ခုတင်အမှတ် ၂၅

ခုတင်အမှတ် ၂၅ (စ/ဆုံး)

———————–
ရန်ကုန်ဆေးရုံကြီးဦးနှောက်နဲ့အာရုံကြောဆေးကုသမှုအဆောင်မှာ၊ဒေါ်အေးအေးချမ်းဆေးကုသမှု့ခံယူနေရပါတယ်။

လူနာစောင့်အဖြစ်အမေနဲ့ကျန်တဲ့ညီအစ်ကိုမောင်နှမတစ်တွေစုစုရုန်းရုန်းရှိနေကြသော်လည်းသူတို့တစ်တွေကိုအရင်လိုနွေးထွေးစွာစကားပြောနိူင်ခြင်းမရှိတော့ပါပင်ကိုအသိစိတ်ကင်းမဲ့နေပြီးနှာခေါင်းပိုက်၊ဆီးပိုက်တွေတပ်ဆင်ထားပြီးစကားပြောနိူင်ခြင်းမရှိ၊ခြေတွေလက်တွေလှုပ်ရှားနိူင်ခြင်းမရှိတော့ဘဲအရင်တုန်းကအခမဲ့ရတဲ့လေကိုပင်Oxygenပိုက်မှခက်ခဲစွာရှုရှိုက်နေရပြီဖြစ်ပါတယ်။

ေဆးရုံခုတင်ခြေရင်းရဲ့တိုင်မှာတပ်ဆင်ထားတဲ့ဆေးပုလင်းမှတစ်စက်ခြင်းကျနေတဲ့ဆေးစက်တစ်စက်ရဲ့အချိန်ဟာစက္ကန့်ပိုင်းမှသာကြာမြင့်သော်လဲသူအတွက်တော့ဆေးစက်တစ်စက်ကျတိုင်းတစ်ကမ္ဘာလောက်ကြာမြင့်တယ်လို့ထင်နေမိပါတယ်။

ဆေးရုံမျက်နှာကျက်မှာတပ်ဆင်ထားတဲ့ပန်ကာရဲ့အသံမှတစ်ပါးကျန်တဲ့လူသံသူသံမကြားရဘဲဆေးရုံရဲ့အဆောင်တစ်ခုလုံးငြိမ်ချက်သားကောင်းနေလို့စိတ်ထဲမှာအထီးကျန်ပြီးအားငယ်နေမိပါတယ်။မနက်ပိုင်းခပ်စောစောမို့လူနာစောင့်အတော်များများကိုယ့်အိမ်ကိုယ့်ယာကိုခေတ္တခဏပြန်နေကြတာမို့လဲတွေမြင်နေကျမျက်နှာအတော်များများကိုမတွေ့ရမမြင်ရဖြစ်နေပါတယ်။

ဆေးစစ်ချက်တွေအတော်များများစစ်ဆေးပြီးပေမယ့်ရောဂါတိတိကျကျအဖြေမထွက်သေးဘဲငွေကုန်ကြေးကျလဲအတော်များတာမို့အိမ်ကမိသားစုတွေကိုအားနာလှပါပြီ။

“သမီးကြီးရေ”

“အမေလာပြီနော်ဘာမှအားမငယ်နဲ့တော့”

“အမေအိမ်မှာယူစရာပစ္စည်းလေးတွေရှိလို့ခဏပြန်သွားတာပါနော်”

“ဟုတ်ကဲ့ပါအမေသမီးနားလည်ပါတယ်”

“အမေလဲပင်ပန်းလှပြီကျန်းမာရေးထိခိုက်မယ်နော်သမီးနေကောင်းသွားရင်အိမ်အလုပ်တွေကိုအရင်အတိုင်းကူလုပ်ပေးမယ်နော်”

လို့အားနာစွာအမေ့ကိုပြန်ပြောလိုက်ပေမယ့်ပြောလိုက်တဲ့စကားလုံးတိုင်းဟာလည်ချောင်းဝမှာတင်တစ်ဆို့ပျောက်ကွယ်သွားလေပြီ။

