” ကျီးဝဲကျွန်းပေါ်က လူသတ်မှု ” (စ-ဆုံး)

Unicode Version

” ကျီးဝဲကျွန်းပေါ်က လူသတ်မှု ” (စ-ဆုံး)
———————————————-

မောင်ညိုမှိုင်း (သန်လျင်)

မိမိစခန်းမှာ တာဝန်ကျနေစဉ်(…) အနောက်ရပ်ကွက်၊ ဥက္ကဋ္ဌ ဦးခင်မောင်ကြီးနှင့် အဖွဲ့ဝင်နှစ်ဦး ရေးကြီးသုတ်ပျားဖြင့် ရောက်ချ လာသည်။

“ဘယ်လို အရေးပေါ်လာလို့လဲ ဥက္ကဋ္ဌကြီး” .

“အရေးကြီးတယ် ဆရာညိုရေ …ပဲခူးမြစ် ကျီးဝဲကျွန်း ပေါ်မှာ မြေမြှုပ်ထားတဲ့ လူသေအလောင်းတစ်ခု တွေ့လာလို့ လာအ ကြောင်း ကြားတာ”

“ဗျာ…ကျီးဝဲကျွန်းပေါ်မှာ ဟုတ်လား၊ ယောက်ျားအလောင်း လား။ မိန်းမအလောင်းလား ဥက္ကဋ္ဌကြီး” .. “

ဒါတော့ မသိသေးဘူး ဆရာညို၊ ဒီကောင် ထွန်းခင်ရယ် ပိုက်တန်းချည်ရင်း သူ့ခွေးနဲ့ ကျီးဝဲကျွန်းပေါ် တက်နားနေတုန်း ခွေးက
လျှောက် သွားနေရာက ကျင်းတစ်ကျင်းကို ယက်နေပြီး မသင်္ကာစရာ ဟောင်သံလည်း ကြားနေတာနဲ့ သွားကြည့်လိုက်တော့ မြေကျင်းထဲကနေပွယောင်းနေတဲ့ လက်တစ်ဖက်ပေါ်နေတာတွေ့တာနဲ့ အမြန်ပြန်ချလာပြီး ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်၊ သွားကြည့်တော့ ဟုတ်တယ်၊ ဒါ ဆရာတို့ စခန်းကို သတင်းလာပို့တာပဲ”

သို့နှင့် ဦးစွာတွေ့ခဲ့သည့် တံငါသည်ရေလုပ်သား ထွန်းခင်ဆို ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ပြီးနောက် တွေ့ရှိချက်အကျဉ်းကို နယ် မှူးထံသို့ အစီရင်ခံလိုက်ပြီး ရပ်ကွက်ဥက္ကဋ္ဌ၏ ပထမသတင်းပေး တိုင်ကြား ချက်ကို ရေးသွင်းမှတ်ယူလိုက်သည်။
၎င်းနောက် ဒုရဲအုပ်စံကြည် နယ်ထိန်းတပ်ကြပ်မြင့်စိုး အပါအ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မှုခင်းဓာတ်ပုံဆရာ ဦးဇော်ဖေပါခေါ်ပြီး ဦးတင်အောင်ကြီးတို့အဖွဲ့ကို လိုက်ပါစေလျက် အလောင်းတွေ့ရှိရာ ကျီးဝဲကျွန်းသို့ အမြန်ထွက်လာလိုက်ကြသည်။

&&&&&&&&&&&&&

ကျီးဝဲကျွန်းသည် သန်လျင်ဘက်ကကြည့်လျှင် သင်္ဘောဆိပ် မျက်နှာစာရှေ့ ပဲခူးမြစ်ပေါ်မှာရှိသည့် သောင်ထွန်းနေသည့် ရေပေါ် ကျွန်းငယ် ဖြစ်သည်။ သန်လျင်တံတားပေါ်မှကြည့်လျှင် အထင်းသား မြင်နေရသည်။ နှစ်ပေါင်းများစွာ သောင်ထွန်းနေရာမှ ကျွန်းဖြစ် နေခြင်းဖြစ်၏။ ရေကျလျှင် နားနေချင်စဖွယ်ဖြစ်၏။ အနီးအနားမှာ ပိုက်တန်းကြိုးတန်းသူများနှင့် တံငါ လှေသမားတို့ အလျဉ်းသင့်သလို နားခိုရာ ကျွန်းလေးလည်းဖြစ်သည်။

ကျွန်းပေါ်မှာ တံငါသည်များ စားသောက်ခဲ့သည့် အစားအစာ များကို စွန့်ပစ်ကြတိုင်း ကျီးကန်းများက ဝဲပျံရောက်ရှိလာပြီး စားသောက် ကြသဖြင့် အချို့က ခပ်လွယ်လွယ်ဖြင့် ကျီးဝဲကျွန်းဟု ခေါ်လိုက်ရာမှ ဤနာမည်တွင် သွားခဲ့သည်။ ဒုရဲအုပ်ကိုညိုတို့ ရဲမော်တော်သည် ကျီးဝဲကျွန်း အခြေသို့ ဆိုက်ကပ်လိုက်သောအခါ ကောင်းကင်မှာ ကျီးကန်းများနှင့် လင်းတအချို့ ဝဲပျံနေကြသည်။ လင်းတများ ဤဝန်းကျင်မှာ မမြင်ရတာကြာခဲ့ပြီ။ ခုမှပဲ သူတို့ရောက်လာကြခြင်းဖြစ်သည် …။
လူသေအလောင်းမြုပ်ထားသည့် နေရာကား လမုပင်နှစ်ပင် အကြား ကျင်းဟောင်းမှာ ဖြစ်၏။ ရပ်ကွက်လူကြီးအချို့က အနီးမှာ
စောင့်ကြပ်လျက် ရှိ၏။ အလောင်းကိုစတွေ့သည့် ခွေးနက်ကလေးသည် ပြန်ပါလာခဲ့သည်။ ခွေးကလေးက သူ့သခင်နံဘေးမှ ဟောင်နေဆဲ။
ညိုတို့ မြင်လိုက်သည့် မြင်ကွင်းက တော်ယုံလူဆို လိပ်ပြာလွှင့်ချင်စရာ၊

ပွယောင်းစပြုနေသည့် ဘယ်လက်တစ်ချောင်းသည် မှောက်ခုံပေါ် သည်။ အနေအထားက စနစ်တကျမြှုပ်သည့် လက္ခဏာမဟုတ်၊ ကတိုက်ကရိုက် မြှုပ်ထားသည့်သဏ္ဌာန်၊ မြေပုံပေါ်မှာ သဲမြေ၊ နှုန်းမြေနှင့် အဆွေး မြေဇာများပါ ရောပြွန်းနေသည်။ အနံ့လည်း အနည်းငယ် ထွက်နေသည်။
သို့နှင့် ပါလာသူများ အကူအညီ၊ မှုခင်းကျွမ်းကျင်သူများ အကူအညီနှင့် အလောင်းကို ဖော်လိုက်သောအခါ …

“ဟာ…ဒါ…ဒါ ချစ်လွန်းပါလား”

ရပ်ကွက်ဥက္ကဋ္ဌက ပွယောင်းစပြုနေသည့် အလောင်း၏ မျက်နှာ ကို ငုံ့ကြည့်၍ပြောလိုက်တော့ ကျန်အဖွဲ့ဝင်များကပါ ဝိုင်း၍ ထောက်ခံကြသည်။သေသူသည် အင်္ကျီအပြာလက်တိုနှင့် ပုဆိုးအညိုကွက်ကို ဝတ်ထားသည်။ အသက်ခန့်မှန်းမှုအရ (၃၀)ခန့်ရှိသည်။ တုတ်တုတ်ခိုင်ခိုင် ဆံပင်ကုပ်ဝဲအရှည်နှင့်။

ဝဲဘက်ရင်အုံဝန်းကျင်နှင့် ဝမ်းဗိုက်တစ်ဝိုက်မှာ သွေးကွက်များ တွေ့ရပြီး အချို့သွေးများက ခဲနေသည်။ အလောင်းမြုပ်သည့် ကျင်း တွင်းမှ သဲလွန်စသက်သေခံပစ္စည်း ရလိုရငြား၊ ဂရုတစိုက် ရှာလိုက်သောအခါ မြေကြီးများနှင့် ရောလုံးနေသည့် မျက်နှာသုတ်ပဝါ အသေးလေးတစ်ထည်ကို တွေ့ရသည်။ မျက်နှာသုတ်ပဝါ ကလေး၏ အလယ်မှာ လက်ညှိုးလုံးခန့် မီးလောင်ပေါက်တစ်ခုရှိ၏။ ဆက်လက်၍ကြည့်လိုက်သောအခါ သေသူ၏ လက်ထဲမှာ ဆုပ်ထားသည့် ပစ္စည်းတစ်ခု၊ ယူကြည့်လိုက်တော့ အပြာရောင် ကော်ကြယ်သီးတစ်လုံး။
တွေ့ရှိ သက်သေခံပစ္စည်းများအား စနစ်တကျသိမ်းဆည်း၍ သက်သေ ခံ စာရွက်မှာ ဖြည့်စွက်သိမ်းဆည်းလိုက်သည်။ ရဲလုပ်ထုံးနှင့်အညီ မှတ်တမ်း တင်ဓာတ်ပုံများကို ရှုထောင့်အသီးသီးမှ ရိုက်ယူလိုက်သည်။

ပတ်ဝန်းကျင်ကို ဆက်လက် စူးစမ်းလေ့လာလိုက်သောအခါ အလောင်းမြှုပ်သည့်နေရာနှင့် ပေ (၂၀)ခန့်အကွာ မြေပြင်မှာ နီရဲသော သွေးကွက် များနှင့် သွေးစက်လမ်းကြောင်းအချို့ကို မြင်တွေ့လိုက်ရသည်။ လက္ခလို့ ပုံသဏ္ဌာန်အရ ဤနေရာမှာ အချင်းဖြစ်ပွားပြီးနောက် ဒရွတ်တိုက်ဆွဲ ယူကာ အလျင်အမြန် မြှုပ်ခဲ့သည့် ပုံ။ ကိစ္စဝိစ္စများပြီးစီးသည်နှင့် အလောင်းကို ဆေးရုံသို့ပို့ရန် စီစဉ်လိုက်၏။ စခန်းကိုရောက်တော့ မိမိတွေ့ရှိစစ်ဆေးချက်များအား မြို့နယ်မှူးထံ အစီရင် ခံလိုက်သည်။

သေသူချစ်လွန်းကား (…) အနောက်ပိုင်းမှ ရေ လုပ်သား တစ်ဦး ဖြစ်သည်။ မြစ်ဝကျွန်းပေါ်သား တစ်ဦးဖြစ်၏။ ယခုနေရာ၌ အငှားလာနေကာ ပိုက်ချ၊ ကွန်ပစ်၊ ငါးမျှားတန်းလုပ်ငန်း လုပ်ကိုင်နေ၍၊ စီးပွားရေးအခြေအနေ မဆိုးလှဟု သိရသည်။ အိမ်ငှားသည့် အိမ်ရှင်၏ အဆိုအရ ချစ်လွန်း ပြန်မလာသည်မှာ နှစ်ရက်ခန့် ရှိပြီဟု ဆိုသည်။ ချစ်လွန်းသည် အရက် အလွန်ကြိုက်သူ၊ စန်းလည်းပွင့်သူဟု သိရသည်။ ပတ်ဝန်းကျင်၏ ဝေဖန် တီးတိုးစကားများအရဆိုလျှင် သူသည် အနောက်ပိုင်းမှ လင်ရှိမယား တစ်ယောက်နှင့် မရှင်းမရှင်းဖြစ်နေသည်ဟု ဆိုကြသည်။ ဆက်လက်၍ စုံစမ်းကြည့်တော့ ထိုအမျိုးသမီး၏အမည်မှာ မစောနန်းဟု သိရသည်။

