Unicode Version
ဘွားမယ်စိန်နှင့်သိုက်မှလာသောမသင်းရီ(စ/ဆုံး)
————————————-
“လုပ်ကြပါဦး…အမယ်လေး…
ငါ့သမီးလေးမရှိတော့ဘူးအီးးးးးဟီးးးးးးဟီးးးးးးးးး”
“ဟဲ့…ဘာဖြစ်တာတုန်း…”
“ဟာ…ဘာအသံတုန်း”
သောင်ထွန်းရွာလမ်းမထက်၍ အော်ဟစ်ငိုယိုနေသော
မိန်းမကြီးတစ်ယောက်။
သူ၏အော်ငိုသံကြောင့် သောင်ထွန်းရွာသူ၊ရွာသားတို့မှာ
အိပ်ရာမှအလန့်တကြား နိုးလာခဲ့ကြရရှာသည်။
အသံကြားရသောရွာလမ်းမဆီသို့ဖယောင်းတိုင်များကိုင်ကာ
ထွက်လာခဲ့ကြပြီး…
“ဟာအရီးသေးတင် ဘာများဖြစ်တာတုန်း”
“အရီး လမ်းမကြီးမှာထိုင်ပြီးဘာလို့ငိုနေရတာလဲ”
အချိန်ကလည်းညနက်လေပြီ။
အရီးသေးတင်သည် ရွာတောင်ပိုင်း၌ သမီးဖြစ်သူနှင့်အတူနေထိုင်သူပင်။
လင်သားမရှိသော်လည်း အရီးသေးတင်တို့ခမျာ
သားအမိနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အားကိုးရင်းသာနေထိုင်ခဲ့ကြရသည်။
“ငါ့သမီးပွောကနြလေို့…အီးးးးဟီးးးးးဟီးးးးးးးးးးးး”
“ဟင်…အရီးသမီးပျောက်နေတယ်…
ဘယ်တုန်းကလည်း”
အရီးသေးတင်၏သမီးဖြစ်သူမသင်းရီမှာအသက်အားဖြင့်
သုံးဆယ်ကျော်အရွယ်။
အညာသူပီပီအသားကမညိုရှာဘဲအတော်ဖြူဖွေး၏။
မသင်းရီ၏ ခန္ဓာကိုယ်က ခပ်တောင့်တောင့်…အရပ်မြင့်မြင့်ပင်။
ရုပ်ရည်ကတော့ရွက်ကြမ်းရည်ကြိုဖြစ်သည်။
ယခု ထိုမသင်းရီပျောက်ဆုံးနေသည်ဆိုပြီး
အရီးသေးတင်မှာ
လမ်းမကြီးအလည်၌ညကြီးမိုးချုပ်အော်ဟစ်ကာ
ငိုကြွေးနေရှာသည်။
“အရီး…သင်းရီပျောက်တာသေချာသလား”
“သေချာပါတယ်ဆိုအေ…ငါတရေးနိုးလို့ဘေးကိုကြည့်တာ
သူမရှိဘူး…အိမ်နောက်ဖေးကော အိမ်အပြင်ကော
သေချာရှာပြီးပါပြီအေ…သင်းရီမ မရှိတော့ဘူး…
အီးးးးဟီးးးးးးးဟီးးးးးးးးးး”
“သင်းရီမမှာ
ရည်းစား…ဘာညာရှိတယ်လို့မကြားမိပါဘူးတော်”
“အေးလေ…သင်းရီမ လောက်အေးတာ
သင်းရီမပဲရှိတာ…ရည်းစားရှိတယ်လို့မကြားမိဘူး”
“ညည်းတို့ကသာမကြားမိတာ…
ငါ့သမီးကအိမ်မှာမရှိတော့ဘူးအေ့…
အီးးးးးဟီးးးးးးဟီးးးးးးးးးး”
အရီးသေးတင်ခမျာလည်းတစ်ဦးထဲသောအားကိုးရာ
သမီးဖြစ်သူပျောက်ဆုံးသွားခြင်းကို
စိတ်မကောင်းစွာငိုကြွေးနေရှာသည်။
ရွာသူတို့ကလည်းဝိုင်းဝန်းဖျောင်းဖျကြ၏။
နောက်ဆုံး တစ်ရွာလုံးသိသွားပြီး အရီးသေးတင်ကိုလည်း
သူကြီးဦးနောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။
“ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ…
ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန်
လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း
မိန်းမသားအချင်းချင်းပြောကြပါဦး”
“ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်…
အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက
မတိုးဘူးဖြစ်နေတာတော့်”
အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍
သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။
သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍…
“ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။
ထိုစဥြ…
“ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို”
“အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ
မောင်နောင်ချိုရေ…”
“ထိုင်ပါဘွား”
ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။
သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။
ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။
ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍…
“ဟဲ့…သေးတင်…”
“ရှင်…ရှင်…ဘွား”
“နင့်သမီးက ခုမှပျောက်ဖူးတာလား”
“ရှင်…အဲ့….အဲ့တာ……..”
“ငါ ဟိုးတုန်းကတည်းကမပြောဘူးလား…
နင့်သမီးက သိုက်ကလာတယ်ဆိုတာ..
အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ဆွေမျိုးတွေက
ခဏလာခေါ်သွားပြန်ပြီ…အဲ့သည်တော့
ညည်းဘယ်လိုလုပ်မလဲ”
“အီးးးးဟီးးးးးးးးဟီးးးးးးးးကျုပ်မသိတော့ပါဘူးတော်”
အရီးသေးတင်က ငိုပြန်သည်။
သူကြီးဦးနောင်ချိုတို့က အံ့သြနေကြ၏။
“ဒါဆို သင်းရီက ရည်းစားနဲ့ခိုးပြေးတာမဟုတ်ဘူးပေါ့လေ”
“ဘယ်ကခိုးပြေးရမှာလဲ…သင်းရီအခု ရွာအရှေ့တည့်တည့်က
စေတီဟောင်းအနားမှာရှိတယ်…ညည်းတို့သွားခေါ်ချည်ကြ…”
“ဗျာ….ဟုတ်….ဟုတ်ကဲ့ဘွား”
သူကြီးဦးနောင်ချို ဘွားမယ်စိန်ပြောလိုက်သောစကားကြောင့်
ချီတုံချတုံ ဖြစ်သွားသည်။
အရီးသေးတင်ကတော့အငိုရပ်သွားတော့၏။
ထိုအခါဘွားမယ်စိန်လည်းခုံ၌ဝင်ထိုင်ပြီး သူယူလာသောပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုမီးမြိုက်၍
ရှိုက်ကာသောက်လိုက်သည်။
ပြီးလေမှ…
“သွားရင်…ရော့…ဒီရေမန်းလေးကိုပါတစ်ခါထဲယူသွား…
အဲ့သည်နေရာမှာ သင်းရီတောင့်တောင့်ကြီးရပ်နေလိမ့်မယ်…
ရေမန်းနဲ့သာဖြန်းပြီးဒီကိုပြန်ခေါ်လာခဲ့ကြ”
“ဟုတ်ကဲ့ဘွား…ကဲ…မိညို ညည်းတို့အဖွဲ့လိုက်ခဲ့ကြတော့…
မောင်အုန်းတို့က ဘေးရွာတွေသွားနေကြတာဆိုတော့
ဒီမှာလူကမရှိဘူး…အရီးသေးတင်ကတော့အိမ်မှာပဲနေခဲ့ဗျာ
ကျုပ်တို့သင်းရီကိုပြန်ခေါ်လာခဲ့ပါ့မယ်…”
“အေး…အေး…ဂရုစိုက်ကြဦးနော်”
ဘွားမယ်စိန်သည် သူကြီးဦးနောင်ချိုတို့အဖွဲ့၏နောက်ကျောကို
ကြည့်ရင်းသူ၏ဆေးလိပ်ကြီးကို မီးမသေအောင်
ဖွာခနဲဖွာခနဲရှိုက်ကာသောက်နေလေသည်။
အရီးသေးတင်ကတော့နံဘေး၌ ရေနွေးကြမ်းလေးကို
ရေနွေးပန်းကန်လုံးလေးထဲငှဲ့ယူကာသောက်နေရှာတော့သည်။
သူကြီးဦးနောင်ချိုနှင့်ရွာသူတို့သည် မီးတုတ်လေးတစ်ချောင်းသာ ယူလာကြပြီး ရွာအရှေ့ဘက်ဆီသို့ခပ်သုတ်သုတ်လျှောက်လာခဲ့ကြ၏။
“သူကြီး…တစ်ချက်တီးလောက်ပဲရှိသေးတာ
ကျုပ်တော့ကြောက်တယ်နော်”
“အေးလေဟယ်…ဘွားခိုင်းလို့သာလာရတာ…
ခပ်ကြောက်ကြောက်ပဲ”
“ဘွားကလည်းသူကိုယ်တိုင်လာလို့ရသားနဲ့.
ငါတို့ကိုဘာလို့ခိုင်းတာလဲမသိဘူး”
“ဟဲ့…ကောင်မတွေ…ဘွားကသူလာလို့ရတာမှန်တယ်…
အခုကိစ္စက သူလိုက်လာဖို့ထိမလိုလို့ငါတို့ကိုခိုင်းတာ…
လာကြလျှာမရှည်ကြနဲ့ ရှေ့ဆိုရောက်ပြီ”
မိညိုတို့အုပ်စုစကားပြောနေကြသဖြင့်သွားသည်မှာ
ပိုနှေးနေခဲ့လေရာ
သူကြီးဦးနောင်ချိုကဝင်ကာဟောက်လိုက်သည်။
“အမယ်လေး…ဘုရားပျက်နဲ့
ပတ်ဝန်းကျင်နဲ့ကတော့ဟုတ်နေပြီ..