“သမီးဝမ်းနည်းလိုက်တာအမေရယ်အရင်လိုရုံးပိတ်ရက်တွေမှာအမေနဲ့အတူသားအမိတွေအိမ်အလုပ်တွေလုပ်ရင်းစကားတွေတစ်ဝကြီးပြောချင်လိုက်တာအမေ”

“အစ်မကြီးအမိအရာမို့မိဘတွေအပေါ်မှာကောကျန်တဲ့မောင်နှမသုံးယောက်စလုံးအပေါ်မှာရောသမီးစောင့်ရှောက်ချင်လိုက်တာအမေဒီလိုဘာမှန်းမသိတဲ့ရောဂါကြီးကိုလဲသမီးစိတ်ကုန်လှပြီဆေးရုံတက်လာတာလဲ (၆) လလောက်ရှိပြီမို့မိသားစု့တွေလဲငွေကုန်လူပန်းနဲ့မို့အမြန်ဆုံးလဲပျောက်ချင်လှပါပြီအမေရယ်”

ခဏအကြာမှတော့ပြင်ပမှဌားရမ်းထားတဲ့အကူNurse လေးရောက်ရှိလာပြီးကိုယ်လက်သန့်စင်ပေးပြီးနှာခေါင်းပိုက်မှတစ်ဆင့်အစာ ​ေကျွးဖို့ပြင်ဆင်နေပါတယ်ခုတင်ရဲ့ခေါင်းရင်းဘက်မှာပါမောက္ခချုပ်ဆရာတော်ရဲ့တရားခွေလေးကိုလက်ကိုင်ဖုန်းမှတစ်ဆင့်ဖွင့်ထားပေးတဲ့အတွက်စိတ်ထဲမှာအေးချမ်းလို့နေပါတယ်။

ထိုအေးချမ်းမှု့လေးကိုနှလုံးသွင်းဆင်ခြင်နေတုန်းမှာပင်

“အစ်မကြီးရေဆေးမသောက်ခင်ခံနိူင်ရည်ရှိဖို့အစာစားထားဖို့လိုအပ်လို့မနက်စာစားရအောင်နော်”

“ဟင်အင်း”

“မစားချင်ဘူး”

“မစားချင်ဘူး”

“တောင်းပန်ပါတယ်”

“အရင်လိုအမေ့လက်ရာခရမ်းချဥ်သီးငါးပိချက်တစ်ခွက်နဲ့တို့စရာအစုံစားရရင်ကြေနပ်ပါပြီ”

“အစ်မကိုအမေ့လက်ရာထမင်းဟင်းလေးဘဲ ​ေကျွးပါနော်”

“အိမ်ထမင်းအိမ်ဟင်းလေးဘဲစားပါရစေနော်”

အကြိမ်ကြိမ်ငြင်းပယ်ရင်းအားစိုက်ပြီးပြောလိုက်တဲ့စကားလုံးတိုင်းဟာနူတ်ဖျားမှထွက်ပေါ်မလာတော့ဘဲရင်ထဲမှာပင်တစ်ဆို့ပျောက်ကွယ်သွားလေပြီ

နှာခေါင်းပိုက်မှအစာတွေ ​ေကျွးပြီးသိပ်မကြာခင်မှာခါးသက်လှတဲ့ဆေးခါးကြီးတွေနှာခေါင်းပိုက်မှတစ်ဆင့်ဝမ်းထဲကိုအတားအစီးမဲ့ဝင်ရောက်လာပြီဖြစ်ပါတယ်

“အား”

“ခါးလိုက်တာ”

“ဒီဆေးတွေမသောက်ချင်တော့ဘူးအမေ”

“သမီးသေချင်သေပါစေတော့”

“Nurse ကိုလဲပြောပေးပါနော်သမီးကိုဆေးတွေထပ်မတိုက်ပါနဲ့တော့လို့အမေ”

