Unicode Version
ထမင်းခြောက်ဘုရား(စ/ဆုံး)
———————————
ရှေးလူကြီးများအဆိုအရတောတိုင်းမှာစန္နကူးပင်မရှိသလိုတောင်တိုင်းမှာလည်းပတ္တမြားမရှိနိုင်သိုပေမဲ့နေရာဒေသတိုင်းမှာတော့ထူးဆန်းတာတွေရှိနေသည်တဲ့
ကိုယ်ပတ်ဝန်းကျင်ကလက်လှမ်းမှီသလောက်ဗဟုသုတလေးတွေတော့တင်ပေးလိုက်ပါတယ်ယခုအခါကပ်ဆိုးကြီးဘေးနဲ့Covidပိုးတွေကလည်းပြန့်နေတော့စိတ်အပန်းပြေပေါ့
ထမင်းခြောက်ဘုရားရှိရာနေရာသည်ရှမ်းပြည်တောင်ပိုင်းရွေညောင်မြို့နယ်တောင်လေးလုံးတွင်တည်ရှိပါသည်။
ထိုဘုရားကိုရှေးမင်းဆက်ဖြစ်သည့်နရပတိစည်သူမင်းကြီးကကမ္ဘောဇတိုင်းကိုတိုင်းခန်းလှည့်လည်ရင်းထိုဘုရားတည့်မည့်ကုန်းတော်ပေါ်ရောက်သောအခါဗောင်းတော်ပြုတ်ကျသဖြင့်အတိတ်နိမိတ်ကောက်ကာဘုရားတည်ပြီးဗောင်းတော်ကျဘုရားဟုအမည်ပေးခဲ့၏
ဘုရားဌာပနာအဖြစ်လည်းပတ္တမြားတစ်တင်းထာဌာပနာထည့်ခဲ့သည်ဟုလည်းဆိုကြ၏နှစ်ကာလကြာမြင့်လာသောအခါဘုရားလည်းယိုယွင်းပျက်စီးလာ၍ဒေသခံများကပြန်လည်ပြုပြင်ကာဉာဏ်တော်မြှင့်၍မိုးကောင်းဆုတောင်းပြည့်ဘုရားဟုခေါ်ကြသည်ဟုသိရပေသည်။
ယခုအခါဒေသခံများအခေါ်အရထမင်းခြောက်ဘုရားလို့ခေါ်ရသည့်ရာဇဝင်အကြောင်းကလည်းရှိပေသည်ထိုဘုရားပွဲတော်ကိုတစ်နှစ်တစ်ခါရှမ်းရိုးရာအလိုက်စည်ကားသိုက်မြိုက်စွာရှိကြပေသည်။
ထိုဘုရားပွဲတော်တွင်ထမင်းကြွေးဧည့်ခံကြပေသည်တစ်ခါသော်ဘုရားပွဲတော်ရက်တွင်ဘုရာပန်ဝန်းကျင်တွင်အိုးစည်ဗုံမောင်းသံများဆူဆူညံညံကြားနေရသည့်အတွက်ဘုရားပွဲလာသည့်ဧည့်သည်များဟုထင်ကာထမင်းများချက်၍စောင့်နေကြ၏
သို့သော်ထမင်းများခြောက်သွားသည်အထိဘယ်ဧည့်သည်မှရောက်မလာသည့်အတွက်ထမင်းများနေလှမ်းကာအခြောက်ခံလိုက်ရသည်ကိုအစွဲပြု၍ထမင်းခြောက်ဘုရားဟုခေါ်ကြပေသည်ဟုပါးစပ်ရာဇဝင်အရသိရပေသည်။
ထိုဘုရားထူးဆန်းတာလည်းရှိပေသေး၏ထိုဘုရားတွင်အလျှုူလုပ်ထမင်းကြွေးတိုင်းထမင်းများအမြဲပိုလေ့ရှိကာအခြောက်လှမ်းရသည့်ရာဇဝင်ကယနေ့တိုင်ရှိနေပေသေးသည်။
