” သရဲနှင့် အတူနေသူ ” (စ/ဆုံး)

Unicode Version

” သရဲနှင့် အတူနေသူ ” (စ/ဆုံး)
——————————

အချိန်က ညရှစ်နာရီကျော်ပြီ။ ရွာအစွန်မကျတကျ
အိမ်တစ်လုံးအတွင်းမှာ ညစာအတွက် ထမင်းပွဲ
ပြင်နေသည်။

“ကဲ …အားလုံး ခူးပြီးပြီ ။ လက်ဆေး…စားလို့ရပြီ။
ဒါက ငါးခူကြော် …ဒါက ငါးပိထောင်း…သရက်သီးနဲ့
ကြော်ထားတာ …ဒါက ငါးပိလိမ္မာချက်၊ တို့စရာ
ကတော့ မြင်တဲ့အတိုင်းပဲ ဘူးရွက်ပြုတ်။
ရှင် ထမင်းစားမြိန်မှာပါ”

ဒေါ်မြင့် …ပါးစပ်က အမျှင်မပြတ်ပြောပြီး
ထမင်းပွဲရှေ့ရောက် ပြင်ဆင်ပေးနေသည်။

ခင်ပွန်းဖြစ်သူ ဦးမိုးထွေးက စကားနည်းလှသည်။
သူ့အတွက် ပြင်ဆင်ပေးသောနေရာမှာ ဝင်ထိုင်ရင်း
ထမင်းကို မြိန်ယှက်စွာ စားနေသည်။

“ဒီနေ့အချိန်မရလို့ အရည်သောက်ဟင်း
မချက်လိုက်ရဘူး။ ဓါတ်ဘူးထဲမှာ ရေနွေးကျိုပြီး
ထည့်ထားတယ်။ ဟင်းရည်သောက် အစား
ရေနွေးသာ သောက်ပေတော့ ”

ဦးမိုးထွေးကတော့ ဘာမှပြန်မပြော ထမင်းသာ
ခေါင်းငုံ့စားနေသည်။

“ထမင်းယူမယ်ဆို…ပြော”

ဒေါ်မြင့်ပါးစပ်ကပြော၊ စားလည်းစား၊ လင်ဖြစ်သူအား
ဟင်းခပ်ထည့်ပေးလိုက် ဆက်တိုက်လှုပ်ရှားနေသည်။

“ဟင်…ကိုထွေး…ထမင်းတစ်ပန်းကန်တည်းလား
ထပ်မထည့်တော့ဘူးလား”

ဦးမိုးထွေးက ထမင်းကို လက်စသတ်လိုက်ပြီး
စားထားသော ပန်းကန်ကို လှမ်းပေးလိုက်သည်။

“ကဲ …ဝပြီဆိုရင်လည်း ရေနွေးကြမ်းထည့်သောက်။
ရှင် အိမ်ရှေ့သွားချင်သွား ကျုပ်စားလက်စ
ဆက်စားလိုက်ဦးမယ် သိမ်းဆည်းပြီးမှ လာခဲ့မယ်”

ဦးမိုးထွေးလည်း အိမ်ရှေ့သို့ ဖန်ခွက်နှင့် ရေနွေး
ဓါတ်ဘူးယူကာ ထွက်သွားသည်။ ဒေါ်မြင့် ထမင်းစားရင်း
ကျန်ခဲ့သည်။ ဒေါ်မြင့်က အမြဲနှစ်ပန်းကန်ခန့်
စားသူ ဖြစ်သည်။ ဦးမိုးထွေးကတော့ တစ်ပန်းကန်
သာလျှင် အမြဲစားသည်။ ထမင်းပန်းကန်ထဲ
များများထည့်ပေးလျှင်လည်း အကုန်စားသည်။
နည်းနည်းထည့်ပေးလျှင်လည်း နည်းနည်းပဲစားသည်။

ဟိုယခင်က ယခုကဲ့သို့မဟုတ်၊ ဦးမိုးထွေး
စကားပြောသည်။ အပျော်အပါး အသောက်အစား
လည်းရသည်။ သူ၏အလုပ်က အဝေးပြေး
ကုန်တင်ကားမောင်းသော အလုပ်ကို
လုပ်ကိုင်နေသူ ဖြစ်သည်။ သို့ကြောင့်
အသောက်အစားလည်း ရှိသလို အပျော်အပါး
လည်း ရှိသည်။ ယခုတော့ အခြေအနေက
ပြောင်းသွားပြီ ဖြစ်သည်။

ယခင်ကကဲ့သို့ ကုန်တင်ကားကိုလည်း
မမောင်းတော့ အိမ်မှာပဲ အမြဲနေသည်။
ဇနီးဖြစ်သူက အိမ်ရှေ့မှာ ကုန်စုံဆိုင်လေး
ဖွင့်ထားသည်။ ထိုဝင်ငွေဖြင့် လင်မယားနှစ်ယောက်
တင့်တင့်တယ်တယ် အေးအေးလူလူ
နေထိုင်စားသောက်နိုင်သည်။

သူတို့ အိမ်က ရွာအစွန် မကျတကျပေမယ့်
အိမ်ခြေက သိပ်မကျဲလှ အရောင်းအဝယ်
အိမ်ဖြစ်သဖြင့် လူဝင်လူထွက် အမြဲရှိသည်။
အိမ်နှင့် စျေးဆိုင်က ဆယ်ပေခန့်ကွာသည်။
ဒေါ်မြင့်စျေးရောင်းနေပေမယ့် မိတ်ဆွေမထား။
ရွာသူရွာသားတို့နှင့် ရင်းရင်းနှီးနှီး နေလေ့မရှိ။
အိမ်လည်လာရန် မည်သူ့ကိုမျှ ခေါ်လေ့မရှိ။

စျေးဝယ်လာသူများက ဆိုင်မှာပင် ကိစ္စပြီးပြတ်သဖြင့်
ဝယ်ပြီး ပြန်ကြသည်သာ ဖြစ်သည်။ ဒေါ်မြင့်၏
အိမ်က သုံးပင်နှစ်ခန့် ပျဉ်ကာ၊ သွပ်မိုး၊ ပြတင်းပေါက်ကို
မှန်ဖြင့် ပြုလုပ်ထားသည်။ ခြံအတွင်းမှာလည်း
အရောင်းအဝယ်ပါး၍ အားသည့်အချိန်
ရာသီပင်များ စိုက်ပျိုးထားသည်။

ဘူးသီးပင်၊ ပဲပုဇွန်၊ ပဲတောင့်ရှည်ပင် များကို
စင်ထိုးပြီး တင်ထားသည်။ ရုံးပတီသီးပင်များကို
မြောင်းဖော်ပြီး စိုက်ပျိုးထားသဖြင့် ရာသီစာ
အသီးအနှံကို ခြံထဲမှာပင် ခူးဆွတ်စားသုံးနိုင်သည်။
ဘူးညွှန့်၊ ပဲညွှန့် တို့ကိုလည်း ပိုလျှံ၍ ဆိုင်မှာ
တင်ပြီး ရောင်းရသည်။

ခင်ပွန်းဖြစ်သူက ဇနီးဘာချက်ချက် ဘာမှ ချိုသည်၊
ခါးသည် မပြော။ အိမ်ထဲကနေ အိမ်ပြင်လည်းမထွက်။
ခြံကိစ္စ၊ စျေးရောင်းကိစ္စ သူဘာမှ ဝင်မလုပ်၊
ထမင်းစားချိန်ရောက်မှသာ လက်ဆေးပြီး
ဝင်စားသည်။

“ကဲ …ကိုထွေး စျေးဆိုင်ကို နားစွင့်ထားဦး၊
ကျုပ် ညစာအတွက် ခြံထဲမှာ ဟင်းသီးဟင်းရွက်
ဆင်းခူးလိုက်ဦးမယ် ၊ လူလာရင် အချက်ပေးလိုက်”

ဒေါ်မြင့်က ပြောပြောဆိုဆို ခြံထဲဆင်းသွားသည်
ထိုအချိန်ထိ စျေးဝယ်သူတစ်ယောက်မှ ရောက်မလာ၊
ဒေါ်မြင့် ပဲပုဇွန်အနည်းငယ်နှင့် ဘူးညွှန့် အနည်းငယ်
ခူးပြီး ပြန်လာခဲ့သည်။ ထမင်းက ချက်စရာမလို၊
မနက်ကတည်းက ချက်ထားသော ထမင်းညစာ
အတွက် ကျန်သေးသည်။

မနက်က ချက်စားသော ဝက်သားဟင်းက
ကိုထွေးတစ်ယောက်စာသာ ကျန်တော့သဖြင့်
သူ့အတွက် ပဲပုဇွန်သီးကြော်စားမည်။
ဘူးညွှန့်နှင့် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းထည့်ပြီး
အရည်သောက်တစ်ခွက် ချက်မည်ဖြစ်သည်။

သူတို့ရွာမှ လျှပ်စစ်မီး ရရှိခဲ့သည်မှာ
သုံးနှစ်ခန့် ရှိပြီ။ သို့ကြောင့် ထမင်းဟင်းချက်ရာမှာ
လျှပ်စစ်မီးကိုသာ အသုံးပြုကြသည်။

ပဲသီးကြော်ပြီးသည်နှင့် ဘူးညွှန့်အရည်သောက်ဟင်းအိုး
တည်ထားပြီး ဆိုင်ထဲပြန်ဝင်လာပြီး မီးဖိုကိစ္စ
လက်စဖြတ်လိုက်သည်။ မီးဖိုကိစ္စလည်းပြီးပြီ။
ချစ်လင် ကိုထွေးအတွက် ရေနွေးတစ်အိုးတည်ပြီး
ဓါတ်ဘူးအတွင်း ထည့်ပေးလိုက်သော ဆိုင်ထိုင်ရန်
ထွက်လာခဲ့သည်။

ဆိုင်မှာ စထိုင်ဖြစ်တော့ သုံးနာရီခွဲကျော်ပြီ။
ထိုအချိန်နောက်ပိုင်း ထမင်းဟင်းချက်ပြုတ်ချိန်
ရောက်လာသဖြင့် စျေးဝယ်သူများ တစ်ယောက်စ
နှစ်ယောက်စ ရောက်လာကြတော့သည်။
ညရှစ်နာရီရောက်သည်နှင့် ဆိုင်သိမ်းပြီး
အိမ်ထဲပြန်ဝင်လာခဲ့သည်။

“ကိုထွေး ထမင်းဆာပြီလား၊ ခဏနေရင်
စားရတော့မယ် ပန်းကန်တွေ ဆေးလိုက်ဦးမယ်။
ပျင်းရင် မီးဖိုခန်းထဲ လာခဲ့လေ…ထမင်းစားခုံမှာ
ထိုင်နေပေါ့။ ထမင်းထည့်ပြီးရင် တစ်ခါတည်း
ဝင်စားလိုက်၊ လာမယ်ဆိုရင် ဓါတ်ဘူးနဲ့
ရေနွေးပန်းကန်ယူခဲ့၊ ခဏနေဦးနော်
ဟင်းချိုရေဆူအောင် ပြန်တည်လိုက်ဦးမယ်၊
ဘူးညွန့်နုနုလေးတွေ နူးတာနဲ့ စားလို့ရပြီ”

ဒေါ်မြင့် ထမင်းခူးပြီး ဦးမိုးထွေးကိုပန်းကန်
လှမ်းပေးလိုက်သည်။ တစ်ပန်းကန်ပြီး
တစ်ပန်းကန် လှမ်းပေးနေသည်။
ထိုအချိန် ရွာထဲမှ ဒေါ်မြင့်မိတ်ဆွေ ဒေါ်တင်စိန်
အိမ်ထဲကို ဝင်လာသည်။ လွန်ခဲ့သော
နှစ်ရက်က ကုန်ခြောက်အကြွေးဝယ်ထားသည်။

ဒီနေ့ ဆိုင်မပိတ်ခင် ပိုက်ဆံပေးမည်ဟု
ကတိထားပြီး ယူသွားခြင်းဖြစ်သည်။
အပြင်မှပြန်ရောက်ချိန် နောက်ကျသဖြင့်
ဆိုင်သိမ်းချိန် မမှီလိုက်။ သို့ကြောင့်
ကတိမပျက်ချင်သဖြင့် အိမ်ထဲဝင်ပေးမည်ဟု
အကြံရပြီး ခြံတံခါးဖွင့်ကာ အထဲဝင်လိုက်သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီး ဒေါ်မြင့်အား
အသံပြုပြီးခေါ်လိုက်မည်ဟု ပြင်လိုက်စဉ်
အိမ်ထဲမှ စကားသံကြား၍ အသံမပြုတော့ဘဲ
ခြေဖွပြီး ဝင်လာခဲ့သည်။ ဒေါ်မြင့်အိမ်
မီးဖိုက အိမ်ဘေးဆောင်ကပ်ဖြစ်သည်။
မှန်ပြတင်း မမှီတမှီကို ခြေဖျားတောက်ပြီး
ကြည့်လိုက်မိသည်။

“ဟင် …ဘယ်လိုပါလိမ့်”

အတွင်းက အသံကို နားစွင့်ပြီး အကဲခတ်လိုက်သည်။

“အင့် ဒီမှာ ဟင်းပန်ကန်ကမ်းယူပါဦး”

ဒေါ်မြင့်က ဟင်းပန်းကန်ကို ကမ်းပေးလိုက်သည်။
ဦးမိုးထွေးက ဟင်းပန်းကန်ကို လှမ်းယူပြီး ခုံပေါ်
ညင်သာစွာ ချထားလိုက်သည်။

“ဟင်…ဘယ်လိုပါလိမ့်”

“ကဲ…စားလို့ရပြီ ”

ဒေါ်မြင့်လည်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။
ဟင်းပန်းကန်ထဲမှ ဟင်းဇွန်းခပ်ပြီး လင်ဖြစ်သူ
ပန်းကန်အတွင်း ဦးချပေးလိုက်သည်။

“လက်မဆေးချင်ဘူးလား၊ မဆေးချင်လည်း
ဇွန်းနဲ့ ခပ်စား ဇွန်းတစ်ချောင်း ယူပေးမယ်”

ဒေါ်မြင့်က နောက်ဘက်သို့လှည့်၍ ဇွန်းတစ်ချောင်းကို
လှမ်းယူလိုက်ပြီး ရှေ့သို့ ကမ်းပေးလိုက်သည်။
ဦးမိုးထွေးက ဇွန်းကို လှမ်းယူလိုက်ပြီး ထမင်းကို
ခပ်စားသည်။ ဟင်းပန်းကန်ထဲမှာ ရှိသော
ဇွန်းနှင့် ဟင်းခပ်ယူလိုက်၊ ထမင်းပန်းကန်ထဲက
ဇွန်းနှင့် ထမင်းကို ခပ်ယူလိုက် မှန်မှန်စားနေသည်။

ဒေါ်တင်စိန် မိမိမျက်လုံးကို ပွတ်ကြည့်လိုက်သည်။

အမြင်မှားနေသည်မဟုတ်၊ ဒေါ်မြင့်ရှေ့မှာ မြင်နေရသော
မြင်ကွင်းက ဒေါ်တင်စိန်အတွက် အထူးအဆန်းဖြစ်နေသည်

“ဘယ်လိုလဲ…မမြင်ရှေ့မှာ ဘယ်သူမှမရှိဘဲ
ဘယ်က ဘယ်လိုဇွန်းတွေ မြောက်မြောက်လာနေရတာလဲ။
ဟော ဓါတ်ဘူးထဲက ရေနွေးကို လူမတွေ့ရဘဲ
ငှဲ့နေတယ် …ဟင်…ဟို…လူမတွေ့ရဘဲ သောက်နေပြီ…”

ဒေါ်မြင့်အိမ်မှ …ဒေါ်တင်စိန်လည်း ခြေဖွနင်းပြီး
နောက်ကြောင်း ပြန်လှည့်ခဲ့သည်။ ဒေါ်မြင့်တို့
ကတော့ ထမင်းစားကောင်းတုန်းရှိသေးသည်။

