Unicode Version
“မယ်မှန်ကုန်းကအမုန်းကျိန်စာ”(စ/ဆုံး)
———————————————
“အဲဒီ ဒေါ်သော့ကြီးက အစကတည်းက စိတ္တဇဝေဒနာရှင်လား”
မဟုတ်ဘူးကွဲ့ သူတို့မိသားစုက အ အရင်က ကုန်စုံ ရောင်းတယ်။ နောက်တော့ မန္တလေးဘက်ကို ငှက်နဲ့သွားရင်း သူ့မိသားစု အားလုံး ရေနစ်သေသွားပြီး။ သူစိတ်နောက်သွားတယ်လို့ ပြောတယ်။ ငါးနှစ်လောက်ကတည်းက သူစိတ်နောက် ဆရာလေးမရောက်ခင် လေးငါးနှစ်လောက်ကတည်း သွားပြီး နောက်ပိုင်းမှာ မယ်မှန်ကုန်းမှာလာနေပြီး တစ်နေ့မှာ သူလ မယ်မှန် လာသတ်တော့မှာပဲလို့ ပြောပြောနေတယ်။လူတွေက မယ်မှန်က လာသတ်မှာလဲလို့မေးတော့ ဗေဒင်မှန်လို့ အသက် ဘယ်ကမယ်မှန်က လာသတ်လိမ့်မယ်တဲ့ သူကတော့ မြို့စားကြီးနဲ့ ခံရတဲ့ မယ်မှ မိန်းမမမယ်မှုန်ဝင်စားတာ လို့ပြောတယ်
မယ်မှန်တို့ မယ်မှုန်တို့နဲ့ ကျွန်မတော့ ရှုပ်ထွေးနေပြီ ဘာမူမသိတော့ဘူး အေးလေ ဟုတ်တာပေါ့၊ ဒကာမလေးက မယ်မှန်ရဲ့အကြောင်းမှ မသိသေးတာ
“ဗေဒင်မှန်လို့ အသတ်ခံရတဲ့ မယ်မှန်အကြောင်း ပြောမ လို့လုပ်တုန်းမှာ ဒီအဖြစ်အပျက်က ရုတ်တရက်ဝင်လာတာကိုး
ဟုတ်ပါရဲ့ . . . ဒကာမလေးရယ်”
တပည့်တော်မလည်း မယ်မှန်နဲ့ ဘယ်လိုပတ်သက်ခဲ့လဲ မသိဘူး။ သူအကြောင်းကို သိပ်သိချင်တာပဲ
“ဆရာလေးရဲ့ စိတ်ထဲမှာလည်း ဒကာမလေးနဲ့ တစ်ခုခုများ ပတ်သက်နေမလားလို့ စိတ်ထဲမှာထင်မိတယ်။ ဒီတော့ မယ်မှန်နဲ့ ပတ် သက်တဲ့ ပယ်မှန်ကုန်းအကြောင်း ပြောပြမယ်၊ အဖြစ်က ဒီလိုပါ . . .
ဆရာလေးက ဗေဒင်မှန်လွန်း၍ အသတ်ခံရသော မယ်မှန် အကြောင်းကို ပြောပြခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုနေရာကလေးမှာ သပြေ ကုန်းရွာကလေး ဖြစ်သည်။ ထိုရွာကလေးတွင် ဗေဒင်ဆရာကြီး၏ သမီး မယ်မှန်မှာ ချောမောလှပသည့် ကွမ်းတောင်ကိုင်တစ်ဦး ဖြစ်သည်။ ထိုဗေဒင်ဆရာကြီးမှာ ဗေဒင်တွက်ရာတွင် မှန်ကန်လှသည်ဟူ၍ ဂုဏ်သတင်းကျော်ကြားသူဖြစ်သည်။
သို့သော် ထိုအရပ်ဒေသမှလွဲ၍ အဝေးနေရာသို့ သွား နောက်ဟော ပြောခြင်းမရှိသဖြင့် အနာဂတ်ကို ကြိုတင်သိလိုသူများ က ထိုဗေဒင်ဆရာ ကြီး ဦးဝဏ္ဏထံသို့ လာရောက်မေးမြန်းခဲ့ကြသည်။ ဗေဒင်မေးသူများထဲတွင် အနယ်နယ်အရပ်ရပ်မှ မြို့စား၊ ငယ်စား၊ သူဌေး၊ သူကြွယ်များလည်း ပါဝင်ခဲ့ပါသည်။ ဆရာကြီးမှာသိသူများနှင့် သူ၏သမီး မယ်မှန်ကို အတွေ့မခံခဲ့ပေ။ တစ်နေ့သော် မြို့စားမင်း၏ သားဖြစ်သူမောင်နန္ဒမှာ ဗေဒင် ဆရာကြီးထံ ဗေဒင်မေးရန် ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ဗေဒင် ဆရာကြီး ဦးဝဏ္ဏမှာ အပြင်သွားခိုက်နှင့်ကြုံနေသဖြင့်
ဗေဒင်ဆရာကြီး ဦးဝဏ္ဏနဲ့ တွေ့ချင်လို့ပါ
ဖခင်ကြီးအပြင်သို့ ခေတ္တသွားပါတယ်၊ ဘာကိစ္စများရှိပါလဲ
မောင်ကြီးက မြို့စားမင်းရဲ့သား ကိုနန္ဒဖြစ်ပါတယ်။ ဗေဒင်
မးရန် လာခြင်းဖြစ်တယ်
ဒါဆို ခေတ္တစောင့်ဆိုင်းပါ ထိုသို့ မယ်မှန်၏နေအိမ်၌ ခေတ္တစောင့်ဆိုင်းနေစဉ် မယ်မှန်၏ အလှအပကွန်ယက်၌ စွဲလမ်းငြိတွယ်ခဲ့သည်။ ဖခင်ကြီး ဦးဝဏ္ဏ ရောက်လာသည့်အခါ မောင်နန္ဒအား
ဗေဒင်တွက်ရာ မြို့စားမင်းရာထူးကို ဆက်ခံရမည့်သူဖြစ်ကြောင်း ဟော ပြာခဲ့သည်။ မောင်နန္ဒလည်း ဦးပဏ္ဏဆီသို့ မကြာခဏလာရာမှအစ ငယ်မှန်နှင့် ချစ်ကြိုက်ခဲ့ကြသည်။ ဖခင်ကြီးဦးဝဏ္ဏမှာ သူတို့နှစ်ဦး မတ္တာမျှသည့် အကြောင်းကို မသိခဲ့ချေ။ သို့ရာတွင် ၎င်းမှာ အသက် အရွယ်ကြီးရင့်လာပြီဖြစ်၍ မယ်မှန်အား ဗေဒင်ပညာရပ်များကို သင်ကြား ပေးခဲ့သည်။ မယ်မှန်မှာ ဗေဒင်ပညာရပ်များကို ကြိုးစားသင်ယူခဲ့ရာ ဗေဒင်ပညာရပ်ကို တစ်ဖက်ကမ်းခတ်မျှ တတ်မြောက်ခဲ့သည်။
ထိုစဉ် မြို့စားမင်းကြီးမှာလည်း အသက်အရွယ် ကြီးရင့်လာ ပြီ ဖြစ်၏။ ၎င်း၏မြို့စားမင်းရာထူးကို သားဖြစ်သူ မောင်နန္ဒအား လွှဲအပ်ပေးပြီး ၎င်း၏မိတ်ဆွေ အခြားမြို့စားမင်း၏ သမီးဖြစ်သူမယ်မှုန် နှင့် လက်ထပ်ထိမ်းမြား ပေးလိုက်သည်။
ဤသတင်းကို ကြားသောအခါ မယ်မှန်မှာ ရင်ကွဲပက်လက် ဖြစ် လွန်စွာဝမ်းနည်းကြေကွဲခဲ့လေသည်။ မောင်နန္ဒမှာလည်း မည်သို့ မျှ ငြင်းပယ်မရသဖြင့် လက်ထပ်ရသော်လည်း ငယ်ချစ်ဦးဖြစ်သည့် မယ်မှန်ကို တစ်နေ့မှမေ့မရပေ။ မောင်နန္ဒက သူလက်ထပ်ပြီးနောက် မယ်မှန်ဆီသို့ အရောက်လာခဲ့သည်။
မောင်ကြီး ဘယ်လိုမှငြင်းမရလို့ လက်ထပ်ရတာပါ။ မောင် ကြီးဟာ ဒီမြို့စားမင်းရာထူးကို စွန့်ပြီး မယ်မှန်နဲ့သာပေါင်းဖော်ဖို့ အခု ရောက်လာတာပါ”
