” ကလေးသရဲနှင့်တွေ့ဆုံခြင်း ”(စ-ဆုံး)

Unicode Version

” ကလေးသရဲနှင့်တွေ့ဆုံခြင်း ”(စ-ဆုံး)
———————————————–

လွန်ခဲ့တဲ့ ၁နှစ်ကျော်၂နှစ်နီးပါးလောက်ကကျွန်တော်
တို့မိသားစုဟာမြင်းနှီးကုန်းရပ် မှာနေခဲ့ရတယ်။ မြင်းနှီးကုန်းရပ်ဆိုတာ ဟိုးအရင်ခေတ်ကာလတွေတုန်းက မြင်းလှည်းသမားတွေစုဝေးနေထိုင်ခဲ့တဲ့နေရာပေါ့။
အဲ့ဒါကိုအကြောင်းပြုပြီး မြင်းနှီးကုန်းလို့တွင်လာရင်း ခုချိန်မှာတော့ဇလွန်ရပ်လို့ ပြောင်းလဲခေါ်ဝေါ်နေကြပါပြီ။ မြင်းနှီးကုန်းလို့နှုတ်ကျိုးနေလို့ မြင်းနှီးကုန်ပဲဆိုလိုက်မယ်ဗျာ။ အဲ့ဒီရပ်ကွက်မှာနေကြတဲ့သူတွေက
သိပ်ပြီးဆင်းရဲတယ်ဗျ။ ထရံအိမ်လေးယိုင်နဲ့နဲ့လေးတွေနဲ့ တိုက်အိမ်ဆိုဝေးဝေးမှတစ်လုံးမြင်ရတယ်။

တိုက်အိမ်ဆိုလို့အထင်မကြီးနဲ့ဦး။ နံကပ်တိုက်လေးတွေ။ အဲ့ဒီရပ်ကွက်မှာနေရတယ်ဆိုရင် ကျွန်တော်တို့မိသားစုအခြေအနေကိုသဘောပေါက်လောက်ပါပြီ။ မချောင်လည်တဲ့အချိန်လည်းဖြစ်၊ ကျွန်တော်က
လည်း အလုပ်အကိုင်မယ်မယ်ရရမရှိ၊ မိဘနှစ်ပါး
ကလည်း ပျံကျဈေးသည်တွေလေ။ ကျွန်တော့မောင်
နှမက ငါးယောက်။ ကျွန်တော်ကသားအလတ်ပေါ့။ အစ်မအကြီးဆုံးကစက်ချုပ်တယ်။ ကျန်တဲ့မောင်နှမတွေက အလုပ်ရှာနေကြတုန်းပေါ့ဗျာ။ မစို့မပို့ဝင်ငွေလေးနဲ့မြင်းနှီးကုန်းဖက်မှာ အိမ်ငှါးနေခဲ့ကြတာပေါ့။

ငှါးနေတဲ့အိမ်က မြေအကျယ် ပေ ၅၀ ပတ်လည်တော့ကျယ်တယ်။အိမ်ကထရံအိမ်လေး။ အိမ်ရှေ့မှာ မန်ကျည်းပင်ကြီးတစ်ပင်ရှိတယ်။မန်ကျည်းပင်က ခြံဝင်းထဲမှာရှိတာနော်။ ကျွန်တော်တို့မောင်နှမတွေည
နေတိုင်း ခြံထဲကြွေကျနေတဲ့မက်ကျည်းရွက်ခြောက်တွေ အလှည့်ကျလှဲကျင်းနေကြ။ အိမ်အသစ်လည်းဖြစ်၊ အလုပ်လည်းအားနေကြတော့ အိမ်အလုပ်တွေ ကိုယ်စီလုပ်ကြတယ်။ ကျွန်တော်တို့ကလူသာဆင်းရဲ
တာဗျ၊ အသန့်တော့ကြိုက်ကြတယ်။ အိမ်နဲ့ခြံလေးသန့်ရှင်းနေရင်ပဲ စိတ်ချမ်းသာနေပြီ။

အဲ့ဒီအိမ်ကိုပြောင်းပြီး ၁ပတ်လောက်ကတော့ အေး
အေးဆေးဆေးပါပဲ။အဲ ၁ပတ်လည်းကျော်လာရော ဇာတ်လမ်းစတော့တာ။ ပထမဆုံးကြုံရတာကကျွန်တော့အမေ။ အမေကမနက် ၄နာရီထတယ်။ မျက်နှာ
သစ်၊ ဘုရားရှစ်ခိုးပြီးတာနဲ့ ထမင်းအိုးထတည်တာပေါ့။ ညကကျန်တဲ့ထမင်းလေးရှိရင်လည်း ကြော်ပြီးမနက်စာစားပြီးချိန် အဖေလည်းထပြီ။ပြီးတော့နှစ်ယောက်သားပျံကျဈေးဆိုင်လေးဖွင့်ဖို့သွားကြတယ်။
အဲ့ဒီမနက်က အမေမနက်မျက်နှာသစ်ချိန် အိမ်နောက်ဖေးမှာ အသက်၇နှစ် ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်တာပဲ။

အမေလည်းဇဝေဇဝါနဲ့ ကလေးတစ်ယောက်ဆိုတော့ စိတ်ထဲကကြောက်တော့မကြောက်နေဘူး။ ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ မနက် ၄နာရီအချိန် သူများအိမ်ဝိုင်းထဲမှာ ဘယ်က ကလေး ရောက်နေမှာလဲ။ ဒါနဲ့အဲ့ကောင်လေးနောက်လိုက်ကြည့်တာဘယ်
လိုမှရှာမတွေ့တော့ဘူး။ လုပ်စရာအလုပ်တွေများနေတော့ ဒီကိစ္စကိုမေ့မေ့ပျောက်ပျောက်ပဲထားခဲ့လိုက်တာ။ နောက်အလှည့်ကျလာတာကတော့ ကျွန်တော့ညီအငယ်ဆုံးကောင်။ ည ၉နာရီလောက်အပြင်က
ပြန်လာတာ အိမ်ရှေ့မက်ကျည်းပင်ပေါ် အဲ့ကောင်လေးတက်နေတာမြင်ရော။ အငယ်ကောင်ကလည်း ပါးစပ်ကအော်တာပေါ့။

” ဟေ့… အပင်ပေါ်မတက်နဲ့… လှိမ့်ကျမယ်… ဆင်း ”

သူအော်တဲ့အသံကို အိမ်ကလူတွေအကုန်ကြားလိုက်တယ်။ အိမ်သားတွေလည်း ဘာဖြစ်တာလဲဆိုပြီးထွက်ကြည့်ကြတယ်။ အငယ်ကောင်က အပင်ပေါ်မော့ကြည့်ပြီး ပြောနေတုန်းပဲ။ သူကြည့်တဲ့နေရာကိုမော့ကြည့်တာ ဘာမှကိုမတွေ့ဘူး။ သူ့တစ်ယောက်
တည်းစကားပြောနေတာပဲတွေ့တယ်။ အဖေက
” ဘာတွေလျှောက်အော်နေတာလဲ ”မေးတော့ အပင်ပေါ်လက်ညိုးထိုးပြပြီး

” ဟိုကောင်လေး အမြင့်ကြီးပေါ်တက်နေလို့အဖေရ… ပြောမရ ဆိုမရနဲ့ဗျာ…ဘယ်အိမ်က ကလေးလည်းမသိဘူး ”

” မဟုတ်တာတွေပြောမနေနဲ့… အိမ်ထဲဝင်တော့ ”

