Unicode Version
“မြတ်စံထွန်း”နှင့်နတ်ချုပ်အဆောင်(စ/ဆုံး)
—————————-
“မိုးကြိုးထိချက်၊သစ်ကနက်ကို
သန်လျက်အသွင်၊လည်ဝယ်ဆင်က
မမြင်အပ်ရာ ၊ နတ်ဒေဝါတို့
မကြာရောက်ရ ၊ စေသော်ရ၏”
ထိုညနေ၌ မြတ်စံထွန်းသည် ရှေ့မှမြင်နေရသော ညောင်ဖြူပင်ရွာသို့ အထူးသွားလိုစိတ်ဖြစ်ပေါ်နေ၏။သို့ရာတွင် မြင်နေရသောရွာသည်ခပ်ရေးရေးသာရှိနေသေးသည့်အပြင် မိုးချုပ်လုနီးနီးမို့ အနီးရှိသစ်ပင်ကြီးအောက်၌ ခေတ္တအနားယူလိုက်သည်။
နံနက်လင်းသောအခါ ညောင်ဖြူပင်ရွာသို့ဦးတည်၍ ထွက်ခွာလာခဲ့တော့သည်။ ညောင်ဖြူပင်ရွာသည် ကုန်းဘောင်ခေတ်မှစ၍ ရွာကြီးရွာကောင်းအဖြစ်ထင်ရှားခဲ့လေ၏။သို့သော်လည်း ပါတော်မူပြီးနောက် စစ်ဘေးဒုက္ခကိုအကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ရွာလည်းပျက်သုဉ်းခဲ့ရသည်။ လွတ်လပ်ရေးမရသေးသော်လည်း အချက်အချာကျသည့် မြစ်ကမ်းဘေးတွင်တည်ထားသောကြောင့် ခဏချင်းရွာပြန်တည်ပြီး နေထိုင်ကြပြန်၏။အင်္ဂလိပ်တို့ အဝင်အထွက်လည်းမကင်းပေ။
မြတ်စံထွန်းလည်း ရွာဦးမှ သာသနိကအဆောက်အအုံများကိုစတင်မြင်တွေ့မြင်လာရပြီ။ရွာဦးကျောင်း၌လည်း ကျောင်းသစ်ကြီးကိုဆောက်လုပ်လှူဒါန်းထားပြီး ဆရာတော်သံဃာတော်များနှင့် သာမဏေငယ်များသီတင်းသုံးရာဖြစ်လာသည်။
မပြုမပြင်ဘဲ ရှေးမူမပျက်ထားရှိသည့်နေရာကား ကျောင်းဟောင်းကြီးဘေးမှ ဘုရားပြိုကုန်းပင်ဖြစ်သည်။ဘကြီးတော်ဘုရားလက်ထက်တော်မတိုင်မီကပင် တည်ထားကိုးကွယ်သော စေတီကြီးမှာလည်းဟောင်းနွမ်း၍တစ်ခြမ်းပြိုကျလျက်ရှိ၏။
ထိုစေတီပျက်ကြီးအနီး၌ ဓာတ်နန်းသဖွယ်အဆောက်အအုံတစ်ခုလည်းဆောက်လုပ်ထားသည်။မြတ်စံထွန်းသည် အမှတ်မထင်ဓာတ်နန်းထဲသို့လှမ်းကြည့်လိုက်လေရာ ဝိဇ္ဇာတစ်ပါးကဲ့သို့ အသွင်ရှိသည့် သစ်သားပန်းပုရုပ်ထုကြီးကို ထုပ်လုပ်ပူဇော်ထားသည်ကိုတွေ့ရ၏။
ရုပ်ထု၏အသွင်သဏ္ဍာန်မှာ လက်ထဲတွင်ပုတီးတစ်ကုံးကိုင်ထားပြီးလွယ်အိတ်တစ်လုံးကိုလည်းလွယ်ထားသည်။ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ပုတီးကိုင်ထားသောညာလက်ခုံတွင်စကြာပုံအမှတ်အသားတစ်ခုကိုလည်းတွေ့ရပြန်၏။ဓာတ်နန်း နဖူးစည်းတွင်လည်း ဘိုးအောင်ခန့်ဟု ကမ္ဗည်းထိုးထားသည်။ထိုအဘိုး၏ ဓာတ်နန်း၌ အောင်သပြေ၊အလင်းတိုင်၊အမွေးတိုင်၊အုန်းငှက်ပျော၊စသည်များအပြင် ကွမ်း၊ဆေးလိပ်၊ လက်ဖက် ၊ ကြက်ကြော် ၊ နှင့် ကောက်ညှင်းများကိုလည်းတင်မြှောက်ထားကြသည်။ ထွက်ရပ်ပေါက်ဝိဇ္ဇာကြီး၏ ဓာတ်နန်းမှာ နတ်ကွန်းနှင့်ပင်တူလှချေ၏။
မြတ်စံထွန်းလည်းအတန်ကြာအောင်ငေးကြည့်နေပြီးမှ မျက်နှာလွဲ၍ ရွာထဲသို့ဝင်လေသည်။ ရွာလယ်ပိုင်း ခြံဝိုင်းတစ်ခုအတွင်း၌ အင်ဖက်မိုး ထရံကာ အိမ်ငယ်ကလေးတစ်လုံးကိုတွေ့ရ၏။ ထိုအိမ်အနီးသို့ရောက်သောအခါအိမ်အတွင်းမှ….
“ခွန်နှစ်ထွေ ခြောက်ထိုး…ကိုးကွ”
“ဟေ့ကောင်…လူလည်မကျနဲ့…ခုနစ် နှစ်ချပ်ကို ခြောက်ထပ်ဆွဲမိမှတော့ နှစ်ဆယ် ဘူပြီလေ…ရဲခေါင်ကိုဒါမျိုးလာမလုပ်နဲ့ တစ်ဝိုင်းလုံးဒိုင်စားတယ်…ဟဲဟဲ”
အသုဘအိမ်မဟုတ်ဘဲ ရွာချင်းချိန်းဆို၍ ဖဲဝိုင်းဆင်နေကြခြင်းဖြစ်သည်။မြတ်စံထွန်းလည်းဖဲဝိုင်းအနီးသို့ကပ်သွားခဲ့သည်။ ဖဲရိုက်ကြသူငါးယောက်အပြင် ဘေးမှထိုးသူများ၊ဖဲကောက်များဖြင့်စည်ကားနေသည်။ ထူးခြားသည်မှာမည်သို့ပင်ကုလားဖန်ထိုးထိုး၊မည်သို့ပင်ချိုး၍ ဝေဝေအလယ်မှဖဲဒိုင်သည်အမြဲလိုလို ကိုးကျနေသည်ကိုတွေ့ရ၏။
ဖဲဒိုင်ကိုင်သူ ရဲခေါင်သည် အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်ရှိပြီး အင်္ဂလိပ်ခေတ်ထုံးစံအတိုင်း ဗိုလ်ဆံတောက်ဖြင့်ဖြစ်သည်။ ရှူးဖိနပ်ကိုမချွတ်ဘဲ တင်ပျဉ်ခွေထိုင်နေပြီး လည်ကတုံးပေါ်တွင်ကုတ်အင်္ကျီထပ်၍ လည်ပင်းတွင်လည်းအင်္ဂလိပ်အခေါ် မာဖလာကိုတစ်ပတ်တင်ပတ်ထားသေးသည်။စကားအသွားအလာကိုကြည့်ခြင်းအားဖြင့်ထင်သည့်အတိုင်း ရဲခေါင်သည် သူကြီးသားဖြစ်နေ၏။
နောက်တစ်ဝိုင်းအစ ဖဲဝေပြီးချိန်တွင် ဘေးမှအရက်ပုလင်းကိုကောက်မော့လိုက်ပြီးလက်မကိုကွေးပြလိုက်သည်နှင့်နောက်မှ အပေါင်းအပါတို့သည် ဆေးပြင်းလိပ်ကိုမီးညှိပြီး ရဲခေါင်၏ပါးစပ်တွင်တပ်ပေးရသည်။ ဖဲချပ်များကိုကောက်ကိုင်ပြီး ဆေးလိပ်ငွေ့ဖြင့် မှုတ်လိုက်သည်။ ထို့နောက် ဖဲပွင့်များအပေါ်ဈာဉ်ဝင်ရင်း နှစ်ချပ်ထဲလှန်ချလိုက်ပြန်၏။ တစ်နှင့်ရှစ်ကို အပွင့်တူထပ်ကျနေသဖြင့် တစ်ဝိုင်းလုံးသိမ်းပြန်၏။ခါးပိုက်ထဲတွင်လည်း ရာတန်များမနည်းတော့ပေ။
မြတ်စံထွန်းဖဲဝိုင်းအနီးသို့ရောက်သောအခါ သူကြီးသား ဖဲဒိုင်ရဲခေါင်က…
“ဟလို…နောင်ကြီး….စိတ်ပါရင်ဝင်ထိုင်ဗျာ…အမှန်အကန်လျော်တယ်နော် မြင်တဲ့အတိုင်းပဲ”
ဤသို့ဗိုလ်ဆန်ဆန်နှုတ်ဆက်ရင်းခါးပိုက်ထဲမှရာတန်များကိုမြတ်စံထွန်းမြင်သာအောင်ပြ၏။မြတ်စံထွန်းကလည်းပြုံး၏။တစ်ဝိုင်းလုံးတွင်လည်းငွေတိုငွေစများ ကုန်လုနီးနီးဖြစ်နေသောကြောင့်ဝိုင်းဖယ်ပေးကြရာ မြတ်စံထွန်းက…
“နေကြပါနောင်ကြီးတို့…ကျုပ်ဒီဖက်က ထိုင်ပါမယ်…
ဟောဒီက သူကြီးမင်းရဲ့သားကိုရဲခေါင်နဲ့ နှစ်ယောက်ထဲဖဲကစားကြည့်ချင်တယ်…”
“လုပ်လိုက်လေဗျာ…ကြာသလားလို့…အော်..နေအုံး ခင်များမှာငွေဘယ်လောက်ပါသလဲ”
မြတ်စံထွန်းသည် အိမ်ထဲသိုမဝင်မီကပင် အိမ်အပြင်မှသစ်ရွက်များကို ငွေစက္ကူများအဖြစ်ဘကြီးခိုင်ပေးသောနည်းအတိုင်း နာနာရုပ်အတတ်ဖြင့် စီမံထားပြီးဖြစ်သည်။ သို့သော်ထိုငွေစက္ကူများသည်မွန်းတည့်ချိန်၌သစ်ရွက်ပြန်ဖြစ်သွားနိုင်၏။ ငွေပါသည်ကိုမြင်သောရဲခေါင်သည် မြတ်စံထွန်းဘက်သို့မျက်နှာမူပြီး ဖဲထုပ်ကို ဖြေလေသည်။ မြတ်စံထွန်းကဖဲထုပ်ကိုကောက်ကိုင်ပြီးလက်ဖြင့်တစ်ချက်ပုတ်သည်။
အနီးအနားမှ ရွာခံများ၊ရဲခေါင်၏အပေါင်းအသင်းများနှင်ဧည့်သည်များဝိုင်းကြည့်နေကြချိန်မြတ်စံထွန်းကရာတန်ငါးရွက်ကိုချသည်။ရဲခေါင်လည်း ရာတန်ငါးရွက်ထပ်ပြီး တစ်ထောင်ကြေးဖြင့်စတင်လိုက်ကြသည်။ ကြေးကြီးဝိုင်းဖြစ်သောကြောင့် အနားမှလူများလည်း စိတ်ဝင်စားကြ၏။
ဖဲဝေချိန်၌ မြတ်စံထွန်းသည်လွယ်အိတ်ထဲမှဆေးအချို့ဖြင့်မျက်စိကိုမသိမသာပွတ်လိုက်သည်။မြတ်စံထွန်း၏မျက်လုံးထဲမှ ဖဲချပ်များသည်ကြည်လင်နေပြီး အပွင့်အားလုံးကို တစ်ချက်တစ်ချက်ဖောက်မြင်လာရသည်။ တစ်ယောက်နှစ်ချပ်စီဝေပြီးချိန်၌ ရဲခေါင်၏ဖဲတွင်တစ်ဆယ်နှစ်လုံးကျနေသည်ကိုသိ၍ သူ့ဖဲခုနစ်ကိုလှန်လိုက်သည်။
သို့သော်လည်းရဲခေါင်၏ဖဲလှန်ချိန်တွင် ကိုးဖြစ်နေသည်ကိုထူးဆန်းစွာတွေ့လိုက်ရ၏။ ဝိဇ္ဇာပေးသောမျက်ကွင်းဆေးသည်မှားနိုင်ရန်အကြောင်းမရှိ၊ဆယ်ဂဏန်းများကိုသိသိသာသာ မြင်လိုက်ရသည်။ ဖဲလှန်ချိန်ရောက်မှ ကိုးဖြစ်နေသည်ကိုမြတ်စံထွန်းစဉ်းစားရခက်နေသည်။
