ဘုရားပွဲလာညမိစ္ဆာ(စ/ဆုံး)

Unicode Version

ဘုရားပွဲလာညမိစ္ဆာ(စ/ဆုံး)
———————————
ရွှေစေတီဘုရားသည်စဉ့်ကိုင်မြို့အစွန်ပိုင်း၊မြို့မရပ်ကွက်၏အနောက်
ဘက်အစွန်ဆုံးတွင်တည်ရှိသည်။ ရွှေစေတီဘုရားနှင့်ဘုန်းတော်ကြီးကျောင်း ဝင်း၏ အနောက်ဘက်တွင် လူနေအိမ်ခြေမရှိတော့ပဲ ရန်ကုန်- မန္တလေး
မီးရထား သံလမ်းကြီးက တောင်မြောက်သွယ်တန်းလျက် ရှိသည်။ မီးရထား

လမ်း၏အရှေ့ဘက်ရွှေစေတီနှင့်ကြားတွင် ပွဲတော်ချိန်ရောက်တိုင်းအငြိမ့်ပွဲ၊ဇာတ်ပွဲ
များထည့်သွင်းကျင်းပလေ့ရှိသောကွင်းကျယ်ကြီးတစ်ခုရှိသည်။
မီးရထားသံလမ်း
၏အနောက်ဘက်တွင် လယ်ကွင်းများကို တွေ့ရမည်ဖြစ်သည်။ ရထားလမ်းဘေး
ဝဲယာတွင်နဘူးချုံကြီးများကတစ်လျှောက်လုံးထူထပ်စွာပေါက်ရောက်နေကြသည်။ ထိုနဘူးချုံကြီးများကိုဆောင်းအကုန်နွေအကူးသစ်ပင်များအားမာန်ကျချိန်ရောက်မှ
မီးရထားဌာနကအလုပ်သမားများဖြင့်တစ်နှစ်တစ်ခါရှင်းလင်းလေ့ရှိသည်။ဤဒေသ တွင်မီးရထားလမ်းကိုတာကျင်းများမှ မြေများတူးဖို့၍ မြေဖို့တည်ဆောက်ခဲ့ခြင်းဖြစ် ရာမီးရထားသံလမ်းကလယ်ကွင်းများထက် လူတစ်ရပ်နီးပါးအမြင့်တွင်ရှိနေသည်။ အချို့နေရာများတွင် သံလမ်းဘေးမှလှည်းလမ်းထက် ခါးစောင်းခန့်သာမြင့်သော် လည်းအချို့နေရာများတွင်မူ လှည်းလမ်းထက် လက်ခုပ်တစ်ဖောင်ခန့်မြင့်သော နေရာများလည်း ရှိသည်။ မီးရထားလမ်းနှင့်အောက်ဘက်မှ လှည်းလမ်းကြားတွင် နဘူးချုံကြီးများကတစ်မျှော်တစ်ခေါ်ရှင်သန်ကြီးထွားနေကြသည်။
ဤအခြေအနေများသည်ဤဇာတ်လမ်းဖြစ်ပွားခဲ့သည့်၁၉၈၂- ခုနှစ်ကာလ
များဆီက အနေအထားဖြစ်သည်။ ယခုအခါ ဘုရားပွဲကျင်းပရာကွင်းကြီးအတွင်း “ကျူးများ နေရာယူနေကြပြီဖြစ်၍ ဘုရားပွဲကိုပင် ရွှေစေတီဘုရား၏ အရှေ့ဘက် မြို့တွင်းလမ်းမကြီးများပေါ်သို့ ရွှေ့ပြောင်းကျင်းပနေရပြီ ဖြစ်သည်။ ရှေးယခင်က မီး ရထားလမ်းဘေးမှာပင်ဇာတ်ခုံကိုတည်ဆောက်ကပြသောကြောင့်အထက်အောက်
စုန်ဆန်ပြေးဆွဲနေသော မီးရထားပေါ်မှခရီးသည်များပင်ဇာတ်ပွဲကပြနေပုံများကို
အတိုင်းသားတွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။
ရွှေစေတီဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်းနတ်တော်လဆန်း(၁၀)ရက်နေ့ မှလပြည့်နေ့မတိုင်မီအတွင်းကျင်းပလေ့ရှိသည်။ ပုံမှန်အားဖြင့် နတ်တော်လဆန်း (၁၁)ရက်၊(၁၂) ရက်နှစ်ရက်ကျင်းပလေ့ရှိပြီးအချို့နှစ်များတွင်လဆန်း(၁၂)ရက်၊ (၁၃) ရက်များ၌ကျင်းပလေ့ရှိသည်။ ဘုရားပွဲနှင့်မြို့မရပ် ဘုံကထိန်ကိုအတူပူးတွဲ၍ ကျင်းပလေ့ရှိရာစဉ့်ကိုင်မြို့တွင်အလွန်စည်ကားသောပွဲတော်တစ်ခုဖြစ်ပြီးအလှမ်း ဝေးသောကျေးရွာများမှပင်လှည်းကြီးများ၊လှည်းယာဉ်များဖြင့်လာရောက်ကြည့်ရှုကြသည်။

အနီးပတ်ဝန်းကျင်ကျေးရွာများမှလူများကလည်းမီးရထားသံလမ်းအတိုင်း သူ့အုပ်စုနှင့်သူ လမ်းလျှောက်လာကြပြီး ပြန်လျှင်လည်း မီးရထား သံလမ်းအတိုင်း လမ်းလျှောက်၍ ပြန်တတ်ကြသည်။မြို့တွင်းမှ လူများကလည်း တစ်မြို့လုံးလိုလို ပွဲချေ၊လမ်းလျှောက်၍ ဘုရားပွဲဈေးမှ မုန့်ပဲသွားရေစာများ၊ ကလေးကစားစရာများ ဝယ်ယူခြင်း၊ ကလေးများအား ချားရဟတ်ကြီးများ စီးနင်းစေခြင်း စသည်ဖြင့် ပြုလေ့ ရှိသဖြင့် ဒေသဆိုင်ရာ စည်ကားသိုက်မြိုက်သောပွဲတော်ကြီးတစ်ခုဖြစ်သည်။ ဘုရားပွဲတော်တွင်ဇာတ်ပွဲစတင်ကပြမည့်အဝင်နေ့တွင်နေ့လယ်တစ်နာရီ ခန့်မှစတင်၍မြို့မရပ်ကွက်ဘုံကထိန်ပွဲတော်ကိုမြို့တွင်းလှည့်လည်၍စည်ကားသိုက်
မြိုက်စွာကျင်းပလေ့ရှိသည်။ ထိုအချိန်ကမြို့မရပ်ကွက်နှင့်ရန်နိုင်ရပ်ကွက်မှာအပြိုင် အဆိုင်ဖြစ်ရာ နှစ်စဉ်နှစ်တိုင်း တန်ဆောင်းမုန်းလပြည့်ဝန်းကျင်တွင် ကျင်းပလေ့ ရှိသော ရန်နိုင်ရပ်ကွက် ဘုံကထိန်ပွဲထက်သာအောင်ကျင်းပလေ့ရှိသည်။ သူ့ဆယ် အိမ်ခေါင်း၊သူ့အုပ်စုနှင့်သူဦးရွှေရိုးဒေါ်မိုးအက၊ဗျာပါဆံအက၊အပျိုကြီးယိမ်း၊အဘိုး ကြီးယိမ်း၊ ကျောက်ဆည်ဆင်အက၊ စတိတ်ရှိုး (ကားရှိုး) တီးဝိုင်းအဖွဲ့ကိုကြီးကျော် နတ်ဝင်သည့်အက၊ဂဏှာဇာလီမောင်နမကိုပုဏ္ဏားနှိပ်စက်ဟန်သရုပ်ဖော်ပြကွက် များ၊လမ်းလျှောက်မင်းသားစည်တော်ကြီးအဖွဲ့များစသည်စသည်ဖြင့်မြိုင်မြိုင်ဆိုင် ဆိုင် စည်ကားသိုက်မြိုက်စွာလှည့်လည်ကျင်းပကြသည်။ သူ့ ဆယ်အိမ်ခေါင်း အလိုက် ကထိန်ခင်းသောညှပ်ငယ်များ၊ ညှပ်မကြီးများကိုလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့
အပြိုင်အဆိုင်ထည့်သွင်းကြသည်၊ညှပ်မကြီးများကိုအပျိုမငယ်လေးဦးကလေးဖက် လေးတန်မှ မ၍၍သယ်ယူလှည့်လည်ရခြင်း ဖြစ်ရာ သူတို့ကလည်း သူ့ထက်ငါ သာ အောင် အပြိုင်အဆိုင်ခြယ်သပြင်ဆင်ထားကြရာ ကထိန်လှည့်ရာလမ်းဘေးဝဲယာ တစ်လျှောက်တွင် အလုအယက်တိုးဝှေ့ကြည့်ရှုကြသူများဖြင့် တစ်မြို့လုံးအထူးပင်
စည်ကားသိုက်မြိုက်နေသောနေ့တစ်နေ့ဖြစ်ပေသည်။
ရန်နိုင်ရပ်ကွက်ကလည်းနောက်တစ်နှစ်တွင်မြို့မရပ်ကွက်ထက်သာအောင်
ကထိန်ခင်းကြပြီး နတ်တော်လ ရောက်သောအခါ မြို့မရပ်ကွက်က အရင်စော၍ ကထိန်ခင်းသွားသော ရန်နိုင်ရပ်ကွက်ထက်သာအောင် ကထိန်ခင်းကြကာ ညပိုင်းတွင် ရွှေစေတီဘုရားပွဲကိုကြည့်ချင်ပွဲအဖြစ်နှစ်စဉ် နှစ်ည ထည့်လေ့ရှိသည်။

ဤသို့ ဖြင့် နှစ်စဉ်နှစ်တိုင်း ကထိန်သံသရာလည်နေတတ်လေသည်။
မြန်မာနတ်တော်လကိုအတည်ထား၍ ကျင်းပခြင်းဖြစ်ရာ ရွှေစေတီ ဘုရား ပွဲတော်မှာဒီဇင်ဘာလဆန်းပိုင်း ရောက်သွားလိုက်၊ ဒီဇင်ဘာလကုန်ပိုင်းရောက်သွား လိုက်နှင့်ဖြစ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။မြန်မာဝါထပ်သောနှစ်များတွင်ဒီဇင် ဘာလကုန်ပိုင်းသို့ ပွဲတော်ရက်ပြောင်းရွှေ့သွားပြီးတစ်နှစ်ထက်တစ်နှစ်ရှေ့တိုးလာ ပြီးဝါထပ်ခါနီးနှစ်တွင် ဒီဇင်ဘာလဆန်းပိုင်းအထိ ရောက်ရှိလာတတ်သည်။ထိုနှစ်က ဝါထပ်သောနှစ်ဖြစ်ပြီး ကထိန်ပွဲနှင့် ရွှေစေတီဘုရားပွဲကို ခရစ်စမတ်ပွဲတော်ပြီးမှ ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ဆောင်းကာလ၏အအေးဆုံးအခါသမယ ဖြစ်သည်နှင့် အညီတစ်နေ့လုံးရာသီဥတုမှာအေးစိမ့်နေပြီးအချို့သူများကထိုအချိန်တွင် သုံးလေး
ရက်နေမှတစ်ခါလောက်သာရေချိုးတတ်ကြသည်။

သို့သော်လည်းတစ်နေ့ခင်းလုံးကထိန်လှည့်လာသူများအဖို့ညနေ(၅)နာရီ
လောက် ကထိန်လှည့်ရာမှ ပြန်ရောက်သည်နှင့်ကမန်းကတန်းရေချိုး၊ ထမင်းစား ကြပြီး ညပိုင်းပွဲကြည့်ရန်အတွက် ဖျာနေရာ ဦးသူကဦး၊ တန်းလျားများ၊ ခုံရှည်များ၊

ခုတင်များခင်းသူကခင်းနှင့် မြို့မရပ်ကွက်တစ်ခုလုံးအလုပ်ရှုပ်နေကြချိန်ဖြစ်သည်။ အချို့ကတော့ အလှည့်မသွားမီကတည်းက အိမ်မှာကျန်နေရစ်သော အစ်ကိုကြီး၊ အစ်မကြီးများ၊ မောင်ငယ်၊ ညီမငယ်များကို ဖျာ နေရာ စောစောသွားရောက်၍ ခင်း ကျင်းပြီး နေရာဦးထားရန်မှာကြားခဲ့ကြလေသည်။ လူငယ်များ အလှည့်သွားနေချိန် တွင် လူကြီးများက ဘုရားပွဲနှင့် ကထိန်ပွဲ လာရောက်ကြသော မိတ်ဆွေသင်္ဂဟများ ကိုနေအိမ်တွင်ကွမ်း၊ ဆေး၊လက်ဖက်၊အချိုပွဲ၊အချဉ်ပွဲများစားသောက်ဖွယ်ရာများ ဖြင့်ကျွေးမွေးဧည့်ခံထားတတ်ကြ၏။ ထို့ထက်ပို၍အပေါင်းအသင်းကျယ်ပြန့်သူများ
ကမူသောက်တတ်စားတတ်သောမိတ်ဆွေများအတွက်အိမ်အတွင်းပိုင်းသို့မဟုတ်

အိမ်နောက်ဖေးဘက်တွင် သီးသန့်ကြိတ်ဝိုင်းလေးများစီစဉ်ထားတတ်ကြသည်။ထို ဝိုင်းမျိုးတွင် ထိုခေတ်ကာလက ခေတ်စားခဲ့သော ဘီအီးအရက်ဖြူ၊ ရွှေမိ (တော အရက်) များကို အလျှံပယ် တည်ခင်းထားပြီး ကြက်သားရေချိုချက်၊ မန်ဒါလီသားဟင်း၊ဒူးယားစီးကရက်၊ ခပေါင်းစီးကရက်များဖြင့် စိတ်တိုင်းကျသောက်စားပျော်ပါး နိုင်ရန် စီစဉ်ပေးထားတတ်၏။အိမ်ရှေ့ဝိုင်းကိုမိခင်နှင့်သမီးများက ဧည့်ခံကြပြီး အိမ် နောက်ဘက် အသောက်အစားဝိုင်းကို ဖခင်နှင့်သားများက တာဝန်ယူတည်ခင်း ဧည့်ခံကြသည်။ ထိုနေ့အဖို့ ဖခင်နှင့် အစ်ကို၊ မောင်များ အနည်းအပါး သောက်စား သည်ကိုအိမ်ရှိမိန်းမသားများကနားလည်ခွင့်လွှတ်ပေးရသလိုမိခင်နှင့်အမေ၊ညီမ များ ညခင်းပိုင်းပွဲကြည့်သည်ကိုလည်း ဖခင်နှင့် အိမ်ရှိယောက်ျားသားများကခွင့်ပြု နားလည်ပေးရပေသည်။

ဇာတ်ကား (သို့မဟုတ်) အငြိမ့်ကားကြီးများမှာ ကထိန်မလှည့်မီကပင် မန္တလေးမြို့မှကုန်ကားကြီးများဖြင့်ရောက်ရှိလာကြပြီးဇာတ်ခုံအနီးထိကားထိုးဆိုက်
၍ ဇာတ်ပစ္စည်းများကိုရကာညပိုင်းစောစော ဇာတ်ပွဲကပြနိုင်ရန် ပြင် ဆင်နေကြ သည်။ နေဝင်မှောင်ရီပျိုးသည်နှင့်တစ်ပြိုင်နက် ပတ်မကြီးကိုတထီထံထုသံပေး၍ဇာတ်ပန္နက်ချကြလေတော့သည်၊

ကျွန်တော်တို့ နှစ်ယောက် ပွဲခင်းသို့ ရောက်ရှိချိန်တွင် ညဦးပိုင်း (၇)နာရီ ထိုးခါနီးပြီဖြစ်၏။ပွဲခင်းမရောက်မီမြို့တွင်းလမ်းများပေါ်တွင် ပွဲခင်းလမ်းလျှောက်သူ
များဖြင့်စည်စည်ကားကားဖြစ်နေပြီးပွဲခင်းအနီးမှမြို့တွင်းလမ်းမများမှာမူတိုးမပေါက် အောင် လူများသွားလာလျက် ရှိလေသည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင် အကြော်နှင့် မုန့်ပေါင်း ရောင်းချသောဆိုင်များ၊ မုန့်လင်မယား ရောင်းချသောဆိုင် များ၊ ပြောင်းဖူးဖုတ်ရောင်းချသောဆိုင်များ၊ ဘိန်းမုန့်ပြုလုပ်ရောင်းချသောဆိုင်များ၊
ပဲမြစ်ပြုတ်ရောင်းချသောဆိုင်များ၊မုန့်သိုင်းချုံရောင်းချသောဆိုင်များ၊အိုးပုတ်ချိုးရုပ် စသည့်ကလေးကစားစရာပစ္စည်းရောင်းချသောဆိုင်များ၊ဓား၊လှံ၊တူးရွင်း၊ပေါက်ပြား
စသောတောင်သူသုံးပစ္စည်းရောင်းချသောဆိုင်များ၊ တရုတ်ပြည်ဘက်မှလာသော
ဖန်စီပစ္စည်းများခင်းကျင်းရောင်းချသောဆိုင်များ၊ကွမ်းယာဆိုင်များ၊မုန့်ဆီကြော်နှင့်
မုန့်ဟင်းခါး ရောင်းချသောဆိုင်များ စသည် စသည်ဖြင့် အစုံတွေ့မြင်ရပြီး ဆိုင်တိုင်း

လိုလိုမှာလည်းလက်မလည်အောင်ရောင်းချနေရကြောင်းတွေ့ရလေသည်။ဆင်ရုပ်၊ မြင်းရုပ်၊ စက်ဘီ။ မီးရထားစက်ခေါင်း၊ ဂျစ်ကားလေးများ ချိတ်ဆွဲထားသည့် ချာ၊ ရဟတ်များတွင်လည်း ကလေးများတန်းစီနေပြီးလက်မလည်အောင် လှည့်ပေးနေ ရသည်။ ရဟတ်ကြီးများမှာ အကြီးတစ်ခုအသေးတစ်ခုဖြစ်ပြီး နှစ်ခုစလုံးမှာလူငယ် လူကြီးများတဝေးဝေးတဟေးဟေးနှင့် ရဟတ်စီးနေသည်ကိုတွေ့ရသည်။
ကျွန်တော်တို့နှစ်ဦးသားပွဲခင်းထဲတွင်လှည့်လည်ကြည့်ရှုရင်းအကြော်ဆိုင်
တစ်ဆိုင်ရှေ့အရောက်တွင်ကိုသက် ဦးက….

“ဇာတ်ဆရာရေ- ရာသီဥတုကတအားအေးလာပြီဗျာ၊ခင်ဗျားနဲ့ကျွန်တော်နဲ့
တစ်ခွက်တစ်ဖလားစီလောက်ကစ်လိုက်ရအောင်လား။ နို့မို့ဆိုကျွန်တော်တို့ပွဲကြာ ကြာကြည့်နိုင်မှာ မဟုတ်ဘူး”ဟု ဆိုလာပါသည်။ ကျွန်တော်က…
“ဟာ- ပွဲခင်းကြီးထဲမှာ ဘယ်ကအရက်ရှိရမှာလဲ။မြို့ထဲပြန်သွားပြီ သောက် ရအောင်လည်း သောက်ပြီးရင်ပြန်မလာချင်တော့ဘူ။” “လာစမ်းပါဗျာ- ခင်ဗျားကလည်းကျွန်တော် သိပါတယ်”
ဟု ဆိုကာ ကျွန် တော့်လက်ကို ဆွဲ၍အကြော်ဆိုင်ထဲ ဝင်ချသွားပြီး ထောင့် ကျကျခပ်မှောင်မှောင် စားပွဲဝိုင်းလေးတွင်နေရာယူလိုက်ပါသည်။ကျွန်တော်လည်း ဘုမသိ ဘမသိနှင့် ထိုင်လိုက်စဉ်မှာပင် ဆိုင်ရှင်လူကြီး ရောက်လာရာ ကိုသက်ဦး

“ကျွန်တော်တို့ကို အကြော်စုံတစ်ပွဲနဲ့အဖြူတစ်ကရားပေးပါ”
ဟု မှာလိုက် ပါသည်။ ထိုအခါကျမှ ကျွန်တော်လည်းဤအကြော်ဆိုင်လေး မှာအရက်ပုန်းလည်းရရှိနိုင်ကြောင်း သိရပါတော့သည်။
ဆိုးတော့မဆိုးဘူးဟုပင်ဆိုရပေမည်။မိန်းမကြီးကမီးဖိုအနီးတွင်အကြော်စုံ ဒိုင်ခံကြော်နေပြီးယောက်ျားကြီးကကိုယ်တိုင်စားပွဲထိုးလုပ်၊ငွေသိမ်းနှင့်အလုပ်ဖြစ်
နေကြသည်။ရိုးရိုးအကြော်စားသူများကို သတ္တုကရားများတွင် ရေနွေးကြမ်းထည့်၍
ချပေးပြီးကျွန်တော်တို့လိုတစ်ခွက်တစ်ဖလား“ကစ်”လိုသူများအတွက်တော့သတ္တု
ရေနွေးကရာ၊အတွင်း၌ BE အရက်၊ တောအရက်များထည့်ကာ ချပေ။တတ်သည်။

အပြင်မှကြည့်လျှင် အကြော်စားရင်း ရေနွေးကြမ်းသောက်နေသည်ဟုပင်ထင်ကြ ပေမည်။ကျွန်တော်က သဘောကျစွာတွေးရင်၊ ကိုသက်ဦးကို အပြုံးဖြင့် ကြည့်

“ခင်ဗျားကတော့တော်တော်စုံတဲ့လူပဲ”ဟုချီးမွမ်းလိုက်ရာ သူက…
ရေနွေးကြမ်း
“ဒီလိုပဲ လေ့လာထားရတာပေါ့ဗျာ” ဟု ရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။ ထို အချိန်မှာပင်ဆိုင်ရှင်လူကြီးကအကြော်စုံတစ်ပွဲ၊အရက်တစ်ကရားနှင့် ပန်းကန်နှစ်လုံးလာချပေးပါသည်။အကြော်စုံများမှာ ချင်း၊ ကြက်သွန်ဖြူနံ့၊ မဆလာ
နံ့များမွှေးပျံ့နေပြီးပူနွေးကြွပ်ရွကာစားချင့်စဖွယ်ပင်ဖြစ်ပေသည်။ကိုသက်ဦးကပန်း ကန်လုံးများတွင် လေးချိုးသုံးချိုးခန့် ငှဲ့ထည့်လိုက်ပြီး ချကြစို့ဗျာ”ဟုဆိုကာတဂွတ် ဂွတ်နှင့် မော့သောက်လိုက်ကာပေါက်ချောင်းကြော်တစ်ဖတ်ကိုတကျွတ်ကျွတ်နှင့် ကောက်ဝါးနေပါသည်။ကျွန်တော်လည်းသူ့ကိုကြည့်ကာသွားရေများပင်ယိုလာပြီး စားပွဲပေါ်မှကျွန်တော့်အတွက်ငှဲ့ပေးထားသောအကြမ်းပန်းကန်လုံးကိုကောက်ကိုင် လိုက်ကာတစ်ရှိန်ထိုးမော့ချလိုက်ပါတော့သည်။လည်ချောင်းတစ်လျှောက်ပူဆင်း သွားသဖြင့် ချင်း၊ ကြက်သွန်ဖြူနှင့် မဆလာနံ့ သင်းနေသောကုလားဘယာကြော် တစ်ခုကိုကောက်ဝါးရင်းပျံ့နေလိုက်ပါသည်။တစ်ခဏအကြာတွင် ဝမ်းဗိုက်အတွင်း မှအပူရှိန်တစ်ခုကတဖြည်းဖြည်းနှင့်ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့သွားပြီးအချမ်းဒဏ် ကို ခံနိုင်ရည်ရှိလာကာ နေသာထိုင်သာ ဖြစ်လာပါသည်။ ကိုသက်ဦးက စောစော ကလိုတစ်ခွက်စီ ထပ်ငုံ့လိုက်ပြီ…

“ဘယ့်နှယ့်လဲ- နေသာထိုင်သာ ရှိသွားပြီ မဟုတ်လား။ ဒါလေးမပါရင် ပွဲခင်းကလေဟာပြင်ထဲမှာဆိုတော့အပေါ်ကနှင်းတွေတောက်လျှောက်ကျနေတော့
ကျွန်တော်တို့ ပွဲကြာကြာကြည့်နိုင်မှာမဟုတ်ဘူ။ ဒီဇာတ်ပွဲကအငြိမ့်မင်းသမီးတစ် လက်က အကအရမ်းမိုက်တယ်လို့ ပြောနေကြတယ်။ ဘာပဲဖြစ်ဖြစ် ပြဇာတ်ပြီးတဲ့ အထိကြည့်နိုင်အောင်တော့ဆေးလေးမှီဝဲထားရမှာပဲဗျို့။ လုပ်ဗျာ- ချ- ချ ဟု ပြောပြောဆိုဆို ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး တဂွတ်ဂွတ်နှင့် သောက်နေပါသည်၊ ကျွန်တော်ကလည်းအားကျမခံဘဲ သူ့လိုပင်အကြမ်းပန်းကန်

လုံးကိုဆွဲယူလိုက်ကာမော့ချလိုက်ပါသည်။ပြီးလျှင်အကြော်ဖတ်တစ်ခုကိုကောက်
ဝါးလိုက်ပါသည်။ ကိုသက်ဦးကလည်းအကြော်တစ်ခု ထပ်စားရင်း ဆိုင်ရှင်လူကြီး ဘက်လှည့်ကာ…
“ကျွန်တော်တို့ကို အကြော်စုံတစ်ပွဲ ထပ်ပေးပါဦးဗျို့” ဟုလှမ်းမှာနေ၏။ ထို အချိန်မှာပင်ဇာတ်ပွဲစတင်ရန်လော်စပီကာမှ ကြေညာသံထွက်ပေါ်လာပြီးဆိုင်းသံ၊ ဗုံသံများလည်း ဆူညံစွာထွက်ပေါ်လာသည်။ အသံချဲ့စက်မှ ယနေ့ည ကပြဖျော်ဖြေ မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားနေသည်။ ခဏအကြာမှာ အော်ပရာတစ် ခန်းရပ်ပြဇာတ်လေးတစ်ပုဒ်ကို စတင်တင်ဆက်ပြသနေသံများကို ကြားရသည်။ ကျွန်တော်တို့နှစ်ယောက်ကတော့တစိမ့်စိမ့်သောက်လိုက်၊အကြော်စုံစားလိုက်နှင့် အရှိန်ယူနေကြသည်။

အော်ပရာပြီးဆုံးသွားချိန်မှာတော့ကျွန်တော်တို့ရှေ့မှအရက် ကရားထဲမှအရက်များလည်းကုန်ပြီး အကြော်စုံနှစ်ပွဲကိုလည်းအပြတ်ရှင်းလိုက်
သည်။နှစ်ယောက်စလုံးမှာလည်းနွေးထွေးသည့်အဆင့်ထက်ကျော်လွန်ပြီးအတော် လေး မူးယစ်ရီဝေနေကြသည်။ ကိုသက်ဦးမှာ ဆိုင်ရှင်လူကြီးအနားသို့ထသွားပြီး ကျသင့်ငွေကို ရှင်းလိုက်ပြီးနောက်ကျွန်တော်ဘက်လှည့်ကာ…
“ဇာတ်ဆရာရေ သွားကြစို့ရဲ့။ ခဏနေဆိုအငြိမ့်ခန်းစတော့မှာ။ကျွန်တော် တို့ ဇာတ်စင်နံဘေးက သွားကြည့်ရအောင်။ ဒါမှ ကကွက်တွေကို အနီးကပ် မြင်ရမှာ”

ဟု ပြောလာရာကျွန်တော်လည်း နေရာမှထကာ သူနှင့်အတူ ဆိုင်ပြင်သို့ ထွက်ခဲ့သည်။ ဆိုင်ပြင်လမ်းပေါ်ရောက်တော့ မူးယစ်မှုကြောင့် ယိမ်းယိုင် မနေစေ ရန်အတွက်တစ်ယောက်ပခုံးကိုတစ်ယောက်ဖက်ကာခြေလှမ်းမှန်မှန်ဖြင့် လျှောက် ရင်းဇာတ်စင်နံဘေးသို့ ရောက်လာခဲ့သည်၊ ဇာတ်စင်နံဘေးတွင်ကျွန်တော်တို့လို ကာလသားများဝိုင်းအုံစုပြုံနေကြပြီးတစ်ယောက်တစ်ပေါက်ဖြင့်ဆူညံစွာအော်ဟစ် နေကြသည်။ဇာတ်စင်ပေါ်တွင်ရှေ့ထွက်မင်းသမီးတစ်လက်ကတေးသီချင်းတစ်ပုဒ် ကိုသီဆိုပြီးနောက်အတီးပိုဒ်အရောက်တွင်ကကြိုးကကွက်များကို သွက်လက်ချက်
ချာစွာကပြနေသည်။ ဇာတ်စင်ဘေးမှကာလသားများကလည်းတစ်ယောက်တစ်

ပေါက်ဖြင့် ဆူညံစွာအော်ဟစ်အားပေးနေကြသည်။ ကိုသက်ဦးက ကျွန်တော့်ကို အဓိပ္ပာယ်ပါပါ မျက်စပစ်ပြရင်း ဆူညံစွာ အော်ဟစ်နေသူများကြားမှ မသိမသာ တိုးရင်း ရှေ့ဆုံးသို့ရောက်အောင် တဖြည်းဖြည်းတိုးကပ်ခဲ့ကြသည်။
ကျွန်တော်တို့နှစ်ယောက် ဇာတ်ဝင်နံဘေးရှေ့ဆုံးသို့ ရောက်ရှိချိန်မှာတော့ ရှေ့ထွက်မင်းသမီးအလှည့်ပြီး၍ကျွန်တော်တို့မျှော်လင့်နေသောခေါင်းဆောင်မင်း သမီးအလှည့်သို့ ရောက်ရှိလာသည်။ ပထမဦးစွာ ဇာတ်စင်နောက်မှ ချိုအေးကြည် သာသောသီချင်းသံကိုကြားရပြီးနောက်ဇာတ်စင်လိုက်ကာကြားမှပရိသတ်ဖက်သို့
လက်အုပ်လေးချီကာလက်နှစ်ဘက်ကြားတွင် မိုက်ခရိုဖုန်းကိုညှပ်ကိုင်ရင်း သိချင်း
ဆို မပျက် တစ်လှမ်းချင်းထွက်လာပါသည်။ ပရိသတ်ကြီးမှာလက်ရုပ်သံတဖြောင်း ဖြောင်းဖြင့်အားပေးနေကြပြီးအထူးသဖြင့် ဇာတ်စင်ဘေးမှကာလသားပရိသတ်မှာ ထိန်းသိမ်းမရအကဲဆုံးဖြစ်လေသည်။

မင်းသမီးမှာပေါ်လွင်သောနာတံ၊လှပသောမျက်နှာကျနှင့်ကိုယ်ခန္ဓာအချိုး
အဆက် တောင့်တင်းပြီ၊ ရှိုက်ကြီးရင်ဖိုများပေါ်လွင်အောင် ဝတ်စားပြင်ဆင်ထား သည်။ ပထမအဆိုပိုဒ်ပြီး၍အထီးပိုဒ်ရောက်သောအခါ မြန်မာဆိုင်းဝိုင်းကြီးမှ ဆိုင်း ချက်အကျအတိုင်း မြန်မာ့ကကြိုးကကွက်များကို ပိုင်ဆိုင်စွာ ကပြသွားသည်။ ပရိသတ်ကြီးမှာ မျက်တောင်မခတ်တမ်း ငြိမ်ပြီးကြည့်နေကြသည်။ အတီးပိုဒ်ပြီးလို့ ဒုတိယအဆိုပိုဒ်ရောက်သည့်အခါ သံစဉ်မှာ ပြောင်းလဲသွားပြီး မြူးကြွသွက်လက် လာသည်။မြန်မာ့ဆိုင်းဝိုင်းကြီးကရပ်နားထားပြီးခေတ်ပေါ်တီးဝိုင်းအဖွဲ့ကနောက်ခံ တီးပေးနေသည်။ အဆိုပိုဒ်ပြီးဆုံးသွားချိန် မှာ ဒရမ်မာက Rolling ဆွဲပြီး Small ကို ဂွမ်းခနဲ တီးချလိုက်ချိန်မှာတော့ ဇာတ်စင်ပေါ်မှ မီးလုံးကြီးများ ငြိမ်းသွားပြီး ဆလိုက် မီးက မင်းသမီး၏ရင်သားပေါ်သို့တည့်တည့်ထိုးပေးထားသည်။ မင်းသမီးကလည်း လက်လေးနှစ်ဖက်ကို ဟန်ပါပါမြှောက်လိုက်ကာ ဥသျှစ်သီးကြီးများပမာရှိသော ရင်သားကြီးနှစ်လုံးကိုဆိုင်းချက်နှင့်အညီလှုပ်ခါယမ်းပြီးကပြပါသည်။ပရိသတ်ကြီး မှာထိုခေတ်အခါက တစ်ခါမျှ မတွေ့ကြုံဖူးသော ကပြမှုမျိုးကို မြင်ရသည်ဖြစ်ရာ အံ့ဩမှုကြောင့်ပထမတွင်ရုတ်တရက်ငြိမ်ကျသွား၏။တစ်ခဏချင်းမှာပင်ဟေးခနဲ

အော်ဟစ်လိုက်သံများနှင့်အတူလက်ရုပ်သံတဖြောင်းဖြောင်းဖြင့်ဝက်ဝက်ကွဲအောင် အားပေးကြပါတော့သည်။အထူးသဖြင့်ဇာတ်စင်နံဘေးမှကျွန်တော်တို့ကာလသား အုပ်စုမှာလက်ခေါက်မှုတ်သူကမှုတ်၊ လက်များဝှေ့ယမ်းပြီး ကြိတ်မနိုင်ခဲမရဖြစ်ကာ

အော်ဟစ်သူက အော်ဟစ်ဖြင့်ပွက်ပွက်ညံနေပါသည်။ထိုအထဲတွင်ဇာတ်စင်နံဘေး
အရှေ့ဆုံးမှကျွန်တော်တို့လူပျိုပေါက်စနှစ်ယောက်မှာအကဲဆုံး အသည်းဆုံးဖြစ်မည်ဟုထင်ပါသည်။

အတီးပိုဒ်အပြီးတွင် မီးများ ဖျတ်ခနဲ ပြန်လင်းလာပြီး မင်းသမီးက ပိုမိုမြူးကြွ သွက်လက်သောတတိယအပိုဒ်ကို သီဆိုသည်။ မောသံလေးနှင့် သီဆိုသောအသံ လေးကပင်ပွဲကြည့်ပရိသတ်ကိုပို၍ပို၍မရိုးမရွဖြစ်စေလေသည်။ အဆိုပိုဒ်ပြီး၍အတီး ပိုဒ်စတင်ရန်ဒရမ်မာကRolling ဆွဲနေခိုက် မီးမမှိတ်မီအချိန်လေးတွင်မင်းသမီးက လက်ကလေးနှစ်ဖက်ကိုဟန်ပါပါမြှောက်လိုက်ခါပရိသတ်ဘက်သို့ကျောပေးလျက်

