မြွေကွင်းထိုး(စ/ဆုံး)

Unicode Version

မြွေကွင်းထိုး(စ/ဆုံး)
————————-
ဆရာကြီးဦးရွှေမိုးဆိုလျှင် သည်နယ်တစ်ဝိုက်မသိသူမရှိပေ။ အဘယ် ကြောင့်ဆိုသော် ဆရာကြီး ဦးရွှေမိုးမှာ မြန်မာတိုင်းရင်း ဆေးဆရာကြီး တစ်ဦးဖြစ်ပြီးဂမ္ဘီရသိပ္ပပညာရပ်ဖြစ်သောအဂ္ဂိရတ်ထိုးခြင်း သမထယာနိက အလုပ်များလုပ်ခြင်း၊ အမှောင့်ပရောဂ ရောဂါများကို ကုသပေးခြင်း စသည့် သတ္တဝါအများ၏ အသက်ကို ကယ်တင်ပေးနေသော ဆေးဆရာကြီးတစ် ယောက်ဖြစ်သောကြောင့်ပဲနွယ်ကုန်းမြို့အရှေ့ဘက်ခြမ်းရှိနတ်သံကွင်းရွာ အုပ်စုရှိကျေးရွာကြီးငယ်များမှဆရာကြီးဦးရွှေမိုးဆိုလျှင်မသိသူမရှိ။ ရွာများ
မှ အားကိုးအားထားပြုနေရသော ဆရာကြီးတစ်ဦးဖြစ်လေ၏။
ဆရာကြီး ဦးရွှေမိုးသည် အသက် ( ၈၃)နှစ်ရှိပြီး ဖြစ်သော်လည်း သွား တစ်ချောင်းမျှ မကျိုး၊ ဆံပင်မဖြူ၊ မျက်စိမမှုန်ဘဲ လူငယ်တစ်ယောက်ကဲ့သို့ သန်မာဖျတ်လတ်စွာ (၅ဝ)ကျော်အရွယ်ဟုခန့်မှန်းကြလေသည်။ ဆရာကြီး ဦးရွှေမိုးမှာ ဆံပင်ယောင်တစ်စောင်းထုံး၍ ပိုးပဝါဖြင့် ခေါင်းပေါင်းပေါင်း ထားပြီး ဖျင်ပင်နီတိုက်ပုံ အင်္ကျီ ပုဆိုးကွက်တုံးကို အမြဲဝတ်ဆင်တတ်ပြီး အသားဖြူ၍ အရပ်မြင့်မြင့် (၅ပေ – ၁၀ လက်မ) ခန့် ရှိပြီး ဥပဓိရုပ် ခန့်ညား လှသောကြောင့် မြင်ရသူအပေါင်းငေးကြည့်ကြရစမြဲပင်။
ယခုလည်း နတ်သံကွင်းရွာရှိ ဆရာကြီး ဦးရွှေမိုး၏ နေအိမ် အောက်ရှိ ကွပ်ပျစ်ပေါ်တွင် ဆရာကြီးဦးရွှေမိုးမှထိုင်နေပြီးရှေ့တွင် လူငယ်လူလတ်ပိုင်း အရွယ်ယောက်ျား(၅)ယောက်ထိုင်နေလျက်ဆရာကြီးဦးရွှေမိုးထံမှ မြန်မာ့ တိုင်းရင်းဆေးပညားရပ်များနှင့်ဂမ္ဘီရပညာရပ်များအား သင့်သူမှတ်သားနေ
ကြခြင်းဖြစ်လေ၏။
“ဒီနေ့ – တပည့်တို့ကို မြန်မာ့တိုင်းရင်းဆေးပညာရဲ့ နက်နဲမှုနဲ့ ဆေးပင် ဆေးမြစ် အကြောင်းပြောပြမယ်။ မှတ်သားကြပါ။ နောက်ပြီး – တပည့်တို့ သိချင်တဲ့အချက်အလက်အကြောင်းအရာတွေကိုလည်းမေးနိုင်ကြပါတယ်။ ဆရာ သိသလောက်၊ တတ်သလောက် ဆရာစားမချန်ဘဲ သင်ပြ ပြောပြ သွားမှာဖြစ်တယ်”
ဆရာကြီးဦးရွှေမိုးကတပည့်များအားစကားပလ္လင်ခံ၍ပြောလိုက်ခြင်း
ဖြစ်၏။ ထိုအချိန် တပည့်များအတွင်းမှ ကျော်စိန်ဆိုသူက သူသိလိုသည်ကို မေးမြန်းလေ၏။
“ဆရာကြီး ခင်ဗျာ၊ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သိချင်ပါတယ်။ ရှင်းပြပေးပါခင်ဗျာ”
“အေ – ရှင်းပြပေးရတာပကွယ်။ သည်လိုကျွဲ … နွယ်မြက်သစ်ပင် ဆေးဘက်ဝင်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်က-ဟိုးရှေးရှေးဘုရားရှင်လက်ထက် တော်အခါက ဆေးဆရာကြီး ဆရာဇီဝကဆိုတာ တပည့်တို့ ကြားဖူးကြမှာ ပေါ့။အဲဒီဆရာကြီးဇီဝကထံပါးမှာတိုင်းရင်းဆေးပညာလာရောက်သင်ယူ
ကြတဲ့တပည့်ပေါင်း(၅ဝဝ)ရှိကြသတဲ့။ တစ်နေ့မှာတော့ဆရာကြီးဇီဝကက တပည့်အပေါင်းကိုပြောသတဲ့။ ကဲ- တပည့်တို့ – တပည့်တို့အားလုံးဒီကမ္ဘာ မြေကြီးပေါ်မှာပေါက်နေကြတဲ့သစ်ပင်တွေထဲကဆေးဖက်မဝင်တဲ့ သစ်ပင် သစ်ရွက်တစ်မျိုးစီကို ရှာဖွေပြီး ယူလာခဲ့ကြရမယ်လို့ ပြောလိုက်တယ်။ တပည့် (၅ဝဝ)လည်း မိမိတို့ စိတ်တွင်းက ဆေးဘက်မဝင်ဘူးလို့ထင်တဲ့ အပင်အရွက် အမျိုးမျိုးကို တစ်ယောက်တစ်မျိုးစီ ရှာဖွေပြီး ခူးဆွတ်ယူလာ လို့ ဆရာကြီး ဇီဝကကို ပေးအပ်ကြတယ်။ တပည့် (၅ဝဝ)အပင်၊ အရွက် (၅ဝဝ)စုံတဲ့အချိန်မှာဆရာကြီးဇီဝကပြောတဲ့စကားကတော့ကိုင်း – တပည့် တို့ အခုတပည့်တို့ ခူးဆွတ်ယူပြီး လာပေးအပ်ကြတဲ့ အပင်အရွက်၊ အသီး အမျိုးမျိုးဟာ ဆေးဖက်မဝင်ဘူးလို့ ထင်ကြတယ်မဟုတ်လား။ အေး – မှတ် ထားကြတပည့်တို – အပင်၊ အရွက်၊ အသီးစတဲ့ကမ္ဘာမြေကြီးပေါ်မှာပေါက် ရောက်သီးပွင့်ကြတဲ့ရုက္ခအပင်အားလုံးဟာဆေးဖက်ဝင်ကြတဲ့အပင်၊အသီး၊
အရွက်တွေဖြစ်တယ်။ ရောဂါနဲ့ဆေးကိုက်ညီအောင်ပေးတတ်ဖို့ပဲလိုတယ်။ ရာသီဥတု၊ အပူ၊ အအေး ညီမျှအောင် ကြည့်တတ်ပြီး ဖြစ်နေတဲ့ ရောဂါကို
သိအောင်လုပ်၊ ပြီးမှ – အပင်၊ အသီး၊ အရွက်၊ အပွင့် စတဲ့ ကိုက်ညီတဲ့ ဆေး ဖော်စပ်ပေးသေဘေးလွတ်ပြီပေါ့ကွယ်။ ဒါကြောင့်ဆေးဖက်မဝင်တဲ့အပင်၊ အသီး၊ အရွက်၊ အပွင့် ဆိုတာမရှိဘူးတပည့်တို့။ အဲသည်လိုဆေးဆရာကြီး ဇီဝက ပြောတဲ့အတိုင်း နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုတဲ့ စကား ဖြစ် ပေါ်လာခဲ့ရတာပေါ့- တပည့်တို့”
ဆရာကြီး ဦးရွှေမိုးမှ တပည့်များအား ရှည်လျားစွာ ရှင်းလင်းပြောကြား လိုက်လေ၏။ တပည့်တစ်ဦးမှ ဆက်၍ မေးလိုက်ပြန်၏။
“ကျွန်တော်တစ်ခုမေးပါရစေ ဆရာကြီး – အပင်၊ အသီး၊ အရွက်၊ အပွင့် တွေပဲဆေးဖက်ဝင်တာလား။ သတ္တဝါတွေထဲမှာရောဆေးဖက်ဝင်တဲ့သတ္တဝါ တွေရဲ့အရိုး၊ အရေ၊အသွေး၊ အသားအားလုံးဟာလည်းဆေးဖက်ဝင်ကြတာ ချည်းပဲမသိကြလို့ လူတွေဟာရောဂါကိုမသိ။ဆေးပင်၊ ဆေးမြစ်ကိုမသိလို့ ဆေးပင်ကိုဆေးပင်မှန်းမသိဘဲဆေးပင်ခေါင်းအုံးလို့သေသွားကြတဲ့လူတွေ
များကြီး ရှိနေကြတာပဲပေါ့ကွယ်”