ကျုပ်တို့မလိုက်ရဲဘူးသူကြီး”
“အီး…ဟုတ်တယ်သူကြီး….ကျုပ်တို့…ကျုပ်တို့ကြောက်တယ်”
ဘုရားပျက်နှင့်မလှမ်းမကမ်းသို့ရောက်လာခဲ့ကြသည်။
နံဘေး၌သစ်ပင်ကြီးငယ်တို့ဖြင့်အုပ်ဆိုင်းနေသော
ဘုရားပျက်ဆီသို့ ရွာသူတို့မလိုက်ရဲကြ။
ထိုနေရာကို နေ့ပိုင်းဆိုလျှင်တောင် တော်တန်မလာရဲကြသော
နေရာပင်။
ယခုလည်း သူကြီးနှင့်အတူ
ရွာသူမိညိုတို့ ထိုနေရာသို့ရောက်ရှိလာကြလေပြီ။
ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ပိုးကောင်အော်မြည်များမှလွှဲ၍ မည်သည့်အသံမှမကြားရ။
“ဟယ်….ဟိုမှာ…ဟိုမှာသင်းရီမလား…
ဘုရားပျက်ဘေးမှာတောင့်တောင့်ကြီးရပ်နေတာက”
“ဟာ…ဟုတ်သား…လာကြဟေ့…လာကြ”
မိညိုသည် ဘုရားပျက်တောင်ဘက်ထောင့်၌မတ်တပ်
ရပ်နေသောသင်းရီအားလက်ညိုးထိုးကာပြလိုက်လေတော့
သူကြီးဦးနောင်ချိုမှ မီးတုတ်ကြီးကိုမြှောက်ကိုင်၍
မိညိုတို့ကိုအပါခေါ်လာခဲ့၏။
“နွယ်တွေမြက်တွေဒီလောက်ထူနေတာကို
မကြောက်မလန့်နဲ့ မိသင်းရီကတော့…”
ဟု…သူကြီးဦးနောင်ချိုပြောရင်း မသင်းရီထံရောက်လာခဲ့သည်။
မိညိုတို့အုပ်စုကတော့ကြောက်ဟန်ဖြင့် အနောက်မလှမ်းမကမ်းမှနေနေခဲ့ကြ၏။
သူကြီးဦးနောင်ချိုသည် လူကြီးပီပီ မသင်းရီ၏ပုခုံးက်ိုပုတ်၍…
“ဟဲ့သင်းရီ…”
ဟုခေါ်လိုက်သော်လည်းမသင်းရီသည်ကျောပေးလျက်သားအတိုင်းရှိပြီးတုတ်တုတ်မျှပင်မလှုပ်…။
ထိုအခါ သူကြီးဦးနောင်ချိုလည်း မသင်းရီ၏အရှေ့သို့သွားကာကြည့်လေတော့…
“ဟာ…..သင်းရီ…ဟဲ့…သင်းရီ…..သြော်…”
“ဖြန်း”
သူကြီးဦးနောင်ချိုသည် သင်းရီ၏ပုံစံကြောင့်ထိတ်လန့်သွား၏။
သင်းရီမှာက မျက်လုံးများမှိတ်ပြီး
တောင့်တောင့်ကြီးရပ်နေလေသည်။
ထိုအခါ ဘွားမယ်စိန်ပြောသည်များကိုအမှတ်ရသွားပြီး
ရေမန်းပုလင်းကိုအဖုံးဖွင့်၍ သင်းရီမျက်နှာထံသို့
ဖြန်းခနဲပတ်ချလိုက်သောအခါ…
(ရေမန်းနဲ့မျက်နှာကိုပတ်လိုက်ခြင်းမို့
အသံကတော့အဲ့သည်လောက်မမြည်လောက်)
“ဟင်……”
သင်းရီ၏မျက်လုံးများပွင့်လာကာ ဘေးဘီကို
အလန့်တကြားဟန်ဖြင့်ကြည့်လေသည်။
သူ့အနီး၌ရှိသော သူကြီးဦးနောင်ချိုကိုသော်လည်းကောင်း၊
မလှမ်းမကမ်း၌ရှိသော မိညိုတို့အုပ်စုအားလည်းကောင်း
နားမလည်ဟန်ဖြင့်ကြည့်ကာ…
“ကျုပ်…ဘယ်ကိုရောက်နေတာလဲ”
ဟုမေးလေတော့သည်။
“ဘယ်ကိုရောက်နေတာလဲမမေးနဲ့သင်းရီရေ…
လာ…လာ…ဒီနေရာကအမြန်ဆုံးပြန်ကြစို့”
သူကြီးဦးနောင်ချိုသည် သင်းရီကိုပြန်ကြဖို့ပြောလေတော့
မိညိုတို့ကသင်းရီလက်ကိုလာဆွဲ၍ ရှေ့မှခပ်သုတ်သုတ်ပြန်ကြတော့သည်။
သင်းရီလည်းအတူလိုက်ပါသွားတော့၏။
ရွာထဲသို့ဝင်လာတော့သတင်းမျှော်နေသောရွာသူများနှင့်သက်ကြီးရွယ်အိုများက သင်းရီကိုမြင်လေတော့
ဝမ်းသာအားရဖြင့်မေးကြမြန်းကြသည်။
“ကဲ..ကဲ…ဒီနေရာမှာတစ်ယောက်ချင်းဖြေနေလို့မရဘူး…
အဲ့သည်တော့ကျုပ်အိမ်ကိုပဲခင်ဗျားတို့လိုက်ခဲ့ကြ…
ဒါမှကျုပ်တို့အားလုံးအကြောင်းစုံသိကြရမှာ…”
ဟု…သူကြီးဦးနောင်ချိုကပြောလေမှ
အားလုံးတိတ်သွားကြတော့သည်။
သူကြီးဦးနောင်ချိုတို့အိမ်ဆီသို့သာလိုက်ပါလာကြ၏။
သူကြီးဦးနောင်ချိုအိမ်ဆီသို့ရောက်တော့ခြံပေါက်ဝမှလှမ်းမျှော်နေသော အရီးသေးတင်ခမျာ သမီးဖြစ်သူကိုအပြေးဖက်၍
ငိုပြန်လေသည်။
“အမယ်လေး…သမီးရဲ့…ဘယ်တွေသွားနေတာတုန်း…
အီးးးဟီးးးးးးဟီးးးးးးး”
“အမေ…”
မသင်းရီသည်အရီးသေးတင်ကိုပြန်လည်ဖက်ထားသည်။
“ကဲ…သားအမိနှစ်ယောက်အလွမ်းသည်တာ
ခဏထားဦး..သင်းရီဒီီကိုလာခဲ့ဦး”
“သမီးသွား…ညည်းအဘွားခေါ်နေတယ်…”
အရီးသေးတင်သည်ဘွားမယ်စိန်အသံကြားတော့
မသင်းရီကိုဘွားမယ်စိန်ထိုင်နေသောခုံဆီသို့လွှတ်လိုက်သည်။
မသင်းရီသွားလေတော့ သူကြီးဦးနောင်ချိုတို့ကတော့
မလှမ်းမကမ်း၌သာနေခဲ့ကြ၏။
“လာ…ဘယ်သူကဘယ်ကိုခေါ်သွားတာတုန်းသင်းရီ…”
ဟု…ဘွားမယ်စိန်က ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်လိုက်ပြီးနောက်မီးခိုးငွေ့များကိုပါးစပ်မှမှုတ်ထုတ်လိုက်ကာ မသင်းရီကိုမေးလေသည်။
“ဘွား…ဒါ…ဒါက…”
“သင်းရီ…ညည်းဘွားကိုမညာနဲ့…
ညည်းကိုပြန်ခေါ်နေကြပြီမလား”
ဘွားမယ်စိန်အမေးကြောင့်မသင်းရီသည်
မျက်ရည်လေးတစမ်းစမ်းဖြင့်ခေါင်းကိုညိတ်ပြသည်။
“ဒီတော့ညည်းဘာလုပ်မလဲ…”
“ကျုပ်အမေ့ကိုမထားခဲ့နိုင်ဘူး…အီးးးးးဟီးးးးဟီးးးးးးးးး”
မသင်းရီသည်စကားအဆုံး၌ ငိုချတော့သည်။
မသင်းရီနှင့်ဘွားမယ်စိန်ပြောသောစကားများကို
အရီးသေးတင်ကြားသောအခါ သူ့ခမျာလည်းငိုနေရှာ၏။
ဘေးကလူများကတော့စိတ်မကောင်းကြပေ။
“သိုက်နေရာပြောင်းတော့မယ်လို့အစ်ကိုကြီးကပြောတယ်…
ကျုပ်ကိုပြန်ခေါ်ဖို့သူတို့စိတ်စောနေတယ်ဘွား…”
မသင်းရီသည် ငယ်စဥ်ကတည်းက သိုက်မှလာသူဖြစ်မှန်း
ဘွားမယ်စိန်သိ၍ အရီးသေးတင်ကိုသတိပေးခဲ့၏။
“သေးတင်…ညည်းသမီးကသိုက်ကလာတာအေ့…”
“သမီးလေးကသိုက်ကလာတာဆိုတော့
ကျုပ်ဘာလုပ်ရမလဲဘွား…”
“စောင့်ကြည့်ကြပါဦးစို့ သေးတင်ရယ်…
တချို့သိုက်ဆက်များကလူ့ဘဝကိုလာပုံခြင်းကမတူတော့
ပြောဖို့ကစောသေးတယ်…”
“အဲ့သည်လိုလား…
ဒါဆိုရင်ဘွားပြောသလိုစောင့်ကြည့်ရဦးမှာပေါ့တော်…”
မသင်းရီ ကြီးပျင်းလာသည့်တလျှောက် သူ၏သိုက်အကြောင်း
တစ်လုံးတစ်လေမှမဟခဲ့။
မိခင်ကြီးနှင့်ဘဝကိုခက်ခက်ခဲခဲရုန်းကန်ကာ နေထိုင်ခဲ့ရှာ၏။
ယခုမသင်းရီအသက်သုံးဆယ်ကျော်မှ
အိမ်မက်များကမက်လာခဲ့သည်။
သိုက်နန်းကြီးအတွင်းသို့သူ့အားခေါ်ယူလာကြပြီး
ဘယ်သူဘယ်ဝါဖြစ်ကြောင်းများပြောကြ…ငိုကြဖြင့်
ထိုမျက်နှာများကိုမသင်းရီမှတ်မိလာ၏။
အသက်သုံးဆယ်ကျော်သာလူ့ဘဝ၌နေထိုင်ပါမည်ဟု
ကတိပေးခဲ့၍သာသူ့အားလွှတ်လိုက်ဖြင်းဖြစ်ကြောင်း…
ယခုလည်းသိုက်နေရာရွေ့ဖို့အကြောင်းဖန်လာပြီမို့
မသင်းရီကိုလည်းတပါထဲခေါ်သွားချင်ကြောင်းများပြောလာကြတော့၏။
ယခုလည်း