အဖေကခေါ်ဝင်ပြီး ဘုရားစင်ကသောက်တော်ရေစွန့်လာတယ်။ ပြီးတော့ အငယ်ကောင်ခေါင်းကို တဖျတ်
ဖျတ်ပုတ်နေတော့တာ။ အဲ့ဒီအထိကျွန်တော်တို့လည်း ဘာမှနားမလည်သေးဘူး။ ည ၁၂ နာရီလောက်ရောက်တော့ အကုန်လုံးအိပ်မောကျနေကြပြီ။ ကျွန်
တော်တစ်ယောက်တည်း ဗိုက်ရစ်လာလို့ နောက်ဖေးတံခါးကိုအသာလေးဖွင့်ပြီး အိမ်သာဖက်ကိုထွက်လာခဲ့တယ်။ အိမ်သာတံခါးကိုလည်းဆွဲလိုက်ရော ပြုန်းစားကြီး ကျွန်တော့ နောက်ပိုးကို ကလေးတစ်
ယောက်ခွစီးလာတယ်ဗျ။ ပြီးတော့ ကျွန်တော့မျက်
စိနှစ်ဖက်ကိုအေးစက်စက်လက်နဲ့ပိတ်ထားသေးတယ်။

ကျွန်တော့တအားလန့်သွားလို့ အော်ပေမယ့် အသံကဘယ်လိုမှထွက်မလာခဲ့ဘူး။ လူကလည်းရုန်းရင်းကန်ရင်းနဲ့ အဲ့ကလေးကိုဆွဲချလိုက်ပေမယ့် ကလေးကအရွယ်နဲ့မမျှအောင် အားကောင်းလွန်းနေတယ်ဗျ။ ဘယ်လိုဆွဲချချ ကုတ်ကပ်ပြီး ကုန်ပိုးကိုခွစီးထားတာပဲ။ပြီးတော့တခစ်ခစ်ရယ်နေသေးတယ်။ ကျွန်တော်
ဘယ်လောက်တောင်ထိတ်လန့်မိသလဲဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။ စိတ်ထဲမှာလည်းခံစားမိနေတယ်။ ဒါလူမဟုတ်ဘူးပေါ့။ အဲ့ဒါနဲ့ တတ်သမျှ မှတ်
သမျှဘုရားစာတွေ စိတ်ထဲကနေရွတ်နေရတာ။ ပါးစပ်ကအသံထွက်မရဘဲဗျာ။

ရွတ်ရင်းနဲ့ ငြိမ်ငြိမ်လေးပဲရပ်နေလိုက်တယ်။ ငါးမိနစ်လောက်ကြာတော့ အဲ့ဒီကလေးက အိမ်ခေါင်မိုးဖက်ကိုခုန်တက်သွားတော့တယ်။သူသွားတာနဲ့ ကျွန်တော်
လည်းအိမ်ထဲပြေးဝင်တော့တာပဲ။ ဗိုက်နာတာတောင်ဘယ်ပျောက်ကုန်လဲမသိတော့ဘူး။ အိမ်ထဲရောက်တာနဲ့ နောက်ဖေးတံခါးအမြန်ဆွဲပိတ်ရင်း ပါးစပ်ကလည်း အသံထွက်အော်ကြည့်တယ်။ တဖြည်းဖြည်းအသံပြန်ထွက်လာတာနဲ့ အသံကုန်ဟစ်အော်မိတော့တာပဲ။ ကျွန်တော့အော်သံကြားတော့ အမေက
အခန်းထဲကပြေးထွက်လာတာပေါ့။ တစ်အိမ်လုံးလည်းနိုးလာပြီးအခန်းထဲကထွက်လာကြတယ်။

ကျွန်တော်လည်း တံခါးနားကပြေးလာတော့ အိမ်ကလူတွေကဘာဖြစ်တာလဲမေးကြတယ်။တော်တော်
နဲ့ပြန်မပြောပြနိုင်ဘူး။ လူကမောနေတာ။ ခဏနားပြီးမှ အဖြစ်အပျက်တွေပြောပြတော့ တစ်အိမ်လုံးလန့်ကြတာပေါ့။ အဲ့ဒီကောင်လေးကို ကျွန်တော့အပြင်
အမေနဲ့အငယ်ကောင်လည်းတွေ့ဖူးတယ်လေ။ မတွေ့ဖူးတဲ့သူတွေက မတွေ့ကြသေးပေမယ့် သူတို့လည်းလန့်နေကြတာပဲ။ ဒါနဲ့ မိသားစုတွေစုထိုင်ပြီး တိုင်ပင်ကြတာပေါ့။ ဒီကိစ္စဘယ်လိုလုပ်ကြမလဲဆိုတာ။
ကျွန်တော်တို့အိမ်က ငွေကြေးချို့တဲ့တော့ သူများတွေလို အလှူဒါနလုပ်ပေး အမျှဝေပေးဖို့က တော်
တော်မလွယ်တဲ့ကိစ္စဗျ။

အိမ်မှာဆန်တောင် ပြည်နဲ့ဝယ်စားရတာ။ အသားဟင်းဆိုတာ ဝေးဝေးမှတစ်ခါချက်နိုင်တာရယ်။ လှူဖွယ်ပစ္စည်းအစုံအလင်နဲ့ ဘုန်းကြီးပင့် တရားနာဖို့်က ငွေမှမရှိတာဗျာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဖေ
ကတော့ ဒီအတိုင်းလေးဆက်နေမယ်ပေါ့။ အမေကတော့ အများကြီးမတတ်နိုင်ပေမယ့် ဘုန်းကြီးတစ်ပါးလောက်ဆွမ်းစားပင့်ပြီး အမျှလေးဝေရ
အောင်လို့ဆိုတယ်။ လိုရင်တော့ အမေ့နားကပ်လေးထုခွဲရောင်းချပြီး လုပ်လိုက်မယ်တဲ့။ ကျွန်တော်တို့ မောင်နှမတွေကတော့ ဒင်းကလေးကို အမှုန့်ကြိတ်ချင်တာပဲ။

အဆင်မပြေရတဲ့ကြားထဲ သူ့ကြောင့်အလုပ်ရှုပ်ရတယ်ဆိုပြီး တော်တော်မုန်းခဲ့ကြတယ်။ နောက်ဆုံး ခဏစောင့်ကြည့်ကြဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ အမျှလေးပေးပြီး နေလို့ရသလောက်ဆက်နေကြ
ဖို့ပေါ့ဗျာ။ နောက် ၂ရက်လောက်နေတော့ အငယ်ကောင်ကထပ်တွေ့ပြန်ရော။ သူ့ကိုအနောက်ကနေလိုက်ဆွဲတာ။ အရိပ်သဏ္ဍာန်မမြင်ရပေမယ့် အဆွဲခံရတာတော့အသေအချာပဲ။ အိမ်ကလူအကုန်ကိုသူမခြောက်ဘူး။ အမေရယ် ကျွန်တော်ရယ် အငယ်ကောင်ရယ် သုံးယောက်ကိုပဲခြောက်နေတာ။

တစ်လလောက်ကြာလာတော့ ကျွန်တော်လည်းသည်းမခံလာနိုင်တော့ဘူး။ ကြောက်စိတ်ကနေဒေါသစိတ်ဖြစ်လာပြီ။ အဲ့ဒါနဲ့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ညနေခင်း မက်ကျည်းပင်နားသွားပြီး
တိုးတိုးလေးပြောလိုက်တယ်။

” ဘာဖြစ်ချင်တာလဲ… ဘာလုပ်ပေးရမလဲ ”

ဆိုပြီး ပြောမိတယ်။ ညရောက်တော့ ပြောမိတာတောင်မှားပြီလားလို့ တွေးမိရင်း ခေါင်းနဘန်းကြီးလာတယ်ဗျ။ သေချာတာက အနှေးနဲ့ အမြန် ကျွန်
တော်သူ့ကိုတွေ့ရတော့မယ်ဆိုတာပဲ။ နောက်ဆုံးဖြစ်
ချင်ရာဖြစ်ကွာဆိုပြီး အိပ်ပစ်လိုက်တယ်။ ကျွန်တော်အိပ်မက်မက်တယ်။ အဲ့ဒီကောင်လေးနဲ့ ကျွန်တော် မက်ကျည်းပင်အောက်မှာထိုင်နေကြတယ်။ ကောင်လေးကပြောတယ်။ သူမက်ကျည်းပင်ပေါ်ကပြုတ်ကျပြီးသေရတာတဲ့။ အိပ်မက်ထဲမှာတောင် ကျွန်
တော်သူ့ကိုစကားပြောလို့မရခဲ့ဘူး။ သူပြောတာပဲနားထောင်နေခဲ့ရတယ်။