ငွေငါးရာပါသွားသော်လည်း မြတ်စံထွန်းကရာတန်ဆယ်ရွက်နှင့်ဆတိုးထပ်လောင်းပြန်သည်။သူကြီးသား ရဲခေါင်လည်း လောင်းကြေးထပ်လိုက်၏။ထို့နောက်လည်ပင်းမှ မာဖလာကို ဖြေခါပြီးဘေးတွင်ချထားလိုက်သည်။ထိုအခါရဲခေါင်၏၏သည်ပင်းမှ သန်လျက်သဏ္ဍန်သစ်ကနက်သားညိုညစ်ညစ်ကို ကိုတွေ့လိုက်ရ၏။
မျက်စံထွန်းလည်းဖဲဝေနေချိန်စဉ်စားလိုက်သည်။ငယ်စဉ်က ကပ္ပိယဦးထွန်းရှိန်သင်ကြားပေးသည့်ပညာများထဲ၌ မိုးကြိုးပစ်ခံထားရသော သစ်ကနက်သားကို သန်လျက်ထု၍လည်ပင်း၌ဆောင်ထားလျှင်သုံးဆယ့်ခုနစ်မင်းနတ်နှင့်နတ်စိမ်းများကိုနိုင်သည်ဟုသိထားဖူး၏။ ထို့ကြောင့်ရဲခေါင်အား နတ်တစ်ပါးပါးကူညီနေသည်ကိုသိ၍ ရှုံးမဲမဲသလိုနှင့်တောက်ခေါက်လိုက်သည်။ထို့နောက်အနီးအပါးတွင်နတ်စိမ်းများမနေနိုင်သော ကာရှစ်ချက် ဂါထာကိုရွတ်ဆိုလိုက်၏။
ထို့နောက်မြတ်စံထွန်းသည်ဖဲများကိုကြည့်ပြန်၏။ သူ၏ဖဲ၌ ကုလားနှစ်ကောင်ပါနေပြီးရဲခေါင်၏ဖဲတွင် တစ် ဖြစ်နေပြန်သည်။ ထို့နောက်တစ်ယောက်တစ်ချပ်စီဆွဲကြရာ ရဲခေါင်ဖဲတွင်ရှစ်လိုက်ပြီးကိုးဖြစ်ပြန်၏။ရဲခေါင်လည်းနိုင်ပြီအထင်နှင့်လောင်းကြေးကိုလက်ရွယ်လိုက်ရာမြတ်စံထွန်းကဖဲသုံးချပ်ကိုထောင်ပြလေ၏။ရဲခေါင်အောင့်သက်သက်ဖြစ်သွားသည်။မြတ်စံထွန်းက ကုလားသုံးကောင်။
မြတ်စံထွန်းလည်းလောင်းကြေးများကိုမသိမ်းဘဲ နှစ်ထောင်ကြေးစိန်ခေါ်သည်။ ရဲခေါင်ရှိကျန်ငွေများကိုရေတွက်ရာနှစ်ထောင်မပြည့်သဖြင့် အပေါင်းအသင်းများထံမှယူပြီး လောင်းကြေးထပ်သည်။ ရဲခေါင်ရှုံးမဲ မဲလာပြီး ဖဲထုပ်ကိုကိုင်သည်။ ပိုင်သမျှအကုန်ကြေးမို့လက်များလည်း တုန်နေသည်။ဖဲဝေပြီးချိန်၌ မြတ်စံထွန်းကဖဲမကြည့်ဘဲတစ်ချပ်ပိုဝေခိုင်းသည်။ ရဲခေါင်လည်းဖဲတွင်ကုလားနှစ်ကောင်ဖြစ်နေသဖြင့်မရဲတရဲဆွဲလိုက်သည်။နောက်ထပ်ကုလားတစ်ကောင်ပါလာသဖြင့်မျက်နှာမှာရွှင်လန်းသွားသည်။နိုင်ပြီဟုလည်းတစ်ထစ်ချယုံကြည်ထား၏။
“ကိုရဲခေါင်… လောင်းကြေးတိုးရအောင်ဗျာ…”
“တိုးချင်သပဗျာ…ကျုပ်မှာလည်းဒါအကုန်ဗျ…”
နိုင်နေပြီမှန်းသိသောကြောင့်ရဲခေါင်ကလောင်းကြေးတိုးမည်ပြောသောမြတ်စံထွန်းကိုကြည့်ရင်းလှောင်ပြုံးပြုံးသည်။
မြတ်စံထွန်းကဆက်၍ဆိုသည်…
“နှုတ်ကတိနဲ့လောင်းမယ်ဆိုရင်ရော…”
“ဘယ်လိုများလည်းဗျ…”
“ကျုပ်ရှုံးရင် လောင်းကြေးအကုန်လုံးအပြင် ပါသမျှငွေသုံးထောင်အကုန်ထားခဲ့မယ်…နိုင်ရင်ခင်များတစ်သက်လုံးဖဲမရိုက်ရဘူးလို့ကတိပေးမလား”
သူကြီးသားရဲခေါင်လည်းစဉ်းစားလိုက်သည်။ထို့နောက်မြတ်စံထွန်းသည်ဧည့်သည်ဖြစ်၍ ဖဲရိုက်၏မရိုက်၏ကိုမသိနိုင်ဟုတွေးပြီးကတိပေးမည်အပြု…
“လွယ်လွယ် မပေးနဲ့ကိုရဲခေါင်…ဖဲတင်မဟုတ်ဘူး လောင်းကစားဆိုဘာမှမလုပ်ရဘူးနော် အရက်လည်းဖြတ်ရလိမ့်မယ်…ဘယ့်နှယ်လဲ”
“အောင်မယ်လေးဗျာ…နိုင်ပဲနိုင်ပါစေအုံး…ခင်များသာနိုင်ရင် ခင်များပြောသလိုအကုန်ဖြစ်စေရမယ်၊ခင်များဆီမှာ တပည့်ခံမယ်ဗျာ ဆိုခဲစေမြဲစေပဲ…ကဲရော…”
ကုလားသုံးကောင်ကို ဖျာကြမ်းပေါ်သို့ဟန်ပါပါပစ်ချပြီးအောင်နိုင်သူတို့အပြုံးဖြင့် မြတ်စံထွန်းကိုကြည့်နေသည်။ မြတ်စံထွန်းလည်းမဲ့ပြုံးကလေးပြုံးလိုက်ပြီး လက်ထဲမှာတစ်သုံးလုံးကိုထောင်ပြလိုက်သောအခါ ရဲခေါင်လည်းပါးစပ်အဟောင်းသားဖြစ်သွားသည်။အနီးအနားမှပွဲကြည့်ပရိသတ်များလည်း”ဟင်”ခနဲ”ဟာ”ခနဲ့ဖြစ်ကုန်ကြသည်။
“ကဲ…နှုတ်ကတိတည်ထားတဲ့အတိုင်း…မင်းအရက်နဲ့လောင်းကစားကိုစွန့််လွတ်ပေတော့ ငါ့နောက်လိုက်ခဲ့”
ကိုရဲခေါင်လည်း ယောက်ျားကောင်းတို့ အမူအကျင့်အတိုင်း ကတိကိုစောင့်သိပြီးမြတ်စံထွန်းနောက်လိုက်ခဲ့၏။ မြတ်စံထွန်းသည် ရဲခေါင်၏အိမ်သို့သွားကြရန်ဆို၏။ သူကြီးအိမ်သို့ရောက်သောအခါ သူကြီးက…
“မိန်းမရေ….ဟိုမယ် မင်းသားဧည့်သည်ခေါ်လာတယ်ကွ…အရင်လို အရက်သမားဖဲသမားတော့မဟုတ်ဘူး..ဆေးဆရာနဲ့တူတယ်”
ထိုသို့ပြောသောအခါ သူကြီးနှင့်သူကြီးကတော်တို့ကဒီမှာထိုင်ကြပါ၊ဒီဟာကလေးစားပါအုံးဟူ၍မြတ်စံထွန်းကိုဧည့်ဝတ်ပြုကြသည်။ ထို့နောက်လာရင်းကိစ္စကိုမေးမြန်းကြရာ မြတ်စံထွန်းလည်း ခရီးသွားတစ်ဦးဖြစ်ကြောင်း၊သွားရင်းလာရင်းသူကြီးသားနှင့်တွေ့ကြောင်း လည်ပင်းမှသန်လျက်သဏ္ဍာန်သစ်ကနက်သားအကြောင်းနှင့် ရွာထိပ်ဓာတ်နန်းမှဘိုးအောင်ခန့်အကြောင်းသိလို၍လာရခြင်းဖြစ်ကြောင်းပြော၏။ထိုအခါရဲခေါင်၏အဖေဖြစ်သူရွာသူကြီး၏ပြောပြချက်အရညောင်ဖြူပင်ရွာတွင် ပါးစပ်ရာဇဝင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းကလေးတစ်ပုဒ်လည်းရှိသည်ကိုသိရ၏။ အကြောင်းအရာသည်ကား ရွာထိပ်မှဘုရားပျက်ကြီးအောက်၌ သိုက်နန်းတစ်ခုရှိပြီး သိုက်ထဲတွင်ဆေးဝိဇ္ဇာကြီးအဘဘိုးမင်းခေါင်၏ အသက်ထောင်ချီရှည်စေတတ်သော ဆေးဖော်စပ်နည်းကျမ်းကို ဌာပနာသွင်းထားသည်မှစခဲ့၏။
ကျောင်းထိုင်ဆရာတော်ကြီးဦးကုသလ၏ နောက်ဆုံးထွက်ရပ်ပေါက်ည၌ နတ်ဘီလူးတစ်ကောင်သည် ထိုသိုက်နန်းအားဖောက်ထွင်း၍ ပုရပိုဒ်ကိုလည်းလုယူသွားသည်ဟုဆို၏။ ထိုကျောင်းမှ ကပ္ပိယကြီးအဂ္ဂနှင့်ဆရာတော်ကြီးတို့မွေးစားထားသော အောင်ခန့်ဟူသည့် လူငယ်သည် ထိုပုရပိုဒ်ကို ပြန်လည်ရှာဖွေပြီး သိုက်နန်းသို့အပ်ခဲ့ကြောင်း။ထိုတာဝန်လုပ်ဆောင်နေ
စဉ်ဆုံခဲ့ရသည့်မိုးဆွေဟူသော ကဝေတစ်ကောင်ကို လည်းလမ်းမှန်ပြ၍ ထုံကူးဘဝဆက်ပေးခဲ့ကြောင်း။၎င်းအောင်ခန့်သည် အဘဘိုးမင်းခေါင်၏အကူအညီဖြင့်သိဒ္ဓိဆယ်ပါးအထက်ကိုလွန်၍ မဟိဒ္ဓိတပ်ခဲ့ပြီး လက်မှမွေးရာပါစကြာအမှတ်အသားကြောင့် “မဟိဒ္ဓိစကြာရှင်”ဟူသောအမည်ဖြင့် ယနေ့တိုင် ဝိဇ္ဇာတို့နေထိုင်ရာမဟာမြိုင်တောတွင် အသက်ထောင်ချီရှိနေ
တော့မည်ဖြစ်သည်။အခြားအရပ်ဒေသမှ ပြောင်းရွှေ့လာသူများသည် အယုံအကြည်နည်းပါးသော်လည်း ရွာခံလူကြီးများက ယုံကြည်ကြသောကြောင့်”မဟိဒ္ဓိစကြာရှင်”ကို ပထမဆုံး တွေ့ခဲ့ရသည့် ထိုဘုရားပျက်ကြီးအနီးတွင် ယုံကြည်သူရွာသားများက ဓာတ်နန်းတစ်ခုဆောက်လုပ်ပြီး ၎င်းဓာတ်နန်းထဲတွင်လည်းဘိုးအောင်ခန့်အမည်ဖြင့်ရုပ်တုကြီးကို ထုလုပ်ကိုးကွယ်ကြပြန်သည်ဟုသိခဲ့ရသည်။(အကြောင်းစုံသိလိုလျှင် ယခင်ရေးခဲ့ပြီးသော ဝတ္ထုသုံးတွဲကို ပြန်လည်ဖတ်ရှု့ကြပါကုန်)
“ဒီကိစ္စတော့ရှင်းရှင်းလင်းလင်းသိရပါပြီသူကြီး…ဒါနဲ့ သူကြီးရဲ့သား ရဲခေါင်လည်ပင်းက သစ်ကနက်သား သန်လျက်အကြောင်းရှင်းပါအုံး”
“ဒါကတော့ သူ့ကိုမေးရင် ပိုပြီးအကြောင်းစုံသိရမယ် ဆရာ…သားရေ…ရဲခေါင် ခဏလာစမ်းကွယ်… မင်းလည်ပင်းက သန်လျက်အဆောင်လေးရခဲ့ပုံကိုပြောပြလိုက်ပါ”
သူကြီးကထိုသို့ပြောလိုက်သောအခါ ရဲခေါင်သည် မြတ်စံထွန်းအနီး၌ထိုင်၍….