“အမေကနှစ်သိမ့်ပြုံးလေးပြုံးရင်းကြည့်နေတဲ့အခိုက်တန့်မှာသမီးရင်ထဲမှာအေးချမ်းလိုက်တာအမေရယ်”

“အမေ့အပြုံးတွေကြားကမျက်ဝန်းထဲမှာမျက်ရည်ကြည်တစ်စွန်းတစ်စကိုသမီးတွေ့မြင်နေရတယ်”

“သမီးစိတ်မကောင်းလိုက်တာအမေရယ်”

“ဒီတစ်ခါNurseလေးကိုသေချာပြောပေးပါနော်အမေသမီးရဲ့အနားကအမြဲမခွါဘဲပြုစုပေးတာကျေးဇူးတင်ပါတယ်လို့”

“အရင်တုန်းကအပြင်ကဌားတဲ့Nurseတွေကအမေတို့ကွယ်တာနဲ့သမီးကိုဆေးတွေလဲမှန်မှန်မတိုက်ကြဘူး၊အစာကျွေးချိန်လဲမမှန်ဘူးအမေရယ်”

“တစ်ခါတစ်လေသမီးကိုဆေးတိုက်တာအချိန်တွေလွန်ပြီးမနက်ဆေးနဲ့နေ့လည်ဆေးတွေပေါင်းပြီးတိုက်ကြတယ်အမေ”

“သမီးရဲ့နူတ်ဖြားကဘာမှမပြေနိူင်၊ခန္တကိုယ်ကမလှုပ်ရှားနိူင်တာမို့သူတို့ပြုသမျှနုနေရတဲ့ဘဝပါအမေရယ်”

“တစ်ခါတစ်လေအမေတို့အိမ်ကိုခဏပြန်သွားတဲ့အချိန်ဆိုရင်ဖုန်းတစ်လုံးနဲ့တစ်နေလုံးFbသံုးရင်းအချိန်ဖြုန်းနေလိုက်တာတစ်နေကုန်ပါဘဲအမေရယ်ဝမ်းတွေသွားထားတာကိုတောင်ကိုယ်လက်သန့်စင်မပေးလို့သမီးတစ်ကိုယ်လုံးပေကြံပြီးနံစော်နေပြီအမေ”

“သမီးရောဂါအခြေအနေကိုသမီးသိတာမို့မိသားစုအိမ်လေးကိုပြန်ကြရအောင်နော်”

နေသာတဲ့နေ့လေးတစ်နေ့ရဲ့နေလည်ပိုင်းသာယာတဲ့အချိန်လေးမှာAmbulanceကားလေးဟာဗိုလ်ချုပ်လမ်းမှတစ်ဆင့်ရွှေတိဂုံဘုရားလမ်းပေါ်သို့ချိုးကွေ့လိုက်ပြီးဦးထောင်ဘိုအဝိုင်းကိုပတ်ပြီးကမ္ဘာအေးဘုရားလမ်းအတိုင်းတောင်ဥက္ကပမြို့နယ်ရှိအဖေခေါင်းချခဲ့တဲ့အိမ်လေးဆီကိုဦးတည်လို့်နေပါတယ်။

“လူနာတင်ယာဥ်ရဲ့ဉဩသံဟာသမီးနားထဲမှာနာပျော်ဖွယ်ဖြစ်နေတယ်အမေရယ်”

“အိမ်လေးကိုလဲလွမ်းလှပြီ”

အိမ်ကိုပြန်ရောက်တော့လဲဆေးရုံမှာလိုပင်ပိုက်ပေါင်းစုံတပ်ဆင်ထားရတုန်းပါ။

“လူနာလာမေးကြတဲ့ရုံးကသူငယ်ချင်းတွေရပ်ကွက်ထဲကကျောင်းနေဘက်သူငယ်ချင်းတွေကိုစကားတွေပြန်ပြောချင်လိုက်တာအမေရယ်”

“နူတ်ဖျားကစကားလေးတစ်ခွန်းတောင်ပြောဖို်အားမရှိတော့ပါဘူးအမေသမီးခဏလေးအိပ်လိုက်အုံးမယ်နော်”

