စပါးကြီးမြွေရဲ့ အန်ဖတ်(စ/ဆုံး)

Unicode Version

စပါးကြီးမြွေရဲ့ အန်ဖတ်(စ/ဆုံး)
————————————-
ဒီတစ်ထပ်တိုက်လုံးချင်းလေးကို တစ်နှစ် အကြာမှာ အိမ်ရှင်က လက်ပြောင်းရောင်းခဲ့ ကျွန်တော်တို့ နှင့်ဆိုရင် သုံးဦးမြောက်ပဲ လို့ သိရတယ်။
တာ
ခြံက ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ သစ် ရိပ်၊ ဝါးရိပ် အုံကောင်းတယ်။ အိမ်နီးနားချင်း များ ကလည်း သူ့ဝန်းသူ့ခြံနဲ့ ပဲ။ ရေကလည်း ကောင်းမှ ကောင်း။ အုတ်စီရေတွင်းရယ်။
ရေထွက်အား ဘယ်လောက်ကောင်းလဲဆို အောက်ဘက်ရေပြင်က
မြေပြင်ကုန်းပေါ်
တစ်ခု တည်းခင်ဗျ။ စက်သီးကြိုးနဲ့ ရေဆွဲ စရာမလိုဘူး။ ဆွဲပုံးနဲ့ ကုန်းခပ်လိုက်ရုံပဲ၊
အဲဒါ ကြိုက်လွန်းလို့ ပွဲစားနဲ့ ညှိနှိုင်းပြီး ဝယ်လိုက်တာ။ ကျွန်တော်က ပွဲစားလုပ်ငန်း ဝါသနာ မပါပါဘူးဗျာ။ သို့သော် ဈေးမှာ အထည်ဆိုင်ဖွင့်ပြီး နေ့ပြန်ကလေးပေးနေတဲ့
ကျွန်တော့်မိန်းမ
မချစ်ပိုကတော့

မြိုးမြိုးမြက်မြက်ကလေး ကျန်မယ်ထင်ရင် ပြန်ထုတ်လေ့ရှိတယ်လေ။
မချစ်ပို အမြတ်ကိုမျှော်ကိုးပြီး ပြန်ပြန် ထုတ်နေလို့ လည်း အခု ကျွန်တော် အသက် လေး ဆယ်ဝန်းကျင်ရောက်သည့်တိုင်အောင် အတည်တကျ အိုးပိုင်အိမ်ပိုင် နေခွင့်ကို မရ
သေးဘူး။
ဝယ်ပြီးနေလိုက်၊ ဈေးကောင်းလေးရလို့ ပြန်ရောင်းလိုက်နဲ့ ။ အိမ်ပြောင်း၊ နေရာ
ပြောင်းရ တာ ငါးကြိမ်ရှိပြီ။
“ကျွန်မ
အမြော်အမြင်ကောင်းလို့
လာဘ်မြင်လို ခုလိုရွှေနဲ့ ငွေနဲ့ နေရတာ ဆိုတာရှင် သဘောပေါက်”
အဲဒါ ကျွန်တော့်မိန်းမ မချစ်ပို အိမ်နဲ့ ခြံပြန် ရောင်းပြီးတိုင်း ပြောနေကျစကား။
ခုခြံနေရာကို ကျွန်တော်က ကြိုက်တယ်”

“မချစ်ပို”
“ဘာတုံး ကိုရွှေကံ”
“ဒီနေရာလေးတော့ ပြန်မရောင်းပါနဲ့ ကွာ။ ခြံလေးက ရေနဲ့ သစ်ပင်နဲ့ စိမ်းစိမ်းစိုစို၊ သန့်သန့် ပြန့်ပြန့်လေး၊ ငါတို့ တစ်သက်လုံး နားနားနေနေ ခေါင်းချရာနေရာလို့ မှတ်ကြ

“ရှင်က ဘာလာဘ်မြင်လို့ လဲ။ နေရာ ကလေးကောင်းရင် ကုလားထိုင်နဲ့ စာဖတ် မယ်၊ ဘုရား စာတွေအော်ဆိုမယ်။ ပြီးရင် အတိတ်အကြောင်း၊ နိမိတ်အကြောင်းပြော ပြီး ဟိုလူ့သနားလို့ ပေး လိုက်၊ ဒီလူ့သနားလို့ ပေးလိုက်နဲ့ အလကားဖြုန်းမယ်၊ ဒါပဲ..။ ဒါမှာ ရှင့် ကိုရွှေကံရဲ့ ။ လူဆိုတာ အိုစာမင်းစာ
အတွက် ခုလောက်ကတည်းက ကြိုတင် စုဆောင်းနိုင်မှ တော်ကာတန်ကာကျမှာ အရောင်းအဝယ်ကိစ္စဖြစ်လာရင် ရှင်ဝင်ပါပါ
ကျွန်တော်က တစ်ထပ်တိုက်အိမ်လေးကို
ဆေးသုတ်ကုလားတွေခေါ်ပြီးဆေသုတ်လိုက် တယ်။ ဆေးသုတ်လိုက်တော့ အိမ်ရဲ့ အလှက ပိုပြီးဝင့်ကြွားသွားရော။ ပြီး…အိမ်ရှေ့က … ပန်းခြံဟောင်းလေးကို တူးဆွပေါင်းသင်ပြီး အရွက်လှပန်းရောင်စုံ စိုက်ပြီး နေ့စဉ်ပြုစုပျိုးထောင်လိုက်တော့ ကြာခင်သုံးလေးလမှာ ပန်းရောင်စုံနဲ့ ကြည့် လို့ လှတဲ့ ပန်းခင်း၊ ပန်းတော၊ ပန်းခြံလေး ဖြစ်လာပါရော။

ကျွန်တော်တို့ ခြံထောင့်မှာ ညောင်ပင်ကြီး

တစ်ပင်ရှိတယ်။ ခြံစည်ရိုးတစ်လျှောက်မှာ ဝါး ယောက်ရုံ၊ ဝါးနက်ရုံ၊ ဝါးယားပင်ရုံရှိတယ်။
မျက်နှာစာမှာ သရက်ပင်၊ ပိန္နဲပင်ရှိတယ်။
မရမ်းပင်က မြောက်ဘက်အခြမ်းမှာ

ကျွန်တော်က ကျွန်တော့်ဝါသနာ၊ ဝသီ၊
ဓလေ့အတိုင်း အရိပ်ကောင်းသည့် ညောင်ပင်
အောက်မှာ ပက်လက်ကုလားထိုင်ချပြီး
မနက်မိုးလင်းတာနဲ့ ပရိတ်ကြီးဆယ့်
တစ်သုတ်ကိုရွတ်လို့ သုံးဆယ့်တစ်ဘုံသား
အားလုံးကို အမျှအတန်းပေးဝေတယ်။
မိန်းမလုပ်သူ မချစ်ပိုက ဈေးမှာ ဆိုင်ဖွင့်ဖို့
အစောကြီး သူ့အချစ်တော် … မွေးစားသား
တယ်ရီယာခွေး၊ ဂျက်ကီနဲ့ သွား။ သူ့မောင် အရင်း … ချစ်ကောင်းဦးဆိုတဲ့ ကျွန်တော့် ယောက်ဖ အလုပ်မရှိ၊ အကိုင်မရှိ လတ်လျားလတ်လျားကောင်က နေဖင်ထိုးမှ

အိပ်ရာထမယ်။
ပြီးရင်ကျွန်တော်ခပ်ထားသည့်ရေကို
အားရပါးရချိုးမယ်။
သည့်နောက်ဝတ်ကောင်းစားလှ ဝတ်ပြီး သူ့အစ်မရဲ့ ဆိုင်
ကိုသွားမယ်။ လက်ဝါးဖြန့် မုန့်ဖိုးတောင်း။
သူလိုအလုပ်မရှိ၊ အကိုင်မရှိ ဂျလေဘီတွေ
ကိုးချင်းကိုးချင်း လျှောက်သွားမယ်။
နောက် ပြီးရင် အရက်နံ့တသင်းသင်းနဲ့
ပြန်လာ။ ကျွန်တော်ချက်ပြုတ်ထားသည့် ထမင်း ဟင်းကို တဝတပြဲစား။ ဟင်းမကောင်းရင် ပူညံပူညံ ဗျစ်တောက်ဗျစ်တောက်လုပ်။ အရစ်ရှည်မယ်။
အစ်မလုပ်သူကလည်း သူ့မောင်ဘက်က ဝင်ပါပြီး ကျုပ်ကို ပူညံပူညံလုပ်မယ်။ ပြောရ ရင် သူ့ခွေးလေးဂျက်ကီကပါ ဝင်ဟောင်မယ်။

ပြီးရင် သူ့အခန်းထဲ ဝင်အိပ်၊ အဲဒါမျိုးက အရင်အိမ်မှာ နေကတည်းကပါပဲဗျာ။ ကျုပ်က
လည်း ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ကတည်းက
အလုပ်ရှာနေရပေမင့် ရှိတာလေးနဲ့ အစုစပ် လုပ်ငန်းများမှာ ရှယ်ယာဝင် ထားတာမို့ အကျိုးအမြတ်ဝင်ငွေ ရှိနေပါ
တယ်ဗျာ။

သူတို့ လုပ်စာ ထိုင်မစားပါဘူး။ ပြောရရင် သည် အထည်ဆိုင်လုပ်ငန်းလည်း ကျုပ်ပဲ အရင်း တည်ပေးခဲ့တာပါ။ အချိန်ပိုနေတော့ ဝါသနာပါတဲ့ ဘုရားတရားအလုပ်ကလေးပဲ အာရုံစိုက်။ ပြီးရင် စာအုပ်မျိုးစုံဖတ်ပေါ့။ ယောက်ဖလုပ်သူလည်း ကြည့်မရလို့ အရေး မလုပ်ပေါင်။
သူတို့ လည်း သူတို့ မူနဲ့ နေချင်သလိုနေ၊ ကိုယ်လည်း ကိုယ့်မူနဲ့ နေချင်သလိုနေပါပဲ။
ဒီလိုနေရင်းက…

ခြံထဲက ညောင်ပင်ကြီးမှာ နတ်စင်၊ ရေချမ်းစင်လေး ပြိုပျက်နေလို့ လက်သမား ခေါ်ပြီး စင် လေးတစ်စင် ရိုက်လိုက်တယ်။ ကျွန်တော်တို့ မြန်မာများမှာ ဆိုရိုးစကား ရှိ သမို့လား။ ညောင်ပင်ကြီးရင် ရုက္ခစိုးကြီးများ မှီ တင်းနေထိုင်လေ့ရှိသတဲ့ ။

ရုက္ခစိုးနတ်ဆိုတာကလည်း
စတုမဟာရာဇ်အောက် နတ်ကြီးများ ဖြင်ပေ မင့် ဘုန်းတန်ခိုးကြီး သတဲ့ ။ လူယောင်
ဖန်ဆင်းပြီး ရဟန်းအရှင်သူမြတ်
သူတော်ကောင်းများ ထံမှာ တရားနာယူလေ့ ရှိ သတဲ့ ။
ကမ္ဘာတစ်ဆုံး အသက်ရှည်ကြလို့ နောင်ပွင့်မည့်ဘုရားရှင်ကိုတောင်
ဖူးမြော်နိုင် သူများ လို့ ဓမ္မကျမ်းဂန်များမှာ ဆိုသလို အချို့ သော ရဟန်းပုဂ္ဂိုလ်များက နောင်ပွင့်မည့် ဘုရားရှင်ကို ဖူးချင် လွန်းလို့ “ငါတို့ ပျံလွန် ရင် ရုက္ခစိုးနတ်ကြီးများ ဖြစ်ရင် ကောင်းမှာ ပဲ” လို့ ဆိုကြဖူးဆိုပဲ။ ဒါကြောင့်..
ရုက္ခစိုးစင်လေးလုပ်ပြီး ပန်း၊ ရေချမ်း၊
သစ်သီးဆွမ်းကပ်၊ ညဘက်ရောက်ရင် ဆီမီး၊
ရှိခဲ့ရင်လည်းကျွနု်ပ်တို့ … မိသားစုကို
အမွှေး တိုင်များ ကပ်လှူပြီး ရုက္ခစိုးကြီးများ
စောင့်ရှောက်ပါလို့ ပြောဆို ရတယ်။
မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်

ညောင်ပင်အောက်မှာ ပရိတ်တရားများ ရွတ်
ပြီးရင်လည်း ရုက္ခစိုးကြီးအပါအဝင် ခုနစ်
ရက်သားသမီး၊ သုံးဆယ့်တစ်ဘုံသားများကို
အလှူပေးရသည့် ကျွန်တော့်ဘဝမှာ စိတ်
ကြည်နူးချမ်းမြေ့စရာ အလုပ်တစ်ခုပါပဲဗျာ။