ဆရာကြီးခင်ဗျာ – သတ္တဝါတွေဟာဆေးပင်၊ဆေးဥ၊ဆေးမြစ်ရဲ့အစွမ်း သတ္တိတွေကို သိတယ်ဆိုတာ ဟုတ်ပါသလား။
“ဟုတ်တယ် – တပည့်တို့၊ သတ္တိဝါဆိုတဲ့ အထဲမှာ လူဆိုတာလည်း ပါ တယ်။ သတ္တဝါအားလုံးထဲမှာ လူဆိုတာ အသိဉာဏ်အရှိဆုံးလို့ ဆိုတယ် မဟုတ်လား ။ ဒါပေမဲ့ – ဆေးဖက်ဝင်တဲ့ သစ်ပင်၊ သစ်မြစ်၊ သစ်ဥ တို့ကို ကျ တော့ တိရစ္ဆာန်တွေဟာ သူတို့မှာ ဖြစ်ပေါ်ခံစားနေရတဲ့ ရောဂါဝေဒနာနဲ့ ကိုက်ညီတဲ့ဆေးပင်၊ ဆေးမြစ်၊ ဆေးဥတွေကိုသဘာဝတရားကြီးကဖန်တီး ပေးလိုက်တဲ့ အသိတရားကြောင့် သိရှိနားလည်ပြီး ရှာဖွေစားသောက်ပြီး ရောဂါဝေဒနာကို ကုစားကြတာပေါ့ကွယ်”
ဆရာကြီး ဦးရွှေမိုးမှ ရှင်းပြပြောဆိုပြီးအာခြောက်သွားဟန်နှင့် ရေနွေး ကြမ်းတစ်ပန်ကန် ငှဲ့သောက်လိုက်ပြီး ဆက်လက်ရှင်းပြလိုက်လေ၏။ “တိရစ္ဆာန်တွေမှာက ကြီးနိုင်ငယ်ညှဉ်း အားကြီးသူက အားနည်းသူကို အဆိပ်ရှိတဲ့အကောင်ကအဆိပ်မရှိတဲ့အကောင်ကိုအနိုင်ကျင့်သတ်ဖြတ် စားသောက်တတ်ကြတာဓမ္မတာသဘာဝပဲမဟုတ်လား။ ဒီသဘာဝတရား
ကို ကျော်လွှားနိုင်အောင် အဆိပ်မရှိတဲ့ တိရစ္ဆာန်လေးတွေဟာ အဆိပ်ဖြေ ဆေးပင်ကို သိကြတယ်။
ဆရာကြီးငယ်စဉ်ကအတွေ့အကြုံလေးတစ်ခုပြောပြမယ်နားထောင်
ကြကွဲ့”
ဆရာကြီးဦးရွှေမိုး (၁၆)နှစ် အရွယ်က ဖြစ်သည်။ မိဘရိုးရာတောင်သူ လယ်သမားများဖြစ်ကြလေ၏။ တစ်နေ့ – နွားများနဖားကြိုးနှင့် နွားကန်ကြိုး ကျစ်ရန်အတွက် လျှော်ခွာရန် အရှေ့ကျောက်ကြီး မြို့သွားသည့် လမ်းရှိ တောင်ပေါ်သို့တက်ခဲ့ပြီးလျှော်ပင်မှလျှော်ခေါက်များခွာပြီးတောင်အောက်
သို့ ပြန်ဆင်းလာစဉ် တောင်ခြေရင်း ကိုင်းတောနှင့် ချုံနွယ်ပင်များ ရှင်းနေ သည့် ကွက်လပ်တစ်ခုအရောက်တွင် မြွေဟောက်တစ်ကောင်နှင့် ကြွက်
တစ်ကောင်တို့ကိုက်ခဲနေကြသည့်မြင်ကွင်းအားမြင်တွေ့လိုက်ရလေသော ကြောင့်လျှော်ခေါက်အားပခုံးထက်မှချ၍ကြွက်နှင့်မြွေတိုက်ပွဲအားကြည့်ရှု
နေမိလေ၏။
ကြွက်မှာကြောင်ငယ်လေးတစ်ကောင်အရွယ်ခန့်ရှိပြီးမြွေဟောက်မှာ
ယောက်ျားကြီး လက်ကောက်ဝတ်အရွယ်ရှိပြီး ပါးပျဉ်းအရွယ်အစားမှာ ထမင်းစားပန်းကန်ပြားအရွယ်ရှိ၍ပါးပျဉ်းထောင်ထားစဉ်တစ်တောင်ကျော် ခန့်မြင့်ပြီး ကြွက်အား ပါးပျဉ်းကို ဘယ်ညာယိမ်း၍ လှမ်းပြီးကိုက်ခဲလေ၏။ ကြွက်မှာမြွေဟောက်ကြီးမှလှမ်းပေါက်လိုက်တိုင်းနောက်သို့ခုန်ဆုတ်လိုက် ပြီး မြွေဟောက်၏ လည်ကုတ်နေရာအား ခုန်၍ ကိုက်ခဲလိုက်လေသည်။ မြွေဟောက်မှာကြွက်၏ကိုက်ခဲသောဒဏ်ရာများကြောင့်လည်းကုတ်နေရာ မှသွေးများယိုစီးကျနေသလိုကြွက်၏ခန္ဓာကိုယ်အနှံ့အပြားတွင်လည်းဒဏ် ရာများရရှိပြီး သွေးများစီးကျနေလေသည်။ မြွေနှင့်ကြွက်ဆိုသည်မှာ ကမ္ဘာ့ ရန်ဘက်။ ကြွက်ဆိုသည်မှာ မြွေ၏အစာ၊ ယခုတော့ သည်လိုမဟုတ်ပေ။ ကြွက်၏ တန်ပြန်တိုက်ခိုက်မှုကို မြွေဟောက်မှာ အလူးအလဲ ခံနေရသည့် မြင်ကွင်းက မောင်ရွှေမိုးအတွက် ထူးဆန်းနေသည့် မြင်ကွင်းဖြစ်သဖြင့် ဆက်လက် ကြည့်ရှုနေမိလေသည်။ မြွေဟောက်၏ ကိုက်ခဲမှုကို တစ်ကြိမ်
နှစ်ကြိမ်ခန့် ခံရလျှင် ကြွက်သည် အနီးရှိ ချုံတောအတွင်း ပြေးဝင်သွားလေ သည်။ ခဏအကြာတွင် ချုံတောအတွင်းမှ ကြွက်ကြီးသည် ပြန်လည် ပြေး ထွက်လာပြီးလျှင်မြွေဟောက်ကြီး၏ရှေ့တွင်ရပ်လိုက်ပြီးမာန်ဖီသံပေးလိုက်
ရာမြွေဟောက်ကြီးကလှမ်းပေါက်လိုက်လေသည်။ ကြွက်ကြီးကနံဘေးသို့ ခုန်ရှောင်လိုက်ပြီး မြွေဟောက်ကြီး၏ လည်ကုတ်ပေါ်ခုန်တက်လိုက်ပြီး ချွန်ထက်သောသွားများဖြင့်ကိုက်ခဲလိုက်လေ၏။မြွေဟောက်ကြီးမှာမြေပြင်
ပေါ်တွင် လူးလှိမ့်၍လည်ကုတ်ပေါ်မှ ကြွက်ကြီး၏ကိုက်ခဲမှုကိုလွတ်အောင် တွန့်လိမ်လူးလှိမ့်ပြီး ခါထုတ်လေ၏။ ကြွက်ကြီးမှာ မြွေဟောက်၏လူးလှိမ့် တွန့်လိမ်ခါထုတ်မှုကြောင့် မြွေ၏ လည်ကုတ်ပေါ်မှ ပြုတ်ကျသွားလျှင် မြွေ ဟောက်ကြီးက ပေါက်လိုက်ရာ ကြွက်၏ ခါးပေါ်သို့ မြွေဟောက်၏ အစွယ် ကျရောက်သွားလေတော့သည်။ကြွက်ကြီးမှာမြွေဟောက်ကြီး၏ကိုက်ခဲမှုမှ လွတ်မြောက်အောင် ရုန်းကန်ကုတ်ခြစ်ပြီးတော့ ချုံအတွင်းသို့ ပြေးဝင်သွား ပြန်လေသည်။ မကြာမီ ကြွက်ကြီး ပြန်ပြေးထွက်လာပြီး မြွေဟောက်ကြီး အားပြန်ကိုက်လိုက်ဖြင့် အချိန်ကြာလာသည်နှင့် မြွေဟောက်ကြီးမှာ မလှုပ် ရှားနိုင်တော့ဘဲစင်းစင်းကြီးဖြစ်နေချိန်တွင်ကြွက်ကြီးမှာမြွေဟောက်ကြီး၏ လည်ကုတ်အားကိုက်ခဲ၍ဆွဲခါယမ်းပြီးမြွေဟောက်ကြီးမလှုပ်မယှက်သေ ဆုံးသွားလေမှ ချုံတောအတွင်း ပြေးဝင် ပျောက်ကွယ်သွားလေတော့၏။ “အဲသည်လို ထူးဆန်းအံ့ဩဘွယ် အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရပြီး ရွာ ကိုပြန်ရောက်လို့လူကြီးတွေကိုပြောပြတော့မှမြွေဟောက်ကိုပြန်ကိုက်တဲ့ ကြွက်ဝင်သွားတဲ့တောချုံတွေကြားကမြွေဆိပ်ဖြေဆေးပင်ကိုကြွက်ကြီးက ပြေးပြီးစားလို့မြွေဟောက်ကြီးကိုပြန်ကိုက်နိုင်တာပဲတဲ့။ အဲသည်လိုကြွက် ကြီးဝင်ပြေးတဲ့တောချုံတွေကြားကကြွက်ကိုက်စားတဲ့အပင်တွေကိုလိုက်