XXXXX

ဒေါ်မြင့်တွင် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က
ယောင်္ကျားဖြစ်သူ ဦးမိုးထွေးတစ်ယောက် ဒရိုင်ဘာ
အလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။
အဝေးပြေးယာဉ်မောင်း ဖြစ်သဖြင့် တစ်ခေါက်ထွက်လျှင်
အနည်းဆုံး ငါးရက်ခန့်ကြာသည်။ နယ်စပ်ဘက်သို့
ထွက်လျှင် ဆယ်ရက် ဆယ့်ငါးရက်ခန့်ကြတတ်သည်။

တစ်ခေါက်ထွက်ပြီး ပြန်လာလျှင် အိမ်မှာ
နှစ်ရက်သုံးရက်နေရသည်။ ကုန်ကားပိုင်ရှင်လည်း
ကုန်အဆင့်ဆင့်ရှာထားသည်။ ထိုအခါ ကုန်ကို
ကားပေါ်တင်ပြီးသည်နှင့် ပြန်ထွက်ရသည်။
ကားတခေါက် ပြန်လာသည့်အခါ ဒေါ်မြင့်အတွက်
စျေးဖိုးလောက်ငအောင် ပေးခဲ့သည်။

ဒေါ်မြင့်က ထိုပိုက်ဆံကို အိမ်စျေးဆိုင်မှာ ထည့်ရင်းပြီး
သူက ခြံထွက်အသီးအနှံများဖြင့်သာ ချက်ပြုတ်
စားသောက်ခဲ့သည်။ သူတို့က ငယ်လင်မယား
အိမ်ထောင်သက် ငါးနှစ်ကျော်ခဲ့ပေမယ့်
သားသမီးမထွန်းကားခဲ့။ သို့ဖြင့် သူတို့၏
အိမ်ထောင်သက် (၆)နှစ်အရောက်မှာ
သာယာသော အိမ်ထောင်ရေးကို မုန်တိုင်း
တစ်ခု ဝင်ရောက်လာ တိုက်ခတ်ခဲ့သည်။

အကြောင်းကတော့ သူကားမောင်းသွားရသည့်
ခရီးမှာ လမ်းကြုံလိုက်နေသော အမျိုးသမီးတစ်ယောက်နှင့်
ကိုမိုးထွေးတို့ ငြိစွန်းခဲ့သည်။ ထိုအမျိုးသမီးနှင့်
ခရီးလမ်းတစ်လျှောက် သွားအတူ လာအတူ
နေအတူ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ သွားလာ
နေထိုင်ကြသည့်အကြောင်းကို ကားမောင်းသမား
အသိမိတ်ဆွေများ၏ ဇနီးမယားတို့က
တဆင့် မမြင့်နားမှာ မကြာခဏ ကြားလာရသည်။

တစ်ကြိမ်မဟုတ် မကြာခဏ ကြားရဖန်များလာသဖြင့်
ယောင်္ကျားဖြစ်သူ ပြန်လာတိုင်း ကားမောင်းအလုပ်ကို
စွန့်လွှတ်ပြီး အိမ်မှာပင် အိမ်ဆိုင်လေးတိုးချဲ့၍
လင်မယားနှစ်ယောက် စျေးရောင်းစားရန်
ဖျောင်းဖျပြောဆိုခဲ့သည်။ ကိုမိုးထွေးက
ဇနီးသည် စကားကို နားမထောင်ခဲ့၊ ထိုအချိန်က
ကိုမိုးထွေး၏အသက် (၃၅)နှစ် မမြင့်အသက်(၃၃)နှစ်
သာ ရှိသေးသည်။

မမြင့်က ကားမောင်းအလုပ်ကို စွန့်လွှတ်ရန်
ငိုယိုတောင်းပန်ပြောဆိုခဲ့သော်လည်း အကြောင်း
ထူးမလာဘဲ အခြေအနေက ပိုတင်းမာလာသည်။

“မင်း စိတ်ဆင်းရဲလည်း ခံမနေပါနဲ့တော့ကွာ၊
ကျုပ်ကိုသာ ကွာရှင်းလက်မှတ်ထိုးပေးပါ

“မဖြစ်ဘူး ရှင်နဲ့ ကျုပ် ဒီလောက်ပေါင်းသင်းလာပြီးမှ
ရှင်အပေါ် ကျုပ်…ဘာမှမကောင်းတာ မလုပ်ဘူး၊
ကွယ်ရာမှာလည်း မဖောက်ပြားဘူး ၊ လက်မှတ်လည်း
မထိုးပေးနိုင်ဘူး”

“မင်းပြောခဲ့သလိုပဲ ၊ ဒီလောက် မင်းနဲ့ ပေါင်းသင်းတာ
ကြာခဲ့ပေမယ့် ငါ့အတွက် သားသမီးတစ်ယောက်တောင်
မမွေးပေးနိုင်ဘူး”

“ဒါကတော့ ရှင်ချို့ယွင်းချက်လား၊ ကျမချို့ယွင်းချက်လား
ဘယ်သူသိနိုင်မလဲ”

“အိုကွာ …ငါမင်းကို မပေါင်းနိုင်တော့ဘူး၊
နောက်တစ်ခေါက် ပြန်လာရင် အဖြူအမည်း
သဲသဲကွဲကွဲ သိချင်တယ် ”

“ရှင်ဘက်က ဒီလောက် ခါးခါးသီးသီးဖြစ်နေမှာတော့
ရှင့်ကို ဆက်ပေါင်းနေလည်း အိမ်ထောင်ရေး
အဆင်ပြေမှ မဟုတ်ဘူး။ တစ်လလောက်တော့
အချိန်ပေးပါ ၊ ကျုပ်…စိတ်အေးလက်အေး
စဉ်းစားပါရစေ”

ကိုမိုးထွေးလည်း အိမ်မှာ တစ်ညအိပ်ပြီး
ကားပြန်ထွက်သွားသည်။ ထို့နောက်
တစ်လနီးပါးကြာသည်နှင့် ကိုမိုးထွေး
ပြန်ရောက်လာသည်။ ကိုမိုးထွေး ရောက်လာသည်နှင့်
အိမ်မှာ စားကောင်းသောက်ကောင်းဖွယ်များ
စီစဉ်ပေးထားသည်။

သူနှင့် လမ်းခွဲမည်ဟူ၍ ဆုံးဖြတ်ပြီးပါက
ကျေနပ်စွာ လက်မှတ်ထိုးပေးမည်ဟု
ပြောဆို အယုံသွင်းထားသည်။

အပြုံးမပျက်ဘဲ ဧည့်ခံကျွေးမွေးသည်။
ပြီးခဲ့သောအခေါက်က စကားများ
ရန်ဖြစ်ခဲ့သည်ကို ဘာမှမဖြစ်ခဲ့သလို
ပြောဆိုဆက်ဆံခဲ့သည်။ သူ့ နောက်ဆုံး
နှုတ်ဆက်သည့် အနေနှင့် ကျွေးမွေးတာပါ။
သူစိတ်ချမ်းသာအောင် အားရပါးရ စားပါဟူ၍
ပြောဆိုထားသဖြင့် ကိုမိုးထွေးလည်း
ဇနီးဖြစ်သူအပေါ် အထင်မှား အမြင်မှား
မရှိဘဲ ကျွေးသမျှ စားပြီးနေခဲ့သည်။

ဒုတိယညအတွက် ညစာအား ကိုမိုးထွေး
ကြိုက်သော ဝက်သားကို မနက်ကတည်းက
မှာပြီး အကောင်းဆုံး ချက်ထားသည်။
နောက်ရက်ရောက်လျှင် ဒေါ်မြင့်လက်မှတ်
ထိုးပေးမည်ဟု ကတိပေးထားသည်။

ဝက်သားဟင်းက မနက်စာ ညစာအတွက်
လုံလုံလောက်လောက် ချက်ထားသဖြင့်
ကိုမိုးထွေးအတွက်တော့ အကြိုက်ဖြစ်နေသည်။
ညစာစားသောအခါ ဝက်သားဟင်းကို
တစ်နေ့လုံးနှပ်ထားသဖြင့် နူးအိသည့်အတွက်
ကိုမိုးထွေးလည်း တခြား ဟင်းခွက်ကို
မနှိုက်တော့ဘဲ၊ ဝက်သားဟင်းကိုသာ
ဆက်တိုက်နှိုက်စားနေသည်။

ဟင်းပန်းကန်တစ်ဝက်အရောက်မှာ
ကိုမိုးထွေး ခေါင်းငိုက်စိုက်ကျသွားတော့သည်။
ထိုအချိန်မှစ၍ ကိုမိုးထွေးတစ်ယောက်
လူ့လောကထဲမှာရော၊ မမြင့်ထံပါးကပါ
ထာဝရထွက်ခွါသွားရပြီဖြစ်သည်။

မမြင့်က အသက်ကင်းမဲ့နေသော
ကိုမိုးထွေးကို ရှေ့မှာထား၍ ထမင်းကို
အစားအသောက်မပျက် ဆက်၍ စားနေသည်။

“ကဲ…ကျုပ်အနားက ရှင်ဘယ်မှာသွားလို့မရတော့ဘူး
မဟုတ်လား။ နောက်ကို ဟိုကောင်မဆီ သွားမယ်
ဆိုတဲ့စကား ပြောလို့လည်း မရတော့ဘူး။
ကဲ…အခုအချိန်ကစပြီး ကျမအနားမှာပဲနေတော့။
ရှင်စားချင်တာ ကျုပ် အကုန်ချက်ကျွေးမယ်။
ရှင် ဘာမှ လုပ်စရာမလိုတော့ဘူး ”

မမြင့်က ပြောရင်း ထမင်းကို ပြီးသည်အထိ
စားနေသည်။ ထမင်းစားပြီးသည်နှင့် စားသောက်ပြီးသော
ပန်းကန်များကို သိမ်းဆည်းနေသည်။
ဝက်သားလက်ကျန်များကို အိုးအတွင်းပြန်၍
ထည့်လိုက်သည်။ နောက်နေ့မှ ကျင်းတူးပြီး
မြေမြှုပ်ပစ်ရန် စိတ်ကူးကာ ပြန်သိမ်း
ထားလိုက်ခြင်းဖြစ်သည်။

အားလုံး သိမ်းဆည်းပြီးသည်နှင့် အသက်ကင်းမဲ့နေသော
ကိုမိုးထွေး၏ခန္ဓာကိုယ်အား လက်နှစ်ဖက်ကိုဆွဲ၍
အိမ်အနောက်ဘက် သစ်ပင်ကြီးအောက်သို့
တဖြည်းဖြည်း ဆွဲယူသွားသည်။

လွန်ခဲ့သော သုံးရက်မတိုင်ခင် ကိုမိုးထွေး
ပြန်လာမည့်ရက်ကို မှန်း၍ အိမ်အနောက်ဘက်
သစ်ပင်ခြေရင်းမှာ အနက်လေးပေ၊ အရှည်
ခြောက်ပေရှိ ကျင်းတစ်ကျင်းကို ကြိုတင်၍
ဒေါ်မြင့် တူးထားခဲ့သည်။

ကျင်းအပေါ်မှာ သစ်ကိုင်းများ ဖုံးအုပ်ထားသည်။
ခြံနောက်ဘက်သို့ မမြင့်တစ်ယောက်မှလွဲ၍
မည်သူလော။ ကိုမိုးထွေးလည်း အိမ်သာတက်သည်မှ
လွဲ၍ ခြံအတွင်း မမြင့် မည့်သည်အပင်များ
စိုက်ထားသနည်းဟူ၍ လိုက်၍မကြည့်ဘူး
ခြံအတွင်း တစ်ခေါက်မှ လမ်းမလျှောက်ဘူး။

ကျင်းနားသို့ အသက်ကင်းမဲ့နေသော
အလောင်းရောက်သည့်နှင့် သစ်ကိုင်းများကို
ဖယ်လိုက်ပြီး ကိုမိုးထွေးကို မြှုပ်ထားလိုက်သည်။

“ကဲ…ရှင် ကျုပ်နဲ့ပဲ နေတော့ ဘယ်မှမသွားရဘူး
ရှင်စားချိန် ရောက်ရင် ကျုပ်ကျွေးမယ်”

ထိုသို့ ပြောဆိုပြီး မြေဖို့ကာ သစ်ကိုင်းများကို
ဖုံးအုပ်၍ အိမ်သို့ ပြန်လာခဲ့သည်။
ရက်တွေ ကြာလာခဲ့သည် ။ ကိုမိုးထွေး
ကားထွက်သွားလျှင် ရက်ကြာတတ်ပြီး
ပြန်လာလျှင်လည်း အိမ်မှာ နှစ်ညသုံးညခန့်သာ
နေတတ်သဖြင့် မည်သူကမှ ဂရုတစိုက်
မရှိကြ။ လမှသည် နှစ်ကြာလာ၍
ရင်းနှီးသူအချို့က မေးလာသောအခါ
ကားမောင်းသည့် အလုပ်ထက် ကောင်းသော
ဝင်ငွေရသည့် မလေးရှားမှာ အလုပ်သွား
လုပ်နေသည်ဟု ပြောသည်။

အခြေအနေကောင်းမှသာ ပြန်လာလိမ့်မည်ဟု
ပြောကာ သတင်းလွှင့်ထားသဖြင့် မည်သူမျှ
စိတ်ဝင်တစား မမေးမြန်းကြတော့။ ကိုမိုးထွေး
သေဆုံးသွားခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိခဲ့ပြီ။
မမြင့်မှသည် ဒေါ်မြင့်အဖြစ်သို့ ကူးပြောင်းလာခဲ့သည်။

အချို့က စပ်စုကြသေးသည်။

“ဦးမိုးထွေးတစ်ယောက် မလေးရှားမှာ အလုပ်သွားလ
လုပ်နေတာ အတော်ကြာပြီနော် ပြန်မလာသေးဘူးလား”

“ဟိုမှာပဲ အိမ်ထောင်ကျနေပြီလား မသိဘူး။
သူသွားပြီးကတည်းက တစ်ခါမှ ငွေမပို့ဘူး”

ဟူ၍ မေးသူများကို စကားပြတ်ပြောခဲ့သည်။
ထိုအချိန်က ယောင်္ကျားအတော်များများ
ထိုင်း၊ မလေးရှား၊ စင်္ကာပူတိုင်းပြည်များသို့
ထွက်ပြီး အလုပ်လုပ်ကိုင်နေကြသော
အချိန်ဖြစ်၍ မည်သူမှ စပ်စပ်စုစုမရှိကြ။

ဒါပေမဲ့ ဒေါ်မြင့်အတွက်ကတော့ အထီးကျန်မဟုတ်ပါ။
ဦးမိုးထွေး၏ ဝိညာဉ်ကတော့ သူခေါ်ထားသည့်
အတိုင်း သူနှင့်အတူ ရှိနေပါသည်။စားချိန်တန်စား
အိပ်ချိန်တန်အိပ်သည်။ အိမ်တွင်းမှ အသေးစား
အကူအညီများ လုပ်ပေးနိုင်သည်။ ဘယ်သူမှ
မမြင်ကြပေမယ့် ဒေါ်မြင့်ကတော့ ဦးမိုးထွေးကို
လူအတိုင်းပင် မြင်နေရသည်။

XXXXXX

ဒေါ်တင်စိန်ဦးဆောင်၍ ဦးမျိုးမြင့်၊ ဦးခင်အောင်တို့
သုံးယောက် ညရှစ်နာရီကျော်သည်နှင့် ဒေါ်မြင့်၏
ခြံအတွင်းသို့ ဝင်နေကြသည်။ ဒေါ်မြင့်ဆိုင်ပိတ်ပြီး
အိမ်ထဲဝင်သွားသည့် အချိန်ကို အပြင်မှာ
စောင့်ကြည့်နေကြပြီး ဒေါ်မြင့် အိမ်ထဲဝင်သွားမှ
ခြံထဲလိုက်ဝင်ခဲ့သည်။