တစ်နေ့လည်း ကျရော..
ထူးဆန်းအံ့ဩဖို့ ကောင်းသည့် ဖြစ်ရပ်ကို ကျွန်တော်တို့ ကြုံရပါရောခင်ဗျာရေ။
ကျွန်တော် ကမိုးလင်းရင် … အိပ်ရာက
အစောကြီးနိုးတာကိုး။ နိုးတာနဲ့ ဘုရား
သောက်တော်ရေလဲ။ ဘုရားရှိခိုး လုပ်တာ။ အဲဒါ အိပ်ရာကထလို့ မီးဖွင့်လိုက်ရော…
ဟော.. ကြည့်စမ်း..။
အိမ်ရှေ့ဘုရားစင်အောက်မှာ ဧရာမမြွေ
ကြီးတစ်ကောင် ခွေနေတာများ ။ “ဘုရားရေ….။ … မြွေကြီးက နည်းတာ မဟုတ်ဘူး ။ ကိုယ်လုံးကြီးက ဓာတ်ဘူးလုံး လောက် ရှိ နေတာ။ အခွေအခွေဆင့်ခွေပြီး

ခေါင်းတင်လို့ နေတာများ ။ အလုံးကြီးမှ နည်းနည်းနောနော မဟုတ် ဘူး။
“ကိုရွှေကံ ဘာဖြစ်နေတာတုံး”
“ဟို..ဟို.. မြွေ.. မြွေကြီး”
“ဘာ…ဘာပြောတယ်။ ကိုကံ ဘာပြောလိုက်တယ်”
“ဘုရားစင်အောက်မှာ ”မြွေကြီး
“ဟင်”
ဇနီးသည် မချစ်ပိုရော။ ယောက်ဖလုပ်သူ
ချစ်ကောင်းဦးရော အိပ်မှုန်စုံမွှားနဲ့ နိုး လာပြီး
ဘုရားစင်အောက်က မြွေပုံကြီးကိုလည်း မြင် ရော အမလေးလို့ လန့်အော်ပါရော။
“ဝုတ်…ဝုတ်”
“ဝုတ်…ဝုတ်” ”

မချစ်ပိုရဲ့ မွေးစားသား ဂျက်ကီဆိုတဲ့ အမွေးစုတ်ဖွား ခွေးလမ်းသရဲကလည်း ဝုတ်ဝုတ်နဲ့ ဟောင်လိုက်၊ အနားပြေးကပ် လိုက်၊ ကိုက်မလို့ လုပ်လိုက်နဲ့ ဟန်ရေးပြလို့
“ဘုရား..ဘုရား အကြီးကြီးပါလား၊ ဒါ..ဒါ ဘာမြွေတုံး ကိုကံ”
“စပါးကြီး”
“ဘုရားရေ။ လူကိုရစ်ပတ် ဆွဲဆန့်တဲ့
စပါးကြီးလား”
“ဟုတ်တယ်”
“ဒါဆို
ဒီလိုကြည့်နေလို့မရဘူး။
အပြတ်ရှင်းမှ ရတယ်။ နေဦး..ခဏလေး”
ယောက်ဖလုပ်သူက ပြောရင်းကနေ နောက်ဖေးကိုဝင်သွားလိုက်ပြီး နှစ်ခွမှ ိန်း
ရှည်ကြီးကို ယူလာလိုက်ရော။

“ချစ်ကောင်းဦး မင်းဘာလုပ်မလို့ လဲ” “သတ်ပစ်ရမယ်လေဗျာ”
“မလုပ်နဲ့ မလုပ်နဲ့ ”
“လုပ်ရမှာ ပေါ့ ကိုကံရဲ့ ၊ ရှင်က မြွေကိုမ
သတ်ဘဲ မမောင်းမနှင်ဘဲ ဘာလုပ်မလို့ လဲ
ပြောပါဦး ကျွန်မတို့ ကိုကိုက်ရင် မျိုရင်
ဘယ်လိုလုပ်မလဲ”
“ကြာတယ်ဗျာ။ ရှင်းပစ်လိုက်မယ် ဖယ်”
“ပြောရင်းကနေ နှစ်ခွမှ ိန်းရှည်နဲ့ ထိုးမ လို့ အနီးကိုတိုးလိုက်ရော မြွေပုံကြီးက လွန့် ပြီး ခေါင်း ထောင်ကြည့်လိုက်တာဗျ။
“အမလေးဗျ”
ယောက်ဖလုပ်သူကို ကြောက်ပြီး မှ ိန်းကို ကိုင်လို့ နောက်ကိုအမြန်ဆုတ် လိုက်လေရဲ့ ၊ ဒီမှာတင်ပဲ ခွေးစုတ်ဖွားဂျက်ကီက ကိုက် မယ်ဆိုပြီး အရဲစွန့်လို့ တိုးကပ်လိုက်ရော။

“နောက်ဆုတ်..နောက်ဆုတ်။ ဂျက်ကီ….
ဂျက်ကီ….သား..သား
မလုပ်နဲ့
ဘုရား..ဘုရား ဒီမှာ ကိုရွှေကံ”
“ဘာတုံး ချစ်ပို”
“ရှင် ဒီမြွေဆိုးကြီးကို ဘယ်လိုလုပ်မှာ လဲ ပြော၊ ရှင်မလုပ်ရဲရင် ကျွန်မ ဈေးရှေ့က ကုလား အုပ်စုကိုခေါ်ပြီး သတ်ခိုင်းလိုက်
မယ်။ ပြော..” “နေပါဦးဟာ”
ဒါနဲ့ ကျွန်တော်လည်း စပါးကြီးမြွေရဲ့ ရှေ့ မှာ ရပ်ပြီး ခန္ဓသုတ်ရွတ်လို့ မေတ္တာပို့ လိုက်တယ်။
“အသင်မြွေကြီး။ သင်နဲ့ ကျွနု်ပ်တို့ သည်
ဘယ်ဘဝက ဘယ်လိုတော်စပ်ခဲ့ကြသည် ကို
ကျွနု်ပ်မသိပါဘူး။ သင် ကျွနု်ပ်ရဲ့ အိမ်ကို အလည်ရောက်လာသည် ကို ဝမ်းမြောက်မိပါ
တယ်။ သို့ သော် ကျွနု်ပ်ရဲ့ အိမ်သူအိမ်သား

များက သင့်ကို စိုးရိမ်ကြောက်ရွံ့နေသည် မို့ သင်လည်း အသက် အန္တရာယ်ကင်းအောင်၊
အိမ်သူအိမ်သားများ လည်း နေရဲအောင်
အသင်မြွေကြီး…ဤနေရာမှ သည် အခြား
နေရာသို့ ရွှေ့ပြောင်းပေးပါ။ အသင်မြွေကြီး
အသက်ရှည်ပါစေ၊ ကျန်းမာပါစေ။ အမျှ…
အမျှအမျှ”
ကျွန်တော်က ဒီလိုလည်း ပါးစပ်ကနေ ရို ရိုသေသေ လေးလေးစားစား ပြောလိုက်ရော ပရိတ်ရေအိုးလုံးလောက် ခေါင်းကြီးကိုမော့ လို့ ကျွန်တော်တို့ သုံးဦးကို တစ်လှည့်စီကြည့် ပြီး ဘုရား စင်ရှေ့ကလျှောလို့ အပြင်ကိုထွက်
သွားလေရဲ့ ဗျာ။
လှုပ်လှုပ်
လှုပ်လှုပ်နဲ့
သွားနေတဲ့
စပါးကြီးမြွေကြီးကိုကြည့်ပြီး သူတို့ မောင်နှမ အတော်ကို ကြောက်လန့်နေတာများ
မြွေကြီးဟာ အိမ်ရှေ့ကနေ တောင်ဘက် ခြမ်း ဝါးယောက်ရုံအောက်ကိုဝင်သွားပြီး
ပျောက်သွားလေရဲ့ ။ ဂျက်ကီခွေးလမ်းသရဲက
ဝါးယောက်ရုံကိုကြည့်ပြီး အားရပါးရဟောင်
နေလိုက် တာရယ်။ သူ့သခင်မ မနည်းကို ဆွဲ
ယူရလေရဲ့ ။

ပြောရရင်တော့ဗျာ…။ မနက်မိုးလင်းလို့
အိပ်ရာထမီးဖွင့်လိုက်တာနဲ့
အဲဒီ စပါးကြီးမြွေကြီး ဟာ ဟာ ဘုရားစင်အောက်မှာ ခွေအိပ်နေတာကို နောက်နေ့တိုင်း မြင်ရ ရော။
ချစ်ပိုတို့ မောင်နှမ အိမ်မှာ မနေရဲတော့ ဘူး။ သူတို့ မြွေကြီးကို နေ့ရော၊ ညပါ ဆဲရေးတိုင်းထွာပြီး သတ်ပစ်ဖို့ စီစဉ်ကြ
တယ်။

“မလုပ်ပါနဲ့ ချစ်ပို”
“မလုပ်လို့ မရဘူး။ ကျုပ်တို့ အိပ်နေတုန်း လူကိုလာမျိုရင် ဘယ်လိုလုပ်မလဲ”
“သူ ဘုရားစင်အောက်မှာ ပဲ လာအိပ်တာ ပါကွာ။ ငါ မေတ္တာရပ်ခံလိုက်တိုင်း ပြန်ဆင်း သွား တာပဲဥစ္စာ။ မြွေကြီးက လူစကား နားလည်ပုံရတယ် ချစ်ပို”
“ရှင့်ယောက်ဖ လူစကားနားလည်ရင် မြွေ
နေရာမြွေနေလို့ ပြောပါလား ထွီ”
“ကြည့်ရတာ မင်းတို့ ၊ ငါတို့ နဲ့ ဟိုး ဘဝဟောင်းတုန်းက အဆွေအမျိုးတော်စပ် လို့ လာတာ လား မသိဘူး။ မြွေအိမ်ပေါ် ရောက်တာ လာဘ်ပဲ မိန်းမ”
“ဘာလာဘ်လည်း ။ ငါးပြားစေ့တစ်စေ့မရ

ဘဲ ညဘက်အိပ်လို့ မပျော်၊ ရင်တွေတုန်နေရ တာ လာဘ်လား ပြော”
“တစ်နေ့တော့ ပေးချင်ပေးမှာ ပေါ့ မိန်းမ ရာ။ ခုချိန်ထိ ငါတို့ လည်း ရန်မပြုဘူး။ မြွေသူတော် ကောင်းကြီးပါ”
“ရှင် ဒီမြွေကြီးကို သတ်ချင်သတ်။ မသတ် ရင် ကျွန်မတို့ ရှင်နဲ့ အတူမနေဘူး။ အို… ကြာပါတယ်။ ကျက်သရေမရှိတဲ့ ဒီအိမ်နဲ့ ခြံ ကြီးကို အမြန်ဆုံး ရတဲ့ ဈေးနဲ့ ရောင်းမှာ ပဲ” အဲဒီ အချိန်ကစပြီး မချစ်ပိုတို့ မောင်နှမ ကျွန်တော်နဲ့ အတူမနေတော့ဘူး။ အိမ်ငှားနေ ကြ တယ်။ နံဘေးနံဘီက ဘာလို့ အတူမနေ ကြတာလဲလို့ မေးရင် အလွန်ကြီးမားတဲ့ စပါးကြီးမြွေကြီး တစ်ကောင် အိမ်ပေါ်လာ လာတက်နေလို့ လို့ မပြောဝံ့ဘူး။ လင်မယား စကားများ ထားလို့ လို့ ပြောရ တယ်။ သူမက ဒီအိမ်နဲ့ ခြံကို ပြန်ရောင်းဖို့ စီစဉ်

လှုပ်ရှားနေတာကိုး။ မြွေကြီးတက်တက်လာ လို့ ဆို တာသိရင် ဘယ်လိုလူမျိုးက ဝယ်ရဲမှာတုံး။
ဒါပေမယ့်…
အချို့ကလည်း ဒီအိမ်ခြံသည် လူနေမမြဲလို့ ဆိုပြီး မဝယ်ရဲကြဘူး။ သရဲခြောက်သလိုလို၊ ပုဏ္ဏကတိုက်သလိုလို ကောလဟလသတင်း ကလည်း လွင့်နေသကိုးဗျ။
ကျွန်တော်ကတော့ သူတို့ လည်း အတူမ နေရော ထူးဆန်းသည့် စပါးကြီးမြွေကြီးကို ညဘက် မှာ အစာကျွေးကြည့်တယ်။