ကြည့်ပြီး ရအောင် နုတ်ယူလာနိုင်ရင် မြွေကိုက်ခံရတဲ့ သူကို ကုစားလို့ ရတဲ့ မြွေဆိပ်နိုင်တဲ့ ဆရာဖြစ်ပြီလို့ လူကြီးတွေ ပြောပြတော့မှပဲ ဗဟုသုတ အကြားအမြင်မရှိခဲ့လို့မြွေဆိပ်ဖြေဆေးပင်မရခဲ့တဲ့ကိုယ့်ကိုယ်ကိုယ်အပြစ်
တင်မိတော့တယ် တပည့်တို့”
ဆရာကြီး ဦးရွှေမိုးသည် သူ၏ တပည့်များအား သူကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်အားရှင်းလင်းပြောပြလိုက်ရာတပည့်များအံ့ဩငေးမောသွား
ကြလေ၏။
“အဆိပ်ရှိ သတ္တဝါတွေအားလုံးမှာ မြွေဆိုတဲ့ သတ္တဝါဟာ ထူးဆန်းပြီး ဂမ္ဘီရဆန်လွန်းလှတယ်မြွေတွေဟာလူကိုအန္တရာယ်ပြုခဲတယ်ကွယ့်။ သူတို့
ကို ထိမိနင်းမိမှ မလွှဲမရှောင်သာလို့ လူကို ကိုက်ကြတယ်။ လူကို ကိုက်တဲ့ မြွေဟာလည်းသူရဲ့အဆိပ်ကြောင့်မကြာခင်သေရတယ်။ဒါကြောင့် မြွေတွေ
ဟာလူကိုရှောင်ကြတယ်”
“ဆရာကြီးခင်ဗျာ – ဆရာကြီးဟာ မြွေကိုက်ခံရတဲ့ လူနာတွေကိုကုသ ပေးရာမှာလူနာတွေပျက်စီးဆုံးပါးမှုအလွန်နည်းပါတယ်။ ဘယ်လိုဆေးဝါး တွေနဲ့ ကုသပါသလဲ ဆိုတာပြောပြပါခင်ဗျာ”
တပည့်များအတွင်းမှ မောင်အောင်ဆိုသူကမေးမြန်းလိုက်ပါ၏။ “ဆရာကတော့အဆိပ်ပြေအောင် သစ္စာအဓိဋ္ဌာန်ပြုပြီးရေမန်းလို့ပြော
မလား၊ ပရိတ်ရေလို့ ပြောရမလား ခန္ဓပရိတ်ရွက်ပြီး သစ္စာအဓိဋ္ဌာန်ပြုလို့
လူနာကိုရေမန်းတိုက်ပြီးအဆိပ်ချပြီးကုတာပါပဲကွယ်။ ဆရာဟာမြွေသား
မစားဘူး။
မြွေပါတဲ့သတ္တဝါအသားမစားဘူး။ပဲလင်းမြွေသီးကိုတောင်မှမစား
ဘူးကွဲ့။ မြွေကိုလည်း မသတ်ဘူး။ ခန္ဓပရိတ်ကို အမြဲရွတ်ဖတ်ပြီး မြွေတွေ အဆိပ်ရှိ သတ္တဝါတွေအားလုံးကို အမြဲမေတ္တာပို့ပေးနေတာဘဲကွယ်” “မြွေအာချုပ်ဂါထာ မန္တန်တွေ ရှိတယ်ဆိုတာ ဟုတ်ပါသလား ခင်ဗျာ – ဘယ်လိုဂါထာတွေဆိုတာ သိချင်ပါတယ်”
တပည့်တစ်ယောက်က မေးမြန်းလိုက်ခြင်း ဖြစ်ပါသည်။ ဆရာကြီး ဦးရွှေမိုးက သူ၏တပည့်များ မေးသမျှ စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ “မြွေအာချုပ်ဂါထာမန္တန်တွေရှိတာပေါ့ကွယ်။ဒါပေမဲ့-အဲဒီဂါထာမန္တန်
တွေဟာလူတိုင်းတော့အစွမ်းမထက်ကြဘူး။ သီလစင်ကြယ်ပြီးသီလမြဲတဲ့
ပုဂ္ဂိုလ်ဆရာပြောခဲ့သလိုမြွေသားမစား၊မြွေကိုမသတ်တဲ့သူခန္ဓပရိတ်တော်
ကို အမြဲမပြတ် ရွတ်ဆို ပွားများနေသူမှသာ မြွေအာချုပ်ဂါထာမန္တန်တွေက အစွမ်းထက်မှာ”
“မြွေအာချုပ်ဂါထာတစ်ပုဒ်လောက် သင်ပေးပါလားဆရာကြီး။ ကျွန် တော်တို့လည်းတတ်ချင်သိချင်ပါတယ်”
“အေး ဆရာဆိုပြမယ်လိုက်မှတ်ကြကွယ့်။
ဆရာကြီး ဦးရွှေမိုးစကားဆုံးသည်နှင့် တပည့်များအားလုံး စာအုပ် စာရွက်များ၊ ခဲတံ၊ ဘောလ်ပင်များအဆင်သင့်ပြင်ဆင်လိုက်ကြလေသည်။ ဆရာကြီး ဦးရွှေမိုးသည် စကားပြောရသည်မှာ အာခြောက်သွားဟန်ဖြင့် ရှေ့ရှိ ရေနွေးကြမ်းအိုးအား မ,ယူ၍ ရေနွေးကြမ်း ပန်းကန်လုံးထဲသို့ ရေနွေး ကြမ်းနဲ့ထည့်ကာ မော့သောက်လိုက်ပြီးမှ စကားဆက်ပြောလေ၏။
“ဆရာဆိုပြမယ်သေချာလိုက်မှတ်ကြ(ဥုံ- နဂါးရံ(နဂရံ)မောက္ခအာစိ) ဒီဂါထာကို (၃၇)အုပ်စုတ်ရမယ်။ လူကို အန္တရာယ်ပြုမယ့် မြွေကို ဒီအာချုပ် ဂါထာနဲ့အာချုပ်လိုက်ရင်အဲသည်မြွေဟာပါးစပ်ဟလို့မရတော့ဘူး။အာချုပ် ခံထားရတဲ့မြွေရဲ့အန္တရာယ်ကင်းတဲ့အနေအထားရောက်ပြီဆိုရင်အဲသည်
မြွေကိုအာပြန်ဖွင့်ပေးရတယ်။ အာပြန်မဖွင့်မပေးရင်အဲသည်မြွေဟာအစာ
ငတ်ဖြစ်ပြီး သေတယ်ကွဲ့။ ဒါကြောင့် – မြွေအာဖွင့်ဂါထာကိုလည်း မှတ်ထား ကြအာချုပ်ခံထားရတဲ့မြွေရှိတဲ့နေရာဘက်ကိုမျက်နှာမူပြီးအာဖွင့်ဂါထာကို (၃၇)အုပ်စုတ်ရမယ်။ အာဖွင့်ဂါထာကတော့ (ဥုံ- ဂိုရမ်ပတ္တိ – သွားဟ) သေ ချာ မှတ်သားထားကြ။ အာချုပ်ဖြစ်ဖြစ် အာဖွင့်ဖြစ်ဖြစ် ရွတ်ဆိုတော့မယ်ဆို ရင်မြွေကိုလက်ညှိုးထိုးပြီးဂါထာကို ပီပီသသ ရွတ်ဆိုရမယ်”
ဆရာကြီး ဦးရွှေမိုးက ရှည်လျားစွာ ရှင်းပြရင်း မြွေအာချုပ်ဂါထာနှင့် အာဖွင့်ဂါထာအား ရွတ်ဆိုသင်ပေးလေ၏။ တပည့်များကလိုက်၍ရေးသား ကာ မှတ်လိုက်ကြပြီးလျှင် ဂါထာအား တိုးတိုးရွတ်ဆိုကျက်မှတ်နေကြလေ သည်။ထိုအချိန်တွင်ရွာသားတစ်ဦးဖြစ်သောနိုင်ဦးမှာအသက်(၄၀)အရွယ် ခန့်ဖြစ်သည်။ ဆရာကြီးရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာ လေ သည်။ နိုင်ဦးကို မြင်သည်နှင့် ဆရာရွှေမိုးကမေးလိုက်၏။
“ဟ – နိုင်ဦး- ဘာဖြစ်လာတာလဲကွယ့်။ ကိစ္စရှိလို့လား- လာ- လာ- ဒီမှာလာထိုင်ပြီး ပြောပြစမ်းပါဦး”
“ဟုတ်ပါတယ် – ဆရာကြီး၊ ကိစ္စ အထူးအဆန်းဆိုပါတော့။ သည်နေ့ ကျွန်တော်တောင်ပေါ်ကဝါးခုတ်ပြီးအပြန်မှာထူးထူးဆန်းဆန်းတစ်ခုတွေ့ခဲ့
ရလို့ ဆရာကြီးဆီကိုလာခဲ့ရတာပါဘဲခင်ဗျာ”