သူကဆက်ပြောတယ်။ သူ့အမေကိုတွေ့ချင်တယ်တဲ့။ အမေကိုရှာပေးပါလို့ပြောတယ်။ ခက်တော့ခက်သား။ သူ့အမေဘယ်သူမှန်းကျွန်တော်ဘယ်သိမလဲ။ သူကသူ့အမေနာမည်ကိုပြောတယ်။” ဒေါ် ချိုရည် ” တဲ့။ သူ့အမေကိုခေါ်လာပေးရင် ကျွန်တော်တို့ကို
မနှောက်ယှက်တော့ဘူးလို့ကတိပေးသတဲ့ဗျ။ အဲ့လိုမက်ပြီး လန့်နိုးလာတယ်။ ကျွန်တော်လည်း ရင်တဒိန်းဒိန်းတုန်နေတာတော့အမှန်ပဲ။အခန်းထဲကထထွက်လာပြီး ထရံကြားကနေ မန်ကျည်းပင်ဖက်ချောင်းကြည့်လိုက်တော့ အဲ့ဒီကောင်လေး မက်ကျည်းပင်အောက်မှာရပ်ပြီးကျွန်တော်ရှိရာကိုကြည့်နေတာတွေ့လိုက်တာပဲဗျ။

ကျွန်တော်လည်းဘယ်ပြောကောင်းမလဲ အခန်းထဲဝင်ပြေးပြီး စောင်ခြုံထဲဝင်နေနေရတယ်။ ဆက်လည်းအိပ်မရတော့ဘူး။ အပြင်ကအသံကိုပဲနားစွင့်မိနေတာ။ ဘာမှတော့ဆက်မခြောက်လာတော့ဘူး။ ၄နာရီ
အမေထလာတော့ အမေလည်းတစ်ယောက်တည်းမထရဲဘူး။ အဖေပါခေါ်ထတယ်။ အဖေနဲ့အမေကို အိပ်မက်အကြောင်းနဲ့ ကျွန်တော်မြင်တာတွေပြောပြတာပေါ့။ သူ့အမေနာမည် ဟုတ်မဟုတ်က မသိနိုင်
ဘူးလေ။ အဖေနဲ့အမေကတော့မေးမြန်းပေးကြည့်မယ်လို့ပြောတယ်။အဲ့ဒီကိစ္စဖြစ်ပြီး ကလေးသရဲက ကျွန်တော့ကို ဦးတည်ခြောက်တော့တာပဲ။

ကျွန်တော့မှာ အိမ်မှာရှိတဲ့အချိန်ဆိုတစ်ယောက်
တည်းမနေရဲဘူး။အစ်မကစက်ဆိုင်မှာ စက်ချုပ်တော့ မနက်ဆိုအလုပ်သွားပြီ။ အစ်ကိုအလတ်တစ်ယောက်ကလည်း အိမ်မကပ်ဘူး။ အငယ်မနဲ့အငယ်
ကောင်လည်း အပြင်ပဲထွက်နေကြတာ။ သူတို့လည်း အလုပ်အမြန်ရအောင်ရှာနေကြတာဆိုတော့ မပြောသာဘူးပေါ့။ ကျွန်တော်တစ်ယောက်တည်းယောင်
လည်လည်အိမ်မှာကျန်နေမြဲပဲ။ ခုတော့အိမ်မကပ်တော့ဘူး။ အကြောင်းရှာပြီးအပြင်ထွက်နေရတယ်။ တစ်ညကလည်း အမေပြောပြတာ။ မက်ကျည်းပင်နားမှာ အဲ့ဒီကလေးကရပ်နေရင်း အရပ်ကြီးတဖြည်း
ဖြည်းရှည်လာတာများ မက်ကျည်းပင်ကိုတောင်ကျော်သွားသတဲ့ဗျ။

ကလေးသရဲကခြောက်လေ အိမ်ကလူတွေမနေရဲကြလေပေါ့။မကြာဘူး အိပ်မက်ထဲမှာပြောခဲ့တဲ့သူ့အမေကို သိခဲ့ရတယ်။ သူ့အမေကလည်း ချို့ချို့တဲ့တဲ့ထဲကပါပဲ။ နာမည်အပြည့်အစုံက ” ဒေါ်ချိုရည်အေး ”
တဲ့။ နာမည်ကသာချိုရည်အေး။ နှုတ်ကကြမ်းသ
လားမမေးနဲ့ဗျ။ အာကြမ်းလျှာကြမ်းရယ်။ သူ့သားမကျွတ်ဘူးဆိုတာပြောပြဖို့တော်တော်မလွယ်ဘူး။
မထင်ရင် လူရှေ့သူရှေ့အော်ဆဲမှာ။ သူလည်းအိမ်
ငှါးနေတာ။ သူ့သားမက်ကျည်းပင်ပေါ်တက်ဆော့ပြီး အပင်ပေါ်ကပြုတ်ကျ ဆုံးသွားတာပေါ့။ ပြီးတော့အိမ်ပြောင်းသွားတယ်။

ခုလည်းမြင်းနှီးကုန်းမှာပဲငှါးနေတာ။ အမေကတော့ သူနဲ့ရင်းနှီးတဲ့သူကိုအကူအညီတောင်းပြီးပြောခိုင်း
လိုက်တယ်။ နောက် ၂ရက်လောက်နေတော့ ဒေါ်ချိုရည်အေး အိမ်ရောက်လာပြီး ကျွန်တော်တို့ကို ပြော
သွားတာဗျာ။ ရစရာမရှိဘူး။

သူ့သားကိုအကြောင်းပြပြီး သိက္ခာချတယ်တဲ့။ သူ့သားကကောင်းရာမွန်ရာရောက်နေပြီဆိုပဲ။ နောက်တစ်ခါထပ်ပြောရင် တရားစွဲမယ်လို့ပါသေးတယ်။ ကျွန်တော်တို့လည်း ပြောမိပြောမှားဗျာ။ ဒီလိုစရိုက်
နဲ့ပတ်သက်မိတာ တော်တော်စိတ်ညစ်ရတယ်။အဖေနဲ့အမေကလည်း ဆတ်ဆတ်ထိမခံကြဘူး။

” နင့်သားကျွတ်မကျွတ်သိချင်ရင် ငါ့အိမ်မှာ တစ်ညလာအိပ်လိုက်”လို့ပြန်ပြောတယ်။ ဒေါ်ချိုရည်အေးကတော့ ကျေနပ်ပုံမရဘူး။ မကျေမချမ်းနဲ့ ရေရွတ်ပြီးပြန်သွားတာပဲ။ ကျွန်တော်လည်း မက်ကျည်းပင်
နားထပ်သွားပြောမိတယ်။

” နင့်အမေတွေ့ချင်တယ်ဆိုလို့ ခေါ်လာပေးပြီးပြီ… နင့်ကတိအတိုင်းပဲ…ထပ်မနှောင့်ယှက်နဲ့ ”

လို့ပြောလိုက်တယ်။ ထူးတော့ထူးတယ်ဗျ။ အဲ့ဒီမိန်းမရောက်လာပြီးကတည်းက ကလေးသရဲကို ထပ်မတွေ့တော့ဘူး။ လာမခြောက်တော့ပေမယ့် အဖေနဲ့
အမေက ဘုရားရှစ်ခိုးတိုင်းအမျှပေးတယ်။၄လ ၅လ လောက်နေတော့ အစ်ကိုအလတ်နဲ့ ကျွန်တော်အလုပ်ရသွားတယ်။ အမေလည်း ဒီကလေးကို အလှူလေးလုပ်ပေးချင်တယ်ဆိုတော့ ကျွန်တော်ရတဲ့ပထမဆုံးလစာလေးကို သူ့အတွက်အလှူလုပ်တဲ့ထဲ တတ်နိုင်သလောက်လေးထည့်လှူပေးလိုက်ပါတယ်။အလှူလေးကအကျဉ်းချုံးလေးပဲပေါ့။