“ဖြစ်ပုံကဒီလိုပါဆရာ…လွန်ခဲ့တဲ့ လပိုင်းလောက်က တစ်ညနေ ကျုပ်ထန်းတောထဲကမူးပြီးပြန်အလာ လမ်းမှာ လူသုံးယောက်နဲ့တွေ့တယ်ဗျ…ဆရာတစ်ယောက်နဲ့တပည့်နှစ်ယောက်ဗျ…ကျုပ်လည်းလမ်းမှာပိတ်နေတဲ့သူတို့ကို လမ်းဖယ်ပေးဖို့ ပြောလိုက်တယ် အဲ့ဒီမှာဆရာဖြစ်သူက ကျုပ်ကြက်ဝိုင်းမှာကြက်ရှုံးလာပုံတွေ၊စိတ်ညစ်ညစ်နဲ့ထန်းရည်သောက်လာပုံတွေနဲ့ နောက်ဆုံးဘယ်နေရာမှာ ကြက်ကိုရိုက်သတ်ခဲ့တာတွေကို မြင်နေရသလိုဟောတာဗျ”
“ဘယ်လိုပုံစံတွေလဲ မောင်ရဲခေါင်”
“ရောဂီဝတ်စုံတွေ ဝတ်ထားတယ်ဗျ…ဆရာဖြစ်သူက ယောင်ထုံးကြီးနဲ့ နှုတ်ခမ်းမွေးကားကား အသားမည်းမည်းဗျို့ လွယ်အိတ်တစ်လုံးနဲ့ နဂါးရုပ်ပါတဲ့တောင်ဝှေးလည်းကိုင်ထားတယ်… သူကပြောတယ်ဗျ..ကျုပ်ကိုလက်ဆောင်ပေးမယ်တဲ့ လောင်းကစားဝိုင်းမှန်သမျှနိုင်စေရမယ်ဆိုတော့ ကျုပ်လည်းစိတ်ဝင်စားတာပေါ့ ဒါနဲ့ကျုပ်ကိုဒီအဆောင်လေးပေးလိုက်တာပဲ…ဘာပြန်လုပ်ပေးရမလဲမေးတော့ လိုအပ်တဲ့အခါ သူပြန်လာမယ်ပြောတယ်”
“ဒီအဆောင်ရဲ့အသုံးပြုပုံကိုရောမင်းသိလား”
“ဒါက အတွင်းသုံးဆယ့်ခုနစ်မင်း အပြင်သုံးဆယ့်ခုနစ်မင်းတို့ကိုလိုသလိုစေခိုင်းလို့ရတယ်တဲ့ဗျ နတ်စိမ်းမှန်ရင်နာမည်ခေါ်ပြီးကြိုက်တာခိုင်းလို့ရတယ်”
“ဒါဖြင့်မင်းနဲ့ငါ ဖဲရိုက်တုန်းက ဘယ်နတ်ကိုခေါ်သလဲ”
“ဦးမင်းကျော်ပေါ့ဗျ….ထူးဆန်းတာက ခင်များတောက်ခေါက်လိုက်ချိန်သူကျုပ်အနားကထွက်သွားတာခံစားမိတယ်”
မြတ်စံထွန်းနဲ့ ရဲခေါင်တို့ပြောဆိုနေကြချိန် သူကြီးလင်မယားလည်းအာရုံစိုက်ပြီးနားထောင်နေတာပေါ့…စကားစပြတ်သွားကြတော့ သူကြီးက…
“အဲ့ဒါသာကြည့်တော့ဗျို့ ရွာ့မျက်နှာဖုံးရဲ့သားတဲ့ အရက်သောက်၊ဖဲရိုက်၊ကြက်တိုက် မကောင်းတာအကုန်လုပ်တယ်လေ…ပြောလို့ဆိုလို့မရပါဘူးဆို အခုဒီလိုအဆောင်ရတော့ ချိုတပ်ပေးလိုက်သလိုပါပဲ”
“မပူပါနဲ့သူကြီး….သူကြီးသား ကျုပ်နဲ့ကစားရာမှာဖဲရှုံးလို့ လောင်းကြေးအနေနဲ့ အရက်နဲ့လောင်းကစားကိုစွန့်လွတ်လိုက်ပါပြီ..”
“ဟေ..”
“ဟုတ်တယ် အဖေ့…သားဘယ်လောက်ဆိုးဆိုးကတိတည်တယ်ဆိုတာအဖေတို့သိပါတယ်…အခုဒီဆရာကိုကျုပ်ဖဲရှုံးလို့သူ့ဆီမှာတပည့်ခံရမယ်”
“အောင်မယ်လေး…ကျေးဇူးတင်လိုက်လေခြင်းရှင်…ဒီဘဝကျွန်မတို့သားသိကြားကယ်တောင်မရဘူးမှတ်တယ် ဆရာနဲ့တွေ့မှ ကျွတ်တမ်းဝင်သွားတာအားရပါတယ်”
သူကြီးကတော်လည်းဝမ်းသာအားရပြောသည်။သူကြီးကလည်းတပြုံးပြုံးနှင့်။ထိုအချိန် ရဲခေါင်ကက စကားကိုပြန်ဆက်သည်။
“ဆိုပါအုံးဆရာရယ် ကျုပ်အဆောင်စွမ်းလှပြီမှတ်တာ ဆရာဘယ်နှယ်လုပ်လိုက်တာတုန်း”
မြတ်စံထွန်းသည် ရဲခေါင်ထံမှနိုင်ထားသော ငွေများအားသူကြီးထံပြန်အပ်၏။ ထို့နောက် ငွေစက္ကူကြားမှသစ်ရွက်များကိုဖယ်ရှားရင်း….
“မင်းအဆောင်က ရှားတယ်ရဲခေါင်ရဲ့ သစ်ကနက်ပင်ကြီးကို စနေနေ့မှာမိုးကြိုးပစ်လို့ လောင်မီးကျပြီးသေတဲ့အခါမှ အသားကိုယူပြီး သန်လျက်ပုံထုရတာ.. ပြီးတော့သန်လျက်ပေါ်မှာ “မ”အက္ခရာလေးလည်းဆွဲရသေးတယ် …ဒီအဆောင်ကို စီရင်တဲ့အခါမိုးရွာချိန်မှာစီရင်ရတာကွ….ပထမတစ်ခေါက်မင်းနိုင်သွားတော့ လည်ပင်မှာဒါကိုတွေ့လို့ ကာရှစ်ချက်ဂါထာရွတ်၊နတ်ကိုနှင်ပြီးတောက်ခေါက်လိုက်တာပေါ့ကွ…”
“ဆရာလည်း ဒီလိုလောကီပညာတွေမှာ ကျွမ်းကျင်သားပဲ ကျုပ်ကဒါမျိုးတွေသိပ်ဝါသနာပါတာဗျ…ခဏနေရင်ကျုပ်လည်းအစွမ်းပြမယ်”
“ဘယ်လိုပြမှာတုန်းမောင်ရဲခေါင်”
“ဟိုဖက်နှစ်အိမ်ကျော်မှာ နတ်တင်နေတယ်ဆရာ…လာပါကျုပ်နဲ့လိုက်ခဲ့”
မြတ်စံထွန်းလည်း ရဲခေါင်ခေါ်ရာနောက်သို့လိုက်သွားပြီးသူကြီးအိမ်နှင့်နှစ်အိမ်ကျော်တွင် နတ်ပွဲပေးနေသည်ကိုတွေ့ရ၏။ ထိုနတ်ပွဲပေးသောအိမ်ရှေ့မန်ကျည်းပင်းကြီးအောက်၌ ထိုင်လိုက်ကြပြီး ရဲခေါင်က…
“ကိုင်း ဒီအိမ်မှာရှိတဲ့ ရိုးရာအပါအဝင် သုံးဆယ့်ခုနစ်မင်းသောနတ်များ ငါ့အမိန့်မရဘဲ မပူးရမကပ်ရဟေ့”
ထို့သို့နှစ်ယောက်ကြားရယုံမျှခပ်တိုးတိုးရေရွတ် လိုက်ပြီး ဖနောင့်ဆောင်လိုက်သည်။ နတ်ဒိုးသံတညံညံနှင့်နတ်ပွဲကြီးစသောအချိန်မှစ၍ နတ်ဝင်သည်များမည့်သည်နတ်ကိုမျှပင့်မရတော့ပေ။ နတ်ဝင်သည်များမျက်နှာပျက်နေကြပြီး ကနားစီးနတ်ဆရာထံနတ်မဝင်ကြောင်းခပ်တိုးတိုးပြောကြသည်ကို ပြတင်းပေါက်မှတဆင့်မြတ်စံထွန်းနှင့်ရဲခေါင်တို့မြင်နေရ၏။
ရဲခေါင်လည်းထိုသို့အစွမ်းပြပြီးမြတ်စံထွန်းအား မြင်ပြီလားဆိုသောအကြည့်ဖြင့်ကြည့်ပြီး အိမ်သို့ပြန်ခဲ့ကြသည်။ မြတ်စံထွန်းတို့နောက်ခိုင်းချိန်၌ကနားစီးသည်အဝတ်လဲ၍ ရိုးရာပင့်သည်။နတ်ကမဝင်။ကနားစီးလည်းစိတ်တိုလာပြီး ဖနောင့်တစ်ချက်ကိုဝုန်းခနဲဆောင့်၏။ထို့နောက်နတ်စိမ်းမဟုတ်သောမယ်တော်ရုပ်ကြီးအားထုတ်ယူပြီး အသင့်ပါလာသော အပ်များကိုမယ်တော်ရုပ်၏တစ်ကိုယ်လုံးတွင်စိုက်ကာ နတ်စင်ကမီးနှင့်ကင်သည်။ ထို့နောက် အရုပ်ကိုဆွဲသပ်လိုက်သောအခါအပ်တို့သည်ဖြောင်းဖြောင်းကျိုး၍ မယ်တော်ရုပ်၌မီးဟုန်းဟုန်းတောက်သွားသည်။ နတ်ပွဲလည်းပျက်လေပြီ။
ထိုအချင်းအရာများကို မြတ်စံထွန်းနှင့်ရဲခေါင်တို့မမြင်ခဲ့ရပေ။အိမ်သို့ရောက်သောအခါ မြတ်စံထွန်းသည်သူကြီးနှင့်စကားများပြောကြပြန်သည်။ ရဲခေါင်က နွားစာအတွက်ကောက်ရိုးဆွဲရန် အိမ်မှ အလုပ်သမားများအားသွားပြောသည်။
“ဒါနဲ့ဆရာ…ကျုပ်တို့အိမ်မှာ တစ်ညတည်းခိုပါအုံး…နောက်တစ်နေ့မှာ အဘကိုပူဇော်ပွဲလုပ်ကြမှာဗျ”
“ဘုရားပျက်ကြီးနားမှာတွေ့ခဲ့တဲ့ ဘိုးအောင်ခန့်ကိုလား”
“ဟုတ်ပါ့ဗျာ…ရပ်နီးရပ်ဝေးက လူတွေနဲ့စည်စည်ကားကားပါပဲ…ဒီနေ့တောင် ဓာတ်နန်းနားမှာ မဏ္ဍပ်ထိုးဖို့ ပြင်နေကြပြီဗျ”
“အား….အဖေရေ…အဖေ့”
မြတ်စံထွန်းနှင့်သူကြီးတို့ စကားကောင်းနေချိန် ကောက်ရိုးပုံအနီးမှ ရဲခေါင်၏အော်သံနက်ကြီးကိုကြားလိုက်ရ၏။လှမ်းကြည့်လိုက်သောအခါ ကောက်ရိုးများကြား၌လဲနေပြီးခြေထောက်ကိုကိုင်အော်နေသောရဲခေါင်ကိုတွေ့ရသဖြင့် နှစ်ယောက်သားပြေးသွားကြသည်။ အနီးသို့ရောက်သောအခါ ရဲခေါင်သည် မျက်ဖြူစိုက်ပြီးသတိလစ်သွား၏။ခြေထောက်၌လည်း သွေးစို့နေသောအပေါက်နှစ်ပေါက်ကို့တွေ့ရသဖြင့် ပိုးထိခြင်းဟုသိလိုက်ရသည်။
ရဲခေါင်ကိုအိမ်ထဲသို့ပွေ့ယူလာစဉ် ရဲခေါင်၏မိခင်လည်းအပြေးလာပြီးပွေ့ရှာသည်။ သားဖြစ်သူအားအိမ်အဆင့်ပေါ်တင်ထားပြီး ဘာလုပ်မည်ကိုမသိဖြစ်နေပြန်၏။ မြတ်စံထွန်းကပိုးထိသောခြေထောက်ကို
ဒူးဆစ်မှကိုင်ထားပြီး အဆိပ်ကျမန္တန်များ ကိုအဆက်မပြတ်ရွတ်ဖတ်နေသည်။ ရဲခေါင်၏အသားများညိုလာပြီး နှုတ်ခမ်းလည်းပြာသွားသည်။
