ကျိန်စာသင့်မြေ(စ/ဆုံး)

Unicode Version

ကျိန်စာသင့်မြေ(စ/ဆုံး)
————————–
စပ်ခွန်ဖနှင့်နန်းယိမ်းဆိုင်တို့လင်းမယားသည်ရှမ်းပြည်နယ်စပ်မြို့တမြို့တွင်နေထိုင်ကြရင်း
စီးပွားရေးလုပ်ကိုင်ကြရာအဆင်ပြေလာသဖြင့်စီးပွားရေးလုပ်ငန်းကြီးထူထောင်ရန်အတွက်
ရန်ကုန်မြို့ရှိစက်မှု့ဇုန်တစ်ခုတွင်မြေကွက်တစ်ကွက်ဝယ်လိုက်လေသည်။
မြေကွက်သည်တစ်ဧကကျော်ရှိရာစက်ရုံတစ်လုံးဆောက်ပြီးဘေးမြေကွက်တွင်သူတို့နေဘို့
အိမ်တစ်လုံးပင်အကျအနဆောက်ထားသည်သူတို့လင်မယားလဲနယ်စပ်ကအလုပ်နှင့်
သွားလိုက်လာလိုက်အလုပ်မျာလှိက်ရှိနေကာစက်ရုံဝင်းထဲကအိမ်တွင်အေးအေးဆေးဆေးမနေဖြစ်သေးပေ
စက်ရုံစဖွင့်ပြီးမကြာခင်တွင်သူတို့လင်မယားအတွက်စိတ်ရှုတ်စရာများကြုံလာရသည်။
သူတို့လင်မယားအားစက်ရုံမှုးကမရဲတရဲစကားဆိုလာသည်။
””သဌေးတို့ကိုပြောရမှာအားတော့နာပါတယ်——စက်ရုံမှာအခြောက်အလှန့်တွေရှိနေတယ်ခင်ဗျ——-တချို့အလုပ်သမားတွေကကြောက်လို့ထွက်ကုန်ကြတယ်—–”””
”””မဖြစ်နိုင်တာကွာ—–စက်ရုံကအသစ်ကြီးဟာ—–ဘာမှလဲဖြစ်ထားတာမဟုတ်မင်းတို့စိတ်ထင်လို့နေမှာပါ”””’
””ဒီကိစ္စကိုရှောက်ပြောမနေနဲ့နော်—-ကောလဟာလတွေနေမှာပါ—–ယုံထင်ကြောင်ထင်တွေပါ””’
သူတို့လင်မယားစကားကြောင့်စက်ရုံမှုးလဲဘာမှထပ်မပြောရဲတော့ပဲနေလိုက်သည်။
သို့ပေမဲ့စက်ရုံသည်ဖွင့်ကာစတွင်သာအလုပ်အနည်းငယ်ဖြစ်ကာတစတစလုပ်ငန်းကျဆင်းလာသည်။
ဒါနဲ့သူတို့လင်မယားစက်ရုံတွင်အခြေချနေထိုင်ကြည့်ကြသည်ထိုအခါစက်ရုံဝင်းအတွင်းထူးဆန်းသည်များတွေ့ရလေသည်။
တစ်ညတွင်သူတို့လင်မယားအိပ်မပျော်သေးဘဲသူတို့အိမ်ဝရံတာမှာစကားပြောနေရင်း
စက်ရုံဝင်းထဲအရိပ်မဲများသွားလာနေသည်ကိုမြင်ကြရာအလွန်လန့်သွားကြသည်။
ထိုအရိပ်မဲများသည်ရွှေ့လျားသွားလာနေသည်မှာလျှင်မြန်လွန်းနေကာမျက်စိရှေ့မှာပင်
ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာနီးလာလိုက်ဝေးသွားလိုက်ဖြင့်ခြောက်ခြားစရာကောင်းနေသည်။
