၊ ေအာ္ဟစ္ေခၚ ေနၾကတဲ့ အသံေတြကလည္း ဆူညံေနတယ္။ ဆူညံသံေတြက ေလနဲ႔အတူပါလာၿပီး က်ယ္က်ယ္ ေလာင္ေလာင္ၾကားလိုက္၊ ေလလြင့္ရာပါသြားၿပီး ေဝးကြာသြားလိုက္နဲ႔ ထင္ထင္ရွားရွား မၾကားရဘူး။
“ဘာျဖစ္တာလဲ…။ သြားၾကည့္ၾကရေအာင္” ေမာင္လွတင့္ကင္းအတူတူက်သူေတြကို ေျပာလိုက္ တယ္။
ေခ်ာင္းက ေပႏွစ္ဆယ္ေလာက္ပဲ က်ယ္တယ္၊ ေရက လည္း ခပ္စပ္စပ္၊ ေျခမ်က္စိေတာင္ မျမဳပ္ေသးဘူး။ ေနာက္ၿပီး သူတို႔ေကာ့စိန္နဲ႔ တစ္ဖက္ကမ္း႐ြာက တစ္႐ြာ တည္းလို ေနၾကသူေတြ။
တစ္ေယာက္နဲ႔တစ္ေယာက္ ေဆြမ်ိဳးေတြလို ခင္မင္ေန ဘာေၾကာင့္ စိုးရိမ္စရာ ဘာမွမရွိဘူး။ ဒါ့ေၾကာင့္လည္း သြားၾကည့္ၾကဖို႔ ေမာင္လွတင့္ ေျပာလိုက္တာျဖစ္တယ္။ သူေျပာတာကို က်န္တဲ့ကင္းသမားေတြကလည္း လက္ ခံတယ္။
ဒါနဲ႔ပဲ သူတို႔သုံးေယာက္စလုံး ေခ်ာင္းကိုျဖတ္ၿပီး တစ္ ဖက္ကမ္းက႐ြာဆီ ထြက္ခဲ့ၾကတယ္။ ဓာတ္မီးေရာင္တဝင္းဝင္းနဲ႔ လူအုပ္ရွိရာ သြားတယ္၊ ေမး ျမန္းၾကည့္တယ္။
ဒီေတာ့မွ လူတစ္ေယာက္ ႐ုတ္တရက္ဆိုသလို ေပ်ာက္ သြားလို႔ ဝိုင္းဝန္းရွာေဖြေနၾကတယ္ဆိုတာ သိၾကတယ္။ ေပ်ာက္သြားတဲ့သူက ေမာင္ဦးဆိုတဲ့သူ။ အသက္ႏွစ္ဆယ္ေလာက္ လူ႐ြယ္။
ထူးျခားတာက ေမာင္ဦးဟာ ေန႔ေသမလား၊ ညေသမလား ေစာင့္ၾကည့္ေနရတဲ့..၊အိပ္ရာေပၚက မထႏိုင္တဲ့ ေသေတာ့မယ့္ လူမမာတစ္ ေယာက္´ျဖစ္ေနတာပါပဲ။
“သားေရ…..၊ ေမာင္ဦးေရ….”
