ပဋ္ဌာန်းရွတ်သောလူတစ်ယောက်အကြောင်း(စ/ဆုံး)

Unicode Version

ပဋ္ဌာန်းရွတ်သောလူတစ်ယောက်အကြောင်း(စ/ဆုံး)
—————————————————————
ဗုဒ္ဓဘာသာမြန်မာလူမျိုးအတော်များများဟာပဋ္ဌာန်းဒေသနာတော်ကြီး
ကို ယုံကြည်ချက်အပြည့်နဲ့ ရွတ်ဖတ်နေကြပါတယ်။ ပဋ္ဌာန်းဒေသနာတော် အရှည်ကို လူတိုင်းအလွတ်မရကြပေမယ့် (၂၄)ပစ္စည်းလို့ခေါ်တဲ့ အတို ကောက်ပဋ္ဌာန်းကိုတော့ လူတိုင်းနီးပါးရကြပါတယ်။ အခုပြောပြချင်တာက ပဋ္ဌာန်းဒေသနာတော် အရှည်ကောက်နဲ့ ပတ်သက်တဲ့ အကြောင်းပါ။ ဘာ ကြောင့်လည်းဆိုတော့မြတ်စွာဘုရားကနတ်တွေကိုဟောခဲ့တဲ့တရားဖြစ်လို့ ပါပဲ။ ပဋ္ဌာန်းဆိုတာအဘိဓမ္မာရဲ့မဟာတံတိုင်းကြီးလို့လည်းအဓိပ္ပာယ်ဖွင့်ဆို ကြပါသေးတယ်။ ဒါကြောင့် ပဋ္ဌာန်းတရားကို ရွတ်သူတိုင်း သိထားရမှာက နေရာမရွေးဖို့လိုပါတယ်။ ပြီးတော့ ထပ်ပြီး သိရမှာကကျုပ်ရဲ့အဖြစ်ပါ။ ကျုပ်ဟာဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဘုရား၊တရားအကြောင်း သာမန် လောက်ပဲ နားလည်ပြီး စစ်စစ်မှန်မှန် အနှစ်ကို မသိသူပါ။ ဒါပေမဲ့ ပဋ္ဌာန်း တရားကိုတော့ ကျုပ် အလွတ်ရတယ်။ ဘာကြောင့်ရသလဲဆိုတော့ ကျုပ် ငယ်ငယ်က ကိုးကွယ်တဲ့ ဆရာတော်ကြီးတစ်ပါး သင်ပေးခဲ့လို့ပါပဲ။ ဆရာ တော်ကြီးကပဋ္ဌာန်းနဲ့ ပတ်သက်ပြီး မိန့်ကြားထားတာက-
“ပဋ္ဌာန်းတရားကို သေးသေးမမှတ်နဲ့မောင်မြဲ။ ဒီတရားဟာ တို့ရဲ့ဗုဒ္ဓက နတ်ပြည်မှာ ဝါတွင်းသုံးလလုံးလုံး ဟောခဲ့တဲ့ အဘိဓမ္မာရဲ့အနှစ်ချုပ်ကွ။ ဒီ တရားကိုရွတ်တဲ့အခါတိုင်းနတ်တွေကလာပြီးနာကြတယ်။ အဲ – ရွတ်ဖတ်တဲ့ လူရဲ့သီလသမာဓိနဲ့တစ်ကိုယ်ရေသန့်ရှင်းဖို့လည်းလိုတာပေါ့လေ။ အဲဒီလို နတ်တွေကလာလာပြီးတရားနာရင်းနဲ့ရွတ်တဲ့ပုဂ္ဂိုလ်ကိုစောင့်မကြည့်ရှုသွား၊ ကြတယ်။ဒါကြောင့်မသေမချင်းဒီတရားကိုယုံယုံကြည်ကြည်နဲ့ရွတ်စမ်းပါ။” အဲဒီအချိန်ကတည်းကရွတ်လာခဲ့တာအသက်(၃၀)အထိဆိုပါတော့
ဒါပေမဲ့ စောစောက ပြောထားခဲ့သလိုပဲ ပဋ္ဌာန်းနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ လုံးဝမသိသလို တရားရဲ့အနှစ်သာရကိုလည်း နည်းနည်းမှ မလိုက်စားခဲ့ပါဘူး။ ကျုပ်အတွက်ကံကြမ္မာကဒီပဋ္ဌာန်းနဲ့ပတ်သက်ပြီးရောက် လာပုံအင်မတန်ထူးခြားပါတယ်။ပြီးတော့အင်မတန်ကြောက်ဖို့ကောင်းသလို သွေးပျက်စရာ ဖြစ်ရပ်တွေလည်းကြုံလာရပါတယ်။
ကျုပ်ကအင်ဂျင်နီယာတစ်ယောက်ပါ။ စက်မှုအင်ဂျင်နီယာမောင်ခိုင်မြဲ
ဆိုရင်အင်ဂျင်နီယာလောကမှာတော်တော်များများသိကြပါတယ်။တစ်နေ့
တော့ ကျုပ်အလုပ်လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီက ကျုပ်ကို စင်္ကာပူမှာရှိတဲ့ ၊ အင်ဂျင်ဝိုင်စက်ရုံကို ကြီးကြပ်ရေးမှူးအဖြစ်နဲ့ ရောက်သွားပါတော့ တယ်။ အဲဒီမှာ မသွားခင်ကတည်းက ပြဿနာက ကျုပ်နဲ့အတူ သွားရမယ့် လူဟာ ကုမ္ပဏီမှာအလုပ်တွဲလုပ်တဲ့ ဘာသာခြားတစ်ယောက်ပါ။ သူ့ နာမည်က“ဆန်းထက်နိုင်”လို့ခေါ်ကြတယ်။ ဒီကောင်နဲ့ ကျုပ်က အလုပ်ခွဲ လုပ်ပေမယ့် မဆိုးပါဘူး။ လေယာဉ်ပေါ်မှာတည်းက ဒီကောင်က ကျုပ်ကို ပြောတယ်။
“ဟေ့ကောင် … ခိုင်မြဲ ဟိုရောက်ရင် မင်းနဲ့ငါတစ်ခန်းတည်း အတူမနေ နိုင်ဘူး။ ငါ့ဘာသာငါ တစ်ခန်းနေမယ်။ ပြီးတော့ စက်ရုံမှာလည်း မင်းလူကို မင်းကြီးကြပ်၊ငါကလည်းငါ့လူငါကြီးကြပ်မယ်။ ရှုပ်ရှုပ်ရှက်ရှက်လာမလုပ်နဲ့။
ကြိုပြောထားတာကို မင်းနားလည်မှာပါ။ မင်းနဲ့ငါက မတည့်အတူနေတွေ မဟုတ်လား”
ဒီတော့ ကျုပ်ကလည်း ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တယ်။
“အေးကွာ … ငါကလည်း အလုပ်သဘောအရ ပေါင်းသင်းနေရတာပါ။ မင်းနဲ့တစ်ခန်းတည်း အိပ်ဖို့ကတော့ ငါလည်းမသတီဘူးကွ”
ကျုပ် စကားကြောင့် ဆန်းထက်နိုင် ဒေါသထွက်သွားတယ်။ ပြောရရင် အဲဒီလေယာဉ်ပေါ်မှာ ကျုပ်ကိုသူ ဆွဲထိုးချင်နေမှာပဲ။ ဒီလိုနဲ့ စင်္ကာပူရောက် ရော ဆိုပါတော့။ ဆန်းထက်နိုင်ဟာ သူဘာသာသူ အိပ်ခန်းတစ်ခန်းနဲ့နေ ပြီး ကျုပ်ကလည်း သီးသန့်တစ်ခန်းနဲ့ နေတယ်။ အဲဒီ့ကို ရောက်ရောက် ချင်းပဲ ကျုပ်ဟာ ထုံးစံအတိုင်း ပဋ္ဌာန်းဒေသနာတော်ကြီးကို ရွတ်ဖတ်
ပါတယ်။ကိုယ်အိပ်တဲ့ကုတင်ပေါ်မှာပဲဆိုပါတော့။အဲဒီ့အချိန်မှာပိတ်ထားတဲ့
အခန်းတံခါး အပြင်ကနေတံခါးထုတဲ့အသံ ကြားရပါတော့တယ်။
“ဒုန်း – ဒုန်း ဒုန်း”

ကျုပ်လည်း တံခါးမခေါက်ဘဲ အလိုက်ကန်းဆိုးမသိ လာထုတဲ့လူကို စိတ်တိုနဲ့ ပြောဖို့တံခါးဖွင့်လိုက်တယ်။
“ဟင်”
ဘယ်သူမှ မရှိပါဘူး။ ခြေသံတောင် မကြားရတဲ့အတွက် ကျုပ်လည်း အပြင်ထွက်ပြီး လျှောက်ပတ်ကြည့်လိုက်တယ်။ အားလုံးအိပ်မောကျနေပြီ ဖြစ်လို့ကိုယ်စီအခန်းတံခါးတွေပိတ်တာကြာပြီ။ကျုပ်ဟာထူးဆန်းတဲ့ဖြစ်ရပ် ကြောင့် ကြောင်စီစီနဲ့ အခန်းထဲ ပြန်ဝင်ပြီး တံခါးပိတ်လိုက်တယ်။ ပြီးတာနဲ့ ရွတ်လက်စ ပဋ္ဌာန်းတရားပစ္စယုဒ္ဒေသ ပါဠိတော်ကြီးကို ဆက်ရွတ်တယ်။ အဲဒီမှာပဲ-
“ဒုန်း – ဒိုင်း – ဒိုင်း”
“ဟေ့ – ဘယ်ခွေးမသားလည်းကွ၊ တံခါးကို လက်နဲ့မခေါက်ဘဲခြေနဲ့ ကန်နေရအောင် ဘာကောင်လဲ”