“ဘာတွေ တွေ့ခဲ့ရလို့လဲကွဲ့။ သေချာ ပြောပြစမ်းပါဦး နိုင်ဦးရဲ့” “သည်လိုပါဆရာကြီး… ကျွန်တော်တောင် ပေါ်က ဝါးခုတ်ပြီး ဝါးစည်း ထမ်းလို့ ပြန်အလာမှာ ဘန့်ဘွေးကုန်းအဆင်း တောင်ခြေနားက မြေကွက် လပ်ထဲမှာ မြွေဟောက်တစ်ကောက်ကို တွေ့လိုက်ရတယ်။ အဲသည်မြွေကို မတွေ့ခင်အချိန်လေးမှာ တောထဲက တောကြက်တွေ၊ ရှဉ့်လေးတွေ စတဲ့ တောတိရစ္ဆာန်ငယ်ကလေးတွေဟာ ကြောက်လန့်ပြီး အော်ဟစ်ပြေးလွှား သွားလာကြတာကို မြင်တွေ့ ရလို့ ကျွန်တော်လည်း ထူးဆန်းပါတယ်လို့ ထင်မိပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ကြည့်လိုက်တဲ့အခါ တောင်ကုန်း အောက်ခြေက မြေကွက်လပ်ထဲမှာ မြွေဟောက်တစ်ကောင် အမြီးထောင် လိုက်၊ ခေါင်းထောင်လိုက်နဲ့ လုပ်နေတာကို မြင်လိုက်ရတယ်။ အဲသည်လို လုပ်ရင်း ခဏအကြာမှာ မြွေဟောက်ကြီး ဟာ သူ့အမြီးကို ပါးစပ်နဲ့ ကိုက် လိုက်တယ်။ ပြီးတာနဲ- သူ့ အမြီးကို သူ ပြန်မျိုတော့တာပဲဗျ။ အဲသည်လို
နဲ့မြွေဟောက်ကြီးဟာ ကိုယ့်အမြီးကိုယ် ပြန်မျိုနေလိုက်တာ ဝလုံးသဏ္ဌာန် ဖြစ်သွားရော ဆရာကြီးရဲ့။ မြွေဟောက်ကြီးဟာ ကျွန်တော့် လက်ဖျံလုံး လောက်ရှိပြီး (၅)တောင် (၆)တောင်လောက် ရှည်တယ်။ အဲဒါ – သူ့ အမြီး သူ ပြန်မျိုနေတာ တဖြည်းဖြည်းနဲ့ ဆန်ကောဝိုင်းလောက်ဖြစ်လာတဲ့အခါ ကျွန်တော်လည်း ကျွန်တော်ခုတ်ယူလာတဲ့ ဝါးအစည်းထဲက ဝါးတစ်လုံးကို (၂)တောင့်ထွာလောက် ဖြတ်ပြီး အဲဒီမြွေကွင်း (ဂွင်း)ထဲမှာ စိုက်ထားလိုက် တယ်။ ကျွန်တော်လည်း စောင့်နေရတာ ကြာလို့ ထမင်းဆာလာတာနဲ့ ပြန် လာခဲ့တာပဲ ဆရာကြီး
“ဟ- အဲသည်က ပြန်လာတာ ဘယ်လောက်ကြာပြီလဲ”
ဆရာကြီး ဦးရွှေမိုးက ကိုနိုင်ဦး၏ ပြောစကားအဆုံး အလောတကြီး မေးလိုက်လေ၏။
လဲ”
“ကျွန်တော် ပြန်လာတာ တစ်နာရီလောက်ရှိပြီ ဆရာကြီး ဘာဖြစ်လို့
“ဒါဆိုရင် – ဆရာ့ကို အဲ့သည်နေရာကို လိုက်ပြပါလား” “ဟုတ်ကဲ့ – လိုက်ပြပါ့မယ်။အခု သွားမှာလား – ခင်ဗျ”
“အေ- အခုပဲ သွားကြမယ်။ ကိုင်- တပည့်တို့လည်း လိုက်ချင်တဲ့သူ လိုက်ခဲ့ကြ
ဆရာကြီး ဦးရွှေမိုးသည်အိမ်ပေါ်သို့တက်သွားပြီးလျှင်သူ၏ဆေးလွယ် အိတ်နှင့် တောင်ဝှေးကို ယူကာ ဝါးဦးထုပ်ဆောင်း၍ အိမ်အောက်သို့ ဆင်း လာသည်။ ပြီးလျှင် တပည့်များဘက်မျက်နှာလှည့်လိုက်ပြီး လိုက်မည့်သူ များကို အကဲခတ်ကြည့်လိုက်လေသည်။ တပည့် (၆)ယောက်ခန့် လိုက်ကြ မည်ဟုနေရာမှထကာ အသင့် အနေအထားကို မြင်လိုက်ရသောကြောင့်-
“ကဲ- နိုင်ဦးရေ – မင်းရှေ့ကလမ်းပြပေတော့။ ခပ်မြန်မြန်လေးသွားကွဲ့။ ဒါမှ – အချိန်မီမှာ၊ ကိုင် – လိုက်ကြမယ့်သူတွေလည်း ဆရာ့နောက်က လိုက် ခဲ့ကြပေတော့” ဆရာကြီးဦးရွှေမိုး၏စကားအဆုံးနိုင်ဦးကရှေ့မှဦးဆောင်၍ ထွက်သွားလေရာ ဆရာဦးရွှေမိုးနှင့် တပည့်များလည်း နောက်မှ ခပ်သွက် သွက်လိုက်သွားလေတော့သည်။ တစ်နာရီခန့် ခပ်သုတ်သုတ်သွားကြပြီး တောင်ခြေတစ်နေရာသို့ ရောက်သောအခါ နိုင်ဦးသည် မြေကွက်လပ်တစ် နေရာသို့ လက်ညှိုးထိုးပြပြီး ပြောလိုက်လေ၏။
“ဟိုနေရာမှာပဲ ဆရာကြီး – မြွေဟောက်ကြီး ကိုယ့်အမြီးကို ကိုယ်ပြန် မျိုနေတာ၊ ဟိုမှာကျွန်တော် စိုက်ထားခဲ့တဲ့ဝါးလုံး”
ဆရာကြီး ဦးရွှေမိုးသည် နိုင်ဦး ညွှန်ပြရာကွက်လပ်ရှိ ဝါးလုံးစိုက်ထား ရာနေရာသို့ အမြန်သွားရောက်ကြည့်လိုက်လေ၏။ နှစ်တောင်ခန့် မြေပေါ် သို့ထွက်နေသောဝါးအစိမ်းတစ်လုံးအားမြင်တွေ့လိုက်ရလေသည်။ ဝါးစိမ်း လုံး၏ အောက်ခြေမှာလည်း ခြောက်သွေ့ သကဲ့သို့ ဖြစ်နေသည်ကို ကြည့်ရှု လိုက်ပြီး-
“သွားပြီ-နိုင်ဦးရေ၊အချိန်မမီလိုက်တော့ဘူးကွယ်။ ဆရာတို့နောက်ကျ
သွားပြီ”
“ဘာဖြစ်လို့လဲ – ဆရာကြီး၊ ကျွန်တော် မှတ်ထားပြီး မြွေကွင်း (ဂွင်း)ရဲ့ အလယ်မှာစိုက်ထားတဲ့ဝါးလုံးအစိမ်းကလည်းခြောက်သလိုဖြစ်ပြီးမြက်ပင် တွေကတော့ ခြောက်ကုန်ပြီး မြွေလည်း မရှိတော့ဘူး။ ဘယ်ရောက်သွားပြီ လည်းမသိတော့ဘူး”
ဒီလိုကွယ် – နိုင်ဦးရဲ့မင်းတွေ့ ခဲ့တဲ့ ကိုယ်အမြီးကိုယ် ပြန်ပြီး မျိုနေတဲ့ မြွေကိုမြွေကွင်း (ဂွင်း)ထိုးလို့ခေါ်တယ်။အဲဒီလို-ကိုယ့်အမြီးကိုယ်ပြန်မျိုတဲ့ မြွေကွင်း (ဂွင်း)ထိုးကို မြင်တွေ့ ခဲ့ရင် အဲသည်မြွေကွင်း (ဂွင်း)ရဲ့အလယ်မှာ ဝါးလုံးတစ်လုံးကို နှစ်တောင်လောက် ဖြတ်ပြီး ထိပ်ဘက်မှာ ကြက်ခြေခတ် သဏ္ဌာန် ဝါးလုံးတစ်လုံး (တစ်တောင်)ကို လက်ဝါးကပ်တိုင်ပုံစံ ကြိုးနဲ့ ခိုင်ခိုင်ချည်ပြီးမြွေကွင်း(ဂွင်း)ရဲ့အလယ်မှာစိုက်ရမယ်။ မြေထဲကိုနက်နက် ဝင်အောင် စိုက်ရတယ်။ အဲ့သည်လို ဝါးလက်ဝါးကပ်တိုင်လို စိုက်ပြီး ထားခဲ့ ရင် အဲသည် မြွေဟာကိုယ့်အမြီးကို ကိုယ်ပြန်မျိုတဲ့ မြွေဟာ အမြီးကို မျိုရင်း မြွေကွင်း(ဂွင်း)ဟာကျဉ်းသွားရာက စိုက်ထားတဲ့ ဝါးလုံးတိုင်နဲ့ ထိတဲ့ အထိ ကွင်း (ဂွင်း) ကျဉ်းသွားတဲ့ အခါ အဲ့သည် မြွေကွင်း (ဂွင်း)ဟာ ဝါးလုံးတိုင် အဖျားကိုတက်လာတယ်။ ဝါးတိုင်အဖျားမှာ ချည်ထားတဲ့ ဝါးလုံးကန့်လန့်နဲ့ တွေ့ထိတဲ့အခါဆက်တက်လို့မရဘဲ၊အဲ့သည်ဝါးမှာကပ်ပြီးခြောက်သွေ့သွား ရတာပဲပေါ့။ ဝါးလုံးထိပ်ဖျားမှာ ကန့်လန့်ခံတဲ့ လက်ဝါးကပ်ဝါးမရှိရင်တော့ အဲ့သည်မြွေကွင်း(ဂွင်း)ဟာတိုင်အဖျားကကျွတ်အောင်တက်ပြီးလေထဲကို တက်ပြီး ပျောက်သွားတဲ့အတွက် ဆရာတို့ ရောက်တဲ့အချိန်မှာ မြွေကွင်း (ဂွင်း)ထိုးမရှိတော့ဘဲ ဆရာတို့ မတွေ့ရတော့တာပဲပေါ့ကွယ်”