အမျိုးသမီးကတော့ အသားမဖြူမညို။ ကိုယ်လုံးကိုယ်ပေါက်က အလွန်လှသည်။ ပါးပေါ်မှ စံပယ်တင်မဲ့နှင့် ညှို့အားတော့ ကောင်းသည်။ (…)ဈေးမှာ ငါးရောင်းသည်။ သူမရဲ့ ယောက်ျားကလည်း တံငါလှေသမား ‘ တစ်ဦးဖြစ်သည်။ အမည်က ဖိုးဇံ။ ဖိုးဇံနှင့် ချစ်လွန်း သည် အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။ ဖိုးဇံကား ဖဲလည်း ရိုက်သည်။ အရက်လည်း သောက်သည်။

စောနန်းက ချစ်လွန်းဖမ်းဆီး၍ရသည့် ငါးမှန်သမျှကို ဒိုင်ခံ ဖောက်သည်ယူသည်တဲ့။ ဤကဲ့သို့သော ́ မမျှော်လင့်ဘဲ သဲလွန်စတစ်ခုရခဲ့ပြန်သည်။
ထို့အပြင် ချစ်လွန်းသည် မသေခင် သုံးရက်က ဘသိန်းအောင် ဆိုသူနှင့် အရက်ဆိုင်မှာ စကားများ ရန်ဖြစ်ခဲ့သည်ဟူ၍လည်း သတင်းရခဲ့သည်။
မြို့နယ်ဆေးရုံကြီးမှ မူခင်းဆရာဝန်၏ ဆေးစစ်ချက် အစီရင်ခံချက်အရ သေသူသည် လွန်ခဲ့သည့် (၄၈)နာရီခန့်က စူးရှချွန်ပြားသည့် လက်နက်နှင့် ဝဲဘက်ရင်ညွန့်သို့ တစ်ချက်၊ ဝမ်းဗိုက်သို့ နှစ်ချက်၊ထိုးသွင်းခံခဲ့ရပြီး ၎င်းဒဏ်ရာများနှင့် မိနစ်ပိုင်းအတွင်း ပွဲချင်းပြီး အဆုံးခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာ၏လက္ခဏာမှာ ပက်လက် အနေအထားရှိနေစဉ် သေသူ၏ဝဲဘက်မှ အားစိုက်၍ ထိုးလိုက်သည့်ဒဏ်ရာ နှလုံးကို ထိသွားခဲ့သည့်ပြင် ဘက် (သို့) သန်ရာဘက်သို့ လက်နက် ဆွဲချလိုက်သဖြင့် ဝဲဘက်သို့ စုတ်ပြဲ စိုက်ခွဲသည့် ဒဏ်ရာလည်းရှိသည်။ စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။ ထို့အပြင် မသေမီ လူးလွန့် သတ်ပုတ်သည့်လက္ခဏာများ တွေ့ရှိခဲ့ရပြီး သေသူ၏ ပါးစပ်အတွင်း အမွှေးပါသည့် အသားစတစ်ခုကို တွေ့ရှိခဲ့ရကြောင်း ဆေးစစ်ချက် ဖော်ပြထား၏။ ၎င်းအသားစနှင့် အမွှေးကား …

“မင်းနဲ့ သေသူချစ်လွန်းနဲ့ အင်္ဂလိပ် -၂၃ရက် ဗုဒ္ဓဟူးနေ့ ညနေ (၄)နာရီက ဖိတောက်ဝါစားသောက်ဆိုင်မှာ စကားများ ရန် ကြတယ်လို့ ကြားသိရတယ် … အဲဒါ ဟုတ်သလား”

သည်အမေးစကားကြောင့် ဘသိန်းအောင် မျက်စေ့မျက်နှာများ ပျက်နေသည်။ ဘသိန်းအောင်သည်ကလည်း အရက်သမား ဖဲသမား လူရှုပ်၊ လူပုံက အသားဖြူဖြူ မှုန်တေတေ စကားပြောလျှင်ဘုကျကျ ဂျစ်ကန်ကန်၊ ခပ်ရိုင်းရိုင်း။

“ပြောလေကွာ…”

“ဟုတ် …ဟုတ်ကဲ့ … ဖြစ်ပါတယ်ဆရာ”

“ဘာကိစ္စနဲ့ ဖြစ်ကြတာလဲ”

“သူက .. ကျွန်တော့်ကို လူကြားသူကြားထဲမှာ ဘိန်းစား အချောင်လိုက်စားနေတဲ့ကောင်လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော် ကလည်း မင်းလို ဒု၊ သ၊ န၊ သော၊ ဟုတ်ဘူးလို့ ပြောရာက ယမ်းပုံမီးကျဖြစ်ပြီး စကားများရန်ဖြစ်ပြီး ထိုးကြိတ်ကြတာပါ ခင်ဗျာ”

“အဲဒီနေ့က မင်း ခံလိုက်ရတယ် … နဖူးပေါက်သွား တယ်၊ အဲဒီအတွက် မင်း ပြောလိုက်တဲ့စကား မင်းမှတ်မိရဲ့လား ဘသိန်းအောင်”

ဘသိန်းအောင်က ထိုအမေးကို လုံးဝပြန်မဖြေနိုင်ဘဲ ကြောင် ကြည့်ကာ နှုတ်ခမ်းများတုန်နေသည်။

“ပြောလေကွာ …မင်း မပြောရင် မျက်မြင်၊ ကြား၊ သိ သက်သေကို ငါတို့ ဆွဲထုတ်ပြလိုက်ရမလား”

“ပြောပါ့မယ် ဆရာ” “ပြော …”

““မင်း …ထမင်းဝအောင်စားထား ချစ်လွန်း … ဆိုတဲ့ စကားလား”

ဒုရဲအုပ်ကိုညိုက ခေါင်းတညိတ်ညိတ်လုပ်ရင်းချွေးများပြန်နေ သည့် ဘသိန်းအောင်မျက်နှာကို စိုက်ကြည့်နေလိုက်သည်။ ၎င်းနောက် အံဆွဲထဲမှ ပစ္စည်းတစ်ခုကိုထုတ်၍ သူ့ရှေ့မှာ ချပြလိုက်သည်။ ပစ္စည်းက လွန်ကော်ကြယ်သီး အပြာရောင်တစ်လုံး၊ ကြယ်သီးက သာမန်အင်္ကျီ ခြယ်သီးထက် ကြီးသည်။ လက်မ လက်သည်းခွံခန့်ရှိသည်။

“ဒီကြယ်သီးတပ်ပြီး ဝတ်ထားတဲ့လူကို မင်း မြင်ဖူးသလား ဘသိန်းအောင်”

ဘသိန်းအောင် ချက်ချင်းလိုလို ခေါင်းညိတ်လိုက်သည်။ တစ်ခါ ကိုညိုက ဒုတိယအကြိမ်မြောက် ပစ္စည်းတစ်ခုဖြစ်သော အလယ်မှာ
မီးလောင် ပေါက်ပါသည့် မျက်နှာသုတ်ပဝါ အသေးလေးကို သူ့ရှေ့မှာချပြလိုက်သည်။

“ဒီပစ္စည်းရှင်ကော၊ မင်းတို့က ဖဲသမားဆိုတော့ မြင်ဖူးမိမှာပေါ့”

“ဟုတ်ကဲ့ …မကြာခဏ မြင်ဖူးပါတယ်”

“ပိုင်ရှင်က ဘယ်သူလဲကွ”

“……..”

“မင်းရဲ့ ပါတနာမဟုတ်လား”

“မဟုတ်ပါဘူး …ဆ .. .ဆရာရယ်၊ ဘုရားပေး ကျမ်းပေးပေးပါ ခင်ဗျာ”

“ဟား…ဟား…ဟား…ဘုရားပေးပေး ကျမ်းပေးပေး၊ တွေ့ကြသေးတာပေါ့ကွာ”

ကိုညိုကပြောရင်း ခွက်ထိုးခွက်လန် ရယ်လိုက်သည်။ ဘသိန်းအောင် ထပြေးရမလိုလို၊ ငိုရမလိုလို၊ ရောယောင်ရယ်ရမလိုနှင့် အကြပ်တွေ့နေခဲ့သည်။
သတင်းအရ (…) ဒီအိမ်တစ်အိမ်ကို ဒုရဲအုပ် ကို အဖွဲ့ဝင်များနှင့် ရပ်ကွက်ဥက္ကဋ္ဌ ဦးတင်မောင်ကြီးတို့အဖွဲ့ဝင်များ ပိုင်းလိုက်ကြသောအခါ ငါးယောက်ဖဲဝိုင်းအတွင်း ဖိုးဇံကိုပါ မိလိုက်သည်။ ၎င်းတို့ အားလုံးအား ရဲစခန်းသို့ ခေါ်လာခဲ့ပြီးနောက် ကျန်လေးယောက်နှင့် အိမ်ရှင်ကို လောင်းကစားမှုဖြင့် အရေးယူကာ ဖိုးဇံကို စစ်ဆေး မေးမြန်းရန် ထားလိုက်သည်။

“ဖိုးဇံ”

“ခင်ဗျာ”

“မင်း ချစ်လွန်းကို သတ်တဲ့ဓားရောကွ”

“ဗျာ…ဘာ…ဘာ …ကျုပ် ချစ်လွန်းကို မ မသတ် ဘာ …ဘာလို့ သတ်ရမှာလဲ .. မသတ်ဘူး”

“အမှန်ကို စောစောစီးစီးဝန်ခံရင် `မင်းအဖို့ ဥပဒေကပေးတဲ့ အခွင့်အရေးရှိတာပေါ့ ဖိုးဇံရာ” .

