ငါ့နေရာကဖယ်ပေး

ငါ့နေရာကဖယ်ပေး ( စ – ဆုံး )

“ဝှူး..မောလိုက်တာကွာ…”

“မင်းတို့ရွာကမရောက်သေးဘူးလားကွ…”

“ရောက်တော့မှာပါကွာ…ရှေ့နားဆိုရောက်ပါပြီ..”

အသံတွေကဆူညံဆူညံနှင့် ကြားနေရသလို တောထဲရောက်နေသည့်သူတွေကလဲ ရုပ်ရည်သန့်သန့်ပြန့်ပြန့်လူငယ်တွေချည်း…။

ဦးဆောင်လာသူက စောဒိုထန်း..။ သူက တောင်ငူမှာ တက္ကသိုလ်တက်နေသည့် တောင်ပေါ်သား ကရင်တစ်ယောက်..။ ယခုကျောင်းပိတ်ရက်တွင် တောတွင်းဗဟုသုတလိုချင်သော သူငယ်ချင်းအဖွဲ့များကိုခေါ်ကာ ပြန်လာချင်းဖြစ်သည်..။

“မင်းရှေ့နားကလဲ စိတ်တောင်ကုန်လာပြီ..ရှေ့နားဆိုရင် အနည်းဆုံးနာရီဝက်ပဲလျှောက်ရတာ..”

မကျေမနပ်ထပြောသော အောင်သူ့ စကားမှာ ပိုင်စိုးရော ဥက္ကာ ပါပွဲကျသွားကြသည်..။ ကျောက်ကြီး ကားဂိတ်ကနေ အနီးဆုံးကရင်ရွာကိုဆိုင်ကယ်ကယ်ရီနဲ့လာပြီးထဲက လမ်းလျှောက်လာတာ တစ်မနက်ဖြစ်နေပြီလေ…။

“လာပါကွာ..ဒိုထန်းက ကြိုအကြောင်းကြားမထားလို့ပါကွ…အကြောင်းကြားထားရင်သူ့ဖထီးနဲ့ အမိုးကလာကြိုမှာပေါ့ကွာ..”

ပိုင်စိုးကဖြေသိမ့်ရင်း တောင်ကုန်းလေးအတိုင်းလမ်းလျှောက်တက်လာချိန် တောင်ပေါ်ဝါးတောတွေကြားထဲမှာမြင်လိုက်ရတာက ခြေတံရှည်ဝါးတဲအိမ်လေး…။

“အမိုးရေ…အမိုး…ဖထီးရေ..ဖထီး..”

“ဝေ့..လူလေးလားဝေ့…”

ဒိုထန်းကဝမ်းသာအားရခေါ်ပြီးပြေးတက်အသွားမှာ ပြန်ထူးသံနှင့်အတူ ပေါ်လာတာက ကရင်ပုဆိုးအကွက်ညစ်ထေးထေးနှင့် ကရင်သင်တိုင်းကိုဝတ်ထားသော ကရင်ကြီးတစ်ယောက်..။

“ဝေး..ဖိုးခွား…”

“ဖထီး…”

သားအဖနှစ်ယောက်ဖက်လှဲတကင်းအလွမ်းသယ်ပြီးမှပါလာသော လူငယ်သုံးယောက်ကိုမြင်သွားပုံနှင့် ပြုံးရွှင်စွာကြိုဆိုရှာသည်..။

“ဖိုးခွားသူငယ်ချင်းတွေထင်ပ..လာကြ..လာကြ..အကြမ်းရည်သောက်လို့ရပ..”

အိမိပေါ်ရောက်သွားချိန်မှာတော့ မြင်သမျှအရာအားလုံးက ပိုင်စိုးတို့အတွက်အထူးအဆန်းတွေချည်းသာ..။

“လာကြ..ဒါက ငါ့ဖထီး..စောသာအိုက်တဲ့..အမိုးရော..ဘယ်သွားလဲ ဖထီး..”

“နင်တို့အမိုးက ဖရုံခင်းသွားတယ်ဝေ့..”

“ဖရုံခင်း..”

သံယောင်လိုက်ကာပြောသော အောင်သူ့ကြောင့် ဖထီးကပြုံးပြီးကြည့်သည်..။ ရိုးသားမှုပြည့်နေသော မျက်လုံးများနှင့် ကွမ်းစားထား၍ရဲရဲနီနေသောသွားများကိုပေါ်အောင်ပြောပြသော ဖထီးပုံစံက ဟန်ဆောင်မှုမရှိ..။

အောင်သူတို့လဲ အသင့်ပါလာသော ဟင်းခတ်ပစ္စည်းများ ၊ အသားဗူးများနှင့် ဆေးလိပ်များပေးတော့ အားရဝမ်းသာယူရှာသည်..။

“ကျေးဇူးတင်ပ ကောင်လေးတို့ရယ်..လာကြ…နင်တို့နားဖို့နေရာပြပေးမယ်..”