ငိုသံပါႀကီးနဲ႔ သားကို ေအာ္ဟစ္ေခၚေနတဲ့ အေဒၚႀကီး တစ္ေယာက္ရဲ႕အသံကို ၾကားရတယ္။ ဒါ… ႐ြာလယ္ပိုင္းက ေဒၚၾကည္ျမႀကီးရဲ႕ အသံဆိုတာ ေမာင္လွတင့္ သိလိုက္တယ္။
သူက ပုဆိုးမႀကီး၊ သူ႔ေယာက္်ား ဆုံးသြားတာၾကာၿပီ။ သူ႔မွာ သမီးႀကီးတစ္ေယာက္နဲ႔ သားေလးတစ္ေယာက္ရွိတယ္။
သမီးႀကီးက အသက္အစိတ္ေလာက္ရွိၿပီး….. သားအငယ္ကေတာ့ ေမာင္လွတင့္ထက္ႀကီးတယ္၊ အ သက္ႏွစ္ဆယ္ေလာက္ ရွိေနၿပီ။
“ေဒၚၾကည္ျမႀကီးက သူ႔သားကို ေအာ္ေခၚေနတာဆိုေတာ့ေပ်ာက္တာေမာင္ဦးေပါ့..” လို႔ ေမာင္လွတင့္ေတြးမိတယ္။ တစ္ဆက္တည္းမွာပဲ ““ဘယ္လိုျဖစ္တာပါလိမ္..”ဆို နားမလည္ႏိုင္မႈေတြနဲ႔လည္း နေဝတိမ္ေတာင္ ျဖစ္သြားရတယ္။
ဘာလို႔လည္းဆိုေတာ့ ေဒၚၾကည္ျမႀကီးရဲ႕သား ေမာ္ဦး ေသေကာင္ေပါင္းလဲ ေရာဂါျဖစ္ေနတယ္ဆိုတာ သူသိတယ္။
ေမာင္လွတင့္တို႔႐ြာ ေကာ့စိန္နဲ႔ ေဒၚၾကည္ျမတို႔ ႐ြာက ႏွစ္႐ြာတစ္႐ြာလိုျဖစ္ေနေတာ့ တစ္႐ြာမွာ အပ္က်တာကအစ တစ္႐ြာကသိေနတတ္တယ္။
ေဒၚၾကည္ျမႀကီးသား ေမာင္ဦး ေနထိုင္မေကာင္းျဖစ္ေန တာ ေျခာက္လ၊ ခုနစ္လေလာက္ ရွိေနၿပီ။
ေနာက္ဆုံး ဇလြန္ၿမိဳ႕နယ္၊ ေဆး႐ုံကေတာင္ အစြမ္းကုန္ ကုသၿပီးၿပီ၊ ထူးျခားမလာလို႔ဆိုၿပီး အိမ္ျပန္သယ္ခြင့္ ေပးခဲ့တယ္ ေမာင္ဦးကို ေဆး႐ုံကေန ႐ြာျပန္သယ္လာၿပီး…..
ဟိုဆရာ ေကာင္းႏိုးႏိုး၊ ဒီဆရာ ေကာင္းႏိုးႏိုးနဲ႔ ကုသ ေပမဲ့လည္း မသက္သာဘူး၊ ပိုသာဆိုးလာတယ္။
ရက္ရွည္လမ်ား ေရာဂါေဝဒနာ ခံစားရ၊ အစာပင္ ေရမဝင္ျဖစ္ေနတာေၾကာင့္ ပိန္လွီေျခာက္ကပ္ၿပီး အ႐ိုးနဲ႔ ျဖစ္ေနတယ္။
ေမာင္ဦးတစ္ကိုယ္လုံးမွာ ေခါင္းနဲ႔မ်က္လုံးပဲ ျမင္ရေတာ တယ္။
ကုသမွ်ဆရာေတြကလည္း တစ္ပတ္ပဲ ခံေတာ့မယ္ေျပာ သူေျပာ….။
တစ္လထက္မပိုေတာ့ဘူး ေျပာသူကေျပာႏွင့္ လက္ေလွ်ာ့သြားၾကတယ္။
ေမာင္ဦး ကူကယ္ရာမဲ့ဘဝနဲ႔ အိပ္ရာထဲမွာ ပက္လက္ ေလး က်န္ရစ္ခဲ့တယ္။တစ္ခုထူးျခားတာက ေမာင္ဦး အသက္ျပင္းတယ္။ မနက္ေသမလား၊ ညေသမလား ေစာင့္ၾကည့္ရင္း..၊ ေစာင့္ၾကည့္ရင္း ရက္ေတြလေတြသာ ေျပာင္းသြားတယ္။
သူကေတာ့ မေသဘူး။ တစ္ခ်ိဳ႕ကလည္း “ေမာင္ဦးက ေသၿပီးၿပီ၊ ဒါ ဖုတ္သက္ ရွိေတာ့တယ္၊ ဖုတ္ထုတ္ရမယ္” လို႔ တီးတိုး တီးတိုး ေျပာလာ ၾကတယ္။
ဒီလိုထိ၊ ဒီေလာက္ထိ အေျခအေန ဆိုးဆိုး႐ြား႐ြားျဖစ္ေနတဲ့ လူမမာေမာင္ဦးေပ်ာက္ေနတာဆိုေတာ့ ေမာင္လွ၊နားမလည္ႏိုင္ဘူး။ ဒါ့ေၾကာင့္ ေဒၚၾကည္ျမႀကီးအနီး ေရာက္ေအာင္တိုးသြားယ္။
“ေလးေလး ေဒၚၾကည္ျမ၊ ကိုေမာင္ဦးက ဘယ္လို ေရာက္သြားတာလဲ….”လို႔ ေမးၾကည့္တယ္။ “ဟဲ့… နင္က ဘယ္သူလဲ..”