“ဟင့်အင်း …ကျုပ် မသတ်ဘူး ဒီကိစ္စသိလည်း မသိဘူး”

“အေး …ဒါဆို တို့ မင်းအိမ်မှာ သွားရှာကြတာပေါ့ကွာ လာလိုက်ခဲ့”

ဖိုးဇံကလည်း ခပ်ရဲရဲပင် ရှာကြပေါ့ဗျာဟု ဆိုသည်။ သို့နှင့် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများကိုပါခေါ်၍ ရှာဖွေပုံစံနှင့် ဖိုးဇံအိမ်ကို ရှာဖွေခဲ့သည်။
အိမ်မှာ သူ့မိန်းမ မစောနန်းမရှိ၊ ဈေးသွားရောင်းနေသည်ဟု သည်။ ကိစ္စမရှိ၊ မစောနန်းနှင့်သူ တွေ့ခဲ့ပြီးပါပြီ။

အိမ်ထဲအနှံ့ လိုက်ရှာသည့်တိုင် ဘာသဲလွန်စမှ မတွေ့ရ၍ ကိုညိုပင် ချွေးစို့လာသည်။ ၎င်းနောက် နောက်ဖေးလှေရုံသို့ ဆင်းခဲ့ကြပြီး ပတ်၍ ရေနံချေးသုတ်ထားသည့် လှေအောက်သို့ပါ ပိုက်စိတ်တိုက်ရှာကြသည်။ သည်တွင် ရေနံချေးများနှင့် ပေကျံနေသည့် အင်္ကျီ ထစ်ထည်ကို မမျှော်လင့်ဘဲ သွားတွေ့လိုက်သည်။ ဖြန့်ကြည့် လိုက်သော အခါ ရေနံချေးများနှင့် ရောယှက်နေသည့် မာစေးစေး နီညိုရောင် အကွက်များ ရောပြွန်းနေသည်ကို မသင်္ကာဖွယ် တွေ့ရှိလိုက်သည်။

ဂရုတစိုက် ကြည့်လိုက်သောအခါ ၎င်း အင်္ကျီ၌ အပြာရောင် ကော် ကြယ်သီးများကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ၎င်းကြယ်သီးငါးလုံး အနက် ဒုတိယမြောက် ကြယ်သီးနေရာသည် ကွက်လပ် ဖြစ်နေသည် ။ သို့ဖြစ်၍ အဆိုပါအင်္ကျီကို သက်သေများရှေ့တွင် ရှာဖွေပုံစံနှင့် သိမ်း ဆည်းလိုက်သည်။
ပြီးနောက် ဖိုးဇံကို စခန်းသို့ပြန်ခေါ်လာခဲ့ပြီးချော့၍မေးရသည်။

“ဖိုးဇံ …ငါတို့က မပိုင်ရင် မဖမ်းဘူး၊ ဖိုးဇံ မင်းသတ်တယ် ဆိုတာ ငါတို့ အခိုင်အလုံ သက်သေပြနိုင်တယ် မင်းကိုယ်တိုင် ဝန်ခံ တော့ ခံစားခွင့်ရှိမှာမို့ပါ ငါ့ညီရာ”

“ကျုပ်မှ မသတ်တာဗျာ၊ ဘသိန်းအောင်နဲ့ သူနဲ့ ရန်ဖြစ်ရင်း ကြိမ်းဝါးကြတာ ဖဲသမား၊ အရက်သမားတိုင်း အသိပဲဥစွာ သတ်ချင်း သတ်ရင် …”

““ဒီကြယ်သီးက ဘယ်သူ့ကြယ်သီးလည်း ဖိုးဇံ”

ဒုရဲအုပ်ကိုညိုက အပြာရောင်ကြယ်သီး တစ်လုံးကို သူ့ရှေ့တွင် ခင်းပြလိုက်သည်။ ဖိုးဇံ ကြယ်သီးကိုကြည့်၍ အံ့သြသွားသည်။ သည့် နောက် ကိုညိုက လှေအောက်မှ သိမ်းဆည်းလာသည့် ရေနံချေး သုတ်ထားသော အင်္ကျီအဟောင်းကို ဖြန့်ခင်းပြလိုက်ပြီး အပြာရောင် ကြယ် ငါးလုံးအနက်မှ ဒုတိယကွက်လပ်ဖြစ်နေသည့်နေရာသို့ လက်ရှိ ကြယ်သီးကို တင်ပြလိုက်ကာ ပြုံးပြလိုက်၏။

“ဘယ်နဲ့လဲ ဖိုးဇံ ကွက်တိပဲ မဟုတ်လား”

ဖိုးဇံ ခေါင်းမညိတ် ငိုင်ကြည့်နေသည်။

“ဒါမှ မခိုင်လုံသေးဘူးလို့ ထင်ရင် သေသူရဲ့ အလောင်း ဖော်ရင်း က ကျင်းထဲကရခဲ့တဲ့ ဟောဒီမျက်နှာသုတ်ပဝါလေး ကြည့်လိုက်ပါဦး ဖိုးဇံ အလယ်မှာ မီးလောင်ပေါက်ကြီးနဲ့ …ရော့”

သူက စက္ကူအိတ်ထဲမှာ သက်သေခံ သိမ်းဆည်းထားသည့် မျက်နှာသုတ်ပဝါကလေးကို သူ့ရှေ့သို့ ထပ်မံချပြလိုက်သောအခါ လက်တွေတုန်လာသည်၊

“ဒီမျက်နှာသုတ်ပဝါက မင်း ငါးရှာထွက်တိုင်း ဖဲဝိုင်း အရက်ဝိုင်းသွားလေရာ လည်ပင်းပေါ်မှာ ပါလေ့ရှိတဲ့ပစ္စည်းပဲ ဖိုင် အပေါက်က ဖဲဝိုင်းမှာ မီးပေါက်ကျပြီးပေါက်ခဲ့တာ၊ မင်းမိတ်ဆွေတွေ သက်သေခံလေရဲ့၊ ဒီအကြောင်း ဘသိန်းအောင်ရော လှေသမားတွေကလဲ ပြောကြတယ်။ ကုန်ကုန်ပြောရရင် မင်းမိန်းမ မစောနန်းကအစ မင်းပစ္စည်းပါလို့ ပြောခဲ့ တယ်”

“ဒါ…ဒါပျောက်သွားတာ ကြာပြီဗျ”

“ဟား…ဟား…ဟား ဖိုးဇံ …ဖိုးဇံ ဧရာမ လူသတ်မှုကြီးလည်း ကျူးလွန်သေးတယ်၊ ပိရိသေသပ်မှုလည်း မရှိပါလား ဖိုးစံရာ … ကောင်းပြီကွာ …ဒါကိုမှ မင်းက လက်မခံနိုင်သေးဘူး ဆိုရင် ဖိုးဇံ …မင်းမျက်နှာကို မော့လိုက်စမ်းပါကွာ …”

ကိုညိုရဲ့ မာထန်ထန် ပြောစကားကြောင့် ဖိုးဇံ နေရာမှ အလန့်တကြား မျက်နှာကိုမော့လိုက်သည်။

“မင်း ဘယ်ဘက်မျက်ခုံးတစ်ခု ဘယ်ရောက်သွားလဲ”

ထိုမေးခွန်းကြောင့် ဖိုးဇံမှာ အလန့်တကြားဖြစ်ရင်း သူ့မျက်ခုံးကို ဘယ်လက်နှင့် စမ်းကြည့်လိုက်သည်။ ဖိုးဇံရဲ့ လက်ဝဲဘက် မျက်ခုံး မှာ ဟန်းနီးပလာစတာတစ်ခု ကပ်ထားလျက်။

“အဲဒီမျက်ခုံးကိစ္စ မင်း မပြောနိုင်ဘူး မဟုတ်လား၊ အေး ဒီမယ် ဖိုးဇံ ၊ မင်း ချစ်လွန်းကို လွန်ခဲ့တဲ့ (၃)ရက် အင်္ဂါနေ့ညနေက ကျီးဝဲကျွန်းပေါ်မှာ ဓားနဲ့ထိုးသတ်ခဲ့တယ်၊ မင်းက ဘယ်သန်လေ၊ မင်းတို့ လုံးထွေး သတ်ပုတ်ရင်း မင်းရင်ဘက်က ကြယ်သီးတစ်လုံး ချစ်လွန်းရဲ့ လက်ထဲကို ပါသွားတယ်၊ ချစ်လွန်းက သေအံ့မှုးမှုးမှာ လုံးထွေးရင်း ရရာကို ကိုက်လိုက်တာ မင်းရဲ့ ဘယ်ဘက်မျက်ခုံးကို ကိုက်မိသွားခဲ့တယ်၊ အဲဒီမျက်ခုံးက သေသူချစ်လွန်းရဲ့ ပါးစပ်ထဲပါသွားတယ်၊ မှုခင်းဆရာဝန်က ဒီပစ္စည်းကို မျက်ခုံးနဲ့မျက်ခုံးမွှေးပါလို့ အတိအကျ ရည်ညွှန်းသက်သေခံခဲ့တယ်၊ အဲဒီ တစ်ရူးနဲ့ မင်းရဲ့ ဒဏ်ရာက တစ်ရူးကို ဓာတုဗေဒဝန်ရုံးမှာ စမ်းသပ်တိုက်ဆိုင် လိုက်ရင် ..မင်း ကြိုးစင်ကို ရောက်သွားနိုင်တယ် ငါ့ညီ”

သူ့စကားဆုံးသောအခါ ဖိုးဇံ ဇက်ကျိုးကျသွားခဲ့သည်။ ဝမ်းနည်းစွာ တစ်ချက်ရှိုက်လိုက်တော့ မျက်ရည်ပေါက်အချို့က စားပွဲပေါ်သို့ ကျသွားခဲ့သည်။ ရုတ်ချည်းဆိုသလို အံကိုကြိတ်လိုက်ပြီး ရင်ကိုမတ်သည်။

“ကျွန် …ကျွန်တော် ဝန်ခံပါတော့မယ် ဆရာ၊ ချစ်လွန်းကို ကျွန်တော် သတ်မိပါတယ်”

“အေး …ဒီလိုဝန်ခံရဲမှာပေါ့ကွာ၊ ယောက်ျားပဲ လုပ်တုန်းက လုပ်ခဲ့ပြီးပြီ၊ အေး …ခံစရာရှိရင် ခံရဲရမှာပေါ့…ကဲ ပြောစမ်းပါ ဦး ၊ မင်း …ဘာကြောင့် လူတစ်ယောက်ကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ခဲ့တာလဲကွာ…ဟင်”

“ဒီလိုပါဆရာ၊ ချစ်လွန်းဟာ မြစ်ဝကျွန်းပေါ်ကနေ ဒီရောက်တော့ အခြေအနေမဲ့ပါ။ တံငါအကြောင်း နားလည်တယ်ဆိုလို့ အရက်ဝိုင်း တစ်ခုမှာ ရင်းနှီးရာကနေ အိမ်အလည်ပါတဲ့အထိ ရင်းနှီးခဲ့ကြပါတယ်၊ နောက်ပိုင်း ညီလို၊ အစ်ကိုလိုခင်ရာကနေ လှေတစ်စင်းနဲ့ ကွန်တခု ကျွန်တော် တောင်ပေးခဲ့သေးတယ်၊ ငါးရရင် ကျွန်တော့်မိန်းမ မစော ကို ပေါက်ဈေးနဲ့အပ်”

“အင်း … ဆက်ပြောပါဦးကွာ”

“ဒီနေရာမှာ အိမ်ကမိန်းမက အနေအထိုင် မတတ် လဲပါတာပေါ့ ဆရာရယ်၊ ဟိုကောင်က အပြောကောင်း ဆရာရဲ၊ မိန်းမများ မြှောက်ပင့် ပေါင်းလားပေါင်းရဲ့ ၊ ဒါကို အိမ်ကမိန်းမက ခံတွင်းတွေ့နေတယ်လေ၊ ဟိုကောင်ကလည်း ငွေများ လက်ထဲရွှင်နေ | ရန်ကုန်ကပြန်လာရင် အထည်ကလေး မိတ်ကပ်၊ နှုတ်ခမ်းနီလေးက ဝယ်ဝယ်လာပြီး အစ်မဖို့၊ အစ်မဖို့နဲ့ သည်းတော့တာပဲ၊ အိမ်ကမိန်း မ ဒီကိစ္စ သတိပေးပေမယ့် သင်းကလည်း တစ်မျိုးပဲ”

“အဲဒီကိစ္စအထိ ဖြစ်ခဲ့ကြသလား”