Zawgyi Versioin

ေျမြကြင္းထိုး(စ/ဆံုး)
————————-
ဆရာႀကီးဦးေ႐ႊမိုးဆိုလွ်င္ သည္နယ္တစ္ဝိုက္မသိသူမရွိေပ။ အဘယ္ ေၾကာင့္ဆိုေသာ္ ဆရာႀကီး ဦးေ႐ႊမိုးမွာ ျမန္မာတိုင္းရင္း ေဆးဆရာႀကီး တစ္ဦးျဖစ္ၿပီးဂမၻီရသိပၸပညာရပ္ျဖစ္ေသာအဂၢိရတ္ထိုးျခင္း သမထယာနိက အလုပ္မ်ားလုပ္ျခင္း၊ အေမွာင့္ပေရာဂ ေရာဂါမ်ားကို ကုသေပးျခင္း စသည့္ သတၱဝါအမ်ား၏ အသက္ကို ကယ္တင္ေပးေနေသာ ေဆးဆရာႀကီးတစ္ ေယာက္ျဖစ္ေသာေၾကာင့္ပဲႏြယ္ကုန္းၿမိဳ႕အေရွ႕ဘက္ျခမ္းရွိနတ္သံကြင္း႐ြာ အုပ္စုရွိေက်း႐ြာႀကီးငယ္မ်ားမွဆရာႀကီးဦးေ႐ႊမိုးဆိုလွ်င္မသိသူမရွိ။ ႐ြာမ်ား
မွ အားကိုးအားထားျပဳေနရေသာ ဆရာႀကီးတစ္ဦးျဖစ္ေလ၏။
ဆရာႀကီး ဦးေ႐ႊမိုးသည္ အသက္ ( ၈၃)ႏွစ္ရွိၿပီး ျဖစ္ေသာ္လည္း သြား တစ္ေခ်ာင္းမွ် မက်ိဳး၊ ဆံပင္မျဖဴ၊ မ်က္စိမမႈန္ဘဲ လူငယ္တစ္ေယာက္ကဲ့သို႔ သန္မာဖ်တ္လတ္စြာ (၅ဝ)ေက်ာ္အ႐ြယ္ဟုခန႔္မွန္းၾကေလသည္။ ဆရာႀကီး ဦးေ႐ႊမိုးမွာ ဆံပင္ေယာင္တစ္ေစာင္းထုံး၍ ပိုးပဝါျဖင့္ ေခါင္းေပါင္းေပါင္း ထားၿပီး ဖ်င္ပင္နီတိုက္ပုံ အက်ႌ ပုဆိုးကြက္တုံးကို အၿမဲဝတ္ဆင္တတ္ၿပီး အသားျဖဴ၍ အရပ္ျမင့္ျမင့္ (၅ေပ – ၁၀ လက္မ) ခန႔္ ရွိၿပီး ဥပဓိ႐ုပ္ ခန႔္ညား လွေသာေၾကာင့္ ျမင္ရသူအေပါင္းေငးၾကည့္ၾကရစၿမဲပင္။
ယခုလည္း နတ္သံကြင္း႐ြာရွိ ဆရာႀကီး ဦးေ႐ႊမိုး၏ ေနအိမ္ ေအာက္ရွိ ကြပ္ပ်စ္ေပၚတြင္ ဆရာႀကီးဦးေ႐ႊမိုးမွထိုင္ေနၿပီးေရွ႕တြင္ လူငယ္လူလတ္ပိုင္း အ႐ြယ္ေယာက္်ား(၅)ေယာက္ထိုင္ေနလ်က္ဆရာႀကီးဦးေ႐ႊမိုးထံမွ ျမန္မာ့ တိုင္းရင္းေဆးပညားရပ္မ်ားႏွင့္ဂမၻီရပညာရပ္မ်ားအား သင့္သူမွတ္သားေန
ၾကျခင္းျဖစ္ေလ၏။
“ဒီေန႔ – တပည့္တို႔ကို ျမန္မာ့တိုင္းရင္းေဆးပညာရဲ႕ နက္နဲမႈနဲ႔ ေဆးပင္ ေဆးျမစ္ အေၾကာင္းေျပာျပမယ္။ မွတ္သားၾကပါ။ ေနာက္ၿပီး – တပည့္တို႔ သိခ်င္တဲ့အခ်က္အလက္အေၾကာင္းအရာေတြကိုလည္းေမးႏိုင္ၾကပါတယ္။ ဆရာ သိသေလာက္၊ တတ္သေလာက္ ဆရာစားမခ်န္ဘဲ သင္ျပ ေျပာျပ သြားမွာျဖစ္တယ္”
ဆရာႀကီးဦးေ႐ႊမိုးကတပည့္မ်ားအားစကားပလႅင္ခံ၍ေျပာလိုက္ျခင္း
ျဖစ္၏။ ထိုအခ်ိန္ တပည့္မ်ားအတြင္းမွ ေက်ာ္စိန္ဆိုသူက သူသိလိုသည္ကို ေမးျမန္းေလ၏။
“ဆရာႀကီး ခင္ဗ်ာ၊ ႏြယ္ျမက္သစ္ပင္ ေဆးဘက္ဝင္ဆိုတဲ့ စကားရဲ႕ အဓိပၸာယ္ကို သိခ်င္ပါတယ္။ ရွင္းျပေပးပါခင္ဗ်ာ”
“ေအ – ရွင္းျပေပးရတာပကြယ္။ သည္လိုကြၽဲ … ႏြယ္ျမက္သစ္ပင္ ေဆးဘက္ဝင္ဆိုတဲ့စကားရဲ႕အဓိပၸာယ္က-ဟိုးေရွးေရွးဘုရားရွင္လက္ထက္ ေတာ္အခါက ေဆးဆရာႀကီး ဆရာဇီဝကဆိုတာ တပည့္တို႔ ၾကားဖူးၾကမွာ ေပါ့။အဲဒီဆရာႀကီးဇီဝကထံပါးမွာတိုင္းရင္းေဆးပညာလာေရာက္သင္ယူ
ၾကတဲ့တပည့္ေပါင္း(၅ဝဝ)ရွိၾကသတဲ့။ တစ္ေန႔မွာေတာ့ဆရာႀကီးဇီဝကက တပည့္အေပါင္းကိုေျပာသတဲ့။ ကဲ- တပည့္တို႔ – တပည့္တို႔အားလုံးဒီကမာၻ ေျမႀကီးေပၚမွာေပါက္ေနၾကတဲ့သစ္ပင္ေတြထဲကေဆးဖက္မဝင္တဲ့ သစ္ပင္ သစ္႐ြက္တစ္မ်ိဳးစီကို ရွာေဖြၿပီး ယူလာခဲ့ၾကရမယ္လို႔ ေျပာလိုက္တယ္။ တပည့္ (၅ဝဝ)လည္း မိမိတို႔ စိတ္တြင္းက ေဆးဘက္မဝင္ဘူးလို႔ထင္တဲ့ အပင္အ႐ြက္ အမ်ိဳးမ်ိဳးကို တစ္ေယာက္တစ္မ်ိဳးစီ ရွာေဖြၿပီး ခူးဆြတ္ယူလာ လို႔ ဆရာႀကီး ဇီဝကကို ေပးအပ္ၾကတယ္။ တပည့္ (၅ဝဝ)အပင္၊ အ႐ြက္ (၅ဝဝ)စုံတဲ့အခ်ိန္မွာဆရာႀကီးဇီဝကေျပာတဲ့စကားကေတာ့ကိုင္း – တပည့္ တို႔ အခုတပည့္တို႔ ခူးဆြတ္ယူၿပီး လာေပးအပ္ၾကတဲ့ အပင္အ႐ြက္၊ အသီး အမ်ိဳးမ်ိဳးဟာ ေဆးဖက္မဝင္ဘူးလို႔ ထင္ၾကတယ္မဟုတ္လား။ ေအး – မွတ္ ထားၾကတပည့္တို – အပင္၊ အ႐ြက္၊ အသီးစတဲ့ကမာၻေျမႀကီးေပၚမွာေပါက္ ေရာက္သီးပြင့္ၾကတဲ့႐ုကၡအပင္အားလုံးဟာေဆးဖက္ဝင္ၾကတဲ့အပင္၊အသီး၊
အ႐ြက္ေတြျဖစ္တယ္။ ေရာဂါနဲ႔ေဆးကိုက္ညီေအာင္ေပးတတ္ဖို႔ပဲလိုတယ္။ ရာသီဥတု၊ အပူ၊ အေအး ညီမွ်ေအာင္ ၾကည့္တတ္ၿပီး ျဖစ္ေနတဲ့ ေရာဂါကို
သိေအာင္လုပ္၊ ၿပီးမွ – အပင္၊ အသီး၊ အ႐ြက္၊ အပြင့္ စတဲ့ ကိုက္ညီတဲ့ ေဆး ေဖာ္စပ္ေပးေသေဘးလြတ္ၿပီေပါ့ကြယ္။ ဒါေၾကာင့္ေဆးဖက္မဝင္တဲ့အပင္၊ အသီး၊ အ႐ြက္၊ အပြင့္ ဆိုတာမရွိဘူးတပည့္တို႔။ အဲသည္လိုေဆးဆရာႀကီး ဇီဝက ေျပာတဲ့အတိုင္း ႏြယ္ျမက္သစ္ပင္ေဆးဖက္ဝင္ဆိုတဲ့ စကား ျဖစ္ ေပၚလာခဲ့ရတာေပါ့- တပည့္တို႔”
ဆရာႀကီး ဦးေ႐ႊမိုးမွ တပည့္မ်ားအား ရွည္လ်ားစြာ ရွင္းလင္းေျပာၾကား လိုက္ေလ၏။ တပည့္တစ္ဦးမွ ဆက္၍ ေမးလိုက္ျပန္၏။
“ကြၽန္ေတာ္တစ္ခုေမးပါရေစ ဆရာႀကီး – အပင္၊ အသီး၊ အ႐ြက္၊ အပြင့္ ေတြပဲေဆးဖက္ဝင္တာလား။ သတၱဝါေတြထဲမွာေရာေဆးဖက္ဝင္တဲ့သတၱဝါ ေတြရဲ႕အ႐ိုး၊ အေရ၊အေသြး၊ အသားအားလုံးဟာလည္းေဆးဖက္ဝင္ၾကတာ ခ်ည္းပဲမသိၾကလို႔ လူေတြဟာေရာဂါကိုမသိ။ေဆးပင္၊ ေဆးျမစ္ကိုမသိလို႔ ေဆးပင္ကိုေဆးပင္မွန္းမသိဘဲေဆးပင္ေခါင္းအုံးလို႔ေသသြားၾကတဲ့လူေတြ
