” အမဲသားကြိုက်တဲ့ ယောက်က္ခမ “(စ/ဆုံး)
Unicode Version
” အမဲသားကြိုက်တဲ့ ယောက်က္ခမ “(စ/ဆုံး)
———————————————–
“.အောင်ဒင်… ဟဲ့ အောင်ဒင်…အောင်တင်”
“ဗျာ….အမေ…”
“ဒီလာအုန်း …အမလေးနော် ခေါ်လိုက်ရတာ
ဖင်လိတ်ခေါင်း ထွက်တော့မယ် ”
အိမ်ရှေ့ ကွပ်ပျစ်ပေါ် အငြိမ်းစားထိုင်နေတဲ့
ကျုပ်ယောက်က္ခမကြီးက အသံပြဲကြီး
နှင့်အော်ခေါ်နေတာမို့ ထင်များအား ပုဆိန်ဖြင့်
ခွဲနေရင်က အသံပေးလိုက်ပြီ ကမန်းကတန်း ပြေးလိုက်မိသည်။
” အမေ ဘာပြောစရာရှိလို့လဲ ”
“ပြောစရာ ရှိလို့မဟုတ်ဘူးဟေ့ …ခိုင်းစရာရှိလို့…
ခဏနေ ငါ ဥပုသ်ကျောင်းသွားမလို့.ထင်းခွဲပြီရင်း
ဆန်လေးပါလေး သွားဝယ်လိုက်အုန်း အိမ်မှာ
ဆန်ကုန်နေပြီး ” ပြောပြောဆိုဆို သူ့မရင်ဘက်ကြားထဲက ပိုက်ဆံ၅၀၀၀ အနွမ်းလေးတစ်ရွက်အား ထုတ်ပေးလိုက်လေသည်။
” ဟုတ်ကဲ့ အမေ သားအခုပဲ သွားဝယ်ထားလိုက်မယ် ”
“အော်ပြောဖို့မေ့နေတာ…. မင်းမိန်းမ မိကြာဖြူ
အကြွေးတောင်း ပြန်လာရင်ပြောလိုက်အုန်း..ငါ အသိအိမ် ခဏဝင်မှာမို့ နည်းနည်း နောက်ကျမယ်လို့……”
“တင်ပါဘုရား..အဲ့ယောင်လို့ ဟုတ်ဟုတ်အမေ”
“ငါထလုပ်လိုက်ရ သေတော့မယ် ဒင်းတော့”
နူတ်က ယောင်ထွက်သွားတော့ ယောက်က္ခမဖြစ်သူ
ကလည်းစိတ်ဆိုးမာန်ဆိုး နှင့်ပြောလိုက်သည်။
“အော်…ဒုက္ခ ဒုက္ခ…မိန်းမယူမိတဲ့ ဒုက္ခ” ယောက်က္ခမ
ဖြစ်သူ ဒေါ်စောရီ မကြားမိအောင် တိုးတီးလေးငြီးမိ
လိုက်တယ်။ ကျုပ် မိန်းမ ကြာဖြူက ငွေတိုးချေးအလုပ်ကိုလုပ်ကိုင်ပြီး ကျုပ်က ရုံဝန်ထမ်းယောက်ဖြစ်သည်
မို့ အလုပ်အားလပ်ရက် အခါမျိုးဆို အခုလို တောက်တိုမည်ရ အလုပ်တွေနှင့် အချိန်ကုန်ရလေ
သည်။ အခုလည်း ဆန်ဝယ်ပေးပြီးအပြန်
ယောက္ခမ မရှိတုန်း အခိုက်အတန့် မို့ ရပ်ထဲကသူငယ်ချင်းတွေစုပြီးလ္ဘက်ရည်ဆိုင်ထိုင်၍
ယောက်က္ခမအကြောင်းတွေတဖွဖွပြော ဖြစ်ကြသည်။
” မင်း ယောက်က္ခမက တော်တော်ဆိုးတာပဲ အောင်
ဒင်ရာ ငါယောက်က္ခဆို ငါက အပီပေါင်းထားတာကွ…ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်ပဲ..””
“အံ့မယ် ငါတို့များ လာရွီးမနေနဲ့ ဘပုရေ…
ဟိုတစ်ရက်က မင်း လစာမအပ်လို့ ဆိုပြီး
မင်းယောက်က္ခမ ဒေါ်ကြီးစိန်က ဓားနဲ့
လိုက်ခုတ်တာဆို ”
သံချောင်း ပြောလိုက်တော့ ဘပုမျက်နှာ ကွက်ခနဲ
ပျက်သွားသည်။ ” ဒါက ဒီလိုရှိတယ်ကွ
အဲ့နေညက ငါလည်း တော်တော်လေးမိုက်ခဲ့တာကိုး
ktvက ကောင်မလေးတွေကို မူးမူးနဲ့ စပွန်ဆာ
ပေးလိုက်တာ ရှိတဲ့လစာတွေ အကုန်ပြောင်းသွားလို့
လိုက်ခုတ်တာပါကွာ….”
