လမ်းမြေယူလို့ ပြိတ္တာဖြစ်သွားသူ

*လမ်းမြေယူလို့ ပြိတ္တာဖြစ်သွားသူ*📖📖📖 (စ-ဆုံး)

****************************************
_______________________

မြန်မာပြည် မြေလတ်ပိုင်းမှ ရွာလေး
တစ်ရွာမှာ…လယ်ပိုင် ယာပိုင် အမျိုးသမီးကြီး
တစ်ယောက်ရှိပါတယ်။

လောဘကလည်း အလွန်ကြီးသတဲ့။
ဒါကြောင့်…သူ့ပတ်ဝန်းကျင်က လူတွေနှင့်
သိပ်အဆင်မပြေဘူး။

သူ့ယာခင်းနားက လူတွေနှင့်လည်း
မကြာခဏဆိုသလို စကားများကြတယ်။

ပြီးတော့ သူ့မြေချဲ့ချင်တဲ့အတွက်
သူဟာ လမ်းမြေကို တဖြေးဖြေးနဲ့ ဖဲ့ယူသတဲ့။

အရင်တုန်းက လမ်းက လှည်းနှစ်စီး သွားလို့
ရပေမဲ့အခုကျတော့ သူ ယူလိုက်တဲ့ အတွက်
လမ်းက ကျဉ်းပြီးလှည်းတစ်စီးပဲ
သွားလို့ရပါတော့တယ်။

တစ်နေ့မှာတော့…
အဲဒီအမျိုးသမီးကြီးဟာ ရောဂါ
အသည်းအသန် ဖြစ်ပြီး အမေ ကယ်ပါ
အဖေ ကယ်ပါ ဆိုပြီး အော်ဟစ် ငြီးငြူသတဲ့။

နောက်တော့…အဲသလို ငြီးငြူရင်းနဲ့ပဲ
သေဆုံးသွားပါတော့တယ်။

အဲဒီနောက် သိပ်မကြာပါဘူး။
သူ့ရွာက အမျိုးသမီးတစ်ယောက်ကို
ဝင်ပူးပါလေရော။

လမ်းမြေယူထားတဲ့ အတွက်
သူ့ယာခင်းနားမှာ မကျွတ်မလွတ်
( ပြိတ္တာ) ဖြစ်နေတယ်လို့
သူ့အကြောင်းကို ပြောပြပါတော့တယ်။

ပြီးတော့ သူ့ သား, သူ့သမီးတွေရဲ့
နာမည်တွေကိုခေါ်ပြီး
သူ မကျွတ်မလွတ် ဖြစ်နေကြောင်း
ဆက်ပြီး ပြောပြတယ်။

သားတို့ သမီးတို့ရေ… အမေပါကွဲ့။
အမေလေ…လမ်းမြေယူမိလို့ အခု
မကျွတ်မလွတ် ဖြစ်နေပြီ
ကွယ်။ အမေ့ကို ကယ်ပါဦးကွဲ့။
အမေ ယူထားတဲ့ လမ်းမြေကို ပြန်ပေးကြနော်…

အဲဒီလို ပြောပြီးပူးဝင်နေတဲ့
အမျိုးသမီးထံကနေ ထွက်သွားပါတော့တယ်။

ဒီတော့ ရွာထဲရပ်ထဲက လူကြီးတွေက
သူ့သားသမီးတွေကိုခေါ်ပြီး
အဲဒီအကြောင်းလေး ပြောပြကြတယ်။

အေး…
မင်းတို့အမေတော့ ဒုက္ခရောက်နေပြီ။
ကိုယ့်အမေကို ကယ်တင်သောအားဖြင့်
လမ်းမြေကို ပြန်ပေးလိုက်ပါလားလို့ ပေါ့…

ဒါပေမဲ့…
သူ့ရဲ့ သားသမီးတွေက လက်မခံကြဘူးတဲ့။
ဒါ မဖြစ်နိုင်ပါဘူး ဆိုပြီး
အမှုမဲ့ အမှတ်မဲ့ပဲ နေနေကြတယ်။

ဒုတိယအကြိမ် ဝင်ပူးပြီး ပြောပြန်တယ်။

သုံးလေးရက် ကြာသောအခါ…
ရွာသူတစ်ယောက်ကို ထပ်ပြီး ပူးပြန်တယ်။

သူ့သားမီးတွေနဲ့ တွေ့ချင်ကြောင်း ပြောတဲ့အတွက်
သူ့သားသမီးတွေကို ခေါ်ပေးလိုက်တယ်။

သူ့သားသမီးတွေ ရောက်လာတဲ့အခါ…
ငိုပြီးတော့ ပြောရှာပါတယ်။

သားတို့ သမီးတို့ရေ…
အမေ့ကို ကယ်ပါကွယ်။

အမေ…ပြောလေ
အမေ ဘယ်လို ဖြစ်နေလို့လဲ-?

