လူသားစားသောမိန်းမ(စ/ဆုံး)
Unicode Version
လူသားစားသောမိန်းမ(စ/ဆုံး)
———————————-
ဝေါ့….ဝူးး…ဝူး
အဝေးပြေးလမ်းမ၌ဘန်ကားအဖြူတစ်စီးအရှိန်ဖြင့်တရိပ်ရိပ်သွားနေ
သည်။
“ဟေ့ရောင်တွေမပျော်ကြဘူးလား…”ကားမောင်းနေသူကျော်မြင့်က
နောက်ခန်း၌ထိုင်နေသော ဖိုးထွန်း၊သိန်းဇော်၊အေးအေးတို့အားမေး
လိုက်လေသည်။
“ဟာဘယ်လိုပြောလိုက်တာလဲကွာ…ပျော်တာပေါ့.. တို့ရဲ့ပထမဦးဆုံးခရီးစဉ်လေ…အမှတ်တရတစ်ခုလိုပေါ့..မဟုတ်ဘူးလား..”ထိုအမေးကိုဖိုးထွန်းကလှမ်းဖြေလိုက်လေ၏
“အေး..အေး..နွယ်မြကောပျော်လား..”ရှေ့ခန်း၌ထိုင်နေသောနွယ်မြ
အားမေးလိုက်လေသည်။
“ပျော်တာပေါ့ရှင့်..ဒါမျိုးခရီးတွေထွက်ချင်ခဲ့တာကြာပြီ ခုမှထွက်ရတော့ တယ်…”
သူငယ်ချင်းငါးယောက်ချောင်းသာသို့ခရီးထွက်ခဲ့ခြင်းဖြစ်သည်။အားလုံးကတက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်ပီးfirst yearများဖြစ်
၏။မန္တလေးတက္ကသိုလ်ကျောင်းသူကျောင်းသားများဖစ်ကြသည်ဟုသိ
ရလေသည်။ယခုမှာကျောင်းပြီးလို့…သူငယ်ချင်းများစုပီးချောင်းသာခရီးထွက်ချင်းပင်ဖြစ်လေ၏။
အချိန်ကားည၉နာရီရှိနေလေပြီ….တနေ့ကုန်ကားစီးလာကြတော့
တချို့ကပန်းလို့အိပ်မောကြလေပြီ….
“ဟင့်…ရှေ့မှာလမ်းခွဲ..ဘယ်လမ်းကသွားရမှာလဲ..”ကျော်မြင့်စိတ်ထဲ
ကပြောကာဖြေးဖြေးခြင်းမောင်းလာလေသည်။ကျန်တဲ့လူတွေကကားမူးလို့အိပ်မောကြနေတာလေ။ကျော်မြင့်တစ်ယောက်သာ ကားမောင်သူဆိုတော့ အိပ်လို့မဖြသ်ချေ။ကျော်မြင့်မှာ လမ်းမသိတာမဟုတ် အရင်က
လဲသူသွားဖူးလေသည်။ ယခုမှာ ညမိုးချုပ်နေသောကြောင့် ရုတ်တရပ်
လမ်းကြောင်ခြင်းပင်ဖြစ်သည်။
လမ်းခွဲနားသို့ကားရောက်လာတော့…
“တော်ပါသေးတယ်ဆိုင်းပုဒ်ချိတ်ထားလို့.”ထိုသို့ပြောပြီးဘယ်ဘက်
လမ်းဘက်ချိုးဝင်လိုက်သည်
ဆိုင်းပုဒ်မှာလမ်းညွန်မှားနေသည်ကိုသူမသိခဲ့ချေ။ကျန်သူငယ်ချင်းများကတော့တခေါခေါနဲ့အိပ်ပျော်ကျနေကြတော့ ကျော်မြင့် ဘယ်ကို
မောင်းနေသည်ကိုလဲ မသိချေ……
တဖြည်းဖြည်းမောင်းလာတော့ကားလမ်းကကြမ်းလာခဲ့သည်။ကတ္တရားလမ်းမဟုတ်တော့..ဆက်ပြီးသွားလေလေတောနက်သို့ရောက်
လာလေလေဆိုတာကိုကျော်မြင့်သတိထားမိတော့သည်။
“ဝူး..ဝူး..ချန်း..ချန်း..ချိန်း..”ကားကချက်ချင်းထိုးထိုးရပ်သွားလေသည်
“ဟာ..ကားဘာဖြစ်တာလဲမသိဘူး..ပျက်ပီထင်တယ်..ဟေ့ရောင်တွေထကြထကြကားဘာဖြစ်သွားလဲမသိတော့ဘူး..”