အိမ်ပေါ်ဘုရားစင်ဘေးမှ အခန်းမှာနေရာချပေးတော့မှသူတို့ ပင်ပန်းလာသမျှကျောခင်းရရှာသည်…။

သိပ်မကြာပါ..။ ဒိုထန်းအမေ နန်းဖောင်းပြန်လာတော့လဲ သူတို့ကိုနှစ်လိုကြည်ဖြူစွာဧည့်ခံရှာသည်..။

ညဘက်အိပ်ချိန်မှာတော့ မနေနိုင်သည့်အရာက မီးခိုးများ..။ အိမ်အောက်မှ အိမ်ပေါ်သို့အလုံးအရင်းတက်လာသော အခိုးများကြောင့် အသက်ရှုမဝဖြစ်ရပေမဲ့ မှက် ခြင် ဒဏ်တော့သက်သာသည်..။

တောင်ပေါ်ကရင်များကလဲထူးဆန်းသည်..။ သူတို့အတွက် အများကြီးမလို..။ ဆန်နဲ့ ငါးပိကောင်းကောင်း ၊ ဆားသာအရေးကြီးသည်..။ ဒိုထန်းတို့မိဘများဆိုလျှင် ငါးပိတောင်မလိုကြ..။

ဝါးကျည်တောက်ကြီးထဲမှာ ငရုတ်သီးနှင့်ဆားထောင်းထားတာက သူတို့အတွက် အငန်ဟင်းလျာရသည်..။ စမ်းချောင်းမှရသော ငါးပုစွန်နှင့် ဖရုံသီးချက်လျှင်ဟင်းကောင်းဖြစ်ပြီ..။

ဖထီးစောသာအိုက် တောလည်ရင် ဝက်တို့ဘာတိူ့ရသေးသည်တဲ့..။

နောက်တစ်နေ့မနက်အိပ်ယာနိုးတော့ ကောက်ညှင်းပေါင်းပူပူနှင့် ဆိတ်သားခြောက်ဖုတ်ကျွေးပြီးချိန်မှာတော့ သူတို့အဖွဲ့တောလည်ဖို့ထွက်ခဲ့ကြသည်..။

တောလည်ဆိုပေမဲ့ တောပစ်ဖို့မဟုတ်..။တောတွင်းဗဟုသုတအတွက်လာကြခြင်းဖြစ်သည်..။ တောင်ပေါ်မတက်ခင် တောင်ခြေကရင်အိမ်တစ်အိမ်မှကြက်တစ်ကောင်ဝယ်ခဲ့ကြသေးသည်..။

“ကဲ..ဒီနေရာလေး မဆိုးဘူးကွ..ပြန့်ပြန့်ပြူးပြူးလေး..တို့တွေတဲထိုးကြရအောင်..”

အသင့်ပါလာသော ရွက်ဖျင်တဲကိုထိုးပြီးတာနှင့်ဝယ်လာသော ကြက်ကိုကိုင်ဖို့လုပ်ကြတော့သည်..။ နေရာဒေသက တောတွင်းဖြစ်သည့်အပြင် နေ့ခင်းဘက်လဲရောက်နေပြီမို့ ငှက်သံတောင် သိပ်မကြားရပဲတိတ်ဆိတ်လျှက်..။

“ကဲကွာ..လာ..ငါကြက်ကိုင်မယ်..မင်းတို့ကလာကူညီပေးအုံး..”

သူတို့အဖွဲ့တဲထိုးထားသောတောင်ကုန်းပြေပြေလေးအတိုင်းဆင်းလျှင် တောချုံအုပ်နားမှာ ပိုင်စိုးတစ်ယောက်ကြက်ကိုင်ဖို့လုပ်တော့သည်..။

ပိုင်စိုးက ဟင်းချက်သင်တန်းတက်ဖူးတာမို့ မြန်မယထမင်းဟင်းမှန်သမျှကိုကျွမ်းကျွမ်းကျင်ကျင်ချက်တတ်သလို ယခုလဲ ကြက်ကာလသားချက်လုပ်မည်ဆိုကာ ကြက်ဝင်ဝယ်လာခြင်းဖြစ်ကြသည်..။

ကြက်ကိုလည်လိမ်ကာ ရေနွေးဖျောဖို့လုပ်စဉ်မှာပင်လည်ကျိုးကာသေနေသောကြက်က အတောင်တဖျပ်ဖျပ်ခတ်ကာ ဒယိမ်းဒယိုင်ထလာတာမို့ကြောင်ကြည့်မိသူက ပိုင်စိုး..။

ရွက်ဖျင်တဲရှေ့မှာက ဒိုထန်းတို့သုံးယောက်က ထမင်းအိုးတစ်လုံးနှင့်ဗျာများနေသည်..။ထိုစဉ်မှာပင်အေးစိမ့်နေသောလေပြင်းတစ်ချက်ကဝေ့ခနဲ..။

“ကတော်..ကတော်..ဖလူး..ဖလူး..ဖလပ်..”

ရုတ်တရက်အသံစုံမြည်ကာ ထပြေးသောကြက်ကြောင့် ကြက်သီးတဖြန်းဖြန်းထသွားရသလို တဲရှေ့မှလူများကိုလဲ အော်ခေါ်လိုက်ရသည်..။

“ဟေ့ကောင်တွေ..လာကြအုံးကွ..ကြက်ထွက်ပြေးသွားလို့..”

“ဟေ…”

ပိုင်စိုးရဲ့အမောတကောခေါ်သံကြောင့် အကုန်လုံးအပြေးအလွှားရောက်သွားကြတော့ ရေနွေးအိုးနားမှာယောင်ချာချာဖြစ်နေသော ပိုင်စိုးကိုတွေ့လိုက်ရသည်..။

“ကြက်ထွက်ပြေးသွားလို့ကွ…”

“ဟေ..ကြက်ကဘာဖြစ်လို့ထွက်ပြေးတာတုန်းကွ..”