“မောင်ကြီး စိတ်ရှိတိုင်းမလုပ်ပါနှင့် ကျွန်မနှင့် မပေါင်းရသော်လည်း မောင်ကြီးဟာ မြို့စားမင်းအဖြစ်သို့ ရောက်ရှိသည်ကို ကျွန်မကျေနပ်ပါသည်။ ကျွန်မကိုသာ မေ့လိုက်ပါတော့ မောင်ကြီးရယ် ချစ်သူနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် ဖက်ငိုပြီးနောက် မောင်နန္ဒတစ်ယောက် လာရာလမ်းသို့ ဝမ်းနည်းကြေကွဲစွာ ပြန်ခဲ့ရသည်။ ထိုအကြောင်းကို မယ်မှုန်သိသွားသောအခါ လွန်စွာဒေါသ ထွက်ကာ အငြိုးအတေး ထားခဲ့သည်။
နေနှင့်ဦးပေါ့ . . . မယ်မှန်ရယ်။ ပျံလေတဲ့ ငှက်ခါး နားကာ မှသိစေရမယ်။ ငါ့ယောက်ျားရဲ့ ချစ်သူဟာ ငါ့ရန်သူပဲ ဟူ၍ ကြိမ်းဝါးကာ ကောက်ကျစ်သောအကြံဖြင့် အချိန်ကောင်းကို စောင့်နေခဲ့သည်။ ထိုသို့ဖြင့် နှစ်ပေါင်း (၁ဝ)နှစ်ကျော်ခန့် ချပြီ။ မောင်နန္ဒမှာ မြို့စားကြီးဦးနန္ဒအဖြစ်သို့ ရောက်ရှိခဲ့သည်။ မြို့စားကြီး၏ဇနီး မယ်မှုန်မှာလည်း မြို့စားကြီးထက်ပင် လက် စောင်းထက်လေသည်။ မြို့စားကြီးမရှိခိုက်နှင့်ကြုံလျင် ရာဇဝတ် သားများကို ကြိမ်ဒဏ်၊ သေဒဏ်အထိပေးလေ့ရှိသဖြင့် မြို့စားကြီး ထက် မြို့စားကြီးကတော် မယ်မှုန်ကိုပိုပြီး ကြောက်နေကြရသည်။ မြို့စားကြီး ဦးနန္ဒမှာလည်း မချစ်မနှစ်သက်ဘဲ ပေါင်းဖော် ရသော်လည်း မယ်မှုန်၏ဖခင်ကြီး၏ အရှိန်အဝါကြောင့် မလွန်ဆန်ဖြစ်နေသည်။ သို့သော်မြို့စားကြီး ဦးနန္ဒသည် မယ်မှုန်အား မချစ်မနှစ်သက် သည့်အတွက် တောကစားထွက်ခြင်း၊ အပျော်အပါး လိုက်စားခြင်း သာ အချိန်ကုန်ခဲ့သည်။
တစ်နေ့တွင် မြို့စားကြီးဦးနန္ဒမှာ အမဲလိုက်သွားရာမှ လပေါင်း ပတော်ကြာအောင် ပြန်မလာသဖြင့် မြို့စားကြီးကတော်ဒေါ်မှုန်မှာ ပူပင်သောက ရောက်နေခဲ့သည်။
မြို့စားကြီး၏ အခြေအနေကို သိလိုသည့်အတွက် ဗေဒင် သာ၌ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်သည့် မယ်မှန်ဆီသို့လာခဲ့သည်။
ဗေဒင်ပညာရှိမယ်မှန်မှာ မြို့စားကြီးကတော်ကို မြင်လိုက် တည်းက သူမအား ကံကြမ္မာဆိုးနှင့် တိုးမိသူဖြစ်လိမ့်မည်ကို ကြို သိထားခဲ့သည်။
ဗေဒင်ကဝိ ပညာရှိမယ်မှန်ဟူ၍ အရပ်ရပ်မြို့နယ်များတွင် ရှားကျော်ကြားလှသည့်အတွက် မြို့စားမင်းကတော်မှာ လာရောက် မြန်းခြင်းပြုသည်။ အသင်မှန်ရာကို ဟောပြောပေလော့
မှန်ပါသည် အရှင်မ၊ ကျွန်မ၏ဗေဒင်ပညာဖြင့် မှန်ရာကို ဟောပြပါမည်။ မည်သူ့အကြောင်းကို ဟောပြောရမည်ကို ညွှန်ကြား ပါလော့
ကောင်းပြီ ဤဇာတာရှင်ကား အရှင်မ၏ ခင်ပွန်းသည်ဖြစ် သည့် မြို့စားမင်းကြီးဖြစ်ပေသည်။ သူဟာ အခုအခါမှာ အဘယ်ကဲ့သို့ ဖြစ်နေသနည်း ဟောပြပါ”
ကောင်းလှပြီ
ဗေဒင်ကဝိ ပညာရှိမယ်မှန်သည် မြို့စားကြီး၏ ဇာတာအား ကြည့်သောအခါ …တွက်ချက် ယခု မြို့စားကြီးသည် ဤရွာ၏အနောက်တည့်တည့် အရပ်၌ရှိသော မဟာ၀န်တောအုပ်၌ ရှိချေသည်ဟူ၍ ဟောပြောလိုက်သည်။
ဟုတ်ပြီ၊ ဒါပေမယ့် ဒီတောအုပ်ဘက်သို့ သွားသည်မှာ သုံး လကျော်ခန့် ရှိချေပြီ။ ယခုအထိ ပြန်မလာသေးသည့်အတွက် အ ထောက်တော်များလွှတ်၍ စုံစမ်းသော်လည်း သတင်းမရပါ။ ဒီအတွက်- အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့နေသလော မှန်ရာကိုဟောပြပါ”
မယ်မှန်၏ ဗေဒင်ပညာနှင့် တွက်ကြည့်ရာ မြို့စားကြီးမှာ အန္တရာယ် တစ်စုံတစ်ရာမျှမရှိ။ ထိုတောအုပ်ထဲတွင် စခန်းချကာ သူရာ အရက် မိန်းမပျက်များနှင့် ပျော်ပါးနေသည်ကို သိလိုက်ရသည်။ ထို့ အတွက် ၎င်းကိုလာရှာသူများအား မြို့စားကြီးနှင့်မတွေ့ဟူ၍ အကြောင်း ပြန်ခဲ့ခြင်း ဖြစ်လေသည်။မယ်မှန်ကား မြို့စားကြီး၏အကြောင်းကို ကောင်းစွာသိခဲ့ သည်။ အမှန်အတိုင်း ပြောရကောင်းမည်လော၊ ဥပါယ်တံမျဉ်ဖြင့် ပြောရကောင်းမည်လောဟူ၍ ဆင်ခြင်တွေးတောမိသည်။ ထို့ကြောင့်
“မြို့စားကြီးဟာ တောအုပ်အတွင်း အန္တရာယ်ကင်းစွာရှိ ကြောင်းပါ”ဟု မယုတ်မလွန် လျှောက်တင်ခဲ့သည်။ သည်တွင်မြို့စား တော်မှာ
မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး။ အန္တရာယ်တစ်ခုခု ကျတက်လို့သာ ဒီလောက်ကြာအောင်နေတာဖြစ်မှာပေါ့။ နို့မို့ရင် ပြန်လာ သာပေါ့။ ဗေဒင်ဆရာမ မယ်မှန် မှန်တာကိုသာလျှောက်ဘိလော့ အ ယ်၍ အသင့်ဟောကိန်းမှားခဲ့သော် ကြိမ်ဒဏ်သင့်စေရမည်”
မယ်မှန်မှာ ဗေဒင်ပညာကို စော်ကားမော်ကား ပြောလာသည့် တွက် မည်သည့်အန္တရာယ်နှင့် ကြုံတွေ့စေကာမူ အမှန်တရားကိုသာ ဟောမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ “မြို့စားမင်းကတော်ကြီး ကျွန်မ၏ဗေဒင်ပညာနှင့် မှန်ရာကိုလျှောက်တင်ပါမည်။ မြို့စားကြီးသည် ထိုတောအုပ်အတွင်း၌ အန္တရာယ် ကင်းရှင်းစွာရှိပြီး မောင်းမမိဿံတို့နှင့်အတူတကွ ပျော်ပါးနေသော ကြောင့် အရှင်မဆီသို့ မပြန်ခြင်းဖြစ်ဘိသည် ဟူ၍ အမှန်အတိုင်း လျှောက်တင်လိုက်ပါသည်။
