ဆတ်ကျွဲစီးသောကွင်းပိုင်

 

ဆတ်ကျွဲစီးသော ကွင်းပိုင်

 

[၁]

 

သစ်တောအရေးပိုင် ဦးနေအောင်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်း ကသာမြို့တွင် အခြေစိုက်၍ တာဝန်ထမ်းဆောင်နေရာမှ မြစ်ကြီးနားခရိုင် သစ်တောအရေးပိုင် ဦးစံရွှေ အငြိမ်းစားယူခါနီး ရန်ကုန်သစ်တောရုံးချုပ်သို့ ပြောင်းရွှေ့မိန့်ထွက်လာသည်။

 

ဦးနေအောင်တို့ တာဝန်ထမ်းဆောင်ခဲ့သော စစ်ကိုင်းတိုင်းအား ရန်ကုန်သစ်တောရုံးချုပ်မှ ဦးလှဘူး နှင့်အဖွဲ့ထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။

 

ဦးနေအောင်မှာ နှစ်ပေါင်းများစွာ တပည့်တပန်းများနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ရသော ကသာမြို့နှင့်ပတ်ဝန်းကျင်ရှိ ယင်းခဲ၊ ငအိုး၊ အင်ဒေါင်း၊ ကျောက်တောင်၊ ဖက်ဆွတ်၊ တောင်မိုးတား၊ မြောက်မိုးတား၊ ကလုံ၊ နတ်တံခါး၊ နမ့်နာ၊ မဲဟင်း၊ မြတောင်ကြိုးဝိုင်းသစ်တောများအား လွမ်းဆွတ်သတိရနေမိတော့သည်။

 

ကသာမြို့သည် အလွန်နေပျော်သော မြို့ဖြစ်သည်။ အစားအသောက်အတွက် သားငါး၊ ဟင်းသီးဟင်းရွက်ပေါများသည်။ ရာသီဥတု မျှတသည်။ မိတ်ဆွေအပေါင်းအသင်း ပေါသည်။

 

တာဝန်ထမ်းဆောင်ရင်း၊ တောဆင်းစစ်ဆေးရင်း ဝါသနာပါရာ အမဲလိုက်ရသည်မှာလည်း အလွန်အချက်အချာကျသော မြို့ဖြစ်သည်။

 

ထို့ကြောင့် ဦးနေအောင်တို့အဖွဲ့မှာ စစ်ကိုင်းတိုင်းအတွင်း တာဝန်ကျစဉ် နယ်တကာလှည့်၍ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ကြာရှည်မနေပါ။ တာဝန်ပြီးသည်နှင့် ကသာမြို့ အခြေစိုက်စခန်းသို့သာ ပြန်လေ့ရှိသည်။

 

သို့သော် စေလိုရာစေ တာဝန်ထမ်းဆောင်ရသော အစိုးရဝန်ထမ်းများဖြစ်သည်နှင့်အညီ သူချစ်သော ကသာမြို့၊ ကသာတောကြီးအား စွန့်ခွာပြီး ချမ်းအေးလှသော မြန်မာပြည်မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့ရတော့မည် ဖြစ်သည်။

 

အလေ့အထမတူသော၊ ရေမြေ, တောတောင်, သဘာဝပေါက်ပင် မတူသော၊ ဘာသာစကား မတူသော ဒေသဖြစ်သည်။

 

ဦးနေအောင်တို့ အဖွဲ့သစ်အား လွှဲပြောင်းလက်ခံလုပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးရသည်။ နှစ်ချုပ်စစ်တမ်းကောက်ယူသကဲ့သို့ပင် ခုတ်လှဲပြီး လက်ကျန် သစ်လုံးများ၊ ဖောင်ဖွဲ့ရေမျှောပြီး သစ်လုံးများစာရင်း၊ စက်ယန္တရားနှင့် ကားများစာရင်း၊ အဆောက်အအုံများစာရင်း၊ ဝန်ထမ်းနှင့် လက်နက်ခဲယမ်းမီးကျောက်စာရင်း၊ ဌာနပိုင်ဆင်နှင့် သစ်ဆွဲကျွဲစာရင်း၊ ပျက်စီး စက်ပစ္စည်းများစာရင်းနှင့် အပိုပစ္စည်းများ၊ ရုံးသုံးပရိဘောဂနှင့် စာအုပ်စာတမ်းများစာရင်း၊ ငွေပေးငွေယူရှင်းတမ်းနှင့် ဘဏ်လက်ကျန်စာရင်းတို့ကိုလည်း သက်ဆိုင်ရာ စာအုပ်စာတမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး အလွှဲအပြောင်းစာရင်းတွင် ရေးသွင်းရသည်။

 

ဦးနေအောင်နှင့် ဦးဇော်မင်းတို့ မအားလပ်သလို တပည့်ကျော် လက်နှိပ်စက်စာရေးလေး ကျော်စိန်ဝင်းမှာလည်း နေ့ရောညပါ လက်နှိပ်စက်ရိုက်နေရရှာသည်။

 

ဦးနေအောင်တို့ ပြောင်းရွှေ့ရမည့်သတင်းကြောင့် ဝန်ထမ်းများနှင့် မြို့ခံအသိမိတ်ဆွေများ စိတ်မကောင်းဖြစ်ကြရသည်။ ထိုအထဲတွင် တစ်ပွဲစားမုဆိုးကိုအင်နီမှာ အဆိုးဆုံးဖြစ်သည်။

 

“ဆရာဦးနေအောင် … ဆရာတို့ ပြောင်းကြမယ့် မြန်မာပြည်မြောက်ပိုင်းကို ငါ လိုက်လည်လို့ မရဘူးလား။ ဆရာတို့မရှိ ငါမနေတတ်ကော”

 

“လိုက်လို့ရပါတယ် ကိုအင်နီရယ်။ ဒါပေမဲ့ မြန်မာပြည်မြောက်ပိုင်းက ကသာလို မြေပြန့်တော့မဟုတ်ဘူးဗျ။ ချောင်းတွေ၊ မြစ်တွေ၊ တောင်ကြီးတွေ၊ လျှိုကြီးတွေက အလွန်ပေါတာ။

 

သမအေးပိုင်းဇုန် ဒေသမို့ ရေလည်းခဲတယ်။ ကသာလို ရာသီဥတုမညီမျှဘူး။

 

နောက်ပြီး ကျွန်တော်တို့က ရောက်တာနဲ့ သစ်တောတွေ၊ တောင်တွေပေါ်ကိုလှည့်ပြီး စစ်ဆေးရမယ်။ နယ်မြေအနှံ့ကွင်းဆင်းပြီး စစ်ဆေးစရာတွေကို တစ်လလောက် လေ့လာပြီးမှ အထိုင်ကျမယ်။

 

ကိုအင်နီ လိုက်ခဲ့ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ရင် ကိုအင်နီရဲ့ လမ်းပြမုဆိုးအလုပ်ကို ရပ်ထားရလိမ့်မယ်။ ဝင်ငွေမရလို့ အိမ်ကမိန်းမ စိတ်ဆိုးနေဦးမယ်”

 

“ငါ့မိန်းမ ငါပိုင်ပါတယ် ဆရာရယ်။ ဆရာတို့အဖွဲ့နဲ့သွားတာပဲ။ သူစိတ်ချပါတယ်။ ဝင်ငွေကလည်း ဒီနွေရာသီမှာ မကောင်းပါဘူး။ ဆရာတို့အသိပဲ။ ဆောင်းရာသီနဲ့ မိုးရာသီမှကောင်းတာ။

 

အခု အိမ်မှာဖွင့်ထားတဲ့ ကုန်စုံဆိုင်လေးကလည်း ဝင်ငွေကောင်းနေတယ်။ အမေနဲ့ မိန်းမအပြင် သမီးကလေးကလည်း အားကိုးရပြီးမို့ အဆင်ပြေပါတယ်”

 

“ဝမ်းသာပါတယ်ဗျာ။ ဒါဆိုလည်း လိုက်ခဲ့ပေါ့ ကိုအင်နီရယ်။ ကိုအင်နီပါတော့ အားကိုးရတာပေါ့။ စားစရိတ်၊ လမ်းစရိတ်တွေကို ကျွန်တော် အကုန်တာဝန်ယူတဲ့အပြင် အပြန်ခရီးစရိတ်ကိုလည်း ပြည့်စုံ အောင်ပေးလိုက်ပါ့မယ်”

 

“အေး … ဒါဆို ငါလိုက်မယ်။ ဆရာတို့က ဘယ်တော့ လောက် ပြောင်းကြမှာလဲ။ ငါ အသင့်ပြင်ထားချင်လို့ပါ”

 

“ရန်ကုန်ကလွှဲမယ့်သူတွေတောင် မလာသေးဘူး။ မနက်ဖြန် သန်ဘက်ခါတော့ ရောက်မယ်ထင်တယ်။ ရောက်ရင်လည်း တစ်လလောက်ကြာအောင် ကွင်းဆင်းပြီး လွှဲရဦးမှာပါ”

 

“အေး … အေး ငါ မကြာမကြာ ဒီကိုလာမှာပါပဲ။ အရေးပေါ်ပြောင်းရရင်လည်း စာရေးလေးနဲ့ ငါ့ကိုခေါ်ခိုင်းပေါ့။ ငါလည်း ဒီမှာ ဆရာတို့မရှိတာနဲ့ ပျင်းနေမှာ”

 

“စိတ်ချပါ ကိုအင်နီ။ ခင်ဗျားမပါဘဲ ကျွန်တော်တို့ တိတ်တိတ်ကလေး ပြောင်းမသွားပါဘူး။ ဧည့်သည်တွေလာရင်လည်း ဧည့်ဝတ်ပြုရမှာမို့ တောလည်ရဦးမှာပါ။ ကိုအင်နီလည်း မနက်ဖြန် သန်ဘက်ခါ လာမှဖြစ်မယ်။ ဧည့်သည်အဖွဲ့နဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ။

 

သူတို့နဲ့ လွှဲပြီးရင်လည်း တောကို မကြာခဏ ဆင်းရမှာဆိုတော့ ကိုအင်နီက သူတို့အတွက် မရှိမဖြစ် လိုအပ်မှာ အသေအချာပါပဲ”

 

“ဟုတ် … ဆရာ။ ငါ နေ့တိုင်းလာခဲ့မယ်။ ထမင်းဟင်းလည်း အောင်ဘုကို ဝိုင်းကူချက်ပေးမယ်။ ငါလည်း ဆရာတို့ဆီမှာစားမှာနော်”

 

“စားလည်းစားပါ၊ အိပ်လည်းအိပ်ပါ ကိုအင်နီရယ်။ ကျွန်တော်တို့လည်း ပြောင်းခါနီး မိတ်ဆွေတွေနဲ့ ခွဲရတော့မှာမို့ စိတ်မကောင်း ဖြစ်နေတာပါ။ ကိုအင်နီလာနေတော့ အားရှိတာပေါ့”

 

“အေး … ဆရာ ဒါဆို ငါလာနေမယ်။ ငါလည်း ဆရာတို့နဲ့ မခွဲချင်ပါဘူး။ ဒီနေ့တော့ ငါပြန်ဦးမယ်။ အိမ်မှာ လုပ်စရာလေးတွေကို ပြီးပြတ်အောင် လုပ်ပေးလိုက်ဦးမယ်”

 

“ဟုတ်ကဲ့ ကိုအင်နီ”

 

နှစ်ပေါက်အောင် လက်တွဲ၍ တောလည်လာကြသော ကျွန်ုပ်တို့နှင့် ကိုအင်နီမှာ ညီအစ်ကိုအရင်းတမျှ ချစ်ခင်းရင်းနှီးနေကြပြီ ဖြစ်သည်။ တစ်ဦးအထာကိုတစ်ဦးက ပြောစရာမလိုဘဲ သိနေကြသည်။ တစ်ဦးကို တစ်ဦးက ညှာတာကာကွယ်ကြသည်။

 

အမဲလိုက်မုဆိုးအလုပ်ဆိုသည်မှာလည်း အသက်ဖြင့်ရင်းရ၍ တစ်ဦးကိုတစ်ဦး အသက်ပေး ချစ်ကြသည်ဟုဆိုပါက လွန်အံ့မထင်ပါ။

 

ကျွန်ုပ်တို့ စာရင်းဇယားများဖြင့် အလုပ်ရှုပ်နေကြစဉ် ကိုအင်နီ သူ့အိမ်ရှိရာ ပတ္တမြားမြို့သစ်သို့ ပြန်သွားသည်။