“မသိဘူးကွ..ထူးဆန်းနေတာ..ကြက်ကသေနေပြီကွ..ငါကရေနွေးဖျောဖို့လုပ်နေတာ…အဲ့တာထွက်ပြေးသွားတာပဲ..”

“ဟေ..မင်းကလဲ မဖြစ်နိုင်တာ ပြောပြန်ပြီ..သေနေတဲ့ကြက်ကထွက်ပြေးမလားကွ..မင်းလွတ်သွားတာဖြစ်မှာပါ..”

“ဟာ..ငါတကယ်ပြောနေတာကွ… ”

“အေးပါကွာ..စားရကံမကြုံလို့ပဲဖြစ်မှာပေါ့..”

ဒိုထန်းကဝင်ပြောလိုက်မှ ကြက်ကိုင်သည့်နေရာမှခွာလာကြကာ ထမင်းအိုးနားရောက်လာကြသည်..။ ခုညတော့ ပါလာသည့် အသားဘူး ငါးစေတ္တာဘူးများနှင့်ပင်ညစာ စားရတော့မည်..။

ညဦးပိုင်းရောက်တာနှင့်တောအအေးဓာတ်ကလှမျးခွဲုကာအေးစိမ့်စိမ့်ဖြစ် လာရသည်..။မီးဖိုကိုမီးမပြတ်အောင်ထိုးပေးရင်း ဒိုထန်းအိမ်ကထည့်ပေးလိုက်သည့် ခေါင်ရည်ချိုနှင့် ဆတ်သားခြောက်ဖုတ်ကိုသောက်ကာဇိမ်ယူနေခိုက်

“ဝေါ….ဖလပ်…”

ရုဆ်တရက်လေဆောင့်တိုးသံနှင့်အတူ ညနေစောင်းကခြုံထဲဝင်ပြေးသော ကြက်ကခြုံထဲကပြေးထွက်လာကာ မီးဖိုဘေးရောက်လာသည်..။

“ဟာ…”

“ဟိုကြက်…”

ကြက်က လည်ပင်းကြီးလိမ်လျက်သားနှင့်အသက်ပျောက်နေသော ကြက်..။အကုန်လုံးအံ့သြကုန်ကြသလို ကြက်ဆီမှရလာသော ဆိုးရွားလွန်းသော အပုပ်နံ့ကြီး..။

“ဟာ..ကြက်ကပုပ်စော်နံလိုက်တာ..”

“ဟာ..သေနေလဲညနေကမှသေတာပါကွ..”

“အေးကွာ..နံတယ်ကွ..တော်တော်နံတယ်…”

ကြက်သေ ကိုယူကာအမှောင်ထဲကိုရမ်းပြီးလွှင့်ပစ်လိုက်သည်..။ ကြက်သေမရှိကာမှ အနံ့ဆိုးကလဲပျောက်သွားကာနေရထိုင်ရအဆင်ပြေသွားတော့သည်..။

သူတို့မမြင်လိုက်မိသည်က အမှောင်ထဲမှသူတို့ကိုကြည့်နေသော ရဲရဲနီနေသည့်မျက်လုံးများ..။

ညဉ့်နက်မှအိပ်ယာဝင်ကြကာ ခေါင်ရည်ရှိန်နှင့်တချိုးထဲအိပ်ပျော်သွားကြတော့သည်..။ထိုအချိန်..သူတို့ရွက်ဖျင်တဲနေရာနားကိုကပ်လာသော မဲမဲအရိပ်များ..။

“တောက်…”

“အင်း…ဟင်း…”

“ဒေါသထွက်တယ်..သူတို့ကကျုပ်တို့နေရာမှာအခန့်သားဝင်နေကြတယ်..”

“အေး…ငါလဲမကျေနပ်ဘူး..”

“ဖယ်ပေး…ငါ့နေရာကဖယ်ပေး…”

“ဖယ်ပေး..ငါ့နေရာကဖယ်ပေး..”

လေးယောက်သားအိပ်ပျော်ခိုက်အေးစက်ခြောက်ကပ်သောအသံကြီးများနှင့်အတူတစ်ကိုယ်လုံးအနှံ့တရွရွတက်လာသော ခံစားမှုများ..။

နားထဲမှာကလဲ လေတိုက်သံတဝှီးဝှီးနှင့်အတူ ဘာမှန်းမသိသော ရောဝါးဝါးစကားသံများ..။ကြောက်လန့်တကြားထထိုင်လိုက်မိတော့ လေးယောက်သားတစ်ပြိုင်နက်ထဲ..။

“တောက်…”

“အင်း…ဟင်း…ဟင်း…”

ထိုအချိန်ကြားလိုက်ရတာက ကျယ်လောင်သောတောက်ခေါက်သံကြီးနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော ညီးငြူသံကြီး..။

“ဖယ်..ပေး…ငါတို့…နေရာက…ဖယ်ပေး..”

“ဖယ်ပေး…ဖယ်…ပေး…”

“ဖယ်ပေး…ငါတို့…နေရာက…ဖယ်ပေး….”