ထိုစကားကို ကြားသောအခါ မြို့စားကြီးကတော်မှာ ပြင်းထန် သော အမျက်ဒေါသထွက်ခဲ့သည်။ မြို့စားမင်းကြီးမှာ အပျော်အပါး ခုံမင်မှန်းသိ၍ ဤသို့ဟောခြင်းမှာ မှန်ကန်လိမ့်မည်မှန်း သူမ ခဲ့သည်။သို့သော် ဗေဒင်ဆရာမ မယ်မှန်သည် မြို့စားကြီးကတော်သူမ၏ အခြွေအရံများ၏ရှေ့တွင် မှန်ရာတည့်တည့်ဟောသည့် တွက် အမျက်ဒေါသပြင်းစွာထွက်သကဲ့သို့ အရှက်လည်းရခဲ့သည်။ မယ်မှန်နှင့် သူမမှာနဂိုကပင် အငြိုးရှိသူဖြစ်၍ သည်အခါ အခွင့်တွင် အကွက်ဝင်ချေပြီ။ ချက်ချင်းပင်နီမြန်းသော မျက်နှာထားဖြင့် . . . အသင် ဗေဒင်ဆရာမ မယ်မှန်။ သင်သည်ကား မြို့စားကြီး၏ သိက္ခာကိုမျှမထောက် ဂုဏ်သရေထိခိုက် ညှိုးနွမ်းမည့်စကားကို သင်ဟောခဲ့သည်။ မြို့စားကြီးမှာ တောတွင်းတစ်နေရာတွင် အန္တရာယ် ကြုံမှန်းသိလျှက်နှင့်ပင် အသင်က အပျော်ကြူးနေသည်ဟုဆိုသည်မှာ ကိုယ့်အရှင့်အား စော်ကားသည့်စကား ဖြစ်ပေသည်။ ထို့ကြောင့် မြို့စားကြီးအန္တရာယ် ကျရောက်နေပြီဟူ၍ အဟောကိုပြင်ပြီးဟောပါလော့”
အရှင်မ ကျွန်မသည် ဗေဒင်ပညာရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ ကျွန်မ၏ပညာကို ယုံကြည်မှု အပြည့်အဝရှိသည်။ အရှင်မသည် ကျွန်မ၏အဟောကို မယုံပါလျှင် လူယုံတစ်ယောက် စေလွှတ်၍ တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှု့ပြီးမှ မှန်မမှန် ဆုံးဖြတ်ပါ”
“ဗေဒင်ဆရာ မယ်မှန်။ သင်သည်သင့်၏ ပညာကို အကြောင်းပြကာ စော်ကားမှုပြုသည့်အတွက် ယခုချက်ချင်းပင် အသင့် အား ဖမ်းဆီးပြီး သတ်အံ့။ သို့သော်အသင့်အား အခွင့်အရေးတစ်ခု ပေးအံ့။ အသင်၏အဟောကို ပြင်မည်ဆိုလျင် သေဒဏ်မှ လွတ်ငြိမ်း ချမ်းသာပေးအံ့’
အရှင်မ . . . ကျွန်မသည် ဤပညာသင်ယူစဉ်ကပင် အဂတိ လိုက်စား၍သော်လည်းကောင်း၊ ခြိမ်းခြောက်ခံရ၍သော်လည်းကောင်း၊ အမှန်တရားမှလွဲပါယ်ကာ မမှန်သောစကားကိုမဆို။ သတ်လိုက သတ် စေတော့ အမှန်တရားကိုဖက်၍ သေမည်။ တစ်သက်မှာတစ်ခါသာ သေရသည်။ နာမည်ဆိုးနှင့် မသေလိုပါ’အသင်သည် ကိုယ်၏သေတွင်းကို အသင်ကိုယ်တိုင်တူးသူ သည်။ သင်၏ ပညာကိုဖက်၍ သင်သေစေအံ့
ဖြစ် ထိုသို့ဆိုကာ မင်းချင်းတို့ကိုခေါ်၍ လူသတ်ကုန်း (ယခု မယ်မှန် ကုန်း)သို့ ခေါ်ဆောင်ကာ ညနေ နေဝင်ရီတရောအချိန်တွင် ခေါင်း ပြတ်ကာ သတ်အံ့ဆဲဆဲအချိန်တွင် မယ်မှန်က ဤသို့ကျိန်စာတစ်ခု ကို ကျိန်ဆိုခဲ့သည်။
ငါသည် မှန်သောအမှုကိုပြု၍ အသက်သေဆုံးခြင်းသို့ ရောက်ရပေတော့မည်။ အကယ်၍ လူယုတ်မာ၏ လက်ချက်ဖြင့် သလွန်သည်ရှိသော် လူ့ဘဝသို့တဖန် ပြန်ရောက်ပါက ဗေဒင်ပညာကို ကျွမ်းကျင်သည့် ဗေဒင်ဆရာမသာလျင် ဖြစ်ပါစေ။ သူနှင့်ကျွန်မ ဘဝ တစ်ခုခု၌ ထပ်မံကြုံတွေ့ကာ မြို့စားကတော်မယ်မှုန်သည် ကျွန်မကြောင့် အသေဆိုးဖြင့် သေဆုံးရပါစေသား”
ဟူ၍ ကျိန်စာတစ်ခုကို ကျိန်ဆိုပြီး ရဲရဲတောက် သေပွဲဝင်ခဲ့ သည်။ လူသတ်ကုန်းတွင် မယ်မှန်တစ်ယောက် ဗေဒင်မှန်လွန်းလှသဖြင့် လူသတ်သမား၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ဤသတင်းမှာ တစ်ယောက်စကား တစ်ယောက်နားသို့ ပျံ့နှံ့သွားရာမှ မြို့စားကြီးဆီသို့ ရောက်သွားသည်။ မြို့စားကြီးမှာ ငယ် ကချစ် အနှစ်တစ်ရာ မမေ့သောဟူသကဲ့သို့ ငယ်ချစ်ဦးမယ်မှန်၏ သတင်းကို ကြားရသောအခါ လွန်စွာစိတ်မချမ်းသာဖြစ်ကာ လူသတ် ကုန်းသို့ ပြင်းကိုဒုန်းစိုင်းကာ စီးလာခဲ့ပါတော့သည်။
မြို့စားကြီးမှာ အလာကောင်းသော်လည်း အခါနှောင်းခဲ့ချေ ့ လူသတ်ကုန်းအနီးတွင် မယ်မှန်၏ ရုပ်အလောင်းကိုမြှုပ်နှံထား သည့် မြေပုံမှတ်ကိုင်ကလေးကိုသာ တွေ့ရှိခဲ့ရသည်။
မြို့စားကြီးမှာ
ဖြစ်မှဖြစ်ရလေ . . . မယ်မှန်ရယ်။ မင်းဗေဒင်တွက်။ အတိုင်း ငါဟာတောကြီးထဲမှာ အန္တရာယ်ကင်းစွာပျော်ပါးနေခဲ့တာ အခ ပါပဲ။ အသတ်ခံရမယ်မှန်းသိရက်နဲ့ အမှန်တရားကိုပြောရဲခဲ့တဲ့ မယ်။ အတွက် ငါဟာလည်း အမှန်တရားအတိုင်း ငါပြုရမယ်” ဒီကုန်းကိုလည်း မယ်မှန်ကုန်းလို့ အမည်တွင်စေရမယ်ဟူ၍ မချိတင်ကဲဖြစ်စွာဖြင့် မြို့တော်သို့ ပြန်သွားခဲ့သည်။
မြို့တော်သို့ အရောက်တွင် ဇနီးဖြစ်သူမယ်မှုန်မှာ မယ်မှန်အားသည့် နောက်တစ်နေ့မှစ၍ ညစဉ်ညတိုင်း အိပ်မက်ဆိုးကြီးဖြင့် ခြား လှန့်ခြင်းခံရကာ သွက်သွက်လည်အောင် ရူးသွပ်သွားခဲ့လေပြီ။ မြို့စားကြီးမှာ မယ်မှုန်အား ဇနီးအဖြစ်မှ စွန့်လွှတ်၍ ၎င်း ဖခင်မြို့စားကြီးထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ မယ်မှုန်မှာ ထုံး ရှူးသွပ်စိတ်နှင့်ပင် အစားအစာ မစားတော့ဘဲနေသဖြင့် များမကြား သေဆုံးသွားခဲ့သည်။