ချက်ချင်းပင် မြတ်စံထွန်းကကြေးဖလားတွင်ရေဖြည့်ခိုင်းပြီး ဘေးတွင်စမဖယောင်းတိုင်ထွန်းထားသည်။ထို့နောက်ကိုက်သောမြွေကိုအဆိပ်လာရောက်စုပ်ယူရန်အမိန့်ပြန်သော်လည်း မြွေကရောက်မလာ။ရဲခေါင်၏ဗိုက်သည်ဖောင်းတက်လာပြီး လည်ပင်းတစ်ဝိုက်ညိုညိုအကွက်များပေါ်လာသည်။ သူကြီးကတော်လည်းရဲခေါင်၏နှာခေါင်းဝကို စမ်းကြည့်ပြီး ဝင်သက်ထွက်သက်မရှိတော့သောကြောင့် မျက်နှာကိုလက်ဖြင့်အုပ်၍ငိုတော့သည်။
မြတ်စံထွန်းသည်မြွေမျိုးစုံကိုကုသလာခဲ့သူဖြစ်သော်လည်း ဤတစ်ကြိမ်မည်သို့မျှမတက်နိုင်ခဲ့ပေ။
ချက်ချင်းပင် ရဲခေါင်ကိုဖျာလိပ်နှင့်ပတ်၍ နှီးဖြင့်ချည်ထားလိုက်သည်။ထို့နောက်အိမ်ရှေ့ခြံပြင်သို့ထုတ်ပြီး ရပ်ထဲရွာထဲမှ လူငယ်များ ရဲခေါင်၏အပေါင်းအသင်းများလည်းရောက်လာကြသည်။ သူကြီးလည်းမျက်နှာမကောင်း။ အရပ်ဓလေ့အတိုင်း အစိမ်းသေကိုနေ့ချင်းသင်္ဂြိုကြမည်ဖြစ်၍ အခေါင်းရိုက်ထားကြပြီ။
နေချင်းညချင်း သူကြီးအိမ်သည် အသုဘအိမ်ဖြစ်သွားခဲ့ရတော့၏။
“ကျုပ်မတားခဲ့မိတာ ကျုပ်အမှားပါသူကြီး”
“ဘာကိုလည်းဆရာ….”
ညှိုးငယ်စွာမေးရှာသောသူကြီးကိုမြတ်စံထွန်းမော့
ကြည့်ပြီး….
“ကနားပွဲမှာ သူတစ်ပါးအလုပ်ကိုအနှောက်အယှက်ပြုလို့ ဟိုက ပြန်အတိုက်ပြုလိုက်တာပါ”
“ရှိပါစေတော့ကွယ်….သူကလည်းသူပဲကိုး..”.
ထိုသို့ပြောနေကြချိန် သူကြီးအိမ်ရှေ့၌ အရူးတစ်ယောက်ရောက်နေသည်ကိုသတိထားမိကြသည်။ လက်ထဲတွင်တောင်ဝှေးကိုင်ထားပြီး ပုတီးတစ်ကုံးကိုလည်း လည်ပင်း၌ဆွဲထားသေးသည်။ ညစ်နွမ်းသောအဝတ်အစားများနှင့် ပခုံးပေါ်သို့ဝဲကျနေသည့်ဆံပင်ရှုပ်ပွပွကြီးကို လက်တစ်ဖက်ဖြင့်ဆွဲဆွဲသပ်ရင်း ခြံထဲဝင်လာသည်။ဖျာလိပ်ပတ်ထားသော ရဲခေါင်၏အလောင်းအနီးသို့ချဉ်ကပ်လာနေသောအရူးအား ရွာသားများက မောင်းထုတ်ကြသည်။
အရူးလည်း လက်ထဲမှတောင်ဝှေးဖြင့်ဖျာလိပ်ကြီးကိုဘုတ်ခနဲရိုက်မိအောင်ရိုက်လိုက်ပြီး ရွာသားများတွန်းထုတ်သောကြောင့် ပြန်ထွက်သွားသည်။
“ဘယ်က အရူးပါလိမ့်သူကြီး…”
“ရွာနားမှာ မကြာမကြာတွေ့ရတတ်ပါတယ်ဆရာ…”
ထိုသို့ပြောနေစဉ်ဖျာလိပ်ကြီးတစ်ချက်လှုပ်သွားသည်ကိုမြတ်စံထွန်းတွေ့လိုက်ရ၏။ထို့ကြောင့် ဖျာလိပ်နားကပ်သွားပြီး နှီးများကိုဖြေချလိုက်သည်။အထဲရှိရဲခေါင်အလောင်းမှ ပြာနေသောနှုတ်ခမ်း၊ဖောင်းနေသောဝမ်းဗိုက်၊ညိုမည်းမည်းအကွက်တို့သည် အားလုံးပျောက်ကွယ်ပြီး အကောင်းပကတိအတိုင်းပြန်ဖြစ်သွားသောကြောင့် မြတ်စံထွန်းရေမန်းတစ်ခွက်ဖြင့် မျက်နှာပေါ်ဖြန်းပတ်လိုက်သည်။
ရုတ်တရက်ဖျာလိပ်ထဲမှ ရဲခေါင်သည် ကုန်းထလာသဖြင့် ရွာသားများလည်းပြေးကြသည်။ဖုတ်ဝင်သည်ဟုထင်ပုံရ၍ ကြောက်လန့်တကြားပြေးကြသူများရှိသော်လည်းရဲခေါင်း၏မိဘနှစ်ပါးသည် ထလာသောရဲခေါင်အားပြေးဖတ်ထားကြ၏။ရဲခေါင်ကစကားစပြောသည်…
“ကျုပ်ကိုသေပြီထင်ပြီး အသုဘလုပ်နေကြတာလား”
“ဟုတ်ပါ့ငါ့သားရယ်…မင်းမသေဘူးနော်…”
“မသေပါဘူးဗျာ ကျုပ်လည်းအံ့သြလို့မဆုံးဘူး ကိုက်သွားတာမြွေပွေးဗျ”
“ဒီကဆရာကို ကျေးဇူးတင်ရမယ်ကွ…မင်းအသက်ကိုသူကယ်သွားတာ…”
“ဘယ်ကသာ သူကြီးရယ်…ရဲခေါင်မြောနေပြီးသတိပြန်ကပ်ချိန်အပမှီတတ်လို့ကျုပ်က ကာကွယ်တဲ့သဘောပါ တကယ်သူ့အသက်ကိုကယ်သွားတာ ခုနကအရူးဗျ”
“ဘယ်လိုဆရာ…အရူးကြောင့် အသက်ပြန်ဝင်လာတာဟုတ်လား”
“ဟုတ်ပါတယ်သူကြီး….ဒါကလည်းရဲခေါင်တကယ်မသေဘဲစိတ်ဝိဉာဉ်လွင့်မြောနေချိန်မို့ ရတာပါ…တစ်ခါတလေမှာ ကိုယ်ထင်မှတ်မထားတဲ့အရာတိုင်းကိုတိုက်ဆိုက်မှုလို့ယူဆလို့မရပြန်ဘူး…မနက်ဖြန် အဘပူဇော်ပွဲပြီးရင် ဒီအရူးနဲ့တွေ့ချင်သေးတယ်ဗျာ…ကိုင်းမောင်ရဲခေါင် တရော်ကင်ပွန်းနဲ့ခေါင်းဆေးပြီးနားတော့ကွာ ”
ထိုနေ့ည၌မြတ်စံထွန်းလည်းရဲခေါင်အိမ်တွင်တစ်ညအိပ်လိုက်သည်။ရဲခေါင်သည်လည်း နတ်တို့ကိုအမိန့်ပေးစေခိုင်းနိုင်သော လည်ဆွဲအားညချင်း မီးတိုက်ဖျက်စီးလိုက်လေတော့၏။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)
Zawgyi Version
“ျမတ္စံထြန္း”ႏွင့္နတ္ခ်ဳပ္အေဆာင္(စ/ဆံုး)
—————————-
“မိုးႀကိဳးထိခ်က္၊သစ္ကနက္ကို
သန္လ်က္အသြင္၊လည္ဝယ္ဆင္က
မျမင္အပ္ရာ ၊ နတ္ေဒဝါတို႔
မၾကာေရာက္ရ ၊ ေစေသာ္ရ၏”
ထိုညေန၌ ျမတ္စံထြန္းသည္ ေရွ႕မွျမင္ေနရေသာ ေညာင္ျဖဴပင္႐ြာသို႔ အထူးသြားလိုစိတ္ျဖစ္ေပၚေန၏။သို႔ရာတြင္ ျမင္ေနရေသာ႐ြာသည္ခပ္ေရးေရးသာရွိေနေသးသည့္အျပင္ မိုးခ်ဳပ္လုနီးနီးမို႔ အနီးရွိသစ္ပင္ႀကီးေအာက္၌ ေခတၱအနားယူလိုက္သည္။
နံနက္လင္းေသာအခါ ေညာင္ျဖဴပင္႐ြာသို႔ဦးတည္၍ ထြက္ခြာလာခဲ့ေတာ့သည္။ ေညာင္ျဖဴပင္႐ြာသည္ ကုန္းေဘာင္ေခတ္မွစ၍ ႐ြာႀကီး႐ြာေကာင္းအျဖစ္ထင္ရွားခဲ့ေလ၏။သို႔ေသာ္လည္း ပါေတာ္မူၿပီးေနာက္ စစ္ေဘးဒုကၡကိုအႀကိမ္ႀကိမ္ ႀကဳံေတြ႕ခဲ့ရၿပီး ႐ြာလည္းပ်က္သုဥ္းခဲ့ရသည္။ လြတ္လပ္ေရးမရေသးေသာ္လည္း အခ်က္အခ်ာက်သည့္ ျမစ္ကမ္းေဘးတြင္တည္ထားေသာေၾကာင့္ ခဏခ်င္း႐ြာျပန္တည္ၿပီး ေနထိုင္ၾကျပန္၏။အဂၤလိပ္တို႔ အဝင္အထြက္လည္းမကင္းေပ။
ျမတ္စံထြန္းလည္း ႐ြာဦးမွ သာသနိကအေဆာက္အအုံမ်ားကိုစတင္ျမင္ေတြ႕ျမင္လာရၿပီ။႐ြာဦးေက်ာင္း၌လည္း ေက်ာင္းသစ္ႀကီးကိုေဆာက္လုပ္လႉဒါန္းထားၿပီး ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ သာမေဏငယ္မ်ားသီတင္းသုံးရာျဖစ္လာသည္။
မျပဳမျပင္ဘဲ ေရွးမူမပ်က္ထားရွိသည့္ေနရာကား ေက်ာင္းေဟာင္းႀကီးေဘးမွ ဘုရားၿပိဳကုန္းပင္ျဖစ္သည္။ဘႀကီးေတာ္ဘုရားလက္ထက္ေတာ္မတိုင္မီကပင္ တည္ထားကိုးကြယ္ေသာ ေစတီႀကီးမွာလည္းေဟာင္းႏြမ္း၍တစ္ျခမ္းၿပိဳက်လ်က္ရွိ၏။
ထိုေစတီပ်က္ႀကီးအနီး၌ ဓာတ္နန္းသဖြယ္အေဆာက္အအုံတစ္ခုလည္းေဆာက္လုပ္ထားသည္။ျမတ္စံထြန္းသည္ အမွတ္မထင္ဓာတ္နန္းထဲသို႔လွမ္းၾကည့္လိုက္ေလရာ ဝိဇၨာတစ္ပါးကဲ့သို႔ အသြင္ရွိသည့္ သစ္သားပန္းပု႐ုပ္ထုႀကီးကို ထုပ္လုပ္ပူေဇာ္ထားသည္ကိုေတြ႕ရ၏။
႐ုပ္ထု၏အသြင္သ႑ာန္မွာ လက္ထဲတြင္ပုတီးတစ္ကုံးကိုင္ထားၿပီးလြယ္အိတ္တစ္လုံးကိုလည္းလြယ္ထားသည္။ လူလတ္ပိုင္းအ႐ြယ္ျဖစ္ၿပီး ပုတီးကိုင္ထားေသာညာလက္ခုံတြင္စၾကာပုံအမွတ္အသားတစ္ခုကိုလည္းေတြ႕ရျပန္၏။ဓာတ္နန္း နဖူးစည္းတြင္လည္း ဘိုးေအာင္ခန္႔ဟု ကမၺည္းထိုးထားသည္။ထိုအဘိုး၏ ဓာတ္နန္း၌ ေအာင္သေျပ၊အလင္းတိုင္၊အေမြးတိုင္၊အုန္းငွက္ေပ်ာ၊စသည္မ်ားအျပင္ ကြမ္း၊ေဆးလိပ္၊ လက္ဖက္ ၊ ၾကက္ေၾကာ္ ၊ ႏွင့္ ေကာက္ညႇင္းမ်ားကိုလည္းတင္ေျမႇာက္ထားၾကသည္။ ထြက္ရပ္ေပါက္ဝိဇၨာႀကီး၏ ဓာတ္နန္းမွာ နတ္ကြန္းႏွင့္ပင္တူလွေခ်၏။
ျမတ္စံထြန္းလည္းအတန္ၾကာေအာင္ေငးၾကည့္ေနၿပီးမွ မ်က္ႏွာလြဲ၍ ႐ြာထဲသို႔ဝင္ေလသည္။ ႐ြာလယ္ပိုင္း ၿခံဝိုင္းတစ္ခုအတြင္း၌ အင္ဖက္မိုး ထရံကာ အိမ္ငယ္ကေလးတစ္လုံးကိုေတြ႕ရ၏။ ထိုအိမ္အနီးသို႔ေရာက္ေသာအခါအိမ္အတြင္းမွ….