သူတို့လင်မယားမထဘူးသောကြက်သီးများထနေကာခေါင်းနပန်းများကြီး၍လာသည်။
မကြောက်စဖူးအရမ်းကိုတုန်လှုပ်သွားကာတံခါးများပိတ်၍စောစောအိပ်ရာဝင်လိုက်သည်။
ထိုညကသူတို့လင်းမယားအလွန်းထူးဆန်းသောအိမ်မက်ကိုပြိုင်တူမက်နေကြသည်။
အိမ်မက်ထဲတွင်လူတစုသည်လယ်မြေဟုယူဆရသည့်မြေကွက်တခုပေါ်တွင်
ဖရောင်းတိုင်များအမွှေးတိုင်များထွန်းကာမြေပေါ်တွင်ဌက်ပျောဖက်များခင်းထားသည့်
အပေါ်၌သားစိမ်းငါးစိမ်းနှင့်စားသောက်ဖွယ်ရာများခင်းကျင်းကာလက်အုပ်ချီ၍
နှုတ်မှတစုံတစ်ရာကိုရွှတ်ဆိုနေကြလေသည်ထိုသို့ရွတ်ဆိုနေရင်းသူ့တို့ပတ်ဝန်းကျင်တွင်
မဲမဲအခိုးအငွေ့များလွှမ်းခြုံ၍လာသည်ကိုအံ့သြဖွယ်မြင်ကြရလေသည်။
ထိုသူများသည်ဘာတွေရွတ်နေသည်မသိအဆက်မပြတ်ရွတ်ဆိုသံကသူတို့အားအိမ်မက်ကလန့်နိုးသွားစေသည်။
မနက်မိုးလင်းတော့သူတို့လင်မယားညကအိမ်မက်နှင့်ညဘက်စက်ရုံဝင်းထဲကထူးဆန်းမှု့များအဖြေရှာရင်း
””မိန်းမရေဒီမြေကွက်က—-မြေမသန့်ဘူးလို့ငါသံသယဖြစ်တယ်——အလုပ်အကိုင်ကလဲအဆင်မပြေဘူး—–””’
””’ဟုတ်တယ်ကျွန်မအထင်တော့ဒီနေရာဟာအရင်ကင်္သချီူ င်းအဟောင်းတွေဘာတွေများဖြစ်နေသလားဘဲထင်မိတယ်”’
””မန်နေဂျာအကြံပေးတဲ့အတိုင်းဘုန်းကြီး၁၀ပါးလောက်ပင့်ပြီးရွတ်ရင်မကောင်းဘူးလား””’
””စောင့်ကြည့်ကြတာပေါ့ကွာ””’
နောက်ညများတွင်လဲသူတို့လင်မယားအိပ်ပျော်နေတုန်းငိုသံများကြားနေရကာ
လန့်နိုးသွားကြသည်သူတို့လင်မယားအလွန်စိုးရိမ်စိတ်သောကတွေဖြစ်လာသည်။
စက်ရုံအစောင့်များလဲရှိနေပေမဲ့သူတို့ကြည့်ရသည်မှာတစ်စုံတစ်ရာကိုကြောက်လန့်နေပုံရလေသည်။
””’ဟီးးးးးဟီးးငါတို့မြေတွေပြန်ပေး—””’
””ဒီမြေမှာမနေကြနဲ့——ဖယ်ပေး—–””
‘ငိုသံသည်ပီပီသသကျယ်လာကာသူတို့လင်မယားအိမ်ထဲကလာသည့်အသံဟုထင်ကာ
ကြောက်ကြောက်လန့်လန့်နှင့်လိုက်ရှာကြလေသည်
ငိုသံသည်ဆွဲဆွဲငင်ငင်ငိုနေသလိုသူတို့အိမ်ထဲမှထင်ပေမဲ့ဘာမှမတွေ့ရပါ
ထိုငိုသံများသည်သူတို့နားထဲဝေးသွားလိုက်နီးလာလိုက်တိုးလိုက်ကျယ်လိုက်နှင့်စိတ်ခြောက်ခြားစေသည်။