 

ကွင်းဆင်းပြီး စာရင်းကောက်လိုက်၊ စာရင်းပြုစုလိုက်နှင့် ကျွန်ုပ်တို့အဖွဲ့လည်း တစ်ပတ်ခန့်အတွင်း အလွန်အလုပ်ရှုပ်လှသည်။ ညနေပိုင်း ဝိုင်းမဖြစ်သည်မှာတောင် ကြာပြီဖြစ်သည်။

 

ညအိပ်တော့လည်း သန်းခေါင်ယံ(၁၂)နာရီ။ မနက်ထပြန်တော့လည်း မနက်စောစော(၅)နာရီ။ ဧည့်သည်များရောက်လာလျှင်လည်း ပို၍ အလုပ်ရှုပ်ဦးမည်ဖြစ်သည်။

 

မပြောင်းမီ ကိုယ်က အိမ်ရှင်ဖြစ်၍ ဧည့်သည်များကို ဧည့်ဝတ်ကျေပွန်စေရန် ဧည့်ခံရဦးမည် ဖြစ်ပေသည်။

 

[၂]

 

နောက်တစ်နေ့တွင် ကြေးနန်းဝင်လာသည်။ တစ်ရက်ခြားသော သောကြာနေ့တွင် ရန်ကုန်ရုံးချုပ်မှ သစ်တောအရေးပိုင် ဦးလှဘူးတို့အဖွဲ့ ရောက်ရှိလာကြမည်ဆိုသည့် အကြောင်းပင်။ ကျွန်ုပ်တို့ အသင့် ပြင်ဆင်ရပါပြီ။

 

သောကြာနေ့ မနက်စောစော၌ တောအုပ်ကိုဇော်မင်းနှင့် ကိုအင်နီတို့အား တောပစ်ရန် ယင်းခဲကြိုးဝိုင်းဘက်သို့ လွှတ်ရသည်။ ကျွန်ုပ်က ဧည့်သည်ကြိုရန်နှင့် တပည့်ကျော်အောင်ဘုက ချက်ပြုတ်ရန် စီစဉ်နေရသည်။ လက်နှိပ်စက်စာရေးကလေး ကျော်စိန်ဝင်းကတော့ လွှဲပြောင်းလက်ခံများအား အချောသပ်ရိုက်နှိပ်နေသည်။

 

မနက်(၁၀)နာရီခန့်၌ပင် တောအုပ်ဇော်မင်းနှင့် ကိုအင်နီတို့ ချေတစ်ကောင်၊ တောဝက်တစ်ကောင်နှင့်အတူ ပြန်ရောက်လာကြသည်။ ကိုဇော်မင်းက …

 

“ဆရာရေ ကံကောင်းတယ်ဗျို့။ ယင်းခဲကြိုးဝိုင်း အကွက်ကြီး (၃)ထဲ ဝင်တာနဲ့တင် တောဝက်အုပ်နဲ့တိုးပြီး ဝက်မတစ်ကောင်ရတယ်။ ကျွန်တော်တို့ ထမ်းဖို့လုပ်နေတုန်း ချေဟောက်သံကြားလို့ အသင့် ပြင်ထားတာ အလန့်တကြားပြေးလာတဲ့ချေကို အလွယ်တကူပဲ ရလိုက်တယ်။ နောက်က တောကောင်ကြီးတစ်ကောင် လိုက်လာဟန်တူပါရဲ့။ သေနတ်သံကြားတာနဲ့ ဟိန်းဟောက်သံသာကြားလိုက်ရပြီး အသံပျောက်သွားတယ်။ အစာလုသလိုတော့ ဖြစ်သွားမယ်ထင်တယ်”

 

ကိုအင်နီက …

 

“ဒီကောင်ကြီး တို့အပေါ်မှာ ကျေမှာတော့မဟုတ်ဘူး။ နောက် ယင်းခဲတောထဲကိုဝင်ရင် သတိထားရလိမ့်မယ်”

 

ကျွန်ုပ်က …

 

“ဧည့်သည်တွေလာမှာနဲ့ အတော်ပါပဲဗျာ။ ကျေးဇူးပဲ ကိုအင်နီရေ။ ကဲ … သားကောင်တွေဖျက်ပြီး ခင်ဗျားရဲ့မုဆိုးဝေစုကို ယူပေတော့”

 

“ငါ ဒီနေ့ မယူ ဆရာ။ ဆရာ့ဧည့်သည်တွေအတွက်ပဲ ချက်ပြုတ်ပေးမယ်။ ငါလည်း စားမယ်လေ”

 

“ကိုအင်နီရယ် . . . ပိုပါတယ်ယူပါ။ ခင်ဗျားတို့ အစောကြီးထပြီး တောဝင်ရတာ လွယ်တာမှတ်လို့”

 

“ပြောပြီးကော ဆရာရယ်။ ငါမယူဘူးလို့။ ဧည့်သည်တွေ အများကြီးလာကြမှာ ငါသိတယ်”

 

“အေးဗျာ … ကိုအင်နီ သဘောပါ။ ကိုအင်နီက မုဆိုးလမ်းပြလုပ်နေတော့ ဝင်ငွေရအောင် ကျွန်တော်ကပြောရတာပါ”

 

“အေး … အေး ငါကျေနပ်တယ်။ နေပစေ”

 

ကိုအင်နီနှင့် အောင်ဘုတို့ တောဝက်နှင့် ချေကို စနစ်တကျ ဖျက်ပြီး စနစ်တကျ ချက်ကြသည်။ သူတို့ချက်ပြုတ်နေကြစဉ် နေ့လယ် (၁၂)နာရီခန့် ရန်ကုန်မှဧည့်သည်များ ရောက်လာကြသည်။

 

ကျွန်ုပ်က …

 

“ဟာ ဦးလှဘူးတို့ကို ညနေမှရောက်မယ်ထင်နေတာ။ ဘူတာတောင် ဆင်းမကြိုဖြစ်ဘူး။ စောလှချေလား”

 

“ကျုပ်တို့က မနေ့ညကတည်းက မန္တလေးရောက်နေကြတာ။ အခုမနက်ရထားစီးတော့ နေ့လယ်မှာ ကသာကိုရောက်တာပေါ့ဗျာ”

 

“အတော်ပါပဲဗျာ။ ဒီမှာလည်းပဲ ချက်ပြုတ်လို့ ပြီးလုပါပြီ။ တောဝက်သားနဲ့ ချေသားဗျို့။ အမျိုးမျိုးချက်ထားတာ။ ကြိုက်သလိုသာ စားကြပေရော့ဗျို့”

 

“ကောင်းဗျာ … တောကောင်သားစားချင်တာနဲ့ အတော်ပါပဲ။ ကဲ ငါ့အဖွဲ့တွေ ရေအရင်ချိုးမလား ထမင်းအရင်စားမလား”

 

“ဆာပြီ ဆရာကြီးရေ။ ရေမချိုးတော့ဘူး။ ထမင်းပဲ အရင်စားကြတော့မယ်”

 

တပည့်ကျော်အောင်ဘုနှင့် ကိုအင်နီတို့၏ လတ်ဆတ်သော တောဝက်သားဟင်းနှင့် ချေသားဟင်းကလည်း မွှေးကြိုင်နေသည်။

 

ထုံးစံအတိုင်းပင် ဦးလှဘူးတို့အဖွဲ့ကလည်း သူတို့ပါလာသော အကောင်းစားအရက်များဖြင့် ပက်ကြသေးသည်။ ကျွန်ုပ်တို့မှာ ပင်ပန်းလှသော်လည်း သူတို့အဖွဲ့က ပျော်ပွဲစားထွက်လာကြသည့် ပုံစံပင်ဖြစ်သည်။

 

စားသောက်နေရင်း ဦးလှဘူးက …

 

“ဦးနေအောင်ရေ … ဒီတောကောင်တွေက ခင်ဗျားပစ်တာလား”

 

“အရင်ကတော့ ဟုတ်ပါတယ် ဦးလှဘူးရေ။ ဒီနေ့တော့ ကျွန်တော်မအားလို့ တောအုပ်ကိုဇော်မင်းနဲ့ တစ်ပွဲစားမုဆိုး ကိုအင်နီတို့ မနက်က သွားပစ်ကြတာပါ’”

 

“တစ်ပွဲစားမုဆိုး … ဟုတ်လား ဦးနေအောင်။ တစ်ပွဲစားမုဆိုးဆိုတာ ဘာလဲ။ ကျုပ် ကြားသာကြားဖူးတာ မမြင်ဖူးဘူး”

 

ကျွန်ုပ်က ကိုအင်နီကို ဦးလှဘူးတို့အဖွဲ့နှင့် မိတ်ဆက်ပေးရပြန်ပါသည်။

 

“ဦးလှဘူး … ဒီကဆရာက တစ်ပွဲစားမုဆိုး ကိုအင်နီဆိုတာပဲ။ သူက ယင်းခဲတောထဲမှာ မွေးတာ။ နာမည်က ကိုအင်နီတဲ့။ အင်ရွက်နုတွေ နီနီရဲရဲထွက်နေတဲ့ နွေရာသီမှာ အင်ပင်တောထဲမွေးတာမို့ အင်နီလို့ခေါ်တာ။

 

တစ်ပွဲစားမုဆိုးလို့ခေါ်တာက လိုချင်တဲ့သားကောင်တွေ ရှိတဲ့နေရာကို သူကတိတိကျကျ လမ်းပြနိုင်တယ်။ သူနဲ့တောလည်ရင် မရ မရှိစေရဘူး။ အန္တရာယ်ရှိရင်လည်း ကြိုတင်အသိပေးတတ်တယ်။ သူ့ကို လမ်းပြခ ပေါင်တစ်ချောင်း၊ နားရွက်တစ်လှဲနဲ့ ငွေ(၁၀၀)ကျပ်တော့ ပေးရမယ်’”

 

“ပေးပါ့မယ်ဗျာ။ နားရွက်တစ်လှဲဆိုတာက ဘာလဲ။ နား မရှင်းလို့ပါ”

 

“ဖမ်းမိတဲ့ သားကောင်တစ်ကောင်ရတိုင်း သားကောင်နဲ့ နား ရွက်တစ်ဖက်ကို လှဲချတဲ့နေရာကနေ ခေါင်းကိုဖြတ်ယူတာပါ”

 

“ဪ … အဲဒီလိုလား။ ပေးရမှာပေါ့ဗျာ။ ဒါနဲ့ ကိုအင်နီ က ဘယ်မှာနေတာလဲ”

 

“ဒီမြို့ကပါပဲ။ ပတ္တမြားမြို့သစ်မှာနေတာ။ ရုံးကကောင်လေးတွေကိုခိုင်းရင် ခေါ်ပေးလိမ့်မယ်”

 

“ကောင်းပါပြီဗျာ။ ကျွန်တော်တို့နဲ့ လက်တွဲပါ ကိုအင် နီရယ်။ ဦးနေအောင်တို့လိုပဲ ကျွန်တော်တို့ကို သဘောထားပါ။ ကိုအင်နီ သစ်တောဌာနမှာ ဝင်လုပ်မလား၊ ဝန်ထမ်းအဖြစ် ကျွန်တော် ချက်ချင်း ခန့်ပေးပါ့မယ်”

 

ကိုအင်နီက ပြန်မဖြေပါ။ ကျွန်ုပ်ကသာ ပြန်ဖြေရတော့သည်။

 

“ဦးလှဘူးရယ် သူ့ဝင်ငွေက နည်းမှတ်လို့။ အမဲလိုက် မုဆိုးအဖွဲ့တွေလာတာနဲ့ သူ့ဝင်ငွေက တစ်ရက်ကို သောင်းဂဏန်း လောက်ရတာ။ မုဆိုးတွေရဲ့ ဆရာကြီးဗျို့”

 

ကိုအင်နီက ပြုံးနေသည်။ စကားတော့ မပြောပါ။

 

“အဲဒီလိုဆိုရင်လည်း ကျွန်တော်တို့ ငှားပါ့မယ်ဗျာ။ မနက်ဖြန်တော့ စာရင်းဇယားတွေ စစ်မယ်။ သန်ဘက်ခါကစပြီး တောဆင်းရမှာ။ သစ်ကွက်တွေကို လိုက်ကြည့်ရမှာ။ ကိုအင်နီနဲ့ လက်တွေ့ကွင်းဆင်းပြီး တောလည်ရတာပေါ့ဗျာ။ နှစ်ပတ်လောက် ကျွန်တော်ငှားပါ့မယ်’”