နောက်ဆုံးတော့လဲကျန်သူငယ်ချင်းများကိုနိုးလေတော့၏။
“ဘာဖြစ်တာလဲ.. “သိန်းဇော်နိုးလာရင်းပြောလေ၏။ကျန်သူငယ်ချင်း
ကလဲအသီးသီးနိုးလာကြလေသည်။ခက်တာကသူတို့မှာဓာတ်မီးတွေမပါ စားစရာတွေမပါ ပါလာသမျှလဲကုန်နေပြီ
ဖြစ်နေတော့သည်။ထို့နောက်အားလုံးကားပေါ်မှဆင်းကာဘေးပတ်ဝန်းကျင်ကိုကြည့်ကြသည်။
“ဟာ..ဟိုမှာအိမ်တစ်လုံးမီးလင်းနေတယ်ဟ..လာငါတို့အဲ့မှာ
အကူညီတောင်းပီးတစ်ညလောက်တဲရအောင်..”
ဖိုးထွန်းကလက်ညိုးထိုးရင်းလှမ်းပြောရာ…အားလုံးထိုအိမ်ရှိရာသို့မျက်စိတစ်စုံကြလေတော့၏….
“ဟုတ်တယ်သွားကြမယ်”
ထို့နောက် ထိုမီးလင်းနေတဲ့အိမ်ဆီသို့သွားလေတော့သည်။
သို့ဖြင့်အိမ်နားသို့ရောက်သောအခါ…သူတို့အားလုံးထူးခြားမှုတစ်
ခုတော့ခံစားရသည်မှာအမှန်။ဟုတ်တယ်သူတို့အားလုံးလူသေပုတ်ဇောနံလိုလိုဝက်သေနံလိုလို..အနံရတာလေ၏။အေးအေးတောင်မှထိုအနံ
ကိုမခံနိုင်ပဲအန်ချလေတော့သည်။
“ဝေါ့..အော့…”
“အိမ်ရှင်သို့..အိမ်ရှင်သို့…”ကျော်မြင့်လှမ်းအော်ခဲ့တယ်
ထို့နောက်အဒေါ်ကြီးတစ်ယောက်တံခါးလှမ်းဖွင့်ကာထွက်လာခဲ့၏။
“ဘာကိစ္စရှိလို့လဲငါ့မောင်တို့..”
“ကျတော်တို့ဒုက္ခရောက်လာလို့ပါ…လမ်းမှာကားပျက်လို့..ဒီမှာတစ်
ညလောက်တဲခွင့်ပြုပါလို့အကူညီတောင်တာပါခင်ဗျား..”
“အော်ရပါတယ်ကွယ်..လာအထဲကိုဝင်ခဲ့…”
“ဟုတ်ကျေးဇူးပါ..အဒေါ်..အဲ့..အဲ.အန်တီ”
“အန်တီချိုလို့ခေါ်ရင်ရပါပီကွယ်..”
“ဟုပ်…”ဆိုပြီးအိမ်ထဲဝင်လာခဲ့တော့သည်။
အဒေါ်ကြီးမှာ အသက်၄၀ခန့်ဟုခန့်မှန်းရသည်။
ထိုအဒေါ်ကြီး၏လက်တွင်သွေးလိုလိုနီနီကြီးပေနေသည်ကိုနွယ်မြသတိထားမိခဲ့သည်…။
“ဟင်..”
“ဟဲ့..”
“အို..”