“ခြန္ႏွစ္ေထြ ေျခာက္ထိုး…ကိုးကြ”
“ေဟ့ေကာင္…လူလည္မက်နဲ႔…ခုနစ္ ႏွစ္ခ်ပ္ကို ေျခာက္ထပ္ဆြဲမိမွေတာ့ ႏွစ္ဆယ္ ဘူၿပီေလ…ရဲေခါင္ကိုဒါမ်ိဳးလာမလုပ္နဲ႔ တစ္ဝိုင္းလုံးဒိုင္စားတယ္…ဟဲဟဲ”
အသုဘအိမ္မဟုတ္ဘဲ ႐ြာခ်င္းခ်ိန္းဆို၍ ဖဲဝိုင္းဆင္ေနၾကျခင္းျဖစ္သည္။ျမတ္စံထြန္းလည္းဖဲဝိုင္းအနီးသို႔ကပ္သြားခဲ့သည္။ ဖဲ႐ိုက္ၾကသူငါးေယာက္အျပင္ ေဘးမွထိုးသူမ်ား၊ဖဲေကာက္မ်ားျဖင့္စည္ကားေနသည္။ ထူးျခားသည္မွာမည္သို႔ပင္ကုလားဖန္ထိုးထိုး၊မည္သို႔ပင္ခ်ိဳး၍ ေဝေဝအလယ္မွဖဲဒိုင္သည္အၿမဲလိုလို ကိုးက်ေနသည္ကိုေတြ႕ရ၏။
ဖဲဒိုင္ကိုင္သူ ရဲေခါင္သည္ အသားျဖဴျဖဴ ႐ုပ္ေျဖာင့္ေျဖာင့္ရွိၿပီး အဂၤလိပ္ေခတ္ထုံးစံအတိုင္း ဗိုလ္ဆံေတာက္ျဖင့္ျဖစ္သည္။ ရႉးဖိနပ္ကိုမခြၽတ္ဘဲ တင္ပ်ဥ္ေခြထိုင္ေနၿပီး လည္ကတုံးေပၚတြင္ကုတ္အက်ႌထပ္၍ လည္ပင္းတြင္လည္းအဂၤလိပ္အေခၚ မာဖလာကိုတစ္ပတ္တင္ပတ္ထားေသးသည္။စကားအသြားအလာကိုၾကည့္ျခင္းအားျဖင့္ထင္သည့္အတိုင္း ရဲေခါင္သည္ သူႀကီးသားျဖစ္ေန၏။
ေနာက္တစ္ဝိုင္းအစ ဖဲေဝၿပီးခ်ိန္တြင္ ေဘးမွအရက္ပုလင္းကိုေကာက္ေမာ့လိုက္ၿပီးလက္မကိုေကြးျပလိုက္သည္ႏွင့္ေနာက္မွ အေပါင္းအပါတို႔သည္ ေဆးျပင္းလိပ္ကိုမီးညႇိၿပီး ရဲေခါင္၏ပါးစပ္တြင္တပ္ေပးရသည္။ ဖဲခ်ပ္မ်ားကိုေကာက္ကိုင္ၿပီး ေဆးလိပ္ေငြ႕ျဖင့္ မႈတ္လိုက္သည္။ ထို႔ေနာက္ ဖဲပြင့္မ်ားအေပၚဈာဥ္ဝင္ရင္း ႏွစ္ခ်ပ္ထဲလွန္ခ်လိုက္ျပန္၏။ တစ္ႏွင့္ရွစ္ကို အပြင့္တူထပ္က်ေနသျဖင့္ တစ္ဝိုင္းလုံးသိမ္းျပန္၏။ခါးပိုက္ထဲတြင္လည္း ရာတန္မ်ားမနည္းေတာ့ေပ။
ျမတ္စံထြန္းဖဲဝိုင္းအနီးသို႔ေရာက္ေသာအခါ သူႀကီးသား ဖဲဒိုင္ရဲေခါင္က…
“ဟလို…ေနာင္ႀကီး….စိတ္ပါရင္ဝင္ထိုင္ဗ်ာ…အမွန္အကန္ေလ်ာ္တယ္ေနာ္ ျမင္တဲ့အတိုင္းပဲ”
ဤသို႔ဗိုလ္ဆန္ဆန္ႏႈတ္ဆက္ရင္းခါးပိုက္ထဲမွရာတန္မ်ားကိုျမတ္စံထြန္းျမင္သာေအာင္ျပ၏။ျမတ္စံထြန္းကလည္းၿပဳံး၏။တစ္ဝိုင္းလုံးတြင္လည္းေငြတိုေငြစမ်ား ကုန္လုနီးနီးျဖစ္ေနေသာေၾကာင့္ဝိုင္းဖယ္ေပးၾကရာ ျမတ္စံထြန္းက…
“ေနၾကပါေနာင္ႀကီးတို႔…က်ဳပ္ဒီဖက္က ထိုင္ပါမယ္…
ေဟာဒီက သူႀကီးမင္းရဲ႕သားကိုရဲေခါင္နဲ႔ ႏွစ္ေယာက္ထဲဖဲကစားၾကည့္ခ်င္တယ္…”
“လုပ္လိုက္ေလဗ်ာ…ၾကာသလားလို႔…ေအာ္..ေနအုံး ခင္မ်ားမွာေငြဘယ္ေလာက္ပါသလဲ”
ျမတ္စံထြန္းသည္ အိမ္ထဲသိုမဝင္မီကပင္ အိမ္အျပင္မွသစ္႐ြက္မ်ားကို ေငြစကၠဴမ်ားအျဖစ္ဘႀကီးခိုင္ေပးေသာနည္းအတိုင္း နာနာ႐ုပ္အတတ္ျဖင့္ စီမံထားၿပီးျဖစ္သည္။ သို႔ေသာ္ထိုေငြစကၠဴမ်ားသည္မြန္းတည့္ခ်ိန္၌သစ္႐ြက္ျပန္ျဖစ္သြားႏိုင္၏။ ေငြပါသည္ကိုျမင္ေသာရဲေခါင္သည္ ျမတ္စံထြန္းဘက္သို႔မ်က္ႏွာမူၿပီး ဖဲထုပ္ကို ေျဖေလသည္။ ျမတ္စံထြန္းကဖဲထုပ္ကိုေကာက္ကိုင္ၿပီးလက္ျဖင့္တစ္ခ်က္ပုတ္သည္။
အနီးအနားမွ ႐ြာခံမ်ား၊ရဲေခါင္၏အေပါင္းအသင္းမ်ားႏွင္ဧည့္သည္မ်ားဝိုင္းၾကည့္ေနၾကခ်ိန္ျမတ္စံထြန္းကရာတန္ငါး႐ြက္ကိုခ်သည္။ရဲေခါင္လည္း ရာတန္ငါး႐ြက္ထပ္ၿပီး တစ္ေထာင္ေၾကးျဖင့္စတင္လိုက္ၾကသည္။ ေၾကးႀကီးဝိုင္းျဖစ္ေသာေၾကာင့္ အနားမွလူမ်ားလည္း စိတ္ဝင္စားၾက၏။
ဖဲေဝခ်ိန္၌ ျမတ္စံထြန္းသည္လြယ္အိတ္ထဲမွေဆးအခ်ိဳ႕ျဖင့္မ်က္စိကိုမသိမသာပြတ္လိုက္သည္။ျမတ္စံထြန္း၏မ်က္လုံးထဲမွ ဖဲခ်ပ္မ်ားသည္ၾကည္လင္ေနၿပီး အပြင့္အားလုံးကို တစ္ခ်က္တစ္ခ်က္ေဖာက္ျမင္လာရသည္။ တစ္ေယာက္ႏွစ္ခ်ပ္စီေဝၿပီးခ်ိန္၌ ရဲေခါင္၏ဖဲတြင္တစ္ဆယ္ႏွစ္လုံးက်ေနသည္ကိုသိ၍ သူ႔ဖဲခုနစ္ကိုလွန္လိုက္သည္။
သို႔ေသာ္လည္းရဲေခါင္၏ဖဲလွန္ခ်ိန္တြင္ ကိုးျဖစ္ေနသည္ကိုထူးဆန္းစြာေတြ႕လိုက္ရ၏။ ဝိဇၨာေပးေသာမ်က္ကြင္းေဆးသည္မွားႏိုင္ရန္အေၾကာင္းမရွိ၊ဆယ္ဂဏန္းမ်ားကိုသိသိသာသာ ျမင္လိုက္ရသည္။ ဖဲလွန္ခ်ိန္ေရာက္မွ ကိုးျဖစ္ေနသည္ကိုျမတ္စံထြန္းစဥ္းစားရခက္ေနသည္။
ေငြငါးရာပါသြားေသာ္လည္း ျမတ္စံထြန္းကရာတန္ဆယ္႐ြက္ႏွင့္ဆတိုးထပ္ေလာင္းျပန္သည္။သူႀကီးသား ရဲေခါင္လည္း ေလာင္းေၾကးထပ္လိုက္၏။ထို႔ေနာက္လည္ပင္းမွ မာဖလာကို ေျဖခါၿပီးေဘးတြင္ခ်ထားလိုက္သည္။ထိုအခါရဲေခါင္၏၏သည္ပင္းမွ သန္လ်က္သ႑န္သစ္ကနက္သားညိဳညစ္ညစ္ကို ကိုေတြ႕လိုက္ရ၏။
မ်က္စံထြန္းလည္းဖဲေဝေနခ်ိန္စဥ္စားလိုက္သည္။ငယ္စဥ္က ကပၸိယဦးထြန္းရွိန္သင္ၾကားေပးသည့္ပညာမ်ားထဲ၌ မိုးႀကိဳးပစ္ခံထားရေသာ သစ္ကနက္သားကို သန္လ်က္ထု၍လည္ပင္း၌ေဆာင္ထားလွ်င္သုံးဆယ့္ခုနစ္မင္းနတ္ႏွင့္နတ္စိမ္းမ်ားကိုႏိုင္သည္ဟုသိထားဖူး၏။ ထို႔ေၾကာင့္ရဲေခါင္အား နတ္တစ္ပါးပါးကူညီေနသည္ကိုသိ၍ ရႈံးမဲမဲသလိုႏွင့္ေတာက္ေခါက္လိုက္သည္။ထို႔ေနာက္အနီးအပါးတြင္နတ္စိမ္းမ်ားမေနႏိုင္ေသာ ကာရွစ္ခ်က္ ဂါထာကို႐ြတ္ဆိုလိုက္၏။
ထို႔ေနာက္ျမတ္စံထြန္းသည္ဖဲမ်ားကိုၾကည့္ျပန္၏။ သူ၏ဖဲ၌ ကုလားႏွစ္ေကာင္ပါေနၿပီးရဲေခါင္၏ဖဲတြင္ တစ္ ျဖစ္ေနျပန္သည္။ ထို႔ေနာက္တစ္ေယာက္တစ္ခ်ပ္စီဆြဲၾကရာ ရဲေခါင္ဖဲတြင္ရွစ္လိုက္ၿပီးကိုးျဖစ္ျပန္၏။ရဲေခါင္လည္းႏိုင္ၿပီအထင္ႏွင့္ေလာင္းေၾကးကိုလက္႐ြယ္လိုက္ရာျမတ္စံထြန္းကဖဲသုံးခ်ပ္ကိုေထာင္ျပေလ၏။ရဲေခါင္ေအာင့္သက္သက္ျဖစ္သြားသည္။ျမတ္စံထြန္းက ကုလားသုံးေကာင္။