ေဒၚၾကည္ျမ၊ လက္ထဲကမီးအုပ္ေျမႇာက္ၿပီး ေမာင္လွတင့္ ကို ၾကည့္တယ္။
“ေအာ္…. ေကာ့စိန္က ကိုလွသားကိုး….၊ ဘယ္လိုျဖစ္တာလဲ ဆိုတာေတာင္ မသိေသးပါဘူး သားရယ္….၊
ေမွာင္လာလို႔ ေမာင္ဦးအိပ္ရာေဘးမွာ မီးခြက္ေလးထြန္းေပးေနတုန္း..၊ ေမာင္ဦးရယ္ေလ၊ ပက္လက္ႀကီး ေလထဲေျမာက္လာတယ္။အေဒၚကလည္း ႐ုတ္တရက္ဆိုေတာ့ လန႔္ၿပီးေၾကာင္ ၾကည့္ေနမိတယ္….၊
ေမာင္ဦးခႏၶာကိုယ္က ေရထဲမွာ ေမ်ာေနသလို၊ ေလထဲမွာ ပက္လက္အေနအထားနဲ႔ ေမ်ာဝဲၿပီး အိမ္ ေအာက္အေမွာင္လဲ ေရာက္သြားတယ္၊
အေဒၚသတိရလို႔ လွမ္းဆြဲလိုက္ေသးတယ္၊ မမိဘူး… အဲဒါေၾကာင့္ လူေတြစုၿပီး လိုက္ရွာေနၾကတာ…၊ ေခ်ာင္းထဲလည္း ႏွံ႔ေနၿပီ၊ ကြင္းေတြထဲလည္း ေနၿပီ–မေတြ႕ေသးပါဘူး သားရယ္…”ေမာင္ဦး ေပ်ာက္သြားတဲ့အေၾကာင္း ေဒၚၾကည္ျမက ေမာင္လွတင့္ကို ရွင္းျပတယ္။
ၿပီးတာနဲ႔ ““သားေရ… သားေရ… ေမာင္ဦးေရ… လို႔သနားစရာေကာင္းေလာက္ေအာင္ ေအာ္ေခၚေနပါတယ္။ ေမာင္လွတင့္တို႔အဖြဲ႕လည္း လူအုပ္ႀကီးနဲ႔ သြားရာၿပီ လိုက္ ရွာၾကတယ္။
ေမာင္ဦးရဲ႕နာမည္ကို တေၾကာ္ေၾကာ္ေအာ္ဟစ္ၿပီး ေခၚ ၾကတယ္။
အဲဒီအခ်ိန္မွာ အလန႔္အခ်က္ေပး ကလတက္ ေခါက္သံ ေတြေၾကာင့္ တပ္မေတာ္ တပ္စိတ္တစိတ္နဲ႔ ရဲေတြပါ ၊ ရာက္ လာတယ္။
႐ြာလူႀကီးက ေမာင္ဦးေပ်ာက္သြားတဲ့ အေၾကာင္းစုံကို ရွင္းျပမွ ျပန္သြားၾကတယ္။လူအုပ္ႀကီးကေတာ့“ လက္ႏွိပ္ဓါတ္မီးေတြ တဝင္း ဝင္း၊ အုပ္ပီး ဘလက္လက္နဲ႔ တစ္ေနရာကေန တစ္ေနရ ၊ ေ႐ြ႕ လ်ားရွာေဖြေနၾကတယ္။
““ေမာင္ဦး… ေမာင္ဦး..” ဆိုတဲ့ အသံကလည္းပတ္ ဝတ္ က်င္တစ္ခုလုံး ဆူဆူညံညံ၊ အုတ္အုတ္က်က္က်က္ ပ်ံ႕လင့္ေနတယ္….။
““ဦးေမာင္ေငြေရ….. ကြၽန္ေတာ္ ဒီမွာဗ်ိဳ႕..’ “ဗ်ိဳ႕… ဦးေမာင္ေငြ… ကြၽန္ေတာ္ဒီမွာဗ်ိဳ႕…..”