ကျုပ်ဟာအနှောင့်အယှက်ဝင်လာတာနဲ့တံခါးထဖွင့်ပြန်တယ်။ဘယ်သူ မှလည်းမရှိရောတစ်ကိုယ်လုံးကြက်သီးမွေးညင်းတွေထသွားတယ်။ဒီနေရာ
မှာသရဲရှိတယ်လိုလည်းမကြားမိပါဘူး။ကျုပ်တို့နေတာကအင်ဂျင်ဝိုင်ထုတ်
လုပ်တဲ့ စက်ရုံဝင်းထဲက ဝန်ထမ်းအိမ်ရာလို နေရာမျိုးမှာပဲ။ ဘာကြောင့် အခုလိုထူးထူးဆန်းဆန်းတွေ့ကြုံနေရသလည်းဆိုတာကျုပ်မစဉ်းစားတတ် ဘူး။ ဒါနဲ့ပဲပဋ္ဌာန်းဆက်မရွတ်နိုင်တော့လို့တစ်ချိုးတည်းအိပ်ပစ်လိုက်တော့ တယ်။
မနက်မိုးလင်းတော့ စက်ရုံထဲဝင်ဖို့ကျုပ်တို့မန်နေဂျာက ဆန်းထက်နိုင် ဟာ အစကတည်းက ညှိထားတဲ့အတိုင်း ကိုယ့်အလုပ်သမားကိုယ်ခွဲခြားပြီး အုပ်ချုပ်တယ်။ကျုပ်ကိုင်တဲ့စက်တွေ၊မော်တာတွေကိုလည်းဒီကောင့်အလုပ် သမားတွေကိုမကိုင်ခိုင်းဘူး ဆိုပါတော့။ကျုပ်တို့စက်ရုံဟာ အဓိကအားဖြင့် ကားအင်ဂျင်ဝိုင်ထုတ်လုပ်တာဖြစ်တယ်။ဒါကြောင့်ဝန်ထမ်းလည်းအင်အား
များတယ်။
ကျုပ်ဟာအလုပ်လုပ်နေရင်းနဲ့ပါးစပ်ကနေပဋ္ဌာန်းရွတ်နေလိုက်တယ်။ ဒါကကျုပ်ရဲ့ယုံကြည်ချက်ကျုပ်ရဲ့အကျင့်ဖြစ်နေတာကိုး။အဲဒီမှာတင်ပြဿနာ
ကစပါတယ်။
“ဟာ .. ကြီးကြပ်ရေးမှူး – မော်တာတွေ မလည်တော့ဘူးဗျ။ တစ်ခုခု ချို့ယွင်းသွားပြီနဲ့တူတယ်”
အလုပ်သမားတစ်ယောက်ရဲ့ အော်သံကြောင့် ကျုပ်လည်း ကိုယ် ထိန်းသိမ်းတဲ့ စက်တွေကို ကြည့်လိုက်မိတယ်။ ဟုတ်တယ်-မော်တာတွေ မလည်တော့ပါဘူး။
“အေး…မော်တာတွေဘာကြောင့်မလည်တော့တာလဲဆိုတာစစ်ဆေး
ကြစမ်း။ လိုအပ်တာအတွက် ကိရိယာတွေ သွားယူ။ ငါကိုယ်တိုင် ပြင်မယ်” ကျုပ်လည်း ခိုင်းလိုက်ရော အလုပ်သမားတွေက ရုတ်တရက် ရပ်တန့် သွားတဲ့စက်တွေကိုစစ်ဆေးကြတယ်။ တစ်နာရီကျော်လောက်စစ်ဆေးကြ ပြီးနောက်တော့ –
“ကြီးကြပ်ရေးမှူး စက်တွေက ဘာမှမချို့ယွင်းဘူးဗျ။ တစ်ယောက်က စက်တွေကိုပိတ်လိုက်သလိုမျိုးအားလုံးရပ်နေတာ။တစ်ခုခုချို့ယွင်းတာတော့
မဟုတ်ဘူး”။
“ဘာကွ… ဘယ်သူက လုပ်ရတာလဲ”
ကျုပ်လည်းဒေါသထွက်သွားတယ်။ စက်တွေမပျက်ဘဲရပ်သွားအောင် လုပ်နိုင်တာဆိုလို့ ဟိုကောင် ဆန်းထက်နိုင်ပဲရှိတယ်။ ဒီစက်ရုံ အသေးစား လေးထဲမှာ စက်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာဆိုလို့ ကျုပ်နဲ့ ဒီကောင်ပဲရှိတာ လေ။ ဒါကြောင့် ဒီကောင့်ကို ကိုယ်တိုင်သွားတွေ့လိုက်တယ်။ ဒီကောင့်ကို အကျိုးအကြောင်း ပြောပြလိုက်တော့ ဒီကောင် မျက်နှာပျက်သွားတယ်။
“ဟေ့ကောင်..ခိုင်မြဲ….မင်းကငါ့ကိုလာစော်ကားနေတာလား။ငါအဲ့ဒီလို မညစ်ပတ်တတ်ဘူးကွ။ ငါ့အလုပ်ပဲငါလုပ်တယ်။ မင်းဘာသာမင်းစက်ကိုင် မကျွမ်းကျင်ဘဲငါ့ကိုလာစွပ်စွဲတာကုမ္ပဏီစည်းကမ်းနဲ့မညီဘူး။ မင်းစက်တွေ ကအလိုလိုဘယ်သူမျှ မပိတ်ဘဲရပ်သွားရအောင် တစ္ဆေလုပ်တာလားကွ”
“ဝေါ”
“ဟင်”
အဲဒီအချိန်ပဲ စက်တွေက ပြန်လည်လာတယ်။ ကျုပ်လည်း အံ့ဩသွား တယ်။ အလုပ်သမားတွေ ခေါ်မေးကြည့်တော့လည်း စက်နားကို မကပ်ဘဲ စောင့်ကြည့်နေတုန်းအလိုလိုပြန်လည်လာတယ်တဲ့။ဆန်းထက်နိုင်ကတော့ ကျုပ်ကိုဒေါသမျက်လုံးတွေနဲ့ ကြည့်နေပြီ။
“ဟေ့ကောင် ခိုင်မြဲ၊ မင်းတို့ကောင်တွေကလူတစ်ယောက်ကိုပြဿနာ ရှာချင်ရင် အဲ့ဒီလို ကလိမ်ကကျစ်လုပ်တတ်သလား။ ငါ့ကိုတော့ လာမလုပ် နဲ့။ မင်းသတ္တိရှိရင် ပွင့်ပွင့်လင်းလင်းပြောကွ”
ကျုပ်ဟာ ထူးဆန်းတဲ့ ဖြစ်ရပ်ကြောင့် အံ့ဩလွန်းတာနဲ့ ဒီကောင့်ကို တောင်ဘာမျှပြန်မပြောနိုင်ဘဲငိုင်သွားတယ်။ပြီးတာနဲ့ကိုယ့်ဘာသာကိုယ် မသိချင်ဟန်ဆောင်ပြီးအလုပ်ဆက်လုပ်နေလိုက်တော့တယ်။ဆန်းထက်နိုင်
ကတော့ မကျေမနပ်နဲ့ ကျန်ခဲ့လေရဲ့။ ဘာပဲပြောပြော ဒီကောင်ကတော့ ကျုပ်ကို အငြိုးထားမှာပဲလေ။
ကျုပ်ဟာ ညအိပ်ခါနီးတော့လည်း ထုံးစံအတိုင်း ပဋ္ဌာန်းရွတ်ရင် တံခါး ထုသံ၊ ကန်ကျောက်သံတွေကြားရလို့ တစ်ပတ်လောက်အကြာမှာ ပဋ္ဌာန်း မရွတ်တော့ဘူး။ အဲဒီ့အခါမှာတော့တံခါးထုသံမကြားရတော့ဘူးဗျာ။နောက် ထပ် ထူးခြားတာကတော့ စက်ရုံထဲမှာ ဖြစ်ပြီးရင် ရပ်ကုန်တယ်။ ဒါကြောင့် စက်ရုံထဲမှာလည်း ပဋ္ဌာန်းအရွတ်နည်းသွားတယ်။ ကျုပ်ဟာ ဒီဖြစ်ရပ်တွေ ကြောင့် စက်ရုံမှာ လုပ်သက်ကြာပြီဖြစ်တဲ့ မြန်မာဝန်ထမ်း ကိုစိုးထိုက်ကို မေးမြန်းကြည့်မိတယ်။
“ကိုစိုးအောင်ကို မေးရဦးမယ်။ ဒီစက်ရုံမှာ အရင်က သရဲတွေ ဘာတွေ ခြောက်တယ်လို့ ကြားဖူးလား”
“အဲဒါတော့ မကြားဖူးဘူးဗျ။ ကျွန်တော့်လုပ်သက် (၈)နှစ်အတွင်းမှာ တော့ ဒီစက်ရုံမှာ ဝါယာကြိုးရှော့ဖြစ်ပြီး ဓာတ်လိုက်သေသွားတဲ့ လူ (၅) ယောက်ရယ်။ ဘက်ထရီအိုးကြီး တစ်လုံးပေါက်ကွဲပြီး သေသွားတဲ့လူ (၃) ယောက်ကိုတော့မှတ်မိတယ်။ဒီလူတွေကအလုပ်လုပ်ရင်းသေသွားကြတာ ဆိုတော့ ကျွတ်လွတ်မယ် မထင်ဘူးဗျ” “ဟင်…ဒါဆိုဒီမှာရှိနေမှာပေါ့”
ကျုပ်လည်းကြက်သီးထသွားတယ်။ဒါကြောင့်ကျုပ်ရွတ်နေတဲ့ပဋ္ဌာန်း တရားရဲ့တန်ခိုးကိုမခံနိုင်လို့ပရလောကသားတွေလိုက်နှောင့်ယှက်နေမှန်း သဘောပေါက်သွားတယ်။ဒါ့အပြင်ပဋ္ဌာန်းတရားနဲ့ပတ်သတ်လို့ရေရေရာရာ