ရပ်လိုက်ပါသည်။ ထိုအချိန်တွင် မီးများ ရုတ်တရက်ငြိမ်းသွားပြီး ဆလိုက်မီးများက မင်းသမီး၏လှပသောတင်သားများပေါ်သို့ တိုက်ရိုက်ထိုးထားပါသည်။ မင်းသမီးက
သူ၏ကြီးမားစွင့်ကားနေသောတင်သားကြီးများကိုဆိုင်းချက်နှင့်အညီလှုပ်ခါယမ်း၍ ကျွမ်းကျင်ပိုင်နိုင်စွာကပြပါသည်။ပရိသတ်များမှာ”ဟာ”“အို” “ဟေး” စသည်ဖြင့်
အာမေဍိတ်သံအစုံထွက်ကာလက်ခုပ်သံတဖြောင်းဖြောင်းနှင့်ဆူညံစွာအားပေးကြ
ပြန်သည်။ဇာတ်စင်နံဘေးရှေ့ဆုံးမှအကဲဆုံး။အသည်းဆုံးလူပျိုပေါက်နှစ်ယောက် မှာအူအသည်းများကျွမ်းသန္တာန်လန်ထွက်တော့မတတ်ခံစားနေရပေသည်။အော်ရ
လွန်း၍အသံများဝင်ကုန်ပြီး ခုန်ပေါက်ရဖန်များသဖြင့်သောက်ထားသမျှအရက်ရှိန် များလည်းပြေသွားပါသည်။
မင်းသမီးက တေးသီချင်းပြီးဆုံးသည်နှင့် ပရိသတ်ဘက်ကို လက်အုပ်ချီ ဦးညွတ်လိုက်ပြီးဇာတ်စင်၏ဟိုဘက်သည်ဘက်မှကာလသားများကိုလက်ဝှေ့ယမ်း နှုတ်ဆက်ပြီးဇာတ်စင်နောက်သို့ဝင်သွားပါသည်။ဇာတ်စင်နံဘေးမှကာလသားများ မှာဇာတ်စင်ပေါ်ခုန်တက်ပြီးမင်းသမီးနောက်ကိုလိုက်ပါသွားလိုစိတ်များဖြစ်ကာမရိုး မရွဖြစ်လျက် ကျန်ခဲ့ပေသည်။“ဟေး-ချစ်ချစ်”“မမရေ”“မောင့်အသည်းလေး” စသည်ဖြင့်တစ်ယောက်တစ်ပေါက် ဆူညံစွာအော်ဟစ်ရင်း ကျန်ခဲ့ပေတော့သည်။ ထိုအချိန်တွင် ကျွန်တော်၏ မသိစိတ်မှ လှုံ့ဆော်မှုအရကျွန်တော့်ကိုတစ်စုံ တစ်ယောက်က

စူးစူးစိုက်စိုက်ကြည့်နေသည်ဟူသောခံစားချက်ဖြစ်ပေါ်လာသဖြင့် အာရုံစေစားရာအတိုင်း ပွဲခင်းထဲသို့ စူးစမ်းရှာဖွေလိုက်ပါသည်။ တွေ့ ပါပြီ။ ပွဲခင်း၏ ရာဟုထောင့်ဆီမှ ကျွန်တော်တို့ကကျည်းဘောစောင်ဟုခေါ်သောဖျင်ကြမ်းစောင် ကြီးနှစ်ထည်ကိုခေါင်းပေါ်မှချထားပြီးမျက်နှာလေးသာဖော်ထားသောမျက်နှာလှလှ လေးနှစ်ခု။၎င်းတို့၏အရောင်တလက်လက်တောက်ပနေသောညှို့မျက်ဝန်းများက ကျွန်တော်တို့ကိုစူးစိုက်ကြည့်နေလေသည်၊အရှေ့ဘက်မှမျက်ဝန်းရှင်ကကျွန်တော့်

ကို စူးစိုက်ကြည့်နေပြီးအနောက်ဘက်က မျက်ဝန်းရှင်ကကိုသက်ဦးကို စူးစိုက် ကြည့်နေသည်။ အနောက်ဘက်က မျက်ဝန်းရှင်ကကိုသက်ဦးကို စူးစိုက်ကြည့်နေ သည်။ အရှေ့ဘက်မှ မျက်ဝန်းရှင်နှင့် မျက်ဝန်းချင်း ဆုံမိလိုက်သည့် တစ်ခဏတွင်

စပါးကြီးမြွေတစ်ကောင်၏ အချို့ကို ခံလိုက်ရသလိုတဒင်္ဂလေး မောပြီး ပတ်ဝန်းကျင် ကိုခေတ္တမေ့သွား သလို ခံစားရသည်။ ခဏနေမှ သတိရပြီး ကိုသက်ဦးကို ပြောမည် ဟု စိတ်ကူးပြီး ကြည့်လိုက်သောအခါ သူလည်း ကျွန်တော့်လိုပင် ဒုတိယမျက်ဝန်း ရှင်ကိုကြည့်ပြီးငေးမောနေသည်ကို တွေ့ရသည်။
ကျွန်တော်ကကိုသက်ဦးလက်ကိုလှမ်းဆွဲလိုက်ပြီး နားနားကပ်ကာ…

“ငေးမနေနဲ့- ကိုယ့်လူ၊လာ-
ကျက်ပြီး ဖန်ကြတာပေါ့ဗျာ”
အဲဒီနားသွားရအောင်၊ဟိုရောက်တော့မှကြည့်
ဟု အူမြူးသံတစ်ဝက်နှင့် ပြောလိုက်ရာ ကိုသက်ဦးက ထိုအချိန်ထိ ရင်ခုန် လှိုက်မောမှုမပြေသေးဟန်ဖြင့်…
“အေးဗျာ- မျက်နှာနဲ့မျက်ဝန်းတင် ဒီလောက်ဆွဲဆောင်မှုရှိတာကျွန်တော် ဖြင့် တစ်ခါမှမကြုံဖူးဘူး”
ဟုဆိုလာပါသည်။ကျွန်တော်လည်းပွဲခင်းကိုပတ်ကာကိုသက်ဦးကိုလက်
ဆွဲလျက်ရာဟုထောင့်ဆီသို့တိုးဝှေ့လာခဲ့ကြသည်။ မျက်ဝန်းညိုကြီး နှစ်စုံကလည်း
ကျွန်တော်တို့နှစ်ဦးကိုလိုက်လံကြည့်ရှုနေကြသည်ကိုကျွန်တော်တို့လူအုပ်ကြားမှ သူတို့ကိုလှမ်းကြည့်လိုက်တိုင်း တွေ့မြင်နေရ၏။ သူမ၏ မျက်ဝန်းများနှင့် ဆုံစည်း လိုက်တိုင်းရင်ထဲမှာဗြောင်းဆန်အောင်လှုပ်ခါသွားပြီးအမြန်ရောက်လိုဇောများဖြင့် တက်လာပါသည်။ သူမတို့ကလည်း ကျွန်တော်တို့နှစ်ယောက် အိမ်ပြန်ရန်အတွက် ဇာတ်စင်ဘေးမှ ခွာသွားခြင်းမဟုတ်ဘဲ သူမတို့ရှိရာသို့ ချဉ်းကပ်လာနေခြင်း ဖြစ် ကြောင်း သဘောပေါက်သွားကြပြီးမျက်ဝန်းများတွင်ကျေနပ်ဟန်များအထင်းသား ပေါ်လွင်နေပေသည်။ ဇာတ်စင်နံဘေးရှေ့ဆုံးမှ ခပ်ကဲကဲ၊ ခပ်သဲသဲကောင်လေးနှစ် ယောက်ကို သူမတို့ မျက်စိကျနေကြဟန်တူပါသည်။

ဇာတ်စင်နံဘေးမှ ပွဲခင်း၏ ရာဟု ထောင့်သို့ ရောက်သောအခါ ပွဲခင်းပတ် လည်တွင်စောင်များခြုံ၍မတ်တတ်ရပ်ကြည့်နေသောလူတံတိုင်းကြီးတစ်ခုကပွဲခင်းကိုပတ်ကာတည်ရှိနေသည်။ကျွန်တော်တို့ နှစ်ယောက်လည်းလူတံတိုင်း၏ရှေ့သို့ ရောက်မှ မျက်ဝန်းရှင်များထံ ရောက်မည်ဖြစ်ရာ မည်သည့် နေရာကတိုးလျှင် လွယ် မည်နည်းဟုလိုက်လံရှာဖွေနေကြသည်။

ပွဲခင်းပတ်ပတ်လည်တွင် စောင်များခြုံ၍ မတ်တတ်ရပ်ကြည့်နေသူများက ပြည့်ညပ်နေသည်။ အချို့အရပ် နိမ့်သူများမှာ ကောင်းစွာမမြင်ရသောကြောင့် မီးရထားလမ်းပေါ်မှ စောင်များခြုံလျက် ကြည့်နေ ကြသည်။ အချို့က သံလမ်းပေါ်ထိုင်၍လည်းကောင်း၊ အချို့က ဇလီဖားတုံးများပေါ် တွင်ရပ်၍လည်းကောင်းကြည့်ရှုနေကြသည်။ရထားလာလျှင်အောက်ခဏဆင်းပေး လိုက်ကြပြီး ရထားကျော်သွားလျှင်ကိုယ့်နေရာကိုယ်ပြန်ယူပြီးဇွဲကောင်းကောင်းဖြင့် ကြည့်ရှုနေကြသည်။ မြောက်ပြန်လေတစ်ချက်သွေးလိုက်တိုင်း အေးစိမ့်မှုနှင့်အတူ နှင်းများကလည်း တဖွဲဖွဲကျဆင်းလျက်ရှိသည်။

ထိုအချိန်မှာပင် မြောက်လေအေးများ တိုက်ခတ်လာပြီး ကျွန်တော်တို့ ရှေ့ တွင် လူတစ်ကိုယ်စာ တိုးနိုင်ရုံလမ်းပေါက်တစ်ခု ပေါ်ပေါက်လာရာကိုသက်ဦးကို လက်ဆွဲပြီးပါးစပ်မှလည်း“နေရာနည်းနည်းလောက်ပါခင်ဗျ”ဟုဆီမန်းမန်းရင်းလူတံတိုင်းကြားထဲ တိုးဝင်ခဲ့ကြသည်။ ဘေးနှစ်ဖက်မှလူများကလည်း ကြည်ဖြူစွာပင် ဘေးရှဲပေးကြသဖြင့်ခဏအကြာမှာပင်လူတံတိုင်းရှေ့သို့ရောက်ရှိသွား၏။ မျက်ဝန်း ရှင် နှစ်ဦးကလည်း နောက်သို့လှည့်ကြည့်ပြီးပြုံးပြလာသဖြင့် ဒီတစ်ခါတော့ ဟန်ကျ ပြီ”ဟုတွေးရင်း သူမတို့ထိုင်နေသောဖျာဆီသို့ကုန်းကုန်းကွကွဖြင့် ဆက်တိုးခဲ့ကြပါ သည်။

သူမတို့နှစ်ဦးမှာမြက်ဖျာနှစ်ချပ်ကို ဆက်၍ခင်းထားပြီး တစ်ယောက်လျှင် ဖျာတစ်ချပ်စီခွဲ၍ထိုင်နေကြသည်။ အေးမြမှုနှင့်အပေါ်မှတဖွဲဖွဲကျဆင်းနေသောနှင်း များ၏ ဒဏ်မှ ကာကွယ်နိုင်ရန် ကျည်းတောစောင်ကြီးများကို ခေါင်းမြီးခြုံထားပြီး မျက်နှာလေးများကိုသာဖော်ထားကြသည်။အနားသို့ရောက်သောအခါကျွန်တော် နှင့်ကိုသက်ဦးက ကျွန်တော်တို့ထိုင်မယ်နော်”ဟုပြိုင်တူခွင့်တောင်းလိုက်ရာတစ်
ယောက်က“ထိုင်ပါ”ဟုပြောပြီးတစ်ယောက်က ထိုင်လေ”ဟုမပွင့်တပွင့်လေသံနှင့်
တုံ့ပြန်လာပါသည်။ကျွန်တော်နှင့်ကိုသက်ဦးလည်းတစ်ယောက်မျက်နှာတစ်ယောက်

အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး ကျွန်တော်က အရှေ့ဘက်ဖျာပေါ်မှ အမျိုးသမီး
နောက်တွင်လည်းကောင်း၊ ကိုသက်ဦးက အနောက်ဘက်ဖျာပေါ်မှ အမျိုးသမီး နောက်တွင်လည်းကောင်၊အသီးသီးနေရာယူလိုက်ကြသည်။ထိုအချိန်တွင်ဇာတ်ခုံ ပေါ်၌စတိတ်ရှိုးကဏ္ဍကိုတင်ဆက်လျက်ရှိပြီးဆော်ပေါ်နာမည်ကြီးစတူဒီယိုသီချင်း များကို အမျိုးသားတစ်လှည့်၊ အမျိုးသမီးတစ်လှည့် တစ်ယောက်ကို သုံးပိုဒ်နှုန်းစီ သီဆိုဖျော်ဖြေလျက် ရှိကြသည်။

လူအုပ်ကြီးမှာ ဇာတ်စင်ပေါ်သို့ ပြန်လည်အာရုံရောက်သွားကြပြီး စတိတ်ရှိုး သီဆိုဖျော်ဖြေမှုကို ငြိမ်သက်စွာ စိတ်ဝင်တစား ကြည့်ရှုနေကြသည်။ ထိုအချိန်မှာ ကိုသက်ဦးမှာ ကျွန်တော့်ကို မသိမသာလက်ကုပ်ရင်းအမျိုးသမီးနှစ်ဦးကြားသာရုံ အသံဖြင့် “ဟား – တော်တော်လေး အေးလာပြီဗျို့၊ ချမ်းလိုက်တာ”ဟု ပါးစပ်မှ ပြော ရင်းခန္ဓာကိုယ်ပြင်ထိုင်သလိုလိုနှင့် သူ့ရှေ့မှအမျိုးသမီးအနီးသို့တိုးကပ်၍ထိုင်လိုက် သည်။ကျွန်တော်ကလည်း”ဟူးဟူး- ဟုတ်ပါရဲ့-အေးလိုက်တာ”ဟုသံယောင်လိုက် ရင်း ရှေ့မှ အမျိုးသမီးအနားသို့ ခန္ဓာကိုယ်ချင်း ထိကပ်မိအောင် တိုး၍ထိုင်လိုက်ပါ သည်။
သူမတို့ကလည်း ရိုးအပြီး သနားတတ်တာလား။ အထာညက်လွန်းတာလား တော့မသိပါ။ ကျွန်တော်တို့နှစ်ယောက်ဘက်သို့ ပြိုင်တူလိုလိုလှည့်ကြည့်လာပြီး တစ်ယောက်က“သိပ်ရမ်းနေရင်စောင်ခြုံထားပါလား- ရော့”ဟူ၍လည်းကောင်း၊ အခြားတစ်ယောက်က “ချမ်းရင် စောင်လာခြုံလှည့်လေ-လာ” ဟုတဘက်အစကို လှမ်းပေးလာပါသည်။ ဒီယုန်မြင်၍ ဒီချုံထွင်ခဲ့သောကျွန်တော်တို့နှစ်ယောက်သည်
“ကျေးဇူးတင်ပါတယ်ဗျာ”ဟုပြောရင်းစောင်ခြုံအတွင်းသို့ကပျာကယာဝင်လိုက်ပြီး စောင်စကို သူမ၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပါသည်။ စိတ်ထဲမှာလည်း တို့နှစ် ယောက်တော့ သိန်းထီပေါက်ပြီဟု မှတ်ယူလိုက်ကာ ဝမ်းသာနေပါသည်။ စောင်စ လုပ်ပေးစဉ်က လှစ်ခနဲမြင်လိုက်ရသော သူမတို့၏ ခန္ဓာကိုယ် အချိုးအဆက်မှာ နှစ် ယောက်စလုံးလုံးကြီးပေါက်လှ မိန်းမချောများဖြစ်ကြောင်း သိမြင်လိုက်ရသော ကြောင့် ဖြစ်သည်။ စောင်ခြုံထဲဝင်စဉ်ကပင်ဘေးချင်းယှဉ်၍ ဝင်ထိုင်ခြင်းမဟုတ်ဘဲ

သူမကတင်ပျဉ်နောက်နားမှကပ်ထိုင်လိုက်ခြင်းဖြစ်ရာအမျိုးသမီး နှစ်ဦးစလုံးမှာ ကျွန်တော်တို့ နှစ် ယောက်၏ရင်ခွင်ထဲသို့အလိုလိုရောက်ရှိလာသလိုဖြစ်နေပါသည်။ ခွေလျက်ထိုင်နေပြီး ပေါင်ကြားတွင် ဘယ်ဘက်လက်ဖဝါးကို ဖြန့်တင်ထားကာ စောင်စနစ်ဖက်ကို ဆုပ်ကိုင်ထားသောညာဘက်လက်ကို ဘယ်လက်လက်ဖဝါး ပေါ်တင်ထားပါသည်။
ထိုအချိန်မှာပင် မြောက်မှတောင် သို့ ( မန္တလေးမှ ရန်ကုန်ဘက်ဆီသို့) ကုန် တင်ရထားကြီးတစ်စီးကဥဩသံရှည်ကြီးဆွဲကာခုတ်မောင်းရင်း ပွဲခင်းအနီးမှတဝေါဝေါအရှိန်ပြင်းစွာဖြတ်သွားပါသည်။ ရထားလမ်းပေါ်မှပွဲကြည့်သူများလည်းအောက် ဘက်သို့ခေတ္တဆင်းပေးလိုက်ရသည်။ မီးရထားကြီးအရှိန်ဖြင့်ဖြတ်မောင်းသွားသဖြင့် လေထုမငြိမ်မသက်ဖြစ်ကာပြင်ပမှ လေအေးများ ပွဲခင်းအတွင်းသို့ တိုးဝင်လာပါ သည်။ ကျွန်တော်က အကဲစမ်းသည့်သဘောနှင့် သူမချိုင်းအောက်မှလက်လျှိုကာ “ချမ်းလိုက်တာဗျာ”ဟုပြောရင်း သူမ၏ ခါးကျဉ်ကျဉ်လေးကို သိမ်းကျုံးပြီးဖက်လိုက် ပါသည်။ သူမ၏ ကိုယ်လုံးလေးမှာအလိုက်သင့်ပါလာပြီ။ ခေါင်းလေးကကျွန်တော့် ပခုံးပေါ်သို့မှီညွတ်ကျလာပါသည်။

သူမထံမှငြင်းဆန်မှုတစ်စုံတစ်ရာမတွေ့ရသဖြင့်
ကျွန်တော်ဝမ်းသာသွားပါသည်။ကိုသက်ဦးတို့ဘက်လှည့်ကြည့်လိုက်တော့သူ့ရှေ့မှ အမျိုးသမီးမှာ ဘယ်အချိန်က ကိုသက်ဦး ရင်ခွင်ထဲ ရောက်နေမှန်းမသိဘဲ ပါးချင်း အပ်ထားသည်ကိုပင် တွေ့လိုက်ရသည်။
ကျွန်တော်ကလည်းအားကျမခံရင်ခွင်ထဲတွင်မိန်းမောနေဟန်ရှိသောသူမ ၏သွေးကြောငယ်လေးများယှက်သမ်းနေသည်ကိုပင်မြင်နေရသောဖြူနုနေသော ပါးပြင်ကိုတရှိုက်မက်မက်နှစ်သက်မြတ်နိုးစွာနမ်းရှိုက်လိုက်ပါသည်။ ထို့နောက်မှာ တော့လူပျို့လက်ဝက်မြီးဆိုသည့်အတိုင်းအချစ်နယ်မြေများကိုတစ်ဆင့်ပြီးတစ်ဆင့်
ချဲ့ထွင်နေမိပါသည်။ သူမမှာလည်း မျက်လုံးလေးကို တစ်ဆင့်ပြီးတစ်ဆင့် ချဲ့ထွင် နေမိပါသည်။ သူမမှာလည်း မျက်လုံးလေးများ မှေးစင်းသွားလိုက်၊ သက်ပြင်းများချ လိုက်၊ကျွန်တော့်လက်များကို သူမ၏လက်များဖြင့် မချင့်မရဲ ဆုပ်နယ်လိုက်နှင့်ဖြစ် နေပါသည်။ ကျွန်တော်က သူမ၏ ပါးပြင်နနကို စူးနစ်ကြာရှည်စွာ နမ်းရှိုက်လိုက်ပြီ။

သူမ၏ နားရွက်ဖျားလေးကို နှုတ်ခမ်းနှစ်ဖက်ဖြင့် ခေတ္တဖိငုံထားလိုက်ပြီးမှ..
“ကျွန်တော့်ဘဝမှာ မိန်းမတစ်ယောက်ရဲ့ပါးပြင်ကို ပထမဦးဆုံးအကြိမ် နမ်း ရှိုက်ဖူးခြင်းပါ -မမရယ်၊ ကျွန်တော့်မှာ မိန်းမနဲ့ပတ်သက်တဲ့ အတွေ့အကြုံ ဘာမှမရှိ ပါဘူး။ ဒါကြောင့်မို့ ကျွန်တော့်ရဲ့အပြုအမူမှာ မှားယွင်းလွန်ကြူးမိခဲ့တာများ ရှိခဲ့ရင် ကျွန်တော့်ကို ခွင့်လွှတ်ပါနော်။ ကျွန်တော် မမကို မြင်မြင်ချင်း အရမ်းချစ်မိသွားလို့ ခုလိုစိတ်နောက်ကိုယ်ပါလုပ်မိတာပါ မမရယ်။ မမကိုကျွန်တော်သိပ်ချစ်တယ်ဗျာ” ဟု သူမ၏ နားနားကပ်ကာ တတွတ်တွတ် ပြောနေမိသည်။ သူမက မျက်လုံးလေး များကို မှေးစင်းထားရင်းမှ…

“မမလည်းမင်းလိုပါပဲကွယ်၊ မမ ဘဝမှာယောက်ျားနဲ့ ပတ်သက်တဲ့အတွေ့ အကြုံဘာတစ်ခုမှမရှိခဲ့ပါဘူး။ ယောက်ျားတွေကိုချစ်စရာ၊ကြိုက်စရာရယ်လို့ဘယ် တုံးကမှ မသတ်မှတ်ခဲ့ဘူး။ မမက စိတ်ကြမ်းကိုယ်ကြမ်းကြီးရယ်ကွဲ့၊ မမအနားကို ဘယ်သူမှမကပ်ရဲဘူး။ကပ်လာရင်လည်း မမက ပယ်ပယ်နယ်နယ်တီးထည့်လိုက် တာပဲ။ဇာတ်ခုံဘေးမှာမင်းကိုခုန်ပေါက်ပျော်မြူးနေတာတွေ့ရတော့မမရဲ့နှလုံးသား
တွေ ပထမဦးဆုံအကြိမ်နူးညံ့သိမ်မွေ့လာတယ်၊ ကြည့်ရင်းကြည့်ရင်းနဲ့ မင်းကို ချစ်
မြတ်နိုးတဲ့စိတ်တွေတဖွားဖွားပေါ်လာတယ်။ဒါကြောင့်မင်းကိုဇာတ်စင်ဘေးကနေ မမနားရောက်လာအောင် ဖန်တီးလိုက်ရတာ”ဟု ဆိုလာပါသည်။ ကျွန်တော်က သူ ပြောတဲ့အဓိပ္ပာယ်ကိုကောင်းစွာနားမလည်ပါးရှည်ရှည်ဝေးဝေးလည်း

စဉ်းစားမနေအားပါ။ ဇာတ်ခုံ ပေါ်တွင် ဘာတွေတင်ဆက်ကပြနေသည်ကိုလည်းအာရုံမရတော့ ပါ။ ပတ်ဝန်းကျင်ပွဲခင်းထဲတွင် ဘာတွေဖြစ်နေသည်ကိုလည်း မသိတော့ပါ။ ဘဝမှာ ပထမဦးဆုံးတွေ့ကြုံရသောအတွေ့အကြုံသစ်တစ်ရပ်အပေါ်အလိုက်သင့် စီးမျော ရင်း သူမ ခွင့်ပြုလေသမျှ အချစ်နယ်ချဲ့ထွင်နေမိသည်။ သူမ ပါးစပ်မှ မကြာခဏဆို သလိုမောင်ရယ်-မောင်ရယ်ဟုညည်းတွားပြီးကျွန်တော့်လက်များကိုသူမ၏လက် ဖြင့်မကြာခဏလာရောက်ဆုပ်နယ်နေတတ်သည်။ညကလည်းတဖြည်းဖြည်းနက် လာသည်၊ လမင်းကြီးကလည်းအစွမ်းကုန်ထွန်းလင်းတောက်ပနေသည်၊နင်းများ ကလည်း သိပ်သည်းစွာ ကျဆင်းလာသည်။ အအေးဓာတ်ကလည်း နက်ရှိုင်းစွာ

ထိုးဖောက်လာချေပြီ။ ကျွန်တော်ကလည်းစောင်ခြုံအတွင်းမှာသူမကိုတင်းကျပ်စွာ
ပွေ့ဖက်ထားလျက် သူမသည်ကား ကျွန်တော့်ရင်ခွင်အတွင်း၌ တိုးလျစွာညည်းညူ ရင်း ငြိမ်သက်နေလေတော့သည်၊

ထိုအချိန်တွင်ရန်ကုန်ဘက်ဆီမှမန္တလေးဘက်သို့ကုန်းရထားရှည်ကြီးတစ်
စင်းက ဥဩရှည်ကြီးဆွဲလျက် တဖြည်းဖြည်းခုတ်မောင်းဝင်ရောက်လာသည်။ မီး ရထားစက်ခေါင်းမှာ ရေနွေးငွေ့သုံး ရှေးဟောင်းစက်ခေါင်းအမျိုးအစားဖြစ်ရာ ဥဩ ဆွဲသံမှာ ဘော်-ဘူ- ဘော်ဟုမမြည်ဘဲ တူး-တူး-တူး” ဟု ရင်တုန်ဖွယ် မြည် ဟည်းသွားပါသည်။ ထိုဥဩဆွဲသံကြောင့် မိန့်မူးငြိမ်သက်နေသော သူမမှာတစ်စုံ တစ်ရာကလှုပ်နှိုးလိုက်သလို ဆတ်ခနဲ ဖြစ်သွားပြီးကျွန်တော့်ရင်ခွင်တွင်းမှလူးလဲ ထကာကျွန်တော့်ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး.
“ကျွန်မတို့ပြန်ဖို့အချိန်ကျပြီ- အမောင်ရယ်” ဟုဆိုပြီးစောင်ခြုံတွင်းမှာပင် ကပိုကရိုဖြစ်နေသော အဝတ်အစားများကို ဆွဲဆန့်ပြုပြင်နေပါသည်။ ကျွန်တော်က “ဘယ့်နယ် – မောင်ရယ်၊ မောင်ရယ်ကနေ အမောင်ဖြစ်သွားရတာလဲ မမရယ်” ဟု မေးလိုက်ရာ…

“ချစ်လို့ခေါ်တာပေါ့-ရှင်ရယ်၊ အခုကျွန်မပါးကိုမောင်နမ်းပြီးပြီ။အမောင့်ပါး
ကိုလည်းကျွန်မနမ်းခွင့်ရခဲ့ပြီ။အခုကျွန်မတို့ပြန်ဖို့အချိန်ရောက်လာပြီလေ။အမောင်
တို့ ဆက်ကြည့်ချင် ကြည့်နေခဲ့နော်”ဟု ဆိုလာရာကျွန်တော်က အလန့်တကြား
“နေပါဦး – မမရယ်၊ ခုမှ အစောကြီးရှိပါသေးတယ်။ ပြန်ကြတော့မလို့လား။ တစ်ယောက်အကြောင်းတစ်ယောက်ဘာမှမသိရသေးဘဲနဲ့ကျွန်တော့်ကိုအရူးလုပ်ခဲ့ မလို့လား။ မမတို့ ပြန်မှာဆိုရင်လည်းကျွန်တော်တို့လိုက်ပို့ပေးမှာပေါ့”
“မပို့ပါနဲ့တော့ကွယ်၊ မမတို့ဘာသာပြန်ပါ့မယ်။သွားနေလာနေကျလမ်းတွေ ပဲကိစ္စမရှိပါဘူး။ အမောင်က မမကို မသိပေမယ့် မမကအမောင့်ကို သိပါတယ်။ မမ ဘာသာ ဆက်သွယ်လိုက်ပါ့မယ်”

“အို့ဗျာ-စို့ဗျာ-မရဘူး-မမတို့ပြန်ရင်တော့ ကျွန်တော်တို့ လိုက်ပို့မှာပဲ။ ဒါမှမမကိုတွေ့ချင်တဲ့အခါလာတွေ့လို့ရမှာ။ တော်ကြာ- မမကမဆက်သွယ်ရင်ကျွန် တော်ရင်ကွဲရမှာဗျ”ဟုဇွတ်တရွတ်ပူဆာလိုက်ရာသူမမှာအကြံအိုက်သွားဟန်ဖြင့်
ဆွေငေးငိုင်နေပြီးမှတစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချဟန်ဖြင့်… “ကဲ-တားမရဘဲလိုက်ခဲ့ကြပေါ့။ ဟေ့သူငယ်ချင်းတို့ပြန်ကြစို့ရဲ့” ဟုကျွန်တော့်ကို ခွင့်ပြုရင်း ကိုသက်ဦး ရင်ခွင်အတွင်းမှမိန်းမချောကိုလှမ်း ပြောလိုက်ရာ ထိုသူမကခေါင်းညိတ်ပြီး ကိုသက်ဦး ရင်ခွင်တွင်းမှထွက်ကာ တွေ့စ တုန်းကလို မျက်နှာလေးသာ ဖော်ထားပြီး စောင်ကို ခေါင်းမြီးခြုံလိုက်ပါသည်။ ထို့ နောက်ကျွန်တော်တို့ ဝင်ရောက်ခဲ့ရာလမ်းကြောင်းအတိုင်း သူမတို့နှစ်ယောက်က ဘောင်းဘီရှည်နှင့်အနွေးထည်ကိုယ်စီဝတ်ထားကြပါသည်။ ဖျာများကိုနောက်ရက် ပွဲက ကြည့်ဦးမှာ၊ မယူသေးဘူး ထားခဲ့ကြပါ”ဆိုသဖြင့် သည်အတိုင်းထားခဲ့ပါ သည်၊

ပွဲခင်းထဲမှ ထွက်သည်နှင့် မီးရထား သံလမ်းပေါ်သို့တက်ကာ မြောက်မှ တောင်သို့ ဇလီဖားတုံးများပေါ်နင်းကာ နှစ်ယောက်စီ ယှဉ်တွဲလျက် လျှောက်ခဲ့ကြ သည်။ ပွဲခင်းမှာပြဇာတ်၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်သို့ရောက်ရှိနေသဖြင့်ကျွန်တော် တို့ကိုမည်သူမျှ သတိထားမိလိုက်ကြဟန်မတူဘဲပြဇာတ်တွင် စီးမျောနေကြသည်။ ကျွန်တော်တို့ ပွဲခင်းနှင့် အတန်ငယ်ဝေးသည့်နေရာရောက်သည်အထိ ညဉ့်ယံတွင် ပွဲခင်းမှအသံများကို အတိုင်းသားကြားနေရသည်။ သူမကငြိမ်သက်တိတ်ဆိတ်စွာ တစ်လှမ်းချင်း လျှောက်လှမ်းနေသဖြင့်ကျွန်တော်ကတိတ်ဆိတ်မှုကို ဖြိုခွင်းသည့် အနေဖြင့်.
“မမတို့ကဘယ်ရွာမှာနေကြတာလဲဟင်”ဟုမေးလိုက်ရာ သူမက“ရှေ့နား
က ဝါးရင်းတုတ်တံတားရဲ့တောင်ဘက်က တောထဲမှာနေတယ်”

ထိုအချိန်တွင် လေအေးများတစိမ့်စိမ့်တိုက်လာပြီးထူထပ်သောနှင်းမြူထု
ကြီးကရုတ်တရက်ဆိုသလိုကျရောက်လာသည်။ထိန်ထိန်သာနေသောလမင်းကြီး
ကိုပင်ရေးတေးတေးသာမြင်ရလောက်အောင် ပိတ်ဖုံးကာဆီးလာကြသည်။ နောက်

ဘက်ဆီမှ ကိုသက်ဦးတို့ နှစ်ယောက်ကလည်း တိတ်ဆိတ်စွာ လျှောက်လှမ်းလာ ကြသည်။မြင်ကွင်းအားလုံး မှုန်ဝါးသွားသဖြင့် စိတ်မသက်မသာဖြစ်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။ခဏအကြာတွင်မြူနင်းများ လေနှင့်အတူလွင့်ပါးသွားပြီးလမင်း ကြီးက လင်းထိန်လျက် ပေါ်ထွက်လာသည်။ ထိုအချိန်မှာပင် နောက်မှလိုက်လာ သောကိုသက်ဦးက တုန်ရီနေသောအသံဖြင့်…

“ဇာတ်ဆရာ- ခဏနေဦးဗျ။ကျွန်တော်ဗိုက်တွေအရမ်းနာလာလို့တောထိုင် ချင်တယ်။ခင်ဗျား ခဏလိုက်ခဲ့ဦး။တစ်နေကုန်အစားတွေစုံလာပြီးအရက်သောက်
လိုက်လို့လားမသိဘူး”ဟုမျက်စိမျက်နှာပျက်ပြောလာပါသည်၊ သူ ဗိုက်အတော်နာ
နေပြီဝမ်းသွားလိုက်မှ သက်သာသွားမည်ဟုကျွန်တော်ထင်သည်။ထို့ကြောင့်… “ကဲ – မမတို့ ဒီနားက ခဏစောင့်၊ ကျွန်တော်လိုက်ပို့လိုက်ဦးမယ်။ သူ့ကိစ္စ ရှင်းပြီးတာနဲ့ ကျွန်တော်တို့ ချက်ချင်းပြန်လာခဲ့မယ်” ဟု ဆိုကာ ကိုသက်ဦးနှင့်အတူ သံလမ်းအောက်ဘက်ရှိနဘူးချုံများရှိရာသို့ဆင်းခဲ့ပါသည်။ကိုသက်ဦးက “လာစမ်း ပါဗျာ- မြန်မြန်”ဟု ဆိုကာကျွန်တော့်လက်ကို ဆွဲ၍ သံလမ်းအောက်ဘက် နဘူးချုံ ကွယ်ရှိရာသို့ ဆွဲခေါ်သွားပါသည်။အမျိုးသမီးနှစ်ဦးမှာသံလမ်းပေါ်မှာစောင့်ကျန်ရစ် ပါသည်။သံလမ်းအောက်ဘက်ရောက်တော့နဘူးချုံကြီးများကွယ်သွားသောကြောင့် သံလမ်းပေါ်မှအမျိုးသမီးနှစ်ဦးကိုမမြင်ရတော့သလိုသူတို့ကလည်းကျွန်တော်တို့ကို မမြင်နိုင်တော့ပါ။ ကိုသက်ဦးက အပေါ်သို့ တစ်ချက်လှမ်း၍ အကဲခတ်ပြီး“ဟေ့လူ- ပြေးကြစို့” ဟု ပြောပြောဆိုဆို ကျွန်တော့်လက်ကိုဆွဲ၍ ပွဲခင်းဆီသို့ ဦးတည်ပြီး ပြေး ပါသည်။ကျွန်တော်ကသူဆွဲခေါ်ရာအပြေးတစ်ပိုင်းလိုက်ရင်း ကိုသက်ဦး – ဘာဖြစ် တာလဲ၊ခင်ဗျားပြောတော့ ဗိုက်နာလို့ဆို၊ ခုဘယ်လိုဖြစ်လို့ထွက်ပြေးတာလဲ။ဟိုမှာ အမျိုးသမီးနှစ်ယောက်ကျန်နေသေးတယ်လေဗျာ” ဟု သူ့နောက်ပြေးလိုက်ရင်းမေး ပြော၊ ပြောလိုက်ပါသည်၊ သူကနဘူးချုံကြီးများဘေးမှ ကပ်ပြေးနေရင်းက“နောက် မှ ရှင်းပြမယ်၊ ခုတော့ ပြေးနိုင်မှလွတ်မှာ၊အဲဒါလူတွေ မဟုတ်ဘူးဗျ”ဟု ဆိုကာ ပြေး နှုန်းကို မြှင့်လိုက်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် နှစ်ကိုယ့်တစ်စိတ်လိုတစ် တန်းတည်းနေ၊အထူစာ။အတူသွား၊ကျွန်တော့်အိမ်ကျွန်တော့်အိပ်ခန်းမှာအတူတူ