ရွာၾကပါဦးဟ…။ ဘယ္ကေျပာေနတာတုန္း….. ဟုတ္တယ္၊ ေမာင္ဦးအသံမွ ေမာင္ဦးအသံ…။ ေခ်ာင္းထဲေရာ၊ ကြင္းေတြထဲေရာ၊ ဘယ္မွရွာမရတဲ့အ ဆုံး လူအုပ္က ႐ြာျပန္ဝင္လာတယ္။
႐ြာက ေခ်ာင္းကမ္းပါးမွာ မ်က္ႏွာခ်င္းဆိုင္တည္ထားတဲ့႐ြာတန္းရွည္….။႐ြာလယ္လမ္းအတိုင္း ဓါတ္မီးေတြထိုး၊ တေၾကာ္ေၾကာ္ ေအာ္ေခၚလာၾကတယ္။
႐ြာထိပ္အေရာက္မွာ တုံ႔ျပန္ေျပာၾကားလာတဲ့ ေမာင္ဦး ရဲ႕အသံကို ၾကားလိုက္ၾကရတယ္။ အရပ္ရွစ္မ်က္ႏွာအႏွံ႔ ဓါတ္မီးေတြထိုးရွာၾကတယ္။ “ေမာင္ဦးေရ… မင္း ဘယ္မွာလဲေဟ့..” ”
“ေမာင္ဦး ေရ… မင္းဘယ္မွာလဲ..” “သားေရ… သား၊ ေမာင္ဦး သားဘယ္မွာလဲ..” ဦးေမာင္ေငြ ေအာ္ၿပီးေမးတယ္။ ေဒၚၾကည္ျမကလည္း ငိုသံႀကီးနဲ႔ ေမးတယ္။ လူေတြ အသံၿငိမ္သြားတယ္။ ေမာင္ဦး ဘယ္ေနရာကေန ျပန္ထူးတယ္ဆိုကာသိဖို႔ၿငိမ္ၿပီး နားေထာင္ေနၾကတယ္။ “ဦးေမာင္ေငြ…. ကြၽန္ေတာ္ ဒီမွာဗ်ိဳ႕… ဒီတစ္ခါေတာ့ ေမာင္ဦးအသံ ဘယ္ကလာလဲဆိုတာ အားလုံးသိလိုက္ၾကၿပီ….။
“ဟာ… ေညာင္ပင္ႀကီးေပၚကေဟ့..ဓါတ္မီးနဲ႔ ထိုးၾကည့္ၾကပါဟ..” ေညာင္ပင္ႀကီးရဲ႕ ေနရာအႏွံ႔ ဓါတ္မီးေရာင္ေတြ စုၿပဳံက် ေရာက္သြားတယ္။
ေညာင္ပင္ႀကီးက ႐ြာရဲ႕ အဓိကရေညာင္ပင္ႀကီး၊ ႏွစ္ပရိေစၦဒ မ်ားစြာကတည္းက ရွိခဲ့တဲ့ေညာင္ပင္ႀကီး၊ ပင္စည္လုံးပတ္ႀကီးက ကိုးေပခန္းတစ္ခန္းစာေလာက္ ၿပီး ေညာင္မုတ္ဆိတ္ေတြ၊ ေညာင္ေထာက္ျမစ္ေတြ၊ ကိုင္းဂ်ီေတြနဲ႔ ဧရာမေညာင္ပင္ႀကီးပါ။ ေညာင္ပင္ႀကီးေအာက္မွာ ကြင္းပိုင္၊ နယ္ပိုင္နတ္ကြန္း လယ္ဝင္လယ္ထြက္ ပူေဇာ္ပသခ်င္ရင္ သည္ေညာင္ပင္ ႀကီးဆီ လာရတယ္။
ရွင္ျပဳ၊ နားသ နတ္ျပခ်င္ရင္လည္း သည္ေညာင္ပင္ပဲ။ သာေရး၊ နာေရး၊ ရပ္ေရး၊ ႐ြာေရးမွာ အေရးပါတဲ့ အဓိ ကရ ေညာင္ပင္ႀကီးေပၚကိုမွ ေမာင္ဦး ဘယ္လိုလုပ္ၿပီး ေရာက္ေန ရတာလဲ…..။
“ေဟာ… ေတြ႕ ၿပီေဟ့… ဟိုမွာေဟ့”
““ဘယ္မွာလဲဟ.. ဘယ္မွာလဲဟ” “ေအာက္က ကိုင္းေတြနဲ႔ ကြယ္ေနလို႔ မျမင္ရတာ၊ ေညာင္ပင္ထိပ္ဖ်ားက ကိုင္းႀကီးေပၚမွာေလ…..”