မယ်မှန်သေဆုံးရသည့်နည်းတူ မယ်မှုန်မှာလည်း တိုင်း၊ သင့်သည့်အလား ရူးသွပ်စွာကွယ်လွန်ခဲ့လေပြီ။ ထိုကုန်းကိုလည်း မယ်- ကုန်းဟု ယခုတိုင် ခေါ်ဝေါ်ခဲ့ကြသည်။မယ်မှန်ကုန်းရာဇဝင်မှာ ဤသို့ဖြစ်ခဲ့သည်။ထိုနေရာဝန်းကျင်နေသူများမှာ မယ်မှန်ကုန်း ရာဇဝင်ကို လူတိုင်းလိုလို သိခဲ့ကြသည်။ ဆရာလေးက သူမသိသည့် မယ်မှန်ကုန်းအကြောင်း ပြောခဲ့သည်။
မယ်မှန်ကုန်း အကြောင်းကတော့ ဒီနားမှာနေတဲ့သူမှ အားလုံးလိုလို သိကြတယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုကတော့။
ဒေါ်သော့ကြီးဟာ သူတို့မိသားစုနဲ့နေစဉ်တုန်းက အကောင်းပဲ။ ဘာပြောသံ မကြားရဘူး။ သူစိတ်နောက်သွားတဲ့ အချိန်ကစပြီး သူ့ကိုယ် သူ မယ်မှုန် ဖြစ်ခဲ့ဖူးတယ်ဆိုပြီး မယ်မှန်အလာကို ကြောက်ရွံ့စွာနဲ့ စောင့်မျှော်နေခဲ့တယ်။ တူမကိုလည်းမြင်ရော မယ်မှန်ဆိုပြီး ကြောက် လန့်လန့် ဖြစ်သွားတာပဲ
ဆရာလေးရယ် . . . တပည့်တော်မှာလည်း ထူးထူးဆန်းဆန်းပြောပြစရာရှိတယ်။ တကယ်တော့ သမီးက ဗေဒင်ဝါသနာ သိပ်မပါ ဘူး။ အဖေ့ကြောင့်သာ ဗေဒင်ပညာကိုသင်ခဲ့ရတာ၊ သင်တော့လည်း အရမ်းတတ်လွယ်လို့ အဖေကတောင် ဗေဒင်ဆရာသေလို့ ဝင်စားသ လားလို့တောင် ခဏခဏပြောတယ်” ဪ . . . ဟုတ်လား
နောက်ပြီးတော့ ဒေါ်သော့ကြီးနဲ့ တူတဲ့မိန်းမကြီးတစ် ယောက်ကိုလည်း တပည့်တော် အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အဲဒီ မိန်းမကြီးက “ဗေဒင်ဟောတာမှန်လွန်းလို့ နင့်ကိုသေဒဏ်ပေး မလို့ လို့ပြောတယ်”
ဒါဆိုရင် ထူးထူးခြားခြား တိုက်ဆိုင်နေတာပေါ့နော် ဟုတ်ပါတယ် . . . ဆရာလေး။ တပည့်တော် တစ်ခါမှ မကြားဖူးခဲ့တဲ့ မယ်မှန်အကြောင်းနဲ့ ဘာကြောင့်များ ဆက်နွယ်နေပါလိမ့် ဤသို့ထူးခြားစွာ တိုက်ဆိုင်နေသည့် အကြောင်းအရာမှာ
ကျွန်မ၏ဉာဏ်ဖြင့် လိုက်မမီခဲ့ချေ။ မည်သို့ပင်ဖြစ်စေကာမူ ဒေါ်သော့ ကြီးတစ်ယောက် သည်လိုအဖြစ်ဆိုးနှင့် တိုးခဲ့ရသည်ကိုမူ လူသားချင်းစာနာထောက်ထားသောအားဖြင့် လွန်စွာစိတ်မကောင်းဖြစ်ခဲ့သည်။ ကျွန်မသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်ခါက တစ်ဘဝတွင် ဗေဒင်ဆရာမ မယ်မှန်ဖြစ်ခဲ့လေသလား။ အကြောင်း
တိုက်ဆိုင်စွာ ဤအရပ်ဒေသသို့ ရောက်ခဲ့လေသလား မယ်မှန်မသေခင် ကျိန်ဆိုခဲ့သည့် “မြို့စားကတော် မယ်မှုန် သည် ကျွန်မကြောင့် အသေဆိုးဖြင့် သေဆုံးရပါစေသား” ဟူသည်ကျိန်စာဆိုးတို့အသက်ဝင် လှုပ်ရှားလာခဲ့လေသလား။ ကျွန်မအတွေးများ ယောက်ယက်ခတ်နေသည်။
တစ်ဘဝက ဆုတောင်းခဲ့သော ကျိန်စာဆိုးကြောင့် ဒေါ်သော ကြီးမှာ အသေဆိုးဖြင့် သေခဲ့ပါလျှင် သည်ဝဋ်ကြွေး သည်ဘဝမှာသာ ဆုံးပါစေတော့။ သံသရာခြားရဟတ်မှာ တစ်ပတ်ထပ်မံမလည်ပတ်ချင်းတော့ပေ။ သည်မျှ တိုက်ဆိုင်ခဲ့သည့် ကွယ်လွန်သူ ဒေါ်သော့အား ကျွန်း က ဆွမ်းသွပ်အမျှဝေကာ ကောင်းရာသုဂတိသို့ ရောက်ပါစေကြောင်းဆုမွန်ကောင်း တောင်းခဲ့ပါသည်။လည်ပတ်နေသော သံသရာ၌ မယ်မှန်ကုန်းမှ အမုန်းကျိန် ဆိုးတို့ အငြိုးမျက်ဖြေ ပြေပါစေတော့။
ပြီးပါပြီ
ရေးသားသူ-ရီရီဌေး
Zawgyi Version
“မယ္မွန္ကုန္းကအမုန္းက်ိန္စာ”(စ/ဆုံး)
———————————————
“အဲဒီ ေဒၚေသာ့ႀကီးက အစကတည္းက စိတၱဇေဝဒနာရွင္လား”
မဟုတ္ဘူးကြဲ႕ သူတို႔မိသားစုက အ အရင္က ကုန္စုံ ေရာင္းတယ္။ ေနာက္ေတာ့ မႏၲေလးဘက္ကို ငွက္နဲ႔သြားရင္း သူ႔မိသားစု အားလုံး ေရနစ္ေသသြားၿပီး။ သူစိတ္ေနာက္သြားတယ္လို႔ ေျပာတယ္။ ငါးႏွစ္ေလာက္ကတည္းက သူစိတ္ေနာက္ ဆရာေလးမေရာက္ခင္ ေလးငါးႏွစ္ေလာက္ကတည္း သြားၿပီး ေနာက္ပိုင္းမွာ မယ္မွန္ကုန္းမွာလာေနၿပီး တစ္ေန႔မွာ သူလ မယ္မွန္ လာသတ္ေတာ့မွာပဲလို႔ ေျပာေျပာေနတယ္။လူေတြက မယ္မွန္က လာသတ္မွာလဲလို႔ေမးေတာ့ ေဗဒင္မွန္လို႔ အသက္ ဘယ္ကမယ္မွန္က လာသတ္လိမ့္မယ္တဲ့ သူကေတာ့ ၿမိဳ႕စားႀကီးနဲ႔ ခံရတဲ့ မယ္မွ မိန္းမမမယ္မႈန္ဝင္စားတာ လို႔ေျပာတယ္
မယ္မွန္တို႔ မယ္မႈန္တို႔နဲ႔ ကြၽန္မေတာ့ ရႈပ္ေထြးေနၿပီ ဘာမူမသိေတာ့ဘူး ေအးေလ ဟုတ္တာေပါ့၊ ဒကာမေလးက မယ္မွန္ရဲ႕အေၾကာင္းမွ မသိေသးတာ
“ေဗဒင္မွန္လို႔ အသတ္ခံရတဲ့ မယ္မွန္အေၾကာင္း ေျပာမ လို႔လုပ္တုန္းမွာ ဒီအျဖစ္အပ်က္က ႐ုတ္တရက္ဝင္လာတာကိုး
ဟုတ္ပါရဲ႕ . . . ဒကာမေလးရယ္”
တပည့္ေတာ္မလည္း မယ္မွန္နဲ႔ ဘယ္လိုပတ္သက္ခဲ့လဲ မသိဘူး။ သူအေၾကာင္းကို သိပ္သိခ်င္တာပဲ
“ဆရာေလးရဲ႕ စိတ္ထဲမွာလည္း ဒကာမေလးနဲ႔ တစ္ခုခုမ်ား ပတ္သက္ေနမလားလို႔ စိတ္ထဲမွာထင္မိတယ္။ ဒီေတာ့ မယ္မွန္နဲ႔ ပတ္ သက္တဲ့ ပယ္မွန္ကုန္းအေၾကာင္း ေျပာျပမယ္၊ အျဖစ္က ဒီလိုပါ . . .