ကြောက်ရွံ့မှုနှင့်အတူကြက်သီးတဖြန်းဖြန်းထလာကာ တစ်ကိုယ်လုံးအနှံ့လဲ ယားတက်လာရသလို ထိန်းမနိုင်သည့်စိတ်က ကုတ်ချင်စိတ်ပေါ်လာရသည်..။

ချက်ချင်းပင်ကုတ်လိုက်ဖဲ့လိုက်နှင့် ဘုတွေဘိန့်တွေထွက်လာကာ တစ်ကိုယ်လုံးနီရဲလာကြသည်..။ တဲအပြင်မှာကြားနေရသည်က ငြီးငြူသံကြီးနှင့်အတူ မသဲကွဲသောစကားသံများ..။

“လူလေးတို့…”

ရုတ်တရက်ကြားလိုက်ရသည်က အေးဆေးကြည်သာသော အသံတစ်ခု..။ အားကိုးရားမဲ့နေသည့်စိတ်များဖြစ်နေရာမှ ချက်ချင်းကြည်လင်သွားကာ ကြားနေရသော အသံများလဲတစ်ခုမှမကြားတော့..။

အပြင်ထွက်လိုက်ချိန်မြင်လိုက်ရသည်က ဝတ်ဖြူစင်ကြယ်ဝတ်ထားသောအဘိုးအိုတသ်ယောက်..။

“လူလေးတို့ကြောက်နေကြလား…”

“ကြောက်တယ်..အဘိုး..ကျွန်တော်တို့ဘာဖြစ်နေတာလဲ..”

တုန်ရီနေသောအသံများနှင့်မေးလိုက်မိတော့ အဘိုးအိုက ကြည်လင်စွာပြုံးသည်…။

“လူလေးတို့ပစ္စည်းတွေသိမ်းလိုက်ပါ..”

“ဟုတ်ကဲ့…အဘိုး…”

ချက်ချင်းပင် ရွက်ဖျင်တဲကိုဖျက်ကာပစ္စည်းတွေသိမ်းလိုက်ကြသည်..။ ပစ္စည်းတွေသိမ်းပြီးတာနှင့်တစ်ပြိုင်နက် အဘိုးအိုက လက်ထဲမှ ဇီးသီးအရွယ် အသီးလေးတစ်လုံးစီကျွေးတော့ လေးယောက်သားမငြင်းနိုင်ပဲစားလိုက်ကြသည်..။

အသီးတွေစားလိုက်ပြီးချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်နေသော ဘုတွေပိန့်တွေကချက်ချင်းဆိုသလိုပျောက်သွားကာ အချိန်ကလဲ လင်းအားကြီးလာချေပြီ..။

“လူလေးတို့ပြန်လို့ရပြီ..နောက်ဆို ကိုယ်မကျွမ်းကျင်တဲ့ဒေသတွေကိုဒေသခံမပါပဲမလာမိစေနဲ့.. ..ခုလူလေးတို့တဲထိုးလိုက်တဲ့နေရာဟာ ကျတ်ကုန်းမြေပဲ…တောပိုင်တောင်ပိုင်တွေကိုလဲခွင့်မပန်ပဲနေချင်သလိုနေလို့မရဘူး…နောက်ကိုဆင်ခြင်နိုင်ကြပါစေကွယ်…”

“ကျေးဇူးကြီးလှပါတယ်..အဘိုး…”

အဘိုးအိုကို လေးယောက်သားကန်တော့လိုက်ကြကာခေါင်းပြန်ထောင်လိုက်ချိန်မှာတော့ မြင်ကွင်းရှေ့မှာ အဘိုးအိုမရှိတော့..။

သူတို့အဖွဲ့လဲ တစ်ချိုးထဲပြေးလာကြတော့သည်..။မနက်လင်းစအချိန်တွင် ဖထီးတို့တဲပြန်ရောက်လာကြသည်..။

ချက်ချင်းဆိုသလိုပြန်ရောက်လာသောကြောင့် ဖထီးတို့အံ့သြနေကြသလို နောက်သောအခါတွင်တော့ ဘယ်သောအခါမှတောလည်မည်ဟုမဆုံးဖြတ်ကြတော့ဟု စိတ်ပိုင်းခြားလိုက်သည်က အောင်သူ ၊ ပိုင်စိုး နှင့် ဥက္ကာ တို့ဖြစ်ကြပေသည်..။

================

စာဖတ်သူအားလုံးကိုလေးစားချစ်ခင်လျှက်😍

 

Writer-လရိပ်ညို💚
#လေးစားစွာcreditပေးပါသည်

ငါ့ေနရာကဖယ္ေပး ( စ – ဆုံး )

“ဝႉး..ေမာလိုက္တာကြာ…”

“မင္းတို႔႐ြာကမေရာက္ေသးဘူးလားကြ…”

“ေရာက္ေတာ့မွာပါကြာ…ေရွ႕နားဆိုေရာက္ပါၿပီ..”

အသံေတြကဆူညံဆူညံႏွင့္ ၾကားေနရသလို ေတာထဲေရာက္ေနသည့္သူေတြကလဲ ႐ုပ္ရည္သန္႔သန္႔ျပန္႔ျပန္႔လူငယ္ေတြခ်ည္း…။

ဦးေဆာင္လာသူက ေစာဒိုထန္း..။ သူက ေတာင္ငူမွာ တကၠသိုလ္တက္ေနသည့္ ေတာင္ေပၚသား ကရင္တစ္ေယာက္..။ ယခုေက်ာင္းပိတ္ရက္တြင္ ေတာတြင္းဗဟုသုတလိုခ်င္ေသာ သူငယ္ခ်င္းအဖြဲ႕မ်ားကိုေခၚကာ ျပန္လာခ်င္းျဖစ္သည္..။

“မင္းေရွ႕နားကလဲ စိတ္ေတာင္ကုန္လာၿပီ..ေရွ႕နားဆိုရင္ အနည္းဆုံးနာရီဝက္ပဲေလွ်ာက္ရတာ..”