ဘုန်းကြီးသုံးပါးပင့်ပြီး အိမ်နီးချင်းနဲ့ မိတ်ဆွေနဲနဲဖိတ်လိုက်တယ်။အစားအသောက်ကတော့ရွှေတောင်ခေါက်ဆွဲလေးကျွေးဖြစ်တယ်ဗျ။တရားနာခါနီး ကျွန်တော်မန်ကျည်းပင်နားသွားပြီး ခပ်တိုးတိုးခေါ်
လိုက်တာပေါ့။ ပြန်လှည့်ထွက်လာတော့ ကျွန်တော့အနောက်မှာအသံကြားလိုက်ရတယ်။ ကလေးတွေခုန်ခုန်ပြီးအနောက်ကနေပြေးလိုက်လာတဲ့အသံမျိုး။ ရေစက်ချအမျှဝေပြီးတဲ့အခါ ကျွန်တော်တို့တစ်
အိမ်လုံးစိတ်အေးသွားသလိုခံစားလိုက်ရပါတယ်။

သွေးမတော်သားမစပ်ဘဲ ရည်စူးအလှူလုပ်ပေးရတာလည်း ရှေးဘဝကရေစက်တစ်ခုကြောင့်ပဲဆိုပြီး ကျေနပ်မိကြတာပေါ့။ ဘယ်ဘဝမှာဘယ်လိုဆုံခဲ့လဲမသိနိုင်တာမဟုတ်လား။ အဲ့ဒီညကတော့ထူးထူးခြား
ခြားပါပဲ။ ကျွန်တော်တို့မိသားစုတွေ အိမ်ရှေ့မှာဝိုင်းဖွဲ့စကားပြောနေတုန်း မန်ကျည်းပင်ကြီးက လေ
မတိုက်ဘဲ တစ်လှုပ်လှုပ်နဲ့ပေါ့။ကျွန်တော်တို့သိပေမယ့် မသိဟန်ဆောင်နေဖြစ်ကြတယ်။ ညရောက်
တော့ ကျွန်တော့ကိုအိပ်မက်လာပေးတယ်။ သူ့အတွက်လုပ်ပေးတာအကုန်သူရပါတယ်တဲ့။ ကျွန်
တော်တို့မိသားစုကိုလည်းကျေးဇူးတင်တယ်လို့ပြောတယ်။ မကြာတဲ့အချိန်မှာ သူသွားတော့မယ်လို့လည်းပြောပါတယ်။ အဲ့လိုမက်တာ ကျွန်တော့စိတ်ထဲ ဝမ်းနည်းသလိုပဲဗျ။

အရင်ကတော့ ဒီကောင်လေးကိုအသေမုန်းခဲ့တာ။ ကြောက်လည်းကြောက်ခဲ့တာ။ သူသွားတော့မယ်ဆိုတော့ ကိုယ့်မောင်နှမသားချင်းတစ်ယောက်နဲ့ ခွဲခွါရတော့မလိုခံစားမိနေတယ်။ ရေစက်ပဲထင်ပါတယ်
ဗျာ။ အိပ်မက်မက်ပြီးတော့ ကလေးသရဲ ရဲ့အသံလုံးဝထပ်မကြားရတော့ပါဘူး။ သူတစ်ပါးအကျိုးကိုဆောင်ရင် ကိုယ့်အကျိုးအောင်တယ်ဆိုတာတကယ်ထင်တယ်။ အလှူအဒါန်းလုပ်ပြီးတစ်လလောက်ကြာတော့ အမေက မြန်မာထီ သိန်း ၅၀ ဆုကြီးပေါက်ပါ
လေရော။ တစ်အိမ်လုံးပျော်လိုက်ကြတာ။ အဲ့ဒီခေတ်ကသိန်း ၅၀ဆို မြင်းနှီးကုန်းနဲ့ တခြားအစွန်အဖျားလေးတွေမှာ မြေဝယ်လို့ရပြီလေ။

မြေကွက်တစ်ကွက်မှ ၂၅သိန်း၊ သိန်း ၃၀ ဆိုကောင်း
ကောင်းရတယ်ဗျာ။ အဖေနဲ့အမေလည်း မြေကွက်လေးဝယ်ပြီး ထရံအိမ်လေးဆောက်ဖြစ်သွားတယ်။ ဒီအိမ်ကနေပြောင်းရတော့မယ်ဆိုတော့ ဝမ်းနည်း
သလိုလိုတော့ဖြစ်မိတယ်ဗျ။ ကျွန်တော်မှမဟုတ်ဘူး။ တစ်မိသားစုလုံးပဲ။ ကလေးသရဲလေးကိုကူညီလို့ စေတနာရောင်ပြန်ဟပ်ပြီးကျွန်တော်တို့လည်းအဆင်ပြေလာတာလို့ ယုံကြည်မိတယ်။သူတစ်ပါး
ကိုဖြူစင်တဲ့အလှူလေးနဲ့ကူညီတဲ့အတွက် အခုဘဝမှာတင်အကျိုးပေးတာလားမပြောတတ်ဘူး။ သေ
ချာတာတော့ ဘဝတစ်ကွေ့မှာ ကလေးသရဲနဲ့မထင်မရှားတွေ့ဆုံခဲ့ရတဲ့နေရာလေးကနေ ပြောင်းရတော့
မယ်ဆိုတာပါပဲ။ ကျွန်တော်တို့အိမ်ပြောင်းပြီးလည်း တခါတလေ မြင်းနှီးကုန်းဖက်ကြုံရင် အဲ့ဒီအိမ်ကိုအလွမ်းပြေသွားသွားကြည့်ဖြစ်တယ်။

၇နှစ် ၈နှစ်အရွယ် ကလေးက သေခါနီးဘာတွေပြင်ဆင်နိုင်ပါ့မလဲလို့တွေးမိတိုင်း တရားကျမိတယ်ဗျာ။ ဒီကောင်လေး ကောင်းရာမွန်ရာဘဝမှာ ရောက်နေပါစေလို့ပဲ ပြန်တွေးမိတိုင်းဆုတောင်းမိနေပါ
တယ်။ တကယ်ဆုတောင်းမိပါတယ် ညီလေးရယ်…..။

သော်တာလမင်းစန္ဒာ

Zawgyi Version

” ကေလးသရဲႏွင့္ေတြ႕ဆုံျခင္း ”(စ-ဆုံး)
———————————————–

လြန္ခဲ့တဲ့ ၁ႏွစ္ေက်ာ္၂ႏွစ္နီးပါးေလာက္ကကြၽန္ေတာ္
တို႔မိသားစုဟာျမင္းႏွီးကုန္းရပ္ မွာေနခဲ့ရတယ္။ ျမင္းႏွီးကုန္းရပ္ဆိုတာ ဟိုးအရင္ေခတ္ကာလေတြတုန္းက ျမင္းလွည္းသမားေတြစုေဝးေနထိုင္ခဲ့တဲ့ေနရာေပါ့။
အဲ့ဒါကိုအေၾကာင္းျပဳၿပီး ျမင္းႏွီးကုန္းလို႔တြင္လာရင္း ခုခ်ိန္မွာေတာ့ဇလြန္ရပ္လို႔ ေျပာင္းလဲေခၚေဝၚေနၾကပါၿပီ။ ျမင္းႏွီးကုန္းလို႔ႏႈတ္က်ိဳးေနလို႔ ျမင္းႏွီးကုန္ပဲဆိုလိုက္မယ္ဗ်ာ။ အဲ့ဒီရပ္ကြက္မွာေနၾကတဲ့သူေတြက
သိပ္ၿပီးဆင္းရဲတယ္ဗ်။ ထရံအိမ္ေလးယိုင္နဲ႔နဲ႔ေလးေတြနဲ႔ တိုက္အိမ္ဆိုေဝးေဝးမွတစ္လုံးျမင္ရတယ္။