ပထမ
ကြက်သားစိမ်းကျွေးကြည့်တယ်။
မြွေကြီးက မစားဘူး။ နောက် ကြက်အရှင်၊ ဘဲအ ရှင် ဝယ်ကျွေးကြည့်တယ်။ အဲဒါလည်း သူမစားဘူး။ ဒါနဲ့ အသီးအနှံ ပြောင်းပြီးကျွေး ကြည့်ပြန်ရော။ ဒါလည်း မြွေကြီးက နမ်း တောင်မကြည့်ဘူး။ နောက်ဆုံး နွားနို့ကျိုပြီး

ပန်းကန်လုံးနဲ့ တိုက်တော့မှ စပါးကြီးမြွေကြီး လိုလိုလားလား … စားသောက်လေရဲ့ ခင်ဗျာ။ အဲဒါနဲ့ ညတိုင်း နွားနို့ပျစ်ပျစ်လေး ဝယ်ကျိုပြီး ဘဝဟောင်းက အဆွေအမျိုးလို့ ယူဆရတဲ့ မြွေကြီးကို ကျွန်တော် စေတနာ ရှေ့ထား အာဟာရဒါနပြုခဲ့လိုက်တယ်။
ပြောရရင် … မြွေကြီးဟာ ကျွန်တော့်ကို
ထူးခြားသည် အိပ်မက်များ ပေးခြင်း လုံးဝမ ရှိပါဘူး။ ကျွန်တော်ကလည်း အာရုံရစ
ကောင်းစေလို့ မမျှော်မှန်းပါဘူး။
ကျွန်တော်နားလည်လက်ခံထားတာက ဒီ
စပါးကြီးမြွေကြီးသည်ဘဝဟောင်းက
ကျွန်တော် ရဲ့ အမေလား၊ အဖေလား၊ အစ်ကို ညီလား၊ နှမလား၊ အစ်မလား၊လား၊
သူငယ်ချင်းလား၊ ကျွန်တော့် ရဲ့ ကြွေးရှင်
လား။ ဘာပဲဖြစ်ဖြစ် သူသည် ကျွန်တော့်အိမ်ပေါ်

ရောက်လာသည့် ဧည့်သည် ၊ ဆရာလည်း ဖြစ်ချင် ဖြစ်မည်။ တပည့်လည်း ဖြစ်ချင်ဖြစ်
မည်။ ကျွေးပျံ့ရှိလို့ ကျွေးရတာ ။

ဒါ ကုသိုလ်ပဲ၊ ဒါနပဲ။
စေတနာသန့်သန့်နှင့်ကျွေးရင် စေတနာ ကုသိုလ်ရမှာ ပဲ။ ဒီလို ကျွန်တော်နှလုံးပိုက် တယ်။ ကျွန်တော့်လည်း ရန်မပြုဘူးလေး ဗျာ။ နော့..။
မိုးလင်းရင် သူ့ဘာသာသူ ဆင်းသွားရော။ ညဘက်ဆို ရောက်နေရော။ ကဲ မဆန်းဘူး
လား ဗျာ။
ဟင်..။
အဲဒါ..
မချစ်ပိုတို့ က ဒီအိမ်နဲ့ ခြံကို လိုက်စပ် ရောင်းပေယ့် လုံးဝမထွက်ဘူးဖြစ်နေတယ်။ အချို့က လည်း မြွေကြီးတစ်ကောင် အိမ်ပေါ်

ရောက်နေလို့ ဆိုတာ သိုးသိုးသန့်သန့်ကြား ကြရတော့ လက်ရှောင်ကြတာပေါ့။

တစ်ည မချစ်ပိုနဲ့ သူ့ခွေးဂျက်ကီ အိမ်ကို ရောက်လာတယ်။ ကျုပ်ကလည်း မြွေကြီး လိမ္မာရေး ခြားရှိပုံရသည့်အကြောင်းနှင့် လုံး ဝအန္တရာယ်မပေးသည့်အကြောင်းပြောပြီး ကြောက်ဖို့ ။ ကျွန်တော်နှင့်အတူ ကုသိုလ်ဒါန ပြုဖို့ အကြံပြုစည်းရုံးရတာ ပေါ့ဗျာ။ ပြီး…
ဘာသာရေးအမြင်၊

လောကီဂမ္ဘီရ
အကြောင်းနဲ့ လည်း ဟောပြောနားချရတာပေါ့။
နောက်ပိုင်းကျမှကျွန်တော်သိခဲ့ရတဲ့

ဖြစ်စဉ်ကို အခုပဲ ပြောပြပါရစေဗျာ။ တစ်ညမှာ ပေါ့ဗျာ။
မြွေကြီးသည် ကျွန်တော်တို့ ကို လုံးဝ အန္တရာယ်မပြုမှန်းသိရော မချစ်ပို သိပ်မ ကြောက်တော့ ဘူး။ ဒါပေမဲ့ မချစ်ပိုရင်ထဲမှာ က ဒီမြွေကြီးကို လုံးဝမလိုလားဘူးလေ။ ပြီး…ကျွန်တော်နဲ့ သူနဲ့ က တစ်ခန်းစီအိပ် တာကိုး။ တစ်ည သန်းခေါင်ယံမှာ မချစ်ပို ဟာ ကျွန် တော်ထည့်ပေးထားတဲ့ မြွေကြီးရဲ့
နွားနို့ခွက်ထဲကိုပြန်အိပ်နေတာ။
အဆိပ်ခတ်ထည့်လိုက်ပြီး
မိုးလည်း လင်းရော…
အိပ်ရာက … ကျုပ်အလျင်ထကြည့်လိုက်
တော့ စပါးကြီးမြွေကြီး မရှိဘူး။ ရှိနေတာက သမံတလင်းပေါ်မှာ နွားနို့ပန်းကန်လုံး
မှောက်ပြီး

အချစ်တော်
နွားနို့အိုင်ထဲမှာ … မချစ်ပိုရဲ့ ခွေးစုတ်ဖွားဂျက်ကီ

မျက်လုံးပြူး အကြောဆွဲပြီး သေနေတာကို ကျွန်တော်နဲ့ မချစ်ပို မြင်လိုက်ရရော။
မချစ်ပိုဟာ ခွေးလေးဂျက်ကီကိုကြည့်ပြီး ချုံးပွဲချငိုပါလေရောခင်ဗျာ။
“ဒါ..ဒါ…ရှင့်ယောက်ဖ မြွေဆိုးကြီးကိုက် လို့ သေရတာ ။ ကျွန်မခွေး၊ အဖိုးတန်းလေး သေပြီ.. သေပြီ။ ဟီး..ဟီး”
ဒါနဲ့ ကျွန်တော် လက်အိပ်စွပ်ပြီး ခွေးကို
အသေအချာစစ်ဆေးကြည့်တော့
ခွေးရဲ့ ခန္ဓာကိုယ် ပေါ်မှာ မြွေကိုက်ဒဏ်ရာ လုံးဝမရှိ
ပါဘူးဗျာ။

အဲဒါ…… ကျန်နေတဲ့ နွားနို့အချို့ကိုယူပြီး
ကျန်းမာရေးဌာန ဓာတ်ခွဲခန်းက … အသိ သူငယ်ချင်းကို စစ်ဆေးခိုင်းလိုက်ရော…
“ကိုရွှေကံ”
“ဘာဆေးစစ်ချက်ပေါ်လဲ ကိုကောင်းညွန့်”

“နွားနို့ထဲမှာ အပြင်းစားအဆိပ်ကို တွေ့ရ
တယ်” “ဗျာ”
“အဆိပ်ရဲ့ အမျိုးအစားက…………
,,
ဒါနဲ့ ကျုပ် မသိချင်ယောင် ဆောင်နေ လိုက်ပါတယ်။ နောက်နေ့ညမှာ သူ့မောင် ကျွန်တော့် ယောက်ဖ ချစ်ကောင်းဦးပါ လာ အိပ်တယ်။
ကျွန်တော်ကတော့ ထုံးစံအတိုင်း ကျုပ်ရဲ့ အသိမိတ်ဆွေ ဧည့်သည် တော်ခေါ်မလား။ ဒီ ခြံရဲ့ မူလအိမ်ရှင်ခေါ်မလား။ ပုံမှန်လာနေ သည့် စပါးကြီးမြွေကြီးကို ညစဉ် ဝတ္တရားမ
ပျက် နွားနို့ပုံမှန် တိုက်နေဆဲပါပဲ။ ဒီလိုနဲ့ အိပ်ပျော်သွားတုန်းမှာ ပဲ…
“ဒုန်း”
“အား”

“အား”
အလို…အော်သံကြားရတယ်။
လူတစ်
ယောက်ရဲ့ … ကြောက်လန့်တကြားအော်သံ။ ကျွန်တော်တို့ လင်မယား အိမ်ရှေ့ခန်းက လူ အော်သံကြားရလို့ မီးဖွင့်ပြီး အမြန်ပြေးကြည့် လိုက်ရော…
“အမလေး…”
“ဟာ..ဟာ…”
“အမလေး…လုပ်ကြပါဦး။ ကျွန်မမောင်ကို
ကယ်ပါဦး”
“မြင်လိုက်ရသည့်မြင်ကွင်းက ရင်တုန်
ချောက်ချားစရာပါဗျာ။ ကြည့်စမ်း…။
ကျွနု်ပ်ယောက်ဖ ချစ်ကောင်းဦးကို
စပါးကြီးမြွေကြီးက ရစ်ပတ်ပြီး ညို့နေတာ။
စပါးကြီးမြွေကြီးရဲ့ ကြီးမားတုတ်ခိုင်သည့်
ခန္ဓာကိုယ်အရစ်အခွေကြားမှာ ယောက်ဖချစ်

ကောင်းဦး
ဦးခေါင်းမျှသာပေါ်ပြီး
မျက်လုံးပြူး အော်ဟစ်နေတယ်။
“ကိုကံ..ကိုကံ..လုပ်ပါဦး..မောင်
လေး..မောင်လေး..အမလေး..လုပ်ကြပါဦး”
“မြွေကြီးမြွေကြီး..မလုပ်ပါနဲ့ ။ ကျုပ်
မေတ္တာရပ်ခံပါတယ်။ ခွင့်လွှတ်ပေးပါ မြွေ
ကြီးခင်ဗျား။ မြွေကြီး ကျုပ်ရဲ့ မေတ္တာ၊
စေတနာကို ငဲ့ညှာသောအားဖြင့် ဒေါသကို
လျှော့ချပေးပါ မြွေကြီးခင်ဗျား။
ပါးစပ်ကလည်း အော်ပြောရင်း မေတ္တ သုတ်ကို ရွတ်ဆိုပေးလိုက်ရော…။ အံ့ဩစရာ ပါပဲဗျာ။ စပါးကြီးမြွေကြီးကား အရစ်အခွေ များကို လျှော့ဖြေချပြီး အပေါက်ဝကနေ လူးလွန့်ထွက်သွားပါလေ ရော။
ချစ်ကောင်းဦးကတော့ စအိုကနေ ချေး

သေးများ ထွက်ပြီး သမံတလင်းပေါ်မှာ မေ့မြောနေပြီ ဗျာ။ အဲဒါ ရေလောင်းချပြီး

သံပရာသီးနဲ့ နှာနှပ်ယူမှ သတိပြန်ရလာခဲ့
တယ်။
“ချစ်ကောင်းဦး..ချစ်ကောင်းဦး”
“မောင်လေး…မောင်လေး”
“အင်း…အင်း….ဟင်း…ဟင်း”
“သတိရပြီလား ယောက်ဖ..ဟင်..ဟင်”
“အင်း..ရ…ရပြီ။
မြွေ…မြွေကြီးရော။
ကျွန်တော် ကြောက်ကြောက်တယ်”
“မရှိတော့ပါဘူး။ ဆင်းသွားပါပြီ။ ပြောပါ ဦး ယောက်ဖ၊ မင်း ဘယ်လိုဖြစ်ရတာ တုံး”
“ကျွန်….ကျွန်တော်
အစ်ကို”
မှား…မှားသွားပြီ
“ဟေ….မင်းဘာမှားလို့ တုံး။ ပြောပါဦး…”
ဒီမှာ ပဲ ယောက်ဖလုပ်သူက သူ့ရဲ့ ဖြစ်ပွား မှုများကို ပြန်ပြောပြတယ်။ အစ်မလုပ်သူ လည်း သူ့လုပ်ရပ် ပေါ်သွားရော။