သူတို့ကအယူသီးသူများမဟုတ်သလိုအယုံအကြည်မရှိသူများလဲဖြစ်သည်။
သိုပေမဲ့သူတို့အတွက်စိတ်အနှောက်အယှက်အလွန်ဖြစ်နေသည်မမြင်ရသောအရာများကခြောက်လှန့်နေသည်ဟုထင်သည်ဘာမှန်းသဲကွဲစွာမသိပါ။
တစ်ချို့အကြံပေးကြသည့်အတိုင်းစက်ရုံဝင်းထဲမှမြေကိုစတိအဖြစ်မြေလှန်လိုက်ပေမဲ့ဘာမှအကြောင်းမထူးပါ
စက်ရုံထဲဘုန်းကြီးပဋ္ဌာန်းကိုအကျယ်ကြီးဖွင့်ထားရာပို၍ဆိုးကာဟို့လူ့ဝင်ပူးသလိုလိုဒီလူ့ဝင်ပူးသလိုလိုဖြစ်လာသည်။
နောက်ရက်များတွင်တော့သူတို့အတွက်အကုသိုလ်များဆက်တိုက်ဆိုသလိုရောက်၍လာသည်။
စက်ရုံစောင့်သည်ညဘက်စောင့်ရင်းဗိုက်ဆာရင်စားဘို့ထမင်းဗူးထည့်၍လာသည်။
ဟင်းကလဲအမဲသားဟင်းဖြစ်ကာထမင်းဘူးအားစက်ရုံဂိတ်ဝအစောင်ခန်းလေးထဲ၌ထားကာ
စက်ရုံတစ်ပတ်ပတ်ကြည့်လေသည်သ့ူအခန်လေးထဲပြန်ရောက်တော့ထမင်းဘူးထဲ
ဘာမှမရှိတော့ပေသူတံခါးပိတ်ထား၍ခွေးဝင်စရာလဲမရှိခြေရာလက်ရာလဲမပျက်ပဲထမင်းဟင်းများ
ပျောက်ချင်းမလှပျောက်၍သွားရာဘာမှန်းညာမှန်းမသိစိတ်တိုတိုနှင့်ကလော်တုတ်ပြစ်လိုက်သည်။
””’ငါ#$%&*@$%#@သားတွေ”””
သူလဲစားစရာမရှိတော့၍လိုရမယ်ရဝယ်လာသောဆေးပေါ့လိပ်ကလေးခိုးသောက်မည်ဟုမီးညှိတုန်းရှိသေး
သူ့နောက်ကျောဘက်မှအရိပ်မဲတစ်ခုပေါ်လာကာသူလှည့်ကြည့်လိုက်တော့
အရိပ်မဲကြီးသည်ရှည်၍သွားလေသည်သူလဲအလွန်လန့်၍လက်ထဲကဆေးလိပ်လွတ်ချလိုက်မိရာ
သူ့ဆေးလိပ်သည်လေထဲတွင်မြောက်နေကာမီးခိုးများထွက်၍ဖွာနေသလိုဖြစ်နေသည်။
သူ့တစ်ကိုယ်လုံးနတ်ပူးနေသလိုတုန်တက်နေကာကြက်သီးများတဖျန်းဖျန်းထ၍နေသည်။
သူအသားကုန်အော်ချင်ပေမဲ့သူ့အသံဝင်နေသလိုမသံကထွက်၍မလာပေ။
သူလဲဘယ်လိုမှသည်းညီးမခံနိုင်တော့မိုးလင်းအောင်လဲမစောင့်နိုင်တော့ပဲတစ်ချိူးတည်းလစ်လေသည်။
ညဘက်အလုပ်ဆင်းသည့်အလုပ်သမားများလည်းဟိုနေရာအခြောက်ခံရဒီနေရာအခြောက်ခံရနှင့်
တိုးတိုးတိုးတိုးပြောရင်းထိုသတင်းကတောမီးပမာတစ်ဖြေးဖြေးကျယ်ပြန်၍လာသည်
စက်ရုံအလုပ်သမားများအလုပ်ထဲထိခိုက်ဒဏ်ရာရသဖြင့်သွေးသံတစ်ရဲရဲဆေးရုံပြေးကြပြန်သည်။