ထိုအချိန်ဆိုလျှင် ဒေါ်မြင့် ထမင်းစားချိန်ဖြစ်သည်။
သူတို့ ပြတင်းပေါက်မှ ချောင်းကြည့်ကြသည်။
ဒေါ်မြင့် ခူးခပ်ပေးနေသည်ကို ဦးမိုးထွေးက
ပန်းကန်များယူပြီး စားပွဲဝိုင်းပေါ် ချပေးနေသည်။

ဒေါ်မြင့်ကိုသာ သူတို့က မြင်ရသည်။
ဒေါ်မြင့်၏လက်မှ လွတ်သွားသော ပန်းကန်က၊
ထမင်းစား စားပွဲပေါ် ရောက်သွားသည်။
တစ်ပန်းကန်ပြီး တစ်ပန်းကန်ရောက်သွားသည်။

“ကိုထွေး ရေနွေးဓါတ်ဘူး မယူခဲ့ဘူးလား
သွား ယူလိုက်ဦး ဖန်ခွက်ပါ ယူခဲ့”

ဓါတ်ဘူးနှင့် ဖန်ခွက်က အိမ်ရှေ့မှနေ၍
ထမင်းစားပွဲရှိရာသို့ လေထဲမှ တရွေ့ရွေ့လာနေသည်ကို
တွေ့လိုက်ကြရသည်။ ဓါတ်ဘူးယူလာသူကို
မတွေ့ကြရ။ ဓါတ်ဘူးနှင့် ဖန်ခွက်က
စားပွဲပေါ်သို့ ညင်သာစွာ ရောက်ရှိလာသည်။

ဓါတ်ဘူးအဖုံးဖွင့်ပြီး ဖန်ခွက်ထဲသို့ ရေနွေးငှဲ့ထည့်ကာ
ထမင်း မစားခင် ရေနွေးတစ်ခွက်အား မော့သောက်
နေသည်ကို လူမမြင်ရဘဲ တွေ့ကြရသည်။
ထို့နောက် ဒေါ်မြင့်က လူမရှိသော သူ့ဘေးက
ထမင်းပန်းကန်ထဲသို့ ဟင်းခပ်ထည့်ပေးနေသည်ကို
တွေ့ရသည်။

“ကဲ…ကိုထွေးစား၊ ဒီနေ့တော့ ငါးခြောက်နဲ့
ပဲသီး ဆီပြန် ရောချက်ထားတယ်။ နောက်နေ့မှ
ရှင်ကြိုက်တဲ့ ဝက်သားဝယ်ချက်ကျွေးမယ်၊
ဒီမှာ ပဲသီးနုနု တို့စရာ၊ အပြုတ်လည်းရှိတယ်၊
ငါးပိရည်စပ်စပ်လေးနဲ့ ရှင်ထမင်းမြိန်မှာပါ”

ဒေါ်မြင့်က ပြောရင်း ဘေးမှာ ပန်းကန်းထဲသို့
ဟင်းများ ခပ်ထည့်ပေးနေသည်။ ထိုပန်းကန်မှာ
လူမရှိဘဲ ထမင်းလက်တစ်ဆုပ်စာ အပေါ်
မြောက်သွားပြီး လေထဲပျောက်သွားသည်။
ကြည့်နေသူတို့အံ့သြနေကြသည်။

“ဒါဆို သူ့ယောင်္ကျား မလေးရှားသွာတာ မဟုတ်ဘူးပေါ့”

“သူသေသွားလို့ သရဲဖြစ်ပြီး သူ့အိမ်မှာ
နေထိုင်စားသောက်နေတာဖြစ်မယ်”

“ကဲ လာ ပြန်ကြမယ်…တို့ကို တွေ့သွားလို့
မဖြစ်ဘူး ”

ဒေါ်မြင့်၏ ခြံအတွင်းမှ ဒေါ်တင်စိန်တို့
သုံးယောက် အပြင်သို့ ခြေဖွနင်းရင်း
ပြန်ထွက်လာခဲ့ကြသည်။ဦးမျိုးမြင့်၊
ဦးခင်အောင်၊ ဒေါ်တင်စိန်တို့ ဒေါ်မြင့်၏
ခြံထဲမှာ စကားပြောချင်သော်လည်း
မျိုသိပ်ထားရသည့်အတွက် ခြံပြင်
ရောက်သည်နှင့် မြင်တွေ့ခဲ့သော
အကြောင်းအရာများကို တစ်ယောက်တစ်မျိုး
ဝေဖန်နေကြသည်။

“ဒေါ်မြင့် …သရဲမွေးထားတာပဲ

“သူမို့ မကြောက်မလန့် သရဲတစ်ကောင်နဲ့
နှစ်ရှည်လများ နေနိုင်တယ် ”

“သူ့ယောင်္ကျားက ဘယ်အချိန်က သေတာလဲ၊
မလေးရှားမှာသေပြီး ဝိညာဉ်ရောက်လာတာများလား”

ဒေါ်မြင့်အိမ်ကအကြောင်းကို ဒေါ်တင်စိန်ကလည်း
ရွာထဲမှာ ဖောက်သည်ချသည်။ ဒေါ်မြင့် မသိပေမဲ့
ဒေါ်တင်စိန်၊ ဦးမျိုးမြင့်နှင့် ဦးခင်အောင်တို့ကြောင့်
တစ်ရွာလုံး ဦးမိုးထွေး မကျွတ်မလွတ်ဘဲ
သရဲဖြစ်ကာ ဒေါ်မြင့်နှင့်အတူနေကြာင်း
သိကုန်ကြသည်။ အချို့က သွားကြည့်ရန်
တိုင်ပင်ကြသည်။ အချို့ကတော့ ဆိုင်မှာ
စျေးဝယ်ရင်း မသိမသာ အကဲခတ်ကြသည်။

ထို့နောက်ပိုင်းမှစ၍ ဒေါ်မြင့်ဆိုင် အရောင်းအဝယ်
လူစည်းကားလာသည်။ ဒေါ်မြင့်ကလည်း
ခါတိုင်းထက် နှစ်ဆခန့် ရောင်းအားတက်လာသဖြင့်
စိတ်ထဲထူးဆန်းနေသည်။

စျေးလာဝယ်ကြသူများကလည်း စကားမရှိ
စကားရှာပြီး လျှောက်ပြောနေသလို မျက်လုံးများ
ကလည်း ဂနာမငြိမ် တစ်ဆိုင်လုံး မျက်စိ
လျှောက်ကစားနေသည်။ ဆိုင်အတွင်း ကြည့်ရုံ
အားမရသေး။ အိမ်ထဲကိုပါ လှမ်းကြည့်
တတ်ကြသေးသည်။

“ဟင် ဒီလူတွေရဲ့ အကြည့်ကို ငါတယ်သင်္ကာချင်ဘူး၊
အိမ်မှာ ကိုထွေးရှိနေတာကို သိတဲ့လူများ
ရှိနေပြီးလားပဲ”

ထို့နောက်ပိုင်း ပိပိရိရိ နေနိုင်သမျှနေရန် ဆုံးဖြတ်လိုက်
သည်။ ဒါပေမဲ့ ရွာထဲမှာ ထိုသတင်းကို စိတ်ဝင်စားမှုက
လျော့မသွားခဲ့ပါပေ။ တစ်နေ့ တစ်နေ့ ဒေါ်တင်စိန်၏
အိမ်၊ ဦးခင်မောင်၏အိမ်၊ ဦးမျိုးမြင့်တို့၏ အိမ်မှာ
နေ့စဉ် လူစည်ကားလျက်ရှိတော့သည်။

XxXXXX

တစ်ရက် ဦးခင်အောင်မျက်စိက အိမ်ရှေ့မှ
ဖြတ်သွားကြသော လူသုံးယောက်ကို
လှမ်းမြင်လိုက်သည်။ ထိုအခါ အနီးမှာ ထိုင်နေသော
ထွေးညွန့် ဆိုသည့် လူငယ်အား…

“ထွေးညွန့် သူတို့နောက် အမြန်လိုက်စမ်း၊
ဆရာတို့ကို သတင်းတစ်ခုပေးချင်လို့ ဟိုအိမ်ကို
ခဏလောက်လိုက်ခဲ့ပါဆိုပြီး ငါ့အိမ်ကို ခေါ်ခဲ့
…သွား မြန်မြန်”

အသက် ဆယ့်ရှစ်နှစ်ခန့်ရှိသော ထွေးညွန့်လည်း
သွက်လက်စွာ အိမ်ပေါ်ကဆင်းပြီး ဦးခင်အောင်
ခိုင်းသည့်အတိုင်း အမီပြေးလိုက်သည်။

“ဆရာတို့ ဆရာတို့ ခဏလောက်”

နောက်မှ အသံကြားသဖြင့် လျှောက်နေသော
ခြေလှမ်းတို့ တုံ့ရပ်သွားကာ နောက်သို့
လှမ်းကြည့်လိုက်သည်။

“ဆရာတို့ကို ဟိုအိမ်က ဦးလေးကြီးက
သတင်းတစ်ခု ပေးချင်လို့ အိမ်ကို ခဏလောက်
ဝင်ခဲ့ပါတဲ့ ”

သူတို့လည်း လူငယ်ခေါ်ရာ လိုက်ခဲ့သည်။
အိမ်ပေါ်သို့ တက်လာခဲ့သည်။

“ထိုင်ပါ ဆရာတို့ ”

“သတင်းပေးစရာရှိတယ်ဆိုလို့ လိုက်ခဲ့တာ
ပြောပါ …ကျတော်က အမှုလိုက်နယ်ထိန်း
ဒုရဲအုပ်ဝင်းကိုပါ ”

“ဒီလိုပါဆရာ …ကျတော်တို့ရွာမှာ သရဲနှင့်
အတူတူနေတဲ့ ဒေါ်မြင့်အကြောင်း ပြောချင်လို့ပါ”

“သရဲ …သရဲ…ဘာလဲ …ကျုပ်တို့က
သရဲဖမ်းပေးရမှာလား”

“အဲ့ဒီလိုတော့ မဟုတ်ပါဘူးဆရာ၊ ကျတော်ပြောမယ်
စကားတော့ ခဏလောက်သည်းခံပြီး ဆုံးအောင်
နားထောင်ပေးပါ ”

“အင်း…ပြော”

“ဒီအမျိုးသမီးရဲ့ယောင်္ကျားက အရင်ကုန်တင်ကား
ဒရိုင်ဘာပါ။ သူကားမောင်းထွက်သွားရင် ဝေးရင်
ဝေးသလို နီးရင် နီးသလို အိမ်ကို တစ်ပတ်ဆယ်ရက်
ပြန်မလာဘူး။ ကားပြန်ဝင်လာရင် အိမ်မှာ နှစ်ညသုံးည
အိပ်တယ်၊ ပြီးရင် ကားပြန်ထွက်တယ်၊ ဒီလိုနေရာက
သူ့အိမ်ကို သူ့ယောင်္ကျား အဝင်အထွက်
မလုပ်တာ နှစ်နဲ့ချီ ကြာပြီ လူတွေ သတိထားမိလို့
မေးတော့ မလေးရှားမှာ အလုပ်သွားလုပ်နေတယ်တဲ့၊
အဲဒီ့လို ပြောပြီး မလေးရှားသွားတဲ့ ယောင်္ကျားက
ပြန်မလာတော့ဘူး၊ ပစ္စည်းပို့တာ မကြားရဘူး။
ငွေလည်းမပို့ဘူး”

“ခင်ဗျားတို့ မသိတဲ့အချိန် ငွေနဲ့ ပစ္စည်း
ရောက်ချင်ရောက်မှာပေါ့။ တစ်ခေါက်နှစ်ခေါက်လည်း
ပြန်လာချင်ပြန်လာမှာပေါ့”

“အဲဒီလို မဖြစ်နိုင်ပါဘူး၊ သူက စျေးဆိုင်ဖွင့်ထားတာ
လူဝင် လူထွက်ရှိတာ သိနိုင်တာပေါ့။ တစ်အိမ်နဲ့
တစ်အိမ် အဝေးကြီးလည်း မဟုတ်ဘူး။ တစ်ယောက်
မဟုတ်တစ်ယောက် သိနိုင်တယ်ဆရာ”

“အင်း…ခင်ဗျားတို့ သူ့ကို ဘယ်လိုမသင်္ကာဖြစ်လို့လဲ၊
သူနဲ့သရဲ အတူနေတဲ့ အကြောင်း ရှင်းအောင်ပြောပါ”

“လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ဒေါ်တင်စိန်
ကြွေးဆပ်မယ်ဆိုပြီး သွားတာ။ ဆိုင်ပိတ်သွားလို့
အိမ်ထဲဝင်လိုက်သွားတယ်၊ ဒေါ်တင်စိန်လည်း
လှမ်းခေါ်မယ်ပြင်တုန်း မီးဖိုထဲမှာ စကားသံ
ကြားလို့ ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့မှ
အဖြစ်မှန်ကို သိရတယ်။ သူ့ရှေ့မှာ ထိုင်နေတဲ့
သရဲက ရှိနေတယ်။ ဒေါ်မြင့်က သူ့ယောင်္ကျား
နာမည်ခေါ်ပြီး သူရှေ့မှာ ချထားတဲ့ ပန်းကန်ထဲ
လှမ်းပြီး ဟင်းတွေ ထည့်ပေးတယ်။
ဒေါ်မြင့်ရဲ့ ရှေ့ကလူကို မတွေ့ရဘဲ၊
ဇွန်းနဲ့ ဟင်းတွေ ခပ်နေတယ်။ထမင်းတွေ
နှိုက်စားတယ်၊ဓါတ်ဘူးထဲက ရေနွေးငှဲ့
သောက်တယ်။ တစ်မျိုးပြီး တစ်မျိုး လူမရှိဘဲ
မျက်လှည့်ပြသလို ပစ္စည်းတွေ မြောက်မြောက်
မြင်ရတယ်။ ဒေါ်မြင့်ခြံထဲက ပြန်ထွက်လာပြီး
ကျတော်တို့ကို ပြောပြလို့ နောက်ည၊
သွားချောင်းကြည့်ကြတယ်ဆရာ။
သူ့ယောင်္ကျားရဲ့ နာမည်ကိုခေါ်ပြီး
ထမင်းစားခိုင်းတယ်၊ သူ့ရှေ့မှာ
လူတစ်ယောက်ရှိနေသလိုပဲ ကျနော်တို့လည်း
လူမမြင်ရဘဲ ဟင်းခပ်တာရော၊ ဟင်းချို
ခပ်သောက်တာရော၊ ထမင်းလုတ်ပါ
ပါးစပ်ထဲသွင်းတာရော၊ ဓါတ်ဘူးထဲက
ရေနွေးငှဲ့သောက်တာရော အားလုံး
ထူးထူးဆန်းဆန်းတွေ မြင်ရတယ် ”

“အင်း…နည်းနည်းတော့ စိတ်ဝင်စားသွားပြီ”

“ဟုတ်ပါတယ်ဆရာ၊ ကျနော့်အထင် သူ့ယောင်္ကျားဟာ
တကယ်ဘဲ မလေးရှားသွားတာလား၊ မလေးရှားမှာ
သေသွားတာလား၊ သူ့အိမ်မှာသာ သေသွားတယ်
ဆိုရင် အပြင်ကို ဘာကြောင့် သတင်းမပေါက်ကြား
တာလဲ၊ နည်းနည်းစိတ်ဝင်စားမိလို့ ဆရာတို့ကို
ခေါ်တိုင်ပင်တာ”