“ထမင်းပွဲတွင်ပြင်ထားလို့ပါလားအန်တီချို..မိသားစုတော်တော်များမယ်ထင်တယ်..”
“မဟုပ်ပါဘူးအန်တီကတစ်ယောက်ထဲပါလူလေးတို့စားဖို့ပါ”
“ငိ…”အားလုံးအံ့သြသွားသည်..ငါတို့ဒုက္ခရောက်မှာကိုသူဘယ်လို
လုပ်ပြီးသိတာလဲဆိုပီးအတွေးကိုယ်စီနဲ့…တစ်ယောက်နဲ့တစ်ယောက်ခေါင်းတွေခါပြငုတ်ပြကာအချက်ပြကြတော့သည်..။
“ဘာမှစိတ်မရှိနဲ့..အန်တီကအကြားမြင်နည်းနည်းရတယ်ကွယ့်..အခု
မင်းတို့စားစရာမရှိမှန်းသိလို့..ချက်ပြုတ်ထားတာ..လာကြအတူစားကြမယ်..”
ဒီတော့အားလုံးသံသယစိတ်ကင်းဝေးကာဝင်ထိုင်၍အဝဆွဲတော့သည်.
“ကောင်းလိုက်တာအန်တီချိုရယ်…ဗိုက်တွေကိုတင်းလို့..ဒါနဲ့.
ဟို..ဟို အသားဟင်းကပိုစားလို့ကောင်းတယ်နော်..ဘာသားလဲ”စပ်စု
ပြီးသိချင်တဲ့သိန်းဇောကမေးလိုက်တော့သည်။
“အော်…ဒါ..လာ..တောထဲကကျီသားပါ..”လို့ပြုံးပြီးအဒေါ်ကြီးက
ပြန်ဖြေလိုက်လေ၏….အဒေါ်ကြီးရဲ့အပြုံး၏နောက်ကွယ် ကြောက်စရာ
အရာဏာလမ်းသို့ပို့မဲ့အပြုံးဟုပင် ကျွနု်ပ်စာရေးသူ ထင်ရသည်။
ခေါင်းထဲတော့ဇဝေဇဝါဖစ်သွားကြတော့တယ်လေ..။
“အော်ဒါနဲ့အန်တီအိမ်အပေါ်ထပ်မှာအခန်းသုံးခန်းပဲရှိတယ်…
ကုတင်ကတစ်လုံးပဲ…နှစ်ယောက်အိပ်စာပဲဆန့်တယ်..
တစ်ယောက်ကတစ်ခန်းထဲအိပ်ရာမှာ..”
“ရပါတယ်..ကျတော်အိပ်လိုက်မယ်..ကျတော်ကတစ်ယောက်တည်း
လွတ်လွတ်လပ်လပ်အိပ်ရတာကြိုက်တယ်…”ဖိုးထွန်းကပြန်ပြောလိုက်လေသည်..။
“အံမလေးကိုလိုကြီးရယ်ဟုတ်မှလုပ်ဦးရှင့် . ..”အေးအေးက
ဟားတိုက်ကာပြောင်ပြီးပြောလိုက်သေးသည်..။
အိမ်ကနှစ်ထပ်ပျဉ်တောင်တိုက်ဗျ..တော်တော်လည်းဟောင်းနေပြီဟုထင်ရသည်။..နေ့ခင်းကြောင်တောင်ကြီးတစ်ယောက်တည်းနေဖို့တောင်
ကြက်သီးထစရာ..။ဒီ.. ဖိုးထွန်းကဒီညလူစွမ်းကောင်းလာလုပ်နေ
လေ၏…..။
သို့ဖြင့်..အေးအေးနှင့်နွယ်မြကတစ်ခန်း…၊ကျော်မြင့်နဲ့သိန်းဇော်က
တန်ခန်း၊ဖိုးထွန်းတစ်ယောက်ထဲတစ်ခန်းဖြစ်လေသည်။
ညစာလဲစားပြီး စကားတွေလဲဝိုင်းဖွဲပြောကြပြီးတဲ့နောက်ပိုင်း
အားလုံး ကိုယ့်အခန်းနဲ့ကိုယ်စီသို့ပြန်အိပ်ကြလေတော့သည်။
ည….၁နာရီလောက်…ဆို…အားလုံးကအိပ်မောကြနေကျလေပြီ.