“မှန်ရာပြောရရင် ကျွန်တော်တို့ မောင်နှမ ဒီမြွေကြီးကို လုပ်ကြံဖို့ တိုင်ပင်ကြတယ် အစ်ကို၊ ဒီမြွေကြီးသေမှ ဒီအိမ်နဲ့ ခြံကို ရောင်း လိုရမှာ ကိုး။ အစ်မက ဟိုတစ်နေ့က မြွေကြီး သောက်တဲ့ နွားနို့ မှာ အဆိပ်ခပ်ပြီး လုပ်ကြံခဲ့ တယ်။ နောက်ဆုံး အစ်မရဲ့ အချစ်ဆုံးခွေး လေးသာ အဆိပ်ပါတဲ့ နို့ကို သောက်ပြီး သေ ခဲ့ရတယ်။ မြွေကြီးက ဘာမှ မဖြစ်ဘူး။ ဒါနဲ့
းသေ
ညတုန်းက ကျွန်တော်ကိုယ်တိုင် ရဲတင်း နဲ့
မြွေကြီးရဲ့ ဦးခေါင်းကို ခုတ်သတ်မယ်ဆိုပြီး အရက်သောက်လို့ ခုတ်မယ်လည်း လုပ်ရော။ ဒီမှာ စပါးကြီးမြွေကြီးက ကျွန်တော့်ကို ညှို့
တော့တာပဲ။ ညှို့ပြီး သူ့ကိုယ်လုံးနဲ့ လူကိုလာရစ်နေတာ။
အသံထွက်လို့ ရသမျှ
ကြောက်လန့်တကြားအော်ဟစ်နေတုန်း
အစ်ကိုတို့ ရောက်လာလို့ ကျွန်တော် မသေရ
တာ ပဲ။ ဟူး..အစ်မ”

“ဘာ..ဘာတုံး မောင်လေး”
“ဒီ…ဒီမြွေကြီးက အရမ်းကိုထူးဆန်း တယ်။ သူ့ကို ကျွန်တော်တို့ ဘယ်လိုမှ လုပ်ကြံလို့ မရ ဘူး။ သူ ကျွန်တော်တို့ မောင်နှမကို ကျေနပ်ချင်မှ ကျေနပ်မှာ ဗျ”
“အဲဒါ
ဘယ်လိုလုပ်ကြမလဲဟင်..ဟင်။
ကျွန်မတို့ မှားပါပြီ ကိုရွှေကံ။ ကျွန်မတို့ ကို ကယ်ပါဦး၊ ကူညီပါဦးရှင်..အီး…ဟီး”
“မစိုးရိမ်ပါနဲ့ ယောက်ဖနဲ့ မိန်းမရာ။ ငါ
တာဝန်ယူပြီး မြွေကြီးကို တောင်းပန်မေတ္တာ
ရပ်ခံပါ့ မယ်။ မင်း အတော်ကိုကံကောင်း တယ် ယောက်ဖ၊ ဒီမြွေကြီးမျိုးက လူကိုညှို့ ပြီးရင် သူ့ခန္ဓာကိုယ်နဲ့ ရန်သူကို ရစ်ပတ်မယ်။ ပြီး အညှို့ခံရသူရဲ့ ဦးခေါင်းပေါ်ကို သူ့ပါးစပ် က ချွဲပျစ်ပျစ်အရည်အမြှုပ်များ အန်ချရွှဲစိုစေ မယ်။ ပြီးရင် မင်းရဲ့ စအိုဝထဲကို သူ့ရဲ့ အမြီး ကို ထိုးသွင်းပြီး အရိုးပါကြေမွသွားအောင်

ရစ်ပတ်ဆွဲဆန့်ပြီး ဦးခေါင်းကစပြီး မျိုချ
လိုက်မှာ ”
“ဘုရား..ဘုရား..ကြောက်စရာကောင်း
တဲ့ မြွေပါလားနော်”
“အမှန်က မင်းတို့ က သူ့ကိုရန်သူလို သဘောထားပြီး လုပ်ကြံရန်ပြုလို့ ပြန် အန္တရာယ်ပေးတာ ပါ။ ငါက သူ့ကို နေ့စဉ်၊ ညစဉ် ကျွေးမွေးစောင့်ရှောက်တော့ ငါ့ကို သူ
ရန်ပြုလို့ လား ပြောပါဦး” “ဟုတ်တယ် အစ်မ”
“ပြီးတာပြီးစေတော့ကွာ။ ငါ အဓိကပြော ချင်တာက ဒီမြွေကြီးဟာ ဒီအိမ်ခြံရဲ့ မူလမြေ ပိုင် ရှင်၊ ခြံပိုင်ရှင်။ အိမ်ရှင်ဆိုလည်း မမှား နိုင်ဘူးကွ။ ဒီလို မဟုတ်ဘူး ဆိုရင် ဒီ စပါးကြီးမြွေကြီးသည် ငါတို့ ၊ မင်းတို့ နဲ့ ဟိုး…ဘဝအဆက်ဆက်က အမိအဘ၊
အဆွေအမျိုး၊ သားသမီး၊ သားမယား။ ဆရာ

သမား၊ ညီအစ်ကိုမောင်နှမ တော်စပ်ခဲ့လို့ များ တိရစ္ဆာန်ဘဝနဲ့ ငါတို့ နဲ့ ရေစက်ဆုံပြီး ပြန်တွေ့ကြသ လားဆိုတာ ပြောလို့ မရဘူး လေ။ တို့ ဘုရားရှင်က ဟောခဲ့သားပဲ၊ ဘဝ အဆက်ဆက်က ဆွေမျိုး မတော်စပ်ခဲ့သူ မရှိ တဲ့ ။ ဒါကြောင့် ထူးခြားစွာ ဘုရားစင် အောက်မှာ လာလာအိပ်နေလို့ အမိအဘ၊ ဆရာသမားလို့ … သဘောထားပြီး ကျွေးမွေးစောင့်ရှောက်နေတာပါ။ ကိုင်း..မင်း
ငါက တို့ လည်း အမြင်မှန်နဲ့ နောင်တရကြပြီပဲ။
မြွေကြီးကို နွားနို့အာဟာရတို့ များကျွေးပြီး
မေတ္တသုတ်ရွတ်လို့ ပါဦးကွာ”
တောင်းပန်လိုက်ကြ

ယောက်ဖနှင့်ဇနီးသည်တို့ဟာ
ကြောက်လန့်အံ့ဩနောင်တများ ရပြီးနောက်
သူတို့ ကိုယ် တိုင် နွားနို့ကျိုပြီး ညဘက် ရောက်လာသည့် စပါးကြီးမြွေကြီးရဲ့ ရှေ့မှာ ချပေးလို့ တောင်းပန်စကား ဆိုစေတယ်။

အံ့ဩစရာပါ ဆရာမှ ိုင်းရယ်။ မိုးလင်းလို့ သုံးယောက်သား ထကြည့်ကြရော.. မြွေကြီး
လည်း မရှိတော့ဘူး။ နွားနို့သုံးခွက်လည်း
ပြောင်သလင်းခါလို့ ။
“မြွေကြီးရော အစ်ကို”
“ပြန်ဆင်းသွားရောပေါ့ကွာ”
“ကိုရွှေကံ..ဟိုဟာ
အန်ဖတ်တွေနဲ့ တူရဲ့ ”
“အေးဟ”
ဘာတွေတုံးရှင်။
သုံးယောက်သား ဝိုင်းကြည့်လိုက်ရော။

အန်ဖတ်ပုံကြီးဗျာ။ မြွေကြီးရဲ့ အန်ဖတ်ပုံဗျား။ ဒါနဲ့ ကျွန်တော်က သံပြားခွက်နဲ့ အန်ဖတ်ပုံ ကို ကောက်ကျုံးလိုက်ရော အဲဒီ မှာ ပစ္စည်း သုံးခု ကို သွားတွေ့တာ။
ဘာလဲ..သိလား။
ရွှေနဲ့ ကွပ်ထားသည့် လက်စွပ်သုံးကွင်း။ သေသေချာချာစစ်ဆေးလိုက် ရေဆေးပြီး
ရော…ဘုရားရေ၊ ရွှေနဲ့ လုပ်ထားသည့် စိန်
လက်စွပ်သုံးကွင်း။ အားလုံး အံ့ဩဝမ်းသာ
ဖြစ်ကြပြီး အသီးသီး လက်သူကြွယ်ကိုယ်စီ မှာ စွပ်ကြည့်လိုက်ရော..အံကိုက်လို့ ဗျာ။
စာရေးဆရာရေ။
ကျွန်တော်တို့ စပါးကြီးမြွေထူးဆန်းကြီးရဲ့ အန်ဖတ်ပုံထဲက စိန်လက်စွပ်သုံးကွင်းရပြီး နောက်နေ့ကစပြီး မြွေကြီး ကျွန်တော်တို့
အိမ်ပေါ်ကို လုံးဝကိုမလာတော့ဘူးဗျာ။

ကျွန်တော်တို့ နေ့စဉ်၊ ညစဉ် နွားနို့သုံးခွက် နဲ့ စောင့်မျှော်ကြပေမင့် လုံးဝကိုမလာတော့ ဘူး ဗျာ။
အဲဒီ နောက်ပိုင်း ကျွန်တော်တို့ သုံးဦးသား သည် ခြံထဲရှိ ညောင်ပင်အောက်က ကွန်းစင် လေး ရှေ့မှာ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ် ပြီး ညတိုင်း ပရိတ်ကြီးဆယ့်တစ်သုတ်ကို ရွတ်လို့ မြွေကြီး အပါအဝင် သုံးဆယ့်တစ်ဘုံ သားများကို အလှူအတန်းပေးဝေလျက်ပါပဲ စာရေးဆရာရယ်။
မောင်ညိုမှ ိုင်း(သန်လျင်)

Zawgyi Version

စပါးႀကီးေႁမြရဲ႕ အန္ဖတ္(စ/ဆံုး)
————————————-
ဒီတစ္ထပ္တိုက္လုံးခ်င္းေလးကို တစ္ႏွစ္ အၾကာမွာ အိမ္ရွင္က လက္ေျပာင္းေရာင္းခဲ့ ကြၽန္ေတာ္တို႔ ႏွင့္ဆိုရင္ သုံးဦးေျမာက္ပဲ လို႔ သိရတယ္။
တာ
ၿခံက က်ယ္က်ယ္ဝန္းဝန္းရွိတယ္။ သစ္ ရိပ္၊ ဝါးရိပ္ အုံေကာင္းတယ္။ အိမ္နီးနားခ်င္း မ်ား ကလည္း သူ႔ဝန္းသူ႔ၿခံနဲ႔ ပဲ။ ေရကလည္း ေကာင္းမွ ေကာင္း။ အုတ္စီေရတြင္းရယ္။
ေရထြက္အား ဘယ္ေလာက္ေကာင္းလဲဆို ေအာက္ဘက္ေရျပင္က
ေျမျပင္ကုန္းေပၚ
တစ္ခု တည္းခင္ဗ်။ စက္သီးႀကိဳးနဲ႔ ေရဆြဲ စရာမလိုဘူး။ ဆြဲပုံးနဲ႔ ကုန္းခပ္လိုက္႐ုံပဲ၊
အဲဒါ ႀကိဳက္လြန္းလို႔ ပြဲစားနဲ႔ ညႇိႏႈိင္းၿပီး ဝယ္လိုက္တာ။ ကြၽန္ေတာ္က ပြဲစားလုပ္ငန္း ဝါသနာ မပါပါဘူးဗ်ာ။ သို႔ေသာ္ ေဈးမွာ အထည္ဆိုင္ဖြင့္ၿပီး ေန႔ျပန္ကေလးေပးေနတဲ့
ကြၽန္ေတာ့္မိန္းမ
မခ်စ္ပိုကေတာ့

ၿမိဳးၿမိဳးျမက္ျမက္ကေလး က်န္မယ္ထင္ရင္ ျပန္ထုတ္ေလ့ရွိတယ္ေလ။
မခ်စ္ပို အျမတ္ကိုေမွ်ာ္ကိုးၿပီး ျပန္ျပန္ ထုတ္ေနလို႔ လည္း အခု ကြၽန္ေတာ္ အသက္ ေလး ဆယ္ဝန္းက်င္ေရာက္သည့္တိုင္ေအာင္ အတည္တက် အိုးပိုင္အိမ္ပိုင္ ေနခြင့္ကို မရ
ေသးဘူး။
ဝယ္ၿပီးေနလိုက္၊ ေဈးေကာင္းေလးရလို႔ ျပန္ေရာင္းလိုက္နဲ႔ ။ အိမ္ေျပာင္း၊ ေနရာ
ေျပာင္းရ တာ ငါးႀကိမ္ရွိၿပီ။
“ကြၽန္မ
အေျမာ္အျမင္ေကာင္းလို႔
လာဘ္ျမင္လို ခုလိုေ႐ႊနဲ႔ ေငြနဲ႔ ေနရတာ ဆိုတာရွင္ သေဘာေပါက္”
အဲဒါ ကြၽန္ေတာ့္မိန္းမ မခ်စ္ပို အိမ္နဲ႔ ၿခံျပန္ ေရာင္းၿပီးတိုင္း ေျပာေနက်စကား။
ခုၿခံေနရာကို ကြၽန္ေတာ္က ႀကိဳက္တယ္”