ဒီလိုရက်ခြား၍အလုပ်သမားများဖြစ်လာသောအခါစက်ကိုင်မည့်အလုပ်သမားများကြောက်၍လာသည်။
စက်ရုံထဲပြသာနာပေါင်းစုံနှင့်စိတ်ရှုတ်နေရသည့်အထဲအော်ဒါပစ္စည်းများအရည်အသွေးမမှီ၍ပြန်ပို့ရာ
လျှော်လိုက်ရသည်မှာသောက်သောက်လဲနောက်ဆုံးလုံးလုံးအရှုံးပေါ်လာတော့ကြံရာမရဖြစ်၍လာသည်။
သူတို့လင်မယားအားအသိတစ်ယောကိအကူအညီနှင့်အလွန်နံမည်ကြီးနေသောဘုန်းကြီးတစ်ပါးဆီခေါ်သွားလေသည်။
ဆရာတော်ကြီးကဟိတ်ဟန်မရှိပကတိအေးချမ်းသောအသွင်ရှိကာသူတို့လင်းမယားကိုမိန့်လိုက်သည်။
””တကာတို့မြေက—ကျိန်စာသင့်မြေဖြစ်နေတယ်ကွဲ့——-
ကျိန်စာတိုက်သူတွေလဲအပြစ်မဆိုသာပါဘူး——–သူတို့ခင်ဗျာလုပ်ကိုင်စားသောက်နေတဲ့နေရာလေးအသိမ်းခံရတော့မကျေနပ်လို့—–ကျိန်စာတိုက်ထားကြတာကွဲ့’—
တစ်ချို့လဲသေကုန်တော့စွဲမိစွဲရာစွဲပြီးဒီမြေရောက်လာကြတာပေါ့ကွယ်—–အတော်ကြောက်စရာကောင်းတဲ့အစွဲတွေပေါ့ကွယ်—–ကံနိမ့်တဲ့သူကခံရတာပေါ့ကွယ်—
အကောင်းဆုံးကဒီမြေကိုရောင်းပြစ်လိုက်ပါ—-””’
ဆရာတော်ကြီးစကားကြားတော့သူတို့လင်မယားအလွန်စိတ်ဆင်းရဲသွားလေသည်။
အလုပ်သမားများကလည်းဆန္ဒပြမည်တကဲကဲဖြစ်နေ၍နောက်ဆုံး၃လစာကြိုထုတ်ပေးကာ
စက်ရုံကိုရတဲ့ရတဲ့ဈေးနှင့်ရောင်းလိုက်၍အကြွေးများပင်ထိုး၍ဆပ်လိုက်ရသည်။
နောက်ဝယ်သူကလည်းအဆင်မပြေဒေဝါလီခံလိုက်ရကာစက်ရုံပိတ်ပြစ်လိုက်ရပြန်သည်။
ကျိန်စာတိုက်သည်မှာအလွန်ပင်ကြောက်စရာကောင်းလှပေသည်ရှေးခေတ်ကဘုရင်များ
လက်ထက်တွင်တစ်ချို့ဘုရားပုထိုးစေတီများအားမဖျက်စီးနိုင်အောင်ကျိန်စာတိုက်သည်ကိုဖတ်ရပေသည်။
ယုံတာမယုံတာအပထားတစ်ချို့ကျိန်စာများသည်နှစ်ပေါင်းများစွာတည်ရှိနေတာညင်း၍မရပေ
ထို့ကြောင့်ရှေးလူကြီးများကသူတစ်ပါးပဲကျိန်ကျိန်မိမိကိုယ်ပဲကျိန်ကျိန်
မကျိန်ရဘူးဟုသွန်သင်လေ့ရှိသည်အကဟ်၍မမှန်မကန်ကျိန်မိပါက
ကိုယ်တိုင်ပြန်ခံစားရသည့်ဥပမာများစွာလဲရှိနေသည့်အတွက်ကျိန်စာအကြောင်း
ကြောက်စရာကောင်းပုံကိုတင်ပြပေးလိုက်ပါသည်။
ပြီး