တိုက္အိမ္ဆိုလို႔အထင္မႀကီးနဲ႔ဦး။ နံကပ္တိုက္ေလးေတြ။ အဲ့ဒီရပ္ကြက္မွာေနရတယ္ဆိုရင္ ကြၽန္ေတာ္တို႔မိသားစုအေျခအေနကိုသေဘာေပါက္ေလာက္ပါၿပီ။ မေခ်ာင္လည္တဲ့အခ်ိန္လည္းျဖစ္၊ ကြၽန္ေတာ္က
လည္း အလုပ္အကိုင္မယ္မယ္ရရမရွိ၊ မိဘႏွစ္ပါး
ကလည္း ပ်ံက်ေဈးသည္ေတြေလ။ ကြၽန္ေတာ့ေမာင္
ႏွမက ငါးေယာက္။ ကြၽန္ေတာ္ကသားအလတ္ေပါ့။ အစ္မအႀကီးဆုံးကစက္ခ်ဳပ္တယ္။ က်န္တဲ့ေမာင္ႏွမေတြက အလုပ္ရွာေနၾကတုန္းေပါ့ဗ်ာ။ မစို႔မပို႔ဝင္ေငြေလးနဲ႔ျမင္းႏွီးကုန္းဖက္မွာ အိမ္ငွါးေနခဲ့ၾကတာေပါ့။

ငွါးေနတဲ့အိမ္က ေျမအက်ယ္ ေပ ၅၀ ပတ္လည္ေတာ့က်ယ္တယ္။အိမ္ကထရံအိမ္ေလး။ အိမ္ေရွ႕မွာ မန္က်ည္းပင္ႀကီးတစ္ပင္ရွိတယ္။မန္က်ည္းပင္က ၿခံဝင္းထဲမွာရွိတာေနာ္။ ကြၽန္ေတာ္တို႔ေမာင္ႏွမေတြည
ေနတိုင္း ၿခံထဲေႂကြက်ေနတဲ့မက္က်ည္း႐ြက္ေျခာက္ေတြ အလွည့္က်လွဲက်င္းေနၾက။ အိမ္အသစ္လည္းျဖစ္၊ အလုပ္လည္းအားေနၾကေတာ့ အိမ္အလုပ္ေတြ ကိုယ္စီလုပ္ၾကတယ္။ ကြၽန္ေတာ္တို႔ကလူသာဆင္းရဲ
တာဗ်၊ အသန႔္ေတာ့ႀကိဳက္ၾကတယ္။ အိမ္နဲ႔ၿခံေလးသန႔္ရွင္းေနရင္ပဲ စိတ္ခ်မ္းသာေနၿပီ။

အဲ့ဒီအိမ္ကိုေျပာင္းၿပီး ၁ပတ္ေလာက္ကေတာ့ ေအး
ေအးေဆးေဆးပါပဲ။အဲ ၁ပတ္လည္းေက်ာ္လာေရာ ဇာတ္လမ္းစေတာ့တာ။ ပထမဆုံးႀကဳံရတာကကြၽန္ေတာ့အေမ။ အေမကမနက္ ၄နာရီထတယ္။ မ်က္ႏွာ
သစ္၊ ဘုရားရွစ္ခိုးၿပီးတာနဲ႔ ထမင္းအိုးထတည္တာေပါ့။ ညကက်န္တဲ့ထမင္းေလးရွိရင္လည္း ေၾကာ္ၿပီးမနက္စာစားၿပီးခ်ိန္ အေဖလည္းထၿပီ။ၿပီးေတာ့ႏွစ္ေယာက္သားပ်ံက်ေဈးဆိုင္ေလးဖြင့္ဖို႔သြားၾကတယ္။
အဲ့ဒီမနက္က အေမမနက္မ်က္ႏွာသစ္ခ်ိန္ အိမ္ေနာက္ေဖးမွာ အသက္၇ႏွစ္ ၈ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ကို ႐ုတ္တရက္ေတြ႕လိုက္တာပဲ။

အေမလည္းဇေဝဇဝါနဲ႔ ကေလးတစ္ေယာက္ဆိုေတာ့ စိတ္ထဲကေၾကာက္ေတာ့မေၾကာက္ေနဘူး။ ဒါေပမယ့္ ဘယ္လိုမွမျဖစ္ႏိုင္ဘူးေလ။ မနက္ ၄နာရီအခ်ိန္ သူမ်ားအိမ္ဝိုင္းထဲမွာ ဘယ္က ကေလး ေရာက္ေနမွာလဲ။ ဒါနဲ႔အဲ့ေကာင္ေလးေနာက္လိုက္ၾကည့္တာဘယ္
လိုမွရွာမေတြ႕ေတာ့ဘူး။ လုပ္စရာအလုပ္ေတြမ်ားေနေတာ့ ဒီကိစၥကိုေမ့ေမ့ေပ်ာက္ေပ်ာက္ပဲထားခဲ့လိုက္တာ။ ေနာက္အလွည့္က်လာတာကေတာ့ ကြၽန္ေတာ့ညီအငယ္ဆုံးေကာင္။ ည ၉နာရီေလာက္အျပင္က
ျပန္လာတာ အိမ္ေရွ႕မက္က်ည္းပင္ေပၚ အဲ့ေကာင္ေလးတက္ေနတာျမင္ေရာ။ အငယ္ေကာင္ကလည္း ပါးစပ္ကေအာ္တာေပါ့။

” ေဟ့… အပင္ေပၚမတက္နဲ႔… လွိမ့္က်မယ္… ဆင္း ”

သူေအာ္တဲ့အသံကို အိမ္ကလူေတြအကုန္ၾကားလိုက္တယ္။ အိမ္သားေတြလည္း ဘာျဖစ္တာလဲဆိုၿပီးထြက္ၾကည့္ၾကတယ္။ အငယ္ေကာင္က အပင္ေပၚေမာ့ၾကည့္ၿပီး ေျပာေနတုန္းပဲ။ သူၾကည့္တဲ့ေနရာကိုေမာ့ၾကည့္တာ ဘာမွကိုမေတြ႕ဘူး။ သူ႔တစ္ေယာက္
တည္းစကားေျပာေနတာပဲေတြ႕တယ္။ အေဖက
” ဘာေတြေလွ်ာက္ေအာ္ေနတာလဲ ”ေမးေတာ့ အပင္ေပၚလက္ညိဳးထိုးျပၿပီး

” ဟိုေကာင္ေလး အျမင့္ႀကီးေပၚတက္ေနလို႔အေဖရ… ေျပာမရ ဆိုမရနဲ႔ဗ်ာ…ဘယ္အိမ္က ကေလးလည္းမသိဘူး ”

” မဟုတ္တာေတြေျပာမေနနဲ႔… အိမ္ထဲဝင္ေတာ့ ”

အေဖကေခၚဝင္ၿပီး ဘုရားစင္ကေသာက္ေတာ္ေရစြန႔္လာတယ္။ ၿပီးေတာ့ အငယ္ေကာင္ေခါင္းကို တဖ်တ္
ဖ်တ္ပုတ္ေနေတာ့တာ။ အဲ့ဒီအထိကြၽန္ေတာ္တို႔လည္း ဘာမွနားမလည္ေသးဘူး။ ည ၁၂ နာရီေလာက္ေရာက္ေတာ့ အကုန္လုံးအိပ္ေမာက်ေနၾကၿပီ။ ကြၽန္
ေတာ္တစ္ေယာက္တည္း ဗိုက္ရစ္လာလို႔ ေနာက္ေဖးတံခါးကိုအသာေလးဖြင့္ၿပီး အိမ္သာဖက္ကိုထြက္လာခဲ့တယ္။ အိမ္သာတံခါးကိုလည္းဆြဲလိုက္ေရာ ျပဳန္းစားႀကီး ကြၽန္ေတာ့ ေနာက္ပိုးကို ကေလးတစ္
ေယာက္ခြစီးလာတယ္ဗ်။ ၿပီးေတာ့ ကြၽန္ေတာ့မ်က္
စိႏွစ္ဖက္ကိုေအးစက္စက္လက္နဲ႔ပိတ္ထားေသးတယ္။