သိချင်လွန်းတာနဲ့ မြန်မာပြည်က စာရေးဆရာ သူငယ်ချင်းတစ်ယောက်ထံ ဖုန်းဆက်ပြီးပဋ္ဌာန်းတရားတော်နဲ့ပတ်သတ်တဲ့စာအုပ်တစ်အုပ်လှမ်းပို့ခိုင်း လိုက်တယ်။ (၂)ပတ်လောက်အကြာမှာကျုပ်ဖတ်ချင်တဲ့စာအုပ်ရောက်လာ တယ်။ စာအုပ်ကို မြန်မာပြည်က အကျော်အမော် ဆရာတော်ဘုရားကြီး တစ်ပါးဖြစ်တဲ့ ဘဒ္ဒန္တဒေါက်တာကုမာရာဘိဝံသ”(ဗန်းမော်ဆရာတော်)က ရေးသားတာ ဖြစ်ပြီး စာအုပ်ထဲက အချက်အလက်တချို့ကို မှတ်သား မိတယ်။
“ပဋ္ဌာန်းရွတ်တဲ့လူဟာ စည်းစနစ်နဲ့ ချိန်ကိုက်လုပ်ရတယ်။ ရွတ်နေကျ နေရာ၊ ရွတ်နေကျအချိန်မှာရွတ်ရသလို ရွတ်တဲ့လူဟာလည်းတစ်ကိုယ်ရေ သန့်ရှင်းမှုရှိရတယ်။နေရာသန့်ရှင်းမှုလည်းရှိရတယ်။ ဘာကြောင့်လည်းဆို တော့ ပဋ္ဌာန်းရွတ်နေစဉ်အတွင်းမှာ နတ်တွေကလာပြီး တရားနာကြလို့ပဲ။ သူတို့ကရွတ်နေကျအချိန်နဲ့နေရာကိုမှတ်ထားတတ်ကြတယ်။ ရွတ်တဲ့လူက မလေးမစားလုပ်ပြီးရွတ်ချင်တဲ့အချိန်ရွတ်လို့ကတော့နတ်တွေကစိတ်ဆိုး ပြီသာမှတ်။ နတ်တွေ တရားလာနာရင် ထူးခြားမှုက အမွေးနဲ့တွေ ရတတ် တယ်။ ဒါကြောင့် နတ်တွေရဲ့ စောင်မကြည့်ရှုမှု ခံချင်ရင်ပဋ္ဌာန်းကို စည်းနဲ့ကမ်းနဲ့ အချိန်ကိုက် ရွတ်ပါ။ မြောင်းကြိုမြောင်းကြား သွားရွတ်လို့ ကတော့ ဘာမှဖြစ်မလာဘူးမှတ်။ တန်ဖိုးရှိတဲ့တရားကို တရားသိတဲ့ နတ်တွေပဲလာနာကြမှာ။ လူတွေကလည်းတန်ဖိုးထားတတ်ကြရမယ်။
ဒီစာအုပ်လည်းဖတ်ပြီးရော ကျုပ်ဟာ ပဋ္ဌာန်းတရားတော်အကြောင်း တီးမိခေါက်မိသလောက်နားလည်သွားတယ်။ ကျုပ်ပဋ္ဌာန်းတရားကိုရွတ်တဲ့
အချိန်မှာနတ်တွေတရားနာဖို့လာတယ်ထင်ပါတယ်။ဒီအခါမှာစက်ရုံဝင်းထဲ
က မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေ နေစရာမဲ့ကုန်လို့ ကျုပ်ကို လာနှောင့်ယှက်တာလို့ယူဆမိတယ်။ကျုပ်ကလည်းလူတစ်မျိုးဗျ။အရွဲ့တိုက် တတ်တဲ့ အကျင့်လေးက ရှိနေတော့ မလုပ်စေချင်လို့ လာပြီးဟန့်တားလေ ပိုလုပ်လေပဲ။ ကျုပ်ကို ပဋ္ဌာန်းမရွတ်ဖို့ လာတားဆီးရင် ကျုပ်က ပိုရွတ်ဖတ်
သရဇ္ဈယ်တယ်။
ထူးခြားတာကတော့ကျုပ်ရဲ့လစာ(၂)လအတွင်းတိုးသွား တယ်။ပြီးတော့ဆန်းထက်နိုင်နဲ့ကျုပ်ဟာတဖြည်းဖြည်းအခြေအနေတင်းမာ
ခက်ထန်လာတယ်။
ဒီကောင်က ကျုပ်ကို သံသယ ဝင်နေတာက ကျုပ်ပဋ္ဌာန်းရွတ်တဲ့အခါ သူ့ကို ဆေးဝါးမန္တာန်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ထင်နေတယ်။ ကျုပ်က လစာတိုးပြီး သူက မတိုးတော့ ကျုပ်ကို အမြဲတမ်း ဣသမစ္ဆရိယစိတ်နဲ့ ရန်ထောင်နေတယ်။ ကျုပ်က အဲဒီလို အမြဲတမ်း ရန်ထောင်နေတာကိုမနှစ် မြို့ဘူး။ ကြောက်လို့လည်း မဟုတ်ဘူး။ ဒါကြောင့် ဒီကောင့်ကို ရဲရဲဝံ့ဝံ့နဲ့ ယောက်ျားတွေပီပီ မကျေနပ်ချက်ကို ဗြောင်ရှင်းဖို့ ရှင်းရတော့တယ်။
“ဟေ့ကောင်… ဆန်းထက်နိုင် မင်းနဲ့ငါဒီအတိုင်း ရှေ့ဆက်သွားနေလို့ ကတော့အကုသိုလ်များတယ်။ ပြီးတော့အလုပ်ထဲမှာလည်းစိတ်ရှုပ်တယ်။ ဒီတော့ ယောက်ျားတွေပဲကွာ။ တစ်ယောက်ချင်း ချိန်းပြီး ထိုးကြတာပေါ့” ကျုပ်စကားကို ဆန်းထက်နိုင်က သဘောကျစွာ ရယ်တယ်။ “ဟား…ဟားငါကလည်းအဲဒါမျိုးကိုမှကြိုက်တာကွ။ မင်းငါ့ကိုဆေးဝါး မန္တာန်အတတ်တွေနဲ့ပြုစားနေတယ်ဆိုတာလည်းငါသိတယ်။အခုလိုစကား ကြားရတာဝမ်းသာတယ်ဟေ့။ ဒီတော့ မနက်ဖြန်ရုံးပိတ်ရက်ညနေ(၆)နာရီ စက်ရုံထဲမှာ မင်းနဲ့ငါနှစ်ယောက်တည်း ချိန်းထိုးကြတာပေါ့။ ဒိုင်လူကြီးတွေ
ဘာတွေ မထားဘူး။ လဲသွားလို့ မထနိုင်တော့ရင် မြန်မာပြည်ကို ပြန်ကြေး
ပဲ။”
ဆန်းထက်နိုင်ကရှုံးတဲ့သူအလုပ်ထွက်ပြီး မြန်မာပြည်ကိုပြန်ကြေးလို့ သတ်မှတ်လိုက်တော့ ကျုပ်လည်း သဘောတူလိုက်တယ်။ ဘာလို့လဲဆို တော့ ဒီကောင်က ကျုပ်ထက် ခန္ဓာကိုယ်ညှက်နေလို့ပဲ။
ဒီလိုနဲ့ နောက်နေ့ ညနေ (၆)နာရီ ထိုးခါနီးအချိန်ကို ရောက်ရောဆိုပါ တော့။ ကျုပ်ဟာထုံးစံအတိုင်းစက်ရုံဝင်းထဲမှာလှည့်ပတ်ပြီးပဋ္ဌာန်းဒေသနာ တော်ကြီးကို ရွတ်ဖတ်ရင်း ဆန်းထက်နိုင်အလာကို စောင့်နေလိုက်တယ်။ (၆)နာရီထိုးတာနဲ့ဆန်းထက်နိုင်လည်းဝင်လာပါတယ်။ပြီးတာနဲ့တံခါးအလုံ ပိတ်ပြီးစက်ယန္တရားတွေရဲ့အလယ်ကြားမှာနှစ်ယောက်သားမျက်နှာချင်းဆိုင် လိုက်ကြတယ်။ ဒီကောင့်ခန္ဓာကိုယ်ဟာ ကျုပ်တစ်ချက် ကန်လိုက်တာနဲ့ လွင့်ထွက်သွားလောက်တယ်။ ဒါကြောင့် ကျုပ်ဟာ သွေးအေးအေးပဲ။ “ကဲ – စလိုက်ရအောင်ယောက်ျားပီပီပုဝါမကူရေမရှုကြေးနော်။ ရှုံးရင် တော့ပေးထားတဲ့ကတိအတိုင်းပေါ့”
ဆန်းထက်နိုင်ကကျုပ်ကိုအပြုံးလေးနဲ့ပြောပြီးအသင့်ပြင်တယ်။ပြီးတာ နဲ့ ကျုပ်ကို စထိုးပါတယ်။ ကျုပ်က ရှောင်တယ်။ ပြန်ထိုးတယ်။ ဒီကောင်က လည်းခြေနဲ့ပြန်ကန်တယ်။ကျုပ်တို့နှစ်ယောက်ဟာအပြင်းအထန်တိုက်ခိုက် နေလိုက်ကြတာ။ပတ်ဝန်းကျင်ကိုတောင်သတိမရတော့ဘူး။တစ်ချီမှာတော့ ကျုပ်ရဲ့ညာခြေကန်ချက်ဟာဆန်းထက်နိုင်ရဲ့ရင်ဝကိုကန်မိပြီးဆန်းထက်နိုင်
ာ ကြမ်းပြင်ပေါ်ပက်လက်လန်ကျသွားတယ်။ ပြန်မထနိုင်တော့ဘူး။ ကျုပ်လည်း ဒီကောင် သေပြီမှတ်လို့ အနားကို သွားကြည့်လိုက်တယ်။ အဲဒီ့ အချိန်မှာပဲ…
“အား”
“ဝုန်း … ဝုန်း” “အား”
ဆန်းထက်နိုင်ဟာလဲကျနေရာကနေအငိုက်ထလာပြီးကျုပ်ကိုခါးကနေ