D Moe Moe

Zawgyi Version

က်ိန္စာသင့္ေျမ(စ/ဆံုး)
————————–
စပ္ခြန္ဖႏွင့္နန္းယိမ္းဆိုင္တို႔လင္းမယားသည္ရွမ္းျပည္နယ္စပ္ၿမိဳ႕တၿမိဳ႕တြင္ေနထိုင္ၾကရင္း
စီးပြားေရးလုပ္ကိုင္ၾကရာအဆင္ေျပလာသျဖင့္စီးပြားေရးလုပ္ငန္းႀကီးထူေထာင္ရန္အတြက္
ရန္ကုန္ၿမိဳ႕ရွိစက္မႈ႕ဇုန္တစ္ခုတြင္ေျမကြက္တစ္ကြက္ဝယ္လိုက္ေလသည္။
ေျမကြက္သည္တစ္ဧကေက်ာ္ရွိရာစက္႐ုံတစ္လုံးေဆာက္ၿပီးေဘးေျမကြက္တြင္သူတို႔ေနဘို႔
အိမ္တစ္လုံးပင္အက်အနေဆာက္ထားသည္သူတို႔လင္မယားလဲနယ္စပ္ကအလုပ္ႏွင့္
သြားလိုက္လာလိုက္အလုပ္မ်ာလွိက္ရွိေနကာစက္႐ုံဝင္းထဲကအိမ္တြင္ေအးေအးေဆးေဆးမေနျဖစ္ေသးေပ
စက္႐ုံစဖြင့္ၿပီးမၾကာခင္တြင္သူတို႔လင္မယားအတြက္စိတ္ရႈတ္စရာမ်ားႀကဳံလာရသည္။
သူတို႔လင္မယားအားစက္႐ုံမႈးကမရဲတရဲစကားဆိုလာသည္။
””သေဌးတို႔ကိုေျပာရမွာအားေတာ့နာပါတယ္——စက္႐ုံမွာအေျခာက္အလွန႔္ေတြရွိေနတယ္ခင္ဗ်——-တခ်ိဳ႕အလုပ္သမားေတြကေၾကာက္လို႔ထြက္ကုန္ၾကတယ္—–”””
”””မျဖစ္ႏိုင္တာကြာ—–စက္႐ုံကအသစ္ႀကီးဟာ—–ဘာမွလဲျဖစ္ထားတာမဟုတ္မင္းတို႔စိတ္ထင္လို႔ေနမွာပါ”””’
””ဒီကိစၥကိုေရွာက္ေျပာမေနနဲ႔ေနာ္—-ေကာလဟာလေတြေနမွာပါ—–ယုံထင္ေၾကာင္ထင္ေတြပါ””’
သူတို႔လင္မယားစကားေၾကာင့္စက္႐ုံမႈးလဲဘာမွထပ္မေျပာရဲေတာ့ပဲေနလိုက္သည္။
သို႔ေပမဲ့စက္႐ုံသည္ဖြင့္ကာစတြင္သာအလုပ္အနည္းငယ္ျဖစ္ကာတစတစလုပ္ငန္းက်ဆင္းလာသည္။
ဒါနဲ႔သူတို႔လင္မယားစက္႐ုံတြင္အေျခခ်ေနထိုင္ၾကည့္ၾကသည္ထိုအခါစက္႐ုံဝင္းအတြင္းထူးဆန္းသည္မ်ားေတြ႕ရေလသည္။
တစ္ညတြင္သူတို႔လင္မယားအိပ္မေပ်ာ္ေသးဘဲသူတို႔အိမ္ဝရံတာမွာစကားေျပာေနရင္း
စက္႐ုံဝင္းထဲအရိပ္မဲမ်ားသြားလာေနသည္ကိုျမင္ၾကရာအလြန္လန႔္သြားၾကသည္။
ထိုအရိပ္မဲမ်ားသည္ေ႐ႊ႕လ်ားသြားလာေနသည္မွာလွ်င္ျမန္လြန္းေနကာမ်က္စိေရွ႕မွာပင္
ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနကာနီးလာလိုက္ေဝးသြားလိုက္ျဖင့္ေျခာက္ျခားစရာေကာင္းေနသည္။
သူတို႔လင္မယားမထဘူးေသာၾကက္သီးမ်ားထေနကာေခါင္းနပန္းမ်ားႀကီး၍လာသည္။