ကြၽန္ေတာ့တအားလန႔္သြားလို႔ ေအာ္ေပမယ့္ အသံကဘယ္လိုမွထြက္မလာခဲ့ဘူး။ လူကလည္း႐ုန္းရင္းကန္ရင္းနဲ႔ အဲ့ကေလးကိုဆြဲခ်လိုက္ေပမယ့္ ကေလးကအ႐ြယ္နဲ႔မမွ်ေအာင္ အားေကာင္းလြန္းေနတယ္ဗ်။ ဘယ္လိုဆြဲခ်ခ် ကုတ္ကပ္ၿပီး ကုန္ပိုးကိုခြစီးထားတာပဲ။ၿပီးေတာ့တခစ္ခစ္ရယ္ေနေသးတယ္။ ကြၽန္ေတာ္
ဘယ္ေလာက္ေတာင္ထိတ္လန႔္မိသလဲဆိုတာ ဆိုဖြယ္ရာမရွိေတာ့ဘူး။ စိတ္ထဲမွာလည္းခံစားမိေနတယ္။ ဒါလူမဟုတ္ဘူးေပါ့။ အဲ့ဒါနဲ႔ တတ္သမွ် မွတ္
သမွ်ဘုရားစာေတြ စိတ္ထဲကေန႐ြတ္ေနရတာ။ ပါးစပ္ကအသံထြက္မရဘဲဗ်ာ။

႐ြတ္ရင္းနဲ႔ ၿငိမ္ၿငိမ္ေလးပဲရပ္ေနလိုက္တယ္။ ငါးမိနစ္ေလာက္ၾကာေတာ့ အဲ့ဒီကေလးက အိမ္ေခါင္မိုးဖက္ကိုခုန္တက္သြားေတာ့တယ္။သူသြားတာနဲ႔ ကြၽန္ေတာ္
လည္းအိမ္ထဲေျပးဝင္ေတာ့တာပဲ။ ဗိုက္နာတာေတာင္ဘယ္ေပ်ာက္ကုန္လဲမသိေတာ့ဘူး။ အိမ္ထဲေရာက္တာနဲ႔ ေနာက္ေဖးတံခါးအျမန္ဆြဲပိတ္ရင္း ပါးစပ္ကလည္း အသံထြက္ေအာ္ၾကည့္တယ္။ တျဖည္းျဖည္းအသံျပန္ထြက္လာတာနဲ႔ အသံကုန္ဟစ္ေအာ္မိေတာ့တာပဲ။ ကြၽန္ေတာ့ေအာ္သံၾကားေတာ့ အေမက
အခန္းထဲကေျပးထြက္လာတာေပါ့။ တစ္အိမ္လုံးလည္းႏိုးလာၿပီးအခန္းထဲကထြက္လာၾကတယ္။

ကြၽန္ေတာ္လည္း တံခါးနားကေျပးလာေတာ့ အိမ္ကလူေတြကဘာျဖစ္တာလဲေမးၾကတယ္။ေတာ္ေတာ္
နဲ႔ျပန္မေျပာျပႏိုင္ဘူး။ လူကေမာေနတာ။ ခဏနားၿပီးမွ အျဖစ္အပ်က္ေတြေျပာျပေတာ့ တစ္အိမ္လုံးလန႔္ၾကတာေပါ့။ အဲ့ဒီေကာင္ေလးကို ကြၽန္ေတာ့အျပင္
အေမနဲ႔အငယ္ေကာင္လည္းေတြ႕ဖူးတယ္ေလ။ မေတြ႕ဖူးတဲ့သူေတြက မေတြ႕ၾကေသးေပမယ့္ သူတို႔လည္းလန႔္ေနၾကတာပဲ။ ဒါနဲ႔ မိသားစုေတြစုထိုင္ၿပီး တိုင္ပင္ၾကတာေပါ့။ ဒီကိစၥဘယ္လိုလုပ္ၾကမလဲဆိုတာ။
ကြၽန္ေတာ္တို႔အိမ္က ေငြေၾကးခ်ိဳ႕တဲ့ေတာ့ သူမ်ားေတြလို အလႉဒါနလုပ္ေပး အမွ်ေဝေပးဖို႔က ေတာ္
ေတာ္မလြယ္တဲ့ကိစၥဗ်။

အိမ္မွာဆန္ေတာင္ ျပည္နဲ႔ဝယ္စားရတာ။ အသားဟင္းဆိုတာ ေဝးေဝးမွတစ္ခါခ်က္ႏိုင္တာရယ္။ လႉဖြယ္ပစၥည္းအစုံအလင္နဲ႔ ဘုန္းႀကီးပင့္ တရားနာဖို႔္က ေငြမွမရွိတာဗ်ာ။ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ အေဖ
ကေတာ့ ဒီအတိုင္းေလးဆက္ေနမယ္ေပါ့။ အေမကေတာ့ အမ်ားႀကီးမတတ္ႏိုင္ေပမယ့္ ဘုန္းႀကီးတစ္ပါးေလာက္ဆြမ္းစားပင့္ၿပီး အမွ်ေလးေဝရ
ေအာင္လို႔ဆိုတယ္။ လိုရင္ေတာ့ အေမ့နားကပ္ေလးထုခြဲေရာင္းခ်ၿပီး လုပ္လိုက္မယ္တဲ့။ ကြၽန္ေတာ္တို႔ ေမာင္ႏွမေတြကေတာ့ ဒင္းကေလးကို အမႈန႔္ႀကိတ္ခ်င္တာပဲ။

အဆင္မေျပရတဲ့ၾကားထဲ သူ႔ေၾကာင့္အလုပ္ရႈပ္ရတယ္ဆိုၿပီး ေတာ္ေတာ္မုန္းခဲ့ၾကတယ္။ ေနာက္ဆုံး ခဏေစာင့္ၾကည့္ၾကဖို႔ ဆုံးျဖတ္လိုက္ရပါတယ္။ အမွ်ေလးေပးၿပီး ေနလို႔ရသေလာက္ဆက္ေနၾက
ဖို႔ေပါ့ဗ်ာ။ ေနာက္ ၂ရက္ေလာက္ေနေတာ့ အငယ္ေကာင္ကထပ္ေတြ႕ျပန္ေရာ။ သူ႔ကိုအေနာက္ကေနလိုက္ဆြဲတာ။ အရိပ္သ႑ာန္မျမင္ရေပမယ့္ အဆြဲခံရတာေတာ့အေသအခ်ာပဲ။ အိမ္ကလူအကုန္ကိုသူမေျခာက္ဘူး။ အေမရယ္ ကြၽန္ေတာ္ရယ္ အငယ္ေကာင္ရယ္ သုံးေယာက္ကိုပဲေျခာက္ေနတာ။

တစ္လေလာက္ၾကာလာေတာ့ ကြၽန္ေတာ္လည္းသည္းမခံလာႏိုင္ေတာ့ဘူး။ ေၾကာက္စိတ္ကေနေဒါသစိတ္ျဖစ္လာၿပီ။ အဲ့ဒါနဲ႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္တယ္။ ညေနခင္း မက္က်ည္းပင္နားသြားၿပီး
တိုးတိုးေလးေျပာလိုက္တယ္။

” ဘာျဖစ္ခ်င္တာလဲ… ဘာလုပ္ေပးရမလဲ ”

ဆိုၿပီး ေျပာမိတယ္။ ညေရာက္ေတာ့ ေျပာမိတာေတာင္မွားၿပီလားလို႔ ေတြးမိရင္း ေခါင္းနဘန္းႀကီးလာတယ္ဗ်။ ေသခ်ာတာက အေႏွးနဲ႔ အျမန္ ကြၽန္
ေတာ္သူ႔ကိုေတြ႕ရေတာ့မယ္ဆိုတာပဲ။ ေနာက္ဆုံးျဖစ္
ခ်င္ရာျဖစ္ကြာဆိုၿပီး အိပ္ပစ္လိုက္တယ္။ ကြၽန္ေတာ္အိပ္မက္မက္တယ္။ အဲ့ဒီေကာင္ေလးနဲ႔ ကြၽန္ေတာ္ မက္က်ည္းပင္ေအာက္မွာထိုင္ေနၾကတယ္။ ေကာင္ေလးကေျပာတယ္။ သူမက္က်ည္းပင္ေပၚကျပဳတ္က်ၿပီးေသရတာတဲ့။ အိပ္မက္ထဲမွာေတာင္ ကြၽန္
ေတာ္သူ႔ကိုစကားေျပာလို႔မရခဲ့ဘူး။ သူေျပာတာပဲနားေထာင္ေနခဲ့ရတယ္။