“ခင်ဗျားတို့ ပြောမှာပဲ စဉ်းစားမိတယ်။သူ့အိမ်မှာ
သေသွားတာလား၊ ဒီလိုဟာမျိုးက အစိမ်းသေ,သေမှ
သရဲကို ခေါ်ထားလို့ရတာ၊ တစ်ခါက အမှုမပေါ်လို့
ပယောဂအကြောင်း နားလည်တဲ့ ဆရာတစ်ယောက်နဲ့
ဝိညာဉ်ခေါ်ပြီး အမှုကို ဖော်ထုတ်ဖူးတယ်။အဲဒီ့
ဆရာက ပြောတယ်။ သဘာဝအတိုင်း ဝဋ်နာ
ကံနာနဲ့ သေချိန်တန်လို့သေတဲ့ ဝိညာဉ်တွေကို
ခေါ်ထားလို့ မလွယ်ဘူး ခိုင်းစားလို့လည်း
မရဘူးတဲ့။ ဒါပေမဲ့ အစိမ်းသေ၊ သေတဲ့
ဝိညာဉ်တွေကိုတော့ ခေါ်ထားလို့ရတယ်
ခိုင်းစားလို့လည်း ရတယ်။ မေးလို့ မြန်းလို့လည်း
လွယ်တယ်လို့ အဲဒီပယောဂဆရာက ပြောဖူးတယ်”

“ဒါဆို ဒီလူ ကားအက်ဆီးဒင့်ဖြစ်ပြီး အစိမ်းသေ,
သေခဲ့တာလား၊ ဒါမှမဟုတ် လင်မယား စကားများ
ရန်ဖြစ်ပြီး သေခဲ့တာလား စဉ်းစားစရာပဲ”

“ဒီအချိန် သွားလို့ မသင့်တော်ဘူး။ စစ်လို့ မေးလို့ရမှာ
မဟုတ်ဘူး။ အဲဒီ့ကိစ္စသိရအောင် ခင်ဗျားတို့ပြောတဲ့
ထမင်းစားချိန် ကျုပ်တို့ ခင်ဗျားတို့အိမ်ကို လာခဲ့မယ်”

“ဟုတ်ကဲ့ ဆရာတို့လာရင် ခုနှစ်နာရီခွဲမတိုင်ခင်
အရောက်လာခဲ့ပါ၊ သူက ညရှစ်နာရီဆို
ဆိုင်ပိတ်ပြီး အိမ်ထဲဝင်တာနဲ့ ထမင်းစားဖို့ပြင်တာ”

“သိပြီ…ကျနော်တို့ ကိစ္စလေးတစ်ခုရှိလို့
ရွာထဲ သွားလိုက်ပါဦးမယ်၊ညလာခဲ့မယ်
အပြင်လူ ဘယ်သူမှ ခေါ်မထားပါနဲ့။
ကျတော်တို့လာမယ့်အကြောင်းလည်း
ဘယ်သူ့မှ ပြောမထားပါနဲ့ ”

“ဟုတ်ကဲ့ စိတ်ချပါဆရာ ကျနော်စောင့်နေပါ့မယ်”

ဒုရဲအုပ်နှင့် သူ့ရဲဘော်နှစ်ယောက် အိမ်ပေါ်မှ
နှုတ်ဆက်ပြီး ဆင်းသွားကြတော့သည်။

XXXXX

ဒေါ်မြင့် …ဒေါ်မြင့် …ကျနော်တို့ရဲ့တပ်ဖွဲ့ဝင်တွေပါ
မေးစရာရှိလို့ တံခါးဖွင့်ပေးပါ”

“ဟင်”

ဒေါ်မြင့်က ဦးမိုးထွေးစားနေသော ပန်းကန်များကို
ဖွက်ရန် အကြံနှင့် အတင်းလိုက်သိမ်းနေသည်။

“နေပါ ဒေါ်မြင့်၊ ကျတော်တို့ မြင်ပြီးပါပြီ
အဲဒီအတိုင်းထားလိုက်ပါ ”

အပြင်မှာ အတိအကျပြောနေသည့်အသံကြောင့်
ဒေါ်မြင့်လည်း ပန်းကန်ကိုင်နေသော လက်က
နောက်သို့ တွန့်သွားသည်။ ဒေါ်မြင့်အသံကြား
ရာသို့ မျက်လုံးအကြည့်က ရောက်သွားသည်။
မှန်ပြတင်းပေါက်မှ ကြည့်နေကြသော လူနှစ်ယောက်
သုံးယောက်ခန့်ကို အရိပ်မည်းမည်းများအဖြစ်
မြင်ရသည်။ ဒေါ်မြင့် အားမတန် မာန်လျော့၍
ထိုင်ရာက ထသွားပြီး အိမ်ရှေ့တံခါးကို
ဖွင့်ပေးလိုက်သည်။

ရဲတပ်ဖွဲ့ဝင်သုံးယောက်နှင့် ရွာလူကြီး ရွာသား
နှစ်ယောက်အားလုံး ခြောက်ယောက် အိမ်ပေါ်
တက်လာကြသည်။

“ကဲ…ဒေါ်မြင့်နဲ့အတူ ဒေါ်မြင့်ယောင်္ကျား ဦးမိုးထွေးရဲ့
ဝိညာဉ်အတူရှိနေတာ ကျနော်တို့ သိပြီးပြီ။
အဲဒီ့အကြောင်း ရှင်းပြစေချင်တယ်”

“မ…မ…ရှိပါဘူး”

“ဒီကိစ္စကို ရွာသားတွေသိတာ ဆယ်ရက်ကျော်ပြီ။
ရွာသားတစ်ယောက်မဟုတ်ဘူး။ တစ်ရွာလုံး
သိနေနေကြတယ်။ ခင်ဗျားနဲ့အတူ ထမင်းစားနေတာ
ကိုလည်း ရွာသားတွေ တွေ့ပြီးကြသလို
စောစောကလည်း ကျတော်တို့ တွေ့လိုက်ပြီးပါပြီ”

“ခင်ဗျား…မျက်လှည့်ပညာတတ်လား”

“မ…မတတ်ပါဘူးရှင့် ”

“ဒါဆို စောစောက ထမင်းကျွေး ဟင်းခပ်ဇွန်းတွေ
ခပ်လိုက် စားလိုက် အပေါ်မြောက်သွားလိုက်၊
အဲဒီကိစ္စ ခင်ဗျား ဘယ်လို ဖြေရှင်းမလဲ”

“ဟို…ဟို …ဆရာတို့ အမြင်မှားတာပါ”

“ခင်ဗျား…အမှန်ပြောသင့်ပြီ။ ခင်ဗျားယောင်္ကျား
သေသွားပြီး မဟုတ်လား”

“မ…မသေပါဘူး …သူ မလေးရှားမှာပါ”

“ဒေါ်မြင့် …ကျုပ်တို့က မသေချာဘဲ မလာဘူး။
ခင်ဗျား ပါးစပ်က ကိုထွေး စားပါ…ကိုထွေး
ဘာယူဦးမလဲ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ”

ထိုအချိန်မှာပင် သူတို့ရှေ့သို့ ဓါတ်ဘူးနှင့်
ရေနွေးပန်းကန် နှစ်ချပ်ထပ်လျက် လူမမြင်ရဘဲ
လာချသည်ကို အားလုံးတွေ့လိုက်ရသည်
အားလုံး မျက်လုံးပြူးသွားသည်။
ဒေါ်မြင့်လည်း မျက်လုံးပြူးသွားသည်။
မျက်လုံးပြူးပုံခြင်းမတူ အပြင်မှရောက်လာသူများက
အံ့သြ၍ မျက်လုံးပြူးခြင်း ဖြစ်သည်။
ဒေါ်မြင့်ကတော့ ခြေတုန်လက်တုန်နှင့်
အမှားမှားအယွင်းယွင်းဖြစ်ကာ
မျက်လုံးပြူးသွားခြင်းပင်ဖြစ်သည်

“အခု ဓါတ်ဘူးလာချတဲ့ သူဟာ
ဦးမိုးထွေးဆိုရင် ခင်ဗျားအတွက်
ထူးခြားမှုရှိရင် ကျုပ်တို့ကို ပြစေချင်တယ်”

ဒုရဲအုပ်က ပြောလိုက်သည်။ ခဏနေတော့
သူတို့အနီးရှိ ပျဉ်ထရံမှာ ချိတ်ထားသည့်
ကြက်မွေးတံမြက်စည်းက အိမ်ရှေ့တံခါးပေါက်မှ
တဖြည်းဖြည်း အပြင်သို့ ထွက်သွားသည်ကို
အတိုင်းသားမြင်နေရသည်။သူတို့အားလုံး
နောက်မှ လိုက်ခဲ့သည်။

“ဒေါ်မြင့် …ခင်ဗျားလည်း လိုက်ခဲ့ပါ ”

ဒုရဲအုပ်က ခေါ်သဖြင့် ဒေါ်မြင့် ခြေလှမ်းလေးကန်စွာနှင့်
နောက်က လိုက်ခဲ့သည်။ ကြက်မွေးတံမြက်စည်းက
သူတို့ရှေ့ကနေပြီး ဖြည်းဖြည်းချင်း ခြံနောက်ဘက်သို့
ရွေ့လျားနေသည်။ အမှောင်ထဲမှာ ရဲတပ်ဖွဲ့ဝင်
တစ်ယောက်က ဓါတ်မီးနှင့် ထိုးပြသည်။

ရွာသားတစ်ယောက်ကလည်း ဓါတ်မီးပါသည်။
ရုံးပတီပင်များကြားမှ နောက်ဘက်သို့ ဆက်ရွေ့
လျားနေသေးသည်။ ကုက္ကိုပင်နှင့် မန်ကျည်းပင်ကြား
ရောက်တော့ ကြက်မွေးတံမြက်စည်းက
ဆက်မသွားတော့။

ထိုစဉ်မှာပဲ ကြက်မွေးကို ကိုင်ပြီး မြေကြီးကို
ခြစ်သည့် ပုံစံမျိုး ကြက်မွေးတံမြက်စည်းက
ငါးပေခြောက်ပေခန့် အဝိုင်းတစ်ခု ခြစ်ပြသည်။

“ဒီနေရာက ထူးခြားတဲ့ပုံပဲ ”

“ဒေါ်မြင့် …အမှန်အတိုင်းပြောပါ။
ဒီမြေကြီးအောက်မှာ ဘာရှိလဲ”

“ဟို…ဟို …”

“ကဲ…အမှန်အတိုင်းပြောဖို့ သင့်ပြီ။ ကျုပ်တို့
ဒီမြေကြီးကို တူးကြည့်ရတော့မယ် ”

“ကဲ…လာကြ အိမ်ထဲသွားကြမယ်။ဒေါ်မြင့်…
ခင်ဗျားလည်း အမှန်အတိုင်းပြော။ ဒီနေရာကို
ဦးခင်အောင်တို့ ရွာက လူငယ်သုံးလေးယောက်
လောက် ခေါ်ပြီး တူးခိုင်းပါ ”

“အခု ညပိုင်းလားဆရာ”

“ဟုတ်ပါတယ်…အဖြေကို တစ်ခါတည်း
အားလုံးသိသွားကြရတာပေါ့”

“အခု ရွာထဲမှာ သွားခေါ်ပြီး တူးခိုင်းလိုက်ပါ့မယ်”

ဦးခင်အောင်က လူငယ်များခေါ်ရန် ရွာထဲ
ခဏ ထွက်သွားသည်။

ဒေါ်မြင့်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ
အိမ်ပေါ်တက်ခဲ့ကြသည်။
မကြာခင်မှာပင် ဒေါ်မြင့်လည်း
သူနှင့် သူ၏ယောင်္ကျား ဆက်ဆံရေး
မပြေလည်မှုများကို ပြောပြသည်။

သူနှင့်ကွာရှင်းဖို့ အတင်းအကျပ် တောင်းဆိုသည်။
သူ့ယောင်္ကျားကို သူ မစွန့်လွတ်နိုင်တဲ့အတွက်
အဆိပ်ခပ် သတ်ဖြတ်ခဲ့သည့်အကြောင်း
ပြောပြလေတော့သည်။

ထို့နောက် အလောင်းကို သစ်ပင်အောက်မှာ
မြှုပ်လိုက်ပြီး ဝိညာဉ်ကိုခေါ်ကာ သူနှင့်အတူတူ
နေစေခဲ့သည့် အကြောင်းကိုလည်း ဖြောင့်ချက်ပေးသည်။
ရွာသားများလည်း အရိုးကျနေပြီ ဖြစ်သော
ဦးမိုးထွေး၏ အလောင်းကို မြေအောက်ထဲမှာ
တူးဖော်တွေ့ရှိလိုက်ပါတော့သည်။

သရဲနှင့် အတူ ရာသက်ပန်နေမည်ဟု
စိတ်ကူးထားသော ဒေါ်မြင့်တစ်ယောက်
သူ၏မကောင်းမှုဒဏ်ကြောင့် ထောင်နန်းစံ
သွားရလေတော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

 

Zawgyi Version

” သရဲႏွင့္ အတူေနသူ ” (စ/ဆုံး)
——————————

အခ်ိန္က ညရွစ္နာရီေက်ာ္ၿပီ။ ႐ြာအစြန္မက်တက်
အိမ္တစ္လုံးအတြင္းမွာ ညစာအတြက္ ထမင္းပြဲ
ျပင္ေနသည္။

“ကဲ …အားလုံး ခူးၿပီးၿပီ ။ လက္ေဆး…စားလို႔ရၿပီ။
ဒါက ငါးခူေၾကာ္ …ဒါက ငါးပိေထာင္း…သရက္သီးနဲ႔
ေၾကာ္ထားတာ …ဒါက ငါးပိလိမၼာခ်က္၊ တို႔စရာ
ကေတာ့ ျမင္တဲ့အတိုင္းပဲ ဘူး႐ြက္ျပဳတ္။
ရွင္ ထမင္းစားၿမိန္မွာပါ”

ေဒၚျမင့္ …ပါးစပ္က အမွ်င္မျပတ္ေျပာၿပီး
ထမင္းပြဲေရွ႕ေရာက္ ျပင္ဆင္ေပးေနသည္။

ခင္ပြန္းျဖစ္သူ ဦးမိုးေထြးက စကားနည္းလွသည္။
သူ႔အတြက္ ျပင္ဆင္ေပးေသာေနရာမွာ ဝင္ထိုင္ရင္း
ထမင္းကို ၿမိန္ယွက္စြာ စားေနသည္။

“ဒီေန႔အခ်ိန္မရလို႔ အရည္ေသာက္ဟင္း
မခ်က္လိုက္ရဘူး။ ဓါတ္ဘူးထဲမွာ ေရေႏြးက်ိဳၿပီး
ထည့္ထားတယ္။ ဟင္းရည္ေသာက္ အစား
ေရေႏြးသာ ေသာက္ေပေတာ့ ”

ဦးမိုးေထြးကေတာ့ ဘာမွျပန္မေျပာ ထမင္းသာ
ေခါင္းငုံ႔စားေနသည္။

“ထမင္းယူမယ္ဆို…ေျပာ”

ေဒၚျမင့္ပါးစပ္ကေျပာ၊ စားလည္းစား၊ လင္ျဖစ္သူအား
ဟင္းခပ္ထည့္ေပးလိုက္ ဆက္တိုက္လႈပ္ရွားေနသည္။

“ဟင္…ကိုေထြး…ထမင္းတစ္ပန္းကန္တည္းလား
ထပ္မထည့္ေတာ့ဘူးလား”

ဦးမိုးေထြးက ထမင္းကို လက္စသတ္လိုက္ၿပီး
စားထားေသာ ပန္းကန္ကို လွမ္းေပးလိုက္သည္။

“ကဲ …ဝၿပီဆိုရင္လည္း ေရေႏြးၾကမ္းထည့္ေသာက္။
ရွင္ အိမ္ေရွ႕သြားခ်င္သြား က်ဳပ္စားလက္စ
ဆက္စားလိုက္ဦးမယ္ သိမ္းဆည္းၿပီးမွ လာခဲ့မယ္”