မေၾကာက္စဖူးအရမ္းကိုတုန္လႈပ္သြားကာတံခါးမ်ားပိတ္၍ေစာေစာအိပ္ရာဝင္လိုက္သည္။
ထိုညကသူတို႔လင္းမယားအလြန္းထူးဆန္းေသာအိမ္မက္ကိုၿပိဳင္တူမက္ေနၾကသည္။
အိမ္မက္ထဲတြင္လူတစုသည္လယ္ေျမဟုယူဆရသည့္ေျမကြက္တခုေပၚတြင္
ဖေရာင္းတိုင္မ်ားအေမႊးတိုင္မ်ားထြန္းကာေျမေပၚတြင္ဌက္ေပ်ာဖက္မ်ားခင္းထားသည့္
အေပၚ၌သားစိမ္းငါးစိမ္းႏွင့္စားေသာက္ဖြယ္ရာမ်ားခင္းက်င္းကာလက္အုပ္ခ်ီ၍
ႏႈတ္မွတစုံတစ္ရာကို႐ႊတ္ဆိုေနၾကေလသည္ထိုသို႔႐ြတ္ဆိုေနရင္းသူ႔တို႔ပတ္ဝန္းက်င္တြင္
မဲမဲအခိုးအေငြ႕မ်ားလႊမ္းၿခဳံ၍လာသည္ကိုအံ့ၾသဖြယ္ျမင္ၾကရေလသည္။
ထိုသူမ်ားသည္ဘာေတြ႐ြတ္ေနသည္မသိအဆက္မျပတ္႐ြတ္ဆိုသံကသူတို႔အားအိမ္မက္ကလန႔္ႏိုးသြားေစသည္။
မနက္မိုးလင္းေတာ့သူတို႔လင္မယားညကအိမ္မက္ႏွင့္ညဘက္စက္႐ုံဝင္းထဲကထူးဆန္းမႈ႕မ်ားအေျဖရွာရင္း
””မိန္းမေရဒီေျမကြက္က—-ေျမမသန႔္ဘူးလို႔ငါသံသယျဖစ္တယ္——အလုပ္အကိုင္ကလဲအဆင္မေျပဘူး—–””’
””’ဟုတ္တယ္ကြၽန္မအထင္ေတာ့ဒီေနရာဟာအရင္ကသၤခ်ီဴ င္းအေဟာင္းေတြဘာေတြမ်ားျဖစ္ေနသလားဘဲထင္မိတယ္”’
””မန္ေနဂ်ာအႀကံေပးတဲ့အတိုင္းဘုန္းႀကီး၁၀ပါးေလာက္ပင့္ၿပီး႐ြတ္ရင္မေကာင္းဘူးလား””’
””ေစာင့္ၾကည့္ၾကတာေပါ့ကြာ””’
ေနာက္ညမ်ားတြင္လဲသူတို႔လင္မယားအိပ္ေပ်ာ္ေနတုန္းငိုသံမ်ားၾကားေနရကာ
လန႔္ႏိုးသြားၾကသည္သူတို႔လင္မယားအလြန္စိုးရိမ္စိတ္ေသာကေတြျဖစ္လာသည္။
စက္႐ုံအေစာင့္မ်ားလဲရွိေနေပမဲ့သူတို႔ၾကည့္ရသည္မွာတစ္စုံတစ္ရာကိုေၾကာက္လန႔္ေနပုံရေလသည္။
””’ဟီးးးးးဟီးးငါတို႔ေျမေတြျပန္ေပး—””’
””ဒီေျမမွာမေနၾကနဲ႔——ဖယ္ေပး—–””
‘ငိုသံသည္ပီပီသသက်ယ္လာကာသူတို႔လင္မယားအိမ္ထဲကလာသည့္အသံဟုထင္ကာ
ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္လိုက္ရွာၾကေလသည္
ငိုသံသည္ဆြဲဆြဲငင္ငင္ငိုေနသလိုသူတို႔အိမ္ထဲမွထင္ေပမဲ့ဘာမွမေတြ႕ရပါ
ထိုငိုသံမ်ားသည္သူတို႔နားထဲေဝးသြားလိုက္နီးလာလိုက္တိုးလိုက္က်ယ္လိုက္ႏွင့္စိတ္ေျခာက္ျခားေစသည္။