သူကဆက္ေျပာတယ္။ သူ႔အေမကိုေတြ႕ခ်င္တယ္တဲ့။ အေမကိုရွာေပးပါလို႔ေျပာတယ္။ ခက္ေတာ့ခက္သား။ သူ႔အေမဘယ္သူမွန္းကြၽန္ေတာ္ဘယ္သိမလဲ။ သူကသူ႔အေမနာမည္ကိုေျပာတယ္။” ေဒၚ ခ်ိဳရည္ ” တဲ့။ သူ႔အေမကိုေခၚလာေပးရင္ ကြၽန္ေတာ္တို႔ကို
မေႏွာက္ယွက္ေတာ့ဘူးလို႔ကတိေပးသတဲ့ဗ်။ အဲ့လိုမက္ၿပီး လန႔္ႏိုးလာတယ္။ ကြၽန္ေတာ္လည္း ရင္တဒိန္းဒိန္းတုန္ေနတာေတာ့အမွန္ပဲ။အခန္းထဲကထထြက္လာၿပီး ထရံၾကားကေန မန္က်ည္းပင္ဖက္ေခ်ာင္းၾကည့္လိုက္ေတာ့ အဲ့ဒီေကာင္ေလး မက္က်ည္းပင္ေအာက္မွာရပ္ၿပီးကြၽန္ေတာ္ရွိရာကိုၾကည့္ေနတာေတြ႕လိုက္တာပဲဗ်။

ကြၽန္ေတာ္လည္းဘယ္ေျပာေကာင္းမလဲ အခန္းထဲဝင္ေျပးၿပီး ေစာင္ၿခဳံထဲဝင္ေနေနရတယ္။ ဆက္လည္းအိပ္မရေတာ့ဘူး။ အျပင္ကအသံကိုပဲနားစြင့္မိေနတာ။ ဘာမွေတာ့ဆက္မေျခာက္လာေတာ့ဘူး။ ၄နာရီ
အေမထလာေတာ့ အေမလည္းတစ္ေယာက္တည္းမထရဲဘူး။ အေဖပါေခၚထတယ္။ အေဖနဲ႔အေမကို အိပ္မက္အေၾကာင္းနဲ႔ ကြၽန္ေတာ္ျမင္တာေတြေျပာျပတာေပါ့။ သူ႔အေမနာမည္ ဟုတ္မဟုတ္က မသိႏိုင္
ဘူးေလ။ အေဖနဲ႔အေမကေတာ့ေမးျမန္းေပးၾကည့္မယ္လို႔ေျပာတယ္။အဲ့ဒီကိစၥျဖစ္ၿပီး ကေလးသရဲက ကြၽန္ေတာ့ကို ဦးတည္ေျခာက္ေတာ့တာပဲ။

ကြၽန္ေတာ့မွာ အိမ္မွာရွိတဲ့အခ်ိန္ဆိုတစ္ေယာက္
တည္းမေနရဲဘူး။အစ္မကစက္ဆိုင္မွာ စက္ခ်ဳပ္ေတာ့ မနက္ဆိုအလုပ္သြားၿပီ။ အစ္ကိုအလတ္တစ္ေယာက္ကလည္း အိမ္မကပ္ဘူး။ အငယ္မနဲ႔အငယ္
ေကာင္လည္း အျပင္ပဲထြက္ေနၾကတာ။ သူတို႔လည္း အလုပ္အျမန္ရေအာင္ရွာေနၾကတာဆိုေတာ့ မေျပာသာဘူးေပါ့။ ကြၽန္ေတာ္တစ္ေယာက္တည္းေယာင္
လည္လည္အိမ္မွာက်န္ေနၿမဲပဲ။ ခုေတာ့အိမ္မကပ္ေတာ့ဘူး။ အေၾကာင္းရွာၿပီးအျပင္ထြက္ေနရတယ္။ တစ္ညကလည္း အေမေျပာျပတာ။ မက္က်ည္းပင္နားမွာ အဲ့ဒီကေလးကရပ္ေနရင္း အရပ္ႀကီးတျဖည္း
ျဖည္းရွည္လာတာမ်ား မက္က်ည္းပင္ကိုေတာင္ေက်ာ္သြားသတဲ့ဗ်။

ကေလးသရဲကေျခာက္ေလ အိမ္ကလူေတြမေနရဲၾကေလေပါ့။မၾကာဘူး အိပ္မက္ထဲမွာေျပာခဲ့တဲ့သူ႔အေမကို သိခဲ့ရတယ္။ သူ႔အေမကလည္း ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ထဲကပါပဲ။ နာမည္အျပည့္အစုံက ” ေဒၚခ်ိဳရည္ေအး ”
တဲ့။ နာမည္ကသာခ်ိဳရည္ေအး။ ႏႈတ္ကၾကမ္းသ
လားမေမးနဲ႔ဗ်။ အာၾကမ္းလွ်ာၾကမ္းရယ္။ သူ႔သားမကြၽတ္ဘူးဆိုတာေျပာျပဖို႔ေတာ္ေတာ္မလြယ္ဘူး။
မထင္ရင္ လူေရွ႕သူေရွ႕ေအာ္ဆဲမွာ။ သူလည္းအိမ္
ငွါးေနတာ။ သူ႔သားမက္က်ည္းပင္ေပၚတက္ေဆာ့ၿပီး အပင္ေပၚကျပဳတ္က် ဆုံးသြားတာေပါ့။ ၿပီးေတာ့အိမ္ေျပာင္းသြားတယ္။

ခုလည္းျမင္းႏွီးကုန္းမွာပဲငွါးေနတာ။ အေမကေတာ့ သူနဲ႔ရင္းႏွီးတဲ့သူကိုအကူအညီေတာင္းၿပီးေျပာခိုင္း
လိုက္တယ္။ ေနာက္ ၂ရက္ေလာက္ေနေတာ့ ေဒၚခ်ိဳရည္ေအး အိမ္ေရာက္လာၿပီး ကြၽန္ေတာ္တို႔ကို ေျပာ
သြားတာဗ်ာ။ ရစရာမရွိဘူး။

သူ႔သားကိုအေၾကာင္းျပၿပီး သိကၡာခ်တယ္တဲ့။ သူ႔သားကေကာင္းရာမြန္ရာေရာက္ေနၿပီဆိုပဲ။ ေနာက္တစ္ခါထပ္ေျပာရင္ တရားစြဲမယ္လို႔ပါေသးတယ္။ ကြၽန္ေတာ္တို႔လည္း ေျပာမိေျပာမွားဗ်ာ။ ဒီလိုစ႐ိုက္
နဲ႔ပတ္သက္မိတာ ေတာ္ေတာ္စိတ္ညစ္ရတယ္။အေဖနဲ႔အေမကလည္း ဆတ္ဆတ္ထိမခံၾကဘူး။

” နင့္သားကြၽတ္မကြၽတ္သိခ်င္ရင္ ငါ့အိမ္မွာ တစ္ညလာအိပ္လိုက္”လို႔ျပန္ေျပာတယ္။ ေဒၚခ်ိဳရည္ေအးကေတာ့ ေက်နပ္ပုံမရဘူး။ မေက်မခ်မ္းနဲ႔ ေရ႐ြတ္ၿပီးျပန္သြားတာပဲ။ ကြၽန္ေတာ္လည္း မက္က်ည္းပင္
နားထပ္သြားေျပာမိတယ္။

” နင့္အေမေတြ႕ခ်င္တယ္ဆိုလို႔ ေခၚလာေပးၿပီးၿပီ… နင့္ကတိအတိုင္းပဲ…ထပ္မေႏွာင့္ယွက္နဲ႔ ”