ဘာဖြစ်ရမှာလဲ ကွယ်။အခု အမေ့မှာ
မြေကြီးကို ဦးခေါင်းပေါ် ရွက်ထားရတယ်
ကွဲ့။ နေ့ရော ညရော ရွက်ထားရတာ။
ပင်ပန်းလိုက်တာကွယ်။

ဘာဖြစ်လို့လဲ အမေ-?
သားတို့ သမီးတို့…
အမေ့စကား နားမထောင်လို့ပေါ့။

အမေ ယူထားတဲ့ လမ်းမြေကို
ပြန်ပေးကြပါနော်…
ပြန်မပေးရင်…ဒီမြေကြီးတွေကို
ဦးခေါင်းပေါ် ရွက်ထားရမှာလေ။

ဒါကြောင့် လမ်းမြေကို ပြန်ပေးလိုက်ကြနော်…

စိတ်ချပါ အမေ…
လမ်းမြေမှန်သမျှ အကုန်လုံး
ပြန်ပေးလိုက်မယ်နော်။

အေး အေး ဟုတ်ပြီ။

အမေ ယူထားတဲ့ လမ်းမြေက
၂- တောင် (၃- ပေ) လောက်ပဲ
ရှိတာပါ။ဘာမှ အဖိုး မတန်ပါဘူး။
အခုတော့ ယူတာနဲ့ မကာမိဘူး။
ပင်ပန်းလိုက်တာကွယ်။

ဒါကြောင့်…၃- တောင်လောက်
ပြန်ပေးလိုက်ကြနော်။
စိတ်ချပါ အမေ…
အမေ့ ဆန္ဒအတိုင်း ဖြစ်အောင် လုပ်ပါ့မယ်။

ဟုတ်ပြီနော်…
အမေယူထားတဲ့ လမ်းမြေ ပြန်ပေးမှ
မြေကြီးတွေကို ဦးခေါင်းပေါ်ကနေ
အောက်ချလို့ရမှာကွဲ့။
အမေ့ကို သနားကြပါနော် လို့ ပြောပြီး
ထွက်သွားသတဲ့။

သားသမီးတွေကလည်း အခုလို ကြားလိုက်ရတော့
သူတို့အမေကို အရမ်းပဲ သနားသွားကြတယ်။

ဒါနဲ့ ယူထားတဲ့ လမ်းမြေတွေကို
ပြန်ပေးတဲ့အပြင်
သူတို့ပိုင်တဲ့ ယာမြေထဲမှ မြေကိုတောင်
လမ်းအတွက်လှူလိုက်ကြတယ်တဲ့။

အိမ်မှာလည်း ဘုန်းကြီး ၅- ပါး ပင့်ပြီး
ဆွမ်းကပ်သင်္ကန်းလှူပြီးတော့
အမျှပေးဝေလိုက်ကြတယ်။

တစ်ပတ်လောက် ကြာတဲ့အခါ…
သမီးဖြစ်သူကို အိပ်မက်ပေးပါတယ် တဲ့။

သမီးရေ…
အမေလေ အခု စိတ်သက်သာရာ ရသွားပါပြီ။
ဒီထက္သာတဲ့ ဘုံဌာနကို
မကြာခင် သွားရတော့မယ်လေ။
လမ်းမြေယူမိလို့ အခုလို ဒုက္ခရောက်ရတာ။

ဒါကြောင့် လမ်းမြေကို တစ်လက်မမှ မယူနဲ့နော်…

လမ်းမြေကျယ်သွားအောင်
ကိုယ့်မြေထဲကနေ လှူဖြစ်အောင်သာ
လှူကြ သားတို့ သမီးတို့ရေ လို့ ပြောပြီး
အိပ်မက်ပေးပါတယ်။

အဲဒီနောက်…သမီးဖြစ်သူမှာ
အိပ်ရာက လန့်နိုးသွားပါတယ်။

ဒီတော့မှ သူ့အမေ ပေးတဲ့ အိပ်မက်ပဲ
ဆိုတာကိုသိသွားတယ်။
ဒီအကြောင်းကို ကျန်တဲ့
မောင်နှမတွေကိုလည်း
ပြောပြလိုက်တယ်။

အဲဒီကျတော့မှ သားသမီးတွေ အားလုံး
ငါတို့အမေ လွတ်တော့မှာပဲ ဆိုပြီး
ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။

ကဲ-ဒီတော့…
သူတော်ကောင်းတို့လည်း အကယ်၍
လမ်းမြေယူထားပါက ပြန်လှူကြရမယ်။

လမ်းမြေကျဉ်းနေပါက
ကိုယ်ပိုင်မြေလေး နည်းနည်းလောက်
လှူကြမယ်ဆိုရင်

မြန်မာနိုင်ငံသားများဟာ နိုင်ငံကြီးသား
ပီသပါပေတယ်လို့
စကြ်ာဝဠာတိုက်တစ်သောင်းမှ
နတ်ဗြဟ္မာအပေါင်းတို့က
ဂုဏ်ပြုချီးကျူးကြမှာ ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

မူရင်း သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

တာတေ