“အိပ်လို့ကောင်းလိုက်တာ”

“သမီးကမ္ဘာကြီးအေးချမ်းသွားပြီအမေ”

“သမီးအသက်လဲဝဝရှုခွင့်ရပြီအမေ”

“လေထဲမှာတိမ်ဆိုင်တစ်ခု့လို့လွတ်လပ်ပြီးပေါ့ပါးနေလိုက်တာ”

“ဟာ”

“ပြန်ကြည့်လိုက်တော်ငါ့ရဲ့အိမ်လေးဟာဟိုးအောက်ဘက်မှာပါလား”

“အိပ်နေသလိုမျိုးအသက်ကင်းမဲ့နေတဲ့အလောင်းတစ်လောင်း”

“ဟာ”

“သေဆုံးသူဟာငါကိုယ်တိုင်ပါလား”

“အမေငိုနေတာရှိုက်ကြီးတစ်ငင်နဲ့သနားစရာကောင်းလိုက်တာ”

“သမီးတစ်ကယ်မသေဘူးအမေရယ်အိမ်မက်မက်နေတာပါ”

“အရမ်းကြီးမငိုပါနဲ့နေ​ာ်အမေသမီးဖက်ပြီးနှစ်သိမ့်ပါရစေ”

“ဟင်”

“အမေ့ကိုယ်လုံးအစားလေဟာနယ်ကိုဘဲဖက်မိတော့တယ်”

“အရာအားလုံးဟာအေးစက်နေတယ်”

“သမီးမသေသေးဘူး”

“သမီးမသေသေးဘူး”

မကြာမှီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သန့်ရှင်းရေးဌာနကအလောင်းသယ်ယာဥ်ရောက်ရှိလာပြီးသမီးကိုခေါ်သွားကြပြီ

ကားကြမ်းပြင်ထက်ကSteelဗန်းရဲအထိအတွေ့ကအမေ့အိမ်ရဲ့မွေ့ယာလိုမနူးညံ့ဘူးအေးစက်မာကြောတင်းထုံနေတယ်၊ဘေးကပ်လျက်မှာဘဝတူအေးစက်နေတဲ့အလောင်းတစ်လာင်းနဲ့အတူရေဝေးသုဿန်ရဲ့အအေးခန်းအကန့်တစ်ကန့်စီထဲကိုရောက်ရှိသွားပါတယ်။

“အထဲမှာမှောင်မဲပြီးအေးစက်နေလိုက်တာ”

“အမေ့အိမ်နဲ့တော့အရသာကွာလိုက်တာ”

“ကြောက်လိုက်တာအမေရယ်”

“သမီးတစ်ကယ်သေသွားပြီပေါ့နော်”

“သမီးရဲ့အလောင်းကိုသဂြိုလ်တော့မယ့်နေ့မနက်ပိုင်းအမေ့အိမ်လေးမှာဘုန်းဘုန်းတွေပင့်ပြီးမြေဆင်းသပိတ်သွပ်နေတာသမီးသိတယ်အမေ”

“တရားနာလို်အပြီးရေစက်ချအမျှဝေနေချိန်အမြဲလိုလိုသနပ်ခါးအဖွေးသားနဲ့ကျက်သရေရှိနေတဲ့အမေ့ရုပ်ရည်ဟာသနပ်ခါးတွေကင်းမဲ့နေပြီးတစ်ဘက်အနွမ်းကလေးပုခုံးပေါ်တင်ပြီးရေစက်ခွက်ကိုင်ထားတဲ့အမေ့လက်တွေတုန်ရီနေတဲ့မြင်ကွင်းကိုသမီးမကြည့်ရက်ဘူးအမေရယ်”

“မနက် (၁၁) နာရီလောက်မှာတော့ရေဝေးသုဿန်ရဲ့ခန်းမ (၁က) မှာသမီးအိပ်စက်ဖို့နေရာလေးရပြီအမေ”