မချီလို့ အဝေးကို ကိုင်ပေါက်လိုက်ပါတော့တယ်။ ကျုပ်ဟာ ရုတ်တရက်မို့
အငိုက်မိသွားပြီး ကိုင်ပေါက်ခံရလို့ အုတ်နံရံနဲ့ ခေါင်းဆောင့်မိပြီး သတိလစ် မတတ် ဖြစ်သွားတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လောကကြီးဟာ အမှောင်ကျသွားပါတော့တယ်။
ကျုပ်ရှေ့မှာ ပုံရိပ်တွေ ဝေဝါးနေတယ်။ ပြီးတော့ ခေါင်းတွေလည်း တစစ်စစ် ကိုက်နေတယ်။ မြင်ကွင်းထဲမှာ အခိုးအငွေ့တွေလိုလို အရိပ်တွေ ပြေးလွှားနေပြီး ကျုပ်ခန္ဓာကိုယ်ကလည်း ပေါ့ပါးနေတယ်။ ရောက်နေတာ ကတော့ စက်ရုံထဲမှာပါပဲ။ ဒါပေမဲ့ ကျုပ်မသိတဲ့ အခန်းတစ်ခန်းကို ရောက် နေတာမျိုးကြီးပဲ။ကျုပ်ဟာအားလုံးကိုစူးစမ်းကြည့်နေတုန်းမှာပဲအနောက်
ကနေ အသံတစ်သံကြားရတယ်။
“အသင်လူသား.. သတိရပြီလား”
ကျုပ် လှည့်ကြည့်လိုက်တော့ ဖိုးသူတော်တစ်ပါး ဖြစ်နေတယ်။ အဲဒီ ဘိုးသူတော်က ကျုပ်ကို ပြုံးပြတော့ ကျုပ်က မေးလိုက်တယ်။ “ခင်ဗျား… ဘယ်သူလဲ၊ စင်္ကာပူမှာ ဖိုးသူတော်ရှိတယ်လို့လည်းမကြား
မိပါဘူး”
ကျုပ်အမေးကိုဖိုးသူတော်ကပြုံးပြီးပြန်ပြောတယ်။
“ဟုတ်ပါတယ်။ ကျုပ်က ဒီက မဟုတ်ပါဘူး။ နတ်တွေရဲ့စေခိုင်းချက် ကြောင့်ဒီအဆောက်အအုံကိုလာစောင့်နေရတာပါ။ အဲဒါကလည်းအသင့်ရဲ့
အစွမ်းကြောင့်လို့ပြောရင်မှန်ပါတယ်။အသင်နေ့စဉ်ရွတ်ဖတ်နေတဲ့ပဋ္ဌာန်း ဒေသနာတော်ကြီးကိုနာကြားချင်လွန်းလို့ရောက်လာရတာပါ။ ဒီအပင့်နတ်
တွေကလည်း အမြဲလာပြီး တရားနာပါတယ်။ ဒါပေမဲ့ ဒီမှာ ပြဿနာတစ်ခု
ရှိနေတယ်။
“ဘာပြဿနာလဲဗျ – ခင်ဗျားသိရင်ပြောပါဦး”
ကျုပ်ကမေးတော့ ဖိုးသူတော်ဟာ တစ်နေရာကို ခေါ်သွားတယ်။ အဲဒီ နေရာကအခန်းကျဉ်းလေးတစ်ခုပဲအုတ်နံရံအပြည့်နဲ့မည်းမှောင်နေတယ်။ ကျုပ်လည်း အခန်းကျဉ်းလေးထဲကိုချောင်းကြည့်လိုက်တော့-
“ဟာ.. ဘယ်သူတွေပါလိမ့်”
စက်ရုံဝန်ထမ်းယူနီဖောင်းဝတ်ထားတဲ့ လူတစ်စုဟာ ကြမ်းပြင်ပေါ်မှာ ငုပ်တုတ်ကလေးတွေ ထိုင်နေကြတယ်။ ပြီးတော့ အဲဒီလူတွေက ကျုပ်ကို မျက်နှာငယ်လေးနဲ့ ကြည့်နေရှာတယ်။ သူတို့တစ်ခုခု ပြောချင်နေပုံပဲ။ ဖိုးသူတော်က အဲဒီ့လူတွေရှိရာကိုလက်ညှိုးထိုးပြပြီး- “အဲဒီကောင်တွေဟာ မကျွတ်လွတ်သေးတဲ့ ပြိတ္တာတွေပဲ” “ဗျာ”
“ဟုတ်တယ်… သူတို့ဟာ ဒီစက်ရုံမှာနေတာကြာပြီ။မသေခင်ကတော့ ဒီစက်ရုံဝန်ထမ်းပေါ့လေ။ အခု ဖြစ်နေတဲ့ ပြဿနာက အသင်ရွတ်နေတဲ့ ပဋ္ဌာန်းတရားရဲ့တန်ခိုး အာနုဘော်ကြောင့် ဒီလူတွေ မခံနိုင်ဘဲ ပြေးရတော့ မယ်။ ဒါပေမဲ့ ပြေးစရာလည်း မြေမရှိလို့ သူတို့ခမျာ ဒီအခန်းလေးထဲမှာ နေကြရရှာတာပါ။ သူတို့ကိုကုသိုလ်တစ်ခုခုပြုပေးပြီးမေတ္တာပို့အမျှဝေပေးဖို့ လိုတယ်။ အခုလို အသင် မြင်ရတာဟာ အသင်ကိုယ်တိုင် ဝိညာဉ်ဘဝကို ခေတ္တရောက်နေလို့ပဲ။ အသင်နဲ့ ဆန်းထက်နိုင်ရန်ဖြစ်တုန်း ဆန်းထက်နိုင်ရဲ့ ခန္ဓာထဲကို ဒီကောင်တွေထဲက တစ်ကောင်က ဝင်ပူးပြီး ပြိတ္တာတို့ရဲ့ကမ္မဇိဒ္ဓိ တန်ခိုးနဲ့ အသင့်ဝိညာဉ်ကို ရအောင်ခွာခဲ့တာပါ။ ဒါပေမဲ့ အခုလို သိပြီးရင် တော့ အသင်ခန္ဓာကိုယ်ထဲပြန်ဝင်နိုင်ပါပြီ”
ဖိုးသူတော်ဟာပြောပြောဆိုဆိုနဲ့ကျုပ်ကိုသူ့လက်နဲ့တွန်းလိုက်တယ်။ သူတွန်းလိုက်တဲ့အရှိန်ကြောင့် ကျုပ်ဟာ လွင့်စဉ်သွားသလို ခံစားလိုက် ရတယ်။ နောက်တော့ ဦးခေါင်းတစ်ခုလုံး ကိုက်ခဲလာပြီး မျက်လုံးထဲမှာ ဘာမျှမမြင်ရတော့ဘူး။ အသက်ရှူရတာလည်း မဝတော့သလို ဖြစ်ရာ ကနေလုံးဝမေ့မြောသွားပြန်ပါတယ်။
ကျုပ်သတိရလို့မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကျုပ် နေနေကျ အခန်းထဲကို ရောက်နေတယ်။ ကျုပ်ဘေးမှာလည်း ဆရာဝန်နဲ့ ကုမ္ပဏီပိုင်ရှင် ရောက်နေတယ်။ ဒီတော့မှ ကျုပ်လည်း ကိုယ့်အဖြစ်ကို သတိရပြီး ဆန်းထက်နိုင်ဆိုတဲ့ ကောင်ကို ရှာနေမိတယ်။ ကျုပ်ရဲ့အထက် လူကြီးကကျုပ်ကိုပြောတယ်။
“မောင်ခိုင်မြဲ သတိရလာရင် ငြိမ်ငြိမ်လေးနေပါ။ ဘာမျှ မစိုးရိမ်ပါနဲ့။ ဆန်းထက်နိုင်ဆိုတဲ့လူကိုတော့အလုပ်ကထုတ်ပြီးမြန်မာပြည်ပြန်ပို့လိုက်ပါ ပြီ။ မောင်ခိုင်မြဲကတော့ သူ့ရဲ့တိုက်ခိုင်မှုကြောင့် သတိလစ်မေ့မြောနေတာ (၅)နာရီလောက် ရှိပါပြီ။ ကံကောင်းလို့မသေတာပါဘဲ” ဒီတော့မှကျုပ်လည်းစိတ်လက်ပေါ့ပါးသွားတယ်။အလုပ်ထဲမှာကျုပ်ကို ရန်စောင်မည့်လူမရှိတော့ဘူးမဟုတ်လား။ကျုပ်ဟာအိပ်ရာထဲကထနိုင်တာ နဲ့ကြုံကြိုက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြောလိုက်တယ်။ ဒါ့အပြင်စက်ရုံ
မှာရှိတဲ့ မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေကိုလည်း အမျှဝေဖို့ အတွက် စင်္ကာပူက မြန်မာ့ဘုန်းကြီးတစ်ပါးကို ပင့်ပြီး ပရိတ်ရွတ်အမျှဝေ ကုသိုလ်ပြကြတယ်။ အဲဒီ့ဘုန်းတော်ကြီးကကျုပ်ကို ချီးကျူးပါသေးတယ်။ “ပဋ္ဌာန်းရွတ်တာကတော့ အင်မတန် ကောင်းပါတယ်ကွယ်။ ဒါပေမဲ့ မရွတ်ခင်သတ္တဝါတွေကိုမေတ္တာပို့ရလိမ့်မယ်။ဒီလိုမှမဟုတ်ရင်ပဋ္ဌာန်းတရား ရဲ့တန်ခိုးအာနုဘော်ကိုအောက်ပရလောကသားတွေမခံနိုင်ကြဘူး။