မသင်းရီတစ်ယောက်အိပ်ရင်းလမ်းလျှောက်သူပမာ…
သိုက်ရှိရာစေတီပျက်ဆီသို့ညဘက်အချိန်မတော်ရောက်ရှိလာခဲ့ပြီး သူ၏စိတ်ဝိညာဥ်သည်ကသိုက်နန်းထဲရှိမောင်နှမများဖြင့်
စကားပြောနေခဲ့သည်။
သူကြီးဦးနောင်ချိုကဘွားမယ်စိန်ခိုင်းသည့်အတိုင်းရေမန်းဖြင့်
ဖြန်းလိုက်လေမှ မသင်းရီသတိပြန်ဝင်လာခဲ့ခြင်းဖြစ်၏။
ဘွားမယ်စိန်သည် ငိုကြွေးနေသော မသင်းရီကိုကြည့်ရင်း…
“ဒီီကိစ္စက ညည်းပြန်မသွားချင်ရိုးမှန်ရင်
ဘွားကူညီပေးပါ့မယ်အေ”
“ရှင်…ဘွားကူညီမယ်…”
“အေးပေါ့အေ…ညည်းတို့သားအမိရဲ့အပူတွေကိုမြင်တော့
ဒီအဘွားကြီးကဘယ်နေသာမတုန်းအေ့…
ဒါကြောင့်…ဆိုင်ရာပိုင်ရာတွေကို
ခွင့်တောင်းပြီးစီစဥ်ကြတာပေါ့အေ”
“အမယ်လေး…ကျေးဇူးတင်လိုက်တာဘွားရယ်…”
အရီးဒေါ်သေးတင်သည်ဝမ်းသာတကြီးဖြင့်ပြောလေသည်။
“ကဲ…ဒါဖြင့်လည်း
မနက်ကြမှပဲစီစဥ်စရာရှိတာစီစဥ်ကြတာပေါ့အေ…
အခုတော့ ကိုယ့်အိမ်ကိုယ်ပြန်လိုက်ကြတော့…”
“ဟုတ်ကဲ့ဘွား…ဒါဆိုမနက်ကျုပ်တို့ဘွားအိမ်ကိုလာခဲ့ပါ့မယ်”
“မလာနဲ့မလာနဲ့…ညည်းတို့အိမ်ကိုပဲဘွားလာခဲ့မယ်…
ပွဲသုံးပွဲသာထိုးထားကြ…
အသီးအနှံကောများများရှာဝယ်ထား”
“ဟုတ်…ဟုတ်ကဲ့ဘွား”
ဘွားမယ်စိန်သည်မသင်းရီတို့သားအမိကိုမှာကြားပြီးသူ၏
နေအိမ်သို့ပြန်သွားတော့သည်။
သောင်ထွန်းရွာသူ၊ရွာသားတို့လည်း
မသင်းရီတို့သိုက်ပွဲတင်မည့်အကြောင်းကို စိတ်ဝင်စားသွားကြသည်။
“မနက်ကြရင်တော့သင်းရီမတို့အိမ်ကိုသွားကြမယ်အေ…”
“ဒါမျိုးအလွတ်ခံရင်တို့ရာဇဝင်ရိုင်းကုန်မှာပေါ့အေ့”
ဟုပင်ပြောကုန်ကြသည်။
******************************
နောက်တစ်နေ့နံနက်ခင်း၌ဘွားမယ်စိန်ကိုမောင်တိုး၊မောင်အုန်းတို့ကိုယ်တိုင်လာခေါ်ကြသည်။
ရွာတောင်ပိုင်းက မသင်းရီတို့အိမ်သို့ဘွားမယ်စိန်ရောက်လာချိန်မှာတော့ လူအတော်များနေသည်ကိုမြင်သွားကာ…
“တို့ရွာသူ၊ရွာသားတွေကအတော်လေးစိတ်ဝင်စားနေကြတာပါလား…ဒါပေမယ့်မောင်နောင်ချိုရဲ့…လူများလွန်းတာက
မကောင်းဘူး…ဒီတော့ခြံဝိုင်းထဲကနေပဲ
လှမ်းကြည့်ကြဖို့ပြောလိုက်ကွဲ့”
“ဟုတ်ကဲ့ဘွား”
သူကြီးဦးနောင်ချိုလည်း ဘွားမယ်စိန်ခိုင်းသည့်အတိုင်းလူများကိုအရင်ရှင်းရသည်။
ဘွားမယ်စိန်သည် မသင်းရီတို့အိမ်အပေါ်ထပ်ရှိဘုရားခန်းသို့သွားကာ ပြတင်းတံခါးများကိုအကုန်ဖွင့်လိုက်သည်။
“ပွဲတွေဒီနားလာချကြ…”
ဟုခိုင်းလေတော့မောင်တိုးတို့ကပွဲများကိုလာချကြသည်။
အသီးအနှံများကိုလည်းပန်းကန်များဖြင့်သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးထားသည်မို့ဘွားမယ်စိန်ကသေချာနေရာချ၏။
အားလုံးပြင်ဆင်ပြီးလေတော့သူကြီးဦးနောင်ချိုတို့လူကြီးများရယ်…အရီးသေးတင်တို့သားအမိအပြင်…
မောင်တိုးတို့ကာလသားသုံးလေးဦးတို့ကလည်း
နေရာယူကာထိုင်ကြ၏။
ရှေ့ဆုံးမှာတော့ဘွားမယ်စိန်က မိန့်မိန့်ကြီးထိုင်နေလေသည်။
သိုက်ပွဲများဘက်မျက်နှာမူထားသော ဘွားမယ်စိန်သည်…
“ကဲ…အားလုံးတိတ်တိတ်နေကြ…
ဘွားပြောတာတွေအသာနားထောင်ကြတော့”
ဟုပြောလိုက်၏။
ပြီးနောက်…
“မြန်မာပြည်တလွှားရှိ..သိုက်များကိုအုပ်ချုပ်ရပါသော
သိုက်ချုပ်ဘိုးဘိုးကြီးနှင့်တကွဆိုင်ရာပိုင်ရာများကိုခွင့်တောင်းအပ်ပါတယ်…ယခုသောင်ထွန်းရွာသူမသင်းရီနဲ့ပတ်သတ်
ဆက်နွယ်နေသော သိုက်မောင်ဘွားကို
ကျွန်မဘွားမယ်စိန်ပင့်ဖိတ်ပါတယ်…
ဆိုင်ရာပါရာများကလည်းခွင့်ပြုပေးပါလို့…
ခွင့်တောင်းပါတယ်…
မသင်းရီနဲ့ပတ်သတ်နေသောသိုက်မောင်ဘွား…
ယခုနေရာသို့လာရောက်ပေးပါ….လာရောက်ပေးပါ….”
“အင်းးး….ဟင်း….”
ဘွားမယ်စိန်၏တည်ကြည်ပြတ်သားလှသောအသံအဆုံး၍
နောက်ကျောဘက်၌ထိုင်နေသော မသင်းရီထံမှငြီးသံထွက်ပေါ်လာခဲ့သည်။
ထိုအခါ ဘွားမယ်စိန်သဘောပေါက်သွားပြီး
အနောက်သို့လှည့်၍…မသင်းရီထံမျက်နှာမူကာ
ထိုင်လ်ိုက်သည်။
“ဘာကိစ္စကျုပ်ကိုခေါ်တာတုန်း”
မသင်းရီသည်မကျေမနပ်သံဖြင့်မေးသည်။
ထိုအသံသည်က ယောကျာ်းကြီးတစ်ဦး၏အသံဖြစ်နေ၏။
အရီးဒေါ်သေးတင်နှင့်မောင်တိုးတို့အားလုံးနောက်သို့ပင်ဆုတ်ကုန်ကြသည်။
“အခုလာတာဘယ်သူလဲ…မသင်းရီနဲ့ဘာတော်သလဲ”
“ဒါကျုပ်နှမအငယ်ဆုံး…ခင်ဗျားက ဘိုးဘိုးတို့နဲ့တိုက်ရိုက်ပြောလို့ကျုပ်လာခဲ့ရတာ…ဘာကိစ္စတုန်း”
“ဒီကမသင်းရီရဲ့ဘဝဟောင်းကအစ်ကိုတော်ကြီးက
ဘာများအလိုမကျနေတာတုန်း…”
“ခင်ဗျားတို့က ကျုပ်နှမကိုပြန်မပေးဖို့ကြံနေတာ
ကျုပ်သိတယ်…ဒါပေမယ့်မရဘူး…သူ့အသက်သုံးဆယ်ကျော်ထိပဲကျုပ်ခွင့်ပြုခဲ့တာ…သူ့ကိုရအောင်ပြန်ခေါ်မှာ…”
“အို…သူကရောပြန်လာချင်ပါတယ်ပြောသလား…
သိုက်စည်း…လူ့စည်းဆိုတာဒီကမယ်စ်ိန်ကသိပါတယ်…
ဒါပေမယ့်ပြန်မလာချင်သူကိုအတင်းခေါ်လို့ကောရမလား”
“အိုဗျာ…သူပြန်လာကိုလာရမယ်…သူကတိပေးလို့သာ
ကျုပ်သူ့ကိုလွှတ်လိုက်တာ…အခုလည်းသူ့ကတိအတိုင်းပြန်ခေါ်ဖို့ကျုပ်လုပ်တာ…”
“အင်း…ဒါပေမယ့်ကလေးမက ဒီဘဝမှာသူ့အမေဆိုတဲ့
သံယောဇဥ်ကရှိနေပြီလေ…
ဒါကိုသူထားခဲ့ပြီးဘဝဟောင်းကိုမပြန်ချင်ရှာတော့ဘူး”
“ဒါတွေကျုပ်မသိဘူး…ကျုပ်သိတာရအောင်ပြန်ခေါ်ဖို့ပဲ”
မသင်းရီကိုယ်ထဲဝင်ရောက်နေသူသည်
အလွန်ဒေါသထွက်နေလေသည်။
ဘွားမယ်စိန်ကလည်း…
“ဒီလိုဆိုရင်ဘွားကအနုနည်းသုံးရမလား…
အကြမ်းနည်းသုံးရမလားကွဲ့…”
“ခင်ဗျားကြီးကပညာထက်တယ်ဆိုပြီးလုပ်လို့ရရိုးလား…
စမ်းကြည့်လေ…ကျုပ်ကတော့ကျုပ်နှမကိုရအောင်ခေါ်မှာ…”
“အကြမ်းနည်းတော့ဘွားမလုပ်ချင်ဘူးကွဲ့…
ဟောသည်ကပုဂ္ဂိုလ်ကလည်း သာသနာအကျိုးပြုဖို့လုပ်ဆောင်နေတဲ့သူမဟုတ်လား…
ဒီတော့ဘွားအနုနည်းနဲ့ပဲဆုံးဖြတ်ချင်တယ်…”
“ခင်ဗျားဘက်က…ဘယ်လိုဆုံးဖြတ်ချင်တာလဲ
ကျုပ်ကိုသေချာပြော”
“ဒီလိုလေ…ဟောသည် ပဲစေ့လေးတွေကို မသင်းရီတို့ရဲ့
အိမ်တိုင်လေးတိုင်မှာမြုပ်ထားမယ်..