““ဟာ… ဟုတ္တယ္ေဟ့၊ ေမာင္ဦး… ေညာင္ကိုင္းေပၚ မွာ ငုတ္တုတ္ႀကီးထိုင္ေနတယ္…”
လူေတြရဲ႕ တစ္ေယာက္တစ္ေပါက္ ေျပာသံေတြနဲ႔ ဆူညံ့ ပြက္ေလာ႐ိုက္ေနတယ္။
ေမာင္ဦးကို ေတြ႕သြားၾကတာျဖစ္တယ္။
ဓါတ္မီးေတြအားလုံး ေမာင္ဦးဆီကို စုၿပဳံထိုး ထားၾကတယ္။ ကာဆီး ရႈပ္ေထြးေနတဲ့ ကိုင္းခက္၊ ကိုင္းလက္ေတြ ၾကားကေန ေညာင္ကိုင္းတစ္ကိုင္းေပၚမွာ ေမ်ာက္တစ္ေကာင္ ကို ငုတ္တုတ္ထိုင္ေနတဲ့ ေမာင္ဦးကို ေတြ႕ေနၾကရတယ္။ ေမာင္ဦးအဝတ္အစားေတြက အိပ္ရာထဲမွာ ရွိတုန္းက အတိုင္း စြယ္တာအက်ႌ၊ အေပၚက စစ္ဂ်ာကင္အေဟာင္းႀကီးကိုဝတ္ထားတယ္။
ဒီေနရာမွာ အံ့ဩစရာေကာင္းတာက ေမာင္ဦးလို အ႐ိုး ေပၚအေရတင္၊ တစ္ေန႔ေ႐ႊ၊ တစ္ေန႔ေငြ႕ လူမဟက ဘယ္လိုလုပ္ ၿပီး ေညာင္ပင္ထိပ္ထိတက္ႏိုင္တာလဲ၊လူေတြ၊ အမ်ိဳးမ်ိဳး ေဝဖန္ေျပာဆိုေနၾကတယ္။ ေနာက္ၿပီး ေမာင္ဦး ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ေညာင္ တိုင္းက လက္ေမာင္းလုံးေလာက္ပဲ ရွိတယ္။ ေမာင္ဦး ထိုင္သာထိုင္ေနတယ္၊ နားေနတဲ့ ငွက္တစ္ေကာင္လိုပဲ ဘာကိုမွကိုင္မထားဘူး။ က်န္ေသးတယ္၊ ေမာင္ဦးဆီက ဘာသံမွထြက္မလာ ေတာ့ဘူး၊ မ်က္လုံးေတြ မွိတ္ထားတယ္။
အိပ္ေပ်ာ္ေနသလိုလို၊ ေမ့ေျမာေနသလိုလို ျဖစ္ေနတယ္။
“ကဲ ေမာင္ဦးကေတာ့ ‘ဆင္းႏိုင္မွာမဟုတ္ဘူး…။ သူ႔ကို `ေအာက္ခ်ၾကရမယ္…။ ဘယ္လိုလုပ္ ခ်ၾကမလဲ” လူႀကီးေတြ တိုင္ပင္ၾကတယ္။
ေနာက္ေတာ့၊ ေညာင္ကိုင္းတစ္ကိုင္းမွာ စက္သီးဆင္၊ ႀကိဳးတပ္၊ ႀကိဳးတစ္ဖက္မွာ ေစာင္ပုခက္လုပ္မယ္….၊ ေမာင္ဦးကို ေစာင္ပုခတ္ထဲ ေပြ႕ထည့္၊ စက္သီးနဲ႔ ေအာက္ကိုခ်ဖို႔ စိတ္ကူးၾကရတယ္။ စိတ္ကူးအတိုင္းပဲ လုပ္ေဆာင္ၾကတယ္။ လြယ္မယ္ထင္ေပမဲ့ ေတာ္ေတာ္ႀကီးကို ခက္ခက္ခဲခဲ လုပ္ လိုက္ၾကရတယ္။
ပထမ ေညာင္ပင္ေစာင့္နတ္နဲ႔ ကြင္းပိုင္၊ နယ္ပိုင္ေတြကို ေတာင္းပန္တိုးလွ်ိဳးရတယ္။ ၿပီးမွ အားေကာင္းေမာင္းသန္ လူငယ္လူ႐ြယ္ ဆယ့္ေလး-ငါးေယာက္ေလာက္ ေညာင္ပင္ေပၚတက္ရတယ္။ စက္သီးဆင္တဲ့သူက ဆင္၊ မလြတ္မကင္း ျဖစ္ေနတဲ့ ေညာင္ကိုင္းေတြကို ခုတ္ခ်တဲ့သူက ခုတ္ခ်။ ေညာင္ကိုင္းေပၚ ငုတ္တုတ္ေမ့ေနတဲ့ေမာင္ဦးကို လိမ့္က်မသြားေအာင္ ထိန္းသူကထိန္းထား။