စာကျက်၊ အတူအိပ်နေကြသူများဖြစ်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ရပ်ကိုကျွန်တော်တို့ရင်ဆိုင်နေရပြီဖြစ်ကြောင်း ချက်ချင်းနားလည်
လိုက်သည်။

သူ့ဆီမှအကြောက်တရားကကျွန်တော့်ဆီသို့ချက်ချင်းကူးစက်လာပြီး သူနှင့်အတူ ရထားလမ်းဘေးအောက်ဘက်မှ လှည်းလမ်းအတိုင်း နဘူးချုံကြီးများ ကို အကာအကွယ်ယူပြီး သုတ်ခြေတင်ကာ ပြေးခဲ့ကြသည်။ ပွဲခင်းနား ပြန်လည် ရောက်ရှိမှသံလမ်းပေါ်တက်ပြီး ပွဲခင်းဘက်သို့ခပ်သုတ်သုတ်ကူးခဲ့ကြ၏။နှစ်ဦးစလုံး
မှာလည်းဟောဟဲဆိုက်နေအောင်မောနေကြပြီးဆောင်းကာလကြီးမှာဇောချွေးများ
ပြန်နေကြသည်။

ပွဲခင်းရောက်တော့ကိုသက်ဦးကရှေ့မှဦးဆောင်ကာပွဲခင်းကိုကွေ့ပတ်ကာ
ကျွန်တော်တို့ ထိုင်ခဲ့သော အကြော်ဆိုင်ဆီသို့ သွားရောက်ခဲ့ကြသည်။ မူလထိုင်ခဲ့ သောစားပွဲလေးမှာသွားထိုင်လိုက်တော့ ဆိုင်ရှင်အဘိုးကြီးကအကြော်ပုံတစ်ပွဲနှင့် အရက်တစ်ကရားလာချပေးပါသည်။ပါးစပ်မှလည်း အရက်ကဒီတစ်ကရားပဲကျန် တော့တယ်။ အကြော်စုံကတော့နှစ်ပွဲသုံးပွဲစာကျန်သေးတယ်”ဟု ဆိုကာ သူ့စားပွဲ ဆီပြန်သွားပြီးငိုက်နေပါသည်။ကျွန်တော်တို့နှစ်ဦးမှာတစ်ယောက်နှင့်တစ်ယောက်
စကားမပြောနိုင်သေးပဲကိုသက်ဦးက ပန်းကန်လုံးများတွင်စောစောကလိုအရက်နဲ့ လိုက်ပြီး နှစ်ယောက်သား ပြိုင်တူလိုလိုအရက်ပန်းကန်လုံးများကိုယူကာ တဂွပ်ဂွပ် နှင့်မော့ချလိုက်ပါသည်။ပြီးမှအကြော်တစ်ခုစီကောက်ဝါးလိုက်ရာအကြော်များမှာ
ကောင်းစွာ ပူနွေးလျက်ပင် ရှိသေးကြောင်း တွေ့ရသည်။ လှမ်းကြည့်လိုက်တော့ ကြော်ပြီးသားအကြော်များကို ပုလဲဓာတ်မြေသြဇာအိတ်ခွံထဲတွင် ထည့်၍ လေလုံ အောင်သေချာစွာဖုံးဖိထားကြောင်း တွေ့ရသည်။တစ်ခဏအကြာအရက်ရှိန်လေး တက်လာမှကျွန်တော်ကကိုသက်ဦးကို စကားစလိုက်ပါသည်။ ကိုသက်ဦးက စိတ် လှုပ်ရှားမှု မပြေသေးဟန်ဖြင့် ဒုတိယအရက်ခွက်ကို ထပ်မော့သောက်လိုက်ပြီး အကြော်တစ်ခုကို ဝါးစားလိုက်ပါသည်။ကျွန်တော်ကလည်းသူ့လိုပင် တစ်ခွက်ထပ် သောက်ပြီးအကြော်တစ်ခုကို ကောက်ဝါးရင်း ပြောတော့လေဗျာဟူသောအကြည့် နှင့် သူ့ကိုကြည့်လိုက်ပါသည်။ကိုသက်ဦးကစားပွဲပေါ်မှလက်သုတ်ပဝါဖြင့်နှုတ်ခမ်း
ပါ။နားသုတ်သင်လိုက်ပြီ…

“ဒီလိုဗျ-ပွဲခင်းထဲမှာကျွန်တော်လည်း သူတို့ကိုလူတွေလို့ပဲထင်နေတာ။
ဒါကြောင့် စောင်ခြုံထဲဝင်လိုက်ရတော့ တတ်သ၍ မှတ်သ၍ အကုန်လျှောက်လုပ် တာပဲဗျာ။ပါးနှစ်ဖက်ဆိုလည်းဘယ်နကြိမ်နမ်းမိမှန်းတောင်မမှတ်မိတော့ဘူး။ သူက လည်းငြိမ်ပြီးခံနေတယ်၊ ကျွန်တော်လည်း သူ မငြင်းတာ မှန်သမျှ အကုန်လျှောက် လုပ်တာပဲ၊ခင်ဗျားကိုကျွန်တော်ချစ်တယ်ဗျာလို့နားနားကပ်ပြောတော့တုံးတိတိနဲ့ “အင်း- အင်း”လို့ ခေါင်းညိတ်တယ်။ ကျွန်တော်ကတော့ သိန်းထီပေါက်တယ်လို့ကို ထင်နေတာ။ သူတို့နှစ်ယောက် စလုံးရဲ့ခန္ဓာကိုယ် အချိုးအဆက်က မိန်းမတစ်သိန်း မှာတစ်ယောက်ရှိနိုင်ခဲ့တဲ့Body Structure မျိုးဗျ၊နှစ်ယောက်စလုံးရဲ့အချိုးအဆက် က စောစောက ရှိတ်ပြသွားတဲ့ ခေါင်းဆောင်မင်းသမီးထက် အများကြီးသာတယ်။ ခင်ဗျားအမျိုးသမီးကဆိုရင် တင်ကြီးတွေက ကားစွင့်နေပြီး အောက်ကိုတွဲကျမနေ ဘဲအပေါ်ကိုကော့တက်နေတယ်၊မိန်းမတစ်သန်းမှာတစ်ယောက်တွေ့ရခဲတဲ့Body Structure မျိုးဗျ၊ စောစောပွဲခင်းထဲကထွက်ဖို့ ထိုင်ရာကအထမှာ ကျွန်တော် မြင် လိုက်ရတာ ခင်ဗျားလိုတောင်အားကျသွားမိတယ်၊တကယ့်ကိုရှာမှရှားတဲ့မိန်းမမျိုး ပေါ့ဗျာ။ စောင်ကြီးသာခြုံမထားရင်ပွဲခင်းတစ်ခုလုံးကယောက်ျားတွေဇာတ်ကတာ မကြည့်ဘဲ သူ့ဆီပဲ မျက်လုံးရောက်နေမှာသေချာတယ်ဗျ။ကျွန်တော်တို့တစ်သက်
မှာအဲဒီမိန်းမမျိုးနောက်ထပ်တစ်ခါတွေ့ရမြင်ရဖို့လည်း မလွယ်တော့ဘူးဗျ”
“ကဲပါဗျာ – ခင်ဗျား ပြောတာကလိုရင်းကိုမရောက်ဘူးဖြစ်နေတယ်၊ ကျွန်
တော့်ကိုလွတ်တဲ့ငါးကြီးပြီးငိုချင်အောင်လုပ်နေတာလား။ကျွန်တော့်မှာအခုဘယ်
လိုကြီးကို ခံစားနေရမှန်းမသိဘူးဖြစ်နေတယ်၊ ကျွန်တော် သူ့ကို တကယ်ချစ်သွာ တာဗျ၊ သူကလည်းကျွန်တော့်ကို ချစ်တယ်လို့ အဖြေပေးသွားတယ်။ ကျွန်တော့်ရဲ့ ဘယ်ဘက်ပါးလေးကိုလည်းနမ်းသွားတယ်။ ခင်ဗျားကလူမဟုတ်ဘူ။ပြေး- ပြေး- ဆိုလို့သာပြေးခဲ့ရတာ။ သူသာ တကယ်လူသားတစ်ယောက်ဖြစ်ရင် ဒီနှစ် ၁ဝ တန်း အောင်တာနဲ့အဖေနဲ့အမေတို့ကို တောင်းခိုင်းပြီး သူ့ကိုရအောင်ယူမှာပဲ။ကျွန်တော် သူ့ကို တစ်ခဏတာအပျော်ကြံတာမဟုတ်ဘူး။ တစ်ဘဝစာ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်သွားမိတာဗျ”ဟု ဝမ်းနည်းပက်လက်ပြောရင်း မျက်ရည်များပိုးပိုးပေါက်ပေါက်

ကျလာပါသည်။ ထိုအချိန်တွင်ကျွန်တော့်နောက်မှသက်ပြင်းချသံ သဲ့သဲ့ကြားလိုက် ရသဖြင့် ရုတ် တရက် လှည့်ကြည့်လိုက်ရာ ဘာမျှ ရှိမနေပါ။ ကျွန်တော့်မှာ ကြောက် စိတ်တစ်ဝက်၊တမ်းတစိတ်တစ်ဝက်ဖြင့်ဘေးဘီဝဲယာရှာဖွေကြည့်သော်လည်းဘာ ကိုမျှမတွေ့မမြင်ရပါ။ကိုသက်ဦးကအရက်ခွက်များကိုထပ်မံငှဲ့ထည့်ရင်းမှ …
“ခင်ဗျားကစကားပြောနေရင်းကနေ ဘာတွေလျှောက်ရှာတာလဲဗျ”
ဟု မေးလာပါသည်။ ကျွန်တော်လည်း ရုတ်တရက် ဘာပြောရမှန်းမသိဖြစ် ကာကပျာကယာမျက်ရည်သုတ်ရင်း”ဘာမှမဟုတ်ပါဘူးဗျာ၊ကျွန်တော်မခံစားနိုင် တော့လို့ပါ။ ကဲ-ပြောပါဦး၊ ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်လက်ကိုဆွဲပြီး နောက် ကြောင်းပြန်ပြေးခဲ့တာလဲဆိုတာရှင်းစမ်းပါဦး”ဟုစကားခေါ်လိုက်ရာကိုသက်ဦးက
ချောင်းတစ်ချက် ရှင်းလိုက်ပြီ…
“ကျွန်တော် ပထမဦးဆုံး သံသယဝင်မိတာက ပွဲခင်းကနေထွက်ခဲ့ပြီး သူတို့ အဖော်မပါတာသိလိုက်ရတဲ့အချိန်ကစတာပဲ။မိန်းမကောင်းတွေရောဟုတ်ပါ့မလား ဆိုပြီးသံသယဝင်မိတယ်။ဒါကြောင့်မို့ဘာစကားမှမပြောပဲအသာငြိမ်ပြီး

အကဲခတ်ရင်းလိုက်လာတာနောက်ပြီးခင်ဗျားအမျိုးသမီးရဲ့ရှားရှားပါးပါး Body Structure ကို လည်း စိတ်ဝင်စားသွားမိတယ်။ အဲဒီအချိန်မှာ နှင်းမြူထုကြီးကျလာပြီး ရုတ်တရက် မှောင်သွားတယ်။ မြူနင်းတွေပြယ်ပြီးအလင်းရောင်ထွက်လာလာချင်း ပထမဦးဆုံး ကြည့်မိတာကရှေ့ကသွားနေတဲ့ခင်ဗျားအမျိုးသမီးရဲ့နောက်ပိုင်းကိုပဲကြည့်မိတယ်။ စောင်ခြုံထားပေမယ့်နိမ့်တုံမြင့်တုံဖြစ်နေတာကိုတော့ခံစားလိုက်ရတယ်ဗျားဆော် ရီးနော်၊ကျွန်တော်အမှန်အတိုင်းပြောပြတာ။အဲဒီနောက်တဖြည်းဖြည်းနဲ့အောက်ကို ကြည့်လိုက်တဲ့အခါသူကခင်ဗျားနဲ့အတူရှေ့ကိုလျှောက်နေပေမယ့် သူ့ခြေထောက် တွေကအနောက်ဘက်ကို လှည့်နေတာကို တွေ့ရတာပဲဗျို့။ ကျွန်တော်လည်း လန့် သွားတာပေါ့ဗျာ။ ပိုသေချာအောင်ဆိုပြီးနောက်လှည့်ပြီးတံတွေးထွေးသလိုလို၊ ဘာ လိုလိုနဲ့ ကျွန်တော့်ဘေးက အမျိုးသမီးကို ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်တွေ ကလည်းရှေ့ကိုလျှောက်ရင်းအနောက်ဘက်လှည့်နေတာတွေ့ရတာဗျို့၊ကျွန်တော် လည်းကြောက်လန့်သွားပြီးကြံမိကြံရာ ကြံရင်းက ခင်ဗျားကိုလှမ်းခေါ်ပြီးတောထိုင်

ချင်တယ်ဆိုပြီး လုပ်ရတော့တာပဲ။ ခင်ဗျားကျန်နေခဲ့လို့လည်းမဖြစ်ဘူးလေဗျာ။
ဒီအတိုင်းပြောပြောပြေးပြေးနဲ့ပြေးရင်လည်းလွတ်ချင်မှလွတ်မှာဆိုတော့ကြံရတာ
ပေါ့ဗျာ”ဟုပြောရင်း အရက်ပန်းကန်လုံးကိုကောက်ကိုင်ကာတဂွပ်ဂွပ်မော့သောက် လိုက်ကာ အကြော်တစ်ခုကိုဝါးစားနေပါသည်။ကျွန်တော်လည်း စိတ်ညစ်ညစ်နှင့် အရက်ခွက်ကိုတစ်ရှိန်ထိုးမော့ချလိုက်ပါသည်။ထို့နောက်အကြော်တစ်ခုကိုဝါးစား ရင်း… ကဲ- လက်ကျန်လေးတွေ အပြတ်ရှင်းပြီး ပြန်ကြရအောင်ဗျာ။ ကျွန်တော် အနားယူချင်ပြီ၊ အိမ်ကျမှ အိပ်ရာပေါ်မှာတစိမ့်စိမ့်ပြန်တွေးရင်း ဖီလင်တက်လိုက် ဦးမယ်” ဟု ဆိုကာ နှစ်ဦးသား လက်ကျန်များကို အပြတ်ရှင်းလိုက်ကြပါသည်။ ထို့ နောက် ဆိုင်ရှင်လူကြီးကိုလှမ်းခေါ်ကာပိုက်ဆံရှင်းလိုက်ပါသည်။ ထိုအချိန်တွင် ဘယ်ကဘယ်လိုရောက်လာမှန်းမသိသောလင်းနို့ငှက်ငယ်တစ်ကောင်သည်ကျွန် တော်တို့ဝိုင်းကို သုံးလေးပတ် ပတ်ခါပျံဝဲပြီးနောက် တောင်ဘက်အရပ်ဆီသို့ တစ်ဟုန်ထိုးပျံသန်းသွားသည်ကို ကို သက်ဦးရော ဆိုင်ရှင်လူကြီးပါ သတိမထားမိ
လိုက်ကြပေ။

အိမ်ပြန်ရောက်တော့ အိပ်ရာပေါ်လှဲလိုက်စဉ်ခဏမှာပင် မူးမူးမောမောနှင့် ပင်ပန်းပြီးကျွန်တော်တို့နှစ်ယောက်စလုံးအိပ်ပျော်သွားခဲ့ကြပါသည်။အိပ်မောကျပြီး မကြာမီပင်အိပ်မက်ဆန်းတစ်ခုကိုမြင်မက်ပါတော့သည်။အိပ်မက်ထဲတွင်
ပတ်ဝန်းကျင်တစ်ခုလုံး မြူထူများရစ်ဆိုင်းနေသော နေရာတစ်ခုသို့ ရောက်ရှိနေပြီး ပတ်ဝန်း ကျင်တစ်ခုလုံးမြူများမှအပ အခြားဘာကိုမျှ မတွေ့ မမြင်ရပါ။ ယုတ်စွအဆုံးကိုယ့် ခြေထောက်ကိုပင်ဒူးဆစ်အောက်ကိုမမြင်ရချေ။

ကျွန်တော်၏ ဘယ်ဘက်ဘေးတွင်
မြင့်မားမတ်စောက်သောကျောက်နံရံကြီးတစ်ခုကအဆုံးအစမထင်အောင်တည်ရှိ
နေသည်။ ကျွန်တော်၏ရှေ့တွင်လည်း စွန်းပုခုံးဇာတ်ကားထဲကလို မြူ ခိုးမြူငွေ့များ ကို မြင်နေရသည်။ ကျွန်တော့်စိတ်ထဲမှ“ဘယ်လိုနေရာမျိုးကို ရောက်နေပါလိမ့်” ဟူသောအတွေးဖြင့် ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်ရှုနေစဉ်မှာပင်…
“အမောင်ရေ”ဟူသော ခေါ်လိုက်သံနှင့်အတူ ကျွန်တော့်ရှေ့မြူခိုးများ အကြားမှ မျက်ဝန်းရှင်လှသူဇာ ဘွားခနဲပေါ်ထွက်လာပါသည်။

ကျွန်တော်ကလည်းဝမ်းသာအားရဖြင့် “ဟာ-မမရယ်”ဟု ညည်းထွားရေ ရွတ်ရင်း ရှေ့သို့ ပြေးသွားကာ လွတ်ထွက်သွားမည့်အလား သူ့ကိုယ်လုံးလေးကို တအားဖက်ထားလိုက်ပါသည်။ သူမကလည်းကျွန်တော့်ကိုတင်းကျပ်စွာဖက်ထား ပြီး ဝမ်းနည်းပက်လက်ဖြင့် ကိုယ်လုံးလေးလှုပ်ခါနေအောင် တဟင့်ဟင့် ရှိုက်ငိုနေ
ပါသည်။ကျွန်တော်က“မငိုပါနဲ့ – မမရယ်၊မမကိုကျွန်တော်သိပ်ချစ်တယ်၊မမဘယ် ဘဝရောက်ရောက် ဘာဖြစ်နေနေ မမက ကျွန်တော့် အချစ်ဦးပါဗျာ၊ ကျွန်တော် မမ ကို ကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်အထိ မြတ်မြတ်နိုးနိုးနဲ့ ချစ်သွားမှာပါဗျာ”ဟု

သူမ၏ကိုယ်လုံးလေးကိုတင်းကျပ်စွာဖက်ထားရင်းတတွတ်တွတ်ပြောနေမိသည်။
ကျွန်တော်က ပြောလေ သူမကကျွန်တော့်ကိုတိုး၍ဖက်ရင်းခေါင်းကလေးကိုယမ်း

ကာကျွန်တော့်ရင်ခွင်အတွင်း ခေါင်းဝှက်ကာ တသိမ့်သိမ့်ရှိုက်ငိုနေပါသည်၊ ကျွန် တော်လည်း ဘယ်လက်ဖြင့် သူမ၏ကိုယ်လုံးလေးကိုပွေ့ပိုက်ထားပြီး ညာလက်ဖြင့် သူမ၏ကျောပြင်လေးကိုပွတ်သပ်ပေးရင်း သူမအားရအောင်ငိုပါစေလေဟုသဘောရင်းချော့မြူပေးနေမိ၏။ကျွန်တော်၏အင်္ကျီရင်ဘတ်တစ်ခုလုံးမှာလည်း သူမ၏
မျက်ရည်များဖြင့် စိုရွဲနေပေတော့၏။

သူမက အတန်ကြာသည်အထိ အားရအောင်ငိုပြီးမှ အငိုရပ်လိုက်ကာ ကျွန် တော့်ကို မော့ကြည့်ပြီ…
“အမောင် – ကျွန်မ ပြောတာကို သေချာနားထောင်ပါနော်၊ ကျွန်မ မောင့်ကို အမှန်အတိုင်း ဝန်ခံပါရစေ။ကျွန်မတို့ဟာလူသားတွေမဟုတ်ပါဘူးမောင်၊ သိုက်နန်း ကလာတဲ့သိုက်စောင့်ကဝေတွေပါ။ ညတုန်းက ပွဲခင်းကိုလာတာက သိုက်ထဲကနေ ခွင့်တောင်းပြီးလူဝင်စားဘဝနဲ့ ဝါးရင်းတုတ်ရွာမှာရောက်နေတဲ့လူတစ်ယောက်ကို အချိန်စေ့သွားလို့ သိုက်နန်းရှင်ရဲ့အမိန့်နဲ့ပြန်ခေါ်ဖို့ရာအတွက်ကျွန်မခေါင်းဆောင်ပြီး

လာခဲ့တာပါ။ကျွန်မနဲ့အတူသိုက်ထဲကလူ ၃ဝကျော်လောက်လည်းပါလာကြတယ်။
ကျွန်မတို့ခေါ်ရမယ့် လူရွှေစေတီဘုရားပွဲကိုလာမှာသိလို့လာစောင့်နေကြတာပါ။ အဲဒီလူကကားပျက်လို့မန္တလေးကနေပြန်မလာနိုင်ဘူး။သူလူပြည်မှာနေဖို့
တစ်ရက်ကျန်နေသေးလို့ ဖြစ်မှာပေါ့။ အဲဒီအချိန်မှာဇာတ်စင်နံဘေးမှာ မောင့်ကို ကျွန်မ စတွေ့တာပဲ၊ တွေ့လိုက်ရတဲ့အချိန်မှာပဲ မောင့်ကို ကျွန်မချစ်သွားခဲ့တယ်။ ဘယ်ယောက်ျားတစ်ယောက်ကိုမှသနားစရာ၊ချစ်စရာလို့မထင်ဘူး။ကျွန်မအရင်က သိပ်ရက်စက်တတ်တာ သိလား။ သိုက်နန်းရှင်က ရက်ရက်စက်စက်လုပ်စရာရှိမှ ကျွန်မကို လွှတ်တာ။ ကျွန်မကလည်း ရက်ရက်စက်စက် တစ်ချက်လွှတ်လုပ်တတ် တယ်။ ကျွန်မ သတ်ခဲ့တဲ့ အောက်လမ်းဆရာတွေ၊ သိုက်ဆရာတွေ ရေတောင် မရေ တွက်နိုင်ဘူး။ ဒီသိုက်ထဲမရောက်ခင်လူ့ဘဝတုန်းကလည်း ပညာနောက်ကိုပဲလိုက် စားနေခဲ့တာ၊ ချဉ်းကပ်လာတဲ့ ယောက်ျားမှန်သမျှကိုလည်း တစ်ချက်လွှတ် အသေ လုပ်ပစ်လိုက်တာပဲ။ဒါပေမဲ့ကျွန်မကံမကောင်းဘူး။လှေခေတ်လှည်းခေတ်တုန်းက
ဇော်ဂျီမြစ်ရေကြီးချိန်မှာကျွန်မတို့လှေကို ဇော်ဂျီမြစ်ထဲမှာနှစ်သတ်ပြီး ကျွန်မတို့ကို

သိုက်နန်းရှင်က သူ့ရဲ့သိုက်နန်းထဲ ခေါ်သွားတာ။ ဒီနေ့အထိပဲ၊ အဲဒီ ကျွန်မ သေဆုံး ချိန်တုန်းက အခု ရုပ်ရည်၊အခုအသက်အရွယ်ပဲ။ သိုက်ထဲရောက်တော့ သိုက်ဆရာ တစ်ယောက်၊ အောက်လမ်းဆရာတစ်ယောက် သတ်ပြီးတိုင်း သတ်ပြီးတိုင်း သိုက် နန်းရှင်က ပညာတစ်ဆင့် တက်ပေးတယ်၊ ညတုန်းက ခိုင်းတဲ့အလုပ် မပြီးမြောက်ပဲ မောင်နဲ့ တွေ့ပြီး ကျွန်မ အမှားတွေ လုပ်ခဲ့မိတယ်။ သတ်မှတ်နေရာအထိ မောင်တို့ လိုက်မလာအောင် မောင့်သူငယ်ချင်းကို ခြောက်လှန့်ပြပြီ။ မောင်တို့ကို ပြန်လွှတ် လိုက်ရတာ ခွင့်လွှတ်ပါ – မောင်ရယ်။ ကန့်သတ်နေရာထိ မောင်တို့ လိုက်လာရင် တော့ကျွန်မလည်းဘာမှတတ်နိုင်မှာမဟုတ်ဘူး-မောင်။မောင်တို့ကိုတစ်နည်းနည်း နဲ့ဝိညာဉ်နတ်ပြီး သိုက်ထဲကိုအခိုင်းအစေဘဝနဲ့ခေါ်သွားကြလိမ့်မယ်။ ဖြူစင်ရိုးသား တဲ့အဖြူထည် မောင့်ဘဝလေးကိုအဲဒီလိုအဆုံးမသတ်စေချင်ဘူး။ အဲဒီလို ဘဝမျိုး နဲ့လည်း မောင်နဲ့ မဆုံစည်းချင်ဘူ၊ မောင်ရယ်။ လူ့ဘဝလူ့အသွင်ကိုယူပြီး မောင်နဲ့ ချစ်ခဲ့ရတဲ့တဒင်္ဂအချိန်လေးဟာနောက်ဘုရားရှင်ပွင့်တော်မူတဲ့အထိ မောင်နဲ့အတူ တိုက်ထဲမှာ ငြီးငွေ့စွာ ဖြတ်ကျော်ရမယ့် အချိန်တွေထက် ပိုပြီးတန်ဖိုးရှိပါတယ် အမောင်ရယ်၊ ညတုန်းကတဒင်္ဂအချိန်လေးကိုကျွန်မသိပ်တန်ဖိုးထားတယ်မောင်။ ကျွန်မပါးကိုပထမဆုံးနဲ့နောက်ဆုံးနမ်းခွင့်ရသူဟာာင်ပဲဖြစ်စေရမယ်။ကျွန်မက ပထမဆုံးနဲ့နောက်ဆုံးနမ်းရှိုက်ခဲ့သူကလည်းမောင်ပဲဖြစ်စေရမယ်လို့သစ္စာအဓိဋ္ဌာန်
ပြုလိုက်ပါပြီ – ရှင်ရယ်”

သူမစကားအဆုံးမှာကျွန်တော်က သူမရဲ့ နီရဲငုံဖူးနေတဲ့ နှုတ်ခမ်းလေးကို ကျွန်တော့်ရဲ့နှုတ်ခမ်းများနဲ့ ငုံခဲစုပ်ယူလိုက်တဲ့အခါ သူမဟာ မျက်တောင်ကော့ကြီး များ မှေးစင်းသွားပြီးကျွန်တော့်ကို တိုးဖက်လာပါတယ်။ ကျွန်တော်က အတန်ကြာ အောင်ငုံခဲထားပြီးမှလွှတ်ပေးလိုက်ပြီး..
“မမ ဆိုလိုချင်တာက မမပါးကို ကျွန်တော့်အပြင် နောက်ထပ်ဘယ်သူ့ကိုမှ နမ်းခွင့်မပြုတော့သလိုမမကလည်းကျွန်တော့်အပြင်နောက်ထပ်ဘယ်ယောက်ျားရဲ့
ပါးကိုမှမနမ်းတော့ပါဘူးလို့ကတိပေးတာပေါ့နော်ဟုတ်လား”

“ဟုတ်ပါတယ်-မောင်ရယ်။ညတုန်းကအကြော်ဆိုင်မှာမောင်တို့တွေပြော နေကြတော့ မောင့်အနားမှာကျွန်မ ရှိတယ်မောင်။ မောင်တို့ ပြောဆိုနေတာတွေ ကျွန်မ အကုန်ကြားတယ်။ မောင် ကျွန်မအပေါ်ထားတဲ့ မေတ္တာအတိမ်အနက်ကို သိလိုက်ရတော့ ကျွန်မဖြင့် ဝမ်းသာလို့ကို မဆုံးဘူး။ မောင် မျက်ရည်တွေကျတာ မြင်တော့ ကျွန်မမှာ အူတွေ အသည်းတွေ ဗြောင်းဆန်ကုန်ရော့လား အောက်မေ့ ရတယ်။ ကြိတ်မှိတ်အောင့်အည်းထားတဲ့ကြားက သက်ပြင်းချလိုက်မိတယ်။ လူ အသွင်ကိုသာ မစွန့်လွှတ်ရသေးရင် မောင့်ကို အားရပါးရဖက်ပြီး ငိုမိမှာပဲ မောင် ရယ်”
“ဪ- မောင် သက်ပြင်းချတဲ့အသံကြားလိုက်တာ။ ဒါကြောင့်ကိုး- ကျွန် တော့်ဖြင့် ကြောက်တာတစ်ဖက်၊ မမကို တမ်းတတာတစ်ဝက်နဲ့ ဟိုဟိုသည်သည် လိုက်ရှာကြည့်နေမိသေးတယ်”
“မကြောက်ပါနဲ့ – မောင်ရယ်။ မောင့်ကိုတစ်ခုခုလုပ်ဖို့နေနေသာသာမောင့် မျက်နှာလေး ညှိုးနေတာမြင်ရရင်တောင် ကျွန်မမှာ ရင်ကွဲမတတ်ပါ-မောင်ရယ်။ အော်- ဒါနဲ့မောင့်ကိုအရေးကြီးတာမှာရဦးမယ်။အချိန်သိပ်မရဘူးမောင်၊ဒီညပွဲခင်းကိုကျွန်မလာလို့မရတော့ဘူး မောင်၊ သိုက်ချုပ်ဘိုးဘိုးကကျွန်မကိုဒဏ်ခတ်လိုက် ပြီး

သာသနာငါးထောင်ပြည့်တဲ့အထိကျွန်မလူ့အသွင်ဆောင်ခွင့်၊ လူ့ ပြည်သွားခွင့် မရတော့ဘူး။ ဒါပေမဲ့ကျွန်မကျေနပ်ပါတယ်။ အရေးကြီးတာကမောင်တို့ ဒီညပွဲခင်း ထဲမသွားနဲ့။ တကယ်လို့ပွဲခင်းထဲရောက်ရင်လည်းကျွန်မတို့နေရာထိမလာနဲ့။ ဒီည သိုက်နန်းရှင်ကိုယ်တိုင်လိုက်လာလိမ့်မယ်။ မောင့် သူငယ်ချင်းကိုလည်းထိန်းလိုက် ဦး။ ဘာတွေပဲတွေ့တွေ့တာဝန်အရလုပ်နေတာလို့သဘောပေါက်ဖို့လိုတယ်။ကိုယ်နဲ့ မဆိုင်သလို ခပ်ဝေးဝေးကနေတာအကောင်းဆုံးပဲ”
ထိုအချိန်မှာပင်သာယာချိုလွင်သောမောင်းသံတစ်ခုကိုကြားလိုက်ရပြီးသူမ
မှာဖျပ်ခနဲပျောက်ကွယ်သွားပါတော့သည်။

ကျွန်တော်က နှုတ်မှ“မမ-မမ- ကျွန်တော့်ကို မထားခဲ့ပါနဲ့ဗျာ” ဟု ရေရွတ် ရင်း“ဟုတ်ကဲ့ -လာပါပြီ”ဟု သူမမျက်နှာလှည့်ပြောရာ မြူခိုးငွေ့များ အတွင်းသို့

ပြေးလိုက်သွားစဉ်မှာပင်အမြင့်တစ်စုံတစ်ရာမှပြုတ်ကျလာသလိုရင်ထဲမှာအေးခနဲ ခံစားလိုက်ရပြီး အိပ်ရာမှ လန့်နိုးလာပါသည်။ ကျွန်တော်၏အင်္ကျီရင်ဘတ်တစ်ခု လုံးမှာလည်း စိုရွှဲနေသည်ကို သိလိုက်ရသည်။ စောင်တခြားလူတခြားအိပ်ပျော်နေ သောဆောင်းကာလကြီးမှာ ချွေးထွက်မည် မဟုတ်ပါ။ ဒါဆို ဤစိုရွှဲနေသောအရာ များသည် သူမ၏မျက်ရည်သက်သေများပင်ဖြစ်ပေမည်။ထိုအချိန်မှာပင်ရွှေကျောင်း ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်းခေါက်သံကို စတင်ကြားလိုက်ရပေသည်။

ကိုသက်ဦးဘက် လှည့်ကြည့်လိုက်တော့ သူ့အိပ်ရာတွင် တခူးခူးဖြင့် အိပ်မောကျ လျက် ရှိပေသည်။ ကျွန်တော်လည်း မနက်ကျလျှင်တော့ ရိုးစင်းလွန်းလှသောအိပ် မက်အကြောင်းကိုသက်ဦးကိုပြောပြရဦးမည်ဟုစဉ်းစားရင်းအင်္ကျီအသစ်တစ်ထည် လဲဝတ်ကာ သူမ၏ မျက်ရည်များစွန်းထင်းနေသောအင်္ကျီလေးကို ပလတ်စတစ် အိတ်တစ်လုံးတွင်ထည့်ကာကျွန်တော်ဗီရို၏အံဝှက်ထဲတွင် သိမ်းဆည်းထားလိုက်
ပါသည်။ထို့နောက်အိပ်ရာပေါ်သို့ပြန်လှဲအိပ်၍စောင်ခြုံကွေးရင်းအိပ်မက်အကြောင်း ကို စမြုံ့ပြန်စဉ်းစားနေစဉ်ခဏအကြာတွင် မှေးခနဲ ပြန်လည်အိပ်ပျော်သွားပါတော့ သည်။

နောက်တစ်နေ့မနက်တွင် မနက်ရှစ်နာရီထိုးမှ ကျွန်တော်တို့နှစ်ယောက် အိပ်ရာမှ နိုးကြသည်။ နှစ်ယောက်သား သွားတိုက်မျက်နှာသစ်ပြီး နံနက်ခင်းလက် ဖက်ရည်သောက်၊ မုန့်စားရန်အတွက် ရန်နိုင်ရပ်ကွက်၏အရှေ့ထိပ်ဇီးတောမြောင်း ဘေးမှ စနေကဖီးသို့အတူထွက်ခဲ့ကြသည်။ထိုအချိန်ကစဉ့်ကိုင်မြို့တွင် စနေကဖီး မှာလျှမ်းလျှမ်း တောက်ကျော်ကြားနေပြီး ဆီးတောမြောင်းရိုးတစ်လျှောက်မှ ကျေး ရွာများနှင့် စဉ့်ကိုင်မြို့ပေါ်မှ လက်ဖက်ရည်ကြိုက်သူတိုင်း နေ့စဉ်လာရောက် စားသောက်ကြသည်။ပုလိပ်ချည်မျှင်အထည်နှင့်အချောကိုင်စက်ရုံသို့နံနက်အဆိုင်း အလုပ်ဝင်ရမည့်အလုပ်သမာ များ၊ ညကြီးဆိုင်းအလုပ်ဆင်းပြီး ပြန်လာကြသော အလုပ်သမားများ၊ ကုန်သည်ပွဲစားများ၊ ဆိုက်ကားသမားများ၊ အလုပ်ကြမ်းသမာ။

များ၊ဌာနဆိုင်ရာအသီးသီးမှအမှုထမ်းအရာထမ်းများစသည်ဖြင့်အလွှာအသီးသီးမှ
လူများလာရောက်စားသောက်ကြသဖြင့် နေ့စဉ်လက်မလည်အောင် ရောင်းချနေရသောဆိုင်ဖြစ်သည်။

ဆိုင်ပိုင်ရှင်ဦးအောင်ကျော်မှာလက်ဝှေ့သမားဟောင်းတစ်ဦးဖြစ်ပြီး စဉ့်ကိုင် မြို့တွင်မြန်မာ့ရိုးရာမိုးမခလက်ဝှေ့အဖွဲ့ကိုတည်ထောင်ဖွင့်လှစ်ခဲ့သူဖြစ်သည်။လက်
ဝှေ့ပွဲများမှေးမှိန်လာသောအခါလက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရောင်းချနေပြီးကျွန်တော်
တို့နှင့်ညီအစ်ကိုလိုခင်မင်ရင်းနှီးသူဖြစ်၏။ကျွန်တော်တို့ဆိုင်ထဲဝင်လိုက်သည်နှင့်
ပြုံးရွှင်စွာ ဆီးကြိုပြီး…

“လာဟေ့-ကောင်လေးတွေ၊ မင်းတို့ ကြိုက်တတ်လို့ ငါအီကြာကွေးတွေ ချန်ထားတယ်၊ အဖန်ခြောက်ကလည်းအခုမှအသစ်နှပ်ထားတာ၊ ရှယ်ပဲ။ အခုမှ နပ်ခါစရှိသေးတယ်။ မင်းတို့ စိတ်ကြိုက် ပဲ”ဟု ဆိုကာ လက်ဖက်ရည်နှစ်ခွက်နှင့် အီကြာကွေးများလာရောက်ချပေးပါသည်။ကျွန်တော်တို့နှစ်ယောက်လည်း”ကျေးဇူး
ပဲဗျို့”ဟုပြိုင်တူပြောကာ မုန့်နှင့်လက်ဖက်ရည်များကိုအားပါးတရစားသောက်လိုက် ကြသည်။ စားသောက်ပြီးနောက် ကျွန်တော်ကရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက် ရင်းကိုသက်ဦးကို..