“သမီးရဲ့ခန္တာကိုယ်လေးလှလှပပလှဲလျှောင်းနေတယ်သမီးသိပ်ချစ်လှတဲ့ဌာနရဲ့အဖြူရောင်အကျီလေးနဲ့ကာကီရောင်ထမိန်လေးနဲ့ပေါ့အမေ”

“သမီးအကျီရဲ့ပုခုးံထက်မှာငွေရောင်ကြယ်ပွင့်လေးတွေလင်းလက်နေတာကျက်သရေရှိလိုက်တာအမေရယ်”

“သမီးဌာနရဲ့ယူနီဖောင်းလေးမဝတ်ရတာကြာပြီလေအခု့တော့နောက်ဆုံးအနေနဲ့ဝတ်ရလို့ကြေနပ်ပါတယ်လေ”

“ဟော”

“အမေရင်ကွဲမတတ်ငိုနေပြီ”

“တိတ်ပါတော့နော်”

“ေတာ်ကြာနေရင်သမီးရဲ့ရုံးကလူကြီးတွေရောက်လာပြီးအမိန်စာပြန်ကြတော့မယ်အမေ”

“တားလို့ရရင်တားပေးပါနော်”

“အမေ”

“အမေ”

“လူကြီးတွေရောက်လာကြပြီအမိန်စာပြန်တော့မယ်သမီးနားထောင်လိုက်အုံးမယ်နော်”

“ဒေါ်အေးအေးချမ်း”

ှ”လဝက (၅၅၆၂)”

“ဒုလဝကမှူး”

“နားထောင်ပါ”

“သင်သည်ဌာနရဲ့လုပ်ငန်းတာဝန်များကိုကျွေပွန်စွာဆောင်ရွက်ခဲ့ပြီးသင့်ရဲ့ကြိုးစားအားထုတ်မှု့နဲ့လုပ်ဆောင်ချက်များအပေါ်မှတ်တမ်းတင်ဂုဏ်ပြုရင်းအသိအမှတ်ပြုပါတယ်”

“သို့ရာတွင်ယခု့အခါသင်သည် (၉၆) ပါးရောဂါကြောင့်ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားပြီဖြစ်လို့”

“သင်သည်ငါတို့နဲ့မသက်ဆိုင်တော့ပါ၍သင့်အားဌာနမှကြေနပ်စွာထုတ်ပယ်လိုက်ပြီးဖြစ်ပါ၍ယခု့မှစ၍သင်သွားလိုရာသွားနိူင်ပြီ”

“ဌာနကအမိန့်စာပြန်ပြီးပြီအမေသမီးသွားရတော့မယ်”

သုဿန်မှတာဝန်ရှိသူတွေလှည်းကိုသဂြိုလ်စက်ထဲထည့်ဖို့တွန်းယူသွားကြပြီ

“ဂျိမ်း”

“သုဿန်ရဲ့မီးသဂြိုလ်စက်တံခါးကြီးပိတ်သွားပြီးရခဲ့လှတဲ့လူ့ဘဝတစ်ခု့မီးခိုးငွေ့အဖြစ်ပျောက်ကွယ်ရပေအုံးတော့မယ်”

“အမေတို်ပြန်ပါတော့နော်”

“အမေတို့ကားတန်းကြီးဆုံးသွားတော့မှသမီးလိုရာသွားပါရစေတော့နော်”

“ဘဝဆက်တိုင်းမှာဖြစ်တည်ခွင့်ရခဲ့ရင်အမေရဲသမီးအဖြစ်နဲ့ဘဲမွေးဖွားလာခွင့်ပေးပါနော်အမေ”

“ဘဝခြင်းခြားနားခဲ့ပြီမို့နောက်ဘဝတွေသာရှိခဲ့ရင်အမေ့သမီးအဖြစ်နဲ့ကျေးဇူးတွေထပ်ပြီးဆပ်ပါရစေအမေရယ်”

ပြီးပါပြီး