မ်ားႀကီး ရွိေနၾကတာပဲေပါ့ကြယ္”
ဆရာႀကီးခင္ဗ်ာ – သတၱဝါေတြဟာေဆးပင္၊ေဆးဥ၊ေဆးျမစ္ရဲ႕အစြမ္း သတၱိေတြကို သိတယ္ဆိုတာ ဟုတ္ပါသလား။
“ဟုတ္တယ္ – တပည့္တို႔၊ သတၱိဝါဆိုတဲ့ အထဲမွာ လူဆိုတာလည္း ပါ တယ္။ သတၱဝါအားလုံးထဲမွာ လူဆိုတာ အသိဉာဏ္အရွိဆုံးလို႔ ဆိုတယ္ မဟုတ္လား ။ ဒါေပမဲ့ – ေဆးဖက္ဝင္တဲ့ သစ္ပင္၊ သစ္ျမစ္၊ သစ္ဥ တို႔ကို က် ေတာ့ တိရစာၦန္ေတြဟာ သူတို႔မွာ ျဖစ္ေပၚခံစားေနရတဲ့ ေရာဂါေဝဒနာနဲ႔ ကိုက္ညီတဲ့ေဆးပင္၊ ေဆးျမစ္၊ ေဆးဥေတြကိုသဘာဝတရားႀကီးကဖန္တီး ေပးလိုက္တဲ့ အသိတရားေၾကာင့္ သိရွိနားလည္ၿပီး ရွာေဖြစားေသာက္ၿပီး ေရာဂါေဝဒနာကို ကုစားၾကတာေပါ့ကြယ္”
ဆရာႀကီး ဦးေ႐ႊမိုးမွ ရွင္းျပေျပာဆိုၿပီးအာေျခာက္သြားဟန္ႏွင့္ ေရေႏြး ၾကမ္းတစ္ပန္ကန္ ငွဲ႔ေသာက္လိုက္ၿပီး ဆက္လက္ရွင္းျပလိုက္ေလ၏။ “တိရစာၦန္ေတြမွာက ႀကီးႏိုင္ငယ္ညႇဥ္း အားႀကီးသူက အားနည္းသူကို အဆိပ္ရွိတဲ့အေကာင္ကအဆိပ္မရွိတဲ့အေကာင္ကိုအႏိုင္က်င့္သတ္ျဖတ္ စားေသာက္တတ္ၾကတာဓမၼတာသဘာဝပဲမဟုတ္လား။ ဒီသဘာဝတရား
ကို ေက်ာ္လႊားႏိုင္ေအာင္ အဆိပ္မရွိတဲ့ တိရစာၦန္ေလးေတြဟာ အဆိပ္ေျဖ ေဆးပင္ကို သိၾကတယ္။
ဆရာႀကီးငယ္စဥ္ကအေတြ႕အႀကဳံေလးတစ္ခုေျပာျပမယ္နားေထာင္
ၾကကြဲ႕”
ဆရာႀကီးဦးေ႐ႊမိုး (၁၆)ႏွစ္ အ႐ြယ္က ျဖစ္သည္။ မိဘ႐ိုးရာေတာင္သူ လယ္သမားမ်ားျဖစ္ၾကေလ၏။ တစ္ေန႔ – ႏြားမ်ားနဖားႀကိဳးႏွင့္ ႏြားကန္ႀကိဳး က်စ္ရန္အတြက္ ေလွ်ာ္ခြာရန္ အေရွ႕ေက်ာက္ႀကီး ၿမိဳ႕သြားသည့္ လမ္းရွိ ေတာင္ေပၚသို႔တက္ခဲ့ၿပီးေလွ်ာ္ပင္မွေလွ်ာ္ေခါက္မ်ားခြာၿပီးေတာင္ေအာက္
သို႔ ျပန္ဆင္းလာစဥ္ ေတာင္ေျခရင္း ကိုင္းေတာႏွင့္ ခ်ဳံႏြယ္ပင္မ်ား ရွင္းေန သည့္ ကြက္လပ္တစ္ခုအေရာက္တြင္ ေႁမြေဟာက္တစ္ေကာင္ႏွင့္ ႂကြက္
တစ္ေကာင္တို႔ကိုက္ခဲေနၾကသည့္ျမင္ကြင္းအားျမင္ေတြ႕လိုက္ရေလေသာ ေၾကာင့္ေလွ်ာ္ေခါက္အားပခုံးထက္မွခ်၍ႂကြက္ႏွင့္ေႁမြတိုက္ပြဲအားၾကည့္ရႈ
ေနမိေလ၏။
ႂကြက္မွာေၾကာင္ငယ္ေလးတစ္ေကာင္အ႐ြယ္ခန႔္ရွိၿပီးေႁမြေဟာက္မွာ
ေယာက္်ားႀကီး လက္ေကာက္ဝတ္အ႐ြယ္ရွိၿပီး ပါးပ်ဥ္းအ႐ြယ္အစားမွာ ထမင္းစားပန္းကန္ျပားအ႐ြယ္ရွိ၍ပါးပ်ဥ္းေထာင္ထားစဥ္တစ္ေတာင္ေက်ာ္ ခန႔္ျမင့္ၿပီး ႂကြက္အား ပါးပ်ဥ္းကို ဘယ္ညာယိမ္း၍ လွမ္းၿပီးကိုက္ခဲေလ၏။ ႂကြက္မွာေႁမြေဟာက္ႀကီးမွလွမ္းေပါက္လိုက္တိုင္းေနာက္သို႔ခုန္ဆုတ္လိုက္ ၿပီး ေႁမြေဟာက္၏ လည္ကုတ္ေနရာအား ခုန္၍ ကိုက္ခဲလိုက္ေလသည္။ ေႁမြေဟာက္မွာႂကြက္၏ကိုက္ခဲေသာဒဏ္ရာမ်ားေၾကာင့္လည္းကုတ္ေနရာ မွေသြးမ်ားယိုစီးက်ေနသလိုႂကြက္၏ခႏၶာကိုယ္အႏွံ႔အျပားတြင္လည္းဒဏ္ ရာမ်ားရရွိၿပီး ေသြးမ်ားစီးက်ေနေလသည္။ ေႁမြႏွင့္ႂကြက္ဆိုသည္မွာ ကမာၻ႔ ရန္ဘက္။ ႂကြက္ဆိုသည္မွာ ေႁမြ၏အစာ၊ ယခုေတာ့ သည္လိုမဟုတ္ေပ။ ႂကြက္၏ တန္ျပန္တိုက္ခိုက္မႈကို ေႁမြေဟာက္မွာ အလူးအလဲ ခံေနရသည့္ ျမင္ကြင္းက ေမာင္ေ႐ႊမိုးအတြက္ ထူးဆန္းေနသည့္ ျမင္ကြင္းျဖစ္သျဖင့္ ဆက္လက္ ၾကည့္ရႈေနမိေလသည္။ ေႁမြေဟာက္၏ ကိုက္ခဲမႈကို တစ္ႀကိမ္
ႏွစ္ႀကိမ္ခန႔္ ခံရလွ်င္ ႂကြက္သည္ အနီးရွိ ခ်ဳံေတာအတြင္း ေျပးဝင္သြားေလ သည္။ ခဏအၾကာတြင္ ခ်ဳံေတာအတြင္းမွ ႂကြက္ႀကီးသည္ ျပန္လည္ ေျပး ထြက္လာၿပီးလွ်င္ေႁမြေဟာက္ႀကီး၏ေရွ႕တြင္ရပ္လိုက္ၿပီးမာန္ဖီသံေပးလိုက္
ရာေႁမြေဟာက္ႀကီးကလွမ္းေပါက္လိုက္ေလသည္။ ႂကြက္ႀကီးကနံေဘးသို႔ ခုန္ေရွာင္လိုက္ၿပီး ေႁမြေဟာက္ႀကီး၏ လည္ကုတ္ေပၚခုန္တက္လိုက္ၿပီး ခြၽန္ထက္ေသာသြားမ်ားျဖင့္ကိုက္ခဲလိုက္ေလ၏။ေႁမြေဟာက္ႀကီးမွာေျမျပင္
ေပၚတြင္ လူးလွိမ့္၍လည္ကုတ္ေပၚမွ ႂကြက္ႀကီး၏ကိုက္ခဲမႈကိုလြတ္ေအာင္ တြန႔္လိမ္လူးလွိမ့္ၿပီး ခါထုတ္ေလ၏။ ႂကြက္ႀကီးမွာ ေႁမြေဟာက္၏လူးလွိမ့္ တြန႔္လိမ္ခါထုတ္မႈေၾကာင့္ ေႁမြ၏ လည္ကုတ္ေပၚမွ ျပဳတ္က်သြားလွ်င္ ေႁမြ ေဟာက္ႀကီးက ေပါက္လိုက္ရာ ႂကြက္၏ ခါးေပၚသို႔ ေႁမြေဟာက္၏ အစြယ္ က်ေရာက္သြားေလေတာ့သည္။ႂကြက္ႀကီးမွာေႁမြေဟာက္ႀကီး၏ကိုက္ခဲမႈမွ လြတ္ေျမာက္ေအာင္ ႐ုန္းကန္ကုတ္ျခစ္ၿပီးေတာ့ ခ်ဳံအတြင္းသို႔ ေျပးဝင္သြား ျပန္ေလသည္။ မၾကာမီ ႂကြက္ႀကီး ျပန္ေျပးထြက္လာၿပီး ေႁမြေဟာက္ႀကီး အားျပန္ကိုက္လိုက္ျဖင့္ အခ်ိန္ၾကာလာသည္ႏွင့္ ေႁမြေဟာက္ႀကီးမွာ မလႈပ္ ရွားႏိုင္ေတာ့ဘဲစင္းစင္းႀကီးျဖစ္ေနခ်ိန္တြင္ႂကြက္ႀကီးမွာေႁမြေဟာက္ႀကီး၏ လည္ကုတ္အားကိုက္ခဲ၍ဆြဲခါယမ္းၿပီးေႁမြေဟာက္ႀကီးမလႈပ္မယွက္ေသ ဆုံးသြားေလမွ ခ်ဳံေတာအတြင္း ေျပးဝင္ ေပ်ာက္ကြယ္သြားေလေတာ့၏။ “အဲသည္လို ထူးဆန္းအံ့ဩဘြယ္ အျဖစ္အပ်က္ကို ျမင္ေတြ႕ခဲ့ရၿပီး ႐ြာ ကိုျပန္ေရာက္လို႔လူႀကီးေတြကိုေျပာျပေတာ့မွေႁမြေဟာက္ကိုျပန္ကိုက္တဲ့ ႂကြက္ဝင္သြားတဲ့ေတာခ်ဳံေတြၾကားကေႁမြဆိပ္ေျဖေဆးပင္ကိုႂကြက္ႀကီးက ေျပးၿပီးစားလို႔ေႁမြေဟာက္ႀကီးကိုျပန္ကိုက္ႏိုင္တာပဲတဲ့။ အဲသည္လိုႂကြက္ ႀကီးဝင္ေျပးတဲ့ေတာခ်ဳံေတြၾကားကႂကြက္ကိုက္စားတဲ့အပင္ေတြကိုလိုက္