ထို့စဉ်…အိမ်အပေါ်ထပ်သို့..ညာဘက်လက်၌ပုဆိန်ကိုင်.
ဘယ်ဘက်လက်၌မီးခွက်ကိုင်ကာ..ခြေသံဒဒုတ်ဒုတ်နဲ့အဒေါ်ကြီး
တစ်ယောက်တက်လာလေသည်။ထို့်နောက်..ခြေဖွဖွနင်းကာ.
လျှောက်လာခဲ့ရာပထမအခန်းသို့ရောက်ရှိခဲ့စဉ်…တံခါးကိုညင်သာစွာ
ဖွင့်ပြီး..တစ်ချက်ကြည့်လိုက်သည်။အထဲမှာတော့အိပ်မောကြ
လို့ပေါ့…ကျော်မြင့်နဲ့သိန်းဇော်ဖြစ်လေသည်။
ထို့နောက်အဒေါ်ကြီးကတံခါးကိုပြန်ပိတ်လိုက်သည်။
နောက်တစ်ခန်းပြန်ဖွင့်ကြည့်သည်…ပြီးလျှင်ပြန်ပိတ်လိုက်သည်..
အိမ်တံခါးတွေကတော်တော်ဆွေးနေ၏…ကလန့်လဲမရှိချေ။
ထို့ကြောင့် လိုက်လှန်ဖွင့်ကြည့်လေသည်။
ထို့နောက်အဒေါ်ကြီးကနောက်ဆုံးကအခန်းကိုပြန်ဖွင့်လိုက်သည်..
အထဲမှာဖိုးထွန်းကတခေါ်ခေါ်အိပ်ပျော်လို့ပေါ့…အဒေါ်ကြီးကညင်သားစွာသူ့အနားလျှောက်သွားကာ…အနားရောက်တော့…မိမိကိုင်ထားသောပုဆိန်ကိုမတင်ကာ..ဒုတ်ခနဲ့…တစ်ချက်ခုတ်လိုက်သည်
ဖိုးထွန်းမှာ အားဟုပင်အော်ချိန်မရလိုက် ချက်ခြင်း ခေါင်းပြတ်ကျ
သွားလေသည်။
အော်…အီ…အီ..အို….
သာယာသောမနက်ခင်းသို့ရောက်လာလေရဲ့….
ကျော်မြင့်..၊သိန်းဇော်..၊နွယ်မြ..၊အေးအေး..တို့ထလာကြကာအိမ်ပေါ်ထပ်ကဆင်းလာခဲ့သည်။
“ဟာ..အန်တီချို..သန့်ရှင်းရေးတွေလုပ်နေပါလား…”အိမ်အောက်
ထပ်၌တံမြက်စည်းလည်းနေသောအဒေါ်ကို..ကျော်မြင့်ကပြောလိုက်
လေသည်
“အေးအေး..ဟုပ်တယ်ကွယ့်…မင်းတို့စားဖို့မနက်စာလဲချက်နေတုန်း
ခနစောင့်ကြ…”
“ရပါတယ်ကွယ်..အန်တီချိုရဲ့.ဒါနဲ့ဖိုးထွန်းတစ်ယောက်မတွေ့ပါလား”
“အော်သူလားမနက်ကအစောကြီးထပြီးဒီနားတစ်ဝှက်ငှက်ရှိတယ်ဆို
ပြီးလေးဂွကိုင်ကာထွက်သွားတယ်..မနက်စာတောင်မစောင့်နဲ့လို့မှာသွားသေးတယ်..”
“အော်ဒီလိုလား… ကျစ်..ဒီကောင်ကတော့ကွာ…ကျတော်တို့လဲကားအရင်သွားပြင်လိုက်မယ်လေ..ပြန်လာမှစားတော့မယ်..”