ျမတ္စံထြန္းလည္းေလာင္းေၾကးမ်ားကိုမသိမ္းဘဲ ႏွစ္ေထာင္ေၾကးစိန္ေခၚသည္။ ရဲေခါင္ရွိက်န္ေငြမ်ားကိုေရတြက္ရာႏွစ္ေထာင္မျပည့္သျဖင့္ အေပါင္းအသင္းမ်ားထံမွယူၿပီး ေလာင္းေၾကးထပ္သည္။ ရဲေခါင္ရႈံးမဲ မဲလာၿပီး ဖဲထုပ္ကိုကိုင္သည္။ ပိုင္သမွ်အကုန္ေၾကးမို႔လက္မ်ားလည္း တုန္ေနသည္။ဖဲေဝၿပီးခ်ိန္၌ ျမတ္စံထြန္းကဖဲမၾကည့္ဘဲတစ္ခ်ပ္ပိုေဝခိုင္းသည္။ ရဲေခါင္လည္းဖဲတြင္ကုလားႏွစ္ေကာင္ျဖစ္ေနသျဖင့္မရဲတရဲဆြဲလိုက္သည္။ေနာက္ထပ္ကုလားတစ္ေကာင္ပါလာသျဖင့္မ်က္ႏွာမွာ႐ႊင္လန္းသြားသည္။ႏိုင္ၿပီဟုလည္းတစ္ထစ္ခ်ယုံၾကည္ထား၏။
“ကိုရဲေခါင္… ေလာင္းေၾကးတိုးရေအာင္ဗ်ာ…”
“တိုးခ်င္သပဗ်ာ…က်ဳပ္မွာလည္းဒါအကုန္ဗ်…”
ႏိုင္ေနၿပီမွန္းသိေသာေၾကာင့္ရဲေခါင္ကေလာင္းေၾကးတိုးမည္ေျပာေသာျမတ္စံထြန္းကိုၾကည့္ရင္းေလွာင္ၿပဳံးၿပဳံးသည္။
ျမတ္စံထြန္းကဆက္၍ဆိုသည္…
“ႏႈတ္ကတိနဲ႔ေလာင္းမယ္ဆိုရင္ေရာ…”
“ဘယ္လိုမ်ားလည္းဗ်…”
“က်ဳပ္ရႈံးရင္ ေလာင္းေၾကးအကုန္လုံးအျပင္ ပါသမွ်ေငြသုံးေထာင္အကုန္ထားခဲ့မယ္…ႏိုင္ရင္ခင္မ်ားတစ္သက္လုံးဖဲမ႐ိုက္ရဘူးလို႔ကတိေပးမလား”
သူႀကီးသားရဲေခါင္လည္းစဥ္းစားလိုက္သည္။ထို႔ေနာက္ျမတ္စံထြန္းသည္ဧည့္သည္ျဖစ္၍ ဖဲ႐ိုက္၏မ႐ိုက္၏ကိုမသိႏိုင္ဟုေတြးၿပီးကတိေပးမည္အျပဳ…
“လြယ္လြယ္ မေပးနဲ႔ကိုရဲေခါင္…ဖဲတင္မဟုတ္ဘူး ေလာင္းကစားဆိုဘာမွမလုပ္ရဘူးေနာ္ အရက္လည္းျဖတ္ရလိမ့္မယ္…ဘယ့္ႏွယ္လဲ”
“ေအာင္မယ္ေလးဗ်ာ…ႏိုင္ပဲႏိုင္ပါေစအုံး…ခင္မ်ားသာႏိုင္ရင္ ခင္မ်ားေျပာသလိုအကုန္ျဖစ္ေစရမယ္၊ခင္မ်ားဆီမွာ တပည့္ခံမယ္ဗ်ာ ဆိုခဲေစၿမဲေစပဲ…ကဲေရာ…”
ကုလားသုံးေကာင္ကို ဖ်ာၾကမ္းေပၚသို႔ဟန္ပါပါပစ္ခ်ၿပီးေအာင္ႏိုင္သူတို႔အၿပဳံးျဖင့္ ျမတ္စံထြန္းကိုၾကည့္ေနသည္။ ျမတ္စံထြန္းလည္းမဲ့ၿပဳံးကေလးၿပဳံးလိုက္ၿပီး လက္ထဲမွာတစ္သုံးလုံးကိုေထာင္ျပလိုက္ေသာအခါ ရဲေခါင္လည္းပါးစပ္အေဟာင္းသားျဖစ္သြားသည္။အနီးအနားမွပြဲၾကည့္ပရိသတ္မ်ားလည္း”ဟင္”ခနဲ”ဟာ”ခနဲ႔ျဖစ္ကုန္ၾကသည္။
“ကဲ…ႏႈတ္ကတိတည္ထားတဲ့အတိုင္း…မင္းအရက္နဲ႔ေလာင္းကစားကိုစြန့္္လြတ္ေပေတာ့ ငါ့ေနာက္လိုက္ခဲ့”
ကိုရဲေခါင္လည္း ေယာက္်ားေကာင္းတို႔ အမူအက်င့္အတိုင္း ကတိကိုေစာင့္သိၿပီးျမတ္စံထြန္းေနာက္လိုက္ခဲ့၏။ ျမတ္စံထြန္းသည္ ရဲေခါင္၏အိမ္သို႔သြားၾကရန္ဆို၏။ သူႀကီးအိမ္သို႔ေရာက္ေသာအခါ သူႀကီးက…
“မိန္းမေရ….ဟိုမယ္ မင္းသားဧည့္သည္ေခၚလာတယ္ကြ…အရင္လို အရက္သမားဖဲသမားေတာ့မဟုတ္ဘူး..ေဆးဆရာနဲ႔တူတယ္”
ထိုသို႔ေျပာေသာအခါ သူႀကီးႏွင့္သူႀကီးကေတာ္တို႔ကဒီမွာထိုင္ၾကပါ၊ဒီဟာကေလးစားပါအုံးဟူ၍ျမတ္စံထြန္းကိုဧည့္ဝတ္ျပဳၾကသည္။ ထို႔ေနာက္လာရင္းကိစၥကိုေမးျမန္းၾကရာ ျမတ္စံထြန္းလည္း ခရီးသြားတစ္ဦးျဖစ္ေၾကာင္း၊သြားရင္းလာရင္းသူႀကီးသားႏွင့္ေတြ႕ေၾကာင္း လည္ပင္းမွသန္လ်က္သ႑ာန္သစ္ကနက္သားအေၾကာင္းႏွင့္ ႐ြာထိပ္ဓာတ္နန္းမွဘိုးေအာင္ခန္႔အေၾကာင္းသိလို၍လာရျခင္းျဖစ္ေၾကာင္းေျပာ၏။ထိုအခါရဲေခါင္၏အေဖျဖစ္သူ႐ြာသူႀကီး၏ေျပာျပခ်က္အရေညာင္ျဖဴပင္႐ြာတြင္ ပါးစပ္ရာဇဝင္ဆန္ဆန္ ဒ႑ာရီဆန္ဆန္ ဇာတ္လမ္းကေလးတစ္ပုဒ္လည္းရွိသည္ကိုသိရ၏။ အေၾကာင္းအရာသည္ကား ႐ြာထိပ္မွဘုရားပ်က္ႀကီးေအာက္၌ သိုက္နန္းတစ္ခုရွိၿပီး သိုက္ထဲတြင္ေဆးဝိဇၨာႀကီးအဘဘိုးမင္းေခါင္၏ အသက္ေထာင္ခ်ီရွည္ေစတတ္ေသာ ေဆးေဖာ္စပ္နည္းက်မ္းကို ဌာပနာသြင္းထားသည္မွစခဲ့၏။
ေက်ာင္းထိုင္ဆရာေတာ္ႀကီးဦးကုသလ၏ ေနာက္ဆုံးထြက္ရပ္ေပါက္ည၌ နတ္ဘီလူးတစ္ေကာင္သည္ ထိုသိုက္နန္းအားေဖာက္ထြင္း၍ ပုရပိုဒ္ကိုလည္းလုယူသြားသည္ဟုဆို၏။ ထိုေက်ာင္းမွ ကပၸိယႀကီးအဂၢႏွင့္ဆရာေတာ္ႀကီးတို႔ေမြးစားထားေသာ ေအာင္ခန္႔ဟူသည့္ လူငယ္သည္ ထိုပုရပိုဒ္ကို ျပန္လည္ရွာေဖြၿပီး သိုက္နန္းသို႔အပ္ခဲ့ေၾကာင္း။ထိုတာဝန္လုပ္ေဆာင္ေန
စဥ္ဆုံခဲ့ရသည့္မိုးေဆြဟူေသာ ကေဝတစ္ေကာင္ကို လည္းလမ္းမွန္ျပ၍ ထုံကူးဘဝဆက္ေပးခဲ့ေၾကာင္း။၎ေအာင္ခန္႔သည္ အဘဘိုးမင္းေခါင္၏အကူအညီျဖင့္သိဒၶိဆယ္ပါးအထက္ကိုလြန္၍ မဟိဒၶိတပ္ခဲ့ၿပီး လက္မွေမြးရာပါစၾကာအမွတ္အသားေၾကာင့္ “မဟိဒၶိစၾကာရွင္”ဟူေသာအမည္ျဖင့္ ယေန႔တိုင္ ဝိဇၨာတို႔ေနထိုင္ရာမဟာၿမိဳင္ေတာတြင္ အသက္ေထာင္ခ်ီရွိေန
ေတာ့မည္ျဖစ္သည္။အျခားအရပ္ေဒသမွ ေျပာင္းေ႐ႊ႕လာသူမ်ားသည္ အယုံအၾကည္နည္းပါးေသာ္လည္း ႐ြာခံလူႀကီးမ်ားက ယုံၾကည္ၾကေသာေၾကာင့္”မဟိဒၶိစၾကာရွင္”ကို ပထမဆုံး ေတြ႕ခဲ့ရသည့္ ထိုဘုရားပ်က္ႀကီးအနီးတြင္ ယုံၾကည္သူ႐ြာသားမ်ားက ဓာတ္နန္းတစ္ခုေဆာက္လုပ္ၿပီး ၎ဓာတ္နန္းထဲတြင္လည္းဘိုးေအာင္ခန္႔အမည္ျဖင့္႐ုပ္တုႀကီးကို ထုလုပ္ကိုးကြယ္ၾကျပန္သည္ဟုသိခဲ့ရသည္။(အေၾကာင္းစုံသိလိုလွ်င္ ယခင္ေရးခဲ့ၿပီးေသာ ဝတၳဳသုံးတြဲကို ျပန္လည္ဖတ္ရႈ႕ၾကပါကုန္)
“ဒီကိစၥေတာ့ရွင္းရွင္းလင္းလင္းသိရပါၿပီသူႀကီး…ဒါနဲ႔ သူႀကီးရဲ႕သား ရဲေခါင္လည္ပင္းက သစ္ကနက္သား သန္လ်က္အေၾကာင္းရွင္းပါအုံး”
“ဒါကေတာ့ သူ႔ကိိုေမးရင္ ပိုၿပီးအေၾကာင္းစုံသိရမယ္ ဆရာ…သားေရ…ရဲေခါင္ ခဏလာစမ္းကြယ္… မင္းလည္ပင္းက သန္လ်က္အေဆာင္ေလးရခဲ့ပုံကိုေျပာျပလိုက္ပါ”
သူႀကီးကထိုသို႔ေျပာလိုက္ေသာအခါ ရဲေခါင္သည္ ျမတ္စံထြန္းအနီး၌ထိုင္၍….