ၾကည့္ၿပီး ရေအာင္ ႏုတ္ယူလာႏိုင္ရင္ ေႁမြကိုက္ခံရတဲ့ သူကို ကုစားလို႔ ရတဲ့ ေႁမြဆိပ္ႏိုင္တဲ့ ဆရာျဖစ္ၿပီလို႔ လူႀကီးေတြ ေျပာျပေတာ့မွပဲ ဗဟုသုတ အၾကားအျမင္မရွိခဲ့လို႔ေႁမြဆိပ္ေျဖေဆးပင္မရခဲ့တဲ့ကိုယ့္ကိုယ္ကိုယ္အျပစ္
တင္မိေတာ့တယ္ တပည့္တို႔”
ဆရာႀကီး ဦးေ႐ႊမိုးသည္ သူ၏ တပည့္မ်ားအား သူႀကဳံေတြ႕ ခဲ့ရေသာ အျဖစ္အပ်က္အားရွင္းလင္းေျပာျပလိုက္ရာတပည့္မ်ားအံ့ဩေငးေမာသြား
ၾကေလ၏။
“အဆိပ္ရွိ သတၱဝါေတြအားလုံးမွာ ေႁမြဆိုတဲ့ သတၱဝါဟာ ထူးဆန္းၿပီး ဂမၻီရဆန္လြန္းလွတယ္ေႁမြေတြဟာလူကိုအႏၲရာယ္ျပဳခဲတယ္ကြယ့္။ သူတို႔
ကို ထိမိနင္းမိမွ မလႊဲမေရွာင္သာလို႔ လူကို ကိုက္ၾကတယ္။ လူကို ကိုက္တဲ့ ေႁမြဟာလည္းသူရဲ႕အဆိပ္ေၾကာင့္မၾကာခင္ေသရတယ္။ဒါေၾကာင့္ ေႁမြေတြ
ဟာလူကိုေရွာင္ၾကတယ္”
“ဆရာႀကီးခင္ဗ်ာ – ဆရာႀကီးဟာ ေႁမြကိုက္ခံရတဲ့ လူနာေတြကိုကုသ ေပးရာမွာလူနာေတြပ်က္စီးဆုံးပါးမႈအလြန္နည္းပါတယ္။ ဘယ္လိုေဆးဝါး ေတြနဲ႔ ကုသပါသလဲ ဆိုတာေျပာျပပါခင္ဗ်ာ”
တပည့္မ်ားအတြင္းမွ ေမာင္ေအာင္ဆိုသူကေမးျမန္းလိုက္ပါ၏။ “ဆရာကေတာ့အဆိပ္ေျပေအာင္ သစၥာအဓိ႒ာန္ျပဳၿပီးေရမန္းလို႔ေျပာ
မလား၊ ပရိတ္ေရလို႔ ေျပာရမလား ခႏၶပရိတ္႐ြက္ၿပီး သစၥာအဓိ႒ာန္ျပဳလို႔
လူနာကိုေရမန္းတိုက္ၿပီးအဆိပ္ခ်ၿပီးကုတာပါပဲကြယ္။ ဆရာဟာေႁမြသား
မစားဘူး။
ေႁမြပါတဲ့သတၱဝါအသားမစားဘူး။ပဲလင္းေႁမြသီးကိုေတာင္မွမစား
ဘူးကြဲ႕။ ေႁမြကိုလည္း မသတ္ဘူး။ ခႏၶပရိတ္ကို အၿမဲ႐ြတ္ဖတ္ၿပီး ေႁမြေတြ အဆိပ္ရွိ သတၱဝါေတြအားလုံးကို အၿမဲေမတၱာပို႔ေပးေနတာဘဲကြယ္” “ေႁမြအာခ်ဳပ္ဂါထာ မႏၲန္ေတြ ရွိတယ္ဆိုတာ ဟုတ္ပါသလား ခင္ဗ်ာ – ဘယ္လိုဂါထာေတြဆိုတာ သိခ်င္ပါတယ္”
တပည့္တစ္ေယာက္က ေမးျမန္းလိုက္ျခင္း ျဖစ္ပါသည္။ ဆရာႀကီး ဦးေ႐ႊမိုးက သူ၏တပည့္မ်ား ေမးသမွ် စိတ္ရွည္လက္ရွည္ ရွင္းျပေန၏။ “ေႁမြအာခ်ဳပ္ဂါထာမႏၲန္ေတြရွိတာေပါ့ကြယ္။ဒါေပမဲ့-အဲဒီဂါထာမႏၲန္
ေတြဟာလူတိုင္းေတာ့အစြမ္းမထက္ၾကဘူး။ သီလစင္ၾကယ္ၿပီးသီလၿမဲတဲ့
ပုဂၢိဳလ္ဆရာေျပာခဲ့သလိုေႁမြသားမစား၊ေႁမြကိုမသတ္တဲ့သူခႏၶပရိတ္ေတာ္
ကို အၿမဲမျပတ္ ႐ြတ္ဆို ပြားမ်ားေနသူမွသာ ေႁမြအာခ်ဳပ္ဂါထာမႏၲန္ေတြက အစြမ္းထက္မွာ”
“ေႁမြအာခ်ဳပ္ဂါထာတစ္ပုဒ္ေလာက္ သင္ေပးပါလားဆရာႀကီး။ ကြၽန္ ေတာ္တို႔လည္းတတ္ခ်င္သိခ်င္ပါတယ္”
“ေအး ဆရာဆိုျပမယ္လိုက္မွတ္ၾကကြယ့္။
ဆရာႀကီး ဦးေ႐ႊမိုးစကားဆုံးသည္ႏွင့္ တပည့္မ်ားအားလုံး စာအုပ္ စာ႐ြက္မ်ား၊ ခဲတံ၊ ေဘာလ္ပင္မ်ားအဆင္သင့္ျပင္ဆင္လိုက္ၾကေလသည္။ ဆရာႀကီး ဦးေ႐ႊမိုးသည္ စကားေျပာရသည္မွာ အာေျခာက္သြားဟန္ျဖင့္ ေရွ႕ရွိ ေရေႏြးၾကမ္းအိုးအား မ,ယူ၍ ေရေႏြးၾကမ္း ပန္းကန္လုံးထဲသို႔ ေရေႏြး ၾကမ္းနဲ႔ထည့္ကာ ေမာ့ေသာက္လိုက္ၿပီးမွ စကားဆက္ေျပာေလ၏။
“ဆရာဆိုျပမယ္ေသခ်ာလိုက္မွတ္ၾက(ဥဳံ- နဂါးရံ(နဂရံ)ေမာကၡအာစိ) ဒီဂါထာကို (၃၇)အုပ္စုတ္ရမယ္။ လူကို အႏၲရာယ္ျပဳမယ့္ ေႁမြကို ဒီအာခ်ဳပ္ ဂါထာနဲ႔အာခ်ဳပ္လိုက္ရင္အဲသည္ေႁမြဟာပါးစပ္ဟလို႔မရေတာ့ဘူး။အာခ်ဳပ္ ခံထားရတဲ့ေႁမြရဲ႕အႏၲရာယ္ကင္းတဲ့အေနအထားေရာက္ၿပီဆိုရင္အဲသည္
ေႁမြကိုအာျပန္ဖြင့္ေပးရတယ္။ အာျပန္မဖြင့္မေပးရင္အဲသည္ေႁမြဟာအစာ
ငတ္ျဖစ္ၿပီး ေသတယ္ကြဲ႕။ ဒါေၾကာင့္ – ေႁမြအာဖြင့္ဂါထာကိုလည္း မွတ္ထား ၾကအာခ်ဳပ္ခံထားရတဲ့ေႁမြရွိတဲ့ေနရာဘက္ကိုမ်က္ႏွာမူၿပီးအာဖြင့္ဂါထာကို (၃၇)အုပ္စုတ္ရမယ္။ အာဖြင့္ဂါထာကေတာ့ (ဥဳံ- ဂိုရမ္ပတၱိ – သြားဟ) ေသ ခ်ာ မွတ္သားထားၾက။ အာခ်ဳပ္ျဖစ္ျဖစ္ အာဖြင့္ျဖစ္ျဖစ္ ႐ြတ္ဆိုေတာ့မယ္ဆို ရင္ေႁမြကိုလက္ညႇိဳးထိုးၿပီးဂါထာကို ပီပီသသ ႐ြတ္ဆိုရမယ္”
ဆရာႀကီး ဦးေ႐ႊမိုးက ရွည္လ်ားစြာ ရွင္းျပရင္း ေႁမြအာခ်ဳပ္ဂါထာႏွင့္ အာဖြင့္ဂါထာအား ႐ြတ္ဆိုသင္ေပးေလ၏။ တပည့္မ်ားကလိုက္၍ေရးသား ကာ မွတ္လိုက္ၾကၿပီးလွ်င္ ဂါထာအား တိုးတိုး႐ြတ္ဆိုက်က္မွတ္ေနၾကေလ သည္။ထိုအခ်ိန္တြင္႐ြာသားတစ္ဦးျဖစ္ေသာႏိုင္ဦးမွာအသက္(၄၀)အ႐ြယ္ ခန႔္ျဖစ္သည္။ ဆရာႀကီးရွိရာသို႔ တန္းတန္းမတ္မတ္ ဝင္ေရာက္လာ ေလ သည္။ ႏိုင္ဦးကို ျမင္သည္ႏွင့္ ဆရာေ႐ႊမိုးကေမးလိုက္၏။
“ဟ – ႏိုင္ဦး- ဘာျဖစ္လာတာလဲကြယ့္။ ကိစၥရွိလို႔လား- လာ- လာ- ဒီမွာလာထိုင္ၿပီး ေျပာျပစမ္းပါဦး”
“ဟုတ္ပါတယ္ – ဆရာႀကီး၊ ကိစၥ အထူးအဆန္းဆိုပါေတာ့။ သည္ေန႔ ကြၽန္ေတာ္ေတာင္ေပၚကဝါးခုတ္ၿပီးအျပန္မွာထူးထူးဆန္းဆန္းတစ္ခုေတြ႕ခဲ့
ရလို႔ ဆရာႀကီးဆီကိုလာခဲ့ရတာပါဘဲခင္ဗ်ာ”