“ကျွန်တော်က ဖဲရိုက်တာ သိပ်ဝါသနာကြီးတယ်၊ သိတဲ့ တိုင်းပဲ တံငါအလုပ်က ငွေဖြစ်မြန်တယ်၊ ဖဲဝိုင်းကောင်းရင် ကျွန်တော် မိုးလင်းမှ ပြန်ချင်ပြန်လာတာရယ်၊ အဲဒီမှာ ဟိုကောင်နဲ့ အိမ်ကမိန်း
မ ဖောက်ပြန် ကြတယ်။ ဒါကို အိမ်နီးနားချင်းတွေက ကျုပ်ကို တိုး တိတ်တိတ် ပြောပြ ကြတယ်၊ ကျုပ်မိန်းမကို ကျုပ်ကယုံတော့ ဒီအတိုင်းနေကြတာပေါ့၊ တစ်ခါ တစ်လေ စောနန်းကို သတိပေးရင် သူက ပတ်ဝန်းကျင်ကို ဖေရော၊ မောင်ရော၊ ကုန်အောင်တုတ်ရောဗျ၊ ဟိုကောင်ကလည်း ဒီလိုသမုတ်ခံရလို့ ရှက်လှချည်ရဲ့လို့ ဆိုလေရဲ့ ခင်ဗျ။

တစ်ည ပေါ့ဗျာ၊ ထန်းပင်ချောင် အသုဘဖဲဝိုင်းမှာ ဖဲရှုံးလို့ အိမ်ပြန် အလာမှာ သူတို့နှစ်ယောက်ကို အခန်းထဲမှာ အတူတကွ တွေ့လိုက် ရတယ်၊ ကျွန်တော့်ရင်မှာ ကျွဲဆယ်ကောင် ဝင်ခတ်သလိုပါပဲ ချက်ချင်းအ
ပြတ် ရှင်းလိုက်ရင် ကောင်းမလားလို့ စဉ်းစားခဲ့ပေမယ့် ကျုပ် ချစ်ရတဲ့မိန်းမ ရှိနေသေးတော့၊ ဒီကောင် ကို အေးအေးဆေးဆေး ရှင်းပစ်မယ်လို့ စိတ်ကို ဆုံးဖြတ်ပြီး ဝမ်းနည်းကြေကွဲ နာကျည်းစွာနဲ့ မသိချင် ယောင်ဆောင် လိုက် ရတယ်။

“အငြိုးအတေးထားခဲ့တယ်လို့ ပြောရမှာပေါ့နော်”

“ဟုတ်ပါတယ်၊ တစ်ညနေတော့ ကျီးဝဲကျွန်းမှာ ငါးမျှားသွားကြဖို့ ချစ်လွန်းကို မရမကခေါ်ခဲ့လိုက်တယ်။ ကြိုးတန်းချပြီး ကျွန်းပေါ် တက်တယ်၊ ပါလာတဲ့အရက်တစ်လုံးကို နှစ်ယောက်သောက်ကြတယ်။ ကျွန်တော်က အကြံသမားဆိုတော့ လျော့သောက်လိုက်တယ်၊ ညနေစာ
ဖြစ်သလိုစားသောက်ပြီး မူးမူးနဲ့ အိပ်ပျော်ချိန်မှာ ကျွန်တော်က ဘယ်သန် ဆိုတော့ သူ့ဘယ်ဘက်ကဝင်ပြီး ပက်လက်အိပ်နေတဲ့ ဒီကောင့်ရင်ဝကို ရင်ဘတ်ကြားမှာ ဝှက်လာတဲ့ဓားမြှောင်နဲ့ ထိုးစိုက်လိုက်တယ်”

“အဲဒီနောက် ဘယ်လိုဆက်လုပ်သေးလဲ” .

“ချစ်လွန်း စူးစူးဝါးဝါး ထအော်ရင်း ကျွန်တော့်လက်ထဲက ဓားကို လုတယ်။ ရင်ဘတ်အင်္ကျီကိုဆွဲတယ်၊ အဲဒီမှာ လုံးကြထွေးကြဖြစ်ပြီး တိုက်မိ ကိုက်ရာကို ကိုက်လိုက်တာ ကျွန်တော့် ဘယ်ဘက်မျက်စေ့နဲ့ မျက်ခုံးကို ကိုက်မိပြီး မျက်ခုံးပြတ်ထွက်သွားတယ်၊ နောက်ဆုံး သူ့ဝမ်းဗိုက်ကို ဓားမြှောင်နဲ့ ထပ်ထိုးလိုက်တော့မှ သူများမယား ကြာခိုတဲ့အကောင် ငြိမ်ကျသွားတယ်၊ ချက်ချင်းပဲ မြှုပ်ရမယ့်နေရာ လိုက်ကြည့်လိုက်တော့
လမုနှစ်ပင်ကြားမှာ ကျင်းချိုင့်တစ်ခုတွေ့တာနဲ့ ဒရွတ်တိုက်ဆွဲပြီး ပစ်ချခဲ့တယ်။ နီးရာသဲမြေဆွေး သစ်ရွက်တွေနဲ့ အခြားလှေသမားတွေ
မလာခင် မမြင်ရအောင် မြှုပ်လိုက်တယ်၊ အင်း ကံဆိုးချင်တော့ ကျွန်တော်သွားလေရာပါတဲ့ လည်ပင်းပေါ်က မာဖလာလို ပဝါလေးလဲ
ကျင်းထဲကျကျန်ခဲ့တာ မသိလိုက်ဖူး၊ ဒင်းကိုမြုပ်လည်းပြီးရော ကြိုးတန်းတွေသိမ်း အိမ်ပြန်ခဲ့လိုက်တယ်၊ မိန်းမက ချစ်လွန်း ရောတဲ့၊
အစောင့်ထားခဲ့တယ်လို့ ပြောလိုက်တယ်”

“သက်သေခံဓားမြှောင်ကို ဘယ်မှာ ဝှက်ထားသလဲ”

“ ဓားမြှောင်ကို လှေထားတဲ့နေရာမှာ ဝှက်ခဲ့ပါတယ်၊ သွေးပေနေတဲ့ အင်္ကျီကို ရေနံချေးနဲ့နှစ်ပြီး လှေနံရံသုတ်တဲ့အဝတ် လုပ် လိုက်တယ်၊ ပြောရရင် သစ္စာမရှိ၊ ကျေးဇူးမသိ၊ သရေပေါ်အိပ်
သရေနားစားပြီး ကျုပ်ချစ်တဲ့မယားကို ကြာခိုလို့ ဒင်းကို ကျွန်တော်ဂနာကြည်းစွာ သတ်မိလိုက်တာပါ ဆရာရယ်၊ အူနုကို ကျွဲခတ်လို့ သတ် တာပါ ဆရာ”

၎င်းနောက် တရားခံဖိုးဇံက ပြစ်မှုကျူးလွန်ရာမှ အသုံးပြုခဲ့သော သက်သေခံဓားမြှောင်ဝှက်သည့်နေရာသို့ ကိုယ်တိုင်လိုက်ပြပေးသည်။ စနစ်တကျသိမ်းဆည်းခဲ့သည်။ တရားခံက ဝန်ခံချက်ပေးချင်သည်ဆို မြို့နယ် တရားသူကြီးတစ်ဦးထံ ပို့ဆောင်ခဲ့ရာ တရားသူကြီးရှေ့မှောက်ထွက်ဆိုချက်ပေးခဲ့သည်။

&&&&&&&&&&&&&&

များမကြာမီ ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ သက်သေခံ – ပစ္စည်းများ၊ သက်သေကိုယ်တိုင် ထွက်ဆိုချက်များ၊ မှုခင်းဆရာဝန်၏ – ဆေးစာအစီရင်ခံ ချက်များ၊ ဓာတုဗေဒဝန်ရုံးမှ စစ်ဆေး တွေ့ရှိချက်များဖြင့်
အမှုကို စနစ်တကျ တည်ဆောက်ကာ ရုံးတော်သို့ တရားစွဲ တင်ပို့ ခဲ့သည်။ ရုံးထုတ်သည့်နေ့က တရားခံဖိုးဇံကို အချစ်အတွက် ရက်စက်
သော အချစ်လူဆိုးအဖြစ် မြင်လိုက်ရသော်လည်း သူ့မိန်းမ စောနန်းမှာမူ မျက်နှာမှာ မိတ်ကပ်အဖွေးသား၊ နှုတ်ခမ်းမှာ နှုတ်ခမ်းနီ အပြာနု
ရောင် ခပ်ပါးပါးနှင့် ခပ်သွက်သွက် လမ်းလျှောက်နေပုံများမှာ ကြေကွဲမှုကင်းမဲ့သောမျက်နှာဟု မှတ်ယူလိုက်၏။

ဪ …အိမ်ထောင်ဖက်၏ ဆိုးမွေကြောင့် ခင်ပွန်းဖြစ်သူမှာ လူဆိုးဘဝသို့ ရုတ်တရက်ပြောင်းလဲသွားရသည်မှာ အိမ်ထောင်သည်တို့ အတွက် သင်ခန်းစာယူစရာ ဖြစ်ရပေတော့သည်။ ။

တကယ့်ဖြစ်ရပ်မှုခင်း ၂၀၀၂ခုနှစ်- သြဂုတ်လ

Zawgyi Version

” က်ီးဝဲကြၽန္းေပၚက လူသတ္မႈ ” (စ-ဆုံး)
———————————————-

ေမာင္ညိဳမႈိင္း (သန္လ်င္)

မိမိစခန္းမွာ တာဝန္က်ေနစဥ္(…) အေနာက္ရပ္ကြက္၊ ဥကၠ႒ ဦးခင္ေမာင္ႀကီးႏွင့္ အဖြဲ႕ဝင္ႏွစ္ဦး ေရးႀကီးသုတ္ပ်ားျဖင့္ ေရာက္ခ် လာသည္။

“ဘယ္လို အေရးေပၚလာလို႔လဲ ဥကၠ႒ႀကီး” .