“အေး..အေး..လူလေးတို့သဘော….”
သူငယ်ချင်းလေးယောက်ကားပြင်သွားတော့တယ်…မိန်းကလေး
နှစ်ယောက်ကလိုအပ်တာကူလို့ရအောင်လိုက်သွားခြက်းဖြစ်သည်။
အချိန်အနည်းငယ်ကြာသော်…
ကားပြင်ပြီးလို့ပြန်လာကြလေသည်…
“ဟာ..ထမင်းဝိုင်းတောင်အဆင့်သင့်ပဲ..”အားလုံးဝင်ထိုင်ပီးစားကြ
သည်
“အန်တီးကော်မစားသေးဘူးလား…”
“မစားသေးဘူးကွယ့်..အန်တီကခနနေကြရင်..အကောင်းစားအသားစားတော့မှာ..”
“အော်ဟုပ်လား..ဒါနဲ့ဖိုးထွန်းမလာသေးဘူးလား..”
“ပြန်မလာသေးဘူး….”ထို့နောက်
သိန်းဇော်..အသားဟင်းကို၌သောအခါ..လက်စွပ်တစ်ကွင်းပါလာခဲ့
သည်ကိုတွေ့ရလေ၏…ဒီတစ်ခါတော့အားလုံးခေါင်းနပန်းကြီးသွား
ကြတော့သည်။
“ဒါ…ဒါ…ဖိုးထွန်းရဲ့လက်…လက်..စွပ်..”သိန်ဇော်မှာစကားတောင်
ပီအောင်..ပြောမထွက်တော့ချေ….
“ဒါဆို…ဒီအသား…က…လူသားပေါ့….”အားလုံးအော့အန်ကာမူးလဲ
ပြီးမေ့သွားကြသည်..
ထိုချိန်အန်တီချိုုက..”ဘယ်ရမလဲ..ငါမေ့ဆေးခတ်ထားတာ.ဟင့်..ဟင့်..အခုတော့..မင်းတို့အသားစားယုံပဲရှိတော့ဒါပေါ့..ဟားဟား.”
အချိန်အနည်းငယ်ကြာသော်……တစ်ယောက်ကိုတစ်ခန်းစီ၌ကြိုးနဲ့
ထိုင်ခုံပေါ်မှာတုတ်ချီ၍ဖမ်းထားတော့သည်…
သိန်းဇော်…နိုးလားတော့..ကြိုးတုတ်ထားတာသိတော့..
“နင်..နင်..တော်တော်..ယုတ်မာဘာလားအဒေါ်ကြီး..”
“ဟား..ဟား..ဒီမှာလူလေးငါယုတ်မာတာမဟုတ်ဘူး..ကျော့ကွင်းကိုသားကောင်မိတော့ဘယ်သူကလွှတ်ပေးမှာတုန်း…ငအရဲ့..”
ထို့နောက်…အသားလှီးတဲ့ဓါးကိုင်ကာ..သိန်းဇော်၏ပေါင်ကိုလှီး
လိုက်လေသည်။
“အား…ခင်ဗျား..အား..ကျွတ်..ကျွတ်..”
“အော်ဆောရီးနော်လူလေး..ထုံးဆေးမထိုးပေးမိလို့..ဟီး..အသားက.
ဖြူဖွေးနေတာပဲ…”လှီးယူလိုက်တဲ့အသားတုံးကို..ဘေးနားရှိခွက်၌ထည့်လိုက်လေသည်..ထို့နောက်ယိုစမ့်လာသောသွေးတွေကိုဖန်ခွက်နဲ့ခံယူကာ…မော့သောက်လိုက်သည်
“ကောင်းလိုက်တာ..ဒီလိုမသောက်ရတာကြာပြီ…”ထို့နောက်မိမိ
ကိုင်ထားသောဓါးနဲ့သိန်းဇော်မျက်စိကိုထိုးထည့်လိုက်လေသည်
တော်တော်ရက်စက်တဲ့အဒေါ်ကြီးဟုပင်ထင်ရသည်။..နောက်ပြီးဓါးနဲ့
ဗိုက်ကိုဆယ်ခေါက်လောက်ထိုးထည့်လိုက်လေသည်..သိန်းဇော်လဲ
ခေါင်းငိုက်စိုက်ကာသေသွားခဲ့လေသည်။
ထို့နောက်အဒေါ်ကြီးကနောက်တစ်ခန်းပြန်ဝင်သွားလေသည်..