လို႔ေျပာလိုက္တယ္။ ထူးေတာ့ထူးတယ္ဗ်။ အဲ့ဒီမိန္းမေရာက္လာၿပီးကတည္းက ကေလးသရဲကို ထပ္မေတြ႕ေတာ့ဘူး။ လာမေျခာက္ေတာ့ေပမယ့္ အေဖနဲ႔
အေမက ဘုရားရွစ္ခိုးတိုင္းအမွ်ေပးတယ္။၄လ ၅လ ေလာက္ေနေတာ့ အစ္ကိုအလတ္နဲ႔ ကြၽန္ေတာ္အလုပ္ရသြားတယ္။ အေမလည္း ဒီကေလးကို အလႉေလးလုပ္ေပးခ်င္တယ္ဆိုေတာ့ ကြၽန္ေတာ္ရတဲ့ပထမဆုံးလစာေလးကို သူ႔အတြက္အလႉလုပ္တဲ့ထဲ တတ္ႏိုင္သေလာက္ေလးထည့္လႉေပးလိုက္ပါတယ္။အလႉေလးကအက်ဥ္းခ်ဳံးေလးပဲေပါ့။

ဘုန္းႀကီးသုံးပါးပင့္ၿပီး အိမ္နီးခ်င္းနဲ႔ မိတ္ေဆြနဲနဲဖိတ္လိုက္တယ္။အစားအေသာက္ကေတာ့ေ႐ႊေတာင္ေခါက္ဆြဲေလးေကြၽးျဖစ္တယ္ဗ်။တရားနာခါနီး ကြၽန္ေတာ္မန္က်ည္းပင္နားသြားၿပီး ခပ္တိုးတိုးေခၚ
လိုက္တာေပါ့။ ျပန္လွည့္ထြက္လာေတာ့ ကြၽန္ေတာ့အေနာက္မွာအသံၾကားလိုက္ရတယ္။ ကေလးေတြခုန္ခုန္ၿပီးအေနာက္ကေနေျပးလိုက္လာတဲ့အသံမ်ိဳး။ ေရစက္ခ်အမွ်ေဝၿပီးတဲ့အခါ ကြၽန္ေတာ္တို႔တစ္
အိမ္လုံးစိတ္ေအးသြားသလိုခံစားလိုက္ရပါတယ္။

ေသြးမေတာ္သားမစပ္ဘဲ ရည္စူးအလႉလုပ္ေပးရတာလည္း ေရွးဘဝကေရစက္တစ္ခုေၾကာင့္ပဲဆိုၿပီး ေက်နပ္မိၾကတာေပါ့။ ဘယ္ဘဝမွာဘယ္လိုဆုံခဲ့လဲမသိႏိုင္တာမဟုတ္လား။ အဲ့ဒီညကေတာ့ထူးထူးျခား
ျခားပါပဲ။ ကြၽန္ေတာ္တို႔မိသားစုေတြ အိမ္ေရွ႕မွာဝိုင္းဖြဲ႕စကားေျပာေနတုန္း မန္က်ည္းပင္ႀကီးက ေလ
မတိုက္ဘဲ တစ္လႈပ္လႈပ္နဲ႔ေပါ့။ကြၽန္ေတာ္တို႔သိေပမယ့္ မသိဟန္ေဆာင္ေနျဖစ္ၾကတယ္။ ညေရာက္
ေတာ့ ကြၽန္ေတာ့ကိုအိပ္မက္လာေပးတယ္။ သူ႔အတြက္လုပ္ေပးတာအကုန္သူရပါတယ္တဲ့။ ကြၽန္
ေတာ္တို႔မိသားစုကိုလည္းေက်းဇူးတင္တယ္လို႔ေျပာတယ္။ မၾကာတဲ့အခ်ိန္မွာ သူသြားေတာ့မယ္လို႔လည္းေျပာပါတယ္။ အဲ့လိုမက္တာ ကြၽန္ေတာ့စိတ္ထဲ ဝမ္းနည္းသလိုပဲဗ်။

အရင္ကေတာ့ ဒီေကာင္ေလးကိုအေသမုန္းခဲ့တာ။ ေၾကာက္လည္းေၾကာက္ခဲ့တာ။ သူသြားေတာ့မယ္ဆိုေတာ့ ကိုယ့္ေမာင္ႏွမသားခ်င္းတစ္ေယာက္နဲ႔ ခြဲခြါရေတာ့မလိုခံစားမိေနတယ္။ ေရစက္ပဲထင္ပါတယ္
ဗ်ာ။ အိပ္မက္မက္ၿပီးေတာ့ ကေလးသရဲ ရဲ႕အသံလုံးဝထပ္မၾကားရေတာ့ပါဘူး။ သူတစ္ပါးအက်ိဳးကိုေဆာင္ရင္ ကိုယ့္အက်ိဳးေအာင္တယ္ဆိုတာတကယ္ထင္တယ္။ အလႉအဒါန္းလုပ္ၿပီးတစ္လေလာက္ၾကာေတာ့ အေမက ျမန္မာထီ သိန္း ၅၀ ဆုႀကီးေပါက္ပါ
ေလေရာ။ တစ္အိမ္လုံးေပ်ာ္လိုက္ၾကတာ။ အဲ့ဒီေခတ္ကသိန္း ၅၀ဆို ျမင္းႏွီးကုန္းနဲ႔ တျခားအစြန္အဖ်ားေလးေတြမွာ ေျမဝယ္လို႔ရၿပီေလ။

ေျမကြက္တစ္ကြက္မွ ၂၅သိန္း၊ သိန္း ၃၀ ဆိုေကာင္း
ေကာင္းရတယ္ဗ်ာ။ အေဖနဲ႔အေမလည္း ေျမကြက္ေလးဝယ္ၿပီး ထရံအိမ္ေလးေဆာက္ျဖစ္သြားတယ္။ ဒီအိမ္ကေနေျပာင္းရေတာ့မယ္ဆိုေတာ့ ဝမ္းနည္း
သလိုလိုေတာ့ျဖစ္မိတယ္ဗ်။ ကြၽန္ေတာ္မွမဟုတ္ဘူး။ တစ္မိသားစုလုံးပဲ။ ကေလးသရဲေလးကိုကူညီလို႔ ေစတနာေရာင္ျပန္ဟပ္ၿပီးကြၽန္ေတာ္တို႔လည္းအဆင္ေျပလာတာလို႔ ယုံၾကည္မိတယ္။သူတစ္ပါး
ကိုျဖဴစင္တဲ့အလႉေလးနဲ႔ကူညီတဲ့အတြက္ အခုဘဝမွာတင္အက်ိဳးေပးတာလားမေျပာတတ္ဘူး။ ေသ
ခ်ာတာေတာ့ ဘဝတစ္ေကြ႕မွာ ကေလးသရဲနဲ႔မထင္မရွားေတြ႕ဆုံခဲ့ရတဲ့ေနရာေလးကေန ေျပာင္းရေတာ့
မယ္ဆိုတာပါပဲ။ ကြၽန္ေတာ္တို႔အိမ္ေျပာင္းၿပီးလည္း တခါတေလ ျမင္းႏွီးကုန္းဖက္ႀကဳံရင္ အဲ့ဒီအိမ္ကိုအလြမ္းေျပသြားသြားၾကည့္ျဖစ္တယ္။

၇ႏွစ္ ၈ႏွစ္အ႐ြယ္ ကေလးက ေသခါနီးဘာေတြျပင္ဆင္ႏိုင္ပါ့မလဲလို႔ေတြးမိတိုင္း တရားက်မိတယ္ဗ်ာ။ ဒီေကာင္ေလး ေကာင္းရာမြန္ရာဘဝမွာ ေရာက္ေနပါေစလို႔ပဲ ျပန္ေတြးမိတိုင္းဆုေတာင္းမိေနပါ
တယ္။ တကယ္ဆုေတာင္းမိပါတယ္ ညီေလးရယ္…..။

ေသာ္တာလမင္းစႏၵာ