“ကျွန်တော် – ညတုန်းက အိပ်မက်ဆန်းတစ်ခု မက်တယ်ဗျ” ဟု အစချီပြီး ကျွန်တော့်အိပ်မက်အကြောင်းကိုအစအဆုံး ပြောပြလိုက်ပါသည်။ ကိုသက်ဦးက ငြိမ်သက်စွာနားထောင်နေပြီးမှ…
“အေးဗျာ- မြင်ရတာ မဟုတ်တော့လည်း ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပြောဖို့ခက်တယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့သတိတော့ထားရလိမ့်မယ်။

ကျွန်တော် က ကိုယ်တိုင်မြင်ခဲ့ရတဲ့သူဆိုတော့ နောက်တစ်ခါတွေ့ရင် အနားသွားဖို့ နေနေသာ သာ မျက်လုံးချင်းတောင် ဆုံပြီး မကြည့်ရဲတော့ပါဘူး” ဟု ဆိုလာရာကျွန်တော့်မှာ စိတ်ထဲမှ တော်ပါသေးရဲ့၊ သူ သွားချင်နေလျှင် ကျွန်တော့်မှာထိန်းရမည့်တာဝန်က ရှိနေသည်။ ယခု သူက ဒီလိုစကားမျိုးပြောလာတော့ စိတ်အေးသွားပြီး“ကဲ- ဒါဆို လည်း ပြန်ကြဦးစို့ရဲ့ ညပိုင်းပွဲကြည့်လို့ရအောင်အိမ်ပြန်ပြီးနားကြဦးစို့။ ဒီည ပွဲခင်း သွားမှာမဟုတ်လာ။”

“ဟာ-သွားမှာပေါ့ဗျာ။ ဒါပေမဲ့ကျွန်တော်ခုအိမ်ခဏပြန်လိုက်ဦးမယ်။အိမ်
မှာလုပ်စရာရှိတာလေးတွေလုပ်ပြီးညနေစောင်းမှကျွန်တော်လာခဲ့မယ်”ဟုဆိုလာ
သဖြင့် စားပွဲထိုးလေးကိုခေါ်ကာကျသင့်ငွေရှင်းပေးလိုက်ပြီး ကိုအောင်ကျော်ကြီး ကိုနှုတ်ဆက်ကာအသီးသီးအိမ်ပြန်ခဲ့ကြပါသည်။

အိမ်ရောက်တော့အခန်းထဲအောင်းကာပွဲခင်းထဲမှာ တွေ့ခဲ့ရသောညှို့ဧကရိ မမအကြောင်းကို စဉ်းစားရင်း လူးလူးလှိမ့်လှိမ့်ဖြင့် ခံစားနေရပါသည်။ ဘယ်သူနဲ့မှ လည်းမတွေ့ချင်၊ဘာမှလည်းမလုပ်ချင်ပါ။လူငယ်(၁၀)တန်းနှစ်နှစ်ကျကျောင်းသားတစ်ယောက်အရွယ်မို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေမိသည်။
သာမန်လူသားချစ်သူဆိုလျှင်လည်း သူ့အိမ်နားသွားပြီး သူ့အရိပ်ကိုမြင်ရ နိုးနိုးနှင့် လျှောက်ပြန်သံပေးလုပ်ကာ တရစ်ဝဲဝဲလုပ်နေမိပေမည်။

ယခုတော့ ဘယ် လိုက်လို့ ဘယ်ရှာရမှန်းမသိသော ချစ်သူကို တမ်းတရင်း ရင်ထဲမှာ ဗလောင်ဆူနေ သည်။အိပ်နေပြန်တော့လည်းတစ်ခုခုလိုနေသလိုဖြစ်ပြီးအိပ်မရ၊ထိုင်နေပြန်တော့
လည်းဟာတာတာ။စာဖတ်မယ်စာအုပ်ကြည့်မယ် ဆိုပြန်တော့လည်းစိတ်မဝင်စား ဖြင့် ထိုင်ရမလို၊ ထရမလို ဖြစ်နေပါသည်။

နေ့လယ်ထမင်းစားချိန်ရောက်လို့ လူကြီး များက ထမင်းခေါ်ကျွေးတော့လည်း ဘာလိုနေမှန်းမသိဘဲ ကောင်းကောင်းစားမရ ဖြစ်နေသည်။ အပြင်လည်း ထွက်လည်ချင်စိတ်မရှိပဲအခန်းထဲမှာအောင်းပြီးအိပ် လိုက်၊ထိုင်လိုက်ဖြင့်တစ်နေကုန်သွားပါသည်။

ညနေစောင်း၅နာရီလောက်တွင်ကိုသက်ဦးကအဝတ်အစားသစ်များဝတ်
ဆင်ကာ ရှိုးအပြည့်ဖြင့် ရောက်ရှိလာပါသည်။ ကျွန်တော့်ကိုတွေ့တော့ “လာဗျာ- ခင်ဗျားကရေလည်း မချိုးရသေးဘူး။ ဘာမှလည်း မပြင်ဆင်ရသေးပါလား၊ မျက်နှာ ကလည်း မှုန်မှိုင်းပြီး ဘယ်လိုဖြစ်နေတာလဲ။ လုပ်ဗျာ-ပွဲခင်းကို စောစောသွား ရအောင် ရေချိုးတော့” ဟု ဆိုလာသဖြင့် ကျွန်တော်လည်း ရေချိုးအဝတ်အစားလဲ ကာကိုသက်ဦးနှင့်အတူပွဲခင်းဘက်သို့ ထွက်လာခဲ့ပါတော့သည်။

ပွဲခင်းသို့ ရောက်သောအခါ မိုးချုပ်စပြုနေပေပြီ။ စက်ဘီးများကို ဘီးစတင်း တွင်အပ်နှံခဲ့ကြပြီး ပွဲခင်းထဲသို့ဟိုသည်ငေးရင်းလမ်းလျှောက်ဝင်ခဲ့ကြသည်။ပွဲခင်း

တစ်ခုလုံးမှာလည်း သက်ဝင်စည်ကားနေပြီးလူများဥဒဟိုသွားလာနေကြသည်။ ကျွန်တော်တို့နှစ်ယောက်လည်း ယမန်နေ့ကထိုင်သည့်ခုံမှာပင်ထိုင်ရင်းအကြော်စုံ တစ်ပွဲနှင့် အရက်တစ်ကရား မှာလိုက်ပါသည်။ ဆိုင်ရှင်လူကြီးက အကြော်စုံနှင့် အရက်ကရားကို လာချပေးရင်း…
“ကောင်လေးတွေ- အချိန်မှန်ပါလား၊ ဒီနေ့ရော ပွဲကြည့်ကြဦးမှာလား”ဟု ပဋိသန္တာရစကားဆိုလာရာကျွန်တော်တို့နှစ်ဦးလည်း ́ဟုတ်ကဲ့”ဟုပြိုင်တူဖြေလိုက်ကြပြီး ဝိုင်းစလိုက်ကြပါသည်၊

အကြော်စုံနစ်ပွဲနှင့် အရက်တစ်ကရား ကုန်သောအခါ ပွဲခင်းမှ အငြိမ့်ခန်း စတင်နေပြီဖြစ်ပြီး ကျွန်တော်တို့လည်း အတော်လေး ရေချိန်ကိုက်နေကြပြီဖြစ်ရာ ကျသင့်ငွေရှင်းပေးပြီး ပွဲခင်းဘက်သို့ ထွက်လာခဲ့သည်။ ပွဲခင်းနှင့်န်းလေ လူအုပ် များလာပြီးတိုးရလေလေ ဖြစ်သည်။ ပွဲခင်းမှာမူ နောက်ဆုံးနေ့မို့လားမသိ၊ မနေ့က ထက်ပိုမိုလူစည်ကားကြောင်း တွေ့ရသည်။

ကျွန်တော်တို့နှစ်ယောက်မှာပွဲခင်းရှေ့ဇာတ်စင်နံဘေးအထိမသွားရဲသဖြင့် ပွဲခင်းအလယ်လောက်မှဖြတ်ကာရှေ့မှလူတံတိုင်းကြားသို့တရွေ့ရွေ့တိုးခဲ့ကြသည်။
ကျွန်တော်တို့ရှေ့တွင်လူတစ်ယောက်စီသာကျန်ရှိတော့ပြီ။ပွဲခင်းအတွင်းသို့ကောင်း
စွာလေ့လာကြည့်ရှု၍ရသောနေရာသို့ရောက်သောအခါရှေ့ဆက်မတိုးတော့ပဲပွဲခင်း

အတွင်းသို့ရှေ့လူကိုကွယ်ရင်းအကဲခတ်ကြည့်ရှုလိုက်ပါသည်။ယမန်နေ့က သူမတို့ ထိုင်သောနေရာတွင်ကိုသက်ဦး၏အမျိုးသမီးနှင့်အတူအရပ်ထောင်ထောင်မောင်းမောင်း၊ မျက်နှာလေးထောင့်ကျကျ၊ မျက်ခုံးမွေးထူထူ၊ စူးရဲသော မျက်ဝန်းများနှင့် အသက် ၄ဝ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးထိုင်နေသည်။ ထိုအမျိုးသမီးကြီးမှာ သူနှင့်ယှဉ်ထိုင်နေသောကိုသက်ဦးအမျိုးသမီးထက်ဦးခေါင်းတစ်လုံးစာပိုမြင့်နေရာအနည်းဆုံးအရပ်ငါးပေတစ်ဆယ်လက်မခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရပါသည်။

သိုက် နန်းရှင်ဆိုတာ ဒီအမျိုးသမီးကြီးနဲ့ တူတယ်ဟု တွေးရင်း ရှေးမြန်မာအမျိုးသမီးကြီး များအရပ်အမောင်းတော်တော်ကောင်းတာပဲဟုစဉ်းစားနေမိသည်။ သို့သော်ကျွန် တော့်၏ချစ်ရလွန်းသူမမကိုတော့မတွေ့ရပါ။ထိုအချိန်မှာပင်နံဘေးမှကိုသက်ဦးက ရှူးရှူးရှားရှားဖြင့်.

“ဇာတ်ဆရာရေ- မနေ့ကမိစ္ဆာမရဲ့ဘေးမှာကပ်ပြီးဖန်နေတာဇော်ပျံစဉ့်ကိုင် မန္တလေး အမြန်ယာဉ်လိုင်းက စပယ်ယာလိုက်တဲ့ကောင် မဟုတ်လား”ဟု ပြောလာ သဖြင့် ကြည့်လိုက်ရာ အသားမည်းမည်၊ အရပ်ခပ်ပျပ်ပျပ်၊ ဂင်တိုတိုနှင့် လူတစ် ယောက်ကပြီတီတီမျက်နှာဖြင့်ကိုသက်ဦးအမျိုးသမီးဘေးတွင်ကပ်ထိုင်ပြီးသွေးတိုး စမ်းနေသည်ကိုတွေ့ရသည်။ထိုသူမှာအရက်လည်းအတော်လေးမူးနေဟန်တူပြီး ဇက်ရဲလက်ရဲရှိဟန်လည်း တူသည်။ ခဏအကြာတွင် စောင်ခြုံအတွင်းသို့ ရောက်ရှိ သွားလေတော့သည်။

ကိုသက်ဦးကိုလှည့်ကြည့်လိုက်တော့ မိန်းမအလွန်ကြောက် ရသူတစ်ဦးက မိန်းမဖောက်ပြန်သည်ကို တွေ့ရသလို မအီမသာဖြစ်နေဟန်တူပါ သည်။ သူ့နေရာတွင်ကျွန်တော်ဆိုလျှင်မည်သို့ပြုလုပ်မိမည်ကိုမခန့်မှန်းနိုင်ပါ။ ကပြ နေသော ဇာတ်ပွဲပြင်ပျက်သွားလောက်အောင် ပေါက်ကွဲသောင်းကျန်းနေမိမည် လားမသိပါ။ကိုသက်ဦးက နှစ်ယောက်စလုံးကိုဘတ်ခွ(လေးခွ)နဲ့ကိုဆွဲထုပစ်ချင် တယ်”ဟု အံကြိတ်ပြီးကြိမ်းဝါးနေပါသည်။ ကျွန်တော်က သူ စိတ်ပြေစေရန်…

“စိတ်ထိန်းကိုယ့်လူ၊ ခင်ဗျားပဲ သူ တို့ကို မိစ္ဆာမတွေလို့ ပြောထားပြီးတော့ ပွဲကတော့ပွဲကြီးပွဲကောင်းပဲဗျို့၊အသာစောင့်ကြည့်ရမှာပဲ” ဟုချွေးသိပ်လိုက်ပါသည်။ ထိုအခါကျမှ ကိုသက်ဦးမှာငြိမ်သွားပါသည်။ သူတို့ နံဘေးမှ မိန်းမကြီးမှာမူ ဘာမှ မသိလေဟန်ဖြင့် ဇာတ်ပွဲကိုသာ စူးစူးစိုက်စိုက်ကြည့်ရှုနေပါသည်။ ကျွန်တော်နှင့် ကိုသက်ဦးလည်း ဇာတ်ပွဲကိုကြည့်လိုက်၊သူတို့ဆီအကဲခတ်လိုက်နှင့်တဖြည်းဖြည်း အချိန်ကုန်သွား၏။ညကနက်သည်ထက်နက်လာပြီးနှင်းများကလည်းပိုမိုသိပ်သည်း

စွာကျဆင်းလာနေသည်။ အအေးဓာတ်ကလည်းတဖြည်းဖြည်းပိုက်လာပြီး ပွဲခင်း
အတွင်းလေအေးများတိုးဝှေ့ဝင်ရောက်လာသည်။ ညဉ့်နှစ်နာရီထိုးခါနီးအချိန်တွင်
သိုက်နန်းရှင်အမျိုးသမီးကြီးကိုကိုသက်ဦးအမျိုးသမီးကတစ်စုံတစ်ရာခွင့်တောင်း ဟန်ဖြင့်စကားတိုးတိုးကပ်ပြောလိုက်ရာသိုက်နန်းရှင်အမျိုးသမီးကြီးကခေါင်းညိတ် ပြလိုက်သည်ကို တွေ့ရပါသည်။ ခဏအကြာတွင် ကိုသက်ဦးအမျိုးသမီးမှာပွဲခင်း အတွင်းမှထ၍ ထွက်ခွာသွားပြီး သူ့နောက်မှ ကားစပယ်ယာလိုက်သူ ဂင်တိုတိုနှင့် လူက ဒယီးဒယိုင်နှင့်ထကာလိုက်ပါသွားသည်ကို တွေ့ရသည်။ သိုက်နန်းရှင်အမျိုး

သမီးကြီးကပွဲခင်းကိုဝေ့ဝိုက်ပြီးတစ်ချက်အကဲခတ်ကြည့်ရှုလိုက်ကာပွဲခင်းအတွင်း
မှာပင် ဇာတ်ပွဲကြည့်ရှုနေပါသည်၊ ကျွန်တော်တို့လည်း စိတ်ဝင်စားမှုအနည်းငယ် လျှော့ကျသွားပြီး ဇာတ်ပွဲကြည့်လိုက်၊ အမျိုးသမီးကြီးကို အကဲခတ်လိုက်နှင့် ရှိနေ ခဲ့ပါသည်။

တဖြည်းဖြည်းနှင့်ဇာတ်စင်ပေါ်မှပြဇာတ်ကဇာတ်အရှိန်အမြင့်ဆုံးအခန်း သို့ ရောက်ရှိလာရာကျွန်တော်တို့လည်း စိတ်ဝင်တစား စောင့်ကြည့်နေမိကြသည်။ ပွဲခင်းတစ်ခုလုံးငြိမ်သက်လျက်ဇာတ်ခုံဆီသို့အာရုံရောက်နေကြပါသည်။ ထိုအချိန် တွင်ယမန်နေ့ညတုန်းကလို ရေနွေးငွေ့ စက်ခေါင်းဖြင့် ဆွဲသောကုန်ရထားကြီးက “တူး-တူး-တူး-တူး”ဟု

ချောက်ချားဖွယ် ဥဩသံရှည်ကြီးကိုဆွဲရင်း တောင်မှ မြောက်သို့ ပွဲခင်းအနီးမှဖြတ်ကာတဝေါဝေါခုတ်မောင်းသွားပါသည်။ ထိုအချိန်တွင် ကိုသက်ဦးက အလန့်တကြားဖြင့်…
“ဟာ-ဇာတ်ဆရာရေ၊ ဟိုအမျိုးသမီးကြီး မရှိတော့ဘူးဗျ။ ဘယ်အချိန်က ထပြန်သွားလဲမသိဘူး”ဟုဆိုလာသဖြင့်ကြည့်လိုက်ရာဟုတ်ပါသည်၊ကျွန်တော်တို့ဇာတ်စင်ဆီအာရုံရောက်နေခိုက် ထပြန်သွားပြန်နဲ့တူပါသည်။ကျွန်တော်တို့လည်း ပွဲခင်းကိုပတ်ကာ

အနောက်ဘက်ရှိ သံလမ်းပေါ်သို့ရောက်အောင် တိုးဝှေ့သွားပြီး သံလမ်းပေါ်သို့ရောက်ရှိချိန်တွင် တောင်ဘက်အရပ်သို့လည်းကောင်း၊မြောက်ဘက် အရပ်သို့လည်းကောင်း လှမ်းမျှော်ကြည့်ရှုလိုက်ရာ ထိန်ထိန်သာလျက်ရှိသော လရောင်အောက်တွင် ပကတိတိတ်ဆိတ်ငြိမ်သက်နေပြီးမည်သည့်ပွဲလာ၊ ပွဲပြန်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ပါ။ ကျွန်တော်တို့နှစ်ယောက်လည်းအတန် ကြာကြည့်ရှုရှာဖွေပြီးနောက်စိတ်လျှော့လိုက်ကြပြီးစက်ဘီးစတင်းသို့ပြန်ကာစက် ဘီးများကိုပြန်လည်ထုတ်ယူခဲ့ကြပြီးအိမ်ပြန်လာခဲ့ကြပါတော့သည်။

နောက်တစ်နေ့မနက်တွင် နံနက် (၇) နာရီလောက်မှာ ကျွန်တော်တို့နှစ် ယောက်အိပ်ရာမှ နိုးကြသည်။ သွားတိုက်၊ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး နှစ် ယောက်သားသောက်နေကျစနေကဖီးသို့ ချီတက်ခဲ့ကြသည်။

စနေက&းသို့ ရောက်သောအခါ ဆိုင်ရှင်ကိုအောင်ကျော်ကြီးက အပြုံးဖြင့်
ဆီးကြိုနှုတ်ဆက်ရင်းလက်ဖက်ရည်နှင့်အီကြာကွေးများလာချပေးသည်။ကျွန်တော် တို့နှစ်ယောက်နှစ်ခြိုက်စွာစားသောက်နေသည်ကိုနံဘေးမှထိုင်ကြည့်နေပါသည်။ ကျွန်တော်တို့ စားသောက်ပြီးမှကိုအောင်ကျော်က စကားစလာပါသည်။

“မနေ့ကရွှေစေတီဘုရားပွဲကအပြန်ကောင်လေးတစ်ယောက်ရထားကြိတ်
ခံရပြီး သေသွားတာမင်းတို့ ကြားပြီးပြီလား” “ဗျာ-ဟုတ်လား။ ဘယ်နားမှာဖြစ်တာတဲ့လဲ”
“ဝါးရင်းတုတ်ရွာတံတားရဲ့မြောက်ဘက်နားမှာလို့ပြောတာပဲ။ မနက်ကအဲဒီ ဘက်ကဆိုက်ကားသမားတွေမြို့ပေါ်တက်လာရင်းပြောသွားတာ။မနက်ခင်းဘုရားပွဲပြန်တဲ့လူတွေ တွေ့တာတဲ့။ အရက်အမူးလွန်ပြီး မီးရထားသံလမ်းပေါ်အိပ်ပျော်နေ တာတဲ့။ ရထားကဖြတ်ကြိတ်ပစ်လိုက်တာသုံးပိုင်းပြတ်သွားတယ်ဆိုပဲ။ ဘယ်အချိန် ကတည်းက သေနေမှန်းတောင် မသိဘူးတဲ့”

“ဟုတ်လား- သနားပါတယ်ဗျာ၊ အဖြစ်ဆိုးလိုက်တာ၊ ဘယ်ရွာကလဲ ဘယ် သူတဲ့လဲ ပိုင်ရှင်ရောပေါ်သွားပြီလား”
“အဲဒီဝါးရင်းတုတ်ရွာ ရွာသားပဲတဲ့။ ဟိုစဉ့်ကိုင်-မန္တလေးအမြန်ယာဉ်လိုင်း ကားမှာ စပယ်ယာလုပ်နေတဲ့ ကောင်ကွာ၊ မင်းတို့ကလဲ”
“ကျွန်တော်တို့ နှစ်ယောက်လည်းတစ်ယောက်မျက်နှာကို တစ်ယောက် တအံ့တသြဖြင့်ကြည့်လိုက်ကြပြီးပြိုင်တူလိုလိုအာမေဍိတ်သံထွက်သွားကြပါသည်။

ကျွန်တော်က အဲဒီလူကိုမနေ့ညကပွဲခင်းထဲမှာတွေ့တယ်ဗျ။ ညနစ်နာရီမရှိတရှိမှာ သူပွဲခင်းထဲကထပြန်သွားတာတွေ့ရတယ်၊ သူနဲ့အတူလုံးကြီးပေါက်လှခပ်တောင့် တောင့်အမျိုးသမီးတစ်ယောက်လည်း ပါသွားတာတွေ့လိုက်တယ်”ဟုပြောလိုက်ရာ နံဘေးမှကိုသက်ဦးက ကျွန်တော့်ကို လက်ကုပ်ခါ…

“တိုးတိုးပြောပါဗျာ၊တော်ကြာရဲစခန်းကလူသေမှုနဲ့ပတ်သက်ပြီးနောက်ဆုံး တွေ့မြင်လိုက်သူတွေအနေ နဲ့ ခေါ်စစ်နေပါဦးမယ်။ ကျွန်တော်တို့က အဲဒီလူအမျိုး သမီးနားကပ်ပြီး ဖန်နေတာကို တွေ့တာ။ နောက်ပြီး သူက ခေါ်ထုတ်သွားတာလား။

အမျိုးသမီးကသူ့ကိုခေါ်ထုတ်သွားလားဆိုတာလည်းသိရတာမဟုတ်ဘူး။ သူတို့က ပွဲခင်းရဲ့အနောက်ဘက်ဘေးမှာကျွန်တော်တို့ကပွဲခင်းရဲ့အရှေ့ဘက်မှာအဝေးကြီးပဲ။
အနီးကပ်မြင်ရတာ မဟုတ်တော့ဘာမှ“ဂဃနဏ”သိတာမဟုတ်ဘူး။ နေရင်းထိုင် ရင်းအစွပ်စွဲခံနေရပါဦးမယ်” ဟု သတိပေးလာမှကျွန်တော်လည်း အခြေအနေကို သဘောပေါက်မိသည်။ကိုအောင်ကျော်ကြီးကတော့ ဖက်ကြမ်းဆေးလိပ်ကြီးခဲရင်း

ကျွန်တော်တို့နှစ်ဦး ပြောတာကိုပြုံးပြီးနားထောင်နေပါသည်။
ပြီးမှ-“မင်းတို့ကတော့ကြံကြံဖန်ဖန်ကို တွေ့တတ်တယ်”ဟု မှတ်ချက်ချပါ
သည်၊ကျွန်တော်တို့လည်းသတင်းဆိုးအတွက်စိတ်မကောင်းဖြစ်ကြရပြီးကိုအောင် ကျော်နှင့်ရောက်တတ်ရာရာစကား ပြောပြီးနောက် ကျသင့်ငွေရှင်းကာ ပြန်ခဲ့ကြပါ သည်။ ကိုသက်ဦးက သူ့အိမ်သူပြန်သွားပြီး ကျွန်တော်လည်းကိုယ့်အိမ်ကိုပြန်ခဲ့ပါ သည်။ အိမ်ပြန်ရောက်တော့အိပ်ရာပေါ်လှဲရင်း စဉ်းစားမိသည်မှာ သူတို့ သိုက်မှ ခွင့်
တောင်းပြီးလူဝင်စားဖြစ်နေသူမှာထိုစပယ်ယာလူများလားဟုတွေးတောမိပါသည်။ ထိုသို့ပွဲခင်းထဲသို့ ရောက်လာ သူများသည် သိုက်နန်းထဲမှ ပုဂ္ဂိုလ်များ ဖြစ်ကြသော် လည်းလူသားများမဟုတ်ကြသဖြင့် ပွဲခင်းထဲသို့ညအခါရောက်ရှိလာသောညမိစ္ဆာများဟုပင် သတ်မှတ်ခေါ်ဆိုရမည်ဖြစ်ပေသတည်း။

Zawgyi Version

ဘုရားပြဲလာညမိစာၦ(စ/ဆုံး)
———————————
ေ႐ႊေစတီဘုရားသည္စဥ့္ကိုင္ၿမိဳ႕အစြန္ပိုင္း၊ၿမိဳ႕မရပ္ကြက္၏အေနာက္
ဘက္အစြန္ဆုံးတြင္တည္ရွိသည္။ ေ႐ႊေစတီဘုရားႏွင့္ဘုန္းေတာ္ႀကီးေက်ာင္း ဝင္း၏ အေနာက္ဘက္တြင္ လူေနအိမ္ေျခမရွိေတာ့ပဲ ရန္ကုန္- မႏၲေလး
မီးရထား သံလမ္းႀကီးက ေတာင္ေျမာက္သြယ္တန္းလ်က္ ရွိသည္။ မီးရထား

လမ္း၏အေရွ႕ဘက္ေ႐ႊေစတီႏွင့္ၾကားတြင္ ပြဲေတာ္ခ်ိန္ေရာက္တိုင္းအၿငိမ့္ပြဲ၊ဇာတ္ပြဲ
မ်ားထည့္သြင္းက်င္းပေလ့ရွိေသာကြင္းက်ယ္ႀကီးတစ္ခုရွိသည္။
မီးရထားသံလမ္း
၏အေနာက္ဘက္တြင္ လယ္ကြင္းမ်ားကို ေတြ႕ရမည္ျဖစ္သည္။ ရထားလမ္းေဘး
ဝဲယာတြင္နဘူးခ်ဳံႀကီးမ်ားကတစ္ေလွ်ာက္လုံးထူထပ္စြာေပါက္ေရာက္ေနၾကသည္။ ထိုနဘူးခ်ဳံႀကီးမ်ားကိုေဆာင္းအကုန္ေႏြအကူးသစ္ပင္မ်ားအားမာန္က်ခ်ိန္ေရာက္မွ
မီးရထားဌာနကအလုပ္သမားမ်ားျဖင့္တစ္ႏွစ္တစ္ခါရွင္းလင္းေလ့ရွိသည္။ဤေဒသ တြင္မီးရထားလမ္းကိုတာက်င္းမ်ားမွ ေျမမ်ားတူးဖို႔၍ ေျမဖို႔တည္ေဆာက္ခဲ့ျခင္းျဖစ္ ရာမီးရထားသံလမ္းကလယ္ကြင္းမ်ားထက္ လူတစ္ရပ္နီးပါးအျမင့္တြင္ရွိေနသည္။ အခ်ိဳ႕ေနရာမ်ားတြင္ သံလမ္းေဘးမွလွည္းလမ္းထက္ ခါးေစာင္းခန႔္သာျမင့္ေသာ္ လည္းအခ်ိဳ႕ေနရာမ်ားတြင္မူ လွည္းလမ္းထက္ လက္ခုပ္တစ္ေဖာင္ခန႔္ျမင့္ေသာ ေနရာမ်ားလည္း ရွိသည္။ မီးရထားလမ္းႏွင့္ေအာက္ဘက္မွ လွည္းလမ္းၾကားတြင္ နဘူးခ်ဳံႀကီးမ်ားကတစ္ေမွ်ာ္တစ္ေခၚရွင္သန္ႀကီးထြားေနၾကသည္။
ဤအေျခအေနမ်ားသည္ဤဇာတ္လမ္းျဖစ္ပြားခဲ့သည့္၁၉၈၂- ခုႏွစ္ကာလ
မ်ားဆီက အေနအထားျဖစ္သည္။ ယခုအခါ ဘုရားပြဲက်င္းပရာကြင္းႀကီးအတြင္း “က်ဴးမ်ား ေနရာယူေနၾကၿပီျဖစ္၍ ဘုရားပြဲကိုပင္ ေ႐ႊေစတီဘုရား၏ အေရွ႕ဘက္ ၿမိဳ႕တြင္းလမ္းမႀကီးမ်ားေပၚသို႔ ေ႐ႊ႕ေျပာင္းက်င္းပေနရၿပီ ျဖစ္သည္။ ေရွးယခင္က မီး ရထားလမ္းေဘးမွာပင္ဇာတ္ခုံကိုတည္ေဆာက္ကျပေသာေၾကာင့္အထက္ေအာက္
စုန္ဆန္ေျပးဆြဲေနေသာ မီးရထားေပၚမွခရီးသည္မ်ားပင္ဇာတ္ပြဲကျပေနပုံမ်ားကို
အတိုင္းသားေတြ႕ျမင္ခံစားႏိုင္မည္ျဖစ္သည္။
ေ႐ႊေစတီဘုရားပြဲေတာ္ကို ႏွစ္စဥ္ႏွစ္တိုင္းနတ္ေတာ္လဆန္း(၁၀)ရက္ေန႔ မွလျပည့္ေန႔မတိုင္မီအတြင္းက်င္းပေလ့ရွိသည္။ ပုံမွန္အားျဖင့္ နတ္ေတာ္လဆန္း (၁၁)ရက္၊(၁၂) ရက္ႏွစ္ရက္က်င္းပေလ့ရွိၿပီးအခ်ိဳ႕ႏွစ္မ်ားတြင္လဆန္း(၁၂)ရက္၊ (၁၃) ရက္မ်ား၌က်င္းပေလ့ရွိသည္။ ဘုရားပြဲႏွင့္ၿမိဳ႕မရပ္ ဘုံကထိန္ကိုအတူပူးတြဲ၍ က်င္းပေလ့ရွိရာစဥ့္ကိုင္ၿမိဳ႕တြင္အလြန္စည္ကားေသာပြဲေတာ္တစ္ခုျဖစ္ၿပီးအလွမ္း ေဝးေသာေက်း႐ြာမ်ားမွပင္လွည္းႀကီးမ်ား၊လွည္းယာဥ္မ်ားျဖင့္လာေရာက္ၾကည့္ရႈၾကသည္။

အနီးပတ္ဝန္းက်င္ေက်း႐ြာမ်ားမွလူမ်ားကလည္းမီးရထားသံလမ္းအတိုင္း သူ႔အုပ္စုႏွင့္သူ လမ္းေလွ်ာက္လာၾကၿပီး ျပန္လွ်င္လည္း မီးရထား သံလမ္းအတိုင္း လမ္းေလွ်ာက္၍ ျပန္တတ္ၾကသည္။ၿမိဳ႕တြင္းမွ လူမ်ားကလည္း တစ္ၿမိဳ႕လုံးလိုလို ပြဲေခ်၊လမ္းေလွ်ာက္၍ ဘုရားပြဲေဈးမွ မုန႔္ပဲသြားေရစာမ်ား၊ ကေလးကစားစရာမ်ား ဝယ္ယူျခင္း၊ ကေလးမ်ားအား ခ်ားရဟတ္ႀကီးမ်ား စီးနင္းေစျခင္း စသည္ျဖင့္ ျပဳေလ့ ရွိသျဖင့္ ေဒသဆိုင္ရာ စည္ကားသိုက္ၿမိဳက္ေသာပြဲေတာ္ႀကီးတစ္ခုျဖစ္သည္။ ဘုရားပြဲေတာ္တြင္ဇာတ္ပြဲစတင္ကျပမည့္အဝင္ေန႔တြင္ေန႔လယ္တစ္နာရီ ခန႔္မွစတင္၍ၿမိဳ႕မရပ္ကြက္ဘုံကထိန္ပြဲေတာ္ကိုၿမိဳ႕တြင္းလွည့္လည္၍စည္ကားသိုက္
ၿမိဳက္စြာက်င္းပေလ့ရွိသည္။ ထိုအခ်ိန္ကၿမိဳ႕မရပ္ကြက္ႏွင့္ရန္ႏိုင္ရပ္ကြက္မွာအၿပိဳင္ အဆိုင္ျဖစ္ရာ ႏွစ္စဥ္ႏွစ္တိုင္း တန္ေဆာင္းမုန္းလျပည့္ဝန္းက်င္တြင္ က်င္းပေလ့ ရွိေသာ ရန္ႏိုင္ရပ္ကြက္ ဘုံကထိန္ပြဲထက္သာေအာင္က်င္းပေလ့ရွိသည္။ သူ႔ဆယ္ အိမ္ေခါင္း၊သူ႔အုပ္စုႏွင့္သူဦးေ႐ႊ႐ိုးေဒၚမိုးအက၊ဗ်ာပါဆံအက၊အပ်ိဳႀကီးယိမ္း၊အဘိုး ႀကီးယိမ္း၊ ေက်ာက္ဆည္ဆင္အက၊ စတိတ္ရႈိး (ကားရႈိး) တီးဝိုင္းအဖြဲ႕ကိုႀကီးေက်ာ္ နတ္ဝင္သည့္အက၊ဂဏွာဇာလီေမာင္နမကိုပုဏၰားႏွိပ္စက္ဟန္သ႐ုပ္ေဖာ္ျပကြက္ မ်ား၊လမ္းေလွ်ာက္မင္းသားစည္ေတာ္ႀကီးအဖြဲ႕မ်ားစသည္စသည္ျဖင့္ၿမိဳင္ၿမိဳင္ဆိုင္ ဆိုင္ စည္ကားသိုက္ၿမိဳက္စြာလွည့္လည္က်င္းပၾကသည္။ သူ႔ ဆယ္အိမ္ေခါင္း အလိုက္ ကထိန္ခင္းေသာညႇပ္ငယ္မ်ား၊ ညႇပ္မႀကီးမ်ားကိုလည္း တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕
အၿပိဳင္အဆိုင္ထည့္သြင္းၾကသည္၊ညႇပ္မႀကီးမ်ားကိုအပ်ိဳမငယ္ေလးဦးကေလးဖက္ ေလးတန္မွ မ၍၍သယ္ယူလွည့္လည္ရျခင္း ျဖစ္ရာ သူတို႔ကလည္း သူ႔ထက္ငါ သာ ေအာင္ အၿပိဳင္အဆိုင္ျခယ္သျပင္ဆင္ထားၾကရာ ကထိန္လွည့္ရာလမ္းေဘးဝဲယာ တစ္ေလွ်ာက္တြင္ အလုအယက္တိုးေဝွ႔ၾကည့္ရႈၾကသူမ်ားျဖင့္ တစ္ၿမိဳ႕လုံးအထူးပင္
စည္ကားသိုက္ၿမိဳက္ေနေသာေန႔တစ္ေန႔ျဖစ္ေပသည္။
ရန္ႏိုင္ရပ္ကြက္ကလည္းေနာက္တစ္ႏွစ္တြင္ၿမိဳ႕မရပ္ကြက္ထက္သာေအာင္
ကထိန္ခင္းၾကၿပီး နတ္ေတာ္လ ေရာက္ေသာအခါ ၿမိဳ႕မရပ္ကြက္က အရင္ေစာ၍ ကထိန္ခင္းသြားေသာ ရန္ႏိုင္ရပ္ကြက္ထက္သာေအာင္ ကထိန္ခင္းၾကကာ ညပိုင္းတြင္ ေ႐ႊေစတီဘုရားပြဲကိုၾကည့္ခ်င္ပြဲအျဖစ္ႏွစ္စဥ္ ႏွစ္ည ထည့္ေလ့ရွိသည္။