ဦးမိုးေထြးလည္း အိမ္ေရွ႕သို႔ ဖန္ခြက္ႏွင့္ ေရေႏြး
ဓါတ္ဘူးယူကာ ထြက္သြားသည္။ ေဒၚျမင့္ ထမင္းစားရင္း
က်န္ခဲ့သည္။ ေဒၚျမင့္က အၿမဲႏွစ္ပန္းကန္ခန္႔
စားသူ ျဖစ္သည္။ ဦးမိုးေထြးကေတာ့ တစ္ပန္းကန္
သာလွ်င္ အၿမဲစားသည္။ ထမင္းပန္းကန္ထဲ
မ်ားမ်ားထည့္ေပးလွ်င္လည္း အကုန္စားသည္။
နည္းနည္းထည့္ေပးလွ်င္လည္း နည္းနည္းပဲစားသည္။

ဟိုယခင္က ယခုကဲ့သို႔မဟုတ္၊ ဦးမိုးေထြး
စကားေျပာသည္။ အေပ်ာ္အပါး အေသာက္အစား
လည္းရသည္။ သူ၏အလုပ္က အေဝးေျပး
ကုန္တင္ကားေမာင္းေသာ အလုပ္ကို
လုပ္ကိုင္ေနသူ ျဖစ္သည္။ သို႔ေၾကာင့္
အေသာက္အစားလည္း ရွိသလို အေပ်ာ္အပါး
လည္း ရွိသည္။ ယခုေတာ့ အေျခအေနက
ေျပာင္းသြားၿပီ ျဖစ္သည္။

ယခင္ကကဲ့သို႔ ကုန္တင္ကားကိုလည္း
မေမာင္းေတာ့ အိမ္မွာပဲ အၿမဲေနသည္။
ဇနီးျဖစ္သူက အိမ္ေရွ႕မွာ ကုန္စုံဆိုင္ေလး
ဖြင့္ထားသည္။ ထိုဝင္ေငြျဖင့္ လင္မယားႏွစ္ေယာက္
တင့္တင့္တယ္တယ္ ေအးေအးလူလူ
ေနထိုင္စားေသာက္ႏိုင္သည္။

သူတို႔ အိမ္က ႐ြာအစြန္ မက်တက်ေပမယ့္
အိမ္ေျခက သိပ္မက်ဲလွ အေရာင္းအဝယ္
အိမ္ျဖစ္သျဖင့္ လူဝင္လူထြက္ အၿမဲရွိသည္။
အိမ္ႏွင့္ ေစ်းဆိုင္က ဆယ္ေပခန္႔ကြာသည္။
ေဒၚျမင့္ေစ်းေရာင္းေနေပမယ့္ မိတ္ေဆြမထား။
႐ြာသူ႐ြာသားတို႔ႏွင့္ ရင္းရင္းႏွီးႏွီး ေနေလ့မရွိ။
အိမ္လည္လာရန္ မည္သူ႔ကိုမွ် ေခၚေလ့မရွိ။

ေစ်းဝယ္လာသူမ်ားက ဆိုင္မွာပင္ ကိစၥၿပီးျပတ္သျဖင့္
ဝယ္ၿပီး ျပန္ၾကသည္သာ ျဖစ္သည္။ ေဒၚျမင့္၏
အိမ္က သုံးပင္ႏွစ္ခန္႔ ပ်ဥ္ကာ၊ သြပ္မိုး၊ ျပတင္းေပါက္ကို
မွန္ျဖင့္ ျပဳလုပ္ထားသည္။ ၿခံအတြင္းမွာလည္း
အေရာင္းအဝယ္ပါး၍ အားသည့္အခ်ိန္
ရာသီပင္မ်ား စိုက္ပ်ိဳးထားသည္။

ဘူးသီးပင္၊ ပဲပုဇြန္၊ ပဲေတာင့္ရွည္ပင္ မ်ားကို
စင္ထိုးၿပီး တင္ထားသည္။ ႐ုံးပတီသီးပင္မ်ားကို
ေျမာင္းေဖာ္ၿပီး စိုက္ပ်ိဳးထားသျဖင့္ ရာသီစာ
အသီးအႏွံကို ၿခံထဲမွာပင္ ခူးဆြတ္စားသုံးႏိုင္သည္။
ဘူးၫႊန္႔၊ ပဲၫႊန္႔ တို႔ကိုလည္း ပိုလွ်ံ၍ ဆိုင္မွာ
တင္ၿပီး ေရာင္းရသည္။

ခင္ပြန္းျဖစ္သူက ဇနီးဘာခ်က္ခ်က္ ဘာမွ ခ်ိဳသည္၊
ခါးသည္ မေျပာ။ အိမ္ထဲကေန အိမ္ျပင္လည္းမထြက္။
ၿခံကိစၥ၊ ေစ်းေရာင္းကိစၥ သူဘာမွ ဝင္မလုပ္၊
ထမင္းစားခ်ိန္ေရာက္မွသာ လက္ေဆးၿပီး
ဝင္စားသည္။

“ကဲ …ကိုေထြး ေစ်းဆိုင္ကို နားစြင့္ထားဦး၊
က်ဳပ္ ညစာအတြက္ ၿခံထဲမွာ ဟင္းသီးဟင္း႐ြက္
ဆင္းခူးလိုက္ဦးမယ္ ၊ လူလာရင္ အခ်က္ေပးလိုက္”

ေဒၚျမင့္က ေျပာေျပာဆိုဆို ၿခံထဲဆင္းသြားသည္
ထိုအခ်ိန္ထိ ေစ်းဝယ္သူတစ္ေယာက္မွ ေရာက္မလာ၊
ေဒၚျမင့္ ပဲပုဇြန္အနည္းငယ္ႏွင့္ ဘူးၫႊန္႔ အနည္းငယ္
ခူးၿပီး ျပန္လာခဲ့သည္။ ထမင္းက ခ်က္စရာမလို၊
မနက္ကတည္းက ခ်က္ထားေသာ ထမင္းညစာ
အတြက္ က်န္ေသးသည္။

မနက္က ခ်က္စားေသာ ဝက္သားဟင္းက
ကိုေထြးတစ္ေယာက္စာသာ က်န္ေတာ့သျဖင့္
သူ႔အတြက္ ပဲပုဇြန္သီးေၾကာ္စားမည္။
ဘူးၫႊန္႔ႏွင့္ ခရမ္းခ်ဥ္သီး င႐ုတ္သီးစိမ္းထည့္ၿပီး
အရည္ေသာက္တစ္ခြက္ ခ်က္မည္ျဖစ္သည္။

သူတို႔႐ြာမွ လွ်ပ္စစ္မီး ရရွိခဲ့သည္မွာ
သုံးႏွစ္ခန္႔ ရွိၿပီ။ သို႔ေၾကာင့္ ထမင္းဟင္းခ်က္ရာမွာ
လွ်ပ္စစ္မီးကိုသာ အသုံးျပဳၾကသည္။

ပဲသီးေၾကာ္ၿပီးသည္ႏွင့္ ဘူးၫႊန္႔အရည္ေသာက္ဟင္းအိုး
တည္ထားၿပီး ဆိုင္ထဲျပန္ဝင္လာၿပီး မီးဖိုကိစၥ
လက္စျဖတ္လိုက္သည္။ မီးဖိုကိစၥလည္းၿပီးၿပီ။
ခ်စ္လင္ ကိုေထြးအတြက္ ေရေႏြးတစ္အိုးတည္ၿပီး
ဓါတ္ဘူးအတြင္း ထည့္ေပးလိုက္ေသာ ဆိုင္ထိုင္ရန္
ထြက္လာခဲ့သည္။

ဆိုင္မွာ စထိုင္ျဖစ္ေတာ့ သုံးနာရီခြဲေက်ာ္ၿပီ။
ထိုအခ်ိန္ေနာက္ပိုင္း ထမင္းဟင္းခ်က္ျပဳတ္ခ်ိန္
ေရာက္လာသျဖင့္ ေစ်းဝယ္သူမ်ား တစ္ေယာက္စ
ႏွစ္ေယာက္စ ေရာက္လာၾကေတာ့သည္။
ညရွစ္နာရီေရာက္သည္ႏွင့္ ဆိုင္သိမ္းၿပီး
အိမ္ထဲျပန္ဝင္လာခဲ့သည္။

“ကိုေထြး ထမင္းဆာၿပီလား၊ ခဏေနရင္
စားရေတာ့မယ္ ပန္းကန္ေတြ ေဆးလိုက္ဦးမယ္။
ပ်င္းရင္ မီးဖိုခန္းထဲ လာခဲ့ေလ…ထမင္းစားခုံမွာ
ထိုင္ေနေပါ့။ ထမင္းထည့္ၿပီးရင္ တစ္ခါတည္း
ဝင္စားလိုက္၊ လာမယ္ဆိုရင္ ဓါတ္ဘူးနဲ႔
ေရေႏြးပန္းကန္ယူခဲ့၊ ခဏေနဦးေနာ္
ဟင္းခ်ိဳေရဆူေအာင္ ျပန္တည္လိုက္ဦးမယ္၊
ဘူးၫြန္႔ႏုႏုေလးေတြ ႏူးတာနဲ႔ စားလို႔ရၿပီ”

ေဒၚျမင့္ ထမင္းခူးၿပီး ဦးမိုးေထြးကိုပန္းကန္
လွမ္းေပးလိုက္သည္။ တစ္ပန္းကန္ၿပီး
တစ္ပန္းကန္ လွမ္းေပးေနသည္။
ထိုအခ်ိန္ ႐ြာထဲမွ ေဒၚျမင့္မိတ္ေဆြ ေဒၚတင္စိန္
အိမ္ထဲကို ဝင္လာသည္။ လြန္ခဲ့ေသာ
ႏွစ္ရက္က ကုန္ေျခာက္အေႂကြးဝယ္ထားသည္။

ဒီေန႔ ဆိုင္မပိတ္ခင္ ပိုက္ဆံေပးမည္ဟု
ကတိထားၿပီး ယူသြားျခင္းျဖစ္သည္။
အျပင္မွျပန္ေရာက္ခ်ိန္ ေနာက္က်သျဖင့္
ဆိုင္သိမ္းခ်ိန္ မမွီလိုက္။ သို႔ေၾကာင့္
ကတိမပ်က္ခ်င္သျဖင့္ အိမ္ထဲဝင္ေပးမည္ဟု
အႀကံရၿပီး ၿခံတံခါးဖြင့္ကာ အထဲဝင္လိုက္သည္။

ေျခလွမ္းအနည္းငယ္လွမ္းၿပီး ေဒၚျမင့္အား
အသံျပဳၿပီးေခၚလိုက္မည္ဟု ျပင္လိုက္စဥ္
အိမ္ထဲမွ စကားသံၾကား၍ အသံမျပဳေတာ့ဘဲ
ေျခဖြၿပီး ဝင္လာခဲ့သည္။ ေဒၚျမင့္အိမ္
မီးဖိုက အိမ္ေဘးေဆာင္ကပ္ျဖစ္သည္။
မွန္ျပတင္း မမွီတမွီကို ေျခဖ်ားေတာက္ၿပီး
ၾကည့္လိုက္မိသည္။

“ဟင္ …ဘယ္လိုပါလိမ့္”

အတြင္းက အသံကို နားစြင့္ၿပီး အကဲခတ္လိုက္သည္။

“အင့္ ဒီမွာ ဟင္းပန္ကန္ကမ္းယူပါဦး”

ေဒၚျမင့္က ဟင္းပန္းကန္ကို ကမ္းေပးလိုက္သည္။
ဦးမိုးေထြးက ဟင္းပန္းကန္ကို လွမ္းယူၿပီး ခုံေပၚ
ညင္သာစြာ ခ်ထားလိုက္သည္။

“ဟင္…ဘယ္လိုပါလိမ့္”

“ကဲ…စားလို႔ရၿပီ ”

ေဒၚျမင့္လည္း စားပြဲမွာ ဝင္ထိုင္လိုက္သည္။
ဟင္းပန္းကန္ထဲမွ ဟင္းဇြန္းခပ္ၿပီး လင္ျဖစ္သူ
ပန္းကန္အတြင္း ဦးခ်ေပးလိုက္သည္။

“လက္မေဆးခ်င္ဘူးလား၊ မေဆးခ်င္လည္း
ဇြန္းနဲ႔ ခပ္စား ဇြန္းတစ္ေခ်ာင္း ယူေပးမယ္”

ေဒၚျမင့္က ေနာက္ဘက္သို႔လွည့္၍ ဇြန္းတစ္ေခ်ာင္းကို
လွမ္းယူလိုက္ၿပီး ေရွ႕သို႔ ကမ္းေပးလိုက္သည္။
ဦးမိုးေထြးက ဇြန္းကို လွမ္းယူလိုက္ၿပီး ထမင္းကို
ခပ္စားသည္။ ဟင္းပန္းကန္ထဲမွာ ရွိေသာ
ဇြန္းႏွင့္ ဟင္းခပ္ယူလိုက္၊ ထမင္းပန္းကန္ထဲက
ဇြန္းႏွင့္ ထမင္းကို ခပ္ယူလိုက္ မွန္မွန္စားေနသည္။

ေဒၚတင္စိန္ မိမိမ်က္လုံးကို ပြတ္ၾကည့္လိုက္သည္။

အျမင္မွားေနသည္မဟုတ္၊ ေဒၚျမင့္ေရွ႕မွာ ျမင္ေနရေသာ
ျမင္ကြင္းက ေဒၚတင္စိန္အတြက္ အထူးအဆန္းျဖစ္ေနသည္

“ဘယ္လိုလဲ…မျမင္ေရွ႕မွာ ဘယ္သူမွမရွိဘဲ
ဘယ္က ဘယ္လိုဇြန္းေတြ ေျမာက္ေျမာက္လာေနရတာလဲ။
ေဟာ ဓါတ္ဘူးထဲက ေရေႏြးကို လူမေတြ႕ရဘဲ
ငွဲ႔ေနတယ္ …ဟင္…ဟို…လူမေတြ႕ရဘဲ ေသာက္ေနၿပီ…”

ေဒၚျမင့္အိမ္မွ …ေဒၚတင္စိန္လည္း ေျခဖြနင္းၿပီး
ေနာက္ေၾကာင္း ျပန္လွည့္ခဲ့သည္။ ေဒၚျမင့္တို႔
ကေတာ့ ထမင္းစားေကာင္းတုန္းရွိေသးသည္။

XXXXX

ေဒၚျမင့္တြင္ လြန္ခဲ့ေသာ ဆယ္ႏွစ္ေက်ာ္ခန္႔က
ေယာက်ၤားျဖစ္သူ ဦးမိုးေထြးတစ္ေယာက္ ဒ႐ိုင္ဘာ
အလုပ္ႏွင့္ အသက္ေမြးဝမ္းေၾကာင္းျပဳခဲ့သည္။
အေဝးေျပးယာဥ္ေမာင္း ျဖစ္သျဖင့္ တစ္ေခါက္ထြက္လွ်င္
အနည္းဆုံး ငါးရက္ခန္႔ၾကာသည္။ နယ္စပ္ဘက္သို႔
ထြက္လွ်င္ ဆယ္ရက္ ဆယ့္ငါးရက္ခန္႔ၾကတတ္သည္။

တစ္ေခါက္ထြက္ၿပီး ျပန္လာလွ်င္ အိမ္မွာ
ႏွစ္ရက္သုံးရက္ေနရသည္။ ကုန္ကားပိုင္ရွင္လည္း
ကုန္အဆင့္ဆင့္ရွာထားသည္။ ထိုအခါ ကုန္ကို
ကားေပၚတင္ၿပီးသည္ႏွင့္ ျပန္ထြက္ရသည္။
ကားတေခါက္ ျပန္လာသည့္အခါ ေဒၚျမင့္အတြက္
ေစ်းဖိုးေလာက္ငေအာင္ ေပးခဲ့သည္။