တချို့ကလည်းစမ်းသပ်ကြည့်ချင်၍လူဦးရေအလိုက်ထမင်းကိုတိုးချက်ချက်ရှော့ချက်ချက်ပိုမြဲပိုနေသည်ကလည်းထူးခြားချက်ဖြစ်ပေသည်။
ဒေသခံတချို့ကသိုက်ဘုရားဟုပြောကြကာသိုက်တပေါင်အရဘုရားအနောက်ဖက်ကမန်းကျည်းညီနောင်ခွေးတစ်ဟောင်တွင်ရွှေအိုးတစ်လုံးရှိသည်ဟုအဆိုရှိသဖြင့်သိုက်တူးသမားများမကြာခဏလာတူးကြပေမဲ့ဘာမှမတွေ့ရပဲပြန်ပြေးသွားကြတာများ၏
တချို့သိုက်ဆရာများလည်းသေတဲ့သူသေရူးတဲ့သူရူးသွားသည်ဟုလည်းရှေ့မှီနောက်မှီလူကြီးများပြောစကားအရသိရပေသည်။
သို့သော်လောဘသားများကမန်းကျည်းညီနောင်ကိုတူးဖော်၍အမြျစ်ပါလှဲလိုက်ကြပေမဲ့ရွှေအိုးကဖြင့်မတွေ့ကြပဲလက်လျှော့ကာပြေးကြရ၏
ယခုအချိန်မှာတော့ဘုရားပတ်ဝန်းကျင်တွင်မန်းကျည်းညီနောင်ကသုံးနေရာပေါက်နေရာဘယ်အပင်တူးရမှန်းမသိတော့ပေ
ထိုဘုရားတွင်အဓိဌာန်လာဝင်ကြသည့်လူ-ရဟန်းများ-ရှိကြပေမဲ့မှန်မှန်ကန်ကန်တရားအားမထုတ်ပါကမနေနိုင်ပဲပြန်ပြေးကြရသည်ဟုဆိုကြ၏။
ဘယ်လိုပုံစံတွေခြောက်လှန့်သည်မဆိုနိုင်ပြန်ပြေးသူတွေကတော့အတော်များပေသည်။
အချို့ကလည်းအတုအယောင်သိုက်ဆရာများဖြစ်၍ခြောက်လှန့်လွှတ်သည်ဟုပြောကြ၏။
ဟိုးယခင်အခါကတော့ထိုဘုရားနားတွင်သိုက်နန်းရှင်များကိုမြင်တဲ့သူလည်းရှိ၍မသွားရဲကြဟုဆိုပေမဲ့ယခုအခါမှာတော့ပြန်လည်ပြုပြင်ထား၍သာယာနေပြီဖြစ်သည်။
သိုက်အကြောင်းတော့ထည့်မရေးတော့ပေမဲ့ထူးဆန်းအံ့ဖွယ်တွေပြည့်နေတာမို့တစ်ခါတစ်ခေါက်အလည်ရောက်ခဲ့ရင်ဖြင့်ဝင်ရောက်ဖူးမျှော်နိုင်ကြောင်းပါ
ထမင်းခြောက်ဘုရားကသိုက်ဆက်တစ်ယောက်အကြောင်းအပြည့်အစုံကိုတော့အလျှင်းသင့်လျှင်စာအုပ်ဝယ်ဖတ်ပါ
ဘုရားမှာရှိသည့်ထူးဆန်းသည့်သိုက်နန်းရှင်ငါးယောက်အကြောင်းထည့်ရေးထားပါတယ်
ပဌာန်းဆက်ပါသူများကိုစောင့်ရှောက်ကာအိမ်မက်ပေး၍ဘုရားပြုပြင်ခိုင်းသည့်အတွက်ဘုရားပြုပြင်နေသောပဌာန်းဆက်ပေါ်လာရာဘုရားသို့သွားရာလမ်းသည်အရင်လိုမကြမ်းတော့ပဲဖြောင့်ဖြူးသာယာနေပါပြီ