ဆရာေလးက ေဗဒင္မွန္လြန္း၍ အသတ္ခံရေသာ မယ္မွန္ အေၾကာင္းကို ေျပာျပခဲ့သည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ထိုေနရာကေလးမွာ သေျပ ကုန္း႐ြာကေလး ျဖစ္သည္။ ထို႐ြာကေလးတြင္ ေဗဒင္ဆရာႀကီး၏ သမီး မယ္မွန္မွာ ေခ်ာေမာလွပသည့္ ကြမ္းေတာင္ကိုင္တစ္ဦး ျဖစ္သည္။ ထိုေဗဒင္ဆရာႀကီးမွာ ေဗဒင္တြက္ရာတြင္ မွန္ကန္လွသည္ဟူ၍ ဂုဏ္သတင္းေက်ာ္ၾကားသူျဖစ္သည္။
သို႔ေသာ္ ထိုအရပ္ေဒသမွလြဲ၍ အေဝးေနရာသို႔ သြား ေနာက္ေဟာ ေျပာျခင္းမရွိသျဖင့္ အနာဂတ္ကို ႀကိဳတင္သိလိုသူမ်ား က ထိုေဗဒင္ဆရာ ႀကီး ဦးဝဏၰထံသို႔ လာေရာက္ေမးျမန္းခဲ့ၾကသည္။ ေဗဒင္ေမးသူမ်ားထဲတြင္ အနယ္နယ္အရပ္ရပ္မွ ၿမိဳ႕စား၊ ငယ္စား၊ သူေဌး၊ သူႂကြယ္မ်ားလည္း ပါဝင္ခဲ့ပါသည္။ ဆရာႀကီးမွာသိသူမ်ားႏွင့္ သူ၏သမီး မယ္မွန္ကို အေတြ႕မခံခဲ့ေပ။ တစ္ေန႔ေသာ္ ၿမိဳ႕စားမင္း၏ သားျဖစ္သူေမာင္နႏၵမွာ ေဗဒင္ ဆရာႀကီးထံ ေဗဒင္ေမးရန္ ေရာက္ရွိလာခဲ့သည္။ ထိုအခ်ိန္တြင္ ေဗဒင္ ဆရာႀကီး ဦးဝဏၰမွာ အျပင္သြားခိုက္ႏွင့္ႀကဳံေနသျဖင့္
ေဗဒင္ဆရာႀကီး ဦးဝဏၰနဲ႔ ေတြ႕ခ်င္လို႔ပါ
ဖခင္ႀကီးအျပင္သို႔ ေခတၱသြားပါတယ္၊ ဘာကိစၥမ်ားရွိပါလဲ
ေမာင္ႀကီးက ၿမိဳ႕စားမင္းရဲ႕သား ကိုနႏၵျဖစ္ပါတယ္။ ေဗဒင္
မးရန္ လာျခင္းျဖစ္တယ္
ဒါဆို ေခတၱေစာင့္ဆိုင္းပါ ထိုသို႔ မယ္မွန္၏ေနအိမ္၌ ေခတၱေစာင့္ဆိုင္းေနစဥ္ မယ္မွန္၏ အလွအပကြန္ယက္၌ စြဲလမ္းၿငိတြယ္ခဲ့သည္။ ဖခင္ႀကီး ဦးဝဏၰ ေရာက္လာသည့္အခါ ေမာင္နႏၵအား
ေဗဒင္တြက္ရာ ၿမိဳ႕စားမင္းရာထူးကို ဆက္ခံရမည့္သူျဖစ္ေၾကာင္း ေဟာ ျပာခဲ့သည္။ ေမာင္နႏၵလည္း ဦးပဏၰဆီသို႔ မၾကာခဏလာရာမွအစ ငယ္မွန္ႏွင့္ ခ်စ္ႀကိဳက္ခဲ့ၾကသည္။ ဖခင္ႀကီးဦးဝဏၰမွာ သူတို႔ႏွစ္ဦး မတၱာမွ်သည့္ အေၾကာင္းကို မသိခဲ့ေခ်။ သို႔ရာတြင္ ၎မွာ အသက္ အ႐ြယ္ႀကီးရင့္လာၿပီျဖစ္၍ မယ္မွန္အား ေဗဒင္ပညာရပ္မ်ားကို သင္ၾကား ေပးခဲ့သည္။ မယ္မွန္မွာ ေဗဒင္ပညာရပ္မ်ားကို ႀကိဳးစားသင္ယူခဲ့ရာ ေဗဒင္ပညာရပ္ကို တစ္ဖက္ကမ္းခတ္မွ် တတ္ေျမာက္ခဲ့သည္။
ထိုစဥ္ ၿမိဳ႕စားမင္းႀကီးမွာလည္း အသက္အ႐ြယ္ ႀကီးရင့္လာ ၿပီ ျဖစ္၏။ ၎၏ၿမိဳ႕စားမင္းရာထူးကို သားျဖစ္သူ ေမာင္နႏၵအား လႊဲအပ္ေပးၿပီး ၎၏မိတ္ေဆြ အျခားၿမိဳ႕စားမင္း၏ သမီးျဖစ္သူမယ္မႈန္ ႏွင့္ လက္ထပ္ထိမ္းျမား ေပးလိုက္သည္။
ဤသတင္းကို ၾကားေသာအခါ မယ္မွန္မွာ ရင္ကြဲပက္လက္ ျဖစ္ လြန္စြာဝမ္းနည္းေၾကကြဲခဲ့ေလသည္။ ေမာင္နႏၵမွာလည္း မည္သို႔ မွ် ျငင္းပယ္မရသျဖင့္ လက္ထပ္ရေသာ္လည္း ငယ္ခ်စ္ဦးျဖစ္သည့္ မယ္မွန္ကို တစ္ေန႔မွေမ့မရေပ။ ေမာင္နႏၵက သူလက္ထပ္ၿပီးေနာက္ မယ္မွန္ဆီသို႔ အေရာက္လာခဲ့သည္။
ေမာင္ႀကီး ဘယ္လိုမွျငင္းမရလို႔ လက္ထပ္ရတာပါ။ ေမာင္ ႀကီးဟာ ဒီၿမိဳ႕စားမင္းရာထူးကို စြန႔္ၿပီး မယ္မွန္နဲ႔သာေပါင္းေဖာ္ဖို႔ အခု ေရာက္လာတာပါ”
“ေမာင္ႀကီး စိတ္ရွိတိုင္းမလုပ္ပါႏွင့္ ကြၽန္မႏွင့္ မေပါင္းရေသာ္လည္း ေမာင္ႀကီးဟာ ၿမိဳ႕စားမင္းအျဖစ္သို႔ ေရာက္ရွိသည္ကို ကြၽန္မေက်နပ္ပါသည္။ ကြၽန္မကိုသာ ေမ့လိုက္ပါေတာ့ ေမာင္ႀကီးရယ္ ခ်စ္သူႏွစ္ဦးမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ ဖက္ငိုၿပီးေနာက္ ေမာင္နႏၵတစ္ေယာက္ လာရာလမ္းသို႔ ဝမ္းနည္းေၾကကြဲစြာ ျပန္ခဲ့ရသည္။ ထိုအေၾကာင္းကို မယ္မႈန္သိသြားေသာအခါ လြန္စြာေဒါသ ထြက္ကာ အၿငိဳးအေတး ထားခဲ့သည္။