 

“အေးပါ . . . ငါလိုက်ပေးပါ့မယ်။ ဒါပေမဲ့ ဆရာဦးနေအောင်တို့ ပြောင်းရင်တော့ မြန်မာပြည်မြောက်ပိုင်းကို ငါလိုက်သွားဦးမယ်။ တစ်လလောက်တော့ ကြာမယ်ထင်တယ်”

 

“ဪ … ကိုအင်နီက ဦးနေအောင်တို့နဲ့ အဖွဲ့တွေကျနေကြပြီကိုး။ ကောင်းပါတယ်ဗျာ။ ကျွန်တော်တို့အဖွဲ့မှာလည်း တောအုပ်တင်သိန်းနဲ့ စောအောင်တို့က ရိုးမမုဆိုးတွေပါ။ လက်ကလည်း တည့်ပါတယ်။ ကိုအင်နီပြန်လာရင် လက်တွဲကြတာပေါ့။ ကျွန်တော်တို့ သစ်တော အလုပ်ဆိုတာက မုဆိုးတစ်ပိုင်းပဲလေ။ ဒီဒေသကို မကျွမ်းသေးတော့ ကိုအင်နီကိုပဲ ဆရာတင်ရမှာပါ”

 

“ဟုတ်ကဲ့ ဆရာ”

 

မုဆိုးကိုအင်နီနှင့် ဦးလှဘူးတို့ အပေးအယူ တည့်သွားကြသဖြင့် ကျွန်ုပ်တို့ ဝမ်းသာရပါသည်။ သံယောဇဉ်ဖြစ်နေသော ကိုအင်နီကို ကျွန်ုပ်တို့အဖွဲ့နည်းတူ ဦးလှဘူးတို့အဖွဲ့နှင့်လည်း ရင်းနှီးကျွမ်းဝင် စေလိုပါသည်။ ဒါမှလည်း ကိုအင်နီ၏အလုပ်အကိုင်များ ချောမွေ့ပေလိမ့်မည်။

 

သစ်တောဌာနနှင့် အဆင်မပြေပါက ကိုအင်နီတို့ မုဆိုးလုပ်ငန်းကို သစ်တောဥပဒေအရ အကြောင်းအမျိုးမျိုးပြ၍ တားဆီးပိတ်ပင်နိုင်ခွင့်ရှိသည်။

 

သစ်တောဥပဒေအရလည် ရာသီအလိုက် မပစ်ရသော တောကောင်များ၊ အမြဲတမ်း ဘေးမဲ့ပေးရသော တောကောင်များ၊ လိုင်စင်ရှိမှ ပစ်ရသောတောကောင်များ သတ်မှတ်ထားလေသည်။

 

ထို့ကြောင့် သစ်တောဌာနနှင့် မုဆိုးများမှာ ကျွမ်းဝင်ရင်းနှီးဖို့ အလွန်လိုအပ်၏။

 

ထိုညကတော့ တစ်ပွဲစားမုဆိုးကိုအင်နီနှင့် ဦးလှဘူးတို့အဖွဲ့ စားရင်းသောက်ရင်း အတော်ရင်းနှီးသွားကြသည်။

 

နောက်တစ်နေ့တွင် စားရင်းဇယားများစစ်ဆေးပြီး လွှဲပြောင်းလက်ခံလုပ်ကြသည်။ တောမဆင်းသော်လည်း ကိုအင်နီလာပြီး တပည့်ကျော်အောင်ဘုနှင့်အတူ ဝိုင်းဝန်းချက်ပြုတ် လုပ်ကိုင်ပေးခြင်းဖြစ်သည်။

 

ထို့ကြောင့်လည်း ကိုအင်နီကို ဦးလှဘူးက သဘောကျ၏။ အလိုက်သိသော ကိုအင်နီကို ကျွန်ုပ်ကလည်း လေးစားမိပါသည်။

 

နောက်တစ်နေ့မနက်တွင် သစ်ကွက်များဆင်း၍ စစ်ဆေးရန် တိုင်ပင်ကြရင်း နေ့လယ်စာစားနေကြစဉ် နတ်ရေတွင်းနှင့် နတ်တံခါးရွာများဆီမှ ကိုအင်နီ၏ အသိမိတ်ဆွေ လယ်သမား ယာသမားများ ရောက်လာကြသည်။

 

“ကိုအင်နီရယ် ရှာလိုက်ရတာဗျာ။ ပတ္တမြားမြို့သစ်ကအိမ်ကို သွားမေးတော့ သစ်တောဗိုလ်တဲမှာဆိုလို့ လိုက်လာကြတာပါ။ ကျွန်တော်တို့ကို ကူညီပါဦး။ စပါးရိတ်သိမ်းချိန်နီးမှ တောဝက်နဲ့ ဒရယ်က အုပ်လိုက်ကျပြီး အခင်းတွေကို ဖျက်ဆီးနေတာ အတော်ကုန်နေပြီ။ ကူညီပါဦးဗျာ”

 

ကိုအင်နီက ကျွန်ုပ်တို့မျက်နှာများအား မော့ကြည့်သည်။ ကျွန်ုပ်မဖြေရသေးမီ ဦးလှဘူးက …

 

“နတ်ရေတွင်းနဲ့ နတ်တံခါးရွာက ဒီကနေ ဘယ်လောက်ဝေးသလဲ”

 

ရွာသားက …

 

“ဒီကနဲ့ (၃)မိုင်ကျော်လောက်ပဲ ဝေးပါတယ်ဆရာကြီး”

 

“ကဲ … ကိုအင်နီက ဦးဆောင်ဗျာ။ ကျွန်တော်တို့ သွားကြတာပေါ့။ ဧည့်သည်တွေလည်း နေ့လယ်စာ မစားရသေးဘူးထင်တယ်။ ကျွေးလိုက်ပါဦး”

 

ကျွန်ုပ်တို့အဖွဲ့ ခရီးထွက်ရန် ပြင်ဆင်နေကြစဉ် ဧည့်သည်အဖွဲ့ ကို အောင်ဘုနှင့် ကိုအင်နီက နေ့လယ်စာကျွေးနေသည်။ တောသူတောင်သားများပီပီ ဟန်မလုပ်ကြပါ။ ထမင်းဝင်စားကြ၏။ စားသောက် ကြပြီးနောက် လူများသဖြင့် ကျော်စိန်ဝင်းတို့အိမ်မှ ဒေါ့ဂျစ်ကားကြီးကိုဆွဲပြီး ခရီးထွက်ခဲ့ကြ၏။

 

နတ်ရေတွင်းနှင့် နတ်တံခါးရွာများမှာ ကသာမြို့နှင့် အလှမ်းမဝေးသော်လည်း လမ်းကကြမ်းသည်။ လယ်ကန်သင်းရိုးများကိုလည်း ဖြတ်ရသည်။ ဒေါ့ဂျစ်ကားကြီးဖြင့်သာ အဆင်ပြေသည်။

 

နတ်ရေတွင်းရွာရောက်တော့ ခေတ္တနားကြရင်း ညနေလင့်စီးပစ်ရန် တိုင်ပင်ကြရသည်။

 

“လင့်စင်ဆောက်ဖို့ ကွင်းစပ်မှာသစ်ပင်တွေ ရှိသလား”

 

ကျွန်ုပ်က ရွာသားကိုမေးရာ…

 

“ဆရာကြီး … ရွာနဲ့ကွင်းစပ်မှာ သစ်ပင်ကြီးကြီးမရှိဘူး။ ကွင်းအလွန်မှာမှ တောစပ်ရှိတာ။ စပါးခင်းရဲ့အလယ်မှာလည်း ပီလောနဲ့ ငှက်ပျောစိုက်ခင်းတွေရှိပါတယ်။

 

ဒါပေမဲ့ ကျွန်တော်တို့ရွာနဲ့ နတ်တံခါး ရွာတွေက ဆောက်ထားတဲ့ ခြေတံရှည်တဲအိမ်ကြီးတွေရှိတယ်။ တဲအိမ်ကြီးတွေက အကြီးကြီးတွေပါ။ မိသားစုနေလို့ရအောင် ဆောက်ထားတာ။ ထင်းနဲ့ရေလည်း အသင့်ရှိပါတယ်”

 

“အေးဗျာ … အဲဒါဆိုရင် အကောင်းဆုံးပေါ့။ တဲအိမ်ကို လင့်စီးရတော့မှာပေါ့။ ဒါနဲ့ ခင်ဗျားတို့ရဲ့ ကွင်းအထာကိုလည်း ပြောပြထားပါဦး။ ဆင်ခြင်စရာရှိတာ ဆင်ခြင်နိုင်အောင်လို့ပါ”

 

“ဟုတ်ကဲ့ ဆရာ။ ကွင်းပိုင်က ညစ်ညစ်ညမ်းညမ်းဆဲတာကို မကြိုက်ဘူး။ တဲပေါ်ကနေအောက်ကို အပေါ့စွန်တာလည်း မကြိုက်ဘူး။ သွေးသံရဲရဲနဲ့ ချက်ပြုတ်စားတာကိုလည်း မကြိုက်ဘူး။ အရက်သေစာသောက်တာလည်း မကြိုက်ဘူးဆရာ”

 

“အေးဗျာ … ကျွန်တော်တို့ ဆင်ခြင်ပါ့မယ်။ နေမဝင်ခင် ညစာစားပြီး လင့်စီးကြတာပေါ့”

 

“ဟုတ်ကဲ့ ဆရာ။ ကျွန်တော်တို့နှစ်ရွာပေါင်းပြီး စားသောက်ဖို့ အသင့်စီစဉ်ထားပါတယ်”

 

အရက်မသောက်ရဆိုသဖြင့် တစွတ်စွတ်သောက်တတ်သော ဦးလှဘူး မျက်နှာရှုံ့မဲ့နေသည်။ သို့သော် ရွာကလည်း အလိုက်သိပါသည်။ ညနေစောင်းသည်နှင့် အရက်ပွဲကို အရင်စီစဉ်ပေးသည်။

 

“သုံးဆောင်ပါ။ ဆရာကြီးတို့ ကွင်းထဲမှာသာ မသောက်ရတာပါ။ ရွာမှာတော့ ကြိုက်သလိုသောက်နိုင်ပါတယ်”

 

ဦးလှဘူး၏မျက်နှာ ပြုံးပျော်သွားသည်။ သူက သောက်လည်း သောက်နိုင်သည်။ စားလည်း စားနိုင်သည်။

 

စားသောက်ပြီးတော့ ကျွန်ုပ်တို့အဖွဲ့ နေမဝင်ခင် လယ်ထဲ ဆင်းကြသည်။ ပတ်ဝန်းကျင်အား ကြိုတင်လေ့လာထားရန် ဖြစ်သည်။

 

ရွာကထွက်သည်နှင့် ရွှေဝါရောင်စပါးခင်းကြီးမှာ ဝင်းထိန်နေပါသည်။ မကြာခင်ရက်ပိုင်းအတွင်း ရိတ်သိမ်းရတော့မည်ဖြစ်သည်။

 

နတ်ရေတွင်းနှင့် နတ်တံခါးရွာ စပါးခင်းများမှာ ကျယ်ပြန့်လွန်းသဖြင့် ဆက်နေသည်။ အလယ်တွင် ပီလောနှင့် ငှက်ပျောတောမှာ စိမ်းညို့နေသည်။ စပါးခင်းအဆုံးတွင် ရိုးမတောကြီးက ညို့ညို့မှိုင်းမှိုင်း ဆီးတားထား၏။ တောအတွင်းမှ တောကောင်မှာ အုပ်လိုက်ဆင်း၍ စိုက်ခင်းအား ဖျက်ဆီးကြခြင်းဖြစ်ပေသည်။

 

ခြေတံရှည်တဲကြီး (၃) လုံးအား တောစပ်နှင့် စိုက်ခင်းအနီး၌ ဖိုခုံလောက်ဆိုင် တည်ဆောက်ထားသည်။ သစ်ဝါးပေါသဖြင့် အခိုင်အမာ တည်ဆောက်ထားသော တဲအိမ်ကြီးများဖြစ်သည်။

 

ယနေ့ည သစ်တောအဖွဲ့မှ အမဲပစ်မည်ဟု အကြောင်းကြားထားသဖြင့် တဲအိမ်ကြီးများပေါ်တွင် အစောင့်မရှိပါ။

 

ကျွန်ုပ်တို့သည် တဲအိမ်ကြီး(၃)လုံးတွင် နေရာယူရန် အဖွဲ့(၃)ဖွဲ့ ခွဲလိုက်သည်။

 