“ဖြစ်ရလေ ဘပုရာ…..ဟားးဟားးး”
လ္ဘက်ရည်မှာ ကျုပ်တို့ရယ်မောသံတွေက ခဏာဆူညံ‌သွားလေသည်။
“ပြန်လာပါပြီးတော် မယ်မင်းကြီးသား”
အပေါက်ဝမှာ စီးကြိုနေတဲ့ ဒေါ်စောရီတစ်ယောက်
ခါးကြီးထောက်ပြီး ပြောလိုက်လေသည်။ ကျုပ်လည်း ဘာမပြောညာမပြောနဲ ရေအိုးစင်နား လျှောက်လာခဲ့ပြီး ရေတစ်ခွက်အား ရုပ်တည်တည်
နှင့် ခပ်သောက်လိုက်လေသည်။
” ဘယ်အလေလိုက်ပြီး မောလာမှန်းမသိ အိမ်
မှာလုပ်စရာရှိတာမလုပ်ဘူး ”
ကျုပ်လည်း ရေသောက်နေရင်း နင့်မတတ်ဖြစ်သွားလေသည်။ဆီလိုအပေါက်ရှာပြီး ပြောနေတတ်တဲ့အကျင့်မို့ကျုပ်အတွက်‌တော့ ရိုးနေပြီးဖြစ်သည်။
“အော် အမေရယ်…သူခင်ဗျာ အလုပ်ပိတ်တုန်း
လ္ဘက်ရည်ဆိုင် သွားထိုင်တာနေမှာပေါ့ “မိန်းမဖြစ်သူက ကြာဖြူက စကားကိုဖာတေ့ပေးနေလေသည်။
“ညည်း…… လင်ယောက်ကျားကို ကြပ်ကြပ်အလိုလိုက်
ငါမရှိမှ သိမယ် .”
..ပြောပြောဆိုဆိုနှင့် ဒေါ်စောရီ အိမ်ပေါ်တတ်သွားလေသည်။
” အကိုရယ် အမေကို စိတ်မဆိုးပါနဲ့နော် အမေက
အဖေကိုသိတ်ချစ်ခဲ့တာလေ အဖေက နောက်အိမ်
ထောင်ပြုသွားတော့ အမေက အဲ့အချိန်ကစပြီး
ယောက်ကျားတွေစိတ်နာရင်း အခုလိုမျိုးအချိန်
တွေရောက်လာတာပါ…”
“ကိုယ် သိပါတယ်ကွာ စိတ်ထဲလည်းမထားပါဘူး
ဟောဒီက မိန်းမကို ချစ်သလို ယောက်က္ခကြီးကို
လည်း အချစ်မပေါ့ပါဘူး..”
“ဟင်…အကိုစကားကြီးက ဘယ်လိုကြီးလည်း”
မတင်မကျ ဖြစ်တဲ့ ဇနီးအားပြန်ပြောလိုက်တယ်။
“သြော်….အကိုဆိုလိုတာက အကိုလို အမေမရှိ
အဖေမရှိ တစ်ကောင်ကြွက် သမားမို့ မင်းအမေ
ကိုလည်း ကိုယ့်အမေလို သဘောထားပြီး
ချစ်ပေးမယ်လို့ ပြောတာပါ…”ကျုပ်လည်း ထိုသို့ပြောလိုက်ရင်း နဖူးပြင်လေးအား နမ်းရိူက့်လိုက်လေသည်။
…………………………………………………………………..
“ကြာဖြူရေ…ကြာဖြူ”
“အရီးမြ ဘာဖြစ်လို့လဲ…”
“နင်….အမေ….နင်အမေ စောရီ ခြေချော်ပြီး
လှေကားပေါ်က ပြုတ်ကျလို့တဲ့ အိမ်မြန်မြန်
ပြန်လိုက်အုန်း…”
“ရှင်” ကြားလိုက်ရတဲ့ စကားကြောင့် ကြာဖြူ
ရင်ထဲ တုန်လူပ်သွားလေပြီး အမေအားစိတ်ပူ
စွာဖြင့် ကမန်းကတန်း ပြေးလိုက်လေသည်။
“ဒေါက်တာ အမေ့အခြအနေဘယ်လိုလဲ…”
လှဲလျောင်းနေတဲ့ အမေ့အားကြည့်ပြီး မေးလိုက်မိသည်။
“အခုတော့ လူနာက စိုးရိမ်စရာတော့မရှိပါဘူး သမီး…ခေါင်းတော့ ၅ချက်ချုပ်လိုက်ရတယ်၊
ခေါင်းထိထားဆိုတော့ အန်တာတွေဘာတွေ
ဖြစ်လာခဲ့ရင် ဆရာဆီ အကြောင်းကြား
ဟုတ်ပြီးလား…အခုတော့ အနာကျတ်ဆေးပေးလိုက်မယ်..”