ေနႏွင့္ဦးေပါ့ . . . မယ္မွန္ရယ္။ ပ်ံေလတဲ့ ငွက္ခါး နားကာ မွသိေစရမယ္။ ငါ့ေယာက္်ားရဲ႕ ခ်စ္သူဟာ ငါ့ရန္သူပဲ ဟူ၍ ႀကိမ္းဝါးကာ ေကာက္က်စ္ေသာအႀကံျဖင့္ အခ်ိန္ေကာင္းကို ေစာင့္ေနခဲ့သည္။ ထိုသို႔ျဖင့္ ႏွစ္ေပါင္း (၁ဝ)ႏွစ္ေက်ာ္ခန႔္ ခ်ၿပီ။ ေမာင္နႏၵမွာ ၿမိဳ႕စားႀကီးဦးနႏၵအျဖစ္သို႔ ေရာက္ရွိခဲ့သည္။ ၿမိဳ႕စားႀကီး၏ဇနီး မယ္မႈန္မွာလည္း ၿမိဳ႕စားႀကီးထက္ပင္ လက္ ေစာင္းထက္ေလသည္။ ၿမိဳ႕စားႀကီးမရွိခိုက္ႏွင့္ႀကဳံလ်င္ ရာဇဝတ္ သားမ်ားကို ႀကိမ္ဒဏ္၊ ေသဒဏ္အထိေပးေလ့ရွိသျဖင့္ ၿမိဳ႕စားႀကီး ထက္ ၿမိဳ႕စားႀကီးကေတာ္ မယ္မႈန္ကိုပိုၿပီး ေၾကာက္ေနၾကရသည္။ ၿမိဳ႕စားႀကီး ဦးနႏၵမွာလည္း မခ်စ္မႏွစ္သက္ဘဲ ေပါင္းေဖာ္ ရေသာ္လည္း မယ္မႈန္၏ဖခင္ႀကီး၏ အရွိန္အဝါေၾကာင့္ မလြန္ဆန္ျဖစ္ေနသည္။ သို႔ေသာ္ၿမိဳ႕စားႀကီး ဦးနႏၵသည္ မယ္မႈန္အား မခ်စ္မႏွစ္သက္ သည့္အတြက္ ေတာကစားထြက္ျခင္း၊ အေပ်ာ္အပါး လိုက္စားျခင္း သာ အခ်ိန္ကုန္ခဲ့သည္။
တစ္ေန႔တြင္ ၿမိဳ႕စားႀကီးဦးနႏၵမွာ အမဲလိုက္သြားရာမွ လေပါင္း ပေတာ္ၾကာေအာင္ ျပန္မလာသျဖင့္ ၿမိဳ႕စားႀကီးကေတာ္ေဒၚမႈန္မွာ ပူပင္ေသာက ေရာက္ေနခဲ့သည္။
ၿမိဳ႕စားႀကီး၏ အေျခအေနကို သိလိုသည့္အတြက္ ေဗဒင္ သာ၌ တစ္ဖက္ကမ္းခတ္ေအာင္ တတ္ေျမာက္သည့္ မယ္မွန္ဆီသို႔လာခဲ့သည္။
ေဗဒင္ပညာရွိမယ္မွန္မွာ ၿမိဳ႕စားႀကီးကေတာ္ကို ျမင္လိုက္ တည္းက သူမအား ကံၾကမၼာဆိုးႏွင့္ တိုးမိသူျဖစ္လိမ့္မည္ကို ႀကိဳ သိထားခဲ့သည္။
ေဗဒင္ကဝိ ပညာရွိမယ္မွန္ဟူ၍ အရပ္ရပ္ၿမိဳ႕နယ္မ်ားတြင္ ရွားေက်ာ္ၾကားလွသည့္အတြက္ ၿမိဳ႕စားမင္းကေတာ္မွာ လာေရာက္ ျမန္းျခင္းျပဳသည္။ အသင္မွန္ရာကို ေဟာေျပာေပေလာ့
မွန္ပါသည္ အရွင္မ၊ ကြၽန္မ၏ေဗဒင္ပညာျဖင့္ မွန္ရာကို ေဟာျပပါမည္။ မည္သူ႔အေၾကာင္းကို ေဟာေျပာရမည္ကို ၫႊန္ၾကား ပါေလာ့
ေကာင္းၿပီ ဤဇာတာရွင္ကား အရွင္မ၏ ခင္ပြန္းသည္ျဖစ္ သည့္ ၿမိဳ႕စားမင္းႀကီးျဖစ္ေပသည္။ သူဟာ အခုအခါမွာ အဘယ္ကဲ့သို႔ ျဖစ္ေနသနည္း ေဟာျပပါ”
ေကာင္းလွၿပီ
ေဗဒင္ကဝိ ပညာရွိမယ္မွန္သည္ ၿမိဳ႕စားႀကီး၏ ဇာတာအား ၾကည့္ေသာအခါ …တြက္ခ်က္ ယခု ၿမိဳ႕စားႀကီးသည္ ဤ႐ြာ၏အေနာက္တည့္တည့္ အရပ္၌ရွိေသာ မဟာ၀န္ေတာအုပ္၌ ရွိေခ်သည္ဟူ၍ ေဟာေျပာလိုက္သည္။
ဟုတ္ၿပီ၊ ဒါေပမယ့္ ဒီေတာအုပ္ဘက္သို႔ သြားသည္မွာ သုံး လေက်ာ္ခန႔္ ရွိေခ်ၿပီ။ ယခုအထိ ျပန္မလာေသးသည့္အတြက္ အ ေထာက္ေတာ္မ်ားလႊတ္၍ စုံစမ္းေသာ္လည္း သတင္းမရပါ။ ဒီအတြက္- အႏၲရာယ္တစ္ခုခုႏွင့္ ႀကဳံေတြ႕ေနသေလာ မွန္ရာကိုေဟာျပပါ”
မယ္မွန္၏ ေဗဒင္ပညာႏွင့္ တြက္ၾကည့္ရာ ၿမိဳ႕စားႀကီးမွာ အႏၲရာယ္ တစ္စုံတစ္ရာမွ်မရွိ။ ထိုေတာအုပ္ထဲတြင္ စခန္းခ်ကာ သူရာ အရက္ မိန္းမပ်က္မ်ားႏွင့္ ေပ်ာ္ပါးေနသည္ကို သိလိုက္ရသည္။ ထို႔ အတြက္ ၎ကိုလာရွာသူမ်ားအား ၿမိဳ႕စားႀကီးႏွင့္မေတြ႕ဟူ၍ အေၾကာင္း ျပန္ခဲ့ျခင္း ျဖစ္ေလသည္။မယ္မွန္ကား ၿမိဳ႕စားႀကီး၏အေၾကာင္းကို ေကာင္းစြာသိခဲ့ သည္။ အမွန္အတိုင္း ေျပာရေကာင္းမည္ေလာ၊ ဥပါယ္တံမ်ဥ္ျဖင့္ ေျပာရေကာင္းမည္ေလာဟူ၍ ဆင္ျခင္ေတြးေတာမိသည္။ ထို႔ေၾကာင့္
“ၿမိဳ႕စားႀကီးဟာ ေတာအုပ္အတြင္း အႏၲရာယ္ကင္းစြာရွိ ေၾကာင္းပါ”ဟု မယုတ္မလြန္ ေလွ်ာက္တင္ခဲ့သည္။ သည္တြင္ၿမိဳ႕စား ေတာ္မွာ
မျဖစ္ႏိုင္ဘူး . . . မျဖစ္ႏိုင္ဘူး။ အႏၲရာယ္တစ္ခုခု က်တက္လို႔သာ ဒီေလာက္ၾကာေအာင္ေနတာျဖစ္မွာေပါ့။ ႏို႔မို႔ရင္ ျပန္လာ သာေပါ့။ ေဗဒင္ဆရာမ မယ္မွန္ မွန္တာကိုသာေလွ်ာက္ဘိေလာ့ အ ယ္၍ အသင့္ေဟာကိန္းမွားခဲ့ေသာ္ ႀကိမ္ဒဏ္သင့္ေစရမည္”
မယ္မွန္မွာ ေဗဒင္ပညာကို ေစာ္ကားေမာ္ကား ေျပာလာသည့္ တြက္ မည္သည့္အႏၲရာယ္ႏွင့္ ႀကဳံေတြ႕ေစကာမူ အမွန္တရားကိုသာ ေဟာမည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္ပါသည္။ “ၿမိဳ႕စားမင္းကေတာ္ႀကီး ကြၽန္မ၏ေဗဒင္ပညာႏွင့္ မွန္ရာကိုေလွ်ာက္တင္ပါမည္။ ၿမိဳ႕စားႀကီးသည္ ထိုေတာအုပ္အတြင္း၌ အႏၲရာယ္ ကင္းရွင္းစြာရွိၿပီး ေမာင္းမမိႆံတို႔ႏွင့္အတူတကြ ေပ်ာ္ပါးေနေသာ ေၾကာင့္ အရွင္မဆီသို႔ မျပန္ျခင္းျဖစ္ဘိသည္ ဟူ၍ အမွန္အတိုင္း ေလွ်ာက္တင္လိုက္ပါသည္။