ပဲစေ့တစ်စေ့ကပဲဖြစ်ဖြစ်အပင်ပေါက်ခဲ့ရင်
မောင်ရင့်နှမကိုမောင်ရင်ပြန်ခေါ်လို့ရမယ်…
ဒါဆိုရင် ဒီဘက်ကနေလည်းဘယ်လိုနည်းနဲ့မှမတားမြစ်ဘူး…
မခုခံဘူး…။
ဒါပေမယ့်…အဲ့ပဲစေ့တွေသာအပင်မပေါက်ခဲ့ဘူးဆိုရင်တော့ မောင်ရင့်နှမကိုသူ့ရဲ့လူ့သက်တမ်းပါသလောက်
နေထိုင်ခွင့်ပေးပါ…သိုက်ကိုလည်း
ပြန်မခေါ်ပါဘူးလို့ကတိပေးပါ”
ဘွားမယ်စိန်သည်သူ၏လက်အတွင်းရှိပဲစေ့လေးများကိုပြကာ
ပြောလေတော့ မသင်းရီထံ၌ဝင်ရောက်နေသော ပုဂ္ဂိုလ်သည်
ပဲစေ့များကိုကြည့်ရင်းငြိမ်သက်သွား၏။
သူသည်လည်းစဥ်းစားနေဟန်တူသည်။
ခဏမျှကြာလေမှ…
“အင်း…ဒီလိုဆိုလည်းရတယ်လေ…
ဒါပေမယ့် ခင်ဗျားတို့ဘက်ကလည်းကတိတော့တည်ပါစေနော်…”
“စိတ်ချပါ….ကတိကိုတည်စေရပါမယ်…”
“ကောင်းပြီ…ကျုပ်ဒီပဲစေ့အပင်ပေါက်တာနဲ့
ကျုပ်နှမကိုလာခေါ်မယ်…”
“ဒါဖြင့်လည်းဘွားတို့အတူတူအောက်ကို ဆင်းပြီး
ပဲစေ့တွေအိမ်တိုင်အောက်မှာမြှပ်ကြတာပေါ့ကွယ်…”
ဘွားမယ်စိန်နှင့်မသင်းရီတို့ အိမ်အောက်သို့ရောက်လာခဲ့သည်။
ရွာသူ၊ရွာသားတို့ကလည်းခြံထဲမှအသာငြိမ်ကြည့်နေကြ၏။
“မောင်တိုးရေ…ဘွားကိုဒီမှာပေါက်ပြားလေးနဲ့
မြေတူးပေးပါဦး”
မောင်တိုးအားတိုင်၏အောက်ခြေမြေသားကိုတူးစေသည်။
တူး၍အပြီး ပဲစေ့လေးကိုထည့်၍မြေမြုပ်လိုက်၏။
ကျန်တိုင်သုံးတိုင်ကိုလည်းထိုနည်းတူစွာပြုလုပ်လိုက်ပြီး…
“ကဲ…ဒါဆိုကျုပ်စောင့်ကြည့်နေမယ်…
ခင်ဗျားတို့ကတိသာတည်ပါစေ….”
“စိတ်ချပါကွယ်…”
ဘွားမယ်စိန်မသင်းရီမျက်နှာကိုစေ့စေ့ကြည့်၍ပြောလိုက်အပြီး
မသင်းရီသည် လဲကျသွားတော့သည်။
“သင်းရီကိုပွေ့ပြီးအိမ်ပေါ်ခေါ်လာခဲ့ကြ”
မောင်တိုးတို့လည်းမသင်းရီကိုဝိုင်းပွေ့၍အိမ်အပေါ်ထပ်သို့
ခေါ်သွားတော့သည်။
ဘုရားခန်းသို့ရောက်မှဘွားမယ်စိန်ကမသင်းရီကို
ရေမန်းဖြင့်ဖြန်းကာသတိပြန်လည်လာစေသည်။
မသင်းရီနိုးလာလာခြင်း…
“အမေ…ဘာ…ဘာတွေဖြစ်သွားလဲ”
ဟုအလန့်တကြားမေးလေတော့ အရီးသေးတင်က
ဘွားမယ်စိန်စီစဥ်ပေးခဲ့သမျှကိုပြောပြလိုက်သည်။
“ဒါဆို…ပဲစေ့..ပဲစေ့အပင်ပေါက်ရင်ကျုပ်သွားရမှာပေါ့”
မသင်းရီသည်မိခင်ကြီးကိုစိတ်မကောင်းစွာ
ကြည့်ရင်းပြောရှာသည်။
ထိုအခါဘွားမယ်စိန်က…
“ပဲစေ့အပင်ပေါက်တာမပေါက်တာထက်…
ညည်းတို့စိတ်ထဲအဲ့သည်အကြောင်းကိုလည်းမထားနဲ့တော့…
အရင်အတိုင်းသာနေကြ…”
“ရှင်…”
“မရှင်နဲ့သင်းရီ…ဘွားပြောတာနားထောင်…
အဲ့သည်ပဲပင်လည်းဘယ်တော့မှအပင်ပေါက်မှာမဟုတ်သလို…
ညည်းအစ်ကိုလည်းလာခေါ်မှာမဟုတ်ဘူး…
ဒါကြောင့်ဒီအကြောင်းတွေခေါင်းထဲကထုတ်ထားလိုက်တော့..
ဒါညည်းတို့အတွက်ဘွားကူညီပေးနိုင်တာပဲ”
ဘွားမယ်စိန်စကားကိုမသင်းရီနားမလည်ဖြစ်နေရှာသည်။
ခဏမျှကြာလေတော့ ဘွားမယ်စိန်ကိုလက်အုပ်ချီ၍
ကန်တော့လေသည်။
“ကျေးဇူးတင်ပါတယ်ဘွားရယ်…
ဘာပဲဖြစ်ဖြစ်ကျုပ်ဘက်ကဘွားကိုယုံကြည်တာမို့…
ဘွားပြောသလိုပဲနေပါ့မယ်…
အခုဆိုကျုပ်နဲ့အမေ့အပေါ်
ဘွားကျေးဇူးတွေရှိသွားပြီိမို့ကျုပ်ကန်တော့ပါတယ်တော်”
အရီးသေးတင်ခမျာလည်းမျက်ရည်များဖြင့်ပျော်နေရှာတော့၏။
*******************************
ထိုနောက်ဖြင့်ရွာထဲ၌…
“ဟဲ့…သင်းရီတို့ပဲစေ့တွေအပင်ပေါက်ရင်တော့
ခက်တော့မှာပဲနော်…ဟိုကပဲစေ့တွေသာအပင်ပေါက်ရင်
သင်းရီကိုလာခေါ်မှာ…”
“အေးလေ..ဘွားနဲ့ကလည်းကတိပေးထားတော့
အပင်သာပေါက်ရင်သင်းရီတို့တော့သနားပါတယ်ဟယ်…”
ဟု…အမျိုးမျိုးပြောနေကြပါသော်လည်း…
မသင်းရီတို့အိမ်ထံသိုက်ပွဲမပေးခင်အချိန်က…
“အမေ…မီးဖိုထဲဘာဝင်လုပ်နေတာလဲ…
ဘာချက်မလိုလဲကျုပ်လုပ်ပေးမယ်လေတော်…”
“အို…အသာနေစမ်းပါမိဝင်းရယ်..
အမေပြင်စရာရှိလို့…ညည်းအသာနေလိုက်”
ဘွားမယ်စိန်သည် မြေအိုးအလွတ်ကိုမီးဖိုပေါ်တင်၍
ပဲစေ့များကိုလှော်နေခြင်းဖြစ်သည်။
ထိုပဲစေ့များကိုမီးပြင်းပြင်းဖြင့်လှော်နေသော မိခင်ဖြစ်သူကို
ဒေါ်ဝင်းမမေးရဲပဲအသာကြည့်နေခဲ့သည်။
ယခုတော့ထိုပဲစေ့များသည် မသင်းရီတို့အိမ်တိုင်အောက်၌မြေဖို့ခံထားရပြီဖြစ်သည်။
မီးပြင်းပြင်းဖြင့်လှော်ထားသောပဲစေ့များသည်
ဘယ်တော့မှအပင်မပေါက်နိုင်ဘူးဆိုတာဘွားမယ်စိန်သိသလို…
မသင်းရီကိုလည်းသူ့သိုက်မှပြန်လာမခေါ်တော့ဘူးဆိုတာ
ကလည်းပို၍သေချာနေပြီဆိုတာ…ဘွားမယ်စ်ိန်အပြင်
သမီးဖြစ်သူဒေါ်ဝင်းတစ်ယောက်သိထားခဲ့ပါသော်လည်း
မည်သူ့ကိုမှပြန်ပြောမပြခဲ့ပေ။
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်သိုက်မှလာသောမသင်းရီ အကြောင်းလေးပြီးဆုံးသွားပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Zawgyi Version
ဘြားမယ္စိန္ႏွင့္သိုက္မွလာေသာမသင္းရီ(စ/ဆုံး)
————————————-
“လုပ္ၾကပါဦး…အမယ္ေလး…
ငါ့သမီးေလးမရွိေတာ့ဘူးအီးးးးးဟီးးးးးးဟီးးးးးးးးး”
“ဟဲ့…ဘာျဖစ္တာတုန္း…”
“ဟာ…ဘာအသံတုန္း”
ေသာင္ထြန္း႐ြာလမ္းမထက္၍ ေအာ္ဟစ္ငိုယိုေနေသာ
မိန္းမႀကီးတစ္ေယာက္။
သူ၏ေအာ္ငိုသံေၾကာင့္ ေသာင္ထြန္း႐ြာသူ၊႐ြာသားတို႔မွာ
အိပ္ရာမွအလန္႔တၾကား ႏိုးလာခဲ့ၾကရရွာသည္။
အသံၾကားရေသာ႐ြာလမ္းမဆီသို႔ဖေယာင္းတိုင္မ်ားကိုင္ကာ
ထြက္လာခဲ့ၾကၿပီး…
“ဟာအရီးေသးတင္ ဘာမ်ားျဖစ္တာတုန္း”
“အရီး လမ္းမႀကီးမွာထိုင္ၿပီးဘာလို႔ငိုေနရတာလဲ”
အခ်ိန္ကလည္းညနက္ေလၿပီ။
အရီးေသးတင္သည္ ႐ြာေတာင္ပိုင္း၌ သမီးျဖစ္သူႏွင့္အတူေနထိုင္သူပင္။