ဘုန်းတော်ကြီးရဲ့ချီးကျူးစကားနဲ့ ဆုံးမစကားကိုစက်ရုံဝန်ထမ်းအားလုံး မှတ်သားနာယူကြပါတယ်။ မြန်မာလူမျိုးမဟုတ်တဲ့ ကျုပ်တို့ ကုမ္ပဏီပိုင်ရှင် ကတောင် ပဋ္ဌာန်းကို စိတ်ဝင်စားနေပါပြီ။
ဝေယံသိန်း

Zawgyi Version

ပ႒ာန္း႐ြတ္ေသာလူတစ္ေယာက္အေၾကာင္း(စ/ဆုံး)
—————————————————————
ဗုဒၶဘာသာျမန္မာလူမ်ိဳးအေတာ္မ်ားမ်ားဟာပ႒ာန္းေဒသနာေတာ္ႀကီး
ကို ယုံၾကည္ခ်က္အျပည့္နဲ႔ ႐ြတ္ဖတ္ေနၾကပါတယ္။ ပ႒ာန္းေဒသနာေတာ္ အရွည္ကို လူတိုင္းအလြတ္မရၾကေပမယ့္ (၂၄)ပစၥည္းလို႔ေခၚတဲ့ အတို ေကာက္ပ႒ာန္းကိုေတာ့ လူတိုင္းနီးပါးရၾကပါတယ္။ အခုေျပာျပခ်င္တာက ပ႒ာန္းေဒသနာေတာ္ အရွည္ေကာက္နဲ႔ ပတ္သက္တဲ့ အေၾကာင္းပါ။ ဘာ ေၾကာင့္လည္းဆိုေတာ့ျမတ္စြာဘုရားကနတ္ေတြကိုေဟာခဲ့တဲ့တရားျဖစ္လို႔ ပါပဲ။ ပ႒ာန္းဆိုတာအဘိဓမၼာရဲ႕မဟာတံတိုင္းႀကီးလို႔လည္းအဓိပၸာယ္ဖြင့္ဆို ၾကပါေသးတယ္။ ဒါေၾကာင့္ ပ႒ာန္းတရားကို ႐ြတ္သူတိုင္း သိထားရမွာက ေနရာမေ႐ြးဖို႔လိုပါတယ္။ ၿပီးေတာ့ ထပ္ၿပီး သိရမွာကက်ဳပ္ရဲ႕အျဖစ္ပါ။ က်ဳပ္ဟာဗုဒၶဘာသာဝင္ျဖစ္ေပမယ့္ ဘုရား၊တရားအေၾကာင္း သာမန္ ေလာက္ပဲ နားလည္ၿပီး စစ္စစ္မွန္မွန္ အႏွစ္ကို မသိသူပါ။ ဒါေပမဲ့ ပ႒ာန္း တရားကိုေတာ့ က်ဳပ္ အလြတ္ရတယ္။ ဘာေၾကာင့္ရသလဲဆိုေတာ့ က်ဳပ္ ငယ္ငယ္က ကိုးကြယ္တဲ့ ဆရာေတာ္ႀကီးတစ္ပါး သင္ေပးခဲ့လို႔ပါပဲ။ ဆရာ ေတာ္ႀကီးကပ႒ာန္းနဲ႔ ပတ္သက္ၿပီး မိန႔္ၾကားထားတာက-
“ပ႒ာန္းတရားကို ေသးေသးမမွတ္နဲ႔ေမာင္ၿမဲ။ ဒီတရားဟာ တို႔ရဲ႕ဗုဒၶက နတ္ျပည္မွာ ဝါတြင္းသုံးလလုံးလုံး ေဟာခဲ့တဲ့ အဘိဓမၼာရဲ႕အႏွစ္ခ်ဳပ္ကြ။ ဒီ တရားကို႐ြတ္တဲ့အခါတိုင္းနတ္ေတြကလာၿပီးနာၾကတယ္။ အဲ – ႐ြတ္ဖတ္တဲ့ လူရဲ႕သီလသမာဓိနဲ႔တစ္ကိုယ္ေရသန႔္ရွင္းဖို႔လည္းလိုတာေပါ့ေလ။ အဲဒီလို နတ္ေတြကလာလာၿပီးတရားနာရင္းနဲ႔႐ြတ္တဲ့ပုဂၢိဳလ္ကိုေစာင့္မၾကည့္ရႈသြား၊ ၾကတယ္။ဒါေၾကာင့္မေသမခ်င္းဒီတရားကိုယုံယုံၾကည္ၾကည္နဲ႔႐ြတ္စမ္းပါ။” အဲဒီအခ်ိန္ကတည္းက႐ြတ္လာခဲ့တာအသက္(၃၀)အထိဆိုပါေတာ့
ဒါေပမဲ့ ေစာေစာက ေျပာထားခဲ့သလိုပဲ ပ႒ာန္းနဲ႔ပတ္သက္ၿပီး ေဆာင္ရန္ ေရွာင္ရန္ေတြ လုံးဝမသိသလို တရားရဲ႕အႏွစ္သာရကိုလည္း နည္းနည္းမွ မလိုက္စားခဲ့ပါဘူး။ က်ဳပ္အတြက္ကံၾကမၼာကဒီပ႒ာန္းနဲ႔ပတ္သက္ၿပီးေရာက္ လာပုံအင္မတန္ထူးျခားပါတယ္။ၿပီးေတာ့အင္မတန္ေၾကာက္ဖို႔ေကာင္းသလို ေသြးပ်က္စရာ ျဖစ္ရပ္ေတြလည္းႀကဳံလာရပါတယ္။
က်ဳပ္ကအင္ဂ်င္နီယာတစ္ေယာက္ပါ။ စက္မႈအင္ဂ်င္နီယာေမာင္ခိုင္ၿမဲ
ဆိုရင္အင္ဂ်င္နီယာေလာကမွာေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။တစ္ေန႔
ေတာ့ က်ဳပ္အလုပ္လုပ္ေနတဲ့ ႏိုင္ငံျခားကုမၸဏီက က်ဳပ္ကို စကၤာပူမွာရွိတဲ့ ၊ အင္ဂ်င္ဝိုင္စက္႐ုံကို ႀကီးၾကပ္ေရးမႉးအျဖစ္နဲ႔ ေရာက္သြားပါေတာ့ တယ္။ အဲဒီမွာ မသြားခင္ကတည္းက ျပႆနာက က်ဳပ္နဲ႔အတူ သြားရမယ့္ လူဟာ ကုမၸဏီမွာအလုပ္တြဲလုပ္တဲ့ ဘာသာျခားတစ္ေယာက္ပါ။ သူ႔ နာမည္က“ဆန္းထက္ႏိုင္”လို႔ေခၚၾကတယ္။ ဒီေကာင္နဲ႔ က်ဳပ္က အလုပ္ခြဲ လုပ္ေပမယ့္ မဆိုးပါဘူး။ ေလယာဥ္ေပၚမွာတည္းက ဒီေကာင္က က်ဳပ္ကို ေျပာတယ္။
“ေဟ့ေကာင္ … ခိုင္ၿမဲ ဟိုေရာက္ရင္ မင္းနဲ႔ငါတစ္ခန္းတည္း အတူမေန ႏိုင္ဘူး။ ငါ့ဘာသာငါ တစ္ခန္းေနမယ္။ ၿပီးေတာ့ စက္႐ုံမွာလည္း မင္းလူကို မင္းႀကီးၾကပ္၊ငါကလည္းငါ့လူငါႀကီးၾကပ္မယ္။ ရႈပ္ရႈပ္ရွက္ရွက္လာမလုပ္နဲ႔။
ႀကိဳေျပာထားတာကို မင္းနားလည္မွာပါ။ မင္းနဲ႔ငါက မတည့္အတူေနေတြ မဟုတ္လား”
ဒီေတာ့ က်ဳပ္ကလည္း ခပ္႐ြဲ႕႐ြဲ႕ျပန္ေျပာလိုက္တယ္။
“ေအးကြာ … ငါကလည္း အလုပ္သေဘာအရ ေပါင္းသင္းေနရတာပါ။ မင္းနဲ႔တစ္ခန္းတည္း အိပ္ဖို႔ကေတာ့ ငါလည္းမသတီဘူးကြ”
က်ဳပ္ စကားေၾကာင့္ ဆန္းထက္ႏိုင္ ေဒါသထြက္သြားတယ္။ ေျပာရရင္ အဲဒီေလယာဥ္ေပၚမွာ က်ဳပ္ကိုသူ ဆြဲထိုးခ်င္ေနမွာပဲ။ ဒီလိုနဲ႔ စကၤာပူေရာက္ ေရာ ဆိုပါေတာ့။ ဆန္းထက္ႏိုင္ဟာ သူဘာသာသူ အိပ္ခန္းတစ္ခန္းနဲ႔ေန ၿပီး က်ဳပ္ကလည္း သီးသန႔္တစ္ခန္းနဲ႔ ေနတယ္။ အဲဒီ့ကို ေရာက္ေရာက္ ခ်င္းပဲ က်ဳပ္ဟာ ထုံးစံအတိုင္း ပ႒ာန္းေဒသနာေတာ္ႀကီးကို ႐ြတ္ဖတ္
ပါတယ္။ကိုယ္အိပ္တဲ့ကုတင္ေပၚမွာပဲဆိုပါေတာ့။အဲဒီ့အခ်ိန္မွာပိတ္ထားတဲ့
အခန္းတံခါး အျပင္ကေနတံခါးထုတဲ့အသံ ၾကားရပါေတာ့တယ္။
“ဒုန္း – ဒုန္း ဒုန္း”

က်ဳပ္လည္း တံခါးမေခါက္ဘဲ အလိုက္ကန္းဆိုးမသိ လာထုတဲ့လူကို စိတ္တိုနဲ႔ ေျပာဖို႔တံခါးဖြင့္လိုက္တယ္။
“ဟင္”
ဘယ္သူမွ မရွိပါဘူး။ ေျခသံေတာင္ မၾကားရတဲ့အတြက္ က်ဳပ္လည္း အျပင္ထြက္ၿပီး ေလွ်ာက္ပတ္ၾကည့္လိုက္တယ္။ အားလုံးအိပ္ေမာက်ေနၿပီ ျဖစ္လို႔ကိုယ္စီအခန္းတံခါးေတြပိတ္တာၾကာၿပီ။က်ဳပ္ဟာထူးဆန္းတဲ့ျဖစ္ရပ္ ေၾကာင့္ ေၾကာင္စီစီနဲ႔ အခန္းထဲ ျပန္ဝင္ၿပီး တံခါးပိတ္လိုက္တယ္။ ၿပီးတာနဲ႔ ႐ြတ္လက္စ ပ႒ာန္းတရားပစၥယုေဒၵသ ပါဠိေတာ္ႀကီးကို ဆက္႐ြတ္တယ္။ အဲဒီမွာပဲ-
“ဒုန္း – ဒိုင္း – ဒိုင္း”
“ေဟ့ – ဘယ္ေခြးမသားလည္းကြ၊ တံခါးကို လက္နဲ႔မေခါက္ဘဲေျခနဲ႔ ကန္ေနရေအာင္ ဘာေကာင္လဲ”