ကျွန်ုပ်နှင့် ကျော်စိန်ဝင်း၊ တပည့်အောင်ဘုတို့က အလယ်တဲ စိုက်ပျိုးခင်းအနီး၌ နေရာယူသည်။

 

ကိုအင်နီနှင့် တောအုပ်ဇော်မင်း၊ ရွာသားတစ်ဦးတို့က လက်ဝဲဘက်တောစပ် တဲအိမ်ကြီးတွင် နေရာယူသည်။

 

ဦးလှဘူးနှင့် ကိုတင်သိန်း၊ ကိုစောအောင်တို့က လက်ယာဘက်အစွန်းဆုံးတွင် နေရာယူကြသည်။

 

လယ်တဲကြီး တစ်ခုနှင့် တစ်ခုမှာ ကိုက်(၃၀၀)ခန့်ဝေးပြီး သုံးပွင့်ဆိုင်အနေအထားဖြစ်သည်။

 

အစီအစဉ်မှာ အလယ်အတွင်းတဲ ကျွန်ုပ်တို့အနီး စိုက်ခင်းကို တောကောင်များဝင်ရောက်လာအောင်စောင့်ပြီး ကျွန်ုပ်တို့က အရင်ပစ်ခတ်ရန် ဖြစ်သည်။ တောစပ်ရှိ စပါးခင်းအား ဝင်ရောက်လျှင်ဝင် ရောက်ချင်း ပစ်ခတ်ပါက မပိုင်ဘဲ တစ်တဲကသာ ပစ်ခတ်ခွင့်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။

 

လယ်တဲများမှာ တောစပ်ဖြစ်၍ ခြင်အလွန်ကိုက်သည်။ ကျွန်ုပ်တို့တာဝန်ကျသော လယ်တဲကြီးမှာ ပီလောခင်း၊ ငှက်ပျောတောနှင့် နီးသဖြင့် ခြင်ပိုကိုက်သည်ဟု ထင်ရသည်။ တဲပေါ်တွင် မီးလင်းဖိုနှင့် ထင်းများ အသင့်ရှိသော်လည်း မီးမဖိုရဲပါ။

 

တဖြည်းဖြည်း အမှောင်ထုက စိုးမိုးလာသည်။ ည(၈)နာရီခန့်တွင် တောဘက်မှ ဆတ်တစ်သံချေဟောက်သံ၊ ဝက်အော်သံများ ကြားလာရသည်။

 

လဆန်းရက် တစ်ခြမ်းပဲ့လကလေးက သာနေသည်။ ကြယ်ရောင်မှိန်မှိန်အောက်တွင် ရွှေဝါရောင်စပါးခင်းကြီးက အိပ်မောကျ ငြိမ်သက်နေသည်။

 

မကြာပါ။ မည်းမည်းလုံးလုံးများနှင့် ဦးချိုထောင်ထောင် အကောင်များ တစ်သုတ်ပြီးတစ်သုတ် ဝင်လာကြသည်။

 

ကျွန်ုပ်တို့အဖွဲ့ နှင့် ကိုက်(၁၀၀)ကျော်ခန့်လှမ်းနေသော ပဲခင်း၊ ကန်စွန်းဥခင်းနှင့် ပိလောဥခင်းအား ဝင်စားကြခြင်းဖြစ်၏။

 

လက်လှမ်းမီသည်နှင့် တပည့်ကျော်အောင်ဘုက မီးထိုးပေးသည်။ မီးရောင်အောင်တွင် ခြောက်စထောင် ချိုကားဆတ်ဖားကြီးနှင့် ဒရယ်အုပ်နောက်၌ မည်းမည်းလုံးလုံး တောဝက်အုပ်ကြီး။

 

ကျွန်ုပ် အသေအချာချိန်၍ ဆတ်ဖားကြီး၏ နှလုံးသားရှိရာ လက်ပြင်အနောက်ဘက်သို့ မဂ္ဂနမ်ရိုင်ဖယ်ဖြင့် ပစ်ချလိုက်သည်။

 

“ဒိုင်း”

 

သေနတ်သံမှာပဲ့တင်၍ ဟိန်းသွားပြီး ယမ်းငွေ့များအကြားမှ မြင်လိုက်ရသည့်မြင်ကွင်းမှာ အလွန်အံ့ဩစရာကောင်းလှသည်။

 

ဆတ်ဖားကြီးမှာ ချက်ကောင်းထိ၍ လဲပြိုသွားသည်။ ဒရယ်အုပ်နှင့် တောဝက်အုပ် ကမူးရှူးထိုးပြေးကြသည်။ သို့သော် ဆတ်ဖားကြီးမှာ လဲပြို နေရာက ကုန်းထနေသည်။

 

ကျွန်ုပ်ဒုတိယအကြိမ် ကျည်ထိုးပြီး ဆတ်ဖားကြီးအား ချိန်ရွယ်လိုက်စဉ် ကိုဇော်မင်းနှင့် ဦးလှဘူးတို့အဖွဲ့ဘက်မှ ပစ်ခတ်သံများကြားရသည်။

 

“ဒိန်း … ဒိန်း”

 

“ဒိုင်း … ဒိုင်း … ဒိုင်း”

 

ကျွန်ုပ်လည်း ပြန်ထလာနေသော ဆတ်ဖားကြီးအား ပစ်ပြန်သည်။

 

“ဒိုင်း”

 

ဆတ်ဖားကြီးမှာ ကျည်ဆန်မှန်၍ လဲပြိုသွားသော်လည်း ပြန်ကုန်းထနေပြန်သည်။ ကျွန်ုပ် အလွန်အံ့ဩမိသည်။

 

တတိယအကြိမ် ကျည်ထိုးပြီး ပစ်ရန်အလုပ် လက်ဝဲဘက်အစွန်တဲမှ မုဆိုးကိုအင်နီ၏ အော်သံကို ကြားလိုက်ရသည်။

 

“မပစ်ကြနဲ့တော့ ဆရာတို့၊ တောစီးနေပြီ။ အောက်ကိုလည်း မဆင်းကြပါနဲ့။ ခဏစောင့်ပါ’”

 

ကိုအင်နီ၏ အော်သံကြားတော့မှ သေနတ်သံများ ငြိမ်သွားသလို ကျွန်ုပ်ပစ်၍ ပြန်ပြန်ထလာသော ဆတ်ဖားကြီးမှာလည်း လဲပြိုကျသွားသည်။

 

မည်သို့ဖြစ်သည်မသိ။ မကြုံဘူးသော အဖြစ်အပျက်မျိုးဖြစ်သည်။

 

ကွင်းပြင်မှာ ငြိမ်သက်နေသည်။

 

နာရီဝက်ခန့်စောင့်ပြီးမှ ကိုအင်နီ၏အော်သံကို ကြားရပြန်သည်။

 

“ဆရာတို့အားလုံး အောက်ဆင်းလို့ရပြီ။ သားကောင်တွေကို ထမ်းပြီး ဆရာဦးနေအောင်တို့ လယ်တဲရှေ့မှာ စုကြမယ်။ သတိတော့ ထားပါ။ ခြေခင်းလက်ခင်း ကြည့်ဆင်းကြပါ”

 

ကျွန်ုပ်တို့အားလုံး ဓာတ်မီးများထိုး၍ တဲအောက်သို့ဆင်းကြသည်။ ပစ်ထားသော သားကောင်များဆီသို့ သွားကြသည်။

 

ဆတ်ဖားကြီးမှာ ပထမတစ်ချက်တည်းနှင့် သေကွင်းကို မှန်ထားခြင်းဖြစ်သည်။ ပြန်ထလာစရာ အကြောင်းမရှိနိုင်ပါ။ မကြာမီ တောကောင်များကိုယ်စီ ထမ်း၍ အဖွဲ့များ ရောက်လာကြသည်။

 

ကျွန်ုပ်က …

 

“ဘယ်လိုဖြစ်တာလဲ ကိုအင်နီ”

 

“တောစီးတာ ဆရာ။ လယ်ကွင်းထဲမှာ တောစီးတာ အလွန်ဖြစ်ခဲပါတယ်။ ခြောက်စထောင်ဆတ်ဖားကြီး ဝင်လာကတည်းက အမှောင်ထဲမှာ ငါသေချာကြည့်လို့ မြင်လိုက်ရတယ်။ ဆတ်ဖားကြီးကျောပေါ် မှာ မျောက်လိုလို နီနီရဲရဲလေး၊ မျောက်ညိုအရွယ်လောက်ပဲရှိမယ်။ ဆတ်ဖားကြီးဦးချိုကို လက်နှစ်ဖက်နဲ့ကိုင်ပြီး စီးလာတာ”

 

“ကျွန်တော်တို့တွေတော့ အဲဒီအကောင်ကလေးကို မမြင်ရပါဘူး ကိုအင်နီရယ်။ ဆတ်ဖားကြီးပြန်ထထလာလို့ ပစ်ရတာပါ။ ဒီမှာ ကြည့်ပါဦး။ ထိချက်ကလည်း ကောင်းပါတယ်”

 

“ဟုတ်တယ် ဆရာ။ ဒါကို တောစီးတာလို့ခေါ်တယ်။ တစ်ယောက်ယောက် စည်းဖောက်လို့ ဖြစ်လိမ့်မယ်။ ဒါကြောင့် ကွင်းပိုင်ကြီးက ခြောက်လှန့်တာ”

 

ကျွန်ုပ်တို့အားလုံး ဦးလှဘူးအား လှမ်းကြည့်လိုက်ကြသည်။ သူက အရက်ထည့်ထားသော ရေဘူးကို မော့နေသည်။

 

– ပြီး –

 

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း

ဆတ္ကြၽဲစီးေသာ ကြင္းပိုင္

[၁]

သစ္ေတာအေရးပိုင္ ဦးေနေအာင္ႏွင့္အဖြဲ႕သည္ စစ္ကိုင္းတိုင္း ကသာၿမိဳ႕တြင္ အေျခစိုက္၍ တာဝန္ထမ္းေဆာင္ေနရာမွ ျမစ္ႀကီးနားခ႐ိုင္ သစ္ေတာအေရးပိုင္ ဦးစံေ႐ႊ အၿငိမ္းစားယူခါနီး ရန္ကုန္သစ္ေတာ႐ုံးခ်ဳပ္သို႔ ေျပာင္းေ႐ႊ႕မိန႔္ထြက္လာသည္။

ဦးေနေအာင္တို႔ တာဝန္ထမ္းေဆာင္ခဲ့ေသာ စစ္ကိုင္းတိုင္းအား ရန္ကုန္သစ္ေတာ႐ုံးခ်ဳပ္မွ ဦးလွဘူး ႏွင့္အဖြဲ႕ထံ လႊဲေျပာင္းေပးရမည္ျဖစ္သည္။

ဦးေနေအာင္မွာ ႏွစ္ေပါင္းမ်ားစြာ တပည့္တပန္းမ်ားႏွင့္အတူ တာဝန္ထမ္းေဆာင္ခဲ့ရေသာ ကသာၿမိဳ႕ႏွင့္ပတ္ဝန္းက်င္ရွိ ယင္းခဲ၊ ငအိုး၊ အင္ေဒါင္း၊ ေက်ာက္ေတာင္၊ ဖက္ဆြတ္၊ ေတာင္မိုးတား၊ ေျမာက္မိုးတား၊ ကလုံ၊ နတ္တံခါး၊ နမ့္နာ၊ မဲဟင္း၊ ျမေတာင္ႀကိဳးဝိုင္းသစ္ေတာမ်ားအား လြမ္းဆြတ္သတိရေနမိေတာ့သည္။

ကသာၿမိဳ႕သည္ အလြန္ေနေပ်ာ္ေသာ ၿမိဳ႕ျဖစ္သည္။ အစားအေသာက္အတြက္ သားငါး၊ ဟင္းသီးဟင္း႐ြက္ေပါမ်ားသည္။ ရာသီဥတု မွ်တသည္။ မိတ္ေဆြအေပါင္းအသင္း ေပါသည္။

တာဝန္ထမ္းေဆာင္ရင္း၊ ေတာဆင္းစစ္ေဆးရင္း ဝါသနာပါရာ အမဲလိုက္ရသည္မွာလည္း အလြန္အခ်က္အခ်ာက်ေသာ ၿမိဳ႕ျဖစ္သည္။