“မခ်စ္ပို”
“ဘာတုံး ကိုေ႐ႊကံ”
“ဒီေနရာေလးေတာ့ ျပန္မေရာင္းပါနဲ႔ ကြာ။ ၿခံေလးက ေရနဲ႔ သစ္ပင္နဲ႔ စိမ္းစိမ္းစိုစို၊ သန႔္သန႔္ ျပန႔္ျပန႔္ေလး၊ ငါတို႔ တစ္သက္လုံး နားနားေနေန ေခါင္းခ်ရာေနရာလို႔ မွတ္ၾက

“ရွင္က ဘာလာဘ္ျမင္လို႔ လဲ။ ေနရာ ကေလးေကာင္းရင္ ကုလားထိုင္နဲ႔ စာဖတ္ မယ္၊ ဘုရား စာေတြေအာ္ဆိုမယ္။ ၿပီးရင္ အတိတ္အေၾကာင္း၊ နိမိတ္အေၾကာင္းေျပာ ၿပီး ဟိုလူ႔သနားလို႔ ေပး လိုက္၊ ဒီလူ႔သနားလို႔ ေပးလိုက္နဲ႔ အလကားျဖဳန္းမယ္၊ ဒါပဲ..။ ဒါမွာ ရွင့္ ကိုေ႐ႊကံရဲ႕ ။ လူဆိုတာ အိုစာမင္းစာ
အတြက္ ခုေလာက္ကတည္းက ႀကိဳတင္ စုေဆာင္းႏိုင္မွ ေတာ္ကာတန္ကာက်မွာ အေရာင္းအဝယ္ကိစၥျဖစ္လာရင္ ရွင္ဝင္ပါပါ
ကြၽန္ေတာ္က တစ္ထပ္တိုက္အိမ္ေလးကို
ေဆးသုတ္ကုလားေတြေခၚၿပီးေဆသုတ္လိုက္ တယ္။ ေဆးသုတ္လိုက္ေတာ့ အိမ္ရဲ႕ အလွက ပိုၿပီးဝင့္ႂကြားသြားေရာ။ ၿပီး…အိမ္ေရွ႕က … ပန္းၿခံေဟာင္းေလးကို တူးဆြေပါင္းသင္ၿပီး အ႐ြက္လွပန္းေရာင္စုံ စိုက္ၿပီး ေန႔စဥ္ျပဳစုပ်ိဳးေထာင္လိုက္ေတာ့ ၾကာခင္သုံးေလးလမွာ ပန္းေရာင္စုံနဲ႔ ၾကည့္ လို႔ လွတဲ့ ပန္းခင္း၊ ပန္းေတာ၊ ပန္းၿခံေလး ျဖစ္လာပါေရာ။

ကြၽန္ေတာ္တို႔ ၿခံေထာင့္မွာ ေညာင္ပင္ႀကီး

တစ္ပင္ရွိတယ္။ ၿခံစည္႐ိုးတစ္ေလွ်ာက္မွာ ဝါး ေယာက္႐ုံ၊ ဝါးနက္႐ုံ၊ ဝါးယားပင္႐ုံရွိတယ္။
မ်က္ႏွာစာမွာ သရက္ပင္၊ ပိႏၷဲပင္ရွိတယ္။
မရမ္းပင္က ေျမာက္ဘက္အျခမ္းမွာ

ကြၽန္ေတာ္က ကြၽန္ေတာ့္ဝါသနာ၊ ဝသီ၊
ဓေလ့အတိုင္း အရိပ္ေကာင္းသည့္ ေညာင္ပင္
ေအာက္မွာ ပက္လက္ကုလားထိုင္ခ်ၿပီး
မနက္မိုးလင္းတာနဲ႔ ပရိတ္ႀကီးဆယ့္
တစ္သုတ္ကို႐ြတ္လို႔ သုံးဆယ့္တစ္ဘုံသား
အားလုံးကို အမွ်အတန္းေပးေဝတယ္။
မိန္းမလုပ္သူ မခ်စ္ပိုက ေဈးမွာ ဆိုင္ဖြင့္ဖို႔
အေစာႀကီး သူ႔အခ်စ္ေတာ္ … ေမြးစားသား
တယ္ရီယာေခြး၊ ဂ်က္ကီနဲ႔ သြား။ သူ႔ေမာင္ အရင္း … ခ်စ္ေကာင္းဦးဆိုတဲ့ ကြၽန္ေတာ့္ ေယာက္ဖ အလုပ္မရွိ၊ အကိုင္မရွိ လတ္လ်ားလတ္လ်ားေကာင္က ေနဖင္ထိုးမွ

အိပ္ရာထမယ္။
ၿပီးရင္ကြၽန္ေတာ္ခပ္ထားသည့္ေရကို
အားရပါးရခ်ိဳးမယ္။
သည့္ေနာက္ဝတ္ေကာင္းစားလွ ဝတ္ၿပီး သူ႔အစ္မရဲ႕ ဆိုင္
ကိုသြားမယ္။ လက္ဝါးျဖန႔္ မုန႔္ဖိုးေတာင္း။
သူလိုအလုပ္မရွိ၊ အကိုင္မရွိ ဂ်ေလဘီေတြ
ကိုးခ်င္းကိုးခ်င္း ေလွ်ာက္သြားမယ္။
ေနာက္ ၿပီးရင္ အရက္နံ႔တသင္းသင္းနဲ႔
ျပန္လာ။ ကြၽန္ေတာ္ခ်က္ျပဳတ္ထားသည့္ ထမင္း ဟင္းကို တဝတၿပဲစား။ ဟင္းမေကာင္းရင္ ပူညံပူညံ ဗ်စ္ေတာက္ဗ်စ္ေတာက္လုပ္။ အရစ္ရွည္မယ္။
အစ္မလုပ္သူကလည္း သူ႔ေမာင္ဘက္က ဝင္ပါၿပီး က်ဳပ္ကို ပူညံပူညံလုပ္မယ္။ ေျပာရ ရင္ သူ႔ေခြးေလးဂ်က္ကီကပါ ဝင္ေဟာင္မယ္။

ၿပီးရင္ သူ႔အခန္းထဲ ဝင္အိပ္၊ အဲဒါမ်ိဳးက အရင္အိမ္မွာ ေနကတည္းကပါပဲဗ်ာ။ က်ဳပ္က
လည္း ကုန္သြယ္ေရးလုပ္ငန္းမ်ား ရပ္ကတည္းက
အလုပ္ရွာေနရေပမင့္ ရွိတာေလးနဲ႔ အစုစပ္ လုပ္ငန္းမ်ားမွာ ရွယ္ယာဝင္ ထားတာမို႔ အက်ိဳးအျမတ္ဝင္ေငြ ရွိေနပါ
တယ္ဗ်ာ။

သူတို႔ လုပ္စာ ထိုင္မစားပါဘူး။ ေျပာရရင္ သည္ အထည္ဆိုင္လုပ္ငန္းလည္း က်ဳပ္ပဲ အရင္း တည္ေပးခဲ့တာပါ။ အခ်ိန္ပိုေနေတာ့ ဝါသနာပါတဲ့ ဘုရားတရားအလုပ္ကေလးပဲ အာ႐ုံစိုက္။ ၿပီးရင္ စာအုပ္မ်ိဳးစုံဖတ္ေပါ့။ ေယာက္ဖလုပ္သူလည္း ၾကည့္မရလို႔ အေရး မလုပ္ေပါင္။
သူတို႔ လည္း သူတို႔ မူနဲ႔ ေနခ်င္သလိုေန၊ ကိုယ္လည္း ကိုယ့္မူနဲ႔ ေနခ်င္သလိုေနပါပဲ။
ဒီလိုေနရင္းက…

ၿခံထဲက ေညာင္ပင္ႀကီးမွာ နတ္စင္၊ ေရခ်မ္းစင္ေလး ၿပိဳပ်က္ေနလို႔ လက္သမား ေခၚၿပီး စင္ ေလးတစ္စင္ ႐ိုက္လိုက္တယ္။ ကြၽန္ေတာ္တို႔ ျမန္မာမ်ားမွာ ဆို႐ိုးစကား ရွိ သမို႔လား။ ေညာင္ပင္ႀကီးရင္ ႐ုကၡစိုးႀကီးမ်ား မွီ တင္းေနထိုင္ေလ့ရွိသတဲ့ ။

႐ုကၡစိုးနတ္ဆိုတာကလည္း
စတုမဟာရာဇ္ေအာက္ နတ္ႀကီးမ်ား ျဖင္ေပ မင့္ ဘုန္းတန္ခိုးႀကီး သတဲ့ ။ လူေယာင္
ဖန္ဆင္းၿပီး ရဟန္းအရွင္သူျမတ္
သူေတာ္ေကာင္းမ်ား ထံမွာ တရားနာယူေလ့ ရွိ သတဲ့ ။
ကမာၻတစ္ဆုံး အသက္ရွည္ၾကလို႔ ေနာင္ပြင့္မည့္ဘုရားရွင္ကိုေတာင္
ဖူးေျမာ္ႏိုင္ သူမ်ား လို႔ ဓမၼက်မ္းဂန္မ်ားမွာ ဆိုသလို အခ်ိဳ႕ ေသာ ရဟန္းပုဂၢိဳလ္မ်ားက ေနာင္ပြင့္မည့္ ဘုရားရွင္ကို ဖူးခ်င္ လြန္းလို႔ “ငါတို႔ ပ်ံလြန္ ရင္ ႐ုကၡစိုးနတ္ႀကီးမ်ား ျဖစ္ရင္ ေကာင္းမွာ ပဲ” လို႔ ဆိုၾကဖူးဆိုပဲ။ ဒါေၾကာင့္..
႐ုကၡစိုးစင္ေလးလုပ္ၿပီး ပန္း၊ ေရခ်မ္း၊
သစ္သီးဆြမ္းကပ္၊ ညဘက္ေရာက္ရင္ ဆီမီး၊
ရွိခဲ့ရင္လည္းကြၽႏု္ပ္တို႔ … မိသားစုကို
အေမႊး တိုင္မ်ား ကပ္လႉၿပီး ႐ုကၡစိုးႀကီးမ်ား
ေစာင့္ေရွာက္ပါလို႔ ေျပာဆို ရတယ္။
မနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္

ေညာင္ပင္ေအာက္မွာ ပရိတ္တရားမ်ား ႐ြတ္
ၿပီးရင္လည္း ႐ုကၡစိုးႀကီးအပါအဝင္ ခုနစ္
ရက္သားသမီး၊ သုံးဆယ့္တစ္ဘုံသားမ်ားကို
အလႉေပးရသည့္ ကြၽန္ေတာ့္ဘဝမွာ စိတ္
ၾကည္ႏူးခ်မ္းေျမ့စရာ အလုပ္တစ္ခုပါပဲဗ်ာ။

တစ္ေန႔လည္း က်ေရာ..
ထူးဆန္းအံ့ဩဖို႔ ေကာင္းသည့္ ျဖစ္ရပ္ကို ကြၽန္ေတာ္တို႔ ႀကဳံရပါေရာခင္ဗ်ာေရ။
ကြၽန္ေတာ္ ကမိုးလင္းရင္ … အိပ္ရာက
အေစာႀကီးႏိုးတာကိုး။ ႏိုးတာနဲ႔ ဘုရား
ေသာက္ေတာ္ေရလဲ။ ဘုရားရွိခိုး လုပ္တာ။ အဲဒါ အိပ္ရာကထလို႔ မီးဖြင့္လိုက္ေရာ…
ေဟာ.. ၾကည့္စမ္း..။
အိမ္ေရွ႕ဘုရားစင္ေအာက္မွာ ဧရာမေႁမြ
ႀကီးတစ္ေကာင္ ေခြေနတာမ်ား ။ “ဘုရားေရ….။ … ေႁမြႀကီးက နည္းတာ မဟုတ္ဘူး ။ ကိုယ္လုံးႀကီးက ဓာတ္ဘူးလုံး ေလာက္ ရွိ ေနတာ။ အေခြအေခြဆင့္ေခြၿပီး