မေက်မနပ္ထေျပာေသာ ေအာင္သူ႔ စကားမွာ ပိုင္စိုးေရာ ဥကၠာ ပါပြဲက်သြားၾကသည္..။ ေက်ာက္ႀကီး ကားဂိတ္ကေန အနီးဆုံးကရင္႐ြာကိုဆိုင္ကယ္ကယ္ရီနဲ႔လာၿပီးထဲက လမ္းေလွ်ာက္လာတာ တစ္မနက္ျဖစ္ေနၿပီေလ…။

“လာပါကြာ..ဒိုထန္းက ႀကိဳအေၾကာင္းၾကားမထားလို႔ပါကြ…အေၾကာင္းၾကားထားရင္သူ႔ဖထီးနဲ႔ အမိုးကလာႀကိဳမွာေပါ့ကြာ..”

ပိုင္စိုးကေျဖသိမ့္ရင္း ေတာင္ကုန္းေလးအတိုင္းလမ္းေလွ်ာက္တက္လာခ်ိန္ ေတာင္ေပၚဝါးေတာေတြၾကားထဲမွာျမင္လိုက္ရတာက ေျခတံရွည္ဝါးတဲအိမ္ေလး…။

“အမိုးေရ…အမိုး…ဖထီးေရ..ဖထီး..”

“ေဝ့..လူေလးလားေဝ့…”

ဒိုထန္းကဝမ္းသာအားရေခၚၿပီးေျပးတက္အသြားမွာ ျပန္ထူးသံႏွင့္အတူ ေပၚလာတာက ကရင္ပုဆိုးအကြက္ညစ္ေထးေထးႏွင့္ ကရင္သင္တိုင္းကိုဝတ္ထားေသာ ကရင္ႀကီးတစ္ေယာက္..။

“ေဝး..ဖိုးခြား…”

“ဖထီး…”

သားအဖႏွစ္ေယာက္ဖက္လွဲတကင္းအလြမ္းသယ္ၿပီးမွပါလာေသာ လူငယ္သုံးေယာက္ကိုျမင္သြားပုံႏွင့္ ၿပဳံး႐ႊင္စြာႀကိဳဆိုရွာသည္..။

“ဖိုးခြားသူငယ္ခ်င္းေတြထင္ပ..လာၾက..လာၾက..အၾကမ္းရည္ေသာက္လို႔ရပ..”

အိမိေပၚေရာက္သြားခ်ိန္မွာေတာ့ ျမင္သမွ်အရာအားလုံးက ပိုင္စိုးတို႔အတြက္အထူးအဆန္းေတြခ်ည္းသာ..။

“လာၾက..ဒါက ငါ့ဖထီး..ေစာသာအိုက္တဲ့..အမိုးေရာ..ဘယ္သြားလဲ ဖထီး..”

“နင္တို႔အမိုးက ဖ႐ုံခင္းသြားတယ္ေဝ့..”

“ဖ႐ုံခင္း..”

သံေယာင္လိုက္ကာေျပာေသာ ေအာင္သူ႔ေၾကာင့္ ဖထီးကၿပဳံးၿပီးၾကည့္သည္..။ ႐ိုးသားမႈျပည့္ေနေသာ မ်က္လုံးမ်ားႏွင့္ ကြမ္းစားထား၍ရဲရဲနီေနေသာသြားမ်ားကိုေပၚေအာင္ေျပာျပေသာ ဖထီးပုံစံက ဟန္ေဆာင္မႈမရွိ..။

ေအာင္သူတို႔လဲ အသင့္ပါလာေသာ ဟင္းခတ္ပစၥည္းမ်ား ၊ အသားဗူးမ်ားႏွင့္ ေဆးလိပ္မ်ားေပးေတာ့ အားရဝမ္းသာယူရွာသည္..။

“ေက်းဇူးတင္ပ ေကာင္ေလးတို႔ရယ္..လာၾက…နင္တို႔နားဖို႔ေနရာျပေပးမယ္..”

အိမ္ေပၚဘုရားစင္ေဘးမွ အခန္းမွာေနရာခ်ေပးေတာ့မွသူတို႔ ပင္ပန္းလာသမွ်ေက်ာခင္းရရွာသည္…။

သိပ္မၾကာပါ..။ ဒိုထန္းအေမ နန္းေဖာင္းျပန္လာေတာ့လဲ သူတို႔ကိုႏွစ္လိုၾကည္ျဖဴစြာဧည့္ခံရွာသည္..။

ညဘက္အိပ္ခ်ိန္မွာေတာ့ မေနႏိုင္သည့္အရာက မီးခိုးမ်ား..။ အိမ္ေအာက္မွ အိမ္ေပၚသို႔အလုံးအရင္းတက္လာေသာ အခိုးမ်ားေၾကာင့္ အသက္ရႈမဝျဖစ္ရေပမဲ့ မွက္ ျခင္ ဒဏ္ေတာ့သက္သာသည္..။

ေတာင္ေပၚကရင္မ်ားကလဲထူးဆန္းသည္..။ သူတို႔အတြက္ အမ်ားႀကီးမလို..။ ဆန္နဲ႔ ငါးပိေကာင္းေကာင္း ၊ ဆားသာအေရးႀကီးသည္..။ ဒိုထန္းတို႔မိဘမ်ားဆိုလွ်င္ ငါးပိေတာင္မလိုၾက..။