“ဟုတ်ကဲ့ …ဆရာ….”
ကျေးရွာ ဆရာဝန်ကြီးဦးဖိုးသီက သောက်ဆေး
တွေပေးပြီး ပြန်သွားလေသည်။ ခဏအကြာ
ခင်ပွန်းဖြစ်သူ ကိုအောင်ဒင်လည်း ရောက်လာပြီး
မို့ စိတ်သက်သာရာ ‌ရသွားတော့သည်။
အပတ်ခန့်ကြာပြီးနောက်….
” ဟဲ့…..နင်တို့ အမဲသားက နည်းလှချည်းလား
အောင်ဒင်…”
“ဟုတ်တယ်လေအမေ၊ ဖြူက အမေစားချင်တယ်
ဆိုလို့ အမေတစ်ယောက်စာပဲ သား ဝယ်လာတာ
ဖြူနဲ့ကျုပ်နဲ့က ကြက်သားပါလာလို့.”
“ဟုတ်သားပဲ အမေရယ် အမဲသား၅၀သား ၂ရက်
လောက်တော့ စားပျော်ပါတယ်..”
” အလိုတော် …. ငါက အဲ့အမဲသား၅၀သား ဘယ်လိုလုပ်၂ရက်စားဝမှာတုန်း နင်တို့လင်မယား ငါ နေမကောင်းသေးဘူးဆိုပြီ ကလန်ကဆန်လာမလုပ်နဲ့”
“အင်းပါ အမေရဲ့….သမီးတို့နှစ်ယောက်က အမေအနာရင်းမှာစိုးလို့ စေတနာပြောမိတာပါ…”
ကြာဖြူက ဝယ်လာတဲ့ အမဲသားအား ဆေးကျော
ပြီး ပြင်ဆင်နေတော့ ကျုပ်လည်း ကြာဖြူဘေးနား
ကဝိုင်းဝန်းကူညီလေသည်။
“ဖြူ …ဒီရက်ပိုင်း မင်းအမေ အပြုအမူတွေ
တစ်နေ့တခြား ထူးဆန်းလာတာကြ ရိပ်မိရက်လား”
ဖြူလည်း အဲ့တာ စဉ်းစားနေတာအကိုရေ…
အမေ အရင်တုန်းက အမဲသားအဲ့လောက်မကြိုက်ပါဘူး…”
“အကိုထင် ပြောရရင် မင်းအမ ဖုတ်…ဖုတ်.ဝင်နေတာများလားး”
“အကိုကတော့ ပေါက်ပေါက်ရှာရှာ ပြောနေပြန်ပြီး
အမေက နေမကောင်းသေးလို့ သူ့ ခံတွင်းတွေ့
တာတွေ စားချင်လို့ဖြစ်မှာပါ ”
“ဟဲ့….ဟိုလင်မယားနှစ်ယောက် တိုးတိုးတိုးနဲ့
ဘာတွေ ပြောနေကြတာတုန်း …” အိပ်ရာထဲ
က လှမ်းမေးလိုက်တဲ့ ယောက်က္ခစကားကြောင့်
ကျုပ်တို့ နှစ်ယောက် ပါးစပ်ပိတ်လိုက်လေသည်။,
“ပြောဖို့မေ့နေလို့…အမဲသားကျတ်ခါးနီးရင်
မဆလာလေးခပ်လိုက်အုန်းနော်…မွှေးမွှေးလေးမှ အရသာရှိမှာ”
“ဟုတ်ကဲ့ အမေ….ဟုတ်ကဲ့…”
ချက်ပြုတ်ပြီးစီး၍ ထမင်းဝိုင်းများပြင်ဆင်
လိုက်လေသည်။
“ဟဲ့ ထမင်းဝိုင်းပြင်တာ ကြာလာပြီးလား”
“ပြီးပါပြီးအမေရဲ့…တစ်ယောက်တည်း
လာလို့အဆင်ပြေရဲ့”ကြာဖြူလည်း စိတ်ပူစွာ
လှန်းမေးတော့
“မလိုပါဘူးအေ …ဒီနဲ့ဟိုနဲ့ သွားတာပဲ ဘာခက်တာ
မို့လို့တုန်း….” ပြောပြောဆိုဆို နှင့် လူကောင်းပမာ
လျှောက်လာပြီး ဝင်ထိုင်လေသည်။
“ဟဲ့ အောင်ဒင်ရယ်.. ထည့်စမ်းပါအုန်းများများ
နင် ဟင်းထည့်ပုံတာက ရေစက်ချနေတာမှတ်နေလား
…”ပြောပြောဆိုဆို ဒေါ်စောရီက စိတ်မရှည်ဟန်စွာ
ဖြင့် အမဲသား ပန်းကန်အား သူထမင်းပန်ကန်ထဲ သွင်း
ချလိုက်လေပြီးအားရပါးရ စားသောက်နေတော့