အေးအေးရှိတဲ့အခန်းပေါ့..။အေးအေးကအလွန်ညဏ်ပရိယာယ်ရှိကာလည်လှသည်…။
သူမကအမြဲခလုတ်နှိပ်ဓါးသေးကိုင်နေကြ.ဒါကြောင့်မို့သူမကိုချီထားတဲ့
ကြိုးကိုအစောကတည်းကကြိုးတင်ဖြည်ပြီးပြီလေသည်..အခုဟာမှာ
ဟန်ဆောင်ပြီးထိုင်နေတာခြင်းဖြစ်သည်။
“နင်.နင်..လူစိတ်မရှိတဲ့ဟာမ..ထွီး..”
“အေးလောက်လဲစတ်မဆိုးနဲ့လေသမီး…”ဆိုပီးဓားနဲ့ထိုးဖို့လက်ကို
မြှောက်လိုက်ချိန်မှာ..အေးအေးကလျှင်မြန်စွာအဒေါ်ကြီးကိုတွန်း
လိုက်သည်။..အဒေါ်ကြီးနောက်ကိုပက်လက်လဲကျသွားလေသည်။
“အား..ဘုတ်..ဟင့် ..”
အေးအေးလဲအခန်းမှလျှင်မြန်စွာပြေးထွက်လိုက်တော့သည်။
ထို့နောက်ကျန်သူငယ်ချင်းဖမ်းထားတဲ့အခန်းကိုသွားကာကယ်ပြီး..
ထွက်ပေးဖို့ကြံစည်နေတုန်း…ဟိုအဒေါ်ကြီးကတံခါးကိုပုဆိန်နဲ့ထုခွဲကာနောက်ကလိုက်လာတာ့တယ်သည်။
“ပြေး..ပြေး…ပြေးကြ…”
“ဝှေ့…ဝှေ့…ဒုတ်..အား….”
အဒေါ်ကြီးကသူကိုင်ထားတဲ့ပုဆိန်နဲ့လှမ်းပစ်လိုက်တာအေးအေးကျောကုန်းကိုထိသွားခဲ့သည်..ဘုတ်ခနဲ့လဲကြသွားလေ၏
“ကျော်မြင့်နဲ့နွယ်မြပြေး..ငါ့ကိုဂရုမစိုက်နဲ့တော..”
“အေးအေး…ဟီ.ဟင့်. ဟင့်..”နွယ်မြငိုပြီးရပ်နေတဲ့ကြားထဲကကျော်မြင့်ကအတင်ဆွဲခေါ်ပြီးပြေးလေတော့သည်။အဒေါ်ကြီးလည်းဓားကိုင်ဆွဲယူကာသူတို့နောက်သို့လိုက်ဖို့ကြံစဉ်အေးအေးကအဒေါ်ကြီး
ခြေထောက်ကိုဖတ်ဆွဲထားတော့သည်..လိုက်လို့မရအောင်ပေါ့…
ထို့နောက်အဒေါ်ကြီးကကိုင်ထားတဲ့ဓါးနဲ့အေးအေးလက်ကိုခုတ်ထည့်လိုက်သည်..အေးအေးကလုံးဝမလွတ်..တင်းကျပ်စွာဆုတ်ကိုင်ထားသေးသည်..သွေးတွေလဲမြင်မကောင်အောင်ယိုစီးလို့ကျလာခဲ့သည်။
“တော်တော်သူူငယ်ချင်းကောင်းပီသတာပေါ့”
ထိုသို့ပြောကာအဒေါ်ကြီးကစိတ်မရှည်တော့ပဲလည်ပင်းကိုခုတ်ထည့်
လိုက်သည်…အေးအေးခေါင်းပြတ်ကျသွားလေသည်။
အဒေါ်ကြီးမှာကျန်နှစ်ယောက်ကိုဆက်လိုက်တော့သည်။
ကျော်မြင့်နဲ့နွယ်မြကကားပေါ်တောင်ရောက်နေကြလေပြီ.ကားစက်နိုးကာ..ပြေးမောင်းတော့သည်…အဒေါ်ကြီးလဲဇွဲမလျော့ဘူးချေ
နောက်ကပြေးလိုက်လေသည်……………,…….