“ျဖစ္ပုံကဒီလိုပါဆရာ…လြန္ခဲ့တဲ့ လပိုင္းေလာက္က တစ္ညေန က်ဳပ္ထန္းေတာထဲကမူးၿပီးျပန္အလာ လမ္းမွာ လူသုံးေယာက္နဲ႔ေတြ႕တယ္ဗ်…ဆရာတစ္ေယာက္နဲ႔တပည့္ႏွစ္ေယာက္ဗ်…က်ဳပ္လည္းလမ္းမွာပိတ္ေနတဲ့သူတို႔ကို လမ္းဖယ္ေပးဖို႔ ေျပာလိုက္တယ္ အဲ့ဒီမွာဆရာျဖစ္သူက က်ဳပ္ၾကက္ဝိုင္းမွာၾကက္ရႈံးလာပုံေတြ၊စိတ္ညစ္ညစ္နဲ႔ထန္းရည္ေသာက္လာပုံေတြနဲ႔ ေနာက္ဆုံးဘယ္ေနရာမွာ ၾကက္ကို႐ိုက္သတ္ခဲ့တာေတြကို ျမင္ေနရသလိုေဟာတာဗ်”
“ဘယ္လိုပုံစံေတြလဲ ေမာင္ရဲေခါင္”
“ေရာဂီဝတ္စုံေတြ ဝတ္ထားတယ္ဗ်…ဆရာျဖစ္သူက ေယာင္ထုံးႀကီးနဲ႔ ႏႈတ္ခမ္းေမြးကားကား အသားမည္းမည္းဗ်ိဳ႕ လြယ္အိတ္တစ္လုံးနဲ႔ နဂါး႐ုပ္ပါတဲ့ေတာင္ေဝွးလည္းကိုင္ထားတယ္… သူကေျပာတယ္ဗ်..က်ဳပ္ကိုလက္ေဆာင္ေပးမယ္တဲ့ ေလာင္းကစားဝိုင္းမွန္သမွ်ႏိုင္ေစရမယ္ဆိုေတာ့ က်ဳပ္လည္းစိတ္ဝင္စားတာေပါ့ ဒါနဲ႔က်ဳပ္ကိုဒီအေဆာင္ေလးေပးလိုက္တာပဲ…ဘာျပန္လုပ္ေပးရမလဲေမးေတာ့ လိုအပ္တဲ့အခါ သူျပန္လာမယ္ေျပာတယ္”
“ဒီအေဆာင္ရဲ႕အသုံးျပဳပုံကိုေရာမင္းသိလား”
“ဒါက အတြင္းသုံးဆယ့္ခုနစ္မင္း အျပင္သုံးဆယ့္ခုနစ္မင္းတို႔ကိုလိုသလိုေစခိုင္းလို႔ရတယ္တဲ့ဗ် နတ္စိမ္းမွန္ရင္နာမည္ေခၚၿပီးႀကိဳက္တာခိုင္းလို႔ရတယ္”
“ဒါျဖင့္မင္းနဲ႔ငါ ဖဲ႐ိုက္တုန္းက ဘယ္နတ္ကိုေခၚသလဲ”
“ဦးမင္းေက်ာ္ေပါ့ဗ်….ထူးဆန္းတာက ခင္မ်ားေတာက္ေခါက္လိုက္ခ်ိန္သူက်ဳပ္အနားကထြက္သြားတာခံစားမိတယ္”
ျမတ္စံထြန္းနဲ႔ ရဲေခါင္တို႔ေျပာဆိုေနၾကခ်ိန္ သူႀကီးလင္မယားလည္းအာ႐ုံစိုက္ၿပီးနားေထာင္ေနတာေပါ့…စကားစျပတ္သြားၾကေတာ့ သူႀကီးက…
“အဲ့ဒါသာၾကည့္ေတာ့ဗ်ိဳ႕ ႐ြာ့မ်က္ႏွာဖုံးရဲ႕သားတဲ့ အရက္ေသာက္၊ဖဲ႐ိုက္၊ၾကက္တိုက္ မေကာင္းတာအကုန္လုပ္တယ္ေလ…ေျပာလို႔ဆိုလို႔မရပါဘူးဆို အခုဒီလိုအေဆာင္ရေတာ့ ခ်ိဳတပ္ေပးလိုက္သလိုပါပဲ”
“မပူပါနဲ႔သူႀကီး….သူႀကီးသား က်ဳပ္နဲ႔ကစားရာမွာဖဲရႈံးလို႔ ေလာင္းေၾကးအေနနဲ႔ အရက္နဲ႔ေလာင္းကစားကိုစြန္႔လြတ္လိုက္ပါၿပီ..”
“ေဟ..”
“ဟုတ္တယ္ အေဖ့…သားဘယ္ေလာက္ဆိုးဆိုးကတိတည္္တယ္ဆိုတာအေဖတို႔သိပါတယ္…အခုဒီဆရာကိုက်ဳပ္ဖဲရႈံးလို႔သူ႔ဆီမွာတပည့္ခံရမယ္”
“ေအာင္မယ္ေလး…ေက်းဇူးတင္လိုက္ေလျခင္းရွင္…ဒီဘဝကြၽန္မတို႔သားသိၾကားကယ္ေတာင္မရဘူးမွတ္တယ္ ဆရာနဲ႔ေတြ႕မွ ကြၽတ္တမ္းဝင္သြားတာအားရပါတယ္”
သူႀကီးကေတာ္လည္းဝမ္းသာအားရေျပာသည္။သူႀကီးကလည္းတၿပဳံးၿပဳံးႏွင့္။ထိုအခ်ိန္ ရဲေခါင္ကက စကားကိုျပန္ဆက္သည္။
“ဆိုပါအုံးဆရာရယ္ က်ဳပ္အေဆာင္စြမ္းလွၿပီမွတ္တာ ဆရာဘယ္ႏွယ္လုပ္လိုက္တာတုန္း”
ျမတ္စံထြန္းသည္ ရဲေခါင္ထံမွႏိုင္ထားေသာ ေငြမ်ားအားသူႀကီးထံျပန္အပ္၏။ ထို႔ေနာက္ ေငြစကၠဴၾကားမွသစ္႐ြက္မ်ားကိုဖယ္ရွားရင္း….
“မင္းအေဆာင္က ရွားတယ္ရဲေခါင္ရဲ႕ သစ္ကနက္ပင္ႀကီးကို စေနေန႔မွာမိုးႀကိဳးပစ္လို႔ ေလာင္မီးက်ၿပီးေသတဲ့အခါမွ အသားကိုယူၿပီး သန္လ်က္ပုံထုရတာ.. ၿပီးေတာ့သန္လ်က္ေပၚမွာ “မ”အကၡရာေလးလည္းဆြဲရေသးတယ္ …ဒီအေဆာင္ကို စီရင္တဲ့အခါမိုး႐ြာခ်ိန္မွာစီရင္ရတာကြ….ပထမတစ္ေခါက္မင္းႏိုင္သြားေတာ့ လည္ပင္မွာဒါကိုေတြ႕လို႔ ကာရွစ္ခ်က္ဂါထာ႐ြတ္၊နတ္ကိုႏွင္ၿပီးေတာက္ေခါက္လိုက္တာေပါ့ကြ…”
“ဆရာလည္း ဒီလိုေလာကီပညာေတြမွာ ကြၽမ္းက်င္သားပဲ က်ဳပ္ကဒါမ်ိဳးေတြသိပ္ဝါသနာပါတာဗ်…ခဏေနရင္က်ဳပ္လည္းအစြမ္းျပမယ္”
“ဘယ္လိုျပမွာတုန္းေမာင္ရဲေခါင္”
“ဟိုဖက္ႏွစ္အိမ္ေက်ာ္မွာ နတ္တင္ေနတယ္ဆရာ…လာပါက်ဳပ္နဲ႔လိုက္ခဲ့”
ျမတ္စံထြန္းလည္း ရဲေခါင္ေခၚရာေနာက္သို႔လိုက္သြားၿပီးသူႀကီးအိမ္ႏွင့္ႏွစ္အိမ္ေက်ာ္တြင္ နတ္ပြဲေပးေနသည္ကိုေတြ႕ရ၏။ ထိုနတ္ပြဲေပးေသာအိမ္ေရွ႕မန္က်ည္းပင္းႀကီးေအာက္၌ ထိုင္လိုက္ၾကၿပီး ရဲေခါင္က…
“ကိုင္း ဒီအိမ္မွာရွိတဲ့ ႐ိုးရာအပါအဝင္ သုံးဆယ့္ခုနစ္မင္းေသာနတ္မ်ား ငါ့အမိန္႔မရဘဲ မပူးရမကပ္ရေဟ့”
ထို႔သို႔ႏွစ္ေယာက္ၾကားရယုံမွ်ခပ္တိုးတိုးေရ႐ြတ္ လိုက္ၿပီး ဖေနာင့္ေဆာင္လိုက္သည္။ နတ္ဒိုးသံတညံညံႏွင့္နတ္ပြဲႀကီးစေသာအခ်ိန္မွစ၍ နတ္ဝင္သည္မ်ားမည့္သည္နတ္ကိုမွ်ပင့္မရေတာ့ေပ။ နတ္ဝင္သည္မ်ားမ်က္ႏွာပ်က္ေနၾကၿပီး ကနားစီးနတ္ဆရာထံနတ္မဝင္ေၾကာင္းခပ္တိုးတိုးေျပာၾကသည္ကို ျပတင္းေပါက္မွတဆင့္ျမတ္စံထြန္းႏွင့္ရဲေခါင္တို႔ျမင္ေနရ၏။
ရဲေခါင္လည္းထိုသို႔အစြမ္းျပၿပီးျမတ္စံထြန္းအား ျမင္ၿပီလားဆိုေသာအၾကည့္ျဖင့္ၾကည့္ၿပီး အိမ္သို႔ျပန္ခဲ့ၾကသည္။ ျမတ္စံထြန္းတို႔ေနာက္ခိုင္းခ်ိန္၌ကနားစီးသည္အဝတ္လဲ၍ ႐ိုးရာပင့္သည္။နတ္ကမဝင္။ကနားစီးလည္းစိတ္တိုလာၿပီး ဖေနာင့္တစ္ခ်က္ကိုဝုန္းခနဲေဆာင့္၏။ထို႔ေနာက္နတ္စိမ္းမဟုတ္ေသာမယ္ေတာ္႐ုပ္ႀကီးအားထုတ္ယူၿပီး အသင့္ပါလာေသာ အပ္မ်ားကိုမယ္ေတာ္႐ုပ္၏တစ္ကိုယ္လုံးတြင္စိုက္ကာ နတ္စင္ကမီးႏွင့္ကင္သည္။ ထို႔ေနာက္ အ႐ုပ္ကိုဆြဲသပ္လိုက္ေသာအခါအပ္တို႔သည္ေျဖာင္းေျဖာင္းက်ိဳး၍ မယ္ေတာ္႐ုပ္၌မီးဟုန္းဟုန္းေတာက္သြားသည္။ နတ္ပြဲလည္းပ်က္ေလၿပီ။
ထိုအခ်င္းအရာမ်ားကို ျမတ္စံထြန္းႏွင့္ရဲေခါင္တို႔မျမင္ခဲ့ရေပ။အိမ္သို႔ေရာက္ေသာအခါ ျမတ္စံထြန္းသည္သူႀကီးႏွင့္စကားမ်ားေျပာၾကျပန္သည္။ ရဲေခါင္က ႏြားစာအတြက္ေကာက္႐ိုးဆြဲရန္ အိမ္မွ အလုပ္သမားမ်ားအားသြားေျပာသည္။