က်ဳပ္ဟာအေႏွာင့္အယွက္ဝင္လာတာနဲ႔တံခါးထဖြင့္ျပန္တယ္။ဘယ္သူ မွလည္းမရွိေရာတစ္ကိုယ္လုံးၾကက္သီးေမြးညင္းေတြထသြားတယ္။ဒီေနရာ
မွာသရဲရွိတယ္လိုလည္းမၾကားမိပါဘူး။က်ဳပ္တို႔ေနတာကအင္ဂ်င္ဝိုင္ထုတ္
လုပ္တဲ့ စက္႐ုံဝင္းထဲက ဝန္ထမ္းအိမ္ရာလို ေနရာမ်ိဳးမွာပဲ။ ဘာေၾကာင့္ အခုလိုထူးထူးဆန္းဆန္းေတြ႕ႀကဳံေနရသလည္းဆိုတာက်ဳပ္မစဥ္းစားတတ္ ဘူး။ ဒါနဲ႔ပဲပ႒ာန္းဆက္မ႐ြတ္ႏိုင္ေတာ့လို႔တစ္ခ်ိဳးတည္းအိပ္ပစ္လိုက္ေတာ့ တယ္။
မနက္မိုးလင္းေတာ့ စက္႐ုံထဲဝင္ဖို႔က်ဳပ္တို႔မန္ေနဂ်ာက ဆန္းထက္ႏိုင္ ဟာ အစကတည္းက ညႇိထားတဲ့အတိုင္း ကိုယ့္အလုပ္သမားကိုယ္ခြဲျခားၿပီး အုပ္ခ်ဳပ္တယ္။က်ဳပ္ကိုင္တဲ့စက္ေတြ၊ေမာ္တာေတြကိုလည္းဒီေကာင့္အလုပ္ သမားေတြကိုမကိုင္ခိုင္းဘူး ဆိုပါေတာ့။က်ဳပ္တို႔စက္႐ုံဟာ အဓိကအားျဖင့္ ကားအင္ဂ်င္ဝိုင္ထုတ္လုပ္တာျဖစ္တယ္။ဒါေၾကာင့္ဝန္ထမ္းလည္းအင္အား
မ်ားတယ္။
က်ဳပ္ဟာအလုပ္လုပ္ေနရင္းနဲ႔ပါးစပ္ကေနပ႒ာန္း႐ြတ္ေနလိုက္တယ္။ ဒါကက်ဳပ္ရဲ႕ယုံၾကည္ခ်က္က်ဳပ္ရဲ႕အက်င့္ျဖစ္ေနတာကိုး။အဲဒီမွာတင္ျပႆနာ
ကစပါတယ္။
“ဟာ .. ႀကီးၾကပ္ေရးမႉး – ေမာ္တာေတြ မလည္ေတာ့ဘူးဗ်။ တစ္ခုခု ခ်ိဳ႕ယြင္းသြားၿပီနဲ႔တူတယ္”
အလုပ္သမားတစ္ေယာက္ရဲ႕ ေအာ္သံေၾကာင့္ က်ဳပ္လည္း ကိုယ္ ထိန္းသိမ္းတဲ့ စက္ေတြကို ၾကည့္လိုက္မိတယ္။ ဟုတ္တယ္-ေမာ္တာေတြ မလည္ေတာ့ပါဘူး။
“ေအး…ေမာ္တာေတြဘာေၾကာင့္မလည္ေတာ့တာလဲဆိုတာစစ္ေဆး
ၾကစမ္း။ လိုအပ္တာအတြက္ ကိရိယာေတြ သြားယူ။ ငါကိုယ္တိုင္ ျပင္မယ္” က်ဳပ္လည္း ခိုင္းလိုက္ေရာ အလုပ္သမားေတြက ႐ုတ္တရက္ ရပ္တန႔္ သြားတဲ့စက္ေတြကိုစစ္ေဆးၾကတယ္။ တစ္နာရီေက်ာ္ေလာက္စစ္ေဆးၾက ၿပီးေနာက္ေတာ့ –
“ႀကီးၾကပ္ေရးမႉး စက္ေတြက ဘာမွမခ်ိဳ႕ယြင္းဘူးဗ်။ တစ္ေယာက္က စက္ေတြကိုပိတ္လိုက္သလိုမ်ိဳးအားလုံးရပ္ေနတာ။တစ္ခုခုခ်ိဳ႕ယြင္းတာေတာ့
မဟုတ္ဘူး”။
“ဘာကြ… ဘယ္သူက လုပ္ရတာလဲ”
က်ဳပ္လည္းေဒါသထြက္သြားတယ္။ စက္ေတြမပ်က္ဘဲရပ္သြားေအာင္ လုပ္ႏိုင္တာဆိုလို႔ ဟိုေကာင္ ဆန္းထက္ႏိုင္ပဲရွိတယ္။ ဒီစက္႐ုံ အေသးစား ေလးထဲမွာ စက္ကြၽမ္းက်င္တဲ့ အင္ဂ်င္နီယာဆိုလို႔ က်ဳပ္နဲ႔ ဒီေကာင္ပဲရွိတာ ေလ။ ဒါေၾကာင့္ ဒီေကာင့္ကို ကိုယ္တိုင္သြားေတြ႕လိုက္တယ္။ ဒီေကာင့္ကို အက်ိဳးအေၾကာင္း ေျပာျပလိုက္ေတာ့ ဒီေကာင္ မ်က္ႏွာပ်က္သြားတယ္။
“ေဟ့ေကာင္..ခိုင္ၿမဲ….မင္းကငါ့ကိုလာေစာ္ကားေနတာလား။ငါအဲ့ဒီလို မညစ္ပတ္တတ္ဘူးကြ။ ငါ့အလုပ္ပဲငါလုပ္တယ္။ မင္းဘာသာမင္းစက္ကိုင္ မကြၽမ္းက်င္ဘဲငါ့ကိုလာစြပ္စြဲတာကုမၸဏီစည္းကမ္းနဲ႔မညီဘူး။ မင္းစက္ေတြ ကအလိုလိုဘယ္သူမွ် မပိတ္ဘဲရပ္သြားရေအာင္ တေစၦလုပ္တာလားကြ”
“ေဝါ”
“ဟင္”
အဲဒီအခ်ိန္ပဲ စက္ေတြက ျပန္လည္လာတယ္။ က်ဳပ္လည္း အံ့ဩသြား တယ္။ အလုပ္သမားေတြ ေခၚေမးၾကည့္ေတာ့လည္း စက္နားကို မကပ္ဘဲ ေစာင့္ၾကည့္ေနတုန္းအလိုလိုျပန္လည္လာတယ္တဲ့။ဆန္းထက္ႏိုင္ကေတာ့ က်ဳပ္ကိုေဒါသမ်က္လုံးေတြနဲ႔ ၾကည့္ေနၿပီ။
“ေဟ့ေကာင္ ခိုင္ၿမဲ၊ မင္းတို႔ေကာင္ေတြကလူတစ္ေယာက္ကိုျပႆနာ ရွာခ်င္ရင္ အဲ့ဒီလို ကလိမ္ကက်စ္လုပ္တတ္သလား။ ငါ့ကိုေတာ့ လာမလုပ္ နဲ႔။ မင္းသတၱိရွိရင္ ပြင့္ပြင့္လင္းလင္းေျပာကြ”
က်ဳပ္ဟာ ထူးဆန္းတဲ့ ျဖစ္ရပ္ေၾကာင့္ အံ့ဩလြန္းတာနဲ႔ ဒီေကာင့္ကို ေတာင္ဘာမွ်ျပန္မေျပာႏိုင္ဘဲငိုင္သြားတယ္။ၿပီးတာနဲ႔ကိုယ့္ဘာသာကိုယ္ မသိခ်င္ဟန္ေဆာင္ၿပီးအလုပ္ဆက္လုပ္ေနလိုက္ေတာ့တယ္။ဆန္းထက္ႏိုင္
ကေတာ့ မေက်မနပ္နဲ႔ က်န္ခဲ့ေလရဲ႕။ ဘာပဲေျပာေျပာ ဒီေကာင္ကေတာ့ က်ဳပ္ကို အၿငိဳးထားမွာပဲေလ။
က်ဳပ္ဟာ ညအိပ္ခါနီးေတာ့လည္း ထုံးစံအတိုင္း ပ႒ာန္း႐ြတ္ရင္ တံခါး ထုသံ၊ ကန္ေက်ာက္သံေတြၾကားရလို႔ တစ္ပတ္ေလာက္အၾကာမွာ ပ႒ာန္း မ႐ြတ္ေတာ့ဘူး။ အဲဒီ့အခါမွာေတာ့တံခါးထုသံမၾကားရေတာ့ဘူးဗ်ာ။ေနာက္ ထပ္ ထူးျခားတာကေတာ့ စက္႐ုံထဲမွာ ျဖစ္ၿပီးရင္ ရပ္ကုန္တယ္။ ဒါေၾကာင့္ စက္႐ုံထဲမွာလည္း ပ႒ာန္းအ႐ြတ္နည္းသြားတယ္။ က်ဳပ္ဟာ ဒီျဖစ္ရပ္ေတြ ေၾကာင့္ စက္႐ုံမွာ လုပ္သက္ၾကာၿပီျဖစ္တဲ့ ျမန္မာဝန္ထမ္း ကိုစိုးထိုက္ကို ေမးျမန္းၾကည့္မိတယ္။
“ကိုစိုးေအာင္ကို ေမးရဦးမယ္။ ဒီစက္႐ုံမွာ အရင္က သရဲေတြ ဘာေတြ ေျခာက္တယ္လို႔ ၾကားဖူးလား”
“အဲဒါေတာ့ မၾကားဖူးဘူးဗ်။ ကြၽန္ေတာ့္လုပ္သက္ (၈)ႏွစ္အတြင္းမွာ ေတာ့ ဒီစက္႐ုံမွာ ဝါယာႀကိဳးေရွာ့ျဖစ္ၿပီး ဓာတ္လိုက္ေသသြားတဲ့ လူ (၅) ေယာက္ရယ္။ ဘက္ထရီအိုးႀကီး တစ္လုံးေပါက္ကြဲၿပီး ေသသြားတဲ့လူ (၃) ေယာက္ကိုေတာ့မွတ္မိတယ္။ဒီလူေတြကအလုပ္လုပ္ရင္းေသသြားၾကတာ ဆိုေတာ့ ကြၽတ္လြတ္မယ္ မထင္ဘူးဗ်” “ဟင္…ဒါဆိုဒီမွာရွိေနမွာေပါ့”
က်ဳပ္လည္းၾကက္သီးထသြားတယ္။ဒါေၾကာင့္က်ဳပ္႐ြတ္ေနတဲ့ပ႒ာန္း တရားရဲ႕တန္ခိုးကိုမခံႏိုင္လို႔ပရေလာကသားေတြလိုက္ေႏွာင့္ယွက္ေနမွန္း သေဘာေပါက္သြားတယ္။ဒါ့အျပင္ပ႒ာန္းတရားနဲ႔ပတ္သတ္လို႔ေရေရရာရာ