ဤသို႔ ျဖင့္ ႏွစ္စဥ္ႏွစ္တိုင္း ကထိန္သံသရာလည္ေနတတ္ေလသည္။
ျမန္မာနတ္ေတာ္လကိုအတည္ထား၍ က်င္းပျခင္းျဖစ္ရာ ေ႐ႊေစတီ ဘုရား ပြဲေတာ္မွာဒီဇင္ဘာလဆန္းပိုင္း ေရာက္သြားလိုက္၊ ဒီဇင္ဘာလကုန္ပိုင္းေရာက္သြား လိုက္ႏွင့္ျဖစ္ေနသည္ကိုေတြ႕ရမည္ျဖစ္သည္။ျမန္မာဝါထပ္ေသာႏွစ္မ်ားတြင္ဒီဇင္ ဘာလကုန္ပိုင္းသို႔ ပြဲေတာ္ရက္ေျပာင္းေ႐ႊ႕သြားၿပီးတစ္ႏွစ္ထက္တစ္ႏွစ္ေရွ႕တိုးလာ ၿပီးဝါထပ္ခါနီးႏွစ္တြင္ ဒီဇင္ဘာလဆန္းပိုင္းအထိ ေရာက္ရွိလာတတ္သည္။ထိုႏွစ္က ဝါထပ္ေသာႏွစ္ျဖစ္ၿပီး ကထိန္ပြဲႏွင့္ ေ႐ႊေစတီဘုရားပြဲကို ခရစ္စမတ္ပြဲေတာ္ၿပီးမွ က်င္းပခဲ့ၾကျခင္းျဖစ္သည္။ ေဆာင္းကာလ၏အေအးဆုံးအခါသမယ ျဖစ္သည္ႏွင့္ အညီတစ္ေန႔လုံးရာသီဥတုမွာေအးစိမ့္ေနၿပီးအခ်ိဳ႕သူမ်ားကထိုအခ်ိန္တြင္ သုံးေလး
ရက္ေနမွတစ္ခါေလာက္သာေရခ်ိဳးတတ္ၾကသည္။

သို႔ေသာ္လည္းတစ္ေန႔ခင္းလုံးကထိန္လွည့္လာသူမ်ားအဖို႔ညေန(၅)နာရီ
ေလာက္ ကထိန္လွည့္ရာမွ ျပန္ေရာက္သည္ႏွင့္ကမန္းကတန္းေရခ်ိဳး၊ ထမင္းစား ၾကၿပီး ညပိုင္းပြဲၾကည့္ရန္အတြက္ ဖ်ာေနရာ ဦးသူကဦး၊ တန္းလ်ားမ်ား၊ ခုံရွည္မ်ား၊

ခုတင္မ်ားခင္းသူကခင္းႏွင့္ ၿမိဳ႕မရပ္ကြက္တစ္ခုလုံးအလုပ္ရႈပ္ေနၾကခ်ိန္ျဖစ္သည္။ အခ်ိဳ႕ကေတာ့ အလွည့္မသြားမီကတည္းက အိမ္မွာက်န္ေနရစ္ေသာ အစ္ကိုႀကီး၊ အစ္မႀကီးမ်ား၊ ေမာင္ငယ္၊ ညီမငယ္မ်ားကို ဖ်ာ ေနရာ ေစာေစာသြားေရာက္၍ ခင္း က်င္းၿပီး ေနရာဦးထားရန္မွာၾကားခဲ့ၾကေလသည္။ လူငယ္မ်ား အလွည့္သြားေနခ်ိန္ တြင္ လူႀကီးမ်ားက ဘုရားပြဲႏွင့္ ကထိန္ပြဲ လာေရာက္ၾကေသာ မိတ္ေဆြသဂၤဟမ်ား ကိုေနအိမ္တြင္ကြမ္း၊ ေဆး၊လက္ဖက္၊အခ်ိဳပြဲ၊အခ်ဥ္ပြဲမ်ားစားေသာက္ဖြယ္ရာမ်ား ျဖင့္ေကြၽးေမြးဧည့္ခံထားတတ္ၾက၏။ ထို႔ထက္ပို၍အေပါင္းအသင္းက်ယ္ျပန႔္သူမ်ား
ကမူေသာက္တတ္စားတတ္ေသာမိတ္ေဆြမ်ားအတြက္အိမ္အတြင္းပိုင္းသို႔မဟုတ္

အိမ္ေနာက္ေဖးဘက္တြင္ သီးသန႔္ႀကိတ္ဝိုင္းေလးမ်ားစီစဥ္ထားတတ္ၾကသည္။ထို ဝိုင္းမ်ိဳးတြင္ ထိုေခတ္ကာလက ေခတ္စားခဲ့ေသာ ဘီအီးအရက္ျဖဴ၊ ေ႐ႊမိ (ေတာ အရက္) မ်ားကို အလွ်ံပယ္ တည္ခင္းထားၿပီး ၾကက္သားေရခ်ိဳခ်က္၊ မန္ဒါလီသားဟင္း၊ဒူးယားစီးကရက္၊ ခေပါင္းစီးကရက္မ်ားျဖင့္ စိတ္တိုင္းက်ေသာက္စားေပ်ာ္ပါး ႏိုင္ရန္ စီစဥ္ေပးထားတတ္၏။အိမ္ေရွ႕ဝိုင္းကိုမိခင္ႏွင့္သမီးမ်ားက ဧည့္ခံၾကၿပီး အိမ္ ေနာက္ဘက္ အေသာက္အစားဝိုင္းကို ဖခင္ႏွင့္သားမ်ားက တာဝန္ယူတည္ခင္း ဧည့္ခံၾကသည္။ ထိုေန႔အဖို႔ ဖခင္ႏွင့္ အစ္ကို၊ ေမာင္မ်ား အနည္းအပါး ေသာက္စား သည္ကိုအိမ္ရွိမိန္းမသားမ်ားကနားလည္ခြင့္လႊတ္ေပးရသလိုမိခင္ႏွင့္အေမ၊ညီမ မ်ား ညခင္းပိုင္းပြဲၾကည့္သည္ကိုလည္း ဖခင္ႏွင့္ အိမ္ရွိေယာက္်ားသားမ်ားကခြင့္ျပဳ နားလည္ေပးရေပသည္။

ဇာတ္ကား (သို႔မဟုတ္) အၿငိမ့္ကားႀကီးမ်ားမွာ ကထိန္မလွည့္မီကပင္ မႏၲေလးၿမိဳ႕မွကုန္ကားႀကီးမ်ားျဖင့္ေရာက္ရွိလာၾကၿပီးဇာတ္ခုံအနီးထိကားထိုးဆိုက္
၍ ဇာတ္ပစၥည္းမ်ားကိုရကာညပိုင္းေစာေစာ ဇာတ္ပြဲကျပႏိုင္ရန္ ျပင္ ဆင္ေနၾက သည္။ ေနဝင္ေမွာင္ရီပ်ိဳးသည္ႏွင့္တစ္ၿပိဳင္နက္ ပတ္မႀကီးကိုတထီထံထုသံေပး၍ဇာတ္ပႏၷက္ခ်ၾကေလေတာ့သည္၊

ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ပြဲခင္းသို႔ ေရာက္ရွိခ်ိန္တြင္ ညဦးပိုင္း (၇)နာရီ ထိုးခါနီးၿပီျဖစ္၏။ပြဲခင္းမေရာက္မီၿမိဳ႕တြင္းလမ္းမ်ားေပၚတြင္ ပြဲခင္းလမ္းေလွ်ာက္သူ
မ်ားျဖင့္စည္စည္ကားကားျဖစ္ေနၿပီးပြဲခင္းအနီးမွၿမိဳ႕တြင္းလမ္းမမ်ားမွာမူတိုးမေပါက္ ေအာင္ လူမ်ားသြားလာလ်က္ ရွိေလသည္။ လမ္းေဘးဝဲယာတစ္ေလွ်ာက္တြင္ အေၾကာ္ႏွင့္ မုန႔္ေပါင္း ေရာင္းခ်ေသာဆိုင္မ်ား၊ မုန႔္လင္မယား ေရာင္းခ်ေသာဆိုင္ မ်ား၊ ေျပာင္းဖူးဖုတ္ေရာင္းခ်ေသာဆိုင္မ်ား၊ ဘိန္းမုန႔္ျပဳလုပ္ေရာင္းခ်ေသာဆိုင္မ်ား၊
ပဲျမစ္ျပဳတ္ေရာင္းခ်ေသာဆိုင္မ်ား၊မုန႔္သိုင္းခ်ဳံေရာင္းခ်ေသာဆိုင္မ်ား၊အိုးပုတ္ခ်ိဳး႐ုပ္ စသည့္ကေလးကစားစရာပစၥည္းေရာင္းခ်ေသာဆိုင္မ်ား၊ဓား၊လွံ၊တူး႐ြင္း၊ေပါက္ျပား
စေသာေတာင္သူသုံးပစၥည္းေရာင္းခ်ေသာဆိုင္မ်ား၊ တ႐ုတ္ျပည္ဘက္မွလာေသာ
ဖန္စီပစၥည္းမ်ားခင္းက်င္းေရာင္းခ်ေသာဆိုင္မ်ား၊ကြမ္းယာဆိုင္မ်ား၊မုန႔္ဆီေၾကာ္ႏွင့္
မုန႔္ဟင္းခါး ေရာင္းခ်ေသာဆိုင္မ်ား စသည္ စသည္ျဖင့္ အစုံေတြ႕ျမင္ရၿပီး ဆိုင္တိုင္း

လိုလိုမွာလည္းလက္မလည္ေအာင္ေရာင္းခ်ေနရေၾကာင္းေတြ႕ရေလသည္။ဆင္႐ုပ္၊ ျမင္း႐ုပ္၊ စက္ဘီ။ မီးရထားစက္ေခါင္း၊ ဂ်စ္ကားေလးမ်ား ခ်ိတ္ဆြဲထားသည့္ ခ်ာ၊ ရဟတ္မ်ားတြင္လည္း ကေလးမ်ားတန္းစီေနၿပီးလက္မလည္ေအာင္ လွည့္ေပးေန ရသည္။ ရဟတ္ႀကီးမ်ားမွာ အႀကီးတစ္ခုအေသးတစ္ခုျဖစ္ၿပီး ႏွစ္ခုစလုံးမွာလူငယ္ လူႀကီးမ်ားတေဝးေဝးတေဟးေဟးႏွင့္ ရဟတ္စီးေနသည္ကိုေတြ႕ရသည္။
ကြၽန္ေတာ္တို႔ႏွစ္ဦးသားပြဲခင္းထဲတြင္လွည့္လည္ၾကည့္ရႈရင္းအေၾကာ္ဆိုင္
တစ္ဆိုင္ေရွ႕အေရာက္တြင္ကိုသက္ ဦးက….

“ဇာတ္ဆရာေရ- ရာသီဥတုကတအားေအးလာၿပီဗ်ာ၊ခင္ဗ်ားနဲ႔ကြၽန္ေတာ္နဲ႔
တစ္ခြက္တစ္ဖလားစီေလာက္ကစ္လိုက္ရေအာင္လား။ ႏို႔မို႔ဆိုကြၽန္ေတာ္တို႔ပြဲၾကာ ၾကာၾကည့္ႏိုင္မွာ မဟုတ္ဘူး”ဟု ဆိုလာပါသည္။ ကြၽန္ေတာ္က…
“ဟာ- ပြဲခင္းႀကီးထဲမွာ ဘယ္ကအရက္ရွိရမွာလဲ။ၿမိဳ႕ထဲျပန္သြားၿပီ ေသာက္ ရေအာင္လည္း ေသာက္ၿပီးရင္ျပန္မလာခ်င္ေတာ့ဘူ။” “လာစမ္းပါဗ်ာ- ခင္ဗ်ားကလည္းကြၽန္ေတာ္ သိပါတယ္”
ဟု ဆိုကာ ကြၽန္ ေတာ့္လက္ကို ဆြဲ၍အေၾကာ္ဆိုင္ထဲ ဝင္ခ်သြားၿပီး ေထာင့္ က်က်ခပ္ေမွာင္ေမွာင္ စားပြဲဝိုင္းေလးတြင္ေနရာယူလိုက္ပါသည္။ကြၽန္ေတာ္လည္း ဘုမသိ ဘမသိႏွင့္ ထိုင္လိုက္စဥ္မွာပင္ ဆိုင္ရွင္လူႀကီး ေရာက္လာရာ ကိုသက္ဦး

“ကြၽန္ေတာ္တို႔ကို အေၾကာ္စုံတစ္ပြဲနဲ႔အျဖဴတစ္ကရားေပးပါ”
ဟု မွာလိုက္ ပါသည္။ ထိုအခါက်မွ ကြၽန္ေတာ္လည္းဤအေၾကာ္ဆိုင္ေလး မွာအရက္ပုန္းလည္းရရွိႏိုင္ေၾကာင္း သိရပါေတာ့သည္။
ဆိုးေတာ့မဆိုးဘူးဟုပင္ဆိုရေပမည္။မိန္းမႀကီးကမီးဖိုအနီးတြင္အေၾကာ္စုံ ဒိုင္ခံေၾကာ္ေနၿပီးေယာက္်ားႀကီးကကိုယ္တိုင္စားပြဲထိုးလုပ္၊ေငြသိမ္းႏွင့္အလုပ္ျဖစ္
ေနၾကသည္။႐ိုး႐ိုးအေၾကာ္စားသူမ်ားကို သတၱဳကရားမ်ားတြင္ ေရေႏြးၾကမ္းထည့္၍
ခ်ေပးၿပီးကြၽန္ေတာ္တို႔လိုတစ္ခြက္တစ္ဖလား“ကစ္”လိုသူမ်ားအတြက္ေတာ့သတၱဳ
ေရေႏြးကရာ၊အတြင္း၌ BE အရက္၊ ေတာအရက္မ်ားထည့္ကာ ခ်ေပ။တတ္သည္။

အျပင္မွၾကည့္လွ်င္ အေၾကာ္စားရင္း ေရေႏြးၾကမ္းေသာက္ေနသည္ဟုပင္ထင္ၾက ေပမည္။ကြၽန္ေတာ္က သေဘာက်စြာေတြးရင္၊ ကိုသက္ဦးကို အၿပဳံးျဖင့္ ၾကည့္

“ခင္ဗ်ားကေတာ့ေတာ္ေတာ္စုံတဲ့လူပဲ”ဟုခ်ီးမြမ္းလိုက္ရာ သူက…
ေရေႏြးၾကမ္း
“ဒီလိုပဲ ေလ့လာထားရတာေပါ့ဗ်ာ” ဟု ရယ္က်ဲက်ဲျဖင့္ ျပန္ေျဖသည္။ ထို အခ်ိန္မွာပင္ဆိုင္ရွင္လူႀကီးကအေၾကာ္စုံတစ္ပြဲ၊အရက္တစ္ကရားႏွင့္ ပန္းကန္ႏွစ္လုံးလာခ်ေပးပါသည္။အေၾကာ္စုံမ်ားမွာ ခ်င္း၊ ၾကက္သြန္ျဖဴနံ႔၊ မဆလာ
နံ႔မ်ားေမႊးပ်ံ႕ေနၿပီးပူေႏြးႂကြပ္႐ြကာစားခ်င့္စဖြယ္ပင္ျဖစ္ေပသည္။ကိုသက္ဦးကပန္း ကန္လုံးမ်ားတြင္ ေလးခ်ိဳးသုံးခ်ိဳးခန႔္ ငွဲ႔ထည့္လိုက္ၿပီး ခ်ၾကစို႔ဗ်ာ”ဟုဆိုကာတဂြတ္ ဂြတ္ႏွင့္ ေမာ့ေသာက္လိုက္ကာေပါက္ေခ်ာင္းေၾကာ္တစ္ဖတ္ကိုတကြၽတ္ကြၽတ္ႏွင့္ ေကာက္ဝါးေနပါသည္။ကြၽန္ေတာ္လည္းသူ႔ကိုၾကည့္ကာသြားေရမ်ားပင္ယိုလာၿပီး စားပြဲေပၚမွကြၽန္ေတာ့္အတြက္ငွဲ႔ေပးထားေသာအၾကမ္းပန္းကန္လုံးကိုေကာက္ကိုင္ လိုက္ကာတစ္ရွိန္ထိုးေမာ့ခ်လိုက္ပါေတာ့သည္။လည္ေခ်ာင္းတစ္ေလွ်ာက္ပူဆင္း သြားသျဖင့္ ခ်င္း၊ ၾကက္သြန္ျဖဴႏွင့္ မဆလာနံ႔ သင္းေနေသာကုလားဘယာေၾကာ္ တစ္ခုကိုေကာက္ဝါးရင္းပ်ံ႕ေနလိုက္ပါသည္။တစ္ခဏအၾကာတြင္ ဝမ္းဗိုက္အတြင္း မွအပူရွိန္တစ္ခုကတျဖည္းျဖည္းႏွင့္ခႏၶာကိုယ္တစ္ခုလုံးသို႔ပ်ံ႕ႏွံ႔သြားၿပီးအခ်မ္းဒဏ္ ကို ခံႏိုင္ရည္ရွိလာကာ ေနသာထိုင္သာ ျဖစ္လာပါသည္။ ကိုသက္ဦးက ေစာေစာ ကလိုတစ္ခြက္စီ ထပ္ငုံ႔လိုက္ၿပီ…

“ဘယ့္ႏွယ့္လဲ- ေနသာထိုင္သာ ရွိသြားၿပီ မဟုတ္လား။ ဒါေလးမပါရင္ ပြဲခင္းကေလဟာျပင္ထဲမွာဆိုေတာ့အေပၚကႏွင္းေတြေတာက္ေလွ်ာက္က်ေနေတာ့
ကြၽန္ေတာ္တို႔ ပြဲၾကာၾကာၾကည့္ႏိုင္မွာမဟုတ္ဘူ။ ဒီဇာတ္ပြဲကအၿငိမ့္မင္းသမီးတစ္ လက္က အကအရမ္းမိုက္တယ္လို႔ ေျပာေနၾကတယ္။ ဘာပဲျဖစ္ျဖစ္ ျပဇာတ္ၿပီးတဲ့ အထိၾကည့္ႏိုင္ေအာင္ေတာ့ေဆးေလးမွီဝဲထားရမွာပဲဗ်ိဳ႕။ လုပ္ဗ်ာ- ခ်- ခ် ဟု ေျပာေျပာဆိုဆို ပန္းကန္လုံးကို ေကာက္ကိုင္လိုက္ၿပီး တဂြတ္ဂြတ္ႏွင့္ ေသာက္ေနပါသည္၊ ကြၽန္ေတာ္ကလည္းအားက်မခံဘဲ သူ႔လိုပင္အၾကမ္းပန္းကန္

လုံးကိုဆြဲယူလိုက္ကာေမာ့ခ်လိုက္ပါသည္။ၿပီးလွ်င္အေၾကာ္ဖတ္တစ္ခုကိုေကာက္
ဝါးလိုက္ပါသည္။ ကိုသက္ဦးကလည္းအေၾကာ္တစ္ခု ထပ္စားရင္း ဆိုင္ရွင္လူႀကီး ဘက္လွည့္ကာ…
“ကြၽန္ေတာ္တို႔ကို အေၾကာ္စုံတစ္ပြဲ ထပ္ေပးပါဦးဗ်ိဳ႕” ဟုလွမ္းမွာေန၏။ ထို အခ်ိန္မွာပင္ဇာတ္ပြဲစတင္ရန္ေလာ္စပီကာမွ ေၾကညာသံထြက္ေပၚလာၿပီးဆိုင္းသံ၊ ဗုံသံမ်ားလည္း ဆူညံစြာထြက္ေပၚလာသည္။ အသံခ်ဲ႕စက္မွ ယေန႔ည ကျပေဖ်ာ္ေျဖ မည့္အစီအစဥ္မ်ားကို ရွင္းလင္းေျပာၾကားေနသည္။ ခဏအၾကာမွာ ေအာ္ပရာတစ္ ခန္းရပ္ျပဇာတ္ေလးတစ္ပုဒ္ကို စတင္တင္ဆက္ျပသေနသံမ်ားကို ၾကားရသည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကေတာ့တစိမ့္စိမ့္ေသာက္လိုက္၊အေၾကာ္စုံစားလိုက္ႏွင့္ အရွိန္ယူေနၾကသည္။

ေအာ္ပရာၿပီးဆုံးသြားခ်ိန္မွာေတာ့ကြၽန္ေတာ္တို႔ေရွ႕မွအရက္ ကရားထဲမွအရက္မ်ားလည္းကုန္ၿပီး အေၾကာ္စုံႏွစ္ပြဲကိုလည္းအျပတ္ရွင္းလိုက္
သည္။ႏွစ္ေယာက္စလုံးမွာလည္းေႏြးေထြးသည့္အဆင့္ထက္ေက်ာ္လြန္ၿပီးအေတာ္ ေလး မူးယစ္ရီေဝေနၾကသည္။ ကိုသက္ဦးမွာ ဆိုင္ရွင္လူႀကီးအနားသို႔ထသြားၿပီး က်သင့္ေငြကို ရွင္းလိုက္ၿပီးေနာက္ကြၽန္ေတာ္ဘက္လွည့္ကာ…
“ဇာတ္ဆရာေရ သြားၾကစို႔ရဲ႕။ ခဏေနဆိုအၿငိမ့္ခန္းစေတာ့မွာ။ကြၽန္ေတာ္ တို႔ ဇာတ္စင္နံေဘးက သြားၾကည့္ရေအာင္။ ဒါမွ ကကြက္ေတြကို အနီးကပ္ ျမင္ရမွာ”

ဟု ေျပာလာရာကြၽန္ေတာ္လည္း ေနရာမွထကာ သူႏွင့္အတူ ဆိုင္ျပင္သို႔ ထြက္ခဲ့သည္။ ဆိုင္ျပင္လမ္းေပၚေရာက္ေတာ့ မူးယစ္မႈေၾကာင့္ ယိမ္းယိုင္ မေနေစ ရန္အတြက္တစ္ေယာက္ပခုံးကိုတစ္ေယာက္ဖက္ကာေျခလွမ္းမွန္မွန္ျဖင့္ ေလွ်ာက္ ရင္းဇာတ္စင္နံေဘးသို႔ ေရာက္လာခဲ့သည္၊ ဇာတ္စင္နံေဘးတြင္ကြၽန္ေတာ္တို႔လို ကာလသားမ်ားဝိုင္းအုံစုၿပဳံေနၾကၿပီးတစ္ေယာက္တစ္ေပါက္ျဖင့္ဆူညံစြာေအာ္ဟစ္ ေနၾကသည္။ဇာတ္စင္ေပၚတြင္ေရွ႕ထြက္မင္းသမီးတစ္လက္ကေတးသီခ်င္းတစ္ပုဒ္ ကိုသီဆိုၿပီးေနာက္အတီးပိုဒ္အေရာက္တြင္ကႀကိဳးကကြက္မ်ားကို သြက္လက္ခ်က္
ခ်ာစြာကျပေနသည္။ ဇာတ္စင္ေဘးမွကာလသားမ်ားကလည္းတစ္ေယာက္တစ္

ေပါက္ျဖင့္ ဆူညံစြာေအာ္ဟစ္အားေပးေနၾကသည္။ ကိုသက္ဦးက ကြၽန္ေတာ့္ကို အဓိပၸာယ္ပါပါ မ်က္စပစ္ျပရင္း ဆူညံစြာ ေအာ္ဟစ္ေနသူမ်ားၾကားမွ မသိမသာ တိုးရင္း ေရွ႕ဆုံးသို႔ေရာက္ေအာင္ တျဖည္းျဖည္းတိုးကပ္ခဲ့ၾကသည္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဇာတ္ဝင္နံေဘးေရွ႕ဆုံးသို႔ ေရာက္ရွိခ်ိန္မွာေတာ့ ေရွ႕ထြက္မင္းသမီးအလွည့္ၿပီး၍ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ေနေသာေခါင္းေဆာင္မင္း သမီးအလွည့္သို႔ ေရာက္ရွိလာသည္။ ပထမဦးစြာ ဇာတ္စင္ေနာက္မွ ခ်ိဳေအးၾကည္ သာေသာသီခ်င္းသံကိုၾကားရၿပီးေနာက္ဇာတ္စင္လိုက္ကာၾကားမွပရိသတ္ဖက္သို႔
လက္အုပ္ေလးခ်ီကာလက္ႏွစ္ဘက္ၾကားတြင္ မိုက္ခ႐ိုဖုန္းကိုညႇပ္ကိုင္ရင္း သိခ်င္း
ဆို မပ်က္ တစ္လွမ္းခ်င္းထြက္လာပါသည္။ ပရိသတ္ႀကီးမွာလက္႐ုပ္သံတေျဖာင္း ေျဖာင္းျဖင့္အားေပးေနၾကၿပီးအထူးသျဖင့္ ဇာတ္စင္ေဘးမွကာလသားပရိသတ္မွာ ထိန္းသိမ္းမရအကဲဆုံးျဖစ္ေလသည္။

မင္းသမီးမွာေပၚလြင္ေသာနာတံ၊လွပေသာမ်က္ႏွာက်ႏွင့္ကိုယ္ခႏၶာအခ်ိဳး
အဆက္ ေတာင့္တင္းၿပီ၊ ရႈိက္ႀကီးရင္ဖိုမ်ားေပၚလြင္ေအာင္ ဝတ္စားျပင္ဆင္ထား သည္။ ပထမအဆိုပိုဒ္ၿပီး၍အထီးပိုဒ္ေရာက္ေသာအခါ ျမန္မာဆိုင္းဝိုင္းႀကီးမွ ဆိုင္း ခ်က္အက်အတိုင္း ျမန္မာ့ကႀကိဳးကကြက္မ်ားကို ပိုင္ဆိုင္စြာ ကျပသြားသည္။ ပရိသတ္ႀကီးမွာ မ်က္ေတာင္မခတ္တမ္း ၿငိမ္ၿပီးၾကည့္ေနၾကသည္။ အတီးပိုဒ္ၿပီးလို႔ ဒုတိယအဆိုပိုဒ္ေရာက္သည့္အခါ သံစဥ္မွာ ေျပာင္းလဲသြားၿပီး ျမဴးႂကြသြက္လက္ လာသည္။ျမန္မာ့ဆိုင္းဝိုင္းႀကီးကရပ္နားထားၿပီးေခတ္ေပၚတီးဝိုင္းအဖြဲ႕ကေနာက္ခံ တီးေပးေနသည္။ အဆိုပိုဒ္ၿပီးဆုံးသြားခ်ိန္ မွာ ဒရမ္မာက Rolling ဆြဲၿပီး Small ကို ဂြမ္းခနဲ တီးခ်လိုက္ခ်ိန္မွာေတာ့ ဇာတ္စင္ေပၚမွ မီးလုံးႀကီးမ်ား ၿငိမ္းသြားၿပီး ဆလိုက္ မီးက မင္းသမီး၏ရင္သားေပၚသို႔တည့္တည့္ထိုးေပးထားသည္။ မင္းသမီးကလည္း လက္ေလးႏွစ္ဖက္ကို ဟန္ပါပါေျမႇာက္လိုက္ကာ ဥသွ်စ္သီးႀကီးမ်ားပမာရွိေသာ ရင္သားႀကီးႏွစ္လုံးကိုဆိုင္းခ်က္ႏွင့္အညီလႈပ္ခါယမ္းၿပီးကျပပါသည္။ပရိသတ္ႀကီး မွာထိုေခတ္အခါက တစ္ခါမွ် မေတြ႕ႀကဳံဖူးေသာ ကျပမႈမ်ိဳးကို ျမင္ရသည္ျဖစ္ရာ အံ့ဩမႈေၾကာင့္ပထမတြင္႐ုတ္တရက္ၿငိမ္က်သြား၏။တစ္ခဏခ်င္းမွာပင္ေဟးခနဲ

ေအာ္ဟစ္လိုက္သံမ်ားႏွင့္အတူလက္႐ုပ္သံတေျဖာင္းေျဖာင္းျဖင့္ဝက္ဝက္ကြဲေအာင္ အားေပးၾကပါေတာ့သည္။အထူးသျဖင့္ဇာတ္စင္နံေဘးမွကြၽန္ေတာ္တို႔ကာလသား အုပ္စုမွာလက္ေခါက္မႈတ္သူကမႈတ္၊ လက္မ်ားေဝွ႔ယမ္းၿပီး ႀကိတ္မႏိုင္ခဲမရျဖစ္ကာ

ေအာ္ဟစ္သူက ေအာ္ဟစ္ျဖင့္ပြက္ပြက္ညံေနပါသည္။ထိုအထဲတြင္ဇာတ္စင္နံေဘး
အေရွ႕ဆုံးမွကြၽန္ေတာ္တို႔လူပ်ိဳေပါက္စႏွစ္ေယာက္မွာအကဲဆုံး အသည္းဆုံးျဖစ္မည္ဟုထင္ပါသည္။

အတီးပိုဒ္အၿပီးတြင္ မီးမ်ား ဖ်တ္ခနဲ ျပန္လင္းလာၿပီး မင္းသမီးက ပိုမိုျမဴးႂကြ သြက္လက္ေသာတတိယအပိုဒ္ကို သီဆိုသည္။ ေမာသံေလးႏွင့္ သီဆိုေသာအသံ ေလးကပင္ပြဲၾကည့္ပရိသတ္ကိုပို၍ပို၍မ႐ိုးမ႐ြျဖစ္ေစေလသည္။ အဆိုပိုဒ္ၿပီး၍အတီး ပိုဒ္စတင္ရန္ဒရမ္မာကRolling ဆြဲေနခိုက္ မီးမမွိတ္မီအခ်ိန္ေလးတြင္မင္းသမီးက လက္ကေလးႏွစ္ဖက္ကိုဟန္ပါပါေျမႇာက္လိုက္ခါပရိသတ္ဘက္သို႔ေက်ာေပးလ်က္

ရပ္လိုက္ပါသည္။ ထိုအခ်ိန္တြင္ မီးမ်ား ႐ုတ္တရက္ၿငိမ္းသြားၿပီး ဆလိုက္မီးမ်ားက မင္းသမီး၏လွပေသာတင္သားမ်ားေပၚသို႔ တိုက္႐ိုက္ထိုးထားပါသည္။ မင္းသမီးက
သူ၏ႀကီးမားစြင့္ကားေနေသာတင္သားႀကီးမ်ားကိုဆိုင္းခ်က္ႏွင့္အညီလႈပ္ခါယမ္း၍ ကြၽမ္းက်င္ပိုင္ႏိုင္စြာကျပပါသည္။ပရိသတ္မ်ားမွာ”ဟာ”“အို” “ေဟး” စသည္ျဖင့္
အာေမဍိတ္သံအစုံထြက္ကာလက္ခုပ္သံတေျဖာင္းေျဖာင္းႏွင့္ဆူညံစြာအားေပးၾက
ျပန္သည္။ဇာတ္စင္နံေဘးေရွ႕ဆုံးမွအကဲဆုံး။အသည္းဆုံးလူပ်ိဳေပါက္ႏွစ္ေယာက္ မွာအူအသည္းမ်ားကြၽမ္းသႏၲာန္လန္ထြက္ေတာ့မတတ္ခံစားေနရေပသည္။ေအာ္ရ
လြန္း၍အသံမ်ားဝင္ကုန္ၿပီး ခုန္ေပါက္ရဖန္မ်ားသျဖင့္ေသာက္ထားသမွ်အရက္ရွိန္ မ်ားလည္းေျပသြားပါသည္။
မင္းသမီးက ေတးသီခ်င္းၿပီးဆုံးသည္ႏွင့္ ပရိသတ္ဘက္ကို လက္အုပ္ခ်ီ ဦးၫြတ္လိုက္ၿပီးဇာတ္စင္၏ဟိုဘက္သည္ဘက္မွကာလသားမ်ားကိုလက္ေဝွ႔ယမ္း ႏႈတ္ဆက္ၿပီးဇာတ္စင္ေနာက္သို႔ဝင္သြားပါသည္။ဇာတ္စင္နံေဘးမွကာလသားမ်ား မွာဇာတ္စင္ေပၚခုန္တက္ၿပီးမင္းသမီးေနာက္ကိုလိုက္ပါသြားလိုစိတ္မ်ားျဖစ္ကာမ႐ိုး မ႐ြျဖစ္လ်က္ က်န္ခဲ့ေပသည္။“ေဟး-ခ်စ္ခ်စ္”“မမေရ”“ေမာင့္အသည္းေလး” စသည္ျဖင့္တစ္ေယာက္တစ္ေပါက္ ဆူညံစြာေအာ္ဟစ္ရင္း က်န္ခဲ့ေပေတာ့သည္။ ထိုအခ်ိန္တြင္ ကြၽန္ေတာ္၏ မသိစိတ္မွ လႈံ႕ေဆာ္မႈအရကြၽန္ေတာ့္ကိုတစ္စုံ တစ္ေယာက္က

စူးစူးစိုက္စိုက္ၾကည့္ေနသည္ဟူေသာခံစားခ်က္ျဖစ္ေပၚလာသျဖင့္ အာ႐ုံေစစားရာအတိုင္း ပြဲခင္းထဲသို႔ စူးစမ္းရွာေဖြလိုက္ပါသည္။ ေတြ႕ ပါၿပီ။ ပြဲခင္း၏ ရာဟုေထာင့္ဆီမွ ကြၽန္ေတာ္တို႔ကက်ည္းေဘာေစာင္ဟုေခၚေသာဖ်င္ၾကမ္းေစာင္ ႀကီးႏွစ္ထည္ကိုေခါင္းေပၚမွခ်ထားၿပီးမ်က္ႏွာေလးသာေဖာ္ထားေသာမ်က္ႏွာလွလွ ေလးႏွစ္ခု။၎တို႔၏အေရာင္တလက္လက္ေတာက္ပေနေသာညႇိဳ႕မ်က္ဝန္းမ်ားက ကြၽန္ေတာ္တို႔ကိုစူးစိုက္ၾကည့္ေနေလသည္၊အေရွ႕ဘက္မွမ်က္ဝန္းရွင္ကကြၽန္ေတာ့္