လင္သားမရွိေသာ္လည္း အရီးေသးတင္တို႔ခမ်ာ
သားအမိႏွစ္ေယာက္တစ္ေယာက္ကိုတစ္ေယာက္အားကိုးရင္းသာေနထိုင္ခဲ့ၾကရသည္။
“ငါ့သမီးေပြာကျႏေလို႔…အီးးးးဟီးးးးးဟီးးးးးးးးးးးး”
“ဟင္…အရီးသမီးေပ်ာက္ေနတယ္…
ဘယ္တုန္းကလည္း”
အရီးေသးတင္၏သမီးျဖစ္သူမသင္းရီမွာအသက္အားျဖင့္
သုံးဆယ္ေက်ာ္အ႐ြယ္။
အညာသူပီပီအသားကမညိဳရွာဘဲအေတာ္ျဖဴေဖြး၏။
မသင္းရီ၏ ခႏၶာကိုယ္က ခပ္ေတာင့္ေတာင့္…အရပ္ျမင့္ျမင့္ပင္။
႐ုပ္ရည္ကေတာ့႐ြက္ၾကမ္းရည္ႀကိဳျဖစ္သည္။
ယခု ထိုမသင္းရီေပ်ာက္ဆုံးေနသည္ဆိုၿပီး
အရီးေသးတင္မွာ
လမ္းမႀကီးအလည္၌ညႀကီးမိုးခ်ဳပ္ေအာ္ဟစ္ကာ
ငိုေႂကြးေနရွာသည္။
“အရီး…သင္းရီေပ်ာက္တာေသခ်ာသလား”
“ေသခ်ာပါတယ္ဆိုေအ…ငါတေရးႏိုးလို႔ေဘးကိုၾကည့္တာ
သူမရွိဘူး…အိမ္ေနာက္ေဖးေကာ အိမ္အျပင္ေကာ
ေသခ်ာရွာၿပီးပါၿပီေအ…သင္းရီမ မရွိေတာ့ဘူး…
အီးးးးဟီးးးးးးးဟီးးးးးးးးးး”
“သင္းရီမမွာ
ရည္းစား…ဘာညာရွိတယ္လို႔မၾကားမိပါဘူးေတာ္”
“ေအးေလ…သင္းရီမ ေလာက္ေအးတာ
သင္းရီမပဲရွိတာ…ရည္းစားရွိတယ္လို႔မၾကားမိဘူး”
“ညည္းတို႔ကသာမၾကားမိတာ…
ငါ့သမီးကအိမ္မွာမရွိေတာ့ဘူးေအ့…
အီးးးးးဟီးးးးးးဟီးးးးးးးးးး”
အရီးေသးတင္ခမ်ာလည္းတစ္ဦးထဲေသာအားကိုးရာ
သမီးျဖစ္သူေပ်ာက္ဆုံးသြားျခင္းကို
စိတ္မေကာင္းစြာငိုေႂကြးေနရွာသည္။
႐ြာသူတို႔ကလည္းဝိုင္းဝန္းေဖ်ာင္းဖ်ၾက၏။
ေနာက္ဆုံး တစ္႐ြာလုံးသိသြားၿပီး အရီးေသးတင္ကိုလည္း
သူႀကီးဦးေနာင္ခ်ိဳကသူ၏အိမ္သို႔ေခၚသြားေလသည္။
“ကဲ…အရီးေသးတင္….မငိုပါနဲ႔ေတာ့ဗ်ာ…
က်ဳပ္ေမာင္အုန္းတို႔အဖြဲ႕ကိုေဟာသည္႐ြာနီးခ်ဳပ္စပ္အကုန္
လိုက္စုံစမ္းခိုင္းေနပါတယ္…ဟဲ့မိညိဳတို႔ညည္းတို႔ကလည္း
မိန္းမသားအခ်င္းခ်င္းေျပာၾကပါဦး”
“က်ဳပ္တို႔လည္း ေဖ်ာင္းဖ်တာပဲသူႀကီးရယ္…
အရီးေသးတင္ကသူ႔သမီးေဇာနဲ႔ဆိုေတာ့က်ဳပ္တို႔စကားက
မတိုးဘူးျဖစ္ေနတာေတာ့္”
အရီးေသးတင္သည္ ေျမေပၚ၌ေဆာင့္ေၾကာင့္ႀကီးထိုင္၍
သူ၏ခ်ည္တဘက္ႀကီးကိုမ်က္ႏွာအပ္ၿပီးငိုေနရွာသည္။
သူႀကီးဦးေနာင္ခ်ိဳလည္းအရီးေသးတင္ကိုၾကည့္၍…
“ဟင္း…”ခနဲ သက္ျပင္းခ်လိုက္ေလသည္။
ထိုစဥျ…
“ဟာ…ဘြားေရာက္လာတာပဲ…ညႀကီးကို”
“ေအး…႐ြာထဲကသတင္းၾကားလို႔ေရာက္လာခဲ့တာပဲ
ေမာင္ေနာင္ခ်ိဳေရ…”
“ထိုင္ပါဘြား”
ဘြားမယ္စိန္သည္ ေတာင္ေဝွးကိုေထာက္၍ သူႀကီးဦးေနာင္ခ်ိဳအိမ္သို႔ေရာက္လာခဲ့သည္။
သူႀကီးဦးေနာင္ခ်ိဳကလည္းအံ့ၾသသြား၏။
႐ြာသူတို႔ကလည္း ဘြားမယ္စိန္ကို ခုံ၌ထိုင္ဖို႔ေနရာဖယ္ေပးၾကေလသည္။
ဘြားမယ္စိန္က ခုံ၌မထိုင္ေသးဘဲေျမျပင္၌ေဆာင့္ေၾကာင့္ထိုင္ကာငိုေႂကြးေနေသာအရီးေသးတင္ကိုၾကည့္၍…
“ဟဲ့…ေသးတင္…”
“ရွင္…ရွင္…ဘြား”
“နင့္သမီးက ခုမွေပ်ာက္ဖူးတာလား”
“ရွင္…အဲ့….အဲ့တာ……..”
“ငါ ဟိုးတုန္းကတည္းကမေျပာဘူးလား…
နင့္သမီးက သိုက္ကလာတယ္ဆိုတာ..
အခုလည္း နင့္သမီးကိုသူ႔သိုက္ထဲက ေဆြမ်ိဳးေတြက
ခဏလာေခၚသြားျပန္ၿပီ…အဲ့သည္ေတာ့
ညည္းဘယ္လိုလုပ္မလဲ”
“အီးးးးဟီးးးးးးးးဟီးးးးးးးးက်ဳပ္မသိေတာ့ပါဘူးေတာ္”
အရီးေသးတင္က ငိုျပန္သည္။
သူႀကီးဦးေနာင္ခ်ိဳတို႔က အံ့ၾသေနၾက၏။
“ဒါဆို သင္းရီက ရည္းစားနဲ႔ခိုးေျပးတာမဟုတ္ဘူးေပါ့ေလ”
“ဘယ္ကခိုးေျပးရမွာလဲ…သင္းရီအခု ႐ြာအေရွ႕တည့္တည့္က
ေစတီေဟာင္းအနားမွာရွိတယ္…ညည္းတို႔သြားေခၚခ်ည္ၾက…”
“ဗ်ာ….ဟုတ္….ဟုတ္ကဲ့ဘြား”
သူႀကီးဦးေနာင္ခ်ိဳ ဘြားမယ္စိန္ေျပာလိုက္ေသာစကားေၾကာင့္
ခ်ီတုံခ်တုံ ျဖစ္သြားသည္။
အရီးေသးတင္ကေတာ့အငိုရပ္သြားေတာ့၏။
ထိုအခါဘြားမယ္စိန္လည္းခုံ၌ဝင္ထိုင္ၿပီး သူယူလာေသာေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကိုမီးၿမိဳက္၍
ရႈိက္ကာေသာက္လိုက္သည္။
ၿပီးေလမွ…
“သြားရင္…ေရာ့…ဒီေရမန္းေလးကိုပါတစ္ခါထဲယူသြား…
အဲ့သည္ေနရာမွာ သင္းရီေတာင့္ေတာင့္ႀကီးရပ္ေနလိမ့္မယ္…
ေရမန္းနဲ႔သာျဖန္းၿပီးဒီကိုျပန္ေခၚလာခဲ့ၾက”
“ဟုတ္ကဲ့ဘြား…ကဲ…မိညိဳ ညည္းတို႔အဖြဲ႕လိုက္ခဲ့ၾကေတာ့…
ေမာင္အုန္းတို႔က ေဘး႐ြာေတြသြားေနၾကတာဆိုေတာ့
ဒီမွာလူကမရွိဘူး…အရီးေသးတင္ကေတာ့အိမ္မွာပဲေနခဲ့ဗ်ာ
က်ဳပ္တို႔သင္းရီကိုျပန္ေခၚလာခဲ့ပါ့မယ္…”
“ေအး…ေအး…ဂ႐ုစိုက္ၾကဦးေနာ္”
ဘြားမယ္စိန္သည္ သူႀကီးဦးေနာင္ခ်ိဳတို႔အဖြဲ႕၏ေနာက္ေက်ာကို
ၾကည့္ရင္းသူ၏ေဆးလိပ္ႀကီးကို မီးမေသေအာင္
ဖြာခနဲဖြာခနဲရႈိက္ကာေသာက္ေနေလသည္။
အရီးေသးတင္ကေတာ့နံေဘး၌ ေရေႏြးၾကမ္းေလးကို
ေရေႏြးပန္းကန္လုံးေလးထဲငွဲ႔ယူကာေသာက္ေနရွာေတာ့သည္။
သူႀကီးဦးေနာင္ခ်ိဳႏွင့္႐ြာသူတို႔သည္ မီးတုတ္ေလးတစ္ေခ်ာင္းသာ ယူလာၾကၿပီး ႐ြာအေရွ႕ဘက္ဆီသို႔ခပ္သုတ္သုတ္ေလွ်ာက္လာခဲ့ၾက၏။
“သူႀကီး…တစ္ခ်က္တီးေလာက္ပဲရွိေသးတာ
က်ဳပ္ေတာ့ေၾကာက္တယ္ေနာ္”
“ေအးေလဟယ္…ဘြားခိုင္းလို႔သာလာရတာ…
ခပ္ေၾကာက္ေၾကာက္ပဲ”
“ဘြားကလည္းသူကိုယ္တိုင္လာလို႔ရသားနဲ႔.
ငါတို႔ကိုဘာလို႔ခိုင္းတာလဲမသိဘူး”
“ဟဲ့…ေကာင္မေတြ…ဘြားကသူလာလို႔ရတာမွန္တယ္…
အခုကိစၥက သူလိုက္လာဖို႔ထိမလိုလို႔ငါတို႔ကိုခိုင္းတာ…
လာၾကလွ်ာမရွည္ၾကနဲ႔ ေရွ႕ဆိုေရာက္ၿပီ”
မိညိဳတို႔အုပ္စုစကားေျပာေနၾကသျဖင့္သြားသည္မွာ
ပိုေႏွးေနခဲ့ေလရာ
သူႀကီးဦးေနာင္ခ်ိဳကဝင္ကာေဟာက္လိုက္သည္။
“အမယ္ေလး…ဘုရားပ်က္နဲ႔
ပတ္ဝန္းက်င္နဲ႔ကေတာ့ဟုတ္ေနၿပီ..