သိခ်င္လြန္းတာနဲ႔ ျမန္မာျပည္က စာေရးဆရာ သူငယ္ခ်င္းတစ္ေယာက္ထံ ဖုန္းဆက္ၿပီးပ႒ာန္းတရားေတာ္နဲ႔ပတ္သတ္တဲ့စာအုပ္တစ္အုပ္လွမ္းပို႔ခိုင္း လိုက္တယ္။ (၂)ပတ္ေလာက္အၾကာမွာက်ဳပ္ဖတ္ခ်င္တဲ့စာအုပ္ေရာက္လာ တယ္။ စာအုပ္ကို ျမန္မာျပည္က အေက်ာ္အေမာ္ ဆရာေတာ္ဘုရားႀကီး တစ္ပါးျဖစ္တဲ့ ဘဒၵႏၲေဒါက္တာကုမာရာဘိဝံသ”(ဗန္းေမာ္ဆရာေတာ္)က ေရးသားတာ ျဖစ္ၿပီး စာအုပ္ထဲက အခ်က္အလက္တခ်ိဳ႕ကို မွတ္သား မိတယ္။
“ပ႒ာန္း႐ြတ္တဲ့လူဟာ စည္းစနစ္နဲ႔ ခ်ိန္ကိုက္လုပ္ရတယ္။ ႐ြတ္ေနက် ေနရာ၊ ႐ြတ္ေနက်အခ်ိန္မွာ႐ြတ္ရသလို ႐ြတ္တဲ့လူဟာလည္းတစ္ကိုယ္ေရ သန႔္ရွင္းမႈရွိရတယ္။ေနရာသန႔္ရွင္းမႈလည္းရွိရတယ္။ ဘာေၾကာင့္လည္းဆို ေတာ့ ပ႒ာန္း႐ြတ္ေနစဥ္အတြင္းမွာ နတ္ေတြကလာၿပီး တရားနာၾကလို႔ပဲ။ သူတို႔က႐ြတ္ေနက်အခ်ိန္နဲ႔ေနရာကိုမွတ္ထားတတ္ၾကတယ္။ ႐ြတ္တဲ့လူက မေလးမစားလုပ္ၿပီး႐ြတ္ခ်င္တဲ့အခ်ိန္႐ြတ္လို႔ကေတာ့နတ္ေတြကစိတ္ဆိုး ၿပီသာမွတ္။ နတ္ေတြ တရားလာနာရင္ ထူးျခားမႈက အေမြးနဲ႔ေတြ ရတတ္ တယ္။ ဒါေၾကာင့္ နတ္ေတြရဲ႕ ေစာင္မၾကည့္ရႈမႈ ခံခ်င္ရင္ပ႒ာန္းကို စည္းနဲ႔ကမ္းနဲ႔ အခ်ိန္ကိုက္ ႐ြတ္ပါ။ ေျမာင္းႀကိဳေျမာင္းၾကား သြား႐ြတ္လို႔ ကေတာ့ ဘာမွျဖစ္မလာဘူးမွတ္။ တန္ဖိုးရွိတဲ့တရားကို တရားသိတဲ့ နတ္ေတြပဲလာနာၾကမွာ။ လူေတြကလည္းတန္ဖိုးထားတတ္ၾကရမယ္။
ဒီစာအုပ္လည္းဖတ္ၿပီးေရာ က်ဳပ္ဟာ ပ႒ာန္းတရားေတာ္အေၾကာင္း တီးမိေခါက္မိသေလာက္နားလည္သြားတယ္။ က်ဳပ္ပ႒ာန္းတရားကို႐ြတ္တဲ့
အခ်ိန္မွာနတ္ေတြတရားနာဖို႔လာတယ္ထင္ပါတယ္။ဒီအခါမွာစက္႐ုံဝင္းထဲ
က မကြၽတ္လြတ္ေသးတဲ့ ပရေလာကသားေတြ ေနစရာမဲ့ကုန္လို႔ က်ဳပ္ကို လာေႏွာင့္ယွက္တာလို႔ယူဆမိတယ္။က်ဳပ္ကလည္းလူတစ္မ်ိဳးဗ်။အ႐ြဲ႕တိုက္ တတ္တဲ့ အက်င့္ေလးက ရွိေနေတာ့ မလုပ္ေစခ်င္လို႔ လာၿပီးဟန႔္တားေလ ပိုလုပ္ေလပဲ။ က်ဳပ္ကို ပ႒ာန္းမ႐ြတ္ဖို႔ လာတားဆီးရင္ က်ဳပ္က ပို႐ြတ္ဖတ္
သရဇၩယ္တယ္။
ထူးျခားတာကေတာ့က်ဳပ္ရဲ႕လစာ(၂)လအတြင္းတိုးသြား တယ္။ၿပီးေတာ့ဆန္းထက္ႏိုင္နဲ႔က်ဳပ္ဟာတျဖည္းျဖည္းအေျခအေနတင္းမာ
ခက္ထန္လာတယ္။
ဒီေကာင္က က်ဳပ္ကို သံသယ ဝင္ေနတာက က်ဳပ္ပ႒ာန္း႐ြတ္တဲ့အခါ သူ႔ကို ေဆးဝါးမႏၲာန္ေတြနဲ႔ တိုက္ခိုက္ေနတယ္လို႔ ထင္ေနတယ္။ က်ဳပ္က လစာတိုးၿပီး သူက မတိုးေတာ့ က်ဳပ္ကို အၿမဲတမ္း ဣသမစၦရိယစိတ္နဲ႔ ရန္ေထာင္ေနတယ္။ က်ဳပ္က အဲဒီလို အၿမဲတမ္း ရန္ေထာင္ေနတာကိုမႏွစ္ ၿမိဳ႕ဘူး။ ေၾကာက္လို႔လည္း မဟုတ္ဘူး။ ဒါေၾကာင့္ ဒီေကာင့္ကို ရဲရဲဝံ့ဝံ့နဲ႔ ေယာက္်ားေတြပီပီ မေက်နပ္ခ်က္ကို ေျဗာင္ရွင္းဖို႔ ရွင္းရေတာ့တယ္။
“ေဟ့ေကာင္… ဆန္းထက္ႏိုင္ မင္းနဲ႔ငါဒီအတိုင္း ေရွ႕ဆက္သြားေနလို႔ ကေတာ့အကုသိုလ္မ်ားတယ္။ ၿပီးေတာ့အလုပ္ထဲမွာလည္းစိတ္ရႈပ္တယ္။ ဒီေတာ့ ေယာက္်ားေတြပဲကြာ။ တစ္ေယာက္ခ်င္း ခ်ိန္းၿပီး ထိုးၾကတာေပါ့” က်ဳပ္စကားကို ဆန္းထက္ႏိုင္က သေဘာက်စြာ ရယ္တယ္။ “ဟား…ဟားငါကလည္းအဲဒါမ်ိဳးကိုမွႀကိဳက္တာကြ။ မင္းငါ့ကိုေဆးဝါး မႏၲာန္အတတ္ေတြနဲ႔ျပဳစားေနတယ္ဆိုတာလည္းငါသိတယ္။အခုလိုစကား ၾကားရတာဝမ္းသာတယ္ေဟ့။ ဒီေတာ့ မနက္ျဖန္႐ုံးပိတ္ရက္ညေန(၆)နာရီ စက္႐ုံထဲမွာ မင္းနဲ႔ငါႏွစ္ေယာက္တည္း ခ်ိန္းထိုးၾကတာေပါ့။ ဒိုင္လူႀကီးေတြ
ဘာေတြ မထားဘူး။ လဲသြားလို႔ မထႏိုင္ေတာ့ရင္ ျမန္မာျပည္ကို ျပန္ေၾကး
ပဲ။”
ဆန္းထက္ႏိုင္ကရႈံးတဲ့သူအလုပ္ထြက္ၿပီး ျမန္မာျပည္ကိုျပန္ေၾကးလို႔ သတ္မွတ္လိုက္ေတာ့ က်ဳပ္လည္း သေဘာတူလိုက္တယ္။ ဘာလို႔လဲဆို ေတာ့ ဒီေကာင္က က်ဳပ္ထက္ ခႏၶာကိုယ္ညႇက္ေနလို႔ပဲ။
ဒီလိုနဲ႔ ေနာက္ေန႔ ညေန (၆)နာရီ ထိုးခါနီးအခ်ိန္ကို ေရာက္ေရာဆိုပါ ေတာ့။ က်ဳပ္ဟာထုံးစံအတိုင္းစက္႐ုံဝင္းထဲမွာလွည့္ပတ္ၿပီးပ႒ာန္းေဒသနာ ေတာ္ႀကီးကို ႐ြတ္ဖတ္ရင္း ဆန္းထက္ႏိုင္အလာကို ေစာင့္ေနလိုက္တယ္။ (၆)နာရီထိုးတာနဲ႔ဆန္းထက္ႏိုင္လည္းဝင္လာပါတယ္။ၿပီးတာနဲ႔တံခါးအလုံ ပိတ္ၿပီးစက္ယႏၲရားေတြရဲ႕အလယ္ၾကားမွာႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္ လိုက္ၾကတယ္။ ဒီေကာင့္ခႏၶာကိုယ္ဟာ က်ဳပ္တစ္ခ်က္ ကန္လိုက္တာနဲ႔ လြင့္ထြက္သြားေလာက္တယ္။ ဒါေၾကာင့္ က်ဳပ္ဟာ ေသြးေအးေအးပဲ။ “ကဲ – စလိုက္ရေအာင္ေယာက္်ားပီပီပုဝါမကူေရမရႈေၾကးေနာ္။ ရႈံးရင္ ေတာ့ေပးထားတဲ့ကတိအတိုင္းေပါ့”
ဆန္းထက္ႏိုင္ကက်ဳပ္ကိုအၿပဳံးေလးနဲ႔ေျပာၿပီးအသင့္ျပင္တယ္။ၿပီးတာ နဲ႔ က်ဳပ္ကို စထိုးပါတယ္။ က်ဳပ္က ေရွာင္တယ္။ ျပန္ထိုးတယ္။ ဒီေကာင္က လည္းေျခနဲ႔ျပန္ကန္တယ္။က်ဳပ္တို႔ႏွစ္ေယာက္ဟာအျပင္းအထန္တိုက္ခိုက္ ေနလိုက္ၾကတာ။ပတ္ဝန္းက်င္ကိုေတာင္သတိမရေတာ့ဘူး။တစ္ခ်ီမွာေတာ့ က်ဳပ္ရဲ႕ညာေျခကန္ခ်က္ဟာဆန္းထက္ႏိုင္ရဲ႕ရင္ဝကိုကန္မိၿပီးဆန္းထက္ႏိုင္
ာ ၾကမ္းျပင္ေပၚပက္လက္လန္က်သြားတယ္။ ျပန္မထႏိုင္ေတာ့ဘူး။ က်ဳပ္လည္း ဒီေကာင္ ေသၿပီမွတ္လို႔ အနားကို သြားၾကည့္လိုက္တယ္။ အဲဒီ့ အခ်ိန္မွာပဲ…
“အား”
“ဝုန္း … ဝုန္း” “အား”
ဆန္းထက္ႏိုင္ဟာလဲက်ေနရာကေနအငိုက္ထလာၿပီးက်ဳပ္ကိုခါးကေန
မခ်ီလို႔ အေဝးကို ကိုင္ေပါက္လိုက္ပါေတာ့တယ္။ က်ဳပ္ဟာ ႐ုတ္တရက္မို႔