ေခါင္းတင္လို႔ ေနတာမ်ား ။ အလုံးႀကီးမွ နည္းနည္းေနာေနာ မဟုတ္ ဘူး။
“ကိုေ႐ႊကံ ဘာျဖစ္ေနတာတုံး”
“ဟို..ဟို.. ေႁမြ.. ေႁမြႀကီး”
“ဘာ…ဘာေျပာတယ္။ ကိုကံ ဘာေျပာလိုက္တယ္”
“ဘုရားစင္ေအာက္မွာ ”ေႁမြႀကီး
“ဟင္”
ဇနီးသည္ မခ်စ္ပိုေရာ။ ေယာက္ဖလုပ္သူ
ခ်စ္ေကာင္းဦးေရာ အိပ္မႈန္စုံမႊားနဲ႔ ႏိုး လာၿပီး
ဘုရားစင္ေအာက္က ေႁမြပုံႀကီးကိုလည္း ျမင္ ေရာ အမေလးလို႔ လန႔္ေအာ္ပါေရာ။
“ဝုတ္…ဝုတ္”
“ဝုတ္…ဝုတ္” ”

မခ်စ္ပိုရဲ႕ ေမြးစားသား ဂ်က္ကီဆိုတဲ့ အေမြးစုတ္ဖြား ေခြးလမ္းသရဲကလည္း ဝုတ္ဝုတ္နဲ႔ ေဟာင္လိုက္၊ အနားေျပးကပ္ လိုက္၊ ကိုက္မလို႔ လုပ္လိုက္နဲ႔ ဟန္ေရးျပလို႔
“ဘုရား..ဘုရား အႀကီးႀကီးပါလား၊ ဒါ..ဒါ ဘာေႁမြတုံး ကိုကံ”
“စပါးႀကီး”
“ဘုရားေရ။ လူကိုရစ္ပတ္ ဆြဲဆန႔္တဲ့
စပါးႀကီးလား”
“ဟုတ္တယ္”
“ဒါဆို
ဒီလိုၾကည့္ေနလို႔မရဘူး။
အျပတ္ရွင္းမွ ရတယ္။ ေနဦး..ခဏေလး”
ေယာက္ဖလုပ္သူက ေျပာရင္းကေန ေနာက္ေဖးကိုဝင္သြားလိုက္ၿပီး ႏွစ္ခြမွ ိန္း
ရွည္ႀကီးကို ယူလာလိုက္ေရာ။

“ခ်စ္ေကာင္းဦး မင္းဘာလုပ္မလို႔ လဲ” “သတ္ပစ္ရမယ္ေလဗ်ာ”
“မလုပ္နဲ႔ မလုပ္နဲ႔ ”
“လုပ္ရမွာ ေပါ့ ကိုကံရဲ႕ ၊ ရွင္က ေႁမြကိုမ
သတ္ဘဲ မေမာင္းမႏွင္ဘဲ ဘာလုပ္မလို႔ လဲ
ေျပာပါဦး ကြၽန္မတို႔ ကိုကိုက္ရင္ မ်ိဳရင္
ဘယ္လိုလုပ္မလဲ”
“ၾကာတယ္ဗ်ာ။ ရွင္းပစ္လိုက္မယ္ ဖယ္”
“ေျပာရင္းကေန ႏွစ္ခြမွ ိန္းရွည္နဲ႔ ထိုးမ လို႔ အနီးကိုတိုးလိုက္ေရာ ေႁမြပုံႀကီးက လြန႔္ ၿပီး ေခါင္း ေထာင္ၾကည့္လိုက္တာဗ်။
“အမေလးဗ်”
ေယာက္ဖလုပ္သူကို ေၾကာက္ၿပီး မွ ိန္းကို ကိုင္လို႔ ေနာက္ကိုအျမန္ဆုတ္ လိုက္ေလရဲ႕ ၊ ဒီမွာတင္ပဲ ေခြးစုတ္ဖြားဂ်က္ကီက ကိုက္ မယ္ဆိုၿပီး အရဲစြန႔္လို႔ တိုးကပ္လိုက္ေရာ။

“ေနာက္ဆုတ္..ေနာက္ဆုတ္။ ဂ်က္ကီ….
ဂ်က္ကီ….သား..သား
မလုပ္နဲ႔
ဘုရား..ဘုရား ဒီမွာ ကိုေ႐ႊကံ”
“ဘာတုံး ခ်စ္ပို”
“ရွင္ ဒီေႁမြဆိုးႀကီးကို ဘယ္လိုလုပ္မွာ လဲ ေျပာ၊ ရွင္မလုပ္ရဲရင္ ကြၽန္မ ေဈးေရွ႕က ကုလား အုပ္စုကိုေခၚၿပီး သတ္ခိုင္းလိုက္
မယ္။ ေျပာ..” “ေနပါဦးဟာ”
ဒါနဲ႔ ကြၽန္ေတာ္လည္း စပါးႀကီးေႁမြရဲ႕ ေရွ႕ မွာ ရပ္ၿပီး ခႏၶသုတ္႐ြတ္လို႔ ေမတၱာပို႔ လိုက္တယ္။
“အသင္ေႁမြႀကီး။ သင္နဲ႔ ကြၽႏု္ပ္တို႔ သည္
ဘယ္ဘဝက ဘယ္လိုေတာ္စပ္ခဲ့ၾကသည္ ကို
ကြၽႏု္ပ္မသိပါဘူး။ သင္ ကြၽႏု္ပ္ရဲ႕ အိမ္ကို အလည္ေရာက္လာသည္ ကို ဝမ္းေျမာက္မိပါ
တယ္။ သို႔ ေသာ္ ကြၽႏု္ပ္ရဲ႕ အိမ္သူအိမ္သား

မ်ားက သင့္ကို စိုးရိမ္ေၾကာက္႐ြံ႕ေနသည္ မို႔ သင္လည္း အသက္ အႏၲရာယ္ကင္းေအာင္၊
အိမ္သူအိမ္သားမ်ား လည္း ေနရဲေအာင္
အသင္ေႁမြႀကီး…ဤေနရာမွ သည္ အျခား
ေနရာသို႔ ေ႐ႊ႕ေျပာင္းေပးပါ။ အသင္ေႁမြႀကီး
အသက္ရွည္ပါေစ၊ က်န္းမာပါေစ။ အမွ်…
အမွ်အမွ်”
ကြၽန္ေတာ္က ဒီလိုလည္း ပါးစပ္ကေန ႐ို ႐ိုေသေသ ေလးေလးစားစား ေျပာလိုက္ေရာ ပရိတ္ေရအိုးလုံးေလာက္ ေခါင္းႀကီးကိုေမာ့ လို႔ ကြၽန္ေတာ္တို႔ သုံးဦးကို တစ္လွည့္စီၾကည့္ ၿပီး ဘုရား စင္ေရွ႕ကေလွ်ာလို႔ အျပင္ကိုထြက္
သြားေလရဲ႕ ဗ်ာ။
လႈပ္လႈပ္
လႈပ္လႈပ္နဲ႔
သြားေနတဲ့
စပါးႀကီးေႁမြႀကီးကိုၾကည့္ၿပီး သူတို႔ ေမာင္ႏွမ အေတာ္ကို ေၾကာက္လန႔္ေနတာမ်ား
ေႁမြႀကီးဟာ အိမ္ေရွ႕ကေန ေတာင္ဘက္ ျခမ္း ဝါးေယာက္႐ုံေအာက္ကိုဝင္သြားၿပီး
ေပ်ာက္သြားေလရဲ႕ ။ ဂ်က္ကီေခြးလမ္းသရဲက
ဝါးေယာက္႐ုံကိုၾကည့္ၿပီး အားရပါးရေဟာင္
ေနလိုက္ တာရယ္။ သူ႔သခင္မ မနည္းကို ဆြဲ
ယူရေလရဲ႕ ။

ေျပာရရင္ေတာ့ဗ်ာ…။ မနက္မိုးလင္းလို႔
အိပ္ရာထမီးဖြင့္လိုက္တာနဲ႔
အဲဒီ စပါးႀကီးေႁမြႀကီး ဟာ ဟာ ဘုရားစင္ေအာက္မွာ ေခြအိပ္ေနတာကို ေနာက္ေန႔တိုင္း ျမင္ရ ေရာ။
ခ်စ္ပိုတို႔ ေမာင္ႏွမ အိမ္မွာ မေနရဲေတာ့ ဘူး။ သူတို႔ ေႁမြႀကီးကို ေန႔ေရာ၊ ညပါ ဆဲေရးတိုင္းထြာၿပီး သတ္ပစ္ဖို႔ စီစဥ္ၾက
တယ္။

“မလုပ္ပါနဲ႔ ခ်စ္ပို”
“မလုပ္လို႔ မရဘူး။ က်ဳပ္တို႔ အိပ္ေနတုန္း လူကိုလာမ်ိဳရင္ ဘယ္လိုလုပ္မလဲ”
“သူ ဘုရားစင္ေအာက္မွာ ပဲ လာအိပ္တာ ပါကြာ။ ငါ ေမတၱာရပ္ခံလိုက္တိုင္း ျပန္ဆင္း သြား တာပဲဥစၥာ။ ေႁမြႀကီးက လူစကား နားလည္ပုံရတယ္ ခ်စ္ပို”
“ရွင့္ေယာက္ဖ လူစကားနားလည္ရင္ ေႁမြ
ေနရာေႁမြေနလို႔ ေျပာပါလား ထြီ”
“ၾကည့္ရတာ မင္းတို႔ ၊ ငါတို႔ နဲ႔ ဟိုး ဘဝေဟာင္းတုန္းက အေဆြအမ်ိဳးေတာ္စပ္ လို႔ လာတာ လား မသိဘူး။ ေႁမြအိမ္ေပၚ ေရာက္တာ လာဘ္ပဲ မိန္းမ”
“ဘာလာဘ္လည္း ။ ငါးျပားေစ့တစ္ေစ့မရ

ဘဲ ညဘက္အိပ္လို႔ မေပ်ာ္၊ ရင္ေတြတုန္ေနရ တာ လာဘ္လား ေျပာ”
“တစ္ေန႔ေတာ့ ေပးခ်င္ေပးမွာ ေပါ့ မိန္းမ ရာ။ ခုခ်ိန္ထိ ငါတို႔ လည္း ရန္မျပဳဘူး။ ေႁမြသူေတာ္ ေကာင္းႀကီးပါ”
“ရွင္ ဒီေႁမြႀကီးကို သတ္ခ်င္သတ္။ မသတ္ ရင္ ကြၽန္မတို႔ ရွင္နဲ႔ အတူမေနဘူး။ အို… ၾကာပါတယ္။ က်က္သေရမရွိတဲ့ ဒီအိမ္နဲ႔ ၿခံ ႀကီးကို အျမန္ဆုံး ရတဲ့ ေဈးနဲ႔ ေရာင္းမွာ ပဲ” အဲဒီ အခ်ိန္ကစၿပီး မခ်စ္ပိုတို႔ ေမာင္ႏွမ ကြၽန္ေတာ္နဲ႔ အတူမေနေတာ့ဘူး။ အိမ္ငွားေန ၾက တယ္။ နံေဘးနံဘီက ဘာလို႔ အတူမေန ၾကတာလဲလို႔ ေမးရင္ အလြန္ႀကီးမားတဲ့ စပါးႀကီးေႁမြႀကီး တစ္ေကာင္ အိမ္ေပၚလာ လာတက္ေနလို႔ လို႔ မေျပာဝံ့ဘူး။ လင္မယား စကားမ်ား ထားလို႔ လို႔ ေျပာရ တယ္။ သူမက ဒီအိမ္နဲ႔ ၿခံကို ျပန္ေရာင္းဖို႔ စီစဥ္

လႈပ္ရွားေနတာကိုး။ ေႁမြႀကီးတက္တက္လာ လို႔ ဆို တာသိရင္ ဘယ္လိုလူမ်ိဳးက ဝယ္ရဲမွာတုံး။
ဒါေပမယ့္…
အခ်ိဳ႕ကလည္း ဒီအိမ္ၿခံသည္ လူေနမၿမဲလို႔ ဆိုၿပီး မဝယ္ရဲၾကဘူး။ သရဲေျခာက္သလိုလို၊ ပုဏၰကတိုက္သလိုလို ေကာလဟလသတင္း ကလည္း လြင့္ေနသကိုးဗ်။
ကြၽန္ေတာ္ကေတာ့ သူတို႔ လည္း အတူမ ေနေရာ ထူးဆန္းသည့္ စပါးႀကီးေႁမြႀကီးကို ညဘက္ မွာ အစာေကြၽးၾကည့္တယ္။