ထို႔ေၾကာင့္ ဦးေနေအာင္တို႔အဖြဲ႕မွာ စစ္ကိုင္းတိုင္းအတြင္း တာဝန္က်စဥ္ နယ္တကာလွည့္၍ တာဝန္ထမ္းေဆာင္ခဲ့ေသာ္လည္း ၾကာရွည္မေနပါ။ တာဝန္ၿပီးသည္ႏွင့္ ကသာၿမိဳ႕ အေျခစိုက္စခန္းသို႔သာ ျပန္ေလ့ရွိသည္။

သို႔ေသာ္ ေစလိုရာေစ တာဝန္ထမ္းေဆာင္ရေသာ အစိုးရဝန္ထမ္းမ်ားျဖစ္သည္ႏွင့္အညီ သူခ်စ္ေသာ ကသာၿမိဳ႕၊ ကသာေတာႀကီးအား စြန႔္ခြာၿပီး ခ်မ္းေအးလွေသာ ျမန္မာျပည္ေျမာက္ပိုင္းေဒသသို႔ ေျပာင္းေ႐ႊ႕ရေတာ့မည္ ျဖစ္သည္။

အေလ့အထမတူေသာ၊ ေရေျမ, ေတာေတာင္, သဘာဝေပါက္ပင္ မတူေသာ၊ ဘာသာစကား မတူေသာ ေဒသျဖစ္သည္။

ဦးေနေအာင္တို႔ အဖြဲ႕သစ္အား လႊဲေျပာင္းလက္ခံလုပ္ရန္အတြက္ ကြင္းဆင္းစစ္ေဆးရသည္။ ႏွစ္ခ်ဳပ္စစ္တမ္းေကာက္ယူသကဲ့သို႔ပင္ ခုတ္လွဲၿပီး လက္က်န္ သစ္လုံးမ်ား၊ ေဖာင္ဖြဲ႕ေရေမွ်ာၿပီး သစ္လုံးမ်ားစာရင္း၊ စက္ယႏၲရားႏွင့္ ကားမ်ားစာရင္း၊ အေဆာက္အအုံမ်ားစာရင္း၊ ဝန္ထမ္းႏွင့္ လက္နက္ခဲယမ္းမီးေက်ာက္စာရင္း၊ ဌာနပိုင္ဆင္ႏွင့္ သစ္ဆြဲကြၽဲစာရင္း၊ ပ်က္စီး စက္ပစၥည္းမ်ားစာရင္းႏွင့္ အပိုပစၥည္းမ်ား၊ ႐ုံးသုံးပရိေဘာဂႏွင့္ စာအုပ္စာတမ္းမ်ားစာရင္း၊ ေငြေပးေငြယူရွင္းတမ္းႏွင့္ ဘဏ္လက္က်န္စာရင္းတို႔ကိုလည္း သက္ဆိုင္ရာ စာအုပ္စာတမ္းမ်ားျဖင့္ တိုက္ဆိုင္စစ္ေဆးၿပီး အလႊဲအေျပာင္းစာရင္းတြင္ ေရးသြင္းရသည္။

ဦးေနေအာင္ႏွင့္ ဦးေဇာ္မင္းတို႔ မအားလပ္သလို တပည့္ေက်ာ္ လက္ႏွိပ္စက္စာေရးေလး ေက်ာ္စိန္ဝင္းမွာလည္း ေန႔ေရာညပါ လက္ႏွိပ္စက္႐ိုက္ေနရရွာသည္။

ဦးေနေအာင္တို႔ ေျပာင္းေ႐ႊ႕ရမည့္သတင္းေၾကာင့္ ဝန္ထမ္းမ်ားႏွင့္ ၿမိဳ႕ခံအသိမိတ္ေဆြမ်ား စိတ္မေကာင္းျဖစ္ၾကရသည္။ ထိုအထဲတြင္ တစ္ပြဲစားမုဆိုးကိုအင္နီမွာ အဆိုးဆုံးျဖစ္သည္။

“ဆရာဦးေနေအာင္ … ဆရာတို႔ ေျပာင္းၾကမယ့္ ျမန္မာျပည္ေျမာက္ပိုင္းကို ငါ လိုက္လည္လို႔ မရဘူးလား။ ဆရာတို႔မရွိ ငါမေနတတ္ေကာ”

“လိုက္လို႔ရပါတယ္ ကိုအင္နီရယ္။ ဒါေပမဲ့ ျမန္မာျပည္ေျမာက္ပိုင္းက ကသာလို ေျမျပန႔္ေတာ့မဟုတ္ဘူးဗ်။ ေခ်ာင္းေတြ၊ ျမစ္ေတြ၊ ေတာင္ႀကီးေတြ၊ လွ်ိဳႀကီးေတြက အလြန္ေပါတာ။

သမေအးပိုင္းဇုန္ ေဒသမို႔ ေရလည္းခဲတယ္။ ကသာလို ရာသီဥတုမညီမွ်ဘူး။

ေနာက္ၿပီး ကြၽန္ေတာ္တို႔က ေရာက္တာနဲ႔ သစ္ေတာေတြ၊ ေတာင္ေတြေပၚကိုလွည့္ၿပီး စစ္ေဆးရမယ္။ နယ္ေျမအႏွံ႔ကြင္းဆင္းၿပီး စစ္ေဆးစရာေတြကို တစ္လေလာက္ ေလ့လာၿပီးမွ အထိုင္က်မယ္။

ကိုအင္နီ လိုက္ခဲ့ရင္ေတာ့ ပိုေကာင္းတာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔နဲ႔ လိုက္ခဲ့ရင္ ကိုအင္နီရဲ႕ လမ္းျပမုဆိုးအလုပ္ကို ရပ္ထားရလိမ့္မယ္။ ဝင္ေငြမရလို႔ အိမ္ကမိန္းမ စိတ္ဆိုးေနဦးမယ္”

“ငါ့မိန္းမ ငါပိုင္ပါတယ္ ဆရာရယ္။ ဆရာတို႔အဖြဲ႕နဲ႔သြားတာပဲ။ သူစိတ္ခ်ပါတယ္။ ဝင္ေငြကလည္း ဒီေႏြရာသီမွာ မေကာင္းပါဘူး။ ဆရာတို႔အသိပဲ။ ေဆာင္းရာသီနဲ႔ မိုးရာသီမွေကာင္းတာ။

အခု အိမ္မွာဖြင့္ထားတဲ့ ကုန္စုံဆိုင္ေလးကလည္း ဝင္ေငြေကာင္းေနတယ္။ အေမနဲ႔ မိန္းမအျပင္ သမီးကေလးကလည္း အားကိုးရၿပီးမို႔ အဆင္ေျပပါတယ္”

“ဝမ္းသာပါတယ္ဗ်ာ။ ဒါဆိုလည္း လိုက္ခဲ့ေပါ့ ကိုအင္နီရယ္။ ကိုအင္နီပါေတာ့ အားကိုးရတာေပါ့။ စားစရိတ္၊ လမ္းစရိတ္ေတြကို ကြၽန္ေတာ္ အကုန္တာဝန္ယူတဲ့အျပင္ အျပန္ခရီးစရိတ္ကိုလည္း ျပည့္စုံ ေအာင္ေပးလိုက္ပါ့မယ္”

“ေအး … ဒါဆို ငါလိုက္မယ္။ ဆရာတို႔က ဘယ္ေတာ့ ေလာက္ ေျပာင္းၾကမွာလဲ။ ငါ အသင့္ျပင္ထားခ်င္လို႔ပါ”

“ရန္ကုန္ကလႊဲမယ့္သူေတြေတာင္ မလာေသးဘူး။ မနက္ျဖန္ သန္ဘက္ခါေတာ့ ေရာက္မယ္ထင္တယ္။ ေရာက္ရင္လည္း တစ္လေလာက္ၾကာေအာင္ ကြင္းဆင္းၿပီး လႊဲရဦးမွာပါ”

“ေအး … ေအး ငါ မၾကာမၾကာ ဒီကိုလာမွာပါပဲ။ အေရးေပၚေျပာင္းရရင္လည္း စာေရးေလးနဲ႔ ငါ့ကိုေခၚခိုင္းေပါ့။ ငါလည္း ဒီမွာ ဆရာတို႔မရွိတာနဲ႔ ပ်င္းေနမွာ”

“စိတ္ခ်ပါ ကိုအင္နီ။ ခင္ဗ်ားမပါဘဲ ကြၽန္ေတာ္တို႔ တိတ္တိတ္ကေလး ေျပာင္းမသြားပါဘူး။ ဧည့္သည္ေတြလာရင္လည္း ဧည့္ဝတ္ျပဳရမွာမို႔ ေတာလည္ရဦးမွာပါ။ ကိုအင္နီလည္း မနက္ျဖန္ သန္ဘက္ခါ လာမွျဖစ္မယ္။ ဧည့္သည္အဖြဲ႕နဲ႔လည္း မိတ္ဆက္ေပးခ်င္လို႔ပါ။

သူတို႔နဲ႔ လႊဲၿပီးရင္လည္း ေတာကို မၾကာခဏ ဆင္းရမွာဆိုေတာ့ ကိုအင္နီက သူတို႔အတြက္ မရွိမျဖစ္ လိုအပ္မွာ အေသအခ်ာပါပဲ”

“ဟုတ္ … ဆရာ။ ငါ ေန႔တိုင္းလာခဲ့မယ္။ ထမင္းဟင္းလည္း ေအာင္ဘုကို ဝိုင္းကူခ်က္ေပးမယ္။ ငါလည္း ဆရာတို႔ဆီမွာစားမွာေနာ္”

“စားလည္းစားပါ၊ အိပ္လည္းအိပ္ပါ ကိုအင္နီရယ္။ ကြၽန္ေတာ္တို႔လည္း ေျပာင္းခါနီး မိတ္ေဆြေတြနဲ႔ ခြဲရေတာ့မွာမို႔ စိတ္မေကာင္း ျဖစ္ေနတာပါ။ ကိုအင္နီလာေနေတာ့ အားရွိတာေပါ့”

“ေအး … ဆရာ ဒါဆို ငါလာေနမယ္။ ငါလည္း ဆရာတို႔နဲ႔ မခြဲခ်င္ပါဘူး။ ဒီေန႔ေတာ့ ငါျပန္ဦးမယ္။ အိမ္မွာ လုပ္စရာေလးေတြကို ၿပီးျပတ္ေအာင္ လုပ္ေပးလိုက္ဦးမယ္”

“ဟုတ္ကဲ့ ကိုအင္နီ”

ႏွစ္ေပါက္ေအာင္ လက္တြဲ၍ ေတာလည္လာၾကေသာ ကြၽႏ္ုပ္တို႔ႏွင့္ ကိုအင္နီမွာ ညီအစ္ကိုအရင္းတမွ် ခ်စ္ခင္းရင္းႏွီးေနၾကၿပီ ျဖစ္သည္။ တစ္ဦးအထာကိုတစ္ဦးက ေျပာစရာမလိုဘဲ သိေနၾကသည္။ တစ္ဦးကို တစ္ဦးက ညႇာတာကာကြယ္ၾကသည္။

အမဲလိုက္မုဆိုးအလုပ္ဆိုသည္မွာလည္း အသက္ျဖင့္ရင္းရ၍ တစ္ဦးကိုတစ္ဦး အသက္ေပး ခ်စ္ၾကသည္ဟုဆိုပါက လြန္အံ့မထင္ပါ။

ကြၽႏ္ုပ္တို႔ စာရင္းဇယားမ်ားျဖင့္ အလုပ္ရႈပ္ေနၾကစဥ္ ကိုအင္နီ သူ႔အိမ္ရွိရာ ပတၱျမားၿမိဳ႕သစ္သို႔ ျပန္သြားသည္။

ကြင္းဆင္းၿပီး စာရင္းေကာက္လိုက္၊ စာရင္းျပဳစုလိုက္ႏွင့္ ကြၽႏ္ုပ္တို႔အဖြဲ႕လည္း တစ္ပတ္ခန႔္အတြင္း အလြန္အလုပ္ရႈပ္လွသည္။ ညေနပိုင္း ဝိုင္းမျဖစ္သည္မွာေတာင္ ၾကာၿပီျဖစ္သည္။

ညအိပ္ေတာ့လည္း သန္းေခါင္ယံ(၁၂)နာရီ။ မနက္ထျပန္ေတာ့လည္း မနက္ေစာေစာ(၅)နာရီ။ ဧည့္သည္မ်ားေရာက္လာလွ်င္လည္း ပို၍ အလုပ္ရႈပ္ဦးမည္ျဖစ္သည္။