ကို စူးစိုက္ၾကည့္ေနၿပီးအေနာက္ဘက္က မ်က္ဝန္းရွင္ကကိုသက္ဦးကို စူးစိုက္ ၾကည့္ေနသည္။ အေနာက္ဘက္က မ်က္ဝန္းရွင္ကကိုသက္ဦးကို စူးစိုက္ၾကည့္ေန သည္။ အေရွ႕ဘက္မွ မ်က္ဝန္းရွင္ႏွင့္ မ်က္ဝန္းခ်င္း ဆုံမိလိုက္သည့္ တစ္ခဏတြင္

စပါးႀကီးေႁမြတစ္ေကာင္၏ အခ်ိဳ႕ကို ခံလိုက္ရသလိုတဒဂၤေလး ေမာၿပီး ပတ္ဝန္းက်င္ ကိုေခတၱေမ့သြား သလို ခံစားရသည္။ ခဏေနမွ သတိရၿပီး ကိုသက္ဦးကို ေျပာမည္ ဟု စိတ္ကူးၿပီး ၾကည့္လိုက္ေသာအခါ သူလည္း ကြၽန္ေတာ့္လိုပင္ ဒုတိယမ်က္ဝန္း ရွင္ကိုၾကည့္ၿပီးေငးေမာေနသည္ကို ေတြ႕ရသည္။
ကြၽန္ေတာ္ကကိုသက္ဦးလက္ကိုလွမ္းဆြဲလိုက္ၿပီး နားနားကပ္ကာ…

“ေငးမေနနဲ႔- ကိုယ့္လူ၊လာ-
က်က္ၿပီး ဖန္ၾကတာေပါ့ဗ်ာ”
အဲဒီနားသြားရေအာင္၊ဟိုေရာက္ေတာ့မွၾကည့္
ဟု အူျမဴးသံတစ္ဝက္ႏွင့္ ေျပာလိုက္ရာ ကိုသက္ဦးက ထိုအခ်ိန္ထိ ရင္ခုန္ လႈိက္ေမာမႈမေျပေသးဟန္ျဖင့္…
“ေအးဗ်ာ- မ်က္ႏွာနဲ႔မ်က္ဝန္းတင္ ဒီေလာက္ဆြဲေဆာင္မႈရွိတာကြၽန္ေတာ္ ျဖင့္ တစ္ခါမွမႀကဳံဖူးဘူး”
ဟုဆိုလာပါသည္။ကြၽန္ေတာ္လည္းပြဲခင္းကိုပတ္ကာကိုသက္ဦးကိုလက္
ဆြဲလ်က္ရာဟုေထာင့္ဆီသို႔တိုးေဝွ႔လာခဲ့ၾကသည္။ မ်က္ဝန္းညိဳႀကီး ႏွစ္စုံကလည္း
ကြၽန္ေတာ္တို႔ႏွစ္ဦးကိုလိုက္လံၾကည့္ရႈေနၾကသည္ကိုကြၽန္ေတာ္တို႔လူအုပ္ၾကားမွ သူတို႔ကိုလွမ္းၾကည့္လိုက္တိုင္း ေတြ႕ျမင္ေနရ၏။ သူမ၏ မ်က္ဝန္းမ်ားႏွင့္ ဆုံစည္း လိုက္တိုင္းရင္ထဲမွာေျဗာင္းဆန္ေအာင္လႈပ္ခါသြားၿပီးအျမန္ေရာက္လိုေဇာမ်ားျဖင့္ တက္လာပါသည္။ သူမတို႔ကလည္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အိမ္ျပန္ရန္အတြက္ ဇာတ္စင္ေဘးမွ ခြာသြားျခင္းမဟုတ္ဘဲ သူမတို႔ရွိရာသို႔ ခ်ဥ္းကပ္လာေနျခင္း ျဖစ္ ေၾကာင္း သေဘာေပါက္သြားၾကၿပီးမ်က္ဝန္းမ်ားတြင္ေက်နပ္ဟန္မ်ားအထင္းသား ေပၚလြင္ေနေပသည္။ ဇာတ္စင္နံေဘးေရွ႕ဆုံးမွ ခပ္ကဲကဲ၊ ခပ္သဲသဲေကာင္ေလးႏွစ္ ေယာက္ကို သူမတို႔ မ်က္စိက်ေနၾကဟန္တူပါသည္။

ဇာတ္စင္နံေဘးမွ ပြဲခင္း၏ ရာဟု ေထာင့္သို႔ ေရာက္ေသာအခါ ပြဲခင္းပတ္ လည္တြင္ေစာင္မ်ားၿခဳံ၍မတ္တတ္ရပ္ၾကည့္ေနေသာလူတံတိုင္းႀကီးတစ္ခုကပြဲခင္းကိုပတ္ကာတည္ရွိေနသည္။ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လည္းလူတံတိုင္း၏ေရွ႕သို႔ ေရာက္မွ မ်က္ဝန္းရွင္မ်ားထံ ေရာက္မည္ျဖစ္ရာ မည္သည့္ ေနရာကတိုးလွ်င္ လြယ္ မည္နည္းဟုလိုက္လံရွာေဖြေနၾကသည္။

ပြဲခင္းပတ္ပတ္လည္တြင္ ေစာင္မ်ားၿခဳံ၍ မတ္တတ္ရပ္ၾကည့္ေနသူမ်ားက ျပည့္ညပ္ေနသည္။ အခ်ိဳ႕အရပ္ နိမ့္သူမ်ားမွာ ေကာင္းစြာမျမင္ရေသာေၾကာင့္ မီးရထားလမ္းေပၚမွ ေစာင္မ်ားၿခဳံလ်က္ ၾကည့္ေန ၾကသည္။ အခ်ိဳ႕က သံလမ္းေပၚထိုင္၍လည္းေကာင္း၊ အခ်ိဳ႕က ဇလီဖားတုံးမ်ားေပၚ တြင္ရပ္၍လည္းေကာင္းၾကည့္ရႈေနၾကသည္။ရထားလာလွ်င္ေအာက္ခဏဆင္းေပး လိုက္ၾကၿပီး ရထားေက်ာ္သြားလွ်င္ကိုယ့္ေနရာကိုယ္ျပန္ယူၿပီးဇြဲေကာင္းေကာင္းျဖင့္ ၾကည့္ရႈေနၾကသည္။ ေျမာက္ျပန္ေလတစ္ခ်က္ေသြးလိုက္တိုင္း ေအးစိမ့္မႈႏွင့္အတူ ႏွင္းမ်ားကလည္း တဖြဲဖြဲက်ဆင္းလ်က္ရွိသည္။

ထိုအခ်ိန္မွာပင္ ေျမာက္ေလေအးမ်ား တိုက္ခတ္လာၿပီး ကြၽန္ေတာ္တို႔ ေရွ႕ တြင္ လူတစ္ကိုယ္စာ တိုးႏိုင္႐ုံလမ္းေပါက္တစ္ခု ေပၚေပါက္လာရာကိုသက္ဦးကို လက္ဆြဲၿပီးပါးစပ္မွလည္း“ေနရာနည္းနည္းေလာက္ပါခင္ဗ်”ဟုဆီမန္းမန္းရင္းလူတံတိုင္းၾကားထဲ တိုးဝင္ခဲ့ၾကသည္။ ေဘးႏွစ္ဖက္မွလူမ်ားကလည္း ၾကည္ျဖဴစြာပင္ ေဘးရွဲေပးၾကသျဖင့္ခဏအၾကာမွာပင္လူတံတိုင္းေရွ႕သို႔ေရာက္ရွိသြား၏။ မ်က္ဝန္း ရွင္ ႏွစ္ဦးကလည္း ေနာက္သို႔လွည့္ၾကည့္ၿပီးၿပဳံးျပလာသျဖင့္ ဒီတစ္ခါေတာ့ ဟန္က် ၿပီ”ဟုေတြးရင္း သူမတို႔ထိုင္ေနေသာဖ်ာဆီသို႔ကုန္းကုန္းကြကြျဖင့္ ဆက္တိုးခဲ့ၾကပါ သည္။

သူမတို႔ႏွစ္ဦးမွာျမက္ဖ်ာႏွစ္ခ်ပ္ကို ဆက္၍ခင္းထားၿပီး တစ္ေယာက္လွ်င္ ဖ်ာတစ္ခ်ပ္စီခြဲ၍ထိုင္ေနၾကသည္။ ေအးျမမႈႏွင့္အေပၚမွတဖြဲဖြဲက်ဆင္းေနေသာႏွင္း မ်ား၏ ဒဏ္မွ ကာကြယ္ႏိုင္ရန္ က်ည္းေတာေစာင္ႀကီးမ်ားကို ေခါင္းၿမီးၿခဳံထားၿပီး မ်က္ႏွာေလးမ်ားကိုသာေဖာ္ထားၾကသည္။အနားသို႔ေရာက္ေသာအခါကြၽန္ေတာ္ ႏွင့္ကိုသက္ဦးက ကြၽန္ေတာ္တို႔ထိုင္မယ္ေနာ္”ဟုၿပိဳင္တူခြင့္ေတာင္းလိုက္ရာတစ္
ေယာက္က“ထိုင္ပါ”ဟုေျပာၿပီးတစ္ေယာက္က ထိုင္ေလ”ဟုမပြင့္တပြင့္ေလသံႏွင့္
တုံ႔ျပန္လာပါသည္။ကြၽန္ေတာ္ႏွင့္ကိုသက္ဦးလည္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္

အဓိပၸာယ္ပါပါ ၾကည့္လိုက္ၾကၿပီး ကြၽန္ေတာ္က အေရွ႕ဘက္ဖ်ာေပၚမွ အမ်ိဳးသမီး
ေနာက္တြင္လည္းေကာင္း၊ ကိုသက္ဦးက အေနာက္ဘက္ဖ်ာေပၚမွ အမ်ိဳးသမီး ေနာက္တြင္လည္းေကာင္၊အသီးသီးေနရာယူလိုက္ၾကသည္။ထိုအခ်ိန္တြင္ဇာတ္ခုံ ေပၚ၌စတိတ္ရႈိးက႑ကိုတင္ဆက္လ်က္ရွိၿပီးေဆာ္ေပၚနာမည္ႀကီးစတူဒီယိုသီခ်င္း မ်ားကို အမ်ိဳးသားတစ္လွည့္၊ အမ်ိဳးသမီးတစ္လွည့္ တစ္ေယာက္ကို သုံးပိုဒ္ႏႈန္းစီ သီဆိုေဖ်ာ္ေျဖလ်က္ ရွိၾကသည္။

လူအုပ္ႀကီးမွာ ဇာတ္စင္ေပၚသို႔ ျပန္လည္အာ႐ုံေရာက္သြားၾကၿပီး စတိတ္ရႈိး သီဆိုေဖ်ာ္ေျဖမႈကို ၿငိမ္သက္စြာ စိတ္ဝင္တစား ၾကည့္ရႈေနၾကသည္။ ထိုအခ်ိန္မွာ ကိုသက္ဦးမွာ ကြၽန္ေတာ့္ကို မသိမသာလက္ကုပ္ရင္းအမ်ိဳးသမီးႏွစ္ဦးၾကားသာ႐ုံ အသံျဖင့္ “ဟား – ေတာ္ေတာ္ေလး ေအးလာၿပီဗ်ိဳ႕၊ ခ်မ္းလိုက္တာ”ဟု ပါးစပ္မွ ေျပာ ရင္းခႏၶာကိုယ္ျပင္ထိုင္သလိုလိုႏွင့္ သူ႔ေရွ႕မွအမ်ိဳးသမီးအနီးသို႔တိုးကပ္၍ထိုင္လိုက္ သည္။ကြၽန္ေတာ္ကလည္း”ဟူးဟူး- ဟုတ္ပါရဲ႕-ေအးလိုက္တာ”ဟုသံေယာင္လိုက္ ရင္း ေရွ႕မွ အမ်ိဳးသမီးအနားသို႔ ခႏၶာကိုယ္ခ်င္း ထိကပ္မိေအာင္ တိုး၍ထိုင္လိုက္ပါ သည္။
သူမတို႔ကလည္း ႐ိုးအၿပီး သနားတတ္တာလား။ အထာညက္လြန္းတာလား ေတာ့မသိပါ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဘက္သို႔ ၿပိဳင္တူလိုလိုလွည့္ၾကည့္လာၿပီး တစ္ေယာက္က“သိပ္ရမ္းေနရင္ေစာင္ၿခဳံထားပါလား- ေရာ့”ဟူ၍လည္းေကာင္း၊ အျခားတစ္ေယာက္က “ခ်မ္းရင္ ေစာင္လာၿခဳံလွည့္ေလ-လာ” ဟုတဘက္အစကို လွမ္းေပးလာပါသည္။ ဒီယုန္ျမင္၍ ဒီခ်ဳံထြင္ခဲ့ေသာကြၽန္ေတာ္တို႔ႏွစ္ေယာက္သည္
“ေက်းဇူးတင္ပါတယ္ဗ်ာ”ဟုေျပာရင္းေစာင္ၿခဳံအတြင္းသို႔ကပ်ာကယာဝင္လိုက္ၿပီး ေစာင္စကို သူမ၏လက္ထဲသို႔ ျပန္ထည့္ေပးလိုက္ပါသည္။ စိတ္ထဲမွာလည္း တို႔ႏွစ္ ေယာက္ေတာ့ သိန္းထီေပါက္ၿပီဟု မွတ္ယူလိုက္ကာ ဝမ္းသာေနပါသည္။ ေစာင္စ လုပ္ေပးစဥ္က လွစ္ခနဲျမင္လိုက္ရေသာ သူမတို႔၏ ခႏၶာကိုယ္ အခ်ိဳးအဆက္မွာ ႏွစ္ ေယာက္စလုံးလုံးႀကီးေပါက္လွ မိန္းမေခ်ာမ်ားျဖစ္ေၾကာင္း သိျမင္လိုက္ရေသာ ေၾကာင့္ ျဖစ္သည္။ ေစာင္ၿခဳံထဲဝင္စဥ္ကပင္ေဘးခ်င္းယွဥ္၍ ဝင္ထိုင္ျခင္းမဟုတ္ဘဲ

သူမကတင္ပ်ဥ္ေနာက္နားမွကပ္ထိုင္လိုက္ျခင္းျဖစ္ရာအမ်ိဳးသမီး ႏွစ္ဦးစလုံးမွာ ကြၽန္ေတာ္တို႔ ႏွစ္ ေယာက္၏ရင္ခြင္ထဲသို႔အလိုလိုေရာက္ရွိလာသလိုျဖစ္ေနပါသည္။ ေခြလ်က္ထိုင္ေနၿပီး ေပါင္ၾကားတြင္ ဘယ္ဘက္လက္ဖဝါးကို ျဖန႔္တင္ထားကာ ေစာင္စနစ္ဖက္ကို ဆုပ္ကိုင္ထားေသာညာဘက္လက္ကို ဘယ္လက္လက္ဖဝါး ေပၚတင္ထားပါသည္။
ထိုအခ်ိန္မွာပင္ ေျမာက္မွေတာင္ သို႔ ( မႏၲေလးမွ ရန္ကုန္ဘက္ဆီသို႔) ကုန္ တင္ရထားႀကီးတစ္စီးကဥဩသံရွည္ႀကီးဆြဲကာခုတ္ေမာင္းရင္း ပြဲခင္းအနီးမွတေဝါေဝါအရွိန္ျပင္းစြာျဖတ္သြားပါသည္။ ရထားလမ္းေပၚမွပြဲၾကည့္သူမ်ားလည္းေအာက္ ဘက္သို႔ေခတၱဆင္းေပးလိုက္ရသည္။ မီးရထားႀကီးအရွိန္ျဖင့္ျဖတ္ေမာင္းသြားသျဖင့္ ေလထုမၿငိမ္မသက္ျဖစ္ကာျပင္ပမွ ေလေအးမ်ား ပြဲခင္းအတြင္းသို႔ တိုးဝင္လာပါ သည္။ ကြၽန္ေတာ္က အကဲစမ္းသည့္သေဘာႏွင့္ သူမခ်ိဳင္းေအာက္မွလက္လွ်ိဳကာ “ခ်မ္းလိုက္တာဗ်ာ”ဟုေျပာရင္း သူမ၏ ခါးက်ဥ္က်ဥ္ေလးကို သိမ္းက်ဳံးၿပီးဖက္လိုက္ ပါသည္။ သူမ၏ ကိုယ္လုံးေလးမွာအလိုက္သင့္ပါလာၿပီ။ ေခါင္းေလးကကြၽန္ေတာ့္ ပခုံးေပၚသို႔မွီၫြတ္က်လာပါသည္။

သူမထံမွျငင္းဆန္မႈတစ္စုံတစ္ရာမေတြ႕ရသျဖင့္
ကြၽန္ေတာ္ဝမ္းသာသြားပါသည္။ကိုသက္ဦးတို႔ဘက္လွည့္ၾကည့္လိုက္ေတာ့သူ႔ေရွ႕မွ အမ်ိဳးသမီးမွာ ဘယ္အခ်ိန္က ကိုသက္ဦး ရင္ခြင္ထဲ ေရာက္ေနမွန္းမသိဘဲ ပါးခ်င္း အပ္ထားသည္ကိုပင္ ေတြ႕လိုက္ရသည္။
ကြၽန္ေတာ္ကလည္းအားက်မခံရင္ခြင္ထဲတြင္မိန္းေမာေနဟန္ရွိေသာသူမ ၏ေသြးေၾကာငယ္ေလးမ်ားယွက္သမ္းေနသည္ကိုပင္ျမင္ေနရေသာျဖဴႏုေနေသာ ပါးျပင္ကိုတရႈိက္မက္မက္ႏွစ္သက္ျမတ္ႏိုးစြာနမ္းရႈိက္လိုက္ပါသည္။ ထို႔ေနာက္မွာ ေတာ့လူပ်ိဳ႕လက္ဝက္ၿမီးဆိုသည့္အတိုင္းအခ်စ္နယ္ေျမမ်ားကိုတစ္ဆင့္ၿပီးတစ္ဆင့္
ခ်ဲ႕ထြင္ေနမိပါသည္။ သူမမွာလည္း မ်က္လုံးေလးကို တစ္ဆင့္ၿပီးတစ္ဆင့္ ခ်ဲ႕ထြင္ ေနမိပါသည္။ သူမမွာလည္း မ်က္လုံးေလးမ်ား ေမွးစင္းသြားလိုက္၊ သက္ျပင္းမ်ားခ် လိုက္၊ကြၽန္ေတာ့္လက္မ်ားကို သူမ၏လက္မ်ားျဖင့္ မခ်င့္မရဲ ဆုပ္နယ္လိုက္ႏွင့္ျဖစ္ ေနပါသည္။ ကြၽန္ေတာ္က သူမ၏ ပါးျပင္နနကို စူးနစ္ၾကာရွည္စြာ နမ္းရႈိက္လိုက္ၿပီ။

သူမ၏ နား႐ြက္ဖ်ားေလးကို ႏႈတ္ခမ္းႏွစ္ဖက္ျဖင့္ ေခတၱဖိငုံထားလိုက္ၿပီးမွ..
“ကြၽန္ေတာ့္ဘဝမွာ မိန္းမတစ္ေယာက္ရဲ႕ပါးျပင္ကို ပထမဦးဆုံးအႀကိမ္ နမ္း ရႈိက္ဖူးျခင္းပါ -မမရယ္၊ ကြၽန္ေတာ့္မွာ မိန္းမနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံ ဘာမွမရွိ ပါဘူး။ ဒါေၾကာင့္မို႔ ကြၽန္ေတာ့္ရဲ႕အျပဳအမူမွာ မွားယြင္းလြန္ၾကဴးမိခဲ့တာမ်ား ရွိခဲ့ရင္ ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါေနာ္။ ကြၽန္ေတာ္ မမကို ျမင္ျမင္ခ်င္း အရမ္းခ်စ္မိသြားလို႔ ခုလိုစိတ္ေနာက္ကိုယ္ပါလုပ္မိတာပါ မမရယ္။ မမကိုကြၽန္ေတာ္သိပ္ခ်စ္တယ္ဗ်ာ” ဟု သူမ၏ နားနားကပ္ကာ တတြတ္တြတ္ ေျပာေနမိသည္။ သူမက မ်က္လုံးေလး မ်ားကို ေမွးစင္းထားရင္းမွ…

“မမလည္းမင္းလိုပါပဲကြယ္၊ မမ ဘဝမွာေယာက္်ားနဲ႔ ပတ္သက္တဲ့အေတြ႕ အႀကဳံဘာတစ္ခုမွမရွိခဲ့ပါဘူး။ ေယာက္်ားေတြကိုခ်စ္စရာ၊ႀကိဳက္စရာရယ္လို႔ဘယ္ တုံးကမွ မသတ္မွတ္ခဲ့ဘူး။ မမက စိတ္ၾကမ္းကိုယ္ၾကမ္းႀကီးရယ္ကြဲ႕၊ မမအနားကို ဘယ္သူမွမကပ္ရဲဘူး။ကပ္လာရင္လည္း မမက ပယ္ပယ္နယ္နယ္တီးထည့္လိုက္ တာပဲ။ဇာတ္ခုံေဘးမွာမင္းကိုခုန္ေပါက္ေပ်ာ္ျမဴးေနတာေတြ႕ရေတာ့မမရဲ႕ႏွလုံးသား
ေတြ ပထမဦးဆုံအႀကိမ္ႏူးညံ့သိမ္ေမြ႕လာတယ္၊ ၾကည့္ရင္းၾကည့္ရင္းနဲ႔ မင္းကို ခ်စ္
ျမတ္ႏိုးတဲ့စိတ္ေတြတဖြားဖြားေပၚလာတယ္။ဒါေၾကာင့္မင္းကိုဇာတ္စင္ေဘးကေန မမနားေရာက္လာေအာင္ ဖန္တီးလိုက္ရတာ”ဟု ဆိုလာပါသည္။ ကြၽန္ေတာ္က သူ ေျပာတဲ့အဓိပၸာယ္ကိုေကာင္းစြာနားမလည္ပါးရွည္ရွည္ေဝးေဝးလည္း

စဥ္းစားမေနအားပါ။ ဇာတ္ခုံ ေပၚတြင္ ဘာေတြတင္ဆက္ကျပေနသည္ကိုလည္းအာ႐ုံမရေတာ့ ပါ။ ပတ္ဝန္းက်င္ပြဲခင္းထဲတြင္ ဘာေတြျဖစ္ေနသည္ကိုလည္း မသိေတာ့ပါ။ ဘဝမွာ ပထမဦးဆုံးေတြ႕ႀကဳံရေသာအေတြ႕အႀကဳံသစ္တစ္ရပ္အေပၚအလိုက္သင့္ စီးေမ်ာ ရင္း သူမ ခြင့္ျပဳေလသမွ် အခ်စ္နယ္ခ်ဲ႕ထြင္ေနမိသည္။ သူမ ပါးစပ္မွ မၾကာခဏဆို သလိုေမာင္ရယ္-ေမာင္ရယ္ဟုညည္းတြားၿပီးကြၽန္ေတာ့္လက္မ်ားကိုသူမ၏လက္ ျဖင့္မၾကာခဏလာေရာက္ဆုပ္နယ္ေနတတ္သည္။ညကလည္းတျဖည္းျဖည္းနက္ လာသည္၊ လမင္းႀကီးကလည္းအစြမ္းကုန္ထြန္းလင္းေတာက္ပေနသည္၊နင္းမ်ား ကလည္း သိပ္သည္းစြာ က်ဆင္းလာသည္။ အေအးဓာတ္ကလည္း နက္ရႈိင္းစြာ

ထိုးေဖာက္လာေခ်ၿပီ။ ကြၽန္ေတာ္ကလည္းေစာင္ၿခဳံအတြင္းမွာသူမကိုတင္းက်ပ္စြာ
ေပြ႕ဖက္ထားလ်က္ သူမသည္ကား ကြၽန္ေတာ့္ရင္ခြင္အတြင္း၌ တိုးလ်စြာညည္းညဴ ရင္း ၿငိမ္သက္ေနေလေတာ့သည္၊

ထိုအခ်ိန္တြင္ရန္ကုန္ဘက္ဆီမွမႏၲေလးဘက္သို႔ကုန္းရထားရွည္ႀကီးတစ္
စင္းက ဥဩရွည္ႀကီးဆြဲလ်က္ တျဖည္းျဖည္းခုတ္ေမာင္းဝင္ေရာက္လာသည္။ မီး ရထားစက္ေခါင္းမွာ ေရေႏြးေငြ႕သုံး ေရွးေဟာင္းစက္ေခါင္းအမ်ိဳးအစားျဖစ္ရာ ဥဩ ဆြဲသံမွာ ေဘာ္-ဘူ- ေဘာ္ဟုမျမည္ဘဲ တူး-တူး-တူး” ဟု ရင္တုန္ဖြယ္ ျမည္ ဟည္းသြားပါသည္။ ထိုဥဩဆြဲသံေၾကာင့္ မိန႔္မူးၿငိမ္သက္ေနေသာ သူမမွာတစ္စုံ တစ္ရာကလႈပ္ႏႈိးလိုက္သလို ဆတ္ခနဲ ျဖစ္သြားၿပီးကြၽန္ေတာ့္ရင္ခြင္တြင္းမွလူးလဲ ထကာကြၽန္ေတာ့္ပါးကို ႐ႊတ္ခနဲ နမ္းလိုက္ၿပီး.
“ကြၽန္မတို႔ျပန္ဖို႔အခ်ိန္က်ၿပီ- အေမာင္ရယ္” ဟုဆိုၿပီးေစာင္ၿခဳံတြင္းမွာပင္ ကပိုက႐ိုျဖစ္ေနေသာ အဝတ္အစားမ်ားကို ဆြဲဆန႔္ျပဳျပင္ေနပါသည္။ ကြၽန္ေတာ္က “ဘယ့္နယ္ – ေမာင္ရယ္၊ ေမာင္ရယ္ကေန အေမာင္ျဖစ္သြားရတာလဲ မမရယ္” ဟု ေမးလိုက္ရာ…

“ခ်စ္လို႔ေခၚတာေပါ့-ရွင္ရယ္၊ အခုကြၽန္မပါးကိုေမာင္နမ္းၿပီးၿပီ။အေမာင့္ပါး
ကိုလည္းကြၽန္မနမ္းခြင့္ရခဲ့ၿပီ။အခုကြၽန္မတို႔ျပန္ဖို႔အခ်ိန္ေရာက္လာၿပီေလ။အေမာင္
တို႔ ဆက္ၾကည့္ခ်င္ ၾကည့္ေနခဲ့ေနာ္”ဟု ဆိုလာရာကြၽန္ေတာ္က အလန႔္တၾကား
“ေနပါဦး – မမရယ္၊ ခုမွ အေစာႀကီးရွိပါေသးတယ္။ ျပန္ၾကေတာ့မလို႔လား။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ဘာမွမသိရေသးဘဲနဲ႔ကြၽန္ေတာ့္ကိုအ႐ူးလုပ္ခဲ့ မလို႔လား။ မမတို႔ ျပန္မွာဆိုရင္လည္းကြၽန္ေတာ္တို႔လိုက္ပို႔ေပးမွာေပါ့”
“မပို႔ပါနဲ႔ေတာ့ကြယ္၊ မမတို႔ဘာသာျပန္ပါ့မယ္။သြားေနလာေနက်လမ္းေတြ ပဲကိစၥမရွိပါဘူး။ အေမာင္က မမကို မသိေပမယ့္ မမကအေမာင့္ကို သိပါတယ္။ မမ ဘာသာ ဆက္သြယ္လိုက္ပါ့မယ္”

“အို႔ဗ်ာ-စို႔ဗ်ာ-မရဘူး-မမတို႔ျပန္ရင္ေတာ့ ကြၽန္ေတာ္တို႔ လိုက္ပို႔မွာပဲ။ ဒါမွမမကိုေတြ႕ခ်င္တဲ့အခါလာေတြ႕လို႔ရမွာ။ ေတာ္ၾကာ- မမကမဆက္သြယ္ရင္ကြၽန္ ေတာ္ရင္ကြဲရမွာဗ်”ဟုဇြတ္တ႐ြတ္ပူဆာလိုက္ရာသူမမွာအႀကံအိုက္သြားဟန္ျဖင့္
ေဆြေငးငိုင္ေနၿပီးမွတစ္စုံတစ္ရာကို ဆုံးျဖတ္ခ်က္ခ်ဟန္ျဖင့္… “ကဲ-တားမရဘဲလိုက္ခဲ့ၾကေပါ့။ ေဟ့သူငယ္ခ်င္းတို႔ျပန္ၾကစို႔ရဲ႕” ဟုကြၽန္ေတာ့္ကို ခြင့္ျပဳရင္း ကိုသက္ဦး ရင္ခြင္အတြင္းမွမိန္းမေခ်ာကိုလွမ္း ေျပာလိုက္ရာ ထိုသူမကေခါင္းညိတ္ၿပီး ကိုသက္ဦး ရင္ခြင္တြင္းမွထြက္ကာ ေတြ႕စ တုန္းကလို မ်က္ႏွာေလးသာ ေဖာ္ထားၿပီး ေစာင္ကို ေခါင္းၿမီးၿခဳံလိုက္ပါသည္။ ထို႔ ေနာက္ကြၽန္ေတာ္တို႔ ဝင္ေရာက္ခဲ့ရာလမ္းေၾကာင္းအတိုင္း သူမတို႔ႏွစ္ေယာက္က ေဘာင္းဘီရွည္ႏွင့္အေႏြးထည္ကိုယ္စီဝတ္ထားၾကပါသည္။ ဖ်ာမ်ားကိုေနာက္ရက္ ပြဲက ၾကည့္ဦးမွာ၊ မယူေသးဘူး ထားခဲ့ၾကပါ”ဆိုသျဖင့္ သည္အတိုင္းထားခဲ့ပါ သည္၊

ပြဲခင္းထဲမွ ထြက္သည္ႏွင့္ မီးရထား သံလမ္းေပၚသို႔တက္ကာ ေျမာက္မွ ေတာင္သို႔ ဇလီဖားတုံးမ်ားေပၚနင္းကာ ႏွစ္ေယာက္စီ ယွဥ္တြဲလ်က္ ေလွ်ာက္ခဲ့ၾက သည္။ ပြဲခင္းမွာျပဇာတ္၏ဇာတ္ရွိန္အျမင့္ဆုံးအခ်ိန္သို႔ေရာက္ရွိေနသျဖင့္ကြၽန္ေတာ္ တို႔ကိုမည္သူမွ် သတိထားမိလိုက္ၾကဟန္မတူဘဲျပဇာတ္တြင္ စီးေမ်ာေနၾကသည္။ ကြၽန္ေတာ္တို႔ ပြဲခင္းႏွင့္ အတန္ငယ္ေဝးသည့္ေနရာေရာက္သည္အထိ ညဥ့္ယံတြင္ ပြဲခင္းမွအသံမ်ားကို အတိုင္းသားၾကားေနရသည္။ သူမကၿငိမ္သက္တိတ္ဆိတ္စြာ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းေနသျဖင့္ကြၽန္ေတာ္ကတိတ္ဆိတ္မႈကို ၿဖိဳခြင္းသည့္ အေနျဖင့္.
“မမတို႔ကဘယ္႐ြာမွာေနၾကတာလဲဟင္”ဟုေမးလိုက္ရာ သူမက“ေရွ႕နား
က ဝါးရင္းတုတ္တံတားရဲ႕ေတာင္ဘက္က ေတာထဲမွာေနတယ္”

ထိုအခ်ိန္တြင္ ေလေအးမ်ားတစိမ့္စိမ့္တိုက္လာၿပီးထူထပ္ေသာႏွင္းျမဴထု
ႀကီးက႐ုတ္တရက္ဆိုသလိုက်ေရာက္လာသည္။ထိန္ထိန္သာေနေသာလမင္းႀကီး
ကိုပင္ေရးေတးေတးသာျမင္ရေလာက္ေအာင္ ပိတ္ဖုံးကာဆီးလာၾကသည္။ ေနာက္

ဘက္ဆီမွ ကိုသက္ဦးတို႔ ႏွစ္ေယာက္ကလည္း တိတ္ဆိတ္စြာ ေလွ်ာက္လွမ္းလာ ၾကသည္။ျမင္ကြင္းအားလုံး မႈန္ဝါးသြားသျဖင့္ စိတ္မသက္မသာျဖစ္မိသည္ကေတာ့ အမွန္ပင္ျဖစ္သည္။ခဏအၾကာတြင္ျမဴနင္းမ်ား ေလႏွင့္အတူလြင့္ပါးသြားၿပီးလမင္း ႀကီးက လင္းထိန္လ်က္ ေပၚထြက္လာသည္။ ထိုအခ်ိန္မွာပင္ ေနာက္မွလိုက္လာ ေသာကိုသက္ဦးက တုန္ရီေနေသာအသံျဖင့္…

“ဇာတ္ဆရာ- ခဏေနဦးဗ်။ကြၽန္ေတာ္ဗိုက္ေတြအရမ္းနာလာလို႔ေတာထိုင္ ခ်င္တယ္။ခင္ဗ်ား ခဏလိုက္ခဲ့ဦး။တစ္ေနကုန္အစားေတြစုံလာၿပီးအရက္ေသာက္
လိုက္လို႔လားမသိဘူး”ဟုမ်က္စိမ်က္ႏွာပ်က္ေျပာလာပါသည္၊ သူ ဗိုက္အေတာ္နာ
ေနၿပီဝမ္းသြားလိုက္မွ သက္သာသြားမည္ဟုကြၽန္ေတာ္ထင္သည္။ထို႔ေၾကာင့္… “ကဲ – မမတို႔ ဒီနားက ခဏေစာင့္၊ ကြၽန္ေတာ္လိုက္ပို႔လိုက္ဦးမယ္။ သူ႔ကိစၥ ရွင္းၿပီးတာနဲ႔ ကြၽန္ေတာ္တို႔ ခ်က္ခ်င္းျပန္လာခဲ့မယ္” ဟု ဆိုကာ ကိုသက္ဦးႏွင့္အတူ သံလမ္းေအာက္ဘက္ရွိနဘူးခ်ဳံမ်ားရွိရာသို႔ဆင္းခဲ့ပါသည္။ကိုသက္ဦးက “လာစမ္း ပါဗ်ာ- ျမန္ျမန္”ဟု ဆိုကာကြၽန္ေတာ့္လက္ကို ဆြဲ၍ သံလမ္းေအာက္ဘက္ နဘူးခ်ဳံ ကြယ္ရွိရာသို႔ ဆြဲေခၚသြားပါသည္။အမ်ိဳးသမီးႏွစ္ဦးမွာသံလမ္းေပၚမွာေစာင့္က်န္ရစ္ ပါသည္။သံလမ္းေအာက္ဘက္ေရာက္ေတာ့နဘူးခ်ဳံႀကီးမ်ားကြယ္သြားေသာေၾကာင့္ သံလမ္းေပၚမွအမ်ိဳးသမီးႏွစ္ဦးကိုမျမင္ရေတာ့သလိုသူတို႔ကလည္းကြၽန္ေတာ္တို႔ကို မျမင္ႏိုင္ေတာ့ပါ။ ကိုသက္ဦးက အေပၚသို႔ တစ္ခ်က္လွမ္း၍ အကဲခတ္ၿပီး“ေဟ့လူ- ေျပးၾကစို႔” ဟု ေျပာေျပာဆိုဆို ကြၽန္ေတာ့္လက္ကိုဆြဲ၍ ပြဲခင္းဆီသို႔ ဦးတည္ၿပီး ေျပး ပါသည္။ကြၽန္ေတာ္ကသူဆြဲေခၚရာအေျပးတစ္ပိုင္းလိုက္ရင္း ကိုသက္ဦး – ဘာျဖစ္ တာလဲ၊ခင္ဗ်ားေျပာေတာ့ ဗိုက္နာလို႔ဆို၊ ခုဘယ္လိုျဖစ္လို႔ထြက္ေျပးတာလဲ။ဟိုမွာ အမ်ိဳးသမီးႏွစ္ေယာက္က်န္ေနေသးတယ္ေလဗ်ာ” ဟု သူ႔ေနာက္ေျပးလိုက္ရင္းေမး ေျပာ၊ ေျပာလိုက္ပါသည္၊ သူကနဘူးခ်ဳံႀကီးမ်ားေဘးမွ ကပ္ေျပးေနရင္းက“ေနာက္ မွ ရွင္းျပမယ္၊ ခုေတာ့ ေျပးႏိုင္မွလြတ္မွာ၊အဲဒါလူေတြ မဟုတ္ဘူးဗ်”ဟု ဆိုကာ ေျပး ႏႈန္းကို ျမႇင့္လိုက္ပါသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ ႏွစ္ကိုယ့္တစ္စိတ္လိုတစ္ တန္းတည္းေန၊အထူစာ။အတူသြား၊ကြၽန္ေတာ့္အိမ္ကြၽန္ေတာ့္အိပ္ခန္းမွာအတူတူ