“အေရးႀကီးတယ္ ဆရာညိဳေရ …ပဲခူးျမစ္ က်ီးဝဲကြၽန္း ေပၚမွာ ေျမျမႇဳပ္ထားတဲ့ လူေသအေလာင္းတစ္ခု ေတြ႕လာလို႔ လာအ ေၾကာင္း ၾကားတာ”

“ဗ်ာ…က်ီးဝဲကြၽန္းေပၚမွာ ဟုတ္လား၊ ေယာက္်ားအေလာင္း လား။ မိန္းမအေလာင္းလား ဥကၠ႒ႀကီး” .. “

ဒါေတာ့ မသိေသးဘူး ဆရာညိဳ၊ ဒီေကာင္ ထြန္းခင္ရယ္ ပိုက္တန္းခ်ည္ရင္း သူ႔ေခြးနဲ႔ က်ီးဝဲကြၽန္းေပၚ တက္နားေနတုန္း ေခြးက
ေလွ်ာက္ သြားေနရာက က်င္းတစ္က်င္းကို ယက္ေနၿပီး မသကၤာစရာ ေဟာင္သံလည္း ၾကားေနတာနဲ႔ သြားၾကည့္လိုက္ေတာ့ ေျမက်င္းထဲကေနပြေယာင္းေနတဲ့ လက္တစ္ဖက္ေပၚေနတာေတြ႕တာနဲ႔ အျမန္ျပန္ခ်လာၿပီး ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားခဲ့တယ္၊ သြားၾကည့္ေတာ့ ဟုတ္တယ္၊ ဒါ ဆရာတို႔ စခန္းကို သတင္းလာပို႔တာပဲ”

သို႔ႏွင့္ ဦးစြာေတြ႕ခဲ့သည့္ တံငါသည္ေရလုပ္သား ထြန္းခင္ဆို ကို ေစ့ေစ့စပ္စပ္ ၾကည့္လိုက္သည္။ ၿပီးေနာက္ ေတြ႕ရွိခ်က္အက်ဥ္းကို နယ္ မႉးထံသို႔ အစီရင္ခံလိုက္ၿပီး ရပ္ကြက္ဥကၠ႒၏ ပထမသတင္းေပး တိုင္ၾကား ခ်က္ကို ေရးသြင္းမွတ္ယူလိုက္သည္။
၎ေနာက္ ဒုရဲအုပ္စံၾကည္ နယ္ထိန္းတပ္ၾကပ္ျမင့္စိုး အပါအ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ မႈခင္းဓာတ္ပုံဆရာ ဦးေဇာ္ေဖပါေခၚၿပီး ဦးတင္ေအာင္ႀကီးတို႔အဖြဲ႕ကို လိုက္ပါေစလ်က္ အေလာင္းေတြ႕ရွိရာ က်ီးဝဲကြၽန္းသို႔ အျမန္ထြက္လာလိုက္ၾကသည္။

&&&&&&&&&&&&&

က်ီးဝဲကြၽန္းသည္ သန္လ်င္ဘက္ကၾကည့္လွ်င္ သေဘၤာဆိပ္ မ်က္ႏွာစာေရွ႕ ပဲခူးျမစ္ေပၚမွာရွိသည့္ ေသာင္ထြန္းေနသည့္ ေရေပၚ ကြၽန္းငယ္ ျဖစ္သည္။ သန္လ်င္တံတားေပၚမွၾကည့္လွ်င္ အထင္းသား ျမင္ေနရသည္။ ႏွစ္ေပါင္းမ်ားစြာ ေသာင္ထြန္းေနရာမွ ကြၽန္းျဖစ္ ေနျခင္းျဖစ္၏။ ေရက်လွ်င္ နားေနခ်င္စဖြယ္ျဖစ္၏။ အနီးအနားမွာ ပိုက္တန္းႀကိဳးတန္းသူမ်ားႏွင့္ တံငါ ေလွသမားတို႔ အလ်ဥ္းသင့္သလို နားခိုရာ ကြၽန္းေလးလည္းျဖစ္သည္။

ကြၽန္းေပၚမွာ တံငါသည္မ်ား စားေသာက္ခဲ့သည့္ အစားအစာ မ်ားကို စြန႔္ပစ္ၾကတိုင္း က်ီးကန္းမ်ားက ဝဲပ်ံေရာက္ရွိလာၿပီး စားေသာက္ ၾကသျဖင့္ အခ်ိဳ႕က ခပ္လြယ္လြယ္ျဖင့္ က်ီးဝဲကြၽန္းဟု ေခၚလိုက္ရာမွ ဤနာမည္တြင္ သြားခဲ့သည္။ ဒုရဲအုပ္ကိုညိဳတို႔ ရဲေမာ္ေတာ္သည္ က်ီးဝဲကြၽန္း အေျခသို႔ ဆိုက္ကပ္လိုက္ေသာအခါ ေကာင္းကင္မွာ က်ီးကန္းမ်ားႏွင့္ လင္းတအခ်ိဳ႕ ဝဲပ်ံေနၾကသည္။ လင္းတမ်ား ဤဝန္းက်င္မွာ မျမင္ရတာၾကာခဲ့ၿပီ။ ခုမွပဲ သူတို႔ေရာက္လာၾကျခင္းျဖစ္သည္ …။
လူေသအေလာင္းျမဳပ္ထားသည့္ ေနရာကား လမုပင္ႏွစ္ပင္ အၾကား က်င္းေဟာင္းမွာ ျဖစ္၏။ ရပ္ကြက္လူႀကီးအခ်ိဳ႕က အနီးမွာ
ေစာင့္ၾကပ္လ်က္ ရွိ၏။ အေလာင္းကိုစေတြ႕သည့္ ေခြးနက္ကေလးသည္ ျပန္ပါလာခဲ့သည္။ ေခြးကေလးက သူ႔သခင္နံေဘးမွ ေဟာင္ေနဆဲ။
ညိဳတို႔ ျမင္လိုက္သည့္ ျမင္ကြင္းက ေတာ္ယုံလူဆို လိပ္ျပာလႊင့္ခ်င္စရာ၊

ပြေယာင္းစျပဳေနသည့္ ဘယ္လက္တစ္ေခ်ာင္းသည္ ေမွာက္ခုံေပၚ သည္။ အေနအထားက စနစ္တက်ျမႇဳပ္သည့္ လကၡဏာမဟုတ္၊ ကတိုက္က႐ိုက္ ျမႇဳပ္ထားသည့္သဏၭာန္၊ ေျမပုံေပၚမွာ သဲေျမ၊ ႏႈန္းေျမႏွင့္ အေဆြး ေျမဇာမ်ားပါ ေရာႁပြန္းေနသည္။ အနံ႔လည္း အနည္းငယ္ ထြက္ေနသည္။
သို႔ႏွင့္ ပါလာသူမ်ား အကူအညီ၊ မႈခင္းကြၽမ္းက်င္သူမ်ား အကူအညီႏွင့္ အေလာင္းကို ေဖာ္လိုက္ေသာအခါ …

“ဟာ…ဒါ…ဒါ ခ်စ္လြန္းပါလား”

ရပ္ကြက္ဥကၠ႒က ပြေယာင္းစျပဳေနသည့္ အေလာင္း၏ မ်က္ႏွာ ကို ငုံ႔ၾကည့္၍ေျပာလိုက္ေတာ့ က်န္အဖြဲ႕ဝင္မ်ားကပါ ဝိုင္း၍ ေထာက္ခံၾကသည္။ေသသူသည္ အက်ႌအျပာလက္တိုႏွင့္ ပုဆိုးအညိဳကြက္ကို ဝတ္ထားသည္။ အသက္ခန႔္မွန္းမႈအရ (၃၀)ခန႔္ရွိသည္။ တုတ္တုတ္ခိုင္ခိုင္ ဆံပင္ကုပ္ဝဲအရွည္ႏွင့္။

ဝဲဘက္ရင္အုံဝန္းက်င္ႏွင့္ ဝမ္းဗိုက္တစ္ဝိုက္မွာ ေသြးကြက္မ်ား ေတြ႕ရၿပီး အခ်ိဳ႕ေသြးမ်ားက ခဲေနသည္။ အေလာင္းျမဳပ္သည့္ က်င္း တြင္းမွ သဲလြန္စသက္ေသခံပစၥည္း ရလိုရျငား၊ ဂ႐ုတစိုက္ ရွာလိုက္ေသာအခါ ေျမႀကီးမ်ားႏွင့္ ေရာလုံးေနသည့္ မ်က္ႏွာသုတ္ပဝါ အေသးေလးတစ္ထည္ကို ေတြ႕ရသည္။ မ်က္ႏွာသုတ္ပဝါ ကေလး၏ အလယ္မွာ လက္ညႇိဳးလုံးခန႔္ မီးေလာင္ေပါက္တစ္ခုရွိ၏။ ဆက္လက္၍ၾကည့္လိုက္ေသာအခါ ေသသူ၏ လက္ထဲမွာ ဆုပ္ထားသည့္ ပစၥည္းတစ္ခု၊ ယူၾကည့္လိုက္ေတာ့ အျပာေရာင္ ေကာ္ၾကယ္သီးတစ္လုံး။
ေတြ႕ရွိ သက္ေသခံပစၥည္းမ်ားအား စနစ္တက်သိမ္းဆည္း၍ သက္ေသ ခံ စာ႐ြက္မွာ ျဖည့္စြက္သိမ္းဆည္းလိုက္သည္။ ရဲလုပ္ထုံးႏွင့္အညီ မွတ္တမ္း တင္ဓာတ္ပုံမ်ားကို ရႈေထာင့္အသီးသီးမွ ႐ိုက္ယူလိုက္သည္။

ပတ္ဝန္းက်င္ကို ဆက္လက္ စူးစမ္းေလ့လာလိုက္ေသာအခါ အေလာင္းျမႇဳပ္သည့္ေနရာႏွင့္ ေပ (၂၀)ခန႔္အကြာ ေျမျပင္မွာ နီရဲေသာ ေသြးကြက္ မ်ားႏွင့္ ေသြးစက္လမ္းေၾကာင္းအခ်ိဳ႕ကို ျမင္ေတြ႕လိုက္ရသည္။ လကၡလို႔ ပုံသဏၭာန္အရ ဤေနရာမွာ အခ်င္းျဖစ္ပြားၿပီးေနာက္ ဒ႐ြတ္တိုက္ဆြဲ ယူကာ အလ်င္အျမန္ ျမႇဳပ္ခဲ့သည့္ ပုံ။ ကိစၥဝိစၥမ်ားၿပီးစီးသည္ႏွင့္ အေလာင္းကို ေဆး႐ုံသို႔ပို႔ရန္ စီစဥ္လိုက္၏။ စခန္းကိုေရာက္ေတာ့ မိမိေတြ႕ရွိစစ္ေဆးခ်က္မ်ားအား ၿမိဳ႕နယ္မႉးထံ အစီရင္ ခံလိုက္သည္။

ေသသူခ်စ္လြန္းကား (…) အေနာက္ပိုင္းမွ ေရ လုပ္သား တစ္ဦး ျဖစ္သည္။ ျမစ္ဝကြၽန္းေပၚသား တစ္ဦးျဖစ္၏။ ယခုေနရာ၌ အငွားလာေနကာ ပိုက္ခ်၊ ကြန္ပစ္၊ ငါးမွ်ားတန္းလုပ္ငန္း လုပ္ကိုင္ေန၍၊ စီးပြားေရးအေျခအေန မဆိုးလွဟု သိရသည္။ အိမ္ငွားသည့္ အိမ္ရွင္၏ အဆိုအရ ခ်စ္လြန္း ျပန္မလာသည္မွာ ႏွစ္ရက္ခန႔္ ရွိၿပီဟု ဆိုသည္။ ခ်စ္လြန္းသည္ အရက္ အလြန္ႀကိဳက္သူ၊ စန္းလည္းပြင့္သူဟု သိရသည္။ ပတ္ဝန္းက်င္၏ ေဝဖန္ တီးတိုးစကားမ်ားအရဆိုလွ်င္ သူသည္ အေနာက္ပိုင္းမွ လင္ရွိမယား တစ္ေယာက္ႏွင့္ မရွင္းမရွင္းျဖစ္ေနသည္ဟု ဆိုၾကသည္။ ဆက္လက္၍ စုံစမ္းၾကည့္ေတာ့ ထိုအမ်ိဳးသမီး၏အမည္မွာ မေစာနန္းဟု သိရသည္။

အမ်ိဳးသမီးကေတာ့ အသားမျဖဴမညိဳ။ ကိုယ္လုံးကိုယ္ေပါက္က အလြန္လွသည္။ ပါးေပၚမွ စံပယ္တင္မဲ့ႏွင့္ ညႇိဳ႕အားေတာ့ ေကာင္းသည္။ (…)ေဈးမွာ ငါးေရာင္းသည္။ သူမရဲ႕ ေယာက္်ားကလည္း တံငါေလွသမား ‘ တစ္ဦးျဖစ္သည္။ အမည္က ဖိုးဇံ။ ဖိုးဇံႏွင့္ ခ်စ္လြန္း သည္ အရင္းႏွီးဆုံး လုပ္ေဖာ္ကိုင္ဖက္ ျဖစ္သည္။ ဖိုးဇံကား ဖဲလည္း ႐ိုက္သည္။ အရက္လည္း ေသာက္သည္။