“ဒါနဲ႔ဆရာ…က်ဳပ္တို႔အိမ္မွာ တစ္ညတည္းခိုပါအုံး…ေနာက္တစ္ေန႔မွာ အဘကိုပူေဇာ္ပြဲလုပ္ၾကမွာဗ်”
“ဘုရားပ်က္ႀကီးနားမွာေတြ႕ခဲ့တဲ့ ဘိုးေအာင္ခန္႔ကိုလား”
“ဟုတ္ပါ့ဗ်ာ…ရပ္နီးရပ္ေဝးက လူေတြနဲ႔စည္စည္ကားကားပါပဲ…ဒီေန႔ေတာင္ ဓာတ္နန္းနားမွာ မ႑ပ္ထိုးဖို႔ ျပင္ေနၾကၿပီဗ်”
“အား….အေဖေရ…အေဖ့”
ျမတ္စံထြန္းႏွင့္သူႀကီးတို႔ စကားေကာင္းေနခ်ိန္ ေကာက္႐ိုးပုံအနီးမွ ရဲေခါင္၏ေအာ္သံနက္ႀကီးကိုၾကားလိုက္ရ၏။လွမ္းၾကည့္လိုက္ေသာအခါ ေကာက္႐ိုးမ်ားၾကား၌လဲေနၿပီးေျခေထာက္ကိုကိုင္ေအာ္ေနေသာရဲေခါင္ကိုေတြ႕ရသျဖင့္ ႏွစ္ေယာက္သားေျပးသြားၾကသည္။ အနီးသို႔ေရာက္ေသာအခါ ရဲေခါင္သည္ မ်က္ျဖဴစိုက္ၿပီးသတိလစ္သြား၏။ေျခေထာက္၌လည္း ေသြးစို႔ေနေသာအေပါက္ႏွစ္ေပါက္ကို႔ေတြ႕ရသျဖင့္ ပိုးထိျခင္းဟုသိလိုက္ရသည္။
ရဲေခါင္ကိုအိမ္ထဲသို႔ေပြ႕ယူလာစဥ္ ရဲေခါင္၏မိခင္လည္းအေျပးလာၿပီးေပြ႕ရွာသည္။ သားျဖစ္သူအားအိမ္အဆင့္ေပၚတင္ထားၿပီး ဘာလုပ္မည္ကိုမသိျဖစ္ေနျပန္၏။ ျမတ္စံထြန္းကပိုးထိေသာေျခေထာက္ကို
ဒူးဆစ္မွကိုင္ထားၿပီး အဆိပ္က်မႏၲန္မ်ား ကိုအဆက္မျပတ္႐ြတ္ဖတ္ေနသည္။ ရဲေခါင္၏အသားမ်ားညိဳလာၿပီး ႏႈတ္ခမ္းလည္းျပာသြားသည္။
ခ်က္ခ်င္းပင္ ျမတ္စံထြန္းကေၾကးဖလားတြင္ေရျဖည့္ခိုင္းၿပီး ေဘးတြင္စမဖေယာင္းတိုင္ထြန္းထားသည္။ထို႔ေနာက္ကိုက္ေသာေႁမြကိုအဆိပ္လာေရာက္စုပ္ယူရန္အမိန္႔ျပန္ေသာ္လည္း ေႁမြကေရာက္မလာ။ရဲေခါင္၏ဗိုက္သည္ေဖာင္းတက္လာၿပီး လည္ပင္းတစ္ဝိုက္ညိိုညိဳအကြက္မ်ားေပၚလာသည္။ သူႀကီးကေတာ္လည္းရဲေခါင္၏ႏွာေခါင္းဝကို စမ္းၾကည့္ၿပီး ဝင္သက္ထြက္သက္မရွိေတာ့ေသာေၾကာင့္ မ်က္ႏွာကိုလက္ျဖင့္အုပ္၍ငိုေတာ့သည္။
ျမတ္စံထြန္းသည္ေႁမြမ်ိဳးစုံကိုကုသလာခဲ့သူျဖစ္ေသာ္လည္း ဤတစ္ႀကိမ္မည္သို႔မွ်မတက္ႏိုင္ခဲ့ေပ။
ခ်က္ခ်င္းပင္ ရဲေခါင္ကိုဖ်ာလိပ္ႏွင့္ပတ္၍ ႏွီးျဖင့္ခ်ည္ထားလိုက္သည္။ထို႔ေနာက္အိမ္ေရွ႕ၿခံျပင္သို႔ထုတ္ၿပီး ရပ္ထဲ႐ြာထဲမွ လူငယ္မ်ား ရဲေခါင္၏အေပါင္းအသင္းမ်ားလည္းေရာက္လာၾကသည္။ သူႀကီးလည္းမ်က္ႏွာမေကာင္း။ အရပ္ဓေလ့အတိုင္း အစိမ္းေသကိုေန႔ခ်င္းသၿဂႋဳၾကမည္ျဖစ္၍ အေခါင္း႐ိုက္ထားၾကၿပီ။
ေနခ်င္းညခ်င္း သူႀကီးအိမ္သည္ အသုဘအိမ္ျဖစ္သြားခဲ့ရေတာ့၏။
“က်ဳပ္မတားခဲ့မိတာ က်ဳပ္အမွားပါသူႀကီး”
“ဘာကိုလည္းဆရာ….”
ညႇိဳးငယ္စြာေမးရွာေသာသူႀကီးကိုျမတ္စံထြန္းေမာ့
ၾကည့္ၿပီး….
“ကနားပြဲမွာ သူတစ္ပါးအလုပ္ကိုအေႏွာက္အယွက္ျပဳလို႔ ဟိုက ျပန္အတိုက္ျပဳလိုက္တာပါ”
“ရွိပါေစေတာ့ကြယ္….သူကလည္းသူပဲကိုး..”.
ထိုသို႔ေျပာေနၾကခ်ိန္ သူႀကီးအိမ္ေရွ႕၌ အ႐ူးတစ္ေယာက္ေရာက္ေနသည္ကိုသတိထားမိၾကသည္။ လက္ထဲတြင္ေတာင္ေဝွးကိုင္ထားၿပီး ပုတီးတစ္ကုံးကိုလည္း လည္ပင္း၌ဆြဲထားေသးသည္။ ညစ္ႏြမ္းေသာအဝတ္အစားမ်ားႏွင့္ ပခုံးေပၚသို႔ဝဲက်ေနသည့္ဆံပင္ရႈပ္ပြပြႀကီးကို လက္တစ္ဖက္ျဖင့္ဆြဲဆြဲသပ္ရင္း ၿခံထဲဝင္လာသည္။ဖ်ာလိပ္ပတ္ထားေသာ ရဲေခါင္၏အေလာင္းအနီးသို႔ခ်ဥ္ကပ္လာေနေသာအ႐ူးအား ႐ြာသားမ်ားက ေမာင္းထုတ္ၾကသည္။
အ႐ူးလည္း လက္ထဲမွေတာင္ေဝွးျဖင့္ဖ်ာလိပ္ႀကီးကိုဘုတ္ခနဲ႐ိုက္မိေအာင္႐ိုက္လိုက္ၿပီး ႐ြာသားမ်ားတြန္းထုတ္ေသာေၾကာင့္ ျပန္ထြက္သြားသည္။
“ဘယ္က အ႐ူးပါလိမ့္သူႀကီး…”
“႐ြာနားမွာ မၾကာမၾကာေတြ႕ရတတ္ပါတယ္ဆရာ…”
ထိုသို႔ေျပာေနစဥ္ဖ်ာလိပ္ႀကီးတစ္ခ်က္လႈပ္သြားသည္ကိုျမတ္စံထြန္းေတြ႕လိုက္ရ၏။ထို႔ေၾကာင့္ ဖ်ာလိပ္နားကပ္သြားၿပီး ႏွီးမ်ားကိုေျဖခ်လိုက္သည္။အထဲရွိရဲေခါင္အေလာင္းမွ ျပာေနေသာႏႈတ္ခမ္း၊ေဖာင္းေနေသာဝမ္းဗိုက္၊ညိဳမည္းမည္းအကြက္တို႔သည္ အားလုံးေပ်ာက္ကြယ္ၿပီး အေကာင္းပကတိအတိုင္းျပန္ျဖစ္သြားေသာေၾကာင့္ ျမတ္စံထြန္းေရမန္းတစ္ခြက္ျဖင့္ မ်က္ႏွာေပၚျဖန္းပတ္လိုက္သည္။
႐ုတ္တရက္ဖ်ာလိပ္ထဲမွ ရဲေခါင္သည္ ကုန္းထလာသျဖင့္ ႐ြာသားမ်ားလည္းေျပးၾကသည္။ဖုတ္ဝင္သည္ဟုထင္ပုံရ၍ ေၾကာက္လန္႔တၾကားေျပးၾကသူမ်ားရွိေသာ္လည္းရဲေခါင္း၏မိဘႏွစ္ပါးသည္ ထလာေသာရဲေခါင္အားေျပးဖတ္ထားၾက၏။ရဲေခါင္ကစကားစေျပာသည္…
“က်ဳပ္ကိုေသၿပီထင္ၿပီး အသုဘလုပ္ေနၾကတာလား”
“ဟုတ္ပါ့ငါ့သားရယ္…မင္းမေသဘူးေနာ္…”
“မေသပါဘူးဗ်ာ က်ဳပ္လည္းအံ့ၾသလို႔မဆုံးဘူး ကိုက္သြားတာေႁမြေပြးဗ်”
“ဒီကဆရာကို ေက်းဇူးတင္ရမယ္ကြ…မင္းအသက္ကိုသူကယ္သြားတာ…”
“ဘယ္ကသာ သူႀကီးရယ္…ရဲေခါင္ေျမာေနၿပီးသတိျပန္ကပ္ခ်ိန္အပမွီတတ္လို႔က်ဳပ္က ကာကြယ္တဲ့သေဘာပါ တကယ္သူ႔အသက္ကိုကယ္သြားတာ ခုနကအ႐ူးဗ်”
“ဘယ္လိုဆရာ…အ႐ူးေၾကာင့္ အသက္ျပန္ဝင္လာတာဟုတ္လား”
“ဟုတ္ပါတယ္သူႀကီး….ဒါကလည္းရဲေခါင္တကယ္မေသဘဲစိတ္ဝိဉာဥ္လြင့္ေျမာေနခ်ိန္မို႔ ရတာပါ…တစ္ခါတေလမွာ ကိုယ္ထင္မွတ္မထားတဲ့အရာတိုင္းကိုတိုက္ဆိုက္မႈလို႔ယူဆလို႔မရျပန္ဘူး…မနက္ျဖန္ အဘပူေဇာ္ပြဲၿပီးရင္ ဒီအ႐ူးနဲ႔ေတြ႕ခ်င္ေသးတယ္ဗ်ာ…ကိုင္းေမာင္ရဲေခါင္ တေရာ္ကင္ပြန္းနဲ႔ေခါင္းေဆးၿပီးနားေတာ့ကြာ ”
ထိုေန႔ည၌ျမတ္စံထြန္းလည္းရဲေခါင္အိမ္တြင္တစ္ညအိပ္လိုက္သည္။ရဲေခါင္သည္လည္း နတ္တို႔ကိုအမိန္႔ေပးေစခိုင္းႏိုင္ေသာ လည္ဆြဲအားညခ်င္း မီးတိုက္ဖ်က္စီးလိုက္ေလေတာ့၏။
ဝိဇၨာရွစ္ေသာင္းဆရာေပါင္းတို႔အား
ဦးထိပ္ထား၍
မင္းဟိန္းခန္႔(ဥႆာဒီပ)