သူတို႔ကအယူသီးသူမ်ားမဟုတ္သလိုအယုံအၾကည္မရွိသူမ်ားလဲျဖစ္သည္။
သိုေပမဲ့သူတို႔အတြက္စိတ္အေႏွာက္အယွက္အလြန္ျဖစ္ေနသည္မျမင္ရေသာအရာမ်ားကေျခာက္လွန႔္ေနသည္ဟုထင္သည္ဘာမွန္းသဲကြဲစြာမသိပါ။
တစ္ခ်ိဳ႕အႀကံေပးၾကသည့္အတိုင္းစက္႐ုံဝင္းထဲမွေျမကိုစတိအျဖစ္ေျမလွန္လိုက္ေပမဲ့ဘာမွအေၾကာင္းမထူးပါ
စက္႐ုံထဲဘုန္းႀကီးပ႒ာန္းကိုအက်ယ္ႀကီးဖြင့္ထားရာပို၍ဆိုးကာဟို႔လူ႔ဝင္ပူးသလိုလိုဒီလူ႔ဝင္ပူးသလိုလိုျဖစ္လာသည္။
ေနာက္ရက္မ်ားတြင္ေတာ့သူတို႔အတြက္အကုသိုလ္မ်ားဆက္တိုက္ဆိုသလိုေရာက္၍လာသည္။
စက္႐ုံေစာင့္သည္ညဘက္ေစာင့္ရင္းဗိုက္ဆာရင္စားဘို႔ထမင္းဗူးထည့္၍လာသည္။
ဟင္းကလဲအမဲသားဟင္းျဖစ္ကာထမင္းဘူးအားစက္႐ုံဂိတ္ဝအေစာင္ခန္းေလးထဲ၌ထားကာ
စက္႐ုံတစ္ပတ္ပတ္ၾကည့္ေလသည္သ့ူအခန္ေလးထဲျပန္ေရာက္ေတာ့ထမင္းဘူးထဲ
ဘာမွမရွိေတာ့ေပသူတံခါးပိတ္ထား၍ေခြးဝင္စရာလဲမရွိေျခရာလက္ရာလဲမပ်က္ပဲထမင္းဟင္းမ်ား
ေပ်ာက္ခ်င္းမလွေပ်ာက္၍သြားရာဘာမွန္းညာမွန္းမသိစိတ္တိုတိုႏွင့္ကေလာ္တုတ္ျပစ္လိုက္သည္။
””’ငါ#$%&*@$%#@သားေတြ”””
သူလဲစားစရာမရွိေတာ့၍လိုရမယ္ရဝယ္လာေသာေဆးေပါ့လိပ္ကေလးခိုးေသာက္မည္ဟုမီးညႇိတုန္းရွိေသး
သူ႔ေနာက္ေက်ာဘက္မွအရိပ္မဲတစ္ခုေပၚလာကာသူလွည့္ၾကည့္လိုက္ေတာ့
အရိပ္မဲႀကီးသည္ရွည္၍သြားေလသည္သူလဲအလြန္လန႔္၍လက္ထဲကေဆးလိပ္လြတ္ခ်လိုက္မိရာ
သူ႔ေဆးလိပ္သည္ေလထဲတြင္ေျမာက္ေနကာမီးခိုးမ်ားထြက္၍ဖြာေနသလိုျဖစ္ေနသည္။
သူ႔တစ္ကိုယ္လုံးနတ္ပူးေနသလိုတုန္တက္ေနကာၾကက္သီးမ်ားတဖ်န္းဖ်န္းထ၍ေနသည္။
သူအသားကုန္ေအာ္ခ်င္ေပမဲ့သူ႔အသံဝင္ေနသလိုမသံကထြက္၍မလာေပ။
သူလဲဘယ္လိုမွသည္းညီးမခံႏိုင္ေတာ့မိုးလင္းေအာင္လဲမေစာင့္ႏိုင္ေတာ့ပဲတစ္ခ်ိဴးတည္းလစ္ေလသည္။
ညဘက္အလုပ္ဆင္းသည့္အလုပ္သမားမ်ားလည္းဟိုေနရာအေျခာက္ခံရဒီေနရာအေျခာက္ခံရႏွင့္
တိုးတိုးတိုးတိုးေျပာရင္းထိုသတင္းကေတာမီးပမာတစ္ေျဖးေျဖးက်ယ္ျပန္၍လာသည္
စက္႐ုံအလုပ္သမားမ်ားအလုပ္ထဲထိခိုက္ဒဏ္ရာရသျဖင့္ေသြးသံတစ္ရဲရဲေဆး႐ုံေျပးၾကျပန္သည္။