ထိုစကားကို ၾကားေသာအခါ ၿမိဳ႕စားႀကီးကေတာ္မွာ ျပင္းထန္ ေသာ အမ်က္ေဒါသထြက္ခဲ့သည္။ ၿမိဳ႕စားမင္းႀကီးမွာ အေပ်ာ္အပါး ခုံမင္မွန္းသိ၍ ဤသို႔ေဟာျခင္းမွာ မွန္ကန္လိမ့္မည္မွန္း သူမ ခဲ့သည္။သို႔ေသာ္ ေဗဒင္ဆရာမ မယ္မွန္သည္ ၿမိဳ႕စားႀကီးကေတာ္သူမ၏ အေႁခြအရံမ်ား၏ေရွ႕တြင္ မွန္ရာတည့္တည့္ေဟာသည့္ တြက္ အမ်က္ေဒါသျပင္းစြာထြက္သကဲ့သို႔ အရွက္လည္းရခဲ့သည္။ မယ္မွန္ႏွင့္ သူမမွာနဂိုကပင္ အၿငိဳးရွိသူျဖစ္၍ သည္အခါ အခြင့္တြင္ အကြက္ဝင္ေခ်ၿပီ။ ခ်က္ခ်င္းပင္နီျမန္းေသာ မ်က္ႏွာထားျဖင့္ . . . အသင္ ေဗဒင္ဆရာမ မယ္မွန္။ သင္သည္ကား ၿမိဳ႕စားႀကီး၏ သိကၡာကိုမွ်မေထာက္ ဂုဏ္သေရထိခိုက္ ညႇိဳးႏြမ္းမည့္စကားကို သင္ေဟာခဲ့သည္။ ၿမိဳ႕စားႀကီးမွာ ေတာတြင္းတစ္ေနရာတြင္ အႏၲရာယ္ ႀကဳံမွန္းသိလွ်က္ႏွင့္ပင္ အသင္က အေပ်ာ္ၾကဴးေနသည္ဟုဆိုသည္မွာ ကိုယ့္အရွင့္အား ေစာ္ကားသည့္စကား ျဖစ္ေပသည္။ ထို႔ေၾကာင့္ ၿမိဳ႕စားႀကီးအႏၲရာယ္ က်ေရာက္ေနၿပီဟူ၍ အေဟာကိုျပင္ၿပီးေဟာပါေလာ့”
အရွင္မ ကြၽန္မသည္ ေဗဒင္ပညာရွင္တစ္ေယာက္ ျဖစ္သည္ႏွင့္အညီ ကြၽန္မ၏ပညာကို ယုံၾကည္မႈ အျပည့္အဝရွိသည္။ အရွင္မသည္ ကြၽန္မ၏အေဟာကို မယုံပါလွ်င္ လူယုံတစ္ေယာက္ ေစလႊတ္၍ တိတ္တဆိတ္ ေခ်ာင္းေျမာင္းၾကည့္ရႈ႕ၿပီးမွ မွန္မမွန္ ဆုံးျဖတ္ပါ”
“ေဗဒင္ဆရာ မယ္မွန္။ သင္သည္သင့္၏ ပညာကို အေၾကာင္းျပကာ ေစာ္ကားမႈျပဳသည့္အတြက္ ယခုခ်က္ခ်င္းပင္ အသင့္ အား ဖမ္းဆီးၿပီး သတ္အံ့။ သို႔ေသာ္အသင့္အား အခြင့္အေရးတစ္ခု ေပးအံ့။ အသင္၏အေဟာကို ျပင္မည္ဆိုလ်င္ ေသဒဏ္မွ လြတ္ၿငိမ္း ခ်မ္းသာေပးအံ့’
အရွင္မ . . . ကြၽန္မသည္ ဤပညာသင္ယူစဥ္ကပင္ အဂတိ လိုက္စား၍ေသာ္လည္းေကာင္း၊ ၿခိမ္းေျခာက္ခံရ၍ေသာ္လည္းေကာင္း၊ အမွန္တရားမွလြဲပါယ္ကာ မမွန္ေသာစကားကိုမဆို။ သတ္လိုက သတ္ ေစေတာ့ အမွန္တရားကိုဖက္၍ ေသမည္။ တစ္သက္မွာတစ္ခါသာ ေသရသည္။ နာမည္ဆိုးႏွင့္ မေသလိုပါ’အသင္သည္ ကိုယ္၏ေသတြင္းကို အသင္ကိုယ္တိုင္တူးသူ သည္။ သင္၏ ပညာကိုဖက္၍ သင္ေသေစအံ့
ျဖစ္ ထိုသို႔ဆိုကာ မင္းခ်င္းတို႔ကိုေခၚ၍ လူသတ္ကုန္း (ယခု မယ္မွန္ ကုန္း)သို႔ ေခၚေဆာင္ကာ ညေန ေနဝင္ရီတေရာအခ်ိန္တြင္ ေခါင္း ျပတ္ကာ သတ္အံ့ဆဲဆဲအခ်ိန္တြင္ မယ္မွန္က ဤသို႔က်ိန္စာတစ္ခု ကို က်ိန္ဆိုခဲ့သည္။
ငါသည္ မွန္ေသာအမႈကိုျပဳ၍ အသက္ေသဆုံးျခင္းသို႔ ေရာက္ရေပေတာ့မည္။ အကယ္၍ လူယုတ္မာ၏ လက္ခ်က္ျဖင့္ သလြန္သည္ရွိေသာ္ လူ႔ဘဝသို႔တဖန္ ျပန္ေရာက္ပါက ေဗဒင္ပညာကို ကြၽမ္းက်င္သည့္ ေဗဒင္ဆရာမသာလ်င္ ျဖစ္ပါေစ။ သူႏွင့္ကြၽန္မ ဘဝ တစ္ခုခု၌ ထပ္မံႀကဳံေတြ႕ကာ ၿမိဳ႕စားကေတာ္မယ္မႈန္သည္ ကြၽန္မေၾကာင့္ အေသဆိုးျဖင့္ ေသဆုံးရပါေစသား”
ဟူ၍ က်ိန္စာတစ္ခုကို က်ိန္ဆိုၿပီး ရဲရဲေတာက္ ေသပြဲဝင္ခဲ့ သည္။ လူသတ္ကုန္းတြင္ မယ္မွန္တစ္ေယာက္ ေဗဒင္မွန္လြန္းလွသျဖင့္ လူသတ္သမား၏လက္ခ်က္ျဖင့္ ေသဆုံးခဲ့ရသည္။
ဤသတင္းမွာ တစ္ေယာက္စကား တစ္ေယာက္နားသို႔ ပ်ံ႕ႏွံ႔သြားရာမွ ၿမိဳ႕စားႀကီးဆီသို႔ ေရာက္သြားသည္။ ၿမိဳ႕စားႀကီးမွာ ငယ္ ကခ်စ္ အႏွစ္တစ္ရာ မေမ့ေသာဟူသကဲ့သို႔ ငယ္ခ်စ္ဦးမယ္မွန္၏ သတင္းကို ၾကားရေသာအခါ လြန္စြာစိတ္မခ်မ္းသာျဖစ္ကာ လူသတ္ ကုန္းသို႔ ျပင္းကိုဒုန္းစိုင္းကာ စီးလာခဲ့ပါေတာ့သည္။
ၿမိဳ႕စားႀကီးမွာ အလာေကာင္းေသာ္လည္း အခါေႏွာင္းခဲ့ေခ် ့ လူသတ္ကုန္းအနီးတြင္ မယ္မွန္၏ ႐ုပ္အေလာင္းကိုျမႇဳပ္ႏွံထား သည့္ ေျမပုံမွတ္ကိုင္ကေလးကိုသာ ေတြ႕ရွိခဲ့ရသည္။
ၿမိဳ႕စားႀကီးမွာ
ျဖစ္မွျဖစ္ရေလ . . . မယ္မွန္ရယ္။ မင္းေဗဒင္တြက္။ အတိုင္း ငါဟာေတာႀကီးထဲမွာ အႏၲရာယ္ကင္းစြာေပ်ာ္ပါးေနခဲ့တာ အခ ပါပဲ။ အသတ္ခံရမယ္မွန္းသိရက္နဲ႔ အမွန္တရားကိုေျပာရဲခဲ့တဲ့ မယ္။ အတြက္ ငါဟာလည္း အမွန္တရားအတိုင္း ငါျပဳရမယ္” ဒီကုန္းကိုလည္း မယ္မွန္ကုန္းလို႔ အမည္တြင္ေစရမယ္ဟူ၍ မခ်ိတင္ကဲျဖစ္စြာျဖင့္ ၿမိဳ႕ေတာ္သို႔ ျပန္သြားခဲ့သည္။