စက္သီးႀကိဳးဖ်ား ေစာင္ပုခက္ဆင္သူက ဆင္ႏွင့္၊ တစ္ နာရီေလာက္ အခ်ိန္ယူလိုက္ရတယ္။
အားလုံး အဆင္သင့္ျဖစ္ၿပီဆိုမွ ေမာင္ဦးကိုေပြ႕ ၿပီး ေစာင္ပုခတ္ထဲထည့္တယ္။ စက္သီးႀကိဳးနဲ႔ ျဖည္းျဖည္းခ်င္း ေအာက္ခ်ယူၾကရ
ညႀကီးမင္းႀကီး၊ ဓါတ္မီးေရာင္ တဝင္းဝင္း၊ သစ္ကိုင္း ခတ္သံ တဒုန္းဒုန္း၊ ကိုင္းက်ိဳးက်သံ တေျဖာင္းေျဖာင္း၊ ေျပာသံ ဆိုသံ၊ ေအာ္သံဟစ္သံ တညံညီနဲ႔…
တေပ်ာ္တပါး ပြဲေတာ္ႀကီးက်င္းပေနသလိုပဲ….။ဒီလိုနဲ႔ ေမာင္ဦး ေအာက္ကိုေရာက္လာတယ္။သတိကေတာ့ မရေသးဘူး၊ ေျမာေနေမ့ေနတုန္းပဲ။
ေစာင္ပုခက္ကို ငါးလုံးနဲ႔လွ်ိဳထမ္းၿပီး ေမာင္ဦးကို အိမ္ျပန္သယ္လာၾကတယ္….။
ေမာင္ဦး သူ႔အိမ္ေရာက္သြားမွ ေမာင္လွတင့္တို႔အဖြဲ႕ သည္း ကင္းတဲကို ျပန္လာခဲ့ၾကတယ္။
“ထူးတာေတာ့ ေတာ္ေတာ္ထူးဆန္းတဲ့ အျဖစ္အပ်က္
စာေရးသူက ေအးေနၿပီျဖစ္တဲ့ ေရေႏြးၾကမ္းကို ေမာ့ ေသာက္ၿပီး ဦးလွတင့္ကို ေျပာလိုက္တယ္။
“ထူးတာေပါ့ စာေရးဆရာရယ္၊ ထူးလို႔လည္း ေျပာျပ ခ်င္တာေပါ့…..။
ေနာက္ေန႔မွာ ကြၽန္ေတာ္ ေဒၚၾကည္ျမႀကီးအိမ္ကို သြား တယ္…..
ေမာင္ဦးအေၾကာင္း ေနာက္ဆက္တြဲကို သိခ်င္၊ စပ္စု ခ်င္လို႔ေပါ့ဗ်ာ…။
ေဒၚၾကည္မၿအိမ္ေရာက္မွ ညက ျဖစ္တဲ့၊ ပ်က္တဲ့သတင္း၊ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားတယ္ဆိုတာ သိလိုက္ရတယ္။
ေဒၚၾကည္ျမအိမ္မွာ ႐ြာလူႀကီးေတြေရာ၊ ဇလြန္ၿမိဳ႕နယ္က ပါတီေကာင္စီလူႀကီးေတြေရာ၊ ရဲေတြေရာ၊ ဆရာဝန္ေတြေရာ စုံ လို႔ပဲဗ်….. ေရာက္ေနၾကတယ္။
“ကားေတြ၊ ဆိုင္ကယ္ေတြ၊ စက္ဘီးေတြဆိုကာ လမ္းေပၚ မွာ ျပည့္ေနတယ္။
ကြၽန္ေတာ္လည္း အတတ္ႏိုင္ဆုံး ေရွ႕ေရာက္ေအာင္တိုးၿပီး လူႀကီးေတြ ေမးျမန္း၊ ေျပာဆိုေနတာကို နားေထာင္ရတာျဖစ္ပုံက ဒီလိုတဲ့ဗ်…. ညက ေမာင္ဦး သရဲအဆြဲခံရတာတဲ့.. ေမာင္ဦး အိပ္ရာထဲမွာ ေမ့တစ္ခ်က္၊ ေျမာတစ္ခ်က္ ျဖစ္ေနတုန္း လူႀကီးတစ္ေယာက္ အိမ္ေပၚတက္လာတယ္တဲ့။ အဲဒီလူႀကီးက ေမာင္ဦးကိုေပြ႕ခ်ီၿပီး ေအာက္ကိုခန္ဆင္း တာတဲ့။