ဝါးက်ည္ေတာက္ႀကီးထဲမွာ င႐ုတ္သီးႏွင့္ဆားေထာင္းထားတာက သူတို႔အတြက္ အငန္ဟင္းလ်ာရသည္..။ စမ္းေခ်ာင္းမွရေသာ ငါးပုစြန္ႏွင့္ ဖ႐ုံသီးခ်က္လွ်င္ဟင္းေကာင္းျဖစ္ၿပီ..။

ဖထီးေစာသာအိုက္ ေတာလည္ရင္ ဝက္တို႔ဘာတိူ႔ရေသးသည္တဲ့..။

ေနာက္တစ္ေန႔မနက္အိပ္ယာႏိုးေတာ့ ေကာက္ညႇင္းေပါင္းပူပူႏွင့္ ဆိတ္သားေျခာက္ဖုတ္ေကြၽးၿပီးခ်ိန္မွာေတာ့ သူတို႔အဖြဲ႕ေတာလည္ဖို႔ထြက္ခဲ့ၾကသည္..။

ေတာလည္ဆိုေပမဲ့ ေတာပစ္ဖို႔မဟုတ္..။ေတာတြင္းဗဟုသုတအတြက္လာၾကျခင္းျဖစ္သည္..။ ေတာင္ေပၚမတက္ခင္ ေတာင္ေျခကရင္အိမ္တစ္အိမ္မွၾကက္တစ္ေကာင္ဝယ္ခဲ့ၾကေသးသည္..။

“ကဲ..ဒီေနရာေလး မဆိုးဘူးကြ..ျပန္႔ျပန္႔ျပဴးျပဴးေလး..တို႔ေတြတဲထိုးၾကရေအာင္..”

အသင့္ပါလာေသာ ႐ြက္ဖ်င္တဲကိုထိုးၿပီးတာႏွင့္ဝယ္လာေသာ ၾကက္ကိုကိုင္ဖို႔လုပ္ၾကေတာ့သည္..။ ေနရာေဒသက ေတာတြင္းျဖစ္သည့္အျပင္ ေန႔ခင္းဘက္လဲေရာက္ေနၿပီမို႔ ငွက္သံေတာင္ သိပ္မၾကားရပဲတိတ္ဆိတ္လွ်က္..။

“ကဲကြာ..လာ..ငါၾကက္ကိုင္မယ္..မင္းတို႔ကလာကူညီေပးအုံး..”

သူတို႔အဖြဲ႕တဲထိုးထားေသာေတာင္ကုန္းေျပေျပေလးအတိုင္းဆင္းလွ်င္ ေတာခ်ဳံအုပ္နားမွာ ပိုင္စိုးတစ္ေယာက္ၾကက္ကိုင္ဖို႔လုပ္ေတာ့သည္..။

ပိုင္စိုးက ဟင္းခ်က္သင္တန္းတက္ဖူးတာမို႔ ျမန္မယထမင္းဟင္းမွန္သမွ်ကိုကြၽမ္းကြၽမ္းက်င္က်င္ခ်က္တတ္သလို ယခုလဲ ၾကက္ကာလသားခ်က္လုပ္မည္ဆိုကာ ၾကက္ဝင္ဝယ္လာျခင္းျဖစ္ၾကသည္..။

ၾကက္ကိုလည္လိမ္ကာ ေရေႏြးေဖ်ာဖို႔လုပ္စဥ္မွာပင္လည္က်ိဳးကာေသေနေသာၾကက္က အေတာင္တဖ်ပ္ဖ်ပ္ခတ္ကာ ဒယိမ္းဒယိုင္ထလာတာမို႔ေၾကာင္ၾကည့္မိသူက ပိုင္စိုး..။

႐ြက္ဖ်င္တဲေရွ႕မွာက ဒိုထန္းတို႔သုံးေယာက္က ထမင္းအိုးတစ္လုံးႏွင့္ဗ်ာမ်ားေနသည္..။ထိုစဥ္မွာပင္ေအးစိမ့္ေနေသာေလျပင္းတစ္ခ်က္ကေဝ့ခနဲ..။

“ကေတာ္..ကေတာ္..ဖလူး..ဖလူး..ဖလပ္..”

႐ုတ္တရက္အသံစုံျမည္ကာ ထေျပးေသာၾကက္ေၾကာင့္ ၾကက္သီးတျဖန္းျဖန္းထသြားရသလို တဲေရွ႕မွလူမ်ားကိုလဲ ေအာ္ေခၚလိုက္ရသည္..။

“ေဟ့ေကာင္ေတြ..လာၾကအုံးကြ..ၾကက္ထြက္ေျပးသြားလို႔..”

“ေဟ…”

ပိုင္စိုးရဲ႕အေမာတေကာေခၚသံေၾကာင့္ အကုန္လုံးအေျပးအလႊားေရာက္သြားၾကေတာ့ ေရေႏြးအိုးနားမွာေယာင္ခ်ာခ်ာျဖစ္ေနေသာ ပိုင္စိုးကိုေတြ႕လိုက္ရသည္..။

“ၾကက္ထြက္ေျပးသြားလို႔ကြ…”

“ေဟ..ၾကက္ကဘာျဖစ္လို႔ထြက္ေျပးတာတုန္းကြ..”