ေဒၚျမင့္က ထိုပိုက္ဆံကို အိမ္ေစ်းဆိုင္မွာ ထည့္ရင္းၿပီး
သူက ၿခံထြက္အသီးအႏွံမ်ားျဖင့္သာ ခ်က္ျပဳတ္
စားေသာက္ခဲ့သည္။ သူတို႔က ငယ္လင္မယား
အိမ္ေထာင္သက္ ငါးႏွစ္ေက်ာ္ခဲ့ေပမယ့္
သားသမီးမထြန္းကားခဲ့။ သို႔ျဖင့္ သူတို႔၏
အိမ္ေထာင္သက္ (၆)ႏွစ္အေရာက္မွာ
သာယာေသာ အိမ္ေထာင္ေရးကို မုန္တိုင္း
တစ္ခု ဝင္ေရာက္လာ တိုက္ခတ္ခဲ့သည္။

အေၾကာင္းကေတာ့ သူကားေမာင္းသြားရသည့္
ခရီးမွာ လမ္းႀကဳံလိုက္ေနေသာ အမ်ိဳးသမီးတစ္ေယာက္ႏွင့္
ကိုမိုးေထြးတို႔ ၿငိစြန္းခဲ့သည္။ ထိုအမ်ိဳးသမီးႏွင့္
ခရီးလမ္းတစ္ေလွ်ာက္ သြားအတူ လာအတူ
ေနအတူ ျဖစ္လာခဲ့သည္။ ထိုကဲ့သို႔ သြားလာ
ေနထိုင္ၾကသည့္အေၾကာင္းကို ကားေမာင္းသမား
အသိမိတ္ေဆြမ်ား၏ ဇနီးမယားတို႔က
တဆင့္ မျမင့္နားမွာ မၾကာခဏ ၾကားလာရသည္။

တစ္ႀကိမ္မဟုတ္ မၾကာခဏ ၾကားရဖန္မ်ားလာသျဖင့္
ေယာက်ၤားျဖစ္သူ ျပန္လာတိုင္း ကားေမာင္းအလုပ္ကို
စြန္႔လႊတ္ၿပီး အိမ္မွာပင္ အိမ္ဆိုင္ေလးတိုးခ်ဲ႕၍
လင္မယားႏွစ္ေယာက္ ေစ်းေရာင္းစားရန္
ေဖ်ာင္းဖ်ေျပာဆိုခဲ့သည္။ ကိုမိုးေထြးက
ဇနီးသည္ စကားကို နားမေထာင္ခဲ့၊ ထိုအခ်ိန္က
ကိုမိုးေထြး၏အသက္ (၃၅)ႏွစ္ မျမင့္အသက္(၃၃)ႏွစ္
သာ ရွိေသးသည္။

မျမင့္က ကားေမာင္းအလုပ္ကို စြန္႔လႊတ္ရန္
ငိုယိုေတာင္းပန္ေျပာဆိုခဲ့ေသာ္လည္း အေၾကာင္း
ထူးမလာဘဲ အေျခအေနက ပိုတင္းမာလာသည္။

“မင္း စိတ္ဆင္းရဲလည္း ခံမေနပါနဲ႔ေတာ့ကြာ၊
က်ဳပ္ကိုသာ ကြာရွင္းလက္မွတ္ထိုးေပးပါ

“မျဖစ္ဘူး ရွင္နဲ႔ က်ဳပ္ ဒီေလာက္ေပါင္းသင္းလာၿပီးမွ
ရွင္အေပၚ က်ဳပ္…ဘာမွမေကာင္းတာ မလုပ္ဘူး၊
ကြယ္ရာမွာလည္း မေဖာက္ျပားဘူး ၊ လက္မွတ္လည္း
မထိုးေပးႏိုင္ဘူး”

“မင္းေျပာခဲ့သလိုပဲ ၊ ဒီေလာက္ မင္းနဲ႔ ေပါင္းသင္းတာ
ၾကာခဲ့ေပမယ့္ ငါ့အတြက္ သားသမီးတစ္ေယာက္ေတာင္
မေမြးေပးႏိုင္ဘူး”

“ဒါကေတာ့ ရွင္ခ်ိဳ႕ယြင္းခ်က္လား၊ က်မခ်ိဳ႕ယြင္းခ်က္လား
ဘယ္သူသိႏိုင္မလဲ”

“အိုကြာ …ငါမင္းကို မေပါင္းႏိုင္ေတာ့ဘူး၊
ေနာက္တစ္ေခါက္ ျပန္လာရင္ အျဖဴအမည္း
သဲသဲကြဲကြဲ သိခ်င္တယ္ ”

“ရွင္ဘက္က ဒီေလာက္ ခါးခါးသီးသီးျဖစ္ေနမွာေတာ့
ရွင့္ကို ဆက္ေပါင္းေနလည္း အိမ္ေထာင္ေရး
အဆင္ေျပမွ မဟုတ္ဘူး။ တစ္လေလာက္ေတာ့
အခ်ိန္ေပးပါ ၊ က်ဳပ္…စိတ္ေအးလက္ေအး
စဥ္းစားပါရေစ”

ကိုမိုးေထြးလည္း အိမ္မွာ တစ္ညအိပ္ၿပီး
ကားျပန္ထြက္သြားသည္။ ထို႔ေနာက္
တစ္လနီးပါးၾကာသည္ႏွင့္ ကိုမိုးေထြး
ျပန္ေရာက္လာသည္။ ကိုမိုးေထြး ေရာက္လာသည္ႏွင့္
အိမ္မွာ စားေကာင္းေသာက္ေကာင္းဖြယ္မ်ား
စီစဥ္ေပးထားသည္။

သူႏွင့္ လမ္းခြဲမည္ဟူ၍ ဆုံးျဖတ္ၿပီးပါက
ေက်နပ္စြာ လက္မွတ္ထိုးေပးမည္ဟု
ေျပာဆို အယုံသြင္းထားသည္။

အၿပဳံးမပ်က္ဘဲ ဧည့္ခံေကြၽးေမြးသည္။
ၿပီးခဲ့ေသာအေခါက္က စကားမ်ား
ရန္ျဖစ္ခဲ့သည္ကို ဘာမွမျဖစ္ခဲ့သလို
ေျပာဆိုဆက္ဆံခဲ့သည္။ သူ႔ ေနာက္ဆုံး
ႏႈတ္ဆက္သည့္ အေနႏွင့္ ေကြၽးေမြးတာပါ။
သူစိတ္ခ်မ္းသာေအာင္ အားရပါးရ စားပါဟူ၍
ေျပာဆိုထားသျဖင့္ ကိုမိုးေထြးလည္း
ဇနီးျဖစ္သူအေပၚ အထင္မွား အျမင္မွား
မရွိဘဲ ေကြၽးသမွ် စားၿပီးေနခဲ့သည္။

ဒုတိယညအတြက္ ညစာအား ကိုမိုးေထြး
ႀကိဳက္ေသာ ဝက္သားကို မနက္ကတည္းက
မွာၿပီး အေကာင္းဆုံး ခ်က္ထားသည္။
ေနာက္ရက္ေရာက္လွ်င္ ေဒၚျမင့္လက္မွတ္
ထိုးေပးမည္ဟု ကတိေပးထားသည္။

ဝက္သားဟင္းက မနက္စာ ညစာအတြက္
လုံလုံေလာက္ေလာက္ ခ်က္ထားသျဖင့္
ကိုမိုးေထြးအတြက္ေတာ့ အႀကိဳက္ျဖစ္ေနသည္။
ညစာစားေသာအခါ ဝက္သားဟင္းကို
တစ္ေန႔လုံးႏွပ္ထားသျဖင့္ ႏူးအိသည့္အတြက္
ကိုမိုးေထြးလည္း တျခား ဟင္းခြက္ကို
မႏႈိက္ေတာ့ဘဲ၊ ဝက္သားဟင္းကိုသာ
ဆက္တိုက္ႏႈိက္စားေနသည္။

ဟင္းပန္းကန္တစ္ဝက္အေရာက္မွာ
ကိုမိုးေထြး ေခါင္းငိုက္စိုက္က်သြားေတာ့သည္။
ထိုအခ်ိန္မွစ၍ ကိုမိုးေထြးတစ္ေယာက္
လူ႔ေလာကထဲမွာေရာ၊ မျမင့္ထံပါးကပါ
ထာဝရထြက္ခြါသြားရၿပီျဖစ္သည္။

မျမင့္က အသက္ကင္းမဲ့ေနေသာ
ကိုမိုးေထြးကို ေရွ႕မွာထား၍ ထမင္းကို
အစားအေသာက္မပ်က္ ဆက္၍ စားေနသည္။

“ကဲ…က်ဳပ္အနားက ရွင္ဘယ္မွာသြားလို႔မရေတာ့ဘူး
မဟုတ္လား။ ေနာက္ကို ဟိုေကာင္မဆီ သြားမယ္
ဆိုတဲ့စကား ေျပာလို႔လည္း မရေတာ့ဘူး။
ကဲ…အခုအခ်ိန္ကစၿပီး က်မအနားမွာပဲေနေတာ့။
ရွင္စားခ်င္တာ က်ဳပ္ အကုန္ခ်က္ေကြၽးမယ္။
ရွင္ ဘာမွ လုပ္စရာမလိုေတာ့ဘူး ”

မျမင့္က ေျပာရင္း ထမင္းကို ၿပီးသည္အထိ
စားေနသည္။ ထမင္းစားၿပီးသည္ႏွင့္ စားေသာက္ၿပီးေသာ
ပန္းကန္မ်ားကို သိမ္းဆည္းေနသည္။
ဝက္သားလက္က်န္မ်ားကို အိုးအတြင္းျပန္၍
ထည့္လိုက္သည္။ ေနာက္ေန႔မွ က်င္းတူးၿပီး
ေျမျမႇဳပ္ပစ္ရန္ စိတ္ကူးကာ ျပန္သိမ္း
ထားလိုက္ျခင္းျဖစ္သည္။

အားလုံး သိမ္းဆည္းၿပီးသည္ႏွင့္ အသက္ကင္းမဲ့ေနေသာ
ကိုမိုးေထြး၏ခႏၶာကိုယ္အား လက္ႏွစ္ဖက္ကိုဆြဲ၍
အိမ္အေနာက္ဘက္ သစ္ပင္ႀကီးေအာက္သို႔
တျဖည္းျဖည္း ဆြဲယူသြားသည္။

လြန္ခဲ့ေသာ သုံးရက္မတိုင္ခင္ ကိုမိုးေထြး
ျပန္လာမည့္ရက္ကို မွန္း၍ အိမ္အေနာက္ဘက္
သစ္ပင္ေျခရင္းမွာ အနက္ေလးေပ၊ အရွည္
ေျခာက္ေပရွိ က်င္းတစ္က်င္းကို ႀကိဳတင္၍
ေဒၚျမင့္ တူးထားခဲ့သည္။

က်င္းအေပၚမွာ သစ္ကိုင္းမ်ား ဖုံးအုပ္ထားသည္။
ၿခံေနာက္ဘက္သို႔ မျမင့္တစ္ေယာက္မွလြဲ၍
မည္သူေလာ။ ကိုမိုးေထြးလည္း အိမ္သာတက္သည္မွ
လြဲ၍ ၿခံအတြင္း မျမင့္ မည့္သည္အပင္မ်ား
စိုက္ထားသနည္းဟူ၍ လိုက္၍မၾကည့္ဘူး
ၿခံအတြင္း တစ္ေခါက္မွ လမ္းမေလွ်ာက္ဘူး။

က်င္းနားသို႔ အသက္ကင္းမဲ့ေနေသာ
အေလာင္းေရာက္သည့္ႏွင့္ သစ္ကိုင္းမ်ားကို
ဖယ္လိုက္ၿပီး ကိုမိုးေထြးကို ျမႇဳပ္ထားလိုက္သည္။

“ကဲ…ရွင္ က်ဳပ္နဲ႔ပဲ ေနေတာ့ ဘယ္မွမသြားရဘူး
ရွင္စားခ်ိန္ ေရာက္ရင္ က်ဳပ္ေကြၽးမယ္”

ထိုသို႔ ေျပာဆိုၿပီး ေျမဖို႔ကာ သစ္ကိုင္းမ်ားကို
ဖုံးအုပ္၍ အိမ္သို႔ ျပန္လာခဲ့သည္။
ရက္ေတြ ၾကာလာခဲ့သည္ ။ ကိုမိုးေထြး
ကားထြက္သြားလွ်င္ ရက္ၾကာတတ္ၿပီး
ျပန္လာလွ်င္လည္း အိမ္မွာ ႏွစ္ညသုံးညခန္႔သာ
ေနတတ္သျဖင့္ မည္သူကမွ ဂ႐ုတစိုက္
မရွိၾက။ လမွသည္ ႏွစ္ၾကာလာ၍
ရင္းႏွီးသူအခ်ိဳ႕က ေမးလာေသာအခါ
ကားေမာင္းသည့္ အလုပ္ထက္ ေကာင္းေသာ
ဝင္ေငြရသည့္ မေလးရွားမွာ အလုပ္သြား
လုပ္ေနသည္ဟု ေျပာသည္။

အေျခအေနေကာင္းမွသာ ျပန္လာလိမ့္မည္ဟု
ေျပာကာ သတင္းလႊင့္ထားသျဖင့္ မည္သူမွ်
စိတ္ဝင္တစား မေမးျမန္းၾကေတာ့။ ကိုမိုးေထြး
ေသဆုံးသြားခဲ့သည္မွာ ဆယ္ႏွစ္နီးပါးရွိခဲ့ၿပီ။
မျမင့္မွသည္ ေဒၚျမင့္အျဖစ္သို႔ ကူးေျပာင္းလာခဲ့သည္။

အခ်ိဳ႕က စပ္စုၾကေသးသည္။

“ဦးမိုးေထြးတစ္ေယာက္ မေလးရွားမွာ အလုပ္သြားလ
လုပ္ေနတာ အေတာ္ၾကာၿပီေနာ္ ျပန္မလာေသးဘူးလား”

“ဟိုမွာပဲ အိမ္ေထာင္က်ေနၿပီလား မသိဘူး။
သူသြားၿပီးကတည္းက တစ္ခါမွ ေငြမပို႔ဘူး”

ဟူ၍ ေမးသူမ်ားကို စကားျပတ္ေျပာခဲ့သည္။
ထိုအခ်ိန္က ေယာက်ၤားအေတာ္မ်ားမ်ား
ထိုင္း၊ မေလးရွား၊ စကၤာပူတိုင္းျပည္မ်ားသို႔
ထြက္ၿပီး အလုပ္လုပ္ကိုင္ေနၾကေသာ
အခ်ိန္ျဖစ္၍ မည္သူမွ စပ္စပ္စုစုမရွိၾက။

ဒါေပမဲ့ ေဒၚျမင့္အတြက္ကေတာ့ အထီးက်န္မဟုတ္ပါ။
ဦးမိုးေထြး၏ ဝိညာဥ္ကေတာ့ သူေခၚထားသည့္
အတိုင္း သူႏွင့္အတူ ရွိေနပါသည္။စားခ်ိန္တန္စား
အိပ္ခ်ိန္တန္အိပ္သည္။ အိမ္တြင္းမွ အေသးစား
အကူအညီမ်ား လုပ္ေပးႏိုင္သည္။ ဘယ္သူမွ
မျမင္ၾကေပမယ့္ ေဒၚျမင့္ကေတာ့ ဦးမိုးေထြးကို
လူအတိုင္းပင္ ျမင္ေနရသည္။

XXXXXX

ေဒၚတင္စိန္ဦးေဆာင္၍ ဦးမ်ိဳးျမင့္၊ ဦးခင္ေအာင္တို႔
သုံးေယာက္ ညရွစ္နာရီေက်ာ္သည္ႏွင့္ ေဒၚျမင့္၏
ၿခံအတြင္းသို႔ ဝင္ေနၾကသည္။ ေဒၚျမင့္ဆိုင္ပိတ္ၿပီး
အိမ္ထဲဝင္သြားသည့္ အခ်ိန္ကို အျပင္မွာ
ေစာင့္ၾကည့္ေနၾကၿပီး ေဒၚျမင့္ အိမ္ထဲဝင္သြားမွ
ၿခံထဲလိုက္ဝင္ခဲ့သည္။