ေစာနန္းက ခ်စ္လြန္းဖမ္းဆီး၍ရသည့္ ငါးမွန္သမွ်ကို ဒိုင္ခံ ေဖာက္သည္ယူသည္တဲ့။ ဤကဲ့သို႔ေသာ ́ မေမွ်ာ္လင့္ဘဲ သဲလြန္စတစ္ခုရခဲ့ျပန္သည္။
ထို႔အျပင္ ခ်စ္လြန္းသည္ မေသခင္ သုံးရက္က ဘသိန္းေအာင္ ဆိုသူႏွင့္ အရက္ဆိုင္မွာ စကားမ်ား ရန္ျဖစ္ခဲ့သည္ဟူ၍လည္း သတင္းရခဲ့သည္။
ၿမိဳ႕နယ္ေဆး႐ုံႀကီးမွ မူခင္းဆရာဝန္၏ ေဆးစစ္ခ်က္ အစီရင္ခံခ်က္အရ ေသသူသည္ လြန္ခဲ့သည့္ (၄၈)နာရီခန႔္က စူးရွခြၽန္ျပားသည့္ လက္နက္ႏွင့္ ဝဲဘက္ရင္ၫြန႔္သို႔ တစ္ခ်က္၊ ဝမ္းဗိုက္သို႔ ႏွစ္ခ်က္၊ထိုးသြင္းခံခဲ့ရၿပီး ၎ဒဏ္ရာမ်ားႏွင့္ မိနစ္ပိုင္းအတြင္း ပြဲခ်င္းၿပီး အဆုံးခဲ့သည္ဟု ဆိုသည္။

ဒဏ္ရာ၏လကၡဏာမွာ ပက္လက္ အေနအထားရွိေနစဥ္ ေသသူ၏ဝဲဘက္မွ အားစိုက္၍ ထိုးလိုက္သည့္ဒဏ္ရာ ႏွလုံးကို ထိသြားခဲ့သည့္ျပင္ ဘက္ (သို႔) သန္ရာဘက္သို႔ လက္နက္ ဆြဲခ်လိုက္သျဖင့္ ဝဲဘက္သို႔ စုတ္ၿပဲ စိုက္ခြဲသည့္ ဒဏ္ရာလည္းရွိသည္။ စစ္ေဆးခ်က္မွတ္တမ္းအရ သိရသည္။ ထို႔အျပင္ မေသမီ လူးလြန႔္ သတ္ပုတ္သည့္လကၡဏာမ်ား ေတြ႕ရွိခဲ့ရၿပီး ေသသူ၏ ပါးစပ္အတြင္း အေမႊးပါသည့္ အသားစတစ္ခုကို ေတြ႕ရွိခဲ့ရေၾကာင္း ေဆးစစ္ခ်က္ ေဖာ္ျပထား၏။ ၎အသားစႏွင့္ အေမႊးကား …

“မင္းနဲ႔ ေသသူခ်စ္လြန္းနဲ႔ အဂၤလိပ္ -၂၃ရက္ ဗုဒၶဟူးေန႔ ညေန (၄)နာရီက ဖိေတာက္ဝါစားေသာက္ဆိုင္မွာ စကားမ်ား ရန္ ၾကတယ္လို႔ ၾကားသိရတယ္ … အဲဒါ ဟုတ္သလား”

သည္အေမးစကားေၾကာင့္ ဘသိန္းေအာင္ မ်က္ေစ့မ်က္ႏွာမ်ား ပ်က္ေနသည္။ ဘသိန္းေအာင္သည္ကလည္း အရက္သမား ဖဲသမား လူရႈပ္၊ လူပုံက အသားျဖဴျဖဴ မႈန္ေတေတ စကားေျပာလွ်င္ဘုက်က် ဂ်စ္ကန္ကန္၊ ခပ္႐ိုင္း႐ိုင္း။

“ေျပာေလကြာ…”

“ဟုတ္ …ဟုတ္ကဲ့ … ျဖစ္ပါတယ္ဆရာ”

“ဘာကိစၥနဲ႔ ျဖစ္ၾကတာလဲ”

“သူက .. ကြၽန္ေတာ့္ကို လူၾကားသူၾကားထဲမွာ ဘိန္းစား အေခ်ာင္လိုက္စားေနတဲ့ေကာင္လို႔ ေျပာတယ္။ ဒါနဲ႔ ကြၽန္ေတာ္ ကလည္း မင္းလို ဒု၊ သ၊ န၊ ေသာ၊ ဟုတ္ဘူးလို႔ ေျပာရာက ယမ္းပုံမီးက်ျဖစ္ၿပီး စကားမ်ားရန္ျဖစ္ၿပီး ထိုးႀကိတ္ၾကတာပါ ခင္ဗ်ာ”

“အဲဒီေန႔က မင္း ခံလိုက္ရတယ္ … နဖူးေပါက္သြား တယ္၊ အဲဒီအတြက္ မင္း ေျပာလိုက္တဲ့စကား မင္းမွတ္မိရဲ႕လား ဘသိန္းေအာင္”

ဘသိန္းေအာင္က ထိုအေမးကို လုံးဝျပန္မေျဖႏိုင္ဘဲ ေၾကာင္ ၾကည့္ကာ ႏႈတ္ခမ္းမ်ားတုန္ေနသည္။

“ေျပာေလကြာ …မင္း မေျပာရင္ မ်က္ျမင္၊ ၾကား၊ သိ သက္ေသကို ငါတို႔ ဆြဲထုတ္ျပလိုက္ရမလား”

“ေျပာပါ့မယ္ ဆရာ” “ေျပာ …”

““မင္း …ထမင္းဝေအာင္စားထား ခ်စ္လြန္း … ဆိုတဲ့ စကားလား”

ဒုရဲအုပ္ကိုညိဳက ေခါင္းတညိတ္ညိတ္လုပ္ရင္းေခြၽးမ်ားျပန္ေန သည့္ ဘသိန္းေအာင္မ်က္ႏွာကို စိုက္ၾကည့္ေနလိုက္သည္။ ၎ေနာက္ အံဆြဲထဲမွ ပစၥည္းတစ္ခုကိုထုတ္၍ သူ႔ေရွ႕မွာ ခ်ျပလိုက္သည္။ ပစၥည္းက လြန္ေကာ္ၾကယ္သီး အျပာေရာင္တစ္လုံး၊ ၾကယ္သီးက သာမန္အက်ႌ ျခယ္သီးထက္ ႀကီးသည္။ လက္မ လက္သည္းခြံခန႔္ရွိသည္။

“ဒီၾကယ္သီးတပ္ၿပီး ဝတ္ထားတဲ့လူကို မင္း ျမင္ဖူးသလား ဘသိန္းေအာင္”

ဘသိန္းေအာင္ ခ်က္ခ်င္းလိုလို ေခါင္းညိတ္လိုက္သည္။ တစ္ခါ ကိုညိဳက ဒုတိယအႀကိမ္ေျမာက္ ပစၥည္းတစ္ခုျဖစ္ေသာ အလယ္မွာ
မီးေလာင္ ေပါက္ပါသည့္ မ်က္ႏွာသုတ္ပဝါ အေသးေလးကို သူ႔ေရွ႕မွာခ်ျပလိုက္သည္။

“ဒီပစၥည္းရွင္ေကာ၊ မင္းတို႔က ဖဲသမားဆိုေတာ့ ျမင္ဖူးမိမွာေပါ့”

“ဟုတ္ကဲ့ …မၾကာခဏ ျမင္ဖူးပါတယ္”

“ပိုင္ရွင္က ဘယ္သူလဲကြ”

“……..”

“မင္းရဲ႕ ပါတနာမဟုတ္လား”

“မဟုတ္ပါဘူး …ဆ .. .ဆရာရယ္၊ ဘုရားေပး က်မ္းေပးေပးပါ ခင္ဗ်ာ”

“ဟား…ဟား…ဟား…ဘုရားေပးေပး က်မ္းေပးေပး၊ ေတြ႕ၾကေသးတာေပါ့ကြာ”

ကိုညိဳကေျပာရင္း ခြက္ထိုးခြက္လန္ ရယ္လိုက္သည္။ ဘသိန္းေအာင္ ထေျပးရမလိုလို၊ ငိုရမလိုလို၊ ေရာေယာင္ရယ္ရမလိုႏွင့္ အၾကပ္ေတြ႕ေနခဲ့သည္။
သတင္းအရ (…) ဒီအိမ္တစ္အိမ္ကို ဒုရဲအုပ္ ကို အဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္ဥကၠ႒ ဦးတင္ေမာင္ႀကီးတို႔အဖြဲ႕ဝင္မ်ား ပိုင္းလိုက္ၾကေသာအခါ ငါးေယာက္ဖဲဝိုင္းအတြင္း ဖိုးဇံကိုပါ မိလိုက္သည္။ ၎တို႔ အားလုံးအား ရဲစခန္းသို႔ ေခၚလာခဲ့ၿပီးေနာက္ က်န္ေလးေယာက္ႏွင့္ အိမ္ရွင္ကို ေလာင္းကစားမႈျဖင့္ အေရးယူကာ ဖိုးဇံကို စစ္ေဆး ေမးျမန္းရန္ ထားလိုက္သည္။

“ဖိုးဇံ”

“ခင္ဗ်ာ”

“မင္း ခ်စ္လြန္းကို သတ္တဲ့ဓားေရာကြ”

“ဗ်ာ…ဘာ…ဘာ …က်ဳပ္ ခ်စ္လြန္းကို မ မသတ္ ဘာ …ဘာလို႔ သတ္ရမွာလဲ .. မသတ္ဘူး”

“အမွန္ကို ေစာေစာစီးစီးဝန္ခံရင္ `မင္းအဖို႔ ဥပေဒကေပးတဲ့ အခြင့္အေရးရွိတာေပါ့ ဖိုးဇံရာ” .