ၿပီးသြားေတာ့ ႐ြာထိပ္ေညာင္ပင္ႀကီးေပၚကို ေခၚသြားတယ္။ ေမာင္ဦးက “ေမာလိုက္တာ”လို႔ေျပာေတာ့ ေမာင္ဦး ဗိုက္ကိုလွန္ၿပီး လွ်ာနဲ႔လ်က္ေပးတယ္တဲ့။
ေတာ္ေတာ္ၾကာေအာင္ လွ်ာနဲ႔လ်က္ေပးၿပီးခ်ိန္မွာ သူ႔ကို ရွာတဲ့လူအုပ္ႀကီး ေညာင္ပင္ႀကီးနား ေရာက္လာတယ္။ ဒီေတာ့မွ ေမာင္ဦးကိုေခၚလာတဲ့လူႀကီးက….၊ ““ဟိုမွာ ေမာင္ေငြတို႔အုပ္စု၊ မင္းကို လိုက္ရွာေနၾက
ဦးေမာင္ေငြ၊ ကြၽန္ေတာ္ ဒီမွာရွိတယ္ ေျပာလိုက္” လို႔
ေျပာတယ္။ေျပာခိုင္းတဲ့အတိုင္းသာ ေျပာလိုက္ရတာ၊ ေမာင္ဦးအေန နဲ႔ကေတာ့ အေမွာင္ထဲမွာ ဦးေမာင္ေငြကိုလည္း မျမင္ဘူး။ ဘယ္သူ႔ကိုမွလည္း မျမင္ဘူး၊ ဘာသံမွလည္း မၾကားရဘူးတဲ့….။ ဒီအေၾကာင္းေတြကို ေမာင္ဦးက လူႀကီးေတြကို ေျပာျပ ေနတယ္။
ၿမိဳ႕နယ္ကလူႀကီးေတြကလည္း ယုံရခက္၊ မယုံရခက္၊ အံ့အားေတြ သင့္လို႔ေပါ့…..။
သူ႔ကိုေခၚသြားတဲ့လူႀကီးရဲ႕ ပုံပန္းသ႑ာန္ကို ေမးေတာ့ ေမာင္ဦးက..၊
“အေမြးေတြ အမွ်င္ေတြနဲ႔ မဟုတ္ဘူး၊ လူႀကီးတစ္ ေယာက္ပဲ၊ အရပ္ျမင့္ျမင့္ တုတ္တုတ္ခိုင္ခိုင္နဲ႔….။ႏႈတ္ခမ္းေမြးႀကီးရွိတယ္၊ ကြမ္းေတြစားၿပီး တပ်စ္ပ်စ္ နဲ႔ ေထြးတယ္….” လို႔ ေျပာတယ္။
ဒီလိုေျပာေတာ့၊ ေမာင္ဦးအေမ ေဒၚၾကည္ျမက.. ““ဟဲ့… အဲဒါဆို အဲဒါ… နင့္အေဖေပါ့…” လို႔ ေျပာတယ္။ ငယ္ငယ္ကတည္းက ဆုံးသြားတာေၾကာင့္ ေမာင္ဦးက သူ႔အေဖကို မမွတ္မိဘူး။ဒီေတာ့မွ ေမာင္ဦးအသည္းအသန္ျဖစ္ေနတာကို ေသ သြားတဲ့သူ႔အေဖက လာေခၚၿပီးေဆးကုေပးတယ္ဆိုတာ သေဘာ ေပါက္ၾကတယ္။
လူႀကီးေတြေပးသမွ်ကို ေျဖေနတဲ့ေမာင္ဦးကိုၾကည့္ၿပီး ၿမိဳ႕နယ္ဆရာဝန္ႀကီးေတြေတာင္ အံ့အားသင့္ေနတယ္။ ဘယ္လိုမွ အသက္မရွင္ႏိုင္ေတာ့ဘူးလို႔ သတ္မွတ္ထားတဲ့သူက လူေကာင္းပကတိ ၿပဳံးၿပဳံး႐ႊင္႐ႊင္ ေျပာေနတာကိုး။ တစ္႐ြာလုံးလည္း အုတ္ေအာ္ေသာင္းတင္း အံ့ဩေန ၾကတယ္။
ေန႔ေသမလား၊ ညေသမလား၊ ေစာင့္ေနရတဲ့ေမာင္ဦး…၊ ဖုတ္ထုတ္ရမလိုေတာင္ ျဖစ္ေနတဲ့ ေမာင္ဦး..သရဲဆြဲခံရၿပီးကတည္းက လူေကာင္းပကတိ ျဖစ္သြားတယ္။
ေနာက္ေန႔ခ်က္ခ်င္းဆိုသလို ေရာဂါေဝဒနာေတြ ယူပစ္ သလို ေပ်ာက္သြားတာကိုးဗ်..”