“ဘာေတြ ေတြ႕ခဲ့ရလို႔လဲကြဲ႕။ ေသခ်ာ ေျပာျပစမ္းပါဦး ႏိုင္ဦးရဲ႕” “သည္လိုပါဆရာႀကီး… ကြၽန္ေတာ္ေတာင္ ေပၚက ဝါးခုတ္ၿပီး ဝါးစည္း ထမ္းလို႔ ျပန္အလာမွာ ဘန႔္ေဘြးကုန္းအဆင္း ေတာင္ေျခနားက ေျမကြက္ လပ္ထဲမွာ ေႁမြေဟာက္တစ္ေကာက္ကို ေတြ႕လိုက္ရတယ္။ အဲသည္ေႁမြကို မေတြ႕ခင္အခ်ိန္ေလးမွာ ေတာထဲက ေတာၾကက္ေတြ၊ ရွဥ့္ေလးေတြ စတဲ့ ေတာတိရစာၦန္ငယ္ကေလးေတြဟာ ေၾကာက္လန႔္ၿပီး ေအာ္ဟစ္ေျပးလႊား သြားလာၾကတာကို ျမင္ေတြ႕ ရလို႔ ကြၽန္ေတာ္လည္း ထူးဆန္းပါတယ္လို႔ ထင္မိၿပီး ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ၿပီး ၾကည့္လိုက္တဲ့အခါ ေတာင္ကုန္း ေအာက္ေျခက ေျမကြက္လပ္ထဲမွာ ေႁမြေဟာက္တစ္ေကာင္ အၿမီးေထာင္ လိုက္၊ ေခါင္းေထာင္လိုက္နဲ႔ လုပ္ေနတာကို ျမင္လိုက္ရတယ္။ အဲသည္လို လုပ္ရင္း ခဏအၾကာမွာ ေႁမြေဟာက္ႀကီး ဟာ သူ ့အၿမီးကို ပါးစပ္နဲ႔ ကိုက္ လိုက္တယ္။ ၿပီးတာနဲ- သူ႔ အၿမီးကို သူ ျပန္မ်ိဳေတာ့တာပဲဗ်။ အဲသည္လို
နဲ႔ေႁမြေဟာက္ႀကီးဟာ ကိုယ့္အၿမီးကိုယ္ ျပန္မ်ိဳေနလိုက္တာ ဝလုံးသဏၭာန္ ျဖစ္သြားေရာ ဆရာႀကီးရဲ႕။ ေႁမြေဟာက္ႀကီးဟာ ကြၽန္ေတာ့္ လက္ဖ်ံလုံး ေလာက္ရွိၿပီး (၅)ေတာင္ (၆)ေတာင္ေလာက္ ရွည္တယ္။ အဲဒါ – သူ႔ အၿမီး သူ ျပန္မ်ိဳေနတာ တျဖည္းျဖည္းနဲ႔ ဆန္ေကာဝိုင္းေလာက္ျဖစ္လာတဲ့အခါ ကြၽန္ေတာ္လည္း ကြၽန္ေတာ္ခုတ္ယူလာတဲ့ ဝါးအစည္းထဲက ဝါးတစ္လုံးကို (၂)ေတာင့္ထြာေလာက္ ျဖတ္ၿပီး အဲဒီေႁမြကြင္း (ဂြင္း)ထဲမွာ စိုက္ထားလိုက္ တယ္။ ကြၽန္ေတာ္လည္း ေစာင့္ေနရတာ ၾကာလို႔ ထမင္းဆာလာတာနဲ႔ ျပန္ လာခဲ့တာပဲ ဆရာႀကီး
“ဟ- အဲသည္က ျပန္လာတာ ဘယ္ေလာက္ၾကာၿပီလဲ”
ဆရာႀကီး ဦးေ႐ႊမိုးက ကိုႏိုင္ဦး၏ ေျပာစကားအဆုံး အေလာတႀကီး ေမးလိုက္ေလ၏။
လဲ”
“ကြၽန္ေတာ္ ျပန္လာတာ တစ္နာရီေလာက္ရွိၿပီ ဆရာႀကီး ဘာျဖစ္လို႔
“ဒါဆိုရင္ – ဆရာ့ကို အဲ့သည္ေနရာကို လိုက္ျပပါလား” “ဟုတ္ကဲ့ – လိုက္ျပပါ့မယ္။အခု သြားမွာလား – ခင္ဗ်”
“ေအ- အခုပဲ သြားၾကမယ္။ ကိုင္- တပည့္တို႔လည္း လိုက္ခ်င္တဲ့သူ လိုက္ခဲ့ၾက
ဆရာႀကီး ဦးေ႐ႊမိုးသည္အိမ္ေပၚသို႔တက္သြားၿပီးလွ်င္သူ၏ေဆးလြယ္ အိတ္ႏွင့္ ေတာင္ေဝွးကို ယူကာ ဝါးဦးထုပ္ေဆာင္း၍ အိမ္ေအာက္သို႔ ဆင္း လာသည္။ ၿပီးလွ်င္ တပည့္မ်ားဘက္မ်က္ႏွာလွည့္လိုက္ၿပီး လိုက္မည့္သူ မ်ားကို အကဲခတ္ၾကည့္လိုက္ေလသည္။ တပည့္ (၆)ေယာက္ခန႔္ လိုက္ၾက မည္ဟုေနရာမွထကာ အသင့္ အေနအထားကို ျမင္လိုက္ရေသာေၾကာင့္-
“ကဲ- ႏိုင္ဦးေရ – မင္းေရွ႕ကလမ္းျပေပေတာ့။ ခပ္ျမန္ျမန္ေလးသြားကြဲ႕။ ဒါမွ – အခ်ိန္မီမွာ၊ ကိုင္ – လိုက္ၾကမယ့္သူေတြလည္း ဆရာ့ေနာက္က လိုက္ ခဲ့ၾကေပေတာ့” ဆရာႀကီးဦးေ႐ႊမိုး၏စကားအဆုံးႏိုင္ဦးကေရွ႕မွဦးေဆာင္၍ ထြက္သြားေလရာ ဆရာဦးေ႐ႊမိုးႏွင့္ တပည့္မ်ားလည္း ေနာက္မွ ခပ္သြက္ သြက္လိုက္သြားေလေတာ့သည္။ တစ္နာရီခန႔္ ခပ္သုတ္သုတ္သြားၾကၿပီး ေတာင္ေျခတစ္ေနရာသို႔ ေရာက္ေသာအခါ ႏိုင္ဦးသည္ ေျမကြက္လပ္တစ္ ေနရာသို႔ လက္ညႇိဳးထိုးျပၿပီး ေျပာလိုက္ေလ၏။
“ဟိုေနရာမွာပဲ ဆရာႀကီး – ေႁမြေဟာက္ႀကီး ကိုယ့္အၿမီးကို ကိုယ္ျပန္ မ်ိဳေနတာ၊ ဟိုမွာကြၽန္ေတာ္ စိုက္ထားခဲ့တဲ့ဝါးလုံး”
ဆရာႀကီး ဦးေ႐ႊမိုးသည္ ႏိုင္ဦး ၫႊန္ျပရာကြက္လပ္ရွိ ဝါးလုံးစိုက္ထား ရာေနရာသို႔ အျမန္သြားေရာက္ၾကည့္လိုက္ေလ၏။ ႏွစ္ေတာင္ခန႔္ ေျမေပၚ သို႔ထြက္ေနေသာဝါးအစိမ္းတစ္လုံးအားျမင္ေတြ႕လိုက္ရေလသည္။ ဝါးစိမ္း လုံး၏ ေအာက္ေျခမွာလည္း ေျခာက္ေသြ႕ သကဲ့သို႔ ျဖစ္ေနသည္ကို ၾကည့္ရႈ လိုက္ၿပီး-
“သြားၿပီ-ႏိုင္ဦးေရ၊အခ်ိန္မမီလိုက္ေတာ့ဘူးကြယ္။ ဆရာတို႔ေနာက္က်
သြားၿပီ”
“ဘာျဖစ္လို႔လဲ – ဆရာႀကီး၊ ကြၽန္ေတာ္ မွတ္ထားၿပီး ေႁမြကြင္း (ဂြင္း)ရဲ႕ အလယ္မွာစိုက္ထားတဲ့ဝါးလုံးအစိမ္းကလည္းေျခာက္သလိုျဖစ္ၿပီးျမက္ပင္ ေတြကေတာ့ ေျခာက္ကုန္ၿပီး ေႁမြလည္း မရွိေတာ့ဘူး။ ဘယ္ေရာက္သြားၿပီ လည္းမသိေတာ့ဘူး”
ဒီလိုကြယ္ – ႏိုင္ဦးရဲ႕မင္းေတြ႕ ခဲ့တဲ့ ကိုယ္အၿမီးကိုယ္ ျပန္ၿပီး မ်ိဳေနတဲ့ ေႁမြကိုေႁမြကြင္း (ဂြင္း)ထိုးလို႔ေခၚတယ္။အဲဒီလို-ကိုယ့္အၿမီးကိုယ္ျပန္မ်ိဳတဲ့ ေႁမြကြင္း (ဂြင္း)ထိုးကို ျမင္ေတြ႕ ခဲ့ရင္ အဲသည္ေႁမြကြင္း (ဂြင္း)ရဲ႕အလယ္မွာ ဝါးလုံးတစ္လုံးကို ႏွစ္ေတာင္ေလာက္ ျဖတ္ၿပီး ထိပ္ဘက္မွာ ၾကက္ေျခခတ္ သဏၭာန္ ဝါးလုံးတစ္လုံး (တစ္ေတာင္)ကို လက္ဝါးကပ္တိုင္ပုံစံ ႀကိဳးနဲ႔ ခိုင္ခိုင္ခ်ည္ၿပီးေႁမြကြင္း(ဂြင္း)ရဲ႕အလယ္မွာစိုက္ရမယ္။ ေျမထဲကိုနက္နက္ ဝင္ေအာင္ စိုက္ရတယ္။ အဲ့သည္လို ဝါးလက္ဝါးကပ္တိုင္လို စိုက္ၿပီး ထားခဲ့ ရင္ အဲသည္ ေႁမြဟာကိုယ့္အၿမီးကို ကိုယ္ျပန္မ်ိဳတဲ့ ေႁမြဟာ အၿမီးကို မ်ိဳရင္း ေႁမြကြင္း(ဂြင္း)ဟာက်ဥ္းသြားရာက စိုက္ထားတဲ့ ဝါးလုံးတိုင္နဲ႔ ထိတဲ့ အထိ ကြင္း (ဂြင္း) က်ဥ္းသြားတဲ့ အခါ အဲ့သည္ ေႁမြကြင္း (ဂြင္း)ဟာ ဝါးလုံးတိုင္ အဖ်ားကိုတက္လာတယ္။ ဝါးတိုင္အဖ်ားမွာ ခ်ည္ထားတဲ့ ဝါးလုံးကန႔္လန႔္နဲ႔ ေတြ႕ထိတဲ့အခါဆက္တက္လို႔မရဘဲ၊အဲ့သည္ဝါးမွာကပ္ၿပီးေျခာက္ေသြ႕သြား ရတာပဲေပါ့။ ဝါးလုံးထိပ္ဖ်ားမွာ ကန႔္လန႔္ခံတဲ့ လက္ဝါးကပ္ဝါးမရွိရင္ေတာ့ အဲ့သည္ေႁမြကြင္း(ဂြင္း)ဟာတိုင္အဖ်ားကကြၽတ္ေအာင္တက္ၿပီးေလထဲကို တက္ၿပီး ေပ်ာက္သြားတဲ့အတြက္ ဆရာတို႔ ေရာက္တဲ့အခ်ိန္မွာ ေႁမြကြင္း (ဂြင္း)ထိုးမရွိေတာ့ဘဲ ဆရာတို႔ မေတြ႕ရေတာ့တာပဲေပါ့ကြယ္”