စာက်က္၊ အတူအိပ္ေနၾကသူမ်ားျဖစ္ရာ အလြန္ေၾကာက္မက္ဖြယ္ေကာင္းေသာ အေျခအေနတစ္ရပ္ကိုကြၽန္ေတာ္တို႔ရင္ဆိုင္ေနရၿပီျဖစ္ေၾကာင္း ခ်က္ခ်င္းနားလည္
လိုက္သည္။

သူ႔ဆီမွအေၾကာက္တရားကကြၽန္ေတာ့္ဆီသို႔ခ်က္ခ်င္းကူးစက္လာၿပီး သူႏွင့္အတူ ရထားလမ္းေဘးေအာက္ဘက္မွ လွည္းလမ္းအတိုင္း နဘူးခ်ဳံႀကီးမ်ား ကို အကာအကြယ္ယူၿပီး သုတ္ေျခတင္ကာ ေျပးခဲ့ၾကသည္။ ပြဲခင္းနား ျပန္လည္ ေရာက္ရွိမွသံလမ္းေပၚတက္ၿပီး ပြဲခင္းဘက္သို႔ခပ္သုတ္သုတ္ကူးခဲ့ၾက၏။ႏွစ္ဦးစလုံး
မွာလည္းေဟာဟဲဆိုက္ေနေအာင္ေမာေနၾကၿပီးေဆာင္းကာလႀကီးမွာေဇာေခြၽးမ်ား
ျပန္ေနၾကသည္။

ပြဲခင္းေရာက္ေတာ့ကိုသက္ဦးကေရွ႕မွဦးေဆာင္ကာပြဲခင္းကိုေကြ႕ပတ္ကာ
ကြၽန္ေတာ္တို႔ ထိုင္ခဲ့ေသာ အေၾကာ္ဆိုင္ဆီသို႔ သြားေရာက္ခဲ့ၾကသည္။ မူလထိုင္ခဲ့ ေသာစားပြဲေလးမွာသြားထိုင္လိုက္ေတာ့ ဆိုင္ရွင္အဘိုးႀကီးကအေၾကာ္ပုံတစ္ပြဲႏွင့္ အရက္တစ္ကရားလာခ်ေပးပါသည္။ပါးစပ္မွလည္း အရက္ကဒီတစ္ကရားပဲက်န္ ေတာ့တယ္။ အေၾကာ္စုံကေတာ့ႏွစ္ပြဲသုံးပြဲစာက်န္ေသးတယ္”ဟု ဆိုကာ သူ႔စားပြဲ ဆီျပန္သြားၿပီးငိုက္ေနပါသည္။ကြၽန္ေတာ္တို႔ႏွစ္ဦးမွာတစ္ေယာက္ႏွင့္တစ္ေယာက္
စကားမေျပာႏိုင္ေသးပဲကိုသက္ဦးက ပန္းကန္လုံးမ်ားတြင္ေစာေစာကလိုအရက္နဲ႔ လိုက္ၿပီး ႏွစ္ေယာက္သား ၿပိဳင္တူလိုလိုအရက္ပန္းကန္လုံးမ်ားကိုယူကာ တဂြပ္ဂြပ္ ႏွင့္ေမာ့ခ်လိုက္ပါသည္။ၿပီးမွအေၾကာ္တစ္ခုစီေကာက္ဝါးလိုက္ရာအေၾကာ္မ်ားမွာ
ေကာင္းစြာ ပူေႏြးလ်က္ပင္ ရွိေသးေၾကာင္း ေတြ႕ရသည္။ လွမ္းၾကည့္လိုက္ေတာ့ ေၾကာ္ၿပီးသားအေၾကာ္မ်ားကို ပုလဲဓာတ္ေျမၾသဇာအိတ္ခြံထဲတြင္ ထည့္၍ ေလလုံ ေအာင္ေသခ်ာစြာဖုံးဖိထားေၾကာင္း ေတြ႕ရသည္။တစ္ခဏအၾကာအရက္ရွိန္ေလး တက္လာမွကြၽန္ေတာ္ကကိုသက္ဦးကို စကားစလိုက္ပါသည္။ ကိုသက္ဦးက စိတ္ လႈပ္ရွားမႈ မေျပေသးဟန္ျဖင့္ ဒုတိယအရက္ခြက္ကို ထပ္ေမာ့ေသာက္လိုက္ၿပီး အေၾကာ္တစ္ခုကို ဝါးစားလိုက္ပါသည္။ကြၽန္ေတာ္ကလည္းသူ႔လိုပင္ တစ္ခြက္ထပ္ ေသာက္ၿပီးအေၾကာ္တစ္ခုကို ေကာက္ဝါးရင္း ေျပာေတာ့ေလဗ်ာဟူေသာအၾကည့္ ႏွင့္ သူ႔ကိုၾကည့္လိုက္ပါသည္။ကိုသက္ဦးကစားပြဲေပၚမွလက္သုတ္ပဝါျဖင့္ႏႈတ္ခမ္း
ပါ။နားသုတ္သင္လိုက္ၿပီ…

“ဒီလိုဗ်-ပြဲခင္းထဲမွာကြၽန္ေတာ္လည္း သူတို႔ကိုလူေတြလို႔ပဲထင္ေနတာ။
ဒါေၾကာင့္ ေစာင္ၿခဳံထဲဝင္လိုက္ရေတာ့ တတ္သ၍ မွတ္သ၍ အကုန္ေလွ်ာက္လုပ္ တာပဲဗ်ာ။ပါးႏွစ္ဖက္ဆိုလည္းဘယ္နႀကိမ္နမ္းမိမွန္းေတာင္မမွတ္မိေတာ့ဘူး။ သူက လည္းၿငိမ္ၿပီးခံေနတယ္၊ ကြၽန္ေတာ္လည္း သူ မျငင္းတာ မွန္သမွ် အကုန္ေလွ်ာက္ လုပ္တာပဲ၊ခင္ဗ်ားကိုကြၽန္ေတာ္ခ်စ္တယ္ဗ်ာလို႔နားနားကပ္ေျပာေတာ့တုံးတိတိနဲ႔ “အင္း- အင္း”လို႔ ေခါင္းညိတ္တယ္။ ကြၽန္ေတာ္ကေတာ့ သိန္းထီေပါက္တယ္လို႔ကို ထင္ေနတာ။ သူတို႔ႏွစ္ေယာက္ စလုံးရဲ႕ခႏၶာကိုယ္ အခ်ိဳးအဆက္က မိန္းမတစ္သိန္း မွာတစ္ေယာက္ရွိႏိုင္ခဲ့တဲ့Body Structure မ်ိဳးဗ်၊ႏွစ္ေယာက္စလုံးရဲ႕အခ်ိဳးအဆက္ က ေစာေစာက ရွိတ္ျပသြားတဲ့ ေခါင္းေဆာင္မင္းသမီးထက္ အမ်ားႀကီးသာတယ္။ ခင္ဗ်ားအမ်ိဳးသမီးကဆိုရင္ တင္ႀကီးေတြက ကားစြင့္ေနၿပီး ေအာက္ကိုတြဲက်မေန ဘဲအေပၚကိုေကာ့တက္ေနတယ္၊မိန္းမတစ္သန္းမွာတစ္ေယာက္ေတြ႕ရခဲတဲ့Body Structure မ်ိဳးဗ်၊ ေစာေစာပြဲခင္းထဲကထြက္ဖို႔ ထိုင္ရာကအထမွာ ကြၽန္ေတာ္ ျမင္ လိုက္ရတာ ခင္ဗ်ားလိုေတာင္အားက်သြားမိတယ္၊တကယ့္ကိုရွာမွရွားတဲ့မိန္းမမ်ိဳး ေပါ့ဗ်ာ။ ေစာင္ႀကီးသာၿခဳံမထားရင္ပြဲခင္းတစ္ခုလုံးကေယာက္်ားေတြဇာတ္ကတာ မၾကည့္ဘဲ သူ႔ဆီပဲ မ်က္လုံးေရာက္ေနမွာေသခ်ာတယ္ဗ်။ကြၽန္ေတာ္တို႔တစ္သက္
မွာအဲဒီမိန္းမမ်ိဳးေနာက္ထပ္တစ္ခါေတြ႕ရျမင္ရဖို႔လည္း မလြယ္ေတာ့ဘူးဗ်”
“ကဲပါဗ်ာ – ခင္ဗ်ား ေျပာတာကလိုရင္းကိုမေရာက္ဘူးျဖစ္ေနတယ္၊ ကြၽန္
ေတာ့္ကိုလြတ္တဲ့ငါးႀကီးၿပီးငိုခ်င္ေအာင္လုပ္ေနတာလား။ကြၽန္ေတာ့္မွာအခုဘယ္
လိုႀကီးကို ခံစားေနရမွန္းမသိဘူးျဖစ္ေနတယ္၊ ကြၽန္ေတာ္ သူ႔ကို တကယ္ခ်စ္သြာ တာဗ်၊ သူကလည္းကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ အေျဖေပးသြားတယ္။ ကြၽန္ေတာ့္ရဲ႕ ဘယ္ဘက္ပါးေလးကိုလည္းနမ္းသြားတယ္။ ခင္ဗ်ားကလူမဟုတ္ဘူ။ေျပး- ေျပး- ဆိုလို႔သာေျပးခဲ့ရတာ။ သူသာ တကယ္လူသားတစ္ေယာက္ျဖစ္ရင္ ဒီႏွစ္ ၁ဝ တန္း ေအာင္တာနဲ႔အေဖနဲ႔အေမတို႔ကို ေတာင္းခိုင္းၿပီး သူ႔ကိုရေအာင္ယူမွာပဲ။ကြၽန္ေတာ္ သူ႔ကို တစ္ခဏတာအေပ်ာ္ႀကံတာမဟုတ္ဘူး။ တစ္ဘဝစာ ျမတ္ျမတ္ႏိုးႏိုးနဲ႔ကို ခ်စ္သြားမိတာဗ်”ဟု ဝမ္းနည္းပက္လက္ေျပာရင္း မ်က္ရည္မ်ားပိုးပိုးေပါက္ေပါက္

က်လာပါသည္။ ထိုအခ်ိန္တြင္ကြၽန္ေတာ့္ေနာက္မွသက္ျပင္းခ်သံ သဲ့သဲ့ၾကားလိုက္ ရသျဖင့္ ႐ုတ္ တရက္ လွည့္ၾကည့္လိုက္ရာ ဘာမွ် ရွိမေနပါ။ ကြၽန္ေတာ့္မွာ ေၾကာက္ စိတ္တစ္ဝက္၊တမ္းတစိတ္တစ္ဝက္ျဖင့္ေဘးဘီဝဲယာရွာေဖြၾကည့္ေသာ္လည္းဘာ ကိုမွ်မေတြ႕မျမင္ရပါ။ကိုသက္ဦးကအရက္ခြက္မ်ားကိုထပ္မံငွဲ႔ထည့္ရင္းမွ …
“ခင္ဗ်ားကစကားေျပာေနရင္းကေန ဘာေတြေလွ်ာက္ရွာတာလဲဗ်”
ဟု ေမးလာပါသည္။ ကြၽန္ေတာ္လည္း ႐ုတ္တရက္ ဘာေျပာရမွန္းမသိျဖစ္ ကာကပ်ာကယာမ်က္ရည္သုတ္ရင္း”ဘာမွမဟုတ္ပါဘူးဗ်ာ၊ကြၽန္ေတာ္မခံစားႏိုင္ ေတာ့လို႔ပါ။ ကဲ-ေျပာပါဦး၊ ခင္ဗ်ား ဘာျဖစ္လို႔ ကြၽန္ေတာ့္လက္ကိုဆြဲၿပီး ေနာက္ ေၾကာင္းျပန္ေျပးခဲ့တာလဲဆိုတာရွင္းစမ္းပါဦး”ဟုစကားေခၚလိုက္ရာကိုသက္ဦးက
ေခ်ာင္းတစ္ခ်က္ ရွင္းလိုက္ၿပီ…
“ကြၽန္ေတာ္ ပထမဦးဆုံး သံသယဝင္မိတာက ပြဲခင္းကေနထြက္ခဲ့ၿပီး သူတို႔ အေဖာ္မပါတာသိလိုက္ရတဲ့အခ်ိန္ကစတာပဲ။မိန္းမေကာင္းေတြေရာဟုတ္ပါ့မလား ဆိုၿပီးသံသယဝင္မိတယ္။ဒါေၾကာင့္မို႔ဘာစကားမွမေျပာပဲအသာၿငိမ္ၿပီး

အကဲခတ္ရင္းလိုက္လာတာေနာက္ၿပီးခင္ဗ်ားအမ်ိဳးသမီးရဲ႕ရွားရွားပါးပါး Body Structure ကို လည္း စိတ္ဝင္စားသြားမိတယ္။ အဲဒီအခ်ိန္မွာ ႏွင္းျမဴထုႀကီးက်လာၿပီး ႐ုတ္တရက္ ေမွာင္သြားတယ္။ ျမဴနင္းေတြျပယ္ၿပီးအလင္းေရာင္ထြက္လာလာခ်င္း ပထမဦးဆုံး ၾကည့္မိတာကေရွ႕ကသြားေနတဲ့ခင္ဗ်ားအမ်ိဳးသမီးရဲ႕ေနာက္ပိုင္းကိုပဲၾကည့္မိတယ္။ ေစာင္ၿခဳံထားေပမယ့္နိမ့္တုံျမင့္တုံျဖစ္ေနတာကိုေတာ့ခံစားလိုက္ရတယ္ဗ်ားေဆာ္ ရီးေနာ္၊ကြၽန္ေတာ္အမွန္အတိုင္းေျပာျပတာ။အဲဒီေနာက္တျဖည္းျဖည္းနဲ႔ေအာက္ကို ၾကည့္လိုက္တဲ့အခါသူကခင္ဗ်ားနဲ႔အတူေရွ႕ကိုေလွ်ာက္ေနေပမယ့္ သူ႔ေျခေထာက္ ေတြကအေနာက္ဘက္ကို လွည့္ေနတာကို ေတြ႕ရတာပဲဗ်ိဳ႕။ ကြၽန္ေတာ္လည္း လန႔္ သြားတာေပါ့ဗ်ာ။ ပိုေသခ်ာေအာင္ဆိုၿပီးေနာက္လွည့္ၿပီးတံေတြးေထြးသလိုလို၊ ဘာ လိုလိုနဲ႔ ကြၽန္ေတာ့္ေဘးက အမ်ိဳးသမီးကို ငုံ႔ၾကည့္လိုက္ေတာ့ သူ႔ေျခေထာက္ေတြ ကလည္းေရွ႕ကိုေလွ်ာက္ရင္းအေနာက္ဘက္လွည့္ေနတာေတြ႕ရတာဗ်ိဳ႕၊ကြၽန္ေတာ္ လည္းေၾကာက္လန႔္သြားၿပီးႀကံမိႀကံရာ ႀကံရင္းက ခင္ဗ်ားကိုလွမ္းေခၚၿပီးေတာထိုင္

ခ်င္တယ္ဆိုၿပီး လုပ္ရေတာ့တာပဲ။ ခင္ဗ်ားက်န္ေနခဲ့လို႔လည္းမျဖစ္ဘူးေလဗ်ာ။
ဒီအတိုင္းေျပာေျပာေျပးေျပးနဲ႔ေျပးရင္လည္းလြတ္ခ်င္မွလြတ္မွာဆိုေတာ့ႀကံရတာ
ေပါ့ဗ်ာ”ဟုေျပာရင္း အရက္ပန္းကန္လုံးကိုေကာက္ကိုင္ကာတဂြပ္ဂြပ္ေမာ့ေသာက္ လိုက္ကာ အေၾကာ္တစ္ခုကိုဝါးစားေနပါသည္။ကြၽန္ေတာ္လည္း စိတ္ညစ္ညစ္ႏွင့္ အရက္ခြက္ကိုတစ္ရွိန္ထိုးေမာ့ခ်လိုက္ပါသည္။ထို႔ေနာက္အေၾကာ္တစ္ခုကိုဝါးစား ရင္း… ကဲ- လက္က်န္ေလးေတြ အျပတ္ရွင္းၿပီး ျပန္ၾကရေအာင္ဗ်ာ။ ကြၽန္ေတာ္ အနားယူခ်င္ၿပီ၊ အိမ္က်မွ အိပ္ရာေပၚမွာတစိမ့္စိမ့္ျပန္ေတြးရင္း ဖီလင္တက္လိုက္ ဦးမယ္” ဟု ဆိုကာ ႏွစ္ဦးသား လက္က်န္မ်ားကို အျပတ္ရွင္းလိုက္ၾကပါသည္။ ထို႔ ေနာက္ ဆိုင္ရွင္လူႀကီးကိုလွမ္းေခၚကာပိုက္ဆံရွင္းလိုက္ပါသည္။ ထိုအခ်ိန္တြင္ ဘယ္ကဘယ္လိုေရာက္လာမွန္းမသိေသာလင္းႏို႔ငွက္ငယ္တစ္ေကာင္သည္ကြၽန္ ေတာ္တို႔ဝိုင္းကို သုံးေလးပတ္ ပတ္ခါပ်ံဝဲၿပီးေနာက္ ေတာင္ဘက္အရပ္ဆီသို႔ တစ္ဟုန္ထိုးပ်ံသန္းသြားသည္ကို ကို သက္ဦးေရာ ဆိုင္ရွင္လူႀကီးပါ သတိမထားမိ
လိုက္ၾကေပ။

အိမ္ျပန္ေရာက္ေတာ့ အိပ္ရာေပၚလွဲလိုက္စဥ္ခဏမွာပင္ မူးမူးေမာေမာႏွင့္ ပင္ပန္းၿပီးကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံးအိပ္ေပ်ာ္သြားခဲ့ၾကပါသည္။အိပ္ေမာက်ၿပီး မၾကာမီပင္အိပ္မက္ဆန္းတစ္ခုကိုျမင္မက္ပါေတာ့သည္။အိပ္မက္ထဲတြင္
ပတ္ဝန္းက်င္တစ္ခုလုံး ျမဴထူမ်ားရစ္ဆိုင္းေနေသာ ေနရာတစ္ခုသို႔ ေရာက္ရွိေနၿပီး ပတ္ဝန္း က်င္တစ္ခုလုံးျမဴမ်ားမွအပ အျခားဘာကိုမွ် မေတြ႕ မျမင္ရပါ။ ယုတ္စြအဆုံးကိုယ့္ ေျခေထာက္ကိုပင္ဒူးဆစ္ေအာက္ကိုမျမင္ရေခ်။

ကြၽန္ေတာ္၏ ဘယ္ဘက္ေဘးတြင္
ျမင့္မားမတ္ေစာက္ေသာေက်ာက္နံရံႀကီးတစ္ခုကအဆုံးအစမထင္ေအာင္တည္ရွိ
ေနသည္။ ကြၽန္ေတာ္၏ေရွ႕တြင္လည္း စြန္းပုခုံးဇာတ္ကားထဲကလို ျမဴ ခိုးျမဴေငြ႕မ်ား ကို ျမင္ေနရသည္။ ကြၽန္ေတာ့္စိတ္ထဲမွ“ဘယ္လိုေနရာမ်ိဳးကို ေရာက္ေနပါလိမ့္” ဟူေသာအေတြးျဖင့္ ေဘးဘီဝဲယာကိုလွည့္ပတ္ၾကည့္ရႈေနစဥ္မွာပင္…
“အေမာင္ေရ”ဟူေသာ ေခၚလိုက္သံႏွင့္အတူ ကြၽန္ေတာ့္ေရွ႕ျမဴခိုးမ်ား အၾကားမွ မ်က္ဝန္းရွင္လွသူဇာ ဘြားခနဲေပၚထြက္လာပါသည္။

ကြၽန္ေတာ္ကလည္းဝမ္းသာအားရျဖင့္ “ဟာ-မမရယ္”ဟု ညည္းထြားေရ ႐ြတ္ရင္း ေရွ႕သို႔ ေျပးသြားကာ လြတ္ထြက္သြားမည့္အလား သူ႔ကိုယ္လုံးေလးကို တအားဖက္ထားလိုက္ပါသည္။ သူမကလည္းကြၽန္ေတာ့္ကိုတင္းက်ပ္စြာဖက္ထား ၿပီး ဝမ္းနည္းပက္လက္ျဖင့္ ကိုယ္လုံးေလးလႈပ္ခါေနေအာင္ တဟင့္ဟင့္ ရႈိက္ငိုေန
ပါသည္။ကြၽန္ေတာ္က“မငိုပါနဲ႔ – မမရယ္၊မမကိုကြၽန္ေတာ္သိပ္ခ်စ္တယ္၊မမဘယ္ ဘဝေရာက္ေရာက္ ဘာျဖစ္ေနေန မမက ကြၽန္ေတာ့္ အခ်စ္ဦးပါဗ်ာ၊ ကြၽန္ေတာ္ မမ ကို ကြၽန္ေတာ့္ရဲ႕ေနာက္ဆုံးထြက္သက္အထိ ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္သြားမွာပါဗ်ာ”ဟု

သူမ၏ကိုယ္လုံးေလးကိုတင္းက်ပ္စြာဖက္ထားရင္းတတြတ္တြတ္ေျပာေနမိသည္။
ကြၽန္ေတာ္က ေျပာေလ သူမကကြၽန္ေတာ့္ကိုတိုး၍ဖက္ရင္းေခါင္းကေလးကိုယမ္း

ကာကြၽန္ေတာ့္ရင္ခြင္အတြင္း ေခါင္းဝွက္ကာ တသိမ့္သိမ့္ရႈိက္ငိုေနပါသည္၊ ကြၽန္ ေတာ္လည္း ဘယ္လက္ျဖင့္ သူမ၏ကိုယ္လုံးေလးကိုေပြ႕ပိုက္ထားၿပီး ညာလက္ျဖင့္ သူမ၏ေက်ာျပင္ေလးကိုပြတ္သပ္ေပးရင္း သူမအားရေအာင္ငိုပါေစေလဟုသေဘာရင္းေခ်ာ့ျမဴေပးေနမိ၏။ကြၽန္ေတာ္၏အက်ႌရင္ဘတ္တစ္ခုလုံးမွာလည္း သူမ၏
မ်က္ရည္မ်ားျဖင့္ စို႐ြဲေနေပေတာ့၏။

သူမက အတန္ၾကာသည္အထိ အားရေအာင္ငိုၿပီးမွ အငိုရပ္လိုက္ကာ ကြၽန္ ေတာ့္ကို ေမာ့ၾကည့္ၿပီ…
“အေမာင္ – ကြၽန္မ ေျပာတာကို ေသခ်ာနားေထာင္ပါေနာ္၊ ကြၽန္မ ေမာင့္ကို အမွန္အတိုင္း ဝန္ခံပါရေစ။ကြၽန္မတို႔ဟာလူသားေတြမဟုတ္ပါဘူးေမာင္၊ သိုက္နန္း ကလာတဲ့သိုက္ေစာင့္ကေဝေတြပါ။ ညတုန္းက ပြဲခင္းကိုလာတာက သိုက္ထဲကေန ခြင့္ေတာင္းၿပီးလူဝင္စားဘဝနဲ႔ ဝါးရင္းတုတ္႐ြာမွာေရာက္ေနတဲ့လူတစ္ေယာက္ကို အခ်ိန္ေစ့သြားလို႔ သိုက္နန္းရွင္ရဲ႕အမိန႔္နဲ႔ျပန္ေခၚဖို႔ရာအတြက္ကြၽန္မေခါင္းေဆာင္ၿပီး

လာခဲ့တာပါ။ကြၽန္မနဲ႔အတူသိုက္ထဲကလူ ၃ဝေက်ာ္ေလာက္လည္းပါလာၾကတယ္။
ကြၽန္မတို႔ေခၚရမယ့္ လူေ႐ႊေစတီဘုရားပြဲကိုလာမွာသိလို႔လာေစာင့္ေနၾကတာပါ။ အဲဒီလူကကားပ်က္လို႔မႏၲေလးကေနျပန္မလာႏိုင္ဘူး။သူလူျပည္မွာေနဖို႔
တစ္ရက္က်န္ေနေသးလို႔ ျဖစ္မွာေပါ့။ အဲဒီအခ်ိန္မွာဇာတ္စင္နံေဘးမွာ ေမာင့္ကို ကြၽန္မ စေတြ႕တာပဲ၊ ေတြ႕လိုက္ရတဲ့အခ်ိန္မွာပဲ ေမာင့္ကို ကြၽန္မခ်စ္သြားခဲ့တယ္။ ဘယ္ေယာက္်ားတစ္ေယာက္ကိုမွသနားစရာ၊ခ်စ္စရာလို႔မထင္ဘူး။ကြၽန္မအရင္က သိပ္ရက္စက္တတ္တာ သိလား။ သိုက္နန္းရွင္က ရက္ရက္စက္စက္လုပ္စရာရွိမွ ကြၽန္မကို လႊတ္တာ။ ကြၽန္မကလည္း ရက္ရက္စက္စက္ တစ္ခ်က္လႊတ္လုပ္တတ္ တယ္။ ကြၽန္မ သတ္ခဲ့တဲ့ ေအာက္လမ္းဆရာေတြ၊ သိုက္ဆရာေတြ ေရေတာင္ မေရ တြက္ႏိုင္ဘူး။ ဒီသိုက္ထဲမေရာက္ခင္လူ႔ဘဝတုန္းကလည္း ပညာေနာက္ကိုပဲလိုက္ စားေနခဲ့တာ၊ ခ်ဥ္းကပ္လာတဲ့ ေယာက္်ားမွန္သမွ်ကိုလည္း တစ္ခ်က္လႊတ္ အေသ လုပ္ပစ္လိုက္တာပဲ။ဒါေပမဲ့ကြၽန္မကံမေကာင္းဘူး။ေလွေခတ္လွည္းေခတ္တုန္းက
ေဇာ္ဂ်ီျမစ္ေရႀကီးခ်ိန္မွာကြၽန္မတို႔ေလွကို ေဇာ္ဂ်ီျမစ္ထဲမွာႏွစ္သတ္ၿပီး ကြၽန္မတို႔ကို

သိုက္နန္းရွင္က သူ႔ရဲ႕သိုက္နန္းထဲ ေခၚသြားတာ။ ဒီေန႔အထိပဲ၊ အဲဒီ ကြၽန္မ ေသဆုံး ခ်ိန္တုန္းက အခု ႐ုပ္ရည္၊အခုအသက္အ႐ြယ္ပဲ။ သိုက္ထဲေရာက္ေတာ့ သိုက္ဆရာ တစ္ေယာက္၊ ေအာက္လမ္းဆရာတစ္ေယာက္ သတ္ၿပီးတိုင္း သတ္ၿပီးတိုင္း သိုက္ နန္းရွင္က ပညာတစ္ဆင့္ တက္ေပးတယ္၊ ညတုန္းက ခိုင္းတဲ့အလုပ္ မၿပီးေျမာက္ပဲ ေမာင္နဲ႔ ေတြ႕ၿပီး ကြၽန္မ အမွားေတြ လုပ္ခဲ့မိတယ္။ သတ္မွတ္ေနရာအထိ ေမာင္တို႔ လိုက္မလာေအာင္ ေမာင့္သူငယ္ခ်င္းကို ေျခာက္လွန႔္ျပၿပီ။ ေမာင္တို႔ကို ျပန္လႊတ္ လိုက္ရတာ ခြင့္လႊတ္ပါ – ေမာင္ရယ္။ ကန႔္သတ္ေနရာထိ ေမာင္တို႔ လိုက္လာရင္ ေတာ့ကြၽန္မလည္းဘာမွတတ္ႏိုင္မွာမဟုတ္ဘူး-ေမာင္။ေမာင္တို႔ကိုတစ္နည္းနည္း နဲ႔ဝိညာဥ္နတ္ၿပီး သိုက္ထဲကိုအခိုင္းအေစဘဝနဲ႔ေခၚသြားၾကလိမ့္မယ္။ ျဖဴစင္႐ိုးသား တဲ့အျဖဴထည္ ေမာင့္ဘဝေလးကိုအဲဒီလိုအဆုံးမသတ္ေစခ်င္ဘူး။ အဲဒီလို ဘဝမ်ိဳး နဲ႔လည္း ေမာင္နဲ႔ မဆုံစည္းခ်င္ဘူ၊ ေမာင္ရယ္။ လူ႔ဘဝလူ႔အသြင္ကိုယူၿပီး ေမာင္နဲ႔ ခ်စ္ခဲ့ရတဲ့တဒဂၤအခ်ိန္ေလးဟာေနာက္ဘုရားရွင္ပြင့္ေတာ္မူတဲ့အထိ ေမာင္နဲ႔အတူ တိုက္ထဲမွာ ၿငီးေငြ႕စြာ ျဖတ္ေက်ာ္ရမယ့္ အခ်ိန္ေတြထက္ ပိုၿပီးတန္ဖိုးရွိပါတယ္ အေမာင္ရယ္၊ ညတုန္းကတဒဂၤအခ်ိန္ေလးကိုကြၽန္မသိပ္တန္ဖိုးထားတယ္ေမာင္။ ကြၽန္မပါးကိုပထမဆုံးနဲ႔ေနာက္ဆုံးနမ္းခြင့္ရသူဟာာင္ပဲျဖစ္ေစရမယ္။ကြၽန္မက ပထမဆုံးနဲ႔ေနာက္ဆုံးနမ္းရႈိက္ခဲ့သူကလည္းေမာင္ပဲျဖစ္ေစရမယ္လို႔သစၥာအဓိ႒ာန္
ျပဳလိုက္ပါၿပီ – ရွင္ရယ္”

သူမစကားအဆုံးမွာကြၽန္ေတာ္က သူမရဲ႕ နီရဲငုံဖူးေနတဲ့ ႏႈတ္ခမ္းေလးကို ကြၽန္ေတာ့္ရဲ႕ႏႈတ္ခမ္းမ်ားနဲ႔ ငုံခဲစုပ္ယူလိုက္တဲ့အခါ သူမဟာ မ်က္ေတာင္ေကာ့ႀကီး မ်ား ေမွးစင္းသြားၿပီးကြၽန္ေတာ့္ကို တိုးဖက္လာပါတယ္။ ကြၽန္ေတာ္က အတန္ၾကာ ေအာင္ငုံခဲထားၿပီးမွလႊတ္ေပးလိုက္ၿပီး..
“မမ ဆိုလိုခ်င္တာက မမပါးကို ကြၽန္ေတာ့္အျပင္ ေနာက္ထပ္ဘယ္သူ႔ကိုမွ နမ္းခြင့္မျပဳေတာ့သလိုမမကလည္းကြၽန္ေတာ့္အျပင္ေနာက္ထပ္ဘယ္ေယာက္်ားရဲ႕
ပါးကိုမွမနမ္းေတာ့ပါဘူးလို႔ကတိေပးတာေပါ့ေနာ္ဟုတ္လား”

“ဟုတ္ပါတယ္-ေမာင္ရယ္။ညတုန္းကအေၾကာ္ဆိုင္မွာေမာင္တို႔ေတြေျပာ ေနၾကေတာ့ ေမာင့္အနားမွာကြၽန္မ ရွိတယ္ေမာင္။ ေမာင္တို႔ ေျပာဆိုေနတာေတြ ကြၽန္မ အကုန္ၾကားတယ္။ ေမာင္ ကြၽန္မအေပၚထားတဲ့ ေမတၱာအတိမ္အနက္ကို သိလိုက္ရေတာ့ ကြၽန္မျဖင့္ ဝမ္းသာလို႔ကို မဆုံးဘူး။ ေမာင္ မ်က္ရည္ေတြက်တာ ျမင္ေတာ့ ကြၽန္မမွာ အူေတြ အသည္းေတြ ေျဗာင္းဆန္ကုန္ေရာ့လား ေအာက္ေမ့ ရတယ္။ ႀကိတ္မွိတ္ေအာင့္အည္းထားတဲ့ၾကားက သက္ျပင္းခ်လိုက္မိတယ္။ လူ အသြင္ကိုသာ မစြန႔္လႊတ္ရေသးရင္ ေမာင့္ကို အားရပါးရဖက္ၿပီး ငိုမိမွာပဲ ေမာင္ ရယ္”
“ဪ- ေမာင္ သက္ျပင္းခ်တဲ့အသံၾကားလိုက္တာ။ ဒါေၾကာင့္ကိုး- ကြၽန္ ေတာ့္ျဖင့္ ေၾကာက္တာတစ္ဖက္၊ မမကို တမ္းတတာတစ္ဝက္နဲ႔ ဟိုဟိုသည္သည္ လိုက္ရွာၾကည့္ေနမိေသးတယ္”
“မေၾကာက္ပါနဲ႔ – ေမာင္ရယ္။ ေမာင့္ကိုတစ္ခုခုလုပ္ဖို႔ေနေနသာသာေမာင့္ မ်က္ႏွာေလး ညႇိဳးေနတာျမင္ရရင္ေတာင္ ကြၽန္မမွာ ရင္ကြဲမတတ္ပါ-ေမာင္ရယ္။ ေအာ္- ဒါနဲ႔ေမာင့္ကိုအေရးႀကီးတာမွာရဦးမယ္။အခ်ိန္သိပ္မရဘူးေမာင္၊ဒီညပြဲခင္းကိုကြၽန္မလာလို႔မရေတာ့ဘူး ေမာင္၊ သိုက္ခ်ဳပ္ဘိုးဘိုးကကြၽန္မကိုဒဏ္ခတ္လိုက္ ၿပီး