မေျပာင္းမီ ကိုယ္က အိမ္ရွင္ျဖစ္၍ ဧည့္သည္မ်ားကို ဧည့္ဝတ္ေက်ပြန္ေစရန္ ဧည့္ခံရဦးမည္ ျဖစ္ေပသည္။

[၂]

ေနာက္တစ္ေန႔တြင္ ေၾကးနန္းဝင္လာသည္။ တစ္ရက္ျခားေသာ ေသာၾကာေန႔တြင္ ရန္ကုန္႐ုံးခ်ဳပ္မွ သစ္ေတာအေရးပိုင္ ဦးလွဘူးတို႔အဖြဲ႕ ေရာက္ရွိလာၾကမည္ဆိုသည့္ အေၾကာင္းပင္။ ကြၽႏ္ုပ္တို႔ အသင့္ ျပင္ဆင္ရပါၿပီ။

ေသာၾကာေန႔ မနက္ေစာေစာ၌ ေတာအုပ္ကိုေဇာ္မင္းႏွင့္ ကိုအင္နီတို႔အား ေတာပစ္ရန္ ယင္းခဲႀကိဳးဝိုင္းဘက္သို႔ လႊတ္ရသည္။ ကြၽႏ္ုပ္က ဧည့္သည္ႀကိဳရန္ႏွင့္ တပည့္ေက်ာ္ေအာင္ဘုက ခ်က္ျပဳတ္ရန္ စီစဥ္ေနရသည္။ လက္ႏွိပ္စက္စာေရးကေလး ေက်ာ္စိန္ဝင္းကေတာ့ လႊဲေျပာင္းလက္ခံမ်ားအား အေခ်ာသပ္႐ိုက္ႏွိပ္ေနသည္။

မနက္(၁၀)နာရီခန႔္၌ပင္ ေတာအုပ္ေဇာ္မင္းႏွင့္ ကိုအင္နီတို႔ ေခ်တစ္ေကာင္၊ ေတာဝက္တစ္ေကာင္ႏွင့္အတူ ျပန္ေရာက္လာၾကသည္။ ကိုေဇာ္မင္းက …

“ဆရာေရ ကံေကာင္းတယ္ဗ်ိဳ႕။ ယင္းခဲႀကိဳးဝိုင္း အကြက္ႀကီး (၃)ထဲ ဝင္တာနဲ႔တင္ ေတာဝက္အုပ္နဲ႔တိုးၿပီး ဝက္မတစ္ေကာင္ရတယ္။ ကြၽန္ေတာ္တို႔ ထမ္းဖို႔လုပ္ေနတုန္း ေခ်ေဟာက္သံၾကားလို႔ အသင့္ ျပင္ထားတာ အလန႔္တၾကားေျပးလာတဲ့ေခ်ကို အလြယ္တကူပဲ ရလိုက္တယ္။ ေနာက္က ေတာေကာင္ႀကီးတစ္ေကာင္ လိုက္လာဟန္တူပါရဲ႕။ ေသနတ္သံၾကားတာနဲ႔ ဟိန္းေဟာက္သံသာၾကားလိုက္ရၿပီး အသံေပ်ာက္သြားတယ္။ အစာလုသလိုေတာ့ ျဖစ္သြားမယ္ထင္တယ္”

ကိုအင္နီက …

“ဒီေကာင္ႀကီး တို႔အေပၚမွာ ေက်မွာေတာ့မဟုတ္ဘူး။ ေနာက္ ယင္းခဲေတာထဲကိုဝင္ရင္ သတိထားရလိမ့္မယ္”

ကြၽႏ္ုပ္က …

“ဧည့္သည္ေတြလာမွာနဲ႔ အေတာ္ပါပဲဗ်ာ။ ေက်းဇူးပဲ ကိုအင္နီေရ။ ကဲ … သားေကာင္ေတြဖ်က္ၿပီး ခင္ဗ်ားရဲ႕မုဆိုးေဝစုကို ယူေပေတာ့”

“ငါ ဒီေန႔ မယူ ဆရာ။ ဆရာ့ဧည့္သည္ေတြအတြက္ပဲ ခ်က္ျပဳတ္ေပးမယ္။ ငါလည္း စားမယ္ေလ”

“ကိုအင္နီရယ္ . . . ပိုပါတယ္ယူပါ။ ခင္ဗ်ားတို႔ အေစာႀကီးထၿပီး ေတာဝင္ရတာ လြယ္တာမွတ္လို႔”

“ေျပာၿပီးေကာ ဆရာရယ္။ ငါမယူဘူးလို႔။ ဧည့္သည္ေတြ အမ်ားႀကီးလာၾကမွာ ငါသိတယ္”

“ေအးဗ်ာ … ကိုအင္နီ သေဘာပါ။ ကိုအင္နီက မုဆိုးလမ္းျပလုပ္ေနေတာ့ ဝင္ေငြရေအာင္ ကြၽန္ေတာ္ကေျပာရတာပါ”

“ေအး … ေအး ငါေက်နပ္တယ္။ ေနပေစ”

ကိုအင္နီႏွင့္ ေအာင္ဘုတို႔ ေတာဝက္ႏွင့္ ေခ်ကို စနစ္တက် ဖ်က္ၿပီး စနစ္တက် ခ်က္ၾကသည္။ သူတို႔ခ်က္ျပဳတ္ေနၾကစဥ္ ေန႔လယ္ (၁၂)နာရီခန႔္ ရန္ကုန္မွဧည့္သည္မ်ား ေရာက္လာၾကသည္။

ကြၽႏ္ုပ္က …

“ဟာ ဦးလွဘူးတို႔ကို ညေနမွေရာက္မယ္ထင္ေနတာ။ ဘူတာေတာင္ ဆင္းမႀကိဳျဖစ္ဘူး။ ေစာလွေခ်လား”

“က်ဳပ္တို႔က မေန႔ညကတည္းက မႏၲေလးေရာက္ေနၾကတာ။ အခုမနက္ရထားစီးေတာ့ ေန႔လယ္မွာ ကသာကိုေရာက္တာေပါ့ဗ်ာ”

“အေတာ္ပါပဲဗ်ာ။ ဒီမွာလည္းပဲ ခ်က္ျပဳတ္လို႔ ၿပီးလုပါၿပီ။ ေတာဝက္သားနဲ႔ ေခ်သားဗ်ိဳ႕။ အမ်ိဳးမ်ိဳးခ်က္ထားတာ။ ႀကိဳက္သလိုသာ စားၾကေပေရာ့ဗ်ိဳ႕”

“ေကာင္းဗ်ာ … ေတာေကာင္သားစားခ်င္တာနဲ႔ အေတာ္ပါပဲ။ ကဲ ငါ့အဖြဲ႕ေတြ ေရအရင္ခ်ိဳးမလား ထမင္းအရင္စားမလား”

“ဆာၿပီ ဆရာႀကီးေရ။ ေရမခ်ိဳးေတာ့ဘူး။ ထမင္းပဲ အရင္စားၾကေတာ့မယ္”

တပည့္ေက်ာ္ေအာင္ဘုႏွင့္ ကိုအင္နီတို႔၏ လတ္ဆတ္ေသာ ေတာဝက္သားဟင္းႏွင့္ ေခ်သားဟင္းကလည္း ေမႊးႀကိဳင္ေနသည္။

ထုံးစံအတိုင္းပင္ ဦးလွဘူးတို႔အဖြဲ႕ကလည္း သူတို႔ပါလာေသာ အေကာင္းစားအရက္မ်ားျဖင့္ ပက္ၾကေသးသည္။ ကြၽႏ္ုပ္တို႔မွာ ပင္ပန္းလွေသာ္လည္း သူတို႔အဖြဲ႕က ေပ်ာ္ပြဲစားထြက္လာၾကသည့္ ပုံစံပင္ျဖစ္သည္။

စားေသာက္ေနရင္း ဦးလွဘူးက …

“ဦးေနေအာင္ေရ … ဒီေတာေကာင္ေတြက ခင္ဗ်ားပစ္တာလား”

“အရင္ကေတာ့ ဟုတ္ပါတယ္ ဦးလွဘူးေရ။ ဒီေန႔ေတာ့ ကြၽန္ေတာ္မအားလို႔ ေတာအုပ္ကိုေဇာ္မင္းနဲ႔ တစ္ပြဲစားမုဆိုး ကိုအင္နီတို႔ မနက္က သြားပစ္ၾကတာပါ’”

“တစ္ပြဲစားမုဆိုး … ဟုတ္လား ဦးေနေအာင္။ တစ္ပြဲစားမုဆိုးဆိုတာ ဘာလဲ။ က်ဳပ္ ၾကားသာၾကားဖူးတာ မျမင္ဖူးဘူး”

ကြၽႏ္ုပ္က ကိုအင္နီကို ဦးလွဘူးတို႔အဖြဲ႕ႏွင့္ မိတ္ဆက္ေပးရျပန္ပါသည္။

“ဦးလွဘူး … ဒီကဆရာက တစ္ပြဲစားမုဆိုး ကိုအင္နီဆိုတာပဲ။ သူက ယင္းခဲေတာထဲမွာ ေမြးတာ။ နာမည္က ကိုအင္နီတဲ့။ အင္႐ြက္ႏုေတြ နီနီရဲရဲထြက္ေနတဲ့ ေႏြရာသီမွာ အင္ပင္ေတာထဲေမြးတာမို႔ အင္နီလို႔ေခၚတာ။

တစ္ပြဲစားမုဆိုးလို႔ေခၚတာက လိုခ်င္တဲ့သားေကာင္ေတြ ရွိတဲ့ေနရာကို သူကတိတိက်က် လမ္းျပႏိုင္တယ္။ သူနဲ႔ေတာလည္ရင္ မရ မရွိေစရဘူး။ အႏၲရာယ္ရွိရင္လည္း ႀကိဳတင္အသိေပးတတ္တယ္။ သူ႔ကို လမ္းျပခ ေပါင္တစ္ေခ်ာင္း၊ နား႐ြက္တစ္လွဲနဲ႔ ေငြ(၁၀၀)က်ပ္ေတာ့ ေပးရမယ္’”

“ေပးပါ့မယ္ဗ်ာ။ နား႐ြက္တစ္လွဲဆိုတာက ဘာလဲ။ နား မရွင္းလို႔ပါ”

“ဖမ္းမိတဲ့ သားေကာင္တစ္ေကာင္ရတိုင္း သားေကာင္နဲ႔ နား ႐ြက္တစ္ဖက္ကို လွဲခ်တဲ့ေနရာကေန ေခါင္းကိုျဖတ္ယူတာပါ”

“ဪ … အဲဒီလိုလား။ ေပးရမွာေပါ့ဗ်ာ။ ဒါနဲ႔ ကိုအင္နီ က ဘယ္မွာေနတာလဲ”

“ဒီၿမိဳ႕ကပါပဲ။ ပတၱျမားၿမိဳ႕သစ္မွာေနတာ။ ႐ုံးကေကာင္ေလးေတြကိုခိုင္းရင္ ေခၚေပးလိမ့္မယ္”

“ေကာင္းပါၿပီဗ်ာ။ ကြၽန္ေတာ္တို႔နဲ႔ လက္တြဲပါ ကိုအင္ နီရယ္။ ဦးေနေအာင္တို႔လိုပဲ ကြၽန္ေတာ္တို႔ကို သေဘာထားပါ။ ကိုအင္နီ သစ္ေတာဌာနမွာ ဝင္လုပ္မလား၊ ဝန္ထမ္းအျဖစ္ ကြၽန္ေတာ္ ခ်က္ခ်င္း ခန႔္ေပးပါ့မယ္”

ကိုအင္နီက ျပန္မေျဖပါ။ ကြၽႏ္ုပ္ကသာ ျပန္ေျဖရေတာ့သည္။

“ဦးလွဘူးရယ္ သူ႔ဝင္ေငြက နည္းမွတ္လို႔။ အမဲလိုက္ မုဆိုးအဖြဲ႕ေတြလာတာနဲ႔ သူ႔ဝင္ေငြက တစ္ရက္ကို ေသာင္းဂဏန္း ေလာက္ရတာ။ မုဆိုးေတြရဲ႕ ဆရာႀကီးဗ်ိဳ႕”