က်ဳပ္တို႔မလိုက္ရဲဘူးသူႀကီး”
“အီး…ဟုတ္တယ္သူႀကီး….က်ဳပ္တို႔…က်ဳပ္တို႔ေၾကာက္တယ္”
ဘုရားပ်က္ႏွင့္မလွမ္းမကမ္းသို႔ေရာက္လာခဲ့ၾကသည္။
နံေဘး၌သစ္ပင္ႀကီးငယ္တို႔ျဖင့္အုပ္ဆိုင္းေနေသာ
ဘုရားပ်က္ဆီသို႔ ႐ြာသူတို႔မလိုက္ရဲၾက။
ထိုေနရာကို ေန႔ပိုင္းဆိုလွ်င္ေတာင္ ေတာ္တန္မလာရဲၾကေသာ
ေနရာပင္။
ယခုလည္း သူႀကီးႏွင့္အတူ
႐ြာသူမိညိဳတို႔ ထိုေနရာသို႔ေရာက္ရွိလာၾကေလၿပီ။
ေဘးပတ္ဝန္းက်င္ကိုၾကည့္ေတာ့ ပိုးေကာင္ေအာ္ျမည္မ်ားမွလႊဲ၍ မည္သည့္အသံမွမၾကားရ။
“ဟယ္….ဟိုမွာ…ဟိုမွာသင္းရီမလား…
ဘုရားပ်က္ေဘးမွာေတာင့္ေတာင့္ႀကီးရပ္ေနတာက”
“ဟာ…ဟုတ္သား…လာၾကေဟ့…လာၾက”
မိညိဳသည္ ဘုရားပ်က္ေတာင္ဘက္ေထာင့္၌မတ္တပ္
ရပ္ေနေသာသင္းရီအားလက္ညိဳးထိုးကာျပလိုက္ေလေတာ့
သူႀကီးဦးေနာင္ခ်ိဳမွ မီးတုတ္ႀကီးကိုေျမႇာက္ကိုင္၍
မိညိဳတို႔ကိုအပါေခၚလာခဲ့၏။
“ႏြယ္ေတြျမက္ေတြဒီေလာက္ထူေနတာကို
မေၾကာက္မလန္႔နဲ႔ မိသင္းရီကေတာ့…”
ဟု…သူႀကီးဦးေနာင္ခ်ိဳေျပာရင္း မသင္းရီထံေရာက္လာခဲ့သည္။
မိညိဳတို႔အုပ္စုကေတာ့ေၾကာက္ဟန္ျဖင့္ အေနာက္မလွမ္းမကမ္းမွေနေနခဲ့ၾက၏။
သူႀကီးဦးေနာင္ခ်ိဳသည္ လူႀကီးပီပီ မသင္းရီ၏ပုခုံးက္ိုပုတ္၍…
“ဟဲ့သင္းရီ…”
ဟုေခၚလိုက္ေသာ္လည္းမသင္းရီသည္ေက်ာေပးလ်က္သားအတိုင္းရွိၿပီးတုတ္တုတ္မွ်ပင္မလႈပ္…။
ထိုအခါ သူႀကီးဦးေနာင္ခ်ိဳလည္း မသင္းရီ၏အေရွ႕သို႔သြားကာၾကည့္ေလေတာ့…
“ဟာ…..သင္းရီ…ဟဲ့…သင္းရီ…..ေၾသာ္…”
“ျဖန္း”
သူႀကီးဦးေနာင္ခ်ိဳသည္ သင္းရီ၏ပုံစံေၾကာင့္ထိတ္လန္႔သြား၏။
သင္းရီမွာက မ်က္လုံးမ်ားမွိတ္ၿပီး
ေတာင့္ေတာင့္ႀကီးရပ္ေနေလသည္။
ထိုအခါ ဘြားမယ္စိန္ေျပာသည္မ်ားကိုအမွတ္ရသြားၿပီး
ေရမန္းပုလင္းကိုအဖုံးဖြင့္၍ သင္းရီမ်က္ႏွာထံသို႔
ျဖန္းခနဲပတ္ခ်လိုက္ေသာအခါ…
(ေရမန္းနဲ႔မ်က္ႏွာကိုပတ္လိုက္ျခင္းမို႔
အသံကေတာ့အဲ့သည္ေလာက္မျမည္ေလာက္)
“ဟင္……”
သင္းရီ၏မ်က္လုံးမ်ားပြင့္လာကာ ေဘးဘီကို
အလန္႔တၾကားဟန္ျဖင့္ၾကည့္ေလသည္။
သူ႔အနီး၌ရွိေသာ သူႀကီးဦးေနာင္ခ်ိဳကိုေသာ္လည္းေကာင္း၊
မလွမ္းမကမ္း၌ရွိေသာ မိညိဳတို႔အုပ္စုအားလည္းေကာင္း
နားမလည္ဟန္ျဖင့္ၾကည့္ကာ…
“က်ဳပ္…ဘယ္ကိုေရာက္ေနတာလဲ”
ဟုေမးေလေတာ့သည္။
“ဘယ္ကိုေရာက္ေနတာလဲမေမးနဲ႔သင္းရီေရ…
လာ…လာ…ဒီေနရာကအျမန္ဆုံးျပန္ၾကစို႔”
သူႀကီးဦးေနာင္ခ်ိဳသည္ သင္းရီကိုျပန္ၾကဖို႔ေျပာေလေတာ့
မိညိဳတို႔ကသင္းရီလက္ကိုလာဆြဲ၍ ေရွ႕မွခပ္သုတ္သုတ္ျပန္ၾကေတာ့သည္။
သင္းရီလည္းအတူလိုက္ပါသြားေတာ့၏။
႐ြာထဲသို႔ဝင္လာေတာ့သတင္းေမွ်ာ္ေနေသာ႐ြာသူမ်ားႏွင့္သက္ႀကီး႐ြယ္အိုမ်ားက သင္းရီကိုျမင္ေလေတာ့
ဝမ္းသာအားရျဖင့္ေမးၾကျမန္းၾကသည္။
“ကဲ..ကဲ…ဒီေနရာမွာတစ္ေယာက္ခ်င္းေျဖေနလို႔မရဘူး…
အဲ့သည္ေတာ့က်ဳပ္အိမ္ကိုပဲခင္ဗ်ားတို႔လိုက္ခဲ့ၾက…
ဒါမွက်ဳပ္တို႔အားလုံးအေၾကာင္းစုံသိၾကရမွာ…”
ဟု…သူႀကီးဦးေနာင္ခ်ိဳကေျပာေလမွ
အားလုံးတိတ္သြားၾကေတာ့သည္။
သူႀကီးဦးေနာင္ခ်ိဳတို႔အိမ္ဆီသို႔သာလိုက္ပါလာၾက၏။
သူႀကီးဦးေနာင္ခ်ိဳအိမ္ဆီသို႔ေရာက္ေတာ့ၿခံေပါက္ဝမွလွမ္းေမွ်ာ္ေနေသာ အရီးေသးတင္ခမ်ာ သမီးျဖစ္သူကိုအေျပးဖက္၍
ငိုျပန္ေလသည္။
“အမယ္ေလး…သမီးရဲ႕…ဘယ္ေတြသြားေနတာတုန္း…
အီးးးဟီးးးးးးဟီးးးးးးး”
“အေမ…”
မသင္းရီသည္အရီးေသးတင္ကိုျပန္လည္ဖက္ထားသည္။
“ကဲ…သားအမိႏွစ္ေယာက္အလြမ္းသည္တာ
ခဏထားဦး..သင္းရီဒီီကိုလာခဲ့ဦး”
“သမီးသြား…ညည္းအဘြားေခၚေနတယ္…”
အရီးေသးတင္သည္ဘြားမယ္စိန္အသံၾကားေတာ့
မသင္းရီကိုဘြားမယ္စိန္ထိုင္ေနေသာခုံဆီသို႔လႊတ္လိုက္သည္။
မသင္းရီသြားေလေတာ့ သူႀကီးဦးေနာင္ခ်ိဳတို႔ကေတာ့
မလွမ္းမကမ္း၌သာေနခဲ့ၾက၏။
“လာ…ဘယ္သူကဘယ္ကိုေခၚသြားတာတုန္းသင္းရီ…”
ဟု…ဘြားမယ္စိန္က ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို
ဖြာရႈိက္လိုက္ၿပီးေနာက္မီးခိုးေငြ႕မ်ားကိုပါးစပ္မွမႈတ္ထုတ္လိုက္ကာ မသင္းရီကိုေမးေလသည္။
“ဘြား…ဒါ…ဒါက…”
“သင္းရီ…ညည္းဘြားကိုမညာနဲ႔…
ညည္းကိုျပန္ေခၚေနၾကၿပီမလား”
ဘြားမယ္စိန္အေမးေၾကာင့္မသင္းရီသည္
မ်က္ရည္ေလးတစမ္းစမ္းျဖင့္ေခါင္းကိုညိတ္ျပသည္။
“ဒီေတာ့ညည္းဘာလုပ္မလဲ…”
“က်ဳပ္အေမ့ကိုမထားခဲ့ႏိုင္ဘူး…အီးးးးးဟီးးးးဟီးးးးးးးးး”
မသင္းရီသည္စကားအဆုံး၌ ငိုခ်ေတာ့သည္။
မသင္းရီႏွင့္ဘြားမယ္စိန္ေျပာေသာစကားမ်ားကို
အရီးေသးတင္ၾကားေသာအခါ သူ႔ခမ်ာလည္းငိုေနရွာ၏။
ေဘးကလူမ်ားကေတာ့စိတ္မေကာင္းၾကေပ။
“သိုက္ေနရာေျပာင္းေတာ့မယ္လို႔အစ္ကိုႀကီးကေျပာတယ္…
က်ဳပ္ကိုျပန္ေခၚဖို႔သူတို႔စိတ္ေစာေနတယ္ဘြား…”
မသင္းရီသည္ ငယ္စဥ္ကတည္းက သိုက္မွလာသူျဖစ္မွန္း
ဘြားမယ္စိန္သိ၍ အရီးေသးတင္ကိုသတိေပးခဲ့၏။
“ေသးတင္…ညည္းသမီးကသိုက္ကလာတာေအ့…”
“သမီးေလးကသိုက္ကလာတာဆိုေတာ့
က်ဳပ္ဘာလုပ္ရမလဲဘြား…”
“ေစာင့္ၾကည့္ၾကပါဦးစို႔ ေသးတင္ရယ္…
တခ်ိဳ႕သိုက္ဆက္မ်ားကလူ႔ဘဝကိုလာပုံျခင္းကမတူေတာ့
ေျပာဖို႔ကေစာေသးတယ္…”
“အဲ့သည္လိုလား…
ဒါဆိုရင္ဘြားေျပာသလိုေစာင့္ၾကည့္ရဦးမွာေပါ့ေတာ္…”
မသင္းရီ ႀကီးပ်င္းလာသည့္တေလွ်ာက္ သူ၏သိုက္အေၾကာင္း
တစ္လုံးတစ္ေလမွမဟခဲ့။
မိခင္ႀကီးႏွင့္ဘဝကိုခက္ခက္ခဲခဲ႐ုန္းကန္ကာ ေနထိုင္ခဲ့ရွာ၏။
ယခုမသင္းရီအသက္သုံးဆယ္ေက်ာ္မွ
အိမ္မက္မ်ားကမက္လာခဲ့သည္။
သိုက္နန္းႀကီးအတြင္းသို႔သူ႔အားေခၚယူလာၾကၿပီး
ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းမ်ားေျပာၾက…ငိုၾကျဖင့္
ထိုမ်က္ႏွာမ်ားကိုမသင္းရီမွတ္မိလာ၏။
အသက္သုံးဆယ္ေက်ာ္သာလူ႔ဘဝ၌ေနထိုင္ပါမည္ဟု
ကတိေပးခဲ့၍သာသူ႔အားလႊတ္လိုက္ျဖင္းျဖစ္ေၾကာင္း…
ယခုလည္းသိုက္ေနရာေ႐ြ႕ဖို႔အေၾကာင္းဖန္လာၿပီမို႔
မသင္းရီကိုလည္းတပါထဲေခၚသြားခ်င္ေၾကာင္းမ်ားေျပာလာၾကေတာ့၏။