“ကျုပ်နဲ့ ဖြူနဲ့ က ပါးစပ်ဟောင်းသားဖြစ် ကြည့်
နေမိသည်။ “ဟဲ့ ဘာကြည့်နေတာတုန်း စားကြလေ
ညနေ့ အမဲသား ထည့်ဝယ်ပေးအုန်း…”
” ဟုတ်ဟုတ် ..အမေ…” ကျုပ်တို့နှစ်ယောက်လည်း
ဒေါ်စောရီအား မကြည့်ဝံရဲတော့ပဲ ကြောက်ကြောက်
နဲ့ ပဲ ထမင်းစားလိုက်တော့သည်။
“ဒီပုံစံအတိုင်းဆို မဖြစ်ဘူး ဖြူ… ဒါသွေးရိုးသား
ရိုးမဖြစ်နိုင်ဘူး…”
“အကိုပြောမှ ဖြူလည်း စဉ်းစားနေတာ…
အကိုပြောသိလို အမေဖုတ်များဝင်နေသလား
မသိဘူး…ဘုရား…ဘုရား…အမေသနားပါတယ်”
ကြာဖြူ ပါးပြင်မျက်ရည်တွေ စီးဆင်းလာလေသည်။
“စိတ်မကောင်း မဖြစ်ပါနဲ့ ဖြူရယ်…
အရင်ဆုံးး အမေ ခန္ဓာ ကိုယ်ထဲက
ခိုကပ်နေတဲ့ ဖုတ်ကိုမြန်မြန်နှင်ထုတ်မှ ဖြစ်တော့မယ်”
ကျုပ်လည်း ဖြူရဲ့ ခေါင်းလေးကို ခပ်ဖွဖွလေး
ကိုင်ရင်း ဖြူနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရလေ သည်။
ရွာဦးကျောင်း ဆရာတော်အား ထိုအ‌ကြောင်းတွေ
‌လျှောက်ထားမိလိုက်တော့ဆရာကြီးက အိမ်ကြွလာ
တော့လေသည်။
” ဟဲ့ ဘယ်က ဘုန်းကြီး ပင့်လာတုန်း အခု ပြန်လွှတ်လိုက်”
ဒေါ်စောရီက ထိုသို့ပြောလိုက်တော့ ဆရာတော်
ကြီး စိတ်မကောင်ဟန်ဖြစ် အိမ်ထဲထိ ကြွလာလေသည်။
“ဟဲ့ …ဘုန်းကြီး သူ့များမိသားစု ကိစ္စ ဘာဝင်
ရူပ်တာလဲ ပြန်….အခုပြန်…” ဒေါ်စောရီက
ဒေါသကြီး နဲ့အတင်းမောင်းထုတ်နေလေသည်။
“အံမယ်နင်လို ဖုတ်ကများ ငါကို အာခံနေတော့ပေါ့”
ပြောပြောဆိုဆို နှင့် ဆရာတော်က ပါလာတဲ့ ပရိတ်
ရေနဲ့ ပတ်လိုက်လေသည်။ ” ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးရဲ့ အစွမ်းတန်ခိုးကြောင့် ဒီခန္ဓာကိုယ်
မှာ ခိုကပ်နေ တဲ့ ဖုတ်၊ မိစ္ဆာ အမြန်ဆုံးထွက်စေ”
“အား…ပူတယ်…ပူတယ်…”,
လူးလိမ့်အော်ဟစ်ရင်း တဖြေးဖြေးနှင့် ဒေါ်စောရီ
ခန္ဓာ ကိုယ်က ပုပ်စော်များ ထောင်းခနဲ ထသွားပြီး
ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေသည်။
ဖြူက ထိုအဖြစ်အပျက်တွေမြင်ရတော့ ဝမ်းနည်းကြွေ
ကွဲစွာငိုကြွေးနေသလို ကျုပ်လည်းယောက်က္ခမကြီး အဖြစ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပြန်လေသည်။
ယောက်က္ခမဆိုတာ ကျုပ်အတွက်တော့ အမေကောင်း
တစ်ယောက်ပါပဲ ။ (ပြီး)
လိုအပ်ချက်တွေရှိခဲ့ရင်လည်း
ဝေဖန်အကြံပြုပေးနိုင်ပါသည်။
စာပေချစ်မြတ်နိုးသူအားလုံး လေးစားလျက်
စာရေးသူ=အလင်းရောင်
#လေးစားစွာcreditပေးပါသည်
Zawgyi Version
———————————————–
“ဗျာ….အမေ…”