ကိုအင္နီက ၿပဳံးေနသည္။ စကားေတာ့ မေျပာပါ။

“အဲဒီလိုဆိုရင္လည္း ကြၽန္ေတာ္တို႔ ငွားပါ့မယ္ဗ်ာ။ မနက္ျဖန္ေတာ့ စာရင္းဇယားေတြ စစ္မယ္။ သန္ဘက္ခါကစၿပီး ေတာဆင္းရမွာ။ သစ္ကြက္ေတြကို လိုက္ၾကည့္ရမွာ။ ကိုအင္နီနဲ႔ လက္ေတြ႕ကြင္းဆင္းၿပီး ေတာလည္ရတာေပါ့ဗ်ာ။ ႏွစ္ပတ္ေလာက္ ကြၽန္ေတာ္ငွားပါ့မယ္’”

“ေအးပါ . . . ငါလိုက္ေပးပါ့မယ္။ ဒါေပမဲ့ ဆရာဦးေနေအာင္တို႔ ေျပာင္းရင္ေတာ့ ျမန္မာျပည္ေျမာက္ပိုင္းကို ငါလိုက္သြားဦးမယ္။ တစ္လေလာက္ေတာ့ ၾကာမယ္ထင္တယ္”

“ဪ … ကိုအင္နီက ဦးေနေအာင္တို႔နဲ႔ အဖြဲ႕ေတြက်ေနၾကၿပီကိုး။ ေကာင္းပါတယ္ဗ်ာ။ ကြၽန္ေတာ္တို႔အဖြဲ႕မွာလည္း ေတာအုပ္တင္သိန္းနဲ႔ ေစာေအာင္တို႔က ႐ိုးမမုဆိုးေတြပါ။ လက္ကလည္း တည့္ပါတယ္။ ကိုအင္နီျပန္လာရင္ လက္တြဲၾကတာေပါ့။ ကြၽန္ေတာ္တို႔ သစ္ေတာ အလုပ္ဆိုတာက မုဆိုးတစ္ပိုင္းပဲေလ။ ဒီေဒသကို မကြၽမ္းေသးေတာ့ ကိုအင္နီကိုပဲ ဆရာတင္ရမွာပါ”

“ဟုတ္ကဲ့ ဆရာ”

မုဆိုးကိုအင္နီႏွင့္ ဦးလွဘူးတို႔ အေပးအယူ တည့္သြားၾကသျဖင့္ ကြၽႏ္ုပ္တို႔ ဝမ္းသာရပါသည္။ သံေယာဇဥ္ျဖစ္ေနေသာ ကိုအင္နီကို ကြၽႏ္ုပ္တို႔အဖြဲ႕နည္းတူ ဦးလွဘူးတို႔အဖြဲ႕ႏွင့္လည္း ရင္းႏွီးကြၽမ္းဝင္ ေစလိုပါသည္။ ဒါမွလည္း ကိုအင္နီ၏အလုပ္အကိုင္မ်ား ေခ်ာေမြ႕ေပလိမ့္မည္။

သစ္ေတာဌာနႏွင့္ အဆင္မေျပပါက ကိုအင္နီတို႔ မုဆိုးလုပ္ငန္းကို သစ္ေတာဥပေဒအရ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ တားဆီးပိတ္ပင္ႏိုင္ခြင့္ရွိသည္။

သစ္ေတာဥပေဒအရလည္ ရာသီအလိုက္ မပစ္ရေသာ ေတာေကာင္မ်ား၊ အၿမဲတမ္း ေဘးမဲ့ေပးရေသာ ေတာေကာင္မ်ား၊ လိုင္စင္ရွိမွ ပစ္ရေသာေတာေကာင္မ်ား သတ္မွတ္ထားေလသည္။

ထို႔ေၾကာင့္ သစ္ေတာဌာနႏွင့္ မုဆိုးမ်ားမွာ ကြၽမ္းဝင္ရင္းႏွီးဖို႔ အလြန္လိုအပ္၏။

ထိုညကေတာ့ တစ္ပြဲစားမုဆိုးကိုအင္နီႏွင့္ ဦးလွဘူးတို႔အဖြဲ႕ စားရင္းေသာက္ရင္း အေတာ္ရင္းႏွီးသြားၾကသည္။

ေနာက္တစ္ေန႔တြင္ စားရင္းဇယားမ်ားစစ္ေဆးၿပီး လႊဲေျပာင္းလက္ခံလုပ္ၾကသည္။ ေတာမဆင္းေသာ္လည္း ကိုအင္နီလာၿပီး တပည့္ေက်ာ္ေအာင္ဘုႏွင့္အတူ ဝိုင္းဝန္းခ်က္ျပဳတ္ လုပ္ကိုင္ေပးျခင္းျဖစ္သည္။

ထို႔ေၾကာင့္လည္း ကိုအင္နီကို ဦးလွဘူးက သေဘာက်၏။ အလိုက္သိေသာ ကိုအင္နီကို ကြၽႏ္ုပ္ကလည္း ေလးစားမိပါသည္။

ေနာက္တစ္ေန႔မနက္တြင္ သစ္ကြက္မ်ားဆင္း၍ စစ္ေဆးရန္ တိုင္ပင္ၾကရင္း ေန႔လယ္စာစားေနၾကစဥ္ နတ္ေရတြင္းႏွင့္ နတ္တံခါး႐ြာမ်ားဆီမွ ကိုအင္နီ၏ အသိမိတ္ေဆြ လယ္သမား ယာသမားမ်ား ေရာက္လာၾကသည္။

“ကိုအင္နီရယ္ ရွာလိုက္ရတာဗ်ာ။ ပတၱျမားၿမိဳ႕သစ္ကအိမ္ကို သြားေမးေတာ့ သစ္ေတာဗိုလ္တဲမွာဆိုလို႔ လိုက္လာၾကတာပါ။ ကြၽန္ေတာ္တို႔ကို ကူညီပါဦး။ စပါးရိတ္သိမ္းခ်ိန္နီးမွ ေတာဝက္နဲ႔ ဒရယ္က အုပ္လိုက္က်ၿပီး အခင္းေတြကို ဖ်က္ဆီးေနတာ အေတာ္ကုန္ေနၿပီ။ ကူညီပါဦးဗ်ာ”

ကိုအင္နီက ကြၽႏ္ုပ္တို႔မ်က္ႏွာမ်ားအား ေမာ့ၾကည့္သည္။ ကြၽႏ္ုပ္မေျဖရေသးမီ ဦးလွဘူးက …

“နတ္ေရတြင္းနဲ႔ နတ္တံခါး႐ြာက ဒီကေန ဘယ္ေလာက္ေဝးသလဲ”

႐ြာသားက …

“ဒီကနဲ႔ (၃)မိုင္ေက်ာ္ေလာက္ပဲ ေဝးပါတယ္ဆရာႀကီး”

“ကဲ … ကိုအင္နီက ဦးေဆာင္ဗ်ာ။ ကြၽန္ေတာ္တို႔ သြားၾကတာေပါ့။ ဧည့္သည္ေတြလည္း ေန႔လယ္စာ မစားရေသးဘူးထင္တယ္။ ေကြၽးလိုက္ပါဦး”

ကြၽႏ္ုပ္တို႔အဖြဲ႕ ခရီးထြက္ရန္ ျပင္ဆင္ေနၾကစဥ္ ဧည့္သည္အဖြဲ႕ ကို ေအာင္ဘုႏွင့္ ကိုအင္နီက ေန႔လယ္စာေကြၽးေနသည္။ ေတာသူေတာင္သားမ်ားပီပီ ဟန္မလုပ္ၾကပါ။ ထမင္းဝင္စားၾက၏။ စားေသာက္ ၾကၿပီးေနာက္ လူမ်ားသျဖင့္ ေက်ာ္စိန္ဝင္းတို႔အိမ္မွ ေဒါ့ဂ်စ္ကားႀကီးကိုဆြဲၿပီး ခရီးထြက္ခဲ့ၾက၏။

နတ္ေရတြင္းႏွင့္ နတ္တံခါး႐ြာမ်ားမွာ ကသာၿမိဳ႕ႏွင့္ အလွမ္းမေဝးေသာ္လည္း လမ္းကၾကမ္းသည္။ လယ္ကန္သင္း႐ိုးမ်ားကိုလည္း ျဖတ္ရသည္။ ေဒါ့ဂ်စ္ကားႀကီးျဖင့္သာ အဆင္ေျပသည္။

နတ္ေရတြင္း႐ြာေရာက္ေတာ့ ေခတၱနားၾကရင္း ညေနလင့္စီးပစ္ရန္ တိုင္ပင္ၾကရသည္။

“လင့္စင္ေဆာက္ဖို႔ ကြင္းစပ္မွာသစ္ပင္ေတြ ရွိသလား”

ကြၽႏ္ုပ္က ႐ြာသားကိုေမးရာ…

“ဆရာႀကီး … ႐ြာနဲ႔ကြင္းစပ္မွာ သစ္ပင္ႀကီးႀကီးမရွိဘူး။ ကြင္းအလြန္မွာမွ ေတာစပ္ရွိတာ။ စပါးခင္းရဲ႕အလယ္မွာလည္း ပီေလာနဲ႔ ငွက္ေပ်ာစိုက္ခင္းေတြရွိပါတယ္။

ဒါေပမဲ့ ကြၽန္ေတာ္တို႔႐ြာနဲ႔ နတ္တံခါး ႐ြာေတြက ေဆာက္ထားတဲ့ ေျခတံရွည္တဲအိမ္ႀကီးေတြရွိတယ္။ တဲအိမ္ႀကီးေတြက အႀကီးႀကီးေတြပါ။ မိသားစုေနလို႔ရေအာင္ ေဆာက္ထားတာ။ ထင္းနဲ႔ေရလည္း အသင့္ရွိပါတယ္”

“ေအးဗ်ာ … အဲဒါဆိုရင္ အေကာင္းဆုံးေပါ့။ တဲအိမ္ကို လင့္စီးရေတာ့မွာေပါ့။ ဒါနဲ႔ ခင္ဗ်ားတို႔ရဲ႕ ကြင္းအထာကိုလည္း ေျပာျပထားပါဦး။ ဆင္ျခင္စရာရွိတာ ဆင္ျခင္ႏိုင္ေအာင္လို႔ပါ”

“ဟုတ္ကဲ့ ဆရာ။ ကြင္းပိုင္က ညစ္ညစ္ညမ္းညမ္းဆဲတာကို မႀကိဳက္ဘူး။ တဲေပၚကေနေအာက္ကို အေပါ့စြန္တာလည္း မႀကိဳက္ဘူး။ ေသြးသံရဲရဲနဲ႔ ခ်က္ျပဳတ္စားတာကိုလည္း မႀကိဳက္ဘူး။ အရက္ေသစာေသာက္တာလည္း မႀကိဳက္ဘူးဆရာ”

“ေအးဗ်ာ … ကြၽန္ေတာ္တို႔ ဆင္ျခင္ပါ့မယ္။ ေနမဝင္ခင္ ညစာစားၿပီး လင့္စီးၾကတာေပါ့”

“ဟုတ္ကဲ့ ဆရာ။ ကြၽန္ေတာ္တို႔ႏွစ္႐ြာေပါင္းၿပီး စားေသာက္ဖို႔ အသင့္စီစဥ္ထားပါတယ္”

အရက္မေသာက္ရဆိုသျဖင့္ တစြတ္စြတ္ေသာက္တတ္ေသာ ဦးလွဘူး မ်က္ႏွာရႈံ႕မဲ့ေနသည္။ သို႔ေသာ္ ႐ြာကလည္း အလိုက္သိပါသည္။ ညေနေစာင္းသည္ႏွင့္ အရက္ပြဲကို အရင္စီစဥ္ေပးသည္။

“သုံးေဆာင္ပါ။ ဆရာႀကီးတို႔ ကြင္းထဲမွာသာ မေသာက္ရတာပါ။ ႐ြာမွာေတာ့ ႀကိဳက္သလိုေသာက္ႏိုင္ပါတယ္”

ဦးလွဘူး၏မ်က္ႏွာ ၿပဳံးေပ်ာ္သြားသည္။ သူက ေသာက္လည္း ေသာက္ႏိုင္သည္။ စားလည္း စားႏိုင္သည္။

စားေသာက္ၿပီးေတာ့ ကြၽႏ္ုပ္တို႔အဖြဲ႕ ေနမဝင္ခင္ လယ္ထဲ ဆင္းၾကသည္။ ပတ္ဝန္းက်င္အား ႀကိဳတင္ေလ့လာထားရန္ ျဖစ္သည္။

႐ြာကထြက္သည္ႏွင့္ ေ႐ႊဝါေရာင္စပါးခင္းႀကီးမွာ ဝင္းထိန္ေနပါသည္။ မၾကာခင္ရက္ပိုင္းအတြင္း ရိတ္သိမ္းရေတာ့မည္ျဖစ္သည္။