ယခုလည္း
မသင္းရီတစ္ေယာက္အိပ္ရင္းလမ္းေလွ်ာက္သူပမာ…
သိုက္ရွိရာေစတီပ်က္ဆီသို႔ညဘက္အခ်ိန္မေတာ္ေရာက္ရွိလာခဲ့ၿပီး သူ၏စိတ္ဝိညာဥ္သည္ကသိုက္နန္းထဲရွိေမာင္ႏွမမ်ားျဖင့္
စကားေျပာေနခဲ့သည္။
သူႀကီးဦးေနာင္ခ်ိဳကဘြားမယ္စိန္ခိုင္းသည့္အတိုင္းေရမန္းျဖင့္
ျဖန္းလိုက္ေလမွ မသင္းရီသတိျပန္ဝင္လာခဲ့ျခင္းျဖစ္၏။
ဘြားမယ္စိန္သည္ ငိုေႂကြးေနေသာ မသင္းရီကိုၾကည့္ရင္း…
“ဒီီကိစၥက ညည္းျပန္မသြားခ်င္႐ိုးမွန္ရင္
ဘြားကူညီေပးပါ့မယ္ေအ”
“ရွင္…ဘြားကူညီမယ္…”
“ေအးေပါ့ေအ…ညည္းတို႔သားအမိရဲ႕အပူေတြကိုျမင္ေတာ့
ဒီအဘြားႀကီးကဘယ္ေနသာမတုန္းေအ့…
ဒါေၾကာင့္…ဆိုင္ရာပိုင္ရာေတြကို
ခြင့္ေတာင္းၿပီးစီစဥ္ၾကတာေပါ့ေအ”
“အမယ္ေလး…ေက်းဇူးတင္လိုက္တာဘြားရယ္…”
အရီးေဒၚေသးတင္သည္ဝမ္းသာတႀကီးျဖင့္ေျပာေလသည္။
“ကဲ…ဒါျဖင့္လည္း
မနက္ၾကမွပဲစီစဥ္စရာရွိတာစီစဥ္ၾကတာေပါ့ေအ…
အခုေတာ့ ကိုယ့္အိမ္ကိုယ္ျပန္လိုက္ၾကေတာ့…”
“ဟုတ္ကဲ့ဘြား…ဒါဆိုမနက္က်ဳပ္တို႔ဘြားအိမ္ကိုလာခဲ့ပါ့မယ္”
“မလာနဲ႔မလာနဲ႔…ညည္းတို႔အိမ္ကိုပဲဘြားလာခဲ့မယ္…
ပြဲသုံးပြဲသာထိုးထားၾက…
အသီးအႏွံေကာမ်ားမ်ားရွာဝယ္ထား”
“ဟုတ္…ဟုတ္ကဲ့ဘြား”
ဘြားမယ္စိန္သည္မသင္းရီတို႔သားအမိကိုမွာၾကားၿပီးသူ၏
ေနအိမ္သို႔ျပန္သြားေတာ့သည္။
ေသာင္ထြန္း႐ြာသူ၊႐ြာသားတို႔လည္း
မသင္းရီတို႔သိုက္ပြဲတင္မည့္အေၾကာင္းကို စိတ္ဝင္စားသြားၾကသည္။
“မနက္ၾကရင္ေတာ့သင္းရီမတို႔အိမ္ကိုသြားၾကမယ္ေအ…”
“ဒါမ်ိဳးအလြတ္ခံရင္တို႔ရာဇဝင္႐ိုင္းကုန္မွာေပါ့ေအ့”
ဟုပင္ေျပာကုန္ၾကသည္။
******************************
ေနာက္တစ္ေန႔နံနက္ခင္း၌ဘြားမယ္စိန္ကိုေမာင္တိုး၊ေမာင္အုန္းတို႔ကိုယ္တိုင္လာေခၚၾကသည္။
႐ြာေတာင္ပိုင္းက မသင္းရီတို႔အိမ္သို႔ဘြားမယ္စိန္ေရာက္လာခ်ိန္မွာေတာ့ လူအေတာ္မ်ားေနသည္ကိုျမင္သြားကာ…
“တို႔႐ြာသူ၊႐ြာသားေတြကအေတာ္ေလးစိတ္ဝင္စားေနၾကတာပါလား…ဒါေပမယ့္ေမာင္ေနာင္ခ်ိဳရဲ႕…လူမ်ားလြန္းတာက
မေကာင္းဘူး…ဒီေတာ့ၿခံဝိုင္းထဲကေနပဲ
လွမ္းၾကည့္ၾကဖို႔ေျပာလိုက္ကြဲ႕”
“ဟုတ္ကဲ့ဘြား”
သူႀကီးဦးေနာင္ခ်ိဳလည္း ဘြားမယ္စိန္ခိုင္းသည့္အတိုင္းလူမ်ားကိုအရင္ရွင္းရသည္။
ဘြားမယ္စိန္သည္ မသင္းရီတို႔အိမ္အေပၚထပ္ရွိဘုရားခန္းသို႔သြားကာ ျပတင္းတံခါးမ်ားကိုအကုန္ဖြင့္လိုက္သည္။
“ပြဲေတြဒီနားလာခ်ၾက…”
ဟုခိုင္းေလေတာ့ေမာင္တိုးတို႔ကပြဲမ်ားကိုလာခ်ၾကသည္။
အသီးအႏွံမ်ားကိုလည္းပန္းကန္မ်ားျဖင့္သပ္သပ္ရပ္ရပ္ျပင္ဆင္ေပးထားသည္မို႔ဘြားမယ္စိန္ကေသခ်ာေနရာခ်၏။
အားလုံးျပင္ဆင္ၿပီးေလေတာ့သူႀကီးဦးေနာင္ခ်ိဳတို႔လူႀကီးမ်ားရယ္…အရီးေသးတင္တို႔သားအမိအျပင္…
ေမာင္တိုးတို႔ကာလသားသုံးေလးဦးတို႔ကလည္း
ေနရာယူကာထိုင္ၾက၏။
ေရွ႕ဆုံးမွာေတာ့ဘြားမယ္စိန္က မိန္႔မိန္႔ႀကီးထိုင္ေနေလသည္။
သိုက္ပြဲမ်ားဘက္မ်က္ႏွာမူထားေသာ ဘြားမယ္စိန္သည္…
“ကဲ…အားလုံးတိတ္တိတ္ေနၾက…
ဘြားေျပာတာေတြအသာနားေထာင္ၾကေတာ့”
ဟုေျပာလိုက္၏။
ၿပီးေနာက္…
“ျမန္မာျပည္တလႊားရွိ..သိုက္မ်ားကိုအုပ္ခ်ဳပ္ရပါေသာ
သိုက္ခ်ဳပ္ဘိုးဘိုးႀကီးႏွင့္တကြဆိုင္ရာပိုင္ရာမ်ားကိုခြင့္ေတာင္းအပ္ပါတယ္…ယခုေသာင္ထြန္း႐ြာသူမသင္းရီနဲ႔ပတ္သတ္
ဆက္ႏြယ္ေနေသာ သိုက္ေမာင္ဘြားကို
ကြၽန္မဘြားမယ္စိန္ပင့္ဖိတ္ပါတယ္…
ဆိုင္ရာပါရာမ်ားကလည္းခြင့္ျပဳေပးပါလို႔…
ခြင့္ေတာင္းပါတယ္…
မသင္းရီနဲ႔ပတ္သတ္ေနေသာသိုက္ေမာင္ဘြား…
ယခုေနရာသို႔လာေရာက္ေပးပါ….လာေရာက္ေပးပါ….”
“အင္းးး….ဟင္း….”
ဘြားမယ္စိန္၏တည္ၾကည္ျပတ္သားလွေသာအသံအဆုံး၍
ေနာက္ေက်ာဘက္၌ထိုင္ေနေသာ မသင္းရီထံမွၿငီးသံထြက္ေပၚလာခဲ့သည္။
ထိုအခါ ဘြားမယ္စိန္သေဘာေပါက္သြားၿပီး
အေနာက္သို႔လွည့္၍…မသင္းရီထံမ်က္ႏွာမူကာ
ထိုင္လ္ိုက္သည္။
“ဘာကိစၥက်ဳပ္ကိုေခၚတာတုန္း”
မသင္းရီသည္မေက်မနပ္သံျဖင့္ေမးသည္။
ထိုအသံသည္က ေယာက်ာ္းႀကီးတစ္ဦး၏အသံျဖစ္ေန၏။
အရီးေဒၚေသးတင္ႏွင့္ေမာင္တိုးတို႔အားလုံးေနာက္သို႔ပင္ဆုတ္ကုန္ၾကသည္။
“အခုလာတာဘယ္သူလဲ…မသင္းရီနဲ႔ဘာေတာ္သလဲ”
“ဒါက်ဳပ္ႏွမအငယ္ဆုံး…ခင္ဗ်ားက ဘိုးဘိုးတို႔နဲ႔တိုက္႐ိုက္ေျပာလို႔က်ဳပ္လာခဲ့ရတာ…ဘာကိစၥတုန္း”
“ဒီကမသင္းရီရဲ႕ဘဝေဟာင္းကအစ္ကိုေတာ္ႀကီးက
ဘာမ်ားအလိုမက်ေနတာတုန္း…”
“ခင္ဗ်ားတို႔က က်ဳပ္ႏွမကိုျပန္မေပးဖို႔ႀကံေနတာ
က်ဳပ္သိတယ္…ဒါေပမယ့္မရဘူး…သူ႔အသက္သုံးဆယ္ေက်ာ္ထိပဲက်ဳပ္ခြင့္ျပဳခဲ့တာ…သူ႔ကိုရေအာင္ျပန္ေခၚမွာ…”
“အို…သူကေရာျပန္လာခ်င္ပါတယ္ေျပာသလား…
သိုက္စည္း…လူ႔စည္းဆိုတာဒီကမယ္စ္ိန္ကသိပါတယ္…
ဒါေပမယ့္ျပန္မလာခ်င္သူကိုအတင္းေခၚလို႔ေကာရမလား”
“အိုဗ်ာ…သူျပန္လာကိုလာရမယ္…သူကတိေပးလို႔သာ
က်ဳပ္သူ႔ကိုလႊတ္လိုက္တာ…အခုလည္းသူ႔ကတိအတိုင္းျပန္ေခၚဖို႔က်ဳပ္လုပ္တာ…”
“အင္း…ဒါေပမယ့္ကေလးမက ဒီဘဝမွာသူ႔အေမဆိုတဲ့
သံေယာဇဥ္ကရွိေနၿပီေလ…
ဒါကိုသူထားခဲ့ၿပီးဘဝေဟာင္းကိုမျပန္ခ်င္ရွာေတာ့ဘူး”
“ဒါေတြက်ဳပ္မသိဘူး…က်ဳပ္သိတာရေအာင္ျပန္ေခၚဖို႔ပဲ”
မသင္းရီကိုယ္ထဲဝင္ေရာက္ေနသူသည္
အလြန္ေဒါသထြက္ေနေလသည္။
ဘြားမယ္စိန္ကလည္း…
“ဒီလိုဆိုရင္ဘြားကအႏုနည္းသုံးရမလား…
အၾကမ္းနည္းသုံးရမလားကြဲ႕…”
“ခင္ဗ်ားႀကီးကပညာထက္တယ္ဆိုၿပီးလုပ္လို႔ရ႐ိုးလား…
စမ္းၾကည့္ေလ…က်ဳပ္ကေတာ့က်ဳပ္ႏွမကိုရေအာင္ေခၚမွာ…”
“အၾကမ္းနည္းေတာ့ဘြားမလုပ္ခ်င္ဘူးကြဲ႕…
ေဟာသည္ကပုဂၢိဳလ္ကလည္း သာသနာအက်ိဳးျပဳဖို႔လုပ္ေဆာင္ေနတဲ့သူမဟုတ္လား…
ဒီေတာ့ဘြားအႏုနည္းနဲ႔ပဲဆုံးျဖတ္ခ်င္တယ္…”
“ခင္ဗ်ားဘက္က…ဘယ္လိုဆုံးျဖတ္ခ်င္တာလဲ
က်ဳပ္ကိုေသခ်ာေျပာ”
“ဒီလိုေလ…ေဟာသည္ ပဲေစ့ေလးေတြကို မသင္းရီတို႔ရဲ႕
အိမ္တိုင္ေလးတိုင္မွာျမဳပ္ထားမယ္..