ပထမ
ၾကက္သားစိမ္းေကြၽးၾကည့္တယ္။
ေႁမြႀကီးက မစားဘူး။ ေနာက္ ၾကက္အရွင္၊ ဘဲအ ရွင္ ဝယ္ေကြၽးၾကည့္တယ္။ အဲဒါလည္း သူမစားဘူး။ ဒါနဲ႔ အသီးအႏွံ ေျပာင္းၿပီးေကြၽး ၾကည့္ျပန္ေရာ။ ဒါလည္း ေႁမြႀကီးက နမ္း ေတာင္မၾကည့္ဘူး။ ေနာက္ဆုံး ႏြားႏို႔က်ိဳၿပီး

ပန္းကန္လုံးနဲ႔ တိုက္ေတာ့မွ စပါးႀကီးေႁမြႀကီး လိုလိုလားလား … စားေသာက္ေလရဲ႕ ခင္ဗ်ာ။ အဲဒါနဲ႔ ညတိုင္း ႏြားႏို႔ပ်စ္ပ်စ္ေလး ဝယ္က်ိဳၿပီး ဘဝေဟာင္းက အေဆြအမ်ိဳးလို႔ ယူဆရတဲ့ ေႁမြႀကီးကို ကြၽန္ေတာ္ ေစတနာ ေရွ႕ထား အာဟာရဒါနျပဳခဲ့လိုက္တယ္။
ေျပာရရင္ … ေႁမြႀကီးဟာ ကြၽန္ေတာ့္ကို
ထူးျခားသည္ အိပ္မက္မ်ား ေပးျခင္း လုံးဝမ ရွိပါဘူး။ ကြၽန္ေတာ္ကလည္း အာ႐ုံရစ
ေကာင္းေစလို႔ မေမွ်ာ္မွန္းပါဘူး။
ကြၽန္ေတာ္နားလည္လက္ခံထားတာက ဒီ
စပါးႀကီးေႁမြႀကီးသည္ဘဝေဟာင္းက
ကြၽန္ေတာ္ ရဲ႕ အေမလား၊ အေဖလား၊ အစ္ကို ညီလား၊ ႏွမလား၊ အစ္မလား၊လား၊
သူငယ္ခ်င္းလား၊ ကြၽန္ေတာ့္ ရဲ႕ ေႂကြးရွင္
လား။ ဘာပဲျဖစ္ျဖစ္ သူသည္ ကြၽန္ေတာ့္အိမ္ေပၚ

ေရာက္လာသည့္ ဧည့္သည္ ၊ ဆရာလည္း ျဖစ္ခ်င္ ျဖစ္မည္။ တပည့္လည္း ျဖစ္ခ်င္ျဖစ္
မည္။ ေကြၽးပ်ံ႕ရွိလို႔ ေကြၽးရတာ ။

ဒါ ကုသိုလ္ပဲ၊ ဒါနပဲ။
ေစတနာသန႔္သန႔္ႏွင့္ေကြၽးရင္ ေစတနာ ကုသိုလ္ရမွာ ပဲ။ ဒီလို ကြၽန္ေတာ္ႏွလုံးပိုက္ တယ္။ ကြၽန္ေတာ့္လည္း ရန္မျပဳဘူးေလး ဗ်ာ။ ေနာ့..။
မိုးလင္းရင္ သူ႔ဘာသာသူ ဆင္းသြားေရာ။ ညဘက္ဆို ေရာက္ေနေရာ။ ကဲ မဆန္းဘူး
လား ဗ်ာ။
ဟင္..။
အဲဒါ..
မခ်စ္ပိုတို႔ က ဒီအိမ္နဲ႔ ၿခံကို လိုက္စပ္ ေရာင္းေပယ့္ လုံးဝမထြက္ဘူးျဖစ္ေနတယ္။ အခ်ိဳ႕က လည္း ေႁမြႀကီးတစ္ေကာင္ အိမ္ေပၚ

ေရာက္ေနလို႔ ဆိုတာ သိုးသိုးသန႔္သန႔္ၾကား ၾကရေတာ့ လက္ေရွာင္ၾကတာေပါ့။

တစ္ည မခ်စ္ပိုနဲ႔ သူ႔ေခြးဂ်က္ကီ အိမ္ကို ေရာက္လာတယ္။ က်ဳပ္ကလည္း ေႁမြႀကီး လိမၼာေရး ျခားရွိပုံရသည့္အေၾကာင္းႏွင့္ လုံး ဝအႏၲရာယ္မေပးသည့္အေၾကာင္းေျပာၿပီး ေၾကာက္ဖို႔ ။ ကြၽန္ေတာ္ႏွင့္အတူ ကုသိုလ္ဒါန ျပဳဖို႔ အႀကံျပဳစည္း႐ုံးရတာ ေပါ့ဗ်ာ။ ၿပီး…
ဘာသာေရးအျမင္၊

ေလာကီဂမၻီရ
အေၾကာင္းနဲ႔ လည္း ေဟာေျပာနားခ်ရတာေပါ့။
ေနာက္ပိုင္းက်မွကြၽန္ေတာ္သိခဲ့ရတဲ့

ျဖစ္စဥ္ကို အခုပဲ ေျပာျပပါရေစဗ်ာ။ တစ္ညမွာ ေပါ့ဗ်ာ။
ေႁမြႀကီးသည္ ကြၽန္ေတာ္တို႔ ကို လုံးဝ အႏၲရာယ္မျပဳမွန္းသိေရာ မခ်စ္ပို သိပ္မ ေၾကာက္ေတာ့ ဘူး။ ဒါေပမဲ့ မခ်စ္ပိုရင္ထဲမွာ က ဒီေႁမြႀကီးကို လုံးဝမလိုလားဘူးေလ။ ၿပီး…ကြၽန္ေတာ္နဲ႔ သူနဲ႔ က တစ္ခန္းစီအိပ္ တာကိုး။ တစ္ည သန္းေခါင္ယံမွာ မခ်စ္ပို ဟာ ကြၽန္ ေတာ္ထည့္ေပးထားတဲ့ ေႁမြႀကီးရဲ႕
ႏြားႏို႔ခြက္ထဲကိုျပန္အိပ္ေနတာ။
အဆိပ္ခတ္ထည့္လိုက္ၿပီး
မိုးလည္း လင္းေရာ…
အိပ္ရာက … က်ဳပ္အလ်င္ထၾကည့္လိုက္
ေတာ့ စပါးႀကီးေႁမြႀကီး မရွိဘူး။ ရွိေနတာက သမံတလင္းေပၚမွာ ႏြားႏို႔ပန္းကန္လုံး
ေမွာက္ၿပီး

အခ်စ္ေတာ္
ႏြားႏို႔အိုင္ထဲမွာ … မခ်စ္ပိုရဲ႕ ေခြးစုတ္ဖြားဂ်က္ကီ

မ်က္လုံးျပဴး အေၾကာဆြဲၿပီး ေသေနတာကို ကြၽန္ေတာ္နဲ႔ မခ်စ္ပို ျမင္လိုက္ရေရာ။
မခ်စ္ပိုဟာ ေခြးေလးဂ်က္ကီကိုၾကည့္ၿပီး ခ်ဳံးပြဲခ်ငိုပါေလေရာခင္ဗ်ာ။
“ဒါ..ဒါ…ရွင့္ေယာက္ဖ ေႁမြဆိုးႀကီးကိုက္ လို႔ ေသရတာ ။ ကြၽန္မေခြး၊ အဖိုးတန္းေလး ေသၿပီ.. ေသၿပီ။ ဟီး..ဟီး”
ဒါနဲ႔ ကြၽန္ေတာ္ လက္အိပ္စြပ္ၿပီး ေခြးကို
အေသအခ်ာစစ္ေဆးၾကည့္ေတာ့
ေခြးရဲ႕ ခႏၶာကိုယ္ ေပၚမွာ ေႁမြကိုက္ဒဏ္ရာ လုံးဝမရွိ
ပါဘူးဗ်ာ။

အဲဒါ…… က်န္ေနတဲ့ ႏြားႏို႔အခ်ိဳ႕ကိုယူၿပီး
က်န္းမာေရးဌာန ဓာတ္ခြဲခန္းက … အသိ သူငယ္ခ်င္းကို စစ္ေဆးခိုင္းလိုက္ေရာ…
“ကိုေ႐ႊကံ”
“ဘာေဆးစစ္ခ်က္ေပၚလဲ ကိုေကာင္းၫြန႔္”

“ႏြားႏို႔ထဲမွာ အျပင္းစားအဆိပ္ကို ေတြ႕ရ
တယ္” “ဗ်ာ”
“အဆိပ္ရဲ႕ အမ်ိဳးအစားက…………
,,
ဒါနဲ႔ က်ဳပ္ မသိခ်င္ေယာင္ ေဆာင္ေန လိုက္ပါတယ္။ ေနာက္ေန႔ညမွာ သူ႔ေမာင္ ကြၽန္ေတာ့္ ေယာက္ဖ ခ်စ္ေကာင္းဦးပါ လာ အိပ္တယ္။
ကြၽန္ေတာ္ကေတာ့ ထုံးစံအတိုင္း က်ဳပ္ရဲ႕ အသိမိတ္ေဆြ ဧည့္သည္ ေတာ္ေခၚမလား။ ဒီ ၿခံရဲ႕ မူလအိမ္ရွင္ေခၚမလား။ ပုံမွန္လာေန သည့္ စပါးႀကီးေႁမြႀကီးကို ညစဥ္ ဝတၱရားမ
ပ်က္ ႏြားႏို႔ပုံမွန္ တိုက္ေနဆဲပါပဲ။ ဒီလိုနဲ႔ အိပ္ေပ်ာ္သြားတုန္းမွာ ပဲ…
“ဒုန္း”
“အား”

“အား”
အလို…ေအာ္သံၾကားရတယ္။
လူတစ္
ေယာက္ရဲ႕ … ေၾကာက္လန႔္တၾကားေအာ္သံ။ ကြၽန္ေတာ္တို႔ လင္မယား အိမ္ေရွ႕ခန္းက လူ ေအာ္သံၾကားရလို႔ မီးဖြင့္ၿပီး အျမန္ေျပးၾကည့္ လိုက္ေရာ…
“အမေလး…”
“ဟာ..ဟာ…”
“အမေလး…လုပ္ၾကပါဦး။ ကြၽန္မေမာင္ကို
ကယ္ပါဦး”
“ျမင္လိုက္ရသည့္ျမင္ကြင္းက ရင္တုန္
ေခ်ာက္ခ်ားစရာပါဗ်ာ။ ၾကည့္စမ္း…။
ကြၽႏု္ပ္ေယာက္ဖ ခ်စ္ေကာင္းဦးကို
စပါးႀကီးေႁမြႀကီးက ရစ္ပတ္ၿပီး ညိဳ႕ေနတာ။
စပါးႀကီးေႁမြႀကီးရဲ႕ ႀကီးမားတုတ္ခိုင္သည့္
ခႏၶာကိုယ္အရစ္အေခြၾကားမွာ ေယာက္ဖခ်စ္

ေကာင္းဦး
ဦးေခါင္းမွ်သာေပၚၿပီး
မ်က္လုံးျပဴး ေအာ္ဟစ္ေနတယ္။
“ကိုကံ..ကိုကံ..လုပ္ပါဦး..ေမာင္
ေလး..ေမာင္ေလး..အမေလး..လုပ္ၾကပါဦး”
“ေႁမြႀကီးေႁမြႀကီး..မလုပ္ပါနဲ႔ ။ က်ဳပ္
ေမတၱာရပ္ခံပါတယ္။ ခြင့္လႊတ္ေပးပါ ေႁမြ
ႀကီးခင္ဗ်ား။ ေႁမြႀကီး က်ဳပ္ရဲ႕ ေမတၱာ၊
ေစတနာကို ငဲ့ညႇာေသာအားျဖင့္ ေဒါသကို
ေလွ်ာ့ခ်ေပးပါ ေႁမြႀကီးခင္ဗ်ား။
ပါးစပ္ကလည္း ေအာ္ေျပာရင္း ေမတၱ သုတ္ကို ႐ြတ္ဆိုေပးလိုက္ေရာ…။ အံ့ဩစရာ ပါပဲဗ်ာ။ စပါးႀကီးေႁမြႀကီးကား အရစ္အေခြ မ်ားကို ေလွ်ာ့ေျဖခ်ၿပီး အေပါက္ဝကေန လူးလြန႔္ထြက္သြားပါေလ ေရာ။
ခ်စ္ေကာင္းဦးကေတာ့ စအိုကေန ေခ်း