““သရဲဆြဲခံရတယ္ဆိုတဲ့ ဇာတ္လမ္းေတြ၊ ကြၽန္ေတာ္ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးပါတယ္….၊ ဒါေပမဲ့ အခုဦးလွတင့္ေျပာတဲ့ သရဲဆြဲခံရတဲ့ အျဖစ္က ေတာ့ အမ်ားနဲ႔မတူ၊ တစ္မူထူးျခားတဲ့ ဇာတ္လမ္းပါပဲ ဒီအတြက္ ဦးလွတင့္ကို ေက်းဇူးတင္ပါတယ္…”
““ေနပါဦးဗ်..၊ ေျပာစရာ နည္းနည္းက်န္ေသးတယ္ ဦးေမာင္ေငြနဲ႔ ပတ္သက္တာေလး…..” “
“ဟုတ္ကဲ့… ေျပာပါဦး””
“ဦးေမာင္ေငြနဲ႔ ေမာင္ဦးရဲ႕အေဖက အသက္ခ်င္းကြာေစ မဲ့ ေတာ္ေတာ္ေလး ခင္ပင္ခဲ့ၾကတာတဲ့..၊
ဒါ့ေၾကာင့္ ေမာင္ဦးေပ်ာက္လို႔လိုက္ရွာၾကေတာ့ သရဲက ဦးေမာင္ေငြကို နာမည္တပ္ၿပီး အေခၚခိုင္းတာျဖစ္မယ္ဗ်…
““ဟုတ္တယ္၊ ဒီကိစၥက ႐ြာမွာေရာ၊ တစ္ၿမိဳ႕နယ္လုံးမွာ ေရာ ေတာ္ေတာ္နဲ႔မရပ္ဘူး၊ ေျပာၾကတယ္…၊ေျပာတိုင္း ေျပာတိုင္း၊ ဦးေမာင္ေငြနာမည္က ပါေနတယ္ ဦးေမာင္ေငြကို သရဲကေတာင္ သိတဲ့သူဆိုၿပီး နာမည္ ႀကီးသြားခဲ့တယ္ဗ်…”
“ဒါလည္း ေရစက္တစ္မ်ိဳးေပါ့ဗ်ာ…။ မဟုတ္ဘူးလား”
“မွန္တယ္ဗ်ိဳ႕၊ ဒီလို နာမည္ႀကီးရာကေန ဦးေမာင္ေငြႏွင့္ ေဒၚၾကည္ျမတို႔မိသားစု ပိုၿပီးရင္းႏွီးသြားၾကတယ္၊ ရင္ႏွီးရာကေန ၾကင္နာ၊ ၾကင္နာရာကေန သံေယာဇင္ဦးေမာင္ေငြနဲ႔ ေမာင္ဦးအစ္မ၊ ဖူးစာဖက္ေတြ ျဖစ္သြား
““ဗ်ာ….၊ ဟုတ္လား..”
စာေရးသူရဲ႕ အျပန္လမ္းမွာေတာ့…..၊ ထူးထူးဆန္းဆန္း သရဲဆြဲခံရတဲ့ ဇလြန္နယ္က ေမာင္ ဦးရဲ႕အျဖစ္ႏွင့္…ထူးထူးျခားျခား ဖူးစာဆုံခဲ့ၾကတဲ့ ဦးေမာင္ေငြနဲ႔ ေမာင္ဦးအစ္မတို႔ရဲ႕အျဖစ္က လႊမ္းမိုးလိုက္ပါလ်က္ ရွိေနပါေတာ့ တယ္။
#ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)