ပဲေစ့တစ္ေစ့ကပဲျဖစ္ျဖစ္အပင္ေပါက္ခဲ့ရင္
ေမာင္ရင့္ႏွမကိုေမာင္ရင္ျပန္ေခၚလို႔ရမယ္…
ဒါဆိုရင္ ဒီဘက္ကေနလည္းဘယ္လိုနည္းနဲ႔မွမတားျမစ္ဘူး…
မခုခံဘူး…။
ဒါေပမယ့္…အဲ့ပဲေစ့ေတြသာအပင္မေပါက္ခဲ့ဘူးဆိုရင္ေတာ့ ေမာင္ရင့္ႏွမကိုသူ႔ရဲ႕လူ႔သက္တမ္းပါသေလာက္
ေနထိုင္ခြင့္ေပးပါ…သိုက္ကိုလည္း
ျပန္မေခၚပါဘူးလို႔ကတိေပးပါ”
ဘြားမယ္စိန္သည္သူ၏လက္အတြင္းရွိပဲေစ့ေလးမ်ားကိုျပကာ
ေျပာေလေတာ့ မသင္းရီထံ၌ဝင္ေရာက္ေနေသာ ပုဂၢိဳလ္သည္
ပဲေစ့မ်ားကိုၾကည့္ရင္းၿငိမ္သက္သြား၏။
သူသည္လည္းစဥ္းစားေနဟန္တူသည္။
ခဏမွ်ၾကာေလမွ…
“အင္း…ဒီလိုဆိုလည္းရတယ္ေလ…
ဒါေပမယ့္ ခင္ဗ်ားတို႔ဘက္ကလည္းကတိေတာ့တည္ပါေစေနာ္…”
“စိတ္ခ်ပါ….ကတိကိုတည္ေစရပါမယ္…”
“ေကာင္းၿပီ…က်ဳပ္ဒီပဲေစ့အပင္ေပါက္တာနဲ႔
က်ဳပ္ႏွမကိုလာေခၚမယ္…”
“ဒါျဖင့္လည္းဘြားတို႔အတူတူေအာက္ကို ဆင္းၿပီး
ပဲေစ့ေတြအိမ္တိုင္ေအာက္မွာျမႇပ္ၾကတာေပါ့ကြယ္…”
ဘြားမယ္စိန္ႏွင့္မသင္းရီတို႔ အိမ္ေအာက္သို႔ေရာက္လာခဲ့သည္။
႐ြာသူ၊႐ြာသားတို႔ကလည္းၿခံထဲမွအသာၿငိမ္ၾကည့္ေနၾက၏။
“ေမာင္တိုးေရ…ဘြားကိုဒီမွာေပါက္ျပားေလးနဲ႔
ေျမတူးေပးပါဦး”
ေမာင္တိုးအားတိုင္၏ေအာက္ေျခေျမသားကိုတူးေစသည္။
တူး၍အၿပီး ပဲေစ့ေလးကိုထည့္၍ေျမျမဳပ္လိုက္၏။
က်န္တိုင္သုံးတိုင္ကိုလည္းထိုနည္းတူစြာျပဳလုပ္လိုက္ၿပီး…
“ကဲ…ဒါဆိုက်ဳပ္ေစာင့္ၾကည့္ေနမယ္…
ခင္ဗ်ားတို႔ကတိသာတည္ပါေစ….”
“စိတ္ခ်ပါကြယ္…”
ဘြားမယ္စိန္မသင္းရီမ်က္ႏွာကိုေစ့ေစ့ၾကည့္၍ေျပာလိုက္အၿပီး
မသင္းရီသည္ လဲက်သြားေတာ့သည္။
“သင္းရီကိုေပြ႕ၿပီးအိမ္ေပၚေခၚလာခဲ့ၾက”
ေမာင္တိုးတို႔လည္းမသင္းရီကိုဝိုင္းေပြ႕၍အိမ္အေပၚထပ္သို႔
ေခၚသြားေတာ့သည္။
ဘုရားခန္းသို႔ေရာက္မွဘြားမယ္စိန္ကမသင္းရီကို
ေရမန္းျဖင့္ျဖန္းကာသတိျပန္လည္လာေစသည္။
မသင္းရီႏိုးလာလာျခင္း…
“အေမ…ဘာ…ဘာေတြျဖစ္သြားလဲ”
ဟုအလန္႔တၾကားေမးေလေတာ့ အရီးေသးတင္က
ဘြားမယ္စိန္စီစဥ္ေပးခဲ့သမွ်ကိုေျပာျပလိုက္သည္။
“ဒါဆို…ပဲေစ့..ပဲေစ့အပင္ေပါက္ရင္က်ဳပ္သြားရမွာေပါ့”
မသင္းရီသည္မိခင္ႀကီးကိုစိတ္မေကာင္းစြာ
ၾကည့္ရင္းေျပာရွာသည္။
ထိုအခါဘြားမယ္စိန္က…
“ပဲေစ့အပင္ေပါက္တာမေပါက္တာထက္…
ညည္းတို႔စိတ္ထဲအဲ့သည္အေၾကာင္းကိုလည္းမထားနဲ႔ေတာ့…
အရင္အတိုင္းသာေနၾက…”
“ရွင္…”
“မရွင္နဲ႔သင္းရီ…ဘြားေျပာတာနားေထာင္…
အဲ့သည္ပဲပင္လည္းဘယ္ေတာ့မွအပင္ေပါက္မွာမဟုတ္သလို…
ညည္းအစ္ကိုလည္းလာေခၚမွာမဟုတ္ဘူး…
ဒါေၾကာင့္ဒီအေၾကာင္းေတြေခါင္းထဲကထုတ္ထားလိုက္ေတာ့..
ဒါညည္းတို႔အတြက္ဘြားကူညီေပးႏိုင္တာပဲ”
ဘြားမယ္စိန္စကားကိုမသင္းရီနားမလည္ျဖစ္ေနရွာသည္။
ခဏမွ်ၾကာေလေတာ့ ဘြားမယ္စိန္ကိုလက္အုပ္ခ်ီ၍
ကန္ေတာ့ေလသည္။
“ေက်းဇူးတင္ပါတယ္ဘြားရယ္…
ဘာပဲျဖစ္ျဖစ္က်ဳပ္ဘက္ကဘြားကိုယုံၾကည္တာမို႔…
ဘြားေျပာသလိုပဲေနပါ့မယ္…
အခုဆိုက်ဳပ္နဲ႔အေမ့အေပၚ
ဘြားေက်းဇူးေတြရွိသြားၿပီိမို႔က်ဳပ္ကန္ေတာ့ပါတယ္ေတာ္”
အရီးေသးတင္ခမ်ာလည္းမ်က္ရည္မ်ားျဖင့္ေပ်ာ္ေနရွာေတာ့၏။
*******************************
ထိုေနာက္ျဖင့္႐ြာထဲ၌…
“ဟဲ့…သင္းရီတို႔ပဲေစ့ေတြအပင္ေပါက္ရင္ေတာ့
ခက္ေတာ့မွာပဲေနာ္…ဟိုကပဲေစ့ေတြသာအပင္ေပါက္ရင္
သင္းရီကိုလာေခၚမွာ…”
“ေအးေလ..ဘြားနဲ႔ကလည္းကတိေပးထားေတာ့
အပင္သာေပါက္ရင္သင္းရီတို႔ေတာ့သနားပါတယ္ဟယ္…”
ဟု…အမ်ိဳးမ်ိဳးေျပာေနၾကပါေသာ္လည္း…
မသင္းရီတို႔အိမ္ထံသိုက္ပြဲမေပးခင္အခ်ိန္က…
“အေမ…မီးဖိုထဲဘာဝင္လုပ္ေနတာလဲ…
ဘာခ်က္မလိုလဲက်ဳပ္လုပ္ေပးမယ္ေလေတာ္…”
“အို…အသာေနစမ္းပါမိဝင္းရယ္..
အေမျပင္စရာရွိလို႔…ညည္းအသာေနလိုက္”
ဘြားမယ္စိန္သည္ ေျမအိုးအလြတ္ကိုမီးဖိုေပၚတင္၍
ပဲေစ့မ်ားကိုေလွာ္ေနျခင္းျဖစ္သည္။
ထိုပဲေစ့မ်ားကိုမီးျပင္းျပင္းျဖင့္ေလွာ္ေနေသာ မိခင္ျဖစ္သူကို
ေဒၚဝင္းမေမးရဲပဲအသာၾကည့္ေနခဲ့သည္။
ယခုေတာ့ထိုပဲေစ့မ်ားသည္ မသင္းရီတို႔အိမ္တိုင္ေအာက္၌ေျမဖို႔ခံထားရၿပီျဖစ္သည္။
မီးျပင္းျပင္းျဖင့္ေလွာ္ထားေသာပဲေစ့မ်ားသည္
ဘယ္ေတာ့မွအပင္မေပါက္ႏိုင္ဘူးဆိုတာဘြားမယ္စိန္သိသလို…
မသင္းရီကိုလည္းသူ႔သိုက္မွျပန္လာမေခၚေတာ့ဘူးဆိုတာ
ကလည္းပို၍ေသခ်ာေနၿပီဆိုတာ…ဘြားမယ္စ္ိန္အျပင္
သမီးျဖစ္သူေဒၚဝင္းတစ္ေယာက္သိထားခဲ့ပါေသာ္လည္း
မည္သူ႔ကိုမွျပန္ေျပာမျပခဲ့ေပ။
ထိုသို႔ျဖင့္ဘြားမယ္စိန္ႏွင့္သိုက္မွလာေသာမသင္းရီ အေၾကာင္းေလးၿပီးဆုံးသြားပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)