“မသိဘူးကြ..ထူးဆန္းေနတာ..ၾကက္ကေသေနၿပီကြ..ငါကေရေႏြးေဖ်ာဖို႔လုပ္ေနတာ…အဲ့တာထြက္ေျပးသြားတာပဲ..”

“ေဟ..မင္းကလဲ မျဖစ္ႏိုင္တာ ေျပာျပန္ၿပီ..ေသေနတဲ့ၾကက္ကထြက္ေျပးမလားကြ..မင္းလြတ္သြားတာျဖစ္မွာပါ..”

“ဟာ..ငါတကယ္ေျပာေနတာကြ… ”

“ေအးပါကြာ..စားရကံမႀကဳံလို႔ပဲျဖစ္မွာေပါ့..”

ဒိုထန္းကဝင္ေျပာလိုက္မွ ၾကက္ကိုင္သည့္ေနရာမွခြာလာၾကကာ ထမင္းအိုးနားေရာက္လာၾကသည္..။ ခုညေတာ့ ပါလာသည့္ အသားဘူး ငါးေစတၱာဘူးမ်ားႏွင့္ပင္ညစာ စားရေတာ့မည္..။

ညဦးပိုင္းေရာက္တာႏွင့္ေတာအေအးဓာတ္ကလွမ်းခြဲုကာေအးစိမ့္စိမ့္ျဖစ္ လာရသည္..။မီးဖိုကိုမီးမျပတ္ေအာင္ထိုးေပးရင္း ဒိုထန္းအိမ္ကထည့္ေပးလိုက္သည့္ ေခါင္ရည္ခ်ိဳႏွင့္ ဆတ္သားေျခာက္ဖုတ္ကိုေသာက္ကာဇိမ္ယူေနခိုက္

“ေဝါ….ဖလပ္…”

႐ုဆ္တရက္ေလေဆာင့္တိုးသံႏွင့္အတူ ညေနေစာင္းကၿခဳံထဲဝင္ေျပးေသာ ၾကက္ကၿခဳံထဲကေျပးထြက္လာကာ မီးဖိုေဘးေရာက္လာသည္..။

“ဟာ…”

“ဟိုၾကက္…”

ၾကက္က လည္ပင္းႀကီးလိမ္လ်က္သားႏွင့္အသက္ေပ်ာက္ေနေသာ ၾကက္..။အကုန္လုံးအံ့ၾသကုန္ၾကသလို ၾကက္ဆီမွရလာေသာ ဆိုး႐ြားလြန္းေသာ အပုပ္နံ႔ႀကီး..။

“ဟာ..ၾကက္ကပုပ္ေစာ္နံလိုက္တာ..”

“ဟာ..ေသေနလဲညေနကမွေသတာပါကြ..”

“ေအးကြာ..နံတယ္ကြ..ေတာ္ေတာ္နံတယ္…”

ၾကက္ေသ ကိုယူကာအေမွာင္ထဲကိုရမ္းၿပီးလႊင့္ပစ္လိုက္သည္..။ ၾကက္ေသမရွိကာမွ အနံ႔ဆိုးကလဲေပ်ာက္သြားကာေနရထိုင္ရအဆင္ေျပသြားေတာ့သည္..။

သူတို႔မျမင္လိုက္မိသည္က အေမွာင္ထဲမွသူတို႔ကိုၾကည့္ေနေသာ ရဲရဲနီေနသည့္မ်က္လုံးမ်ား..။

ညဥ့္နက္မွအိပ္ယာဝင္ၾကကာ ေခါင္ရည္ရွိန္ႏွင့္တခ်ိဳးထဲအိပ္ေပ်ာ္သြားၾကေတာ့သည္..။ထိုအခ်ိန္..သူတို႔႐ြက္ဖ်င္တဲေနရာနားကိုကပ္လာေသာ မဲမဲအရိပ္မ်ား..။

“ေတာက္…”

“အင္း…ဟင္း…”

“ေဒါသထြက္တယ္..သူတို႔ကက်ဳပ္တို႔ေနရာမွာအခန္႔သားဝင္ေနၾကတယ္..”

“ေအး…ငါလဲမေက်နပ္ဘူး..”

“ဖယ္ေပး…ငါ့ေနရာကဖယ္ေပး…”

“ဖယ္ေပး..ငါ့ေနရာကဖယ္ေပး..”

ေလးေယာက္သားအိပ္ေပ်ာ္ခိုက္ေအးစက္ေျခာက္ကပ္ေသာအသံႀကီးမ်ားႏွင့္အတူတစ္ကိုယ္လုံးအႏွံ႔တ႐ြ႐ြတက္လာေသာ ခံစားမႈမ်ား..။

နားထဲမွာကလဲ ေလတိုက္သံတဝွီးဝွီးႏွင့္အတူ ဘာမွန္းမသိေသာ ေရာဝါးဝါးစကားသံမ်ား..။ေၾကာက္လန္႔တၾကားထထိုင္လိုက္မိေတာ့ ေလးေယာက္သားတစ္ၿပိဳင္နက္ထဲ..။

“ေတာက္…”

“အင္း…ဟင္း…ဟင္း…”

ထိုအခ်ိန္ၾကားလိုက္ရတာက က်ယ္ေလာင္ေသာေတာက္ေခါက္သံႀကီးႏွင့္အတူ ထိတ္လန္႔ဖြယ္ေကာင္းေသာ ညီးျငဴသံႀကီး..။

“ဖယ္..ေပး…ငါတို႔…ေနရာက…ဖယ္ေပး..”