“ဟင့္အင္း …က်ဳပ္ မသတ္ဘူး ဒီကိစၥသိလည္း မသိဘူး”

“ေအး …ဒါဆို တို႔ မင္းအိမ္မွာ သြားရွာၾကတာေပါ့ကြာ လာလိုက္ခဲ့”

ဖိုးဇံကလည္း ခပ္ရဲရဲပင္ ရွာၾကေပါ့ဗ်ာဟု ဆိုသည္။ သို႔ႏွင့္ ဥကၠ႒ ႏွင့္ တာဝန္ရွိသူမ်ားကိုပါေခၚ၍ ရွာေဖြပုံစံႏွင့္ ဖိုးဇံအိမ္ကို ရွာေဖြခဲ့သည္။
အိမ္မွာ သူ႔မိန္းမ မေစာနန္းမရွိ၊ ေဈးသြားေရာင္းေနသည္ဟု သည္။ ကိစၥမရွိ၊ မေစာနန္းႏွင့္သူ ေတြ႕ခဲ့ၿပီးပါၿပီ။

အိမ္ထဲအႏွံ႔ လိုက္ရွာသည့္တိုင္ ဘာသဲလြန္စမွ မေတြ႕ရ၍ ကိုညိဳပင္ ေခြၽးစို႔လာသည္။ ၎ေနာက္ ေနာက္ေဖးေလွ႐ုံသို႔ ဆင္းခဲ့ၾကၿပီး ပတ္၍ ေရနံေခ်းသုတ္ထားသည့္ ေလွေအာက္သို႔ပါ ပိုက္စိတ္တိုက္ရွာၾကသည္။ သည္တြင္ ေရနံေခ်းမ်ားႏွင့္ ေပက်ံေနသည့္ အက်ႌ ထစ္ထည္ကို မေမွ်ာ္လင့္ဘဲ သြားေတြ႕လိုက္သည္။ ျဖန႔္ၾကည့္ လိုက္ေသာ အခါ ေရနံေခ်းမ်ားႏွင့္ ေရာယွက္ေနသည့္ မာေစးေစး နီညိဳေရာင္ အကြက္မ်ား ေရာႁပြန္းေနသည္ကို မသကၤာဖြယ္ ေတြ႕ရွိလိုက္သည္။

ဂ႐ုတစိုက္ ၾကည့္လိုက္ေသာအခါ ၎ အက်ႌ၌ အျပာေရာင္ ေကာ္ ၾကယ္သီးမ်ားကို မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရသည္။ ၎ၾကယ္သီးငါးလုံး အနက္ ဒုတိယေျမာက္ ၾကယ္သီးေနရာသည္ ကြက္လပ္ ျဖစ္ေနသည္ ။ သို႔ျဖစ္၍ အဆိုပါအက်ႌကို သက္ေသမ်ားေရွ႕တြင္ ရွာေဖြပုံစံႏွင့္ သိမ္း ဆည္းလိုက္သည္။
ၿပီးေနာက္ ဖိုးဇံကို စခန္းသို႔ျပန္ေခၚလာခဲ့ၿပီးေခ်ာ့၍ေမးရသည္။

“ဖိုးဇံ …ငါတို႔က မပိုင္ရင္ မဖမ္းဘူး၊ ဖိုးဇံ မင္းသတ္တယ္ ဆိုတာ ငါတို႔ အခိုင္အလုံ သက္ေသျပႏိုင္တယ္ မင္းကိုယ္တိုင္ ဝန္ခံ ေတာ့ ခံစားခြင့္ရွိမွာမို႔ပါ ငါ့ညီရာ”

“က်ဳပ္မွ မသတ္တာဗ်ာ၊ ဘသိန္းေအာင္နဲ႔ သူနဲ႔ ရန္ျဖစ္ရင္း ႀကိမ္းဝါးၾကတာ ဖဲသမား၊ အရက္သမားတိုင္း အသိပဲဥစြာ သတ္ခ်င္း သတ္ရင္ …”

““ဒီၾကယ္သီးက ဘယ္သူ႔ၾကယ္သီးလည္း ဖိုးဇံ”

ဒုရဲအုပ္ကိုညိဳက အျပာေရာင္ၾကယ္သီး တစ္လုံးကို သူ႔ေရွ႕တြင္ ခင္းျပလိုက္သည္။ ဖိုးဇံ ၾကယ္သီးကိုၾကည့္၍ အံ့ၾသသြားသည္။ သည့္ ေနာက္ ကိုညိဳက ေလွေအာက္မွ သိမ္းဆည္းလာသည့္ ေရနံေခ်း သုတ္ထားေသာ အက်ႌအေဟာင္းကို ျဖန႔္ခင္းျပလိုက္ၿပီး အျပာေရာင္ ၾကယ္ ငါးလုံးအနက္မွ ဒုတိယကြက္လပ္ျဖစ္ေနသည့္ေနရာသို႔ လက္ရွိ ၾကယ္သီးကို တင္ျပလိုက္ကာ ၿပဳံးျပလိုက္၏။

“ဘယ္နဲ႔လဲ ဖိုးဇံ ကြက္တိပဲ မဟုတ္လား”

ဖိုးဇံ ေခါင္းမညိတ္ ငိုင္ၾကည့္ေနသည္။

“ဒါမွ မခိုင္လုံေသးဘူးလို႔ ထင္ရင္ ေသသူရဲ႕ အေလာင္း ေဖာ္ရင္း က က်င္းထဲကရခဲ့တဲ့ ေဟာဒီမ်က္ႏွာသုတ္ပဝါေလး ၾကည့္လိုက္ပါဦး ဖိုးဇံ အလယ္မွာ မီးေလာင္ေပါက္ႀကီးနဲ႔ …ေရာ့”

သူက စကၠဴအိတ္ထဲမွာ သက္ေသခံ သိမ္းဆည္းထားသည့္ မ်က္ႏွာသုတ္ပဝါကေလးကို သူ႔ေရွ႕သို႔ ထပ္မံခ်ျပလိုက္ေသာအခါ လက္ေတြတုန္လာသည္၊

“ဒီမ်က္ႏွာသုတ္ပဝါက မင္း ငါးရွာထြက္တိုင္း ဖဲဝိုင္း အရက္ဝိုင္းသြားေလရာ လည္ပင္းေပၚမွာ ပါေလ့ရွိတဲ့ပစၥည္းပဲ ဖိုင္ အေပါက္က ဖဲဝိုင္းမွာ မီးေပါက္က်ၿပီးေပါက္ခဲ့တာ၊ မင္းမိတ္ေဆြေတြ သက္ေသခံေလရဲ႕၊ ဒီအေၾကာင္း ဘသိန္းေအာင္ေရာ ေလွသမားေတြကလဲ ေျပာၾကတယ္။ ကုန္ကုန္ေျပာရရင္ မင္းမိန္းမ မေစာနန္းကအစ မင္းပစၥည္းပါလို႔ ေျပာခဲ့ တယ္”

“ဒါ…ဒါေပ်ာက္သြားတာ ၾကာၿပီဗ်”

“ဟား…ဟား…ဟား ဖိုးဇံ …ဖိုးဇံ ဧရာမ လူသတ္မႈႀကီးလည္း က်ဴးလြန္ေသးတယ္၊ ပိရိေသသပ္မႈလည္း မရွိပါလား ဖိုးစံရာ … ေကာင္းၿပီကြာ …ဒါကိုမွ မင္းက လက္မခံႏိုင္ေသးဘူး ဆိုရင္ ဖိုးဇံ …မင္းမ်က္ႏွာကို ေမာ့လိုက္စမ္းပါကြာ …”

ကိုညိဳရဲ႕ မာထန္ထန္ ေျပာစကားေၾကာင့္ ဖိုးဇံ ေနရာမွ အလန႔္တၾကား မ်က္ႏွာကိုေမာ့လိုက္သည္။

“မင္း ဘယ္ဘက္မ်က္ခုံးတစ္ခု ဘယ္ေရာက္သြားလဲ”

ထိုေမးခြန္းေၾကာင့္ ဖိုးဇံမွာ အလန႔္တၾကားျဖစ္ရင္း သူ႔မ်က္ခုံးကို ဘယ္လက္ႏွင့္ စမ္းၾကည့္လိုက္သည္။ ဖိုးဇံရဲ႕ လက္ဝဲဘက္ မ်က္ခုံး မွာ ဟန္းနီးပလာစတာတစ္ခု ကပ္ထားလ်က္။

“အဲဒီမ်က္ခုံးကိစၥ မင္း မေျပာႏိုင္ဘူး မဟုတ္လား၊ ေအး ဒီမယ္ ဖိုးဇံ ၊ မင္း ခ်စ္လြန္းကို လြန္ခဲ့တဲ့ (၃)ရက္ အဂၤါေန႔ညေနက က်ီးဝဲကြၽန္းေပၚမွာ ဓားနဲ႔ထိုးသတ္ခဲ့တယ္၊ မင္းက ဘယ္သန္ေလ၊ မင္းတို႔ လုံးေထြး သတ္ပုတ္ရင္း မင္းရင္ဘက္က ၾကယ္သီးတစ္လုံး ခ်စ္လြန္းရဲ႕ လက္ထဲကို ပါသြားတယ္၊ ခ်စ္လြန္းက ေသအံ့မႈးမႈးမွာ လုံးေထြးရင္း ရရာကို ကိုက္လိုက္တာ မင္းရဲ႕ ဘယ္ဘက္မ်က္ခုံးကို ကိုက္မိသြားခဲ့တယ္၊ အဲဒီမ်က္ခုံးက ေသသူခ်စ္လြန္းရဲ႕ ပါးစပ္ထဲပါသြားတယ္၊ မႈခင္းဆရာဝန္က ဒီပစၥည္းကို မ်က္ခုံးနဲ႔မ်က္ခုံးေမႊးပါလို႔ အတိအက် ရည္ၫႊန္းသက္ေသခံခဲ့တယ္၊ အဲဒီ တစ္႐ူးနဲ႔ မင္းရဲ႕ ဒဏ္ရာက တစ္႐ူးကို ဓာတုေဗဒဝန္႐ုံးမွာ စမ္းသပ္တိုက္ဆိုင္ လိုက္ရင္ ..မင္း ႀကိဳးစင္ကို ေရာက္သြားႏိုင္တယ္ ငါ့ညီ”

သူ႔စကားဆုံးေသာအခါ ဖိုးဇံ ဇက္က်ိဳးက်သြားခဲ့သည္။ ဝမ္းနည္းစြာ တစ္ခ်က္ရႈိက္လိုက္ေတာ့ မ်က္ရည္ေပါက္အခ်ိဳ႕က စားပြဲေပၚသို႔ က်သြားခဲ့သည္။ ႐ုတ္ခ်ည္းဆိုသလို အံကိုႀကိတ္လိုက္ၿပီး ရင္ကိုမတ္သည္။

“ကြၽန္ …ကြၽန္ေတာ္ ဝန္ခံပါေတာ့မယ္ ဆရာ၊ ခ်စ္လြန္းကို ကြၽန္ေတာ္ သတ္မိပါတယ္”

“ေအး …ဒီလိုဝန္ခံရဲမွာေပါ့ကြာ၊ ေယာက္်ားပဲ လုပ္တုန္းက လုပ္ခဲ့ၿပီးၿပီ၊ ေအး …ခံစရာရွိရင္ ခံရဲရမွာေပါ့…ကဲ ေျပာစမ္းပါ ဦး ၊ မင္း …ဘာေၾကာင့္ လူတစ္ေယာက္ကို ေသြးေအးေအးနဲ႔ ရက္ရက္စက္စက္ သတ္ခဲ့တာလဲကြာ…ဟင္”

“ဒီလိုပါဆရာ၊ ခ်စ္လြန္းဟာ ျမစ္ဝကြၽန္းေပၚကေန ဒီေရာက္ေတာ့ အေျခအေနမဲ့ပါ။ တံငါအေၾကာင္း နားလည္တယ္ဆိုလို႔ အရက္ဝိုင္း တစ္ခုမွာ ရင္းႏွီးရာကေန အိမ္အလည္ပါတဲ့အထိ ရင္းႏွီးခဲ့ၾကပါတယ္၊ ေနာက္ပိုင္း ညီလို၊ အစ္ကိုလိုခင္ရာကေန ေလွတစ္စင္းနဲ႔ ကြန္တခု ကြၽန္ေတာ္ ေတာင္ေပးခဲ့ေသးတယ္၊ ငါးရရင္ ကြၽန္ေတာ့္မိန္းမ မေစာ ကို ေပါက္ေဈးနဲ႔အပ္”

“အင္း … ဆက္ေျပာပါဦးကြာ”