အငိုက္မိသြားၿပီး ကိုင္ေပါက္ခံရလို႔ အုတ္နံရံနဲ႔ ေခါင္းေဆာင့္မိၿပီး သတိလစ္ မတတ္ ျဖစ္သြားတယ္။ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ ေလာကႀကီးဟာ အေမွာင္က်သြားပါေတာ့တယ္။
က်ဳပ္ေရွ႕မွာ ပုံရိပ္ေတြ ေဝဝါးေနတယ္။ ၿပီးေတာ့ ေခါင္းေတြလည္း တစစ္စစ္ ကိုက္ေနတယ္။ ျမင္ကြင္းထဲမွာ အခိုးအေငြ႕ေတြလိုလို အရိပ္ေတြ ေျပးလႊားေနၿပီး က်ဳပ္ခႏၶာကိုယ္ကလည္း ေပါ့ပါးေနတယ္။ ေရာက္ေနတာ ကေတာ့ စက္႐ုံထဲမွာပါပဲ။ ဒါေပမဲ့ က်ဳပ္မသိတဲ့ အခန္းတစ္ခန္းကို ေရာက္ ေနတာမ်ိဳးႀကီးပဲ။က်ဳပ္ဟာအားလုံးကိုစူးစမ္းၾကည့္ေနတုန္းမွာပဲအေနာက္
ကေန အသံတစ္သံၾကားရတယ္။
“အသင္လူသား.. သတိရၿပီလား”
က်ဳပ္ လွည့္ၾကည့္လိုက္ေတာ့ ဖိုးသူေတာ္တစ္ပါး ျဖစ္ေနတယ္။ အဲဒီ ဘိုးသူေတာ္က က်ဳပ္ကို ၿပဳံးျပေတာ့ က်ဳပ္က ေမးလိုက္တယ္။ “ခင္ဗ်ား… ဘယ္သူလဲ၊ စကၤာပူမွာ ဖိုးသူေတာ္ရွိတယ္လို႔လည္းမၾကား
မိပါဘူး”
က်ဳပ္အေမးကိုဖိုးသူေတာ္ကၿပဳံးၿပီးျပန္ေျပာတယ္။
“ဟုတ္ပါတယ္။ က်ဳပ္က ဒီက မဟုတ္ပါဘူး။ နတ္ေတြရဲ႕ေစခိုင္းခ်က္ ေၾကာင့္ဒီအေဆာက္အအုံကိုလာေစာင့္ေနရတာပါ။ အဲဒါကလည္းအသင့္ရဲ႕
အစြမ္းေၾကာင့္လို႔ေျပာရင္မွန္ပါတယ္။အသင္ေန႔စဥ္႐ြတ္ဖတ္ေနတဲ့ပ႒ာန္း ေဒသနာေတာ္ႀကီးကိုနာၾကားခ်င္လြန္းလို႔ေရာက္လာရတာပါ။ ဒီအပင့္နတ္
ေတြကလည္း အၿမဲလာၿပီး တရားနာပါတယ္။ ဒါေပမဲ့ ဒီမွာ ျပႆနာတစ္ခု
ရွိေနတယ္။
“ဘာျပႆနာလဲဗ် – ခင္ဗ်ားသိရင္ေျပာပါဦး”
က်ဳပ္ကေမးေတာ့ ဖိုးသူေတာ္ဟာ တစ္ေနရာကို ေခၚသြားတယ္။ အဲဒီ ေနရာကအခန္းက်ဥ္းေလးတစ္ခုပဲအုတ္နံရံအျပည့္နဲ႔မည္းေမွာင္ေနတယ္။ က်ဳပ္လည္း အခန္းက်ဥ္းေလးထဲကိုေခ်ာင္းၾကည့္လိုက္ေတာ့-
“ဟာ.. ဘယ္သူေတြပါလိမ့္”
စက္႐ုံဝန္ထမ္းယူနီေဖာင္းဝတ္ထားတဲ့ လူတစ္စုဟာ ၾကမ္းျပင္ေပၚမွာ ငုပ္တုတ္ကေလးေတြ ထိုင္ေနၾကတယ္။ ၿပီးေတာ့ အဲဒီလူေတြက က်ဳပ္ကို မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္ေနရွာတယ္။ သူတို႔တစ္ခုခု ေျပာခ်င္ေနပုံပဲ။ ဖိုးသူေတာ္က အဲဒီ့လူေတြရွိရာကိုလက္ညႇိဳးထိုးျပၿပီး- “အဲဒီေကာင္ေတြဟာ မကြၽတ္လြတ္ေသးတဲ့ ၿပိတၱာေတြပဲ” “ဗ်ာ”
“ဟုတ္တယ္… သူတို႔ဟာ ဒီစက္႐ုံမွာေနတာၾကာၿပီ။မေသခင္ကေတာ့ ဒီစက္႐ုံဝန္ထမ္းေပါ့ေလ။ အခု ျဖစ္ေနတဲ့ ျပႆနာက အသင္႐ြတ္ေနတဲ့ ပ႒ာန္းတရားရဲ႕တန္ခိုး အာႏုေဘာ္ေၾကာင့္ ဒီလူေတြ မခံႏိုင္ဘဲ ေျပးရေတာ့ မယ္။ ဒါေပမဲ့ ေျပးစရာလည္း ေျမမရွိလို႔ သူတို႔ခမ်ာ ဒီအခန္းေလးထဲမွာ ေနၾကရရွာတာပါ။ သူတို႔ကိုကုသိုလ္တစ္ခုခုျပဳေပးၿပီးေမတၱာပို႔အမွ်ေဝေပးဖို႔ လိုတယ္။ အခုလို အသင္ ျမင္ရတာဟာ အသင္ကိုယ္တိုင္ ဝိညာဥ္ဘဝကို ေခတၱေရာက္ေနလို႔ပဲ။ အသင္နဲ႔ ဆန္းထက္ႏိုင္ရန္ျဖစ္တုန္း ဆန္းထက္ႏိုင္ရဲ႕ ခႏၶာထဲကို ဒီေကာင္ေတြထဲက တစ္ေကာင္က ဝင္ပူးၿပီး ၿပိတၱာတို႔ရဲ႕ကမၼဇိဒၶိ တန္ခိုးနဲ႔ အသင့္ဝိညာဥ္ကို ရေအာင္ခြာခဲ့တာပါ။ ဒါေပမဲ့ အခုလို သိၿပီးရင္ ေတာ့ အသင္ခႏၶာကိုယ္ထဲျပန္ဝင္ႏိုင္ပါၿပီ”
ဖိုးသူေတာ္ဟာေျပာေျပာဆိုဆိုနဲ႔က်ဳပ္ကိုသူ႔လက္နဲ႔တြန္းလိုက္တယ္။ သူတြန္းလိုက္တဲ့အရွိန္ေၾကာင့္ က်ဳပ္ဟာ လြင့္စဥ္သြားသလို ခံစားလိုက္ ရတယ္။ ေနာက္ေတာ့ ဦးေခါင္းတစ္ခုလုံး ကိုက္ခဲလာၿပီး မ်က္လုံးထဲမွာ ဘာမွ်မျမင္ရေတာ့ဘူး။ အသက္ရႉရတာလည္း မဝေတာ့သလို ျဖစ္ရာ ကေနလုံးဝေမ့ေျမာသြားျပန္ပါတယ္။
က်ဳပ္သတိရလို႔မ်က္လုံးအစုံကိုဖြင့္ၾကည့္လိုက္တဲ့အခါမွာေတာ့က်ဳပ္ ေနေနက် အခန္းထဲကို ေရာက္ေနတယ္။ က်ဳပ္ေဘးမွာလည္း ဆရာဝန္နဲ႔ ကုမၸဏီပိုင္ရွင္ ေရာက္ေနတယ္။ ဒီေတာ့မွ က်ဳပ္လည္း ကိုယ့္အျဖစ္ကို သတိရၿပီး ဆန္းထက္ႏိုင္ဆိုတဲ့ ေကာင္ကို ရွာေနမိတယ္။ က်ဳပ္ရဲ႕အထက္ လူႀကီးကက်ဳပ္ကိုေျပာတယ္။
“ေမာင္ခိုင္ၿမဲ သတိရလာရင္ ၿငိမ္ၿငိမ္ေလးေနပါ။ ဘာမွ် မစိုးရိမ္ပါနဲ႔။ ဆန္းထက္ႏိုင္ဆိုတဲ့လူကိုေတာ့အလုပ္ကထုတ္ၿပီးျမန္မာျပည္ျပန္ပို႔လိုက္ပါ ၿပီ။ ေမာင္ခိုင္ၿမဲကေတာ့ သူ႔ရဲ႕တိုက္ခိုင္မႈေၾကာင့္ သတိလစ္ေမ့ေျမာေနတာ (၅)နာရီေလာက္ ရွိပါၿပီ။ ကံေကာင္းလို႔မေသတာပါဘဲ” ဒီေတာ့မွက်ဳပ္လည္းစိတ္လက္ေပါ့ပါးသြားတယ္။အလုပ္ထဲမွာက်ဳပ္ကို ရန္ေစာင္မည့္လူမရွိေတာ့ဘူးမဟုတ္လား။က်ဳပ္ဟာအိပ္ရာထဲကထႏိုင္တာ နဲ႔ႀကဳံႀကိဳက္ခဲ့တဲ့အျဖစ္အပ်က္ေတြကိုျပန္ေျပာလိုက္တယ္။ ဒါ့အျပင္စက္႐ုံ
မွာရွိတဲ့ မကြၽတ္လြတ္ေသးတဲ့ ပရေလာကသားေတြကိုလည္း အမွ်ေဝဖို႔ အတြက္ စကၤာပူက ျမန္မာ့ဘုန္းႀကီးတစ္ပါးကို ပင့္ၿပီး ပရိတ္႐ြတ္အမွ်ေဝ ကုသိုလ္ျပၾကတယ္။ အဲဒီ့ဘုန္းေတာ္ႀကီးကက်ဳပ္ကို ခ်ီးက်ဴးပါေသးတယ္။ “ပ႒ာန္း႐ြတ္တာကေတာ့ အင္မတန္ ေကာင္းပါတယ္ကြယ္။ ဒါေပမဲ့ မ႐ြတ္ခင္သတၱဝါေတြကိုေမတၱာပို႔ရလိမ့္မယ္။ဒီလိုမွမဟုတ္ရင္ပ႒ာန္းတရား ရဲ႕တန္ခိုးအာႏုေဘာ္ကိုေအာက္ပရေလာကသားေတြမခံႏိုင္ၾကဘူး။
ဘုန္းေတာ္ႀကီးရဲ႕ခ်ီးက်ဴးစကားနဲ႔ ဆုံးမစကားကိုစက္႐ုံဝန္ထမ္းအားလုံး မွတ္သားနာယူၾကပါတယ္။ ျမန္မာလူမ်ိဳးမဟုတ္တဲ့ က်ဳပ္တို႔ ကုမၸဏီပိုင္ရွင္ ကေတာင္ ပ႒ာန္းကို စိတ္ဝင္စားေနပါၿပီ။
ေဝယံသိန္း