“ဖယ္ေပး…ဖယ္…ေပး…”

“ဖယ္ေပး…ငါတို႔…ေနရာက…ဖယ္ေပး….”

ေၾကာက္႐ြံ႕မႈႏွင့္အတူၾကက္သီးတျဖန္းျဖန္းထလာကာ တစ္ကိုယ္လုံးအႏွံ႔လဲ ယားတက္လာရသလို ထိန္းမႏိုင္သည့္စိတ္က ကုတ္ခ်င္စိတ္ေပၚလာရသည္..။

ခ်က္ခ်င္းပင္ကုတ္လိုက္ဖဲ့လိုက္ႏွင့္ ဘုေတြဘိန္႔ေတြထြက္လာကာ တစ္ကိုယ္လုံးနီရဲလာၾကသည္..။ တဲအျပင္မွာၾကားေနရသည္က ၿငီးျငဴသံႀကီးႏွင့္အတူ မသဲကြဲေသာစကားသံမ်ား..။

“လူေလးတို႔…”

႐ုတ္တရက္ၾကားလိုက္ရသည္က ေအးေဆးၾကည္သာေသာ အသံတစ္ခု..။ အားကိုးရားမဲ့ေနသည့္စိတ္မ်ားျဖစ္ေနရာမွ ခ်က္ခ်င္းၾကည္လင္သြားကာ ၾကားေနရေသာ အသံမ်ားလဲတစ္ခုမွမၾကားေတာ့..။

အျပင္ထြက္လိုက္ခ်ိန္ျမင္လိုက္ရသည္က ဝတ္ျဖဴစင္ၾကယ္ဝတ္ထားေသာအဘိုးအိုတသ္ေယာက္..။

“လူေလးတို႔ေၾကာက္ေနၾကလား…”

“ေၾကာက္တယ္..အဘိုး..ကြၽန္ေတာ္တို႔ဘာျဖစ္ေနတာလဲ..”

တုန္ရီေနေသာအသံမ်ားႏွင့္ေမးလိုက္မိေတာ့ အဘိုးအိုက ၾကည္လင္စြာၿပဳံးသည္…။

“လူေလးတို႔ပစၥည္းေတြသိမ္းလိုက္ပါ..”

“ဟုတ္ကဲ့…အဘိုး…”

ခ်က္ခ်င္းပင္ ႐ြက္ဖ်င္တဲကိုဖ်က္ကာပစၥည္းေတြသိမ္းလိုက္ၾကသည္..။ ပစၥည္းေတြသိမ္းၿပီးတာႏွင့္တစ္ၿပိဳင္နက္ အဘိုးအိုက လက္ထဲမွ ဇီးသီးအ႐ြယ္ အသီးေလးတစ္လုံးစီေကြၽးေတာ့ ေလးေယာက္သားမျငင္းႏိုင္ပဲစားလိုက္ၾကသည္..။

အသီးေတြစားလိုက္ၿပီးခ်ိန္မွာေတာ့ ခႏၶာကိုယ္တစ္ခုလုံးမွာျဖစ္ေနေသာ ဘုေတြပိန္႔ေတြကခ်က္ခ်င္းဆိုသလိုေပ်ာက္သြားကာ အခ်ိန္ကလဲ လင္းအားႀကီးလာေခ်ၿပီ..။

“လူေလးတို႔ျပန္လို႔ရၿပီ..ေနာက္ဆို ကိုယ္မကြၽမ္းက်င္တဲ့ေဒသေတြကိုေဒသခံမပါပဲမလာမိေစနဲ႔.. ..ခုလူေလးတို႔တဲထိုးလိုက္တဲ့ေနရာဟာ က်တ္ကုန္းေျမပဲ…ေတာပိုင္ေတာင္ပိုင္ေတြကိုလဲခြင့္မပန္ပဲေနခ်င္သလိုေနလို႔မရဘူး…ေနာက္ကိုဆင္ျခင္ႏိုင္ၾကပါေစကြယ္…”

“ေက်းဇူးႀကီးလွပါတယ္..အဘိုး…”

အဘိုးအိုကို ေလးေယာက္သားကန္ေတာ့လိုက္ၾကကာေခါင္းျပန္ေထာင္လိုက္ခ်ိန္မွာေတာ့ ျမင္ကြင္းေရွ႕မွာ အဘိုးအိုမရွိေတာ့..။

သူတို႔အဖြဲ႕လဲ တစ္ခ်ိဳးထဲေျပးလာၾကေတာ့သည္..။မနက္လင္းစအခ်ိန္တြင္ ဖထီးတို႔တဲျပန္ေရာက္လာၾကသည္..။

ခ်က္ခ်င္းဆိုသလိုျပန္ေရာက္လာေသာေၾကာင့္ ဖထီးတို႔အံ့ၾသေနၾကသလို ေနာက္ေသာအခါတြင္ေတာ့ ဘယ္ေသာအခါမွေတာလည္မည္ဟုမဆုံးျဖတ္ၾကေတာ့ဟု စိတ္ပိုင္းျခားလိုက္သည္က ေအာင္သူ ၊ ပိုင္စိုး ႏွင့္ ဥကၠာ တို႔ျဖစ္ၾကေပသည္..။

================

စာဖတ္သူအားလုံးကိုေလးစားခ်စ္ခင္လွ်က္😍

Writer-လရိပ္ညိဳ💚
#ေလးစားစြာcreditေပးပါသည္