သာသနာငါးေထာင္ျပည့္တဲ့အထိကြၽန္မလူ႔အသြင္ေဆာင္ခြင့္၊ လူ႔ ျပည္သြားခြင့္ မရေတာ့ဘူး။ ဒါေပမဲ့ကြၽန္မေက်နပ္ပါတယ္။ အေရးႀကီးတာကေမာင္တို႔ ဒီညပြဲခင္း ထဲမသြားနဲ႔။ တကယ္လို႔ပြဲခင္းထဲေရာက္ရင္လည္းကြၽန္မတို႔ေနရာထိမလာနဲ႔။ ဒီည သိုက္နန္းရွင္ကိုယ္တိုင္လိုက္လာလိမ့္မယ္။ ေမာင့္ သူငယ္ခ်င္းကိုလည္းထိန္းလိုက္ ဦး။ ဘာေတြပဲေတြ႕ေတြ႕တာဝန္အရလုပ္ေနတာလို႔သေဘာေပါက္ဖို႔လိုတယ္။ကိုယ္နဲ႔ မဆိုင္သလို ခပ္ေဝးေဝးကေနတာအေကာင္းဆုံးပဲ”
ထိုအခ်ိန္မွာပင္သာယာခ်ိဳလြင္ေသာေမာင္းသံတစ္ခုကိုၾကားလိုက္ရၿပီးသူမ
မွာဖ်ပ္ခနဲေပ်ာက္ကြယ္သြားပါေတာ့သည္။

ကြၽန္ေတာ္က ႏႈတ္မွ“မမ-မမ- ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႔ဗ်ာ” ဟု ေရ႐ြတ္ ရင္း“ဟုတ္ကဲ့ -လာပါၿပီ”ဟု သူမမ်က္ႏွာလွည့္ေျပာရာ ျမဴခိုးေငြ႕မ်ား အတြင္းသို႔

ေျပးလိုက္သြားစဥ္မွာပင္အျမင့္တစ္စုံတစ္ရာမွျပဳတ္က်လာသလိုရင္ထဲမွာေအးခနဲ ခံစားလိုက္ရၿပီး အိပ္ရာမွ လန႔္ႏိုးလာပါသည္။ ကြၽန္ေတာ္၏အက်ႌရင္ဘတ္တစ္ခု လုံးမွာလည္း စို႐ႊဲေနသည္ကို သိလိုက္ရသည္။ ေစာင္တျခားလူတျခားအိပ္ေပ်ာ္ေန ေသာေဆာင္းကာလႀကီးမွာ ေခြၽးထြက္မည္ မဟုတ္ပါ။ ဒါဆို ဤစို႐ႊဲေနေသာအရာ မ်ားသည္ သူမ၏မ်က္ရည္သက္ေသမ်ားပင္ျဖစ္ေပမည္။ထိုအခ်ိန္မွာပင္ေ႐ႊေက်ာင္း ဘုန္းေတာ္ႀကီးေက်ာင္းမွ အုန္းေမာင္းေခါက္သံကို စတင္ၾကားလိုက္ရေပသည္။

ကိုသက္ဦးဘက္ လွည့္ၾကည့္လိုက္ေတာ့ သူ႔အိပ္ရာတြင္ တခူးခူးျဖင့္ အိပ္ေမာက် လ်က္ ရွိေပသည္။ ကြၽန္ေတာ္လည္း မနက္က်လွ်င္ေတာ့ ႐ိုးစင္းလြန္းလွေသာအိပ္ မက္အေၾကာင္းကိုသက္ဦးကိုေျပာျပရဦးမည္ဟုစဥ္းစားရင္းအက်ႌအသစ္တစ္ထည္ လဲဝတ္ကာ သူမ၏ မ်က္ရည္မ်ားစြန္းထင္းေနေသာအက်ႌေလးကို ပလတ္စတစ္ အိတ္တစ္လုံးတြင္ထည့္ကာကြၽန္ေတာ္ဗီ႐ို၏အံဝွက္ထဲတြင္ သိမ္းဆည္းထားလိုက္
ပါသည္။ထို႔ေနာက္အိပ္ရာေပၚသို႔ျပန္လွဲအိပ္၍ေစာင္ၿခဳံေကြးရင္းအိပ္မက္အေၾကာင္း ကို စၿမဳံ႕ျပန္စဥ္းစားေနစဥ္ခဏအၾကာတြင္ ေမွးခနဲ ျပန္လည္အိပ္ေပ်ာ္သြားပါေတာ့ သည္။

ေနာက္တစ္ေန႔မနက္တြင္ မနက္ရွစ္နာရီထိုးမွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အိပ္ရာမွ ႏိုးၾကသည္။ ႏွစ္ေယာက္သား သြားတိုက္မ်က္ႏွာသစ္ၿပီး နံနက္ခင္းလက္ ဖက္ရည္ေသာက္၊ မုန႔္စားရန္အတြက္ ရန္ႏိုင္ရပ္ကြက္၏အေရွ႕ထိပ္ဇီးေတာေျမာင္း ေဘးမွ စေနကဖီးသို႔အတူထြက္ခဲ့ၾကသည္။ထိုအခ်ိန္ကစဥ့္ကိုင္ၿမိဳ႕တြင္ စေနကဖီး မွာလွ်မ္းလွ်မ္း ေတာက္ေက်ာ္ၾကားေနၿပီး ဆီးေတာေျမာင္း႐ိုးတစ္ေလွ်ာက္မွ ေက်း ႐ြာမ်ားႏွင့္ စဥ့္ကိုင္ၿမိဳ႕ေပၚမွ လက္ဖက္ရည္ႀကိဳက္သူတိုင္း ေန႔စဥ္လာေရာက္ စားေသာက္ၾကသည္။ပုလိပ္ခ်ည္မွ်င္အထည္ႏွင့္အေခ်ာကိုင္စက္႐ုံသို႔နံနက္အဆိုင္း အလုပ္ဝင္ရမည့္အလုပ္သမာ မ်ား၊ ညႀကီးဆိုင္းအလုပ္ဆင္းၿပီး ျပန္လာၾကေသာ အလုပ္သမားမ်ား၊ ကုန္သည္ပြဲစားမ်ား၊ ဆိုက္ကားသမားမ်ား၊ အလုပ္ၾကမ္းသမာ။

မ်ား၊ဌာနဆိုင္ရာအသီးသီးမွအမႈထမ္းအရာထမ္းမ်ားစသည္ျဖင့္အလႊာအသီးသီးမွ
လူမ်ားလာေရာက္စားေသာက္ၾကသျဖင့္ ေန႔စဥ္လက္မလည္ေအာင္ ေရာင္းခ်ေနရေသာဆိုင္ျဖစ္သည္။

ဆိုင္ပိုင္ရွင္ဦးေအာင္ေက်ာ္မွာလက္ေဝွ႔သမားေဟာင္းတစ္ဦးျဖစ္ၿပီး စဥ့္ကိုင္ ၿမိဳ႕တြင္ျမန္မာ့႐ိုးရာမိုးမခလက္ေဝွ႔အဖြဲ႕ကိုတည္ေထာင္ဖြင့္လွစ္ခဲ့သူျဖစ္သည္။လက္
ေဝွ႔ပြဲမ်ားေမွးမွိန္လာေသာအခါလက္ဖက္ရည္ဆိုင္ဖြင့္လွစ္ေရာင္းခ်ေနၿပီးကြၽန္ေတာ္
တို႔ႏွင့္ညီအစ္ကိုလိုခင္မင္ရင္းႏွီးသူျဖစ္၏။ကြၽန္ေတာ္တို႔ဆိုင္ထဲဝင္လိုက္သည္ႏွင့္
ၿပဳံး႐ႊင္စြာ ဆီးႀကိဳၿပီး…

“လာေဟ့-ေကာင္ေလးေတြ၊ မင္းတို႔ ႀကိဳက္တတ္လို႔ ငါအီၾကာေကြးေတြ ခ်န္ထားတယ္၊ အဖန္ေျခာက္ကလည္းအခုမွအသစ္ႏွပ္ထားတာ၊ ရွယ္ပဲ။ အခုမွ နပ္ခါစရွိေသးတယ္။ မင္းတို႔ စိတ္ႀကိဳက္ ပဲ”ဟု ဆိုကာ လက္ဖက္ရည္ႏွစ္ခြက္ႏွင့္ အီၾကာေကြးမ်ားလာေရာက္ခ်ေပးပါသည္။ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း”ေက်းဇူး
ပဲဗ်ိဳ႕”ဟုၿပိဳင္တူေျပာကာ မုန႔္ႏွင့္လက္ဖက္ရည္မ်ားကိုအားပါးတရစားေသာက္လိုက္ ၾကသည္။ စားေသာက္ၿပီးေနာက္ ကြၽန္ေတာ္ကေရေႏြးၾကမ္းတစ္ခြက္ကိုငွဲ႔ေသာက္ ရင္းကိုသက္ဦးကို..

“ကြၽန္ေတာ္ – ညတုန္းက အိပ္မက္ဆန္းတစ္ခု မက္တယ္ဗ်” ဟု အစခ်ီၿပီး ကြၽန္ေတာ့္အိပ္မက္အေၾကာင္းကိုအစအဆုံး ေျပာျပလိုက္ပါသည္။ ကိုသက္ဦးက ၿငိမ္သက္စြာနားေထာင္ေနၿပီးမွ…
“ေအးဗ်ာ- ျမင္ရတာ မဟုတ္ေတာ့လည္း ဟုတ္တယ္၊ မဟုတ္ဘူးဆိုတာ ေျပာဖို႔ခက္တယ္။ ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔သတိေတာ့ထားရလိမ့္မယ္။

ကြၽန္ေတာ္ က ကိုယ္တိုင္ျမင္ခဲ့ရတဲ့သူဆိုေတာ့ ေနာက္တစ္ခါေတြ႕ရင္ အနားသြားဖို႔ ေနေနသာ သာ မ်က္လုံးခ်င္းေတာင္ ဆုံၿပီး မၾကည့္ရဲေတာ့ပါဘူး” ဟု ဆိုလာရာကြၽန္ေတာ့္မွာ စိတ္ထဲမွ ေတာ္ပါေသးရဲ႕၊ သူ သြားခ်င္ေနလွ်င္ ကြၽန္ေတာ့္မွာထိန္းရမည့္တာဝန္က ရွိေနသည္။ ယခု သူက ဒီလိုစကားမ်ိဳးေျပာလာေတာ့ စိတ္ေအးသြားၿပီး“ကဲ- ဒါဆို လည္း ျပန္ၾကဦးစို႔ရဲ႕ ညပိုင္းပြဲၾကည့္လို႔ရေအာင္အိမ္ျပန္ၿပီးနားၾကဦးစို႔။ ဒီည ပြဲခင္း သြားမွာမဟုတ္လာ။”

“ဟာ-သြားမွာေပါ့ဗ်ာ။ ဒါေပမဲ့ကြၽန္ေတာ္ခုအိမ္ခဏျပန္လိုက္ဦးမယ္။အိမ္
မွာလုပ္စရာရွိတာေလးေတြလုပ္ၿပီးညေနေစာင္းမွကြၽန္ေတာ္လာခဲ့မယ္”ဟုဆိုလာ
သျဖင့္ စားပြဲထိုးေလးကိုေခၚကာက်သင့္ေငြရွင္းေပးလိုက္ၿပီး ကိုေအာင္ေက်ာ္ႀကီး ကိုႏႈတ္ဆက္ကာအသီးသီးအိမ္ျပန္ခဲ့ၾကပါသည္။

အိမ္ေရာက္ေတာ့အခန္းထဲေအာင္းကာပြဲခင္းထဲမွာ ေတြ႕ခဲ့ရေသာညႇိဳ႕ဧကရိ မမအေၾကာင္းကို စဥ္းစားရင္း လူးလူးလွိမ့္လွိမ့္ျဖင့္ ခံစားေနရပါသည္။ ဘယ္သူနဲ႔မွ လည္းမေတြ႕ခ်င္၊ဘာမွလည္းမလုပ္ခ်င္ပါ။လူငယ္(၁၀)တန္းႏွစ္ႏွစ္က်ေက်ာင္းသားတစ္ေယာက္အ႐ြယ္မို႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ေနမိသည္။
သာမန္လူသားခ်စ္သူဆိုလွ်င္လည္း သူ႔အိမ္နားသြားၿပီး သူ႔အရိပ္ကိုျမင္ရ ႏိုးႏိုးႏွင့္ ေလွ်ာက္ျပန္သံေပးလုပ္ကာ တရစ္ဝဲဝဲလုပ္ေနမိေပမည္။

ယခုေတာ့ ဘယ္ လိုက္လို႔ ဘယ္ရွာရမွန္းမသိေသာ ခ်စ္သူကို တမ္းတရင္း ရင္ထဲမွာ ဗေလာင္ဆူေန သည္။အိပ္ေနျပန္ေတာ့လည္းတစ္ခုခုလိုေနသလိုျဖစ္ၿပီးအိပ္မရ၊ထိုင္ေနျပန္ေတာ့
လည္းဟာတာတာ။စာဖတ္မယ္စာအုပ္ၾကည့္မယ္ ဆိုျပန္ေတာ့လည္းစိတ္မဝင္စား ျဖင့္ ထိုင္ရမလို၊ ထရမလို ျဖစ္ေနပါသည္။

ေန႔လယ္ထမင္းစားခ်ိန္ေရာက္လို႔ လူႀကီး မ်ားက ထမင္းေခၚေကြၽးေတာ့လည္း ဘာလိုေနမွန္းမသိဘဲ ေကာင္းေကာင္းစားမရ ျဖစ္ေနသည္။ အျပင္လည္း ထြက္လည္ခ်င္စိတ္မရွိပဲအခန္းထဲမွာေအာင္းၿပီးအိပ္ လိုက္၊ထိုင္လိုက္ျဖင့္တစ္ေနကုန္သြားပါသည္။

ညေနေစာင္း၅နာရီေလာက္တြင္ကိုသက္ဦးကအဝတ္အစားသစ္မ်ားဝတ္
ဆင္ကာ ရႈိးအျပည့္ျဖင့္ ေရာက္ရွိလာပါသည္။ ကြၽန္ေတာ့္ကိုေတြ႕ေတာ့ “လာဗ်ာ- ခင္ဗ်ားကေရလည္း မခ်ိဳးရေသးဘူး။ ဘာမွလည္း မျပင္ဆင္ရေသးပါလား၊ မ်က္ႏွာ ကလည္း မႈန္မႈိင္းၿပီး ဘယ္လိုျဖစ္ေနတာလဲ။ လုပ္ဗ်ာ-ပြဲခင္းကို ေစာေစာသြား ရေအာင္ ေရခ်ိဳးေတာ့” ဟု ဆိုလာသျဖင့္ ကြၽန္ေတာ္လည္း ေရခ်ိဳးအဝတ္အစားလဲ ကာကိုသက္ဦးႏွင့္အတူပြဲခင္းဘက္သို႔ ထြက္လာခဲ့ပါေတာ့သည္။

ပြဲခင္းသို႔ ေရာက္ေသာအခါ မိုးခ်ဳပ္စျပဳေနေပၿပီ။ စက္ဘီးမ်ားကို ဘီးစတင္း တြင္အပ္ႏွံခဲ့ၾကၿပီး ပြဲခင္းထဲသို႔ဟိုသည္ေငးရင္းလမ္းေလွ်ာက္ဝင္ခဲ့ၾကသည္။ပြဲခင္း

တစ္ခုလုံးမွာလည္း သက္ဝင္စည္ကားေနၿပီးလူမ်ားဥဒဟိုသြားလာေနၾကသည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း ယမန္ေန႔ကထိုင္သည့္ခုံမွာပင္ထိုင္ရင္းအေၾကာ္စုံ တစ္ပြဲႏွင့္ အရက္တစ္ကရား မွာလိုက္ပါသည္။ ဆိုင္ရွင္လူႀကီးက အေၾကာ္စုံႏွင့္ အရက္ကရားကို လာခ်ေပးရင္း…
“ေကာင္ေလးေတြ- အခ်ိန္မွန္ပါလား၊ ဒီေန႔ေရာ ပြဲၾကည့္ၾကဦးမွာလား”ဟု ပဋိသႏၲာရစကားဆိုလာရာကြၽန္ေတာ္တို႔ႏွစ္ဦးလည္း ́ဟုတ္ကဲ့”ဟုၿပိဳင္တူေျဖလိုက္ၾကၿပီး ဝိုင္းစလိုက္ၾကပါသည္၊

အေၾကာ္စုံနစ္ပြဲႏွင့္ အရက္တစ္ကရား ကုန္ေသာအခါ ပြဲခင္းမွ အၿငိမ့္ခန္း စတင္ေနၿပီျဖစ္ၿပီး ကြၽန္ေတာ္တို႔လည္း အေတာ္ေလး ေရခ်ိန္ကိုက္ေနၾကၿပီျဖစ္ရာ က်သင့္ေငြရွင္းေပးၿပီး ပြဲခင္းဘက္သို႔ ထြက္လာခဲ့သည္။ ပြဲခင္းႏွင့္န္းေလ လူအုပ္ မ်ားလာၿပီးတိုးရေလေလ ျဖစ္သည္။ ပြဲခင္းမွာမူ ေနာက္ဆုံးေန႔မို႔လားမသိ၊ မေန႔က ထက္ပိုမိုလူစည္ကားေၾကာင္း ေတြ႕ရသည္။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္မွာပြဲခင္းေရွ႕ဇာတ္စင္နံေဘးအထိမသြားရဲသျဖင့္ ပြဲခင္းအလယ္ေလာက္မွျဖတ္ကာေရွ႕မွလူတံတိုင္းၾကားသို႔တေ႐ြ႕ေ႐ြ႕တိုးခဲ့ၾကသည္။
ကြၽန္ေတာ္တို႔ေရွ႕တြင္လူတစ္ေယာက္စီသာက်န္ရွိေတာ့ၿပီ။ပြဲခင္းအတြင္းသို႔ေကာင္း
စြာေလ့လာၾကည့္ရႈ၍ရေသာေနရာသို႔ေရာက္ေသာအခါေရွ႕ဆက္မတိုးေတာ့ပဲပြဲခင္း

အတြင္းသို႔ေရွ႕လူကိုကြယ္ရင္းအကဲခတ္ၾကည့္ရႈလိုက္ပါသည္။ယမန္ေန႔က သူမတို႔ ထိုင္ေသာေနရာတြင္ကိုသက္ဦး၏အမ်ိဳးသမီးႏွင့္အတူအရပ္ေထာင္ေထာင္ေမာင္းေမာင္း၊ မ်က္ႏွာေလးေထာင့္က်က်၊ မ်က္ခုံးေမြးထူထူ၊ စူးရဲေသာ မ်က္ဝန္းမ်ားႏွင့္ အသက္ ၄ဝ ဝန္းက်င္ အမ်ိဳးသမီးႀကီးတစ္ဦးထိုင္ေနသည္။ ထိုအမ်ိဳးသမီးႀကီးမွာ သူႏွင့္ယွဥ္ထိုင္ေနေသာကိုသက္ဦးအမ်ိဳးသမီးထက္ဦးေခါင္းတစ္လုံးစာပိုျမင့္ေနရာအနည္းဆုံးအရပ္ငါးေပတစ္ဆယ္လက္မခန႔္ရွိလိမ့္မည္ဟု ခန႔္မွန္းရပါသည္။

သိုက္ နန္းရွင္ဆိုတာ ဒီအမ်ိဳးသမီးႀကီးနဲ႔ တူတယ္ဟု ေတြးရင္း ေရွးျမန္မာအမ်ိဳးသမီးႀကီး မ်ားအရပ္အေမာင္းေတာ္ေတာ္ေကာင္းတာပဲဟုစဥ္းစားေနမိသည္။ သို႔ေသာ္ကြၽန္ ေတာ့္၏ခ်စ္ရလြန္းသူမမကိုေတာ့မေတြ႕ရပါ။ထိုအခ်ိန္မွာပင္နံေဘးမွကိုသက္ဦးက ရႉးရႉးရွားရွားျဖင့္.

“ဇာတ္ဆရာေရ- မေန႔ကမိစာၦမရဲ႕ေဘးမွာကပ္ၿပီးဖန္ေနတာေဇာ္ပ်ံစဥ့္ကိုင္ မႏၲေလး အျမန္ယာဥ္လိုင္းက စပယ္ယာလိုက္တဲ့ေကာင္ မဟုတ္လား”ဟု ေျပာလာ သျဖင့္ ၾကည့္လိုက္ရာ အသားမည္းမည္၊ အရပ္ခပ္ပ်ပ္ပ်ပ္၊ ဂင္တိုတိုႏွင့္ လူတစ္ ေယာက္ကၿပီတီတီမ်က္ႏွာျဖင့္ကိုသက္ဦးအမ်ိဳးသမီးေဘးတြင္ကပ္ထိုင္ၿပီးေသြးတိုး စမ္းေနသည္ကိုေတြ႕ရသည္။ထိုသူမွာအရက္လည္းအေတာ္ေလးမူးေနဟန္တူၿပီး ဇက္ရဲလက္ရဲရွိဟန္လည္း တူသည္။ ခဏအၾကာတြင္ ေစာင္ၿခဳံအတြင္းသို႔ ေရာက္ရွိ သြားေလေတာ့သည္။

ကိုသက္ဦးကိုလွည့္ၾကည့္လိုက္ေတာ့ မိန္းမအလြန္ေၾကာက္ ရသူတစ္ဦးက မိန္းမေဖာက္ျပန္သည္ကို ေတြ႕ရသလို မအီမသာျဖစ္ေနဟန္တူပါ သည္။ သူ႔ေနရာတြင္ကြၽန္ေတာ္ဆိုလွ်င္မည္သို႔ျပဳလုပ္မိမည္ကိုမခန႔္မွန္းႏိုင္ပါ။ ကျပ ေနေသာ ဇာတ္ပြဲျပင္ပ်က္သြားေလာက္ေအာင္ ေပါက္ကြဲေသာင္းက်န္းေနမိမည္ လားမသိပါ။ကိုသက္ဦးက ႏွစ္ေယာက္စလုံးကိုဘတ္ခြ(ေလးခြ)နဲ႔ကိုဆြဲထုပစ္ခ်င္ တယ္”ဟု အံႀကိတ္ၿပီးႀကိမ္းဝါးေနပါသည္။ ကြၽန္ေတာ္က သူ စိတ္ေျပေစရန္…

“စိတ္ထိန္းကိုယ့္လူ၊ ခင္ဗ်ားပဲ သူ တို႔ကို မိစာၦမေတြလို႔ ေျပာထားၿပီးေတာ့ ပြဲကေတာ့ပြဲႀကီးပြဲေကာင္းပဲဗ်ိဳ႕၊အသာေစာင့္ၾကည့္ရမွာပဲ” ဟုေခြၽးသိပ္လိုက္ပါသည္။ ထိုအခါက်မွ ကိုသက္ဦးမွာၿငိမ္သြားပါသည္။ သူတို႔ နံေဘးမွ မိန္းမႀကီးမွာမူ ဘာမွ မသိေလဟန္ျဖင့္ ဇာတ္ပြဲကိုသာ စူးစူးစိုက္စိုက္ၾကည့္ရႈေနပါသည္။ ကြၽန္ေတာ္ႏွင့္ ကိုသက္ဦးလည္း ဇာတ္ပြဲကိုၾကည့္လိုက္၊သူတို႔ဆီအကဲခတ္လိုက္ႏွင့္တျဖည္းျဖည္း အခ်ိန္ကုန္သြား၏။ညကနက္သည္ထက္နက္လာၿပီးႏွင္းမ်ားကလည္းပိုမိုသိပ္သည္း

စြာက်ဆင္းလာေနသည္။ အေအးဓာတ္ကလည္းတျဖည္းျဖည္းပိုက္လာၿပီး ပြဲခင္း
အတြင္းေလေအးမ်ားတိုးေဝွ႔ဝင္ေရာက္လာသည္။ ညဥ့္ႏွစ္နာရီထိုးခါနီးအခ်ိန္တြင္
သိုက္နန္းရွင္အမ်ိဳးသမီးႀကီးကိုကိုသက္ဦးအမ်ိဳးသမီးကတစ္စုံတစ္ရာခြင့္ေတာင္း ဟန္ျဖင့္စကားတိုးတိုးကပ္ေျပာလိုက္ရာသိုက္နန္းရွင္အမ်ိဳးသမီးႀကီးကေခါင္းညိတ္ ျပလိုက္သည္ကို ေတြ႕ရပါသည္။ ခဏအၾကာတြင္ ကိုသက္ဦးအမ်ိဳးသမီးမွာပြဲခင္း အတြင္းမွထ၍ ထြက္ခြာသြားၿပီး သူ႔ေနာက္မွ ကားစပယ္ယာလိုက္သူ ဂင္တိုတိုႏွင့္ လူက ဒယီးဒယိုင္ႏွင့္ထကာလိုက္ပါသြားသည္ကို ေတြ႕ရသည္။ သိုက္နန္းရွင္အမ်ိဳး

သမီးႀကီးကပြဲခင္းကိုေဝ့ဝိုက္ၿပီးတစ္ခ်က္အကဲခတ္ၾကည့္ရႈလိုက္ကာပြဲခင္းအတြင္း
မွာပင္ ဇာတ္ပြဲၾကည့္ရႈေနပါသည္၊ ကြၽန္ေတာ္တို႔လည္း စိတ္ဝင္စားမႈအနည္းငယ္ ေလွ်ာ့က်သြားၿပီး ဇာတ္ပြဲၾကည့္လိုက္၊ အမ်ိဳးသမီးႀကီးကို အကဲခတ္လိုက္ႏွင့္ ရွိေန ခဲ့ပါသည္။

တျဖည္းျဖည္းႏွင့္ဇာတ္စင္ေပၚမွျပဇာတ္ကဇာတ္အရွိန္အျမင့္ဆုံးအခန္း သို႔ ေရာက္ရွိလာရာကြၽန္ေတာ္တို႔လည္း စိတ္ဝင္တစား ေစာင့္ၾကည့္ေနမိၾကသည္။ ပြဲခင္းတစ္ခုလုံးၿငိမ္သက္လ်က္ဇာတ္ခုံဆီသို႔အာ႐ုံေရာက္ေနၾကပါသည္။ ထိုအခ်ိန္ တြင္ယမန္ေန႔ညတုန္းကလို ေရေႏြးေငြ႕ စက္ေခါင္းျဖင့္ ဆြဲေသာကုန္ရထားႀကီးက “တူး-တူး-တူး-တူး”ဟု

ေခ်ာက္ခ်ားဖြယ္ ဥဩသံရွည္ႀကီးကိုဆြဲရင္း ေတာင္မွ ေျမာက္သို႔ ပြဲခင္းအနီးမွျဖတ္ကာတေဝါေဝါခုတ္ေမာင္းသြားပါသည္။ ထိုအခ်ိန္တြင္ ကိုသက္ဦးက အလန႔္တၾကားျဖင့္…
“ဟာ-ဇာတ္ဆရာေရ၊ ဟိုအမ်ိဳးသမီးႀကီး မရွိေတာ့ဘူးဗ်။ ဘယ္အခ်ိန္က ထျပန္သြားလဲမသိဘူး”ဟုဆိုလာသျဖင့္ၾကည့္လိုက္ရာဟုတ္ပါသည္၊ကြၽန္ေတာ္တို႔ဇာတ္စင္ဆီအာ႐ုံေရာက္ေနခိုက္ ထျပန္သြားျပန္နဲ႔တူပါသည္။ကြၽန္ေတာ္တို႔လည္း ပြဲခင္းကိုပတ္ကာ

အေနာက္ဘက္ရွိ သံလမ္းေပၚသို႔ေရာက္ေအာင္ တိုးေဝွ႔သြားၿပီး သံလမ္းေပၚသို႔ေရာက္ရွိခ်ိန္တြင္ ေတာင္ဘက္အရပ္သို႔လည္းေကာင္း၊ေျမာက္ဘက္ အရပ္သို႔လည္းေကာင္း လွမ္းေမွ်ာ္ၾကည့္ရႈလိုက္ရာ ထိန္ထိန္သာလ်က္ရွိေသာ လေရာင္ေအာက္တြင္ ပကတိတိတ္ဆိတ္ၿငိမ္သက္ေနၿပီးမည္သည့္ပြဲလာ၊ ပြဲျပန္သူ တစ္ဦးတစ္ေယာက္ကိုမွ် မေတြ႕ရေတာ့ပါ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္းအတန္ ၾကာၾကည့္ရႈရွာေဖြၿပီးေနာက္စိတ္ေလွ်ာ့လိုက္ၾကၿပီးစက္ဘီးစတင္းသို႔ျပန္ကာစက္ ဘီးမ်ားကိုျပန္လည္ထုတ္ယူခဲ့ၾကၿပီးအိမ္ျပန္လာခဲ့ၾကပါေတာ့သည္။

ေနာက္တစ္ေန႔မနက္တြင္ နံနက္ (၇) နာရီေလာက္မွာ ကြၽန္ေတာ္တို႔ႏွစ္ ေယာက္အိပ္ရာမွ ႏိုးၾကသည္။ သြားတိုက္၊ မ်က္ႏွာသစ္၊ ကိုယ္လက္သန႔္စင္ၿပီး ႏွစ္ ေယာက္သားေသာက္ေနက်စေနကဖီးသို႔ ခ်ီတက္ခဲ့ၾကသည္။

စေနက&းသို႔ ေရာက္ေသာအခါ ဆိုင္ရွင္ကိုေအာင္ေက်ာ္ႀကီးက အၿပဳံးျဖင့္
ဆီးႀကိဳႏႈတ္ဆက္ရင္းလက္ဖက္ရည္ႏွင့္အီၾကာေကြးမ်ားလာခ်ေပးသည္။ကြၽန္ေတာ္ တို႔ႏွစ္ေယာက္ႏွစ္ၿခိဳက္စြာစားေသာက္ေနသည္ကိုနံေဘးမွထိုင္ၾကည့္ေနပါသည္။ ကြၽန္ေတာ္တို႔ စားေသာက္ၿပီးမွကိုေအာင္ေက်ာ္က စကားစလာပါသည္။

“မေန႔ကေ႐ႊေစတီဘုရားပြဲကအျပန္ေကာင္ေလးတစ္ေယာက္ရထားႀကိတ္
ခံရၿပီး ေသသြားတာမင္းတို႔ ၾကားၿပီးၿပီလား” “ဗ်ာ-ဟုတ္လား။ ဘယ္နားမွာျဖစ္တာတဲ့လဲ”
“ဝါးရင္းတုတ္႐ြာတံတားရဲ႕ေျမာက္ဘက္နားမွာလို႔ေျပာတာပဲ။ မနက္ကအဲဒီ ဘက္ကဆိုက္ကားသမားေတြၿမိဳ႕ေပၚတက္လာရင္းေျပာသြားတာ။မနက္ခင္းဘုရားပြဲျပန္တဲ့လူေတြ ေတြ႕တာတဲ့။ အရက္အမူးလြန္ၿပီး မီးရထားသံလမ္းေပၚအိပ္ေပ်ာ္ေန တာတဲ့။ ရထားကျဖတ္ႀကိတ္ပစ္လိုက္တာသုံးပိုင္းျပတ္သြားတယ္ဆိုပဲ။ ဘယ္အခ်ိန္ ကတည္းက ေသေနမွန္းေတာင္ မသိဘူးတဲ့”

“ဟုတ္လား- သနားပါတယ္ဗ်ာ၊ အျဖစ္ဆိုးလိုက္တာ၊ ဘယ္႐ြာကလဲ ဘယ္ သူတဲ့လဲ ပိုင္ရွင္ေရာေပၚသြားၿပီလား”
“အဲဒီဝါးရင္းတုတ္႐ြာ ႐ြာသားပဲတဲ့။ ဟိုစဥ့္ကိုင္-မႏၲေလးအျမန္ယာဥ္လိုင္း ကားမွာ စပယ္ယာလုပ္ေနတဲ့ ေကာင္ကြာ၊ မင္းတို႔ကလဲ”
“ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လည္းတစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ တအံ့တၾသျဖင့္ၾကည့္လိုက္ၾကၿပီးၿပိဳင္တူလိုလိုအာေမဍိတ္သံထြက္သြားၾကပါသည္။

ကြၽန္ေတာ္က အဲဒီလူကိုမေန႔ညကပြဲခင္းထဲမွာေတြ႕တယ္ဗ်။ ညနစ္နာရီမရွိတရွိမွာ သူပြဲခင္းထဲကထျပန္သြားတာေတြ႕ရတယ္၊ သူနဲ႔အတူလုံးႀကီးေပါက္လွခပ္ေတာင့္ ေတာင့္အမ်ိဳးသမီးတစ္ေယာက္လည္း ပါသြားတာေတြ႕လိုက္တယ္”ဟုေျပာလိုက္ရာ နံေဘးမွကိုသက္ဦးက ကြၽန္ေတာ့္ကို လက္ကုပ္ခါ…

“တိုးတိုးေျပာပါဗ်ာ၊ေတာ္ၾကာရဲစခန္းကလူေသမႈနဲ႔ပတ္သက္ၿပီးေနာက္ဆုံး ေတြ႕ျမင္လိုက္သူေတြအေန နဲ႔ ေခၚစစ္ေနပါဦးမယ္။ ကြၽန္ေတာ္တို႔က အဲဒီလူအမ်ိဳး သမီးနားကပ္ၿပီး ဖန္ေနတာကို ေတြ႕တာ။ ေနာက္ၿပီး သူက ေခၚထုတ္သြားတာလား။

အမ်ိဳးသမီးကသူ႔ကိုေခၚထုတ္သြားလားဆိုတာလည္းသိရတာမဟုတ္ဘူး။ သူတို႔က ပြဲခင္းရဲ႕အေနာက္ဘက္ေဘးမွာကြၽန္ေတာ္တို႔ကပြဲခင္းရဲ႕အေရွ႕ဘက္မွာအေဝးႀကီးပဲ။
အနီးကပ္ျမင္ရတာ မဟုတ္ေတာ့ဘာမွ“ဂဃနဏ”သိတာမဟုတ္ဘူး။ ေနရင္းထိုင္ ရင္းအစြပ္စြဲခံေနရပါဦးမယ္” ဟု သတိေပးလာမွကြၽန္ေတာ္လည္း အေျခအေနကို သေဘာေပါက္မိသည္။ကိုေအာင္ေက်ာ္ႀကီးကေတာ့ ဖက္ၾကမ္းေဆးလိပ္ႀကီးခဲရင္း

ကြၽန္ေတာ္တို႔ႏွစ္ဦး ေျပာတာကိုၿပဳံးၿပီးနားေထာင္ေနပါသည္။
ၿပီးမွ-“မင္းတို႔ကေတာ့ႀကံႀကံဖန္ဖန္ကို ေတြ႕တတ္တယ္”ဟု မွတ္ခ်က္ခ်ပါ
သည္၊ကြၽန္ေတာ္တို႔လည္းသတင္းဆိုးအတြက္စိတ္မေကာင္းျဖစ္ၾကရၿပီးကိုေအာင္ ေက်ာ္ႏွင့္ေရာက္တတ္ရာရာစကား ေျပာၿပီးေနာက္ က်သင့္ေငြရွင္းကာ ျပန္ခဲ့ၾကပါ သည္။ ကိုသက္ဦးက သူ႔အိမ္သူျပန္သြားၿပီး ကြၽန္ေတာ္လည္းကိုယ့္အိမ္ကိုျပန္ခဲ့ပါ သည္။ အိမ္ျပန္ေရာက္ေတာ့အိပ္ရာေပၚလွဲရင္း စဥ္းစားမိသည္မွာ သူတို႔ သိုက္မွ ခြင့္
ေတာင္းၿပီးလူဝင္စားျဖစ္ေနသူမွာထိုစပယ္ယာလူမ်ားလားဟုေတြးေတာမိပါသည္။ ထိုသို႔ပြဲခင္းထဲသို႔ ေရာက္လာ သူမ်ားသည္ သိုက္နန္းထဲမွ ပုဂၢိဳလ္မ်ား ျဖစ္ၾကေသာ္ လည္းလူသားမ်ားမဟုတ္ၾကသျဖင့္ ပြဲခင္းထဲသို႔ညအခါေရာက္ရွိလာေသာညမိစာၦမ်ားဟုပင္ သတ္မွတ္ေခၚဆိုရမည္ျဖစ္ေပသတည္း။