ေသးမ်ား ထြက္ၿပီး သမံတလင္းေပၚမွာ ေမ့ေျမာေနၿပီ ဗ်ာ။ အဲဒါ ေရေလာင္းခ်ၿပီး

သံပရာသီးနဲ႔ ႏွာႏွပ္ယူမွ သတိျပန္ရလာခဲ့
တယ္။
“ခ်စ္ေကာင္းဦး..ခ်စ္ေကာင္းဦး”
“ေမာင္ေလး…ေမာင္ေလး”
“အင္း…အင္း….ဟင္း…ဟင္း”
“သတိရၿပီလား ေယာက္ဖ..ဟင္..ဟင္”
“အင္း..ရ…ရၿပီ။
ေႁမြ…ေႁမြႀကီးေရာ။
ကြၽန္ေတာ္ ေၾကာက္ေၾကာက္တယ္”
“မရွိေတာ့ပါဘူး။ ဆင္းသြားပါၿပီ။ ေျပာပါ ဦး ေယာက္ဖ၊ မင္း ဘယ္လိုျဖစ္ရတာ တုံး”
“ကြၽန္….ကြၽန္ေတာ္
အစ္ကို”
မွား…မွားသြားၿပီ
“ေဟ….မင္းဘာမွားလို႔ တုံး။ ေျပာပါဦး…”
ဒီမွာ ပဲ ေယာက္ဖလုပ္သူက သူ႔ရဲ႕ ျဖစ္ပြား မႈမ်ားကို ျပန္ေျပာျပတယ္။ အစ္မလုပ္သူ လည္း သူ႔လုပ္ရပ္ ေပၚသြားေရာ။

“မွန္ရာေျပာရရင္ ကြၽန္ေတာ္တို႔ ေမာင္ႏွမ ဒီေႁမြႀကီးကို လုပ္ႀကံဖို႔ တိုင္ပင္ၾကတယ္ အစ္ကို၊ ဒီေႁမြႀကီးေသမွ ဒီအိမ္နဲ႔ ၿခံကို ေရာင္း လိုရမွာ ကိုး။ အစ္မက ဟိုတစ္ေန႔က ေႁမြႀကီး ေသာက္တဲ့ ႏြားႏို႔ မွာ အဆိပ္ခပ္ၿပီး လုပ္ႀကံခဲ့ တယ္။ ေနာက္ဆုံး အစ္မရဲ႕ အခ်စ္ဆုံးေခြး ေလးသာ အဆိပ္ပါတဲ့ ႏို႔ကို ေသာက္ၿပီး ေသ ခဲ့ရတယ္။ ေႁမြႀကီးက ဘာမွ မျဖစ္ဘူး။ ဒါနဲ႔
းေသ
ညတုန္းက ကြၽန္ေတာ္ကိုယ္တိုင္ ရဲတင္း နဲ႔
ေႁမြႀကီးရဲ႕ ဦးေခါင္းကို ခုတ္သတ္မယ္ဆိုၿပီး အရက္ေသာက္လို႔ ခုတ္မယ္လည္း လုပ္ေရာ။ ဒီမွာ စပါးႀကီးေႁမြႀကီးက ကြၽန္ေတာ့္ကို ညႇိဳ႕
ေတာ့တာပဲ။ ညႇိဳ႕ၿပီး သူ႔ကိုယ္လုံးနဲ႔ လူကိုလာရစ္ေနတာ။
အသံထြက္လို႔ ရသမွ်
ေၾကာက္လန႔္တၾကားေအာ္ဟစ္ေနတုန္း
အစ္ကိုတို႔ ေရာက္လာလို႔ ကြၽန္ေတာ္ မေသရ
တာ ပဲ။ ဟူး..အစ္မ”

“ဘာ..ဘာတုံး ေမာင္ေလး”
“ဒီ…ဒီေႁမြႀကီးက အရမ္းကိုထူးဆန္း တယ္။ သူ႔ကို ကြၽန္ေတာ္တို႔ ဘယ္လိုမွ လုပ္ႀကံလို႔ မရ ဘူး။ သူ ကြၽန္ေတာ္တို႔ ေမာင္ႏွမကို ေက်နပ္ခ်င္မွ ေက်နပ္မွာ ဗ်”
“အဲဒါ
ဘယ္လိုလုပ္ၾကမလဲဟင္..ဟင္။
ကြၽန္မတို႔ မွားပါၿပီ ကိုေ႐ႊကံ။ ကြၽန္မတို႔ ကို ကယ္ပါဦး၊ ကူညီပါဦးရွင္..အီး…ဟီး”
“မစိုးရိမ္ပါနဲ႔ ေယာက္ဖနဲ႔ မိန္းမရာ။ ငါ
တာဝန္ယူၿပီး ေႁမြႀကီးကို ေတာင္းပန္ေမတၱာ
ရပ္ခံပါ့ မယ္။ မင္း အေတာ္ကိုကံေကာင္း တယ္ ေယာက္ဖ၊ ဒီေႁမြႀကီးမ်ိဳးက လူကိုညႇိဳ႕ ၿပီးရင္ သူ႔ခႏၶာကိုယ္နဲ႔ ရန္သူကို ရစ္ပတ္မယ္။ ၿပီး အညႇိဳ႕ခံရသူရဲ႕ ဦးေခါင္းေပၚကို သူ႔ပါးစပ္ က ခြၽဲပ်စ္ပ်စ္အရည္အျမႇဳပ္မ်ား အန္ခ်႐ႊဲစိုေစ မယ္။ ၿပီးရင္ မင္းရဲ႕ စအိုဝထဲကို သူ႔ရဲ႕ အၿမီး ကို ထိုးသြင္းၿပီး အ႐ိုးပါေၾကမြသြားေအာင္

ရစ္ပတ္ဆြဲဆန႔္ၿပီး ဦးေခါင္းကစၿပီး မ်ိဳခ်
လိုက္မွာ ”
“ဘုရား..ဘုရား..ေၾကာက္စရာေကာင္း
တဲ့ ေႁမြပါလားေနာ္”
“အမွန္က မင္းတို႔ က သူ႔ကိုရန္သူလို သေဘာထားၿပီး လုပ္ႀကံရန္ျပဳလို႔ ျပန္ အႏၲရာယ္ေပးတာ ပါ။ ငါက သူ႔ကို ေန႔စဥ္၊ ညစဥ္ ေကြၽးေမြးေစာင့္ေရွာက္ေတာ့ ငါ့ကို သူ
ရန္ျပဳလို႔ လား ေျပာပါဦး” “ဟုတ္တယ္ အစ္မ”
“ၿပီးတာၿပီးေစေတာ့ကြာ။ ငါ အဓိကေျပာ ခ်င္တာက ဒီေႁမြႀကီးဟာ ဒီအိမ္ၿခံရဲ႕ မူလေျမ ပိုင္ ရွင္၊ ၿခံပိုင္ရွင္။ အိမ္ရွင္ဆိုလည္း မမွား ႏိုင္ဘူးကြ။ ဒီလို မဟုတ္ဘူး ဆိုရင္ ဒီ စပါးႀကီးေႁမြႀကီးသည္ ငါတို႔ ၊ မင္းတို႔ နဲ႔ ဟိုး…ဘဝအဆက္ဆက္က အမိအဘ၊
အေဆြအမ်ိဳး၊ သားသမီး၊ သားမယား။ ဆရာ

သမား၊ ညီအစ္ကိုေမာင္ႏွမ ေတာ္စပ္ခဲ့လို႔ မ်ား တိရစာၦန္ဘဝနဲ႔ ငါတို႔ နဲ႔ ေရစက္ဆုံၿပီး ျပန္ေတြ႕ၾကသ လားဆိုတာ ေျပာလို႔ မရဘူး ေလ။ တို႔ ဘုရားရွင္က ေဟာခဲ့သားပဲ၊ ဘဝ အဆက္ဆက္က ေဆြမ်ိဳး မေတာ္စပ္ခဲ့သူ မရွိ တဲ့ ။ ဒါေၾကာင့္ ထူးျခားစြာ ဘုရားစင္ ေအာက္မွာ လာလာအိပ္ေနလို႔ အမိအဘ၊ ဆရာသမားလို႔ … သေဘာထားၿပီး ေကြၽးေမြးေစာင့္ေရွာက္ေနတာပါ။ ကိုင္း..မင္း
ငါက တို႔ လည္း အျမင္မွန္နဲ႔ ေနာင္တရၾကၿပီပဲ။
ေႁမြႀကီးကို ႏြားႏို႔အာဟာရတို႔ မ်ားေကြၽးၿပီး
ေမတၱသုတ္႐ြတ္လို႔ ပါဦးကြာ”
ေတာင္းပန္လိုက္ၾက

ေယာက္ဖႏွင့္ဇနီးသည္တို႔ဟာ
ေၾကာက္လန႔္အံ့ဩေနာင္တမ်ား ရၿပီးေနာက္
သူတို႔ ကိုယ္ တိုင္ ႏြားႏို႔က်ိဳၿပီး ညဘက္ ေရာက္လာသည့္ စပါးႀကီးေႁမြႀကီးရဲ႕ ေရွ႕မွာ ခ်ေပးလို႔ ေတာင္းပန္စကား ဆိုေစတယ္။

အံ့ဩစရာပါ ဆရာမွ ိုင္းရယ္။ မိုးလင္းလို႔ သုံးေယာက္သား ထၾကည့္ၾကေရာ.. ေႁမြႀကီး
လည္း မရွိေတာ့ဘူး။ ႏြားႏို႔သုံးခြက္လည္း
ေျပာင္သလင္းခါလို႔ ။
“ေႁမြႀကီးေရာ အစ္ကို”
“ျပန္ဆင္းသြားေရာေပါ့ကြာ”
“ကိုေ႐ႊကံ..ဟိုဟာ
အန္ဖတ္ေတြနဲ႔ တူရဲ႕ ”
“ေအးဟ”
ဘာေတြတုံးရွင္။
သုံးေယာက္သား ဝိုင္းၾကည့္လိုက္ေရာ။

အန္ဖတ္ပုံႀကီးဗ်ာ။ ေႁမြႀကီးရဲ႕ အန္ဖတ္ပုံဗ်ား။ ဒါနဲ႔ ကြၽန္ေတာ္က သံျပားခြက္နဲ႔ အန္ဖတ္ပုံ ကို ေကာက္က်ဳံးလိုက္ေရာ အဲဒီ မွာ ပစၥည္း သုံးခု ကို သြားေတြ႕တာ။
ဘာလဲ..သိလား။
ေ႐ႊနဲ႔ ကြပ္ထားသည့္ လက္စြပ္သုံးကြင္း။ ေသေသခ်ာခ်ာစစ္ေဆးလိုက္ ေရေဆးၿပီး
ေရာ…ဘုရားေရ၊ ေ႐ႊနဲ႔ လုပ္ထားသည့္ စိန္
လက္စြပ္သုံးကြင္း။ အားလုံး အံ့ဩဝမ္းသာ
ျဖစ္ၾကၿပီး အသီးသီး လက္သူႂကြယ္ကိုယ္စီ မွာ စြပ္ၾကည့္လိုက္ေရာ..အံကိုက္လို႔ ဗ်ာ။
စာေရးဆရာေရ။
ကြၽန္ေတာ္တို႔ စပါးႀကီးေႁမြထူးဆန္းႀကီးရဲ႕ အန္ဖတ္ပုံထဲက စိန္လက္စြပ္သုံးကြင္းရၿပီး ေနာက္ေန႔ကစၿပီး ေႁမြႀကီး ကြၽန္ေတာ္တို႔
အိမ္ေပၚကို လုံးဝကိုမလာေတာ့ဘူးဗ်ာ။

ကြၽန္ေတာ္တို႔ ေန႔စဥ္၊ ညစဥ္ ႏြားႏို႔သုံးခြက္ နဲ႔ ေစာင့္ေမွ်ာ္ၾကေပမင့္ လုံးဝကိုမလာေတာ့ ဘူး ဗ်ာ။
အဲဒီ ေနာက္ပိုင္း ကြၽန္ေတာ္တို႔ သုံးဦးသား သည္ ၿခံထဲရွိ ေညာင္ပင္ေအာက္က ကြန္းစင္ ေလး ေရွ႕မွာ ဆြမ္း၊ ေရခ်မ္း၊ ပန္း၊ ဆီမီးကပ္ ၿပီး ညတိုင္း ပရိတ္ႀကီးဆယ့္တစ္သုတ္ကို ႐ြတ္လို႔ ေႁမြႀကီး အပါအဝင္ သုံးဆယ့္တစ္ဘုံ သားမ်ားကို အလႉအတန္းေပးေဝလ်က္ပါပဲ စာေရးဆရာရယ္။
ေမာင္ညိဳမွ ိုင္း(သန္လ်င္)