ၿမိဳ႕ေတာ္သို႔ အေရာက္တြင္ ဇနီးျဖစ္သူမယ္မႈန္မွာ မယ္မွန္အားသည့္ ေနာက္တစ္ေန႔မွစ၍ ညစဥ္ညတိုင္း အိပ္မက္ဆိုးႀကီးျဖင့္ ျခား လွန႔္ျခင္းခံရကာ သြက္သြက္လည္ေအာင္ ႐ူးသြပ္သြားခဲ့ေလၿပီ။ ၿမိဳ႕စားႀကီးမွာ မယ္မႈန္အား ဇနီးအျဖစ္မွ စြန႔္လႊတ္၍ ၎ ဖခင္ၿမိဳ႕စားႀကီးထံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့သည္။ မယ္မႈန္မွာ ထုံး ရႉးသြပ္စိတ္ႏွင့္ပင္ အစားအစာ မစားေတာ့ဘဲေနသျဖင့္ မ်ားမၾကား ေသဆုံးသြားခဲ့သည္။
မယ္မွန္ေသဆုံးရသည့္နည္းတူ မယ္မႈန္မွာလည္း တိုင္း၊ သင့္သည့္အလား ႐ူးသြပ္စြာကြယ္လြန္ခဲ့ေလၿပီ။ ထိုကုန္းကိုလည္း မယ္- ကုန္းဟု ယခုတိုင္ ေခၚေဝၚခဲ့ၾကသည္။မယ္မွန္ကုန္းရာဇဝင္မွာ ဤသို႔ျဖစ္ခဲ့သည္။ထိုေနရာဝန္းက်င္ေနသူမ်ားမွာ မယ္မွန္ကုန္း ရာဇဝင္ကို လူတိုင္းလိုလို သိခဲ့ၾကသည္။ ဆရာေလးက သူမသိသည့္ မယ္မွန္ကုန္းအေၾကာင္း ေျပာခဲ့သည္။
မယ္မွန္ကုန္း အေၾကာင္းကေတာ့ ဒီနားမွာေနတဲ့သူမွ အားလုံးလိုလို သိၾကတယ္။ ဒါေပမယ့္ ထူးဆန္းတာ တစ္ခုကေတာ့။
ေဒၚေသာ့ႀကီးဟာ သူတို႔မိသားစုနဲ႔ေနစဥ္တုန္းက အေကာင္းပဲ။ ဘာေျပာသံ မၾကားရဘူး။ သူစိတ္ေနာက္သြားတဲ့ အခ်ိန္ကစၿပီး သူ႔ကိုယ္ သူ မယ္မႈန္ ျဖစ္ခဲ့ဖူးတယ္ဆိုၿပီး မယ္မွန္အလာကို ေၾကာက္႐ြံ႕စြာနဲ႔ ေစာင့္ေမွ်ာ္ေနခဲ့တယ္။ တူမကိုလည္းျမင္ေရာ မယ္မွန္ဆိုၿပီး ေၾကာက္ လန႔္လန႔္ ျဖစ္သြားတာပဲ
ဆရာေလးရယ္ . . . တပည့္ေတာ္မွာလည္း ထူးထူးဆန္းဆန္းေျပာျပစရာရွိတယ္။ တကယ္ေတာ့ သမီးက ေဗဒင္ဝါသနာ သိပ္မပါ ဘူး။ အေဖ့ေၾကာင့္သာ ေဗဒင္ပညာကိုသင္ခဲ့ရတာ၊ သင္ေတာ့လည္း အရမ္းတတ္လြယ္လို႔ အေဖကေတာင္ ေဗဒင္ဆရာေသလို႔ ဝင္စားသ လားလို႔ေတာင္ ခဏခဏေျပာတယ္” ဪ . . . ဟုတ္လား
ေနာက္ၿပီးေတာ့ ေဒၚေသာ့ႀကီးနဲ႔ တူတဲ့မိန္းမႀကီးတစ္ ေယာက္ကိုလည္း တပည့္ေတာ္ အိပ္မက္မက္တယ္။ အိပ္မက္ထဲမွာ အဲဒီ မိန္းမႀကီးက “ေဗဒင္ေဟာတာမွန္လြန္းလို႔ နင့္ကိုေသဒဏ္ေပး မလို႔ လို႔ေျပာတယ္”
ဒါဆိုရင္ ထူးထူးျခားျခား တိုက္ဆိုင္ေနတာေပါ့ေနာ္ ဟုတ္ပါတယ္ . . . ဆရာေလး။ တပည့္ေတာ္ တစ္ခါမွ မၾကားဖူးခဲ့တဲ့ မယ္မွန္အေၾကာင္းနဲ႔ ဘာေၾကာင့္မ်ား ဆက္ႏြယ္ေနပါလိမ့္ ဤသို႔ထူးျခားစြာ တိုက္ဆိုင္ေနသည့္ အေၾကာင္းအရာမွာ
ကြၽန္မ၏ဉာဏ္ျဖင့္ လိုက္မမီခဲ့ေခ်။ မည္သို႔ပင္ျဖစ္ေစကာမူ ေဒၚေသာ့ ႀကီးတစ္ေယာက္ သည္လိုအျဖစ္ဆိုးႏွင့္ တိုးခဲ့ရသည္ကိုမူ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ လြန္စြာစိတ္မေကာင္းျဖစ္ခဲ့သည္။ ကြၽန္မသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက တစ္ခါက တစ္ဘဝတြင္ ေဗဒင္ဆရာမ မယ္မွန္ျဖစ္ခဲ့ေလသလား။ အေၾကာင္း
တိုက္ဆိုင္စြာ ဤအရပ္ေဒသသို႔ ေရာက္ခဲ့ေလသလား မယ္မွန္မေသခင္ က်ိန္ဆိုခဲ့သည့္ “ၿမိဳ႕စားကေတာ္ မယ္မႈန္ သည္ ကြၽန္မေၾကာင့္ အေသဆိုးျဖင့္ ေသဆုံးရပါေစသား” ဟူသည္က်ိန္စာဆိုးတို႔အသက္ဝင္ လႈပ္ရွားလာခဲ့ေလသလား။ ကြၽန္မအေတြးမ်ား ေယာက္ယက္ခတ္ေနသည္။
တစ္ဘဝက ဆုေတာင္းခဲ့ေသာ က်ိန္စာဆိုးေၾကာင့္ ေဒၚေသာ ႀကီးမွာ အေသဆိုးျဖင့္ ေသခဲ့ပါလွ်င္ သည္ဝဋ္ေႂကြး သည္ဘဝမွာသာ ဆုံးပါေစေတာ့။ သံသရာျခားရဟတ္မွာ တစ္ပတ္ထပ္မံမလည္ပတ္ခ်င္းေတာ့ေပ။ သည္မွ် တိုက္ဆိုင္ခဲ့သည့္ ကြယ္လြန္သူ ေဒၚေသာ့အား ကြၽန္း က ဆြမ္းသြပ္အမွ်ေဝကာ ေကာင္းရာသုဂတိသို႔ ေရာက္ပါေစေၾကာင္းဆုမြန္ေကာင္း ေတာင္းခဲ့ပါသည္။လည္ပတ္ေနေသာ သံသရာ၌ မယ္မွန္ကုန္းမွ အမုန္းက်ိန္ ဆိုးတို႔ အၿငိဳးမ်က္ေျဖ ေျပပါေစေတာ့။
ၿပီးပါၿပီ
ေရးသားသူ-ရီရီေဌး