ထိုအခ်ိန္ဆိုလွ်င္ ေဒၚျမင့္ ထမင္းစားခ်ိန္ျဖစ္သည္။
သူတို႔ ျပတင္းေပါက္မွ ေခ်ာင္းၾကည့္ၾကသည္။
ေဒၚျမင့္ ခူးခပ္ေပးေနသည္ကို ဦးမိုးေထြးက
ပန္းကန္မ်ားယူၿပီး စားပြဲဝိုင္းေပၚ ခ်ေပးေနသည္။

ေဒၚျမင့္ကိုသာ သူတို႔က ျမင္ရသည္။
ေဒၚျမင့္၏လက္မွ လြတ္သြားေသာ ပန္းကန္က၊
ထမင္းစား စားပြဲေပၚ ေရာက္သြားသည္။
တစ္ပန္းကန္ၿပီး တစ္ပန္းကန္ေရာက္သြားသည္။

“ကိုေထြး ေရေႏြးဓါတ္ဘူး မယူခဲ့ဘူးလား
သြား ယူလိုက္ဦး ဖန္ခြက္ပါ ယူခဲ့”

ဓါတ္ဘူးႏွင့္ ဖန္ခြက္က အိမ္ေရွ႕မွေန၍
ထမင္းစားပြဲရွိရာသို႔ ေလထဲမွ တေ႐ြ႕ေ႐ြ႕လာေနသည္ကို
ေတြ႕လိုက္ၾကရသည္။ ဓါတ္ဘူးယူလာသူကို
မေတြ႕ၾကရ။ ဓါတ္ဘူးႏွင့္ ဖန္ခြက္က
စားပြဲေပၚသို႔ ညင္သာစြာ ေရာက္ရွိလာသည္။

ဓါတ္ဘူးအဖုံးဖြင့္ၿပီး ဖန္ခြက္ထဲသို႔ ေရေႏြးငွဲ႔ထည့္ကာ
ထမင္း မစားခင္ ေရေႏြးတစ္ခြက္အား ေမာ့ေသာက္
ေနသည္ကို လူမျမင္ရဘဲ ေတြ႕ၾကရသည္။
ထို႔ေနာက္ ေဒၚျမင့္က လူမရွိေသာ သူ႔ေဘးက
ထမင္းပန္းကန္ထဲသို႔ ဟင္းခပ္ထည့္ေပးေနသည္ကို
ေတြ႕ရသည္။

“ကဲ…ကိုေထြးစား၊ ဒီေန႔ေတာ့ ငါးေျခာက္နဲ႔
ပဲသီး ဆီျပန္ ေရာခ်က္ထားတယ္။ ေနာက္ေန႔မွ
ရွင္ႀကိဳက္တဲ့ ဝက္သားဝယ္ခ်က္ေကြၽးမယ္၊
ဒီမွာ ပဲသီးႏုႏု တို႔စရာ၊ အျပဳတ္လည္းရွိတယ္၊
ငါးပိရည္စပ္စပ္ေလးနဲ႔ ရွင္ထမင္းၿမိန္မွာပါ”

ေဒၚျမင့္က ေျပာရင္း ေဘးမွာ ပန္းကန္းထဲသို႔
ဟင္းမ်ား ခပ္ထည့္ေပးေနသည္။ ထိုပန္းကန္မွာ
လူမရွိဘဲ ထမင္းလက္တစ္ဆုပ္စာ အေပၚ
ေျမာက္သြားၿပီး ေလထဲေပ်ာက္သြားသည္။
ၾကည့္ေနသူတို႔အံ့ၾသေနၾကသည္။

“ဒါဆို သူ႔ေယာက်ၤား မေလးရွားသြာတာ မဟုတ္ဘူးေပါ့”

“သူေသသြားလို႔ သရဲျဖစ္ၿပီး သူ႔အိမ္မွာ
ေနထိုင္စားေသာက္ေနတာျဖစ္မယ္”

“ကဲ လာ ျပန္ၾကမယ္…တို႔ကို ေတြ႕သြားလို႔
မျဖစ္ဘူး ”

ေဒၚျမင့္၏ ၿခံအတြင္းမွ ေဒၚတင္စိန္တို႔
သုံးေယာက္ အျပင္သို႔ ေျခဖြနင္းရင္း
ျပန္ထြက္လာခဲ့ၾကသည္။ဦးမ်ိဳးျမင့္၊
ဦးခင္ေအာင္၊ ေဒၚတင္စိန္တို႔ ေဒၚျမင့္၏
ၿခံထဲမွာ စကားေျပာခ်င္ေသာ္လည္း
မ်ိဳသိပ္ထားရသည့္အတြက္ ၿခံျပင္
ေရာက္သည္ႏွင့္ ျမင္ေတြ႕ခဲ့ေသာ
အေၾကာင္းအရာမ်ားကို တစ္ေယာက္တစ္မ်ိဳး
ေဝဖန္ေနၾကသည္။

“ေဒၚျမင့္ …သရဲေမြးထားတာပဲ

“သူမို႔ မေၾကာက္မလန္႔ သရဲတစ္ေကာင္နဲ႔
ႏွစ္ရွည္လမ်ား ေနႏိုင္တယ္ ”

“သူ႔ေယာက်ၤားက ဘယ္အခ်ိန္က ေသတာလဲ၊
မေလးရွားမွာေသၿပီး ဝိညာဥ္ေရာက္လာတာမ်ားလား”

ေဒၚျမင့္အိမ္ကအေၾကာင္းကို ေဒၚတင္စိန္ကလည္း
႐ြာထဲမွာ ေဖာက္သည္ခ်သည္။ ေဒၚျမင့္ မသိေပမဲ့
ေဒၚတင္စိန္၊ ဦးမ်ိဳးျမင့္ႏွင့္ ဦးခင္ေအာင္တို႔ေၾကာင့္
တစ္႐ြာလုံး ဦးမိုးေထြး မကြၽတ္မလြတ္ဘဲ
သရဲျဖစ္ကာ ေဒၚျမင့္ႏွင့္အတူေနၾကာင္း
သိကုန္ၾကသည္။ အခ်ိဳ႕က သြားၾကည့္ရန္
တိုင္ပင္ၾကသည္။ အခ်ိဳ႕ကေတာ့ ဆိုင္မွာ
ေစ်းဝယ္ရင္း မသိမသာ အကဲခတ္ၾကသည္။

ထို႔ေနာက္ပိုင္းမွစ၍ ေဒၚျမင့္ဆိုင္ အေရာင္းအဝယ္
လူစည္းကားလာသည္။ ေဒၚျမင့္ကလည္း
ခါတိုင္းထက္ ႏွစ္ဆခန္႔ ေရာင္းအားတက္လာသျဖင့္
စိတ္ထဲထူးဆန္းေနသည္။

ေစ်းလာဝယ္ၾကသူမ်ားကလည္း စကားမရွိ
စကားရွာၿပီး ေလွ်ာက္ေျပာေနသလို မ်က္လုံးမ်ား
ကလည္း ဂနာမၿငိမ္ တစ္ဆိုင္လုံး မ်က္စိ
ေလွ်ာက္ကစားေနသည္။ ဆိုင္အတြင္း ၾကည့္႐ုံ
အားမရေသး။ အိမ္ထဲကိုပါ လွမ္းၾကည့္
တတ္ၾကေသးသည္။

“ဟင္ ဒီလူေတြရဲ႕ အၾကည့္ကို ငါတယ္သကၤာခ်င္ဘူး၊
အိမ္မွာ ကိုေထြးရွိေနတာကို သိတဲ့လူမ်ား
ရွိေနၿပီးလားပဲ”

ထို႔ေနာက္ပိုင္း ပိပိရိရိ ေနႏိုင္သမွ်ေနရန္ ဆုံးျဖတ္လိုက္
သည္။ ဒါေပမဲ့ ႐ြာထဲမွာ ထိုသတင္းကို စိတ္ဝင္စားမႈက
ေလ်ာ့မသြားခဲ့ပါေပ။ တစ္ေန႔ တစ္ေန႔ ေဒၚတင္စိန္၏
အိမ္၊ ဦးခင္ေမာင္၏အိမ္၊ ဦးမ်ိဳးျမင့္တို႔၏ အိမ္မွာ
ေန႔စဥ္ လူစည္ကားလ်က္ရွိေတာ့သည္။

XxXXXX

တစ္ရက္ ဦးခင္ေအာင္မ်က္စိက အိမ္ေရွ႕မွ
ျဖတ္သြားၾကေသာ လူသုံးေယာက္ကို
လွမ္းျမင္လိုက္သည္။ ထိုအခါ အနီးမွာ ထိုင္ေနေသာ
ေထြးၫြန္႔ ဆိုသည့္ လူငယ္အား…

“ေထြးၫြန္႔ သူတို႔ေနာက္ အျမန္လိုက္စမ္း၊
ဆရာတို႔ကို သတင္းတစ္ခုေပးခ်င္လို႔ ဟိုအိမ္ကို
ခဏေလာက္လိုက္ခဲ့ပါဆိုၿပီး ငါ့အိမ္ကို ေခၚခဲ့
…သြား ျမန္ျမန္”

အသက္ ဆယ့္ရွစ္ႏွစ္ခန္႔ရွိေသာ ေထြးၫြန္႔လည္း
သြက္လက္စြာ အိမ္ေပၚကဆင္းၿပီး ဦးခင္ေအာင္
ခိုင္းသည့္အတိုင္း အမီေျပးလိုက္သည္။

“ဆရာတို႔ ဆရာတို႔ ခဏေလာက္”

ေနာက္မွ အသံၾကားသျဖင့္ ေလွ်ာက္ေနေသာ
ေျခလွမ္းတို႔ တုံ႔ရပ္သြားကာ ေနာက္သို႔
လွမ္းၾကည့္လိုက္သည္။

“ဆရာတို႔ကို ဟိုအိမ္က ဦးေလးႀကီးက
သတင္းတစ္ခု ေပးခ်င္လို႔ အိမ္ကို ခဏေလာက္
ဝင္ခဲ့ပါတဲ့ ”

သူတို႔လည္း လူငယ္ေခၚရာ လိုက္ခဲ့သည္။
အိမ္ေပၚသို႔ တက္လာခဲ့သည္။

“ထိုင္ပါ ဆရာတို႔ ”

“သတင္းေပးစရာရွိတယ္ဆိုလို႔ လိုက္ခဲ့တာ
ေျပာပါ …က်ေတာ္က အမႈလိုက္နယ္ထိန္း
ဒုရဲအုပ္ဝင္းကိုပါ ”

“ဒီလိုပါဆရာ …က်ေတာ္တို႔႐ြာမွာ သရဲႏွင့္
အတူတူေနတဲ့ ေဒၚျမင့္အေၾကာင္း ေျပာခ်င္လို႔ပါ”

“သရဲ …သရဲ…ဘာလဲ …က်ဳပ္တို႔က
သရဲဖမ္းေပးရမွာလား”

“အဲ့ဒီလိုေတာ့ မဟုတ္ပါဘူးဆရာ၊ က်ေတာ္ေျပာမယ္
စကားေတာ့ ခဏေလာက္သည္းခံၿပီး ဆုံးေအာင္
နားေထာင္ေပးပါ ”

“အင္း…ေျပာ”

“ဒီအမ်ိဳးသမီးရဲ႕ေယာက်ၤားက အရင္ကုန္တင္ကား
ဒ႐ိုင္ဘာပါ။ သူကားေမာင္းထြက္သြားရင္ ေဝးရင္
ေဝးသလို နီးရင္ နီးသလို အိမ္ကို တစ္ပတ္ဆယ္ရက္
ျပန္မလာဘူး။ ကားျပန္ဝင္လာရင္ အိမ္မွာ ႏွစ္ညသုံးည
အိပ္တယ္၊ ၿပီးရင္ ကားျပန္ထြက္တယ္၊ ဒီလိုေနရာက
သူ႔အိမ္ကို သူ႔ေယာက်ၤား အဝင္အထြက္
မလုပ္တာ ႏွစ္နဲ႔ခ်ီ ၾကာၿပီ လူေတြ သတိထားမိလို႔
ေမးေတာ့ မေလးရွားမွာ အလုပ္သြားလုပ္ေနတယ္တဲ့၊
အဲဒီ့လို ေျပာၿပီး မေလးရွားသြားတဲ့ ေယာက်ၤားက
ျပန္မလာေတာ့ဘူး၊ ပစၥည္းပို႔တာ မၾကားရဘူး။
ေငြလည္းမပို႔ဘူး”

“ခင္ဗ်ားတို႔ မသိတဲ့အခ်ိန္ ေငြနဲ႔ ပစၥည္း
ေရာက္ခ်င္ေရာက္မွာေပါ့။ တစ္ေခါက္ႏွစ္ေခါက္လည္း
ျပန္လာခ်င္ျပန္လာမွာေပါ့”

“အဲဒီလို မျဖစ္ႏိုင္ပါဘူး၊ သူက ေစ်းဆိုင္ဖြင့္ထားတာ
လူဝင္ လူထြက္ရွိတာ သိႏိုင္တာေပါ့။ တစ္အိမ္နဲ႔
တစ္အိမ္ အေဝးႀကီးလည္း မဟုတ္ဘူး။ တစ္ေယာက္
မဟုတ္တစ္ေယာက္ သိႏိုင္တယ္ဆရာ”

“အင္း…ခင္ဗ်ားတို႔ သူ႔ကို ဘယ္လိုမသကၤာျဖစ္လို႔လဲ၊
သူနဲ႔သရဲ အတူေနတဲ့ အေၾကာင္း ရွင္းေအာင္ေျပာပါ”

“လြန္ခဲ့တဲ့ ဆယ္ရက္ေလာက္က ေဒၚတင္စိန္
ေႂကြးဆပ္မယ္ဆိုၿပီး သြားတာ။ ဆိုင္ပိတ္သြားလို႔
အိမ္ထဲဝင္လိုက္သြားတယ္၊ ေဒၚတင္စိန္လည္း
လွမ္းေခၚမယ္ျပင္တုန္း မီးဖိုထဲမွာ စကားသံ
ၾကားလို႔ ျပတင္းေပါက္က ေခ်ာင္းၾကည့္လိုက္ေတာ့မွ
အျဖစ္မွန္ကို သိရတယ္။ သူ႔ေရွ႕မွာ ထိုင္ေနတဲ့
သရဲက ရွိေနတယ္။ ေဒၚျမင့္က သူ႔ေယာက်ၤား
နာမည္ေခၚၿပီး သူေရွ႕မွာ ခ်ထားတဲ့ ပန္းကန္ထဲ
လွမ္းၿပီး ဟင္းေတြ ထည့္ေပးတယ္။
ေဒၚျမင့္ရဲ႕ ေရွ႕ကလူကို မေတြ႕ရဘဲ၊
ဇြန္းနဲ႔ ဟင္းေတြ ခပ္ေနတယ္။ထမင္းေတြ
ႏႈိက္စားတယ္၊ဓါတ္ဘူးထဲက ေရေႏြးငွဲ႔
ေသာက္တယ္။ တစ္မ်ိဳးၿပီး တစ္မ်ိဳး လူမရွိဘဲ
မ်က္လွည့္ျပသလို ပစၥည္းေတြ ေျမာက္ေျမာက္
ျမင္ရတယ္။ ေဒၚျမင့္ၿခံထဲက ျပန္ထြက္လာၿပီး
က်ေတာ္တို႔ကို ေျပာျပလို႔ ေနာက္ည၊
သြားေခ်ာင္းၾကည့္ၾကတယ္ဆရာ။
သူ႔ေယာက်ၤားရဲ႕ နာမည္ကိုေခၚၿပီး
ထမင္းစားခိုင္းတယ္၊ သူ႔ေရွ႕မွာ
လူတစ္ေယာက္ရွိေနသလိုပဲ က်ေနာ္တို႔လည္း
လူမျမင္ရဘဲ ဟင္းခပ္တာေရာ၊ ဟင္းခ်ိဳ
ခပ္ေသာက္တာေရာ၊ ထမင္းလုတ္ပါ
ပါးစပ္ထဲသြင္းတာေရာ၊ ဓါတ္ဘူးထဲက
ေရေႏြးငွဲ႔ေသာက္တာေရာ အားလုံး
ထူးထူးဆန္းဆန္းေတြ ျမင္ရတယ္ ”