တိမ်လွှာမိုး
Zawgyi Version
ထမင္းေျခာက္ဘုရား(စ/ဆုံး)
———————————
ေရွးလူႀကီးမ်ားအဆိုအရေတာတိုင္းမွာစႏၷကူးပင္မရွိသလိုေတာင္တိုင္းမွာလည္းပတၱျမားမရွိႏိုင္သိုေပမဲ့ေနရာေဒသတိုင္းမွာေတာ့ထူးဆန္းတာေတြရွိေနသည္တဲ့
ကိုယ္ပတ္ဝန္းက်င္ကလက္လွမ္းမွီသေလာက္ဗဟုသုတေလးေတြေတာ့တင္ေပးလိုက္ပါတယ္ယခုအခါကပ္ဆိုးႀကီးေဘးနဲ႔Covidပိုးေတြကလည္းျပန႔္ေနေတာ့စိတ္အပန္းေျပေပါ့
ထမင္းေျခာက္ဘုရားရွိရာေနရာသည္ရွမ္းျပည္ေတာင္ပိုင္းေ႐ြေညာင္ၿမိဳ႕နယ္ေတာင္ေလးလုံးတြင္တည္ရွိပါသည္။
ထိုဘုရားကိုေရွးမင္းဆက္ျဖစ္သည့္နရပတိစည္သူမင္းႀကီးကကေမာၻဇတိုင္းကိုတိုင္းခန္းလွည့္လည္ရင္းထိုဘုရားတည့္မည့္ကုန္းေတာ္ေပၚေရာက္ေသာအခါေဗာင္းေတာ္ျပဳတ္က်သျဖင့္အတိတ္နိမိတ္ေကာက္ကာဘုရားတည္ၿပီးေဗာင္းေတာ္က်ဘုရားဟုအမည္ေပးခဲ့၏
ဘုရားဌာပနာအျဖစ္လည္းပတၱျမားတစ္တင္းထာဌာပနာထည့္ခဲ့သည္ဟုလည္းဆိုၾက၏ႏွစ္ကာလၾကာျမင့္လာေသာအခါဘုရားလည္းယိုယြင္းပ်က္စီးလာ၍ေဒသခံမ်ားကျပန္လည္ျပဳျပင္ကာဉာဏ္ေတာ္ျမႇင့္၍မိုးေကာင္းဆုေတာင္းျပည့္ဘုရားဟုေခၚၾကသည္ဟုသိရေပသည္။
ယခုအခါေဒသခံမ်ားအေခၚအရထမင္းေျခာက္ဘုရားလို႔ေခၚရသည့္ရာဇဝင္အေၾကာင္းကလည္းရွိေပသည္ထိုဘုရားပြဲေတာ္ကိုတစ္ႏွစ္တစ္ခါရွမ္း႐ိုးရာအလိုက္စည္ကားသိုက္ၿမိဳက္စြာရွိၾကေပသည္။
ထိုဘုရားပြဲေတာ္တြင္ထမင္းေႂကြးဧည့္ခံၾကေပသည္တစ္ခါေသာ္ဘုရားပြဲေတာ္ရက္တြင္ဘုရာပန္ဝန္းက်င္တြင္အိုးစည္ဗုံေမာင္းသံမ်ားဆူဆူညံညံၾကားေနရသည့္အတြက္ဘုရားပြဲလာသည့္ဧည့္သည္မ်ားဟုထင္ကာထမင္းမ်ားခ်က္၍ေစာင့္ေနၾက၏
သို႔ေသာ္ထမင္းမ်ားေျခာက္သြားသည္အထိဘယ္ဧည့္သည္မွေရာက္မလာသည့္အတြက္ထမင္းမ်ားေနလွမ္းကာအေျခာက္ခံလိုက္ရသည္ကိုအစြဲျပဳ၍ထမင္းေျခာက္ဘုရားဟုေခၚၾကေပသည္ဟုပါးစပ္ရာဇဝင္အရသိရေပသည္။
ထိုဘုရားထူးဆန္းတာလည္းရွိေပေသး၏ထိုဘုရားတြင္အလွ်ဳူလုပ္ထမင္းေႂကြးတိုင္းထမင္းမ်ားအၿမဲပိုေလ့ရွိကာအေျခာက္လွမ္းရသည့္ရာဇဝင္ကယေန႔တိုင္ရွိေနေပေသးသည္။