ဒီလိုရက္ျခား၍အလုပ္သမားမ်ားျဖစ္လာေသာအခါစက္ကိုင္မည့္အလုပ္သမားမ်ားေၾကာက္၍လာသည္။
စက္႐ုံထဲျပသာနာေပါင္းစုံႏွင့္စိတ္ရႈတ္ေနရသည့္အထဲေအာ္ဒါပစၥည္းမ်ားအရည္အေသြးမမွီ၍ျပန္ပို႔ရာ
ေလွ်ာ္လိုက္ရသည္မွာေသာက္ေသာက္လဲေနာက္ဆုံးလုံးလုံးအရႈံးေပၚလာေတာ့ႀကံရာမရျဖစ္၍လာသည္။
သူတို႔လင္မယားအားအသိတစ္ေယာကိအကူအညီႏွင့္အလြန္နံမည္ႀကီးေနေသာဘုန္းႀကီးတစ္ပါးဆီေခၚသြားေလသည္။
ဆရာေတာ္ႀကီးကဟိတ္ဟန္မရွိပကတိေအးခ်မ္းေသာအသြင္ရွိကာသူတို႔လင္းမယားကိုမိန႔္လိုက္သည္။
””တကာတို႔ေျမက—က်ိန္စာသင့္ေျမျဖစ္ေနတယ္ကြဲ႕——-
က်ိန္စာတိုက္သူေတြလဲအျပစ္မဆိုသာပါဘူး——–သူတို႔ခင္ဗ်ာလုပ္ကိုင္စားေသာက္ေနတဲ့ေနရာေလးအသိမ္းခံရေတာ့မေက်နပ္လို႔—–က်ိန္စာတိုက္ထားၾကတာကြဲ႕’—
တစ္ခ်ိဳ႕လဲေသကုန္ေတာ့စြဲမိစြဲရာစြဲၿပီးဒီေျမေရာက္လာၾကတာေပါ့ကြယ္—–အေတာ္ေၾကာက္စရာေကာင္းတဲ့အစြဲေတြေပါ့ကြယ္—–ကံနိမ့္တဲ့သူကခံရတာေပါ့ကြယ္—
အေကာင္းဆုံးကဒီေျမကိုေရာင္းျပစ္လိုက္ပါ—-””’
ဆရာေတာ္ႀကီးစကားၾကားေတာ့သူတို႔လင္မယားအလြန္စိတ္ဆင္းရဲသြားေလသည္။
အလုပ္သမားမ်ားကလည္းဆႏၵျပမည္တကဲကဲျဖစ္ေန၍ေနာက္ဆုံး၃လစာႀကိဳထုတ္ေပးကာ
စက္႐ုံကိုရတဲ့ရတဲ့ေဈးႏွင့္ေရာင္းလိုက္၍အေႂကြးမ်ားပင္ထိုး၍ဆပ္လိုက္ရသည္။
ေနာက္ဝယ္သူကလည္းအဆင္မေျပေဒဝါလီခံလိုက္ရကာစက္႐ုံပိတ္ျပစ္လိုက္ရျပန္သည္။
က်ိန္စာတိုက္သည္မွာအလြန္ပင္ေၾကာက္စရာေကာင္းလွေပသည္ေရွးေခတ္ကဘုရင္မ်ား
လက္ထက္တြင္တစ္ခ်ိဳ႕ဘုရားပုထိုးေစတီမ်ားအားမဖ်က္စီးႏိုင္ေအာင္က်ိန္စာတိုက္သည္ကိုဖတ္ရေပသည္။
ယုံတာမယုံတာအပထားတစ္ခ်ိဳ႕က်ိန္စာမ်ားသည္ႏွစ္ေပါင္းမ်ားစြာတည္ရွိေနတာညင္း၍မရေပ
ထို႔ေၾကာင့္ေရွးလူႀကီးမ်ားကသူတစ္ပါးပဲက်ိန္က်ိန္မိမိကိုယ္ပဲက်ိန္က်ိန္
မက်ိန္ရဘူးဟုသြန္သင္ေလ့ရွိသည္အကဟ္၍မမွန္မကန္က်ိန္မိပါက
ကိုယ္တိုင္ျပန္ခံစားရသည့္ဥပမာမ်ားစြာလဲရွိေနသည့္အတြက္က်ိန္စာအေၾကာင္း
ေၾကာက္စရာေကာင္းပုံကိုတင္ျပေပးလိုက္ပါသည္။
ၿပီး
D Moe Moe