“အင္း…နည္းနည္းေတာ့ စိတ္ဝင္စားသြားၿပီ”

“ဟုတ္ပါတယ္ဆရာ၊ က်ေနာ့္အထင္ သူ႔ေယာက်ၤားဟာ
တကယ္ဘဲ မေလးရွားသြားတာလား၊ မေလးရွားမွာ
ေသသြားတာလား၊ သူ႔အိမ္မွာသာ ေသသြားတယ္
ဆိုရင္ အျပင္ကို ဘာေၾကာင့္ သတင္းမေပါက္ၾကား
တာလဲ၊ နည္းနည္းစိတ္ဝင္စားမိလို႔ ဆရာတို႔ကို
ေခၚတိုင္ပင္တာ”

“ခင္ဗ်ားတို႔ ေျပာမွာပဲ စဥ္းစားမိတယ္။သူ႔အိမ္မွာ
ေသသြားတာလား၊ ဒီလိုဟာမ်ိဳးက အစိမ္းေသ,ေသမွ
သရဲကို ေခၚထားလို႔ရတာ၊ တစ္ခါက အမႈမေပၚလို႔
ပေယာဂအေၾကာင္း နားလည္တဲ့ ဆရာတစ္ေယာက္နဲ႔
ဝိညာဥ္ေခၚၿပီး အမႈကို ေဖာ္ထုတ္ဖူးတယ္။အဲဒီ့
ဆရာက ေျပာတယ္။ သဘာဝအတိုင္း ဝဋ္နာ
ကံနာနဲ႔ ေသခ်ိန္တန္လို႔ေသတဲ့ ဝိညာဥ္ေတြကို
ေခၚထားလို႔ မလြယ္ဘူး ခိုင္းစားလို႔လည္း
မရဘူးတဲ့။ ဒါေပမဲ့ အစိမ္းေသ၊ ေသတဲ့
ဝိညာဥ္ေတြကိုေတာ့ ေခၚထားလို႔ရတယ္
ခိုင္းစားလို႔လည္း ရတယ္။ ေမးလို႔ ျမန္းလို႔လည္း
လြယ္တယ္လို႔ အဲဒီပေယာဂဆရာက ေျပာဖူးတယ္”

“ဒါဆို ဒီလူ ကားအက္ဆီးဒင့္ျဖစ္ၿပီး အစိမ္းေသ,
ေသခဲ့တာလား၊ ဒါမွမဟုတ္ လင္မယား စကားမ်ား
ရန္ျဖစ္ၿပီး ေသခဲ့တာလား စဥ္းစားစရာပဲ”

“ဒီအခ်ိန္ သြားလို႔ မသင့္ေတာ္ဘူး။ စစ္လို႔ ေမးလို႔ရမွာ
မဟုတ္ဘူး။ အဲဒီ့ကိစၥသိရေအာင္ ခင္ဗ်ားတို႔ေျပာတဲ့
ထမင္းစားခ်ိန္ က်ဳပ္တို႔ ခင္ဗ်ားတို႔အိမ္ကို လာခဲ့မယ္”

“ဟုတ္ကဲ့ ဆရာတို႔လာရင္ ခုႏွစ္နာရီခြဲမတိုင္ခင္
အေရာက္လာခဲ့ပါ၊ သူက ညရွစ္နာရီဆို
ဆိုင္ပိတ္ၿပီး အိမ္ထဲဝင္တာနဲ႔ ထမင္းစားဖို႔ျပင္တာ”

“သိၿပီ…က်ေနာ္တို႔ ကိစၥေလးတစ္ခုရွိလို႔
႐ြာထဲ သြားလိုက္ပါဦးမယ္၊ညလာခဲ့မယ္
အျပင္လူ ဘယ္သူမွ ေခၚမထားပါနဲ႔။
က်ေတာ္တို႔လာမယ့္အေၾကာင္းလည္း
ဘယ္သူ႔မွ ေျပာမထားပါနဲ႔ ”

“ဟုတ္ကဲ့ စိတ္ခ်ပါဆရာ က်ေနာ္ေစာင့္ေနပါ့မယ္”

ဒုရဲအုပ္ႏွင့္ သူ႔ရဲေဘာ္ႏွစ္ေယာက္ အိမ္ေပၚမွ
ႏႈတ္ဆက္ၿပီး ဆင္းသြားၾကေတာ့သည္။

XXXXX

ေဒၚျမင့္ …ေဒၚျမင့္ …က်ေနာ္တို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြပါ
ေမးစရာရွိလို႔ တံခါးဖြင့္ေပးပါ”

“ဟင္”

ေဒၚျမင့္က ဦးမိုးေထြးစားေနေသာ ပန္းကန္မ်ားကို
ဖြက္ရန္ အႀကံႏွင့္ အတင္းလိုက္သိမ္းေနသည္။

“ေနပါ ေဒၚျမင့္၊ က်ေတာ္တို႔ ျမင္ၿပီးပါၿပီ
အဲဒီအတိုင္းထားလိုက္ပါ ”

အျပင္မွာ အတိအက်ေျပာေနသည့္အသံေၾကာင့္
ေဒၚျမင့္လည္း ပန္းကန္ကိုင္ေနေသာ လက္က
ေနာက္သို႔ တြန္႔သြားသည္။ ေဒၚျမင့္အသံၾကား
ရာသို႔ မ်က္လုံးအၾကည့္က ေရာက္သြားသည္။
မွန္ျပတင္းေပါက္မွ ၾကည့္ေနၾကေသာ လူႏွစ္ေယာက္
သုံးေယာက္ခန္႔ကို အရိပ္မည္းမည္းမ်ားအျဖစ္
ျမင္ရသည္။ ေဒၚျမင့္ အားမတန္ မာန္ေလ်ာ့၍
ထိုင္ရာက ထသြားၿပီး အိမ္ေရွ႕တံခါးကို
ဖြင့္ေပးလိုက္သည္။

ရဲတပ္ဖြဲ႕ဝင္သုံးေယာက္ႏွင့္ ႐ြာလူႀကီး ႐ြာသား
ႏွစ္ေယာက္အားလုံး ေျခာက္ေယာက္ အိမ္ေပၚ
တက္လာၾကသည္။

“ကဲ…ေဒၚျမင့္နဲ႔အတူ ေဒၚျမင့္ေယာက်ၤား ဦးမိုးေထြးရဲ႕
ဝိညာဥ္အတူရွိေနတာ က်ေနာ္တို႔ သိၿပီးၿပီ။
အဲဒီ့အေၾကာင္း ရွင္းျပေစခ်င္တယ္”

“မ…မ…ရွိပါဘူး”

“ဒီကိစၥကို ႐ြာသားေတြသိတာ ဆယ္ရက္ေက်ာ္ၿပီ။
႐ြာသားတစ္ေယာက္မဟုတ္ဘူး။ တစ္႐ြာလုံး
သိေနေနၾကတယ္။ ခင္ဗ်ားနဲ႔အတူ ထမင္းစားေနတာ
ကိုလည္း ႐ြာသားေတြ ေတြ႕ၿပီးၾကသလို
ေစာေစာကလည္း က်ေတာ္တို႔ ေတြ႕လိုက္ၿပီးပါၿပီ”

“ခင္ဗ်ား…မ်က္လွည့္ပညာတတ္လား”

“မ…မတတ္ပါဘူးရွင့္ ”

“ဒါဆို ေစာေစာက ထမင္းေကြၽး ဟင္းခပ္ဇြန္းေတြ
ခပ္လိုက္ စားလိုက္ အေပၚေျမာက္သြားလိုက္၊
အဲဒီကိစၥ ခင္ဗ်ား ဘယ္လို ေျဖရွင္းမလဲ”

“ဟို…ဟို …ဆရာတို႔ အျမင္မွားတာပါ”

“ခင္ဗ်ား…အမွန္ေျပာသင့္ၿပီ။ ခင္ဗ်ားေယာက်ၤား
ေသသြားၿပီး မဟုတ္လား”

“မ…မေသပါဘူး …သူ မေလးရွားမွာပါ”

“ေဒၚျမင့္ …က်ဳပ္တို႔က မေသခ်ာဘဲ မလာဘူး။
ခင္ဗ်ား ပါးစပ္က ကိုေထြး စားပါ…ကိုေထြး
ဘာယူဦးမလဲ ဆိုတာ ဘယ္သူ႔ကို ေျပာတာလဲ”

ထိုအခ်ိန္မွာပင္ သူတို႔ေရွ႕သို႔ ဓါတ္ဘူးႏွင့္
ေရေႏြးပန္းကန္ ႏွစ္ခ်ပ္ထပ္လ်က္ လူမျမင္ရဘဲ
လာခ်သည္ကို အားလုံးေတြ႕လိုက္ရသည္
အားလုံး မ်က္လုံးျပဴးသြားသည္။
ေဒၚျမင့္လည္း မ်က္လုံးျပဴးသြားသည္။
မ်က္လုံးျပဴးပုံျခင္းမတူ အျပင္မွေရာက္လာသူမ်ားက
အံ့ၾသ၍ မ်က္လုံးျပဴးျခင္း ျဖစ္သည္။
ေဒၚျမင့္ကေတာ့ ေျခတုန္လက္တုန္ႏွင့္
အမွားမွားအယြင္းယြင္းျဖစ္ကာ
မ်က္လုံးျပဴးသြားျခင္းပင္ျဖစ္သည္

“အခု ဓါတ္ဘူးလာခ်တဲ့ သူဟာ
ဦးမိုးေထြးဆိုရင္ ခင္ဗ်ားအတြက္
ထူးျခားမႈရွိရင္ က်ဳပ္တို႔ကို ျပေစခ်င္တယ္”

ဒုရဲအုပ္က ေျပာလိုက္သည္။ ခဏေနေတာ့
သူတို႔အနီးရွိ ပ်ဥ္ထရံမွာ ခ်ိတ္ထားသည့္
ၾကက္ေမြးတံျမက္စည္းက အိမ္ေရွ႕တံခါးေပါက္မွ
တျဖည္းျဖည္း အျပင္သို႔ ထြက္သြားသည္ကို
အတိုင္းသားျမင္ေနရသည္။သူတို႔အားလုံး
ေနာက္မွ လိုက္ခဲ့သည္။

“ေဒၚျမင့္ …ခင္ဗ်ားလည္း လိုက္ခဲ့ပါ ”

ဒုရဲအုပ္က ေခၚသျဖင့္ ေဒၚျမင့္ ေျခလွမ္းေလးကန္စြာႏွင့္
ေနာက္က လိုက္ခဲ့သည္။ ၾကက္ေမြးတံျမက္စည္းက
သူတို႔ေရွ႕ကေနၿပီး ျဖည္းျဖည္းခ်င္း ၿခံေနာက္ဘက္သို႔
ေ႐ြ႕လ်ားေနသည္။ အေမွာင္ထဲမွာ ရဲတပ္ဖြဲ႕ဝင္
တစ္ေယာက္က ဓါတ္မီးႏွင့္ ထိုးျပသည္။

႐ြာသားတစ္ေယာက္ကလည္း ဓါတ္မီးပါသည္။
႐ုံးပတီပင္မ်ားၾကားမွ ေနာက္ဘက္သို႔ ဆက္ေ႐ြ႕
လ်ားေနေသးသည္။ ကုကၠိဳပင္ႏွင့္ မန္က်ည္းပင္ၾကား
ေရာက္ေတာ့ ၾကက္ေမြးတံျမက္စည္းက
ဆက္မသြားေတာ့။

ထိုစဥ္မွာပဲ ၾကက္ေမြးကို ကိုင္ၿပီး ေျမႀကီးကို
ျခစ္သည့္ ပုံစံမ်ိဳး ၾကက္ေမြးတံျမက္စည္းက
ငါးေပေျခာက္ေပခန္႔ အဝိုင္းတစ္ခု ျခစ္ျပသည္။

“ဒီေနရာက ထူးျခားတဲ့ပုံပဲ ”

“ေဒၚျမင့္ …အမွန္အတိုင္းေျပာပါ။
ဒီေျမႀကီးေအာက္မွာ ဘာရွိလဲ”

“ဟို…ဟို …”

“ကဲ…အမွန္အတိုင္းေျပာဖို႔ သင့္ၿပီ။ က်ဳပ္တို႔
ဒီေျမႀကီးကို တူးၾကည့္ရေတာ့မယ္ ”

“ကဲ…လာၾက အိမ္ထဲသြားၾကမယ္။ေဒၚျမင့္…
ခင္ဗ်ားလည္း အမွန္အတိုင္းေျပာ။ ဒီေနရာကို
ဦးခင္ေအာင္တို႔ ႐ြာက လူငယ္သုံးေလးေယာက္
ေလာက္ ေခၚၿပီး တူးခိုင္းပါ ”

“အခု ညပိုင္းလားဆရာ”

“ဟုတ္ပါတယ္…အေျဖကို တစ္ခါတည္း
အားလုံးသိသြားၾကရတာေပါ့”

“အခု ႐ြာထဲမွာ သြားေခၚၿပီး တူးခိုင္းလိုက္ပါ့မယ္”

ဦးခင္ေအာင္က လူငယ္မ်ားေခၚရန္ ႐ြာထဲ
ခဏ ထြက္သြားသည္။

ေဒၚျမင့္ႏွင့္အတူ ရဲတပ္ဖြဲ႕ဝင္မ်ား
အိမ္ေပၚတက္ခဲ့ၾကသည္။
မၾကာခင္မွာပင္ ေဒၚျမင့္လည္း
သူႏွင့္ သူ၏ေယာက်ၤား ဆက္ဆံေရး
မေျပလည္မႈမ်ားကို ေျပာျပသည္။

သူႏွင့္ကြာရွင္းဖို႔ အတင္းအက်ပ္ ေတာင္းဆိုသည္။
သူ႔ေယာက်ၤားကို သူ မစြန္႔လြတ္ႏိုင္တဲ့အတြက္
အဆိပ္ခပ္ သတ္ျဖတ္ခဲ့သည့္အေၾကာင္း
ေျပာျပေလေတာ့သည္။

ထို႔ေနာက္ အေလာင္းကို သစ္ပင္ေအာက္မွာ
ျမႇဳပ္လိုက္ၿပီး ဝိညာဥ္ကိုေခၚကာ သူႏွင့္အတူတူ
ေနေစခဲ့သည့္ အေၾကာင္းကိုလည္း ေျဖာင့္ခ်က္ေပးသည္။
႐ြာသားမ်ားလည္း အ႐ိုးက်ေနၿပီ ျဖစ္ေသာ
ဦးမိုးေထြး၏ အေလာင္းကို ေျမေအာက္ထဲမွာ
တူးေဖာ္ေတြ႕ရွိလိုက္ပါေတာ့သည္။

သရဲႏွင့္ အတူ ရာသက္ပန္ေနမည္ဟု
စိတ္ကူးထားေသာ ေဒၚျမင့္တစ္ေယာက္
သူ၏မေကာင္းမႈဒဏ္ေၾကာင့္ ေထာင္နန္းစံ
သြားရေလေတာ့သည္။

မူရင္းေရးသူ ဆရာ ဧကန္မင္း