နတ္ေရတြင္းႏွင့္ နတ္တံခါး႐ြာ စပါးခင္းမ်ားမွာ က်ယ္ျပန႔္လြန္းသျဖင့္ ဆက္ေနသည္။ အလယ္တြင္ ပီေလာႏွင့္ ငွက္ေပ်ာေတာမွာ စိမ္းညိဳ႕ေနသည္။ စပါးခင္းအဆုံးတြင္ ႐ိုးမေတာႀကီးက ညိဳ႕ညိဳ႕မႈိင္းမႈိင္း ဆီးတားထား၏။ ေတာအတြင္းမွ ေတာေကာင္မွာ အုပ္လိုက္ဆင္း၍ စိုက္ခင္းအား ဖ်က္ဆီးၾကျခင္းျဖစ္ေပသည္။

ေျခတံရွည္တဲႀကီး (၃) လုံးအား ေတာစပ္ႏွင့္ စိုက္ခင္းအနီး၌ ဖိုခုံေလာက္ဆိုင္ တည္ေဆာက္ထားသည္။ သစ္ဝါးေပါသျဖင့္ အခိုင္အမာ တည္ေဆာက္ထားေသာ တဲအိမ္ႀကီးမ်ားျဖစ္သည္။

ယေန႔ည သစ္ေတာအဖြဲ႕မွ အမဲပစ္မည္ဟု အေၾကာင္းၾကားထားသျဖင့္ တဲအိမ္ႀကီးမ်ားေပၚတြင္ အေစာင့္မရွိပါ။

ကြၽႏ္ုပ္တို႔သည္ တဲအိမ္ႀကီး(၃)လုံးတြင္ ေနရာယူရန္ အဖြဲ႕(၃)ဖြဲ႕ ခြဲလိုက္သည္။

ကြၽႏ္ုပ္ႏွင့္ ေက်ာ္စိန္ဝင္း၊ တပည့္ေအာင္ဘုတို႔က အလယ္တဲ စိုက္ပ်ိဳးခင္းအနီး၌ ေနရာယူသည္။

ကိုအင္နီႏွင့္ ေတာအုပ္ေဇာ္မင္း၊ ႐ြာသားတစ္ဦးတို႔က လက္ဝဲဘက္ေတာစပ္ တဲအိမ္ႀကီးတြင္ ေနရာယူသည္။

ဦးလွဘူးႏွင့္ ကိုတင္သိန္း၊ ကိုေစာေအာင္တို႔က လက္ယာဘက္အစြန္းဆုံးတြင္ ေနရာယူၾကသည္။

လယ္တဲႀကီး တစ္ခုႏွင့္ တစ္ခုမွာ ကိုက္(၃၀၀)ခန႔္ေဝးၿပီး သုံးပြင့္ဆိုင္အေနအထားျဖစ္သည္။

အစီအစဥ္မွာ အလယ္အတြင္းတဲ ကြၽႏ္ုပ္တို႔အနီး စိုက္ခင္းကို ေတာေကာင္မ်ားဝင္ေရာက္လာေအာင္ေစာင့္ၿပီး ကြၽႏ္ုပ္တို႔က အရင္ပစ္ခတ္ရန္ ျဖစ္သည္။ ေတာစပ္ရွိ စပါးခင္းအား ဝင္ေရာက္လွ်င္ဝင္ ေရာက္ခ်င္း ပစ္ခတ္ပါက မပိုင္ဘဲ တစ္တဲကသာ ပစ္ခတ္ခြင့္ရမည္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။

လယ္တဲမ်ားမွာ ေတာစပ္ျဖစ္၍ ျခင္အလြန္ကိုက္သည္။ ကြၽႏ္ုပ္တို႔တာဝန္က်ေသာ လယ္တဲႀကီးမွာ ပီေလာခင္း၊ ငွက္ေပ်ာေတာႏွင့္ နီးသျဖင့္ ျခင္ပိုကိုက္သည္ဟု ထင္ရသည္။ တဲေပၚတြင္ မီးလင္းဖိုႏွင့္ ထင္းမ်ား အသင့္ရွိေသာ္လည္း မီးမဖိုရဲပါ။

တျဖည္းျဖည္း အေမွာင္ထုက စိုးမိုးလာသည္။ ည(၈)နာရီခန႔္တြင္ ေတာဘက္မွ ဆတ္တစ္သံေခ်ေဟာက္သံ၊ ဝက္ေအာ္သံမ်ား ၾကားလာရသည္။

လဆန္းရက္ တစ္ျခမ္းပဲ့လကေလးက သာေနသည္။ ၾကယ္ေရာင္မွိန္မွိန္ေအာက္တြင္ ေ႐ႊဝါေရာင္စပါးခင္းႀကီးက အိပ္ေမာက် ၿငိမ္သက္ေနသည္။

မၾကာပါ။ မည္းမည္းလုံးလုံးမ်ားႏွင့္ ဦးခ်ိဳေထာင္ေထာင္ အေကာင္မ်ား တစ္သုတ္ၿပီးတစ္သုတ္ ဝင္လာၾကသည္။

ကြၽႏ္ုပ္တို႔အဖြဲ႕ ႏွင့္ ကိုက္(၁၀၀)ေက်ာ္ခန႔္လွမ္းေနေသာ ပဲခင္း၊ ကန္စြန္းဥခင္းႏွင့္ ပိေလာဥခင္းအား ဝင္စားၾကျခင္းျဖစ္၏။

လက္လွမ္းမီသည္ႏွင့္ တပည့္ေက်ာ္ေအာင္ဘုက မီးထိုးေပးသည္။ မီးေရာင္ေအာင္တြင္ ေျခာက္စေထာင္ ခ်ိဳကားဆတ္ဖားႀကီးႏွင့္ ဒရယ္အုပ္ေနာက္၌ မည္းမည္းလုံးလုံး ေတာဝက္အုပ္ႀကီး။

ကြၽႏ္ုပ္ အေသအခ်ာခ်ိန္၍ ဆတ္ဖားႀကီး၏ ႏွလုံးသားရွိရာ လက္ျပင္အေနာက္ဘက္သို႔ မဂၢနမ္႐ိုင္ဖယ္ျဖင့္ ပစ္ခ်လိုက္သည္။

“ဒိုင္း”

ေသနတ္သံမွာပဲ့တင္၍ ဟိန္းသြားၿပီး ယမ္းေငြ႕မ်ားအၾကားမွ ျမင္လိုက္ရသည့္ျမင္ကြင္းမွာ အလြန္အံ့ဩစရာေကာင္းလွသည္။

ဆတ္ဖားႀကီးမွာ ခ်က္ေကာင္းထိ၍ လဲၿပိဳသြားသည္။ ဒရယ္အုပ္ႏွင့္ ေတာဝက္အုပ္ ကမူးရႉးထိုးေျပးၾကသည္။ သို႔ေသာ္ ဆတ္ဖားႀကီးမွာ လဲၿပိဳ ေနရာက ကုန္းထေနသည္။

ကြၽႏ္ုပ္ဒုတိယအႀကိမ္ က်ည္ထိုးၿပီး ဆတ္ဖားႀကီးအား ခ်ိန္႐ြယ္လိုက္စဥ္ ကိုေဇာ္မင္းႏွင့္ ဦးလွဘူးတို႔အဖြဲ႕ဘက္မွ ပစ္ခတ္သံမ်ားၾကားရသည္။

“ဒိန္း … ဒိန္း”

“ဒိုင္း … ဒိုင္း … ဒိုင္း”

ကြၽႏ္ုပ္လည္း ျပန္ထလာေနေသာ ဆတ္ဖားႀကီးအား ပစ္ျပန္သည္။

“ဒိုင္း”

ဆတ္ဖားႀကီးမွာ က်ည္ဆန္မွန္၍ လဲၿပိဳသြားေသာ္လည္း ျပန္ကုန္းထေနျပန္သည္။ ကြၽႏ္ုပ္ အလြန္အံ့ဩမိသည္။

တတိယအႀကိမ္ က်ည္ထိုးၿပီး ပစ္ရန္အလုပ္ လက္ဝဲဘက္အစြန္တဲမွ မုဆိုးကိုအင္နီ၏ ေအာ္သံကို ၾကားလိုက္ရသည္။

“မပစ္ၾကနဲ႔ေတာ့ ဆရာတို႔၊ ေတာစီးေနၿပီ။ ေအာက္ကိုလည္း မဆင္းၾကပါနဲ႔။ ခဏေစာင့္ပါ’”

ကိုအင္နီ၏ ေအာ္သံၾကားေတာ့မွ ေသနတ္သံမ်ား ၿငိမ္သြားသလို ကြၽႏ္ုပ္ပစ္၍ ျပန္ျပန္ထလာေသာ ဆတ္ဖားႀကီးမွာလည္း လဲၿပိဳက်သြားသည္။

မည္သို႔ျဖစ္သည္မသိ။ မႀကဳံဘူးေသာ အျဖစ္အပ်က္မ်ိဳးျဖစ္သည္။

ကြင္းျပင္မွာ ၿငိမ္သက္ေနသည္။

နာရီဝက္ခန႔္ေစာင့္ၿပီးမွ ကိုအင္နီ၏ေအာ္သံကို ၾကားရျပန္သည္။

“ဆရာတို႔အားလုံး ေအာက္ဆင္းလို႔ရၿပီ။ သားေကာင္ေတြကို ထမ္းၿပီး ဆရာဦးေနေအာင္တို႔ လယ္တဲေရွ႕မွာ စုၾကမယ္။ သတိေတာ့ ထားပါ။ ေျခခင္းလက္ခင္း ၾကည့္ဆင္းၾကပါ”

ကြၽႏ္ုပ္တို႔အားလုံး ဓာတ္မီးမ်ားထိုး၍ တဲေအာက္သို႔ဆင္းၾကသည္။ ပစ္ထားေသာ သားေကာင္မ်ားဆီသို႔ သြားၾကသည္။

ဆတ္ဖားႀကီးမွာ ပထမတစ္ခ်က္တည္းႏွင့္ ေသကြင္းကို မွန္ထားျခင္းျဖစ္သည္။ ျပန္ထလာစရာ အေၾကာင္းမရွိႏိုင္ပါ။ မၾကာမီ ေတာေကာင္မ်ားကိုယ္စီ ထမ္း၍ အဖြဲ႕မ်ား ေရာက္လာၾကသည္။

ကြၽႏ္ုပ္က …

“ဘယ္လိုျဖစ္တာလဲ ကိုအင္နီ”

“ေတာစီးတာ ဆရာ။ လယ္ကြင္းထဲမွာ ေတာစီးတာ အလြန္ျဖစ္ခဲပါတယ္။ ေျခာက္စေထာင္ဆတ္ဖားႀကီး ဝင္လာကတည္းက အေမွာင္ထဲမွာ ငါေသခ်ာၾကည့္လို႔ ျမင္လိုက္ရတယ္။ ဆတ္ဖားႀကီးေက်ာေပၚ မွာ ေမ်ာက္လိုလို နီနီရဲရဲေလး၊ ေမ်ာက္ညိဳအ႐ြယ္ေလာက္ပဲရွိမယ္။ ဆတ္ဖားႀကီးဦးခ်ိဳကို လက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး စီးလာတာ”

“ကြၽန္ေတာ္တို႔ေတြေတာ့ အဲဒီအေကာင္ကေလးကို မျမင္ရပါဘူး ကိုအင္နီရယ္။ ဆတ္ဖားႀကီးျပန္ထထလာလို႔ ပစ္ရတာပါ။ ဒီမွာ ၾကည့္ပါဦး။ ထိခ်က္ကလည္း ေကာင္းပါတယ္”

“ဟုတ္တယ္ ဆရာ။ ဒါကို ေတာစီးတာလို႔ေခၚတယ္။ တစ္ေယာက္ေယာက္ စည္းေဖာက္လို႔ ျဖစ္လိမ့္မယ္။ ဒါေၾကာင့္ ကြင္းပိုင္ႀကီးက ေျခာက္လွန႔္တာ”

ကြၽႏ္ုပ္တို႔အားလုံး ဦးလွဘူးအား လွမ္းၾကည့္လိုက္ၾကသည္။ သူက အရက္ထည့္ထားေသာ ေရဘူးကို ေမာ့ေနသည္။

– ၿပီး –

စာေရးသူ – ေထာင္မႉးႀကီးသိန္းဝင္း