“ဒီေနရာမွာ အိမ္ကမိန္းမက အေနအထိုင္ မတတ္ လဲပါတာေပါ့ ဆရာရယ္၊ ဟိုေကာင္က အေျပာေကာင္း ဆရာရဲ၊ မိန္းမမ်ား ေျမႇာက္ပင့္ ေပါင္းလားေပါင္းရဲ႕ ၊ ဒါကို အိမ္ကမိန္းမက ခံတြင္းေတြ႕ေနတယ္ေလ၊ ဟိုေကာင္ကလည္း ေငြမ်ား လက္ထဲ႐ႊင္ေန | ရန္ကုန္ကျပန္လာရင္ အထည္ကေလး မိတ္ကပ္၊ ႏႈတ္ခမ္းနီေလးက ဝယ္ဝယ္လာၿပီး အစ္မဖို႔၊ အစ္မဖို႔နဲ႔ သည္းေတာ့တာပဲ၊ အိမ္ကမိန္း မ ဒီကိစၥ သတိေပးေပမယ့္ သင္းကလည္း တစ္မ်ိဳးပဲ”

“အဲဒီကိစၥအထိ ျဖစ္ခဲ့ၾကသလား”

“ကြၽန္ေတာ္က ဖဲ႐ိုက္တာ သိပ္ဝါသနာႀကီးတယ္၊ သိတဲ့ တိုင္းပဲ တံငါအလုပ္က ေငြျဖစ္ျမန္တယ္၊ ဖဲဝိုင္းေကာင္းရင္ ကြၽန္ေတာ္ မိုးလင္းမွ ျပန္ခ်င္ျပန္လာတာရယ္၊ အဲဒီမွာ ဟိုေကာင္နဲ႔ အိမ္ကမိန္း
မ ေဖာက္ျပန္ ၾကတယ္။ ဒါကို အိမ္နီးနားခ်င္းေတြက က်ဳပ္ကို တိုး တိတ္တိတ္ ေျပာျပ ၾကတယ္၊ က်ဳပ္မိန္းမကို က်ဳပ္ကယုံေတာ့ ဒီအတိုင္းေနၾကတာေပါ့၊ တစ္ခါ တစ္ေလ ေစာနန္းကို သတိေပးရင္ သူက ပတ္ဝန္းက်င္ကို ေဖေရာ၊ ေမာင္ေရာ၊ ကုန္ေအာင္တုတ္ေရာဗ်၊ ဟိုေကာင္ကလည္း ဒီလိုသမုတ္ခံရလို႔ ရွက္လွခ်ည္ရဲ႕လို႔ ဆိုေလရဲ႕ ခင္ဗ်။

တစ္ည ေပါ့ဗ်ာ၊ ထန္းပင္ေခ်ာင္ အသုဘဖဲဝိုင္းမွာ ဖဲရႈံးလို႔ အိမ္ျပန္ အလာမွာ သူတို႔ႏွစ္ေယာက္ကို အခန္းထဲမွာ အတူတကြ ေတြ႕လိုက္ ရတယ္၊ ကြၽန္ေတာ့္ရင္မွာ ကြၽဲဆယ္ေကာင္ ဝင္ခတ္သလိုပါပဲ ခ်က္ခ်င္းအ
ျပတ္ ရွင္းလိုက္ရင္ ေကာင္းမလားလို႔ စဥ္းစားခဲ့ေပမယ့္ က်ဳပ္ ခ်စ္ရတဲ့မိန္းမ ရွိေနေသးေတာ့၊ ဒီေကာင္ ကို ေအးေအးေဆးေဆး ရွင္းပစ္မယ္လို႔ စိတ္ကို ဆုံးျဖတ္ၿပီး ဝမ္းနည္းေၾကကြဲ နာက်ည္းစြာနဲ႔ မသိခ်င္ ေယာင္ေဆာင္ လိုက္ ရတယ္။

“အၿငိဳးအေတးထားခဲ့တယ္လို႔ ေျပာရမွာေပါ့ေနာ္”

“ဟုတ္ပါတယ္၊ တစ္ညေနေတာ့ က်ီးဝဲကြၽန္းမွာ ငါးမွ်ားသြားၾကဖို႔ ခ်စ္လြန္းကို မရမကေခၚခဲ့လိုက္တယ္။ ႀကိဳးတန္းခ်ၿပီး ကြၽန္းေပၚ တက္တယ္၊ ပါလာတဲ့အရက္တစ္လုံးကို ႏွစ္ေယာက္ေသာက္ၾကတယ္။ ကြၽန္ေတာ္က အႀကံသမားဆိုေတာ့ ေလ်ာ့ေသာက္လိုက္တယ္၊ ညေနစာ
ျဖစ္သလိုစားေသာက္ၿပီး မူးမူးနဲ႔ အိပ္ေပ်ာ္ခ်ိန္မွာ ကြၽန္ေတာ္က ဘယ္သန္ ဆိုေတာ့ သူ႔ဘယ္ဘက္ကဝင္ၿပီး ပက္လက္အိပ္ေနတဲ့ ဒီေကာင့္ရင္ဝကို ရင္ဘတ္ၾကားမွာ ဝွက္လာတဲ့ဓားေျမႇာင္နဲ႔ ထိုးစိုက္လိုက္တယ္”

“အဲဒီေနာက္ ဘယ္လိုဆက္လုပ္ေသးလဲ” .

“ခ်စ္လြန္း စူးစူးဝါးဝါး ထေအာ္ရင္း ကြၽန္ေတာ့္လက္ထဲက ဓားကို လုတယ္။ ရင္ဘတ္အက်ႌကိုဆြဲတယ္၊ အဲဒီမွာ လုံးၾကေထြးၾကျဖစ္ၿပီး တိုက္မိ ကိုက္ရာကို ကိုက္လိုက္တာ ကြၽန္ေတာ့္ ဘယ္ဘက္မ်က္ေစ့နဲ႔ မ်က္ခုံးကို ကိုက္မိၿပီး မ်က္ခုံးျပတ္ထြက္သြားတယ္၊ ေနာက္ဆုံး သူ႔ဝမ္းဗိုက္ကို ဓားေျမႇာင္နဲ႔ ထပ္ထိုးလိုက္ေတာ့မွ သူမ်ားမယား ၾကာခိုတဲ့အေကာင္ ၿငိမ္က်သြားတယ္၊ ခ်က္ခ်င္းပဲ ျမႇဳပ္ရမယ့္ေနရာ လိုက္ၾကည့္လိုက္ေတာ့
လမုႏွစ္ပင္ၾကားမွာ က်င္းခ်ိဳင့္တစ္ခုေတြ႕တာနဲ႔ ဒ႐ြတ္တိုက္ဆြဲၿပီး ပစ္ခ်ခဲ့တယ္။ နီးရာသဲေျမေဆြး သစ္႐ြက္ေတြနဲ႔ အျခားေလွသမားေတြ
မလာခင္ မျမင္ရေအာင္ ျမႇဳပ္လိုက္တယ္၊ အင္း ကံဆိုးခ်င္ေတာ့ ကြၽန္ေတာ္သြားေလရာပါတဲ့ လည္ပင္းေပၚက မာဖလာလို ပဝါေလးလဲ
က်င္းထဲက်က်န္ခဲ့တာ မသိလိုက္ဖူး၊ ဒင္းကိုျမဳပ္လည္းၿပီးေရာ ႀကိဳးတန္းေတြသိမ္း အိမ္ျပန္ခဲ့လိုက္တယ္၊ မိန္းမက ခ်စ္လြန္း ေရာတဲ့၊
အေစာင့္ထားခဲ့တယ္လို႔ ေျပာလိုက္တယ္”

“သက္ေသခံဓားေျမႇာင္ကို ဘယ္မွာ ဝွက္ထားသလဲ”

“ ဓားေျမႇာင္ကို ေလွထားတဲ့ေနရာမွာ ဝွက္ခဲ့ပါတယ္၊ ေသြးေပေနတဲ့ အက်ႌကို ေရနံေခ်းနဲ႔ႏွစ္ၿပီး ေလွနံရံသုတ္တဲ့အဝတ္ လုပ္ လိုက္တယ္၊ ေျပာရရင္ သစၥာမရွိ၊ ေက်းဇူးမသိ၊ သေရေပၚအိပ္
သေရနားစားၿပီး က်ဳပ္ခ်စ္တဲ့မယားကို ၾကာခိုလို႔ ဒင္းကို ကြၽန္ေတာ္ဂနာၾကည္းစြာ သတ္မိလိုက္တာပါ ဆရာရယ္၊ အူႏုကို ကြၽဲခတ္လို႔ သတ္ တာပါ ဆရာ”

၎ေနာက္ တရားခံဖိုးဇံက ျပစ္မႈက်ဴးလြန္ရာမွ အသုံးျပဳခဲ့ေသာ သက္ေသခံဓားေျမႇာင္ဝွက္သည့္ေနရာသို႔ ကိုယ္တိုင္လိုက္ျပေပးသည္။ စနစ္တက်သိမ္းဆည္းခဲ့သည္။ တရားခံက ဝန္ခံခ်က္ေပးခ်င္သည္ဆို ၿမိဳ႕နယ္ တရားသူႀကီးတစ္ဦးထံ ပို႔ေဆာင္ခဲ့ရာ တရားသူႀကီးေရွ႕ေမွာက္ထြက္ဆိုခ်က္ေပးခဲ့သည္။

&&&&&&&&&&&&&&

မ်ားမၾကာမီ ရဲလုပ္ထုံးလုပ္နည္းႏွင့္ အညီ သက္ေသခံ – ပစၥည္းမ်ား၊ သက္ေသကိုယ္တိုင္ ထြက္ဆိုခ်က္မ်ား၊ မႈခင္းဆရာဝန္၏ – ေဆးစာအစီရင္ခံ ခ်က္မ်ား၊ ဓာတုေဗဒဝန္႐ုံးမွ စစ္ေဆး ေတြ႕ရွိခ်က္မ်ားျဖင့္
အမႈကို စနစ္တက် တည္ေဆာက္ကာ ႐ုံးေတာ္သို႔ တရားစြဲ တင္ပို႔ ခဲ့သည္။ ႐ုံးထုတ္သည့္ေန႔က တရားခံဖိုးဇံကို အခ်စ္အတြက္ ရက္စက္
ေသာ အခ်စ္လူဆိုးအျဖစ္ ျမင္လိုက္ရေသာ္လည္း သူ႔မိန္းမ ေစာနန္းမွာမူ မ်က္ႏွာမွာ မိတ္ကပ္အေဖြးသား၊ ႏႈတ္ခမ္းမွာ ႏႈတ္ခမ္းနီ အျပာႏု
ေရာင္ ခပ္ပါးပါးႏွင့္ ခပ္သြက္သြက္ လမ္းေလွ်ာက္ေနပုံမ်ားမွာ ေၾကကြဲမႈကင္းမဲ့ေသာမ်က္ႏွာဟု မွတ္ယူလိုက္၏။

ဪ …အိမ္ေထာင္ဖက္၏ ဆိုးေမြေၾကာင့္ ခင္ပြန္းျဖစ္သူမွာ လူဆိုးဘဝသို႔ ႐ုတ္တရက္ေျပာင္းလဲသြားရသည္မွာ အိမ္ေထာင္သည္တို႔ အတြက္ သင္ခန္းစာယူစရာ ျဖစ္ရေပေတာ့သည္။ ။

တကယ့္ျဖစ္ရပ္မႈခင္း ၂၀၀၂ခုႏွစ္- ၾသဂုတ္လ