“ကျော်မြင့်….ကားကိုနောက်ပြန်ခေါက်..”နွယ်မြကပြောလိုက်၏
“ဘာဖစ်လို့လဲ..”
“ဒီလူ..လူကိုအရှင်မထားသင့်ဘူးတိုက်သတ်.”
“အေး..ဟုပ်တယ်..” ဆိုပြီးကားကိုနောက်ပြန်လှည့်ကာ..ဂီယာ
နံံပတ်၁ထည့်ကာအရှန်ဟုန်းမောင်းလာခဲ့တော့သည်..
ဒေါ်ကြီးလဲကားသူ့ဘက်လာနေသည်ကိုသိတော့နောက်ပြန်ပြေး
လေတော့သည်။ဒီတစ်ခါး အဒေါ်ကြီးမှာ
ခွေးပြေး ဝက်ပြေးလို ပြေးရတော့သည်။သို့သော်မမှီတော့…ကား
မှာအရှိန်လာသော်ကြောင့် အဒေါ်ကြီးအားတိုက်ကြိတ်လိုက်
တော့သည်။ဥပမာပြောရရင်ပိုးဟပ်ကိုနင်းသတ်လိုက်သလိုပဲပြားသွားတာပေါ့….။
အဒေါ်ကြီးဘဝဇာတ်ဆုံးသွားလေပြီ…ထို့နောက်ကျော်မင့်နဲ့နွယ်မြ
လည်းမိမိတို့မြို့ထဲသို့ပြန်မောင်းသွားလေတော့သည်…။
စာဖတ်သူကိုအစဉ်လေးစားလျက်………..
စာရေးသူ=အောင်(ရှမ်းမြှောက်)
Zawgyi Version
———————————-
ဝေါ့….ဝူးး…ဝူး
သည်။
လိုက်​လေသည်။
အား​မေးလိုက်လေသည်​။
“ဟုတ်​တယ်​သွားကြမယ်​”
“ဝေါ့..အော့…”
“ဟင်..”
“ဟဲ့..”
“အို..”
အရာဏာလမ်းသို့ပို့မဲ့​အပြုံးဟုပင်​ ကျွနု​ပ်​စာ​ရေးသူ ထင်​ရ​​သည်​။
လေ၏…..။
သွား​လေသည်​။
အော်…အီ…အီ..အို….
လေသည်
ခနစောင့်ကြ…”
“အေး..အေး..လူလေးတို့သဘော….”
သည်
ကြ​တော့သည်​။
ပြီးမေ့သွားကြသည်..
ထိုချိန်အန်တီချိုက..”ဘယ်ရမလဲ..ငါမေ့ဆေးခတ်ထားတာ.ဟင့်..ဟင့်..အခုတော့..မင်းတို့အသားစားယုံပဲရှိတော့ဒါပေါ့..ဟားဟား.”
လိုက်​လေသည်​။
“အား..ဘုတ်..ဟင့် ..”
“ပြေး..ပြေး…ပြေးကြ…”
“ဝှေ့…ဝှေ့…ဒုတ်..အား….”
“​တော်တော်သူငယ်​ချင်းကောင်းပီသတာ​ပေါ့”
“ဘာဖစ်လို့လဲ..”
နံပတ်၁ထည့်ကာအရှန်ဟုန်းမောင်းလာခဲ့တော့သည်..