တခ်ိဳ႕ကလည္းစမ္းသပ္ၾကည့္ခ်င္၍လူဦးေရအလိုက္ထမင္းကိုတိုးခ်က္ခ်က္ေရွာ့ခ်က္ခ်က္ပိုၿမဲပိုေနသည္ကလည္းထူးျခားခ်က္ျဖစ္ေပသည္။
ေဒသခံတခ်ိဳ႕ကသိုက္ဘုရားဟုေျပာၾကကာသိုက္တေပါင္အရဘုရားအေနာက္ဖက္ကမန္းက်ည္းညီေနာင္ေခြးတစ္ေဟာင္တြင္ေ႐ႊအိုးတစ္လုံးရွိသည္ဟုအဆိုရွိသျဖင့္သိုက္တူးသမားမ်ားမၾကာခဏလာတူးၾကေပမဲ့ဘာမွမေတြ႕ရပဲျပန္ေျပးသြားၾကတာမ်ား၏
တခ်ိဳ႕သိုက္ဆရာမ်ားလည္းေသတဲ့သူေသ႐ူးတဲ့သူ႐ူးသြားသည္ဟုလည္းေရွ႕မွီေနာက္မွီလူႀကီးမ်ားေျပာစကားအရသိရေပသည္။
သို႔ေသာ္ေလာဘသားမ်ားကမန္းက်ည္းညီေနာင္ကိုတူးေဖာ္၍အျမ်စ္ပါလွဲလိုက္ၾကေပမဲ့ေ႐ႊအိုးကျဖင့္မေတြ႕ၾကပဲလက္ေလွ်ာ့ကာေျပးၾကရ၏
ယခုအခ်ိန္မွာေတာ့ဘုရားပတ္ဝန္းက်င္တြင္မန္းက်ည္းညီေနာင္ကသုံးေနရာေပါက္ေနရာဘယ္အပင္တူးရမွန္းမသိေတာ့ေပ
ထိုဘုရားတြင္အဓိဌာန္လာဝင္ၾကသည့္လူ-ရဟန္းမ်ား-ရွိၾကေပမဲ့မွန္မွန္ကန္ကန္တရားအားမထုတ္ပါကမေနႏိုင္ပဲျပန္ေျပးၾကရသည္ဟုဆိုၾက၏။
ဘယ္လိုပုံစံေတြေျခာက္လွန႔္သည္မဆိုႏိုင္ျပန္ေျပးသူေတြကေတာ့အေတာ္မ်ားေပသည္။
အခ်ိဳ႕ကလည္းအတုအေယာင္သိုက္ဆရာမ်ားျဖစ္၍ေျခာက္လွန႔္လႊတ္သည္ဟုေျပာၾက၏။
ဟိုးယခင္အခါကေတာ့ထိုဘုရားနားတြင္သိုက္နန္းရွင္မ်ားကိုျမင္တဲ့သူလည္းရွိ၍မသြားရဲၾကဟုဆိုေပမဲ့ယခုအခါမွာေတာ့ျပန္လည္ျပဳျပင္ထား၍သာယာေနၿပီျဖစ္သည္။
သိုက္အေၾကာင္းေတာ့ထည့္မေရးေတာ့ေပမဲ့ထူးဆန္းအံ့ဖြယ္ေတြျပည့္ေနတာမို႔တစ္ခါတစ္ေခါက္အလည္ေရာက္ခဲ့ရင္ျဖင့္ဝင္ေရာက္ဖူးေမွ်ာ္ႏိုင္ေၾကာင္းပါ
ထမင္းေျခာက္ဘုရားကသိုက္ဆက္တစ္ေယာက္အေၾကာင္းအျပည့္အစုံကိုေတာ့အလွ်င္းသင့္လွ်င္စာအုပ္ဝယ္ဖတ္ပါ
ဘုရားမွာရွိသည့္ထူးဆန္းသည့္သိုက္နန္းရွင္ငါးေယာက္အေၾကာင္းထည့္ေရးထားပါတယ္
ပဌာန္းဆက္ပါသူမ်ားကိုေစာင့္ေရွာက္ကာအိမ္မက္ေပး၍ဘုရားျပဳျပင္ခိုင္းသည့္အတြက္ဘုရားျပဳျပင္ေနေသာပဌာန္းဆက္ေပၚလာရာဘုရားသို႔သြားရာလမ္းသည္အရင္လိုမၾကမ္းေတာ့ပဲေျဖာင့္ျဖဴးသာယာေနပါၿပီ
တိမ္လႊာမိုး